မျက်နှာသာမပေးသည့်ကံကြမ္မာ

Posted on

မျက်နှာသာမပေးသည့်ကံကြမ္မာ(စ/ဆုံး)

——————————————

ဦး​မြ မှာ ရန်ကုန်မြို့တွင်နေထိုင်ပြီး စက်ရုံတစ်ခုတွင်ကားမောင်းသောအလုပ်သမားတစ်ဦးပင်ဖြစ်သည်။ ဦးမြ တွင် မိသားစုရှိပြီး
ကလေးနှစ်ယောက်ထွန်းကာပြီးသည့်တိုင်အောင် ဇနီးသည်ကို လွန်စွာချစ်၍
အလွန်သဝန်တိုတက်ပြီး အပြင်ကို ပေးမထွက်ချင်ပေ။
ဦးမြအတွက် အလွန်ချစ်သည်ဟု ဆိုရသော်လည်း ၎င်းဇနီးဘက်ကကြည့်လျှင်တော့ သူ့အတွက်အနည်းငယ်မွန်းကြပ်ရာကြသည်။သမီးနှစ်ယောက်အနက် တစ်ယောက်မှာ အသက်၁၅နှစ် ဖြစ်ပြီးတစ်ဦးမှာ ၁၉နှစ် ဖြစ်သည်။ ဦးမြ မှာ မောင်နှမ ၄ ယောက်ရှိသည်
ညီနှစ်ယောက်မှာ မွေးရပ်မြေ၌ပင် လယ်ယာလုပ်ငန်းများလုပ်ကိုင်ပြီး အမကြီးမှာတော့
အကြားအမြင် ဆရာမဖြစ်သည်။ အသက်ကြီးပြီဖြစ်သော အမေအား မောင်နှမလေးယောက်လုံး ပြုစုစောင့်ရှောက်ကြသည်
ဦးမြ မှာမနက်.၇.၃၀ တိုင်းတွင် စက်ဘီးလေတစ်စီးနှင်အလုပ်သွားလေ့ ရှိသည်
ဒီရက်ပိုင်းတွင် ဦးမြတစ်ယောက် သူ့ရွာမှ
ဘုရားကို သွားဖူးချင် စိတ်များတဖွဖွ
ဖြစ်ပေါ်နေ ထို့အတူ အိမ်မက်များလဲ
မကြာခနဆိုသလိုမက်ပြီး မက်တိုင်းလဲ
အိမ်မက်များ မှာတူညီ နေသည်
အိမ်မက်ထဲတွင် လူနှစ်ယောက်မှာ အဝတ်စားများ တောက်တောက်ပြောင်ပြောင် ဝတ်ပြီး
” မောင်မြ မင်းပြန်လာ တော့ အချိန်စေ့ပြီ
မောင်မြ” ဟုဆိုလာလေသည် ။
ထို့အိမ်မက်ကြောင့် ဦးမြရင်ထဲတွင် ခံစား
ချက်များမကောင်း သူ၏မသိစိတ်တွင် မိသားစုနှင့် ခွဲခွာ ရတော့မည်ဟု ခံစားနေရလေသည် မသိစိတ်ဖြစ်သော ကြောင့်
ဦးမြတစ်ယောက် ရေရေရာရာ သဲသဲကွဲကွဲမသိနိုင်ပေ ထိုအကြောင်းကိုတော့ ဇနီးသည်
အားမပြောပြပဲ နေလေသည်
တစ်ညတွင် ဦးမြအိမ်မက်ထဲ၌ ဝတ်ကောင်းစားလှနှင့်လူနှစ်ယောက် ရောက်လာပြီး “မောင်မြအချိန်စေ့ ပြီ ” ဟုဆိုကာ ဦးမြအား အတင်းဆွဲခေါ် လေသည်
ဦးမြမှာ မလိုက်ဘူးဟုဆိုကာ အတင်းရုန်းကန်နေလေသည် ဦးမြက ရုန်းလေးထိုသူများက
အားပိုစိုက်လာလေသည် နှစ်ယောက်နှင့်တစ်ယောက်မို့ ဦးမြတစ်ယောက် ထိုသူနှစ်ယောက်ခေါ်ရာ နောက်သို့ ပါသွားလေသည်
အတင်းဆွဲခေါ်နေရင်းကပင် ရုတ်တရက် အမှောင်ကျသွားကာ ဦးမြတစ်ယောက်ဘာ မမြင်ရတော့ပေ အမှောင်ထုမှာ သာမန်အမှောင်ထက်များစွာ ပိုမှောင်ပေသည်။
ဦးမြလက်မောင်းများအား တစ်ဖက်တစ်ချက်
ကိုင်ထားသူများကိုလည်းဦးမြ မမြင်ရပေ။
ဦမြမှာ ဘာမှမမြင်ရသော်လည်း ဦးမြဘေးမှ လူနှစ်ယောက်မှာ ဦးမြအား ချုပ်၍ အတင်းဆွဲခေါ်နေလေပြီ အချိန်ကြာသည်နှင့် ဦးမြမှာ ခြေကုန်လက်ပန်းကျကာ မ​ရုန်းနိုင်တော့ပေ
ခနအကြာတွင် ရုတ်တရက်ဆိုသလို ပတ်ဝန်းကျင်တစ်ခုလုံးလင်းလာပြီး ကျယ်ရောင်လရောင်များနှင့် လင်းထိန်လာပြီး ရဲတိုက်တစ်ခုအား တွေ့လိုက်ရလေသည်
ဦးမြအား ချုပ်ထားသော လူများမှာ ဦးမြအား
၎င်းရဲတိုက်ကြီးဆီခေါ်သွားလေသည်။
ရဲတိုက်ကြီးမှာ ရွှေရောင်တံခါး များဖြင့်ပိတ်ထားလေသည် ဦးမြတို့ရဲတိုက်ရှေ့ရောက်သည်နှင့် ေရွှတံခါးကြီးမှာ ရုတ်တရက်ပွင့်သွားလေသည် ထိုခါမှချုပ်ထားသူနှစ်ဦးက ဦးမြအားလွတ်လိုက်ကြပြီး
” ဝင်သွားလိုက်ပါ မင်းဒီနေရာက ထွက်ပြေးဖို့ကြိုးစားလဲအပိုပါပဲ အပြင်ဝိညာဥ်တစ်ခုက
အထဲဝင်နိုင်ပြီးပြန်ထွက်လို့မရပါဘူး အတွင်းမှာနေသူသာအပြင်ထွက်နိုင်တာဖြစ်ပါတယ်” ဟုဆိုကာ တိုသူနှစ်ယောက်မှာ အပြင်၌နေခဲ့၍ ဦးမြအား အထဲဝင်ခိုင်းနေသည့် ထိုသူတို့မှာ သူ့ကိုဝိညာဥ်ဟုဆိုသောကြောင့် ဦးမြတစ်ယောက် သူသေသွားပြီလား ဒါမှမဟုတ်
ဝိညာဥ်ထွက်သွားတာလား ရုပ်နဲ့နာမ်ကွာသွားတာလဲ ဝေခွဲမရသည့်နောက် အတွင်းပိုင်းသို့
ဆက်ဝင်လာခဲ့သည် အတွင်းပိုင်းမှာ နန်းတော်တစ်ခုနှင့်တူ၍ ထိုင်ခုံများစွာတွေ့ရလေသည်
ဦးမြရှေ့ ခပ်လှမ်းလှမ်းတွင် ဘုရင်တွေ ထိုင်တဲ့ ပုလ္လင်တစ်ခုအားတွေ့လိုက်ရပြီး
၎င်းပုလ္လင်ပေါ် တွင်အဘိုးအို တစ်ယောက်တရားထိုင် နေသည်ကိုတွေ့လိုက်ရလေသည် ထိုအဘိုးအိုအားမြင်သည် နှင့် ဦးမြမှာ ရင်းနီးမှုတစ်ခုအား ခံစားလိုက်ရလေသည်
သို့ပေမယ့် ၎င်းအဘိုးအိုအား ဦးမြ
မသိပေ။
၎င်းအဘိုးအိုမှာ မျက်လုံးများပွင့်လာပြီး
ဦးမြအား ပြုံးလျှက်သားပင် ကြည့်နေလေသည် ” မောင်မြ….မောင်မြ မင်းကလူ့လောက
ကိုရောက်တော့ ငါတို့ကိုမေ့သွားပြီကိုး”
ဦးမြတွေဝေသွားပြီး ” အဘိုးကဘယ်သူလဲဗျ
ပြီးတော့ကျုပ်ကို ဘာလို့ လူ့လောကထဲရောက်တော့ ငါတို့ကိုမေ့သွားပြီလို့ ပြောရတာလဲ ” အဘိုးအိုမှာ ပြုံးလျှက်ပင်
” မင်းက သိုက်စောင့်တွေရဲ့ အချုပ်ဖြစ်တဲ့
ဒီရဲတိုက်ရဲ့ အရေးပါသူတစ်ယောက်ပါပဲ”
ဦးမြတစ်ယောက်မယုံနိုင် သူကရန်ကုန်မြို့တွင်မိသားစုနှင့်အခြေ ချနေသူ ဘယ်လိုမှ
ယခုလို ထူးဆန်းတဲ့ နေရာရဲ့ အရေး
​​ပါမသူ ဖြစ်နိုင်ပေ ” မဟုတ်ပါဘူးဗျာ ကျုပ်က
ရန်ကုန်မှာနေတာ မိသားစုနဲ့နေတာဗျ ”
အဘိုးအိုမှ ” မင်းမယုံလဲ ငါက ဒီသိုက်ချုပ်ရဲ့စွမ်းအားနဲ့စိတ်ကိုပြောင်းပေးလိုက်ရင်
မင်းအရာရာနားလည်သွားပါလိမ့်မယ် မင်းကလူ့လောက
ကိုအချိန်တစ်ခုထိ ဆင်းချင်တယ်ဆိုလို့
ငါခွင့်ပြုပေးလိုက်တာ ခုအချိန်စေ့ပြီ ငါမင်းကိုပြန်ခေါ် ရလိမ့်မယ် ” ” နေပါအုံးဗျာ ကျုပ်ကို အချိန်နည်းနည်းတော့ပေးပါဗျာ ”
အဘိုးအိုမှာ ခနစဥ်းစားဟန်ဖြင့် အတန်ကြာ
ငြိမ်သက်ပြီးမှ ” ကောင်းပြီ ငါမင်းကို လူ့လောကနဲ့ဆိုရင် အချိန်တစ်လ ပေးမယ်
ငါတို့အချိန်နဲ့ဆိုရင် တစ်ပတ်ပေါ့ကွာ…”
ဦးမြပျော်သွားသလို အဘိုးအိုပြောစကား
များကိုလဲယုံသွားသည်
” ကဲ……ဒါဆိုမင်းပြန်တော့ အချိန်စေ့တာနဲ့
ငါခေါ်ခိုင်းလိုက်မယ် ငါလာခေါ်တဲ့နေ့မှာ
ရှေ့ပြေးနိမိတ်တွေနဲ့ ထူးခြားတဲ့ ဖြစ်ရပ်တွေဖြစ်လိမ့်မယ် ပြီးတော့ မင်းညီနှစ်ယောက်က
လည်းဒီကပဲ အဲ့တော့ မင်းညီတွေကိုလဲ မင်းကို ခေါ်ပြီးတာနဲ့ သူတို့ကိုခေါ်မယ် ကဲ့ပြန်တော့” ဟုဆိုကာ အဖိုးအိုမှာ ” ဖျောင်း ”
လက်ခုပ်တီးသံနဲ့ အတူ ဦးမြပတ်ဝန်းကျင်မှာ မှောင်မဲသွားပြီး ရုတ်တရက်အိပ်ပျော်သလို ဖြစ်သွားကာ…..
==============.=============
အခန်းတစ်ခုတွင် ဇနီးမောင်နှံ နှစ်ယောက်
အိပ်နေကြသည် ထိုစဥ်ယောကျာ်းဖြစ်သူမှာ
တစ်ကိုယ်လုံး ကျင်စက်နှင့်တို့ခံရ သကဲ့သို့
တဆတ်ဆတ်တုန်လာပြီး
” ဟဲ…. ဟောဟဲ…..ဟောဟဲ…..ေဟာဟဲ ”
မောဟိုက်သံနှင့်အတူ ယောကျာ်းဖြစ်သူမှာ
နိုးလာလေသည် ထိုသူမှာ ဦးမြပင်ဖြစ်သည်
ဦးမြတစ်ကိုယ်လုံး ရေချိုးထားသလို ချွေးတွေ ရွှဲနေကာ အတော်ပင်း နှုံးချိနေလေသည်
ထိုစဥ်ဘေးမှ ဇနီးသည်မှာ နိုးလာကာ
” အကိုဘာဖြစ်တာလဲ အကို ချွေးတွေလဲ ရွှဲနေတာပဲ ဘာဖြစ်လို့လဲ အကို” ဦးမြမှာ ဇနီးသည်
အားဂရုဏာ သက်သောမျက် လုံးဖြင့်ကြည့်၍
” ဘာမှမဖြစ်ပါဘူး အကိုအိမ်မက်ဆိုး မက်တာပါ ” ဇနီးသည်မှာ ရေခပ်တိုက်လာသဖြင့်
ဦးမြရေသောက်ပြီး ချွေးစိုနေသော အဝတ်စားများလဲကာ နှစ်ယောက်သားပြန်အိပ်ကြသည်။ ဦးမြမှာ ပြန်အိပ်သည်ဟုဆိုသော်လည်း အိပ်၍မပျော်ပေ သူမက်ခဲ့သော
အိမ်မက်က တကယ်ဆိုတာ ချွေးများရွဲနေပုံ
နှင့် တကိုယ်လုံး နှုံး ချိနေပုံထောက်ရင် အိမ်မက်ထဲမှာ ဦးမြရုန်းကန်ထားသောကြောင့်
ပင်ဖြစ်သည် ဦးမြသိသည် သူတကယ်ကြုံတွေ့ခဲ့ရခြင်းပင်။
ထိုကြောင့်ဦးမြတွေးလိုက်သည် အရင်လို
မိသားစုကို ချုပ်ချယ်မနေလိုတော့ပဲ
ဤတစ်လအတွင်း တက်နိုင်ဆုံး ပျော်ရွင်စွာ ဖြတ်သန်းမည်ဟု တွေးနေလေသည်
ထိုညမှာ ဦးမြအတွက် ဘယ်လိုမှအိပ်၍
မပျော်ပေ ထိုနေ့မှစ၍ ဦးမြမှာ မိသားစုနဲ့ အပျော်ရွင်ဆုံးနေရန် ဆုံးဖြတ်ခဲ့ သလို
ထိုဆုံးဖြတ်ချက် အတိုင်းပင် တစ်လအတွင်း
မိသားစုနှင့် ဘုရားဖူးများ ​မကြာခနသွား
သလို အပျော်ခရီးများလဲ ထွက်ကြသည်
အတော်ပင်ပြောင်းလဲသွားသော ဦးမြကို မိသားစုက အံသြ သလိုပတ်ဝန်းကျင်ကလဲ.
လေးစားကြသည် ဦးမြမှာ အသောက်စားမရှိသူဖြစ်သည်။ အမေ့ဆီကိုလဲ မကြာခနသွား
ရောက်ပြုစုစေင့်ရှောက်လေ့ရှိသည် မောင်နှမ
များနှင့်လည် ခရီးတွေထွက်ကြသည် ဒီလိုနဲ့ပဲ တစ်လပြည့်တဲ့နေ့ကိုရောက်လာ သည်အိမ်မက်မှာ ကြာပီမို့ ဦးမြလည်းသတိလက်လွတ်ပင်နေ လိုက်သည် တစ်လ မပြည့်မှီ
တစ်ပတ်အလိုက ဦးမြတစ်ယောက် အိမ်မက်ထဲတွင်မြွေတွေကသူ့ရင်ဘတ်ကို ပေါက်တယ်ဟုအိမ်မက်မက်ပြီးနောက်နေ့၌ သူ့ကိုမျောက်တွေဝိုင်းကုတ်တယ်ဟု အိမ်မက် မက်ပြန်သည်။သည်တစ်ခါတော့ဇနီးသည်အားဖွင့်ပြောလိုက်သည် တစ်လပြည့်သည့်နေ့ နံနက် စောစော၌ ” ဘုန်း ဘုန်း” တအိမ်လုံး
သာမက အိမ်နီးချင်းများပါ လန့်သွားကြသည်။
ဦးမြမှာ အသံကြားရာ နေရာသို့ချက်ခြင်း
သွား၍ ကြည့်လိုက်သည်
ထိုနေရာ၌ အသုံးမလို ​ေသးတာကြောင့်
လချီသည်တိုင်အောင် ဘယ်သူမှမထိ
မကိုင်ကြပဲထောင်ထားသော ပျဥ်ပြားကြီး
နှစ်ချက်မှာ လဲကျနေလေသည်
ဦးမြမှာ သာမန်ဖြစ်သည်ဟုထင် ၍အမှုမဲ့
အမှတ်မဲ့နေလိုက်သည်။
ထိုမနက် ထမင်းစားရန် ထမင်းခန်းအဝင်တွင်
ဇနီးဖြစ်သူက. ” အကို့ အကိုထမင်းစားနေကြပန်းကန်က ကြောင်အိမ်ပေါ်မှာ တင်ပဲကွဲနေတယ် ကျကွဲတာလဲမဟုဘူး ကလေးတွေလက်ချက်များလားမသိဘူး ” ဦးမြ စိတ်ထဲတွင်
နည်းနည်းလေးစပြုလာသည် မိသားစုနှင့်ထမင်းလက်စုံစားသည် ဦးမြ မသိသည်က
ထိုမနက်စာသည် ဦးမြ၏ လူ့လောက၌ နောက်ဆုံးမနက်စာပင်ဖြစ်သည်
ထို့နောက်စက်ဘီးလေးနှင့် အလုပ်သွားရန်
ထွက်လာခဲ့လိုက်သည် လမ်းချိုးတစ်နေရာ သို့ရောက်သောအခါ အကွေ့ဘက်မှ ရုတ်တရက်လူတစ်ဦးခေါင်းငိုက်စိုက်ချကာ လမ်းရှောက်၍ ဝင်လာသည် ဦးမြမှာ ထိုသူကို မတိုက်မိစေရန် ဘေးသို့ အလျှင်ပင် ကွေ့လိုက်လေသည် ကွေ့အားများခြင်းကြောင့် ဦးမြ စက်ဘီးလေးမှာ တိမ်းမှောက်သွားသည်
ထိုအခြင်းရာကို မြင်သော ဦးမြ၏ အိမ်နီးချင်းတစ်ယောက်မှာ ဦးမြအားပြေးထူပေးသည်
ဦးမြမှာ စောစောကရှောင်လိုက်သူအားလှမ်းကြည့်လိုက်သည် ။
သို့သော်မတွေ့ရတော့ပေ ဦးမြတစ်ကိုယ်လုံး
ကြက်သီးမြွှေးညင်းထသွားသည် လမ်းချိုးတိုင်လိုက်ကြည့်သော်လည်း ၎င်းလူးအား
မတွေ့ရတော့ပေ ဦးမြသိလိုက်ပါပြီ ဒါဟာ
ရှေ့ပြေးနိမိတ် တစ်ခုဆိုတာ ပင်။
” ကိုမြဘာဖြစ်သွားသေးလဲ ” အိမ်နီးချင်း၏
မေးသံကြားမှ ဦးမြ အတွေးများကိုဖြတ်၍
ခေါင်းနှင့်ဒူးခေါင်းကိုပုတ်ပြ ပြီးစက်ဘီးအားနင်း၍ ဆက်သွားသည်
အလုပ်ရုံသို့ ရောက်ရောက်ချင်းပင်
ဦးမြတစ်ယောက် ဦးခေါင်းမှာ ရုတ်တရက်မူးဝေလာပြီး မိုက်ခနဲဖြစ်ကာ ဦးမြမှာ လောကကြီးနဲ့ အဆက်သွယ်ပျက်သွားလေသည်
” ဘုန်း ” ပစ်လဲသံနှင့်အတူ စက်ရှိလူများ
ဦးမြအနားကို ရောက်လာကာ ဦးမြအား
ဆေးရုံပို့လိုက်ကြသည် ။

=================.==============
” တီတီ…..တီတီ….” ဖုန်းမည်သံကြားသည်နှင့်
ဦးမြ ဇနီးမှာဖုန်းအားကောက်ကိုင်လိုက်စဥ်
တဖက်မှ ” ကိုမြရဲ့ အိမ်ကလားဗျ”
” ဟုတ်ပါတယ်ရှင့်… ဘာများဖြစ်လို့ပါလဲ”
” ကျွန်တော်က ဦးမြလုပ်တဲ့ စက်ရုံကပါ
ဦးမြဒီမနက်မူးလဲ လို့ဆေးရုံတင်ထားရပါတယ် (….)ဆေးရုံးမှာပါ
” ရှင်….ကျမခုပဲသွားလိုက့်ပါ့မယ် ”
ဖုန်းချလိုက်ပြီးသည်နှင့်သမီးနှစ်ယောက်ကို
ခေါ်၍ ဦးမြရှိရာ ဆေးရုံသို့ ဇနီးဖြစ်သူမှာ
ချက်ချင်းပင်လိုက်လာသည် ဟိုရောက်တော့ စက်ရုံက လူတစ်ချို့ကိုတွေ့ရပြီး သူတို့မှာလည်း အကျိုးကြောင်းပြောပြီးပြန်သွားကြသည် ဆရာဝန်ကြီးက ဦးမြမှာ စက်ဘီးမှောက်တာနဲ့သွေးတိုးတာရောပြီး ဦးနောက်သွေးကြောပေါက်ပြီး လေတစ်ခြမ်းဖြတ်သွားပြီးစကားမပြောနိုင်တော့ဘူးတဲ့ ခွဲစိတ်မှရမယ်တဲ့ ဇနီးသည်ခွင့်ပြုချက်ရတာ နဲ့ဦးမြကို ဆရာဝန်များက ချက်ချင်းပင်ခွဲစိတ်ဖို့ လုပ်ကြတယ်။ ခွဲစိတ်မှုမှာ ထိုနေ့ည၌ပင် အောင်မြင်စွာ ခွဲသိတ်နိုင်ခဲ့လေသည် ဦးမြသီတင်းကြား၍ လိုက်လာသော ဦးမြအမေနှင့်သူညီကို မောင်နှမများမှာ သီတင်းမေး၍ အသီးသီးပြန်ကြသည် သမီးနှစ်ယောက်ကိုဇနီးဖြစ်သူက
ဦးမြ အမေနှင့်အိပ်ပြန်ထည့်လိုက်သည်
ဘေးအိမ်မှအဒေါ်ကြီးက ဦး​မြဇနီးနှင့်အတူ လူနာကူစောင့်မည်ဟုဆိုကာ ဆေးရုံးတွင် နေခဲ့လိုက်သည် မနက် ၄ နာရီလောက်တွင် ဇနီးသည်အိပ်ပျော်နေချိန် ဦးမြဆီမှ
” လာခဲ့ပါမယ်ဗျာ ကျုပ်အရောက်လာခဲ့ပါ့မယ်” ဟု အသံထွက်ပေါ်လာသည်ကို ဦးမြဇနီးနှင့်ကူစောင့်သော အဒေါ်ကြီးမှာကြားလိုက်ရသည် မနက်မိုးလင်းသည်နှင့် ဆရာဝန်များရောက်လာကာ ဦးမြကို ထပ်မံစစ်ဆေးကြသည် စစ်ဆေးပြီးသည်နှင့် ဆရာဝန်များမှာ မျက်လုံးပြူး မျက်ဆန်ပြူးများ ဖြစ်သွားကာ
ဦးမြအား အရေးပေါ်စစ်ဆေးကြသည်
ဦးမြဇနီးသည်တို့မှာ ခုထိဝင်ခွင့်မရကြသေးပေ ။ အတန်ကြာစစ်ဆေးပြီးနောက် ဆရာဝန်ကြီးများ ထွက်လာကြပြီးစိတ်မကောင်း
ဟန်ဖြင့် ” လူနာအသက်မရှိတော့ပါဘူး ” ဦးမြမှာလောကအလိုတော်ရ လူ့လောကကြီးကနေ
မည်သူမျှကိုမှ မနှုတ်ဘဲထွက်ခွားသွားခဲ့လေပြီ
ထိုစကားကိုကြားလိုက်ရသည်နှင့် ဦးမြဇနီးမှာ
” ရှင် “ဟု စကားသံနှင့်အတူ လဲကျသွားလေသည် ဆရာဝန်ကြီးများ မှာလဲပျာပျာသလဲ
ဖြစ်သွားရသလို အဒေါ်ကြီးမှာလဲ ဘာလုပ်ရမှန်းမသိအောင်ဖြစ်သွားသည် ထိုစဥ်
ဦးမြ၏ညီကိုမောင်နှမ များရောက်လာပြီး ဝိုင်းဝန်းပြုကြမှ ဦးမြဇနီးမှာ သတိရလာသည်
ဦးမြဇနီးမှာ ဦးမြဆုံးပြီဟုပြောခါမှ အားလုံးငိုကြသည်မှာ ဆေးရုံတွင်းဆူညံသွားသည်
ဦးမြရက်လည်ထိ ဘာမှမထူးခြားသော်လည်း
ရက်လည်ပြီးမှ ဦးမြအိမ်၌ ညဘက်တွင် ခြေသံများကြားရပြီး ခေါင်းရင်းမှနံရံအားထု
စသည့်တို့ဖြစ်လာသည်။ ရက်လည်ဆွမ်းသွပ်​အမျှဝေပြီးမှရောက်လာသည်မို့ အနည်းငယ်ထူးဆန်းသလို ဦးမြမှာ အမျှမရသည်ကိုသူ့မိသားစုနှင့်ညီကိုမောင်နှမများ သိလိုက်ကြသည် အိမ်တွင်းမိန်းမသားချည်းပဲမို့ ဦးမြအမေအိမ်ကို ပြောင်းရွှေ့ကြသည်
ဦမြအမေ အိမ်တွင်ဦးမြ ဝင်မရ၍ထင်သည်
မည်သည်ပုံစံနှင့်မျှ အရိပ်ယောင်ပင်မတွေ့ရပေ နောက်တနေ့ နံနက်တွင်ဦးအမ ဆီမှဖုန်းဆက်လာသည် သူ့ကိုအိမ်မက်ပေးတယ်တဲ့
သူ့အမေအိမ်ကိုသူဝင်မရဘူးတဲ့ဝင်ဖို့ကြိုးစားတိုင်း ဝတ်ဖြူစင်ကြယ်နဲ့အဘိုးအိုကပေးမဝင်ဘူးတဲ့ သူ့ကိုဝင်ခွင့်ပြုပါတဲ့ သူ့သမီးတွေနဲ့ဇနီးသည်ကိုတွေ့ချင်လို့ပါတဲ့ ဇနီးဖြစ်သူမှာအကြံ
အိုက်သွားလေသည် ခင်ပွန်းဖြစ်သူကိုလဲ သနားသလို ကလေးတွေလန့်မည်ကိုလဲ စိုးရိမ်သည် သနားစိတ်နဲ့ပင်ဦးမြကိုသူ၏
အမေနှင့်တိုင်ပင်၍ ဝင်ခွင့်ပြုလိုက်သည်
သို့သော်ဦးမြမှာ ဝင်ခွင့်ပြုလိုက်သည့်နေ့မှစ၍
ပေါ်မလာတော့ပေ အိမ်မက်ပေးခြင်းလည်းမရှိတော့ပေ။တစ်ရက်တွင်ဦးမြ ဇနီးသည်ကို ဦးမြ ညီတစ်ယောက်ကဖုန်းဆက်လာသည် ဦးမြကိုသူတို့ရွာ ဘုရားမှာတွေ့လိုက်ရတယ်တဲ့ဝတ်ကောင်းစားလှတွေနဲ့တဲ့
သူ့ညီက
မောင်မြ မင်းဒီရောက်နေတာလားမေးတော့
ခေါင်းညိမ့် ပြီးပျောက်သွားတယ်တဲ့
ဦးမြမှာ ထိုချိန်မှစ၍ ပေါ်မလာတော့
ဦးမြမိသားစုမှာ ဦးမြအား အမျှကုသိုလ်ပေးဝေရုံမှလွဲ၍ ဘာမျှမတက်နိုင်ကြတော့.ပေ။
ဦးမြမှာ သံသရာခရီးကို မည်သို့ရှောက်လှမ်း
သည်ကိုတော့ မြတ်စွာဘုရားရှင်မှအပ
မည်သူမျှမသိနိုင်ပေ။
ထို့နောက်တစ်ပတ်ခြားဆိုသလိုပင် ဦးမြညီနှစ်ယောက်မှာလဲ ရေတိမ်နစ်သေကြသည်
” အချိန့်စေ့” ပြီဟူသောစကားသည်
လူ့လောကအတွက် မရဏတံခါးတစ်ခုပင်
ဖြစ်လေသည်။
(ပျော်ရွင်ဖွယ်မိသားစုလေးမှာ ​ကံကြမ္မာရဲ့မျက်နှသာမပေးမှုကြောင့် ပျက်စီးသွားခဲချေပြီး။
(ပရိတ်သတ်ကြီးကော ဘယ်လိုထင်လဲဗျ
ဦးမြဘယ်ကို ရောက်သွားတာလဲပြီးတော့
ဦးမြက ဝင်ခွင့်ပြုလိုက်ပြီးမှ ပျောက်သွားတာကရော ထူးဆန်းမနေဘူးလားဗျ cm မှာ
ထင်ကျေးလေးတွေ ပေးခဲ့ကြပါအုံးဗျာ)