မိန်းမမြတ်(စ/ဆုံး)
—————–
ကျွန်ုပ်၏အမေတွင် ကိုဌေးဟုခေါ်
သော မောင်ဝမ်းကွဲတစ်ယောက်ရှိ၏
ကျွန်တော်နှင်ဦးလေးတစ်ဝမ်းကွဲဆိုသော
လည်း အစ်ကိုဟုခေါ်ပြီး ညီအစ်ကိုပုံစံမျိုး
ဖြင့် အလွန်ရင်းနှီး၏။ သူကားသာမန်လက်
လုပ်လက်စားအခြေခံလူတန်းစားတစ်ဦး
ဖြစ်၍အလွန်အလုပ်ကြိုးစားပြီး
ရိုးသားဖြောင့်မတ်သူတစ်ဦးဖြစ်၏
ဆင်းရဲပေမဲ့လဲမာနကြီးကာ မဟုတ်မခံ
စိတ်ရှိ၏။
သားမယားအပေါ်တွင်လဲ ကြင်နာတတ်သူ
အိမ်ထောင်ဦးစီးကောင်းတစ်ဦးဖြစ်၏
သူ၏ ဇနီးဖြစ်သူမခိုင်သည် သမီးမိန်းကလေး
ချည်းပဲသုံးယောက်ဆက်တိုက်မွေး၏
ဦးလေးသည် သားယောကျ်ားလေးလိုချင်
သော်လည်း သမီးမိန်းကလေးအကျိုးပေး
သန်သော ဇနီးဖြစ်သူကိုတစ်ချက်ကလေးမှ
ငြိုငြင်ခြင်းမရှိ သူစွမ်းသလောက်ငွေရှာ၍
သူပေးနိုင်သမျှမေတ္တာအကုန်ပေးလေ၏
နေ့စားလုပ်၍ ရာသီချိန် လွန်လျှင်ဆိုင်ကယ်
ကယ်ရီဆွဲ၏။ အလုပ်လုပ်လျှင်တိကျပြီး
မဟုတ်မခံစိတ်ရှိသောဦးလေးကားပုံမှန် အသွားအပြန်ရှိသောကုန်စိမ်း သည်အချို့
၏ဖောက်သည်ဖြစ်လာ၏
ထိုစျေးသည်များ
ထဲမှ မခင်စိမ့် ဟုခေါ်သောအမျိုးသမီးမှာ
ဦးလေးကိုလုပ်ငန်းကိစ္စနှင့်ပက်သက်၍ စည်း
ကမ်းရှိသော ဦးလေးကိုလွန်စွာအားကိုး၏
အလုပ်နှင့်ပက်သက်၍ရင်းနှီးလာ
သည့်အတွက်နောက်ပိုင်းငါးမိုင်ခန့်ဝေးသောစျေးကို ကိုယ်တိုင်မသွားတော့ပဲ ဦးလေးကို
သာအဝယ်တော်အဖြစ်ယုံကြည်ထားလေ၏
အသက်သုံးဆယ်ကျော် မုဆိုးမသားသမီးမရှိသော
မခင်စိမ့်နှင့် ကယ်ရီသမားဦးလေးတို့ ၏ရင်း
နှီးမှုကားကြာလာတော့
ပါတ်ဝန်းကျင်မှ ဝေဖန်စရာတွေဖြစ်လာသော်
လည်း ဇနီးဖြစ်သူကား ခင်ပွန်းဖြစ်သူ ၏
ကိုယ်ကျင့်တရားကို ယုံကြည်သဖြင့်ငြိုငြင်
ခြင်းမရှိခဲ့။
ဒီလိုနဲ့အကြီးဆုံးသမီးလေးဆယ်တန်အောင်
စာရင်းထွက်တဲ့နေ့
နှင်းအိ သူ့ဘဝအတွက် အကြီးမားဆုံး
မင်္ဂလာသတင်းကို ပြောပြရန်စက်ဘီးကို
အမြန်နင်း၍ အိမ်သို့ပြန်ခဲ့၏
နေပူမိုးရွာမရှောင်ဒုက္ခဆင်းရဲခံ၍ ငါ့သမီး
ကြီးပညာတတ်ကျောင်းဆရာမကြီးဖြစ်ရမည်
ဟု ကြိုးစားခဲ့သောအဖေ့ကို အားပါးတရ
ဖက်ပြီး အောင်ပွဲခံတော့မည်ဟု အားတင်း
ထားသော နှင်းအိ
အိမ်ပေါ်တက်လိုက်သည်နှင့် မျက်ရည်များ
ဝဲနေသောအမေ့ကို အရင်ဆုံးတွေ့ရ၏
အမေ သမီးစာမေးပွဲအောင်တယ်
သင်္ချာဂုဏ်ထူးပါတယ်အမေ
စိုးရိမ်စိတ်နှင့်စိတ်လှုပ်ရှားနေသောအမေဖြစ်
သူကိုအားပါးတရပြေးပြီးဖက်လိုက်၏
အမေ၏ အသားတို့တဆတ်ဆတ်တုန်နေ၏
အဖေကောအမေ အဖေဘယ်သွားလဲ
မခိုင်တစ်ယောက် ပင့်သက်ကိုတစ်ချက်
ရှိုက်လိုက်သည်နှင့်မျက်ရည်တို့ကားပါးပြင်ပေါ်မှတလိမ့်လိမ့်ဆင်းလာ၏
သမီး သမီးအဖေ အမေတို့နဲ့မနေတော့ဘူး
သူဟာမနဲ့ထွက်သွားပြီ****
နှင်းအိ အံကိုတင်းတင်းကြိတ်လိုက်၏
ဒါမျိုးတစ်နေ့တော့ဖြစ်လာလိမ့်မည်ဟု
ထင်ခဲ့ပေမဲ့ အဖေကိုချစ်တဲ့စိတ်ကြောင့်မျက်
ရည်များဖြင့် ဖြေသိမ့်ခဲ့၏ အခုလိုမြန်မြန်
ဆန်ဆန်ကြီး ဖြစ်သွားလိမ့်မည်ဟုမထင်ခဲ့
ခေါင်ညွှန့်ကြိုးသွားသွားသောမိသားစု
လေး တွင်နွမ်း ဖတ်နေသော မိခင်ကိုကြည့်
၍ အဖေ့ကို နာကြည်းစွာ တမ်းတရင်းငို
ပစ်လိုက်၏
နေသစ်တို့ကား သောကများများဖြင့်
ပြည့်နှက်ပင်ပန်းနေ၏ အရှုံးမပေးသော
စိတ်ဓာတ်တို့ အား အဖေပေးခဲ့သောအား
အင်လက်ကျန်တို့ဖြင့် ရုန်းကန်ရှေ့ဆက်ရင်း
လောကကြီးကိုနားလည်ပေးနိုင်ဖို့ပင်ပန်း
စွာကြိုးစားရ၏
**************
ကိုဌေးတစ်ယောက် ဆိုင်ကယ်ကို
အိမ်တံစက်မြိတ်အောက်မောင်းဝင်
လိုက်၏။ ညနေစောင်းပြီ ဒီနေ့အခေါက်
ရေလည်းများသလို တင်ရသည့် ကုန်ပစ္စည်းတွေကို မှာထားသည့်စျေးဆိုင်တွေရောက်
လျှင် ကိုယ်တိုင်ထမ်းပိုးရ၏။ မိုးတွင်းဘက်လမ်းဆိုးချိန်ဖြစ်၍ ဆိုင်ကယ်ထိန်းမနိုင်လျှင် ကုန်ကိုချပြီးလူနှင့်ထမ်း၍ ကျော်ရ၏
တစ်နေကုန် ထမင်းကိုမတ်တပ်စား၍
မနားတမ်းအလုပ်လုပ်ခဲ့ရသောကြောင့်
ညနေအလုပ်သိမ်းချိန် လူကအတော်လေး
ပန်းနေပြီ
“ရေတစ်ခွက်ပေးအုံးကွာ”
မခင်စိမ့်တစ်ယောက်တဖြည်းဖြည်းမတ်တပ်
ရပ်၍ ရေအိုးထဲမှရေတစ်တစ်ခွက်ကမ်း
ပေးလိုက်၏။ မည်းညစ်ညစ်အသားအရေ
ချိုင့်နေသောနားထင်နှင့်ရှည်မြောမြော လည်
တိုင်မှဂွပ်ဂွပ်နှင်ရေကို အားပါးတရ သောက်နေ
သောယောကျ်ားဖြစ်သူကိုကြည့်၍ မခင်စိမ့်
သက်ပြင်းကိုချလိုက်၏
လွန်ခဲ့သောငါးနှစ်
ကျော်က ကိုဌေးလို ခန့်ခန့်ညားညား အားကိုး
ချင်စရာရုပ်ရည်မရှိတော့။သူလည်း သမီးလေး
ပိုပိုကိုမွေးပြီးကတည်းက အမျိုးသမီးရောဂါ
ကြောင့်သိပ်ပြီးထူထူထောင်ထောင်မရှိတော့ပဲ
အဖွားအိုပေါက်စဖြစ်နေပြီ
ငါများမတော်တဆတိမ်းပါးသွားခဲ့ရင်
ကိုဌေးကတော့သူ့မယားကြီးဆီ သေချာပေါက်
ပြန်သွားမှာပဲ။ ဒီလိုဆိုငါ့သမီးလေးဘဝက
မတွေးရဲစရာ။ နေ့နေ့ညညတွေးမိတိုင်းသောက
တို့ကြောင့် မအိပ်နိုင်မစားနိုင်ဖြစ်နေသော
ကြောင့်ရောဂါတွေပိုတိုးရ၏
တဏှာရာဂမီး၏ လွှမ်းမိုတောက်လောင်
ခြင်းကိုခံရ၍ မိုးမမြင်လေမမြင်ရူးရူးမိုက်မိုက်
ဖြင့်မစားကောင်းတဲ့အသီး သူတပါး၏
လင်သားကို ပြစ်မှား၍ ပျော်ရွှင်ဖွယ်မိသားစု
လေးကိုဖြိုခွဲခဲ့မိ၏ သိက္ခာတွေကျ အရှက်တွေ
ရသော် လည်း ပါတ်ဝန်းကျင်ကိုဂရုမစိုက်ခဲ့
အခုလို မီးစာတွေကုန် ဆီခမ်းတဲ့အချိန်
ရောက်မှ အရာရာကိုကြောက်လန့်နေမိ၏
အဖေပြန်လာပြီ အဖေပြန်လာပြီ
သမီးဖို့မုန့်ပါလာလား
ရုတ်တရတ်အိမ်ပေါ်သို့ ပြေးတက်လာ
သော သမီးလေးပိုပိုအသံကြောင့်
ကိုဌေးတစ်ယောက် လွယ်အိတ်ထဲမှ
မုန့်တစ်ထုပ်ယူ၍ သမီးငယ်ကိုပေးလိုက်၏
ပျော်ရွှင်သွားသောသမီးလေးပိုပိုမှ
လုံချည်အဟောင်းတစ်ထည်ဖြင့်ချွေးသုတ်
ပေး၏။ ကိုဌေးရင်ထဲ ကြည့်နူးမှုအပြင်
ဝမ်းနည်းခြင်းတို့လှုပ်ခတ်သွား၏
ဒီနေ့ နေ့လည်ခင်း ၁၂ ခွဲအချိန်လောက်
နေလည်ကျောင်းလွတ်ချိန် စာသင်ကျောင်း
ရှေ့မှ ဆိုင်ကယ်ဖြင့်ဖြတ်အသွား
အဖြူအစိမ်းဝတ်စုံလေးဖြင့် ကျက်သရေ
ရှိလှသော သမီးဖြစ်သူ ကျောင်းဆရာမလေး
ကို တွေ့ခဲ့၏။ သူစိုက်ပျိုးခဲ့သောပန်းပင်
လေး ၏ လှပဝေဆာချိန်ကိုကြည့်၍
နောင်တတွေ ဝမ်းနည်းဝမ်းသာခြင်းတွေနှင့်
ထမင်းဆာတာတွေပါပျောက်ကုန်၏
အဖေမရှိတဲ့ ဘဝမှာ လောကဒဏ်တွေကို
ရင်ဆိုင်ရင်း ဘဝကိုတည့်မတ်အောင်
လျှောက်လှမ်းခဲ့သောသမီးလေးကိုကြည့်၍
စိတ်ထဲမှဂုဏ်ယူမဆုံး
“ဖျတ်ကနဲဆုံသွားသောအကြည့်တစ်
ချက်အတွင်း သားအဖနှစ်ယောက်ရင်ထဲ
စကားလုံးပေါင်းများစွာရိုက်ခတ်သွားမိ၏”
အခုတော့ သမီးကြီးနှင့် သူကား
ရှင်လျှက်နှင့်ဘဝခြားသွားလေပြီ
အခုပေါင်းနေသည့်ဇနီးကလည်း တဖြည်း
ဖြည်းလုံးပါးပါးလို့နေပြီ။ သူဘဝကကော
ဘာတွေများထူးနေလို့လဲ
***********
ဟဲမခိုင် နင်လင်ငဌေး သူ့မယားဆုံးလို့
ရွာပြန်ရောက်နေပြီ
မခိုင်တစ်ယောက် ရင်ထဲမှာလှိုက်ကနဲ
ဖြစ်သွားသော်လည်း ဟန်မပျက် ပုံစံဖြင့်
သူ့ဟာသူနောက်မိန်းမနဲ့ ပျော်နေတာ ကျုပ်ကို
လာမပြောနဲ့
ခြောက်နှစ်လုံးလုံးအနာဖေးမတက်နိုင်
တဲ့ဒဏ်ရာတွေက ရင်ထဲမှာ တစစ်စစ်နာနေ
တုန်း
ကိုဌေးနောက်မိန်းမယူသွားတုန်းက
နေ့ရောညပါ မအိပ်နိုက်မစားနိုင်
ကို့လင်ကို ကိုယ်ယုံခဲ့ပေမဲ့ ဟိုမိန်းမကကိုယ့်
ထက်လျှင်တော့ ခံလိုက်ရပြီ
မောင်ဌေးက လူတော်မို့လို့ ဟိုမိန်းမက
ဆေးခတ်ပြီးယူသွားတာဟူသောပါတ်ဝန်းကျင်ကစကားလုံးတွေကို ကြိတ်မှိတ်ယုံရင်း
ဖြေသိမ့်ခဲ့ရတာ မိအေးဘဝ အကြိမ်ကြိမ်
နာနေခဲ့ရလို့ ရင်ထဲမှာ မနေ့ကလိုဖြစ်နေ
တော့နောက်မိန်းမသေလို့ ကလေးတစ်
ယောက်နဲ့ သူများအိမ်ကပ်နေတဲ့ လင်ဟောင်း
ကိုအမြင်ကြည့်ဖို့ဘယ်လိုမှစဉ်းစားလို့မရ
*******
ပြီးခဲ့တဲ့ရက်က လေပြင်းတိုက်လို့ အိမ်နောက်
ဖေးဆောင်လေးပျက်သွားသဖြင်ပြန်ပြင်
ရန် လက်သမားသွားခေါ်တာမရသဖြင့်
မခိုင်တစ်ယောက်စိတ်ပျက်လက်ပျက်ဖြင့်
အိမ်ထဲလှမ်းဝင်လိုက်စဉ်
“ဟင်အိမ်ခေါင်မိုပေါ်မှာလူတစ်ယောက်
တစ်ဒုန်းဒုန်းနဲ့ သံရိုက်နေတာဘယ်သူပါလိမ့်”
အိမ်အောက်မှာ သမီးကြီးကလိုအပ်တာ
တွေကူလုပ်ပေးနေ၏
ဟင်းလက်စသတ်တော့ ဒင်းက
ငါ့အိမ်ခေါင်မိုးပေါ်ကိုရောက်နေပါလား
မခိုင်တစ်ယောက် ရန်တွေ့ရန်စိတ်က
ဆုံးဖြတ်လိုက်သော်လဲ
“အင်းမတော် ချေချော်လက်ချော်ပြုတ်ကျ
ရင် ငါ့အပြစ်ဖြစ်နေအုန်းမယ်
တစ်မနက်ခင်းလုံးနေပူထဲလျှောက်သွား
ရသဖြင့် အိမ်ပေါ်တတ်ပြီးအမောဖြေချင်
သော်လည်းမျက်နှာချင်းမဆိုင်ချင်၍
အိမ်ရှေ့အပင်ရိပ်အောက်တွင်ခဏထိုင်နေလိုက်၏
“သမီး ကြွပ်ကြွပ်အိတ်တစ်လုံးပေးအုံး
ဒီသစ်တွေက သစ်မာတွေ ဒီတိုင်းသံရိုက်
လို့မရဘူး သံကို ပလက်စတစ်ပါတ်ပြီးရိုက်
မှရမယ်””
အေးအေးဟုတ်ပြီသမီး
သူ့သမီးတွေနှင့် သူတို့အဖေ အပေးအယူ
တည့်နေကြတာကို နားထောင်ပြီး စိတ်ထဲ
အူတိုနေမိ၏
သားမေ့မယားမေ့အပျော်ရှာသွားသည့်
အဖေနှင့်အပေးအယူတည့်ပြီး ဒုက္ခတွေ
ခါးစည်းခံခဲ့ရသည့်ဒီအမေတစ်ယောက်
လုံး ကိုရေတစ်ခွက်ခပ်တိုက်ဖော်မရ
သင်းပြန်မှ ဒီဟာမတွေ ငါ့ပါးစပ်နဲ့တွေမယ်
“ရေရေ “ ဟူသောအသံကြောင့်
နေသို့လှည့်ကြည့်လိုက်၏
သူတစ်ခါမှမမြင်ဖူးသည့်လေးနှစ်အရွယ်ကလေးတစ်ယောက် ရေခွက်ကို ကိုင်ပြီးကမ်း
ပေးလာသဖြင့် လှမ်းယူပြီးမော့သောက်လိုက်
၏။ လိမ္မာလိုက်တဲ့ ကလေး “သမီးကဘယ်သူ့
သမီးလဲ”
“ဖေဖေ ကိုဌေးသမီး”
ဟင်ဘာပြောတယ်။ သွားသွားဒီနားမလာနဲ့
လက်စသတ်တော့ သူ့သမီးပါ အဆစ်ခေါ်လာတာကိုး
*************
နောက်ရက်တွေမှာလည်း နေ့စဉ်ရက်ဆက်ဆို
သလို အိမ်သာပြင်လိုက် တော်ကြာခြံစည်းရိုး
ကာလိုက် နှင့် ဝင်လိုက်ထွက်လိုက်လုပ်နေ
တော့၏
“ဟဲ့မိခိုင် နင်တို့ဟာကလဲ မထူးတော့ပါ
ဘူး ပြန်သာပေါင်းလိုက်ကြပါတော့
“မပေါင်း နိုင်ပါဘူးအဒေါ် သူကခြံခုန်သွား
တာ နောက်လဲ ခုန်နေအုံးမှာ”
မဟုတ်ပါဘူးအေ မောင်ဌေးက လူရိုး
လူဖြောင့်မို့ ဟိုကဆေးခတ်ပြီးယူလိုက်တာ
နင်လဲအသိသားပဲ
“ထိုနေ့ကတစ်ညလုံးအိပ်မပျော်
သူကိုဌေးအပေါ်မှာ သံယောဇဉ်တွေရှိနေ
ပါသေး၏ ဒါပေမဲ့ဟိုမိန်းမနဲ့ ပါလာတဲ့
ကလေးကဘယ်နားသွားထားမလဲ
နောက်ဆုံးတော့ အဖြေတစ်ခုရပါပြီ
သူ့နောက်မိန်းမဘက်ကပါလာသည့်သမီး
ကို သူ့အဒေါ်က အိမ်မှာခေါ်ထားပေးမည်တဲ့
သူ့ဘက်က ဒါဆိုရင်လဲပြီးရောပေါ့လေ
ထိုနေ့က သူတို့လင်မယားပြန်ပေါင်းထုတ်
ကြလေ၏
ရက်အတော်လေး နေပြီးသော်
သူသမီးလေးမှ အဖေဖြစ်သူနှင့်မခွဲနိုင်ဟုဆို
ကာ သူ့အိမ်မှာလာနေတော့၏
******
သူတို့လင်မယားပြန်ပေါင်းတာလဲ
တစ်နှစ်ပြည့်တော့မည်။ သူ့သမီးလေး
ပိုပိုကလည်း အလိုက်သိလွန်းသဖြင့်
မခိုင်တစ်ယောက် သံယောဇဉ်တွေတဖြည်း
ဖြည်းပိုလာရလေပြီ
အခုဆိုရင် ဘယ်သူမေးမေး နင့်အမေ
ဘယ်သူလဲဆိုရင် အမေ မခိုင်လို့ပဲဖြေပြီး
သူ့ကိုလည်း အမေအမေနှင့် ဘယ်သွားသွား
တကောက်ကောက်နှင့် သူအဖေနားတောင်
သိပ်မကပ်တော့
ကိုဌေး တစ်ယောက်လည်း
အရင်ကလို ပိန်ပိန်ခြောက်ခြောက်မဟုတ်ပဲ
စိတ်ချမ်းသာကိုယ်ချမ်းသာနှင့် စိုစိုပြေပြေ
ဖြစ်နေပြီ
ပါတ်ဝန်းကျင်ကလဲ “ဟဲမခိုင်နင့်ယောကျ်ားက အရင်လိုသနားကမားပြန်ဖြစ်နေပြီ
တော်ကြာနောက်တစ်ယောက်ထပ်ရှာနေအုန်း
မယ်”။ “
“အမလေးနောက်တစ်ယောက်ရှာတော့
လဲ နောက်ကလေးတစ်ယောက်ထိန်းရတာပေါ့”
*********
ငါတို့ဦးလေးများပိုင်ချက်ကွာ
နောက်မိန်းမယူပြီး ရလာတဲ့ကလေးကို
အရင်မိန်းမကို ပြန်ထိန်းခိုင်တာ
ပီယဆေးနည်းလေးများရှိရင် ကို့တူတွေကို
ပေးပါးအုံး
ဒီမှာငါ့တူတို့ ဦးလေးကမစွမ်းပါဘူးကွာ
မင်းတို့အဒေါ်ရဲ့ စိတ်သဘောထားကြီး
လို့ပါ
မင်းတို့အခုလိုပြောတော့ သူရဲ့မေတ္တာ
စေတနာကို စော်ကားသလိုဖြစ်နေမှာပေါ့ကွာ
တကယ်တော့ ဦးလေးမိန်းမက မဒ္ဒီဒေဝီလို
မိန်မမျိုးကွ။
လူမသိသူမသိ ရွက်ပုန်းသီးမိန်းမမြတ်ပေါ့ကွာ
မေတ္တာသည်သာအေးချမ်း၏
#ဟန်လင်း#