” ကိုယ်တူကိုယ်ခွဲ မဖဲဝါ ” (စ/ဆုံး)

Posted on

” ကိုယ်တူကိုယ်ခွဲ မဖဲဝါ ” (စ/ဆုံး)

==============================

လူတစ်ကိုယ် စရိုက်တစ်မျိုးဆိုသလိုပေါ့ဗျာ။
ကျုပ်ဆိုတဲ့ကောင်က ဘာမှမလုပ်ဘဲ ထိုင်ကို
မနေတတ်တာဗျ။ ကျုပ်တော့ မမီလိုက်ပါဘူး၊
ကျုပ်အဘိုး ဦးပေစိ ဆိုတာ ကျုပ်တို့ထနောင်း
ကုန်းမှာတော့ နာမည်ကြီးပေါ့ဗျာ။ အလုပ်လုပ်
တဲ့ နေရာမှာတော့ ပုရွက်ဆိတ်ကတောင် အ
ဘခေါ်ရမယ့်လူဆိုပဲ။

‘အလုပ်အား ဘုရားပြောင်း’ဆိုတာ ကျုပ်တို့
အဘိုး ဦးပေစိကမှ အစစ်ဗျ။ သူ့အိမ်က ဘု
ရားစင်ကို အားနေရင် ဘုရားရုပ်တုကို ဟို
ဘက်ရွှေ့ထားလိုက်၊ ဒီဘက်ရွှေ့ထားလိုက်၊
ဘုရားကို ခုံအမြင့်နဲ့ တင်ထားလိုက်၊ ခုံအနိမ့်
နဲ့ တက်ထားလိုက် လုပ်နေတာဆိုပဲ။

ကျုပ်တို့ ထနောင်းကုန်းက သူကြီးကလည်း
ရွာသားတွေ ခေါ်ခေါ်ပြီး ဟိုဟာခိုင်း၊ ဒီဟာ
ခိုင်း သိပ်လုပ်တာဗျ။အဲဒီအခါဆိုရင် ရွာသား
တွေက ဘာပြောတယ်ထင်လဲ။ ‘ငါတို့လည်း
ကွာ ဒီသူကြီးတက်လာမှ အငြိမ်ကို မနေရ
တော့ပါဘူး၊ ဘိုးပေစိအိမ်က ဘုရားလို ဖြစ်
နေပါပြီ’လို့ ပြောကြသတဲ့ဗျာ။

တာတေဆိုတဲ့ ကျုပ်ကလည်း ဘိုးပေစိမြေး
မို့လို့လား မသိဘူးဗျို့။ ဒီအတိုင်း ထိုင်ကို
မနေတတ်တာ။ အခုလည်း ကျုပ်အလုပ်မ
ရှိ အလုပ်ရှာ လုပ်နေတာဗျ။ ‘ကဝေပျံ’စာ
အုပ်ထဲမှာ ကျုပ်ရေးခဲ့ဖူးတယ်လေဗျာ။

ကျုပ်မှာ အောင်စိန်ဆိုတဲ့ သူငယ်ချင်းတစ်
ယောက် ရှိခဲ့ဖူးတဲ့အကြောင်းလေဗျာ။ အခု
အောင်စိန်က မန္တလေးမှာဗျ။ ပန်းပုနဲ့ တော်
တော်ကို နာမည်ရနေတာဗျ။ မနှစ်က ကျုပ်
မန္တလေးတစ်ခေါက်ရောက်သေးတယ်။ ဘု
ရားကြီးအနားမှာ အောင်စိန်နဲ့ တွေ့တော့
ကျုပ် ပြန်မယ့်နေ့ကို မေးပြီး ကျုပ်အတွက်
သူ့လက်ရာ ပန်းပုရုပ်တစ်ရုပ်ကို လက်
ဆောင်ပေးတယ်။ဆင်တစ်ကောင် သစ်ဆွဲ
နေတဲ့ပုံဗျ။ ဆင်ကလည်း အားနဲ့ကို ရုန်းနေ
တာဗျို့။ ဆင်ဦးစီကလည်း ဆင်ကို ချွန်း
အုပ်နေလိုက်တာ မာန်ပါလိုက်ပါဘိသနဲ့ဗျာ။

သံကြိုးနဲ့ချည်ထားတဲ့ သစ်တုံးကြီးကလည်း သေသေချာချာကိုကျွန်းတုံးပုံပေါ်အောင်ကို
ထုထားတာဗျ။ ကျုပ်ဖြင့် သဘောကျလိုက်
တာဗျာ။ အခု ကျုပ်က အဲဒီပန်းပုရုပ်ကို
သေသေချာချာ ဖုန်ခါပြီး ရေဝတ်ကလေးနဲ့
တိုက်နေတာဗျို့။ ဖုန်တွေကိုတိုက်ရင်းနဲ့
ဆင်ဦးစီးကို သေသေချာချာ ကျုပ်ကြည့်
မိတယ်။ ဟာ မျက်နှာက တော်တော်ကို
အသက်ဝင်နေတာပဲဗျ။

သေသေချာချာကြည့်ရင်းနဲ့ ကျုပ်အံ့သြ
သွားတယ်။ ဟာ ဒါ ငါပုံပါလား။

ဆင်ဦးစီးမျက်နှာ ကျုပ်မျက်နှာနဲ့ တစ်ထေ
ရာတည်းပဲဗျ။ ဒါကြောင့် အောင်စိန်က အ
ရုပ်လက်ဆောင်ပေးတုန်းက ပြောတာပဲ။

“ငါ ဒီအရုပ်ကို စထုကတည်းက မင်းကို
ပေးဖို့ ဆိုပြီး တမင်ရည်ရွယ်ထုထားတာ
ကွ တာတေရ”

ကျုပ် ဒီတော့မှ အောင်စိန် ပြောတာကို
သတိရသွားတာဗျို့။ ဒီအရုပ် ကျုပ်ဆီကို
ရောက်နေတာ တစ်နှစ်လောက်သာ ရှိနေ
တာ၊ ကျုပ်က ဆင်ဦးစီးမျက်နှာကို သေ
သေချာချာ ကြည့်ဖူးတာ မဟုတ်ဘူးဗျ။

ပန်းပုဆရာများ လက်ရာကောင်းပြီဆိုရင်
သူတို့ထုတဲ့အရုပ်တွေက အသက်ဝင်နေသ
လိုပဲလားလို့ ကျုပ် တွေးမိတယ်ဗျ။ကျုပ်နဲ့တူ
အောင် ထုထားတဲ့ ဆင်ဦးစီးက မျက်တောင်
တောင် ခတ်နေသလို အသက်ဝင်နေတာဗျ။
သစ်လုံးကို ရုန်းနေတဲ့ ဆင်ကြီးရဲ့မျက်လုံး
တွေကလည်း တကယ်ကို အသက်ရှိသလို
ကို ဖြစ်နေတာဗျို့။ အောင်စိန်ကို ကျုပ်စိတ်
ထဲကနေ တော်တော်ကို ချီးကျူးမိသွားတယ်

အောင်စိန်တို့မိသားစုက မန္တလေးကို ပြန်
ပြောင်းသွားတာဗျ။ ငယ်ငယ်တုန်းကတော့
အောင်စိန်နဲ့ ကျုပ်နဲ့က အင်မတန်အတွဲညီ
တဲ့ ကစားဖက်တွေလေဗျာ။ ကျုပ်က ဆင်
ရုပ်ကလေးရဲ့ အစွယ်ဖြူဖြူတွေကို ရေစိုအ
ဝတ်နဲ့ သေသေချာချာ သုတ်ပေးလိုက်တယ်

“တာတေ”

“ဗျာ”

“ဘယ်မှမသွားဘူးလားကွ၊ အိမ်တွင်းပုန်း
လုပ်နေတာလား”

ကျုပ်လည်း ဆင်ရုပ်ကလေးကို ဖုန်တွေ
သုတ်နေရာကနေ ဝိုင်းထဲကို လှမ်းကြည့်
လိုက်မိတယ်။

“ဟာ ကိုဘညိုကြီးပါလား၊ လာဗျို့ လာ”

ကျုပ်ကိုခေါ်ရင်း ဝိုင်းထဲဝင်လာတဲ့ ကိုဘညို
ကို ကျုပ်လှမ်းခေါ်လိုက်တယ်။ ကိုဘညိုက
ငွေတွင်းကုန်းကဗျ။ ကျုပ်နဲ့တော့ လူခင်တွေ
ပါဗျာ။ အိမ်မှာက အမေရော အဘရော မရှိ
ကြဘူးဗျ။ နှစ်ယောက်စလုံး ပုဗ္ဗာရုံကျောင်း
သွားကြတာ။

ဆွမ်းချိုင့် သွားကပ်ကြတာ။ မနေ့က ရွာ
နောက်ပိုင်းက ကိုကျောက်ခဲတို့ တောထဲမှာ
‘ဘိ’သွားထောင်တာ၊ တောဝက်တစ်ကောင်
ရလာလို့ အမေ ဝက်သားသွားဝယ်တယ်။
အဲဒီတောဝက်သားကို ဆွမ်းဟင်းချက်ပြီး
ဆွမ်းချိုင့်နဲ့ အမေရော အဘရော ဆရာ
တော်ကို ဆွမ်းကပ်ကြတာဗျ။ အိမ်မှာက
ကျုပ်ပဲ ကျန်ခဲ့တာ။ ဒါကြောင့် ကိုဘညို
ကြီးကို အိမ်ပေါ်တက်ခဲ့ဖို့ ခေါ်လိုက်တာ
လေ။

“ဘိုးဥာဏ်တို့ အရီးငွေစိန်တို့ရောကွ
တာတေ”

ကိုဘညိုကြီးက အိမ်ပေါ်ရောက်တာနဲ့ မေး
ရောဗျာ။

“ဘုန်းကြီးကျောင်းကို ဆွမ်းကပ်သွားကြ
တယ်ဗျ။ နို့ ကိုဘညို ဘယ်က လှည့်လာ
တုံး”

“မင်းဆီကို လာတာကွ၊ တာတေရ၊ တခြား
ဘယ်ကိုမှ လာတာ မဟုတ်ဘူး”

ကျုပ်လည်း တန်းလျားမှာ ဝင်ထိုင်လိုက်တဲ့
ကိုဘညိုကို နဂါးဆေးပေါ့လိပ်တစ်လိပ် မီးညှိ
ပြီး တည်လိုက်တယ်။ ပြီးမှ ပြာခံခွက်ထဲ ချ
ထားတဲ့ ကျုပ်သောက်လက်စ ဆေးပေါ့လိပ်
ကလေးကို ယူပြီး ဖွာလိုက်တယ်ဗျ။

“ကိုဘညို လက်ဖက်လည်း စားဦးဗျ၊ အစ်
ထဲမှာ အသင့်သုတ်ပြီးသား ရှိတယ်”

ပြောပြောဆိုဆိုနဲ့ ကျုပ်က ရေနွေးကြမ်း ငှဲ့
ပေးလိုက်တယ်။

“အေးပါ စားတာပေါ့ တာတေရာ၊ မင်းမလဲ
အလုပ်မရှိ အလုပ်ရှာပြီး လုပ်နေတော့တာ
ကိုး၊ ဒီအရုပ်က လက်ရာကောင်းပေါ့၊ ဘယ်
လောက်များ ပေးရတုံး”

“ဟာ ဝယ်တာမဟုတ်ဘူး ကိုဘညိုရ၊
အောင်စိန် လက်ဆောင်ပေးတာဗျ။ သူ
ကိုယ်တိုင် ထုထားတာ ကျုပ်အတွက် ဆို
ပြီး တမင်ရည်ရွယ်ထုတာတဲ့ဗျ”

“ဟင် နို့ အောင်စိန်ဆိုတာ ဘယ်သူတုံး၊ မီး
လောင်ကုန်းက အောင်စိန်ကြည်ကို ပြော
တာလား၊ အဲဒီကောင်က ပန်းပုမထုတတ်
လောက်ပါဘူး၊ သရေဂွတောင် မခုတ်တတ်
လို့ ငါ့လာ ခုတ်ခိုင်းတဲ့ကောင်ပါ”

“ဟာ ကိုဘညိုကလည်း အောင်စိန်ကြည်
ကို ပြောတာမဟုတ်ဘူးဗျ၊ ကျုပ်တို့ ထ
နောင်းကုန်းမှာ နေသွားတဲ့ အောင်စိန်ကို
ပြောတာ၊ ကျုပ်တို့ အောင်ပိန်လို့ ခေါ်
တဲ့ကောင်ဗျာ”

“ဟာ အောင်စိန်က တော်လှချည်လား၊
ဒီကောင့်လက်ရာ တော်တော်
ကောင်းတာပဲကွ”

“တော်ဆို သူ့အဘိုးက မန္တလေးက နာမည်
ရ ပန်းပုဆရာဗျ၊ အောင်စိန် မန္တလေး ပြန်
ပြောင်းသွားတော့ ဆရာကောင်းတွေနဲ့ သေ
သေချာချာ သင်ရတာကိုဗျ၊ ပါရမီခံကလည်း
ရှိတယ်ထင်ပါရဲ့ဗျာ”

“အေးကွာ၊ ဝမ်းသာစရာပေါ့ကွာ”

“နေဦး ကိုဘညိုရဲ့၊ ကျုပ် ပြရဦးမယ်၊ ဆင်ဦး
စီးရဲ့မျက်နှာကို သေသေချာချာ ကြည့်စမ်းဗျာ”

ကျုပ်ကပြောတော့မှ ကိုဘညိုက တန်းလျား
မှာ ထိုင်နေရာကနေ ထလာပြီး သေသေချာ
ချာ ကြည့်တာဗျ။ ဆင်ဦးစီးက ချွန်းကို အားနဲ့
မြှောက်ထားတဲ့ပုံဗျ။

“ဟာ တာတေ ဒါ မင်းပုံပဲကွ”

“ဟား ဟား ဟား ကျုပ်လည်း တစ်ခါမှ သေ
သေချာချာ မကြည့်ဖြစ်ပါဘူး ကိုဘညိုရာ၊ ဒီ
နေ့မှ ဖုန်သုတ်ရင်း ကြည့်မိတာဗျ၊ ဒီကောင်
ဘယ်လောက်တော်နေပြီဆိုတာ ခင်ဗျားသိ
အောင် ပြတာပါ၊ ကျုပ်လည်း ကိုဘညို မ
လာခင်လေးကမှ တွေ့သွားတာဗျ။ ဒါကြောင့်
အောင်စိန်က ကျုပ်ကို ပြောတာဗျို့၊ ဒီအရုပ်
ကို စထုကတည်းက မင်းအတွက် တမင်
ရည်ရွယ်ပြီး ထုထားတာတဲ့ဗျာ”

“အင်း ဝမ်းသာလိုက်တာကွာ၊ အောင်စိန်
တော့ ဒီတစ်သက် မတိမ်ကောတော့ဘူးကွ”

“အေးဗျာ၊ လူကောင်လေးက အရင်လိုပဲ၊
သေးသေးညှက်ညှက်ကလေးဗျ၊ လူနဲ့ပညာ
နဲ့တောင် မလိုက်သလို ဖြစ်နေပါကောဗျာ”

” ဟုတ်ပါ့ကွာ၊ မင်းပြောသလိုဆိုရင် လူက
သေးပြီး ပညာက ကြီးနေတာပေါ့နော”

ကျုပ်ရော ကိုဘညိုရော နဂါးဆေးပေါ့လိပ်
ကလေးတွေ ဖွာရင်း ဆင်ရုပ်ကလေးကို
ကြည့်နေတယ်။

“နို့ နေပါဦး ကိုဘညိုရဲ့၊ ကျုပ်ဆီကိုလာတာ
ဘာကိစ္စများ ရှိလို့တုံး”

“အေးကွာ အောင်စိန်၊ ပန်းပုရုပ်ကို ကြည့်ရ
တာနဲ့ လာရင်းကိစ္စ ပြောဖို့ မေ့သွားတာဟေ့”

ကိုဘညိုက ဆေးပေါ့လိပ်ကို ပြာခံခွက်ထဲ
ချထားလိုက်ပြီး ရေနွေးကြမ်းပန်းကန်ကို
တစ်ကြိုက်တည်း မော့သောက်လိုက်တယ်။

“ဒီလိုကွ တာတေရ၊ ငါတို့ရွာမှာ ဆရာတစ်
ယောက် ရောက်လာတယ်၊ နာမည်က ဆ
ရာစောရာမတဲ့ကွ၊ အသက်က လေးဆယ်
လောက်ပဲ ရှိသေးတယ်၊ ပညာတော့ အ
တော်ထက်တာကွ၊ တာတေရ၊ သူရောက်
မှ အနီးအနားမှာ ပိုးထိတဲ့လူတွေ တစ်
ယောက်မှ မသေဘူး၊ သူ့မှာ ပါလာတဲ့ အင်း
လက်ပုဝါနဲ့ ရိုက်ချလိုက်တာ ကိုက်တဲ့ အ
ပေါက်ကနေ အဆိပ်မည်းမည်းတွေ အကုန်
ပြန်ထွက်ကြတာကွ၊ ဟိုနေ့က တိုရွာနောက်
ပိုင်းက ကိုထွန်းဇံကြီးကို သင်္ချိုင်းကုန်းထဲက
မြွေကိုက်လိုက်တာ သေရောမှတ်တာဟေ့။
တစ်ကိုယ်လုံး ပြာနှမ်းပြီး သတိလစ်နေပြီ။
အဲဒါ ဆရာစောရာမက ကိုက်တဲ့မြွေကိုအ
မိန့်ပြန်ပြီး ခေါ်လိုက်တာ။ မြွေဟောက်ကြီး
တစ်ကောင် ရောက်လာပြီး အိမ်ပေါ်အထိ
တက်တာကွ၊ လူတွေဆိုတာ လန့်ကုန်တာ
ပေါ့ကွာ၊ အဲဒါ ဆရာစောရာမက…

‘မကြောက်နဲ့၊ မကြောက်နဲ့ ဒီကောင်ကို
ကျုပ် အမိန့်ပြန်ပြီး ခေါ်လိုက်တာ၊ဒါကြောင့်
လာတာ၊ ကိုထွန်းဇံကို ကိုက်တာ ဒီကောင်
ပဲ၊ ကဲ ဟေ့ကောင် မင်းအဆိပ်ကို မင်းပြန်
စုပ်စမ်း၊ ကုန်အောင်စုပ်နော်၊ ငါ့အကြောင်း
မင်းသိတယ်မို့လား၊ အေး အခုစုပ်”

လို့ အမိန့်ပေးလိုက်တာနဲ့ မြွေဟောက်ကြီး
က စန့်စန့်ကြီးလဲနေတဲ့ ကိုထွန်းဇံဆီကို
သွားပြီး သူကိုက်တဲ့ အစွယ်ရာကို ပါးစပ်
နဲ့ တေ့ပြီး စုပ်တော့တာပဲဟေ့၊ မကြာပါဘူး
ကွာ၊ အစွယ်ရာက အဆိပ်တွေ ထွက်လာ
ရောဟေ့၊ အဲဒီအဆိပ်တွေကို ဆရာစောရာ
မက စက္ကူနဲ့သုတ်လိုက်၊ ထပ်စုပ်ခိုင်းလိုက်
နဲ့ နောက်ဆုံး သွေးလိုက်လာတော့မှ…

‘အေး ဟုတ်ပြီ၊ ဟုတ်ပြီ၊ မင်းအဆိပ်တွေ
ကုန်ပြီ’

လို့ ပြောပြီး ပြန်လွှတ်လိုက်ရောကွ၊ မြွေ
ဟောက်ကြီးလည်း အိမ်ပေါ်ကနေ ဆင်းပြီး
မြက်ပင်တွေထဲ ဝင်သွားရောဟေ့”

“အင်း ဒီဆရာ အတော်ကို စွမ်းတာပါလားဗျ”

“ဟာ စွမ်းပါပြီလား တာတေရာ”

“နို့ နေပါဦး ကိုဘညိုရဲ့၊ ဒီဆရာက အထက်
လမ်း၊ အောက်လမ်းလားဗျ”

“အေး ရွာကလူတွေကတော့ အထက်လမ်း
လား အောက်လမ်းလား ဘာမှတွေးမနေကြ
ဘူးကွ၊ ဆရာစောရာမကို လွှတ်ပြီး အထင်
ကြီးနေကြတာဟေ့”

“ကိုဘညိုကရော ဘယ်လိုထင်တုံးဗျ”

“အောက်လမ်းဆရာကြီးကွ တာတေရ၊
ဘုရား လုံးဝ ရွိမခိုးဘူး”

“ဟင် ဟုတ်လား ကိုဘညို”

” အေး ဟုတ်တယ် ဒါပေမဲ့ ပုတီးကြီးတစ်
ကုံးတော့ လည်ပင်းမှာ အခန့်သား ဆွဲထား
တာနော်၊ ပုတီးတစ်လုံး တစ်လုံးကလည်း
ဇီးဖြူသီးလုံးလောက် ရှိတာကွ”

“ဒါပေါ့ဗျာ၊ ဒီလိုလူတွေက ပြယုဂ်ကောင်း
အောင် သိပ်လုပ်တဲ့လူတွေဗျ၊ မိန်းကလေး
မိန်းမငယ်တွေနဲ့ရော ကင်းရဲ့လား”

“အေး ခုထိတော့ ကင်းသေးတယ်ကွ၊ ရွာ
က မိန်းကလေးတွေကလည်း တစ်ယောက်
မှ အလာအသွား မလုပ်ကြဘူးလေ”

“အင်း ဒါဆိုရင် တော်သေးတာပေါ့ဗျာ၊
အောက်လမ်းဆရာတွေက အဲဒီကိစ္စတွေ
မှာ သိပ်ဆိုးတာဗျ၊ လုံးဝကို စည်းမစောင့်
ကြဘူး၊ တို့ဆေးတွေသုံး ဘာတွေသုံး လုပ်
ကြတာ ကိုဘညိုရဲ့၊ နို့ ဘယ်သူနဲ့ ပတ်
သက်ပြီး ရောက်လာတာတုံးဗျ”

“ဘယ်သူနဲ့မှ မပတ်သက်ပါဘူးကွာ၊ သူ့ဟာ
သူ ရောက်လာပြီး ရွာလယ်က အရီးဘုမအ
ကြော်ဆိုင်မှာ ဝင်ထိုင်တာတဲ့ကွ၊ ပြီးတော့
ရွာသားတွေနဲ့ အဲဒီမှာ မိတ်ဖွဲ့တာပေါ့ကွာ။
သူ့ကိုယ်သူ ဆေးဆရာပါ။ လေဖြတ်တဲ့သူ
တွေ ဘာတွေရှိ ပြောပါ၊ ပိုက်ဆံမယူပါဘူး၊
ကုသိုလ်ဖြစ် ကုပေးပါမယ်လို့ပြောတော့ တို့
ရွာတောင်ပိုင်းက ကိုတောကျော် ဆိုတဲ့လူ
က လေဖြတ်သွားတာ ဆယ်ရက်လောက်ပဲ
ရှိဦးမှာကွ၊အဲဒီကို ရွာကလူတွေက ခေါ်သွား
ပြီးတော့ ဒီဆရာက ကုသ ပေးလိုက်တာ
ကောင်းကိုသွားတာကွ၊ ဒါနဲ့ပဲ ကိုတောကျော်
တို့ အိမ်မှာ သောင်တင်နေတာပေါ့ကွာ”

“နို့ နေပါဦး ကိုဘညိုရဲ့၊ အခု ကျုပ်ဆီကို
လာတဲ့ကိစ္စကို ပြောပါဦးဗျ”

“အေးဟေ့ ဆရာစောရာမ အကြောင်း
ပြောပြနေရတာနဲ့ပဲ လာရင်းကိစ္စကို မေ့ရော
တာတေရေ မနေ့က ကိုတောကျော်နဲ့ အဲ
ဒီဆရာနဲ့ ငါ့အိမ်ကို ရောက်လာတယ်၊ ပြီး
တော့ ကိုတောကျော်က ပြောတာက ဆရာ
စောရာမက ဒီရွာကိုလာတာ ကိစ္စတစ်ခုရှိနေ
လို့ လာတာတဲ့ကွ၊ သူက ကိုးကျင်းအောင်ပြီး
သားဆိုပဲကွ၊ ငွေတွင်းကုန်းသင်္ချိုင်းမှာ လာ
မယ့် လကွယ်ညမှာ အစီအရင်တစ်ခု လုပ်
ချင်လို့တဲ့ကွ”

“ဟင် ဘယ်လိုအစီအရင်မျိုးတုံး ကိုဘညိုရဲ့”

“အေး သူပြောတာတော့ သူ့မှာ သေသေချာ
ချာ စီရင်ထားတဲ့ အရုပ်ကလေးတစ်ရုပ် ပါ
လာတယ်တဲ့ကွ၊ အဲဒီအရုပ်ကလေးကို ငွေ
တွင်းကုန်းသင်္ချိုင်းမှာ အသက်သွင်းရမှာတဲ့
ကွ၊ အဲဒါ အောင်သွားရင် သူ့ကို ကျော်နိုင်တဲ့
သူ မရှိတော့ဘူးဆိုပဲ တာတေရ”

“ဘာအရုပ်မို့တုံးဗျ”

“ဟာ အဲဒါတော့ မပြောဘူးကွ၊ အရုပ်လို့ပဲ
ပြောတာ”

“နို့ …ကျုပ်ဆီလာတာကရော”

“အေး …ဒီလိုကွ၊ ဆရာစောရာမက ပြော
တယ်၊ သူက မြေကျင်းထဲမှာဝင်ပြီး အရုပ်ကို
အသက်သွင်းမှာတဲ့ကွ၊ အဲဒါ ကျင်းပေါ်ကနေ
ဆေးပေါက်ပေးဖို့ သတ္တိရှိတဲ့ လူငယ်တစ်
ယောက် ရှာပေးဖို့ပြောတယ်”

“သြော် …ဒီကိစ္စကြောင့် ကျုပ်ဆီကို လာတာ
ကိုး”

“ဒါပေမဲ့ မင်းတစ်ယောက်တည်း လိုက်ရမှာ
တော့ မဟုတ်ဘူးကွ၊သူ့ကို မြေကျင်းတူးပေး
မယ့် ငွေတွင်းကုန်းသား လေးငါးယောက်
လည်း ပါမှာကွ”

“ခက်တာပဲ ကိုဘညိုရာ၊ ကျုပ်က အထက်
လမ်းဆရာကြီးရဲ့ တပည့်ဗျ၊ အထက်လမ်း
ဆရာကြီးတွေကိုပဲ ကျုပ်ကြည်ညိုတယ်၊ ဒီ
အောက်လမ်းတွေဆိုရင် ကျုပ်က သက်ကို
ပစ်ချင်တာ၊ လှယဉ်နဲ့ ပက်သက်တဲ့ အ
ကြိတ်အခဲတွေက ကျုပ်ရင်မှာ ခုထိ ပြေ
သေးတာ မဟုတ်ဘူးဗျ”

“သိပါတယ် တာတေရာ၊ အခုဟာက ဒီ
အောက်လမ်းဆရာက ရွာမှာလာပြီး သောင်
တင်နေမှာကို ငါစိုးရိမ်နေတာကွ၊ ဒီကောင်
တွေက အခုကောင်းနေပေမယ့် ဘယ်အ
ချိန် ဘာထလုပ်မယ်ဆိုတာ သိရတာ မ
ဟုတ်ဘူးလေကွာ၊ တို့ရွာသားတွေက ဗဟု
သုတကလည်း နည်းတော့ တစ်ခုခုလွန်
သွားမှဆိုရင် မလွယ်ဘူးကွ တာတေရ၊
ဒီဆရာက ပြောတယ်ကွ၊ အဲဒီအစီအရင်
ပြီးရင် သူ တစ်ခါတည်း သွားမှာဆိုပဲ၊ ရွာ
ထဲကို ပြန်ဝင်မှာ မဟုတ်ဘူးတဲ့ကွ၊ အဲဒါ
ကြောင့် ငါ မင်းကို အကူအညီတောင်း
တာပါ တာတေရာ”

ကျုပ်နဲ့ ကိုဘညိုတို့ညီအစ်ကိုတွေက လွှတ်
ခင်ကြတာဗျ။သူ့ညီ ကိုဘစိမ်းဆိုရင် ပိုတောင်
ခင်သေးဗျ။ ကိုဘညို တွေးတာလည်း ဟုတ်
ပါတယ်လေ။

ဒီအောက်လမ်းဆရာ သူ့ကိစ္စမြန်မြန်ပြီးမှ
ဒီရွာက မြန်မြန်ပြန်သွားမှာဆိုတော့ သူပြော
တာ ဝိုင်းလုပ်ပေးလိုက်ကြမယ်ပေါ့ဗျာ။ကျုပ်
ဆုံးဖြတ်လိုက်တယ်။ ကိုဘညိုတို့ ရွာရောက်
နေတဲ့ ဒီမကောင်းဆိုးဝါးကောင်ကို မြန်မြန်
ပြန်လွှတ်ဖို့ ကျုပ် ကူညီမယ်လို့ပေါ့ဗျာ။

“ကိုဘညို လကွယ်က ဘယ်နေ့တုံးဗျ”

“ဟာ တာတေ၊ ရက်တွေတောင် မေ့နေပြီ
ထင်တယ်၊ ဒီနေ့ အဖိတ်နေ့လေကွာ၊ မနက်
ဖြန်ဆို လကွယ်ပြီကွ”

“ဘယ်လိုတုံး တာတေ၊ မနက်ဖြန် မင်း လာ
မှာလား”

“ဟာ လာမှာပေါ့ ကိုဘညိုရဲ့၊ ခင်ဗျားတို့ အ
ခက်အခဲကို ကျုပ်က ဒီအတိုင်း ဘယ်ကြည့်
နေမှာတုံးဗျာ”

“ဟာ ဝမ်းသာလိုက်တာကွာ၊ မနက်ဖြန် မ
နက်စာ ရွာမှာပဲ စားကွာ၊ ငါတို့အိမ်မှာပဲစား၊
မင်းကြိုက်တဲ့ ကြက်သားကာလသားချက်
ချက်ထားမယ်”

“ဒါဆိုရင် မနက်ဖြန် ဆယ်နာရီလောက်
ရောက်အောင် ကျုပ်လာခဲ့မယ်”

“အေး အေး နေရာကျပြီပေါ့ကွာ၊ ငါ့ ညီ ဘ
စိမ်းကတော့ ဒီအောက်လမ်းဆရာအတွက်
ကျင်းတူးပေးမယ့်လူ သုံးလေးယောက် ရှာ
ထားမယ် ပြောတာပဲ”

“သုံးယောက်လောက်နဲ့ ကျင်းတူးတာ ပြီးပါ့
မလားဗျ၊ ဘယ်အချိန်တူးမှာတုံး”

“ဟ ဒီလူက ကျင်းတူးတာတောင် ကြိုပြီး
တူးထားလို့ မရဘူးတဲ့ကွ၊ အချိန်ကျမှ
တူးရမှာတဲ့ကွ၊ ပြီးတော့ အချိန်ကိုက် ပြီး
အောင် တူးရမှာတဲ့ဟေ့၊ ငါနဲ့ ဘစိမ်း
လည်း ပါမယ်လေကွာ”

“ကိုဘညိုတို့ ကိုဘစိမ်းတို့ပါ ပါရင်တော့ အ
ဆင်ပြေတာပေါ့ဗျာ။

“ဟကောင် တာတေရ၊ မင်းချည်းပဲ ငါတို့က
လွှတ်ပါ့မလားကွ၊ ငါရော ဘစိမ်းရော လိုက်
မှာပေါ့ကွ၊ မဟုတ်မဟတ်ဖြစ်လို့ကတော့
အောက်လမ်းရော ဘာရော နားမလည်ဘူး၊
တစ်ခါတည်း ခုတ်ကို သတ်လိုက်မှာ မောင်
ရေ”

ဒါတော့ ကျုပ်ယုံတယ်ဗျ။ သူတို့ညီအစ်ကိုက
သတ္တိကောင်းတွေဗျ။သူများအပေါ်မှာ မဟုတ်
တာလည်း မလုပ်ဘူး၊ သူတို့အပေါ်ကို မဟုတ်
တာလုပ်ရင်လည်း နည်းနည်းမှခံတဲ့လူတွေ မ
ဟုတ်ဘူးဗျ။ သူတို့ညီအစ်ကိုကို ငွေတွင်းကုန်း
သားတွေက လွှတ်လေးစားတာ၊ ခင်လည်း ခင်
ကြတယ်။ ဒါပေမဲ့ အခုလို ကိစ္စတွေကျတော့
သူတို့ နားမလည်ဘူးလေဗျာ။

အဲဒီနေ့က ညနေစောင်းမှ ကိုဘညို ပြန်
တယ်။ အမေချက်ထားတဲ့ တောဝက်သား
ဟင်းနဲ့ ကျုပ်က ကိုဘညိုကို ထမင်းကျွေး
တယ်။ အဘနဲ့ အမေကလည်း အဲဒီနေ့က
ရွာထဲမှာ ဟိုအိမ် ဒီအိမ်ဝင်နေကြတော့ ည
နေတော်တော်စောင်းမှ ပြန်ရောက်ကြတာ
ဗျ။ကိုဘညိုက အမေတို့ မပြန်ခင်လေးတင်
ထပြန်သွားတာ။ ထနောင်းကုန်းနဲ့ငွေတွင်း
ကုန်းဆိုတာက သိပ်ဝေးတာမှ မဟုတ်တာ။

“ဟဲ့ တာတေ၊ အိမ်ကို ဘယ်သူလာသေးတုံး”

ကျုပ်က ငွေတွင်းကုန်းက ကိုဘညို လာတဲ့
အကြောင်း အောက်လမ်းဆရာအကြောင်း
တွေပြောပြီး ကိုဘညိုကို ထမင်းကျွေးတဲ့အ
ကြောင်းတွေ အမေ့ကို ပြောပြတယ်။

“တာတေရေ နင်ကတော့ အေးအေးဆေး
ဆေးကို မနေနိုင်ဘူးနော်၊ နေရာတကာ ပါ
ကိုပါရမှ ကျေနပ်တဲ့အကောင်ပဲ”

“ဟာ အမေရာ ဒီအောက်လမ်းဆရာက ကို
ဘညိုတို့ရွာမှာ သောင်တင်နေပြီး တော်
တော်နဲ့ မပြန်ရင် ခက်မှာဗျ၊သူ့ကိစ္စ မြန်မြန်
ပြီးအောင် လုပ်ပေးလိုက်ရင် သူချက်ချင်း
ပြန်မှာဗျ။ ဒါပဲ အကောင်းဆုံးမို့လားဗျာ”

နောက်တစ်နေ့ ကိုးနာရီလောက်မှာပဲ ကျုပ်
ငွေတွင်းကုန်းကို ရောက်တယ်။ ငွေတွင်း
ကုန်းရွာဝင်တဲ့လမ်းမှာ ကျုပ်သဘောကျတဲ့
သစ်ပင်ကြီးနှစ်ပင် ရှိတယ်ဗျ။ ရွေးပင်ကြီး
တွေလေဗျာ။ ဒါပေမဲ့ ကျုပ်တို့ မြင်နေကျ
ရွေးပင်မျိုး မဟုတ်ဘူးဗျ။ သူက ရွေးဖြူပင်
ကြီးတွေ၊ အပင်ပုံစံကတော့ ရွေးနီပင် ပုံစံ
ပါပဲ။ နားလည်တဲ့သူတွေ ပြောတာကတော့
အင်မတန် ဆေးဖော်ဝင်တယ်ဆိုပဲ။

ကျုပ် ကြားဖူးတာကတော့ အဂ္ဂိရတ်ဆရာ
တွေ သုံးတတ်ရင် ကြေးနီကနေ ရွှေဖြစ်
အောင် လုပ်လို့ရတယ်ဆိုပဲ။ ကျုပ်တို့ဘက်
က ရွာတွေမှာ အဂ္ဂိရတ်ထိုးတဲ့သူလည်း မ
ရှိတော့ ဒီရွေးဖြူတွေလည်း သုံးတဲ့သူ မရှိ
ဘူးပေါ့ဗျာ။ ကျုပ်ကလည်း အဂ္ဂိရတ် နား
မလည်ဘူးဗျ။ နားလည်လို့ကတော့ ကြေး
နီကို ရွှေဖြစ်အောင် လုပ်နိုင်တာပေါ့ဗျာ။

ကိုဘညိုတို့ ကိုဘစိမ်းတို့အိမ်က တောင်
ပိုင်းမှာဗျ။ ကျုပ်က ရွာလယ်လမ်းအတိုင်း
ဝင်လာတယ်။

“ဟ တာတေပါလား၊ မမြင်တာတောင်
ကြာပြီ”

ဆိုပြီး ဟိုက နှုတ်ဆက်၊ ဒီက နှုတ်ဆက်နဲ့
ပေါ့ဗျာ၊ ကျုပ်ကလည်း လူခင် လွှတ်ပေါ
တာဗ်။

“ဟာ တာတေပါလား၊ ဘယ်လာတာတုံး”

အရီး အေးခင်ဗျ၊ အမေနဲ့ ညီအစ်မတွေလို
ခင်ကြတာ။

“အရီးရေ ကိုဘညိုတို့အိမ် သွားမလို့ဗျ”

“ဟဲ့ ငွေတွင်းကုန်းရောက်တုန်း အရီးအိမ်
မှာ ထမင်းစားလေ တာတေ”

“မစားတော့ဘူး အရီးရေ၊ ကိုဘညို မနေ့က ထနောင်းကုန်းလာလို့ သူတို့ချက်ထားမယ်
ပြောထားတယ် အရီးရဲ့”

“သြော် ဒီလိုဖြင့် အရီး ဟင်းပို့ခိုင်းလိုက်မယ်၊
ဘညိုတို့ ဘစိမ်းတို့ကို ပြောထားလိုက်ဦး”

“ဟုတ်ကဲ့ အရီး၊ ဟုတ်ကဲ့ ”

ရွာလယ်လမ်းကနေ တောင်ပိုင်းကို ချိုးချ
လိုက်တယ်။ ကျုပ်ရောက်တော့ ကိုဘညိုတို့
ကို ဘစိမ်းတို့က ကျုပ်ကို ဝိုင်းဝကနေ ထွက်
ကို မျှော်နေတာဗျို့။

“မင်းမျှော်နေတာဗျ တာတေရ”

ကိုဘစိမ်းက ပြုံးပြုံးကြီး ဆီးပြောတာဗျ။ ကို
ဘညိုက ကျုပ်ထက် အသက်ငါးနှစ် ခြောက်
နှစ်လောက် ကြီးတယ်။ ကိုဘစိမ်းနဲ့ကတော့
တစ်နှစ်၊ နှစ်နှစ်လောက်ပဲ ကွာတာပါ”

“ကျုပ်လည်း ရွာထဲမယ် ဟို့လူနှုတ်ဆက်၊ ဒီ
လူ့နှုတ်ဆက်နဲ့ကို ကြာသွားတာဗျို့”

“ကဲ လာ၊ အိမ်ပေါ်တက် တာတေ”

ဒီညီအစ်ကိုက လွှတ်သဘောကောင်းတာဗျ။

“ဟဲ့ တာတေ၊ နင် ငါ့တို့ရွာ မရောက်တာ
တောင် ကြာပေါ့”

ကိုဘစိမ်းအမေ အရီးလုံးကြည်က ကျုပ်ကို
ပြုံးပြီး နှုတ်ဆက်တယ်ဗျ။

“ဟုတ်ပါ့ အရီးရေ၊ ကျုပ်လည်း ဒီဘက်ကို
အကြောင်းကို မဆုံတာဗျ၊ ခုမှပဲ အကြောင်း
လေးဆုံလို့ ရောက်လာတာဗျို့”

“အေးပေါ့လေ၊ လူဆိုတာ ဒီလိုချည်းပါပဲဟာ၊
ကိုယ်ကိစ္စနဲ့ကိုယ် အားကြရတယ်ကို မရှိပါဘူး”

“နို့ ဘိုးအောင်ဘရော မမြင်ပါလား အရီး”

“ဟဲ့ နင့်ဘကြီးအောင်ဘက မီးလောင်ကုန်း
ခဏသွားတယ် တာတေရဲ့”

“ဘိုးအောင်ဘရော အရီးရော နေကောင်းကြ
တယ်မို့လား”

“အေး ကောင်းပါတယ်၊ ဟိုတလောကတော့
နင့်ဘကြီးက ခါးနာလို့တဲ့ဟေ့၊ ခုတော့ ပျောက်
သွားပါပြီဟယ်၊ ဘညိုသူငယ်ချင်းတစ်ယောက်
ပေးလိုက်တဲ့ဆေးမြစ် သွေးလိမ်းတာဟေ့၊ နေ
ပါဦးဟဲ့၊ ဘညို နင်ယူလာတာ ဘာအမြစ်တုံး”

“ပျဉ်းမအဖြူအမြစ်ပါဗျ”

ကိုဘညို ဝင်ပြောတော့မှ ကျုပ်က အံ့သြ
သွားတာဗျ။

“သြော် ပျဉ်းမမှာလည်း အဖြူရှိတာပဲလားဗျ။
ကျုပ်က ရွေးဖြူပဲ ကြားဖူးတာ”

“ဟာ ရှိတယ်ကွ တာတေရ၊ ရုံးကွင်းဘက်မှာ
ရှိတယ်”

“ဟဲ့ တာတေ ဆာရောပေါ့ဟဲ့၊ ထနောင်းကုန်း
ကနေ ငွေတွင်းကုန်းအထိ လမ်းလျှောက်ခဲ့
ရတာ”

“အေး ဟုတ်သားပဲ တာတေရ၊ ကဲ ဘစိမ်းရေ
ထမင်းခူးကွာ”

ဒီတော့ ကျုပ်က သတိရသွားတာဗျို့။

“ဟာ နေကြဦးဗျ၊ ကျုပ် ဒီလာတော့ အရီး
အေးခင်နဲ့ တွေ့တယ်၊ သူ့အိမ်မှာ ထမင်းစား
ဖို့ အတင်းခေါ်နေတာ၊ အဲဒါ အရီးအေးခင်က
ပြောလိုက်တယ်၊ဘညိုတို့ကို ပြောထားလိုက်
တဲ့ သူ ဟင်းပို့လိုက်မယ်တဲ့ဗျို့”

“သြော် အရီးအေးခင်လား၊ ဟုတ်တာပေါ့
တာတေရဲ့၊ နင့်အမေ အရီးငွေစိန်နဲ့ အရီး
အေးခင်တို့က ညီအစ်မတွေလို နေကြတာ။
ကဲ ဘစိမ်းရေ နင့်အရီးအေးခင်ဆီကို သွား
လိုက်ပါဟယ်၊ သူ ကိုယ်တိုင် တုန်တုန်ချိချိ
နဲ့ လာပို့နေပါဦးမယ် ဘစိမ်းရယ်”

“ဟုတ်ပြီ အမေ၊ ကျုပ် သွားယူလိုက်မယ်၊ အ
ရီးအေးခင်က ဟင်းချက်တော့ ကောင်းတယ်။
တာတေရဲ့”

ကိုဘစိမ်းက ရွာလယ်ဘက်ကို ထွက်သွား
တယ်၊ တယ်မကြာလိုက်ဘူးဗျ၊ ပြန်ရောက်
လာတယ်။ လက်ထဲမှာ ဇလုံတစ်လုံးကိုင်လို့။

“နင့်အရီး ဘာပေးလိုက်တုံး ဘစိမ်း”

“အမဲခြောက် ရေစိမ်ပြီး ခရမ်းချွန်သီးနဲ့ ချက်
ထားတာဗျ၊ ကျုပ်တော့ လွှတ်ကြိုက်တာဗျ”

ကျုပ်တို့ ထမင်းစားရင်း စကားတပြောပြောနဲ့
ပေါ့ဗျာ။ စားသောက်ပြီးတော့ ကိုဘစိမ်းက
ဆေးလိပ်ခွက်ကလေး အဆင်သင့်ယူလာတာ
ဗျ။ ကျုပ်သောက်နေကျ နဂါးဆေးပေါ့လိပ်က
လေး နှစ်လိပ် ထည့်ထားတယ်။ ဆေးလိပ်သ
မားဆိုတာက ထမင်းစားပြီးရင် ဟန်မဆောင်
နိုင်အောင် ဆေးလိပ်သောက်ချင်တာဗျ။ ဆေး
လိပ်ကလေး နှစ်ဖွာ၊ သုံးဖွာ ဖွာလိုက်တော့မှ
နေလို့ ကောင်းသွားတာ။

“မနက်အစောကြီး ကိုတောကျော်ကြီး တစ်
ခေါက်လာသေးတယ်ကွ တာတေရ”

“ဟင် ဘာကိစ္စရှိလို့တုံး”

“တခြားမဟုတ်ပါဘူး၊ မင်းလာမှာ သေချာလား
လို့ လာမေးတာပါ၊ ပြီးတော့ သူ့အိမ်မှာ မင်းကို
ထမင်းကျွေးချင်လို့ လာပြောတာပါ”

“တာတေ လာမယ်ဆိုရင် ဘယ်တော့မှ မပျက်
ဘူးလို့ ငါက ပြောလိုက်တယ်၊ ပြီးတော့ ထမင်း
လည်း ဒီမှာပဲ စားမှာလို့ ပြောလိုက်ရတယ်”

“ခဏကြာရင် သွားလိုက်တာ ကောင်းမယ်ဗျ၊
ကိုကြီးဘညိုရဲ့၊ တော်တော်ကြာ ဟိုအောက်
လမ်းဆရာပါ ဒီကို လိုက်ချလာဦးမယ်”

ကိုဘစိမ်းက သူ့အစ်ကို ပြောတယ်။

“အေး ဟုတ်တယ်ကွ၊ လိုက်လာမှ သေချာ
တယ်”

“ကဲ ဒါဆိုလည်း သွားကြရအောင်ဗျာ”

ကျုပ်ကလည်း အဲဒီလူ ဒီကိုမလာစေချင်ဘူး
ဗျ။ဒါနဲ့ ကိုဘညိုနဲ့ ကျုပ်နဲ့ ထွက်လာခဲ့တယ်။
ကိုတောကျော်တို့အိမ်ကလည်း တောင်ပိုင်း
မှာပဲဆိုတော့ ကိုဘညိုတို့နဲ့ သိပ်မဝေးဘူးဗျ။
လှည်းလမ်းကျော်လိုက်တာနဲ့ တစ်ဝိုင်းကျော်
ပဲ။ ဝိုင်းကလည်း ကျယ်သားဗျ။ အိမ်ကြီးက
လည်း ကောင်းပါတယ်။

“ကိုတောကျော်အဘ ဘိုးဖြူတုတ်၊ ဆောက်
ခဲ့တာကွ၊ ကိုတောကျော်က တစ်ဦးတည်း
သော သားလေကွာ၊ အမွေတွေ အားလုံး သူ
ပဲရတာပေါ့”

“ဟာ …ဘညို လာကွ”

အသံခပ်လေးလေးကြီးနဲ့ လှမ်းခေါ်တာဗျို့။
ကိုတောကျော်ဆိုတာ ဒီလူပဲထင်တယ်။လေ
ဖြတ်တာ ကောင်းသွားပြီဆိုတာတောင် အ
သံကတော့ လေးနေတုန်းဗျ။

“ဘညို ဒါ မောင်တာတေလား”

“ဟုတ်တယ် ကိုတောကျော်၊ ကျုပ်တို့ ထမင်း
စားပြီးပြီးချင်း ထွက်လာတာဗျ”

“ဘညိုရာ မင်းရော၊ မောင်တာတေရော ဒီမှာ
စားကြရောပေါ့ကွာ”

“ကျုပ်တို့က အိမ်မှာ ချက်ထားလိုက်လို့ဗျာ၊
နို့မဟုတ်ရင် စားပါတယ် ကိုကြီးတောကျော်
ရာ”

ကျုပ် အိမ်ထဲကို လှမ်းကြည့်လိုက်တော့ ပု
ဆိုးကွက်တုံးကြီးနဲ့ လူပိန်ပိန်တစ်ယောက်
ထိုင်နေတာ တွေ့တယ်ဗျ။

“ကဲ တက်ကြ၊ ထိုင်ကြကွာ၊ မောင်တာတေ
ဒါ ဆရာ စောရာမပဲကွ”

ကျုပ် ဆရာစောရာမ ဆိုတဲ့လူကို ကြည့်လိုက်
တယ်။ အရပ်မြင့်မြင့် ပိန်ပိန်ဗျ။ အသားလည်း
ညိုညိုပါပဲ၊ ထူးခြားတာကတော့ မျက်စိစွေနေ
တာပဲဗျ။မျက်လုံးက တော်တော်ကို စောင်းနေ
တာ။ဘယ်ကို ကြည့်လို့ ကြည့်နေမှန်းကို မသိ
တာဗျို့။ကျုပ်ကို ကြည့်နေတာပဲ ဖြစ်မှာပေါ့ဗျာ

“မောင်တာတေ၊ ဆရာ ဝမ်းသာတယ်ကွာ၊ အ
ခုလို ဆရာ့ကို ကူညီဖို့လာတာ သိပ်ဝမ်းသာ
တယ်”

“ရပါတယ် ဆရာ၊ ကျုပ် ဆရာလိုတာ လုပ်
ပေးပါ့မယ်”

“အေး ညကျရင် အချိန်အခါကျပြီကွဲ့၊ ကျုပ်
က ငွေတွင်းကုန်းသင်္ချိုင်းရဲ့ အင်္ဂါထောင့်မှာ
လူတစ်ရပ်နက်တဲ့ မြေကျင်းတူးရမယ်၊ အဲဒီ
ကျင်းထဲမှာ ကျုပ်ယူလာတဲ့ အရုပ်ကလေး
ကို အစီအရင်လုပ်ပြီး အသက်သွင်းမှာကွဲ့၊
ဒီအစီအရင်မျိုးကို ကျုပ်တို့လို ကိုးကျင်း
အောင်ပြီးသားလူမှ လုပ်လို့ရတာ”

“ဟုတ်ကဲ့ပါ ဆရာ၊ ကျုပ်က ဆရာ့ကို ဘာ
လုပ်ပေးရမှာတုံး”

“မောင်တာတေက ကျုပ်ကို ဆေးလုံးတစ်
လုံးပေါက်ပေးဖို့ပါ၊ ဘယ်လိုအနှောင့် အ
ယှက် အဖျက်အဆီးနဲ့ ကြုံကြုံ ထွက်မပြေး
ဘဲ ဆေးလုံးကို ပေါက်ဖြစ်အောင် ပေါက်
ပေးဖို့ပဲ”

“ဟာ ဒီအတွက်တော့ ဆရာ စိတ်ချပါ၊ ကျုပ်
သေသေချာချာ ပေါက်ပေးပါ့မယ်”

“ဝမ်းသာလိုက်တာ မောင်တာတေရယ်”

“မောင်တာတေ ကျုပ်ကို ကူညီတဲ့အတွက်
မောင်တာတေကို လက်ဆောင်တစ်ခုပေးချင်
တယ်၊ မောင်တာတေ ဘာလိုချင်သလဲ”

“ဟာ ကျုပ် ဘာမှ မလိုချင်ပါဘူးဗျာ”

“ဟာ တစ်ခုခုတော့ ယူပါ”

ဆရာစောရာမက သူ့လွယ်အိတ်ကြီးထဲကို
ဟိုရှာ ဒီရှာ လုပ်နေတာဗျ။ ပြီးတော့မှ ကျုပ်
ကို မက်စေ့လေး နှစ်စေ့ ထုတ်ပေးတယ်။
စက္ကူနဲ့ သေသေချာချာ ထုပ်ထားတာဗျ။
စက္ကူဖြည်တော့မှ မက်စေ့ နှစ်စေ့ ထွက်လာ
တာ။

“ကြောက်တော့ မကြောက်နဲ့ မောင်တာ
တေ၊ ဒါ ယောက်ျားခေါင်းခွံထဲက ကူးတို့ခ
ပိုက်ဆံနဲ့့ မိန်းမခေါင်းခွံထဲက ကူးတို့ခပိုက်
ဆံကို စီရင်ထားတာ။ ငွေဖို ငွေမလို့ ခေါ်
တယ်၊ စျေးသည်တွေ စျေးရောင်းတဲ့အခါ
ပိုက်ဆံထည့်တဲ့ သစ်သားသေတ္တာကလေး
တွေ မြင်ဖူးတယ်မို့လား၊ အဲဒီသေတ္တာက
လေး တစ်လုံးဝယ်ပြီး ဟောဒီ ငွေဖိုငွေမ
ထည့်ထားလိုက်၊ ပြီးရင် အဲဒီသေတ္တာလေး
ထဲကို ပိုက်ဆံကြိုက်သလောက်ထည့်ထား၊
ပြီးရင် ပိုက်ဆံကို နှိုက်သာသုံး၊ ကြိုက်သ
လောက်သုံး၊ သုံးလိုက်တဲ့ ပိုက်ဆံက သေ
တ္တာလေးထဲကို အမြဲပြန်ရောက်နေလိမ့်မယ်”

“ဟာ စွမ်းလှချည်လား ဆရာ”

ကျုပ် အံ့သြပြီး ပြောလိုက်မိတာဗျ။

“အဲဒါကြောင့် မောင်တာတေကို ဒါလေး
လက်ဆောင်ပေးချင်တာ”

“ဟာ မယူပါဘူး ဆရာ၊ ဆရာပဲ သုံးပါ”

“ဟာ ကျုပ်က ဒီညလုပ်မယ့် အစီအရင်
အောင်သွားရင် ဒါတွေ ဘာမှမလိုတော့
ဘူးလေ၊ ဘာမဆို ကျုပ် ဖန်တီးလို့ရပြီ
မောင်တာတေရဲ့၊ အောင်လည်း အောင်
မြင်မှာပါ၊ မောင်တာတေကို တွေ့လိုက်
ကတည်းက ဒီည ကျုပ် အောင်မယ်ဆို
တာ ယုံပြီးသားပါကွယ်”

ဆရာစောရာမက ကျုပ်ကို ငွေဖို ငွေမ အ
တင်းပေးတယ်။ကျုပ်လည်း မငြင်းတော့ဘဲ
ယူလိုက်တယ်။ကိုဘညိုနဲ့ ကျုပ် ဆရာစော
ရာမနဲ့ တော်တော်ကြာအောင် စကားပြော
ကြတယ်။ သုံးနာရီလောက်ရောက်မှ ကို
တောကျော်တို့ မိသားစုနဲ့ ဆရာစောရာမ
ကို နှုတ်ဆက်ပြီး ပြန်ခဲ့ကြတယ်။ ညစာ ထ
မင်းစားပြီး ကိုဘညို၊ ကိုဘစိမ်းနဲ့ ကျုပ် စ
ကားတွေ ပြောကြတယ်။

ဆရာစောရာမက ငွေတွင်းကုန်းသင်္ချိုင်းဇရပ်
ပေါ်ကို ညကိုးနာရီ အရောက်လာဖို့မှာတယ်။

မိုးချုပ်တာနဲ့ ကိုဘညိုတို့ ခေါ်ထားတဲ့ လူ
လေးယောက် ရောက်လာကြတယ်။ ပေါက်
တူးတွေ ဂေါ်ပြားတွေပါ တစ်ပါတည်း ယူလာ
ကြတာဗျ။ ကိုဘညို ဦးဆောင်ပြီး ရှစ်နာရီခွဲ
မှာ ကျုပ်တို့ ရွာပြင်ထွက်ခဲ့တယ်။ ကျုပ်တို့
သင်္ချိုင်းဇရပ်ပေါ်ရောက်တော့ ဆရာစောရာ
မက ရောက်နှင့်နေပြီဗျ။

ကိုဘညိုတို့ကို သင်္ချိုင်းရဲ့ အင်္ဂါထောင့်ကို
ခေါ်သွားပြီး သူရွေးထားတဲ့ နေရာကို ပြ
တယ်။ပြီးတော့ ကျင်းစတူးခိုင်းတယ်ဗျ။ ၁၂
နာရီ မထိုးခင် အပြီးတူးပေးပါလို့ ပြောတယ်
ဗျ။ ငွေတွင်းကုန်းသားတွေလည်း ဆရာစော
ရာမအစီအရင်လုပ်မယ့် ကျင်းကို တူးကြ
တော့တာပေါ့ဗျာ။ တစ်ယောက်ညောင်းရင်
နောက်တစ်ယောက် ဝင်တူးပေါ့ဗျာ။

၁၁ နာရီထိုးတော့ လူတစ်ရပ်လောက်နက်
ပြီး အကျယ်သုံးပေလောက်ရှိတဲ့ ကျင်းကြီး
တူးပြီးသွားပြီဗျ။ ဆရာစောရာမက ကျင်းကို
သေသေချာချာ ကြည့်ပြီးတော့ သဘောကျ
သွားတယ်။ သင်္ချိုင်းကုန်းထဲက ငှက်ပျောပင်
တွေမှာ ငှက်ပျောရွက်တွေကို ခုတ်ခိုင်းပြီး
မြေကျင်းထဲမှာ ခင်းခိုင်းတယ်။

၁၂ နာရီ ထိုးတာနဲ့ ဆရာစောရာမက အစီ
အရင် စလုပ်ဖို့ ပြင်တယ်။ ကျုပ်ကို ဆေး
လုံးကလေးပေးတယ်။ သူ့အသံပြုလိုက်ရင်
ကျင်းထဲကို တည့်တည့်ပစ်ပေးဖို့ အထပ်ထပ်
အခါခါ မှာနေတယ်။ ကျုပ်က ကျင်းဘေးမှာ
ဘယ်မှမသွားဘဲ ရပ်နေဖို့လည်း ပြောတယ်
ဗျ။ ပြောရဦးမယ်ဗျို့။

ကျုပ်က ကိုဘညိုတို့အိမ်က မထွက်ခင်
မျက်ကွင်းဆေး ကွင်းလာခဲ့တာဗျ။ သင်္ချိုင်း
ကုန်းထဲကို မသိမသာ လျှောက်ကြည့်နေ
တာလေဗျာ။ အို…သစ်ကိုင်းကြီးတွေပေါ်မှာ
ဝမ်းလျားမှောက်တဲ့ အကောင်တွေ။ မျက်
လုံးနီနီ ပြူးပြူးကြီးတွေနဲ့ ကျုပ်တို့ကို ကြည့်
နေတာဗျို့။ တချို့ဆိုရင် လျှာကြီးတွေ တွဲ
လောင်းကျနေကြတာဗျ။

“မောင်တာတေ ကျုပ်ရဲ့ဆေးလွယ်အိတ်ကို
စောင့်ရှောက်ထားပါ၊ ကျုပ် ဒီကိစ္စပြီးရင် ရွာ
ထဲ ပြန်ဝင်မှာ မဟုတ်တော့ဘူး၊ ဒီကပဲ တန်း
သွားတော့မှာ၊ ဒါကြောင့် ဆေးလွယ်အိတ်ပါ
အပြီးယူလာတာကွဲ့၊ ကဲ ကျုပ် ကျင်းထဲဆင်း
ပြီ”

ကျုပ်က ဆရာစောရာမရဲ့ ဆေးလွယ်အိတ်
ကြီးကို စလွယ်သိုင်းလွယ်လိုက်တယ်။ သူ
ပေးတဲ့ ဆေးလုံးကိုလည်း ကျုပ်က လက်ထဲ
မှာ သေသေချာချာ ဆုပ်ထားတယ်။ခုန်ဆင်း
သွားပြီဗျို့။ အောက်လမ်းဆရာ ကျင်းထဲကို
ခုန်ဆင်းသွားပြီ။

“ကဲ ကိုဘညိုတို့က ဇရပ်ပေါ် တက်နေ
ကြတော့ဗျို့”

ကျုပ် ပြောလိုက်တာနဲ့ ကိုဘညို ဦးဆောင်
ပြီး ခြောက်ယောက်စလုံး ဇရပ်ပေါ် တက်
သွားကြတယ်။ ရွတ်ပြီဗျို့။ မြေကျင်းထဲမှာ
တင်ပလ္လင်ခွေ ထိုင်နေတဲ့ ဆရာစောရာမ
မန္တန်တွေ စရွတ်ပြီဗျို့။ တစ်ချက်မှကို မနား
တာဗျာ။ကျုပ် ပတ်ဝန်းကျင်ကို လှည့်ကြည့်
တယ်။ ဘာမှ မထူးခြားဘူးဗျ။

နာရီဝက် ရှိသွားပြီ၊ ရွတ်တုန်းပဲ။ တစ်နာရီ၊
ရွတ်နေဆဲပဲဗျာ၊ ကျုပ်လက်မှာပတ်ထားတဲ့
နာရီကို ကျုပ် သေသေချာချာကြည့်လိုက်
တော့ မနက်သုံးနာရီထိုးပြီဗျ၊ ဒီတုန်းမှာပဲ…

“ဝူး၊ ဝူး၊ ဝူး၊ အီး၊ အီး၊ အီး”

ဟာ ဒါ မဖဲဝါရဲ့ ခွေးကြီး အူသံပါလား။ မဖဲဝါ
ကြီး လာတယ်ထင်တယ်၊ တစ်ခုခုတော့ ဖြစ်
တော့မယ်ထင်တယ်ဗျို့၊ ကျုပ်လည်း ကျော
တွေ ချမ်းသွားတယ်။ ဇရပ်ပေါ်က လူတွေက
တော့ ဘာမှမကြား မမြင်ကြတော့ ဆေးလိပ်
ကလေးတွေ ဖွာပြီး ငြိမ်နေကြတာပေါ့ဗျာ။

“ဝူး၊ ဝူး၊ ဝူး၊ ဝူး၊ အီး၊ အီး၊ အီး”

ဟာ မဖဲဝါရဲ့ခွေးကြီး သင်္ချိုင်းထဲတောင်
ရောက်နေပြီပဲ။ ဟော ဟိုမှာ ဟိုမှာ ဂူတွေ
ကြားမှ မားမားကြီးရပ်နေတာ မဖဲဝါရဲ့ခွေး
နက်ကြီးဗျ။ မှောင်ထဲမှာ မျက်လုံးနီနီကြီး
တွေက တောက်နေပါရောလား။

ဟာ ရောက်လာပြီဗျို့။ ရောက်လာပြီ၊ မဖဲဝါ
ကြီး ရောက်လာပြီဗျ၊ ဂူကြီးတစ်လုံးပေါ်မှာ
မားမားကြီးရပ်နေတာဗျ။ ကျုပ်ကို မျက်လုံးပြူး
ကြီးနဲ့ စိုက်ကြည့်နေတယ်။ ဆံပင်ဖားလျားကြီး
ချလို့ဗျာ။ မျက်လုံးကြီးနှစ်လုံးက နီရဲပြီး ပြူး
ထွက်နေတာဗျ။

“အီး၊ အီး၊ အီး၊ ဟင်း၊ ဟင်း၊ ဟင်း”

ဟာ မဖဲဝါကြီး ဒေါသဖြစ်ရင် အော်တဲ့အသံဗျ။
သွားပြီထင်တယ်။ ကျုပ်လည်း ကြက်သီးတွေ
တဖျန်းဖျန်းထနေတာဗျို့။ ဟော လက်ရမ်းပြ
နေတယ်။ မဖဲဝါက ကျုပ်ကို လက်ရမ်းပြတယ်။
ကျုပ် ဘေးဖယ်နေတဲ့ သဘောဗျ။

ကျုပ်သိတယ်။

“တာတေ ဆေးလုံးပစ်တော့ ”

ဟာ ကျင်းထဲက ဆရာစောရာမကလည်း
ကျုပ်ကိုဆေးလုံးပစ်ခိုင်းနေပြီဗျ။ ကျုပ်ဘာ
လုပ်ရမှာတုံး။ ဒါပေမဲ့ ကတိပေးပြီးရင် တာ
တေဆိုတဲ့ကောင်က ဘယ်တော့မှ မဖျက်
ဘူးဗျ။ ဖြစ်ချင်ရာ ဖြစ်တော့ဗျာ။

“ကဲ ပစ်ပြီဗျို့၊ ဆရာရေ”

ကျုပ်ပါးစပ်က အော်ရင်း ဆေးလုံးကို ကျင်း
ထဲ တည့်တည့်ပစ်ထည့်ပေးလိုက်တယ်။ ပြီး
တော့မှ မဖဲဝါကြီး ဖယ်ခိုင်းတဲ့အတိုင်း ကျုပ်
ကျင်းနဲ့ ခပ်ဝေးဝေးရောက်အောင် ဆုတ်ပေး
လိုက်တယ်။ ဟာ ကျင်းထဲက မီးခိုးလုံးကြီး
တွေ တက်လာပြီဗျို့။ ဒီဆရာ တော်တော်အ
စွမ်းထက်တာဗျ။

“ဟား ဟား ဟား ဟား အောင်ပြီဟေ့၊
အောင်ပြီ”

ကျင်းထဲက ဆရာစောရာမရဲ့ ကြုံးဝါးတဲ့
အသံဗျ၊ ဟော မဖဲဝါကြီး ပြေးလာပြီဗျို့၊
ဟောမီးခိုးတွေကြားကနေ ဆရာစောရာမ
ခုန်ထွက်လာပြီး ကျင်းနှုတ်ခမ်းပေါ်ရောက်
လာပြီဗျို့။

“ဟား၊ ဟား၊ ဟား၊ ဟား၊ ငါ အောင်”

“ဘုန်း၊ ဘုန်း”

“အား ”

ရုတ်တရက် ဖြစ်သွားတာဗျာ၊ ဆရာ စောရာ
မက ကျင်းပေါ်အရောက် လေထဲမှာ ပြေး
လာတဲ့ မဖဲဝါကလည်း ကျင်းနားအရောက်
ဆရာစောရာမရဲ့ အော်ပြီးကြုံးဝါးလိုက်တဲ့
စကားတောင် မဆုံးလိုက်ပါဘူးဗျာ၊ မဖဲဝါရဲ့
လက်ဝါးကြီး လေထဲကို မြောက်သွားပြီး ဆ
ရာစောရာမရဲ့ ကျောကုန်းကို ရိုက်ချလိုက်
တယ်။ ‘ဘုန်း ဘုန်း’ဆိုတဲ့ အသံကြီး နှစ်သံ
ပေါ်လာပြီး ဆရာစောရာမရဲ့ ‘အား’ဆိုပြီး
အော်လိုက်တဲ့ အသံနက်ကြီးက သင်္ချိုင်း
ကုန်းထဲမှာတင်မကဘဲ ငွေတွင်းကုန်း တစ်
ရွာလုံး ကိုပါ လွှမ်းသွားတာဗျို့။

ဆရာစောရာမ မြေကျင်းနားမှာ ဒူးကြီး
ထောက်ကျသွားပြီး…

“ဝေါ့ ဝေါ့”

ဟာ သွေးတွေ ပွက်ပွက် ပွက်ပွက်နဲ့ အန်
တော့တာပဲဗျာ၊

“ဟာ”

ဇရပ်ပေါ်က ကိုဘညိုတို့လည်း ပြေးဆင်း
မယ် လုပ်ကြတာပေါ့

“မဆင်းနဲ့၊ အဲဒီမှာနေ”

မဖဲဝါကြီးက သူတို့ကို လှမ်းကြည့်နေတာ သူ
တို့က တွေ့မှ မတွေ့ဘဲကိုး။ ဆရာစောရာမ
ရဲ့လက်ထဲမှာ ဆုပ်ထားတဲ့ အရုပ်ကလေးက
လွတ်ကျသွားပြီ။

မဖဲဝါက ကျုပ်ကို ကြည့်တယ်။ ပြီးတော့ ဆ
ရာစောရာမ လွတ်ကျသွားတဲ့ အရုပ်ကလေး
ကို လက်ညှိုးထိုးပြတယ်။ ကျုပ် သိတယ်။
ကျုပ်ကို ကောက်ခိုင်းနေတာ။ကျုပ်က ဘယ်
ကောက်ရဲမှာတုံးဗျာ။ဒီတော့ မဖဲဝါက နောက်
ကို ခြေနှစ်လှမ်းလောက် ဆုတ်ပေးတယ်။ ဒီ
တော့မှ ကျုပ်လည်း အရုပ်ကလေးကို ခပ်
သုတ်သုတ် သွားပြီးကောက်လိုက်တယ်။

“တာတေ ဒါ ဘာရုပ်လဲ နင် သိလား”

ဟာ ဘယ်လိုဖြစ်တာတုံးဗျာ၊ အရုပ်ကလေး
ကို ကျုပ် ကောက်ယူလိုက်တာနဲ့ မဖဲဝါပြော
တဲ့အသံကို ကျုပ် ကြားရတော့တာပဲဗျ။တော်
တော်စွမ်းတဲ့ အရုပ်ပဲဗျို့။

“ကျုပ် မသိဘူး၊ မဖဲဝါ၊ ကျုပ်ကို အကူအညီ
တောင်းလို့ ဆေးလုံး လိုက်ပစ်ပေးတာပါ”

“နင် မသိဘူးဆိုတာ ငါ ယုံပါတယ်၊ အဲဒီအ
ရုပ်က ငါ့အရုပ်ဟဲ့ သိလား။ ငါ့ပုံစံ ထုထား
တာ၊ ဒီအကောင် ကိုယ်တူကိုယ်ခွဲ အစီအ
ရင် လုပ်တာ၊ သူ့ပညာက သိပ်ထက်တော့
ငါ ဘာမှမတတ်နိုင်ဘူး၊ အဲဒီအရုပ်ထဲကို ငါ
အသက်သွင်းပေးလိုက်ရတယ်၊ အရုပ်မှာ
အသက်ဝင်နေပြီ”

“ဟင် ဒါကြောင့် ဟိုလူက အောင်ပြီလို့
အော်တာကိုး”

“အေး ဟုတ်တယ်၊ အရုပ်က အသက်ဝင်
တော့ လှုပ်နေတာကိုး သိတာပေါ့၊ ဒါပေမဲ့
ဒီအကောင်လက်ထဲ ဒီအရုပ် ရောက်သွား
ရင် ခက်တော့မှာ၊ ဒါကြောင့် သူ့အလစ်မှာ
ငါ သတ်ပစ်လိုက်ရတာ၊ အဲဒီအရုပ်ကို နင်
ယူသွား၊ ဘယ်သူ့ကိုမှ နင် မပြောနဲ့၊ အဲဒီ
အရုပ်ဟာ ငါရဲ့ ကိုယ်တူ ကိုယ်ခွဲ အရုပ်ပဲ၊
လုံခြုံအောင်သိမ်းထား၊ အရေးကြီးတဲ့ ကိစ္စ
ရှိမှ အရုပ်ကို ကိုင်ပြီး ငါ့ကို တလိုက်၊ ချက်
ချင်း အသက်ဝင်လာလိမ့်မယ်။ အဲဒါ ငါပဲ
တာတေ၊ ငါ့ကိုယ်ခွဲပဲ”

“တာတေ ဆေးလုံးပစ်တော့ ”

ဟာ ကျင်းထဲက ဆရာစောရာမကလည်း
ကျုပ်ကိုဆေးလုံးပစ်ခိုင်းနေပြီဗျ။ ကျုပ်ဘာ
လုပ်ရမှာတုံး။ ဒါပေမဲ့ ကတိပေးပြီးရင် တာ
တေဆိုတဲ့ကောင်က ဘယ်တော့မှ မဖျက်
ဘူးဗျ။ ဖြစ်ချင်ရာ ဖြစ်တော့ဗျာ။

“ကဲ ပစ်ပြီဗျို့၊ ဆရာရေ”

ကျုပ်ပါးစပ်က အော်ရင်း ဆေးလုံးကို ကျင်း
ထဲ တည့်တည့်ပစ်ထည့်ပေးလိုက်တယ်။ ပြီး
တော့မှ မဖဲဝါကြီး ဖယ်ခိုင်းတဲ့အတိုင်း ကျုပ်
ကျင်းနဲ့ ခပ်ဝေးဝေးရောက်အောင် ဆုတ်ပေး
လိုက်တယ်။ ဟာ ကျင်းထဲက မီးခိုးလုံးကြီး
တွေ တက်လာပြီဗျို့။ ဒီဆရာ တော်တော်အ
စွမ်းထက်တာဗျ။

“ဟား ဟား ဟား ဟား အောင်ပြီဟေ့၊
အောင်ပြီ”

ကျင်းထဲက ဆရာစောရာမရဲ့ ကြုံးဝါးတဲ့
အသံဗျ၊ ဟော မဖဲဝါကြီး ပြေးလာပြီဗျို့၊
ဟောမီးခိုးတွေကြားကနေ ဆရာစောရာမ
ခုန်ထွက်လာပြီး ကျင်းနှုတ်ခမ်းပေါ်ရောက်
လာပြီဗျို့။

“ဟား၊ ဟား၊ ဟား၊ ဟား၊ ငါ အောင်”

“ဘုန်း၊ ဘုန်း”

“အား ”

ရုတ်တရက် ဖြစ်သွားတာဗျာ၊ ဆရာ စောရာ
မက ကျင်းပေါ်အရောက် လေထဲမှာ ပြေး
လာတဲ့ မဖဲဝါကလည်း ကျင်းနားအရောက်
ဆရာစောရာမရဲ့ အော်ပြီးကြုံးဝါးလိုက်တဲ့
စကားတောင် မဆုံးလိုက်ပါဘူးဗျာ၊ မဖဲဝါရဲ့
လက်ဝါးကြီး လေထဲကို မြောက်သွားပြီး ဆ
ရာစောရာမရဲ့ ကျောကုန်းကို ရိုက်ချလိုက်
တယ်။ ‘ဘုန်း ဘုန်း’ဆိုတဲ့ အသံကြီး နှစ်သံ
ပေါ်လာပြီး ဆရာစောရာမရဲ့ ‘အား’ဆိုပြီး
အော်လိုက်တဲ့ အသံနက်ကြီးက သင်္ချိုင်း
ကုန်းထဲမှာတင်မကဘဲ ငွေတွင်းကုန်း တစ်
ရွာလုံး ကိုပါ လွှမ်းသွားတာဗျို့။

ဆရာစောရာမ မြေကျင်းနားမှာ ဒူးကြီး
ထောက်ကျသွားပြီး…

“ဝေါ့ ဝေါ့”

ဟာ သွေးတွေ ပွက်ပွက် ပွက်ပွက်နဲ့ အန်
တော့တာပဲဗျာ၊

“ဟာ”

ဇရပ်ပေါ်က ကိုဘညိုတို့လည်း ပြေးဆင်း
မယ် လုပ်ကြတာပေါ့

“မဆင်းနဲ့၊ အဲဒီမှာနေ”

မဖဲဝါကြီးက သူတို့ကို လှမ်းကြည့်နေတာ သူ
တို့က တွေ့မှ မတွေ့ဘဲကိုး။ ဆရာစောရာမ
ရဲ့လက်ထဲမှာ ဆုပ်ထားတဲ့ အရုပ်ကလေးက
လွတ်ကျသွားပြီ။

မဖဲဝါက ကျုပ်ကို ကြည့်တယ်။ ပြီးတော့ ဆ
ရာစောရာမ လွတ်ကျသွားတဲ့ အရုပ်ကလေး
ကို လက်ညှိုးထိုးပြတယ်။ ကျုပ် သိတယ်။
ကျုပ်ကို ကောက်ခိုင်းနေတာ။ကျုပ်က ဘယ်
ကောက်ရဲမှာတုံးဗျာ။ဒီတော့ မဖဲဝါက နောက်
ကို ခြေနှစ်လှမ်းလောက် ဆုတ်ပေးတယ်။ ဒီ
တော့မှ ကျုပ်လည်း အရုပ်ကလေးကို ခပ်
သုတ်သုတ် သွားပြီးကောက်လိုက်တယ်။

“တာတေ ဒါ ဘာရုပ်လဲ နင် သိလား”

ဟာ ဘယ်လိုဖြစ်တာတုံးဗျာ၊ အရုပ်ကလေး
ကို ကျုပ် ကောက်ယူလိုက်တာနဲ့ မဖဲဝါပြော
တဲ့အသံကို ကျုပ် ကြားရတော့တာပဲဗျ။တော်
တော်စွမ်းတဲ့ အရုပ်ပဲဗျို့။

“ကျုပ် မသိဘူး၊ မဖဲဝါ၊ ကျုပ်ကို အကူအညီ
တောင်းလို့ ဆေးလုံး လိုက်ပစ်ပေးတာပါ”

“နင် မသိဘူးဆိုတာ ငါ ယုံပါတယ်၊ အဲဒီအ
ရုပ်က ငါ့အရုပ်ဟဲ့ သိလား။ ငါ့ပုံစံ ထုထား
တာ၊ ဒီအကောင် ကိုယ်တူကိုယ်ခွဲ အစီအ
ရင် လုပ်တာ၊ သူ့ပညာက သိပ်ထက်တော့
ငါ ဘာမှမတတ်နိုင်ဘူး၊ အဲဒီအရုပ်ထဲကို ငါ
အသက်သွင်းပေးလိုက်ရတယ်၊ အရုပ်မှာ
အသက်ဝင်နေပြီ”

“ဟင် ဒါကြောင့် ဟိုလူက အောင်ပြီလို့
အော်တာကိုး”

“အေး ဟုတ်တယ်၊ အရုပ်က အသက်ဝင်
တော့ လှုပ်နေတာကိုး သိတာပေါ့၊ ဒါပေမဲ့
ဒီအကောင်လက်ထဲ ဒီအရုပ် ရောက်သွား
ရင် ခက်တော့မှာ၊ ဒါကြောင့် သူ့အလစ်မှာ
ငါ သတ်ပစ်လိုက်ရတာ၊ အဲဒီအရုပ်ကို နင်
ယူသွား၊ ဘယ်သူ့ကိုမှ နင် မပြောနဲ့၊ အဲဒီ
အရုပ်ဟာ ငါရဲ့ ကိုယ်တူ ကိုယ်ခွဲ အရုပ်ပဲ၊
လုံခြုံအောင်သိမ်းထား၊ အရေးကြီးတဲ့ ကိစ္စ
ရှိမှ အရုပ်ကို ကိုင်ပြီး ငါ့ကို တလိုက်၊ ချက်
ချင်း အသက်ဝင်လာလိမ့်မယ်။ အဲဒါ ငါပဲ
တာတေ၊ ငါ့ကိုယ်ခွဲပဲ”

“တာတေ ဆေးလုံးပစ်တော့ ”

ဟာ ကျင်းထဲက ဆရာစောရာမကလည်း
ကျုပ်ကိုဆေးလုံးပစ်ခိုင်းနေပြီဗျ။ ကျုပ်ဘာ
လုပ်ရမှာတုံး။ ဒါပေမဲ့ ကတိပေးပြီးရင် တာ
တေဆိုတဲ့ကောင်က ဘယ်တော့မှ မဖျက်
ဘူးဗျ။ ဖြစ်ချင်ရာ ဖြစ်တော့ဗျာ။

“ကဲ ပစ်ပြီဗျို့၊ ဆရာရေ”

ကျုပ်ပါးစပ်က အော်ရင်း ဆေးလုံးကို ကျင်း
ထဲ တည့်တည့်ပစ်ထည့်ပေးလိုက်တယ်။ ပြီး
တော့မှ မဖဲဝါကြီး ဖယ်ခိုင်းတဲ့အတိုင်း ကျုပ်
ကျင်းနဲ့ ခပ်ဝေးဝေးရောက်အောင် ဆုတ်ပေး
လိုက်တယ်။ ဟာ ကျင်းထဲက မီးခိုးလုံးကြီး
တွေ တက်လာပြီဗျို့။ ဒီဆရာ တော်တော်အ
စွမ်းထက်တာဗျ။

“ဟား ဟား ဟား ဟား အောင်ပြီဟေ့၊
အောင်ပြီ”

ကျင်းထဲက ဆရာစောရာမရဲ့ ကြုံးဝါးတဲ့
အသံဗျ၊ ဟော မဖဲဝါကြီး ပြေးလာပြီဗျို့၊
ဟောမီးခိုးတွေကြားကနေ ဆရာစောရာမ
ခုန်ထွက်လာပြီး ကျင်းနှုတ်ခမ်းပေါ်ရောက်
လာပြီဗျို့။

“ဟား၊ ဟား၊ ဟား၊ ဟား၊ ငါ အောင်”

“ဘုန်း၊ ဘုန်း”

“အား ”

ရုတ်တရက် ဖြစ်သွားတာဗျာ၊ ဆရာ စောရာ
မက ကျင်းပေါ်အရောက် လေထဲမှာ ပြေး
လာတဲ့ မဖဲဝါကလည်း ကျင်းနားအရောက်
ဆရာစောရာမရဲ့ အော်ပြီးကြုံးဝါးလိုက်တဲ့
စကားတောင် မဆုံးလိုက်ပါဘူးဗျာ၊ မဖဲဝါရဲ့
လက်ဝါးကြီး လေထဲကို မြောက်သွားပြီး ဆ
ရာစောရာမရဲ့ ကျောကုန်းကို ရိုက်ချလိုက်
တယ်။ ‘ဘုန်း ဘုန်း’ဆိုတဲ့ အသံကြီး နှစ်သံ
ပေါ်လာပြီး ဆရာစောရာမရဲ့ ‘အား’ဆိုပြီး
အော်လိုက်တဲ့ အသံနက်ကြီးက သင်္ချိုင်း
ကုန်းထဲမှာတင်မကဘဲ ငွေတွင်းကုန်း တစ်
ရွာလုံး ကိုပါ လွှမ်းသွားတာဗျို့။

ဆရာစောရာမ မြေကျင်းနားမှာ ဒူးကြီး
ထောက်ကျသွားပြီး…

“ဝေါ့ ဝေါ့”

ဟာ သွေးတွေ ပွက်ပွက် ပွက်ပွက်နဲ့ အန်
တော့တာပဲဗျာ၊

“ဟာ”

ဇရပ်ပေါ်က ကိုဘညိုတို့လည်း ပြေးဆင်း
မယ် လုပ်ကြတာပေါ့

“မဆင်းနဲ့၊ အဲဒီမှာနေ”

မဖဲဝါကြီးက သူတို့ကို လှမ်းကြည့်နေတာ သူ
တို့က တွေ့မှ မတွေ့ဘဲကိုး။ ဆရာစောရာမ
ရဲ့လက်ထဲမှာ ဆုပ်ထားတဲ့ အရုပ်ကလေးက
လွတ်ကျသွားပြီ။

မဖဲဝါက ကျုပ်ကို ကြည့်တယ်။ ပြီးတော့ ဆ
ရာစောရာမ လွတ်ကျသွားတဲ့ အရုပ်ကလေး
ကို လက်ညှိုးထိုးပြတယ်။ ကျုပ် သိတယ်။
ကျုပ်ကို ကောက်ခိုင်းနေတာ။ကျုပ်က ဘယ်
ကောက်ရဲမှာတုံးဗျာ။ဒီတော့ မဖဲဝါက နောက်
ကို ခြေနှစ်လှမ်းလောက် ဆုတ်ပေးတယ်။ ဒီ
တော့မှ ကျုပ်လည်း အရုပ်ကလေးကို ခပ်
သုတ်သုတ် သွားပြီးကောက်လိုက်တယ်။

“တာတေ ဒါ ဘာရုပ်လဲ နင် သိလား”

ဟာ ဘယ်လိုဖြစ်တာတုံးဗျာ၊ အရုပ်ကလေး
ကို ကျုပ် ကောက်ယူလိုက်တာနဲ့ မဖဲဝါပြော
တဲ့အသံကို ကျုပ် ကြားရတော့တာပဲဗျ။တော်
တော်စွမ်းတဲ့ အရုပ်ပဲဗျို့။

“ကျုပ် မသိဘူး၊ မဖဲဝါ၊ ကျုပ်ကို အကူအညီ
တောင်းလို့ ဆေးလုံး လိုက်ပစ်ပေးတာပါ”

“နင် မသိဘူးဆိုတာ ငါ ယုံပါတယ်၊ အဲဒီအ
ရုပ်က ငါ့အရုပ်ဟဲ့ သိလား။ ငါ့ပုံစံ ထုထား
တာ၊ ဒီအကောင် ကိုယ်တူကိုယ်ခွဲ အစီအ
ရင် လုပ်တာ၊ သူ့ပညာက သိပ်ထက်တော့
ငါ ဘာမှမတတ်နိုင်ဘူး၊ အဲဒီအရုပ်ထဲကို ငါ
အသက်သွင်းပေးလိုက်ရတယ်၊ အရုပ်မှာ
အသက်ဝင်နေပြီ”

“ဟင် ဒါကြောင့် ဟိုလူက အောင်ပြီလို့
အော်တာကိုး”

“အေး ဟုတ်တယ်၊ အရုပ်က အသက်ဝင်
တော့ လှုပ်နေတာကိုး သိတာပေါ့၊ ဒါပေမဲ့
ဒီအကောင်လက်ထဲ ဒီအရုပ် ရောက်သွား
ရင် ခက်တော့မှာ၊ ဒါကြောင့် သူ့အလစ်မှာ
ငါ သတ်ပစ်လိုက်ရတာ၊ အဲဒီအရုပ်ကို နင်
ယူသွား၊ ဘယ်သူ့ကိုမှ နင် မပြောနဲ့၊ အဲဒီ
အရုပ်ဟာ ငါရဲ့ ကိုယ်တူ ကိုယ်ခွဲ အရုပ်ပဲ၊
လုံခြုံအောင်သိမ်းထား၊ အရေးကြီးတဲ့ ကိစ္စ
ရှိမှ အရုပ်ကို ကိုင်ပြီး ငါ့ကို တလိုက်၊ ချက်
ချင်း အသက်ဝင်လာလိမ့်မယ်။ အဲဒါ ငါပဲ
တာတေ၊ ငါ့ကိုယ်ခွဲပဲ”

“ဟာ”

သွားပြီ၊ မဖဲဝါကြီး ဂူတွေပေါ်က ရိပ်ကနဲ ရိပ်
ကနဲ ရွေ့သွားပြီ။

“ဝူး၊ ဝူး၊ ဝူး၊ ဝူး”

ခွေးကြီးအူသံကလည်း တဖြည်းဖြည် ဝေး
သွားပြီပေါ့ဗျာ။ ကျုပ် အရုပ်ကလေးကို အ
င်္ကျီအိတ်ထောင်ထဲ မြန်မြန်ထည့်ပြီး ဝှက်
လိုက်တယ်။

“ကဲ ကိုဘညိုတို့ လာကြတော့ဗျို့”

ကျုပ်ခေါ်သံကြားတော့မှ အားလုံးဇရပ်ပေါ်
က ဆင်းလာကြတယ်။ ဆရာစောရာမက
တော့ ကျင်းနှုတ်ခမ်းမှာ ဒူးထောက်ရက်ကြီး
သေနေတာဗျို့။

“ဟာ ဒီဆရာ အသက်မှ မရှိတော့ပဲ၊ ဟာ
သွေးတွေလည်း အန်ထားလိုက်တာ၊ နည်း
တာမှ မဟုတ်တာ”

ကိုဘညိုတို့ ငွေတွင်းကုန်းသားတွေ တအံ့
တသြ ပြောဆိုကြတဲ့ အသံတွေပေါ့ဗျာ။

“ဘယ်လိုဖြစ်သွားတာတုံး တာတေ၊ ‘ဘုန်း
ဘုန်း’ဆိုတဲ့ အသံနဲ့ ဆရာစောရာမ အော်သံ
ပဲ ငါတို့ ကြားလိုက်တာကွ”

“မဖဲဝါကြီး ရောက်လာပြီး ရိုက်သတ်သွား
တာဗျ ကိုဘညိုရဲ့”

“ဟာ”

လူခြောက်ယောက် ပြိုင်တူအော်တဲ့ အသံ
ပေါ့ဗျာ။ကိုဘညိုနဲ့ ရွာသူရွာသားတစ်ယောက်
ရွာထဲပြန်ပြီး သူကြီးကို ခေါ်ရတာပေါ့။ သူကြီး
ကလည်း အောက်လမ်းဆရာမှန်း သိနေတော့
အုပ်အုပ်ဆိုင်းဆိုင်းပဲ တိုးတိုးတိတ်တိတ် မြှုပ်
ခိုင်းလိုက်တယ်ဗျ။ဘယ်သူမေးမေး ဆရာစော
ရာမ ပြန်သွားပြီလို့ ပြောခိုင်းတယ်။

စောစောက တူးထားတဲ့ မြေကျင်းကိုပဲ ခြောက်
ပေပြည့်အောင် တူးပြီး ခပ်နက်နက် မြှုပ်လိုက်
ရတာပေါ့ဗျာ။ သူ့ဆေးလွယ်အိတ်ကြီးပါ တစ်
ပါတည်း ထည့်လိုက်ဖို့ သူကြီးက ပြောတာနဲ့
ကျုပ် စလွယ်သိုင်းထားတဲ့ လွယ်အိတ်ကြီးကို
ကျင်းထဲ ထည့်ပေးလိုက်တယ်။

အောက်လမ်းဆရာတစ်ယောက်တော့ လူ့
လောကထဲက တိုးတိုးတိတ်တိတ် ထွက်
သွားတာပေါ့ဗျာ။ ကျုပ်ကတော့ ကျုပ်အိတ်
ကပ်ထဲမှာ ထည့်ထားတဲ့ မဖဲဝါအရုပ်ကလေး
ကို လက်နဲ့ မသိမသာ ဖိထားလိုက်မိတယ်ဗျ။

မူရင်းရေးသူ ဆရာ တာတေ

စိတ်ရွှင်လန်းကြပါစေ

#တာတေ
#မဖဲဝါ
#crd