တစ္ဆေရောင်းရန်ရှိသည်(စ/ဆုံး)
——————————-
ညို့မှိုင်းမှိုင်း တောင်တန်းများကြား အိပ်တန်ပြန်ငှက်များ
စီတန်းစွာပျံသန်းလျှက်..တောင်ခြေနားတစ်ဝိုက် မြူတွေစိုင်းလို့ မှောင်ပြီဆိုတာနဲ့ ရာသီဥတုက အေးစိမ့်လာသည်
ရေနံချေးများ ဝနေအောင်သုတ်ထားသော ရှေးစော်ဘွားများ နေထိုင်သည့် အိမ်အိုကြီးထဲမှာ ကျွန်တော်ရယ် သူငယ်ချင်းလဲဖြစ် လုပ်ဖော်ကိုင်ဖက်လဲဖြစ်သော “အေးမင်း”
ရယ်နှစ်ယောက်…အားသွင်းမီးလုံးလေး ဖွင့်လျှက်…ထင်းများစုကာ အအေးဒဏ်ခံနိုင်အောင်..မီးလှုံဖို့ လုပ်နေရသည်
ထိုနောက် အေးမင်းဆီမှ..ကျွန်တော်တို့ သူဌေးအကြောင်း စကားစလာသည်…ဟေ့ကောင်…စိုင်းကိုလွင်…ငါတို့သူဌေးက ဦးနှောက်များမှန်ရဲ့လားကွာ…ဒီလောက်အိုဟောင်းနေတဲ့ အိမ်ကြီးကို စျေးကြီးပေးဝယ်တာ …..ငါတော့ နားမလည်နိုင်တော့ဘူးကွာ….ဒီတော့မှ ကျွန်တော်လဲ…ဒီလိုကွ အေးမင်းရ ငါတို့သူဌေးက ရှေးဟောင်အမွေအနှစ်ဆိုရင် စုဆောင်းရတာ
ဝါသနာကြီးတာကိုးကွ…မေမြို့ဘက်မှာလဲ သူ့ခြံတွေ ရှိတယ်
သူ့အိမ်မှာလဲ ရှေးဟောင်းပစ္စည်းတွေနဲ့ ပြည့်နေတတ်တာ..ငါဟိုတစ်လောက သူဌေးအိမ်ရောက်တော့ တွေ့ခဲ့တာမှ အများကြီးပဲကွ….ဒီတော့မှ..အေးမင်း နားလည်သွားပုံရပြီး
အေးပါကွာ..ဒါပေမဲ့..ဒီခြံနဲ့ ဒီအိမ်ကြီးကို…သန့်ရေးလုပ်တာက ဒီက နယ်ခံတွေကို ခိုင်းလဲ ရရဲ့သားနဲ့…ငါတို့ကို…ရန်ကုန်ကနေတောင် လွှတ်ပြီး….ရှင်းခိုင်းတယ်ဆိုတော့…..သြော်….
အေးမင်းရယ်…သူလဲ တစ်ခုခုအဆင်မပြေလို့နေမှာပါကွာ…
သူအဆင်မပြေတာတော့..ထားပါကွာ…ဒီအိမ်ကြီးကို..စရောက်ထဲက..ခြောက်ခြားစရာကြီးလေကွာ…ငါတော့ ကြောက်နေတယ်…စိုင်းကိုလွင်ရေ….ဒီလောက်လဲ မကြောက်ပါနဲ့…အေးမင်းရာ….ကဲလာကွာ…ညနေက…ဝယ်လာသော တောင်ပေါ် ချက်အရက်လေး..တစ်ပုလင်းကို…နှစ်ယောက်သား…တစ်ခွက်စီငှဲ့ကာ…စကားပြောရင်း..သောက်ဖြစ်ကြသည်…ဒီညတော့…ဒီအိမ်ရှေ့ခန်းမှာပဲ ကြရတော့မည်….သောက်စားပြီး..ကိုယ်စီအိပ်ယာဝင်ကြရလေတော့၏
ညသည်…တိတ်ဆိတ် ငြိမ်သက်လျှက်ရှိပြီး..တစ်ခါတစ်ခါ ဟိုးတောင်ခြေဘက်မှ..တောခွေးတို့….အူသံကို ကြားနေရ၏
ပတ်ဝန်းကျင်သည် လူသူပြတ်လတ်သော ပတ်ဝန်းကျင်ဖြစ်ပုံရသည်မို့….တိတ်ဆိတ်ခြင်းကို ပို၍အားပေးသလိုဖြစ်နေချေ၏…..ကျွန်တော်လဲ နေ့လည်က ခြံတွေရှင်း..အိမ်သန့်ရှင်းရေးလုပ်နဲ့..ပြီးတော့..တောင်ပေါ်အရက်တန်ခိုးကြောင့်..
နှစ်ခြိုက်စွာ အိပ်ပျော်သွားလေတော့သည်……….
……အား….အား…..အမေရေ….ရုတ်တရက် ကျယ်လောင်
သော…အော်သံကြောင့်…ကျွန်တော်..လန့်နိုးသွားသည်…
ဘေးနားကို..စမ်းကြည့်တော့…အေးမင်းမရှိတော့….ဟိတ်ကောင်..အေးမင်း…အေးမင်း….ကျွန်တော်…..အော်သံကြားရာ အိမ်ရှေ့ဘက်သို့ ပြေးထွက်လိုက်သည်နှင့်….ဟာ….အေးမင်း….သူငယ်ချင်း…ဟိတ်ကောင်….အေးမင်း…သေပြီလား..ကျွန်တော်အသေအခြာစမ်းသပ်ကြည့်တော့..
အေးမင်း….သတိလစ်နေခြင်းဖြစ်၍..ထမ်းကာ..အိမ်ထဲသို့..ခေါ်လာပြီး….ရေများများနဲ့ မျက်နှာသစ်ကာ သတိပြန်ရအောင် လုပ်ယူရသည်…..ခဏကြာတော့မှ……..အင်း….
အား…ကျွတ်..ကျွတ်…ကျွတ်..အေးမင်းသတိပြန်ရလာပြီဖြစ်သည် …ဟိတ်ကောင်…မင်းဘာဖြစ်တာလဲ..ငါ့ကိုပြော…ဘာဖြစ်တာလဲ…ဒီတော့မှ..အေးမင်းလဲ..အသားများ တဆတ်ဆတ်တုန်ယင်ကာ..သူငယ်ချင်း..စိုင်းကိုလွင်….ငါ့ကိုမနက်ရန်ကုန်ပြန်ပို့ပေးပါကွာ….ဘာဖြစ်တာလဲလို့….ငါမေးနေတာ…သူတော်တော် ကြောက်နေပုံရသည်….ငါ…ငါ…
ငါအိပ်နေတုန်းက…မင်းဘေးနားမှာလေ…အေးဟုတ်တယ်လေ…..ငါအရမ်းအေးလာလို့…ထကြည့်လိုက်တော့..ခြံထဲရောက်နေတာကွ….ငါအိမ်မက် မက်နေတယ်ထင်ပြီး လိုက်ကြည့်တာ…ငါ့အနားမှာ အရိပ်မည်းကြီးတစ်ခု…ညည်းနေတာကို ငါတွေ့ရကြားရတယ်….ငါ့ကို ဆွဲချသွားတာ အဲ့ဒါကြီး ဖြစ်မှာကွ….ငါ့ကိုပြန်ပို့ပေးပါကွာ….ကျွန်တော်လဲ…ဘေးပတ်ဝန်းကျင်အား အကဲခတ်ကြည့်ရင်း…ဘာမှမတွေ့တော့…သူ့ကို..နှစ်သိမ့်ပေးလိုက်ရသည်…အေးပါကွာ..ငါသူဌေးကို မနက်ပြောကြည့်လိုက်ပါဦးမယ်….လာသူငယ်ချင်း
မင်းအိပ်တော့..ငါစောင့်နေပေးမယ်….အိပ်ယာထဲ..စောင်ကို ခေါင်းမြှီးခြုံကာ..သူအသားများတုန်ယင်ကာ..ကြောက်စိတ်ကြောင့်…ညည်းနေလေ၏…
အေးမင်း…မင်းသက်သာရဲ့လား…ညက အဖြစ်အပျက်ကြောင့် အေးမင်း တစ်ယောက် ကြောက်ဖျားဖျားနေခြင်းပင်ဖြစ်သည်….ရေနွေပူပူတစ်ခွက်ကို..မှုတ်သောက်ရင်း…အေးသူငယ်ချင်း..သက်သာပါတယ်ကွာ…မင်းလဲ..ခြံရှင်း ချက်ပြုတ်ပြီး..ငါ့ကိုပြုစုနေရတာ ပင်ပန်းပါတယ်ကွာ..ငါအားလဲနာပါတယ်… စိုင်းကိုလွင်ရာ….အေးမင်းရယ်..မင်းနဲ့ငါ အလုပ်တွဲလုပ်လာတာပဲကြာပြီး…လုပ်ဖော်ကိုင်ဖက်သူငယ်ချင်းဆိုပေမယ့်..ငါတို့က ညီအကိုလိုပါပဲကွာ..ဘာမှ
အားနာမနေနဲ့..ဒီလောက်က အေးဆေးပါကွ….ကျွန်တော် စကားကြောင့်..အေးမင်းအားတတ်သွားပုံရသည်…အေးပါကွာ သူဌေးကိုရော ပြောပြီးပြီလား….အေးငါလှမ်းပြောထားတယ်..သူဌေးက နောက်၂ရက်နေရင်ဒီကိုလာမှာဆိုတော့…
သူနဲ့အတူပြန်ဖို့..ငါ့ကိုပြောလိုက်တယ်…ဘာ…နောက်၂ရက်
တောင် ထပ်နေရမယ်….အေးမင်း…လန့်သွား၏..စိုင်းကိုလွင်
ဒီအိမ်ကြီးက ငါတို့အတွက် အဆင်မပြေဘူးနော်….ငါသိနေတယ်…ကျွန်တော်လဲ သက်ပြင်းရှည်ချကာ..ဘယ်တတ်နိုင်ပါ့မလဲကွာ…မင်းလဲ…ငါတို့သူဌေးအကြောင်းသိနေတာပဲ..ဒီလူကြီးက…. လူ့ဂွစာကြီးကွ..သူကိုပြောလို့..ရမှာမဟုတ်ဘူး..
ကဲ ဒါတွေအသာထား…..မင်းနားလိုက်ဦး..ငါဆန်ပြုတ်ပြုတ်ပေးထားတယ်..မအေးခင်သောက်လိုက်..ငါခြံထဲဆင်းလိုက်ဦးမယ်….သူအား ဖြောင့်ဖြပြီး…ကျွန်တော်ခြံထဲသို့ဆင်းလာခဲ့သည်…ဒီကောင်မိုးချုပ်မှာကို တော်တော် ကြောက်နေပုံရသည်…ခြံထဲ၌နှစ်ရှည်ပေါက်ရောက်နေသော…ချုံနွယ်မြတ်ပင်များ ဓားတစ်လက်နဲ့ရှင်းရင်း မောလာသောကြောင့်…
ထင်းရှူးပင်ကြီးအောက် ခဏဝင်နားဖြစ်၏…ဆေးလိပ်ဖက်ကြမ်းလေး ဖွာရှိုက်ရင်း….ခြံရှေ့မှာ…တစ်စုံတစ်ယောက်ရပ်နေတာ..လှမ်းတွေ့လိုက်ရသည် ထိုသူမှာ..ကျွန်တော်ကို တွေတွေကြီး စိုက်ကြည့်နေလေ၏…….ကျွန်တော်လဲ သူ့အနားသို့..ထသွားလိုက်ပြီး….ဟုတ်ကဲ့…ဘယ်သူနဲ့တွေ့..ချင်လို့ပါလဲ…အနီးကပ်ကြည့်တော့..ထိုသူမှာ..အသက်၄၀ခန့် ယောက်ျားတစ်ယောက်ဖြစ်ပြီး..အဝတ်အစားများ ဟောင်းနွမ်းစုတ်ပြတ်ကာ ရုပ်ရှည်မှာ ကြမ်းတမ်းခက်ထန်
သည့်ပုံစံမျိုးပင်ဖြစ်သည်…ကျွန်တော်မေးသည်ကို..သူမဖြေ
ဒီတော့ ကျွန်တော်လဲ စိတ်မရှည်တော့သဖြင့်..ဟိတ်လူ..ခင်များကို ဘာကိစ္စလဲ..ဘယ်သူနဲ့တွေ့ချင်လို့လဲလို့…မေးနေတယ်လေ….ဘာမှပြန်ပြောပေ…စိုက်ကြည့်နေရင်းက..ခဏကြာတော့…..သူ့ဆီမှ…ထူးဆန်း၍…ကြက်သီးထစရာ စကားများ ပြောလာ၏….ဟိတ်ကောင်…မင်းတို့ဒီက..အမြန်ထွက်သွား…ဒီနေရာမှာ..မနေနဲ့…သူတို့..မင်းတို့ကို..သတ်လိမ့်မယ်…အခုချက်ချင်း ထွက်သွားကြတော့……သွား….ဟုအော်ကာ ကျွန်တော်ပြန်မေးချိန်မရ…အဝေးသို့ထွက်ပြေးပျောက်ကွယ်သွားပါတော့သည်……..
ဒုတိယမြောက် ညဖြစ်သည် အေးမင်းတစ်ယောက်တော့ ညဦးထဲက ပရိတ်ပဌါန်းများ ရွတ်ကာ မနေ့ညကလို ဖြစ်မှာကို ထိတ်လန့်နေခြင်းပင်ဖြစ်၏….ကျွန်တော်လဲ..
ထင်မီးဖိုလေးထဲ ထင်များထည့်ရင်း…..ထမင်းစားရလေသည် …..သူငယ်ချင်း…အေးမင်း…ထမင်းစားမလား..ငါခူးပေးမယ်လေ…ဒီကောင် ညနေထဲက ဘာမှသိပ်မစားရသေးသောကြောင့် ကျွန်တော် ထမင်းခေါ်ကြွေးခြင်းဖြစ်သည်..
ဝက်သားဟင်းလေးနဲ့..စားကြည့်ပါလားကွ…မစားချင်ပါဘူး..သူငယ်ချင်းရာ..ငါအနားမှာပဲနေနော်..ငါကြောက်လို့ပါ…စိုင်းကိုလွင်ရာ….အေးပါကွာ….မင်းကလဲ အဖြစ်သဲနေတာပဲ ယောက်ျားပဲကွ..သတ္တိလေးမွေးစမ်းပါ…ဒီတော့သူက…မင်းမခံစားဘူးသေးလို့ပါကွာ….ငါတော့ကြောက်တယ်ဟေ့…အေးပါကွာ..မင်းဆာတဲ့အချိန်ထစားရအောင်..မင်းအတွက်ဟင်းတွေ..ငါစားပွဲပေါ်မှာ အုပ်ထားတယ်…စားချင်တဲ့အချိန်ထစားပေါ့ကွာ……သြော်..အေးပါသူငယ်ချင်းရာ
ဒီလိုနဲ့ စားသောက်ပြီး..အိပ်ယာကိုယ်စီဝင်ခဲ့ကြလေ၏….
ညသည်…လမိုက်ညဖြစ်သောကြောင့်….ပတ်ဝန်းကျင်တစ်ခုလုံး အမှောင်ကြီးစိုးကာ..တစ်ခါတစ်ခါ လေပြင်းတိုက်ခတ်ခြင်းကြောင့်…နောက်ဖေးဝါရုံများမှာ…ဝေါ..ဝေါ..မည်သံကြားနေရသည်………ခလွမ်….ခွမ်း……အိပ်မောကြနေစဥ် ရုတ်တရက် အသံကြောင့်..လန့်နိုးကာ…အေးမင်းဗိုက်ဆာလို့ ထစားနေပြီထင်တယ်ဟုတွေးကာ….ဘေးနားကိုကြည့်တော့…အေးမင်းက..ရှိနေပြီး..အိပ်ပျော်နေတာ….ကြားပုံတောင်မရပေ….အိပ်ယာဘေးမှ ဓာတ်မီးကိုဆွဲကာ….အသံလာရာ..မီးဖိုချောင်ဘက်သို့…ကျွန်တော်ထသွားပြီး…မီးဖြင့်ထိုးကြည့်လိုက်သည်……မြင်လိုက်ရသည့်မြင်ကွင်းက သွေးပျက်လောက်စရာပါပဲ……ဝက်သားဟင်းများကို အားရပါးရ နှိုက်ကာ ပါးစပ်ထဲ အတုံးလိုက်အတစ်လိုက် ထိုးထည့်ကာ…စားသောက်နေပြီး…မျက်နှာမမြင်ရသော…လူတစ်ယောက်….ဟေ့လူ…ကျွန်တော် အသံလဲ ကြားရော…ထပြေးတော့သည်….မီးဖိုခန်းအတွက် တံခါးကို သော့ခတ်ထားသောကြောင့်…..ဒီလူ…..လွတ်မြောက်စရာ မရှိနိုင်ပါချေ….ဟိတ်လူ မပြေးနဲ့နော်…..ဟေ့လူ…အနောက်ကလိုက်တော့ ….တံခါးတည့်တည့်သို့ ပြေးဝင်ပြီ ပျောက်ကွယ် သွားသည်……ဟာ….ဒါဘယ်လိုဖြစ်ရတာလဲ….တံခါးကို ဘယ်လိုများဖြတ်သွားလို့ ရနေတာလဲ…ကျွန်တော်တွေးမရ… ထိုအခိုက်…ဟိတ်ကောင်…စိုင်းကိုလွင်…အေးမင်း၏လှမ်းခေါ်သံကြောင့် ကျွန်တော်လန့်သွား၍…..ဘာတုန်းကွာ…မင်းကလဲ….လန့်လိုက်တာ…ဒီမှာလာကြည့်စမ်း….ကျွန်တော်ကိုဆွဲခေါ်ကာ လက်ညှိုးထိုးပြလိုက်မြင်ကွင်းကြောင့် …..ကျွန်တော် ထိန်လန့်တုန်းလှုပ်သွားရပါတော့သည်…….အိမ်ရှေ့ခန်း သောက်ရေအိုးစင်ရဲ့ နံရံမှာ သွေးတွေနဲ့ ရေးထားသောစာ …
“ကူညီပေးပါ” ဟာ….အေးမင်း ဒါမင်းရေးထားတာလား…..ဟာ….စိုင်းကိုလွင်….မင်းရူးနေလား…မင်းထသွားတာ ငါသိတယ်…ငါကြောက်လို့…စောင်ခေါင်မြှီးခြုံပြီးနေတာ…ငါခြေရင်းက အသံကြားလို့ ထကြည့်တော့ ဒီစာကို တွေရတော့တာပဲ…..ဟေ….ဟုတ်လား…ကျွန်တော်တိုနြှစ်ယောက်လုံး ကြောက်စိတ်ဖြင့်ချွေးများစိုရွှဲလျှက်…..မင်းသွားကြည့်တာ ဘာတွေ့လဲ…စိုင်းကိုလွင်…ကျွန်တော်မြင်ခဲ့ရတာကို…ဒီကောင့်ကို ပြောပြလို့မဖြစ်….ဒီကောင်ကြောက်တာက အတိုင်းအဆမရှိ…..ဘာမှမဟုတ်ပါဘူးကွာ…ကြောင်ပါ..
ဟင်းလာခိုးစားနေတာကွ….ငါမောင်းထုတ်လိုက်ပါပြီ…..
ပြန်အိပ်ကြရအောင်….လာ…အိပ်ယာထဲသို့ဝင်ပြီး ခဏအကြာ၌…….ဘုန်း…..ဟာ…ဒီတစ်ခါတော့ နားစွင့်နေသော နှစ်ယောက်လုံးပြိုင်တူထထိုင်လျှက်….ဟေ့ကောင်…စိုင်းကိုလွင် တစ်ခုခုပြတ်ကျတဲ့အသံပဲကွ…အေးငါလဲ သတိထားမိတယ်…လာသွားကြည့်ရအောင်…..အိမ်ရှေ့သို့ နှစ်ယောက်သား ပြေးထွက်ကြည့်လိုက်သည်…အောင်မလေး…ဟိတ်ကောင် စိုင်းကိုလွင်…ဟိုမှာလူပြုတ်ကျတာကွ…ခေါင်မိုးပေါ်က ပြတ်ကျတာနေမယ်….ကျွန်တော်လဲ လှမ်းကြည့်တော့ ဟုတ်သည်…..ရှမ်းရိုးရာ ဝတ်စုံနဲ့ လူတစ်ယောက် မြေကြီးပေါ်သွေးအိုင်ထဲလဲနေ၏……..ဟေ့ကောင်…အေးမင်း..သွားကြည့်ရအောင်ကွာ….ဟာ…မင်းကြည့်ချင်သွားကြည့်…ငါမလိုက်ဘူး…ကြောက်တယ်….အေးမင်း…အထဲသို့..ဝင်ပြေးလေ၏….အရေးထဲ ဓာတ်မီးကပျက်….အိပ်ယာဘေးမှာ…ဓာတ်မီးအသေးတစ်လတ် ရှိနေသေးတာကို သွားသတိရတော့….အမြန်ဝင်ယူလိုက်၍ ပြန်ထွက်ကြည့်လိုက်သောအခါ ခုဏ လဲနေသောလူမရှိတော့….ဟာ…ဘယ်ရောက်သွားတာတုန်း…ဟိုအေးမင်းကလဲ ခေါ်မရ…သေချာပြန်ကြည့်တော့ ခုဏလဲကျနေသောနေရာမှာ သွေးတွေ မတွေ့တော့…..အေးမင်းပြောသလို ကျွန်တော်တို့ အတွက် တစ်ခုခုဖြစ်မှာကို စိတ်ထဲပူနေမိတော့သည်….အိပ်ယာထဲသို့ပြန်ဝင်ကာ….အေးမင်းက မေးလေသည်…စိုင်းကိုလွင်…ဟိုအလောင်းရော…..မရှိတော့ဘူးကွ…ဓာတ်မီးလေး ဝင်ယူပြီး သွားထွက်ကြည့်တော့….မတွေ့တော့ပါဘူးကွာ…..အေးမင်း သွေးပျက်နေလေပြီ……စိုင်းကိုလွင်…ငါတို့တစ်ခုခုတော့ လုပ်မှ ဖြစ်မယ်ထင်တယ်…ဒီအိမ်ကြီးမှာ…..သိပ်ကိုကြောက်ဖို့ကောင်းတဲ့…နောက်ခံသမိုင်းတစ်ခုခုရှိနေမှာတော့ အသေအချာပင် ဖြစ်ချေတော့၏……
ရှမ်းစျေးထဲ၌ လူများစည်ကားလျှက်….သူတို့ပြောတဲ့ ဘာသာစကားတွေကို ကျွန်တော်လဲနားမလည် တစ်ချို့က ရှမ်းလိုပြောကြ တစ်ချိုက ပအိုဝ်လို ဓနုလို ပလောင်လို ရှုပ်ယှက်ခက်နေတာပါပဲဗျာ…….ကျွန်တော်လဲ အိမ်အတွက်ဟင်းစားနဲ့ ရိတ်ခါတစ်ချို့ဝယ်ယူပြီးနောက် လမ်းဘေး ကော်ဖီဆိုင်လေး ဝင်ထိုင်ကာ ကော်ဖီတစ်ခွက်မှာသောက်လိုက်သည်…..ကော်ဖီလာချသော အဘကြီးက …..ငါ့တူက
ဒီကမဟုတ်ဘူး ထင်တယ်…..သြော်…ဟုတ်ကဲ့အဘ… ကျွန်တော်က…ရန်ကုန်ကပါ….မြိုင်ဟေဝန်…ဟိုတယ်ရဲ့ ဟိုးဘက်..ထင်ရှူးတောက အိမ်ကြီးကိုရောက်တာ ၂ရက်ပဲရှိပါသေးတယ်….အဘိုးကြီးက…ကျွန်တော်စကားကို ကြားရသည်နှင့် ပြာပြာသလဲ ဝင်ထိုင်လိုက်ပြီး….ဘာ..ဘာပြောတယ်….တောင်ခြေနားက မြိုင်ဟေဝန်…ဟိုတယ်ကို ပြောတာလား….ဟုတ်ပါတယ်…အဘ…ဟိုတယ်မှာနေတာတော့ မဟုတ်ပါဘူး…ဟိုးအရောက်ဘက်…ထင်ရှူးတောက အိမ်ကြီးမှာနေတာပါ…..ဟာ….ငါ့တူရာ…..၂ရက်ရှိပြီဆိုတာ…
ဟုတ်ရော…ဟုတ်ရဲ့လားကွာ….ဟုတ်ပါတယ်…အဘ ၂ရက်ရှိပါပြီ…..နောက်ပြီးတော့….ကျွန်တော်ပြောမည် ဟန်ပြင်စဥ် အဘကြီးက လက်ကာလိုက်ပြီး….အဘသိတယ်…ငါ့တူ
မင်းတို့….ပရလောကသားတွေနဲ့….တွေဆုံခဲ့ရပြီမဟုတ်လား
မှန်လိုက်တာ…အဘရယ်…..အေး…မှန်ရမှာပေါ့ကွာ…
နောက်ပြီးတော့…စုတ်စုတ်ပြတ်ပြတ်နဲ့…အသက်၄ဝန်းကျင်လောက်ရှိတဲ့…. လူရော….. မတွေ့မိဘူးလားကွ….ဟာ…. အဘက..ဘယ်လိုသိပြန်တာတုန်း…..သိဆို….မင်းတွေ့ခဲ့ရတဲ့ အဲ့ဒီလူက နာနာဘဝမဟုတ်ဘူးကွ……တစ်ချိန်က…
မုဆိုးဘဝနဲ့တောထဲ ကျင်လည်နေတဲ့..အဘရဲ့ ညီအရင်းပဲ
ဗျာ…..ကျွန်တော် အံ့သြခြင်းတွေများစွာနဲ့ အဘနားကပ်ထိုင်ကာ …..ဘယ်လိုဖြစ်တာလဲ…အဘရယ်လို့…မေးလိုက်တော့
သူက စိတ်မကောင်းဟန်နဲ့….အိမ်ကြီးရဲ့ သမိုင်းကြောင်းကို
အစချီပြောပြလာပါတော့သည်…..ဒီလိုငါ့တူရ………..
ရှမ်းပြည်တောင်ခြေရွာလေးနားမှာ…အဲ့ဒီအိမ်ကြီးကို လာဆောက်ပြီး ပထမဆုံးနေထိုင်သွားကြတာက …ရှမ်းစော်ဘွားကြီး မိသားစုကွ…..စော်ဘွားမျိုးဆိုတော့ ….ဂုဏ်မာန်ဓနမာန်က ရှိပါဘိကွာ….စော်ပွါးကြီးမှာ…သားတစ်ယောက်ပဲရှိတာကွ….အဲ့ဒီရှမ်းကောင်လေးဟာ…အနေကြလာတော့…အရပ်စျေးသည်….ဗမာ မလေးနဲ့ ချစ်ကြိုက်ကြပါရောလား….ဒါကို စော်ဘွားကြီးသိသွားတဲ့အခါ…..သူတို့နှစ်ယောက်ကို..
သဘောမတူဘူးလေ…ဒါကြောင့်…ကောင်လေးကို အခန်းတံခါးပိတ်ပြီး…ထားခဲ့တာ…လပေါင်းများစွာပေါ့….သြော်…ဒီလိုဆိုတော့လဲ… ကောင်လေးသနားပါတယ်ဗျာ…ဟုတ်တယ် ငါ့တူရေ….တစ်ယောက်နဲ့တစ်ယောက်ကလဲ…အပျောက်မခံနိုင်အောင်…..ချစ်ကြတဲ့အခါကြတော့….နောက်ဆုံးကောင်လေးဟာ…အိမ်ရဲ့အပေါ်ထပ်ကနေ… ခုန်ချပြီး…. သက်သေ သွားရှာတာပဲကွာ….ဟာ….စိတ်မကောင်းလိုက်တာ..အဘရယ်….အေးကွာ…ဘယ်တတ်နိုင်မလဲ..အတိတ်က..ဝဋ်ကြွေး ပေါ့ကွာ….ဒါနဲ့အဘ…စော်ဘွားကြီးလင်မယားနဲ့…သူ့ကောင်မလေးရော…ဘယ်ရောက်သွားလဲ…အဘက ရေနွေးကြမ်းလေး ငှဲ့ကာ..သောက်လိုက်ပြီးမှ… နောက်ပိုင်း
အဘတို့ကြားရသလောက်တော့….သူတို့…လင်မယား အိမ်ကိုရောင်းပြီး…… ပြောင်းသွားကြတယ်တဲ့…..ကောင်မလေး ကတော့….ရာသက်ပန်….သီလရှင်ဘဝနဲ့…..သာသနာဘောင်ဝင်သွားတယ်လို့….ကြားတာပဲ…အဘတို့လဲ..ခပ်ငယ်ငယ်ပဲ…ရှိသေးတာကလား…..ဒီတော့မှ ကျွန်တော်လဲ ဇာတ်ရည်လည်တော့တယ်…. ဒါနဲ့ဘညီဆိုတဲ့လူကရော….
အေးသူကတော့….တစ်ည….အဖော်တစ်ယောက်နဲ့အတူ…အမဲလိုက်ရင်း…မိုးတွေကြီးလို့.. အဲ့ဒီအိမ်ထဲ ဝင်ပြီး…..မိုးခိုကြတာ…အရက်လေးကလဲ နည်းနည်းပါးပါးသောက်ထားတော့…သူငယ်ချင်းနှစ်ယောက်….တစ်ယောက်နဲ့တစ်ယောက် စကားပြောကြရင်း…ဒီအိမ်ကြီးမှာ တစ္ဆေရှိတယ်လို့ …တစ်ယောက်က ပြောတော့မယုံတဲ့…အဘညီက …တစ္ဆေရှိရင်ရောင်းမယ်ကွာဆိုပြီး….အိမ်အဝင်အထွက်ရဲ့တန်းပေါ်မှာ…တစ္ဆေရောင်းရန်ရှိသည် ဆိုပြီ တတ်ရေးခဲ့တာကွ….မနက်ကြတော့….သူနဲ့ပါသွားတဲ့တစ်ယောက်က နှလုံးရပ်ပြီး သေသွားတယ်…အဘရဲ့ညီကတော့ သတိတွေလွတ်ပြီး….သွတ်သွတ်ခါအောင်….ရူးနေတဲ့ဘဝနဲ့
ရွာကိုပြန်ရောက်လာတာပါပဲ……ငါ့တူရယ်…..သြော်… ဖြစ်မှဖြစ်ရလေဗျာ….ငါ့တူတို့…နှစ်ရက်ကို…ဘာမှမဖြစ်တော့ …အဘအံ့သြလို့ပါလေ….ဘာပဲဖြစ်ဖြစ်…အဲ့ဒီအိမ်ကြီးထဲကနေ… အမြန်ဆုံးထွက်ကြပါ…ငါ့တူ…မင်းတို့ဒုက္ခရောက်လိမ့်မယ်
ဟုတ်ကဲ့ပါ…အဘရေ…ကဲနေလဲမြင့်ပြီဆိုတော့…ပြန်ဦးတော့
ချက်ပြုတ်ဖို့နောက်ကျနေမယ်….ဟုတ်ကဲ့ပါ…အဘ..ဒါဆိုကျွန်တော်…သွားတော့မယ်နော်…အဘအား…နှုတ်ဆက်ကာ အိမ်သို့တန်းပြန်ခဲ့တော့သည်…..
တတိယမြောက်ည ဖြစ်၏….ဒီညတော့…ကျွန်တော် တစ်ခုခုလုပ်မှ…ဖြစ်တော့မည်….”ကူညီပါ”ဆိုသည့်အတိုင်း
ကျွန်တော် ဘယ်လိုကူညီရမလဲ မသိ ဒါကြောင့် အေးမင်း
ကို အသိမပေးပဲ ကျွန်တော်ဘာသာ စီစဥ်ရတော့သည်
အိမ်ရှေ့သို့ထွက်ကာ…ကျွန်တော် စိတ်ကို တည်ငြိမ်အောင် ထားလိုက်ပြီး….ကဲ….ဒီအိမ်ကြီးမှာရှိနေတဲ့….ပရလောက
သား ခင်မျာ….ကျွန်တော်…ဘယ်လိုဘယ်ပုံ…ကူညီရမလဲ မသိတဲ့အတွက်ကြောင့်..ကူညီနိုင်ဖို့ရာ…တစ်ခုခုနဲ့…အကြောင်းကြားပေးပါခင်မျာ….ဤသို့သုံကြိမ်သုံးခါ ပြောပြီးနောက် ကျွန်တော်လဲ…ဓာတ်မီးအိပ်ယာဘေးချကာ အိပ်ပျော်သွားလေတော့သည်……..
အကို….အကို….အကို….ကျွန်တော်နားထဲ..ဗမာသံခပ်ဝဲဝဲနဲ့ ကျွန်တော်အားခေါ်နေသော အသံကိုကြားနေရသည်ကြောင့်
မျက်လုံးဖွင့်ကြည့်လိုက်သည်…..ဟင်….ခင်…ခင်များ..မနေ့ညက…အပေါ်ထပ်က…ပြုတ်ကျတဲ့လူ…မဟုတ်လား….. ဟုတ်ပါတယ်….အကို….ကျွန်တော်ကို…ကူညီပါ….ကျွန်တော်…ဒီအိမ်ကြီးထဲမှာ…အနေအစားဆင်းရဲတဲ့.. ဘဝနဲ့…ပိတ်မိနေတာ…နှစ်ပေါင်းမနည်းတော့ဘူး…ဗျာ….
ဒါဆိုခင်များက ကျုပ်ထက်….အသက်အများကြီး…ကြီးနေတာပဲ…အကိုလို့တော့…မခေါ်ပါနဲ့ဗျာ…စိတ်မရှိပါနဲ့…အကို
ကျွန်တော်ဟာ ရှမ်းလူမျိုးဖြစ်တဲ့အတွက်…ဗမာလို..ပြောရတာ မကျွမ်းကျင်လို့…ဒီအတိုင်းပဲခေါ်ပါရစေ….ထားပါတော့
ဗျာ…ပြောပါဦး..ကျွန်တော်ဘယ်လိုကူညီရမလဲဆိုတာ..
ဒီလိုပါအကို….မနက်ဖြန်ကြရင်…အိမ်ရှေ့… အဝင်အထွက် တန်းပေါ်က”တစ္ဆေရောင်းရန်ရှိသည်”ဆိုတဲ့ စာတန်ကြီးကို
ဖြတ်ပေးပါပြီးရင်…အိမ်ရှေ့အဝင်နားမှာ မြေကြီးပေါ် တစ်ဝက်ပေါ်နေတဲ့….ပန်အိုးအဟောင်းကြီးကို…ဖော်လိုက်ပါ…
ကျွန်တော်ချစ်သူနဲ့…ခိုးပြေးဖို့…..ရွှေတိုရွှေစတွေကို…အဲ့ဒီပန်းအိုးကြီးထဲမှာ…ထည့်မြုပ်ထားတယ် အကို…တစ်ဝက်ကို အကိုယူပါ….ကျန်တစ်ဝက်ကို…ကျွန်တော်အတွက်…
ကောင်းမှု့ကုသိုလ်လုပ်…အမျှဝေပေးပါ အကိုရယ်…..
ကောင်းပါပြီဗျာ…ကျွန်တော်.. ကတိပေးပါတယ်.. သေချာလုပ်ပေးပါ့မယ်……ကဲဒါဆို ကျွန်တော်…သွားတော့မယ်အကို…..ဟုတ်ကဲ့….ရှမ်းဝတ်စုံနဲ့ထိုလူ…မြင်ကွင်းထဲမှ
တစ်ဖြေးဖြေး ပျောက်ကွယ်သွားလေတော့သည်…..
မနက်ခင်းရဲ့ အလင်းရောင်က…အိမ်ထဲသို့တိုးဝင်လာ၏
ဒုတ်….ဒုတ်…..စိုင်းကိုလွင်….မင်းဘာတွေတူးနေတာတုန်း
အေး…ဒီလိုကွ……အကြောင်းစုံကို…အေးမင်းအား ပြောပြ လိုက်ပြီးနောက်…..အေးမင်းလဲ သက်ပြင်းချကာ သနားနေ မိတော့သည်….စကားပြောရင်…ပန်အိုးကြီး မြေပေါ်သို့ ဆွဲလှန်ပြီး ခွဲချလိုက်တော့…ဟာ….တွေ့ပြီဟေ့….ပုဝါအနီလေးနှင့် ထုပ်ထားသော အထုပ်လေးမှာ ပဝါလေးက ဆွေးမြေ့နေပြီ ဖြစ်သောကြောင့် ရွှေတိုရွှေစလေးများ အပြင်သို့ ထွက်ကျလျှက်…အားလုံးကို ဆေးကြောသန့်စင်ပြီးနောက်….တစ်ဝက်မကပဲ ၃ပုံ၂ပုံ အလှူအတန်းလုပ်ခါ ဘုန်ကြီး၅ပါး ပင့်၍
အမျှကုသိုလ်ပေးဝေပြီးနောက်…အိမ်ရှေ့တန်းပေါ်က
“တစ္ဆေရောင်းရန်ရှိသည်”ဆိုတဲ့ စာတန်းကြီးအား တတ်၍
ဖြတ်ဆီးပစ်လိုက်ပါတော့သည်…..ထို့နေ့မှစ၍…..ဤအိမ်ကြီးမှာ ခြောက်လှန့်ခြင်းများ ဘယ်တော့မှ မရှိတော့ပဲ…
ရှမ်းကောင်လေးလဲ ကောင်းရာမွန်ရာသို့ ရောက်ရှိခံစားစံစား ရပါစေလို့ဆုတောင်းရင်း…ရန်ကုန်သို့…ပြန်ခဲ့ပါတော့သည်…
ရွှင်လန်းချမ်းမြေ့ကြပါစေ…
#လေလွင့်လူ(တွံတေး)30 July