ကလေးသရဲနှင့် ပယောဂဆရာ (စ/ဆုံး)
———————————————
နှစ်တွေတော့နည်းနည်းကြာပြီဗျ။
အဲဒီနေ့က ကျွန်တော် ဆရာဒေဝတာရေးတဲ့ ” ကိုယ်တိုင်ရေးသေမိန့်”
ဆိုတဲ့ဝတ္ထုကိုဖတ်နေတာဗျ။
အဲဒီအချိန်မှာပဲ ကျွန်တော့်ကို အစ်ကို လို့ခေါ်တဲ့ သူငယ်ချင်းညီအစ်ကို
ဖြစ်တဲ့ မှန်ကြောင်မောင်မိုးအောင် အပြေးရောက်လာတဲ့ဗျ။
ပြီးတော့ သူက ” အစ်ကို ထူး အစ်ကို ထူး ကျွန်တော့် အစ်မဝမ်းကွဲ အိမ်မှာ ပယောဂဆရာတစ်ယောက်ရောက်နေတယ် အကြောင်းထူးမယ်ထင်တယ် ခဏလောက်လိုက်ခဲ့” တဲ့။
လိုရင်းပြောရရင် ကျွန်တော်လည်းလိုက်ခဲ့တာပေါ့ဗျာ။
သူ့ အစ်မဝမ်းကွဲအိမ်က ဟိုဘက်ရပ်ကွက်မှာဆိုတော့ နည်းနည်းဝေးတယ်ဗျ။ ကျွန်တော်တို့ ရောက်သွားချိန်မှာတော့ ပယောဂ ဆရာဆိုသူက ဘုရားရှိခိုးနေတယ်ဗျ။ သူ့ဘေးနားမှာတော့ မှန်ကြောင့်အမေ ဒေါ်ဝင်းကြည်၊ မှန်ကြောင် အစ်မဝမ်းကွဲ မဝင်းသဉ္ဇာ၊ ပြီးတော့ သူမနဲ့ရွယ်တူ
ကောင်လေးတစ်ယောက်၊ မျက်နှာစ်ိမ်းလင်မယားနှစ်ယောက်ဗျ။
မဝင်းသဉ္ဇာရဲ့ မိဘနဲ့ မောင်လေး တို့ကတော့ အိမ်မှာရှိပုံမပေါ်ဘူးဗျ။
သူတိုမှာ မုန့်ဆိုင်ဖွင့်ထားတာရှိတော့ မုန့်ဆိုင်ကိုသွားနေကြတာပဲနေမှာပေါ့ဗျာ။
ပယောဂဆရာ က ရှိခိုးပြီးတော့ သူ့ကိုယ်သူမိတ်ဆက်တယ်ဗျ။
သူ့နာမည် မင်းတြာ တဲ့ဗျာ။ နာမည်ကဆန်းနေတော့ကျွန်တော်တောင်
ရယ်ချင်သွားတယ်ဗျ။
အသေအချာ ကြည့်တော့ ပယောဂဆရာက မုတ်ဆိတ်မွေးပါးသိုင်းမွေးတွေနဲ့ ခန့်ချောဗျ။ အသက်ကတော့ ၃၅၊ ၄၀ ဝန်းကျင်လောက်ရှိမယ်ထင်တယ်ဗျ။ ဝတ်စားထားတာက သာမာန်လူတစ်ယောက်လိုပါပဲဗျ။
ယောဂီရောင်ခေါင်းပေါင်းတော့ ပေါင်းထားတယ်ဗျ။ ပြီးတော့ လွယ်အိပ်လည်းတစ်လုံးလွယ်ထားပြီး စိတ်ပုတီးကိုလည်းလက်မှာ ကိုင်ထားတယ်ဗျ။
သူမိတ်ဆက်တော့ ကျန်တဲ့သူတွေလည်းမိတ်ဆက်ရတာပေါ့ဗျာ။
မဝင်းသသဉ္ဇာ က သူ့နာမည်ပြောတယ်၊ ပြီးတော့ သူမနဲ့ရွယ်တူကောင်
လေးက သူ့ရည်းစားဟောင်း ကျော်ဦးကိုတဲ့ဗျ၊ ဟိုမျက်နှာစိမ်းလင်မယားကတော့ ဦးအောင်ဆွေ၊ ဒေါ်နှင်းတဲ့ဗျာ။
ကျွန်တော်တို့လည်း မိတ်ဆက်ရတာပေါ့ဗျာ။
မိတ်ဆက်လည်းပြီးရော ဆရာမင်းတြာက ” ဒီလိုဖြစ်နေတာဘယ်လောက်ကြာပြီလဲ” လို့မေးတာဗျ။
မဝင်းသဉ္ဇာ က ” တစ်လလောက်ရှိပြီဆရာ”တဲ့။
ကျွန်တော်နဲ့ မှန်ကြောင်ကတော့ ဘာမှန်းနားမလည်တာနဲ့ တစ်ယောက်ကိုတယောက် မေးပင့်ပြနေကြတာပေါ့ဗျာ။
မှန်ကြောင်လည်းဘာမှသိပုံမရဘူးဗျ။
ဆရာမင်းတြာ က ” ဘယ်သူ နှောက်ယှက်နေတာလဲခင်ဗျားတို့သိပြီထင်တယ် ” ဆိုပြီးပြောတာဗျ။ မဝင်းသဉ္ဇာ က ခေါင်းညိတ်ပြတယ်ဗျ။
သူ့ရည်းစားဟောင်းရော ဟိုလင်မယားပါ ” သိပါပြီ” တဲ့ဗျ။
ကျွန်တော် ကတော့ ခေါင်းတောင်ကိုက်ချင်သွားတာဗျ။
ဘာတွေပြောနေကြမှန်းမသိတာကိုးဗျ။
ပဆရာမင်းတြာက ” ဆရာ့ကို ကူညီစေချင်တယ် ယုံကြည်တယ်ဆိုရင် အမှန်အတိုင်းပြောပြဖို့ လိုလိမ့်မယ် အမှန်တရားကိုသိရမှ ဆရာနိုင်မနိုင် သိနုင်မှာ ပြီးတော့ ဘာလုပ်ရမယ်ဆိုတာကော” တဲ့ဗျ။
ရုပ်ရည်က တည်ကြည်တယ်ထင်ရပေမယ့် စကားပြောရင်တိုတိုတုတ်တုတ်ပဲပြောတာဗျ။
ဆရာမင်းတြာက ဒီလိုပြောတော့ မဝင်းသဉ္ဇာရယ် ဟိုလင်မယားရယ်၊
ကျော်ဦးကို ရယ် လေးယောက်ကတစ်ယောက်မျက်နှာတစ်ယောက်ကြည့်နေကြတာဗျ။
ပြောပြလိုက်ရင်ကောင်းမလား ဆိုတဲ့အဓိပ္ပာယ်နဲ့ပေါ့ဗျာ။
မဝင်းသဉ္ဇာ က ပြောပြချင်ပုံမရပေမယ့် မှနာကြောင်အမေ က ” ဆရာ့ကိုပြောပြလိုက်ပါ ဘာမှမဖြစ်ဘူး ဖြစ်ခဲ့တာတွေ ကိုပြန်ပြင်လို့မ ပေမယ့် အခုလို နေသွားရင် အားလုံးဒုက္ခရောက်ကုန်လိမ့်မယ်”တဲ့ဗျ။
မှန်ကြောနဲ့ ကျွန်တော်ကတော့ ထပ်ပြီးခေါင်းကိုက်ရပြန်တာပေါ့ဗျာ။
ဒီလိုဗ်။
*********************
မဝင်းသဉ္ဇာ အရင်တုန်းက ” အောင် ” ခရီးသွား ပို့ဆောင်ရေးမှာမန်နေဂျာ ဖြစ်ဖူးတယ်ဗျ။ ကို ကျော်ဦးကိုကတော့ ( A.C.T)ရေသန့်စက်မှာ စာရငါးကိုင်လုပ်ဖူးတယ်တဲ့ဗျ။ သူက ကျွန်တော်တို့မြို့က မဟုတ်တော့ အလုပ်သမားတွေနဲ့ အတူတူ အလုပ်သမားတန်းလျား မှာနေရတာပေါ့ဗျာ။
မဝင်းသဉ္ဇာနဲ့ ကျော်ဦးကိုနဲ့ ချစ်သူသက်တမ်း တစ်နှစ်ကျော်လောက်မှာ
မဝင်းသဉ္ဇာ က သူမမှာ ကိုဝန်ရှိနေပြီဖြစ်ကြောင်း ကျော်ဦးကို ကိုသွား
ပြောတော့ သူလန့်သွားတယ်တဲ့ဗျ။ သူခဏကြာ စကားတိတ်သွားပြီး
” ကိုယ်က အဖေတစ်ယောက်ဖြစ်ဖို့အသငါ့မဖြစ်သေးဘူးသဉ္ဇာ၊
အလုပ်တွေလည်းရှိသေးတယ် ပြောရတာစိတ်မကောင်းပေမယ့် ခုချိန်မှာ ဖျတ်ချလိုက်တာ အကောင်းဆုံးဖြစ်မှာပါ” ဆိုပြီးပြောသတဲ့ဗျ။
မဝင်းသဉ္ဇာ လည်း စိတ်ပြီး ပါးနှစ်ချက်လောက်ချခဲ့တယ်တဲ့ဗျ။
နောက်တော့ သူမလည်း အကြိမ်ကြိမ်အခါအခါ စဉ်းစားပြီးဖျတ်ချဖို့ဆုံးဖြတ်လိုက်တာပေါ့ဗျာ။
*******************
ကျော်ဦးကို လည်း ပါးအရိုက်ခံရတဲ့ နေ့ကတည်းကပျောက်သွားလိက်ြတာ ရှာလို့ကို မတွေ့ဘူးတဲ့ဗျ။
သူအလုပ်လုပ်တဲ့နေရာမှာသွားမေးပြန်တော့ လည်း ဟိုသွားတယ်ဒီသွားတယ် ဆိုပြီး အလုပ်ပိုင်ရှင်က ဖြေသတဲ့ဗျ။
ဒါနဲ့ သူမလည်း ပုဂ္ဂလိကဆေးခန်းတစ်ခုမှာ ဖျတ်ချဖို့ ရက်ချိန်းသတ်မှတ်လိုက်တာပေါ့ဗျာ။
ကံကောင်းတာလားကံဆိုးတာလားတော့မသ်ိ သူမ ကိုယ်ဝန်ဖျတ်ချဖို့သွားတဲ့နေ့ မှာ ဦးအောင်ဆွေတို့လင်မယားနဲ့ ဆုံမိသတဲ့ဗျ။
သူတို့ လင်မယားလည်း ကလေးမရနိုင်လို့ ဆေးခန်းပြလိုက် ရန်ဖြစ်လိုက်နဲ့ တဲ့ဗျ။
မဝင်းသဉ္ဇာ ကို ဒေါ်နှင်းနှင်းကတွေ့တော့ အခြေအနေကိုရိပ်မိတယ်ထင်ပါရဲ့ ” ကိုယ်ဝန်ဖျတ်ချဖို့လာတာလား” လို့မေးသတဲ့ဗျ။
သူမကပြန်မဖြေတော့ ဒေါ်နှင်းနှင်း က သူတို့လင်မယားအခြေအနေကို
ပြောပြပြီး ကမ်းလှမ်းချက်တစ်ခုလုပ်ချင်တယ်လို့ ပြောသတဲ့ဗျ။
အဲဒါက ” ကလေးကို မဝင်းသဉ္ဇာက မွေးပေးရမယ် အဲဒီအတွက် သူမတောင်းတဲ့ငွေပမာဏ ကိုသူတို့ကပေးမယ် ယနေ့ကစ ကလေးမွေးတဲ့နေ့တိုင်အောင် သူတို့တာဝန်ယူတယ်” ဆိုတာပါတဲ့ဗျ။
မဝင်းသဉ္ဇာ ကြားကြားချင်းတော့ တော်တော်လည်းဒေါသထွက်ပြီးခေါ်မိသတဲ့ဗျ။ ဒါပေမယ့် ဒေါ်နှင်းနှင်း က ” မဟုတ်ရင်လည်းဖျတ်ချပစ်မှာပဲမဟုတ်လား ဖျတ်ချတာက သတ်ပစ်တာပဲ သမီးသတ်ရက်လို့လား ခုလို တယောက်တည်းလာတယ် ဆိုကတည်းက သမီးရည်းစား စွန့်ပစ်သွားပြီမဟုတ်လား ဘာမှနစ်နာစရာမရှိတာ ခုလိုပြောရတာစိတ်မကောင်းပေမယ့် သမီးကို အသေအချာ စဉ်းစားစေချင်တယ်” ဆိုပြီးပြောသတဲ့ဗျ။ မဝင်းသဉ္ဇာ လည်းတရက်နှစ်ရက်လောက်စဉ်းစားပြီးသဘောတူလိုက်တယ်တဲ့ဗျ။ သူ့အိမ်ကိုတော့ အလုပ်ကိစ္စနဲ့ ခရီးသွားဖို့ရှိတယ်ဆိုပြီးပြောခဲ့တယ်တဲ့ဗျ။
*************************
ကလေးမွေးတော့ ကလေးက မိန်းကလေးတဲ့ဗျ။ မဝင်းသဉ္ဇာ က ကလေးမျက်နှာ ကိုမြင်ရုံသာမြင်ခွင့် ရလိုက်တယ်တဲ့ဗျာ။
ဒေါ်နှင်းနှင်းယူသွားတာပေါ့ဗျ။ မဝင်းသဉ္ဇာလည်းတစ်ပါတ်လောက်နေ
ပြီး ငွေထုတ်ဆွဲ အိမ်ပြန်ခဲ့တာပေါ့ဗျာ။
သူမ က အရာရာအရင်အတိုင်းပြန်ဖြစ်သွားလိမ့်မယ်လို့ ထင်ပေမယ့်
ဘာလုပ်လုပ် ဘာကိုင်ကိုင် ကလေး မျက်နှာကိုပဲမြင်ယောင်လာသတဲ့ဗျ။
သူမလည်း သည်းခံပေမယ့် မနေိနုင်တော့ တာနဲ့ ငွေထုတ်ဆွဲပြီး ဦးအောင်ဆွေတို့ကိုသွားတွေ့တယ်တဲ့ဗျ။
သူတို့လင်မယားက ဧည့်ခန်းမှာဧည့်ခံထားပေမယ့် မျက်နှာတော့ မကောင်းကြဘူးတဲ့ဗျ။
မဝင်းသဉ္ဇာ က ကလေးကိုပြန်ခေါ်တော့မည်ဖြစ်ကြောင်းယသူတို့ပေးတဲ့ ငွေကိုလည်းမလိုချင်တော့ကြောင်း ဥပဒေအရ ရင်ဆိုင်ရမယ်ဆိုရင်တော့ အသင့် ဖြစ်ကြောင်း ပြောတော့ ဒေါ်နှင်းနှင်းအေး က လုံးဝပြန်
မပြေးနိုင်ကြောင်းပြောသတဲ့ဗျ။ သူတို့ကတောက်ကဆဖြစ်နေစဉ်မှာပဲ
ဧည့်ခန်းထဲက အလှဆင်ထားတဲ့မီးက ရုတ်တရက်ဆိုသလိုပြုတ်ကျလာပါသတဲ့ဗျ။ ပြီးတာနဲ့ ကလေးရယ်သံတွေရော ငိုသံတွေပါ ထွက်လာတယ်ဆိုပဲဗျ။ ဒီတော့မှ မဝင်းသဉ္ဇာကကလေးအတွက်စိုးရိမ်လာပြီး
ကလေးကို နောက်ဆုံးအဖြစ်တွေ့ပါရစေလို့ပြောတော့ ဒေါ်နှနှင်း က
” ကလေးက မွေးတဲ့နေ့ ညနေမှာပဲသေသွားပြီဖြစ်ကြောင်း သူတိုိ့လိုချင်တာကလည်းယောကျာ်းလည်းဖြစ်ကြောင်းပြောသတဲ့ဗျ။
အဲဒီတော့မှ မဝင်းသဉ္ဇာ ရင်ကွဲမတတ်ခံစားရပါသတဲ့ဗျာ။
တာဝန်မယူတတ်တဲ့အဖေရယ်၊ မိခင်စိတ်မရှိတဲ့ အမေရယ်၊ ရက်စက်
တတ်တဲ့ လင်မယားရယ် ကြားမှာ အပြစ်မဲ့တဲ့ကလေးလေးဓားစာခံဖြစ်သွားတာပေါ့ဗျာ။
*****************************
အဲဒီနေ့က စပြီးသူတို့လေးယောက်လုံးကိုနည်းမျိုးစုံနဲ့ခြောက်လှန့်ပါသတဲ့ဗျ။
မဝင်းသဉ္ဇာ ကိုလည်း ” သမီးကို ဟိုလူကြီးရေနှစ်သတ်တယ် ဟိုလူကြီးသမီးကိုသတ်တာ” ဆိုပြီးအိမ်မက်ခဏခဏပေးပါသတဲ့ဗျ။
အိမ်မက်မက်လို့နိုးပြီဆိုရင် သူမ အိပ်ရာဘေးမှာ အိပ်နေတတ်သတဲ့ဗျ။
ပြီးတော့ ” သမီးအမေနဲ့နေချင်တယ် သမီးကိုနေခွင့်ပြုပါ” ဆိုပြီး ကြောက်မက်ဖွယ်အသံနဲ့ပြောသတဲ့ဗျ။
မဝင်းသဉ္ဇာ လည်း ဦးအောင်ဆွေတို့ကိုနောက်တစ်ထပ်သွားတွေ့တော့
အိမ်ကိုချိတ်ပိတ်ထားပြီတဲ့ဗျ။ ဘေးပတ်ဝန်းကျင်ကလူတွေကိုမေးကြည့်ပြန်တော့လည်း မသိကြဘူးတဲ့ဗျ။
**********************
ကျော်ဦးကို ကိုလည်းအလုပ်ထဲမှာ ခဏခဏ ဆိုသလိုနှောက်ယှက်သတဲ့ဗျ။ ” အဖေ့ကြောင့်သမီးသေရတာဆိုပြီး ခဏခဏ နား နားကပ်ပြီး
ပြောသတဲ့ဗျ။ ညဆိုလည်းတစ်နေ့မှကောင်းမအိပ်ရဘူးတဲ့ဗျ။
မှေးကနဲ အိပ်ပျော်သွားတာနဲ့ မွှန်နေအောင်ရိုက်တော့တာပဲတဲ့ဗျ။
အရက်သောက်လာတဲ့နေ့တွေဆိုရင် အ်ိပ်ခန်းလုံးပတ်ပြေးနေတော့တာပဲတဲ့ဗျ။ တစ်ခါတလေ အိပ်ဆေးသောက်ပြီးအိပ်ကြည့်ပေမယ့် ရင်ဘတ် မှာ အမြဲတတ်ထိုင်နေသတဲ့ဗျ။ ပုံသဏ္ဌာန်ကိုတော့သဲသဲကွဲကွဲ
မမြင်ရပဲ အရိပ်မည်းမည်းလိုပဲတွေ့ရတယ်တဲ့ဗျ။
*********************************
ဦးအောင်ဆွေတို့ကို ခြောက်တာတော့ တော်တော့ကို ဆိုးဆိုးဝါးဝါးပဲတဲ့ဗျ။ အိမ်ထဲမှာ ခဏခဏဆိုသလို အသံတွေပေးပြီးပြေးနေတယ်တဲ့ဗျ။
အိပ်ပြီဆိုရင်လည်း ဦးအောင်ဆွေကို နေ့တိုင်းလိုလို ကုတင်က ဆွဲချသတဲ့ဗျ။ တခါတလေ မျက်နှာကြက်ပေါ်က ဆင်းလာတယ်တဲ့ဗျ။
ရေချိုးခန်းထဲတွေ့လိုက် အိမ်သာထဲတွေ့လိုက်နဲ့ နေရာတိုင်းတွေ့နေရတယ်ဆိုပဲဗျ။ လမ်းသွားရင်တောင် နောက်က ကပ်လိုက်လာတယ်တဲ့ဗျ။ တခြားသူတွေက မမြင်ရပေမယ့် သူတို့လင်မယားကတော့မြင်ရတယ်တဲ့ဗျ။
***********************
အခုတော့ မဝင်းသဉ္ဇာ ကို ရှောင်နေခဲ့ကြတဲ့လူတွေ သူတို့ကိုတိုင်လာတွေ့ကြရတော့တာပေါ့ဗျာ။
*********************
အကြောင်းစုံသိရတော့ ကျွန်တော် တော်တော်လည်းဒေါသထွက်မိတာပေါ့ဗျာ။ ကျော်ဦးကို ကိုထထိုးချင်စိတ်ပေါက်သလို မဝင်းသဉ္ဇာ နဲ့
ဦးအောင်ဆွေတို့လင်မယားကိုလည်း ရစရာမရှိအောင်ပြောပစ်ချင်တယ်ဗျ။ ဒါပေမယ့်ကျုပ်က အပြင်လူလေဗျာ ။ စိတ်ထဲမှာ ဒီလိုခြောက်တာတောင်နည်းသေး ငါသာသရဲဆို တစ်ခါတည်းဂုတ်ချိုးသတ်ပစ်မှာ
ဆိုပြီး ကြံနေတုန်းဗျ မှန်ကြောင်ထပြီး ကျော်ဦးကို ကိုထထိုးပါလေရော
ဗျို့၊ သူနဲ့ ကျွန်တော်ငယ်ငယ်ကတည်းက သူငယ်ချင်းညီအစ်ကိုလိုခင်လာကြတာဗျ။ တစ်ခါမှ သူဒီလောက်ဒေါသထွက်တာမမြင်ဖူးဘူးဗျ။
သူထိုးတာ နှစ်ချက်ဗျ။ ပြီးတော့ ” ခင်ဗျား လူမဆန်တဲ့အကောင် ခင်ဗျားကြောင်းဒါတွေ အကုန်ဖြစ်ရတာ” ဆိုပြီးပြေတယ်ဗျ။
ပယောဂဆရာက ဘာမှဝင်မပြောသလို ကျွန်တော်လည်းမပြောမိဘူးဗျ။
ကျော်ဦးကို ကတော့ သူ့အပြစ်သိလို့လားမသိ အထိုးခံရတာတောငြိမ်ချက်ကောင်းနေတာဗျ။ ပြီးတော့မှန်ကြောင်က ဦးအောင်ဆွေဘက်လှည့်ပြီး ” ခင်းဗျားသတ်လိုက်တာမလားယုတ်မာတဲ့လူကြီး သေရမှာကလေး
မဟုတ်ဘူး ခင်ဗျားတို့လေးယောက်လုံးသေရမှာ အပြစ်မရှိတဲ့ ကလေးလေးကိုဗျာ ခင်ဗျားမို့လို့သတ်ရက်တယ်” ဆိုပြီးမရပ်မနားပြေနေတော့တာဗျ။ မဝင်းသဉ္ဇာ ကိုလည်း ” ခင်ဗျားက်ို ကျုပ်က အစ်မအရင်းတစ်
ယောက်လို သဘောထားခဲ့တယ် ဒီလောက်ထိ ယုတ်မာ ရက်စက်လိမ့်
မယ်လို့မထင်ခဲ့ဘူး ဒါတွေ အကုန်ပြီးတာနဲ့ ခင်ဗျားနဲ့ ကျုပ်တို့ ဘာမှ
မပတ်သတ်ခဲ့သလိုနေကြတာပေါ့” တဲ့ဗျ။ မှန်ကြောင်တကယ့်ကိုပေါက်
ကွဲနေတာဗျ။ ကျွနတော်က တော်လောက်ပြီ ညီလေး လို့ပြောတော့
အကိုထူး ကျွန်တော့် ကိုမတားနဲ့ဗျာ ကျွန်တော်ဒါသထွက်လမ်းလို့ပါတဲ့
ဗျ။ ဒီတော့မှ မဝင်းသဉ္ဇာ က မျက်ရည်စက်လတ်နဲ့ အားလုံးသူ့အပြစ်တွေပါ ဆိုပြီး တောင်းပန်ရောဗျ။ သူတောင်းပန်လိုက်မှမှန်ကြောင်
ပိုဆိုးသွားတာဗျ။ ” ခင်ဗျား အခုမှတောင်းပန်နေလည်းအပိုဘဲ ဒီသရဲ
ကလည်းညံ့ချက်ကွာ ကျုပ်သာဆို လေးယောက်လုံးကို တစ်ခါတည်း
အသေသတ်ပစ်မှာတဲ့ဗျ။
ဟိုလေးယောက်က ငြိမ်ချက်ကောင်းနေလိုက်ကြတာဗျာ
တစ်ယောက်မှပြန်မပြောကြဘူးဗျ။
ဒီတော့မှ ပယောဂဆရာက ” ကဲ ဒီတေ့ာ ကျုပ်အလုပ်ကိုဆက်လုပ်ရမလား ထပြန်ရမလားတဲ့” ဗျ။
သူလည်းစိတ်တိုသွားတယ်ထင်ပါရဲ့ဗျာ။
***************************
ပယောဂဆရာ က ဦးအောင်ဆွေ ဘက်လှည့်ပြီးတော့ ” ကလေးကို
ဘယ်လိုသတ်လိုက်တာလဲ” တဲ့ဗျာ။
ဦးအောင်ဆွေ လည်းပေါက်တဲ့ဒူးမထူးတော့ဘူး ဆိုတဲ့သဘောလိုထင်
ပါရဲ့ဗျာ ခေါင်းလေးအောက်ကို ငုံသူ့မိန်းမရဲ့လက်ကိုလည်းကိုင်ပြီး
တော့ ” မိန်းကလေးမို့လို့ မလိုချင်တော့တာနဲ့ ရေနှစ်သတ်လိုက်တာပါ
” တဲ့ဗျာ။ ပြီးတော့ သူ့အိမ်နောက်မှာပဲ မြေမြှပ်လိုက်တယ်တဲ့ဗျ။
ရက်စက်လိုက်တဲ့လူကြီးဗျာ ။ကလေးလေးတစ်ယောက် ကိုဘယ်လိုစိတ်နဲ့ သတ်ရက်တာလဲဆိုတာသူပဲသိမှာပါဗျာ။
***************************
ရုတ်တရက် မှန်ကြောင့်အမေ ထ ငိုပြန်ရောဗျို့။
ပြီးတော့ ကလေးအသံနဲ့ ” အမေသိပ်ရက်စက်တယ် သမီးကို ဒီလူကြီး
လက်ထဲမှာ ထားခဲ့လို့ သမီးရေနစ်သေရတာ အမေသိပ်ရက်စက်တယ်” တဲ့ဗျ။ ပယောဂဆရာကတော့ ” သနားစရာသတ္တဝါ လေးပါလား”
တဲ့ဗ်။
ဒီတော့ မှ မဝင်းသဉ္ဇာ က ငိုကြီးချက်မနဲ့ ” အမေမှားပါပြီသမီးရယ်
အမေမှားပါပြီ နောင်တတွေလည်းရနေပါပြီ အမေ့ကို ခွင့်မလွှတ်ပါနဲ့
အမေ သမီးနဲ့တစာခါတည်းလိုက်ပါရစေ” တဲ့ဗျ။
သူမ ဒီလိုပြောလိုက်တော့ မှန်ကြောင်ပေါက်ကွဲပြန်ရော။
” ကိုယ့်သားသမီးကို ရောင်းစားတဲ့သူကများ ခင်ဗျားပါးစပ်က အမေလို့
ပြောထွက်ရဲသေးတယ်ပေါ့ ရှက်စရာကောင်းလိုက်တာကွာ ကျုပ်ဆီကို
ဝင်ပူးလှည့်ပါ ဒီလေးယောက်လုံးကိုကျုပ်သတ်ပေးမယ်” တဲ့ဗျ။
ဒီတစ်ခါ ဆရာမင်းတြာ တော်တော်လည်း စိတ်ဆိုးသွားပုံရတယ်ဗျ။
မှန်ကြောင်ကိုကြည့်ပြီး ” ဒီမှာ လူငယ် ကျုပ်အလုပ်ကို ဝင်မရှုပ်ပါနဲ့
ကျုပ်မကြိုက်ဘူး ရှင်းစရာရှိရင်နောက်မှရှင်း ကျုပ်အချိန်တွေကိုလာမ
ဖြုန်းပါနဲ့” တဲ့ဗျ။ ဒီတော့မှ မှန်ကြောင်လည်းငြိမ်သွားရောဗျို့။
မဝင်းသဉ္ဇာ ကတော့ တရှုတ်ရှုတ်ငိုနေတော့တာပဲဗျ။
ဟိုသုံးယောက်ကတော့ မငိုပေမယ့် ပြိုတော့မယ့် မိုးလိုဖြစ်နေတာဗျ။
ဒီတော့မှ ပယောဂဆရာက ” ကလေးမ မင်းကဘဝခြားသွားပြီကွယ်
မင်းဒီဘဝမှာ ဆက်နေရင် မင်းပဲဒုက္ခရောက်လိမ့်မယ် သူတို့လည်း
သူတို့အမှားကိုသိနေကြပြီ မင်းလည်းရောက်သင့်ရောက်ထိုက်ရာကို
သွားပါတော့” လုိ့အေးဆေးပြေတာဗျ။
သရဲမလေးလည်း မသွားချင်ဘူးထင်ပါရဲ့ ငိုယိုပြီး ” အမေ သမီးကို
ဒီတစ်ခါတော့ နှင်မထုတ်ပါနဲ့ သမီးလူတွေကြောက်အောင်မလုပ်တော့ပါဘူး သမီးအဖေအမေတို့နဲ့နေချင်ယုံပါ”တဲ့။ ကျွန်တော် တောင် ငိုချင်
သွားတယ်ဗျာ။
ပယောဂဆရာက ” မင်းငြင်းနေမယ်ဆိုရင် ငါလည်းမင်းအပေါ်မနူးညံ့တော့ဘူး ဆိုပြီး လွယ်အိတ်ထဲက ဆန်တစ်ဆုပ်ကို နှုိက်ပြီးပစ်လိုက်တယ်ဗျ။ သရဲမလေး ငိုတော့တာပဲဗျို့။ ဒီကြားထဲ မဝင်းသဉ္ဇာ က မလုပ်ပါနဲ့ ဆရာရယ် မလုပ်နဲ့ ကျွန်မကို သတ်ခွင့်ပြုလိုက်ပါ လို့အော်ဟစ်နေလို့ ကျော်ဦးကို ကမနည်းဆွဲထားရတယ်ဗျ။
နောက်တော့ ပယောဂဆရာက ချော့လိုက် ကြိမ်းလားမောင်းလားလုပ်
လိုက် မှပဲ သရဲမလေး မခံနိုင်တော့ဘူးထင်ပါရဲ့ ” သွားပါတော့မယ်
သွားပါတော့မယ်” ဆိုပြီး ငိုပြောတာဗျ။
ဒီတော့မှ မဝင်းသဉ္ဇာ ဟိုသုံးယောက်ကလည်း တောင်းပန်ကြတယ်ဗျ။
ခဏကြာတော့ ဒေါ်ဝင်းကြည် ငြိမ်ကျသွားတာပေါဗျာ။
ပယောဂ ဆရာက ဦးအောင်ဆွေ ကို အိမ်ရောက်တာနဲ့ ကလေး
အလောင်းကိုပြန်တူးပြီး မီးသင်္ဂြိုလ်လိုက်ပါတဲ့ဗျ။
သူ့အတွက်ရည်စူးပြီးကုသိုလ်ကောင်းမှု့လည်း လုပ်ပေးဖို့ပြောသေးတယ်ဗျ။ ဟိုလေးယောက်ကတော့ ဖြစ်အောင်လုပ်ပါ့ မယ်လို့ဝန်ခံကတိတွေပေးကြတာပေါ့ဗျာ။
************************
ကျွန်တော့် အတွက်ကတော့ သင်္ခန်းစာ ကောင်းကောင်းတစ်ပုဒ် ရလိုက်တာပေါ့ဗျာ။
******************
အဲဒီအဖြစ်အပျက်ပြီးလို့ သိပ်မကြာပါဘူး ဦးအောင်ဆွေ တို့လင်မယား
နှစ်ယောက်လုံး အိပ်ရာထဲမှာတင်အသတ်ခံလိုက်ရလို့ ရုပ်ပျက်ဆင်းပျက် သေသွားကြပြီး ပစ္စည်းဥစ္စာတွေ လည်း အခိုးခံလိုက်ရကြောင်းသတင်းတွေထွက်လာတယ်ဗျ။
ကုပြုတဲ့အကုသိုလ်ကံ ဘဝမခြားဘဲ ဒီဘဝမှာတင် ကံအကျိုးပေး
တာနေမှာပေါ့ဗျာ။
မဝင်းသဇဉ္ဇာ နဲ့ ကိုကျော်ဦးကို လည်း ပြန်လည်သင့်မြတ်သွားကြပြီး
ခမ်းခမ်းနားနားနဲ့ မင်္ဂလာတောင်ဆောင်လိုက်ကြသေးတယ်ဗျ။
ကျွန်တော့် ကိုလည်းတကူးတကလာဖိတ်ကြပေမယ့် ကျွန်တော် မသွား
ဖြစ်ပါဘူးဗျာ။ မှနာကြောင်ကတော့ မင်္ဂလာဆောင်လည်း မသွားသလို
ယနေ့ထိတိုင် စကားမပြောဘူးဗျ။
သူရှိတဲ့အချိန် အိမ်ကို လာရင်တောင် အတင်းနှင်ထုတ်တယ်တဲ့ဗျာ။
ကြားတာတော့ ဆရာမင်းတြာလည်း သံဝေဂရသွားတယ်ထင်ပါရဲ့
ရာသတ်ပန်ဘုန်းကြီးဝတ်သွားသတဲ့ဗျ။သူသံဝေဂရမယ်ဆိုရင်လည်းရလောက်ပါတယ်ဗျ၊
ကိုကျော်ဦးကို ရဲ့တာဝန်ယူစိတ်မရှိတာရယ်၊ မဝင်းသဉ္ဇာရဲ့ မိခင်စိတ်မရှိတာရယ်၊ ဦးအောင်ဆွေတို့လင်မယားရဲ့ ရက်စက်တာရယ် တို့က
သံဝေဂ ရလောက်စရာတွေပဲ ကို ဗျ။
********************************
ပြီးပါပြီ။
****************************
ရွှင်လန်းချမ်းမြေ့ကြပါစေ။
လေးစားစွာဖြင့် = wizard
*******************************