အိမ်အပြန်လမ်း(စ/ဆုံး)
———————
“ပြန်လာခဲ့ပါ မိန်းမရယ် ….
ငါလေ နင်ပြန်လာလေမလားလို့ …ဟောဒီ
ရွာအ၀င် က အိမ်အပြန်လမ်းလေးကနေ
နင့်ကို စောင့်နေပါတယ်ဟာ…….”
မင်းလွင် .. ရွာအ၀င် ကုက္ကို ပင်လေး နားမှာ ထိုင်ကာ
မိန်းမ ဖြစ်သူ နန်းကြာဖြူ ပြန်လာလေမလား ဆိုပြီး
နေ့စဉ် သွားကာ ထိုင်မျှော် နေမိသည်။
ရွာနှင့် မြို့သို့ သွားသော လမ်းလေးအတိုင်းလျှောက်ကာ
ရင်သက်ရှု ့မောဖွယ်ကောင်းသော ပန်းခင်းကြီး ၏
ဧရိယာ အဆုံး လှည့်ပတ်ကာ ကြည့်နေမိသည်။
မင်းလွင် ရဲ့ အဖြစ်ကို “ကန်သာ” ရွာသူ ရွာသားများ
စိတ်မကောင်းစွာ ဖြစ်နေရသည်
မင်းလွင် သားသမီး ရှိသော်လည်း ဂရုပင်မစိုက်နိုင်
ကလေးတွေကို မိခင်ဖြစ်သူနှင့်ထားကာ ရွာထိပ်က
ကုက္ကို ပင်းလေး အောက်တွင် တစ်ယောက်ထဲ ထိုင်ကာ
ပါးစပ်မှ ပြန်လာခဲ့ပါဟု ရေရွတ် နေတက်သည်။
“ဒကာ လေး မင်းလွင် ”
“ဘုရား…”
“ပြီးခဲ့တာတွေလည်း ပြီးပြီပဲ …. အခုလို လုပ်နေလို့…
ဒကာ လေးအတွက် ဘာအကျိုး မှ မရှိပါဘူးကွယ်…”
“ဘုန်းဘုန်း အစထဲက …ဒကာလေးကို ..ပြောခဲ့သားပဲ…
မဖြစ်နိုင်တာကို ဇွတ်လုပ်ရင် ဒကာ လေးပဲ ခံစားရမယ်လို့
ပြောခဲ့တာလေ….အခုတော့ ဖြစ်လာပြီ…..”
“တင်ပါ့ ဘုရား တပည့်တော် အတက်နိုင်ဆုံး
ကြိုးစားပါ့မယ်”
“အေးကွယ်…သား သမီးလေးတွေ
မျက်နှာလည်း ပြန်ကြည့်အုန်း”
ရွာဦးကျောင်းက ဆရာတော် မင်းလွင် ကို
တရားချ ပြီးသည်နှင့် ကျောင်းသို့ပြန်သွားသည်။
မင်းလွင် ကတော့ ထိုနေရာလေးမှာ ထိုင်လျှက်ပင် ကျန်ခဲ့သည်
မင်းလွင် ထိုသို့ ဖြစ်နေရခြင်း အကြောင်းကို တစ်ခါပြန်လည်
ပြောရမယ်ဆိုရင်တော့……။
မင်းလွင် သည် …ကန်သာ..ရွာလေးတွင်
နေထိုင်ကာ မိခင်နှင့် ဖခင်ကို ရိုးသားစွာ
လုပ်ကိုင်ရှာဖွေကျွေးမွေးသည် ရိုးသားကာ
သဘောကောင်း၍ ကန်သာ ရွာ တစ်ရွာလုံး သူကို ချစ်ကြခင်ကြသည်။
မနက်ဆို မြို ့ပေါ်တက်ကာ ကုန်ထမ်းသည်
ညနေဆို ပိုက်ဆံလေးကိုင်ကာ မိခင်ထံအကုန်ပြန်ပေးသည်
အသောက်စားမရှိ မိန်းမ မရှုပ် ဘ၀ကို ရဲဝံ့စွာ
လုပ်ကိုင်ရင်း မိခင် ဖခင်ကို ပြုစု စောင့်ရှောက်ရှာသည်။
ကန်သာ ရွာ နှင့် မြို ့သို့ သွားသော လမ်းလေး
တွင် မြို ့နှင့်ရွာကြား တွင် ပန်းခင်း တစ်ခုရှိသည်
ထိုပန်းခင်းကြီးသည် အလွန် ကြီးကာ ကျယ်ပြန့်လှသည်
ပန်းပေါင်းစုံ ရနံ့မှာလည်း အလွန်ပင် သင်းပျံ့မွှေး
ကြိုင်လှသည်။
မင်းလွင် မြို့သို့ နေ့တိုင်း အလုပ်သွားကာ
ပြန်ကာနှင့် ကန်သာ ရွာလေးမှာ နေ့ဘက်ဆို သူမရှိ
အလုပ်နားရက်မို့ ရှိလျှင်လည်း မနားပဲ အနားရှိ တောထဲ၀င်ကာ
ထင်းခြောက်တွေခုတ်ကာ အနေတော် စီးကာ ပြန်ရောင်း
တက်သည်။
နောက်တစ်နေ့ မနက် မင်းလွင် အခါတိုင်းလို
စက်ဘီးလေးစီးကာ မြို့သို့တက်လာခဲ့သည်။
မြို့သို့ မရောက်ခင် ပန်းခင်းအလယ်တွင်
မိန်းကလေး တစ်ဦးကို မင်းလွင် တွေ့လိုက်ရသည်။
ထိုမိန်းကလေးကို ….တွေ့သော်လည်း
ဂရုမစိုက် …ဒီအနီးနားရွာက ပန်းလာခူးသည်ပဲထင်ကာ
ရှေ့သာ ဆက်သွားသည်
နောက်နေ့များတွက်လည်း ထိုမိန်းကလေးကို
ထပ်တွေ့ပြန်သည်။
နေ့တိုင်းလိုလို ပင် သူမ ကို တွေ့ရသည်
မင်းလွင် နည်းနည်းစိတ်၀င်စွားသွားသည်
အဘယ့်ကြောင့်ဆိုသော် ထိုမိန်းကလေး ကို တွေ့ပါများလာခဲ့
ခြင်းကြောင့်ပင် ဒီထက် ပိုစိတ်၀င်စားရခြင်း အကြောင်းမှာ
ထိုမိန်းကလေးကို ထို ရွာ အနီး သူတစ်ခါဖူးမျှပင် မတွေ့ဖူး
ခန္ဓာကိုယ် အချိုးစားကြသည်
ရှည်လျားသော ဆံပင်တို့မှာ ဒူးခေါင်းပင် ကျော်လွန်သည်။
ရုပ်ရည်မှာလည်း ပြောစရာမရှိ မြင်သူတိုင်း ငေးလောက်သည်
မင်းလွင် နေတိုင်း သွားသည်…အလုပ်နားရက်ဆိုလျှင်လည်း
မနက်ဆို သွားတက်သည်
တစ်နေ့တော့ သူမ ကို ချစ်နေတဲ့ အကြောင်း
ကို ဖွင့်ပြောမည်ဟု ဆိုကာ ထွက်လာခဲ့သည်။
“ဘ..ဘရယ် သမီး ကို ပန်းသွား ခူးခွင့်ပေးပါနော်”
“သမီး ရယ် ..ဘ ဘ မသွားစေချင်လို့ မဟုတ်ပါဘူး ”
“မကြာခင် ဘ ဘတို့ သိုက်တံခါးက ပိတ်တော့မှာ
သမီး လေးအချိန်မှီ ပြန်မလာမှာ ဆိုးလို့ အဘ တားနေတာပါ..”
မင်းလွင် ပန်းခင်းနားရောက်တော့ ထိုမိန်းကလေး
ကို မတွေ့ရပေ…သူတစ်ယောက် စိတ်ဓာတ်ပင် ကျသွားသည်။
“ဘ ဘရယ် ခဏ လေးပါပဲနော်….”
“ကဲ ဒီလောက်သွားချင်နေရင်လည်း ….ခဏ တော့သွား
သိပ်မကြာနဲ့……”
မင်းလွင် စက်ဘီးလေးနင်းကာ ပန်းခင်းကြီး နားကထွက်မည်
အလုပ်တွင် … မိန်းကလေး..ပြုံးပျော်နေသော….
ဟန်ဖြင့် ထွက်လာသည်ကို တွေ့လိုက်ရသည်
မင်းလွင်….အလွန်ပျော်သွားသည်။
ထိုးမိန်းကလေး အနားကို ပန်းပင်တွေကြားမှ ပုန်းဝှက်သွားကာ
အနားရောက်တွင် တင်းကြပ်စွာဖက်လိုက်သည်။
“ရှင် ..ရှင် ဘယ်သူလည်း…..”
“မကြောက်ပါနဲ့ အမိ….ကျွန်တော် အမိကိုအန္တရာယ်မပေးပါဘူး”
“ကျွန်တော် …အမိကို ချစ်လို့ စကားလာပြောတာပါ
ကျွန်တော့် အချစ်ကို လက်ခံပါနော်”
“မ..မ..မဖြစ်နိုင်ပါဘူးရှင်…ကျမ ကို လွှတ်ပါနော်…
ကျမ ပြန်ရတော့မယ် အချိန်မရှိတော့လို့ပါ….”
“လွှတ်စေချင်ရင် ချစ်တယ်လို့ပြောရင် လွှတ်ပေးမယ်”
မင်းလွင် ပို၍ တင်းကြပ်စွာ ဖက်လိုက်သည်။
“တကယ် မဖြစ်နိုင်လို့ပါ ရှင်…ကျမကို လွှတ်ပေးပါနော်..
ကျမ တောင်းပန်ပါတယ်……”
“ဒူး..ဒူး….ဒူး…..”
ထိုအချိန်တွင် မောင်းထုသံ သုံးချက်ကြားလိုက်ရသည်
ထိုချိန်တွင် မိန်းကလေး ထံမှ မျက်ရည်နှင့် အတူ ငိုသံပါထွက်ပေါ်လာသည်။
“ကျမ…ပြန်လို့ မရတော့ ဘူး…ဘယ်လိုပြန်ရတော့မလည်း
တံခါးလည်း ပိတ်သွားပြီ….”
” ရှင်..ကျမ ကို တကယ် ချစ်တာလား”
“တကယ် ချစ်တာ ပါ အမိ မလိမ်ပါဘူး
ကျွန်တော် တကယ် ချစ်တာပါ…”
“အဲ့တာဆို လည်း ကျမကို ရှင့် အိမ်သာ ခေါ်သွားပါတော့နော်
ကျမ အိမ်ပြန်လို့ မရတော့ဘူး…”
မင်းလွင် စဉ်းစားရသည်..ခုနက အတင်းငြင်းနေသူ
အခုကြတော့ သူအိမ်သာ ခေါ်သွားတော့ဟုပြောသည်။
ဘာပဲ ဖြစ်ဖြစ် ကိုယ်ချစ်တဲ့သူပဲ ခေါ်သွားရမှာပဲလေ
မင်းလွင်ပျော် ကာ အလုပ်မသွားပဲ ထိုမိန်းကလေးကို
စက်ဘီး ပေါ်တင်ကာ ရွာသို့ ပြန်လှည့်လာခဲ့သည်
“အော် အမိ နာမည် ဘယ်လိုခေါ်လည်း…”
“ကြာဖြူ….နန်းကြာဖြူပါ….”
နာမည်လည်းလှ လူလည်း လှတဲ့ နန်းကြာဖြူ ကို
သူပိုင်ဆိုင်ရသည်မို့ အလွန်ပျော်သည်။
“အမေ..ရေ….အမေ့….”
“ဟဲ့သား..နင်အလုပ်မသွားဘူးလား….”
“သွားတော့ သွားတယ် …သားအလုပ်မရောက်ဘူး..
သား..သားမိန်းမ ခိုးလာတယ် အမေ”
“ဟယ် ကိုယ်ကျိုးတော့ နည်းပေါ့…ဘယ်မတုန်း
နင့်မိန်းမ….”
“ဒီမှာ လေ သားမိန်းမ …..”
“အမလေး သားရယ်…နောက်စရာမရှိ…ကိုယ့်
အမေကိုပြန်နောက်နေတယ်….
ဒီနေ့သား အလုပ်နားချင်လို့ပြောလည်းရပါတယ်
ဘာလည်းမိန်းမခိုးလာတယ်တဲ့…ဘယ်သူမှလည်း မပါပဲ”
“ဟာ…အမေကလည်း …သားက.ဘာလို့နောက်ရမှာလည်း
သားတကယ်ခိုးလာတာ…..”
“အေးလေ ..ခိုးလာတယ် ဆိုဘယ်မှာတုန်း”
“ဒီမှာ သားဘေးမှာ အမေရဲ့”
“ငါ့သား နင်နေကောင်းပါတယ်နော်”
“သားနေကောင်းပါတယ်….”
မင်းလွင်ပြောတာကို မယုံ
သူစဉ်းစားရပြန်သည် သူ့ဘေးတွင် ရှိနေပါရက်နဲ့ ဘာကြောင့်
မမြင်ပါဘူး ဟု ပြောနေတာလည်း …..
အော် အမေ မသိချင်ရောင်ဆောင်တာနေပါမယ်
ဟုဆိုကာ ဖြေသိမ့်လိုက်သည်။
နောက်နေ့ များမှာညအလုပ်မသွား
သူမိန်းမ ဖြစ်သည် နန်းကြာဖြူ နှင့် စကားများပြောနေတက်သည်
“မင်းလွင် ဘယ်သူနဲ့ စကားတွေ ပြောနေတာတုန်းဟ”
“ငါ့မိန်းမနဲ့ပြောနေတာပါကွာ….”
“ဟေ…ဘယ်တုန်းကယူလိုက်တာလည်း….”မနေကပဲ
ခိုးလာလိုက္တာ….”
“ဘယ်မတုန်း..မင်းမိန်းမ ကြည့်ပါရစေအုန်း”
“ဒီမှာလေကွာ…ငါ့ဘေးနားမှာ”
ဖိုးထော် လိုက်ကြည့်သည်
ဘယ်သူမှ မတွေ့
“မင်းလွင် ….မင်းကလည်း မနောက်ပါနဲ့ကွာ….
ခေါ်လိုက်ပါကွ မင်းမိန်မကို…..”
“ဟကောင် ရလည်း မနောက်ပါဘူး…
ငါ့ဘေးနားမှာ…..”
ဖိုးထော် ခေါင်းပင်ကုတ်ကာ စဉ်းစားလိုက်ရသည်
ထွက်လာသည့် အဖြေကတော့ မင်းလွင်တော့
ရူးနေပြီဟု ထင်လိုက်သည်။
“အေးကွာ …ငါပြန်လိုက်အုန်းမယ်….နောက်မှပဲ
လာခဲ့တော့မယ်…..။
“အကို သူတို့ပြောတာ မှန်ပါတယ် ကျမ ကို
သူတို့မတွေနိုင်ဘူး….”
“ဘယ်လို ဘယ်လို…ကြာဖြူ ကိုမတွေ့နိုင်ဘူးဟုတ်လား”
“ဟုတ်ပါတယ် အကို….ကျမ ဟာ တကယ်တော့….
လူသား တစ်ယောက်မဟုတ်ပါဘူး …”
“ဘယ်လို လူသားမဟုတ်ဘူးဟုတ်လား..သေချာ
နားလည်အောင်လည်းပြောပြပါအုန်း။
“ဟုတ်ပါတယ် ကျမ ဟာ..ပစ္စည်းဥစ္စာ အမြောက်အများကို
စောင့်ရတဲ့…သိုက်နန်းရှင်မလေးပါ..ဒါကြောင့် လူတွေမမြင်ရတာပါ။
“ဒါဆို အကို ကျတော့ ဘာလို့ မြင်နိုင်တာလည်း
မြင်ရတာလည်း…”
“အကို ကလိပ်ပြာ လှတယ် ဘာအပြစ်မှ မရှိလို့ မြင်ရတာပါ”
မင်းလွင် အကြောင်း လူပြောများလာကာ ဆရာတော် ဘုရား
ထံသို ပေါက်ကြားသွားသည်။
ဆရာတော် ဘုရား မင်းလွင် ထံသို့ ရောက်လာခဲ့သည်
“ဒကာ လေး…မင်းလွင် ”
“ဘုရား…”
“ဒကာ လေး..တစ်ယောက်ထဲ စကားတွေပြေနေတယ်ဆို..
“တင်ပါ့..တပည့်တော် မိန်းမနဲ့ပြောနေတာပါ…”
“အေးကွယ် ဒါနက် ဘုန်းဘုန်း ပြပါအုန်း…”
“တပည့်တော် ဘေးနားတွင်ရှိပါတယ် ဘုရား….”
ဆရာတော် ဘုရား ကြည့်သော်လည်း မရှိ
ဆရာတော် သိလိုက်သည်။
“ဒကာလေး မိန်းမဟာ လူသားအစစ်တော့မဟုတ်ဘူးကွဲ့
ပရလောကသားဆိုတာ ဒကာလေးသိလား”
“သိပြီးပါ ပြီး ဘုရား….”
“ဆရာတော်ဘုရား တပည့်တော်ကို ကူညီနိုင်ရင်
ကူညီပေးပါ ဘုရား…တပည့်တော် မိန်းမကို လူအများ
မြင်နိင်အောင်လို့….”
“ဒကာလေး…မဖြစ်နိုင်တာကို ဇွတ်မလုပ် ချင်ပါနဲ့
ကြာရင် ဒကာ လေးပဲ ခံစားရလိမ့်မယ် …ပူလောင်ရလိမ့်မယ်”
“ခံစားရရင်လည်း ခံစားရပါစေဘုရား…ဒီတစ်ခုတော့
တပည့်တော်ကို ကူညီပေးပါ ဘုရား…”
“အေးလေ ပြောမရရင်လည်း….ဒကာလေး ထိုက်နဲ့ ဒကာလေးကံပေါ့…ဘုန်းဘုန်းကတော့…
လောကီ တွေနဲ့မသက်ဆိုင်တဲ့အတွက်လုပ်ပေးလို့မရဘူး
ဘုန်းဘုန်း မိတ်ဆွေတော့ ရှိတယ် သူ့ကို ဘုန်းဘုန်း
ပြောပေးမယ်”
“တင်ပါ့ ဘုရား…”
နောက်တစ်နေ့မနက် မင်းလွင်ကို ရွာဦးကျောင်း မှ ကျောင်းသား
လေးလာခေါ်သည် ဘုန်းဘုန်း ခေါ်လိုက်သည်ဟုပြောသွားသည်။
မင်းလွင် ချက် ချင်းပင်လိုက်သွားသည်
“အော် ဒကာလေး မင်းလွင် လာကွဲ့ …
ဒါ ရှမ်းဆရာကြီး….စိုင်းနော် လို့ခေါ်တယ်”
မင်းအကြောင်းတွေ အကုန်ပြောပြပြီးပြီ
ဒကာလေးကို ဒီဆရာကြီး ကူညီလိမ့်မယ်။
စိုင်းနော် ဆိုတဲ့ ဆရာကြီးမှာ တည်ကြည်ခန့်ညားလှသည်
“ကဲ မောင်မင်းလွင် မင်းသေချာတော့ စဉ်းစား
အခုဟာက ကြာရင် မောင်မင်းလွင်ပဲ ဒုက္ခရောက်မှာနော်”
“စဉ်းစားပြီးပါပြီ ဆရာကြီး…ဘယ်လို ဒုက္ခရောက်ရောက်
ခံနိုင်ပါတယ်…”
“အေးလေ အဲ့တာဆို မောင်မင်းလွင်ကို..ဆရာကြီး
ကူညီ ပါ့မယ်
“ကဲ မောင်မင်းလွင် ရော့ ဒါဟာ..လူအရိုးနဲ့..လုပ်ထားတာ
ဒါလေးကို…မင်းမိန်းမ ခေါင်းမှာစိုက်လိုက်…”
“ဒါမစိုက်ခင် ဂါထာ တစ်ခုကို ရွတ်ရမယ် မင်းမိန်းမသ်ိစေနဲ့ကွဲ့
ကြားလား မင်းမိန်းမ အလစ်မှာ ဂါထာရွတ်ပြီးစိုက်လိုက်”
“ဟုတ်ကဲ့ ဆရာကြီး”
အရိုးနဲ့လုပ်ထားသော အချောင်းလေးမှာ
အပ်လောက်ပင် ရှိသည် ချွန်ထက်သည်။
မင်းလွင် အိမ်သို့ ပြန်ကာ မိန်းမဖြစ်သူ
နန်းကြာဖြူနှင့် စကားတွေ ပြောနေလေသည်
မျက်စိကလည်း ဦးခေါင်းထက်သာ ရောက်နေသည်
နန်းကြာဖြူ နားကပ်ကာ ပွေ့ဖက်လိုက်သည်။
ရယ်မောကာစကားပြောနေရင်း
မင်းလွင် လက်သည် နန်းကြာဖြူ ၏ ဆံသားကို ကိုင်ဟန်ပြုနေလိုက်သည်။
ပါးစပ်တွင်လည်း ရှမ်းဆရာကြီး ပေးသော ဂါထာကို
ရွတ်လိုက်သည် ရွတ်ပြီး အဆုံး အရိုးစိုက်လိုက်ချိန်တွင်
“ဝုန်း….”
မီခိုးများ အလိပ်လိုက်တက်သွားသည်။
မီးခိုးများ ပျောက်ကွယ်သွားချိန် နန်းကြာဖြူ ခွေခွေလေး
လဲကြနေသည်ကို တွေ့လိုက်ရသည်
လှုပ်ကာနှိုးသည် မျက်နှာ ကို ရေဖြင့်တောက်သည်
အချိန်တော်တော်ကြာမှ နန်းကြာဖြူ သတိရလာသည်။
ထိုနေ့မှ စ၍ မင်းလွင်ရဲ့ မိန်းမ နန်းကြာဖြူ ကို
လူတိုင်းတွေ့မြင်နိုင်ကြသည်။
ထိုနေ့မှ စ၍ မင်းလွင်တကယ် မိန်းမခိုးလာသည်ဟု
လက်ခံကြသည်။
နန်းကြာဖြူ မှာ အလွန်ချော၍ မင်းလွင် နဲ့
မလိုက်ဟုတောင်ပြောကာ သူငယ်ချင်းများ စနောက်ကြသည်။
အချိန်တွေကြာလာခဲ့သည်မှာ မင်းလွင့်တို့မှာပင်
သမီး လေးတစ်ယောက်ရလာခဲ့သည်
မင်းလွင် အလုပ်တွေကြိုးစားရှာသည်
မိန်းမလုပ်သူ လိုချင်တာ မရရအောင်၀ယ်ပေးသည်။
ထိုသို့နေထိုင်လာသည်
သမီး လေး ငါးနှစ် အရွယ်တွင် သားတစ်ယောက်
ထက်၍မွေးသည်…။
တစ်နေ့မှာ တော့ မင်းလွင် အတွက် ကံကြမ္မာမုန်တိုင်း
တိုက်ခတ် လာခဲ့သည်။
အကြောင်းမှာ နန်းကြာဖြူသည်
အိမ်နီးချင်း များနှင့် သန်းရှာနေစဉ်…
“ဟဲ့ ကြာဖြူ နင့်ခေါင်းမှာ ဒုတ်ချောင်း တစ်ခု စိုက်နေတယ် ”
“အေးဟယ် အဲ့တာကြောင့် ယားနေတာနေမယ်..
နှုတ်လိုက်ဟယ်….”
တစ်ဖက်မှ နှုတ်လိုက်သော အခါ
မထင်မှတ်တာများ ဖြစ်သွားသည်…
မီးခိုးများထွက်ကာ နေရာတဝိုက် ဘာမှ မမြင်ရ
မီးခိုးများ ပျောက်ကွယ်ချိန် နန်းကြာဖြူ ပါ
မတွေ့ရတော့ပေ…
ထို အဖြစ်ကို မင်းလွင်ပြန်လာချိန် ပြောပြလိုက်သောအခါ
မင်းလွင် အသံကုန်အော်ဟစ်ကာ ငိုချလိုက်သည်။
ပါးစပ်မှ လည်း ပြန်လာခဲ့ပါ မိန်းမရယ် ဆိုပြီး
ပြောနေတက်သည်။
ထိုနေ့မှ စ၍ မင်းလွင် ရွာထိပ်က ကုက္ကို ပင်းလေးနားသွားလိုက်
စတွေ့ ခဲ့သော ပန်းခင်းနားသွားလိုက်နဲ့ နန်းကြာဖြူ
ကိုတွေ့လေမလား ဆိုပြီး စောင့်မျှော်နေ့တော့သည်။
သူမ ပြန်မလာနိုင်မှန်းသိရက်နဲ့
သူမ ပြန်လာမလားဆိုပြီး အိမ်အပြန်လမ်းလေးကနေ
မင်းလွင် မျှော်နေ ရှာတော့သည်။
#ပြီး#
စာဖတ်သူများ
လေးစားလျှက်
ကြိုးစားပါအုန်းမည်။
မင်းခသူ