ကဝေမှော်ရုပ်

Posted on

ကဝေမှော်ရုပ်(စ/ဆုံး)

——————-

မအူပင် ဒိစတြိတ်အပိုင်း ပန်းတနော်မြို့နယ် မင်း
တစ်စုရွာအတွင်း မြန်မာနိုင်ငံမှ အဂ်လိပ်အထွက်
ဂျပန်အဝင်ကာလ၌ အမိန့်ရအရက်ဆိုင်နှင့် အမိန့်
ရအပေါင်ဆိုင်လုပ်ငန်း အကြီးအကျယ်လုပ်ကိုင်
ခဲ့သော အဖွန်ဟုခေါ်သည့် တရုတ်ကြီးတစ်
ယောက်ရှိခဲ့သည်။

ကောက်ညှင်းဖြင့် ချက်လုပ်သော ချက်အရက်
ကို အလုပ်သမားငါးယောက်ခန့်မျှဖြင့် နေ့စဥ်
ချက်ပြီး ဆိုင်ဖွင့်ကာ ရောင်းသည်။ မြို့ရွာအနှံ့
မှ အရက်ဖောက်သည်လာယူသူများကိုလည်း
အရက်ဖောက်သည်ပေးသည်။

ရွာတွင်ရှိလူများ ငွေရေးကြေးရေး လည်ပတ်
မှုရှိစေရန် တင့်သင့်သော အတိုးနှုန်းနှင့် ပစ္စည်း
အပေါင်ခံကာ ငွေချေးလုပ်ငန်းလည်း ဖွင့်ထား
သည်။ အဂ်လိပ်အုပ်စိုးစဥ် အဂ်လိပ်အရေးပိုင်
မင်းများအား တံစိုးလက်ဆောင်ပေးပေါင်း၍
အရက်ဆိုင် အပေါင်ဆိုင်ဖွင့်ခွင့် လိုင်စင်ရအောင်
ယူနိုင်ခဲ့သည်။

အဂ်လိပ်ဆုတ်ခွာသွားပြီး ဂျပန်များဝင်ရောက်
အုပ်စိုးစဥ် ဂျပန်အရာရှိများကို ကောင်းစွာဧည့်
ခံသည်။ တံစိုးလက်ဆောင်ပေးသင့်သည်ကို
ပေးသည်။ ဂျပန်များ ဆိုင်သို့ပဲလာလာ ရွာသို့
လှည့်ကင်းပဲဝင်ဝင် အိမ်အပေါ်ထပ်သို့ ခေါ်၍
ဝက်သား၊ ကြက်သား၊ ငါး၊ အရက်တို့ဖြင့် လို
လေသေးမရှိ ဧည့်ဝတ်ကျေပွန်အောင် ဧည့်ခံ
ပြီး တရားဝင်ခွင့်ပြုမိန့်လိုင်စင်ရအောင် လုပ်
နိုင်ခဲ့သည်။

သို့ဖြင့် ခေတ်အဆက်ဆက် အန္တရာယ်တစုံတရာ
မဖြစ်ခဲ့ဘဲ အမိန့်ရ အရက်ဆိုင်နှင့် အပေါင်ဆိုင်
အလုပ်ဖြင့် အသက်မွေးခဲ့သည်။ တရုတ်ကြီး
အဖွန်က စီးပွားရေး အမြင်ကျယ်သလို ရွာသူ
ရွာသားတို့နှင့်လည်း သင့်မြတ်အောင် ပေါင်း
သင်းတတ်သည်။ စေတနာ သဒ္ဓါတရားလည်း
ရှိသည်။ ရပ်ရွာသာရေး နာရေးကိစ္စ၊ ကျောင်း
ကန်၊ ဘုရား၊ လှူရေးတန်းရေး ကိစ္စများတွင်
လက်မတွန့်ဘဲ သဒ္ဓါထက်သန်စွာ လှူဒါန်းခဲ့သည်။

သူ့တွင် နေ့စဥ်အလှူဒါနတစ်ခုအမြဲ ရှိနေသည်။

ကောက်ညှင်းအရက်ကို အကြီးအကျယ် ချက်
သည့်အတွက် ကောက်ညှင်းဆန်ကို တင်းနှင့်
ချင်ပြီး ပေါင်းရသည်။ ထိုကောက်ညှင်းပေါင်း
သည့် ပေါင်အိုးများထဲမှ ကောက်ညှင်းတစ်အိုး
ပေါင်းပြီးသားကို အုန်းသီးတစ်လုံးခြစ်ပြီး
သမအောင်ရောမွှေကာ အုန်းသီးအဆံအရွယ်
မျှ အလုံးများ လုံးထားသည်။

မိုးလင်း၍ ငါးနာရီခွဲကျော်ပြီဆိုသည်နှင့် အ
ဖွန်ဆိုင်ရှေ့မှာ ကလေးတစ်အုပ် စုရုံး စုရုံးဖြစ်
နေပြီ။ တံခါးဖွင့်လိုက်သည်နှင့် ကလေးများ
တန်းစီလိုက်သည်။

“ကျော်မတက်နဲ့ စည်းကမ်းတကျ တန်းစီးနော်
ကျော်တက်တဲ့အကောင် မပေးဘူး”

တံခါးဖွင့်ပြီး အလုပ်သမားတစ်ယောက်
ကြွေဇလုံကြီးပိုက်ပြီး ထွက်လာရင်း ကလေး
တွေကို လှမ်းအော်သတိပေးလိုက်သည်။
ကလေးတွေကလည်း နေ့စဥ်အလုပ်မို့ မိမိတို့
ဘာလုပ်ရမည်ကို သိသည်။

“ကဲ…တစ်ယောက်တစ်လုံးစီရမယ်”

“ဟေ့ ခွေးပု ဒီနေ့ မင်းညီ မပါပါလား”

“ညက မိုးမိပြီး အအေးပတ်လို့ ဖျားပြီး မလိုက်
နိုင်ဘူး ဦးလေးပေါက်”

“ဒါဆို တစ်လုံးနာသွားတာပေါ့”

“ကဲ နောက်တစ်ယောက်”

တစ်ခါတရံတော့ အဖွန် က်ိုယ်တိုင်ထွက်ပြီး
ကလေးတွေကို ကောက်ညှင်းပေါင်းစေသည်။
လာသမျှ ကလေးများကို မငြီးမငြူပေးသည်။
ကလေးများကုန်မှ ကျန်ပေါင်းထားပြီး ကောက်
ညှင်းတို့ကို အရက်ချက်လိုက်သည်။

ချက်ပြီး အရက်များကို စဥ့်အိုးများဖြင့်
ညသိပ်ထားလိုက်သေးသည်။ နောက်ရက်မှ
ထုတ်ရောင်းသည်။ သို့ဖြင့် တစ်ညနှင့်တစ်ည
သိပ်ထားသော အရက်များကို ဆိုင်မှာလာ
သောက်သူများကို ရောင်းသကဲ့သို့ ဖောက်
သည်လာယူသူများကိုလည်း လိုသလောက်
ရောင်းချပေးခဲ့သည်။

အရက်ဆိုင်နှင့်ကပ်လျက် အခန်းတစ်ခုကို
အပေါင်ဆိုင်ဖွင့်ထားသေးသည်။ ထိုဆိုင်တွင်
အဖွန်နှင့် သူ၏သမီးအကြီးတို့ ဆိုင်ထိုင်သည်။
ထိုသို့ ပစ္စည်းအပေါင်ခံပြီး ငွေထုတ်ချေးရုံ
မက အိမ်နီးနားချင်းများနှင့် ရင်းနှီးသူတစ်
ချို့ကို ချွင်းချက်အနေနှင့် ပစ္စည်းမယူဘဲ
နေ့သွင်းသဘောမျိုးနှင့် ငွေထုတ်ချေးတတ်
သည်။

အိမ်နီးချင်း ဒေါ်ညွန့်၊ ဒေါ်ဖွားဆယ်၊ မလှလေး၊
ကိုထွန်းတို့ကို နေ့ပြန်ပေးသဘောမျိုး
ငွေထုတ်ပေးသည်။

“အဖွန်ကြီး”

“ပြော…မညွန့် မျက်နှာမချိုမချဥ်နဲ့ဆို တခုခု
ပြောပြီး ချေးတော့မယ်မဟုတ်လား”

“အဖွန်တို့က ပြောတော့မယ် မဟုတ်က ဟုတ်က”

“အဖွန်တို့က လူမျက်နှာကြည့်တာနဲ့ ချေးမှာ
လား၊ တောင်းပန်မှာလား၊ ညာတော့မှာလား
သိမှသိ”

“ကဲပါ အဖွန်ပြောတဲ့အတိုင်း ပိုက်တစ်ဖုံဘိုး
ချေးချင်လို့ပါ”

“ချေးတာတော့ ဟုတ်ပါပြီ ဘယ်လိုဆပ်မှာလဲ”

“ထုံးစံအတိုင်းပေါ့ တစ်နေ့တာ ဖမ်းလို့ရတဲ့
ငါးထဲက အဖွန်အတွက် ဟင်းစားလာသွင်း
မှာပေါ့ တစ်နေ့ ဘယ်နှစ်ဆယ်သား သွင်းရ
မလဲပြောပါ”

“ငါးဆယ်သားပေးရမယ်”

“မများဘူးလား နည်းနည်းလျော့ပါဦး”

“ငါ့အိမ်မှာ လူတွေအများကြီး နင့်ဆီကရမယ့်
ငါးဆယ်သား အရေသောက်ဟင်းတောင်
ခပ်လိုမချိုဘူး”

“ဒီမှာ ဟို ကျော်တင့်တို့ လင်မယားလုပ်သလို
လုပ်ရင်၊ နောက်ဘယ်တော့မှ ငါ့ဆီ ချေးဖို့
မစဥှးစားနဲ့”

“ကျော်တင့်တို့က အဖွန်ကို ဘာလုပ်ခဲ့လို့လဲ”

“ငါက အိမ်မှာနေတဲ့ တရုတ်အဖိုးကြီးဆိုပြီး
လိမ်ကြတယ်၊ ငါ့မှာလည်း ပေါင်းထားသင်း
ထားတဲ့သူတွေ အများကြီး လိမ်လို့မရဘူး၊
ဒီကောင် ငါ့ပိုက်ဆံနဲ့ ပိုက်တဖုံဝယ်ပြီး ငါးရှာ
တယ်။ ငါ့ကို ငါးပြန်သွင်းတော့ ငါးအသေး
အနုပ်လေးတွေ အကောင်ကြီးတဲ့ ငါးဆိုရင်
ပုပ်တော့မယ့်အကောင်မှ ငါ့ကိုလာသွင်း
တယ်၊ ငါ့ကိုပြောတော့ ငါးအကြီးမရလို့
အသေးအနုပ်လေးတွေ လာသွင်းရတာ။

အားနာတယ်တဲ့၊ ငါးအပုပ်ကျတော့ လှေပေါ်
မှာ နေပူမိသွားလို့တဲ့ ငါ့ကိုညာတာ။ ငါက
သတင်းကြိုရထားပြီးပြီ၊ ရွာထဲမှာ ငါးတွေ
လှည့်ရောင်းတာ ငါးပတ်တွေ ငါးကြင်းတွေ
တဲ့ ရောင်းမကုန် ရောင်းမရတဲ့ငါးကိုမှ ငါ့ကို
လာသွင်းတာ၊

ဒီကောင်ကို ငါနောက်မချေးတော့ဘူး ပြော
ရအောင်ကလည်း ပိုက်ဖိုးမကျေသေးလို့
သည်းခံနေရတာ၊ ဒါ့ကြောင့် နင်လည်း ကျော်
တင့်တို့လို အသေးအနုပ်ငါးတွေ လာပို့လို့
ကတော့ ဒီတစ်ခါပဲရမယ်”

“ကဲ…အဖွန် ကျမကို ကျော်တင့်တို့လို လူစား
ထင်နေလား ရသမျှ အဖွန်ဆီ အရင်လာပြီးမှ
ရွာထဲ လိုက်ရောင်းမယ်”

“ကြည့်သေးတာပေါ့”

ပါးစပ်အပေါက်ဆိုးသော်လည်း အဖွန်ပိုက်
ဆံထုတ်ပေးလိုက်ပါသည်။ ထိုကဲ့သို့ နား
လည်မှုနှင့် ချေးငှားသူများ၏ လှည့်စားမှု
တို့ အဖွန် များစွာခံရပေမယ့် စီးပွားက
လျော့မသွားခဲ့။

စေတနာ အကျိုးပေးသန်လှသည်ဟုပင် ပြော
ရမည်လားမသိ။ တစ်နေ့တခြား စီးပွားက တိုး
ပွားလာခဲ့သည်။ ထိုကဲ့သို့ စီးပွားဖြစ်သော်လည်း
ဓားမြတိုက်ခံရခြင်း အနုကြမ်းအစီးခံရခြင်း
တို့ မခံခဲ့ရ။ ရွာ၏ သူကြီးအဆက်ဆက်လည်း
အဖွန်၏ ရင်းနှီးခင်မင်သူ မိတ်ဆွေကောင်း
များ ဖြစ်ခဲ့သည်။

ထိုကဲ့သို့ တစ်လောကလုံးနှင့် တည့်အောင်
ပေါင်းသင်းခဲ့သည့်အဖွန်တစ်ယောက် ဒေါ်
ထွေးတင်နှင့်ကျမှ ပြသာနာတက်ခဲ့ရတော့
သည်။ အဖွန်၏ အိမ်ဆိုင်နှင့် တစ်အိမ်ကျော်
မှာနေသော ဒေါ်ထွေးတင်တစ်ယောက် သ
မက် ငါးရှာရန်အတွက် ပြီးခဲ့တဲ့နှစ်က ပိုက်
တစ်ဖုံ ဝယ်ရန် ပိုက်ဆံချေးသွားသည်။

နေ့သွင်းအတွက် ငါးသွင်းပါ့မည်ဟု ကတိခံ
ပြီး သွားသော်လည်း ပိုက်ဖိုးထုတ်ပေးလိုက်
သည့်နေမှစ၍ တစ်ရက်မှ ငွေလည်းမလာ၊
ငါးလည်းမသွင်း။ ယခုနှစ် ငါးရှာရမည့်ရာသီ
ရောက်တော့ ပိုက်တစ်ဖုံဝယ်ရန် ငွေထပ်၍
လာချေးငှားသည်။

“မထွေးတင် မနှစ်က ငါးရှာတဲ့ ရာသီမှာ ပိုက်
ဝယ်မလို့ဆိုပြီး ပိုက်တစ်ဖုံဖိုး ငွေထုတ်ယူသွား
တယ်၊ အတိုးလည်းမပေး၊ အရင်းလည်း
မလာ၊ နေ့သွင်းလည်းမသွင်း၊ ကျုပ်က
အခု ပိုက်ဖိုးထုတ်ပေးရဦးမယ်၊ ခင်ဗျား
မတရားဘူး”

“ရှင်က ကျုပ်တော့ မပေးဘူး၊ ရှင်မယား
ငယ်တွေတော့ နောက်ပိုးကြေးနဲ့ ချေးနေတာ
ကျုပ်မသိဘူးမှတ်လား”

“သူတို့ရှာလို့ရတဲ့ ငါးထဲက ငါ့အတွက် နေ့
သွင်းလာပေးကြတယ် သူတို့ငွေ ကြေတော့
ပိုက်ဖိုးထပ်ယူကြတယ်၊ ငါ့အလုပ်က ဒါပဲ
နင်က ကြက်ရေသောက်သလိုပဲ အဝင်ရှိပြီး
အထွက်မရှိလို့ ငါမပေးတာ၊ ခင်ဗျားလိုချင်
ရင် ယူထားတဲ့ ပိုက်တစ်ဖုံဖိုး အရင်ပြန်ဆပ်ဦး”

“ရှင်က ပိုက်ဆံအားကိုးနဲ့ လူကိုလူလို့ မမြင်
ဘူး ရှင့်ပိုက်ဆံရမှ ငါးရှာလို့ရမယ်မထင််နဲ့
ရှင်…ထမင်းဝအောင်စားထား…တစ်နေ့
ကျုပ်အကြောင်း သိစေရမယ်”

ဒေါ်ထွေးတင်လည်း ပိုက်ဆံချေးရာ မရသဖြင့်
ရှက်ရှက်နှင့် မချေမငံ ပြောကာ ပြန်သွားတော့
သည်။ ဒေါ်ထွေးတင်ပြန်သွားတော့ အဖွန်လည်း
အနီးမှာ ရှိနေကြသည့် အရက်သောက်သုံးသူ
နေ့စဥ်ဖောက်သည်တို့အား…

“ဆရာကီး တို့လည်း ရှာလည်းရှာ သုံးလည်းသုံး
အရှာမရှိဘဲ အသောက်အသုံးကြီးပဲဆိုရင် တစ်
နေ့ ဒုက္ခရောက်တတ်တယ်”

“စိတ်ချ ထောင်ကဲရေ ရှာနိုင်တုန်းရှာလည်းရှာ
သောက်လည်း သောက်ပေါ့၊ မရှာနိုင်တဲ့အချိန်
ကျုပ်တို့လို သစ္စာရှိဖောက်သည်ဟောင်းကြီး
တွေကို အရက်လေးများ ဒါနပြုဖို့ စိတ်ကူးမရှိ
ဘူးလား”

“ရှိပါ့ဗျာ ရှိပေါ့ အဲဒီအချိန် ခင်ဗျားတို့ သောက်
ဖို့ ဦးရေ မီးတောက်အရက်ကောင်းကောင်းနဲ့
ကို ဧည့်ခံလိုက်ဦးမယ်”

အဖွန်က သူ့စကားသူ သဘောကျပြီး ထိုနေရာမှ
ပြုံးရယ်ကာ ထွက်သွားသည်။

“အဖွန့်ဒါနက…မြန်မြန်သေမယ့်ဒါနပဲ… ဟား
ဟား ဟား”

အရက်သောက်နေသူများ သဘောကျစွာ
ရယ်မောကျန်ခဲ့သည်။

xxxxx

အဖွန် မနက်လေးနာရီ အမြဲထနေကျ ယနေ့
မနက် လေးနာရီ ရွာဦးကျောင်းက အုံးမောင်း
သံကြားသည်နှင့် အဖွန် အိပ်ရာက နိုးလာ
သည်။ အိပ်ရာက ထစဥ် မျက်လုံးနှစ်ဖက်က
ခုလုခုလုဖြစ်နေသည်။ အနေရခက်ပြီး မျက်
လုံးနာလာသည်။

ထို့ကြောင့် သမီးဖြစ်သူကို လှမ်းအော်နှိုးပြီး
အိပ်ရာထဲသို့ ရေတစ်ခွက် ခပ်ယူလာခိုင်းသည်။

ရေခွက်ရောက်လာတော့ မျက်လုံးနှစ်လုံးကို
ရေတွင် နှစ်ကာ မျက်လုံးကို ပုတ်ခတ်၊ ပုတ်
ခတ်လုပ်လိုက်စဥ် ရေခွက်ထဲသို့ သဲများ
ကျလာသည်။

“ဟင့်…အဖေ့မျက်လုံးထဲက သဲတွေ ထွက်ကျ
နေတယ် ဘယ်လိုဖြစ်တာလဲ”

“ဟုတ်တယ် ညအိပ်တုန်းကအကောင်း သန်း
ခေါင်ကျော်တုန်းက အပေါ့သွားလိုက်သေး
တယ် မျက်လုံးက ဘာမှ မဖြစ်ဘူး၊ အခု နိုး
မှဖြစ်တာ”

“ရေခပ်ပေးဦး ခုလုခုလု ဖြစ်တုန်းပဲ”

နောက်တစ်ခွက်ထဲသို့လည်း သဲများကျလာ
ပြန်သည်။ ဤသို့နှင့် ရေငါးခွက်ခပ်ပြီးမှပင်
မျက်လုံးထဲမှ သဲများ ကုန်သွားပြီထင်သည်၊
ဘာမှ မဖြစ်တော့။

နေ့ခင်းရောက်တော့ မျက်လုံးက ပြန်ဖြစ်လာ
သည်။ မနက်ကကဲ့သို့ပင် ရေလေးခွက် ငါး
ခွက်ခန့် ခပ်ပြီး မျက်လုံးရေထဲ ပုတ်ခတ်ပုတ်
ခတ်လုပ်လိုက်မှ သဲများကုန်သွားသည်။

ညရောက်တော့ မအိပ်ခင် အဖွန်မျက်လုံးတွင်း
မှ သဲများကို ရေငါးခွက်ခန့်မျှ ခပ်ပြီး ထုတ်ပစ်
ရသည်။ ဤသို့ဖြင့် နှစ်ရက် သုံးရက်ခန့်ကြာ
သွားသည်။ အဖွန်လည်း စိတ်ညစ်နေပြီဖြစ်
သည်။

ထိုအခါ အဖွန်ထံမှာ အလုပ်လုပ်နေသော အ
လုပ်သမားတစ်ယောက်က သူ့အိမ်နားက ဦး
စံဖေကို ခေါ်ပင့်ပြီး ထိုကိစ္စကိုကုသပေးဖို့
ပြောပါလားဟု အဖွန့်ကို အကြံပေးသည်။

ထိုအလုပ်သမား ငတင်ကိုပင် ဆရာဦးစံဖေကို
အိမ်သို့အပင့်ခိုင်းလိုက်သည်။

ဆရာဦးစံဖေအိမ်နှင့် အဖွန်တို့ ဆိုင်သိပ်မဝေး
ပါ။ ခြံအနေနှင့် ဆိုပါက ခြောက်ခြံမြောက်သာ
ဝေးပါသည်။ ဆရာဦးစံဖေက အဖွန့်သတင်း
ကြားပြီးဖြစ်သည်။ မည်သူ့စနက်ဆိုသည်ကို
လည်းသိသည်။

ကာယကံရှင်က ခွင့်တောင်းမှုမပြုသဖြင့်
အဖွန်ရောဂါကို သိသော်လည်း မကုသပေး
နိုင်ခြင်းဖြစ်သည်။ ယခု အဖွန်မှ လိုလို
လားလား ပင့်လာသဖြင့် ကြေးဝါပြားလေး
မှာ အင်းတစ်ကွက်ရေးသားပြီး အဖွန်၏
သမီးများကိုပေးကာ အသေအချာ
မှာသည်။

“အဖွန် မျက်စိနာလာပြီဆိုရင် မီးကိုဖိုလိုက်၊
မီးဖိုပြီးတာနဲ့ ဒီအင်းပြားကို မီးနဲ့နည်းနည်း
ခွာပြီး အပူပေးလိုက် အင်းပြား အပူဓာတ်
ရတာနဲ့ မျက်လုံးထဲက သဲတွေပျောက်သွား
ပြီး အနာသက်သက်သွားလိမ့်မယ် အင်း
ပြားကို မီးနဲ့မထိစေနဲ့ ဟုတ်လား”

“ဆရာကြီးမှာတဲ့အတိုင်း လုပ်ပေးပါမယ်”

ဆရာကြီး ဦးစံဖေပြန်သွားပြီး မကြာခင် အဖွန့်
မျက်လုံးများ ခုလုခုလုဖြစ်ကာ နာလာသည်။
ဆရာကြီးမှာသည့်အတိုင်း မီးကင်ပြီး အပူပေး
လိုက်ရာ သဲများယူပစ်သလို ပျောက်သွားသည်။

သို့သော် နေ့ခင်းရောက်ပြန်တော့ ဖြစ်နေကျ
အချိန်မှာ မျက်လုံးနာလာပြန်သည်။ မီးကင်
လိုက်သည်နှင့် မကြာခင် ကောင်းသွားပြန်
သည်။ ညအိပ်ချိန်ရောက်ပြန်တော့ မျက်လုံး
နာလာပြန်သည်။

မီးအပူပေးတော့ ပျောက်သွားသည်။

တစ်ရက်က နှစ်ရက်ရောက်တော့ မီးဖိုရ
မီးကင်းရသည့် ဒုက္ခကြောင့် အဖွန်၏ သမီး
များ စိတ်မရှည်ချင်တော့။ ထိုအခါ တဟုန်း
ဟုန်းတောက်နေသော မီးဖိုအတွင်းသို့
အင်းချပ်ကို ပစ်ထည့်လိုက်တော့သည်။

ထိုအင်းပြားကို မီးထဲပစ်ထည့်ပြီး မကြာခင်
အဖွန့်တို့အိမ်နှင့် တစ်ခြံကျော်မှ…

“အမယ်လေး…ပူလိုက်တာ ပူလိုက်တာ
ကယ်ပါဦးတော် သေပါပြီ”

ဒေါ်ထွေးတင်တစ်ယောက် ကြောက်မက်ဖွယ်
အော်သံကို တစ်ရွာလုံးနီးပါး ကြားရသလို
အဖွန်တို့အိမ်ကလည်း အတိုင်းသား ကြား
လိုက်သည်။ ဒေါ်ထွေးတင်လည်း တမီစွန်
တောင်ဆွဲပြီး ဦးစံဖေအိမ်သို့ ပြေးသွား
တော့သည်။

“ဆရာကြီး ဆရာကြီး ဘယ်လိုလုပ်လိုက်တာ
လဲ ကျုပ်သေရတော့မယ် ကျုပ်ပူတယ်”

“ကဲ…ကဲ…ဘယ်လိုလုပ်လိုက်ကြတာလဲ မသိ
ဘူး၊ ထွေးတင် နင့်အိမ်နင်ပြန် ငါ အဖွန်အိမ်
သွားလိုက်ဦးမယ်”

ဦးစံဖေ အဖွန်အိမ်သို့ အပြေးအလွှား ရောက်
သွားသည်။

“ဟဲ့…ဟဲ့…အင်းပြား ဘယ်မှာလဲ”

“ရောဂါ တစ်ခါတည်းပျောက်အောင် မီးထဲ
ပစ်ချလိုက်တယ်”

“ဟာ…မှာတဲ့အတိုင်း မလုပ်ကြဘူး၊ အားလုံး
သေကုန်တော့မှာပဲ ဘယ်မှာလဲ ရှာကြစမ်း”

ဆရာကြီး ပျာပျာသလဲဖြစ်နေသဖြင့် အဖွန်
သမီးအကြီးမက မီးထဲမှ အင်းချပ်ကို ကောက်
ထုတ်ယူပေးလိုက်သည်။

အင်းချပ်ကို အေးအောင်ထားပြီး…

“ကဲ…ဒီအင်းချပ်ကို ငါပြန်ယူသွားတော့မယ်”

ဆရာ ဦးစံဖေက အပြန် ဒေါ်ထွေးတင် ခြံရှေ့
အရောက် အပြင်ကို ခေါ်ထုတ်လိုက်သည်။

“အေး…နင်အခုလိုခံစားရတာ သူတို့လည်း နင့်
လိုပဲ ခံစားရတယ်မှတ် ငါအသွားမြန်လို့ နင်
မသေတာ၊ အင်းကို မီးနဲ့က ဝေးဝေးမှာပြ၊ နင်
လဲ အန္တရာယ်မဖြစ် သူတို့လည်း မဖြစ်အောင်
ငါမှာခဲ့တာ၊ တစ်ခါတည်း မီးထဲ ပစ်ထည့်လိုက်
ကြတယ်။ ငါဖြစ်စေချင်တာက နင့်ရဲ့ ပြုလုပ်
ထားတဲ့ ပညာတွေ ပြန်နှုတ်ယူလိုက်၊ နင်နဲ့
မတည့်တဲ့ ရွာသူရွာသားတွေအပေါ် လုပ်နေ
တဲ့ လုပ်ရပ်တွေကိုလည်းပြင် ဘယ်လိုသ
ဘောရလဲ”

“ကျမ ပြန်နှုတ်ယူပါ့မယ်၊ နောက်ကိုလည်း
ရွာသားတွေကို မပြုစားတော့ပါဘူး”

“နင့်အရုပ်ကို မီးရှို့ပစ်ချင် မီးရှို့၊ ဒါမှမဟုတ်
ရေမှာမျှောချင် မျှောလိုက်။ အဲဒီအရုပ် နင့်
အနားမှာ မရှိမှ ငါစိတ်ချနိုင်မှာ”

ဒေါ်ထွေးတင်က အောက်လမ်းပညာ အနည်း
အကျဥ်းတတ်သလို ကဝေမှော်ရုပ်ကိုလည်း
ပိုင်ဆိုင်ထားသည်။

မိမိနှင့် မသင့်မြတ်သူများကို ပြန်လှန်မပြောဝံ့
ကြောက်သွားရန် ကဝေမှော်ရုပ်ကို အသုံးပြု၍၊

တစ်ဖက်သားလူ ခါးနာစေလိုလျှင် မှော်အပ်
နှင့် ကဝေရုပ်ခါးကို ထိုးသည်။ တစ်ဖက်လူ
နာမည်ကိုပါ ကဝေရုပ်မှာ အမည်ပေးရသေး
သည်။ လက်နာစေလိုလျှင် လက်ကိုကဝေ
မှော်ရုပ်နှင့်ထိုးသည်။

အဖွန်ကို လုပ်ထားပုံကတော့ ကဝေရုပ်၏
မျက်လုံးနှစ်လုံးအပေါ် သဲများ ပုံလိုက်ပြီး
ကဝေမှော်အပ်နှင့် မျက်လုံးနှစ်လုံးကို တစ်
နေ့ သုံးကြိမ်ထိုးပေးခြင်းဖြစ်သည်။

ဆရာဦးစံဖေ ပြန်သွားပြီးနောက် ဒေါ်ထွေး
တင်လည်း အိမ်ပေါ်သို့ တက်သွားကာ က
ဝေမှော်ရုပ်မှာ ပုံထားသော သဲများကို ဖယ်
ရှားပစ်လိုက်သည်။ အဖွန်နာမည်ကိုလည်း
ဖျက်လိုက်သည်။

ထိုအခါမှ အဖွန်မျက်လုံးမှာ ဖြစ်ပေါ်နေသော
သဲကျခြင်း ဝေဒနါလည်း ကင်းကင်းရှင်းရှင်း
ပျောက်သွားတော့သည်။

ဦးစံဖေပြောသွားသည့်အတိုင်း ကဝေ
မှော်ရုပ်ကို မည်ကဲ့သို့လုပ်လိုက်သည်မသိ။
ဒေါ်ထွေးတင်ကြောင့် မည်သည့် ရွာသူရွာ
သားမှ ရုတ်တရက်ဖြစ်သော ဝေဒနါမျိုး
မခံစားကြရတော့။

ထိုရက်ပိုင်းအတွင်း သတင်းထူးကတော့
ဒေါ်ထွေးတင်က အဖွန်ထံသွားပြီး သူမကောင်း
ကြံခဲ့ကြောင်း သူနောင်တရပြီ ဖြစ်ကြောင်း
မည်သူ့ကိုမှ နောင် ယခုလို မလုပ်တော့ပါ
ကြောင်း သွားဝန်ခံသလို….

အဖွန်ကလည်း ဒေါ်ထွေးတင် ယခင်က
ယူထားသော ပိုက်တစ်ဖုံဖိုးကို အလျှော်
ထားလိုက်ပြီး… ယခု ပိုက်တစ်ဖုံဖိုးကို
ချေးလိုက်သည်ဟူသော သတင်းကိုဖြင့်
အားလုံးကြားသိလိုက်တော့သည်။

မူရင်းရေးသူ ဆရာ ဧကန်မင်း
စာဖတ်သူကို ကူးယူဝေမျှသူ လက်ခ(ရွှေပေါက္ကံ)
credit

ဗိုက်ကြီးသည် အစိမ်းသရဲမနဲ့ မဖဲဝါ စာအုပ်မှ
ကောက်နုတ်တင်ပြထားသည်

စာဖတ်သူများ စိတ်ရွှင်လန်းပါစေ

ပြီးပါပြီ