ကုက္ကိုပင်ကသရဲမိသားစု(စ/ဆုံး)
——————————–
တိတ်ဆိတ်နေသော ညအချိန်အား
ဖြိုခွင်းလာသည့်အသံတစ်သံက
“ဖြှစ် ဖြှစ် ဖျောင်း”
“အုံး”
“ဟောတော့် သစ်ကိုင်းကျိုးကျတာထင်တယ်
သားဝင်းမောင်ထကြည့်စမ်း”
“ဟာ အမေကလည်း သူ့ဟာသူ
ကိုင်းကျိုးကျတာ သားကဘာလုပ်ရမှာလဲ”
“သြော် သားကလည်း ကြက်ခြံကိုများ
သစ်ကိုင်းတွေဘာတွေပိနေမှာ
စိုးလို့သွားကြည့်ခိုင်းတာပေါ့ဟယ်”
“စိတ်ရှုပ်လိုက်တာအမေရာ တကယ်တည်း”
ကိုဝင်းမောင်တစ်ယောက် မိခင်ဖြစ်သူဒေါ်ခင်ချိုက
သစ်ကိုင်းကျိုးကျသံကြောင့် အိပ်ရာမှထကာ
သွားကြည့်ခိုင်းခြင်းဖြစ်လေသည်။
ကိုဝင်းမောင်လည်း ခေါင်းအားတဗြင်းဗြင်း
ကုတ်လိုက်ပြီးအိပ်ရာမှထကာ ဓာတ်မီးအားယူလိုက်ပြီး အိမ်အောက်သို့
ဆင်းလာခဲ့သည်။
ပတ်ဝန်းကျင်က အားလုံးတိတ်ဆိတ်၍နေသည်
ကိုဝင်းမောင်၏ဖိနပ်သံသည်သာ
ညအမှောင်ယံအား ထိုးခွင်း၍ကြားနေရလေသည်။
အိမ်၏အနောက်ဘက်တွင်ရှိသော
ကုက္ကိုပင်ကြီးမှာ လေမတိုက်မိုးမရွာပါပဲ
ကိုင်းကျိုးနေသည်ကိုမြင်လိုက်ရလေသည်။
“သစ်ကိုင်းကလည်း အစိုကြီးကျိုးကျနေတာပါလားတော်သေးတယ်
ကြက်ခြံကိုပိမသွားလို့ ”
ကိုဝင်းမောင်လည်း ကြက်ခြံအား သစ်ကိုင်း
မပိသည့်အတွက်စိတ်အေးသွားရပြီး
အိမ်ပေါ်ပြန်တက်လာခဲ့လေသည်။
အိမ်ပေါ်ရောက်တော့ အခန်းထဲတွင်
ရှိနေသော ညီမဖြစ်သူ ဖြူပြာနှင့်မိခင်က
အိပ်ရာထဲမှထထိုင်နေသည်ကို
မြင်လိုက်ရလေသည်။
“အစ်ကို ကြည့်ခဲ့လား ဘာဖြစ်သွားသေးလဲ”
“ဘာမှမဖြစ်ဘူး ကြက်ခြံနဲ့ နည်းနည်းလေး
လွဲပြီးကျိုးကျသွားတာ ”
“လေလည်းမတိုက်ပဲနဲ့ ကိုင်းကဘယ်လိုလုပ်ကျိုးကျရတာပါလိမ့်”
မိခင်ဖြစ်သူဒေါ်ခင်ချိုက ပြောလိုက်သည်။
“သြော် အမေကလည်း ကုက္ကိုပင်ပေါ်မှာ
ကိုင်းခြောက်တွေကအများကြီးပဲလေ
ကြာတော့ဆွေးမြေ့ ပြီးကျိုးကျတာပေါ့
အမေရဲ့ ”
ညီမဖြစ်သူ ဖြူပြာကလည်း သူ့အမြင်ကို
ပြောလိုက်သည်။
“မဟုတ်ဘူး ဖြူပြာ အခုကျိုးကျနေတဲ့
သစ်ကိုင်းကလုံးဝအစိုကိုင်းကြီးဟ”
“ဟင်…”
“ဘယ်လို”
“ဟုတ်တယ် အမေ ကျွန်တော့်မျက်စိနဲ့တပ်အက်
မြင်လာတာ ကိုင်းကြီးကအစိုကြီးရှိသေးတယ်
အမေတို့ညနေက သစ်ပင်ခုတ်မယ့်အကြောင်းတွေ
ပြောလိုက်လို့ သစ်ပင်မှာနေတဲ့ ရုက္ခစိုးက
သိအောင်ပြလိုက်တာဖြစ်မှာပေါ့”
“ပေါက်တတ်ကရ သားရယ် အမေဒီမှာ
နေလာတာ မင်းတို့မောင်နှမ တစ်သက်ရှိပြီ
ဒီခြံဒီအိမ်ဝိုင်းထဲမှာ ဘာရုက္ခစိုးမှ
ရှိတယ်လို့ မမြင်မိပါဘူး သားရယ်”
“သြော် အမေကလည်း ရုက္ခစိုးက
အမေ့ကိုမြင်အောင်တော့ပြမလား”
သမီးဖြစ်သူ ဖြူပြာက မိခင်ဖြစ်သူအား
ဘုဆက်ဆက်ပြောလိုက်လေသည်။
“အောင်မယ် နင်က မအေထက် သားတစ်လကြီးချင်နေတယ် ကဲ ကဲ
ပြန်အိပ်ကြတော့ မနက်စျေးရောင်းသွားရဦးမယ်
ဝင်းမောင် သားလည်းသွားအိပ်တော့”
သားဖြစ်သူ ကိုဝင်းမောင်လည်း သူအိပ်သည့်
အခန်းထဲဝင်ပြီးပြန်အိပ်နေလိုက်တော့သည်။
နောက်ထပ်မည်သည့်အသံကြားရမလဲဟု
နားစွင့်နေကြရင်းသားအမိ၃ယောက်
အိပ်ပျော်သွားကြလေသည်။
……………………………
“ဟဲ့ နင်ကငါ့တို့သားအမိတွေနေတဲ့
အပင်ကိုလှဲပစ်မယ်ဟုတ်လား
လုပ်ရဲရင်လုပ်ကြည့်လိုက်လေ
ဘယ်သူအရင်သေမလဲဆိုတာစောင့်ကြည့်နေ”
“ဟင်…ဟူး ငါအိပ်မက်မက်နေတာပါလား
ကြောက်စရာကောင်းလိုက်တဲ့မျက်နှာကြီး
အမယ်လေးပြန်တွေးတောင် ကြက်သီးထမိတယ်”
ဖြူပြာ အားအိပ်မက်ထဲတွင် အလွန်ကြောက်စရာကောင်းသော အမျိုးသမီး
တစ်ဦးမှ ဒေါသတကြီးလာပြီး
ပြောဆိုနေလေသည်။
ထို့ကြောင့် ဖြူပြာ လန့်နိုးသွားရခြင်းဖြစ်သည်။
===============
“အမေ သမီးမနေ့ညက အိပ်မက်မက်တယ်
အမေရဲ့ ”
“ပြောပါဦး ဘာများမက်လို့လဲ”
“ဒီလိုအမေရဲ့ အိပ်မက်ထဲမှာ မိန်းမကြီး
တစ်ယောက်က လာပြီးပြောတယ်အမေရဲ့”
“ဘာတွေပြောသွားတာလဲ ပေါက်ဂဏန်းပေးသွားတာလား”
“ဟာ အမေကလည်းပေါက်ပေါက်ရှာရှာ
အတည်ပြောပြမယ် အမေနားထောင်
” “ဟဲ့ နင်ကငါ့တို့သားအမိတွေနေတဲ့
အပင်ကိုလှဲပစ်မယ်ဟုတ်လား
လုပ်ရဲရင်လုပ်ကြည့်လိုက်လေ
ဘယ်သူအရင်သေမလဲဆိုတာစောင့်ကြည့်နေ”
လို့ပြောသွားတယ်အမေရဲ့
ကုက္ကိုပင်ကိုမခုတ်ပဲထားလိုက်ကြ
ရအောင်လား”
“ဟယ် သမီးရယ် ညည်းမလည်း
အယူသည်းလိုက်တာအေ
သမီးစိတ်စွဲပြီးမက်တာပါ
ဘာမှမဖြစ်ပါဘူးအေ ငါကတော့
သစ်ပင်ခုတ်မယ့်လူတွေကိုလည်း
ပြောထားဆိုထားပြီးပြီ
ကဲ လုပ်စရာရှိတာသာလုပ် သွား သွား”
“အင်းပါ”
ဖြူပြာလည်း မိခင်ဖြစ်သူ တယူသန်မှန်း
သိသဖြင့် ဆက်မပြောပဲထသွားလေသည်။
-===============
သစ်ပင်အားခုတ်လှဲမည့်နေ့သို့ ရောက်လာခဲ့လေသည်။
သစ်ခုတ်သမား၅ဦးလည်း ဒေါ်ခင်ချို၏
အိမ်သို့ရောက်လာကြလေသည်။
အဖွဲ့ထဲမှ ခေါင်းဆောင်ဖြစ်ဟန်ရှိသော
အသက်ကြီးကြီးလူကြီးမှ သစ်ပင်အား
မခုတ်လှဲခင် ပါးစပ်မှ တတွတ်တွတ်ရွတ်နေလေသည်။
“ဤအပင်၌နေကြကုန်သော
မမြင်အပ်မြင်အပ် ပုဂ္ဂိုလ်များအား
ခွင့်ပန်ပါသည် ကျွန်တော်တို့အဖွဲ့မှာ
အိမ်ရှင်၏အလိုဆန္ဒအရ ဤအပင်အားခုတ်လှဲရခြင်း
ဖြစ်သည့်အတွက် အနှောင့်အယှက်
တစ်စုံတစ်ရာမှမပေးလိုကြောင်း
ခွင့်တောင်းအပ်ပါသည် ”
ထိုသို့ပြောပြီးသည်နှင့်ကုက္ကိုပင်အား
စတင်ခုတ်လှဲကြတော့သည်။
“ဒွီး ဒွီး ဒွီး ”
သစ်ဖြတ်စက်ကြီးဖြင့်
ကုက္ကိုပင်အားအမြစ်ပါမကျန်
လှန်ခိုင်းသည့်အတွက် သစ်ခုတ်သမားလည်း
စိတ်တိုင်းကျလုပ်ကိုင်ပေးရလေသည်။
အပင်ကြီးမှာပင်စည်သိပ်မကြီးသည့်
အတွက်ကြာကြာခုတ်လှဲခြင်းမပြုရပေ.
ညနေမစောင်းခင်အားလုံးပြီးစီးသွားကြလေသည်။
ဒေါ်ခင်ချိုလည်း အုံ့အုံ့ဆိုင်းဆိုင်းဖြစ်နေသော
အိမ်ကြီးမှာ ယခုကုက္ကိုပင်ကြီးအား
ခုတ်လှဲလိုက်သည့်အတွက်ရှင်းရှင်းလင်းလင်းဖြစ်သွားသည်ကိုသဘောအကျကြီးကျနေတော့သည်။
==============
ည၈နာရီခန့်ရောက်တော့ အပြင်မှပြန်လာသည့်ကိုဝင်းမောင်တစ်ယောက်
အိမ်ထဲဝင်လိုက်သည်နှင့်လူကမိုက်ကနဲ
မူးသွားလေသည်။
ထို့နောက် ကိုဝင်းမောင် ဘာဆိုဘာမှမသိတော့ပေ။
“ဟဲ့ သားပြန်လာပြီလား ထမင်းစားဖို့တောင်
နောက်ကျနေပြီ သွားသွားစားလိုက်ဦး
သားကြိုက်တဲ့ဟင်းတွေချက်ထားတယ်”
မိခင်ဖြစ်သူဒေါ်ခင်ချိုက သားအားပြောဆိုနေပေမယ့် ကိုဝင်းမောင်က
ဘာမှပြန်မပြောပဲ ရပ်နေလေသည်။
“ဟဲ့ ဒီကောင်လေးငါပြောနေတာမကြားဘူးလား”
ထပ်မံ၍ပြောလိုက်ပြန်သည်။
ထိုအခါမှ ကိုဝင်းမောင်က မိခင်ဖြစ်သူဘက်သို့မျက်နှာကြီးလှည့်လာသည်။
“ဟင်. သားအမေ့ကိုဘယ်လိုကြီး
ကြည့်နေတာလဲ မင်းအကြည့်ကိုပြန်ပြင်စမ်း”
“ငါနင့်သားမဟုတ်ဘူး”
“ဟင်”
“ဟာ အစ်ကိုဘယ်လိုဖြစ်ပါလိမ့်”
သားအမိနှစ်ယောက် အံသြသွားကြလေသည်။
ကိုဝင်းမောင်၏အသံမှာ ပုံမှန်မဟုတ်ပဲ
အက်ကွဲခြောက်ကပ်နေပြီး အသံဆိုးကြီး
ဖြင့်ပြောလိုက်ခြင်းဖြစ်သည်။
“သားမင်းဘာတွေပြောနေတာလဲ”
“ငါ နင့်သား မဟုတ်ဘူး ”
“ဟာ .ဒုန်း ဒုန်း ခွပ် ဒုန်း ဒုန်း”
“အောင်မယ်လေးသေပါပြီ သား သား”
“အစ်ကိုစိတ်ကိုထိန်းမှပေါ့ အစ်ကို
လာကြပါဦးရှင် လာကြပါဦး”
ကိုဝင်မောင်းမှာ ဟာ ဆိုပြီးအားယူကာ
သူ၏ခေါင်းအားတိုင်နှင့်ပစ်ဆောင့်လိုက်သည့်
အတွက် သားအမိ၂ယောက် လန့်သွားကြ
လေသည်။
ဖြူပြာ၏အော်ဟစ်အကူအညီတောင်းသံ
ကြောင့်အိမ်နီးချင်းများရောက်လာကြလေသည်။
“မခင်ချို ဘာဖြစ်ကြတာလဲဗျာ”
“ဘာဖြစ်ကြတာလဲ ဒီသားအမိတွေ”
အိမ်နီးချင်းများကစိုးရိမ်တကြီးမေးမြန်းကြ
လေသည်။
ကိုဝင်းမောင်က တိုင်နှင့်ခေါင်းအား
ဆောင့်နေသေးသည့်အတွက်ကြောင့်
အိမ်နီးချင်းအမျိုးသားများက
ကိုဝင်မောင်းအား ဝိုင်းချုပ်ထားကြရလေသည်။
“ကျွန်မသား အပြင်ကပြန်လာပြီး
အခုလိုလူစိတ်ပျောက်ပြီး တိုင်နဲ့ခေါင်းနဲ့
ဆောင့်နေတော့တာပဲရှင်
ဟီးဟီး ဟီး ကြည့်ကြပါဦး
ကျွန်မသားလေးခေါင်းတစ်ခုလုံးလည်း
သွေးတွေရဲရဲပေါက်နေပါပြီရှင်”
“ခင်ဗျားသားက ပုံမှန်မဟုတ်ဘူး
အပြင်ကပြန်လာတာ အပတွေဘာတွေ
မှီလာပြီထင်တယ် ခင်ဗျားတို့အိမ်မှာ
ပရိတ်ရေရှိလား မခင်ချို”
“ဟင့်အင်း မရှိဘူး ဦးလေး”
ဖြူပြာကဝင်ပြောလေသည်။
“ငါ့ကိုလွှတ်စမ်း ငါ့ကိုလွှတ်လို့ပြောနေတယ်”
ကိုဝင်းမောင်၏ ပါးစပ်မှ ပုံမှန်မဟုတ်သော
ကြောက်စရာကောင်းသည့် အသံကြီးဖြင့်
အော်ဟစ်နေလေသည်။
“ခင်ဗျားသားကိုတစ်ခုခုပူးကပ်နေတာ
ကျုပ်အိမ်ကပရိတ်ရေမန်းဗူး ယူပြီး
ခေါင်းပေါ်ကနေလောင်းချလိုက်ရင်
ဝင်ပူးနေတဲ့ သူလည်းထွက်သွားလိမ့်မယ်”
“ကျေးဇူးပါရှင် မြန်မြန်လေးယူခဲ့ပေးပါ”
အိမ်နီးချင်းလူကြီးလည်း သူနေသည့်အိမ်သို့
အပြေးတပိုင်းဖြင့်ထွက်သွားလေသည်။
ခဏလေးအတွင်း လက်ထဲမှပရိတ်ရေဗူးအား
ကိုင်ကာပြေးလာခဲ့လေသည်။
“ရော့ ရော့ ရေမန်းကိုခေါင်းပေါ်က
လောင်းချလိုက်”
“အား ပူတယ် ပူတယ် ”
ကြောက်မက်ဖွယ်အသံကြီးဖြင့်
အော်ဟစ်ကာလဲကျသွားလေတော့သည်။
“သား ဝင်းမောင် ဝင်းမောင် အမေလေ”
“အစ်ကို ရရဲ့လား ”
“အား ကျွတ်ကျွတ်ကျွတ်
ခေါင်းကနာလိုက်တာ”
“ဖြည်းဖြည်းထ ဝင်းမောင် မင်းခေါင်း
ဒဏ်ရာရထားတယ်”
“အမေ သားဘာဖြစ်သွားတာလဲ”
“သားအပြင်ကပြန်လာတော့
အမေ မင်းကိုထမင်းစားခိုင်းလိုက်တယ်
သားက အမေ့ကို ပြန်ပြောလိုက်တယ်
ငါကနင့်သားမဟုတ်ဘူးတဲ့ ”
“ဗျာ… သားဘာမှမသိဘူး
သားအပြင်ကပြန်လာပြီး အိမ်ထဲဝင်လိုက်တော့
ခေါင်းကရိပ်ကနဲမူးသွားတာပဲ
အဲဒီနောက် သားလည်းဘာမှမမှတ်မိတော့ဘူး
အေမ”
“မင်းခေါင်းကဒဏ်ရာက မသေးဘူး
ဆေးရုံသွားပြီးချုပ်မှရမယ် တော်ကြာသွေးထွက်လွန်သွားရင်မကောင်းဘူး
ဝင်းမောင်”
အိမ်နီးချင်းလူကြီးကပြောလိုက်လေသည်။
“ကျွန်မသားကို ဆေးရုံပို့ဖို့ လုပ်ပေးကြပါဦးရှင်”
“ဒီလိုလုပ် ကျုပ်ဆိုင်ကယ်နဲ့ ခင်ဗျားသားကို
ဆေးရုံလိုက်ပို့ပေးလိုက်မယ်
မခင်ချိုတို့သားအမိက မနက်မှလိုအပ်တာတွေယူပြီးဆေးရုံကို
လိုက်ခဲ့ကြပေါ့ဗျာ ”
“ဟုတ်ကဲ့ ကျေးဇူးပါရှင် ”
“ရပါတယ်ဗျာ အိမ်နီးချင်းတွေပဲ
ကူညီရမှာပေါ့ လာ ဝင်းမောင်
ဆေးရုံသွားကြစို့ ”
ကိုဝင်းမောင်လည်း အိမ်နီးချင်းလူကြီး၏
ကူညီပေးမှုကြောင့် ဆေးရုံသို့ ခပ်မြန်မြန်
ရောက်လာခဲ့သည်။
ဆေးရုံကိုရောက်တော့ ဆရာဝန်များက
ခေါင်းမှဒဏ်ရာအား ချုပ်ပြီးဆေးထည့်၍
တစ်ညအိပ်ပြီးစောင့်ကြည့်စေသည်။
ဒေါ်ခင်ချိုတို့သားအမိလည်း ကိုဝင်းမောင်အတွက်စိတ်ပူကာ
ဂဏှာမငြိမ်ဖြစ်နေရလေသည်။
“အမေ ညဉ့်လည်းနက်လှပြီ အိပ်ရအောင်လား
အစ်ကိုဘာမှမဖြစ်လောက်ပါဘူး
အမေ သိပ်စိတ်မပူနေပါနဲ့ ”
“အေးပါ သမီးရယ် အမေလည်း
အိပ်တော့မှာပါ သူတို့ပြန်လာပုံ
မထောက်တော့ ဆေးရုံမှာအိပ်ရပုံပဲ
မနက်မှဆေးရုံလိုက်သွားကြတာပေါ့”
“ဟုတ်အမေ လာအမေ အိပ်လိုက်”
ဒေါ်ခင်ချိုလည်း အိပ်ရာထဲရောက်နေပေမယ့်
စိတ်ကချက်ချင်းမငြိမ်သေးပေ
နာရီပိုင်းခန့်ကြာမှ မှေးကနဲ အိပ်ပျော်သွား
လေသည်။
“ဟား ဟား ဟား
ဘယ်လိုလဲ နင့်သားကို ငါလုပ်လိုက်တာ
ဘယ်နှယ့်ရှိစ”
“မင်းဘယ်သူလဲ ”
“ငါလား ငါက နင့်အိမ်ဝိုင်းထဲကကုက္ကိုပင်မှာနေတဲ့
သရဲ ငတိုးပဲ နင်ငါတို့ သားအမိ၃ယောက်ကို
နေစရာမရှိအောင်လုပ်ပစ်တယ်
အခုငါ့အမေနဲ့ ငါ့ညီမလေးလည်း
နေစရာမရှိတော့ဘူး အဲ့ဒါကြောင့် နင်တို့မိသားစုကိုလည်း ငါတို့လက်စားပြန်ချေမှ
ဖြစ်မယ် အခုနင့်သားကိုလည်း ငါဝင်ပူးပြီး
ဒဏ်ရာရအောင် လုပ်ထားတယ်
ဒါ သတိပေးတာပဲရှိသေးတယ် နင်တို့အသက်မသေချင်ရင်
ငါတို့မိသားစုကို နေစရာပြန်ပေးပါ
သန်ဘက်ခါ ရောက်လို့ မှ
နေစရာ သစ်ပင်အစားပြန်မပေးရင်
နင့်သားရဲ့ အသက်ကို ပထမဦးဆုံး နင်ဆုံးရှုံးရလိမ့်မယ်”
“တောင်း တောင်းပန်ပါတယ်ရှင်
ကျွန်မသားလေးရဲ့ အသက်ကိုချမ်းသာပေးပါ
ကျွန်မတောင်းပန်ပါတယ်
ရှင်တို့ခိုင်းသလို လုပ်ပေးပါ့မယ်
တောင်းပန်ပါတယ် ကျွန်မသားကို
မသတ္ပါနဲ့ ”
“ကျွန်မတောင်းပန်ပါတယ် တောင်းပန်ပါတယ်”
“အမေ အမေ ဘာတွေယောင်နေတာလဲဟင်
အမေ သတိထားပါဦး”
ဖြူပြာဘေးတွင်အိပ်နေသော မိခင်ဖြစ်သူ
ဒေါ်ခင်ချိုမှာ အိပ်နေရင်းထယောင်နေသည့်အတွက်
ဖြူပြာ လန့်နိုးလာခြင်းဖြစ်သည်။
မိခင်ဖြစ်သူကို ပုတ်နိုးလိုက်လေသည်။
“ဟင်…သမီး ”
“အမေ ဘာတွေယောင်နေတုန်းအမေ
ဘာအိပ်မက်ဆိုးတွေမက်လို့လဲဟင်”
“အီး ဟီး ဟီး ”
“အမေ ဘာလို့ငိုနေတာလဲ
သမီးကိုပြောဦးလေ အမေ”
“အမေ အခုလေးတင်အိပ်မက်မက်တယ် သမီး
ကုက္ကိုပင်မှာနေတဲ့ သရဲကြီးတစ်ကောင်က
အမေ့ကိုအိပ်မက်ထဲမှာ ပြောတယ်
ငါကသူတို့နေတဲ့ အပင်ကို လှဲပစ်လို့
သူတို့နေစရာမရှိဖြစ်ကြတယ်တဲ့
ဒါကြောင့် သမီးအစ်ကိုကို သူတို့ထိခိုက်ဒဏ်ရာရအောင် လုပ်ကြတာတဲ့
သူတို့အတွက် နေစရာပြန်မပေးရင်
သမီးအစ်ကိုရဲ့ အသက်ကို ဆုံးရှုံးရလိမ့်မယ်တဲ့
သမီးရယ်
အရင်ရက်ကသမီးပြောသလို နားထောင်လိုက်ရင်အခုလိုဖြစ်လာမှာ
မဟုတ်ဘူး အခုတော့ အမေ့ရဲ့ တဇွတ်ထိုး
နိုင်မှုကြောင့် ငါ့သားလေးကြားထဲကနေ
ခံနေရတာ သမီးကိုလည်း သူတို့တစ်ခုခု
လုပ်ကြမှာအမေစိုးရိမ်တယ် သမီး”
“သြော် အမေရယ် ငိုမနေပါနဲ့တော့
သူတို့ပြောသလို သူတို့အတွက်
နေစရာအစားပြန်ပေးလိုက်ရင်
အစ္ကို့ကို သူတို့ဘာမွလုပ္မွာ
မဟုတ်ဘူးလေ အမေ စိတ်ကိုထိန်းမှပေါ့”
“အေးပါ သမီးရယ် အေးပါ”
============
မနက်လင်းမှ ဆေးရုံသို့ ကပျာကယာ
ရောက်လာကြသည့် ဒေါ်ခင်ချိုတို့
သားအမိ၂ယောက် ကိုဝင်းမောင်၏
ကုတင်အားလိုက်လံရှာဖွေလိုက်ကြသည်။
“သား ဘယ်လိုလဲ သက်သာလားခေါင်းက”
“အင်း သက်သာပါတယ် အမေ”
“ဘယ်နှချက်ချုပ်လိုက်ရလည်း အစ်ကို”
“၆ချက်ချုပ်လိုက်ရတယ် ညီမလေးရေ
ဒါနဲ့အမေ့မျက်နှာမကောင်းပါလား
ဘာဖြစ်လာကြလို့လဲ ”
“သားရေ အမေ့ရဲ့ တယူသန်မှုကြောင့်
ငါ့သားအခုလိုဖြစ်ရတာ အမေစိတ်မကောင်းဘူး”
“အမေ ဘာတွေပြောနေတာလဲ
သားနားမလည်ဘူး ”
“ဒီလိုလေ အမေမနေ့ညက အိပ်မက်မက်လို့တဲ့
အိပ်မက်ထဲမှာ သရဲတစ်ကောင်က
အမေ့ကိုလာပြီးပြောတယ်လေ”
“‘ဘယ်ကသရဲလဲ ဘာတွေပြောတာလဲ”
“သားနားလည်အောင် အမေအစအဆုံး
ရှင်းပြပါ့မယ် ”
ဒေါ်ခင်ချိုလည်း သားဖြစ်သူအား သူမက်ခဲ့သည့်အိပ်မက်အားပြန်ပြောပြ
လေသည်။
“အမေ့ကို သားအစကတည်းကပြောခဲ့ပါတယ်
အပင်ခုတ်မှာမကြိုက်လို့ သတိပေးနေတာ
နေမှာပေါ့လို့ အခုတော့ သူတို့က
အသက်အန္တရာယ်ထိခိုက်တဲ့အထိ
လုပ်လာကြပြီလေ သူတို့အတွက်နေစရာ
အစားပြန်ပေးရုံပဲရှိတော့တာပေါ့ဗျာ”
“ခင်ဗျားတို့မိသားစုကို ကုက္ကိုပင်မှာနေတဲ့
သရဲမိသားစုက သူတို့နေတဲ့အပင်ကို
ခုတ်လှဲတာမကြိုက်လို့ အခုလိုလုပ်တာဆိုတော့
နောက်ကို တစ်ခုခုလုပ်တော့မယ်ဆိုရင်
သတိထားပြီးလုပ်သင့်တယ်ဗျ
မမြင်အပ်တဲ့နာနာဘာဝတွေဆိုတာ
ကျုပ်တို့ပတ်ဝန်းကျင်မှာ အမြဲကျင်လည်
ကျက်စားနေကြတာဗျ
သူတို့ကိုသွားပြီး ရန်စမိရင်တော့ မလွယ်ဘူးဗျို့”
ကိုဝင်းမောင်အား ဆေးရုံလိုက်ပို့သည့်
အိမ်နီးချင်းလူကြီးကပြောလိုက်လေသည်။
“ဟုတ်ပါတယ်ရှင် နောက်ကိုသတိထားရတော့မှာပေါ့ရှင်
အခုတောင်တော်တော်လန့်သွားပါပြီ”
==============
ကိုဝင်းမောင်လည်း ဆေးရုံတွင် တစ်ညထပ်အိပ်ရပြီးနောက်တစ်နေ့မှ
ဆေးရုံကဆင်းခဲ့သည်။
ဆေးရုံကဆင်းဆင်းခြင်း အိမ်ရောက်သည်နှင့်
၁တောင်ခန့်ရှိသော အပင်အား စျေးတွင်
သွားဝယ်လိုက်ကြလေသည်။
ထို့နောက် အိမ်ပြန်ရောက်သည်နှင့်
အိမ်ဝိုင်း၏အနောက်ဘက်သို့
မတ်တပ်ရပ်ကာ ပါးစပ်မှပြောလိုက်လေသည်။
“ကုက္ကိုပင်၌ နေခဲ့ဖူးသော သရဲသားအမိ၃ယောက်အား ယခုဒီအပင်၌
ပြန်လည်ပြောင်းရွှေ့ပြီးနေလို့ရပါကြောင်း
ခွင့်ပြုပါသည်”
ထိုသို့ပြောပြီးသည်နှင့် အပင်အားမြေကျင်းတူးကာစိုက်လိုက်တော့
သည်။
ထိုအချိန် ကိုဝင်းမောင်၏နံဘေးမှ
အေးစက်သောအငွေ့အသက်တစ်ခုက
ရိုက်ခက်သွားသည်ကို
သတိထားမိလိုက်လေသည်။
ကုက္ကိုပင်၌နေခဲ့ကြသော သရဲသားအမိလည်း
နေစရာအစားပြန်ရလိုက်သည့်အတွက်ကြောင့်
ဒေါ်ခင်ချိုတို့ မိသားစုအား ထပ်မံနှောင့်ယှက်ခြင်းမပြုကြတော့ပေ။
ဒေါ်ခင်ချိုလည်း ထိုအဖြစ်အပျက်ဖြစ်ပွားပြီး
နောက်ပိုင်း ဘုရား၊တရား ပိုမိုလုပ်ဖြစ်လာပြီး
ဘုရားကန်တော့ပြီးသည့်အခါတိုင်း
ထိုသရဲသားအမိ၃ယောက်အားရည်စူးပြီး
အမျှအတန်းများပေးဝေခဲ့လေသည်။
ပြီးပါပြီ………
ဇာတ်လမ်းလေးဖတ်ပြီးရင်လက်မလေး
နှိပ်ခဲ့ကြနော် စာဖတ်သူများရွှင်လန်းကြပါစေ
#အောင်ဓူဝံ #ရေစကြို
လိုအပ်ချက်များစွာဖြင့်