Unicode Version
” အောက်လမ်းဘိုးထင် နှင့် ပီယဝိဇ္ဇာ ငကဲ “(စ/ဆုံး)
——————————————————————
(၁၅)
▪️အခန်း-၁
အေးမြသော မန်ကျည်းပင် အရိပ်အောက်တွင် မောင်ဘိုးထင် နှင့် သာရ သူတို့နှစ်ယောက် အနားတွင် တခြားလူငယ်လေးများ ဝိုင်းဖွဲ့နေလေသည် ၊ မောင်ဘိုးထင် နှင့် သာရသည် ကြက်ပေါင် တယောက် တချောင်းကိုင်ပြီး အားရပါးရ စားနေသည် ၊ ဘေးတွင်ရှိသော သာအေး နှင့် ဖိုးထွေးသည် ကြက်ကြော်ပန်းကန်ကိုကိုင်းရင်း
“တောက် မင်းတို့ လူမမာတွေကလည်း စားလိုက်သောက်လိုက်တာ ဘီလူးတွေကြနေတာပဲ”
“ဟေ့ကောင် မင်းက ငါတို့ကို ငြိုငြင်တာလား ဖိုးထွေး”
“မဟုတ်ပါဘူးကွာ မင်းတို့ အားရပါးရ စားနိုင်သောက်နိုင် နေတာကို ဝမ်းသာလို့ပါ ငါတို့ ထိုးတာက နည်းနည်း မင်းတို့ စားတာက နည်းနည်းများ များနေသလားလို့ ”
ဖိုးထွေး၏စကားကိုကြားသော အခါ ကြက်ပေါင်ကို အားရပါးရ ကိုက်နေသော မောင်ဘိုးထင် နှင့် သာရသည် သူတို့၏ အညိုမဲဆွဲေနေသာ မျက်ကွင်းမှ မျက်လုံးဖြစ် ဖိုးထွေးအားး ပင့်ကြည့်လိုက်ပြီး မောင်ဘိုးထင်မှ
“အဲ့တာဆို ကိုဖိုးထွေး အထိုးခံကြည့်မလား ”
“ရပါတယ်ကွာ ရပါတယ် ငါက သဘောပြောတာပါ ဘာစိတ်မှမရှိပါဘူး ”
“ကိုဖိုးထွေကသာ ရနေ ကျုပ် အိမ်က အဘက အိမ်က ကြက်တွေ ဘယ်ရောက်ကုန်လဲ လို့မေးနေပြီ မကြာမကြာ ကြက်တွေကို ကင်းကိုက်တာလို့ ညာရတာလဲ အဆင်မပြေတော့ဘူးဗျ အဘက ရိပ်မိတော့မယ် ”
“ဟုတ်တယ်သာအေး ငါလည်း မင်းလိုပဲ အခုဆို ငါ့အိမ်က ကြက်ကို ဘယ်ကလေကချေတွေ ပစ်တာလဲ လို့ ငါကိုယ်တိုင် ကြိမ်းမောင်းပြီး ငါပဲပစ် ပစ်နေတာ နှစ်ကောင်ရှိပြီဟ ဘိုးထင်နဲ့ ကိုသာရက အခုထိ မသက်သာသေးဘူးလားကွာ ကြာရင် အဘ နွားကြိမ်လုံးက ငါ့အတွက်ဖြစ်တော့မယ် “,
သာအေးနှင့် ပေတူး၏ မေကျမနပ်ဆိုနေသော စကားများကို မောင်ဘိုးထင် နှင့် သာရသည် မသကျိုးကျွန် ပြုကာ ကြက်ပေါင်ကိုသာ ကိုက်နေ၏ သူတို့၏ မျက်နှာ တွင်ေတာ့ အညို အမဲများ မပျောက်သေးသော ကြောင့် ဖိုးထွေးတို့ သည်းခံနေရချင်းဖြစ်ပါသည် ၊ မောင်ဘိုးထင်သည် အရိုးသာကျန်တော့သော ကြက်ပေါင်အား ကိုင်ထားရင်း တောက်တချက်ကို ပျင်းစွာခေါက်လိုက်ရာ ကြက်ကြော်ကျွေးနေကြသော ဖိုးထွေးတို့ မျက်လုံးများပြူးကျယ်သွားကြ၍ မောင်ဘိုးထင်သည်
“ကိုဖိုးထွေးတို့ကို တောက် ခေါက်တာမဟုတ်ပါဘူးဗျာ ကျုပ်စိတ်ထဲ ဟို ငကဲ ဆိုတဲ့ လူကြီးကို မကျေနပ်ဘူး ဖြစ်နေတာ ”
“ဟုတ်တယ် ဘိုးထင် ငါလည်း မကျေနပ်ဘူး ”
မောင်ဘိုးထင်သည် သူ၏ ရှေ့တွင် ရှိနေသော ဖိုးထွေးတို့ကို သေချာကြည့်ကာ
“ကျုပ် ဒီလူကြီးကို ပညာပေး ချင်တယ် ဗျာ ခင်ဗျားတို့ ဘယ်လို သဘောရလဲ ”
“ကြက် ကြော် မကျွေးရတော့ဘူးဆိုရင် ကူညီမယ် ”
ဖိုးထွေး၏ စကားကို ကျန်သော သူများ ခေါင်းကို ညိတ်ကာ အလျင်အမြန် ထောက်ခံလိုက်သည် ၊ ထိုအခါ မောင်ဘိုးထင်သည်
“မကျွေးတော့ နဲ့ ဗျာ လာကြ အဲ့ ငကဲ ကို ဘယ်လို ပညာပေးမလဲ ဆိုတာ ကျုပ်ပြောပြမယ် “,
မောင်ဘိုးထင်တို့ အဖွဲ့ ခေါင်းချင်းဆိုင်လို့ တိုးတိုးနှင့် အေးမြတဲ့ မန်ကျည်းပင်ကြီးရဲ့ အရိပ်အောက်တွင် တီးတိုးတိုင်ပင်နေကြပါလေတော့သည်။
▪️အခန်း-၂
ငကဲ ဟုခေါ်သော ဦးကဲသည် အသက် ငါးဆယ်ယ်ကျော်အရွယ်ရှိကာ အသားအရည် ခပ်လတ်လတ် အရပ်ပုပျပ်ပျပ် နှင့် ဖြစ်ပြီး ခေါင်းကို ပုဝါတထည်အမြဲပေါင်းထားကာ စုတ်ချွန်းချွန်း မျက်နှာမှာ နုတ်ခမ်းမွှေးကားကား နှင့်ဖြစ်သည် ၊ ဦးကဲ ဝါ ငကဲသည် ရေအိုးစင်ရွာပြင်ရှိ သူဝယ်ထားသောဥယျာဉ် ခြံ တွင် တကိုယ်တည်းနေေလသည် ၊ ယခု ဦးကဲ ၏ ခြံဝင်း ထဲသို့ လူလေးယောက် ဝင်လာသည် ထိုလူလေးယောက်မှာ မောင်ဘိုးထင် နှင့် ပန်းချီငို ပြီးနောက် ဖိုးထွေး နှင့် သာရ တို့ဖြစ်သည် ၊ပန်းချီငို သည် ယခု မောင်ဘိုးထင်တို့ နှင့် အဆင်ပြေနေလေသည် ၊ အဆင်ပြေရသည့် အကြောင်းမှာလည်း ရှိသေးသည် တငိုငို တရီးရီ ဖြစ်နေသော ပန်းချီငို ဆီသို့ မောင်ဘိုးထင်တို့သွားကာ
“ကိုပန်းချီငို အချစ်ဆိုတာ မကောင်းတဲ့ ပညာတွေ နဲ့ လုပ်ယူရင် အချစ်လို့ ခေါ်လို့ ရပါ့မလားဗျာ ”
“ဟေ့ကောင် အဲ့တာ တွေ လာမပြောနဲ့ မင်းတို့ကြောင့် ငါနဲ့ ကျော့လေး ဝေးရတာ ”
“ခက်ပြီ ကိုပန်းချီငိုရယ် ဘိုးထင်ပြောတာ မှန်တယ် ခင်ဗျား မိကျော့ကို ရပြီထားပါတော့ ဗျာ တကယ်လို့ ခင်ဗျား ခပ်ထားတဲ့ ပီယဆေး ပြေချိန် ခင်ဗျားကို ဓါးနဲ့ မထိုးဘူးလို့ပြောနိုင်လား ”
“ဘယ်ပြောရမလဲ ဖိုးထွေးရာ ကိုပန်းချီငို ကြီး အိပ်နေတုန်း ဖြတ်ရင်တောင် ဖြတ်ပြစ်နိင်တယ် ”
“ဟေ့ကောင် ဘာ ဘာဖြတ်မှာလဲ ကွ ”
“,လည်ပင်းကို ပြောတာပါဗျာ “,
“တော်သေးတာ ပေါ့ကွာ ငါက တခြားဟာ ထင်နေတာ ”
“ဟ ကိုပန်းချီငို လည်ပင်းဖြတ်တာ တော်မလားဗျ တခါတည်း ပွဲချင်းပြီးမှာ ”
“ဟုတ်တယ် ခင်ဗျား မသေခင် ခင်ဗျား မြင်ရမှာက ခင်ဗျား ချစ်လှပါတယ် ဆိုတဲ့ မိကျော့က ဓားကြီးကိုကိုင် ပြီး ခင်ဗျားရဲ့ လည်ပင်းကို ဖြတ်ပြီး ခင်ဗျား သေတော့ မဲ့ အချိန် ပြုံးပြုံးကြီး နဲ့ ကြည့်ပြီး သေစမ်း လူယုတ်မာ ကြီး ဆိုပြီး ခင်ဗျား ရဲ့ နှလုံးသား ”
“တော်တော် ဟေ့ကောင်တွေ ငါ မင်းတို့ ပြောတာကို နားထောင်ပြီး ကျောချမ်းလာပြီ ဟုတ်တော့ဟုတ်တယ်ကွ မင်းတို့ ပြောသလို လုပ်နိုင်တယ် အခုတောင် ငါ့ကို နာနာကြည်းကြည်း ကြည့်သွားတာ ”
“တကယ်ပါဆိုဗျာ ကျုပ်တို့က မိကျော့ ယောက်ျား ရမှ ဆိုးလို့ ကူညီတာ မဟုတ်ဘူး မိန်းကလေးပဲ ဗျာ သီးချိန်တန်သီး အာချိန်တန် အာ ”
“ဟေ့ကောင် ဘိုးထင် ပွင့် ချိန်တန်ပွင့်ပါဟ စကားပုံ မသိပဲ ဘာတွေ လျှောက်ပြောနေတာလဲကွာ”
“မှားသွားလို့ပါဗျာ ကျုပ်တို့က အမ မိကျော့ကို နှမျောစရာ အကြောင်းမရှိဘူး လူ့အသက်ထက် ဘာတွေ တန်ဖိုးရှိဦးမှာလဲ ကျုပ်တို့ တကယ် ကူညီတာက ကိုပန်းချီငိုကြီးကိုဗျ ကိုပန်းချီငိုကြီးရဲ့ အသက်ကို ကျုပ်တို့ ကယ်လိုက်တာ ”
ပန်းချီငိုကြီး တွေးငေးသွားသည် သူ၏စိတ်ထဲ မောင်ဘိုးထင်တို့ ပြောသည်မှာ အတော်ကို သဘာဝကျလွန်းနေသည် ၊စိတ်ထဲ၌ လည်း မောင်ဘိုးထင်တို့အား ကျေးဇူးရှင်များ အဖြစ် ကြိတ်ပြီး ကျေးဇူးတင်နေမိသည် ၊ ထိုေနာက် ပန်းချီငိုသည်
“မင်းတို့ ပြောတာ ဟုတ်တယ်ကွ တကယ် မေတ္တာ အစစ်ရမှပဲ အန္တရာယ် ကင်းမှာ ”
“ကို ပန်းချီငို ကြီး ကျုပ်တို့ပြောတာ နားလည်သွားပြီ မဟုတ်လား ”
“အေးကွ မင်းတို့ကို အထင် လွဲမိတယ်ကွာ အခုတော့ ငါ တကယ်ကျေးဇူးတင်တယ် မင်းတို့က ငါ့ရဲ့ အသက် သခင် ကျေးဇူးရှင်တွေပါ ကွာ ”
“ရပါတယ်ဗျာ ကျုပ်တို့က လူ့အသက်ကို တန်ဖိုး ထားတက်ရုံလေးပါ ”
“မင်းတို့က တကယ့်ကို မြင့်မြတ်တဲ့ ကောင်တွေပဲကွ ငါဘယ်လို ကျေးဇူးဆပ်ရမလဲ မသိတော့ဘူးကွာ ”
“တကယ် ကျေးဇူး ဆပ်ချင်တာ လား ကိုပန်းချီငို ”
“အင်းပေါ့ကွ ”
“အဲ့တာဆို ခင်ဗျား ဆရာကြီး ဦးကဲ ဆီလိုက်ပို့ ဗျာ ”
ဤသို့သော မောင်ဘိုးထင်တို့ စည်းရုံးသိမ်းသွင်း မှု့ဖြစ် ပန်းချီငို နှင့် အတူ သူတို့ ဦးကဲ၏ ခြံထဲသို့ရောက်လာချင်း ဖြစ်ပါလေတော့သည်။
▪️အခန်း-၃
မောင်ဘိုးထင်တို့ကို မြင်သည်နှင့် ပိယဝိဇ္ဇာ ငကဲသည် သူ၏ အိမ်ရှေ့ တန်းလျားတွင် ခြေကို ချိတ်၍ ထိုင်နေပြီး ဆေးတံကို ခဲကာ နေလေသည် ၊ မောင်ဘိုးထင်သည် ပန်းချီငို အနားကပ်လိုက်ပြီး
“ကိုပန်းချီးငို ကျုပ်တို့ကို ထားခဲ့ဗျာ ခင်ဗျားက ကျုပ်တို့စားဖို့ အိပ်ပြန်ပြီး ထမင်းလေးချက်ထားပါလား ”
“အေး အဲ့တာ လဲ ကောင်းတာပဲ ငါ့ကောင်တွေကို ကျေးဇူးဆပ်ရဦးမှာ ပေါ့ အခု လာလာ ငါ မင်းတို့ကို ဆရာကြီးကဲ နဲ့ မိတ်ဆက်ပေးမယ် ”
ပန်းချီငိုသည် ဆေးတံခဲ ပြီး မာန်ပါပါ ထိုင်နေသော ငကဲ နားသွားလိုက်ကာ
“ဆရာကြီးကဲ ခင်ဗျ ”
“ပန်းချီငို ဘယ်က ကောင်လေးတွေခေါ်လာတာလဲကွ”
“ကျုပ်တို့က ပေပင်ရွာက ပါ ဆရာကြီးခင်ဗျ။ ဆရာကြီးရဲ့ ဂုဏ်သတင်းက ကြော်ဇော်နေတော့ ကျုပ်တို့လို လူပျိုပေါက်းလေးတွေအတွက် ဆရာကြီးက ကိုးကွယ်ရာမို့ ကိုပန်းချီငို ကို တောင်းပန်ပြီး ပို့ခိုင်းရတာ ပါ ”
ဖိုးထွေး၏ စကားကြောင့် ငကဲ ခေါင်းကို အသာအယာညိတ်ကာ
“ရှိစေတော့ ရှိစေတော့ ကဲ လာရင်းကိစ္စပြောကြ”
“ဆရာကြီးကဲ ကျုပ် ဒီကောင်လေးတွေကို ဒီမှာ ခဏ ထားခဲ့ ပါရစေ ”
“ဘာလို့လဲကွ”
“ကျုပ်အိမ်ပြန်ပြီး ထမင်းလေးချက်ချင်လို့ပါ ”
“အေးအေး သွားသွား”
ပန်းချီးငိုသည် အားလုံးကို နုတ်ဆက်ကာ ဦးကဲ ခြံထဲမှ ထွက်သွားလေသည် ၊ ထို့နောက် မောင်ဘိုးထင်သည် ဦးကဲကို မျက်တောင် မခက်စိုက်ကြည့်နေလေသည် မောင်ဘိုးထင် နည်းတူ ဖိုးထွေးပါ စိုက်ကြည့်နေလေ ရာ ဦးကဲ အနည်းငယ် အနေကြပ်ကာ
“ဟေ့ကောင်လေးတွေ ဘာလို့ စိုက်ကြည့်နေတာလဲ ကွ ”
“ဆရာကြီး ကျုပ်တို့ကို ပီယဆေး ခပ်လိုက်ပြီလားဗျ ”
“ဟာ မဟုတ်တာ မခပ်ပါဘူးကွ ”
“အဲ့တာဆို ဆရာကြီးရဲ့ ရုပ်က ဘာလို့ အတော် ခန့်ညားနေရတာလဲ ကျုပ် ဆရာကြီးကို မြင်းကတည်းက ကြည်ညိုစိတ်တွေ တဖွားဖွား ပေါ်လာတယ် ဆရာကြီး ရယ် ”
“ဟုတ်တယ် ဆရာကြီး ဒီကောင်ပြောသလိုပဲ ဆရာကြီးရဲ့ ရုပ်သွင်က ဒီနယ်မှာ ရှိတဲ့ သူတွေနဲ့ လားလား မှ မဆိုင်ဘူး ဆရာကြီးက ပီယဆေး မခပ်ဘူးဆို ဆရာကြီးရဲ့ နဂို ရုပ်ပေါ့ ”
“အေးလေကွာ မင်းတို့ကလည်း ”
“အဲ့တာဆို ဆရာကြီး အတွက် ဘာပီယဆေးမှ မလိုဘူးပေါ့ ”
“ငါအတွက်လည်း မဟုတ်ပါဘူးကွာ ငါရဲ့ ရုပ်ရည်က ပီယဆေး မလိုဘူးဆိုတာ ငါသိပါတယ် ငွေလေးကြေးလေး များများစားစား ပေးတဲ့ သူတွေ အတွက်ပါကွ ဘာလဲ မင်းတို့ လိုချင်လို့လား”
“လိုချင်တယ် ဒါပေမဲ့ ပီယဆေးမဟုတ်ဘူးဆရာကြီး ”
“အဲ့ဒါဆို ဘာလိုချင်တာလဲကွ ”
“ဆရာကြီးပိုင်ဆိုင်ထားတဲ့ ခန့်ညားတဲ့ ရူပ်ကြီးနဲ့ ဩဇာ ရှိလှတဲ့ အသံကြီးကိုပေါ့ဗျာ ”
“ဒါကတော့ မွေးရာပါ ကံဆိုေတာ့ ပေးမရဘူးေလ ဒါနဲ့ မင်းတို့ မနက်စာကော စားပြီးလား ”
“စားပြီးပါ ပြီ ဆရာကြီးရာ ကျုပ်တို့ ဘာလုပ်ပေးရမလဲ ဟောဟိုက ထင်းတွေ က ခွဲ မှာလား ဆကြီး ကျုပ်လုပ်လိုက်မယ် ”
ဖိုးထွေးသည် ဖြတ်လက်စ ထင်းများကို သွားဖြတ်နေသလို မောင်ဘိုးထင် သည်လည်း ဦးကဲ အား
“ဆရာကြီး ညောင်းကိုက်နေပြီးလား ကျုပ်က ဇတ်ကျော ဆွဲတာတော်တယ်ဗျ ကိုသာရ ဟောဟို မှာ ဆရာကြီး မြက်ပေါက်နေတာ ထင်တယ် ”
“အေးအေး ဘိုးထင် ငါ သွားပေါက်လိုက်မယ် ”
အလိုက်သိလွန်းသော မောင်ဘိုးထင်တို့အား ဦးကဲ တပြုံးပြုံး နဲ့ကြည့်ကာ
“မင်းတို့ တွေ တကယ်တော်တဲ့ ကောင်တွေပဲ ကဲ လာရင်း ကိစ္စပြောပါဦး”
ဦးကဲသည် သူ့အား ပုခုံးကို နှိပ်ပေးနေသော မောင်ဘိုးထင်အား ဇိမ်ခံနေ၍ မှေးနေသော မျက်လုံး အနေအထား နှင့် မေးလေသည် ထိုအခါ မောင်ဘိုးထင်သည်
“ကျုပ်တို့က အမှန်တိုင်းပြောရရင် ဆရာကြီး ဆီမှာ တပည်ခံချင်တာပါ ဆရာကြီးရဲ့ ပညာတွေ မသင်ပေးရင်တောင် ဆရာကြီးရဲ့ ပညာတွေကို လေးစားတဲ့ သူတွေ အနေနဲ့ ဆရာကြီးရဲ့ ဝေယျာဝစ္စ တွေကို လုပ်ေပးချင်လို့ပါ ”
“မင်းတို့ သုံးယောက်လုံးလား ”
“ဟုတ်ပါတယ် ဆရာကြီး ကျုပ်တို့ကို ထမင်းလည်း ကျွေးစရာ မလိုပါဘူး ”
“အေးကွာ မင်းတို့ကလည်း ငါ့အပေါ် အင်မတန်လေးစားတယ် ဆိုတော့ ငါလက်ခံလိုက်ပါမယ် ကွာ မနက်ဖြန်က စပြီး လာတော့ ”
“ကျေးဇူးတင်လိုက်တာ ဗျာ ကိုဖိုးထွေး နဲ့ ကိုသာရ ကျုပ်တို့ ကို ဆရာကြီးကဲ က လက်ခံလိုက်ပြီတဲ့ ဗျာ အဟင့် အဟင့် ”
မောင်ဘိုးထင်သည် ငိုသံနှောပြီး ပြောလိုက်ရာ ဦးကဲသည် နောက်သို့ လှည့်ကြည့်ပြီး
“ကောင်လေး မင်း ဘာလို့ ငိုနေတာလဲ ကွ”
“ဝမ်း ဝမ်းသာ လိုပေါ့ ဗျာ။ ဆရာကြီးလို ပုဂ္ဂိုလ်တယောက် နဲ့ အနီးကပ်နေရမှာကို တွေးပြီး ဝမ်းသာလို့ပါ ဆရာကြီးရာ “,
မောင်ဘိုးထင်၏ နုတ်သည်သာ ဤသို့ စကားထွက်နေပေမဲ့ စိတ်ထဲတွင်တော့ ငကဲ မွေပွေးခါးပိုက် ပိုက်မိပြီပေါ့ဟုသာ တွေးနေပါလေတော့သည်။
▪️အခန်း-၄
ဦးအုန်းသည် မောင်ဘိုးထင် သာရ နှင့် ဖိုးထွေးတို့အား ဆူငေါက်နေသည် ၊ အကြောင်းသည်က သူ၏ ရန်သူတော် ပိယဝိဇ္ဇာ ဦကဲ ဆီမှာ တပည်ခံပြီး သွားသွားနေသော ကြောင့်ဖြစ်သည် ။
“တောက် ရိုင်း လိုက်တာကွာ ငါ့တပည် နဲ့ ငါရွာသားတွေက ငါ့ရဲ့ သမိုင်းပေးရန်သူဆီမှာ မှ တပည်ခံရတယ် လို့ကွာ တောက် ”
“အဘ ဘာဖြစ်နေတာလဲ ကျုပ်ရှင်းပြပါမယ် အဘနဲ့ ဦးကဲ က ဘယ်လို လုပ်သမိုင်းပေး ရန်သူတွေ ဖြစ်ခဲ့တာလဲဗျ ”
“မင်းကမေးပြီပေါ့ကွာ မင်းမေးရင်တော့ ငါပြောပြရမှာပေါ့ ငါဒီအကြောင်းတွေကို မင်း အရွယ် မရောက်မချင်း မပြောဘူးလို့တွေးထားတာ ”
“ဦးအုန်း အဲ့တာဆို ဘိုး ဘိုးထင်က ဦးကဲ ရဲ့သားလား ”
“တောက် မင်းတို့ကလည်း ဘာတွေပြောနေတာလဲ ကွာ ငါပြောချင်တာက ငါရဲ့ အချစ်ကြောင်းတွေ ပါနေလို့ ဒီကောင် ဘိုးထင် အရွယ် ရောက်မှ ပြောသင့်တယ် ထင်လို့ကွ မင်းမေကြီးတော် ဘိုးထင်က ငကဲသားရမှာလဲ အဲ့ကောင် အခွက် နဲ့ ဒီကောင် အခွက်ကို ကြည့် ဟိုကောင်အခွက်က ငယ်ငယ် ကတည်းက နုတ်ခမ်းေမွး ကားကား နဲ့ အဲ့ကောင် နုတ်ခမ်းေမွးကို ဟော့ ဒီလို စောင့် ဆွဲ ပြီးဟော့ ဒီလို ”
“အား အဘ အဘ နာတယ် ဗျ သေပါပြီဗျာ ”
“ဟာ မှားကုန်ပြီကွာ ငါက မင်း နပန်းဆံေမွးကို ဟိုကောင် ငကဲ နုတ်ခမ်းေမွးထင်သွားတာ ”
ဦးအုန်း သည် သူ၏ အနားတွင် ရှိသော မောင်ဘိုးထင် ၏ နပန်းဆံေမွးအား ဆွဲပြီး ဦးကဲအား အတော်ကို ပျစ်ပျစ် နှစ်နှစ် ပြောနေချင်းဖြစ်သည် ၊ ထိုနောက့် မောင်ဘိုးထင်သည် ဦးအုန်း နှင့် ခပ် လှမ်းလှမ်း တွင် ထိုင်နေပြီး သူ၏ နပန်းဆံေမွးကို ပွက်ကာ မကျေမနပ် ဦးအုန်းကို ကြည့်နေလေသည် ။
ထိုနောက် ဦးအုန်သည် စကားဆက်ပြန်လေသည်
“ငကဲ နဲ့ ငါနဲ့က ဆရာတူ တပည့်တွေက ငါတို့ဆရာကြီး ဆီမှာ ထက်ဝတီဆိုတဲ့ သမီးတယောက် ရှိတယ် ကွ”
“တောက် နာမည်က လှတယ် ဗျာ ကျုပ်ဖြစ် ကြားတောင် မကြားဖူးဘူး ထက်ဝတီတဲ့ ရွာက မိကျော့ တို့ လှရင်တို့ မိနှောင်း တို့ နဲ့ တခြားဆီ ပဲဗျာ ”
“အေးကွ ဖိုးထွေးရ နာမည်လေးက လှသလောက် လူလေးက လည်း အတော်လှတယ်ကွာ ငါးရံ့ကိုယ်လံုးလေးနဲ့ကွာ ”
“အဘ ငါးရဲ့ ကိုယ်လုံးဆိုတော့ အောက်ရှူးကြီးပေါ့ ဟုတ်လားအဘ ”
“မင်းမေ ကြီးတော် အောက်ရှူး ရမှာလည်း ငါးရံ့ကိုယ်ဆိုတာ လုံးကျစ် ဟာကွာ ငါပါဘာတွေ ပြောမိပြန်ပြီးလည်း မသိပါဘူး”
“အော် အဘရယ် ကျုပ်သဘောေပေါက်ပါပြီး ငါးရံ့ကိုယ်ဆိုတာ ဟော့လို လေး တွန့်လိုက် ခါ လိုက် ဖြစ်နေတာကို ပြောတာ မဟုတ်လား ”
“တောက် ဒီကောင်ကတော့ ကွာ ”
ေမာင်ဘိုးထင်သည် သူ၏ လက်အား ငါးရံ့ တွန့်သလို ခါသလို ပုံ လုပ်ပြနေလေရာ ဦးအုန်း ဟန့်လိုက်ရသည် ထို့နောက် ဦးအုန်း ဆွေးဆွေး မြေးမြေး စကားဆက်ဆို လိုက်ပြန်သည်
“ငါနဲ့ ထက်ဝတီနဲ့ လူငယ်ချင်း မေတ္တာ မျှတယ် ပေါ့ကွာ အဲ့တာကို ငကဲက မကြည်ဘူးဗျ သူက ဆရာကြီးကို သွားပြီး ပြောတယ်ဆိုပါေတာ့ အဲ့တာ ဆရာကြီးက သူ့သမီး ဆန္ဒ အတိုင်းဆိုတာ နဲ့ ဒီကောင် စိတ်ဆိုးပြီး ထွက်သွားတယ် ကွ ငါးလ လောက်ကြာတော့ ပြန်ရောက်လာတယ် ပြီးတော့ ငါ့ ငါ့ရဲ ထက်ဝတီလေးကို ပီယဆေး တိုက်ပြီး ခိုးသွားတယ်ကွာ တောက် ”
“အဲ့တာဆို အခု ဦးကဲ က မိန်းမနဲ့ပေါ့ ”
“အခုေတာ့ မသိဘူး ငါ့ထက်ဝတီလေးကို ခိုးပြီး ဘယ်လို လုပ်လိုက်လဲ မသိဘူး ခြောက်လ လောက်ကြာတော့ ငါ့ ငါ့ရဲ့ ထက်ဝတီလေး ဆုံးပြီတဲ့ ကွာ ဒီကောင် ငကဲ လူလိုမလုပ်ဘူး”
“ဟာ အဘ ဘာတွေ လျှောက်ပြောနေတာလဲ ဗျာ မကြီးမငယ် နဲ့ တော်တော် ရိုင်းတယ် ဗျာ ”
ဦးအုန်းသည် သူ့အား မယုံကြည်ဟန် နှင့် ကြည့်နေသော မောင်ဘိုးထင်တို့အား နာမလည်စွာပြန် ကြည့်ရင် တခုခုကို သတိရဟန်နဲ့
“မင်း မင်ကြီးတော်ကြီး မဟုတ်တာတွေ လျှောက်တွေးမနေနဲ့ လူလို မလုပ်ဘူးဆိုတာ ထက်ဝတီ ကျန်းမာရေးမကောင်းဖြစ်နေတာကို ကောင်းကောင်း မနေရဘူးပြောတာ ကွာ ”
“ဟာ ပို ဆိုးနေပြန်ပြီ ဗျာ ”
“ဟာကွာ ကောင်းကောင်း မနေရဘူးဆိုတာ အိပ်ကို မအိပ်ရဘူးပြောတာ ဟ ”
“ဒါတော့ ဦးအုန်း အတော်ရိုင်းသွားပြီး”
“ဒီကောင်တွေကလည်း ငါတောင် ခေါင်းမူးလာပြီ ငကဲက အရက် အတော်သောက်တယ်ကွာ ပီယ အစွမ်းကလည်း ထက်တယ်ဆိုတော့ တခြားအငယ် အနှောင်းတွေ တအားပဲပေါ့ကွာ အချိန် မရှိပြန်လား အရက်အမြည်းလုပ်ခိုင်း ဟင်းမကောင်း ရင် နှိပ်စက် သုံးဖို့ တောင် ငွေမပေး ဘူးတဲ့ ကွ အဲ့တော့ ထက်ဝတီက နေ့ပိုင်း အလုပ်တွေ လုပ်ပေါ့ ကွာ အဲ့လိုတွေ ပင်ပင်ပန်းပန်း ဖြစ်ပြီး ရောဂါရတယ်တဲ့ကွာ နောက်တော့ တယောက် ထဲ ရှိနေတုန်း ဆုံးသွားတာ တဲ့ ကွာ ငါ တကယ် ကို စိတ်မကောင်းဘူး အဲ့နေ့ကတည်းက ငကဲက ငါ့ရဲ့ သမိုင်းပေး ရန်သူ ဖြစ်သွားတာကွ”
ဦးအုန်း စကားအများကြီးပြော ပြလိုက်ေတာ့မှ မောင်ဘိုးထင်တို့ စိတ်မကောင်း ဖြစ်သွားကြသည်ထို့ကြောင် ငကဲ ကိုလည်း အတော်ကို နာကြည်း မိနေသည် ၊ထိုသို့ ငကဲ အကြောင်းတွေး နေစဉ် ဦးအုန်း၏ မကျေမနပ် အသံက ပေါ်လာပြန်သည်
“အဲ့လို လူရဲ့ အိမ်ကို မင်းတို့တွေက တပည်ခံဖို့သွားတယ် အတော်ကို ဟုတ်တဲ့ အကောင်တွေကွာ ”
“အဘ နေဦး အပြစ် မပြောသေးနဲ့ ဦး ကျုပ်ပြောပြမယ် ဒီဘက်လာ ”
မောင်ဘိုးထင်သည် သူအနားရောက်လာသော ဦးအုန်း၏ နား အနားကိုကပ်ကာ တိုးတိုးပြောနေလေရာ ဦးအုန်း တပြုံးပြုံး နှင့် ကျေနပ်နေပါလေတော့သည် ။
▪️အခန်း-၅
မောင်ဘိုးထင်တို့ တသိုက် ရေအိုးစင် ရွာလယ်မှာေနေသာ လေးခုလပ် ဒေါ်ဝင်း အိမ်သို့ရောက်နေကြသည် ၊ ပေါက်တူး နှင့် အတော် ပင်ရင်းနှီးသည့်အတွက် မောင်ဘိုးထင်သည် ပေါက်တူးအားခေါ်ခဲ့ရချင်းဖြစ်သည် ၊ မောင်ဘိုးထင်တို့သည် သနပ်ခါးအဖွေးသားနှင့် အသက်လေးဆယ်ငါးကျော် ဒေါ်ဝင်း တည်ခင်းဧည့်ခံထားသော ရေနွေးကြမ်း နှင့် အမြည်းကို စားလိုက်ရင်း
“အဒေါ်ဝင်း ကျုပ်တို့ အဒေါ်ကို ပြောစရာရှိလို့လာတာ ”
“ကဲပြော ကောင်လေးတွေ နင်တို့က ငါအိမ်ကို အုပ်ဖွဲ့ လိုက်ကြီးလာေတာ့ ငါနည်းနည်းေ တာ့ ကြေက်မိတယ် ဟယ် ”
မောင်ဘိုးထင်တို့ထဲမှာ ပေါက်တူး သာရ နှင့် ဖိုးထွေးတို့ မျက်လုံးပြူးသွားကြရသည် ၊ ထို့နောက် မောင်ဘိုးထင်သည် အဒေါ်ဝင်းကို ကြည့်ကာ
“အဒေါ် အိမ်ထောင် ရက်သား ပြုဖို့ အစီအစဉ် မရှိဘူးလား ”
“ပြုချင်တာပေါ့ ဟယ် ငါ့ကို လေးခုလပ်ဆိုပြီး ဘယ်သူမှ မယူချင်ကြဘူး ငါက အချစ်ကံခေတာပါ ငါယူတဲ့ ယောက်ျား အားလုံးကို ငါချစ်ပါတယ် ဒါပေမဲ့ ငါက အေပြာဆိုးတယ် ဆိုပြီး ထားရစ်ခဲ့ကြတာဟဲ့ ”
“အဒေါ်က တကယ် အေပြာဆိုးလို့လား ”
“ငါက ငါ့ယောက်ျားတွေကို သဝန်တိုတာပဲ ရှိတာပါ ငါ့ယောက်ျားတွေ အပေါ် သဝန်တိုသလို သစ္စာဖောက် တဲ့ ကောင်တွေကို လည်း အားမပေးဘူး ကုန်းကုန်ပြောမယ် ဟယ် ငါကလွဲ ရင် တခြား ဘယ်မိန်းမ အကြောင်းမှ ပြောတာ မကြိုက်ဘူး အဲ့တော့ ငါက ဒေါသနဲ့ ပြောမိတာပေါ့့ အဲ့တာကို အေပြာဆိုးတယ်တဲ့လေ ”
“တောက် ဟန်ကျလိုက်တာ ဗျာ လိုချင်နေတာ နဲ့ ကွက် တိ ”
ဖိုးထွေး၏ အားရပါးရ ပြောစကားကြောင့် အဒေါ်ဝင်း ဖိုးထွေးကို မခို့ တရို့လေး ကြည့်နေလေရာ ဖိုးထွေးမှ
“အဲ့ အဲ့ လိုပြောတာ မဟုတ်ဘူး လေ ဘိုး ဘိုးထင် ရှင်းပြလိုက်ပါ ဦး ”
“ဟုတ်တယ် အဒေါ်ဝင်းရ အဒေါ်လို လူမျိုးကို ရှာနေတဲ့ လူတယောက် ရှိတယ် သူက အဒေါ်ကို ကြိုက်နေတာ မပြောရဲ လို့ ကျုပ်တို့ကို အကူအညီတောင်းထားတယ် ”
“ဘယ်သူလဲ ကောင်လေးတွေ “,
“ကျုပ်တို့ ဒီရွာကို လာလာ နေတာ ဘယ်သူဆီကို လာတာလဲ မသိဘူးလား ”
“နင်တို့ ရွာပြင်က ဦးကဲ အိမ်လာတာ မဟုတ်လား ”
“အဲ့ဒါဆို သဘောပေါက်လေဗျာ ”
“အဲ့ အဲ့ဒါ ဆို နုတ်ခမ်းမွေး ကားကားလေးနဲ့ ဦးကဲ က ငါ့ကို ”
“ဟုတ်တယ် အခုတောင် သူက ကျုပ်တို့ကို မပြောခိုင်းဘူး ရှက်နေတာလေ ”
“ကိုကဲ ဆိုတော့ လဲ ကိုကဲ ပေါ့ ဟယ် ”
“ဒါ ဆို ကျုပ်တို့ စီစဉ်ပြီး ရင် လာခေါ်မယ် နော် ကျုပ်တို့ ဆရာကြီးနဲ့ တွေ့ဖို့လေ ”
“အင်းပါ နည်းနည်း ရှက်ပေမဲ့ တွေ့ရမှပေါ့ဟယ် ”
မောင်ဘိုးထင်တို့သည် ဒေါ်ဝင်းကို ကြည့်ရင်း အတော်ကို ကျေနပ်နေကြသည် ၊ ဒေါ်ဝင်းသည် အနောက်က ကြည့်က အမျိုးသမီးလို့ ထင်စရာမရှိပေ တောင့်တောင့် တင်းတင်းကြီးမို့ စပါး နှစ်တင်းကို တယောက် ထဲ ပင့်ပြီး ရွက်နိုင်သူဖြစ်သည် သူ၏ အရင် ယောက်ျားများကိုပင် ကိုင်ကိုင် ပေါက်သော ကြောင့် ရွာလူကြီး ဖြေရှင်းပေးရသည် မှာ အခါခါ ဖြစ်သည် ၊ ယခု မောင်ဘိုးထင် တို့၏ မျက်လုံးထဲတွင် ဦးကဲ အား ဒေါ်ဝင်း ကိုင်ပေါက်နေပုံကို စိတ်ကူးဖြင့် တွေးပြီး ကျေနပ်နေကြပါလေတော့သည် ။
▪️အခန်း-၆
မောင်ဘိုးထင်တို့ သုံးယောက် ဦးကဲ ၏ ခြံထဲ ရောက်နေကြသည် ၊ ဦးကဲသည် ပီယဆေး သုံးစွဲနည်းကို ဒီနေ့ သူတို့အားပြောပြမည်ဖြစ်သည် မောင်ဘိုးထင်တို့ စောင့်နေသည့် အချိန်သည် လည်း ဒီအချိန်ဖြစ်သည် ၊ ယခု အချိန်ကို ရောက်ဖို့ ဦးကဲအား နှိပ်ပေးရသည်မှာ မောင်ဘိုးထင် လက်အတော်ညောင်နေပြီဖြစ်သလို အိမ်မှုကိစ္စများ ပြုလုပ်ပေးရ ပီယဆေး လာတောင်းသော အသက်ကြီးကြီး လူကြီးများအား ဧည့်ဝတ်ပြုရနှင့် အတော်ကို အလုပ်ရှုပ် ပင်ပန်း နေခဲ့ရသည် ၊ ထိုရင်းနှီး မှု၏ အသီးအပွင့်ကို မောင်ဘိုးထင်တို့ ယနေ့ ခံစားရေတာ့မည်ဖြစ်သည် ။
“ကောင်လေးတွေ လာကြ မင်းတို့ကို ဒီနေ့ ငါဖော်စပ်ထားတဲ့ ပီယ ဆေး ထည့်နည်း နဲ့ သုံးစွဲနည်းပြောပြမယ် ”
“ဟုတ်ကဲ့ ဆရာကြီး ”
ဦးကဲသည် မောင်ဘိုးထင်တို့အား သူ၏ အိမ်ပေါ်သိူ့ ခေါ်ဆောင်သွားသည် ဦးကဲ၏ အိမ်သည် လည်း ဦးအုန်း၏ အိမ်နည်းတူ ဘုရားစင်မရှိပေ ၊ဘုရားစင်နေရာ တွက် မဲနက်နေသော ခုံကြီးချထားသည် ထိုခံုကြီးပေါ်တွင် အမျိုး အမည်မသိ သော ဆေးမှင်ကြောင် စုတ်တံများ နှင့် အခြားအခြားသော ရုပ်ထုများ စွာ ရှိလေသည်၊ ဦးကဲ သည် ထိုပစ္စည်းများထဲမှ ဖန်ဘူးလေး သုံးလုံး အားယူလိုက်ပြီး
“ကဲ ကောင်လေးတွေ ဒီဘူးတွေက ပီယဆေး ဘူးပဲ ဒီ ဘက်အစွန် ဆုံးက ဆေးက တရက်ခံဆေး ဒီအလယ်က ခုနှစ်ရက် ဒီ ဘူးကတော့ သုံးလ ခံတယ် သူတို့ ရဲ့ အချိန်တွေ ပြည့်တာနဲ့ အာနိသင် ကုန်ပြီ ”
ဦးကဲ ၏ စကားကြားသောအခါ မောင်ဘိုးထင်တို့ ပန်းချီငိုကို ပြောသော စကားများသည် မှန်ကန်နေသည် ဟု ခံစားလိုက်ရသည် ထို့နောကိ ဦးကဲသည် ဆေးဘူးများကို လက်နှင့် ပုတ်ကာ
“ငါက ဒီဆေးလေးတွေ နဲ့ ဝင်ငွေရနေတာ ငါဆေးရောင်တယ် ဆိုတဲ့ နေရာမှာ စည်းကမ်းရှိတယ် ငွေ ရရင်ပြီးေရာရောင်း တဲ့ လူမျိုးတော့ မဟုတ်ဘူး ပီယဆေး အသုံးပြုမဲ့ မိန်းမ ဖြစ်ဖြစ် ေယာက်ျား ဖြစ်ဖြစ် အမှန်တကယ် ချစ်မြတ်နိုးရမယ် ပီယဆေး ဝယ်သူဟာ အိမ်ထောင်ရှိသူဆို ငါမရောင်းဘူး”
ဦးကဲ၏ စကားကြောင့် မောင်ဘိုးထင်တို့ ဦးကဲကိုပင် လေးစားချင်သလို ဖြစ်လာသည် ၊ ဦးကဲ မှစကားဆက်ပြန်သည်
“ငါလည်း စီးပွားရေး အရသာ ဒီလိုဆေး တွေ ရောင်းနေရတာပါ တကယ် မေတ္တာစစ် မေတ္တာမှန်လောက်တော့ ဘယ်အရာမှ မကောင်းပါဘူးကွာ ”
နာမည်ဆိုးနှင့် ကြော်ကြားသော ဦးကဲ ၏ စကားကြောင့် မောင်ဘိုးထင်တို့ တွေဝေသွားကြသည် သို့ပေမဲ့ ဦးအုန်းပြောသော စကားများရှိနေသည်ကြောင့် ဝေ့ဝါးနေသော စိတ်ကို မောင်းထုတ်လိုက်ကာ နဂိုအစီအစဉ် အား အကောင် အထည်ဖော် ရန် အစပြုလိုက်လေသည်
“ဆရာကြီး ကျုပ်တို့ကို ပီယဆေး ခပ်နည်းလေး ပြောပြပါဦး ”
“ဆေးခပ်တာကတော့ လွယ်ပါတယ် စားစရာ တခုခု ထဲကို နည်းနည်းထည့်လိုက် ပြီး ကျွေးလိုက်ကွာ ရတယ် ”
“ဥပမာ ဆရာကြီးရယ် ကျုပ်တို့က ယူသွားတယ်ဗျာ တခြားတယောက်ကို ပေးလိုက်မယ် သူက တခြားတယောက်ကို ကျွေးလိုက်ရင် ပီယဆေးအစွမ်းက ဘယ်သူ့ကို ပြမှာလဲ ”
“ကျွေးခိုင်းတဲ့ သူကို ပဲ အစွမ်းက ပြမှာကွ ဥပမာကွာ ငါက မင်းကို ရော့စားလို့ ပြောရင် ပီယဆေး အစွမ်းက ငါ့ကို ပြမှာ ငါကို ဟိုကောင် ဖိုးထွေးက ပေးတယ် ဖိုးထွေးက စားလို့ပြောလိုက်ရင် ဖိုးထွေးကို အစွမ်းပြလိမ့်မယ် ”
“အော်သဘောပေါက်ပြီး စားပါလို့ ပြောတဲ့ သူကို အစွမ်းပြမှာပေါ့ ”
“အေးဟုတ်တယ် ကွ ”
“သိပြီဆရာကြီး အခု ကျနော် တို့ကို ပီယဆေး ခပ်နည်းလေးပြပါဦး ဒီမှာ ငှက်ပျောသီး ရှိတယ် ဆရာကြီး ထည့်ပြပါဦး ”
“အေးကွာ ငါထည့်ပြမယ် ”
မောင်ဘိုးထင်သည် အသင့်ပါလာသော ဖီးကြမ်း ငှက်ပြောသီးကို ဦးကဲအားပေးလိုက်သည် ဦးကဲသည် ငှက်ပျော်သီးကို ယူကာ စားပွဲပေါ်ရှိ အပ်လေးနှင့် အတော် ကျယ်ကျယ် ဖောက်လိုက်ပြီး ခုနှစ်ရက် အစွမ်းပြသော ပီယဆေး ဘူး ထဲ ခဏ စိမ်လိုက်ကာ ပြန်နုတ်လိုက်ပြီး မောင်ဘိုးထင်တို့ကို ပြကာ
“ဒါဆို ဆေးခပ်တာ ပြီးပြီ ကွ”
“အတော် ခက်ခဲတာပဲ ဆရာကြီးရာ ငှက်ပျော်သီးက ပုံစံ မပျက်သွားဘူးနော် ”
“အတွေ အကြုံလေးတွေပေါ့ကွာ ”
မောင်ဘိုးထင်သည် ငှက်ပျော်သီးကို စကားများ အများကြီးပြောပြီး ဦးကဲ လက်ထဲမှ မသိမသာ ယူလိုက်ကာ လွယ်အိပ်ထဲ ထည့်ထားလိုက်ပါလေတော့သည် ။
▪️အခန်း-၇
ဖိုးထွေး နှင့် သာရ သည် ဦးကဲ အိမ်တွင် ရှိသော စားစရာ သောက်စရာများကို အကုန် လွှင့်ပြစ်လိုက်ကြသည် မနက်ခင်း ပီယဆေး ခပ်နည်းပြပြီးသည့် အချိန်မှ ဦကဲသည် အိမ်ရှေ့တန်းလျားတွင် အိပ်နေသည် မောင်ဘိုးထင်သည် ပီယဆေး ခပ်ထားသော ငှက်ပျော်သီးကို ယူကာ ရွာထဲ ရှိ အဒေါ်ဝင်း အိမ်သို့ ထွက်သွားပြီဖြစ်သည် ၊ မကြာသောအချိန် တွင် မောင်ဘိုးထင်ပြန်ရောက်လာပြီး ဖိုးထွေး သာရတို့ နှင့် အတူ အစားအသောက်များကို လိုက်ရှာ ကာ အကုန်လွှင့်ပစ်လိုက်ကြသည်၊ ထို့ကြောင့် ဦးကဲ အိမ်တွင် စားစရာ ဆိုလို့ ငှက်ပျော် သီးပင် မရှိတော့ပါ မောင်ဘိုးထင်တို့ သည် အစားအသောက်များကို ရှင်းသလို မီးဖိုထဲ အိမ်တွင်း အိမ်ပြင် အကုန်သန့်ရှင်းရေး လုပ်နေကြသည် ။ မကြာလှသေ အချိန် တွင် ဦးကဲ နိုးလာသည် အိပ်ယာနိုးရင် ဗိုက်ဆာ တက်သော ဦးကဲ စားစရာ ဘာမှ မရှိ၍ အတော်ကို အကြပ်ရိုက်နေသည် မောင်ဘိုးထင်တို့ကိုလည်း သူအပြစ်မပြောရက် သူအိမ်ကို စိတ်ပါလက်ပါ သန့်ရှင်းပေးနေသော ကြောင့် ဖြစ်သည် ။ မကြာသောအချိန် တွင် ဦးကဲ ၏ အိမ်သို့ ဒေါ် ဝင်း ဝင်လာလေသည် အဒေါ်ဝင်း၏ လက်ထဲ တွင်တော့ ဝင်းမှည့်နေသော ဖီးကြမ်း ငှက်ပျော် တဖီးကိုင်လာရာ ဦးကဲ သည် ဒေါ်ဝင်းကိုင်ထားသော ငှက်ပျော်ဖီးကို ကြည့်ပြီး
“မဝင်း ဘယ်က လှည်လာတာလဲ ”
“ဆရာကြီး ဆီပဲ လာခဲ့တာ ခြံထွက် ငှက်ပျော်သီးလေး ဦးဦးဖျားဖျားလာပို့ တာ ”
“ဟုတ်လား ဗိုက်ဆာ နေတာလဲ အတော်ပဲ ဗျာ ”
“အော် ဆရာကြီးက ဗိုက်ဆာ နေတာလား စားပါရှင် ”
ဒေါ်ဝင်းသည် ဦးကဲ၏ အရှေ့သို့ ငှက်ပျော်ဖီးကို ချပေးလိုက်သည် ၊ ထို့ေနာ က် ဦးကဲသည် ဟန်မဆောင်နိုင်တော့ပဲ ငှက်ပျော်သီးကို ဆွဲဖြုတ်နေစဉ်
“ဆရာကြီး ခဏနေပါဦး ဒီမှာ ငှက်ပျောသီးအပြုတ် တလုံးရှိတယ် ဒီ ငှက်ပျော် သီးလေး အရင်စားလိုက်ပါလားရှင့် ကျမ ငှက်ပျော်ခွံခွာလိုက်မယ် နော် ”
“အော် ဟုတ်ကဲ့ မဝင်း ”
“ရော့စား ဆရာကြီး”
ဒေါ်ဝင်းသည် ငှက်ပျော်သီးကို ခွာပြီး ဦးကဲကို ပေးလိုက်ချိန် ဦးကဲသည် ချက်ချင်းယူ၍ ငှက်ပျော်သီးအား အားရပါးရစားလိုက်ရာ မောင်ဘိုးထင်တို့အားလုံး ကျေနပ်စွာ ပြူံနေကြပါလေတော့သည် ။
▪️အခန်း-၈
ရေအိုးစင်ရွာလေးရှိ ဒေါ်ဝင်းအိမ်တွင် လူကြီးတောင်း မင်္ငလာပွဲလေးကျင်းပ နေသည် ထိုမင်္ဂလာဆောင်တွင် သတိုးသားဖြစ်သူမှာ ဦးကဲ ဖြစ်ပြီး သတိုးသမီးမှာ ဒေါ်ဝင်းဖြစ်သည်။ ဒေါ်ဝင်းသည် မောင်ဘိုးထင်ပေးသော ငှက်ပျော်သီးကို ဦးကဲကို ကျွေးပြီးနောက်နေ့ ဦးကဲမှာ ရွာလူကြီး နှင့် တခြား ရပ်မိရပ်ဖများကို ခေါ်ပြီး လာတောင်းသောကြောင့် ချက်ချင်း အချိန်မဆွဲပဲ မင်္ဂလာဆောင်ပေးလိုက်ကြသည် ၊ ယခု ဦးကဲသည် ဒေါ်ဝင်းအား အရိပ်တကြည့်ကြည့် နှင့် ချစ်မဝ ဖြစ်နေသည် ၊ ဒေါ်ဝင်းမှ နုတ်ခမ်းမွှေးတွေ ရိတ် လို့ပင် ပြောရသေးသည် ဦးကဲမှာ လက်နှင့် နုတ်ခမ်းမွေးများကို ဆွဲနုတ်နေလေရာ ဘေးမှ လူများ ဆွဲထားရသည့် အထိ အချစ်ပိုနေသည် ၊ ဘေးတွင် ရှိသော ပန်းချီငိုမှ ပြောင်းလဲ သွားသော ဦးကဲကို ကြည့်ပြီး နားမလည် နိုင် ဖြစ်နေသည် ၊ သို့ပါသော လည်း ဦးကဲ နှင့် ဒေါ်ဝင်းတို့၏ မင်္ဂလာပွဲလေးသည်က ပျော်ရွှင်စွာ နှင့် အဆုံးသတ်သွားလေတော့သည်၊ မောင်ဘိုးထင်တို့ လည်း ပန်းချီးငို အိမ်တွင် ထန်းရည်နှင့် ကြက်ကြော်တို့ ဖြစ်အောင်ပွဲခံနေလေသည် ၊ ပန်းချီးငိုသည် ငေးငိုင်နေလေရာ မောင်ဘိုးထင်မှ
“ကိုပန်းချီးငို ဘာတွေ ဖြစ်နေတာလဲ ဗျာ ခင်ဗျား ကြည့်ရတာ မရွှင်မလန်းနဲ့ ”
“ငါ့ကို ဆရာကြီး ကဲ ပြောဖူးတယ်ကွ ဒီတသက် သူမိန်းမမယူတော့ဘူးတဲ့ ”
“အခုတော့ ယူပြီလေ ”
“အဲ့တာ ကို ငါနားမလည် ဖြစ်နေတာ ဆရာကြီးကဲက သူရဲ့ မိန်းမ ဘာတဲ့ ဒေါ် ထက်ဝတီက လွဲပြီး ဘယ်မိန်းမ ကိုမှ မချစ်ဘူးတဲ့ကွ”
“ဘာပြောတယ် သူက အဲ့လိုပဲ ပြောလား ”
“ငါ့ကို ပီယဆေး ပေးတာတောင် သူငယ်ငယ်က အဖြစ်ကို အမှတ်ရပြီး သနားလို့ ပေးတာတဲ့လေ ”
မောင်ဘိုးထင်တို့ မျက်လုံးပြူးသွားရသည် ထို့ကြောင့် ပန်းချီငို ပြောမည်စကားများကို စိတ်ဝင်တစားနားထောင်ရန် ဟန်ပြင်လိုက်ကြသည် ပန်းချီငိုရဲ့ စကားသံက ထွက်လာသည်
“ဆရာကြီးကဲက သူမိန်းမနဲ့ ခြောက်လပဲ ပေါင်းလိုက်ရတယ် တဲ့ကွာ သူက အရမ်းဂရုစိုက် အရမ်းချစ်ပေမဲ ပီယဆေး နဲ့ ယူထားတော့ ပီယဆေး ပျယ်ချိန်မှာ သူ့ရဲ့မိန်းမက သူ့ ဘယ်လောက်ကောင်းကောင်း အမြင်မကြည်တော့ဘူးတဲ့ကွာ အဲ့လိုနဲ့ တနေ့သူ အလုပ်သွားနေတဲ့ အချိန် သူ့ကိုယ်သူ အဆုံးစီရင်သွားတယ် တဲ့ ဆရာကြီး သူမိန်းမ အကြောင်းပြော ရင် အတော်ကို စိတ်မကောင်း ဖြစ်နေတာကွာ အခုတော့ ဆရာကြီး ဘယ်လိုဖြစ်သွားလဲ မသိပါဘူးကွာ ”
ပန်းချီငို ၏ စကားကြားသော အခါ မောင်ဘိုးထင်တို့ မပျော်နိုင်တော့ပေ သူတို့အားလုံးရဲ့ မျက်လုံးထဲတွင်တော့ ဦးအုန်းကြီး၏ ဦးကဲကို ပျစ်ပျစ် နှစ်နှစ်ပြောနေသော ဟန်ပန်ကြီးကိုသာ မြင်နေရပါသည်၊ ပန်းချီငို နှင့် မောင်ဘိုးထင်တို့ စကားပြောနေစဉ် ပန်းချီငို၏ အိမ်ေပါ်သို့ ပေါက်တူးတက်လာပြီး
“ဟေ့ကောင်တွေ မင်းတို့က ဒီမှာ အေးဆေး သစားလိုက် သောက်လိုက် လုပ်နေ ရွာထဲမှာ ဘိုးထင်တို့ နဲ့ တရွယ်ထဲ ကိုပြုံးရေနစ်လို့ သေပြီတဲ့ကွ”
“ဘာ ဟို စကားပြောရင် ပြုံးပြုံး နဲ့ ကိုပြုံးလား ”
“အေး ဟုတ်တယ်”
မောင်ဘိုးထင်တို့ ပန်းချီငို အိမ်တွင် စားနေသောက်နေသည်ကို ရပ်လိုက်ကြကာ ပန်းချီငိုကို နုတ်ဆက်ပြီး ပေပင်ရွာသို့ ပြန်လိုက်ကြပါလေတော့သည်။
▪️အောက်လမ်းဘိုးထင် နှင့် ပီယဝိဇ္ဇာ ငကဲ ဇတ်လမ်းလေးသည်က ဤမျှသာ မကြာမီ အောက်လမ်း ဘိုးထင် နှင့် သရဲကိုပြုံး အမည်ရသော ဝတ္ထုလေးကို တင်ဆက်ပေးပါမည် ။
📝မောင်တင်ဆန်း
#mgtinsan
Zawgyi Version
” ေအာက္လမ္းဘိုးထင္ ႏွင့္ ပီယဝိဇၨာ ငကဲ “(စ/ဆုံး)
——————————————————————
(၁၅)
▪️အခန္း-၁
ေအးျမေသာ မန္က်ည္းပင္ အရိပ္ေအာက္တြင္ ေမာင္ဘိုးထင္ ႏွင့္ သာရ သူတို႔ႏွစ္ေယာက္ အနားတြင္ တျခားလူငယ္ေလးမ်ား ဝိုင္းဖြဲ႕ေနေလသည္ ၊ ေမာင္ဘိုးထင္ ႏွင့္ သာရသည္ ၾကက္ေပါင္ တေယာက္ တေခ်ာင္းကိုင္ၿပီး အားရပါးရ စားေနသည္ ၊ ေဘးတြင္ရွိေသာ သာေအး ႏွင့္ ဖိုးေထြးသည္ ၾကက္ေၾကာ္ပန္းကန္ကိုကိုင္းရင္း
“ေတာက္ မင္းတို႔ လူမမာေတြကလည္း စားလိုက္ေသာက္လိုက္တာ ဘီလူးေတြၾကေနတာပဲ”
“ေဟ့ေကာင္ မင္းက ငါတို႔ကို ၿငိဳျငင္တာလား ဖိုးေထြး”
“မဟုတ္ပါဘူးကြာ မင္းတို႔ အားရပါးရ စားႏိုင္ေသာက္ႏိုင္ ေနတာကို ဝမ္းသာလို႔ပါ ငါတို႔ ထိုးတာက နည္းနည္း မင္းတို႔ စားတာက နည္းနည္းမ်ား မ်ားေနသလားလို႔ ”
ဖိုးေထြး၏စကားကိုၾကားေသာ အခါ ၾကက္ေပါင္ကို အားရပါးရ ကိုက္ေနေသာ ေမာင္ဘိုးထင္ ႏွင့္ သာရသည္ သူတို႔၏ အညိဳမဲဆြဲေနေသာ မ်က္ကြင္းမွ မ်က္လုံးျဖစ္ ဖိုးေထြးအားး ပင့္ၾကည့္လိုက္ၿပီး ေမာင္ဘိုးထင္မွ
“အဲ့တာဆို ကိုဖိုးေထြး အထိုးခံၾကည့္မလား ”
“ရပါတယ္ကြာ ရပါတယ္ ငါက သေဘာေျပာတာပါ ဘာစိတ္မွမရွိပါဘူး ”
“ကိုဖိုးေထြကသာ ရေန က်ဳပ္ အိမ္က အဘက အိမ္က ၾကက္ေတြ ဘယ္ေရာက္ကုန္လဲ လို႔ေမးေနၿပီ မၾကာမၾကာ ၾကက္ေတြကို ကင္းကိုက္တာလို႔ ညာရတာလဲ အဆင္မေျပေတာ့ဘူးဗ် အဘက ရိပ္မိေတာ့မယ္ ”
“ဟုတ္တယ္သာေအး ငါလည္း မင္းလိုပဲ အခုဆို ငါ့အိမ္က ၾကက္ကို ဘယ္ကေလကေခ်ေတြ ပစ္တာလဲ လို႔ ငါကိုယ္တိုင္ ႀကိမ္းေမာင္းၿပီး ငါပဲပစ္ ပစ္ေနတာ ႏွစ္ေကာင္ရွိၿပီဟ ဘိုးထင္နဲ႔ ကိုသာရက အခုထိ မသက္သာေသးဘူးလားကြာ ၾကာရင္ အဘ ႏြားႀကိမ္လုံးက ငါ့အတြက္ျဖစ္ေတာ့မယ္ “,
သာေအးႏွင့္ ေပတူး၏ မေက်မနပ္ဆိုေနေသာ စကားမ်ားကို ေမာင္ဘိုးထင္ ႏွင့္ သာရသည္ မသက်ိဳးကြၽန္ ျပဳကာ ၾကက္ေပါင္ကိုသာ ကိုက္ေန၏ သူတို႔၏ မ်က္ႏွာ တြင္ေတာ့ အညိဳ အမဲမ်ား မေပ်ာက္ေသးေသာ ေၾကာင့္ ဖိုးေထြးတို႔ သည္းခံေနရခ်င္းျဖစ္ပါသည္ ၊ ေမာင္ဘိုးထင္သည္ အ႐ိုးသာက်န္ေတာ့ေသာ ၾကက္ေပါင္အား ကိုင္ထားရင္း ေတာက္တခ်က္ကို ပ်င္းစြာေခါက္လိုက္ရာ ၾကက္ေၾကာ္ေကြၽးေနၾကေသာ ဖိုးေထြးတို႔ မ်က္လုံးမ်ားျပဴးက်ယ္သြားၾက၍ ေမာင္ဘိုးထင္သည္
“ကိုဖိုးေထြးတို႔ကို ေတာက္ ေခါက္တာမဟုတ္ပါဘူးဗ်ာ က်ဳပ္စိတ္ထဲ ဟို ငကဲ ဆိုတဲ့ လူႀကီးကို မေက်နပ္ဘူး ျဖစ္ေနတာ ”
“ဟုတ္တယ္ ဘိုးထင္ ငါလည္း မေက်နပ္ဘူး ”
ေမာင္ဘိုးထင္သည္ သူ၏ ေရွ႕တြင္ ရွိေနေသာ ဖိုးေထြးတို႔ကို ေသခ်ာၾကည့္ကာ
“က်ဳပ္ ဒီလူႀကီးကို ပညာေပး ခ်င္တယ္ ဗ်ာ ခင္ဗ်ားတို႔ ဘယ္လို သေဘာရလဲ ”
“ၾကက္ ေၾကာ္ မေကြၽးရေတာ့ဘူးဆိုရင္ ကူညီမယ္ ”
ဖိုးေထြး၏ စကားကို က်န္ေသာ သူမ်ား ေခါင္းကို ညိတ္ကာ အလ်င္အျမန္ ေထာက္ခံလိုက္သည္ ၊ ထိုအခါ ေမာင္ဘိုးထင္သည္
“မေကြၽးေတာ့ နဲ႔ ဗ်ာ လာၾက အဲ့ ငကဲ ကို ဘယ္လို ပညာေပးမလဲ ဆိုတာ က်ဳပ္ေျပာျပမယ္ “,
ေမာင္ဘိုးထင္တို႔ အဖြဲ႕ ေခါင္းခ်င္းဆိုင္လို႔ တိုးတိုးႏွင့္ ေအးျမတဲ့ မန္က်ည္းပင္ႀကီးရဲ႕ အရိပ္ေအာက္တြင္ တီးတိုးတိုင္ပင္ေနၾကပါေလေတာ့သည္။
▪️အခန္း-၂
ငကဲ ဟုေခၚေသာ ဦးကဲသည္ အသက္ ငါးဆယ္ယ္ေက်ာ္အ႐ြယ္ရွိကာ အသားအရည္ ခပ္လတ္လတ္ အရပ္ပုပ်ပ္ပ်ပ္ ႏွင့္ ျဖစ္ၿပီး ေခါင္းကို ပုဝါတထည္အၿမဲေပါင္းထားကာ စုတ္ခြၽန္းခြၽန္း မ်က္ႏွာမွာ ႏုတ္ခမ္းေမႊးကားကား ႏွင့္ျဖစ္သည္ ၊ ဦးကဲ ဝါ ငကဲသည္ ေရအိုးစင္႐ြာျပင္ရွိ သူဝယ္ထားေသာဥယ်ာဥ္ ၿခံ တြင္ တကိုယ္တည္းေနေလသည္ ၊ ယခု ဦးကဲ ၏ ၿခံဝင္း ထဲသို႔ လူေလးေယာက္ ဝင္လာသည္ ထိုလူေလးေယာက္မွာ ေမာင္ဘိုးထင္ ႏွင့္ ပန္းခ်ီငို ၿပီးေနာက္ ဖိုးေထြး ႏွင့္ သာရ တို႔ျဖစ္သည္ ၊ပန္းခ်ီငို သည္ ယခု ေမာင္ဘိုးထင္တို႔ ႏွင့္ အဆင္ေျပေနေလသည္ ၊ အဆင္ေျပရသည့္ အေၾကာင္းမွာလည္း ရွိေသးသည္ တငိုငို တရီးရီ ျဖစ္ေနေသာ ပန္းခ်ီငို ဆီသို႔ ေမာင္ဘိုးထင္တို႔သြားကာ
“ကိုပန္းခ်ီငို အခ်စ္ဆိုတာ မေကာင္းတဲ့ ပညာေတြ နဲ႔ လုပ္ယူရင္ အခ်စ္လို႔ ေခၚလို႔ ရပါ့မလားဗ်ာ ”
“ေဟ့ေကာင္ အဲ့တာ ေတြ လာမေျပာနဲ႔ မင္းတို႔ေၾကာင့္ ငါနဲ႔ ေက်ာ့ေလး ေဝးရတာ ”
“ခက္ၿပီ ကိုပန္းခ်ီငိုရယ္ ဘိုးထင္ေျပာတာ မွန္တယ္ ခင္ဗ်ား မိေက်ာ့ကို ရၿပီထားပါေတာ့ ဗ်ာ တကယ္လို႔ ခင္ဗ်ား ခပ္ထားတဲ့ ပီယေဆး ေျပခ်ိန္ ခင္ဗ်ားကို ဓါးနဲ႔ မထိုးဘူးလို႔ေျပာႏိုင္လား ”
“ဘယ္ေျပာရမလဲ ဖိုးေထြးရာ ကိုပန္းခ်ီငို ႀကီး အိပ္ေနတုန္း ျဖတ္ရင္ေတာင္ ျဖတ္ျပစ္နိင္တယ္ ”
“ေဟ့ေကာင္ ဘာ ဘာျဖတ္မွာလဲ ကြ ”
“,လည္ပင္းကို ေျပာတာပါဗ်ာ “,
“ေတာ္ေသးတာ ေပါ့ကြာ ငါက တျခားဟာ ထင္ေနတာ ”
“ဟ ကိုပန္းခ်ီငို လည္ပင္းျဖတ္တာ ေတာ္မလားဗ် တခါတည္း ပြဲခ်င္းၿပီးမွာ ”
“ဟုတ္တယ္ ခင္ဗ်ား မေသခင္ ခင္ဗ်ား ျမင္ရမွာက ခင္ဗ်ား ခ်စ္လွပါတယ္ ဆိုတဲ့ မိေက်ာ့က ဓားႀကီးကိုကိုင္ ၿပီး ခင္ဗ်ားရဲ႕ လည္ပင္းကို ျဖတ္ၿပီး ခင္ဗ်ား ေသေတာ့ မဲ့ အခ်ိန္ ၿပဳံးၿပဳံးႀကီး နဲ႔ ၾကည့္ၿပီး ေသစမ္း လူယုတ္မာ ႀကီး ဆိုၿပီး ခင္ဗ်ား ရဲ႕ ႏွလုံးသား ”
“ေတာ္ေတာ္ ေဟ့ေကာင္ေတြ ငါ မင္းတို႔ ေျပာတာကို နားေထာင္ၿပီး ေက်ာခ်မ္းလာၿပီ ဟုတ္ေတာ့ဟုတ္တယ္ကြ မင္းတို႔ ေျပာသလို လုပ္ႏိုင္တယ္ အခုေတာင္ ငါ့ကို နာနာၾကည္းၾကည္း ၾကည့္သြားတာ ”
“တကယ္ပါဆိုဗ်ာ က်ဳပ္တို႔က မိေက်ာ့ ေယာက္်ား ရမွ ဆိုးလို႔ ကူညီတာ မဟုတ္ဘူး မိန္းကေလးပဲ ဗ်ာ သီးခ်ိန္တန္သီး အာခ်ိန္တန္ အာ ”
“ေဟ့ေကာင္ ဘိုးထင္ ပြင့္ ခ်ိန္တန္ပြင့္ပါဟ စကားပုံ မသိပဲ ဘာေတြ ေလွ်ာက္ေျပာေနတာလဲကြာ”
“မွားသြားလို႔ပါဗ်ာ က်ဳပ္တို႔က အမ မိေက်ာ့ကို ႏွေမ်ာစရာ အေၾကာင္းမရွိဘူး လူ႔အသက္ထက္ ဘာေတြ တန္ဖိုးရွိဦးမွာလဲ က်ဳပ္တို႔ တကယ္ ကူညီတာက ကိုပန္းခ်ီငိုႀကီးကိုဗ် ကိုပန္းခ်ီငိုႀကီးရဲ႕ အသက္ကို က်ဳပ္တို႔ ကယ္လိုက္တာ ”
ပန္းခ်ီငိုႀကီး ေတြးေငးသြားသည္ သူ၏စိတ္ထဲ ေမာင္ဘိုးထင္တို႔ ေျပာသည္မွာ အေတာ္ကို သဘာဝက်လြန္းေနသည္ ၊စိတ္ထဲ၌ လည္း ေမာင္ဘိုးထင္တို႔အား ေက်းဇူးရွင္မ်ား အျဖစ္ ႀကိတ္ၿပီး ေက်းဇူးတင္ေနမိသည္ ၊ ထိုေနာက္ ပန္းခ်ီငိုသည္
“မင္းတို႔ ေျပာတာ ဟုတ္တယ္ကြ တကယ္ ေမတၱာ အစစ္ရမွပဲ အႏၲရာယ္ ကင္းမွာ ”
“ကို ပန္းခ်ီငို ႀကီး က်ဳပ္တို႔ေျပာတာ နားလည္သြားၿပီ မဟုတ္လား ”
“ေအးကြ မင္းတို႔ကို အထင္ လြဲမိတယ္ကြာ အခုေတာ့ ငါ တကယ္ေက်းဇူးတင္တယ္ မင္းတို႔က ငါ့ရဲ႕ အသက္ သခင္ ေက်းဇူးရွင္ေတြပါ ကြာ ”
“ရပါတယ္ဗ်ာ က်ဳပ္တို႔က လူ႔အသက္ကို တန္ဖိုး ထားတက္႐ုံေလးပါ ”
“မင္းတို႔က တကယ့္ကို ျမင့္ျမတ္တဲ့ ေကာင္ေတြပဲကြ ငါဘယ္လို ေက်းဇူးဆပ္ရမလဲ မသိေတာ့ဘူးကြာ ”
“တကယ္ ေက်းဇူး ဆပ္ခ်င္တာ လား ကိုပန္းခ်ီငို ”
“အင္းေပါ့ကြ ”
“အဲ့တာဆို ခင္ဗ်ား ဆရာႀကီး ဦးကဲ ဆီလိုက္ပို႔ ဗ်ာ ”
ဤသို႔ေသာ ေမာင္ဘိုးထင္တို႔ စည္း႐ုံးသိမ္းသြင္း မႈ႕ျဖစ္ ပန္းခ်ီငို ႏွင့္ အတူ သူတို႔ ဦးကဲ၏ ၿခံထဲသို႔ေရာက္လာခ်င္း ျဖစ္ပါေလေတာ့သည္။
▪️အခန္း-၃
ေမာင္ဘိုးထင္တို႔ကို ျမင္သည္ႏွင့္ ပိယဝိဇၨာ ငကဲသည္ သူ၏ အိမ္ေရွ႕ တန္းလ်ားတြင္ ေျခကို ခ်ိတ္၍ ထိုင္ေနၿပီး ေဆးတံကို ခဲကာ ေနေလသည္ ၊ ေမာင္ဘိုးထင္သည္ ပန္းခ်ီငို အနားကပ္လိုက္ၿပီး
“ကိုပန္းခ်ီးငို က်ဳပ္တို႔ကို ထားခဲ့ဗ်ာ ခင္ဗ်ားက က်ဳပ္တို႔စားဖို႔ အိပ္ျပန္ၿပီး ထမင္းေလးခ်က္ထားပါလား ”
“ေအး အဲ့တာ လဲ ေကာင္းတာပဲ ငါ့ေကာင္ေတြကို ေက်းဇူးဆပ္ရဦးမွာ ေပါ့ အခု လာလာ ငါ မင္းတို႔ကို ဆရာႀကီးကဲ နဲ႔ မိတ္ဆက္ေပးမယ္ ”
ပန္းခ်ီငိုသည္ ေဆးတံခဲ ၿပီး မာန္ပါပါ ထိုင္ေနေသာ ငကဲ နားသြားလိုက္ကာ
“ဆရာႀကီးကဲ ခင္ဗ် ”
“ပန္းခ်ီငို ဘယ္က ေကာင္ေလးေတြေခၚလာတာလဲကြ”
“က်ဳပ္တို႔က ေပပင္႐ြာက ပါ ဆရာႀကီးခင္ဗ်။ ဆရာႀကီးရဲ႕ ဂုဏ္သတင္းက ေၾကာ္ေဇာ္ေနေတာ့ က်ဳပ္တို႔လို လူပ်ိဳေပါက္းေလးေတြအတြက္ ဆရာႀကီးက ကိုးကြယ္ရာမို႔ ကိုပန္းခ်ီငို ကို ေတာင္းပန္ၿပီး ပို႔ခိုင္းရတာ ပါ ”
ဖိုးေထြး၏ စကားေၾကာင့္ ငကဲ ေခါင္းကို အသာအယာညိတ္ကာ
“ရွိေစေတာ့ ရွိေစေတာ့ ကဲ လာရင္းကိစၥေျပာၾက”
“ဆရာႀကီးကဲ က်ဳပ္ ဒီေကာင္ေလးေတြကို ဒီမွာ ခဏ ထားခဲ့ ပါရေစ ”
“ဘာလို႔လဲကြ”
“က်ဳပ္အိမ္ျပန္ၿပီး ထမင္းေလးခ်က္ခ်င္လို႔ပါ ”
“ေအးေအး သြားသြား”
ပန္းခ်ီးငိုသည္ အားလုံးကို ႏုတ္ဆက္ကာ ဦးကဲ ၿခံထဲမွ ထြက္သြားေလသည္ ၊ ထို႔ေနာက္ ေမာင္ဘိုးထင္သည္ ဦးကဲကို မ်က္ေတာင္ မခက္စိုက္ၾကည့္ေနေလသည္ ေမာင္ဘိုးထင္ နည္းတူ ဖိုးေထြးပါ စိုက္ၾကည့္ေနေလ ရာ ဦးကဲ အနည္းငယ္ အေနၾကပ္ကာ
“ေဟ့ေကာင္ေလးေတြ ဘာလို႔ စိုက္ၾကည့္ေနတာလဲ ကြ ”
“ဆရာႀကီး က်ဳပ္တို႔ကို ပီယေဆး ခပ္လိုက္ၿပီလားဗ် ”
“ဟာ မဟုတ္တာ မခပ္ပါဘူးကြ ”
“အဲ့တာဆို ဆရာႀကီးရဲ႕ ႐ုပ္က ဘာလို႔ အေတာ္ ခန႔္ညားေနရတာလဲ က်ဳပ္ ဆရာႀကီးကို ျမင္းကတည္းက ၾကည္ညိဳစိတ္ေတြ တဖြားဖြား ေပၚလာတယ္ ဆရာႀကီး ရယ္ ”
“ဟုတ္တယ္ ဆရာႀကီး ဒီေကာင္ေျပာသလိုပဲ ဆရာႀကီးရဲ႕ ႐ုပ္သြင္က ဒီနယ္မွာ ရွိတဲ့ သူေတြနဲ႔ လားလား မွ မဆိုင္ဘူး ဆရာႀကီးက ပီယေဆး မခပ္ဘူးဆို ဆရာႀကီးရဲ႕ နဂို ႐ုပ္ေပါ့ ”
“ေအးေလကြာ မင္းတို႔ကလည္း ”
“အဲ့တာဆို ဆရာႀကီး အတြက္ ဘာပီယေဆးမွ မလိုဘူးေပါ့ ”
“ငါအတြက္လည္း မဟုတ္ပါဘူးကြာ ငါရဲ႕ ႐ုပ္ရည္က ပီယေဆး မလိုဘူးဆိုတာ ငါသိပါတယ္ ေငြေလးေၾကးေလး မ်ားမ်ားစားစား ေပးတဲ့ သူေတြ အတြက္ပါကြ ဘာလဲ မင္းတို႔ လိုခ်င္လို႔လား”
“လိုခ်င္တယ္ ဒါေပမဲ့ ပီယေဆးမဟုတ္ဘူးဆရာႀကီး ”
“အဲ့ဒါဆို ဘာလိုခ်င္တာလဲကြ ”
“ဆရာႀကီးပိုင္ဆိုင္ထားတဲ့ ခန႔္ညားတဲ့ ႐ူပ္ႀကီးနဲ႔ ဩဇာ ရွိလွတဲ့ အသံႀကီးကိုေပါ့ဗ်ာ ”
“ဒါကေတာ့ ေမြးရာပါ ကံဆိုေတာ့ ေပးမရဘူးေလ ဒါနဲ႔ မင္းတို႔ မနက္စာေကာ စားၿပီးလား ”
“စားၿပီးပါ ၿပီ ဆရာႀကီးရာ က်ဳပ္တို႔ ဘာလုပ္ေပးရမလဲ ေဟာဟိုက ထင္းေတြ က ခြဲ မွာလား ဆႀကီး က်ဳပ္လုပ္လိုက္မယ္ ”
ဖိုးေထြးသည္ ျဖတ္လက္စ ထင္းမ်ားကို သြားျဖတ္ေနသလို ေမာင္ဘိုးထင္ သည္လည္း ဦးကဲ အား
“ဆရာႀကီး ေညာင္းကိုက္ေနၿပီးလား က်ဳပ္က ဇတ္ေက်ာ ဆြဲတာေတာ္တယ္ဗ် ကိုသာရ ေဟာဟို မွာ ဆရာႀကီး ျမက္ေပါက္ေနတာ ထင္တယ္ ”
“ေအးေအး ဘိုးထင္ ငါ သြားေပါက္လိုက္မယ္ ”
အလိုက္သိလြန္းေသာ ေမာင္ဘိုးထင္တို႔အား ဦးကဲ တၿပဳံးၿပဳံး နဲ႔ၾကည့္ကာ
“မင္းတို႔ ေတြ တကယ္ေတာ္တဲ့ ေကာင္ေတြပဲ ကဲ လာရင္း ကိစၥေျပာပါဦး”
ဦးကဲသည္ သူ႔အား ပုခုံးကို ႏွိပ္ေပးေနေသာ ေမာင္ဘိုးထင္အား ဇိမ္ခံေန၍ ေမွးေနေသာ မ်က္လုံး အေနအထား ႏွင့္ ေမးေလသည္ ထိုအခါ ေမာင္ဘိုးထင္သည္
“က်ဳပ္တို႔က အမွန္တိုင္းေျပာရရင္ ဆရာႀကီး ဆီမွာ တပည္ခံခ်င္တာပါ ဆရာႀကီးရဲ႕ ပညာေတြ မသင္ေပးရင္ေတာင္ ဆရာႀကီးရဲ႕ ပညာေတြကို ေလးစားတဲ့ သူေတြ အေနနဲ႔ ဆရာႀကီးရဲ႕ ေဝယ်ာဝစၥ ေတြကို လုပ္ေပးခ်င္လို႔ပါ ”
“မင္းတို႔ သုံးေယာက္လုံးလား ”
“ဟုတ္ပါတယ္ ဆရာႀကီး က်ဳပ္တို႔ကို ထမင္းလည္း ေကြၽးစရာ မလိုပါဘူး ”
“ေအးကြာ မင္းတို႔ကလည္း ငါ့အေပၚ အင္မတန္ေလးစားတယ္ ဆိုေတာ့ ငါလက္ခံလိုက္ပါမယ္ ကြာ မနက္ျဖန္က စၿပီး လာေတာ့ ”
“ေက်းဇူးတင္လိုက္တာ ဗ်ာ ကိုဖိုးေထြး နဲ႔ ကိုသာရ က်ဳပ္တို႔ ကို ဆရာႀကီးကဲ က လက္ခံလိုက္ၿပီတဲ့ ဗ်ာ အဟင့္ အဟင့္ ”
ေမာင္ဘိုးထင္သည္ ငိုသံေႏွာၿပီး ေျပာလိုက္ရာ ဦးကဲသည္ ေနာက္သို႔ လွည့္ၾကည့္ၿပီး
“ေကာင္ေလး မင္း ဘာလို႔ ငိုေနတာလဲ ကြ”
“ဝမ္း ဝမ္းသာ လိုေပါ့ ဗ်ာ။ ဆရာႀကီးလို ပုဂၢိဳလ္တေယာက္ နဲ႔ အနီးကပ္ေနရမွာကို ေတြးၿပီး ဝမ္းသာလို႔ပါ ဆရာႀကီးရာ “,
ေမာင္ဘိုးထင္၏ ႏုတ္သည္သာ ဤသို႔ စကားထြက္ေနေပမဲ့ စိတ္ထဲတြင္ေတာ့ ငကဲ ေမြေပြးခါးပိုက္ ပိုက္မိၿပီေပါ့ဟုသာ ေတြးေနပါေလေတာ့သည္။
▪️အခန္း-၄
ဦးအုန္းသည္ ေမာင္ဘိုးထင္ သာရ ႏွင့္ ဖိုးေထြးတို႔အား ဆူေငါက္ေနသည္ ၊ အေၾကာင္းသည္က သူ၏ ရန္သူေတာ္ ပိယဝိဇၨာ ဦကဲ ဆီမွာ တပည္ခံၿပီး သြားသြားေနေသာ ေၾကာင့္ျဖစ္သည္ ။
“ေတာက္ ႐ိုင္း လိုက္တာကြာ ငါ့တပည္ နဲ႔ ငါ႐ြာသားေတြက ငါ့ရဲ႕ သမိုင္းေပးရန္သူဆီမွာ မွ တပည္ခံရတယ္ လို႔ကြာ ေတာက္ ”
“အဘ ဘာျဖစ္ေနတာလဲ က်ဳပ္ရွင္းျပပါမယ္ အဘနဲ႔ ဦးကဲ က ဘယ္လို လုပ္သမိုင္းေပး ရန္သူေတြ ျဖစ္ခဲ့တာလဲဗ် ”
“မင္းကေမးၿပီေပါ့ကြာ မင္းေမးရင္ေတာ့ ငါေျပာျပရမွာေပါ့ ငါဒီအေၾကာင္းေတြကို မင္း အ႐ြယ္ မေရာက္မခ်င္း မေျပာဘူးလို႔ေတြးထားတာ ”
“ဦးအုန္း အဲ့တာဆို ဘိုး ဘိုးထင္က ဦးကဲ ရဲ႕သားလား ”
“ေတာက္ မင္းတို႔ကလည္း ဘာေတြေျပာေနတာလဲ ကြာ ငါေျပာခ်င္တာက ငါရဲ႕ အခ်စ္ေၾကာင္းေတြ ပါေနလို႔ ဒီေကာင္ ဘိုးထင္ အ႐ြယ္ ေရာက္မွ ေျပာသင့္တယ္ ထင္လို႔ကြ မင္းေမႀကီးေတာ္ ဘိုးထင္က ငကဲသားရမွာလဲ အဲ့ေကာင္ အခြက္ နဲ႔ ဒီေကာင္ အခြက္ကို ၾကည့္ ဟိုေကာင္အခြက္က ငယ္ငယ္ ကတည္းက ႏုတ္ခမ္းေမြး ကားကား နဲ႔ အဲ့ေကာင္ ႏုတ္ခမ္းေမြးကို ေဟာ့ ဒီလို ေစာင့္ ဆြဲ ၿပီးေဟာ့ ဒီလို ”
“အား အဘ အဘ နာတယ္ ဗ် ေသပါၿပီဗ်ာ ”
“ဟာ မွားကုန္ၿပီကြာ ငါက မင္း နပန္းဆံေမြးကို ဟိုေကာင္ ငကဲ ႏုတ္ခမ္းေမြးထင္သြားတာ ”
ဦးအုန္း သည္ သူ၏ အနားတြင္ ရွိေသာ ေမာင္ဘိုးထင္ ၏ နပန္းဆံေမြးအား ဆြဲၿပီး ဦးကဲအား အေတာ္ကို ပ်စ္ပ်စ္ ႏွစ္ႏွစ္ ေျပာေနခ်င္းျဖစ္သည္ ၊ ထိုေနာက့္ ေမာင္ဘိုးထင္သည္ ဦးအုန္း ႏွင့္ ခပ္ လွမ္းလွမ္း တြင္ ထိုင္ေနၿပီး သူ၏ နပန္းဆံေမြးကို ပြက္ကာ မေက်မနပ္ ဦးအုန္းကို ၾကည့္ေနေလသည္ ။
ထိုေနာက္ ဦးအုန္သည္ စကားဆက္ျပန္ေလသည္
“ငကဲ နဲ႔ ငါနဲ႔က ဆရာတူ တပည့္ေတြက ငါတို႔ဆရာႀကီး ဆီမွာ ထက္ဝတီဆိုတဲ့ သမီးတေယာက္ ရွိတယ္ ကြ”
“ေတာက္ နာမည္က လွတယ္ ဗ်ာ က်ဳပ္ျဖစ္ ၾကားေတာင္ မၾကားဖူးဘူး ထက္ဝတီတဲ့ ႐ြာက မိေက်ာ့ တို႔ လွရင္တို႔ မိေႏွာင္း တို႔ နဲ႔ တျခားဆီ ပဲဗ်ာ ”
“ေအးကြ ဖိုးေထြးရ နာမည္ေလးက လွသေလာက္ လူေလးက လည္း အေတာ္လွတယ္ကြာ ငါးရံ႕ကိုယ္လံုးေလးနဲ႔ကြာ ”
“အဘ ငါးရဲ႕ ကိုယ္လုံးဆိုေတာ့ ေအာက္ရႉးႀကီးေပါ့ ဟုတ္လားအဘ ”
“မင္းေမ ႀကီးေတာ္ ေအာက္ရႉး ရမွာလည္း ငါးရံ႕ကိုယ္ဆိုတာ လုံးက်စ္ ဟာကြာ ငါပါဘာေတြ ေျပာမိျပန္ၿပီးလည္း မသိပါဘူး”
“ေအာ္ အဘရယ္ က်ဳပ္သေဘာေေပါက္ပါၿပီး ငါးရံ႕ကိုယ္ဆိုတာ ေဟာ့လို ေလး တြန႔္လိုက္ ခါ လိုက္ ျဖစ္ေနတာကို ေျပာတာ မဟုတ္လား ”
“ေတာက္ ဒီေကာင္ကေတာ့ ကြာ ”
ေမာင္ဘိုးထင္သည္ သူ၏ လက္အား ငါးရံ႕ တြန႔္သလို ခါသလို ပုံ လုပ္ျပေနေလရာ ဦးအုန္း ဟန႔္လိုက္ရသည္ ထို႔ေနာက္ ဦးအုန္း ေဆြးေဆြး ေျမးေျမး စကားဆက္ဆို လိုက္ျပန္သည္
“ငါနဲ႔ ထက္ဝတီနဲ႔ လူငယ္ခ်င္း ေမတၱာ မွ်တယ္ ေပါ့ကြာ အဲ့တာကို ငကဲက မၾကည္ဘူးဗ် သူက ဆရာႀကီးကို သြားၿပီး ေျပာတယ္ဆိုပါေတာ့ အဲ့တာ ဆရာႀကီးက သူ႔သမီး ဆႏၵ အတိုင္းဆိုတာ နဲ႔ ဒီေကာင္ စိတ္ဆိုးၿပီး ထြက္သြားတယ္ ကြ ငါးလ ေလာက္ၾကာေတာ့ ျပန္ေရာက္လာတယ္ ၿပီးေတာ့ ငါ့ ငါ့ရဲ ထက္ဝတီေလးကို ပီယေဆး တိုက္ၿပီး ခိုးသြားတယ္ကြာ ေတာက္ ”
“အဲ့တာဆို အခု ဦးကဲ က မိန္းမနဲ႔ေပါ့ ”
“အခုေတာ့ မသိဘူး ငါ့ထက္ဝတီေလးကို ခိုးၿပီး ဘယ္လို လုပ္လိုက္လဲ မသိဘူး ေျခာက္လ ေလာက္ၾကာေတာ့ ငါ့ ငါ့ရဲ႕ ထက္ဝတီေလး ဆုံးၿပီတဲ့ ကြာ ဒီေကာင္ ငကဲ လူလိုမလုပ္ဘူး”
“ဟာ အဘ ဘာေတြ ေလွ်ာက္ေျပာေနတာလဲ ဗ်ာ မႀကီးမငယ္ နဲ႔ ေတာ္ေတာ္ ႐ိုင္းတယ္ ဗ်ာ ”
ဦးအုန္းသည္ သူ႔အား မယုံၾကည္ဟန္ ႏွင့္ ၾကည့္ေနေသာ ေမာင္ဘိုးထင္တို႔အား နာမလည္စြာျပန္ ၾကည့္ရင္ တခုခုကို သတိရဟန္နဲ႔
“မင္း မင္ႀကီးေတာ္ႀကီး မဟုတ္တာေတြ ေလွ်ာက္ေတြးမေနနဲ႔ လူလို မလုပ္ဘူးဆိုတာ ထက္ဝတီ က်န္းမာေရးမေကာင္းျဖစ္ေနတာကို ေကာင္းေကာင္း မေနရဘူးေျပာတာ ကြာ ”
“ဟာ ပို ဆိုးေနျပန္ၿပီ ဗ်ာ ”
“ဟာကြာ ေကာင္းေကာင္း မေနရဘူးဆိုတာ အိပ္ကို မအိပ္ရဘူးေျပာတာ ဟ ”
“ဒါေတာ့ ဦးအုန္း အေတာ္႐ိုင္းသြားၿပီး”
“ဒီေကာင္ေတြကလည္း ငါေတာင္ ေခါင္းမူးလာၿပီ ငကဲက အရက္ အေတာ္ေသာက္တယ္ကြာ ပီယ အစြမ္းကလည္း ထက္တယ္ဆိုေတာ့ တျခားအငယ္ အေႏွာင္းေတြ တအားပဲေပါ့ကြာ အခ်ိန္ မရွိျပန္လား အရက္အျမည္းလုပ္ခိုင္း ဟင္းမေကာင္း ရင္ ႏွိပ္စက္ သုံးဖို႔ ေတာင္ ေငြမေပး ဘူးတဲ့ ကြ အဲ့ေတာ့ ထက္ဝတီက ေန႔ပိုင္း အလုပ္ေတြ လုပ္ေပါ့ ကြာ အဲ့လိုေတြ ပင္ပင္ပန္းပန္း ျဖစ္ၿပီး ေရာဂါရတယ္တဲ့ကြာ ေနာက္ေတာ့ တေယာက္ ထဲ ရွိေနတုန္း ဆုံးသြားတာ တဲ့ ကြာ ငါ တကယ္ ကို စိတ္မေကာင္းဘူး အဲ့ေန႔ကတည္းက ငကဲက ငါ့ရဲ႕ သမိုင္းေပး ရန္သူ ျဖစ္သြားတာကြ”
ဦးအုန္း စကားအမ်ားႀကီးေျပာ ျပလိုက္ေတာ့မွ ေမာင္ဘိုးထင္တို႔ စိတ္မေကာင္း ျဖစ္သြားၾကသည္ထို႔ေၾကာင္ ငကဲ ကိုလည္း အေတာ္ကို နာၾကည္း မိေနသည္ ၊ထိုသို႔ ငကဲ အေၾကာင္းေတြး ေနစဥ္ ဦးအုန္း၏ မေက်မနပ္ အသံက ေပၚလာျပန္သည္
“အဲ့လို လူရဲ႕ အိမ္ကို မင္းတို႔ေတြက တပည္ခံဖို႔သြားတယ္ အေတာ္ကို ဟုတ္တဲ့ အေကာင္ေတြကြာ ”
“အဘ ေနဦး အျပစ္ မေျပာေသးနဲ႔ ဦး က်ဳပ္ေျပာျပမယ္ ဒီဘက္လာ ”
ေမာင္ဘိုးထင္သည္ သူအနားေရာက္လာေသာ ဦးအုန္း၏ နား အနားကိုကပ္ကာ တိုးတိုးေျပာေနေလရာ ဦးအုန္း တၿပဳံးၿပဳံး ႏွင့္ ေက်နပ္ေနပါေလေတာ့သည္ ။
▪️အခန္း-၅
ေမာင္ဘိုးထင္တို႔ တသိုက္ ေရအိုးစင္ ႐ြာလယ္မွာေနေသာ ေလးခုလပ္ ေဒၚဝင္း အိမ္သို႔ေရာက္ေနၾကသည္ ၊ ေပါက္တူး ႏွင့္ အေတာ္ ပင္ရင္းႏွီးသည့္အတြက္ ေမာင္ဘိုးထင္သည္ ေပါက္တူးအားေခၚခဲ့ရခ်င္းျဖစ္သည္ ၊ ေမာင္ဘိုးထင္တို႔သည္ သနပ္ခါးအေဖြးသားႏွင့္ အသက္ေလးဆယ္ငါးေက်ာ္ ေဒၚဝင္း တည္ခင္းဧည့္ခံထားေသာ ေရေႏြးၾကမ္း ႏွင့္ အျမည္းကို စားလိုက္ရင္း
“အေဒၚဝင္း က်ဳပ္တို႔ အေဒၚကို ေျပာစရာရွိလို႔လာတာ ”
“ကဲေျပာ ေကာင္ေလးေတြ နင္တို႔က ငါအိမ္ကို အုပ္ဖြဲ႕ လိုက္ႀကီးလာေတာ့ ငါနည္းနည္းေ တာ့ ေၾကက္မိတယ္ ဟယ္ ”
ေမာင္ဘိုးထင္တို႔ထဲမွာ ေပါက္တူး သာရ ႏွင့္ ဖိုးေထြးတို႔ မ်က္လုံးျပဴးသြားၾကရသည္ ၊ ထို႔ေနာက္ ေမာင္ဘိုးထင္သည္ အေဒၚဝင္းကို ၾကည့္ကာ
“အေဒၚ အိမ္ေထာင္ ရက္သား ျပဳဖို႔ အစီအစဥ္ မရွိဘူးလား ”
“ျပဳခ်င္တာေပါ့ ဟယ္ ငါ့ကို ေလးခုလပ္ဆိုၿပီး ဘယ္သူမွ မယူခ်င္ၾကဘူး ငါက အခ်စ္ကံေခတာပါ ငါယူတဲ့ ေယာက္်ား အားလုံးကို ငါခ်စ္ပါတယ္ ဒါေပမဲ့ ငါက အေျပာဆိုးတယ္ ဆိုၿပီး ထားရစ္ခဲ့ၾကတာဟဲ့ ”
“အေဒၚက တကယ္ အေျပာဆိုးလို႔လား ”
“ငါက ငါ့ေယာက္်ားေတြကို သဝန္တိုတာပဲ ရွိတာပါ ငါ့ေယာက္်ားေတြ အေပၚ သဝန္တိုသလို သစၥာေဖာက္ တဲ့ ေကာင္ေတြကို လည္း အားမေပးဘူး ကုန္းကုန္ေျပာမယ္ ဟယ္ ငါကလြဲ ရင္ တျခား ဘယ္မိန္းမ အေၾကာင္းမွ ေျပာတာ မႀကိဳက္ဘူး အဲ့ေတာ့ ငါက ေဒါသနဲ႔ ေျပာမိတာေပါ့့ အဲ့တာကို အေျပာဆိုးတယ္တဲ့ေလ ”
“ေတာက္ ဟန္က်လိုက္တာ ဗ်ာ လိုခ်င္ေနတာ နဲ႔ ကြက္ တိ ”
ဖိုးေထြး၏ အားရပါးရ ေျပာစကားေၾကာင့္ အေဒၚဝင္း ဖိုးေထြးကို မခို႔ တ႐ို႕ေလး ၾကည့္ေနေလရာ ဖိုးေထြးမွ
“အဲ့ အဲ့ လိုေျပာတာ မဟုတ္ဘူး ေလ ဘိုး ဘိုးထင္ ရွင္းျပလိုက္ပါ ဦး ”
“ဟုတ္တယ္ အေဒၚဝင္းရ အေဒၚလို လူမ်ိဳးကို ရွာေနတဲ့ လူတေယာက္ ရွိတယ္ သူက အေဒၚကို ႀကိဳက္ေနတာ မေျပာရဲ လို႔ က်ဳပ္တို႔ကို အကူအညီေတာင္းထားတယ္ ”
“ဘယ္သူလဲ ေကာင္ေလးေတြ “,
“က်ဳပ္တို႔ ဒီ႐ြာကို လာလာ ေနတာ ဘယ္သူဆီကို လာတာလဲ မသိဘူးလား ”
“နင္တို႔ ႐ြာျပင္က ဦးကဲ အိမ္လာတာ မဟုတ္လား ”
“အဲ့ဒါဆို သေဘာေပါက္ေလဗ်ာ ”
“အဲ့ အဲ့ဒါ ဆို ႏုတ္ခမ္းေမြး ကားကားေလးနဲ႔ ဦးကဲ က ငါ့ကို ”
“ဟုတ္တယ္ အခုေတာင္ သူက က်ဳပ္တို႔ကို မေျပာခိုင္းဘူး ရွက္ေနတာေလ ”
“ကိုကဲ ဆိုေတာ့ လဲ ကိုကဲ ေပါ့ ဟယ္ ”
“ဒါ ဆို က်ဳပ္တို႔ စီစဥ္ၿပီး ရင္ လာေခၚမယ္ ေနာ္ က်ဳပ္တို႔ ဆရာႀကီးနဲ႔ ေတြ႕ဖို႔ေလ ”
“အင္းပါ နည္းနည္း ရွက္ေပမဲ့ ေတြ႕ရမွေပါ့ဟယ္ ”
ေမာင္ဘိုးထင္တို႔သည္ ေဒၚဝင္းကို ၾကည့္ရင္း အေတာ္ကို ေက်နပ္ေနၾကသည္ ၊ ေဒၚဝင္းသည္ အေနာက္က ၾကည့္က အမ်ိဳးသမီးလို႔ ထင္စရာမရွိေပ ေတာင့္ေတာင့္ တင္းတင္းႀကီးမို႔ စပါး ႏွစ္တင္းကို တေယာက္ ထဲ ပင့္ၿပီး ႐ြက္ႏိုင္သူျဖစ္သည္ သူ၏ အရင္ ေယာက္်ားမ်ားကိုပင္ ကိုင္ကိုင္ ေပါက္ေသာ ေၾကာင့္ ႐ြာလူႀကီး ေျဖရွင္းေပးရသည္ မွာ အခါခါ ျဖစ္သည္ ၊ ယခု ေမာင္ဘိုးထင္ တို႔၏ မ်က္လုံးထဲတြင္ ဦးကဲ အား ေဒၚဝင္း ကိုင္ေပါက္ေနပုံကို စိတ္ကူးျဖင့္ ေတြးၿပီး ေက်နပ္ေနၾကပါေလေတာ့သည္ ။
▪️အခန္း-၆
ေမာင္ဘိုးထင္တို႔ သုံးေယာက္ ဦးကဲ ၏ ၿခံထဲ ေရာက္ေနၾကသည္ ၊ ဦးကဲသည္ ပီယေဆး သုံးစြဲနည္းကို ဒီေန႔ သူတို႔အားေျပာျပမည္ျဖစ္သည္ ေမာင္ဘိုးထင္တို႔ ေစာင့္ေနသည့္ အခ်ိန္သည္ လည္း ဒီအခ်ိန္ျဖစ္သည္ ၊ ယခု အခ်ိန္ကို ေရာက္ဖို႔ ဦးကဲအား ႏွိပ္ေပးရသည္မွာ ေမာင္ဘိုးထင္ လက္အေတာ္ေညာင္ေနၿပီျဖစ္သလို အိမ္မႈကိစၥမ်ား ျပဳလုပ္ေပးရ ပီယေဆး လာေတာင္းေသာ အသက္ႀကီးႀကီး လူႀကီးမ်ားအား ဧည့္ဝတ္ျပဳရႏွင့္ အေတာ္ကို အလုပ္ရႈပ္ ပင္ပန္း ေနခဲ့ရသည္ ၊ ထိုရင္းႏွီး မႈ၏ အသီးအပြင့္ကို ေမာင္ဘိုးထင္တို႔ ယေန႔ ခံစားရေတာ့မည္ျဖစ္သည္ ။
“ေကာင္ေလးေတြ လာၾက မင္းတို႔ကို ဒီေန႔ ငါေဖာ္စပ္ထားတဲ့ ပီယ ေဆး ထည့္နည္း နဲ႔ သုံးစြဲနည္းေျပာျပမယ္ ”
“ဟုတ္ကဲ့ ဆရာႀကီး ”
ဦးကဲသည္ ေမာင္ဘိုးထင္တို႔အား သူ၏ အိမ္ေပၚသိူ႔ ေခၚေဆာင္သြားသည္ ဦးကဲ၏ အိမ္သည္ လည္း ဦးအုန္း၏ အိမ္နည္းတူ ဘုရားစင္မရွိေပ ၊ဘုရားစင္ေနရာ တြက္ မဲနက္ေနေသာ ခုံႀကီးခ်ထားသည္ ထိုခံုႀကီးေပၚတြင္ အမ်ိဳး အမည္မသိ ေသာ ေဆးမွင္ေၾကာင္ စုတ္တံမ်ား ႏွင့္ အျခားအျခားေသာ ႐ုပ္ထုမ်ား စြာ ရွိေလသည္၊ ဦးကဲ သည္ ထိုပစၥည္းမ်ားထဲမွ ဖန္ဘူးေလး သုံးလုံး အားယူလိုက္ၿပီး
“ကဲ ေကာင္ေလးေတြ ဒီဘူးေတြက ပီယေဆး ဘူးပဲ ဒီ ဘက္အစြန္ ဆုံးက ေဆးက တရက္ခံေဆး ဒီအလယ္က ခုႏွစ္ရက္ ဒီ ဘူးကေတာ့ သုံးလ ခံတယ္ သူတို႔ ရဲ႕ အခ်ိန္ေတြ ျပည့္တာနဲ႔ အာနိသင္ ကုန္ၿပီ ”
ဦးကဲ ၏ စကားၾကားေသာအခါ ေမာင္ဘိုးထင္တို႔ ပန္းခ်ီငိုကို ေျပာေသာ စကားမ်ားသည္ မွန္ကန္ေနသည္ ဟု ခံစားလိုက္ရသည္ ထို႔ေနာကိ ဦးကဲသည္ ေဆးဘူးမ်ားကို လက္ႏွင့္ ပုတ္ကာ
“ငါက ဒီေဆးေလးေတြ နဲ႔ ဝင္ေငြရေနတာ ငါေဆးေရာင္တယ္ ဆိုတဲ့ ေနရာမွာ စည္းကမ္းရွိတယ္ ေငြ ရရင္ၿပီးေရာေရာင္း တဲ့ လူမ်ိဳးေတာ့ မဟုတ္ဘူး ပီယေဆး အသုံးျပဳမဲ့ မိန္းမ ျဖစ္ျဖစ္ ေယာက္်ား ျဖစ္ျဖစ္ အမွန္တကယ္ ခ်စ္ျမတ္ႏိုးရမယ္ ပီယေဆး ဝယ္သူဟာ အိမ္ေထာင္ရွိသူဆို ငါမေရာင္းဘူး”
ဦးကဲ၏ စကားေၾကာင့္ ေမာင္ဘိုးထင္တို႔ ဦးကဲကိုပင္ ေလးစားခ်င္သလို ျဖစ္လာသည္ ၊ ဦးကဲ မွစကားဆက္ျပန္သည္
“ငါလည္း စီးပြားေရး အရသာ ဒီလိုေဆး ေတြ ေရာင္းေနရတာပါ တကယ္ ေမတၱာစစ္ ေမတၱာမွန္ေလာက္ေတာ့ ဘယ္အရာမွ မေကာင္းပါဘူးကြာ ”
နာမည္ဆိုးႏွင့္ ေၾကာ္ၾကားေသာ ဦးကဲ ၏ စကားေၾကာင့္ ေမာင္ဘိုးထင္တို႔ ေတြေဝသြားၾကသည္ သို႔ေပမဲ့ ဦးအုန္းေျပာေသာ စကားမ်ားရွိေနသည္ေၾကာင့္ ေဝ့ဝါးေနေသာ စိတ္ကို ေမာင္းထုတ္လိုက္ကာ နဂိုအစီအစဥ္ အား အေကာင္ အထည္ေဖာ္ ရန္ အစျပဳလိုက္ေလသည္
“ဆရာႀကီး က်ဳပ္တို႔ကို ပီယေဆး ခပ္နည္းေလး ေျပာျပပါဦး ”
“ေဆးခပ္တာကေတာ့ လြယ္ပါတယ္ စားစရာ တခုခု ထဲကို နည္းနည္းထည့္လိုက္ ၿပီး ေကြၽးလိုက္ကြာ ရတယ္ ”
“ဥပမာ ဆရာႀကီးရယ္ က်ဳပ္တို႔က ယူသြားတယ္ဗ်ာ တျခားတေယာက္ကို ေပးလိုက္မယ္ သူက တျခားတေယာက္ကို ေကြၽးလိုက္ရင္ ပီယေဆးအစြမ္းက ဘယ္သူ႔ကို ျပမွာလဲ ”
“ေကြၽးခိုင္းတဲ့ သူကို ပဲ အစြမ္းက ျပမွာကြ ဥပမာကြာ ငါက မင္းကို ေရာ့စားလို႔ ေျပာရင္ ပီယေဆး အစြမ္းက ငါ့ကို ျပမွာ ငါကို ဟိုေကာင္ ဖိုးေထြးက ေပးတယ္ ဖိုးေထြးက စားလို႔ေျပာလိုက္ရင္ ဖိုးေထြးကို အစြမ္းျပလိမ့္မယ္ ”
“ေအာ္သေဘာေပါက္ၿပီး စားပါလို႔ ေျပာတဲ့ သူကို အစြမ္းျပမွာေပါ့ ”
“ေအးဟုတ္တယ္ ကြ ”
“သိၿပီဆရာႀကီး အခု က်ေနာ္ တို႔ကို ပီယေဆး ခပ္နည္းေလးျပပါဦး ဒီမွာ ငွက္ေပ်ာသီး ရွိတယ္ ဆရာႀကီး ထည့္ျပပါဦး ”
“ေအးကြာ ငါထည့္ျပမယ္ ”
ေမာင္ဘိုးထင္သည္ အသင့္ပါလာေသာ ဖီးၾကမ္း ငွက္ေျပာသီးကို ဦးကဲအားေပးလိုက္သည္ ဦးကဲသည္ ငွက္ေပ်ာ္သီးကို ယူကာ စားပြဲေပၚရွိ အပ္ေလးႏွင့္ အေတာ္ က်ယ္က်ယ္ ေဖာက္လိုက္ၿပီး ခုႏွစ္ရက္ အစြမ္းျပေသာ ပီယေဆး ဘူး ထဲ ခဏ စိမ္လိုက္ကာ ျပန္ႏုတ္လိုက္ၿပီး ေမာင္ဘိုးထင္တို႔ကို ျပကာ
“ဒါဆို ေဆးခပ္တာ ၿပီးၿပီ ကြ”
“အေတာ္ ခက္ခဲတာပဲ ဆရာႀကီးရာ ငွက္ေပ်ာ္သီးက ပုံစံ မပ်က္သြားဘူးေနာ္ ”
“အေတြ အႀကဳံေလးေတြေပါ့ကြာ ”
ေမာင္ဘိုးထင္သည္ ငွက္ေပ်ာ္သီးကို စကားမ်ား အမ်ားႀကီးေျပာၿပီး ဦးကဲ လက္ထဲမွ မသိမသာ ယူလိုက္ကာ လြယ္အိပ္ထဲ ထည့္ထားလိုက္ပါေလေတာ့သည္ ။
▪️အခန္း-၇
ဖိုးေထြး ႏွင့္ သာရ သည္ ဦးကဲ အိမ္တြင္ ရွိေသာ စားစရာ ေသာက္စရာမ်ားကို အကုန္ လႊင့္ျပစ္လိုက္ၾကသည္ မနက္ခင္း ပီယေဆး ခပ္နည္းျပၿပီးသည့္ အခ်ိန္မွ ဦကဲသည္ အိမ္ေရွ႕တန္းလ်ားတြင္ အိပ္ေနသည္ ေမာင္ဘိုးထင္သည္ ပီယေဆး ခပ္ထားေသာ ငွက္ေပ်ာ္သီးကို ယူကာ ႐ြာထဲ ရွိ အေဒၚဝင္း အိမ္သို႔ ထြက္သြားၿပီျဖစ္သည္ ၊ မၾကာေသာအခ်ိန္ တြင္ ေမာင္ဘိုးထင္ျပန္ေရာက္လာၿပီး ဖိုးေထြး သာရတို႔ ႏွင့္ အတူ အစားအေသာက္မ်ားကို လိုက္ရွာ ကာ အကုန္လႊင့္ပစ္လိုက္ၾကသည္၊ ထို႔ေၾကာင့္ ဦးကဲ အိမ္တြင္ စားစရာ ဆိုလို႔ ငွက္ေပ်ာ္ သီးပင္ မရွိေတာ့ပါ ေမာင္ဘိုးထင္တို႔ သည္ အစားအေသာက္မ်ားကို ရွင္းသလို မီးဖိုထဲ အိမ္တြင္း အိမ္ျပင္ အကုန္သန႔္ရွင္းေရး လုပ္ေနၾကသည္ ။ မၾကာလွေသ အခ်ိန္ တြင္ ဦးကဲ ႏိုးလာသည္ အိပ္ယာႏိုးရင္ ဗိုက္ဆာ တက္ေသာ ဦးကဲ စားစရာ ဘာမွ မရွိ၍ အေတာ္ကို အၾကပ္႐ိုက္ေနသည္ ေမာင္ဘိုးထင္တို႔ကိုလည္း သူအျပစ္မေျပာရက္ သူအိမ္ကို စိတ္ပါလက္ပါ သန႔္ရွင္းေပးေနေသာ ေၾကာင့္ ျဖစ္သည္ ။ မၾကာေသာအခ်ိန္ တြင္ ဦးကဲ ၏ အိမ္သို႔ ေဒၚ ဝင္း ဝင္လာေလသည္ အေဒၚဝင္း၏ လက္ထဲ တြင္ေတာ့ ဝင္းမွည့္ေနေသာ ဖီးၾကမ္း ငွက္ေပ်ာ္ တဖီးကိုင္လာရာ ဦးကဲ သည္ ေဒၚဝင္းကိုင္ထားေသာ ငွက္ေပ်ာ္ဖီးကို ၾကည့္ၿပီး
“မဝင္း ဘယ္က လွည္လာတာလဲ ”
“ဆရာႀကီး ဆီပဲ လာခဲ့တာ ၿခံထြက္ ငွက္ေပ်ာ္သီးေလး ဦးဦးဖ်ားဖ်ားလာပို႔ တာ ”
“ဟုတ္လား ဗိုက္ဆာ ေနတာလဲ အေတာ္ပဲ ဗ်ာ ”
“ေအာ္ ဆရာႀကီးက ဗိုက္ဆာ ေနတာလား စားပါရွင္ ”
ေဒၚဝင္းသည္ ဦးကဲ၏ အေရွ႕သို႔ ငွက္ေပ်ာ္ဖီးကို ခ်ေပးလိုက္သည္ ၊ ထို႔ေနာ က္ ဦးကဲသည္ ဟန္မေဆာင္ႏိုင္ေတာ့ပဲ ငွက္ေပ်ာ္သီးကို ဆြဲျဖဳတ္ေနစဥ္
“ဆရာႀကီး ခဏေနပါဦး ဒီမွာ ငွက္ေပ်ာသီးအျပဳတ္ တလုံးရွိတယ္ ဒီ ငွက္ေပ်ာ္ သီးေလး အရင္စားလိုက္ပါလားရွင့္ က်မ ငွက္ေပ်ာ္ခြံခြာလိုက္မယ္ ေနာ္ ”
“ေအာ္ ဟုတ္ကဲ့ မဝင္း ”
“ေရာ့စား ဆရာႀကီး”
ေဒၚဝင္းသည္ ငွက္ေပ်ာ္သီးကို ခြာၿပီး ဦးကဲကို ေပးလိုက္ခ်ိန္ ဦးကဲသည္ ခ်က္ခ်င္းယူ၍ ငွက္ေပ်ာ္သီးအား အားရပါးရစားလိုက္ရာ ေမာင္ဘိုးထင္တို႔အားလုံး ေက်နပ္စြာ ၿပဴံေနၾကပါေလေတာ့သည္ ။
▪️အခန္း-၈
ေရအိုးစင္႐ြာေလးရွိ ေဒၚဝင္းအိမ္တြင္ လူႀကီးေတာင္း မငၤလာပြဲေလးက်င္းပ ေနသည္ ထိုမဂၤလာေဆာင္တြင္ သတိုးသားျဖစ္သူမွာ ဦးကဲ ျဖစ္ၿပီး သတိုးသမီးမွာ ေဒၚဝင္းျဖစ္သည္။ ေဒၚဝင္းသည္ ေမာင္ဘိုးထင္ေပးေသာ ငွက္ေပ်ာ္သီးကို ဦးကဲကို ေကြၽးၿပီးေနာက္ေန႔ ဦးကဲမွာ ႐ြာလူႀကီး ႏွင့္ တျခား ရပ္မိရပ္ဖမ်ားကို ေခၚၿပီး လာေတာင္းေသာေၾကာင့္ ခ်က္ခ်င္း အခ်ိန္မဆြဲပဲ မဂၤလာေဆာင္ေပးလိုက္ၾကသည္ ၊ ယခု ဦးကဲသည္ ေဒၚဝင္းအား အရိပ္တၾကည့္ၾကည့္ ႏွင့္ ခ်စ္မဝ ျဖစ္ေနသည္ ၊ ေဒၚဝင္းမွ ႏုတ္ခမ္းေမႊးေတြ ရိတ္ လို႔ပင္ ေျပာရေသးသည္ ဦးကဲမွာ လက္ႏွင့္ ႏုတ္ခမ္းေမြးမ်ားကို ဆြဲႏုတ္ေနေလရာ ေဘးမွ လူမ်ား ဆြဲထားရသည့္ အထိ အခ်စ္ပိုေနသည္ ၊ ေဘးတြင္ ရွိေသာ ပန္းခ်ီငိုမွ ေျပာင္းလဲ သြားေသာ ဦးကဲကို ၾကည့္ၿပီး နားမလည္ ႏိုင္ ျဖစ္ေနသည္ ၊ သို႔ပါေသာ လည္း ဦးကဲ ႏွင့္ ေဒၚဝင္းတို႔၏ မဂၤလာပြဲေလးသည္က ေပ်ာ္႐ႊင္စြာ ႏွင့္ အဆုံးသတ္သြားေလေတာ့သည္၊ ေမာင္ဘိုးထင္တို႔ လည္း ပန္းခ်ီးငို အိမ္တြင္ ထန္းရည္ႏွင့္ ၾကက္ေၾကာ္တို႔ ျဖစ္ေအာင္ပြဲခံေနေလသည္ ၊ ပန္းခ်ီးငိုသည္ ေငးငိုင္ေနေလရာ ေမာင္ဘိုးထင္မွ
“ကိုပန္းခ်ီးငို ဘာေတြ ျဖစ္ေနတာလဲ ဗ်ာ ခင္ဗ်ား ၾကည့္ရတာ မ႐ႊင္မလန္းနဲ႔ ”
“ငါ့ကို ဆရာႀကီး ကဲ ေျပာဖူးတယ္ကြ ဒီတသက္ သူမိန္းမမယူေတာ့ဘူးတဲ့ ”
“အခုေတာ့ ယူၿပီေလ ”
“အဲ့တာ ကို ငါနားမလည္ ျဖစ္ေနတာ ဆရာႀကီးကဲက သူရဲ႕ မိန္းမ ဘာတဲ့ ေဒၚ ထက္ဝတီက လြဲၿပီး ဘယ္မိန္းမ ကိုမွ မခ်စ္ဘူးတဲ့ကြ”
“ဘာေျပာတယ္ သူက အဲ့လိုပဲ ေျပာလား ”
“ငါ့ကို ပီယေဆး ေပးတာေတာင္ သူငယ္ငယ္က အျဖစ္ကို အမွတ္ရၿပီး သနားလို႔ ေပးတာတဲ့ေလ ”
ေမာင္ဘိုးထင္တို႔ မ်က္လုံးျပဴးသြားရသည္ ထို႔ေၾကာင့္ ပန္းခ်ီငို ေျပာမည္စကားမ်ားကို စိတ္ဝင္တစားနားေထာင္ရန္ ဟန္ျပင္လိုက္ၾကသည္ ပန္းခ်ီငိုရဲ႕ စကားသံက ထြက္လာသည္
“ဆရာႀကီးကဲက သူမိန္းမနဲ႔ ေျခာက္လပဲ ေပါင္းလိုက္ရတယ္ တဲ့ကြာ သူက အရမ္းဂ႐ုစိုက္ အရမ္းခ်စ္ေပမဲ ပီယေဆး နဲ႔ ယူထားေတာ့ ပီယေဆး ပ်ယ္ခ်ိန္မွာ သူ႔ရဲ႕မိန္းမက သူ႔ ဘယ္ေလာက္ေကာင္းေကာင္း အျမင္မၾကည္ေတာ့ဘူးတဲ့ကြာ အဲ့လိုနဲ႔ တေန႔သူ အလုပ္သြားေနတဲ့ အခ်ိန္ သူ႔ကိုယ္သူ အဆုံးစီရင္သြားတယ္ တဲ့ ဆရာႀကီး သူမိန္းမ အေၾကာင္းေျပာ ရင္ အေတာ္ကို စိတ္မေကာင္း ျဖစ္ေနတာကြာ အခုေတာ့ ဆရာႀကီး ဘယ္လိုျဖစ္သြားလဲ မသိပါဘူးကြာ ”
ပန္းခ်ီငို ၏ စကားၾကားေသာ အခါ ေမာင္ဘိုးထင္တို႔ မေပ်ာ္ႏိုင္ေတာ့ေပ သူတို႔အားလုံးရဲ႕ မ်က္လုံးထဲတြင္ေတာ့ ဦးအုန္းႀကီး၏ ဦးကဲကို ပ်စ္ပ်စ္ ႏွစ္ႏွစ္ေျပာေနေသာ ဟန္ပန္ႀကီးကိုသာ ျမင္ေနရပါသည္၊ ပန္းခ်ီငို ႏွင့္ ေမာင္ဘိုးထင္တို႔ စကားေျပာေနစဥ္ ပန္းခ်ီငို၏ အိမ္ေပၚသို႔ ေပါက္တူးတက္လာၿပီး
“ေဟ့ေကာင္ေတြ မင္းတို႔က ဒီမွာ ေအးေဆး သစားလိုက္ ေသာက္လိုက္ လုပ္ေန ႐ြာထဲမွာ ဘိုးထင္တို႔ နဲ႔ တ႐ြယ္ထဲ ကိုၿပဳံးေရနစ္လို႔ ေသၿပီတဲ့ကြ”
“ဘာ ဟို စကားေျပာရင္ ၿပဳံးၿပဳံး နဲ႔ ကိုၿပဳံးလား ”
“ေအး ဟုတ္တယ္”
ေမာင္ဘိုးထင္တို႔ ပန္းခ်ီငို အိမ္တြင္ စားေနေသာက္ေနသည္ကို ရပ္လိုက္ၾကကာ ပန္းခ်ီငိုကို ႏုတ္ဆက္ၿပီး ေပပင္႐ြာသို႔ ျပန္လိုက္ၾကပါေလေတာ့သည္။
▪️ေအာက္လမ္းဘိုးထင္ ႏွင့္ ပီယဝိဇၨာ ငကဲ ဇတ္လမ္းေလးသည္က ဤမွ်သာ မၾကာမီ ေအာက္လမ္း ဘိုးထင္ ႏွင့္ သရဲကိုၿပဳံး အမည္ရေသာ ဝတၳဳေလးကို တင္ဆက္ေပးပါမည္ ။
📝ေမာင္တင္ဆန္း
#mgtinsan