ချူမြည်သံ

Posted on

ချူမြည်သံ(စ/ဆုံး)

—————–

” ကြိုးစား မှု့ရှိနေသမျှ အောင်မြင်မှု့ဆိုတာ ရှိနေမှာပါ၊
ကြီးမြတ်တဲ့နေရာဆိုတာ ကြိုးစားတဲ့ သူတွေအတွက်ပါ၊
ကြိုးစားတဲ့ သူအတွက် မဖြစ်နိုင်ဘူးဆိုတာမရှိသလို၊
ကြိုးစားနေတဲ့ သင့်ကြောင်း
သင့်မိဘ၊ သင့်ဆရာသမား၊ သင့်ဆွေမျိုး အသိုင်းအဝိုင်းဟာ
အမြဲတမ်း ဂုဏ်သတင်းတွေ၊ ချီးမွှမ်းသံတွေ လှုိင်နေမှာပါ၊
ကြိုးစားမှု့ဟာ အောင်မြင်မှု့မြေကွက်ထဲသို့ စတင်ဝင်ရောက်ခြင်းပါပဲ၊
ဒါပေမဲ့ ပျင်းရိသူတွေ အတွက်ကတော့ ကမ္ဘာလောကကြီးမှာ
ကြီးမြတ်တဲ့နေရာဆိုတာ ဘယ်တော့မှ ဖြစ်လာမှာ မဟုတ်ပါဘူး”

ဆရာလင်းညို ( အလင်္ကာလင်းညို) ရဲ့ ဟောပြော အပြီးမှာ လက်ခုပ်
သြဘာသံများ သောင်းသောင်းဖျဖျထွက်ပေါ်လာ၏။
တကယ်တော့ ကျွန်တော် ရောက်ရှိနေတာက သွားရလာရ ခတ်ပြီး
ဝေးလွန် ခေါင်သီတဲ့ ငွေတွင်းကြီး ရွာကိုပါ။
အမှန်ပြောရရင် ဆရာလင်းညို က သူ့ကိုဖိတ်ထားတဲ့ စာပေဟောပြောပွဲရှိတယ်တဲ့။ အဲဒီပွဲမှာ နာမည်ကြီးစာရေးဆရာတွေပါမှာ ဆိုတော့
သူက အငယ်ဆုံးမုိ့ အားငယ် နေမှာ စိုးလို့ ကျွန်တော့်ကို လက်ခဲ့ ပါဆို
၍သာလိုက်ခဲ့ရတာပါ။

တကယ်တမ်း အားငယ်ရတာက ကျွန်တော်ဗျ။
ဘာလို့ဆိုတော့ မနက် လင်းတာနဲ့ ဆရာလင်းညို ဆီ လာလိုက်ကြတဲ့ ရွာသားတွေဗျာ။ ရုပ်ရှင်မင်းသား ရောက်နေသလို ပွဲဖြစ်သွားတာဗျ။
ကျွန်တော် ဆရာလင်းညို ဘေးမှာ ငုတ်တုတ်ကြီးထိုင်နေတာတောင်
” ဖုတ်လေတဲ့ ငါးပိ ရှိတယ်လို့တောင် မထင်ကြဘူးဗျ။

ကျွန်တော် လည်း ကို့အခြေအနေ ကို ရိပ်မိ လာတော့ ဆရာလင်းညို
ကို ” ဘုန်းကြီးကျောင်းဖက် ခဏသွားအုန်းမယ်” ဆိုပြီး ပြောခဲ့လိုက်
ရတယ်။
**************************************

ဘုန်းကြီးကျောင်း ကတော့ တကယ့်လက်ရာမြောက်ပဲဗျ။
ကျောင်းဝင်းကလည်း ကျယ်ပြန့်သလို စေတီပုထိုး၊ ဘုရားဆင်းတုတော်တွေကိုလည်း များပြားစွာပင် တည်ထား ကိုးကွယ်ထားကြတာဗျ။
ကျောင်းရဲ့ လှေကား အတတ်မှာ ကနုတ်ပန်းတွေကို အနုစိုက် ထုဆစ်
ထားတာက တကယ့် ရင်သက်ရှုမောဖွယ်။

ကျွန်တော် လည်း ကျောင်းကို ပတ်လည်ပတ်၊ ဘုရားလိုက်ဖူးပြီး တာနဲ့
ခုံတန်းလျား တစ်ခုမှာ ထိုင်နေတဲ့ ယောဂီ အဖိုး အို ကို မြင်တော့ သွား
ပြီး ရှိခိုး ဦးချကာ စကား စမြည် ပြော မိကြတယ်။

ကျွန်တေ်ာ တို့ စကားပြောနေကြတုန်း ချူမြည်သံ တစ်ချွင်ချွင် နဲ့ ခွေး
ဖြူကြီး တစ်ကောင် ပြေးလာပြီး အဖိုး အိုကို ပွတ်သပ်နေတော့တာပဲ။

ခဏကြာ ခွေးထွက်သွားတော့မှ အဖိုးအိုက ” ချူမြည်သံ” တစ်ချက်
ကြားတိုင်း ကြောက်လန့်နေရတယ်၊ ချူမြည်သံ ကြောင်း အလောင်း
အထပ်ထပ် ဖြစ်ဖူးတယ် ဆို ငါ့မြေး ယုံမှာလား ” တဲ့။

ကျွန်တော်လည်း စပ်စု ရတာ ဗီဇ လိုဖြစ်နေတော့ အဖိုးအို ကိုထောက်ခံ ပေးလိုက်တော့ အဖိုးအို ကကြေကွဲ၊ကြောက်မက်ဖွယ် ဒီဇာတ်လမ်း လေး ကို ပြောပြတာပါပဲ။
@@@@@@@@@@@@@@@@@@@@

“အဖိုး အသက် ၁၇/ ၁၈ တုန်းကပေါ့ကွယ်၊ အဖိုး သူငယ်ချင်း မောင်ဖေ ဆိုတာ ဟိုးငယ်ငယ် ကတည်းက ဆိုးတူဘောင်ဖက် ပေါင်းလာတဲ့
သူငယ်ချင်းပေါ့”
” သူက ဒီရွာသားဆိုပေမဲ့ သူ့အဖေ အမေ နဲ့ သူ့ မိသားစုဝင်တွေ အကြောင်းကို တစ်ရွာလုံးက မသိကြသလို သူကိုယ်တိုင်လည်း မသိပါဘူး”

” ဟင် ဘယ်လိုလဲ အဖိုး၊ အထူးဆန်းကြီးပါလား ” ကျွန်တော်ကကြားဖြတ်မေးတော့ အဖိုး က မကြိုက်ဘူးထင်တယ် မျက်မှောင်ကြုတ်ပြီးကြည့်နေတာဗျ။

” အင်း ထူးဆန်းဆိုလို့ ရွာစွန် မှာနေတဲ့ အပျိုကြီးမယ်လှုိင် ချောင်းစပ်မှာ အဝတ်ချော်နေတုန်း ပခြုပ်လေးတစ်ခု မျောလာတာကို တွေ့လို့
ဖွင့်ကြည့်လိုက်တော့ ကလေးဖြစ်နေတာနဲ့ အပျိုကြီးမွေးစားလိုက်လို့
လူဖြစ်လာတဲ့ မောင်ဖေ လေးပါ”
” မောင်ဖေ အရွယ်ရောက်လာတော့ ဉာဏ်ကောင်းချက်ဗျာ၊ တစ်ရွာလုံးမချီးကျူးပဲ မနေနိုင်ကြဘူးကွဲ့၊ လူကလည်း ရုပ်ချောလိုက်တာမှ
တောအရပ်တော ဒေသနဲ့ မတန်လောက်အောင်ချောတာကွဲ့ ကံဆိုး
တာက ” မား” ဆိုတဲ့ စကားတစ်လုံးက လွဲရင် ဘာစကားမှ မပြော
တတ်ရှာဘူးကွယ်”

“စိတ်မကောင်းစရာပါလား အဖိုးရယ်” ကျွန်တော့်ပါးစပ်က လွှတ်ကနဲ
ထွက်မိလိုက်တယ် ပြီးတော့မှ အသာကလေး လက်နဲ့ ပါးစပ်ကို ပိတ်
ထားလိုက်တယ်။

” လူတစ်ယောက် ကောင်းစားလာပြီ၊ အောင်မြင်ကျော်ကြားလာပြီဆိုရင် မနာလို ဝန်တိုပြီး အခွင့်အခါ ချောင်းနေတဲ့ သူတွေကလည်း ရှိတတ်စမြဲပေါ့ကွယ်”
” မောင်ဖေ ရဲ့ တစ်ခုတည်းသော အကျင့်ဆိုးက ငှက်ပစ်တာ ကွဲ့”အဲဒီဝါသနာကပဲ သူ့အသက်ကို နှုတ်ယူသွားတာပေါ့ကွယ်”
” အဝေး တစ်နေရာက ချူမြည်သံ ကြားပြီ ဆိုရင် မောင်ဖေ လို့
မှတ်ရလောက်အောင် ကို ငှက်ပစ်တာ။

သူငယ်ငယ် က သူ့မွေးစားအမေအပျို ကြီး က သူများတွေလို ရွှေတွေ
ငွေတွေ မဆင်ပေးနိုင်တော့ ချူသေးသေး လေး တွေကို ခြေကျင်းဝတ်
နဲ့ နှစ်ခုနဲ့ လက်ကောက်ဝတ်နှစ်ခုမှာ ဝတ်ပေး ထားတယ်တဲ့။
ဒါ့ကြောင်း ကြီးလာရင်လည်း မောင်ဖေ ဟာ ချူကို အရမ်းကြိုက်တာကွဲ့။

“အဲတုန်းက မောင်ဖေ နဲ့ အပြိုင် မောင်ဖေ အိမ်ရဲ့ မျက်နှာချင်းဆိုင် အိမ်က မောင်ညို တို့မိသားစု ဟာ ငွေရေး ကြေးရေး မှာ သူမတူ ပြည့်
စုံတယ်ကွဲ့၊ ရွာမှာလည်း သူတို့ငွေနဲ့ ကင်းတဲ့ သူရယ်လို့မရှိပါဘူး။”

“မောင်ညို မှာ သား အမွှာနှစ်ယောက်ရှိတယ်ကွဲ့၊ သူတို့ တစ်မျိုးတစ်
ဆွေလုံး က မောင်ဖေ ကို အသေ မုန်းကြတာ”
” သူတို့ က ငွေအားကိုး မိသားစု အားကိုး နဲ့ ထင်ရာ စိုင်းနေကြတဲ့
အရိုင်းစိုင်းတွေကွဲ့”

” ခေတ် ကလည်း ‘ မျက်နှာကြီးရာ ဟင်းဖတ် ပါ” တဲ့ ခေတ်လေ။
သူတို့ လုပ်သမျှ ရမ်းကား သမျှ ငြိမ်ခံနေရတဲ့ ခေတ်၊ ဝီ ဝီ အသံကြား
ရင် နီးစပ်ရာ ဝင်ပုန်းရတဲ့ ခေတ်၊ တကယ့် ခေတ်ဆိုးခေတ်ပျက်ပါပဲ။ကမ္ဘာစစ်မှာ ပျက်စီးသွားတဲ့ ဘုန်းတော်ကြီးကျောင်းကို တောင် ပြင်ဖို့
လူမရှိတဲ့ခေတ် ကွဲ့”

” တစ်နေ့တော့ မောင်ညို ရဲ့သား အကြီးကောင် လေးမောင် ကြိတ်
ကြွေ နေတဲ့ မိန်းကလေး နှင်းနု နဲ့ မောင်ဖေ ကို ဘုန်းတေ်ာကြီး
ကျောင်း အပျက် မှာ တွေ့လိုက်တယ် ဆိုတဲ့ သတင်းက ရွာကိုအုန်း
ကြွကြွ ဖြစ်စေခဲ့တယ်”
” ဘယ်သူ မွေလိုက်တာလဲ တော့ မသိဘူးကွဲ့”

” အဲနေ့ ကစလို့ မောင်ဖေ အိမ်ပြန် မရောက်တော့ဘူး၊
သူ့အမေ မယ်လှိုင် ဆို စိတ်ပူပြီး လိုက်ရှာနေတာ တစ်ရွာလုံးနှံ့”

” သုံးရောက်မြောက် မှာတော့ မောင်ဖေ ရဲ့ ပုပ်ပွနေတဲ့ အလောင်းကို
ရွာရိုးချောင်းမှာ စိတ်မကောင်းစွာ တွေ့လိုက်ကြရတယ်”

” ဗျာ ဘယ် လို ဖြစ်တာလဲ အဖိုး” ကျွန်တော် အံ့အားစွာမေးပေမဲ့
အဖိုး က ပြန် မဖြေ ပဲ သူ့စကားကိုပဲ ဆက်နေတယ်ဗျ။

” မောင်ဖေ သေ တာ သိလိုက်ရတော့ အပျိုကြီးမယ်လှိုင်ခမျာ ငိုလိုက်တာ နေ့နေ့ညည၊ မောင်ဖေ သေလို့ ရက်တောင်မလည်ဘူး အပျို
ကြီးမယ် လှိုင် သားစိတ်နဲ့ သေတော့တယ် ကွဲ့”

” စိတ်မကောင်း လိုက်တာ အဖိုးရယ်၊ မောင်ဖေ သေရတာ ဟို
မျက်နှာရူးမိသားစု ကြောင့်ပဲ ဖြစ်မယ်” ကျွန်တော် ကမှတ်ချက်ပေး
လိုက်တော့ အဖိုးက ဘာမှ ပြန်မပြောပဲ မဲ့ပြုံး ပြုးလိုက်တယ်။

” အပျိုကြီး မယ် လှုိင် သေလို့ သဂြုင်္ိလ် ပြီးတဲ့ ညမှာ ပဲ ” ချွင် ချွင်
ချွင်” ဆိုတဲ့ ချူမြည်သံ က မောင်ဖေ့ အိမ်နား ကြားလာရတယ်။
နေ့တိုင်း လိုလို ကို ကြားလာရတာကွဲ့”

” အဖိုး ကလည်း မောင်ဖေ သူ့အမေ သေသွားတာကို သူမသိလို့ လာ
ရှာတာ ထင်တာနဲ့ မောင်ဖေ့ အိမ်နား အရဲ စွန့်သွားပြီး
” သူငယ်ချင်း မောင်ဖေ ရေ မင်းရဲ့ အမေ ဒေါ်မယ်လှိုင် သေသွားပြီ
ကွ မင်းမသိသေးဘူးလား ” လို့ပြောလိုက်တော့ အိမ် တစ်ဆောင်လုံး
တုန်ခါ သွားပြီး ချူမြည်သံ လည်း ရပ်သွားတယ်”

” သိပ်မကြာပါဘူး မျက်နှာချင်းဆိုင် မောင်ညို အိမ်က အော်ဟစ်သံတွေ ထွက်လာတော့တာပဲ ကွဲ့”
” မောင်ညို ရဲ့ အမျိုးတွေ ချက်ချင်း ကို ရောက်လာကြတယ်”

တစ်ယောက်က ” မောင်ညို နင့်သားကြီး လေးမောင် အော် သံ ကြားလိုက်တယ် ဘာဖြစ်တာလဲ” မေးတော့ မောင်ညို က
” မသိပါဘူး ဒွေးလေးရဲ့ အကုန် အိပ်နေကြတုန်း ချူသံ တစ် ချွင်
ချွင် ကြားလိုက်ရပြီး လေးမောင် ကို တစ်ယောက်ယောက် က ဆွဲ
သွားသလို အိမ်အောက် ရောက်သွားတယ်ဗျ ကျုပ် လိုက်ဆွဲပေမဲ့
မမှီ လိုက်ဘူး” တဲ့။

” သူတို့တော့ မသိ ဒါ မောင်ဖေ့ လက်ချက် ဆိုတာ အဖိုးသိနေမိတယ်”
” တစ်ယောက် တစ်ပေါက်ပြော နေကြတုန်း သူကြီး အိမ်က အော်သံ
ထွက်လာပြန်တယ်ကွဲ့”
” လူတွေလည်း သူကြီး အိမ်ရှိရာ သို့ ပြေးကြရပြန်တာပေါ့”

သူကြီးက ” ကျုပ် အိပ်နေရင်း ကျုပ်ခြေရင်း က ချူမြည်သံ ကြားလိုက်ရတယ်၊ ကျုပ်လည်း ဘယ်များလဲ ထကြည့်တော့ မဲမဲ အရိပ်ကြီး
တစ်ခုက ရေခဲတုန်းလို အေးစက်နေတဲ့ လက်နဲ့ ကျုပ် ကို ဆွဲချတော့
တာပဲတဲ့”
” အဖိုး လည်း အသေ အချာကြည့်တော့ သူကြီး အိပ်ရာ တစ်ဝန်း
မှာ ရေတွေချွဲစိုနေတာ တွေ့လိုက်ရတယ်ကွဲ့”

” ပြီးတာနဲ့ မောင်ညို ရဲ့ ဦးလေးအိမ်၊ ဦးကြီး အိမ် ပြောမယ်ဆို
မောက်ညို ရဲ့ အမျိုးလို့ ပြောကြတဲ့ အိမ်တိုင်း ကလိုလို အော်သံ
ကြားရတော့တာပဲ သူတို့ဖြေ တဲ့ အဖြေကတော့ အတူတူပဲကွဲ့”

” ဒါဆို တကယ် မောင်ဖေ လုပ်တာ နေမှာပေါ့ အဖိုး”
ဒီတစ်ကြိမ် ကျုပ်ပြောတော့ အဖိုး က ” အင်း “ဆိုပြီးတစ်ခွန်းပြော
တယ်ဗျ။

” တစ် ညတည်း နဲ့ မောင်ညို ရဲ့ တစ်မျိုးတစ်ဆွေ လုံး ထိတ်လန့်သွားကြတယ်ကွဲ့။ မောင်ဖေ့ လက်ချက်လို့ သိနေတဲ့ သူတစ်ချို့က
ကြိတ်ပြီး ဝမ်းသာနေကြသလို၊ တစ်ချို့ကလည်း ကျိန်ဆဲနေကြတာကွဲ့

” မောင်ညို့ မျိုးနွယ်စု တွေလည်း ချူမြည်သံ ကြားရင်ကြောက်နေကြ
ပြီ၊ ရွာသားတွေလည်း နေ ညို တာနဲ့ ဘယ်သူ့အိမ်က အော်သံကြားမလဲနားစွင့် နေကြပြီ ကွဲ့”

” နောက်တစ်ည မှတော့ မောင်ညို ၏ မိန်းမ ဒေါ်စံမေ ရဲ့ အော်ငိုသံ
ထွက်လာတော့ တာပဲ၊ သူတို့ ဆွေမျိုးတွေပါ လို့ပြောတဲ့ သူတွေက
အိမ်ပြင် မထွက်၍ကြပေမဲ့ အဖိုး အပါအဝင် ရွာသားတစ်ချို့ကတော့
ဓာတ်မီးကိုယ်စီနဲ့ မောင်ညို့ အိမ် ရောက်ခဲ့သွားကြတယ်”

” ဘာပြောကောင်းမလဲ အိမ်နောက်ဖေးမှာ မောင်ညို မှောက်လျှက်
သေနေတာ တွေ့ရတော့တာပဲ၊ ရွာသားတစ်ယောက် က သူကြီးကို
သွားခေါ်တော့ သူကြီးရောက်လာမှ မောင်ညို့ အလောင်း စစ်ဆေး
ကြည့်တော့ မောင်ညို ရဲ့ ပါးစောင်မှာ ချူရာတစ်ခု ကွက်နေသလို
ကျော မှာလည်း ဧရာမ လက်ဝါးရာကြီးကို တွေ့လိုက်ကြရတယ်၊
ပြီးတော့ မောင်ညို့ ဘေးနားမှာလဲ ရေတွေ ချွဲစို နေတယ်ကွဲ့”

” မောင်ညို သေပြီးတာနဲ့ သူ့ ဆွေမျိုးတွေ တစ်ယောက်ပြီးတစ်ယောက်
မောင်ညို သေတဲ့ ပုံစံမျိုး နဲ့ နေ့တိုင်းလိုလို သေနေကြတော့ ကြိတ်
ဝမ်းသာနေတဲ့ သူတွေလည်း ကြောက်လာကြတယ်ကွဲ့”

” တစ်နေ့ မနက်ခင်းမှာတော့ သူကြီး အမိန့်နဲ့ မောင်ဖေနဲ့ သူ့မွေးစား
အမေ အပျိုကြီးမယ်လှိုင်ရဲ့ အိမ်ကို ဖျတ်ပြီးမီးလောင်တိုက်သွင်းလိုက်
ကြတယ်”

“အဲဒီနေ့ နေဝင်ရုံ ပဲ ရှိသေးတယ်၊ ကျယ်လောင်လိုက်တဲ့ ချူမြည်သံ
တစ်ရွာလုံးကြားရတယ်ကွဲ့”
” အဖိုးတစ်သက် ချူမြည်သံ အဲလောက်ကျယ်တာ တစ်ခါမှ မကြားဖူးပါဘူး ”

” ရွာကို ပတ်ပြီးမြည် နေတာကွဲ့၊ အတန်ငယ် ကြာတော့ ဒေါ်စံမေရဲ့
ငယ်သံ ပါအောင် အော်တဲ့ အသံကို စောနက ချူမြည်သံ ထက်တောင် ကျယ်တယ်ကွဲ့”
” ရွာသားတွေ လည်း အပြေးသွားကြည့်ရတော့တာပေါ့၊ ဘယ်ဟုတ်မလဲ သူကြီးကွဲ့၊ အိမ်သုံးဓားမကြီးနဲ့ ဒေါ်စံမေ သား အကြီးကောင်
လေးမောင် ကို ခုတ်နေတာ၊ မြင်မကောင်းရှု့မကောင်း ဖြစ်နေပြီကွဲ့”

” လက်နှစ်ဖက်၊ ခြေနှစ်ဖက်ရော ကုန်ကုန်ပြောရရင် ခေါင်းဖြတ်ထားတာကွဲ့ ”

” ဟာဗျာ ကြောက်စရာ ကြီးပါလား အဖိုး ကျွန်တော်တောင် ကြက်သီး ထသွားတယ်ဗျ ”
ကျွန်တော် က ထိုသို့ ကြားဖြတ်ပြောတော့ အဖိုး က စ်ိမ်းစိမ်းကြီး
ကြည့်ပြန်၏။

” အေး ကွဲ့ ခေါင်းဖြတ်ထားပေမဲ့ ခေါင်းက ပြတ်မထွက်သေးပဲ တန်း
လန်းကြီးဖြစ်နေတာကွဲ့”
” သွေးတွေ လည်း အိုင်ထွင်းနေတာပဲ၊ လေးမောင် မသေခင် ဝေဒနာ
တော်တော် ခံစားခဲ့ပုံရတယ်၊ ပါးစပ်တွေဖွင့် မျက်လုံးတွေဖွင့်ပြီးသေနေ
တာကွဲ့”
” ဒါတောင် သူကြီးက သူ့ကြည့်နေတာ ထင်နေတယ်၊ ” ငါ့မကြည့် နဲ့
ငါ့မကြည့်နဲ့ သွား သွား ” ပြောပြီး မျက်လုံးကို ခုတ်ပြစ်လိုက်တာ
ခေါင်း က ထက်ခြမ်းဖြစ်သွားပါလေရော”

” သူကြီးလက်မှာ ဓားနဲ့ ဖြစ်နေတာရယ်၊ သူကြီးကြည့်ရတာ မူမမှန်တာ
ရယ်နဲ့ သူကြီး အနား ဘယ်သူမှ မကပ်ရေးပဲ၊ အဝေး ကနေပြီး အော်
ဟစ်တားမြစ်ကြရတယ် ကွဲ့”

” သူကြီး လည်း စိတ်ကြိုက် ခုတ်ထစ်ပြီးတဲ့ အခါ ‘ ဝူးဝူး ဝါးဝါး ”
အော်ပြီး ထွက်ပြေးသွားတော့တယ်”

” ရွားသားတစ်ချို့က သူကြီးနောက်လိုက်ပြီး ရွာသားတစ်ချို့က တော့
လေးမောင် ရဲ့ အပိုင်း အစတွေကို ကောက်ကာ ညတွင်းချင်း
သဂြုင်္ိလ်ဖို့ စီမံရတယ် ကွဲ့”

************************************

” မနက်ရောက်တော့ လူလေးယောက်နဲ့ အတူ ဓားမကိုင်ကာ၊ သွေး
စွမ်းနေသော ခန္ဓာ နဲ့ သူကြီး တို့ ရောက်ရှိလာကြတယ်”
“ရွာသားတွေ က သူကြီးမြင်တော့ လန့်ပြီး အိမ်ထဲဝင်ပြေးကြတယ်ကွဲ့”
” ဒါပေမဲ့ သူကြီး က အဖိုးကိုမြင်တော့ ‘ ရော့ ရော့ ဒီဓားကိုသိမ်း
ဆည်းထားလိုက်၊ မကြောက်နဲ့ ဒီက ဆရာကြီးတွေက သရဲနှင်ပေးလိမ့်
မယ် ‘ တဲ့ အဖိုးလည်း လူသတ်ထားတဲ့ ဓား ကို မကိုင်ရဲကိုင်ရဲ နဲ့
စပါးကျီထဲ သူကြီးမမြင်အောင်ဝှက်ထားလိုက်တယ်”။

” ဒေါ်စံမေ အိမ်ကို သရဲနှင်သူတွေ ရောက်နေတယ် ဆိုတဲ့ သတင်းကချက်ချင်း ပျံ့နှံ့သွားတော့ သူမရဲ့ ဆွေမျိုးတွေ ဆိုသူတွေက ဝမ်းသာအားရ ရောက်ချလာကြတယ် ကွဲ့”

” သူတို့ ဒေါ်စံမေ ရဲ့ အိမ်ပေါ် တတ်သွားတော့ အဖိုးလည်း သေး
ပေါက်ချင် လာတာ နဲ့ နောက်ဖေး သွားလိုက်တယ်၊ ပြီးတာနဲ့
ဒေါ်စံမေ ရဲ့ အိမ်ပေါ် တတ်မလို့ လုပ်နေဆဲမှာပဲ အော်သံဟစ်သံ
တွေ ထွက်လာပြီး၊ သူမ ဆွေမျိုးတွေ လည်း ဝရုန်းသုန်းကား ဆင်း
ပြေးလာကြတယ်၊ အဖိုးက ဘယ်လို ဖြစ်တာလဲ မေးတော့ ယောကျာ်း
တစ်ယောက် က
” ဟေ့ ကောင်လေး ပြေးတော့ ပြေးတော့ သူကြီး စိတ်ဖောက်ပြီး ဟို
လူလေး ယောက်ကို အပိုင်းပိုင်း ခုတ်လိုက်ပြီ ခုနက ချူမြည်သံ
ကို မကြားလိုက်ဘူးလား” တဲ့။

” အဖိုး လည်း လန့်သွားပြီး စောနက ဝှက်ထားခဲ့တဲ့ ဓားကို သွား
ကြည့်တော့ ဟာ တကယ် မရှိတော့ ဘူး ဘယ်အချိန်က ယူသွား
တယ်မသိ”

” အဖိုးလည်း စပါးကျီနောက်မှာ ပုန်းပြီး ဘာဖြစ်လာမလဲ စောင့်ကြည့်
နေတာပေါ့၊ သူကြီးက ဓားကြီးတစ်ကားကား နဲ့ ဆင်းလာပြီး ထွက်
ပြေးသွားတော့တယ်၊ ခဏကြာမှ အိမ်ပေါ်တတ်ကြည့်တော့ ဟာ
ဟို လူ လေးယောက် တကယ့်ကို အပိုင်းပိုင်း ပြတ်လို့သေနေတာ
တစ်အိမ်လုံးလည်း သွေးတွေပြည့်နေပြီ ကွဲ့”

” ဘေး တစ်ဖက်မှာတော့ ခြေတစ်ဖက်အခုတ်ခံလိုက်ရတဲ့ ဒေါ်စံမေ
သား အငယ်ကောင် အေးမောင် ရယ် သတိလစ်နေတဲ့ ဒေါ်စံမေ ရယ်
ကို တွေ့တော့တာပဲ”
**************************************

” သူတို့ သားမိနှစ်ယောက်လည်း အိမ်မှာ မနေ ရဲတော့ တာနဲ့ အဖိုးအိမ်သို့ ခေါ်ခဲ့လိုက်တယ်၊ ထိုအခါမှ အေးမောင် ပြောတာက
” မောင်ဖေ ကို သူကြီးက ငှက်ပစ် ခိုင်းဖို့ ရွာရိုးချောင်းကိုခေါ်သွားပြီး
အသင့်စောင့်နေတဲ့ အေးမောင်တို့ သားဖ သုံးယောက် က ရေနစ်သတ်
လိုက်ကြတာတဲ့”

အဖိုးလည်း သူငယ်ချင်း အတွက်စိတ်မကောင်းဖြစ်ပြီး အေးမောင် တို့ကို အိမ်ပေါ်က နှင်ချင်စိတ်တောင်ပေါက်သွားတာ၊
ဒါပေမဲ့ အဖိုးက”သင်ကောင်းလျှင်ကျွန်ုပ်မဆိုးပါ” ဆိုတဲ့ လူစားမျိုး
မဟုတ်ဘူးလေ၊ ” ရန်ကို ရန်ချင်းတုန့်ပြန် ရင် ရန်မငြိမ်းအေးဘူး၊
ရန်ကို ရန်ချင်းမတုန့်ပြန်မှ ရန်ငြိမ်းအေးတယ်” ဒါ့ကြောင်း အဖိုးသူတို့
သားမိကို ခွင့်လွှတ်ပေးလိုက်ပါတယ်။

” ညနေ ရောက်တော့ ဒေါ်စံမေ ရဲ့ အိမ်ဘေးမှာ ချူမြည်သံ တွေကြား
ရပေမဲ့ ဘာမှတော့မဖြစ်သလို၊ သူကြီးလည်း မပေါ်လာခဲ့တော့ပါဘူး၊

” သုံး ညလောက်ကြာပြီး တဲ့ အခါမှာတော့ မောင်ဖေ့ အလောင်းကို
တွေ့သလို သူကြီးအလောင်းကိုလည်း ရေမှာ ပေါလောပေါ်နေတာ
တွေ့ခဲ့ရတယ်”
” သူကြီးရဲ့ လည်ပင်းမှာ ချူ သေးသေးလေးတွေ
မြောက်များစွာ ချိတ်ဆွဲထား တာကို ထူးဆန်းစွာတွေ့လိုက်ရတယ်”

” ဒေါ်စံမေ လည်း နေစရာ မရှိအောင် အကြောက်ကြီး ကြောက်လာကာ သူမရဲ့ အိမ်နဲ့ ပိုင်ဆိုင်မှု့တွေကို တစ်ဖက် ရွာက အောက်လမ်းလိုလို စုန်းလိုလို
မိန်းမကြီး တစ်ယောက်ကို ရောင်းလိုက်တယ်ကွဲ့၊ အဲမိန်းမကြီးက လူ
တွေ ဒီလောက်အများကြီးသေထားမှန်းသိလို့ တမင်ကို ဝယ်တာတဲ့
ကွဲ့”

” ဒေါ်စံမေ လည်း ရတဲ့ ငွေ နဲ့ မ တည်ပြီး ယခု မြင်နေရတဲ့ဒီကျောင်း
တော်ကြီး ကို စဆောက် တော့တာကွဲ့၊ ကျောင်း ပန္နက်ရိုက်မဲ့ နေ့
နံနက်စောစော မှာပဲ ကျယ်လောင်စွာထွက်ပေါ်လာတဲ့ ‘ ချူမြည်သံ”
ကို တစ်ရွာလုံးကြားလိုက်ရတယ်၊

ဒါပေမဲ့ ဒီတစ်ခါ ကြားတာက ဟိုးအရင် ကနဲ့ မတူပဲ ညင်ညင်သာသာ
နဲ့ ကို ကြားရတာ၊ အဖိုး တသက် ကျယ်လောင်တဲ့ ချူမြည်သံ
ကို ဒုတိယ အကြိမ် ကြားခဲ့ရတာပဲ။ လူတွေက အစတုန်းက ကြောက်နေကြပေမဲ့ အသေအချာ နားထောင်ကြည့်တော့ ချူမြည်သံ က
တဖြည်းဖြည်း ရွာနဲ့ ဝေးသွားတယ်ကွဲ့၊ အဖိုး အထင်တော့ မောင်ဖေ
ရွာသူ ရွာသားတွေကို နောက်ဆုံးနှုတ်ဆက်သွားတာထင်တယ်။

အဲနေ့ ကစပြီး ချူမြည်သံ လုံးဝ မကြားရတော့ပါဘူး၊ ဒါပေမဲ့
တစ်လ ကျော်ကျော်ကြာတဲ့ အခါမှာတော့ ခြေကျိုး အေးမောင် ရိုးချောင်းမှာ ဘာသွားလုပ်တယ်မသိ ရေနစ်သေပါလေရော့၊

” လူတွေကတော့ အမျိုးမျိုး ပြောကြတာပါပဲ၊ တစ်ချို့ကတော့ သူ့အကုသိုလ်ကံက သူ့ကိုသတ်တာ၊ တစ်ချို့ကတော့ မောင်ဖေ တစ်ကယ်
မကျွတ်လွန်သေးလို့ သတ်လိုက်တာ အမျိုးမျိုးပေါ့။

” ဒါပေမဲ့ ကျောင်းပန္နက် ရိုက်တဲ့နေ့ကစပြီး ချူမြည်သံ ကို မကြားရတော့တာ တစ်ရွာလုံးအသိပါပဲ၊
ကျောင်း တော် လည်းပြီး၊ မောင်ဖေ ရော သေသူအားလုံးအတွက်ပါ
ရေစက် ချ အမျှ ဝေလို့ ပြီးလည်း ပြီးရော ဒေါ်စံမေ ရေစက်ခွက်ကလေးကိုင်လို့ ငုတ်တုတ်ထိုင်ပြီး သေသွားတော့ တာပဲ ကွဲ့”

” သူတော်ကောင်း သူတော် စင်တွေ အတွက် ကြီးမြတ်တဲ့နေရာ
ရှိသလို၊ မသူတော် သူယုတ်တွေအတွက်လည်း သူတို့ ကံ အတွက်
သင့်တော်မဲ့ နေရာ ရှိနှင့်ပြီးသားကွဲ့”

အဖိုး ရဲ့ ဆုံးမ စကား တွေ ကျွန်တော့် အတွက် တန်ဖိုးရှိလှပါတယ် အဖိုး။
**************************************
***********************
ပြီးပါပြီ။
@@@@@@@@@@@@@@@@@@

အမှား တစ်စုံတစ်ရာ ရှိခဲ့လျှင် ငယ်သူမို့ သနားသည်းခံ ပေးကြပါ
ရန် မေတ္တာ ရပ်ခံ ပန်ပြော အပ်ပါသည်။
***************************************
ရွှင်လန်း ချမ်းမြေ့ကြပါစေ။

&&&&&&&&&&&&&&&&&&&&&&&&&&&&&&
လေးစားစွာဖြင့် = wizard
***********************************
ဤ ဇာတ်လမ်း အတွက် ကူညီ ပေးခဲ့ကြသော ညီလေးငယ်များ
ကို အထူးပင် ကျေးဇူးတင်ရှိပါသည်။
**************************************
ချူမြည်သံ အမှန် ကို စာနဲ့ ရေးဖို့ခတ်တဲ့ အတွက်” ချွင် ချွင် ချွင်”
ဟု သုံးနှုန်းလိုက်ပါ၏။ ချူမြည်သံ အမှန်ကို Com မှာ ရေးသားပေးနိုက်ပါတယ်။ ကျေးဇူးတင်ပါတယ်။
wizard
**************************************