သမုဒယကြွေ

Posted on

သမုဒယကြွေ(စ/ဆုံး)
——————
လေတဖြူးဖြူးကကြွေ့မျက်နှာအားကလူကြည်စယ်နေကြ၏။
ဆံပင်ရှည်များက••မျက်နှာပေါ်လာအုပ်လိုက်••
လေ••အဝေ့မှာလွင့်မျောလိုက်နှင့်•••
သဘာဝကဗျာတစ်ပုဒ်နှင့်တူနေပြန်သည်။
စိန်ပန်းပင်ကြီးဆီမှလေတိုက်လိုက်တိုင်းဝဲကနဲကျလာသော
စိန်ပန်းနီရဲရဲများက•••
ကြွေ့ခြေရှေ့တွင်ကတ္တီပါကောဇောခင်းထားသည့်နှယ်။
ကြွေထိုင်ချလိုက်ရင်း•••
စိန်ပန်း••ပွင့်ဖတ်လေးတစ်ခုအားကောက်ယူလိုက်၏။
ထိုစဉ်နောက်မှ••အစ်ကို့အသံအား
ကြားလိုက်ရသည်။•••
“”ရောက်နေတာကြာပြီလားကြွေ””
ကြွေကအေးအေးချမ်းချမ်းပြုံးလိုက်ကာ•••
“”မကြာသေးပါဘူးအစ်ကိုရယ်•••
ကြွေစိတ်စောနေလို့အစောကြီးထလာလိုက်တာ
“”ဘာပဲဖြစ်ဖြစ်••ကြွေကစောပြီးရောက်နှင့်နေတော့
အစ်ကိုစိတ်မကောင်းဘူးပေ့ါကွယ်””
“”မဟုတ်တာတွေပြောပြန်ပြီကွယ်
ကြွေနဲ့အစ်ကို့ကြားမှာနာတယ်သာတယ်ဆိုတာ
လိုအပ်သေးလို့လားဟင်””
“”လိုတော့မလိုဘူးပေ့ါကွယ်•••
အစ်ကိုကကြွေ့ဆီလျှောက်လာချင်တာ
ကြွေကအစ်ကို့ကိုရပ်စောင့်နေရုံပဲ•
အစ်ကိုကြွေ့ကိုချစ်တယ်ဆိုတာထက်
တန်ဖိုးထားတာ••မြတ်နိုးတာကို
ကြွေ့ကိုသိစေချင်တာ
“”ကြွေလည်းထပ်တူပါကွယ်””
ပြောရင်းကြွေ့ခေါင်းလေးက••သတိုးကိုယ်ပေါ်
အလိုက်သင့်မှီကျလာ၏။••••
“”အတူနေချင်ပြီကြွေရယ်••
ကြွေ့ကိုယုံပေမယ့်••ကံကြမ္မာကအစ်ကိုတို့ကို
ခွဲပစ်မှာအစ်ကိုမခံစားနိုင်ဘူး””
“”ခွဲဖို့ခွာဖို့စကားကို••မပြောပါနဲ့လားအစ်ကိုရယ်
စိတ်ချ••ကြွေ့ဘဝမှာအစ်ကိုကလွှဲပြီး
နောက်ထပ်ဆိုတာမရှိစေရဘူး•••
ကံကြမ္မာဆိုတာကြီးကိုထည့်မပြောပါနဲ့အစ်ကိုရယ်
ကြွေအစ်ကို့ကိုဘယ်လိုချစ်ခဲ့တယ်ဆိုတာ
အစ်ကိုသိပါတယ်””
“”ဒါကြောင့်လည်းကြွေ့ကို••တန်ဖိုးထား
လေးစားပြီးကိုချစ်တာပါကွယ်”
ကြွေပြောတာလည်းဟုတ်သည်။•••
ကြွေဆိုတာ•••သတိုးတို့ရွာမှာ••လယ်ယာမြေပိုင်ဆိုင်မှု
အများဆုံး••ဦးကံဝင်း၏တစ်ဦးတည်းသော
သမီးလေးဖြစ်သည်။•••
လှလည်းလှယဉ်လည်းယဉ်သူမို့
ကြွေ့ကို••လိုချင်သူတွေများလှသည်။
သတိုးကတစ်ကောင်ကြွက်••
ဘဝကိုပေါ့ပေါ့ပါးပါးဖြတ်သန်းချင်သူဖြစ်သည်။
သူ့ဘဝနှင့်အလှမ်းဝေးလှသော
ကြွေ့ကို••မချစ်မိရန်••ဘယ်လိုပင်ကြိုးစားသော်လည်း
ဦးနှောက်အသိကနှလုံးအလိုကို•••
မလွန်ဆန်နိုင်ခဲ့။•••
ကြွေ့ကိုဖွင့်ပြောခဲ့တုန်းက••
ကြွေ့ဆီကဘာမှမျှော်လင့်ထားတာမျိုးမရှိပေမယ့်•••
ကြွေ့အချစ်ကိုရတော့•••
သတိုးအရူးတစ်ပိုင်းဖြစ်ရသည်။
သူ့ထက်မြင့်သောပိုက်ဆံဝါးလားသူဌေးသား
များကိုကျော်၍နှလုံးသားဆန္ဒတစ်ခု
တည်းနဲ့သူ့ကိုရွေးချယ်ခဲ့သော
ကြွေ့ကိုမလေးစားပဲမနေနိုင်ပေ။
ကြွေက••သူနဲ့ပတ်သက်လျှင်
ဆင်းရဲတွင်းထဲခုန်ချထမင်းရည်အတူလျက်နိုင်တယ်
ဆိုပေမယ့်••သူကြွေ့ကိုဒီလိုဘဝမျိုးမထားနိုင်ပါ။•••
ကြွေ့မိဘထက်မပိုရင်တောင်
ကြွေ့မိဘနှင့်တန်းတူထားနိုင်ရမည်ဟုတွေးကာ••
ရရာအလုပ်ဝင်လုပ်ပြီး
ငွေကိုကျစ်ကျစ်ပါအောင်စုခဲ့သည်။
သူ့မှာမိဘထားခဲ့သောနေစရာအိမ်ရှိသည်။
ဝမ်းရေးအတွက်လယ်လေးဧကရှိသည်။
ယခုဆိုကြွေ့ကိုထိုက်ထိုက်တန်တန်တင်တောင်း
နိုင်ဖို့ငွေလည်းအနည်းအကျဉ်းစုမိပြီဖြစ်သည်။
ကြွေနဲ့ချစ်စက••ဖြူနေသောသူ့အသားက
အလုပ်တွေအရမ်းကြိုးစားပြီး
နေလောင်ကွက်တွေဖြစ်လာတော့
ကြွေကခဲမိုင်းအလုပ်ကိုနားခိုင်း၏။
မိုင်းအလုပ်ကအန္တရာယ်များတယ်ဆိုပေမယ့်••
ပိုက်ဆံရကောင်းသည်။•••
တစ်လလျှင်•••ညအချိန်ပိုနဲ့ဆိုနှစ်သိန်းခွဲလောက်ကိုက်လေသည်။••
“”အစ်ကို•••အစ်ကိုလို့•••””
“”အင်•••ဟင်••””
“”ကြည့်••ကြွေခေါ်တာမကြားဘူး
ပြောစမ်းဘာတွေတွေးနေပြန်တာလဲ””
“”အစ်ကိုတို့အနာဂါတ်ပါကွယ်””
“”သိပါတယ်အစ်ကိုရဲ့””
“”ကဲ••နေတောင်အတော်ညိုနေပြီ
ပြန်ကြစို့ကြွေ””
“”အချိန်တွေကုန်မြန်လိုက်တာအစ်ကိုရယ်••””
“”အစ်ကိုတို့လက်ထပ်ပြီးရင်အကြာကြီး
အတူနေရမှာပဲကွယ်••
သားသားမီးမီးတွေနဲ့””
“”လူကြီးနော်••အဆင့်တွေကျော်နေပြီ””
“”ဟာ••ဒါဆိုကြွေကသားသားမီးမီးတွေမလိုဘူးပေါ့နော်””
“”ဟာ••ဒီလူပြောလေဆိုးလေ•••ကဲ””
ကြွေကသတိုးလက်မောင်းအား
လက်သီးဆုပ်လေးနှင့်မနာအောင်ထုလိုက်၏။
ဖြစ်နိုင်လျှင်•••နှစ်ယောက်အတူတွေ့ချိန်နည်းပါးလှသော
ကြွေတို့အတွက်••နေမင်းကြီးကိုလာဘ်ထိုး
ထားလိုက်ချင်ပါသည်။•••
ခဏတာလေးတော့ခွဲနေရပါဦးမည်။
~~~~~~~~~~~~~
{၂}
“”မိကြွေ•••ဒီကိုလာစမ်း””
အစ်ကိုနှင့်တွေ့ပြီးနောက်အိမ်ထဲခပ်ယို့ယို့ဝင်လာသော
ကြွေမှာအမေ့အသံမာမာကြောင့်•••
စိုးထိတ်သွားမိသည်။•••
“”မေမေ••ဘာဖြစ်လို့လဲ””
“”ညည်းကိုမေးရမှာညည်းဘယ်ကပြန်လာတာလဲ””
“”စုစံတို့ဆီကပါမေမေ””
“”ညည်းမေမေ့ကိုဘယ်နှခါညာဖူးလို့လဲ••
မိကြွေ””
“”မေမေ့ကိုမညာချင်ပါဘူးမေမေ•••
ဒါပေမယ့်””
“”သမီးပုံစံကြည့်ရတာ•••မေမေကြားထားတဲ့သတင်း
မှန်နေပြီပေါ့••ကဲသမီးကိုမေမေတို့သမီးအလိမ္မာလေး
ဖြစ်အောင်ပျိုးထောင်ခဲ့တယ်•••
သူများဆီကစကားကိုမေမေအတည်မယူချင်ဘူး
သမီးဆီကစကားကိုကြားချင်တယ်”” ကြွေ၏အမေ••ဒေါ်သက်ထားကသားသမီးကိုအုပ်ထိန်းရာတွင်
ပညာသားပါ၏။ကြွေမလူးသာမလွန့်သာအောင်
စကားလုံးအလှများနှင့်ချုပ်လေပြီ။•••
ကြွေလည်းအစ်ကို့ကို•••ဘဝတစ်ခုလုံးအတွက်ရည်ရွယ်
တာမို့အမေတို့မသိရင်တောင်•••
ကြွေပြောပြဖို့စိတ်ကူးထားပြီးဖြစ်သည်။•••
“”သမီးနဲ့•••သတိုးတို့ချစ်နေကြပြီအမေ•••
တိတိကျကျပြောရရင်တစ်နှစ်လောက်ရှိပါပြီ””
မေမေကတွေးတွေးဆဆနှင့်ဒေါသထွက်ဟန်လည်း
မပြသက်ပြင်းမောကိုအသာချကာ•••
“”မေမေကသမီးကိုကလေးလို့မြင်ထားတာ
ငါ့သမီးတောင်အရွယ်ရောက်နေမှကိုး•••
ဒါပေမယ့်သမီး•••မေမေတို့က
သမီးတစ်ယောက်တည်းမွေးထားတာ
မက်မောလှတယ်မဟုတ်ပေမယ့်•••
မေမေ့သမီးကိုမေမေတို့ထက်မမြင့်ရင်တောင်မှ
မေမေတို့ထားသလိုထားနိုင်မှ
ယုံယုံကြည်ကြည်ပေးစားနိုင်မှာ”””
“”သမီးတို့လည်းမမိုက်ပါဘူးမေမေ
သတိုးကအရက်ကပေ့ါပေ့ါတန်တန်နေတယ်
ဆိုပေမယ့်•••မေမေတို့မတောင်းဆိုတောင်
သမီးကိုတင့်တောင်းတင့်တယ်ထားနိုင်ဖို့
သူကိုယ်တိုင်အလုပ်ကြိုးစားနေပါပြီမေမေ””
“”အင်းလေ•••ကိုယ့်လူကသူ့ဘက်ပါနေပြီဆိုတော့
စောင့်ကြည့်ရမှာပေ့ါ••ဒါပေမယ့်ခွင့်ပြုလိုက်တာ
တော့မဟုတ်ဘူးနော်သမီး•••
မေမေတို့စကားမလွန်ခဲ့တာသာင့ါသမီး
ကံကောင်းတယ်မှတ်ပါ””
“”ဘာကိုလည်းမေမေ””
“”မိုင်းသူဌေး••ကျင်ဖေကသမီးကိုလက်ထပ်ဖို့
မေမေတို့ဆီခွင့်တောင်းတယ်လေ•••
ယတိပြတ်ကြီးတော့မငြင်းလိုက်ဘူး
သမီးဖေဖေနဲ့လည်းစီးပွားဖက်ဖြစ်နေတော့•••””
“”ဖေဖေနဲ့ပတ်သက်လို့သာ
အလိုက်အထိုက်ဆက်ဆံနေတာပါမေမေ•••
ဒီကျင်ဖေကမျက်နှာရူး ကြီးပါ•••
ပြီးတော့တရုတ်ဗမာကပြားဆိုပေမယ့်
ဗမာစစ်မဟုတ်တာမေမေရယ်””
“”မေမေတို့လက်မခံတာအဲဒါလည်းပါပါတယ်••
ကဲမေမေသမီးကိုအခွင့်အရေးပေးလိုက်ပြီ•••
အကယ်၍သတိုးကသမီးကို
တင့်တောင်းတင့်တယ်လက်မထပ်နိုင်ရင်••
သမီးအနေနဲ့မေမေတို့စီမံရာနာခံရမယ်
ဘယ်လိုလဲ””
“”မေမေ့သဘောပါမေမေ•••
မေမေ့ကိုလည်းကျေးဇူးအရမ်းတင်ပါတယ်••
အကယ်၍သတိုးကမေမေတို့လိုချင်သလို
ဖြစ်မလာရင်သမီးကံပေ့ါ””
ဒါပေမယ့်အစ်ကို့ကိုယုံတယ်ဆိုတာကိုတော့
ကြွေစိတ်ထဲမှပြောနေမိသည်။•••
မေမေပြောမှပဲမိုင်းသူဌေးကျင်ဖေကြွေ့ကိုကမ်းလှမ်းတယ်ဆို
တာသိတော့သည်။•••
ကျင်ဖေလိုကြည့်ရုံနှင့်တဏှာရုပ်ပေါက်နေသော
မျက်နှာရူးနဲ့လက်ထပ်ရလျှင်
ကြွေကိုယ့်ကိုယ်ကိုယ်တစ်ခုခုလုပ်မိပေလိမ့်မည်။••
ခုဆိုကြွေတစ်ဝက်စိတ်အေးရပြီ။••
မေမေကလည်းအစ်ကို့ကိုကြိုးစားခွင့်ပေးသည်။
ဖေဖေကလည်းမေမေပြီးရင်ပြီးတာမို့
ကြွေ့အနာဂါတ်အစ်ကိုနဲ့ဖြောင့်ဖြူး
တော့မှာကိုကြွေအတွေးနှင့်မြင်ယောင်နေမိသည်။
“”ဘယ်တော့မှမခွဲဘူးအစ်ကို•••
ကြွေတို့ချစ်ခြင်းစစ်မှန်ရင်ပေါ့””
ကြွေ့ရင်ထဲမှအစ်ကို့ကိုလှိုက်လှိုက်လှဲလှဲ
တိုင်တည်မိ၏။•••
~~~~~~~~~~
{၃}
ဇာတ်သိမ်း
~~~~~~~~~
ကြွေတို့ဆုံနေကျနေရာလေးမှာဆုံတော့
အစ်ကို့အားမေမေ့သဘောထားကိုပြောပြလိုက်သည်။••
“”ဝမ်းသာလိုက်တာကြွေရယ်•••”””
အစ်ကိုကပြောကာ•••ကြွေ့ဆံပင်ကိုရှိုက်နမ်း၏။
တစ်ခါမှမပြုမူဖူးသောအပြုအမူမို့
ကြွေရင်ခုန်လှသည်။
အစ်ကိုကတကယ်ယောကျာ်းကောင်းပါ••
လက်ကိုင်ပုခုံးကိုင်ကလွှဲရင်ကြွေ့ကို
အခွင့်အရေးယူသလိုဖြစ်မှာစိုးသည်တဲ့•••
ကြွေတို့ချစ်ခြင်းတွင်ဖြူစင်လှသောတန်ဖိုးထားခြင်းက
ပို၍ပါဝင်သည်ဆိုမမှား။••

“”အစ်ကိုသိလား••မိုင်းသူဌေး
ကျင်ဖေက••ကြွေ့ကိုအမေ့ဆီမှာကမ်းလှမ်းသေးတယ်တဲ့”
“”ဟင်••ဟုတ်လား••
ဒါဆို••ကျင်ဖေအစ်ကို့ကိုတမင်နှိမ်နေတာ•••
ကြွေ့ကြောင့်ထင်တယ်””
“”ဟုတ်လားအစ်ကို•••
ကြွေစိတ်မချဘူးကွယ်•••
တခြားအလုပ်ပြောင်းလုပ်ပါလား””
“”စိတ်မပူပါနဲ့ကြွေရယ်•••
တခြားအလုပ်သမားခေါင်းတွေလည်းရှိတော့
သူအစ်ကို့ကိုဘာမှလုပ်လို့မရပါဘူး
ဒါတွေခဏထားလိုက်
အစ်ကိုတို့အကြောင်းပဲပြောရအောင်••
ကြွေ့မေမေကတော့ဟုတ်ပါပြီ
ကြွေ့ဖေဖေကရောဘာပြောလဲ””
“”ဖေဖေက••မေမေပြီးရင်ပြီးပါတယ်အစ်ကိုရယ်””
“”အစ်ကိုလည်း••တစ်ချိန်ချိန်ကြွေပြီးရင်
ပြီးတော့မှာပဲ””
“”ဟွန်းးးးအစ်ကိုက•••မကြိုက်ဘူးလား””
“”ကြိုက်ပါတယ်ဗျာ•••
အစ်ကို•••အလုပ်ကို••ပိုကြိုးစားတော့မယ်
ဘယ်လိုလဲ””
“”အရမ်းကြီးပင်ပန်းမခံပါနဲ့အစ်ကိုရယ်••
ကြွေက•နောင်ဆယ်နှစ်ဆိုလည်း
စောင့်နိုင်တယ်သိလား””
“”သိတတ်လိုက်တာလိမ္မာလိုက်တာကြွေရယ်•••
အစ်ကိုကြွေ့ကိုပိုတန်ဖိုးထားပြီး
ပိုပိုချစ်လာတယ်သိလား””
“”ကြွေလည်းထပ်တူပါကွယ်””
ညနေခင်းလေလေးက•••
ဖွင့်ဖတ်လွှာအချို့ကိုသယ်ဆောင်ရင်း
ချစ်သူနှစ်ဦးကိုကောင်းချီးပေးလျက်
ရှိလေ၏။••
ငှက်ကလေးများမှာလည်း••
တီတီတာတာအသံများဖြင့်
ချစ်သူနှစ်ဦးအားသြဘာပေးနေကြလေသည်။•••
သတိုး၏ကြိုးစားမှုကအရာထင်သည်ဟုပြောရပေမည်။•••
ကြွေနှင့်နီးရန်ယခင်သုံးနှစ်ရည်မှန်းထားသော်လည်း
သတို့၏ကြိုးစားမှုကိုတစေ့တစောင်းစောင့်ကြည့်နေသော
ကြွေ့မိဘများက••သတိုး၏ရိုးသားကြိုးစား
မှုကိုမျက်မြင်တွေ့သောအခါ••
သဘောတူကြည်ဖြူပေးခဲ့လေသည်။
ပိုက်ဆံချမ်းသာသော်လည်းလူမျိုးခြားသွေးရောနေသော
တရုတ်ကပြားကျင်ဖေသည်လည်း
အမြဲနားပူနားဆာတိုက်နေသည်မို့
စီးပွားရေးဖက်တွေခြင်းကြာတော့
မျက်နှာပျက်စရာဖြစ်လာနိုင်သည်မဟုတ်ပါလား•
ထို့ကြောင့်သမီးဖြစ်သူအား
သတိုးနှင့်••လက်ထပ်ပေးရန်••
သဘောတူလိုက်လေသည်။•••
သတိုးနှင့်ကြွေတို့၏အချစ်ရေးသည်
ဖြောင့်ဖြူးသွားပြီဟုထင်ရသော်လည်း
ထင်သလိုဖြစ်မလာခဲ့ပေ။•••
သတိုးမှာကြွေနှင့်စေ့စပ်ပွဲနီး၍••
အလုပ်ထွက်စာတင်ခဲ့သော်လည်း
ကျင်ဖေက•••လကုန်အထိနေပေးရန်တောင်းဆိုခဲ့သည်။••
လစာနှင့်အလုပ်လုပ်သည်ဖြစ်သော်လည်း
မိမိအကြာကြီးမှီခိုခဲ့သောအလုပ်ဖြစ်၍
လကုန်ထိနေပေးရန်••သဘောတူလိုက်၏။•••
လကုန်ရန်လည်းနှစ်ရက်သာလိုတော့သည်
မဟုတ်ပါလား။•••
သို့သော်•••နှစ်ရက်ခန့်ကြာသောအခါ•••
သတိုးတစ်ယောက်••မိုင်းကျင်းမြေပြို၍
မြေပိသည်ဆိုသော
သတင်းက•••တစ်ရွာလုံးအုတ်အော်သောင်းနင်း
ဖြစ်သွားကြသည်။••
ထိုနေ့ကကြွေသူငယ်ချင်းတွေနဲ့နေကြာပန်းခူး
လိုက်သွားတာဖြစ်သည်။••
အစ်ကိုခေါ်လိုက်သလိုအစ်ကို့အသံကြားလိုက်သလိုမို့
ကြွေသူငယ်ချင်းတွေနှုတ်ဆက်ပြီး
ကြွေတစ်ယောက်တည်းပြန်လာရာ••
အစ်ကိုမြေပိသည်ဟူသော
သတင်းကြောင့်ကြွေမှင်သက်သွားမိသည်။•••
အစ်ကိုကြွေ့ကိုခေါ်လိုက်တာသေချာပါတယ်•••
ကြွေခဲမိုင်းဘက်သွားနေသော
လူအုပ်ကြီးနှင့်ရောယောင်လိုက်သွားကာ••
ခြေမှာဖိနပ်ဘယ်ကျန်ခဲ့မှန်းပင်မသိ။
အစ်ကိုမဟုတ်ပါစေနဲ့ဟုသာ
ဆုတောင်းနေမိသည်။
သို့သော်ကြွေ့ဆုတောင်းသည်ဆုတောင်းမျှသာ
တာလပတ်ပေါ်တွင်တင်ထားသော
ရုပ်အလောင်းက•••လက်များကျိုးကျေနေကာ•••
မျက်နှာတစ်ချမ်းက••ပြားချပ်နေလေ၏။
“”အားးးးးးး”””
ကြွေအရူးတစ်ယောက်လိုအော်ကာ•••
ခြေဦးတည့်ရာပြေးလာမိသည်။
“”အစ်ကိုမဟုတ်ဘူး•••
အဲဒါအစ်ကိုမဟုတ်ဘူး
အစ်ကို••ငါ့ကိုဒီလိုထားခဲ့မှာမဟုတ်ဘူး””
ကြွေပြေးနေမိလားလမ်းလျှောက်နေမိလားမှန်းပင်မသိ
ကံကြမ္မာကရက်စက်လိုက်တာ•••
လမ်းတွင်အမေတို့နဲ့တွေ့တော့
ကြွေကြောင်တောင်တောင်ဖြစ်နေမိသည်။•••
ထိုနေ့တည်းကကြွေအခန်းပိတ်ပြီး•••
ထမင်းလည်းမစားရေလည်းမချိုးဘဲနေခဲ့တာ••
အမေတို့ချော့မော့တောင်းပန်နေသော်လည်း
ကြွေအစ်ကို့ကိုသာမြင်နေမိသည်။
အစ်ကိုမသေတာအစ်ကိုခေါ်ရင်ကြွေထူးမှာပေါ့••••
သုံးရက်မြှောက်သောနေ့၌ကြွေ
မျှော်နေခဲ့သောအစ်ကိုက•••
ကြွေ့ကိုလာခေါ်ခဲ့သည်။•••
အချိန်ဆိုတာလည်းကြွေမသိပါ•••
ကြွေအစ်ကို့နောက်လိုက်သွားပြီး
စိန်ပန်းပင်ကြီးအောက်မှာ
စကားတွေအများကြီးပြောကြသည်။•••
တစ်ညလုံးစကားတွေပြောပြီး
မနက်မလင်းခင်အစ်ကိုကကြွေ့ကိုအိမ်ပြန်ပို့၏။
ဤတွင်ကြွေကျင်ဖေ၏ယုတ်မာမှုကိုသိလိုက်ရလေသည်။
ကြွေသိတာပေါ့အစ်ကိုကြွေ့ကိုအကြောင်းမဲ့
မထားခဲ့ဘူးဆိုတာ•••
မနက်လင်းတော့••ကြွေပုံမှန်အတိုင်းမနက်စာစား
ရေချိုးအလှတွေပြင်ပြီးတွေ့ရတော့
မေမေအံ့သြနေလေရဲ့•••
ထိုထက်ကြွေပြောသောစကားကြောင့်
မေမေပို၍အံ့သြလေသည်။•••
“”ကြွေကိုကျင်ဖေနဲ့လက်ထပ်ပါရစေမေမေ””
“”သမီးဘယ်လိုပြောလိုက်တယ်””
“”ကြွေ့ကိုရူးမသွားစေချင်ရင်•••
ကိုကျင်ဖေနဲ့လက်ထပ်ပေးပါမေမေ
ကြွေတခြားယောကျာ်းတစ်ယောက်နဲ့
လက်ထပ်လိုက်ရင်•••
အစ်ကို့ကိုမေ့နိုင်မှာ””
“”သမီးရယ်•••”””
မေမေတို့ကကြွေခံစားရတာသိပြီး•••
ကြွေ့ဆန္ဒကိုလိုက်လျောရှာသည်။
ကျင်ဖေမှာတော့မိမိစီစဉ်သလို••
အစီစဉ်တကျဖြစ်လာတာမို့ဝမ်းသားမဆုံးပေ။
မင်္ဂလာဆောင်ကိုအမြန်ဆုံး
စီစဉ်ကာ••ကြွေ့မှာအနီရောင်ဝတ်စုံနှင့်
အရမ်းလှနေခဲ့၏။^•••
မင်္ဂလာပွဲပြီးသောအခါ••
ကြွေ့မှာကျင်ဖေ၏နှစ်ထပ်အိမ်ကြီးသို့
လိုက်ပါသွားလေသည်။•••
ရည်းစားသေတာနှင့်ကျင်ဖေနှင့်
ချက်ချင်းလက်ထပ်လိုက်သော
ကြွေ့ကိုတစ်ရွာလုံးကဝေဖန်ရှုံ့ချကြလေသည်။
သို့သော်•••
မင်္ဂလာပွဲပြီး၍မနက်ရောက်သောအခါ•••
မင်္ဂလာအိပ်ခန်းထဲတွင်
ဓားဒဏ်ရာနှင့်အသက်ပျောက်နေသော••
ကျင်ဖေကိုတွေ့ရကာ•••
ကြွေမှာပျောက်ဆုံးသွားလေသည်။
ကြွေ့မိဘများမှာတစ်နေကုန်ကြွေ့အားလိုက်လံရှာဖွေရာ
မြစ်ဆိပ်တွင်ချွတ်ထားခဲ့သော
ကြွေ့ဖိနပ်လေးတစ်ရံသာတွေ့ရလေသည်။
ကြွေသည်••အချစ်ကိုအသက်နှင့်
သက်သေပြသွားလေ၏။•••
တကယ်တော့•••
အစ်ကို့မှာမသေသင့်ပဲ
ကျင်ဖေ၏ယုတ်မာမှုကြောင့်သေရခြင်းဖြစ်သည်။••
သတိုးဆင်းသောမိုင်းကျင်းတွင်•••
ထောက်များအကုန်ဖြုတ်ထားကာ••
သတိုးကျင်းထဲရောက်တော့
ထောက်တိုင်မရှိသောမိုင်းကျင်းမှာ
မြေများ၏အလေးချိန်ကိုမခံနိုင်ဘဲ
မြေပြိုကာသတိုးကိုပိခြင်းဖြစ်သည်။
ကြွေသည်အစ်ကို့အတွက်••
လှပစွာလက်စားချေ၍
ယခုလည်းအစ်ကို့ဆီ
အချစ်များစွာဖြင့်လိုက်သွားလေပြီ။•••
ကြွေအစ်ကို့ကိုယုံသည်။
နောက်ဘဝလည်းကြွေ့ကိုစောင့်နေမယ်ဆိုတာ••••

~~~~~~~~~~~~~~
The end.
28/2/2017
7:15pm
M.M.K