တံခါးကြားက ကလေး(စ/ဆုံး)
——————————
ကျွန်မနာမည်က နန်းကြာညို ။
ကျောင်းဆရာမတစ်ယောက်ပေါ့ ဝန်ထမ်းဆိုတော့ တာဝန်ကျရာဒေသကို သွားရောက်တာဝန်ထမ်းဆောင်ရတာပေါ့။
မှတ်မှတ်ယယ ကျွန်မတာဝန်စတင်ထမ်းဆောင်စဥ်က အဖြစ်အပျက်လေးကို ခုထိမေ့မရလို့ စာဖတ်သူတွေကို မျှဝေပေးချင်လို့ ပထမဆုံး စတင်ရေးခြင်းဖြစ်ပါတယ်။
အဆုံးထိဖတ်ပြီးဝေဖန်ပေးကြပါဦးရှင့်။
လက်ထဲမှာ orderစာရွက်ကိုင်ပြီး ညို တွေဝေနေမိတာ ဘယ်လောက်ကြာတယ်တောင် သတိမထားမိတော့။
“ဟူးးးး”
ညိုသက်ပြင်းရှည်ကြီးမှုတ်ထုတ်လိုက် မိတယ်။
ပညာရေးကောလိပ်တက်ပြီးဆရာမ လျှောက် မိစဥ်ကတည်းက ကျရာနေရာ တာဝန်ထမ်းဆောင်ရမယ်ဆိုတာ သိပြီးသား။
သိူ့ပေမယ့် တစ်ကယ်တမ်း အမိန့်စာကျလာတော့ ညို ဝမ်းနည်းမိတယ်။
အိမ်နဲ့တစ်ခါမှ မခွဲဖူးတ့ဲ ညိုက ခု အသက်၂၁နှစ်ပြည့်တာနဲ့ တာဝန်ကျရာဒေသကို တာဝန်သွားထမ်းဆောင်ရတော့မည့် အသစ်စက်စက်ဆရာမလေး။
တာဝန်ကျရာဒေသက ညိုရဲ့ဇာတိမြို့လေးနဲ့ သိပ်မဝေးလို့သာ တော်သေးသည်ဟုဆိုရမယ်။
ညိုက တောင်ကြီးသူလေ ။
ညိုတာဝန်ကျတာက တောင်ကြီးမြို့နဲ့ ၁၂မိုင်လောက်သာ ဝေးတ့ဲ တောမကျ မြို့မကျ လမ်းဘေးရွာလေး။
ကျောင်းကလဲ ကားလမ်းဘေး တင်မို့တော်သေးတယ်။
ကျောင်းက အထက်တန်းကျောင်းခွဲ။
ဘာဖြစ်ဖြစ်ညို့ သူငယ်ချင်းတွေထက်တော့ ကံကောင်းသည်ဟုဆိုရမယ်။
အချို့က အိမ်နဲ့ အရမ်းဝေးတ့ဲ အစွန်အဖျားရွာ တွေမှာ တာဝန်ထမ်းဆောင်ကြရမည်မဟုတ်လား။
။ညိုက ငယ်စဥ်ကတည်းက ဘုရားတရားအထူးကြည်ညိုတယ်။
ပညာရေးကောလိပ်မှာ ညစဥ် ဓမ္မစကြာ် ပူဇော်ခဲ့ရတာမို့ သင်တန်းပြီးသွားတော့လဲ အိမ်မှာ ညစဥ်ဆက်လက်ပူဇော်ဖြစ်ခဲ့တယ်။
ညိုက သရဲတော့မကြောက်တတ်။
တာဝန်ကျထမ်းဆောင်ရမည်ရရရွာကလေးမှာ ပရလောကသား အချို့နှင့်ရင်ဆိုင်ရမည်ကိုလည်း ကြိုတင်သိမနေ ခ့ဲပါ။
ညိုဲတာဝန်ကျတဲ့ ေကျာင်းက ကျောင်းအုပ်ဆရာကြီးက အလွန်သဘောထားပြည့်ဝသူမို့ ညို အလွန်ပင်ပျော်ရွှင်မိတယ်။
ကျောင်းဖွင့်အမှီ ကျောင်းရောက်ဖို့ ပြင်ဆင်ရ ချက်ပြုတ်ဖို့ အိုးခွက်ပန်းကန်မှ အစ သနပ်ခါးကျောက်ပြင်မှအဆုံး အမေတို့ အထူးသဖြင့်အဖွားက ပြင်ဆင်ပေးခဲ့တယ်။
ပြသနာက ညိုက အိမ်မှာ အငယ်ဆုံးမို့ ထမင်းဟင်း မချက်တတ်။
တာဝန်ကျရာဒေသက မီးမရ ထင်းကတော့ ဆရာဆရာမတွေက အလုံအလောက်ပို့ပေးသည်တ့ဲ။ ယခင်က ဆိုင်ကယ်ဆိုတာ လူချမ်းသာတွေမှ စီးနိုင်တာမို့ သာမန်လူတန်းစားညိုအတွက် နေ့ချင်းပြန်တက်ဖို့ ဆိုင်ကယ်လဲ ရှိမနေ။
ဘာဖြစ်ဖြစ်တာဝန်ကျရာရွာမှာပဲ သွားနေဖို့ အကြောင်းဖန်လာခဲ့တယ်။
ညိုတာဝန်ကျရာဒေသက ပအိုဝ်းတိုင်းရင်းသားရွာ ညိုနေတ့ဲ ရပ်ကွက်ကလဲ ပအိုဝ်းတွေအများဆုံးနေ တ့ဲရပ်ကွက် မို့ သိပ်တော့ စိမ်းမေနခ့ဲ။
တာဝန် စ ကျတ့ဲ ရက်တွေက အဖွားက လိုက်ပြီးနေပေးခ့ဲတော့ အဆင်ပြေ ခ့ဲပါသည် နောက်တော့ တာဝန်ကျ ဆရာမကြီးတွေနဲ့ အတူ ခင်မင်မိရင်းနေသွားကျသွားတာပေါ့။
ညိုက ပထမတန်းမှာ အတန်းပိုင်ဆရာမ ဆိုတော့ မနက်ကျောင်းတက်လျှင် ကျောင်းသားနာမည်ခေါ် လူစစ်ရတယ်။
လူစစ်ရင် ကလေးအယောက်၅၀ခန့်ရှိသော စာသင်ခန်းလေးက ကလေး ဦးရေ အမြဲပို အမြဲလိုဖြစ်တတ်သည်မို့ သေချာသတိထားရတယ်။
နာမည်စာရင်းပျက်ကွက် နဲ့သေချာတိုက်စစ်မှ ပင်မှန်တတ်သည်ကို ညို သတိထားမိခဲ့တယ်။
ဘာကြောင့်ဆိုတာတော့ တွေးမရခဲ့။
ဘယ်သူ့ကိုမှလည်း မပြောမိခဲ့။
ညိုတာဝန်ကျတဲ့ ကျောင်းမှာ ဝန်ထမ်းအိမ်ယာက ပေါ်ဆောင် (ကျောင်းဝန်းထဲ)နှင့် အောက်ဆောင်(ရွာထဲ)ဟူ၍ ဝန်ထမ်းအဆောင်နှစ်ခုသာရှိသေး။
ညိုတို့ရောက်လာတော့ အဆောင်မဆ့ံတော့လို့ ညိုတို့လို အသစ်ရောက်လာသောဆရာမချည်း ကျောင်းဆောင်ထဲမှ ဘုရားခန်းထဲမှာ စုနေကြရတယ်။
ညိုနဲ့ အလယ်တန်းပြဆရာမနှစ်ဦး ပေါင်းသုံးဦး စုနေကြရတယ်။
“တံခါးကြားက ကလေး”
ညိုတို့သုံးယောက်ထဲမှာ ညိုကအငယ်ဆုံး
မမျိုးက အလယ်တန်းပြ ညိုထက်ကြီးသည် နောက်တစ်ယောက်က အလယ်တန်းပြဆရာမ ကရင်လူမျိုး အန်တီဖန်းရှာ အရမ်းသဘောထားပြည့်ဝသူ။မမျိုးက သရဲလဲ အရမ်းကြောက်တတ်သူ။
ညိုတို့ ကျောင်းဖွင့်ချိန် မိုးတွင်းမို့ ကလေးတွေ ဖျားကြတယ်။
ရွာဆိုတော့ ဆေးမြီးတိုလေးတွေနဲ့ ကုကြတယ်ပေါ့။ညိုတို့နေတ့ဲ ဘုရားခန်းက မူလတန်းဆောင်နဲ့ လူသွားလမ်းလေးပဲခြားတယ်။
မူလတန်းဆောင်က အခန်းခြောက်ခန်း ညိုတို့က အလယ်တည့်တည့် သုံးတန်းအခန်းနဲ့ မျက်နှာချင်းဆိုင်ဘုရားခန်းမှာ နေကြတာပေါ့။
မူလတန်းဆောင်က သက်တန်းရင့် အဆောင်ဟောင်း။
သရဲခြောက်တယ်လို့ နာမည်ကြီးတယ်။
ညိုတို့သုံးယောက်လုံး အိပ်ယာစောစောဝင်တတ်ကြတယ်။
သရဲမကြောက်ပေမ့ဲ အားတော့ငယ်မိကြတယ်မဟုတ်လား။
တစ်နေ့ သူငယ်တန်းမှ ကျောင်းသားလေးတစ်ဦး အူရောင်ငန်းဖျားရောဂါဖြင့် ဆုံးသွားတယ်။
ကလေးက ကျောင်းပိတ်ရက် မှာဆုံးတာမို့ အလောင်းမြေချလိုက်တယ် ။
ကျောင်းဖွင့်မှပင် ဆရာဆရာမတွေသိရတော့တယ်။
သူငယ်တန်းအခန်းမှ ဆရာမ ရုံးခန်းထဲ အပြေးအလွှားရောက်လာပြီးတော့္” နင်တို့ ငါ့အခန်းထဲ လိုက်ခ့ဲကြဦး ငါ ဆေးဝါးအန့ံတွေရပြီး ကြက်သည်းတွေလဲ ထနေလို့ ဟိုသေ သွားတ့ဲ ခလေးများ အတန်းထဲရောက်နေတာလား မသိဘူး”ဟုလာပြောတာကြောင့် ညိုတို့လည်း အပြေးအလွှား စပ်စုကြတော့တယ် ။
သိတယ်မို့လား ညိုက ဒါမျိူးဆို ထိပ်ဆုံးက😁။အခန်းထဲ ရောက်တော့ ဆေးဝါးအန့ံတွေ ထောင်းထောင်းထနေတာ အမှန်ပဲ။
မဖြစ်ဘူး ရွာခံ ဆရာကြီးနှင့် ကျောင်းအုပ်ဆရာကြီးကို အကျိုးအကြောင်းပြော ဗမာလိုရော ပအိုဝ်းလိုရော ပြန်တမ်းရွတ် ပြီး အမိန့်စာကို ဆရာတွေက သချိုင်းသွားပို့နှင့် အလုပ်ရှုပ်ကုန်သည်။
ကျောင်းဆင်းပြီးတော့ ညိုတို့သုံးယောက်တည်း ခြောက်ကပ်စွာ ကျန်နေ ခဲ့တယ်။
ကျောင်းဆောင်ကြီးဟာ ခါတိုင်းထက် ထူးပြီးတိတ်ဆိတ်သွားသလိုခံစားလိုက်ရတယ်။
သုံးယောက်သား အစောကြီး အိပ်ယာဝင်ကြတော့သည် လန့်ကြသည်ကိုးး။
နောက်ရက် အထက်တန်းပြ ဆရာမအသစ်နှစ်ဦး ထပ်ရောက်လာတယ်။
ငါးယောက်ဆိုတော့ အင်အား တောင့်သွားတော့ ညိုတို့လဲ အားရှိသွားကြတာပေါ့ ။
ကျောင့်စောင့်က ကရင်လူမျိုးလင်မယား ကလေးက သုံးယောက် ။
ကျောင်းဆင်းပြီးညဘက်တွေတော့ ကျောင်းစောင့် က လာကြည့်ပေးရှာတယ်။
ဆရာမတွေကြောက်နေမှာ စိုးလို့ထင်တယ်။
အသစ်ရောက်လာသော ဆရာမနှစ်ယောက်ကိုတော့ သူငယ်တန်းကလေး ဆုံးတာ ပြောမပြထားကြပါ။
ညိုတို့သုံးယောက်က ညမနက်အပြီး ချက်ထားကြတယ်။
ရာသီဥတုအေးတော့ ထမင်းဟင်းတွေ သိပ်မသိုးလွယ်တာကြောင့်လည်း တစ်နေ့မှ တခါသာ ချက််စားကြတယ်။
အသစ်ရောက်လာသောဆရာမနှစ်ဦးတော့ မနက်စာ ညစာ ချက်ကြတယ်။
ညိုတို့သုံးယောက်က စောစောစား စောစောအိပ်ယာဝင်ကြတယ် ။
သိတယ်မို့လား။
ညနေခင်းတစ်ခု မှောင်ရီသန်းချိန်တွင် အသစ်ရောက်လာသော ဆရာမတစ်ဦးမှချက်ပြုတ်ရင်း သူငယ်တန်းအခန်းဖက်သို့ကြည့်ကာ “ဟ့ဲကလေး မပြန်သေးဘူးလား တံခါးကြားမှာ ဘာလုပ်နေတာလဲဟု လှမ်းအော်လိုက်သောအခါ ညိုတို့သုံးယောက် မျက်လုံးပြူးကာ တစ်ဦးနှင့်တစ်ဦး လှမ်းကြည့်မိတော့
အန်တီဖန်းက မပြောနဲ့ဆိုတဲ့ အမူအယာနှင့်လုပ်ပြတာကြောင့် ဘာမှဆက်မပြောဖြစ်ကြပဲ ညိုက ကျောင်းစောင့်ကလေး သုံးယောက်ကို လှမ်းကြည့်ပြီး
“အန်တီဖန်း ကလေးတွေက သုံးယောက်လဲ ရှိတယ်”ဟုလှမ်းပြော တော့ မမျိုးက ခေါင်းမြီးပင်ခြုံနေပြီ။
ညိုကလဲ အပြင်က ဆရာမကို လှမ်းစပ်စုကာ”အန်တီ တံခါးကြားမှာ ကလေးရှိလို့လား “ဟုဆိုတော့
” ရှိတယ်သမီးရေ အန်တီမေးတော့ ပြန်လဲ မဖြေဘူး ငုတ်တုပ်လေးထိုင်ပြီး တံခါးကြားကနေပဲ ချောင်းကြည့်နေတာ”ဟု ပြောသောအခါ
ညိုတို့ သုံးယောက် ထိုညက အပြင်တောင်မထွက်ဖြစ်ကြတော့ပဲ ခေါင်းဖြီးခြုံကာ အိပ်လိုက်ကြတော့တယ်။
လေးစားလျက်
Nan Kyarnyo