ရွာငယ်လေး

Posted on

ရွာငယ်လေး(စ/ဆုံး)

—————–

ဘသန်းသည်အစိုးရဝန်ထမ်းတဦးဖြစ်ပြီး
ပင်စင်ယူပြီးသည့်အချိန်၌တိတ်ဆိတ်ငြိမ်သက်သော
တောရွာလေးတရွာသို့သွားရောက်နေထိုင်ရန်
ဆုံးဖြတ်ထားသူတဦးပင်ဖြစ်သည်။

သို့ဖြစ်ယနေ့သည်၄င်း၏ရည်မှန်းချက်များ
အထမြှောက်သောနေ့တနေ့လဲဖြစ်ပေသည်။

“ကိုဘသန်းရာ.. ခဏလေးလို့ထင်ရပေမဲ့
အချိန်တေကုန်သွားဒါသိပ်မြန်လိုက်ဒါ ”

လုပ်ဖော်ကိုင်ဖက်သန်းဦးမှဘသန်းအား
ကြေကွဲဝမ်းနည်းစွာ နူတ်ဆက်စကားဆိုလိုက်လေ၏

“ဟုတ်တယ် သန်းဦးရေ
မနေ့တနေ့ကလိုပါပဲ အရာရာတိုင်းက ”

“ဒါနဲ့ ခင်ဗျား နေဖို့ ထိုင်ဖို့ရော စီစဉ်ပြီးပြီလား”

“ပြီးပါပြီ သန်းဦး ငါနေဖို့အိမ်ရော
ခြံရော အဆင်သင့်လုပ်ထားပြီးပါပြီ”

“အေး အေး အေး
မကြာမကြာတော့ phလေးဘာလေးတော့ဆက် ဘသန်းရေ”

“စိတ်ချပါကွာ ဆက်ပါ့မယ် ဆက်ပါ့မယ်”

ယင်းနောက်ဘသန်းလဲပြောလက်စ.စကားကိုဖြတ်ပြီး
တောရွာလေးဆီသို့သွားရန်
နှစ်ပေါင်းမြောက်များစွာ
အေးအတူပူအမျှတွဲလုပ်လာသောလုပ်ဖော်ကိုင်ဖက်
သန်းဦးအားလက်ဆွဲနူတ်ဆက်လိုက်သည်။

“ဒါ.. ဒါဆိုငါသွားပြီသန်းဦး ”

နူတ်ဆက်စကားဆိုပြီးကားဖြစ်တောရွာလေးဆီသို့
ထွက်သွားခဲ့လေ၏

ဘသန်းသည်အိမ်ထောင်မရှိလူပျိုကြီးတဦးဖြစ်သည်။
ဆွေမျိုးရင်းချာအကိုတယောက်ရှိသော်လဲ
ဆုံးသွားသည်မာ၃ခန့်နှစ်ရှိပြီဖြစ်၏

*****************

မောင်းလာရင်းမောင်းလာရင်းနှင့်ရွာငယ်လေးဆီသို့
ဘသန်းရောက်ရှိလို့လာခဲ့သည်။

“ဟ.. ကိုဘသန်း ရောက်လာပြီလားဗျ ”

“ဟုတ်ကဲ့ သူကြီး”

“အေးဗျာ ခင်ဗျား လာမယ်ဆိုလို့ရွာသားတွေနဲ့
မနေ့တနေ့ကပဲ ခင်ဗျားခြံကိုရှင်းထားပေးကျဒါ”

“ကျေး.. ကျေးဇူးပါပဲ သူကြီးရာ ”

“အေအေ.. ဒါနဲ့ငါသွားလိုက်အုံးမယ်
မင်းလိုဒါရှိရင်လဲပြောပေါ့ ”

ဤသို့ပြောပြီးရွာရှိသူကြီးလဲထွက်သွားခဲ့သည်။
ကျန်ရှိနေသောဘသန်းလဲဝမ်းသာပီတိဖြစ်ပြီး
အတွေးတခုဝင်လာလေ၏

“အင် မဆိုးဘူးပဲဒီရွာလေးက ငါနေရာရွေးဒါမှန်သွားပြီ”

တကိုယ်ရည်အတွေးများနှင့်ခြံဝင်းတံခါးဖွင့်ပြီး
ခြံထဲသို့ဝင်လာခဲ့လိုက်သည်။

ယင်းအချိန်ခြံထဲဘသန်း၏ကားရောက်ရှိသွားသည်နှင့်
အိမ်အောက်ဖေးမှလူတဦးပြေးသွားသည်ကို
ဖျက်ခနဲဘသန်းမြင်တွေ့လိုက်ရသည်။

“ဟ ဘယ်သူလဲကွ”

ဘသန်းလည်းကားတံခါးကိုအမြန်ဖွင့်ကာ
ထိုလူတဦးထံပြေးလိုက်လေတော့သည်။
ထိုလူမာအလွန်မြန်ဆန်ပြီးခြံ၏တောင့်တနေရာတွင်ရှိသော
သစ်ပင်ကြီးတပင်ရှေ့၌ပျောက်ကွယ်သွားလေ၏

“ဟင် ဘယ် ဘယ်လိုဖြစ်ရဒါလဲ ဒါက
မဟုတ်သေးပါဘူး ”

အနောက်မှပြေးလိုက်လာသောဘသန်း
အံ့သြမှင်သက်စွာထိုသစ်ပင်နားတဝိုက်
ပတ်၍ရှာကြည့်လိုက်သည်။

“မဖြစ်ဘူး မဖြစ်ဘူး ငါသတိနဲ့နေမှဖြစ်တော့မယ် ”

သို့ဖြစ်အိမ်ပေါ်သို့ဘသန်းတတ်လာခဲ့လိုက်သည်။

အခန်းများကိုအနည်းငယ်ရှင်းလင်းပြီးခရီးလဲပန်းလာ၍
ကုလားထိုင်၌ခဏထိုင်နေရင်းမှေးခနဲအိပ်ပျော်သွားခဲ့သည်။
လက်ထဲတွင်လည်းလှည်းလက်စတံမြတ်စည်းတချောင်းကိုင်ကာ။

၄င်းအိပ်ပျော်နေစဉ်လူတဦးမှအိမ်ပေါ်သို့တတ်လာပြီး
ဘသန်း၏ခြေတောက်အားလာဆွဲလေ၏

ဘသန်းရုတ်တရက်လန့်နိုးလာပြီးထိုသူအား
ကြည့်လိုက်သော်နေ့ခင်းဖက်တွင်တွေ့လိုက်ရသော
သူတဦးဖြစ်လို့နေသည်။

ဘသန်းချက်ချင်းအသံမပြု။
အသာလေးငြိမ်၍ထိုသူအားကြည့်လိုက်ရာ
ထိုသူမှာဆံပင်ကအရှည်မျက်နှာမှာဖြူဖတ်ဖြူရော်နှင့်
သွားများကချွန်ထွက်နေသောသရဲမတဦးဖြစ်နေသည်ကို
သိရှိလိုက်ရသည်။

“ဟင် ဒါ ဒါက သ သရဲမပဲ”

ရုတ်တရက်ထိတ်လန့်သွားပြီးလက်ထဲ၌
အရန်သင့်ရှိနေသောတံမြတ်စည်းကို
ကျစ်ကျစ်ပါအောင်ဆုပ်ကိုင်ထားလိုက်သည်။

သရဲမမှာလည်းဘသန်းအားထိုင်နေသော
ကုလားထိုင်ကဆွဲချလာခဲ့သည်။
အိမ်တံခါးပေါက်ရှေ့နားသို့မရောက်မည်
ဘသန်းအသံစတင်ပြုလိုက်လေ၏

“ကယ် ကယ်ကြပါအုံး ”

ပြောရင်းဆိုရင်းလက်ထဲ၌ကိုင်ထားသော
တံမြတ်စည်းဖြစ်ရိုက်လိုက်လေတော့သည်။

“ဖောက် ဖောက် ဖောက်”

တံမြတ်စည်းဖြစ်ရိုက်လိုက်သည်နှင့်တပြိုင်နက်
သရဲမလဲပျောက်ခြင်းမလှပျောက်ကွယ်သွားလေ၏

“ဟာ..မရှိတော့ဘူးပဲ ”

အိမ်ထဲသို့အမြန်ပြန်ဝင်ပြီးမီးခလုတ်ရှိရာဖက်အမြန်သွားကာ
မီးများအားဖွင့်လိုက်စဉ်မီးခလုတ်ဘေး၌ရပ်နေသောသရဲမက
ဘသန်းအားရီပြ၍နေလေသည်။

“ဟီး ဟီး ဟီး ”

“ဟာ သ သရဲမ ”

ရုတ်တရက်ဇောချွေးများပြန်လာပြီးအိမ်ပေါ်မှ
အမြန်ဆင်းပြေးခဲ့လိုက်သည်။
ထိုအခါသရဲမလဲနောက်မှပြေး၍လိုက်လာလေ၏

“ဟင် ဟင် ”

ပိတ်ထားသောခြံတံခါးကိုဖွင့်ရန်အချိန်မရဒါနှင့်
၅ပေခန့်ရှိသောစည်းရိုးအားကြောက်ဇောဖြစ်
ကျော်ဖြတ်ခဲ့လိုက်သည်။

“ဝှီး ဘုတ်”

အနောက်ဖက်ကြည့်လိုက်သော်သရဲမလဲ
ထပ်ကြပ်မကွာလိုက်၍လာလေ၏

“သူ သူကြီး သူကြီး ”

“ဟေ့ ဘယ်သူလဲကွာ ညကြီးအချိန်မတော်”

အိမ်ထဲမှနေ၍သူကြီးအိမ်ပြင်သို့ထွက်လာခဲ့သည်။

“ကျွန် ကျွန်တော် ဘ ဘသန်းပါ”

“အေ အေ ဘသန်းလာ ”

နောက်သို့လှည့်ကြည့်လှည့်ကြည့်နှင့်
ဘသန်းသူကြီးအိမ်ပေါ်သို့တတ်လာခဲ့သည်။
ထိုအခါနောက်မှပါလာသောသရဲမကရှိမနေတော့ချေ။

“ဘာဖြစ်လာဒါလဲ ဘသန်းရ
မင်းကြည့်ရဒါဇောချွေးတေလဲပြန်လို့ဆိုစမ်းပါအုံး ”

“ဟုတ် ဟုတ် ဟုတ် ”

“ဟာ ဘသန်းတော့ !
ဟေ့ မောင်ထွန်း ရေလေးတခွက်ခပ်ခဲ့ပါကွာ ”

“ဟုတ် ဘကြီး ”

သူကြီးလဲအိမ်၌ရှိနေသောတူတော်မောင်အား
ရေတခွက်ခပ်ခိုင်းလိုက်သည်။

“ကဲ ကဲ ဘသန်း ရေလေးသောက်လိုက်အုံး
မင်းကိုကြည့်ရဒါကြောက်နေတဲ့ပုံပဲ ”

သူကြီးပေးသောရေတခွက်ကို
တခါထဲဘသန်းမော့ချပစ်လိုက်သည်။

“ဂလွတ် ! ဒီ ဒီလိုသူကြီး
ကျုပ်နေတဲ့ဝိုင်းမာသ သရဲမ ရှိနေလို့ဗျ”

ပြောပြောဆိုဆိုဘသန်းအိမ်အပြင်ဖက်အကဲခတ်လိုက်လေ၏

“တော် တော်ပါသေးတယ် မရှိလို့”

“ဘာမရှိဒါလဲကွာ ”

ထိုမှသာဘသန်းလဲသူကြီးအားမိမိဖြစ်ပျက်တမျှကို
တခွန်းမချန်ပြောပြလိုက်တော့သည်။

“ဟေ ! ဘုရား ဘုရား ”

“ဟုတ်တယ်သူကြီး
ကျန်တော်လဲယုံတောင်မယုံဘူးဗျာ စကတော့ ”

“အေးလေ မနက်ဖန်မှဘုန်းကြီးပင့်ပြီး
တရားလေးဘာလေးနာကြဒါပေါ့
မင်းဒီညငါ့အိမ်မာပဲအိပ်ရင်အိပ်သွားတော့ ”

“မ မအိပ်တော့ပါဘူးသူကြီးရာ ”

သူကြီးပြောသော်လဲမရဒါနှင့်

“အေ ဒါဆို မင်းတယောက်ထဲဆိုလဲဖြစ်မာမဟုတ်ဘူးကွ !
ဟေ့ မောင်ထွန်းနဲ့မောင်သာရေ”

“ဟုတ် ဘကြီး ”

“အေးကွာ မင်းတို့လဲကြားတဲ့အတိုင်း
မင်းတို့လေးလေးနားဒီနေ့တညတော့
အဖော်လိုက်ကူပေးလိုက်ကြ”

“ရပါတယ် ဘကြီး”

“ကဲ ဘသန်း ငါ့တူနှစ်ယောက်ကိုငါထည့်ပေးလိုက်မယ်
မနက်ဖန်မှလုပ်စရာရှိဒါထပ်လုပ်ကြဒါပေါ့ ”

“ဟုတ် ဟုတ်သူကြီး ”

“ဒါဆိုပြန်တော့ကွာ ညလဲနက်ပြီ ! အဲနေအုံး
ပရိတ်ရေလေးလဲယူသွားကြ အိမ်ရောက်ရင်လိုက်ဖျန်းပေါ့ ”

“ကျေး ကျေးဇူးပါပဲ ဒါ ဒါဆိုပြန်လိုက်ပါအုံးမယ်”

“အေးအေး”

ယင်းနောက်ဘသန်းတို့သူကြီးအိမ်မှထွက်လာခဲ့ကြသည်။
သူကြီးအိမ်အပြင်ဖက်ရောက်သည်နှင့်လိုက်လာသောသရဲမ
ရှိမရှိဘသန်းကြည့်လိုက်ရာရှာလို့ပင်မတွေ့။
ထိုသို့ကြည့်နေခိုက်ရီသံတသံကထွက်ပေါ်လာလေ၏

“ဟီး ဟီး ဟီး ”

ထိုရီသံကြားရာဖက်ဘသန်းလှမ်းကြည့်လိုက်စဉ်
သူကြီးအိမ်အပြင်၌စိုက်ထားသော
သစ်ပင်ကြီးတပင်ပေါ်မှနေ၍သရဲမမှရီပြ၍နေလေ၏

*************************

လိုက်လံခြောက်လန့်နေသောသရဲမအားနှိမ်နင်းရန်
အိမ်သို့ရောက်သည်နှင့်ဘသန်းတို့လဲပရိတ်ရေအား
ဖွင့်လိုက်လေတော့သည်။

“ကဲ မောင်ထွန်း နဲ့မောင်သာ ပရိတ်ရေကိုငါတို့
အိမ်ပတ်ပတ်လည်နဲ့ ဝိုင်းတခုလုံးလိုက်ဖျန်းကြရအောင်
ခုတော့အရင်ဆုံးအိမ်ကိုဖျန်းကြစို့ကွာ ”

“ဟုတ် လေးလေး ”

သို့ဖြစ်အိမ်ပတ်ပတ်လည်ကိုစတင်ပတ်ဖျန်းလိုက်ကြသည်။

“ကဲတယောက်ထဲတော့မရဘူး မင်းတို့နှစ်ယောက်က
အိမ်ပတ်ပတ်လည်လိုက်ဖျန်း လေးလေးက
အိမ်ဝိုင်းဖက်လိုက်ဖျန်းမယ်”

“ကောင်းတယ် လေးလေး ”

မောင်ထွန်းနှင့်မောင်သာကိုပရိတ်ရေတဝက်ခွဲပေးပြီး
ကျန်တဝက်အားခြံဝင်း၌ပတ်ဖျန်းရန်ဘသန်းယူလာခဲ့လိုက်သည်။

ဘသန်းခြံဝင်းအပေါက်သို့ရောက်သည်နှင့်
ခြံအပြင်ဖက်အားကြည့်လိုက်ရာသရဲမမှခြံဖက်သို့
ဦးတည်၍လာနေသည်ကိုတွေ့လိုက်ရသည်။

“ဟာ ဟာ သ သရဲမပါလား ”

ဖျန်းရန်ပြင်ထားသောပရိတ်ရေဗူးကိုအသာလေးပိတ်လိုက်ပြီး
အိမ်ဖက်သို့ကြည့်လိုက်သော်မောင်ထွန်းတို့ကလဲ
အိမ်ပတ်ပတ်လည်ကိုဖျန်း၍ပင်မပြီးသေး။

“ဟာ မောင်ထွန်း ”

“ဗျ လေးလေး ”

“မင်းတို့မပြီးကြသေးဘူးလားကွ”

“ဘာလို့လဲ လေးလေး ပြီးတော့မှာ ”

“အေးအေး ပြီးရင်လဲအိမ်ပေါ်အမြန်တတ်နေကြတော့ !
ဟိုမှာလာနေပြီကွ”

ဘသန်းစကားကြောင့်မောင်ထွန်းတို့လဲ
ပရိတ်ရေအားကဗျာကရာ ပတ်ဖျန်းပြီး အိမ်ပေါ်သို့
အမြန်တတ်လိုက်ကြသည်။

“ပြီး ပြီးပြီ လေးလေး ”

“အေ အေ ”

ပတ်ရန်ပြင်ထားသောပရိတ်ရေကိုမပတ်ဖြစ်တော့ပဲ
ဘသန်းအိမ်ပေါ်သို့ပြေးတတ်လာခဲ့လိုက်သည်။

“တံခါးပိတ် တံခါးပိတ်”

“ဟုတ် လေးလေး သန်း ”

တတ်ညီလက်ညီနှင့်ဖွင့်ထားသောပြတင်းပေါက်များအား
အမြန်လိုက်ပိတ်ပစ်လိုက်ကြသည်။

“လေးလေးသန်း သရဲမက ဘယ် ဘယ်မှာလဲဗျ ”

“ဘာလဲမင်းတို့က ငါ့ကိုမယုံကြလို့လား လာငါပြမယ် ”

မျက်လုံးတဖက်ကြည့်စာအိမ်ထရံပေါက်အား
ဘသန်းဖောက်လိုက်လေ၏

“ကဲ ငါအရင်ကြည့်ကြည့်မယ် ”

ဘသန်းကြည့်လိုက်စဉ်သရဲမကခြံအတွင်းပိုင်းသို့တရွှေ့ရွှေ့
လှမ်း၍လာနေသည်။

“ဟာ မောင်ထွန်းတို့ ခြံဖက်ကိုတော့ ဝင်လာနေပြီကွ
ကဲ မင်းတို့တယောက်ပြီးတယောက်ကြည့်ကြည့်ကွာ ”

“ဟုတ်ကဲ့ လေးသန်း ”

ပထမဦးဆုံးကြည့်သူမာမောင်သာဖြစ်၏

“ဟာ ဟာ ဟာ ”

“ဘာလို့လဲမောင်သာရ”

မောင်ထွန်းမေးလိုက်သောစကားကိုပြန်မဖြေနိုင်လောက်အောင်
မောင်သာကြောက်လန့်မှင်သက်သွားသည်။

“ဖယ်ကွာ ငါကြည့်ကြည့်မယ် ”

မောင်သာကိုဖယ်ပြီး မောင်ထွန်းကြည့်လိုက်သော်
မည်သည့်အရာမျှမရှိ။

“ဟာဗျာ လေးသန်းနဲ့ မောင်သာကတော့
ငါ့ကိုနောက်ပြီ ဘယ်မလဲမရှိပါဘူးဗျ”

“မောင်ထွန်း မင်းသေချာပြန်ကြည့်စမ်းပါအုံး”

ဘသန်းပြောသည့်စကားကြောင့် မောင်ထွန်း
နောက်တကြိမ်ထပ်မံကြည့်လိုက်လေသည်။
ယင်းတကြိမ်မောင်ထွန်းကြည့်လိုက်စဉ်မောင်ထွန်း၏
မျက်လုံးတည့်တည့်လျှာတန်းလန်းဖြစ်ဝါးခနဲသရဲမမှပေါ်လာခဲ့သည်။

“အမလေး လေးသန်း”

ရုတ်တရက်ဘသန်းကိုအော်လိုက်သောကြောင့်
ဘသန်းမောင်ထွန်းအားဖက်လိုက်လေသည်။

“ဘာ ဘာဖြစ်ဒါလဲ မောင်ထွန်း !

“သ သရဲတ တကယ်ရှိတယ်ဗျ ”

“ငါပြောသားပဲမင်းကို ကဲကဲ မောင်သာ
မောင်ထွန်းကို ပရိတ်ရေလေး နည်းနည်းတိုက်လိုက်အုံး ”

“ဟုတ် လေးသန်း ”

ထို့နောက်ဘသန်းလဲအိမ်အပြင်ဖက်ရှိ
အခြေအနေအားလှမ်းကြည့်လိုက်လေသည်။
ပရိတ်ရေများပတ်ဖျန်းထားခြင်းကြောင့်သရဲမလဲ
အိမ်အတွင်းသို့ဝင်ရောက်၍မရ။
အိမ်အပြင်ဖက်၌သာရပ်နေသည်ကို
ဘသန်းတွေ့လိုက်ရသည်။

“ကဲ ဒီညတော့ဘာမှပူစရာမလိုတော့ဘူး မောင်ထွန်းတို့ !

မင်းတို့လဲအိပ်ကြတော့ မနက်ဖန်အစောလဲတရားနာမာဆိုတော့ ”

“ဟုတ် လေးသန်း ”

**************************

မောင်ထွန်းတို့အိပ်ပြီဖြစ်သော်လဲ ဘသန်းမှအိပ်၍ပင်မပျော်
တခုခုဖြစ်မည်ကို စိုးရိမ်မိသဖြစ်အခြေနေအား
ထိုင်၍သာစောင့်ကြည့်နေလိုက်သည်။

ဘာလိုလိုနှင့်စောင့်၍လာခဲ့သည်မှာမနက်၂နာရီရှိပြီဖြစ်သည်။
ဘေး၌အိပ်နေသောမောင်ထွန်းတို့လဲတုတ်တုတ်မျှမလူပ်။

“အင် ဒီတညပါပဲ မနက်ဖန်မနက်ရောက်ဒါနဲ့
ဘုန်းကြီးပင့်ပြီးတရားနာရင်တော့အေးဆေးပါပြီ ”

စသည့်တကိုယ်ရည်အတွေးဖြစ်ဘသန်း
ကိုယ့်ကိုကိုယ့်နှစ်သိမ့်ခဲ့လိုက်သည်။
ထိုသို့တွေးနေခိုက်အသံတသံကိုဘသန်းကြားလိုက်ရလေ၏

“ခွမ်း ခွမ်း ”

“ဟ ဘာလဲကွ ”

အသံလာရာဖက်သို့ကြည့်လိုက်ရာအပြင်ဖက်၌
ရှိသောမီးဖိုချောင်မှထွက်ပေါ်လာသည့်အသံဖြစ်သည်။

“ဟ မီးဖိုချောင်ကပဲကွ ငါသွားကြည့်အုံးမှ”

ခြေသံများမထွက်ပေါ်စေရန်ဘသန်းအသာလေး
လျှောက်လာခဲ့လိုက်သည်။
ဖောက်ထားသောထရံပေါက်မှလှမ်းကြည့်လိုက်ရာ

“အမလေ ဗုဒေါ ”

တသက်နှင့်တကိုယ်မကြုံဖူးမမြင်ဖူးသည့်အရာတခုကို
လှမ်းမြင်လိုက်ရ၍ဘသန်းအံ့သြတကြီးဖြစ်သွားလေသည်။
ရုတ်တရက်ပါးစပ်မှထွက်ပေါ်လာသောအသံလဲ
ကြားသွားမည်ကြောက်သဖြစ်ပြောပြောဆိုဆိုပါးစပ်အား
လက်ဖြစ်အမြန်အုပ်လိုက်လေ၏

မီးဖိုချောင်တွင်သရဲမမှဘသန်းချက်ပြုတ်ထားသည့်
ထမင်းဟင်းများကိုအိုးလုံးကြွပ် မြိန်ရည်ရှက်ရည်
စားသောက်နေ၏

“ငါ ငါဘာဆက်လုပ်ရင်ကောင်းမလဲ !
ဟာ ဘာလုပ်လို့ရမာလဲကွဒီညတော့!
ငါသွားလှဲနေဒါပဲကောင်းပါတယ်လေ”

*********************

ယင်းနောက်ဘသန်းဘာတခုမျှမတတ်နိုင်သည့်အဆုံး
မီးဖိုချောင်၌အငမ်းမရစားသောက်နေသောသရဲမအား
မျက်ကွယ်ပြုလိုက်လေတော့သည်။

ညလဲတဖြေးဖြေးနက်လာပြီမို့ချမ်းလဲချမ်းလာ၍
ဘသန်းစောင်အပါးတထည်ကိုယူ၍ခြုံလိုက်လေ၏

ထိုစဉ်အမှတ်မထင်ကောက်ခါငင်ခါphကထမြည်လာခဲ့သည်။

“ကလင် ကလင် ကလင်”

ph သံကြားသည်နှင့်အပြင်ဖက်တွင်ရှိသော
သရဲမလဲအသံတသံပေးလိုက်လေ၏

“ဒုန်း ဒုန်း ဒုန်း ”

“အမလေး”

အမှတ်မထင်ကြားလိုက်ရသောအသံကြောင့်
ဘသန်းအနည်းအကျဉ်းထိတ်လန့်သွားသည်။
ယင်းနောက်phအားအမြန်ဖွင့်ပြီး

“ဟယ် ဟယ်လို ”

“အေး ဘသန်း ငါသူကြီးဦးစိန်ပါကွ !
ဘယ်လိုအခြေနေရှိလဲငါသိချင်လို့ လှမ်းဆက်ကြည့်လိုက်ဒါ”

“မပြောချင်တော့ပါဘူး သူကြီးရာ
သူကြီးပေးတဲ့ပရိတ်ရေ ပတ်ဒါ
ခြံစည်းရိုးကိုမပတ်လိုက်ရဘူးဗျ !ခု သူ သူအပြင်မာ ”

“ဟော ! အေး အေးပါကွာ ငါနားလည်ပါတယ်
မနက်ဘုန်းကြီးပင့်ပြီးငါလာခဲ့လိုက်မယ် ”

“ဟုတ် ဟုတ်သူကြီး ”

ဘသန်းphချပြီးနောက်အပြင်ဖက်၌ရှိနေသော
သရဲမလဲထ၍သောင်းကြမ်းလေတော့သည်။

” ဒုန်း ဒုန်း ဒုန်း ဒုန်း ”

ထိုအသံကြောင့်အိပ်ပျော်နေသောမောင်ထွန်းတို့လဲလန့်နိုးလာလေ၏

“အမလေး ဗျာ ကယ်ကြပါ ! အဟင်း အဟင်း”

“ဟိတ်ကောင် မောင်ထွန်းအသာနေစမ်းပါကွာ
မင်းကတမျိုး သရဲမကအိမ်ထဲမလာနိုင်ပါဘူးကွ”

“ဒါ တော့ဒါပေါ့ လေးသန်းရာ ကြာတော့
အိမ်ထဲသာနေရဒါကျောကမလုံတော့ဘူးဗျ !ဟင်း အဟင်း”

မောင်ထွန်းတယောက်ကြောက်စိတ်များလွှမ်းခြုံနေ၍
လူကြီးမတန်မဲ့ငိုချလိုက်လေတော့သည်။

“ဟာ ကွာ တိတ်စမ်း ”

ဘသန်းလဲစိတ်ရှုပ်လာသဖြစ်မောင်ထွန်းအား
တချက်ငေါက်လိုက်လေသည်။
တခါမှလေသံခပ်မာမာနှင့်မပြောဖူး၍
ဘသန်းစကားကြားပြီးမောင်ထွန်းလဲ
ပါးစပ်အားပိတ်လိုက်လေ တော့သည်။

“မင်းကတမျိုး ! မောင်သာတောင်ဘာမှမဖြစ်ဒါ
မင်းကဘာဖြစ်နေဒါလဲ ! မင်းယောက်ျားမဟုတ်ဘူးလား ”

“ဟုတ် ဟုတ်ပါတယ် ”

ထို့နောက်အပြင်ဖက်မှအသံတသံလဲထွက်ပေါ်လာခဲ့သည်။

“ဟီး ဟီး ဟီး ! နင်တို့တေက ငါ့ကို ဒီအိမ်က
မောင်းထုတ်ဖို့ ကြံနေဒါပေါ့လေ ဟုတ်လား ”

မောင်ထွန်းလဲသရဲမအားပြန်ဖြေရန်ပါးစပ်အားပြင်လိုက်စဉ်
ဘသန်း မှအချိန်မီလက်ဖြစ်လှမ်းပိတ်လိုက်လေ၏

“ခြူး ! တိတ်တိတ်နေ ”

လေသံပါရုံမျှဘသန်းတိုးတိုးလေးသတိလှမ်းပေးလိုက်သည်။

“နင်တို့ကမပြောဘူးပေါ့လေ ဟုတ်လား
နင်တို့ငါ့အကြောင်းသိစေရမယ် ”

ထိုသို့ပြောပြီးအိမ်အပြင်ဖက်မှနေ၍သရဲမလဲ
အိမ်နံရံတခုလုံးကိုလက်ဖြင့်ထုပါလေတော့သည်။

“ဒုန်း ဒုန်း ဒုန်း ”

ပြီးနောက်ခေါင်းမိုးပေါ်ရှိသွပ်ပြားများပေါ်တွင်လည်း
လမ်းလျှောက်သည့်အသံများကြားကြားနေရသည်။

စသည့်နည်းမျိုးစုံဖြစ်ခြောက်လန့်နေသော်ငြား
ဘသန်းပြောထားသည့်စကားတခွန်းကြောင့်မောင်ထွန်းတို့
ဘာတခုမှတုန့်ပြန့်မူမရှိ။

မနက်ခင်းတရားနာမည့်အချိန်ကိုသာအိပ်ယာထဲ၌နေပြီး
လှဲ၍သာစောင့်ဆိုင်းနေလိုက်ကြသည်။

ပြီးပါပြီ ရေး~လရိပ်ချို