မချမ်းသာ တစ်မျက်နှာဝတ္ထုတို

Posted on

မချမ်းသာ တစ်မျက်နှာဝတ္ထုတို(စ/ဆုံး)

———————————————–

မနက်မိုးလင်းပြီဆိုကတည်းကထိုင်ရောင်းနေသည်မှာစျေးဦးပင်မပေါက်သေးချေ၊
အချိန်ကိုကြည့်ပြန်တော့လဲကိုးနာရီပင်ထိုးလုနေပြီ။

စိတ်ဓာတ်တော့အတော်ကျနေ၏။
သို့ပေမဲ့အားခဲကာရောင်းနေလိုက်သည်။

‘သမီးကလေး.ဒီငါးခြောက်ကလေးတွေကဘယ်လောက်လဲဟင်.’

မော့ကြည့်လိုက်တော့အဖွားအိုတစ်ဦးဖြစ်နေသည်။လက်ထဲမှာလည်းပိုက်ဆံကလေးတွေဆုပ်ကိုင်လျက်။
‘သူကစျေးကြီးတယ်အဖွားရဲ့၊တစ်ဆယ်သားကိုသုံးထောင်ကျော်လောက်ရှိတယ်’
‘ဘုရား.ဘုရား
အဖွားအိုမှကိုင်ကြည့်မည်လုပ်ကာမှပြန်ချထားလိုက်သည်။
‘အင်း.အဲ့ဒါခက်တာဘဲ၊အိမ်ကအဖိုးကြီးကလည်းဒါကိုမတောင့်တနေလိုက်တာနော်၊လက်ထဲမှာကလည်းပိုက်ဆံမရှိပါဖူးဆိုမှ.’
‘အေးပါသမီးရယ်၊နောက်ကျမှဘဲဝယ်တော့မယ်နော်’

မျက်နှာကလေးညှိုးကျလျက်ထွက်သွားသည်။
မညိုမှထိုအဖွားအိုကိုလိုက်ကြည့်နေမိ၏။

‘သမီးရယ်.အဖေ့ကိုကြက်သားလေးတစ်ဆယ်သားလောက်ဖြစ်ဖြစ်ဝယ်ကျွေးပါလား၊အဖေအရမ်းစားချင်လို့ပါကွယ်၊နေထိုင်ကမကောင်းတော့၊တောင့်တတာနဲတူပါတယ်ကွယ်’

ထိုနေ့ကမိမိရင်ထဲမှာမကောင်းခဲချေ။အဖေကအိပ်ယာထဲကနေပြောနေရှာ၏။
ပိန်ချုံးလျက်ဖြူဖပ်ဖြူရော်ဖြစ်နေသောအဖေ့ကိုကြည့်ရင်းမျက်ရည်ကျမိသည်။
မိမိလက်ထဲမှာကလည်းအဖေစားချင်သောကြက်သားဖိုးလေးကလည်းမရှိ။
‘ဆိုးလိုက်တဲ့ငါကံဟာ၊ဒီလောက်တောင်ဆင်းရဲမွဲတေနေရသလား၊ငါ့အဖေကအခုကြက်သားလေးစားချင်တယ်လို့ပြောနေပြီ၊နင့်ဘယ်လိုလုပ်ပေးမှာလဲမိညို၊တစ်ခုခုဖန်တီးပေးလိုက်လေ’
အဖေ့ကိုစကားမတုန့်ပြန်သေးဘဲမိမိဖာသာရေရွတ်နေသည်။
စဥ်းစားရင်းရင်ထဲမှာဗလောင်ဆူလာ၏။ဟိုသွားရမလို၊ဒီသွားရမလိုဖြစ်လာကာနေမရချေ။

တကယ်တန်းပြန်တွေးကြည့်ရင်လဲအဖေကနေမကောင့်းတဲ့သူ၊နေမကောင်းသူဆိုတာမျိုးကအဟာရတစ်မျိုးမျိုးတောင့်တတတ်သည်။
တောင့်တသည့်အရာကိုစားရမှရောဂါသက်သာသည်ဟုထင်မှတ်တတ်ကြသည်။

ယခုလည်းထိုအဖွားအိုမှာအဖေလိုလူမမာတစ်ယောက်ရှိနိုင်၏။ထိုလူမမာစားဖို့အဖွားအိုကရှိသမျှပိုက်ဆံကလေးနဲ့လာဝယ်ခြင်းများဖြစ်နေမလား။

မိိမမှာကလဲလည်းထိုငါးခြောက်ဖိုးကိုငွေမချေရသေး၊ဒိုင်တစ်ခုမှခေါက်ပြန်ချေစနစ်ဖြင့်ယူရောင်းနေရသည်။

‘အို.မထူးတော့ပါဖူး၊အဖွားမှာပါတဲ့ပိုက်ဆံနဲ့ဘဲငါရောင်းလိုက်တာကောင်းတယ်’
‘ငါ့အတွက်တော့ပိုပြီးဘာမှမထူးလာတော့ပါဖူး’

မိညိုမှအဖွားအိုနောက်ကိုအပြေးလိုက်သည်။
အဖွားအိုအားမှီသည်နှင့်မိမိဆိုင်ကိုခေါ်လာ၏။အသားခြောက်တစ်ဆယ်သားကိုချိန်တွယ်လိုက်ကာပါသမျှပိုက်ဆံလေးဘဲယူထားလိုက်သည်။

‘သာဓုကွယ်.သာဓုပါ၊အဖွားရဲ့လိုအင်ကိုဖြည့်စွမ်းပေးတဲ့အတွက်ငါ့သမီးလေးရောင်းပန်းသာလို့ဝယ်ပန်းလှပါစေကွယ်၊စျေးတွေလဲအများကြီးရောင်းရပါစေလို့အဖွားဆုပေးခဲ့တယ်နော်သမီး’
‘ပေးတဲ့ဆုနဲ့ပြည့်ပါစေအဖွား’

အဖွားအိုမှငါးခြောက်ထုတ်ကလေးကိုင်ကာမျက်နှာရွင်လန်းလျက်ထွက်သွားသည်။

မိညိုတစ်ယောက်ရေရွတ်လျက်ကျန်ခဲ့၏။
‘အဖွားကသာဆုတွေပေးနေတာ၊သမီးမှာတော့ဒီတစ်နေ့လုံးအဖွားတစ်ယောက်ကိုဘဲရောင်းရသေးတယ်အဖွားရေ’
စေတနာသည်ကံဖြစ်သည်။ကံသည်လည်းစေတနာဟုတင်စားနိုင်၏။
မိမိကဲ့သို့ဆင်းရဲနုံချာသူတစ်ယောက်ကိုပေးကမ်းစွန့်ကြဲမှုကားများစွာတန်ဖိုးရှိလှသည်။
ဝယ်သူအလာကိုစောင့်မျှော်နေရသောမိညိုတစ်ယောက်အံ့သြခြင်းတွေနဲ့ကြုံလာခဲ့ရ၏။
အဖွားကိုပိုက်ဆံလေးအနည်းငယ်မျှနှင့်ပေးလိုက်ရသည်ကားတစ်ဆယ်သားသာဖြစ်သည်။

အဖွားအိုပြန်သွားသည့်နောက်ပိုင်းရောင်းရသည်ကတစ်ဆယ်သားမက၊အစိတ်သား၊ငါးဆယ်သား၊တစ်ပိဿာဖြင့်အလျိုလျိုဝယ်သွားကြသည်မှာအလုံးစုံကုန်သွားတော့သည်။
မိညိုတအားပျော်သွားရ၏။မိမိစေတနာကိုလည်းအထူးသတိထားမိလာသည်။

‘ငါဒီနေ့တအားရောင်းကောင်းသွားတာ၊ုဟိုအဖွားကိုသနားလို့အလကားလိုလိုစျေးနဲ့ပေးလိုကက်လို့ဖြစ်မယ်’

ထိုနေ့မှစ၍မိညိုတစ်ယောက်စေတနာကိုတန်ဖိုးထားတတ်လာသည်။မိမိနိမ့်ကျသူကိုတွေ့ကလျော့စျေးနဲ့ပင်ပေးလိုက်၏။သို့ပေမဲ့မိမိအကျိုးမယုတ်သွားပေ၊တစ်နေ့ထက်တစ်နေ့ရောင်းကောင်းလာကာတဖြည်းဖြည်းပြေလည်လာခဲ့တော့သည်။
ဤသည်ကားမိမိစေတနာကြောင့်ဟုမှတ်ယူနေမိသည်။

စာဖတ်ပရိတ်သတ်အားအစဥ်လေးစားလျက်
တင်သက်.ပညာရေး
ကညွတ်ကွင်းမြို့

(စ/ဆုံး)

————————————————