မခံချင်စိတ်ကြောင့်အသက်ဆုံးရှုံးရသူ(စ/ဆုံး)
————————————————-
နွေရာသီတပေါင်းလ၏ အပူဒဏ်ကို လူတွေတင်မဟုတ်
တစ်ချို့သစ်ပင်ကြီးတွေတောင် သစ်ရွက်တွေရင့်မာနွမ်းခြောက်၍, သစ်ပင်တစ်ပင်လုံး အရိုးတံတွေနှင့် ကိုင်းခြောက်လေးတွေသာ ကျန်ရှိတော့လေသည်။
ရွက်ဟောင်းတွေကြွေ၍, ရွက်သစ်ပြန်ဝေကြတော့မည်ဖြစ်
လေခြင်းမဟုတ်ပါပေလော။
မြိုင်ယာကုန်းရွာလေးမှာ အိမ်ခြေတစ်ရာကျော်နီးပါးခန့်
တည်ရှိလေပြီး မြိုင်ယာကုန်းရွာလေးအတွင်းနေထိုင်ကြသူ
များမှာ အသက်မွေးဝမ်းကြောင်းဝမ်းစာအတွက် လယ်ယာ
လုပ်ကိုင်ကြသူများဖြစ်ကြလေသည်။
ထိုလယ်ယာလုပ်ကိုင်နေသူများထဲတွင် နေခန့်တို့မိသားစု
လည်းအပါအဝင်ဖြစ်ပေ၏။
မြိုင်ယာကုန်းရွာလေးမှာ အေးချမ်းသာယာသောရွာလေး
တစ်ရွာဖြစ်လေပြီး ရွာအဝင်ထိပ်တွင် ရွာဦးစေတီနှင့်ဘုန်း
ကြီးကျောင်းလေရှိလေပြီး ရွာအနောက်ဖက်တွင် ဖိုးတုတ်
ထန်းတောလေးကလည်းရှိနေသေးလေ၏။
နံနက်မိုးစလင်းပြီးဆိုနဲ့,အပူဒဏ်ကစပူနေပြီဖြစ်လေ၍,
နေခန့်,တစ်ယောက်နံနက်စာထမင်းကြမ်းကို လက်ဖက်သုပ်
လေးနှင့်စားလိုက်ပြီး အိမ်ရှေ့တမာပင်အောက် ကွပ်ပြစ်
လေးပေါ် ရေနွေးကြမ်းလေးတစ်အိုးနှင့် ဆေးလိပ်ခွက်လေး
ထဲ ကြယ်နီဆေးပေါလိပ်လေး လေးငါးလိပ်ထည့်ရင်း အပူ
ဒဏ်သက်သာရန် အိမ်ပေါ်မှဆင်း၍,တမာပင်အောက်ကွပ်
ုပြစ်လေးဆီသို့ ထွက်လာခဲ့လေသည်။
ကွပ်ပြစ်ပေါ်ရောက်သည်နှင့် ကြယ်နီဆေးပေါလိပ်လေးတစ်လိပ်နှင့် မီးခြစ်ကို ဆေးလိပ်ခွက်ထဲမှယူ၍, ဆေးလိပ်ကို မီးညှိလိုက်ပြီး ဇိမ်ခံသောက်နေလိုက်သည်။
ဟူး…..ပူလိုက်တဲ့,အပူဒဏ်ကလည်းကွာ လူကိုချွေးတွေ
တောင်ထွက်လို့ပါလားဟူး….နေရထိုင်ရတာ မသက်သာပါ
လာကြာ,,
နေခန့်,တစ်ယောက်တပေါင်းလ၏,အပူဒဏ်ကြောင့် တစ်
ယောက်ထဲ ညည်းတွားနေမိသည်။
ဟေး…နေခန့်ရေ…ဘာတွေများပါးစပ်က ပွစိပွစိနဲ့ ညည်း
ညူနေရတာလည်းကွ,,
ကျွန်တော်တို့နဲ့ အိမ်ချင်းကပ်လျက် ခြေရင်းအိမ်ကနေ
လင်းအောင်က ကျွန်တော်ကိုကြည့်နေမိပြီး လှမ်းအော်ပြောရင်း ကျွန်တော်တို့ ခြံထဲဝင်လာ၍,ကျွန်တော်ထိုင်နေ
သည် ကွပ်ပြစ်ပေါ်သို့,ဝင်ထိုင်လိုက်လေသည်။
ဘာတွေများ တစ်ယောက်ထဲညည်းညူနေတာလည်းကွ,
နေခန့်ရ,,
ဘာရယ်မဟုတ်ဘာဖူး လင်းအောင်ရာ မနက်ခင်းအစော
ကြီးတောင် တပေါင်းလအပူချိန်က ပြင်းလွန်းနေလို့ လူနေရထိုင်ရတာ ချွေးတွေထွက်ပြီးမသက်သာလွန်းလို့
ညည်းနေမိတာပါကွာ,,
အေး…အဲ့တာတော့ဟုတ်တယ်ကွ,,နေခန်ရ, ဒါနဲ့မင်း ရွာအ
ရှေ့ပိုင်းက စိန်တုတ်နဲ့ကျင်သန်းတို့ သတင်းကြားပြီးပြီလားကွ,
ဘာသတင်းများတုန်း လင်းအောင်ရ,မင်းကရွာထဲ ဟိုနားစပ်
စပ်ဒီနားစပ်စပ်ဆိုတော့,ဘာသတင်းတွေများကြားလာပြန်
ပြီလည်း ပြောစမ်းပါအုံးကွ,,
ကျွန်တော်ပြောတော့လည်း ပြောချင်စရာပဲဗျ,,ဒီကောင်
လင်းအောင်က ခြေထောက်မှာဗွေပါတယ်ထင်တယ်ဗျ,,
လယ်အလုပ်တွေပြီးပြီဆိုတာနဲ့,အိမ်ကပ်တယ်လို့မရှိဖူး
ရွာထဲကအိမ်တွေလျှောက်လည်းနေတာလေဗျာ,,ဒီတော့
ရွာထဲမှာဖြစ်တဲ့ သတင်းအစုံသူသိတာပေါ့ဗျာ,,အခုလည်ဘာသတင်းတွေများကြားလာပြန်ပြီလည်းမသိပါဖူးဗျာ,,
အေးကွ,,နေခန့်ရ,အဖြစ်ကဒီလိုကွ,,
××××××××××××××××××××××××××××××××××××××
တစ်နေ့,ကျင်သန်းနဲ့,စိန်တုတ်မှာ မြို့သို့သူငယ်ချင်းနှစ်ယောက် ပဲတွေသွားရောင်းပြီး ပဲရောင်းရတဲ့ငွေလေးကလက်ထဲမှာ ရွှင်နေကြတော့ မြို့ကစားသောက်ဆိုင်
တစ်ခုမှာ နှစ်ယောက်သား အရက်ဝင်သောက်ရင်း ရွာအပြန်
မိုးချုပ်သွားလေသည်။
သူငယ်ချင်းနှစ်ယောက် အရက်လေးကလည်း မူနေကြတော့ ရွာအပြန်လမ်းကို လမ်းရိုးလမ်းစဉ်အတိုင်းပြန်မလာ
ကြပဲ မြိုင်ယာကုန်းရွာအနောက် ၂မိုင်မရှိတစ်ရှိလောက်
ဝေးတဲ့ သင်္ချိုင်းကုန်းကြားဖြတ်လမ်းက လှည်းဖြင့်ပြန်လာ
ကြလေ၏။
သင်္ချိုင်းကုန်းကလည်း လမ်းရယ်လိုမရှိ မြို့သွားတဲ့သူတွေ
သွားရအောင်နီးအောင်ဆိုပြီး သင်္ချိုင်းကုန်းကြားက ချုံနွယ်
တွေကိုရှင်းပြစ်၍,လမ်းသဘောမျိုးသွားလာနေကြခြင်းဖြစ်
လေသည်။
မြိုင်ယာကုန်းရွာက သေတဲ့သူတွေဆို ထိုသင်္ချိုင်းကုန်းမှာပဲ
သွားမြုပ်ကြလေကြ၏။
ပိုက်ဆံရှိချမ်းသာတဲ့သူတွေကတော့, သူမိသားစုထဲကဆွေမျိုးတစ်ယောက်ယောက်သေပြီဆို အမှတ်တရပြန်
ကြည့်လို့ရအောင် အုတ်ဂူလှလှလေးတွေလုပ်ကြပြီး ဂူသွင်း
မြုပ်လေ၍,မရှိသူတွေကြတော့ ရိုးရိုးမြေကျင်းတူးမြုပ်ကြ
လေသည်။
ကျွန်တော်ကတော့ဗျာ,သေပြီးမှတော့ ဘာလိုဒီခန္ဓာကိုယ်
ကြီးကိုအမှတ်တရ အုတ်ဂူလှလှလေးတွေလုပ်မြုပ်နေ
တော့မှာလည်းဗျာ,သေတဲ့သူကသေပြီပဲ သူလည်းသိတော့
တာမှမဟုတ်တာ ကျန်ရှိနေတဲ့မိသားစုတောင် နှစ်ပေါင်းများစွာ သူအုတ်ဂူလေးကိုတွေ့တိုင်း ပူဆွေးသောက စိတ်
ဒုက္ခတွေပြန်ခံစားနေရအုံးမှာမလားဗျ,,
ကျင်သန်းနဲ့,စိန်တုတ်မှာ မြို့မှာသောက်လာတဲ့အရက်အရှိန်
လေးဖြင့် သင်္ချိုင်းကုန်းကြားထဲကဖြတ်လာစဉ် သီချင်းလေးတစ်အေးအေးအော်ဟစ်နေကြ၍,နှစ်ယောက်သားစ
နောက်ပျော်ရွှင်နေကြပြီး ညောင်ပင်ကြီးတစ်ပင်အောက်က
လှည်းကိုဖြတ်မောင်းလာချိန်တွင်
ဗြောင်း…..ဝုန်း….ဘုတ်..
အောင်…မ…လေး…ဗျ,, အ….မ…လေး…ဗျ,,
ဟ,,ဟ,ဘာကောင်ကြီးလည်းကွ,လုပ်..လုပ်…ပါအုံး
ဟား…ဘာ..ဘာ..ကောင်ကြီးလည်း နည်းတဲ့ကောင်ကြီးမ
ဟုတ်ဖူး ဟေ့,..ဟေ့,ကောင်ကျင်သန်း.လုပ်..လုပ်..အုံး
ကျင်သန်းနဲ့,,စိန်တုတ် ညောင်ပင်ကြီးအောက်က လှည်းကို
ဖြတ်မောင်းလာကြစဉ် ညောင်ပင်ကြီးပေါ်ကနေ မည်းမည်း
ကောင်ကြီးတစ်ကောင် သူတို့လှည်းပေါ်သို့,ခုန်ချလာပြီး
လှည်းပေါ်၌,ထိုင်နေပြီးသူတို့ကို မီးခဲကြီးလိုနီရဲနေတဲ့မျက်
လုံးကြီူတွေနဲ့ကြည့်နေပြီး မျက်နှာကြီးမှာလည်း အဖုအထစ်တွေနှင့် ကြောက်စရာအလွန်ကောင်းနေ၍,ပါး
စပ်ကြီးအကျယ်ကြီးထဲ အစွယ်ကြီးတွေအဖွေးသားနှင့် လျှာအရှည်ကြီးကလည်း တွဲလောင်ကြီးကျနေလေ၍,ကျင်
သန်းနဲ့,စိန်တုတ်ကို ရယ်ပြနေလေ၏။
ဟီး……ဟီး…..ဟီး…….ဟား…….ဟား….ဟား…….
ကျင်သန်းနဲ့စိန်တုတ်လည်း လှည်းပေါ်၌,ငုတ်တုတ်ကြီးထိုင်
၍,အနီးကပ်သူတို့နှစ်ယောက်ကို စိုက်ကြည့်ပြီးရယ်ပြနေတဲ့
သရဲကြီးရဲ့ ဆိုးသွမ်းသည် ပုံပန်းသဏ္ဍာန်ကို အနီးကပ်မြင်
လိုက်ရတော့ ကြောက်လန့်ပြီး နွားတွေကို အတင်းရိုက်မောင်းပြီး ရွာကိုရောက်အောင်အပြေးမောင်းလေ၏။
ရွာထဲဝင်တော့,ကျင်သန်းနဲ့စိန်တုတ်နှစ်ယောက်သား သတိ
လစ်မေ့မျောနေကြ၍, ဒုန်းစိုင်းမောင်းလာတဲ့ သူတို့လှည်း ကိုတွေ့တဲ့ရွာသားတွေက နွားတွေကိုချော့သပ်ပြီး လှည်း
ပေါ်တက်၍,သတိလစ်မေ့မျောနေကြတဲ့ ကျင်သန်းနဲ့ စိန်
တုတ်ကို သူတို့အိမ်ထိရောက်အောင် နွားလှည်းနဲ့လိုက်ပို့
ပေးပြီး အိမ်ရောက်တော့မှ,သတိရအောင်လုပ်အမျိုးမျိုး
ပြုစုလုပ်ကြရလေသည်။
သူတို့တွေ သတိပြန်ရလာတော့ အပြင်းဖျားပြီးကယောင်က
တမ်းတွေပြောနေကြ၍,ဆေးဆရာခေါ်ပင့်ပြီး ဆေးထိုးဆေး
တိုက်ငါးရက်လောက်လုပ်ပေးလိုက်မှ အဖျားကျသွားလေ
တော့၏။
အဲ့တာပဲ နေခန့်ရေ ကျင်သန်းနဲ့,စိန်တုတ်လည်း နေကောင်း
သွားကြတော့မှပဲ သူတို့ကြုံတွေ့ခဲ့ရတဲ့အဖြစ်အပျက်တွေကိုပြန်ပြောပြနိုင်ကြတယ်
ဟား…ဟုတ်လားကွ,လင်းအောင်ရ,အေးပေါ့ကွာ,သရဲကသူ
တို့နှစ်ယောက် လှည်းပေါ်ကိုခုန်ချပြီး သူတို့ကိုသေချာအနီး
ကပ်ကြီးစိုက်ကြည့်ခြောက်လှန့်နေတော့ သူတို့လည်းကြောက်လန့်ပြီး သတိတွေလစ်သွားကုန်ကြမှာပေါ့ မသေ
တာပဲကံကောင်းတယ် လင်းအောင်ရ,,
ဒါနဲ့,နေခန့်,မင်းအကို ကိုဖိုးဟန်ကြီးတစ်ယောက်ရော မမြင်
မိပါလားကွ,,
လင်းအောင်က အကိုဖိုးဟန်ကိုမတွေ့သဖြင့် မေးလိုက်ခြင်း
ဖြစ်လေသည်။
ရှိပါတယ်ကွ,,လင်းအောင်ရ,ငါလည်းမနက်စာထမင်းကြမ်း
စားပြီး ခဏတစ်ဖြုတ် အိပ်ရာထဲလှဲနေတာပါကွ,,
အကိုဖိုးဟန်က လင်းအောင်အသံကြား၍,အိမ်ပေါ်ကနေဆင်းလာပြီး ပြောလိုက်လေ၏။
ဒီတော့မှ,လင်းအောင်လည်း
ကိုဖိုးဟန်ကြီးကို မေးတာအကောင်းနဲ့,မေးတာမဟုတ်ဖူးဗျ,
ကျွန်တော် ကိုဖိုးတုတ်ထန်းတောသွားမလို့,အဲ့တာ ကိုဖိုးဟန်ကြီးနဲ့,နေခန့်ကိုလာခေါ်တာ ထန်းတောမှာ ဟိုတစ်
လောက သရဲအခြောက်ခံလိုက်ရတဲ့, ကျင်သန်းနဲ့,စ်ိန်တုတ်ကသူတို့သရဲ အခြောက်ခံရတဲ့အကြောင်းတွေပြောပြရင်း
ကျွန်တော်ရွာအနောက် သင်္ချိုင်းကုန်းထဲ ညဖက်တစ်ယောက်ထဲ သွားရဲတဲ့သူကို သူတို့နှစ်ယောက်က တစ်ယောက်တစ်သိန်းပေးမယ်တဲ့ဗျာ,,အဲ့တာ ဘယ်သူတွေသွား
ရဲကြမလည်းလို့ သွားကြည့်ရင်းနည်းနည်းပါးပါး ထန်းရည်
လေးသောက်ရအောင်လို့ပါ,
ဟား…ဟုတ်လားကွ,,လင်းအောင်ရ,,ဒီကောင်တွေမဟုတ်တာတွေ အလောင်းအစားလုပ်နေကြတာပဲ မလုပ်သင့်မလုပ်အပ်ဖူးကွ,,ဒီလိုအလုပ်မျိုးဆိုတာ အေး..အေး..
ငါလိုက်ခဲ့မယ် သူတို့လုပ်တဲ့,လုပ်ရပ်တွေကို လိုက်တားရမှာ
ပေါ့ကွာ,,တော်ကြာအဖြစ်သင့်တာတွေဖြစ်ကုန်ပြီး ဒုက္ခတွေ
ရောက်ကုန်မှဖြစ်
အကိုဖိုးဟန်ကလည်းလိုက်မယ်ဆိုတော့,,ကျွန်တော်တို့သုံး
ယောက်သား ကိုဖိုးတုတ်ထန်းတော သွားကြတာပေါ့ဗျာ,,
ထန်းရည်ကတော့ စောဏလေးတင်မှထမင်းစားထားကြတော့,,အများကြီးဘယ်သောက်နိုင်မှာလည်းဗျာ,,ဒါပေမဲ့
ကျင်သန်းနဲ့စိန်တုတ် သင်္ချိုင်းကုန်းထဲသွားရဲတဲ့သူကို တစ်ယောက်တစ်သိန်းပေးပြီး အလောင်းအစားလုပ်တာ ဘယ်
သူတွေသွားရဲမလည်းဆိုတာ စိတ်ဝင်စားလို့သွားကြည့်ချင်
တာလည်းပါတာပေါ့ဗျာ,,
ကိုဖိုးတုတ်ထန်းတောက ရွာအနောက်ဖက်ငါးမီးနစ်လောက်
ပဲလျှောက်ရတယ်ဗျ,,ကိုဖိုးတုတ်ထန်းတောရောက်တော့
လူတွေကစုံလို့ဗျာ,,ကျင်သန်း၊စိန်တုတ်၊အောင်ကြီး၊ငမိုး၊
ပေသီး၊တက်လူ၊ကိုကြီးစိန်သန်း၊ကိုကြီးထွန်းလှအများကြီး
ပဲဗျ,သူတို့တွေလည်း ကျင်သန်းနဲ့စိန်တုတ် အလောင်းအစားကို ဘယ်သူလုပ်ရဲမလည်း စိတ်ဝင်စားလို့ ထန်းရည်
သောက်ရင်းလာကြည့်ကြတာပေါ့ဗျာ,,
ကျင်သန်းနဲ့စိန်တုတ်က ကျွန်တော်တို့သုံးယောက်ကိုမြင်
တော့,
ဟား…နေခန့်နဲ့လင်းအောင် ကိုကြီးဖိုးဟန်တို့ပါလားဗျ,,လာ
..လာ..လာကြလေဗျာ,,
ကျွန်တော်တို့,သုံးယောက်လည်း ကိုဖိုးတုတ်ဆီက ထန်းရည်အိုး သုံးအိုးကို တစ်ယောက်တစ်အိုးစီဆွဲယူလာခဲ့ကြ
လေသည်။
ကျင်သန်းနဲ့စိန်တုတ်တို့ဝိုင်းရောက်တော့,အမြည်းတွေကစုံ
လို့ပါပဲဗျာ,အမဲခြောက်ဖုတ်၊ကြွက်သားကြော်၊ကြောင်သား၊
အာပြဲခြောက်၊ပဲကြီးလှော် ဆေးလိပ်ကတော့ ကျွန်တော်
ကြိုက်တဲ့ ကြယ်နီဆေးပေါ့လိပ်တွေပေါ့ဗျာ,,
ကျွန်တော်လည်း ထမင်းစားထားတယ်ဆိုပေမဲ့ အမြည်းက
လည်းစုံ လူတွေကလည်းစုံ ထန်းရည်ကလည်းသောက်လို့
ကောင်းနဲ့ ဒီကြားထဲ ကြယ်နီဆေးပေါလိပ်လေးကလည်း
ဖွာနဲ့ဆိုတော့ ထန်းရည်နှစ်အိုးတောင်ကုန်သွားတယ်ဗျ,,
အကိုဖိုးဟန်က ကျင်သန်းနဲ့စိန်တုတ်ကိုတားတယ်ဗျ,,
ဒီလိုအလုပ်မျိုးဆိုတာ မလုပ်ကောင်းဖူးဒုက္ခရောက်တက်
တယ်အမျိုးမျိုးပြောပြတာပေါ့ဗျာ,, ကိုကြီးထွန်းလှနဲ့,
ကိုကြီးစိန်သန်းကိုလည်း အသက်ကြီးပြီးမတားဆီးမဆုံးမ
လို့ပြောသေးတာပေါ့ဗျာ,,
ကျင်သန်းနဲ့စိန်တုတ်ကလည်း ဘယ်လိုပြောပြောမရပါဖူး
ဗျာ,, အရတဲ့အပြင် ဘာလည်းမင်းတို့ အားလုံးငါတို့နှစ်
ယောက်ကို ခြောက်လိုက်တဲ့သရဲကို ကြောက်နေကြတာမ
လား ဒီလိုပဲဖြစ်ရမှာပေါ့ကွာ,,သရဲကိုမကြောက်တက်တဲ့သူ
ဆိုတာဘယ်ရှိပါမလည်း သရဲတစ်ကယ်ခြောက်ပြီဆို အကုန်လုံးကြောက်တက်တာပဲမလား ဘယ်လောက်အရက်
မူးမူးမရပါဖူးကြာ,ဟား…..ဟား…….ဟား……..
အဲ့မှာ ပေသီးဆိုတဲ့ကောင်က နာမည်နဲ့လိုက်အောင် သရဲတစ္ဆေမကြောက်တက်တဲ့အပြင် ပေပေတေတေဆိုးဆိုးသွမ်းသွမ်းနေတဲ့ကောင်ဆိုတော့, ကျင်သန်းနဲ့,စိန်တုတ်ပြောတာကိုမခံချင်၍,
ငါသွားမယ် ကျင်သန်းနဲ့စိန်တုတ်,အေးမင်းတို့ပြောထားတဲ့
အတိုင်း ငါသင်္ချိုင်းကုန်းထဲသွားပြီး ဘာမှမဖြစ်လို့ပြန်လာခဲ့
ရင်တော့ မင်းတို့နှစ်ယောက်တစ်ယောက်တစ်သိန်းငါကို ပေးရမှာနော် မင်းတို့ကတိအတိုင်း
ဟား…ပေသီးမင်းတစ်ကယ်သွားမှာနော် မင်းသွားမယ်ဆို
ဒီအတိုင်းသွားလို့တော့ ဘယ်ရမလည်းကွ,,စည်းကမ်းတွေ
တော့ရှိတာပေါ့ကွာ,,
ကျင်သန်းက ပေသီးသွားပြမည်ဆို၍,ပြောလိုက်လေ၏။
ကဲပြောပါအုံး ဘယ်လိုစည်းကမ်းတွေလည်းဆိုတာ ကျင်သန်းရ,,
အေးဒီလိုကွ,,မင်းသွားရမဲ့အချိန်က ည၁၂နာရီအချိန်သွားရ
မှာ, မင်းတစ်ယောက်ထဲသွားရမှာနော် နောက်ပြီးမင်းသွားရင် ဓားမတစ်ချောင်းယူသွားပြီး ငါတို့ပြောပြတဲ့ ညောင်ပင်ကြီးမှာ မင်းယူသွားတဲ့ဓားမကို ခုတ်ပြီးစိုက်ထားခဲ့ရမယ် နောကိပြီးမင်းပြောရမှာက ဟေ့ကောင်ညောင်
ပင်ကြီးပေါ်ကသရဲ မင်းကိုငါမကြောက်ဖူးကွ,,ဆိုတာပဲ,
ဘယ်လိုလည်းမင်းလုပ်ရဲပါမလား ငါတို့နှစ်ယောက်ပေးတဲ့
ငွေကလည်းမနည်းဖူးနော် မင်းတစ်လလုပ်ရင်တောင်အဲ့
လောက်ငွေရမှာမဟုတ်ဖူးကွ,,
ကျင်သန်းကမခံချင်အောင် ပေသီးစိတ်ကိုစွပြီးပြောလိုက်
သဖြင့်,ပေသီးလည်း ကျင်သန်းစကားကိုမခံချင်၍,ပြန်ပြော
လိုက်လေသည်။
ဟား….ဟား…ငါယောက်ျားပါကွ,,မင်းတို့လုပ်ခိုင်းတဲ့အတိုင်း ငါအကုန်လုပ်ခဲ့ပေးမယ် ငါဆိုတဲ့ကောင်က ဒီလောကမှာ ဘယ်သူကိုမှ,,မကြောက်တက်ဖူးကွ,,မင်းသရဲ
တစ္ဆေဆိုတာ ငါကိုဘာလုပ်နိုင်မှာမလို့လည်းကွ,, မင်းတို့
စောင့်ကြည့်နေ ငါကိုဖိုးတုတ်ထန်းတောကနေ ခုချိန်ထဲကမ
ပြန်ပဲ ထန်းရည်ထိုင်သောက်နေမယ် ညကြရင်သာမင်းတို့
လာကြည့်ကြ ငါသွားရဲလားမသွားရဲလားဆိုတာ ငါသောက်
တဲ့ ထန်းရည်ဖိုးတွေပါ မင်းတို့တွေရှင်းပေးရမှာနော်
အေး..မင်းတစ်ကယ်သွားမယ်ဆိုရင် မင်းသောက်တဲ့ထန်း
ရည်ဖိုးတွေပါ ငါတို့အကုန်ရှင်းပေးမယ် ဒါဆိုငါတို့ညမုိး
ချုပ်တာနဲ့ ဒီထန်းတောကိုပြန်လာခဲ့မယ်
နေခင်းအချိန်ရောက်လာပြီဆိုတော့ စကားဝိုင်းရပ်ပြီး ကို့
အိမ်ကိုပြန် နေခင်းစာထမင်းပြန်စားရင်း ညရောက်ဖို့
အတွက် စောင့်မျှော်နေကြတာပေါ့ဗျာ,, ပေသီးတစ်ကယ်သွားရဲလား မသွားရဲဖူးလားဆိုတာ သိချင်ကြတာကိုဗျ,
ဒီလိုနဲ့ ညနေစောင်းအချိန်ရောက်လာတော့ ရေမိုးချိုးထား
လိုက်ပြီး ညစာထမင်းကို အမေချက်ကြွေးတဲ့ ကြက်ကာလ
သားချက်ကို ငရုပ်သီးစပ်စပ်လေးချက်ထားတာလေးနဲ့စား
လိုက်တာ ဗိုက်ကိုတင်းသွားတာပေါ့ဗျာ,,ထမင်းစားပြီး
ခံတွင်းကချဉ်လာပြန်ရောဗျာ,, ကြယ်နီဆေးပေါလိပ်လေး
ခံတွင်းချဉ်ပြေထိုင်သောက်ရင်း အချိန်ဖြုန်းနေလိုက်တာပေါ့ဗျာ,,ခဏကြာတော့ လင်းအောင် ကျွန်တော်နဲ့အကိုဖိုး
ဟန်ကို လာခေါ်တာနဲ့ ကျွန်တော်တို့သုံးယောက် ကိုဖိုးတုတ်
ထန်တောဆီထွက်လာခဲ့ကြ၏။
ညမိုက်ညဆိုတော့ ကောင်းကင်မှာ လအလင်းရောင်ကမရှိ
ဖူးလေဗျာ,,ဒါကြောင့်အိမ်ကထွက်လာထဲက ဓာတ်ခဲလေးထောင့်ထိုးဓာတ်မီးတစ်လက်နဲ့,လိုရမယ်ရ တုတ်တစ်
ချောင်းပါယူခဲ့တယ်ဗျ,,ညရေးညတာဆိုတော့,ပြောမရဖူးလေဗျာ,မြွေပါးကင်းပါးအန္တရာယ်ရှိတယ်မဟုတ်လားဗျ,
လင်းအောင်ကလည်း ဓာတ်မီးတစ်လက်ပါတော့ ပိုပြီးအဆင်ပြေသွားတာပေါ့ဗျာ,,
ကိုဖိုးတုတ်ထန်းတော့ လူတွေတောင်စုံညီနေပြီဗျ,,ဘယ်အ
ချိန်ထဲက ရောက်နေကြမှန်းမသိပါဖူးဗျာ,, ပေသီးကိုစိတ်ဝင်စားနေကြတာဆိုတော့, ပေသီးတစ်ယောတစ်ကယ်သွား
လားမသွားဖူးလားသိချင်နေကြတယ်ထင်ပါတယ်ဗျာ,ပေသီးကိုစိတ်ဝင်စားနေကြတာဆိုလို့,ယောက်ျားချင်းကြီး
စိတ်ဝင်စားရလား ခင်ဗျားတို့ထင်မှာစိုးရသေးတယ်လေဗျာ
အဲ့လိုမျိုးစိတ်ဝင်စားတာမဟုတ်ဖူးနော် ကျွန်တော်တို့သုံး
ယောက်ကိုမြင်တာနဲ့ ကျင်သန်းနဲ့စိန်တုတ်က လှမ်းခေါ်လိုက်လေသည်။
ဝေး…..လာဟေ့,ကိုကြီးဖိုးဟန်နဲ့ နေခန့်,လင်းအောင်တုိ့
လာကြ..လာကြ…
သူတို့ဝိုင်းရောက်တော့,လူတွေကအားလုံးရှစ်ယောက်ဗျ,,
ကျွန်တော်တို့သုံးယောက်နဲ့ဆို ၁၁ယောက်ပေါ့ဗျာ,,မနက်က
လူတွေအတုိင်းပဲပေါ့ဗျာ,,သူတို့တွေကတော့ ထန်းရည်တွေ
ထပ်သောက်ရင်းအချိန်တွေဖြုန်းနေကြတာပေါ့ဗျာ,,ကျွန်
တော်တို့သုံးယောက်ကတော့,ထမင်းတွေအဝစားလာကြတော့ မသောက်တော့ပဲ အမြည်းလေးတွေထိုင်စားရင်း
ကြယ်နီဆေးပေါလိပ်လေးတွေဖွာနေကြတာပေါ့ဗျာ,,
ဒီလိုအချိန်ဖြုန်းရင်း ည၁၁နာရီခွဲအချိန်ရောက်တော့
ကဲပေသီး မင်းသွားမယ်ဆိုခုသွားလို့ရပြီနော် ဓားမကတော့
ကိုဖိုးတုတ်ကြီးဆီက ခဏငှါးသွားပေါ့မင်း ငါတို့ဒီကပဲ
ထိုင်စောင့်ကြည့်နေမယ် မင်းပြန်လာမှ ငါတို့လည်းအိမ်ပြန်
မှာ ဒီမှာမင်းအတွက် ငါတို့ပိုက်ဆံတစ်ယောက်တစ်သိန်းစီ
ပါတယ်
စိန်တုတ်က ပေသီးမြင်အောင်ပိုက်ဆံတွေထုပ်ပြလိုက်
လေသည်။
အေးပါကွ,,ငါသွားတော့မှာပါ မင်းတို့သာ ငါပြန်လာရင်
ဒီပိုက်ဆံနှစ်သိန်းကို ငါကိုပေးဖို့လက်တွန့်မနေကြနဲ့,ဟား…
ဟား….ဟား……
ဟေ့ကောင်ပေသီး မင်းသေချာစဉ်းစားအုံးနော်မလုပ်ခင်ကို
မင်းမခံချင်စိတ်နဲ့,အလောင်းအစားလုပ်ပြီး မလုပ်သင့်တဲ့
ကိစ္စကိုသွားလုပ်လို့ တော်ကြာမဖြစ်သင့်တာတွေဖြစ်ကုန်
လိမ့်မယ်ကွ,,
ငါ့အတွက်,မပူပါနဲ့ကွာ,နေခန့်ရာ ငါဘာမှ,မဖြစ်ပါဖူးကွ,,
ကျွန်တော်လည်း ပေသီးမသွားခင်တားလိုက်ပါသေးတယ်
ဗျာ,ပေသီးဆိုတဲ့ကောင်ကလည်း ပေပေတေတေ ဘာမှ
အယုံအကြည်မရှိတဲ့ကောင်ဆိုတော့မရပါဖူးဗျာ,,
ပေသီးတစ်ယောက်ကတော့,ကိုဖိုးတုတ်ဆီက ဓားမတစ်ချောင်းခဏငှါးသွားပြီး ရွာအနောက်သင်္ချိုင်းကုန်ဆီသို့
ထွက်သွားလေ၏။
ပေသီးထွက်သွားပြီး ၂၀မီးနစ်လောက်ကြာမှ ကျွန်တော်တို့
လူစုလည်း ပေသီးအနောက်ကနေ ပေသီးမသိအောင်အ
သာလေးလိုက်စောင့်ကြည့်လေကြသည်။
ပေသီးတစ်ယောက် အမှောင်ထုထဲ ဓာတ်မီးတစ်ဓားမတစ်
ချောင်းနှင့် သင်္ချိုင်းကုန်း ကျင်သန်းနဲ့စိန်တုတ်ပြောတဲ့
ညောင်ပင်ကြီးအောက်ရောက်သည်နှင့်,လက်ထဲမှာကိုင်ထားသည်ဓားမဖြင့်,ညောင်ပင်ကြီး၏,အပင်ခြေကို အား
နှင့်ခုတ်စိုက်လိုက်ပြီး
ကဲကွာ,ကဲကွာ,ဘာသရဲတစ္ဆေမှ မကြောက်တက်တဲ့ ပေသီးကွ, ဟား…..ဟား….ခုတော့ငါကိုကြောက်လို့,ကျင်သန်းနဲ့စိန်တုတ်ကိုခြောက်လိုက်တယ်ဆိုတဲ့သရဲတစ္ဆေကောင်ဘယ်နားကိုပုန်းနေလည်းတောင်မသိပါဖူးကွာ,
ဟေ့,ညောင်ပင်ကြီးပေါ်မှာနေတဲ့ သရဲတစ္ဆေကောင် မင်းကို
ငါမကြောက်လို့,တစ်ယောက်ထဲလာတာလေကွာ,,မင်းဘာ
လုပ်ချင်သေးလည်းကွ,,
ပေသီးမှာ ပေပေတေတေကောင်ဖြစ်သည်အပြင်သရဲတစ္ဆေ
ဆိုတာ အယုံအကြည်မရှိ မူးမူးရူးရူးနဲ့ပါးစပ်က ပေါက်ကရ
တွေပြောဆိုနေလေသည်။
ပေသီးတစ်ယောက် ညောင်ပင်ကြီးပေါ်မော့ကြည့်ရင်း အော်ပြောလိုက်တော့မှ,အရွက်တွေမရှိတော့သည် ညောင်
ပင်ကြီးကိုင်းတွေလှုပ်ခတ်လာပြီး
ဗျော……ဝုန်း….ဘုတ်..
မည်းမည်းကောင်ကြီးတစ်ကောင်နည်းတာကြီးမဟုတ်ကိုယ်လုံးကြီးက နီရဲဒေါသထွက်နေသောမျက်လုံးကြီးတွေ
ဖြင့် ပေသီးကိုစိုက်ကြည့်လိုကိပြီး ပါးစပ်အကျယ်ကြီးထဲ
အစွယ်တွေအဖွေးသားနှင့် လျှာကြီးတွဲလောင်းကျနေသည်မှာ ပေသီးဓာတ်မီးရောင်အောက်တွင် ရှင်းရှင်းလင်းလင်း
မြင်တွေနေရလေသည်။
ထိုအကောင်ကြီးက ပေသီးကို ကွဲအက်အက်အသံကြီးဖြင့်
ပြောလိုက်လေ၏။
မင်း….က..ငါပိုင်…နက်..ထဲလာ..ပြီး..ငါကို…လာစော်…….ကား..တာပဲ…..သေ..ပေ..တော့..ငမိုက်သား…
ဗျောင်း….ဘုန်း….အား…….အား..
ထိုမည်းမည်းအကောင်ကြီးက ပေသီးမျက်နှာကို သူလက်
ကြီးဖြင့် အားဖြင့်ရိုက်ချလိုက်တာ ပေသီးမျက်နှာမှာ အရှေ့
ကနေ အနောက်ကျောဖက်သို့ လည်ထွက်သွား၍,မရှုမလှ
ခံစားရင်း အသက်ထွက်သွားလေသည်။
ကျွန်တော်လူစု သင်္ချိုင်းကုန်းထဲ ညောင်ပင်ကြီးနားမလှမ်း
မကမ်းရောက်တော့ ပေသီးမှာ ကျွန်တော်တို့ဓာတ်မီးရောင်
တွေအောက်မှာ မျက်နှာကအနောက်ရောက်၍,အသက်မရှိ
တော့,သူဘေးမှာလည်း ကြောက်စရာအလွန်ကောင်းသည်
မည်းမည်းကောင်ကြီးကနည်းတာကြီးမဟုတ် မျက်လုံးရဲရဲ
ကြီးတွေနှင့် ကျွန်တော်တို့လူစုကိုဒေါသထွက်စွာစိုက်ကြည့်
နေ၍,ကျွန်တော်တို့လည်း ပေသီးနားမသွားရဲတော့ပဲ ရွာ
ကိုအမြန်ပြန်ပြေးကြပြီး ရွာလူကြီးတွေကိုအကျိုးအကြောင်းအစုံရှင်းပြသောအခါ ရွာလူကြီးတွေက ညဉ်နက်
နေပြီဖြစ်သောကြောင့် နောက်နေ့မနက်မိုးလင်းတော့မှပဲ
သင်္ချိုင်းကုန်းထဲညောင်ပင်ကြီးအောက် သေနေတဲ့ပေသီးဆီ
ရွာထဲကာလသားတွေနှင့် ရပ်ရွာလူကြီးတွေစုကာ လိုက်သွားကြရလေသည်။
ဟိုရောက်တော့ ပေသီးသေနေတဲ့ပုံဆန်ကြီးကို ကျွန်တော်
သေချာမြင်တွေ့လိုက်ရပြီး ပေသီးစိန်တုတ်နဲ့ကျင်သန်းတို့
နဲ့ အလောင်းအစားမလုပ်ခင်တားလိုက်တာမရ၍,ခုလိုမရှုမ
လှ သေသွားရသည်ကို ပေသီးအတွက်စိတ်မကောင်းဖြစ်
နေမိတာပေါ့ဗျာ,,ပေသီးတစ်ယောက်ကတော့ မခံချင်စိတ်
ကြောင့်မလုပ်သင့်တဲ့အလောင်းအစားမျိုးကိုမှ မူးမူးရူးရူး
ပေပေတေတေ မိုက်မိုက်ကန်းကန်းသွားလုပ်မိတာကိုဗျ,,
မခံချင်စိတ်ဆိုတာ နေရာတကာအသုံးချလို့ကောင်းတဲ့
အရာမှ မဟုတ်တာဗျာ,, ကောင်းတဲ့နေရာအသုံးချတက်မှ
အရာရာကောင်းမွန်တုိးတက်အောင်မြင်မှာ မဟုတ်လားဗျာ,
အိမ်ပြန်လာတဲ့လမ်းမှာတော့,,ကျွန်တော်တို့တွေပေသီးအတွက်စိတ်မကောင်းခြင်းများစွာနဲ့ပေါ့ဗျာ,,
ပြီး
*ရှိုင်း*
*စာရေးဆရာအပေါင်းအားအထူးလေးစားလျှက်*
*၂၄ကြိမ်မြောက်ရေးသားဖော်ပြသည်*
*အမှားများစွာလိုအပ်ချက်များစွာရှိနေသေးပါသဖြင့် စာဖတ်သူအပေါင်းတို့အနေနဲ့ ထိုအမှားတွေလိုအပ်ချက်တွေကို ပြန်လည်ပြင်ဖတ်ပေးကြပါလို့ တောင်းပန်းပရစေ
စာဖတ်သူအပေါင်းတို့ စိတ်ချမ်းသာကိုယ်ကျန်းမာနဲ့နေနိုင်
ကြပါစေလို့ ကျွန်တော် ရှိုင်း ကဆုတောင်းပေးလိုက်ပါတယ်*
*ဖျားနေလို့,ဒီလောက်လေးပဲရေးနိုင်တာခွင့်လွှတ်နားလည်
ပေးကြပါ စာဖတ်သူတွေကျွန်တော်ဇာတ်လမ်းတွေကိုမျှော်နေကြမှာစိုးလို့ ဒီဇာတ်လေးနဲ့ အပျင်းပြေစေဖို့ရေးပေး
ဖော်ပြပေးလိုက်ပါသည်*
စာရေးပြီးတင်ချိန်8.28.p.m
9.10.2021.စနေနေ့,