သာဒင်(စ/ဆုံး)
———-
ဆောင်းတွင်းနံနက် ကောင်းကင်မှနှင်းစက်တို့တဖွဲဖွဲကျဆင်းချမ်းအေးနေသည်အချိန် လူအများစုမှာစကားတွေဖောင်ဖွဲ့
ပြောဆိုပျော်မြူးစည်ကားလို့နေသည်။
သူတို့စည်ကားနေကြသ်ာနေရာကားအခြားမဟုတ်
ပဲခူးရိုးမတောင်ခြေအနီးရှိ လှသာရွာလေးအနောက်ဖက်
သာအေးထန်းတောအတွင်း၌ပင်ဖြစ်၏။
ထန်းရည်ဆိုတာမျိုးကလည်း ဆောင်းတွင်းနံနက်စောစော
သောက်လျှင်ပို၍သောက်ကောင်းသည်မို့ အမြည်းစုံလင်လှ
သော သာအေးထန်းတောလေးအတွင်း ထန်းရည်ကြိုက်သည်ကာလသားများပြည့်နှက်လို့နေသည်။
ဗျို့…ကိုသာအေးကြီး ကျွန်တော်တို့ကိုထန်းရည်သုံးလောက်လာချပေးပါအုံးဗျ,,အမြည်းဘာတွေရှိသေးလဲ
ကိုသာအေးကြီး………..
ဆိုင်ရှင်သာအေးတစ်ယောက် ထန်းရည်သုံးအိုးလက်မှာဆွဲလာရင်း ခုမှမှာသောဝိုင်းသစ်ကိုလာချပေးလိုက်ပြီး
ဟား….ငါနှယ့်ဘယ်သူတွေများမှတ်တယ် နေရောင်၊ထင်ပေါ်နဲ့ထွန်းခိုင်တို့ပါလားကွ,,အမြည်းကတော့ သိပ်ပြီးများများစားစားမရှိတော့ပါဘူးကွာ,,ကြွက်ကြော်၊အာပြဲ
ခြောက်၊လက်ဖက်သုပ်၊ပဲကြီးလှော်ပဲရှိတော့တယ်ကွ,,နေရောင်ရ,,
ဟား…ကိုသာအေးကြီးဆိုင်ကတယ်ရောင်းကောင်းပါလား
ဟိုတစ်နေ့ကမှ ကျွန်တော်တို့ဆီက ချေ(ဂျီ)တစ်ခြမ်းနဲ့ယုန်နှစ်ကောင်တောင်ဝယ်သွားတာမဟုတ်လားဗျ,,
အမှန်တစ်ကယ်ပင် နေရောင်၊ထင်ပေါ်၊ထွန်းခိုင်တို့သူငယ်ချင်းသုံးယောက် ဟိုတစ်နေ့ကအမဲပစ်ထွက်စဉ် ချေ(ဂျီ)တစ်ကောင်နှင့် ယုန်သုံးကောင်ရခဲ့၍ သူတို့အမဲရတိုင်းဒိုင်ခံယူနေကျ ကိုသာအေးကြီးကို ချေ(ဂျီ)
တစ်ခြမ်းနှင့် ယုန်နှစ်ကောင်ကိုရောင်းခဲ့ပြီး ယခုကုန်သွားပြီဆိုသောကြောင့် နေရောင်အံ့သြပြီးမေးလိုက်ခြင်းဖြစ်သည်။
မင်းလည်းသိတဲ့အတိုင်းနေရောင်ရာ ငါဆိုင်မှာထန်းရည်လာသောက်တဲ့သူတိုင်းက သူတို့အိမ်မှာသာဟင်းကောင်း
ဝယ်ချက်ဖို့စဉ်းစားနေကြတာ ထန်းရည်လေးနဲ့မြည်းဖို့ကျ
တော့ ကောင်းပေ့ဆိုတာတွေကြည့်မှာစားကြတာလေကွာ
ဒီတော့ မင်းတို့ဆီကငါယူသမျှအမဲတွေယူမလောက်ဖြစ်နေ
ရတာေပါ့ကြာ,,ဟား…….ဟား……..ဟား…………
ပျော်ပျော်နေတက်သည် သာအေးတစ်ယောက်ရယ်မောရင်းနေရောင်တို့ကိုပြောပြနေ၏။
ဒါဆိုရင်လည်း ရှီသမျှအမြည်းတစ်ပွဲစီနဲ့ ကြယ်နီဆေးပေါလိပ်လေးတစ်ပွဲချပေးကိုသာအေးကြီး မြန်မြန်လေးတော့လုပ်ပေးနော် ကျွန်တော်တို့ကတစ်ခါတစ်မှသောက်တဲ့
သူတွေဆိုတော့ အမြည်းမပါပဲမသောက်တက်ဘူးဗျ,,
အမြည်းမရှိတော့ရင်ပူတယ်ဆိုတာလိုပေါ့ဗျာ,,ဟား…ဟား…ဟား…….
နေရောင်တစ်ယောက်ကိုသာအေးကြီးကို စနောက်ရင်းပြန်
ပြောလိုက်၏။
သိပ်မကြာလိုက် သာအေးတစ်ယောက်နေရောင်တို့မှာထားသောအမြည်းတွေနှင့် ကြယ်နီဆေးပေါလိပ်ခလေးလာချပေးပြီး
နေရောင်မင်းတို့ဘယ်တော့တောထဲပြန်ဝင်မှာလည်း ငါဆိုင်မှာက မင်းတို့သုံးယောက်အမဲပစ်မထွက်ဖြစ်တဲ့ရက်ကြာတာနဲ့ အမြည်းကောင်းကောင်းရယ်လို့မရှိတော့ဘူး
စိတ်ချကိုသာအေးကြီးရေ…ကျွန်တော်တို့မနက်ပဲတောထဲဝင်တော့မှာ ကိုသာအေးကြီးကအမြည်းတင်ပဲပျက်တာ ကျွန်တော်တို့သုံးယောက်က ဘိုင်ပါပျက်နေပြီဗျ,,
ဟား…..ဟား…….ဟား…….
ဒီတစ်ခါဝင်ပြောလိုက်သူက ထင်ပေါ်ပင်ဖြစ်လေသည်။
ဟုတ်တော့လည်းဟုတ်ပေ၏။ ကိုသာအေးကြီးထန်းတောမှာက လှသာရွှာတင်မဟုတ်အနီးအနားရှိရွာတွေကပါလာသောက်ကြ၍ အလွန်ရောင်းကောင်းပြီးအမြည်းတင်မလောက်ဖြစ်နေသည်မှာနေရောင်တို့အသိပင်
ဖြစ်၏။
အိမ်ခြေတစ်ရာကျော်မျှရှိသည်လှသာရွာတွင် မုဆိုးအလုပ်ဖြင့်အသက်မွေးဝမ်းကြောင်းပြုနေသူများမှာ များများစားမရှ်ိ နေရောင်၊ထင်ပေါ်၊ထွန်းခိုင်တို့သုံးယောက်သာရှိသည်။
လှသာရွာလေးရှိလူအများမှာ လယ်ပိုင်ယာပိုင်တွေများကြ
သည်ဖြစ်၍ အပျော်တမ်းမုဆိုးတွေကများကြ၏။
လယ်ပိုင်ယာပိုင်မရှိသော နေရောင်၊ထင်ပေါ်၊ထွန်းခိုင်တို့
သုံးယောက်သာ ဝမ်းရေးအတွက်မုဆိုးအလုပ်ဖြင့်ရှာဖွေ
လုပ်ကိုင်စားသောက်နေကြရသည်သူများဖြစ်သည်။
ယခုလည်း အမဲပစ်မထွက်ဖြစ်သောနားရက်လေးမှာ ထင်
ပေါ်နဲ့ထွန်းခိုင်အဖော်ဆွယ်ကောင်း၍ ဆောင်းနံနက်စောစော ကိုသာအေးကြီးထန်းတောတွင် ပင်ကျထန်းရည်လေး
လာသောက်ကြခြင်းဖြစ်သည်။
နေရောင်တို့သူငယ်ချင်းသုံးယောက်သား အမြည်းစားလိုက်
ပင်ကျရေခလေးသောက်လိုက် ရှေ့ဟောင်းနောက်ဖြစ်တွေပြောလိုက် ရယ်မောစရာဟာသတွေပြောလိုက်နှင့် အားလပ်ချိန်ကလေးကိုအပူကင်းလွတ်လပ်စွာဖြတ်သန်းနေကြ၏။
ဟေး….သာအေးငါတို့အဖွဲ့ကို ထန်းရည်ငါးအိုးနဲ့ကောင်းပေ့
ဆိုတဲ့ အမြည်းတွေအကုန်လာချပေးကွာ,,
လေသံမာမာဖြင့်ထန်းရည်လှမ်းမှာလိုက်ပြီး ထန်းတောအတွင်းလူရှင်းသည်ဝိုင်းတွင် လူငါးယောက်ဝင်ထိုင်လိုက်ကြသည်။
နေရောင်တို့သူငယ်ချင်းသုံးယောက်သား စကားတွေပြောနေသည်မှ တိတ်ဆိတ်သွားပြီး ဝင်လာသောလူငါးယောက်အားသေချာအကဲခတ်ကြည့်မိလိုက်ကြ၏။
အခြေနေကတော့ ပြသနာတစ်ခုခုဖြစ်တော့မယ်ထင်တယ်နေရောင်နဲ့ထင်ပေါ်ရေ့…ဒါဟိုဘက်အုန်းတောစုရွာကလူမိုက်ဘကျော်တို့အဖွဲ့ကွ,,
ထွန်းခိုင်တစ်ယောက် လေသံတိုးတိုးဖြင့်သတိပေးလှမ်းပြောလိုက်သည်။
ဆိုင်ရှင်ဖြစ်သော သာအေးတစ်ယောက်လူမိုက်ဘကျော်တို့အဖွဲ့မှာသော ထန်းရည်ငါးအိုးလာချပေးရင်း…..
ဘကျော် ဆိုင်မှာအမြည်းတွေကသိပ်မစုံတော့ဘူးကွ,,
ကြွက်ကြော်၊အာပြဲခြောက်၊လက်ဖက်သုပ်၊ပဲကြီးလှော်ပဲရတော့တယ် တောကောင်သားတွေက နေရောင်တို့အဖွဲ့အမဲ
ပစ်မထွက်ဖြစ်သေးတော့မရသေးဘူးဖြစ်နေတာ
ဟေ့ကောင် သာအေးမင်းကငါတို့အဖွဲ့ကိုမရောင်းချင်လို့တမင်းပြောနေတာမလား ငါဘာကောင်ဆိုတာမင်းသိတယ်နော် ငါစိတ်မတိုလာခင် အမြည်းတွေအကုန်သွားယူလာခဲ့ချေ
မဟုတ်ရပါဘူးဘကျော်ရာ ငါဆိုင်မှာတစ်ကယ်မရှိတော့လို့
ပါကွာ,,မင်းတို့အဖွဲ့ရှိတာလေးနဲ့ပဲမြည်းလိုက်ကြပါကွာ,,
တောကောင်ရလာတဲ့အခါကျရင် မင်းတို့ကိုပြောပါမယ်ဘကျော်ရာ,,
သာအေးတစ်ယောက် လူမိုက်ဘကျော်ကိုတောင်းတောင်း
ပန်ပန်ပြောနေလေသည်။
သာအေးမည်သိုတောင်းတောင်းပန်ပန်ပြောစေကာမူ လူမိုက်ဘကျော်ကတော့ လူမိုက်သွေးပြလေတော၏။
ဘာကွ,,သာအေးမင်းကငါ့ကိုမခန့်လေးစားလုပ်တာလား
မင်းသားကောင်ရတဲ့နေအထိငါကစောင့်နေရအုံးမှာလား
မလိုချင်ဘူးအခုစားချင်တယ် မရှိလို့ကတော့ ခုငါတို့သောက်မဲ့ထန်းရည်နဲ့အမြည်းဖိုးတွေမင်းကိုတစ်ပြားမှမရှင်းပေးနိုင်ဘူးကွ,,
ဘကျော်တစ်ယောက် ပြောပြောဆိုဆိုနှင့် ထန်းရည်တစ်အိုးကိုအမြည်းမပါဒီအတုိင်းမော့သောက်ရင်း မြေကြီးပေါ်သို့ အိုးကိုရိုက်ခွဲပြစ်လိုက်၏။
ခြမ္း………
ဟား….ဘကျော်မင်းဒီလိုတော့မလုပ်နဲ့လေကွာ,,ငါတို့က ဒါလေးရောင်းရမှ ထမင်းစားရတာ သောက်ရင်လည်းအေးဆေးသောက်ပါကွာ,,ငါ့ဆိုင်ထဲမှာတော့ပြသနာမရှာပါနဲ့ကွာ,,ငါတောင်းပန်ပါတယ်
လူမိုက်ဘကျော် သာအေးပြောတော့မှပို၍သောင်းကျန်းပြလေသည်။
ဘာကွ,,မင်းကငါကိုဒီလိုပြောရဲတယ်ပေါ့,,ကဲ့ကွာ,,
ခွပ်…….
ဘကျော်တစ်ယောက်ဘာမပြောညာမပြောနှင့် သာအေး၏
မျက်နှာကိုလက်သီးဖြင့်ထိုးချလိုက်လေ၏။
ထန်းတောအတွင်းထန်းရည်သောက်နေကြသောသူများမှာ
လူမိုက်ဘကျော်အကြောင်းသိနေကြ၍ တစ်ယောက်မှဝိုင်းမဆွဲရဲကြပေ။
ဟား…ဟေ့ကောင်ထင်ပေါ်နဲ့ထွန်းခိုင် ကိုဘကျော်တို့အဖွဲ
ငါတို့ရွာလာပြီးစော်ကားအနိုင်ကျင့်နေတာ ဒီအတိုင်းလက်ပိုက်ကြည့်မနေနိုင်ဘူး ဝိုင်းဆော်ကြရအောင်
နေရောင်တစ်ယောက် ကို့ရွာသားကိုသာအေးကြီးကိုစော်ကားအနိုင်ကျင့်နေ၍ မခံနိုင်တော့ပဲလက်သီးလက်မောင်းတန်းရင်း ထင်ပေါ်နဲ့ထွန်းခိုင်ကိုပြောလိုက်၏။
သူတို့သုံးယောက် လူမိုက်ကျော်တို့အဖွဲ့ကိုဝိုင်းဆော်ရန် ထိုင်ရာမှအထ မမျှော်လင့်ထားသောအဖြစ်ပျက်တစ်ခုကိုသူတို့တွေ့ကြုံလိုက်ရလေသည်။
သာအေးတစ်ယောက်ခေါင်းငုပ်ခံနေရင်းမှ,,တစ်ကိုယ်လုံးတုန်ရီလျှက် ဒေါသတွေပေါက်ကွဲထွက်ကုန်သည်။
မင်းတို့က အေးအေးဆေးဆေးတောင်းပန်ပြောလို့မရမှတော့ ငါအကြောင်းပြရသေးတာပေါ့ လူမိုက်တွေရ,,
ကျား…….သာဒင်တဲ့ကွ,,သတ္တိရှိတဲ့ကောင်ငါကိုလာထိုးကြစမ်း လာမင်းတို့စိတ်ကြိုက်ထိုး ဝအောင်ထိုး မင်းတုိ့ထိုးလို့ဝပြီဆိုတော့မှ ငါပြန်ထိုးမယ် လာထိုးကြ
စမ်း လူမိုက်ဆိုတဲ့အကောင်တွေ,,
သာအေးတစ်ယောက် အားမာန်သွင်းလိုက်ပြီး သူကိုယ်သူ
သာဒင်ကွ,,ဆိုပြီစိမ်ခေါ်နေသည်ကို နေရောင်တို့သုံးယောက်အပြင် ထန်းတောအတွင်းလူအများကပါ အံ့သြနေကြသည်။
လူမိုက်ဘကျော် သာအေးပုံဆန်ကိုကြည့်၍ ပိုဒေါသထွက်သွားလေပြီး မျက်နှာတွေကိုလက်သီးဖြင့် လေးငါးချက်ဆင့်
ထိုးလေတော့၏။
ခွပ်…ခွပ်….ခွပ်…..ခွပ်…..ခွပ်……
ကြည့်နေကြသူများမှာတော့ ကိုသာအေးကြီးတစ်ယောက်
သနားပါတယ်ဟု ဝိုင်းသနားနေကြသည်။
သို့ပေမဲ့,,သူတို့အထင်နှင့်အမြင်လွဲမှားနေသည်ကိုတွေ့လိုက် ကြရ၏။
ဟား……ဟား……ဟား…….ဘကျော်……ဘကျော်…..
ပြောတော့လူမိုက်ဆို လက်သီးချက်ကတယ်ပျော့ပါလားကွ,,
သာအေးတစ်ယောက် ဘကျော်လေးငါးချက်ဆင့်ထိုးတာတောင်ဖြုံပုံမရ ဟားတိုက်ရယ်မောလှောင်ပြောင်နေသေးသည်။
ဘကျော်လည်း သူကိုဒေါသထွက်အောင်လှောင်ပြောင်ရယ်
မောနေသော သာအေးကိုအလွန်ဒေါသထွက်၍ သူတပည်များကိုပါဝိုင်းထိုးခိုင်းလေသည်။
ဟေ့ကောင်တွေဒီကောင်ကို သေအောင်ဝိုင်းထိုးကြစမ်းကွာ
ဒီနေရာမှာတင် ပွဲချင်းပြီးအသေသတ်ကြစမ်း
ဘကျော်တို့လူတစ်သိုက် သာအေးတစ်ယောက်ကိုလက်သီးနဲ့ထိုးတာအားမလို့ နီးစပ်ရာတုတ်ဆွဲပြီးအသေရိုက်လေတော့သည်။
သာအေးတစ်ယောက်ကတော့ ဘကျော်တို့လုပ်သမျှ ပြုံးပြုံးကြီးခံ၍နေသည်။
ဘယ်လိုလဲ ဘကျော်မင်းတို့ငါ့ကိုဝိုင်းထိုးကြလို့ပြီးပြီလားကွ,,
သာအေးတစ်ယောက် ဘကျော်တို့လူတစ်သိုက်ဒီလောက်
ဝိုင်းလုပ်တာတောင် ဘာမှမဖြစ်အပြုံးတောင်မပျက်ပဲအကောင်းပကတိအတိုင်းပွန်းပဲ့ရာတောင်မရှိသည်ကို အံသြစွာတွေ့နေရ၏။
လူမိုက်ဘကျော် သာအေးအဖြစ်ကိုကြည့်ပြီးပိုဒေါသထွက်
၍ သူခါးကြားတွင်ပါသောဓားမြှောင်ဖြင့် သာအေးအားသုံး
လေးချက်ခန့်ဝင်ထိုးလေတော့သည်။
ကဲ့ကွာ,,ကဲ့ကွာ,,ကဲ့ကွာ,,ဒီလောက်တောင်အစွမ်းပြချင်တဲ့
ကောင် သေပေတော့,,
ထန်းတောအတွင်းဝိုင်းကြည့်နေကြသောသူများမှာ ကိုသာ
အေးကြီးတစ်ယောက်တော့ ဒီတစ်ခါတစ်ကယ်သေပြီဟုထင်လိုက်မိကြတော၏။
ဟား…..ဟား……ဟား…..သာဒင်ကိုဒီလောက်လေးနဲ့လာယှဉ်လို့ရမလားကွ,,ဘကျော်ရ,,
ဟင်း….သာအေး….မင်း….မင်း….ဘာမှမဖြစ်ဘူး…မင်း…
မင်း….လူမှဟုတ်ရဲ့လား..
ဘကျော်တစ်ယောက်သာအေးအဖြစ်ကိုကြည့်ရင်း အံ့သြမှင်သက်ထိတ်လန့်နေသည်။
ဟား….ဟား…..ဘကျော်…ဘကျော်…မင်းလိုမလောက်လေးမလောက်စား လူမိုက်အဆင့်လောက်လေးနဲ့ငါကိုသွေးလာစမ်းလို့ရမလားကွ,,သာဒင်တဲ့ကွ,,တစ်ချိန်က ဒီနယ်တစ်ကြောမှာ ဓားပြဗိုလ်သာဒင်ဆို ခလေးမပြောနဲ့ခွေးပါကြောက်ရတယ် မကောင်းမှုတွေကိုမလုပ်ချင်တော့လို့ ပြစ်မှုတွေကိုဥပဒေအရခံယူပြီး ထောင်ကထွက်လာချိန်ကတည်းက ခုလိုထန်းသမားဘဝနဲ့နေလာတာကွ,,
သည်းခံသင့်သလောက်ပဲသည်းခံမယ် ဒီထက်လူပါးဝလာရင်တော့ အရင်ကဓားပြဗိုလ်သာဒင်ရဲ့သွေးကိုပြန်ပြဖို့ဝန်မလေးဘူးကွ,,ဘကျော်ရ,,
သာအေးခေါ်သာဒင်တစ်ယောက် ပါးစပ်ကလည်းပြောလက်ကလည်းမြန်လှသည် ဘကျော်တို့လူတစ်သိုက်
သာဒင်လက်သီးချက်တွေကိုမခံနိုင်၍ သတိလစ်မေ့မျောကုန်ကြလေသည်။
ဝိုင်းကြည့်နေကြသောသူများမှာ အဲ့တော့မှကိုသာအေးအကြောင်းအကုန်သိကြရတော့သည်။
နေရောင်တစ်ယောက် ကိုသာအေးကြီးအဖြစ်ကိုကြည့်ပြီး
ကိုသာအေးကြီးအားတိုးတိုးတိတ်တိ်တ်သူသိချင်တာကို
မေးကြည့်သောအခါ အကြောင်းစုံကိုသိရလေ၏။
ကိုသာအေးကြီး တုတ်ပြီးဓားပြီးနေပြီးဘာမှမဖြစ်သည်မှာ
သူကိုယ်တွင်ထိုးထားသောဆေးစောင့်ကြောင့်ဆိုတာပင်ဖြစ်သည်။
နေရောင်လည်းဒီအကြောင်းကိုသိပြီးတော့အခါတွင် ကိုသာအေးကြီးလိုမျိုးဆေးထိုးချင်သည်ဟု ကိုသာအေးကိုပြောကြည့်တော့
မထိုးစမ်းပါနဲ့ နေရောင်ရာ မင်းမသိလို့ထိုးချင်တာကွ,,ဒီဆေးက တုတ်ဓားသာပြီးတာ အရမ်းလက်တိတ်လက်ပိတ်တယ်ကွ,,,
သည်တော့မှနေရောင်တစ်ယောက် ဆေးထိုးချင်စိတ်ကို
လက်လျော့လိုက်လေ၏။
ဘယ်အရာမဆို တစ်ခုလိုချင်ရင်တစ်ခုတော့ပြန်ပေးဆပ်ရတာပါလားဟု နေရောင်စိတ်ထဲတွင်တော့တွေးနေမိလေသည်။
ပြီး
မောင်နေ
စာမရေးဖြစ်တော့တာလပေါင်းများစွာကြာမြင့်သွားပြီး
ခုမှ စပြန်ရေးသည်ဇာတ်လမ်းဖြစ်လို့တို၍မပြည့်စုံလိုအပ်ချက်များနေခဲ့လျှင် စာဖတ်သူတွေအနေနှင့်နားလည်ခွင့်လွှတ်ပေးကြပါတောင်ဆိုပရစေ
ရှိုင်း(ဒိုက်ဦး)