မီးနေစောင့်သည့်ဝိဥာဉ်

Posted on

မီးနေစောင့်သည့်ဝိဥာဉ်(စ/ဆုံး)
——————————-
” မေခ “နှင့် “မလိခ” မြစ်နှစ်သွယ်ပေါင်းစုံရာမှ ဧရာဝတီ
မြစ်ဟူ၍ မြန်မာနိုင်ငံ၏ အသက်သွေးကြော ဖြစ်ပေါ်လာ၏……
ဧရာဝတီမြစ်လို့ပြောလိုက်သည်နှင့် မြန်မာနိုင်ငံဆိုတာ မပြော
လျှင်လည်း သိ၏… ဧရာဝတီမြစ်ကြီးဟာ ရွာတွေ မြို့တွေကို
ဖြတ်၍ မြင့်ရာမှနိမ့်ရာသို့ စီးဆင်းသွား၏ ၎င်း၌ မြစ်ခွဲများစွာ
ရှ်ိ၏ ထိုမြစ်ခွဲများအနက် ” ငဝန် ” မြစ်ခွဲကတော့ ဧရာဝတီတိုင်း
အတွင်းရှိ “သပြေတန်း” ရွာကလေး၏ အသက်သွေးကြောအ
ဖြစ်တည်ရှိနေလေ၏…
ရေများတော့ချောင်း။ ချောင်းများတော့
မြစ်။ မြစ်များတော့ပင်လယ်။ ပင်လယ်များတော့သမုဒ္ဒရာ။ ဟူ
၍ ဆင့်ကဲ ဆင့်ကဲ ပြောင်းလဲသွားသည်မှာ သဘာဝတရားကြီ
း၏ အလှတရားပင်ဖြစ်၏…ထိုသို့ဆင့်ကဲ ဆင့်ကဲ ပြောင်းလဲ
ရာမှ မြစ်ခွဲများလည်းရှိခဲ့သလို။ မြစ်လက်တက်များလည်းရှိခဲ့
လေ၏…ထ်ိုမြစ်ထဲ၌ ရေနေသတ္တဝါစုံလင်စွာ နေထိုင်ကျက်စား
နေကြ၏…ငါး ပုစွန် အစရှိသည့် အကောင်များလည်းရှိသလို
ကမ္ဘာ့မြေထုရွေ့လျားမှုကြောင့် ရုပ်ချည်းပြောင်းလဲ၍ ရေစုပ်
သည့် ဝဲများလည်းရှိလေ၏…
ဝဲများက ထိုရေများကို မြေအောက်
အထိစုပ်၍ အခြားနေရာတွင် ချောင်းအဖြစ် ပြန်လည်ပေါ်ပေါ
က်လာ၏…ဤသည်မှာ သဘာဝတရားကြီး၏ လှည့်ကွက်များ
ကြောင့်သာဖြစ်၏…သပြေတန်းရွာရှိ” ငဝန် ” မြစ်ထဲ၌လည်း ဝဲဟူသောရေစုပ်သည့်အရာ တစ်နှစ်လျှင် တစ်ခါပေါ်တတ်၏…
ထိုကဲ့သို့ အချိန်အခါမမည်ပေါ်ခဲ့လျှင်…မမြင်ရသောအရာ
တစ်ခုက လူများစွာကိုဆွဲသွားတတ်၏…ရှေးလူကြီးတွေအဆို
အရထိုသို့ ဖြစ်သည်မှာ တစ်နှစ်တစ်ခါ မြစ်စောင့်လဲသည်ဟူ၍
ဒဏ္ဍာရီလိုလို ပုံပြင်လိုလို ယူဆထားခဲ့ကြ၏……
( ၂ ) ထိုကဲ့သို့ အယူအဆများကို လက်ခံ
ကျင့်သုံးသော ရွာသူရွာသားများက ညနေ နေဝင်ပြီဆိုတာနဲ့
မြစ်နံဘေး၌ လူမပြောနဲ့ ခွေးလေခွေးလွင့်တောင်မရှိခဲချေ။
ထိုအယူအဆများကို မယုံကြည်သောသူကတော့…သေပွဲဝင်
ခဲ့ရ၍ ဆွေမျိုးများပင်ဝမ်းနည်းရ၏…သပြေတန်းရွာရှိ ရွာသူရွာသားများက တံငါသည်အလုပ်ဖြင့်အသက်မွေးရ၏…ထိုအသက်မွေးသူများအနက်…ကိုရဲဇော်တို့ လင်မယားလဲအပါအဝင်
ဖြစ်၏…
ထိုသပြေတန်းရွာ၌ တံငါသည်ရဲဇော်ဆိုရင် ကလေးကအစသိ၏… နေ့စဉ်နေ့တိုင်း လှေတစ်စင်းဖြင့် ငါးဖမ်းထွက်ရ၏ ထိုလှေပေါ်၌ ငါးဖမ်းပိုက်ကွန် ။ ရေသွန်ခွက်။ များရှိ၏
ကိုရဲဇော်ကတော့ မနက်နေထွက် ညနေနေဝင်သည်အထိ
ငဝန်မြစ်ထဲ၌ နေ၍ ငါးဖမ်းရင်းဖြင့်အခ်ျိန်တွေကုန်ခဲ့ရ၏…ငါးဖမ်းသည့်အလုပ်ကားစုံထောက်အလုပ်နှင့်တူ၏ အဘယ်ကြောင့်ဆိုသော် မိုးလေဝသလေ့လာ၍ ရေချိုငါးများ မည်သည့်ဘက်
တွင်ရှ်ိနေသည်ကိုပင် ခန့်မှန်းရ၏…
ငါးဖမ်းသည်မှာပင်ပန်းဟူသည်၍ မရှိ။ အကယ်၍ ပင်ပန်းသော်လည်း…အိမ်မှာကျန်ခဲ့သည့် သားနဲ့
မယား၏ မျက်နှာများကို ပြန်လည်မြင်ယောင်၍ အပန်းဖြေခဲ့
ရ၏…ပူအိုက်စပ်သည့်ရာသီ ။ လေရူးတွေတိုက်ခတ်သည့်
တပေါင်းလတွင် လှေပေါက်သဖြင့် ကိုရဲဇော်တစ်ယောက်
ကမ်းစောစောကပ်လေ၏……

” ဟ!!ကိုရဲ ဒီနေ့နည်းနည်း စောနေသလားလို့ ”

” ဟုတ်တယ်ကိုနောင် ကျုပ် လှေဒီနေ့ ရေနည်းနည်းစိမ့်သွား
လို့ စောစော ပြန်ခဲ့တယ်ဆိုပါတော့ဗျာ ”

” ဟုတ်ကဲ့ဗျာ ဟုတ်ကဲ့ ”

( ၃ ) ညနေစောင်းနေပြီဖြစ်၍ ကိုနောင်ထက်အား
စကားအဆက်ဖြတ်၍ ကျုပ်အိမ်က်ို ပိုက်ကွန်ထမ်း၍ ပြန်လာ
ခဲ့တာပေါ့ဗျာ…အိမ်ကိုရောက်တော့ သားမျက်နှာနဲ့မယားမျ
က်နှာ မြင်ရတော့ အတော်ပျော်ခဲ့ရ၏……

” မ်ိန်းမရေ… မိန်းမ ကိုပြန်လာပြီ ”

” ဘာဟင်းချက်ထားလဲ ”

” ရှင် ရှင် ဟုတ် ဟုတ်ကဲ့ မနေ့က တော်ဖမ်းလာတဲ့ ငါးကြ
င်းဟင်းလေး ချက်ထားပါတယ်တော် ချက်ထားပါတယ် ”

” ကောင်းတယ်ကွာ ကောင်းတယ် ”

” ငါတော့ဒီနေ့ ထမင်းမိန်ပြီပေ့ါကွာ ”

” ဟားး!!ဟားး!! ”

” တော် အဲ့မှာရယ်မနေနဲ့ သွား ပိုက်ကွန်ချပြီး ရေသွားချိုးချေ။
ဟင်!!နံနံစော်စော်နဲ့ တော်နားကပ်ရင် ကျွန်မ အော့နှလုံးနာနာလွန်းလို့ပါရှင် နာလွန်းလို့ပါ။ ”

” အေးပါကွာ!! အေးပါ မင်းနံနေရင် ငါရေချိုးပါ့မယ်ကွာ ”

မသင်းစံရဲ့ စကားကြောင့် အိမ်ရှေ့တွင် ပိုက်
ထမ်း၍ ရယ်နေသည့် ကိုရဲဇော်တစ်ယောက် ချွေးရည်စိုနေသည့်အကျီ င်္ ချွတ်၍ ရေးချိူးရန် ဟန်ခဲ့လေ၏…ထို့နောက် ထမင်
းဝိုင်းပြင်နေသည့် ဇနီးသည်ကိုမြင်တော့ အတော်ပင်ဗိုက်ဆာ
နေ၍ ရေချိူးပြီးပြီးချင်း သားနဲ့အတူ ဇနီးသည်ချက်ထားသည့်ငါးကြင်းဟင်းနဲ့မြိန်ရည်ရှက်ရည်ထမင်းစားခဲ့လေ၏…

” ဒါနဲ့ ဒီနေ့ တော်ပြန်လာတာ စောတယ်နော် ”

” အေး ဟုတ်တယ် ငါ့လှေရေနည်းနည်းစိမ့်နေလို့ ”

” အော်!! အဲ့ဒါဆိုလည်း မြန်မြန်ပြင်လေ အဲ့ဒါနဲ့ထမင်းစား
နေတာတော်လည်းသိတာဘဲ အခုကျွန်မလုပ်နေတဲ့ စျေးရော
င်းသည့်အလုပ်က ထမင်းမဝဘူးရှင့် ကိုယ်အိမ်စားရတာဘဲရှိတာ…”

” အေးပါကွာ အေးပါ ငါမနက်ဖြန် ရေနံချေးနဲ့ ခပ်မြန်မြန်လေး
ဖာလိုက်ပါ့မယ်ကွာ ဟုတ်ပြီလား ”

” အေး အေးတော်ရေ!! တော်ကလဲ ကျွန်မပြောရင်စိတ်မရှည်
တာချည်းဘဲ ပြောကိုမပြောချင်တော့…ဟူးး!!စိတ်တွေမောပါတယ်ရှင် တကယ်ပြောတာ……”

( ၄ ) ထိုည၌ လင်မယားနှစ်ယောက် ကောင်းကင်ယံကို
ကြည့်၍ လူ့လောကထဲသို့ မရောက်လာသေးသည့် ကလေး
ကို ဗိုက်ကလေးစမ်း၍ နှစ်ဦးသားပီတိဖြာနေ၏…နွေဦးလေ
ကလေးတိုက်ခတ်သည့်အချိန် လအရောင်က မြစ်ပြင်ပေါ်
မှာဖြာကျနေသည့်အချိန်…ကိုယ်ဝန်ကိုးလလွယ် ဆယ်လဖွား
သည့်အချိန်ကို ရောက်လာတော့…မွေးချင် ဖွားချင် ဖြစ်လာ
လေ၏…ထိုသို့ဖြစ်လာသည့်အချိန်တွင် မိမိဘေးတွေလူသေ
ပမာအိပ်ပျော်နေသည့် ယောက်ျားဖြစ်သူ ကိုရဲဇော်အား နှိုး
လေ၏……

” ကိုရဲ ထ ထ ကျွန်မ ဗိုက်နာလို့ အားး!!ကျွတ်!!ကျွတ်!!”

” ဟာ!! အိမ်သာတက်ချင်လို့နေမှာပေါ့ကွဟင်းး!!ဟင်းး!!”

” အားး!!ကျွတ်!!ကျွတ်!! ကိုရဲ ထ ထပါဆိုတော်ကလဲ ”

” အားး!!အားး!!အမလေး!!ကျွတ်!!ကျွတ်!!အားး!! ”

” မသင်း!! နင်တကယ်ဗိုက်နာနေတာဘဲဟ ”

” ဟုတ်ပါတယ်ဆိုနေမှ လာမေးနေသေးတယ် ဒီမှာသေ
တော့မယ်ရှင့် အားး!!ကျွတ်!!ကျွတ်!!သွား အမေတို့ကို
သွားခေါ်ချေ။ အားး!!အားး!!အမလေးး!!တောက်!!”

” မြန်မြန်လုပ်ပါတော်!! တော်ကလဲ ဒီမှာနာလို့သေတော့မယ်”

” အေး!!အေးး!!ပါဟ ငါသွားနေပါတယ် ”

မသင်း၏စကားကြောင့်…ကိုရဲဇော်တစ်ယောက်အိပ်ချင်မူးတူးသည့်ဟန်ဖြင့် ရွာအရှေ့ရှိ မိဘတွေဆီကို ဒုန်းဆိုင်းပြီးပြေးရလေ၏…ရွာတောင်ပိုင်းမှအရှေ့ပိုင်းကို ပြေးရတော့
အတော်ပင်ပန်းရ၏…သို့သော် မယားဇောကပ်နေသည့် ကို
ရဲဇော်တစ်ယောက် ပြေးလို့ပြေးမှန်းမသိ ပြေးနေမိ၏……

” အမေရေ!!အမေ…အမေရေ!!အမေ ”

” ဟဲ့!!ရဲဇော် နင့်ဟာက အရေးကြီးသုတ်ပြာနဲ့ ပြေးလာ
တော့ ဘာဖြစ်လာလို့လဲ? ”

” ဟူးး!!ဟူးး!! အမေ့ အမေ့ချွေးမ ကလေး ကလေးမွေးနေပြီ ”

” အဲ့ဒါ အမေ့ကို လာခေါ်တာ……”

” ဟယ်!! နင်ကလဲ စောစောပြောတာမဟုတ်ဘူး ဒီလိုမျိူးကိစ္စ
တွေကအရမ်းအရေးကြီးတာကိုးး!!”

” ကျူပ် ကျုပ်လည်း ပြောမလို့ဘဲ ပြေးလာရတာ မောလို့ပါအမေရယ်……”

” လိုက်ခဲ့အမေ မြန်မြန်လေး…ဟိုမှာကဘယ်လိုတောင်ဖြစ်
နေပြီလဲမသိဘူးး”

” မင်းကရော!! ”

” အမေ ကျုပ်အတွက် စိတ်မပူပါနဲ့ဗျာ!! အမေ့ချွေးမအတွက်
ဘဲစိတ်ပူပါ။”

” အေးပါဟယ် အေးပါ နင်အဆင်ပြေရင် ပြီးတာပါဘဲ ”

ပူပင်သောမျက်နှာ စိုးရိမ်သောမျက်လုံးများဖြင့်
ကိုရဲဇော်နဲ့အတူ မိဘများလိုက်လာ၍ မွေးလုဆဲဆဲဖြစ်နေ
သည့်မသင်းစံအား ညအိပ်စောင့်၍ ကလေးမွေးပေးလေ၏…

” အူဝဲ!! အူဝဲ!! အူဝဲ!! ”

” ဟ!!ကလေးအသံကြားတယ် ”

” ဟားး!!ဟားး!!ဟားး!!ငါလူဖြစ်ပြီကွ……”

” ရဲဇော်ရေ!! ရဲဇော် နင့်မိန်းမမွေးတာ ယောက်ျားလေးဟေး
ယောက်ျားလေး ”

” အဲ့ဆိုတော့ ပိုပျော်ပြီအမေရေ ဟားး!!ဟားး!! ”

” ဟဲ့ဖြေးဖြေးရယ် နင့်မိန်းမမေ့လဲဦးမယ် ”

” ဟ!!အမေကလဲ ကျုပ်ပျော်လွန်းလို့ပါ။ ”

( ၅ ) ထိုည၌ ကြယ်တွေစုံသည့်ညများပမာ အပြုံးများ
စွာဝေဆာနေသည့် ညလေးတစ်ညဖြစ်ခဲ့ရ၏…ကိုရဲဇော်မှာ
ထိုည၌ အိပ်မပျော် အပြုံးများဝေဖြာနေသည့်အတွက် အိမ်အောက်က လက်လုပ်ခုတင်ပေါ်တွင် အကြမ်းရည်သောက်ရင်း
ငါးကြင်းကြော်ဖြင့် မြည်းနေလေ၏……ပူအိုက်သည့်ရာသီ
ဖြစ်သောကြောင့် လေပြည်လေညင်းလေး၏ စေ့ဆော်မှုကြောင့် အကြမ်းသောက်ရင်း မျက်ကြောစင်း၍ ထိုနေရာမှာပင်နှစ်
နှစ်ခြိုက်ခြိုက် အိပ်ပျော်သွားလေ၏……
နေမင်းကြီးသည် အရှေ့
ဘက်ရပ်ဝန်းဆီမှ နီရဲသောအရောင် ပြိုးပြက်သောအရောင်
စဉ်များဖြင့် တရိပ်ရိပ်ပေါ်လာလေ၏… လရောင်ပျောက်၍ နေ
ရောင်သို့ရောက်ခဲ့ရ၏ လင်းကြက်တွေလည်းတွန်မြည်ကြ၍
တံငါများလည်း လှေကိုယ်စိဖြင့် လုပ်ငန်းခွင်သို့ဝင်ကြလေ၏…
ကိုရဲဇော်ကား…လှေပေါက်သောကြောင့် ငါးဖမ်းမသွား။ ညက
အိပ်ပျက်ထားသည့်အတွက် မိုးလင်းသည့်တိုင် မနိုးနိုင် မထနိုင် ကာလနဂါးကဲ့သို့ အိပ်ပျော်နေ၏……

” ဟဲ့!!ရဲဇော် ထ ထ ရဲဇော် ထ ထ ”

“ဟာ!!အမေကလဲ အစောကြီးရှိသေးတယ် ”

” ဘယ်နှယ့်စောရမတုန်းအချိန်ကိုလည်းပြန်ကြည့်ဦး ”

” အားး!!ရီးး!!ဟင်းး!!ဖြောက်!!ဖြောက်!! ”

” ဟမ်!!အမေ မိသင်းရော ဘယ်လိုနေသေးလဲ ”

” အခြေအနေကောင်းပါတယ် အခုတော့အိပ်နေလေရဲ့ ”

” ရော!! ကလေးအနှီးတွေ သွားလျှော်ချည်…!! ”

” အင်းး!!မိန်းမလေးတစ်ယောက် ယူထားမိပါတယ် ”

” အလုပ်တွေကိုရှုတ်နေတာဘဲ ”

” ဘာလဲ!! နင်မလျှော်ချင်ဘူးလား အဲ့ဆိုငါလျှော်ရမလား ”

” ရပါတယ်အမေ ကျုပ်လျှော်ပါ့မယ် ကျုပ်မိန်းမဘဲဟာ”

” လုပ်ပေးရမှာပေါ့ ဟီးး!!ဟီးး!!”

” အခုမှမျက်နှာချိုသွေးမနေနဲ့ လျှော်မှာဆိုမြန်မြန်သွား…”

” တော်ကြာနေမြင့်နေဦး…”

” ဟုတ်ကဲ့အမေရေ ကျုပ်အခုသွားလျှော်လိုက်ပါ့မယ် ”

မောင်ရဲဇော်တစ်ယောက် ကလေးအနှီးပိုက်၍
အဝတ်လျှော်ရန် ငဝန်မြစ်ဆိပ်ဘက်ကို သီးချင်းလေးတအေး
အေးနဲ့ ထွက်သွားခဲ့လေ၏……မြစ်ဆိပ်ကိုရောက်၍ အထုပ်
ကလေးဖြည်၍ အဝတ်လျှော်ရန် ဟန်ပြင်မည်အလုပ်…ကို
ရဲဇော်၏ နမော်နမဲ့နိုင်မှုကြောင့် အထုပ်ဖြည်ရင်း အနှီးတစ်
ထည် မြစ်ထဲကျ၍ ရေမျော်သွား၏……

” ဟ!! ဒုက္ခဘဲ အနှီးတစ်ထည်မျော်သွားပြီ ”

” မဖြစ်သေးဘူး မဖြစ်သေး အဝေးမရောက်ခင် လိုက်ဆယ်မှ”

( ၆ ) ရေမျှော်သွားသည့်အနှီးကို လိုက်ဆယ်ရန် အနှီး
များကို ကမ်းပေါ်တင်၍ ရေထဲကို ကူးသွားလေ၏ ညကပြေး
ထားသည့်အရှိန်။ ရေ၏အေးစက်မှုကြောင့် ကျုံ့နေသည့်အကြောများ ပြန်ဆန့်၍ “အသွားမတော်တစ်လမ်း အစားမတော်တစ်လုတ်” ဆိုသည့်အတိုင်း ကြွက်တက်သွားပြီး။ ရေအောက်ထဲ၌ တစ်စုံတစ်ခုက ဆွဲခေါ်သွား၍ မရဏလမ်း
ကိုလျှောက်လမ်းသွားလေ၏……

” ဒီကောင်လေး အနှီးသွားလျှော်တာ အခုထ်ိလည်းပြန်မလာ
သေးဘူး ထမင်းစားချိန်တောင်နီးနေပြီ…”

” မဖြစ်သေးပါဘူးလေ ငါ့ကိုယ်တိုင်လိုက်သွားမှဘဲ ”

နေ့လယ်ရောက်၍ ပြန်မရောက်လာသောသားဖြစ်သူကိုစ်ိတ်ပူမိ၍ မသန်းမြင့်တစ်ယောက် ငဝန်မြစ်ဆိပ်ကိုလိုက်သွားလေ၏…မြစ်ဆိပ်လည်းရောက်တော့…ကမ်းပေါ်တွင်တင်ထားသည့် အနှီးများနဲ့ ရေထဲကိုဆင်းသွားသည့်ခြေရာ
များကိုတွေ့တော့!!……

“ဟာ!!ဒီ ဒီ ကောင်လေး ဘာများဖြစ်နေပြီလဲ ဒါမှမဟုတ် ဝဲထဲများရောက်သွားရော့လေသလား?”

” ရဲဇော်ရေ…ရဲဇော် ”

အသံကုန်ဟစ်၍ အော်ခေါ်သော်လည်း လေသံ
များ၏ အသံမှတစ်ပါးမည်သည့်အသံမှ မကြားရချေ။ တည်
ငြိမ်နေသော မြစ်ပြင်ကြီးက ငြိမ်သက်၍ပင် ငြိမ်သက်နေ၏…
မသန်းမြင့်လည်း ပူပန်သောမျက်နှာ စိုးရိမ်သော မျက်လုံးများ
ဖြင့် ကမ်းပေါ်ရှိ အနှီးများကို လုံးထွေးပိုက်၍ အိမ်က်ိုအပြေးပြန်
လာခဲ့လေ၏…အစိမ်းသေသဘော သေခဲ့ရသည့် ကိုရဲဇော်၏
ဝိဥာဉ်ကားစွဲလန်းရာစွဲလန်းကြောင်းကို ရောက်သွားလေ၏…
ဤသည်မှာတစ်ခြားမဟုတ်။ မသန်းမြင့်နောက်မှ ထပ်ကြပ်မကွာလိုက်လာ၍ မီးနေသည် မသင်းစံအား စောင့်နေလေ၏…

” လာလာသမီးရေ!!အမေတို့သွားကြရအောင် ”

” ဘာဖြစ်လို့လဲအမေ ဒီမှာလည်းနေလ်ို့ဖြစ်နေရဲ့သားနဲ့ ”

” ညည်းမသိပါဘူးအေ့ ရေဒီယိုကကြေညာတယ်အေ့ ဒီနေ့ည
ရေကြီးမယ်တဲ့အဲ့ဒါသမီးကိုစိတ်မချလို့ အမေတို့ခေါ်သွား
မလို့ သမီးတို့အိမ်ကမြစ်ကမ်းနံဘေးမှာဆိုတော့ ”

” အင်းပါအမေရယ် အမေ့အိမ်ကိုကျွန်မ လိုက်ခဲ့ပါ့မယ် ”

ထိုသို့ပြော၍ မသင်းစံကား ကလေးချီ၍ ထီးကလေးဆောင်းပြီး အကျီ င်္လက်ရှည်လေးဝတ်၍ မသန်းမြင့်အိမ်ကို
သွားခဲ့လေ၏…မသင်းစံထွက်သွားပြီးမကြာ မသန်းမြင့်အား
ကိုရဲဇော်ရဲ့ ဝိဥာဉ်ပူးကပ်လေ၏……

” မိသန်းသွားရအောင်လေ…”

” ဟဲ့မိသန်း နင်ဘာဖြစ်နေတာလဲ ”

” ရှုတ်!!ရှုတ်!!အဖေရယ် ကျုပ်မိန်းမကို ခေါ်မသွားပါနဲ့ဗျာ
ကျူပ်တောင်းပန်ပါတယ်…ခေါ်မသွားပါနဲ့ ”

” ရဲဇော် မင်း မင်း သေသွားပြီးလား ”

” ဟုတ်တယ်အဖေ အနှီးဆယ်ရင်း ကြွက်တက်ပြီးဝဲထဲပါသွား
တာ ကျုပ်လည်းကူးတာပါဘဲဒါပေမဲ့မရ ရေစီးသန်တော့လက်
ပန်းကျ၍ သေသွားတာပေါ့အဖေရာ ”

” အဖေတ်ို့ ကျုပ်မိန်းမကို ဘယ်ကိုဘဲပို့ပို့ ကျုပ်လိုက်မှာဘဲ
ကျူပ်မိန်းမနဲ့ကလေးကို ကျုပ်ချစ်တယ် ”

ထိုသ်ို့ဝင်းပူးပြီးပြောသွား၍ မသင်းစံနောက်ကို
လိုက်သွားလေ၏…ကိုရဲဇော်သည်ဆိုတာ မသင်းစံမီးထွက်မှ
အသိပေးကြသဖြင့် မျက်ရည်မဆယ်နိုင်အောင်ဖြစ်၍ သူမ
ကြောင့် မကျွတ်မလွှတ်ဖြစ်နေသောက်ိုရဲဇော်အဖြစ်က်ိုပို၍
သနားမိပြီးဝမ်းနည်းလေ၏……ထိုအချိန်မှစ၍ မီးနေစောင့်
တဲ့ဝိဥာဉ်ဖြစ်သည့် ကိုရဲဇော်မှာ စွဲလန်းစိတ်ကြောင့် အမျှပေး
သော်မကျွတ်။ မြစ်ဆိပ်လာသည့်လူအများကို စနောက်တတ်
၏…ထို့ကြောင့်ယနေ့အချိန်ထိ ကိုရဲဇော်ရေနစ်သေသည်ု့မြစ်ဆိပ်နေရာကို လူသူအရောက်ပေါက် နည်းသည်ထက်နည်းလာလေတော့သည်။
ပြီးပါပြီ…။

ဤစာမူလေးသည် ဖြစ်ရပ်မှန်ကိုအခြေခံ၍ ရေးသား
ထားခြင်းဖြစ်ပါသည်။ ဇာတ်လမ်းဇာတ်ကွက်များကို စာရေးသူ
၏ စိတ်ကူးစိတ်သန်းဖြင့်ပုံဖော်ရေးသားထားခြင်းဖြစ်သာကြောင့် အပြစ်တစ်စုံတစ်ရာများ။လိုအပ်ချက်များရှိခဲ့လျှင်စာရေးသူ
၏အရေးအသားညံ့ဖျင်းမှုကြောင့်သာဖြစ်ပါသည်။ထိုစာမူထဲရှိ
နာမည်များကို လူမှုရေးပြသနာများကြောင့် လွှဲ၍ ရေးသားထား
ခြင်းဖြစ်ပါသည်။ ဤစာမူရေးဖြစ်အောင်ကူညီပေးပါသော…ညီငယ်အားအထူးပင်ကျေးဇူးတင်ရှိပါသည်။

မှတ်ချက်။ ။ လင်မယားနှစ်ယောက်တွင် မိန်းမဖြစ်ဖြစ် ယောက်ျားဖြစ်ဖြစ်ကွယ်လွန်ခဲ့လျှင် “ကွမ်းတစ်ယာရေတစ်မှုတ်”ဖြင့်
လင်ခန်းမယားခန်းဖြတ်ရလေ၏…ဤသို့ဖြတ်မှသာလျှင်ကွယ်လွန်သူကကျွတ်လွှတ်သွား၍ ဘဝကူးကောင်းမည်ဖြစ်၏……
ထိုအကြောင်းအရာနှင့်ပတ်သတ်၍ ဖြစ်ရပ်မှန်ဖြစ်သော “ဆံပင်ဖြီးတဲ့သရဲမ” စာမူလေးကို မကြာခင်အချိန်အတွင်းမှာဆက်လက်ရေးသားသွားပါဦးမည်။ဆက်လက်အားပေးကြပါဦးနော်။
စာရေးသူ=ပြည့်စုံဦး( ကုန်းဇောင်းမြေ )
ဆက်လက်ကြိုးစားပါဦးမည်။
စာဖတ်သူအပေါင်းရွှင်လန်းချမ်းမြေ့ကြပါစေ။