အလှူတော်ကြီးအောင်ပါပြီ(စ/ဆုံး)
———————————
မြိုင်အုန်းစုရွာကလေးမှာနေထိုင်ကြသည့် တောင်ယာလုပ်ကြသော ကိုသာဒွန်းနဲ့မမိလေးတို့လင်မယား ခုလိုနွေကျောင်းပိတ်ရက်ရောက်ပြီဆိုမှဖြင့်
သားနှစ်ယောက်မသိအောင် တိတ်တိတ်ယခုလိုငြီးငြူမိကြစမြဲပါ
ကိုသာဒွန်းရေ ကျမတို့အားခဲ ထားခဲ့တဲ့သားနှစ်ယောက်ရှင်ပြုအလှူ ၃ နွေတိုင်ခဲ့ပြန်ပြီ ဘယ်လိုလုပ်ကြမလဲ အကြံထုတ်ပါအုန်း
အေးလေ ငါလဲ အဲ့ဒိတုန်းက ဖိုးထောင်ကိုဖွင့်ပြောမိသေးတယ် ဝက်သားဟင်းနဲ့
မကျည်းရွက်ဟင်းချိုကျွေးမယ်ပေါ့လေ
ကျွေးတာက ရပါတယ် ပဲနှပ်ရယ် ငါးကြော်ရယ် လည်း
ဟာ မိန်းမရယ် ငါးစျေး ဆီစျေး ပဲစျေး
နင်တွက်ကြည့်အုန်း
ဟုတ်တယ်လေ မတွက်ရဲသလောက်ပဲ
ရှင့်အဖေနဲ့အမေလည်း ရှင်ပြုအကြောင်းစကားမစတော့ဘူးနော်
နင်ကလည်းဟယ် ငါ့အဖေ ကိုဗစ်ဖြစ်တုန်းက ဆယ်သိန်းအကြွေးတင်တယ်လေ ငါတို့မောင်နှမသုံးယောက်မျှခံလိုက်လို့ အဖေနဲ့အမေ စိတ်အေးသွားတာ
ဟုတ်ပါတယ် ကျမတို့ မိသားစုလေးကို
လယ်နဲ့ယာနဲ့ အိမ်နဲ့ဝင်းနဲ့ နေနိုင်အောင်
အဖေစီစဥ်ပေးခဲ့တာပါ
ကျေးဇူးကြီးလှတဲ့ယောက်ခမပါ
ကျမမိဘတွေသာရှိရင်နော်
သားနှစ်ယောက်ပြောထား ညနေထမင်းစားပြီး အဖေတို့ဘက်သွားရအောင်
ဟုတ်ကဲ့
ညနေ မှောင်ရီပျိုးစ
ကိုသာဒွန်းရဲ့မိဘများအိမ်သို့အလည်ရောက်နေကြသည့် မမိလေးတို့မိသားစု
၄ယောက် စကားစမြည်ပြောနေကြ၏
သားရေ မင်းမင်းနဲ့ ထက်ထက် တို့
ရှေ့နှစ်ဘယ်အတန်းတက်ရမလဲ
မင်းမင်းက ၈ တန်း ထက်ထက်က ၆ တန်းလေအဖေ
ထိုစဥ် အကြီးကောင်လေးမှ
ယခုသို့ သူ၏ ဘဘအား
ဘဘရေ မနေ့က ဦးအောင်ထွန်းတို့ရှင်ပြုသွားသေးလား
အေးသွားတာပေါ့ သားလေးရေ
ငါးခြောက်နှပ် စားလို့ကောင်းတယ်
အဲ့ဒါ သားတို့သူငယ်ချင်းတွေလေ
အေးပေါ့သားရေ
အင်း ငါ့မြေးနှစ်ယောက် ရှင်ပြုဘို့
ရှိပါသေးလား မနှစ်ရေ
ကျဥ်းကျဥ်းပဲ ကျောင်းမှာသွားလုပ်ရင်ရပါတယ်
သားကြီးတို့လင်မယား စိတ်မကောင်းဖြစ်နေကြတာ အဖေရော အမေပါသိကြတယ်
အမေပြောသလို တိုးတိုးတိတ်တိတ် ပင့်သံဃာ ၅ပါးလောက်ဆွမ်းကပ်ပြီးလုပ်ရင်ဖြစ်တယ် သားသာဒွန်း သဘောတူလား သမီးကရောပြောပါအုန်း
ကျနော်လုပ်ချင်တာပြောပြမယ်အမေ
ဟို မြင်းလေးတော့ငှားချင်တယ်အမေရယ် အသံချဲ့စက်လေးနဲ့ ကျနော်နဲ့အဖေက သပိတ်ပိုက်မယ် အမေနဲ့ကျနော့မိန်းမက သင်္ကန်းတောင်းပိုက်လို့ပေါ့
ကျနော်အကြိမ်ကြိမ်မက်ခဲ့တဲ့အိမ်မက်မို့ပါ အမေရယ် အဲ့ဒိလောက်တော့လုပ်ချင်တယ်
ဟုတ်တယ် သားကြီးပြောတဲ့အတိုင်းအတာလောက်လုပ်သင့်ပါတယ်ကွာ
ဘဘ တကယ်လား ဟုဆိုကာ
အငယ်ကောင်လေးက ဟေး ဟု ထအော်လေသည်
ကိုသာဒွန်းနဲ့မမိလေးတို့ တယောက်မျက်နှာ တယောက်ကြည့်ကာ ပြုံးရွှင်သွားကြသည်
အဖွားဖြစ်သူ ကိုသာဒွန်းရဲ့မိခင်မှ
ကဲသားကြီးဆန္ဒအတိုင်းမကျင်းမကျယ်
အလှူလေးဖြစ်ရမှာပေါ့ကွယ်
မင်းရဲ့ ညီနဲ့ညီမတို့ကိုလည်း အမေထည့်ခိုင်းမယ်
မလုပ်ပါနဲ့အမေရယ် သူတို့မိသားစုတွေလည်း အရင်လိုဝင်ငွေ မစုမိကြဘူး
အိမ်စရိတ်က တနေ့ထက်တနေ့ကြီးလာနေတာ မထည့်ခိုင်းပါနဲ့
အေးပါ ဒါဆိုလည်း အမေ့ နားဒေါင်းလေးတစုံ
ရောင်းမယ်
ကျန်တာသားကြီးတို့ထည့်
ဖြစ်မလား
ရတယ်အမေ အဲ့လောက်ဆိုရမယ် ထင်တယ်
ကဲ အဖေလည်းဝမ်းသာရပြီ
မင်းတို့ပြန်တာနဲ့ ဆရာတော်ကြီးဆီဝင်ကြ
လျှောက်တင်ပေတော့နော်
ကောင်းတယ်အဖေ ကဲလာကြ ဒို့မိသားစု ဆရာတော်ကြီးဆီသွားကြစို့
အေးကွယ် ဒကာကြီးတောင်ပြီးခဲ့တဲ့
တပတ်လောက်က ငါ့ကိုလျှောက်တယ်
သူ့မြေးတွေကိုကြီးကြီးကျယ်ကျယ်ရှင်ပြုပေးဘို့စိတ်ကူးထားတာ
သူအခု လုပ်မပေးနိုင်လို့တဲ့ စိတ်မကောင်းဖြစ်နေတယ်
ဘုန်းဘုန်း
တော်တော်ဖြေသိမ့်လိုက်ရတယ်
မင်းအဖေက ကိုဗစ်မတိုင်မီမှာ အင်မတန်သန်မာတဲ့အဘိုးကြီးပါကွာ
ကပ်ရောဂါပိုးကြောင့် ခုလို အရွယ်သိသိသာသာ ကျသွားတယ်နော်
မှန်ပါ့ဘုရား ခုတော့ ရှင်ပြုအလှူလေးလုပ်ဖြစ်ပြီဆိုရော
သူစိတ်ချမ်းသာသွားပါပြီ
အေးအေး ကဲ ရက်ရွေးပေးမယ်
သင်္ကန်းတောင်းက ၅ရက်လာကျက်ရမယ် ကြားလား မောင်ကျောင်းသားလေးတွေ
မှန်ပါ့
အလှူရက်အားဘုန်းဘုန်းမှ ဆယ်ရက်ခွာ၍ ရက်ရွေးပေးလိုက်သည်
ကိုသာဒွန်းမိဘနှစ်ပါးနှင့်အတူမိသားစုများ ဆိတ်ဆိတ်ပျော်နေကြပါ၏
ငပိဆီကြော် မကျည်းရွက်ဟင်းချို
ငါးပေါင်းကျွေးမည်ဟု စီစဥ်နေကြ၏
ရှင်ပြုဘို့ ၇ ရက်အလိုမှာ ကိုသာဒွန်း
မမိလေးတို့အိမ်သို့ လိုက်ထရပ်ကားတစီး မေးမြန်းကာ
ရောက်လာကြသည်
ကားမောင်းသူမေးသည်မှာ မမိလေး၏
အဖေ အမေနာမည်ကိုပြော၍
ထိုသူတို့၏သမီး မိသားစုဒီရွာမှာရှိတယ်ဆိုလို့ ဟုမေးပြီးလာခြင်းပါ
မမိလေးလည်းတခါမှခုလိုဧည့်သည်မလာဘူးသောကြောင့် ကြောင်အန်းပြီး
ဦးဝတင် ဒေါ်မြအေးရဲ့သမီးဆိုတာကျမပါ ဘာများလဲရှင် အဖေတို့အမေတို့က
ဆုံးကုန်ကြပြီ
ထိုစဥ် ကားမောင်းသူက အားရဝမ်းသာ
ဟုတ်ပြီဗျာ ဝမ်းသာစရာပဲ
ဒီလိုပါ ကျနော့ကားအုမ်နာရဲ့
အဖေနဲ့အမေက အခုဘုရားဖူးအော်ဒါခရီးမှာ
ဒီရွာလေးကိုသွားပြီးစုံစမ်းခဲ့ပေးပါလို့
မှာလိုက်လို့ပါ
ကျနော့ကားပိုင် ကိုသက်ရဲ့ အဖေက
အခု အမကြီးရဲ့ အမေနဲ့မောင်နှမတဲ့
ဟင် ဒါဆို ကျမ အမေရဲ့မောင်
ဦးလေးမောင်တင်ပေါ့ ကျမအမေနဲ့ဦးလေးမိန်းမတို့ မခေါ်မပြောမတည့်ကြတာနဲ့
ဦးလေးကပါ ကျမတို့ကိုအဆက်ဖြတ်လိုက်တာ နှစ်တွေကြာပြီ အခုသူတို့က
ဘယ်မှာနေသလဲရှင်
ပြည်မြို့ပေါ်မှာလေ ပွဲရုံပိုင်ရှင်ကြီးတွေပါ
ကဲ ဆက်သွယ်ရမယ့်ဖုန်းနံပါတ်တခုပေးလိုက်ပါ
တရွာလုံးမှ ကမ်းရိုးတန်းဖုံးတလုံးပဲရှိတယ် အဲ့ဒါပေးလိုက်ပါမယ်
ဤသို့ဖြင့် မမိလေး၏ ဦးလေးကိုယ်တိုင်ဖုန်းဆက်ပါတယ် မမိလေးက သားနှစ်ယောက်ရှင်ပြုရန်ရှိကြောင်းပြောလိုက်သည့်အခါ ဦးလေးဖြစ်သူမှ အားရဝမ်းသာဖြင့်
ယခင်စီစဥ်သလိုမဟုတ်တော့ပဲ
မမိလေး၏ဦးလေးက
အလှူအကျွေးအမွေးတာဝန်ယူမယ်ဟုဆိုကာ ဆီပုံးများ ကြက်သွန် ငခြောက်
တို့ကိုကားဖြင့်ပို့ပေးလိုက်သည်
ဝက်သားလည်းချက်ရန် ပိုက်ဆံပေးလိုက်လေသည်
အလှူရေစက်ချတရားဟောမည့်နေ့ မနက်စောစောရောက်အောင်လာကြမည်ဟုလည်းသတင်ပါးလိုက်သည်
ကိုသာဒွန်းရဲ့အဖေ အမေနှင့် မိသားစုအားလုံးသာမက မြိုင်အုန်းစုရွာသူရွာသားများ အလှူအသေးလေးမှ
မထင်ထားပဲ အလှူကြီးဖြစ်သွားသည့်
အတွက်
ဝမ်းသာမဆုံးဖြစ်နေကြသည်
ဆရာတော်ကျောင်းကြီးပေါ်၌
ကိုသာဒွန်းမမိလေးတို့သားကိုရင်နှစ်ပါးနှင့် ဓာတ်ပုံရိုက်နေကြ၏
ထမင်းရုံမှာလည်းသူတို့အရပ်ထုံးစံအတိုင်း မနက် ၇နာရီကတည်းက ငါးခြောက်နှပ် ဝက်သားတို့ဖြင့်
ထမင်းကျွေးနေကြပြီဖြစ်သည်
ဧည့်သည်ကားတွေလာပြီဗျို့ ”
ကိုသာဒွန်းရေ ဟု
ကျောင်းအဝကနေ ရွာသားတယောက်ကအော်လိုက်သည့်အတွက်
မမိလေးတို့လင်မယားကျောင်းပေါ်က
ပြေးဆင်းလာကြသည်
ရှေ့ဆုံးက ကားအမဲကြီးထဲမှ ပိုးတိုက်ပုံခဲရောင်ပိုးပုဆိုးအဝါဖြင့် အသက် ၇၀ခန့်
မမိလေး၏ဦးလေးဆိုသူမှ
ငါ့မမရဲ့သမီးဆိုတာ ဟုပြောလည်းပြော
အလှူ့ရှင်မမိလေးအား ပခုံးနှစ်ဖက်ကိုညင်သာစွာကိုင်၍ မေးလေသည်
ဟုတ်ပါတယ် ဦးလေး သမီးပါ
ဦးလေးရဲ့တူမပါ
သမီးတို့အလှူကိုဦးလေးကူညီတာ
ဝမ်းသာလိုက်တာဦးလေးရယ်
အေးပါ ဦးလေးရဲ့မမအတွက်ရည်စူးပြီး
ကုသိုလ်ဒါနလုပ်ခွင့်ရတာပေါ့ တူမရယ်
ဒါက သမီးဒေါ်ဒေါ်လေ
ဟုတ်ကဲ့ပါ ကျောင်းပေါ်ကြွကြပါနော်
ကိုသာဒွန်းရေ ဧည့်သည်တွေခေါ်ပါ
ရေ စက် ချလို့ပြီးပါပြီ တရားနာလို့ပြီးပါပြီ အလှူတော်ကြီလည်းအောင်ပါပြီ
(အသံချဲ့စက်မှတေးသံ) ထွက်လာအပြီး
ဧည့်သည်ကားသုံးစီးသည်ဘုန်းကြီးကျောင်းမှ ကိုသာဒွန်း မမိလေးတို့အိမ်သို့မောင်းလာကြ၏
ကဲတူမရေ ဒါကသားကြီးသူတို့မိသားစုက ပွဲရုံလုပ်ကြတယ်
ဟိုက သမီးအငယ် ဆရာဝန်လေ
ဒါ ဦးလေးတို့အိမ်လိပ်စာ ယူထား
တူမရဲ့သားလေးနှစ်ယောက် တက္ကသိုလ်
ပညာအတွက် ဦးလေးတာဝန်ယူတယ်
သားနဲ့သမီးကိုမှာထားပြီးပြီနော်
ဟုတ်ကဲ့ဦးလေး
မမကြီးတို့ရွာကသာယာလိုက်တာ
လာလည်အုန်းမယ်
လာခဲ့ပါညီမလေး အချိန်မရွေးလာခဲ့ပါနော်
တူမယောက်ကျားရော ကျောင်းမှာလား
ဟုတ်တယ်ဦးလေး သူ့အဖေက သမီးတို့အလှူကြီးကိုကြည့်ပြီး အပျော်လုံးဆို့
နေလို့ ဘေးကနေ သူ့သားသမီးတွေက
တခုခု ဖြစ်မှာစိုးလို့
စောင့်ပေးနေရတယ် နဲနဲမောနေလို့
သြော် ဟုတ်မှာပေါ့လေ
မမရေ ငါ့ကိုခွင့်လွှတ်ပါ
မမမြေးနှစ်ယောက်အတွက် ငါ အလှူလုပ်ပေးခဲ့ရပါပြီ
မမ သာဓုခေါ်ပါနော်ဟု တုန်ရီသော
အသံဖြင့်ပြောရင်း
မျက်မှန်ကိုအသာပင့်ဖယ်ကာ သူ၏မျက်ဝန်းအစုံက ကျလာသည့်
မျက်ရည်များအား သုတ်နေသူက
မမိလေး၏ ဦးလေး ဦးမောင်တင်ပဲဖြစ်ပါတော့သည်
အမှတ်စဥ်( ၉) – * ပေးကမ်းလှူဒါန်းခြင်း
* သုစရိုက်တရားတို့ကိုကျင့်ခြင်း
* ဆွေမျိုးသားချင်းတို့အားထောက်ပံ့ကူညီခြင်း
* အပြစ်ကင်းသောအလုပ်ကိုလုပ်ခြင်း
ကောင်းမြတ်သောမင်္ဂလာမြည်၏