ကိုဆန်းနှင့်လိုက်လာသူ

Posted on

ကိုဆန်းနှင့်လိုက်လာသူ(စ/ဆုံး)

——————————–

တိမ်စိုင်လေးတွေ ဝဲပျံတဲ့ အေးချမ်းသာယာလှပသော ဆောင်းမနက်ခင်းတခုမှာ ကျန်ုပ် ကိုဆန်း အိမ်ရှေ့မှာ ရေနွေးကြမ်းသောက် နေပူဆာလှုံရင်း အနားယူနေမိတယ်။ ဒမ်ပီးရွာလေးရဲ့ အေးချမ်းတဲ့ မနက်ခင်းမှာ ကျေးတောသူ တောသားများ အဖို့ တောင်ယာခုတ် သီးနှံစိုက်ပျိုးပြိး လယ်ယာအလုပ်များနဲ့ အမဲလိုက်ခြင်းနဲ့သာ တနေ့တာ ကုန်ဆုံးကြစမြဲ။ ဒီကနေ့ကတော့ ကျန်ုပ် တောင်ယာအလုပ်များ ပြီးစီးလို့ အေးအေးလူလူ အိမ်မှာ အနားယူလိုက်တာ ဖြစ်ပါတယ်။
“ဗျို့ ကိုဆန်း”
ခေါ်သံကြားလို့ လှမ်းကြည့်တော့ ထန်မွဲလ်ရွာ က ဉီးခမ် ကိုတွေ့လိုက်ပါတယ်။ ကျန်ုပ်လဲ ပျာပျာသလဲနဲ့
“ဉီးခမ် မလာစဖူး အလာထူးပါလား … လာလာ .. ထိုင်ပါဉီး”
ဉီးခမ် မှာ အသက် ၄၀ အရွယ် ကျားကျားလျားလျား သန်မာလှတဲ့ ထန်မွဲလ်ရွာသားတဉီး။ သူ့မှာ သား တစ်ယောက် နဲ့ သမီး တယောက်ထွန်းကားပါတယ်။ မိသားစု ၄ယောက်ကို တာဝန်ယူ ရှာဖွေကြွေးမွေးတဲ့ အားကောင်းမောင်းသန် ယောကျား တဉီး ဖြစ်ပါတယ်။
“အော် မလာဖူးဘူးဆို တောင်ယာအလုပ်တွေနဲ့ပိနေတာဘဲ.. အခုလဲ သွေးနီ ချောင်းမှာ သစ်ခုတ်တာတွေ သွားစစ်နေတာ လမ်းလဲကြုံလို့ အပြန်ဝင်လာတာပါလေ”
“ဟုတ်လား… ဘာအတွက်သစ်ခုတ်နေတာလဲ”
“အော် ဒီတနွေတော့ အိမ်ပြင်ဆောက်ဖို့လုပ်ရမှာဘဲ ..ပြင်မည်ပြင်မည် နဲ့ အရင်နှစ်က မလုပ်နိုင်ဘူးဆိုတော့ ဒီနစ် တော့ လုပ်ရတော့မည်လေ .. အိမ်လဲ အိုဟောင်းနေပြီ ကိုဆန်း ရယ်”
ကျန်ုပ်တို့ ဒေသပတ်ဝန်းကျင်လူများဟာ အိမ်ဆောက်ဖို့ သစ်ကြီးတွေကို သွေးနီချောင်းဘက်မှာ သွားခုတ်ပြီး သစ်တွေလိုသလောက် ရလာတဲ့အခါ ရွာသူရွာသားများကို အကူအညီတောင်းပြီး သယ်ဆောင်လေ့ရှိပါတယ်။ အေးဒီလို တစ်အိမ်နဲ့ တစ်အိမ် အကူအညီတောင်း သစ်သယ်တာဟာ ရိုးရာရွာ ဓလေ့တခုဖြစ်ပါတယ်။ ပြီးတော့ အေးဒီ သွေးနီချောင်းမှာဘဲ ကလေး လူကြီးတွေ ငါးမျှား ပုစွန်နိူက် ဖမ်းလေ့ရှိကြတယ်။ ဒီသွေးနီချောင်းလေးဟာ ဒမ်ပီရွာရဲ့ အဓိက အသက်သွေးကြော ချောင်းတခုဖြစ်သလို အနီးအနားရွာတွေရဲ့ အားထားရတဲ့ လယ်သွယ်ချောင်းလည်း ဖြစ်ပါတယ်။
ထန်မွဲလ်ရွာလေးဟာ တောင်ပေါ်မှာ တည်ထားတဲ့ ရွာငယ်လေး တရွာသာဖြစ်ပါတယ်။ အိမ်ခြေ ၃၀ လောက်ရှိပြီး လမ်းပန်းဆက်သွယ်ရေးခက်ခဲလှပါတယ်။ ထန်မွဲလ် ရွာလေးရဲ့ အနီးဆုံးရွာမှာ ကျန်ုပ်တို့ ဒမ်းပီးရွာလေးဖြစ်ပါတယ်။ သွေးနီချောင်းကိုသွားဖို့ တောင်တန်းပေါ်ကနေဆင်းလာပြီးမှ ကျန်ုပ်တို့ရွာကို ဖြတ်ပြီး သွေးနီချောင်း ကိုသွားရပါတယ်။ တခြားဖြတ်လမ်း မရှိပါဘူး။
ဉီးခမ် လဲ ရေးနွေးကြမ်း တခွက်မော့သောက်ပြီး ကျန်ုပ်ကို ကြည့်ကာ …
“ကိုဆန်း ကျုပ်ပြောပြချင်တာရှိတယ်”…
ကျန်ုပ်လဲ …
“ပြောလေ ဉီးခမ်… ဒီလို တကိုးတက ပြောရအောင် ဘာထူးတာများရှိလို့လဲ..”
“မဟုတ်ဘူး ကိုဆန်း… ကျုပ်ပြောတာ လူတွေ မယုံမှာဆိုးလို့ ဘယ်သူမှ အခုထက်ထိမပြောဖူးသေးဘူး..ဒါပေမည့် ကျုပ် ပြောပြချင်တယ်… ယုံမယုံတော့ ကိုဆန်း အပိုင်းပေါ့လေ..”
ကျန်ုပ်လဲ ပဟေနို ဆန်လှတဲ့ ဉီးခမ် ကို ငေးကြည့်ရင်းနဲ့….
“ဪ ကျန်ုပ်ယုံမယုံတော့ ဉီးခမ် ပြောတာအရင်နားထောင်ရတာပေါ့… ပြောစရာရှိတာသာပြောလေ..”
ဉီးခမ် လည်း ကျန်ုပ်ကို တချက်ကြည့်ပြီး ဆေးပေါလိပ် ဖွာရှိုက်ရင်း သူ ကြုံတွေ့ခဲ့တဲ့ အဖြစ်အပျက်ကို ပြောပြနေပါတော့တယ်..
……………………………………………….
ထန်မွဲလ်ရွာ…..
၁၉၈၀ ခုနစ် ဝန်းကျင် ….
ဉီးခမ် မှာ အသက် ၂၀ ဝန်းကျင်လောက်မှာဘဲ အမဲပစ်အလုပ်ကို ဝါတနာကြီးစွာနဲ့ တတ်မြောက်ကျွမ်းကျင်သူ တစ်ယောက်ဖြစ်ပါတယ်။ ဖခင်မှာ တောင်သူလယ်သမား ဖြစ်နေပေမည့် ဉီးခမ် ကတော့ မုဆိုးကောင်း တယောက်ဖြစ်ဖို့ သဲသဲမဲမဲ ကြိုးစားနေသူတယောက်။ ဉီးခမ် မှာ အချစ်ဆုံး အမဲလိုက်ဖော် ဝါတနာ တူ သူငယ်ချင်း အရင်း တယောက်ရှိပြီး အေးဒီသူငယ်ချင်း နဲ့ နေ့တိုင်းနီးပါး မပျက်မကွက် အမဲလိုက်နေကြဘဲ ဖြစ်ပါတယ်။
………………………………………
တစ်နေ့…
သာယာကြည်လင်တဲ့ နွေဉီး ညနေခင်းတစ်ခုမှာ….
ဉီးခမ် နဲ့ သူ့သူငယ်ချင်း အမဲပစ်ဖို့ တိုင်ပင်ပြီး ရွာထဲကနေ ထွက်ခွာလာကြပါတယ်။ အမဲပစ်ဖို့ သင့်တော်တယ်လို့ ထင်တဲ့နေရာ ရောက်လာပြီးနောက် သူတို့ နှစ်ယောက်မှာ ဆုံမှတ်တစ်ခုကို သတ်မှတ်ကြပါတယ်။ အရင်ပြန်လာတဲ့သူက သူတို့သတ်မှတ်တဲ့ ဆုံမှတ်မှာ စောင့်ပြီးမှ အတူတူပြန်ကြဖို့ ဆုံးဖြတ်ကြပါတယ်။
……………………….
ညနေ ၅ နာရီ ဝန်းကျင်…
ဉီးခမ်တို့ ဟာ အမဲပစ်ဖို့အရေး တောင် နဲ့ မြောက် ခွဲပြီး သေနတ်ကိုယ်စီ နဲ့ ထွက်လာကြပါတယ်။ ထမင်းအိုးတကျက်လောက်အကြာမှာဘဲ ဟိုး ခပ်ဝေးဝေး ကနေ သေနတ်သံ တချက်မြည်တာ ဉီးခမ်ကြားလိုက်ပါတယ်။
“ဪ ငါ့သူငယ်ချငးတော့ စောစောစီးစီး အမဲပစ်နေပါလား… ဒီလူ လက်ဖြောင့်နေတော့ ရကောင်းနိုင်ပါရဲ့…” လို့ ဉီးခမ် တွေးလိုက်မိတယ်။ ပြီးတော့ သူ့သူငယ်ချင်း အမဲရရင် သူ့ကို ရှာပြီးခေါ်နေကြဖြစ်လို့ သူ့ကိုလာခေါ်မည်အထင်နဲ့ နေရာမှာတင် စောင့်လိုက်ပါတယ်။ နာရီဝက်လောက်အကြာမှာတော့ သူ့သူငယ်ချင်းလာခေါ်တာလဲ မတွေံရလို့ ဉီးခမ် တစ်ယောက် သူတို့ သတ်မှတ်တဲ့ ဆုံမှတ် နေရာကို ပြန်လာလိုက်ပါတယ်။
“ဒီမှာဘဲ ငါစောင့်လိုက်တော့မည်… အမဲရရင် ငါ့ကိုလာခေါ်မှာဘဲလေ..” ဉီးခမ် တွေးလိုက်မိတယ်။ စောင့်ရင်းစောင်ံရင်း နဲ့ နေဝင်ဖြိုးဖျအချိန်ရောက်လာပြီ။ ဉီးခမ်လဲ အတွေးမျိုးစုံတွေးမိလာတယ်။
“အင်း.. ငါ့ဘော်ဒါတော့ အမဲမရဘူးလားမသိဘူး… အခုထိလာမခေါ်သေးဘူးဆိုတော့ .. ဒါမှမဟုတ် ငါ့ကိုမစောင်ံ့ဘဲ ပြန်သွားပြီလား…”
ပတ်ဝန်းကျင် ကြည့်လိုက်တော့ မှောင်ရီဝိုးတဝါး.. ညနေတရောအချိန်… ဒီအတိုင်းသာမာန်ရွာသား အမဲပစ်ဖော်သာ ဆိုရင် ဉီးခမ် စောင့်မနေတော့ဘဲ ပြန်ဖြစ်မှာသေချာတယ်.. ဒါပေမည့် အခုကတော့ မိတ်ဆွေအရင်းကြီး ဖြစ်နေပါတယ်…
“မဖြစ်နိုင်ဘူး ငါ့ဘော်ဒါက ငါ့ကိုထားခဲ့မှာမဟုတ်ဘူး… သူတခုခုများဖြစ်နေလား ငါသွားရှာကြည့်ရမည်….”
ဉီးခမ်မှာ ပြောပြောဆိုဆို နဲ့ သူ့သူငယ်ချင်း ထွက်သွားတဲ့ဘက်ကို လှမ်းပြီး လိုက်သွားပါတယ်။ ဉီးခမ်လဲ မုဆိုး ခြေရာကောက်နည်းနဲ့ သူငယ်ချင်း ဖြစ်တဲ့သူ သွားရာဘက်ကို လိုက်ရှာပါတယ်။ ခဏအကြာမှာ သူ့သူငယ်ချင်းကို သစ်ပင်အောက်မှာ လဲလျှောင်းနေတာ မြင်လိုက်ပါတယ်။
“သူငယ်ချင်း မင်းဘာလုပ်နေတာလဲ” ဉီးခမ် လှမ်းပြောလိုက်တယ်။
“ငါသေနတ်သံကြားလို့လိုက်လာတာ…မင်းနောက်နေတာလားကွ”
ဉီးခမ် ပြောတဲ့စကားကို ပြန်တောင် မဖြေသလို လှည့်လို့တောင်မှ မကြည့်ဘူး။ ဉီးခမ် လဲ တင်းလာပြီးတော့ ….
“ကိုကပ် ဘာဖြစ်နေတာလဲ.. ငါမေးနေတယ်လေ”
ဉီးခမ် ခပ်ဆတ်ဆတ် ပြောနေပေမည့် သူ့သူငယ်ချင်းမှာ လှဲလှောင်းနေမြဲပါဘဲ။
“ဘာများ ဖြစ်နေလို့လဲ.. ဒီကောင် က ဒီလိုလဲ မနောက်ဖူးပါဘူး.. ငါသွားကြည့်မှ”
တီးတိုးရေရွတ်ပြီး အနီးသွားကပ် သွားကြည့်လိုက်တော့ သူ့သူငယ်ချင်းမှာ ဉီးခေါင်း မှာ အပေါက်ကြီးဖြစ်ပြီး ဉီးနှောက်တွေလဲထွက်ကျကာ သေနေမှန်းသိလိုက်ရတယ်။ ဘေးဘီဝဲရာ တွေ လှည့်ကြည့်ပြီး အကဲခတ်လိုက်တော့ သူ့သေနတ်ကို သစ်ပင်အကိုင်းကျိုး တခုမှာ မောင်းတံကွင်းလေး နဲ့ချိတ်ပြီးညိနေတာမြင်လိုက်ပါတယ်။ ဉီးခမ် သဘောပေါက်သွားပါတယ်။
“ဪ ဖြစ်ရလေ သူငယ်ချင်းရယ်….”
တီးတိုးညည်းမိပါတယ်။
သူ့သူငယ်ချင်းမှာ ဉီးခမ် ထင်သလို အမဲပစ်နေတာမဟုတ်ဘဲ သစ်ပင်ပေါ်ကနေ အမဲချောင်းပစ်ဖို့ အတက်မှာ သူ့သေနတ် မောင်းတံ အကွင်းလေးက သစ်ကိုင်းခြောက်အကျိုးလေးတစ်ခုနဲ့ ညိပြီး သေနတ်မောင်းတံ ဆွဲညစ်သလိုဖြစ်ကာ မေးရိုးကနေ ခေါင်းကို ထုတ်ချင်းပေါက် ပစ်လိုက်သလို ဖြစ်သွားပါတယ်။
အချိန်မှာ မှောင်ရီပျိုးချိန် ညနေ ၆ နာရီဝန်းကျင်ဖြစ်နေပြီ။ တလောကလုံး အမှောင်ရိပ်က လွှမ်းခြုံနေပြီ။ အိပ်တန်းတက်ဖို့ပျံဝဲတဲ့ ငှက်ကလေးတွေလဲ အိပ်တန်းရောက်ကုန်ပြီ။ တိတ်ဆိတ်ငြိမ်သက်ခြင်းက တစ်လောကလုံး စိုးမိုးလို့….လေပြေလေးတွေသာ တစ်ချက် တစ်ချက် တိုက်ခတ် တိုးဝှေ့နေပါတယ်။
ဉီးခမ်လဲ စိတ်မကောင်းခြင်းများစွာနဲ့ ကံဆိုးလှတဲ့ သူ့သူငယ်ချင်းကို ကြည့်ပြီး …
“သူငယ်ချင်း မင်း ဒီမှာ ခဏစောင့်နော် .. ငါတစ်ယောက်ထဲ မင်းကို မသယ်နိုင်ဘူးဆိုတော့ ရွာက လူတွေကို ပြန်ခေါ်ပြီး မင်းကို ပြန်လာသယ်မည်”
ဉီးခမ် မှာ သူ့သူငယ်ချင်းကို ကြည့်ပြီး ရွာပြန်ဖို့လှည့်အထွက်….
“ငါ့ကို မထားခဲ့ပါ သူငယ်ချင်း.. ငါတစ်ယောက်ထဲ မနေရဲဘူး .. ကြောက်တယ်.ကြောက်တယ်..”
ရုတ်တရက်ထွက်ပေါ်လာတဲ့ စကားသံကြောင့် ဉီးခမ်မှာ ကြောင်အန်အန်နဲ့ ပြန်လှည့်ကြည်တော့ အခုန က သေနေတဲ့ သူ့သူငယ်ချင်းက ထိုင်ပြီး သူ့ကို လှမ်းကြည့်နေတာ မြင်လိုက်တယ်။
ဉီးခမ် လဲ
“ငါအခုန သူစမ်းသပ်တဲ့အချိန်မှာ သူ့ ခန္တာကိုယ်က အေးစက်နေပြီ… နှလုံးခုန်တာလဲ ရပ်နေပြီ..ပြီးတော့ ခေါင်းကလဲ ထုတ်ချင်းပေါက် ဖြစ်နေတာ…ဘာတွေလဲဟ”
ဉီးခမ် စဉ်းစားပြီး တွေတွေကြီး ရပ်နေမိတာ။ ဘယ်နှစ်မိနစ်တောင် ကြာမည်မှန်းမသိ။
“ဉီးခမ် ငါပါကွ.. ဘာတွေစဉ်းစားနေတာလဲ.. ငါတစ်ယောက်ထဲ ဒီမှာ မထားခဲ့နဲ့နော်”
ဉီးခမ်လဲ သူ့သူငယ်ချင်း ထပ်ပြောမှ သတိဝင်လာပြီး…
“အေးပါကွ.. ငါမင်းကိုရအောင် ခေါ်သွားမည်”
ဉီးခမ် လဲ သူ့သူငယ်ချင်းနားကပ်သွားပြီး တွဲခေါ်ဖို့ လုပ်တဲ့အခါ သူ့သူငယ်ချင်းက…
“ငါလမ်းမလျောက်နိုင်ဘူး…ငါ့ကိုကျောပိုးပေးကွာ”
ပြောပါတယ်။ ဉီးခမ်လဲ အခြေအနေတွေ သုံးသပ်မနေတော့ဘဲ သူ့သူငယ်ချင်းကို ကျောပိုးကာ ရွာဘက် ဉီးတည်ပြီးပြန်ကြပါတယ်။
ညတဖြည်းဖြည်းနက်လာပါတယ်။ တောလမ်းတလျောက် အကောင်ငယ်လေးတွေ ပုရစ်လေးတွေအော်သံတွေ ဆူညံနေပါတယ်။ အချိန်အားဖြင့်တော့ ည ၈ နာရီထိုးလောက်ပါပြီ။ ဉီးခမ်လဲ သူ့သူငယ်ချင်းကို ကျောပိုးရင်း အဝေးကြီးက လျောက်တာ မောပန်းလာလို့ ခဏ နားဖို့ စဉ်းစားလိုက်ပါတယ်။
“ခဏနားရအောင် ငါ မောနေပြီ” လို့ သူကျောပိုးထားတဲ့သူငယ်ချင်းကို လှမ်းပြောလိုက်တယ်။
“ဟင့်အင်း မနားနဲ့ ဆက်သွားရအောင်”
သူ့သူငယ်ချင်း စကားကြောင့် ဉီးခမ်မှာ ဝုန်းခနဲ့ သွေးတွေ ဆူတက်လာပါတယ်။
“ဘာလဲကွ.. ငါကဘဲ ကျောပိုးပေးပြီး အဝေးကြီးကလျောက်လာရတာ..သူက ကတော့ ငါ့ကျောပေါ်မှာ ဇိမ် နဲ့ တက်ခွနေတာကိုများ..”
ဉီးခမ်တွေးရင်းနဲ့ မောလဲမောသလို ဒေါသလဲထွက်လာပါတယ်။ ဒါနဲ့ အသံမြင့်ပြီး ထပ်ပြောလိုက်တယ်။
“ဟာ ငါမောနေပြီ ငါနားမှဖြစ်မည်ကွ”
“မင်းငါ့ကိုထားခဲ့ချင်လို့ နားချင်တာမလား.. မနားနဲ့ .. ဆက်သွားရအောင်”
ဉီးခမ်လဲ အံဩ စိတ်ဆိုးပြီး သူ့သူငယ်ချင်းကို ချဖို့ ကြိုးစားလိုက်တယ်။ သူ့သူငယ်ချင်းက ခပ်တင်းတင်းပိုဖက်လာတယ်။ ဉီးခမ် ကျောကနေချဖို့ ကြိုးစားလေ သူ့သူငယ်ချင်းက ပိုဖက်လေ။ ဉီးခမ်လဲ စိတ်ဆိုးသည်းခံစိတ်ကုန်လာပြီး အစွမ်းကုန်ခါပြီး ပစ်ချဖို့ ကြိုးစားလိုက်ပါတယ်။ အချည်းအနှီးပါဘဲ။ သူ့သူငယ်ချင်း ဖက်လိုက်တာ ကော်နဲ့ကပ်ထားတဲ့အလားပါဘဲ ….။
တစ်ခုခုမှားနေပြီမှန်း ဉီးခမ် ရိပ်မိလာတယ်။ ပြီးတော့ သူ့သူငယ်ချင်း ခန္တာကိုယ်လဲ ကျောချင်းပိုးရင်း အေးစက်နေတာာ သတိထားမိလာတယ်။ ပြီးတော့ အခုဏ က ထူပူပြီး သူငယ်ချင် ဇောကပ်လို့ ဘာမှမစဉ်းစားမိဘဲ အိမ်ရောက်ပြီး ဆေကုဖို့သာ လောနေတာ။ အခု မှ သွေးအေးလာပြီး အဖြစ်အပျက်တွေ သေသေချာချာ စဉ်းစားမိတဲ့အခါ…..
“ခေါင်းဟောင်းလောင်းပေါက်ပြီး ဉီးနှောက်ထွက်ကျတဲ့သူက ဘယ်လိုများ ရှင်နေပါ့မလဲ…အ ရန်ကောကွာ”
ဉီးခမ် မျာ သူ့ကိုယ်သူ အပစ်တင်နေမိပါတယ်။ ပြီးတော့ရင်ထဲမှာ ပဲ့တင်ထပ်ဟိန်းနေတာက..
“သွေးရိုးသားရိုးမဟုတ်ဘူး.. ဒါ အပမှီလာတာဘဲ…”
ဉီးခမ် ကြောက်စိတ် ဝင်နေပြီ။ ဒီလိုနဲ့ဆက်လျောက်တော့ ဉီးခမ် လည်ပင်နားတဝှက် နဲ့ ရင်ဘတ်နားတွေမှာ တစ်ခုခုသုတ်နေသလိုခံစားလို့ ခေါင်းငုံပြီးကြည့်မိတော့ သူကျောပိုးတဲ့သူ့သူငယ်ချင်းရဲ့ လျှာကြီးတစ်ပေလောက်တွဲလောင်းကျပြီး နေမှန်းသိတော့တယ်။
“ငါ့ကိုစားတော့မည်ထင်ပါရဲ့… ငါဘယ်လိုလုပ်ရပါ့”
ဆောက်တည်ရာမရဖြစ်တဲ့ ဉီးခမ် ရင်ထဲမှာ ပလောင်ဆူနေပါတယ်။
“ငါတခုခုတော့ ကြံရမည်”
ဉီးခမ်လဲ အကြံထုတ်ရင်းလျောက်နေမိတယ်။ ထမင်းအိုး တကျက်ခန့်အကြာမှာ
“သူငယ်ချင်းရယ် ငါမောလို့ ခဏနားရအောင်နော်”
“မင်းငါ့ကိုထားခဲ့ချင်လို့ ဒီလိုပြောနေတာမလား”
သူငယ်ချင်း ဖုတ်ကောင် ကလဲ ဒီတခွန်းဘဲ ပြောပြီး တင်းတင်းကြပ်ကြပ်ဖက်တွယ်နေပါတယ်။
……………………………….
ညဉီး ကြက်တွန်ချိန် နာရီ ၁၀ ထိုးချိန်…..
ဉီးခမ်မှာ တွင်တွင်ကြီးလျောက်ပြီး ဖုတ်ကောင် သူငယ်ချင်းကို ကျောပိုးရင်းနဲ့ ရွာကို ပြန်နေပါတယ်။ လျောက်ရင်းနဲ့ တဖြည်းဖြည်းလေးလံသလိုလိုခံစားလာပါတယ်။ ပြီးတော့ တခုခုကို ဆွဲနေသလိုလို ဒရွတ်တိုက် မြည်သံလဲ ထွက်လာပါတယ်။
ဉီးခမ်လဲ မနေသာတော့ဘဲ ဉီးခေါင်းစောင်းငဲ့ကြည့်လိုက်မိပါတယ်။ လား.. လား.. သူကျောပိုးနေတဲ့ သူ့သူငယ်ချင်း ခြေထောက်မှာ ရှည်ထွက်လာပြီး ဒရွတ်တိုက်ကြီး ပါလာနေတာ။ ဉီးခမ်လဲ ကြောက်စိတ်တွေ တကိုယ်လုံးလွှမ်းခြုံလာပါတယ်။
“သူငယ်ချင်း ငါအရမ်းမောပြီ ဆက်မသွားနိုင်တာ့ဘူး… ခဏနားရအောင်နော်”
“ငါ့ကိုထားခဲ့ဖို့ မင်းစိတ်ကူးနေတာမလား”
သူ့သူငယ်ချင်းဖုတ်ကောင်လဲ ဒီတခွန်းဘဲ ပြန်ပြောပါတယ်။ ဉီးခမ် ကြံရာမရတဲ့အဆုံး အစွမ်းကုန်ခုန်ပေါက်ပြီး ဖုတ်ကောင် ကိုခါချပစ်လိုက်ပါတယ်။ ဒါပေမည့် ဖုတ်ကောင်ရဲ့ ဖက်တွယ်မှုက ခိုင်မာလွန်းလို့ ပြုတ်ကျမသွားနိုင်ပါဘူး။
ဘာဆက်လုပ်ရမှန်းမသိတော့တဲ့အဆုံး ခပ်မြန်မြန်သာ ရွာကိုလျောက်မိနေပါတယ်။ ခဏအကြာမှာ ဉီးခမ် အကြံတခုရလိုက်တယ်။
“သူငယ်ချင်း ငါအလေး ခဏသွားချင်တယ်” လို့ပြောလိုက်တယ်။ သူ့သူငယ်ချင်း ဖုတ်ကောင် ကလဲ..
“ငါလဲလိုက်မည်.. အတူတူသွားတာပေါ့”
“ဟာ ဒီလိုတော့ မဖြစ်ဘူး… ငါအလေးသွားရမည်လေကွာ”
ဉီးခမ် ဆက်ပြောလိုက်တယ်။
“ဒီလိုလုပ် ငါ့ကို မယုံရင် ငါတို့ အမဲလိုက်တဲ့အခါသုံးတဲ့ ကြိုးကို ငါ့လက်မှာချည်မည်ကွာ.. ငါရှိမရှိ မင်းသိဖို့ ကြိုးကို လှမ်းဆွဲလိုက်လေ .. အေးဒီအခါငါလဲ ပြန်ဆွဲမည်.. ဒီလိုဆို ငါထွက်ပြေးမပြေးမင်းသိတာပေါ့ သူငယ်ချင်း”
ဉီးခမ် အပြောကို နောက်ဆုံးမှာ သူ့သူငယ်ချင်းဖုတ်ကောင် က သဘောတူလိုက်တယ်။
“မင်း အမြန်ပြန်လာခဲ့နော်.. ငါ အိမ်ပြန်ချင်ပြီ”
“အေးပါ သူငယ်ချင်း .. စိတ်ချ ငါမင်းကို မထားခဲ့ ဘူး” လို့ ဉီးခမ်ပြောလိုက်တယ်။
ဒီလိုနဲ့ ဉီးခမ် လက်မှာ ကြိုးချည်ကာ ကြိုးတဖက်ကို သူ့သူငယ်ချင်း က ကိုင်လို့ အလေးသွားဖို့ တောတိုးလာပါတယ်။ အနေတာ်လောက် တောတိုးလာပြီးနောက် ဉီးခမ် ဟာ လက်ကကြိုးကိုဖြုတ်ပြီး အနားက သစ်ကိုင်းတခုမှာချည်လိုက်ပါတယ်။ ပြီးတော့ ဘာမှ မတွေးတော့ဘဲ ရွာဘက်ကို သုတ်ချေတင်ပေးသွားပါတော့တယ်။
သူ့သူငယ်ချင်း ဖုတ်ကောင်လဲ ဉီးခမ် ရှိမရှိသိဖို့ ကြိုးလှမ်းဆွဲရင် ဟိုဘက်က သစ်ကိုင်းကလဲ ပြန်ပြီးဆွဲတော့ ဉီးခမ် အလေးသွားနေတယ်သာထင်နေတာပေါ့။ ဖုတ်ကောင်က ကြိုးဆွဲရင် ဟိုဘက်ကလဲ ပြန်ဆွဲနဲ့ ပေါ့…ဒီလိုနဲ့ တဖြည်းဖြည်းကြာလာတော့ သူ့သူငယ်ချင်း ဖုတ်ကောင်က သံသယဝင်လာပြီး ဉီးခမ် ကို အော်ခေါ်ပါတော့တယ်။ ဖုတ်ကောင်လဲ ဉီးခမ် အသံ မကြားတော့တဲ့အခါ အနီးသွားကြည့်တော့ သစ်ကိုင်းမှာ ကြိုးချည်ထားမှန်းတွေ့လိုက်ပါတယ်။ ဖုတ်ကောင်လဲ ဉီးခမ် နောက်ကို အသကုန် ပြေးလိုက်ပါတော့တယ်။
…………………….
ဉီးခမ်လဲ ပြေးလွားရင်း အသက်ရူရပ်မတတ် မောဟိုက်နေပါတယ်။ နောက်ဆုံး ကြံရာမရဖြစ်တော့ အနီးအနားက ထင်းရူးပင်ပေါ်လှမ်းတက်ပြီး ပုန်းလိုက်တယ်။ ဉီးခမ် ပုန်းပြီး မကြာခင်မှာဘဲ သူ့သူငယ်ချင်းဖုတ်ကောင် က လိုက်မှီလာတယ်။ ဖုတ်ကောင် လဲ ဉီးခမ် ကို မမှီတော့ဘူး ထင်ပြီး ထင်းရူးပင် အောက်မှာ ထိုင်ချလိုက်တယ်။
ဉီးခမ်လဲ အောက်ကိုငုံကြည့်တဲ့အခါ သူ့သူငယ်ချင်း ခေါင်းမှာ ကျဉ်ဆံ ဖောက်ရာ အပေါက်ကြီး ဟက်ကက် မြင်ရတယ်။ ဉီးနှောက်တွေ ဖြန့်ကျဲတဲ့ ပေါက်ထွက်နေတဲ့ ခေါင်းကြီး ကို လရောင်အောက်မှာ ထင်ထင်ရှားရှားကြီး မြင်ရတဲ့ မြင်ကွင်းကြောင့် ဉီးခမ်မှာ ခန္တာကိုယ် တဆတ်ဆတ်တုန်လာပါတယ်။ မေးရိုးရိုက်ခတ်သံလဲ တဂတ်ဂတ် ထွက်လာပါတယ်။ ဉီးခမ်လဲ နည်းနည်းမှောင်နေတဲ့ဘက်ကို ရွှေ့ဖို့ ဆုံးဖြတ်ပြီး ခြေအရုပ်မှာ ထင်းရူးသီးခြောက်ကို ထိမိသွားပါတယ်။ ထင်းရှုးသီးဟာလဲ တိုက်ဆိုင်စွာ အောက်မှာ ထိုင်နေတဲ့ ဖုတ်ကောင် ခေါင်းပေါ်ကိုမှ တည့်တည့်ကြီး ကျသွားပါတော့တယ်။
ဖုတ်ကောင်လဲ အပေါ်ကို မော့ကြည့်တော့ ထင်းရှူးပင်ပေါ်က ဉီးခမ် ကို လှမ်းတွေ့လိုက်ပါတယ်။
“ဪ သူငယ်ချင်း.. မင်းက ဒီကိုရောက်နေတာလား… ဆင်းလာခဲ့တော့လေ.. ငါ့ကို ကျောပြန်ပိုးပါဉီးကွာ”
ဉီးခမ်လဲ ကြံရာမရ မထူးတော့တဲ့အဆုံးအောက်ဆင်းပြီး သူငယ်ချင်း ဖုတ်ကောင် ကို ကျောပြန်ပိုးလိုက်ပါတယ်။ ဒီလိုနဲ့ ဉီးခမ် တို့ သူငယ်ချင်း နှစ်ယောက်ဟာရွာကို ပြန်ရောက်လာကြပါတယ်။ ရွာထဲကိုလှမ်းဝင်တော့ ဖုတ်ကောင် က
“သူငယ်ချင်း ငါ့ကိုပေးဆင်းတော့နော်.. ငါ့ဘာသာ အိမ်ပြန်တတ်ပါပြီ”
ဒီစကားကြားတာနဲ့ ဉီးခမ် တစ်ယောက်ဝမ်းသာအားရ ချက်ချင်း ကျောပေါ်ကနေ ချလိုက်ပါတယ်။ ပြီးတော့ ကိုယ့်အိမ်ကိုပြန်လာကြပါတယ်။
အိမ်ရောက်တော့ ဉီးခမ် လည်း သူ့မိဘ ညီအကိုမောင်နှမတွေကို သူကြုံတာတွေ ချက်ချင်းပြန် ပြောပြပါတယ်။ ဒါပေမည့် ဘယ်သူကမှ မယုံကြပါဘူး။ ဒါကြောင့် ဉီးခမ်လဲ သူ့အဖေ ညီအကိုတွေနဲ့ သူ့သူငယ်ချင်းအိမ်ကို တိတ်တဆိတ် သွားချောင်းကြည့်ကြပါတယ်. အေးဒီလို ချောင်းကြည့်တဲ့အခါ သူ့သူငယ်ချင်း ဖုတ်ကောင်က မီးလှူံရင်းနဲ့ ထမင်း ပလုပ်ပလောင်း တယောက်ထဲ စားနေတာတွေ့ရပါတယ်။ တခြား အိမ်သူအိမ်သားတွေ တယောက်မှ မတွေ့ရလို့ အိမ်ထဲမဝင်တော့ဘဲ ပြန်လာကြပါတော့တယ်။
နောက်တနေ့ မိုးလင်းလို့ သူ့သူငယ်ချင်းးအိမ်သွားကြည့်တော့ ဖုတ်ကောင် ဟာ ဉီးခမ် သူငယ်ချင်း ပူးကပ်ရာကနေ ထွက်သွားပြီး ဖြစ်လို့ သူ့သူငယ်ချင်း အလောင်းသာ ကျန်ရစ်နေတာ တွေ့ရပါတယ်။ တစ်အိမ်လုံးလဲ စိတ်မချမ်းမြေ့ဖွယ်ရာ ငိုသံတွေနဲ့ ……
……………………………………
ဒမ်ပီးရွာလေးက သွပ်မိုးအိမ်ရှေ့ ခြံလေးတခုမှာ ထိုင်နေတဲ့ လူနှစ်ယောက်…တစ်ယောက်က အသက် ၄၀ ဝန်းကျင် နဲ့ နောက်တစ်ယောက်က အသက် ၃၀ ဝန်းကျင်။ လူရွယ် နှစ်ယောက်။ ဘယ်ဆီကနေတိုက်ခတ်လာမှန်းမသိတဲ့ လေပြေလေးတွေ အဝှေ့.. သစ်ရွက်ငယ်လေးတွေက တစ်ရှဲရှဲနဲ့………….
ဉီးခမ် လဲ မီးသေနေတဲ့ ဆေးပေါလိပ်ကို မီးညိပြီး ဖွာရိူက်ပြန်ပါတယ်။ ကျန်ုပ် ကိုဆန်း လဲ ဉီးခမ် ကို ငေးကြည့်ရင်းနဲ့ သူ ပြောပြတဲ့ ဂမ္ဘီရဆန်ဆန် ပရ ဇာတ်လမ်းကို နားဆင်ပြီး ကြက်သီးတွေတောင် ထနေပါတယ်။ ဉီးခမ်လဲ အေးစက်နေတဲ့ ခွက်ထဲက ရေနွေးကြမ်း ကို ခပ်ဝေးဝေးဆီ လှမ်းပက်ပြီး…
“အေးဒီလိုနဲ့ ဖုတ်ကောင် ကလဲ ထွက်သွားတော့ သူ့အလောင်းဘဲ ကျန်ရစ်သွားတာပေါ့…”
“အေးဒါ ဘယ်လိုဖြစ်နိုင်တာလဲ ဉီးခမ်ရာ”
“ဘယ်ပြောတတ်မလဲ ကိုဆန်းရ.. ငါကိုယ်တိုင်လဲ ဘယ်လိုမှ နားမလည်နိုင်ဘူး.. သူ့အိမ်သူပြန်ချင်တာ .. သူမိသားစု ကို နောက်ဆုံးကြည့်ချင်မြင်ချင် နူတ်ဆက်ချင်တာ… ဒါကြောင့် ကျုပ် နောက်ကို လိုက်လာနေတာလဲ ဖြစ်ချင်ဖြစ်နိုင်တာပေါ့ကွာ..”
“လူသေ ဖုတ်ကောင် က ထမင်းလဲ စားသေးတယ်နော် ဉီးခမ်”
ဉီးခမ်မှာ စပ်စုလှတဲ့ ကျန်ုပ် ကိုဆန်း ကို မျက်ခုံးပင့်လှမ်းကြည့်ပြီး ….
“ပြောရမှာတော့ ခက်တယ် ကိုဆန်းရေ.. ကိုကပ် ရွာကို ပြန်လိုက်လာတာက…အင်း…..တကယ်ဆိုငါတို့က ညနေ ၄ နာရီလောက်မှာ အမဲပစ်ထွက်တာဆိုတော့ ထမင်းလဲ မစားဘဲ ညစာဘဲ ထုတ်သွားကြာတာလေ.. ဒီတော့ ဖြစ်နိုင်ချေက ကိုကပ် က ဗိုက်ဆာရင်းသေသွားတာဆိုတော့… သူကသေတော့ ဝိညာဉ် က သူ့ကိုဝင်ပူးပြီး သူမသေခင်လေးမှာ ဖြစ်ချင်တဲ့ အရာတွေကို လုပ်ဆောင်သွားတာလဲ ဖြစ်နိုင်တာပေါ့..”
ဉီးခမ် မှာ ရေနွေးကြမ်းကို ငဲံပြီး တချက်မော့သောက်ရင်း…
“ဒီမှာ ကိုဆန်း… လူ့လောကမှာ မမြင်အပ်တာတွေ ရှိနေသလို ကျုပ်တို့ မသိနိုင်တဲ့ ထူးဆန်းနက်နဲတဲ့ အရာတွေလဲ ရှိနေပါတယ်..ဒီလိုအရာတွေဟာ ကြုံခွင့်ရှိမှ ကြုံဆုံနိုင်တဲ့ ပရလောက ဖြစ်ရပ့်တွေပေဘဲ..”
“ဟုတ်တယ်နော် ဉီးခမ်… အခုလို ဉီးခမ် ကိုယ်တွေ့ဖြစ်ရပ်လေးပြောပြပေးတာ ဗဟုသုတတိုးပွားလာသလို လောကမှာ ဆန်းကြယ်တဲ့အရာထက် ပိုဆန်းကြယ်တာတွေ ရှိမှန်း ပိုနားလည်စေပါတယ်”
“ဟုတ်တာပေါ့ ကိုဆန်း… ကိုဆန်း စာရေးနေတာ ကျုပ်လဲ ကြားမိတော့ လမ်းကြုံဝင်နားရင်း ကျုပ်ကြုံတာလေးတွေ ပြောပြတာပေါ့ကွာ”
“ဟာ ကျေးဇူးတင်လိုက်တာ ဉီးခမ်ရယ်.. ကျန်ုပ် ကိုဆန်း ဒီဖြစ်ရပ်မှန်လေးကို ဆက်ဆက်ရေးသားမှာပါ..ပြီးတဲ့အခါလည်း ဉီးခမ် ကို လူကြုံလှမ်း ပို့ပေးမည်နော် “
“အေးအေး ကျုပ်လဲ ပြန်ချိန်တောင်ရောက်နေပြီ .. နေလဲ စောင်းနေပါပြီလေ”
ပြောပြောဆိုဆိုနဲ့ ဉီးခမ် တစ်ယောက် ထွက်ခွာသွားပါတော့တယ်။
လျိုဝှက်နက်နဲလွန်းတဲ့ လူ့လောကကြီးထဲမှာ ပရလောက တခုလဲ တည်ရှိနေမည်ဆိုတာ မြေကြီးလက်ခတ်မလွဲပါဘဲ။ ကျန်ုပ်တို့ မြင်ခွင့်ရှိမှ မြင်ရမှာဖြစ်ပြီး မြင်တွေ့ခွင့်မရလည်း ဝိညာဉ်လောက မရှိဘူးလို့ ထစ်ထစ်ချ ယူဆမရပါဘူး။
ထန်မွဲလ်ရွာဆီကို ဉီးတည်ပြီး တဖြည်းဖြည်းနဲ့ ဝေးကွာသွားတဲ့ ဉီးခမ် ကို လှမ်းကြည့်ရင်းနဲ့ ဉီးခမ် ပြောပြတဲ့ ကိုယ်တွေ့ဖြစ်ရပ်မှာ သူဘယ်လောက်တောင် ကြောက်ရွံ့နေမလဲ… ဘယ်လောက်တောင် ရူးချင်ရှာလဲ.. ဘယ်လောက်တာင် စိတ်ခွန်အားတွေ ပြန်မွေးမြူနေမလဲ ဆိုတာ ကျန်ုပ် ကိုဆန်း ဆင်ချင်သုံးသပ်မိပါတယ်။ ဉီးခမ် ထွက်သွားရာဘက်ကို လှမ်းကြည့်လို့ အတွေးတွေများစွာနဲ့ ငိုင်နေမိပါတယ်။
မကြာခင်မှာ မိုးချုပ်ပါတော့မည်။ နေဝန်းကြီးလဲ အနောက်ဘက် တောင်ကြားထဲကို ထိုးဆင်းဖို့ တာဆူနေပါပြီ။
သတ္တိဆိုတာ ကိုယ်ကြုံတွေ့တဲ့ မျက်မှောက်အကြောင်းအရာကို သတ္တိရှိရှိဖြေရှင်းနိုင်ခြင်းဖြစ်ပါတယ်။ ကြိုတင်ပြင်ဆင်မှူမရှိဘဲ လက်တလောကြုံတွေ့တဲ့ ပြသနာတွေ အခက်အခဲ ဒုက္ခ တွေကို လက်တွေ့ချက်ချင်း ဖြေရှင်းနိုင်စွမ်းရှိဖို့ ဉီးခမ် လို ကျန်ုပ်တို့ ကြိုးစားဖို့ လိုပါဉီးမည်။

ပြီးပါပြီ

Like, share လုပ်ပေးပြီး ကူညီပေးကြပါနော် – နောက်လည်း ကြိုးစားပြီး ရေးပေးပါဉီးမည်နော် ။

#ကိုဆန်း
#Kosang