ကံစီမံရာ(စ/ဆုံး)
————–
မြစ်ဝကျွန်းပေါ်ဒေသကရွာလေးတစ်ရွာမှာ ဦးပြုံး နဲ့ ဒေါ်ချိုဆိုတဲ့ လင်မယားနှစ်ယောက်ရှိတယ် အသက်ကြီးမှ အိမ်ထောင်ကျပြီး သမီးလးတစ်ယောက်မွေးကာ ဘဝကို ပျော်ရွှင်စွာ ဖြတ်သန်းနေတဲ့မိသားစုလေးဆိုလည်းမှားမည်မထင် ဦးပြုံးမှာ လယ်ယာ အလုပ်ဖြင့်မိန်းမနှင့်သမီးကို မပူမပင်ရအောင် လုပ်ကိုင်ကျွေးမွေးလာခဲ့တာခုဆိုသမီးလေးပင် အရွယ်ရောက်လာလေပြီ
မိုးကျလို့စပါးများစိုက်ပျိုးချိန်ရောက်လာသဖြင့် ဦးပြုံးတစ်ယောက် လယ်ထဲမှာ နွားတစ်ရှဉ်းဖြင့်ထွန်ယက်နေစဉ် ကောင်းကင်မှ တိမ်စိုင်များအလိပ်လိပ်တက်၍ လျှက်စီးများလက်ကာ ဦးပြုံး ပေါ်သို့ မိုးကြိုးပစ်ချလိုက်လေသည်
ဦးပြုံး မိုးကြိုးထိပြီး ဆုံးပြီဆိုတဲ့သတင်းကိုလယ်တောမှ လူတစ်ယောက်က လာပြောသဖြင့် ဒေါ်ချို တို့သားမိနှစ်ယောက် လယ်ထဲလိုက်သွားကြကာ အသက်မဲ့နေသော ဦးပြုံး အလောင်းအား အိမ်သို့လှည်းဖြင့်သယ်လာကြလေသည်
“ကျွန်မတို့သားမိကို ထားခဲ့ပြီပေါ့ ယောက်ျားရယ်
တော်မရှိပဲ ကျွန်မတို့သားအမိ ဘယ်လိုရပ်တည်ရမလဲ တော့ အီးဟီးဟီး
ဒေါ်ချို ငိုကျွေးရင်းက သတိလစ်လဲကျသွားသဖြင့်
တူမလေး နှင့် ဆွေမျိုးများက ဝိုင်းဝန်းပြုစုကြလေသည်
“”ဖေကြီးးး ဟီး ဟီး
သမီးလေးမှာလည်း အဖေ မရှိတော့ပြီဆိုသည့် အတွေးဖြင့် ငိုနေသည်မှာ ဘေးက မြင်ရသူများအဖို့ သနား ဂရုဏာသက်မိလေသည်
ဦးပြုံး အလောင်း မြေချပြီးတော့ သားမိနှစ်ယောက်မှာ ရှိတာလေးတွေ ရောင်းချစားသောက်ရင်းက ကြာလာတာနဲ့အမျှ အဆင်မပြေဖြစ်လာသည်မို့
မြို့စျေးမှ ကုန်စိမ်းလေးများ ဝယ်ပြီး ရွာမှာ ပြန်ရောင်းရန် စဉ်းစားကာ နှစ်ရက်ခြား သုံးရက်ခြားမြို့ကိုသွားပြီး ကုန်စိမ်းများဝယ်၍ရွာမှာပြန်ရောင်းလေသည်
အလုပ်လေးအဆင်ပြေပြီး သားမိနှစ်ယောက်ဘဝလေးဆိုပြေလာချိန် ကံကြမ္မာ မုန်တိုင်းက ဒီမိသားစုလေးပေါ် အငြိုးထားတယ် ထင်ပါရဲ့
တစ်နေ့
“သမီးရေ ကုန်တွေပြတ်ပြီဆိုတော့ အမေ မနက်ဖြန် မြို့တက်လိုက်အုံးမယ်
“ဒီတစ်ခေါက်သမီးလည်းလိုက်မယ်လေ
အိမ်မှာ ရောင်းစရာလည်းမရှိတော့ပျင်းတယ် အမေရဲ့
အရင်ဆို သမီးက ဆိုင်မှာရောင်းရင်းနေခဲ့ နေကျ
အခုက ရောင်းစရာလည်းပြတ်သွားသဖြင့် လိုက်ချင်လိုက်ခဲ့လေ ဆိုလိုက်သဖြင့် သမီးလည်း ခုန်ပေါက်ပြီးပျော်သွားလေသည် ဒေါ်ချို သမီးလေးကိုကြည့်ပြီး
“ငါ့သမီးလေးတောင် အသက် ၁၉ နှစ်ထဲရောက်လို့ အပျို ကြီးဖြစ်နေပြီ သူလည်းပျော်ချင်မှာပေါ့လေ
ဒေါ်ချို အတွေးစလေးများဖြတ်ကာ ညစာအတွက် ချက်ပြုတ်ရန်ပြင်ဆင်လိုက်တော့သည်
မိုးလင်းသည်နှင့် စက်လှေ ဆိပ်သို့ သားမိနှစ်ယောက် ဆင်းလာခဲ့ပြီး မြို့သွားမည့် စက်လှေပေါ်တက်ကာလိုက်ခဲ့လိုက်ကြလေတော့သည်
မြို့ရောက်သည်နှင့် ဝယ်စရာရှိတာများဝယ်ပြီး သမီး လိုခြင်တာ စားခြင်တာလေးများ လိုက်ဝယ်ပေးကာ
ရွာပြန်မည့် စက်လှေနှင့် ပြန်၍ လိုက်ပါလာခဲ့ကြလေသည်
လူစုံသည်နှင့် စက်လှေမှာ စတင် ထွက်ခွာ၍ တော်တော်ကြာမောင်းပြီးသော်
“””ဝုန်း
“””ဖျောင်းးး
ဆိုတဲ့ အသံကြီး ထွက်ကာ စက်လှေမှာ လေးငါးပက်လိမ့်ပြီး ဂျွန်းထိုးမှောက်ခုံဖြစ်သွားတော့သည်
“အားးးး
“”ကယ်ကြပါအုံး
“”ဘုရား ဘုရား
မြစ်အတွင်း အော်ဟစ် နေကြသည်မှာ ငရဲပွက်သည့်အလားစက်လှေမှာ ဝမ်းဗိုက်မှ ပျဉ်ချပ်တစ်ခုအမှတ်မထင်ပြုတ်ထွက်သွားခြင်းဖြစ်လေသည်
“သမီးရေ သမီး
ဒေါ်ချို သူ၏ သမီးလေးအားပါးစပ်မှ အော်ခေါ်နေမိလေသည် နောက်မှာပါလာသော စက်လှေမှ ဝိုင်းကယ်သဖြင့်ဒေါ်ချို့ အပါဝင်လူများအသက်ဘေးက လွတ်ကြပေမယ့်
ဒေါ်ချို ၏ သမီးကိုတော့ ရှာမတွေ့တော့ချေ
ကူညီရှာဖွေပေးကြပေမယ့်လည်းမတွေ့တော့သဖြင့် ဒဏ်ရာရ လူနာများကို ဆေးရုံပို့ရန် အရေးကြီးသောကြောင့်မြို့သို့ ဦးတည် ကာစက်လှေ ကို အရှိန်မြင့်၍မောင်းလိုက်လေတော့သည်
“သမီးရေ အမေ့သမီးလေး
ဒေါ်ချို အပူမီး တောက်လောင်လေပြီ ရေပြင်ကို ငေးရင်း ပါးစပ်မှ လည်း သမီး သမီး နှင့်အော်ခေါ်ကာ စက်လှေပေါ်မှ ခုန်ချ လိုက်လေတော့သည်
စက်လှေ မှာ အရှိန်နှင့်မောင်းနေတာမို့ တော်တော်ဝေးရောက်မှ အရှိန်သတ်ပြီး ဒေါ်ချို ခုန်ချသည့် နေရာအား လာရောက်ရှာဖွေကြပေမယ့်လည်းမတွေ့တော့
သီတင်းကြားပြီး ဆွေမျိုးများနှင့် ရွာမှလူများကလိုက်လံရှာဖွေကြရာ ၃ ရက်မြောက်နေ့မှာ ဒေါ်ချို့ သမီး အလောင်းအား ပုတ်ပွ၍ ပြန်တွေ့ လေသည် ဒေါ်ချိုကိုတော့မတွေ့
၇ ရက်မြောက် ကျမှ ဒေါ်ချိုအလောင်းအား ပြန်တွေ့ကြလေသည် ကမ်းပေါ် တင်နေကာ မပုတ်မပွပဲ အိပ်နေသည့်အလားပင်
ဆွေမျိုးများက ဒေါ်ချို အလောင်းအား ထုံးတမ်းစဉ်လာအတိုင်း ပြုလုပ်၍ မြေချသောနေ့ ရောက်သောအခါ သံဃာများ ပင့်၍ သင်္ချိုင်းမှာ အသုဘ ရှု့ တရားနာပြီး မြေချရန်အတွက် နောက်ဆုံးအနေမြင့် အုန်းသီးကိုခွဲကာဒေါ်ချို မျက်နှာ ပေါ် အုန်းရေများလောင်းချလိုက်ရာ
“”ရေ ရေ ပေးပါ
ဟာ
အမလေး
ဝုန်း
ဘုန်း
အခေါင်း ထဲမှ ရေပေးပါဆိုပြီး ဒေါ်ချိုမှ
ထထိုင်လိုက်သဖြင့် လိုက်ပို့သည့်လူများ လန့်ပြီးပြေးကြရာ ခလုတ်တိုက်လဲသူ အော်ငို သူများ ဆူညံကုန်တော့သည်
မပြေးတာဆိုလို့ ဒေါ်ချို ၏ မောင်ဖြစ်သူနှင့်ဘကြီး နှစ်ဦးသာ ကျန်ခဲ့လေသည်
“ဟာ မမ မသေဘူးနော်
ဒေါ်ချို၏ မောင်ဖြစ်သူမှ ပွေ့ချီပြီး ရွာသို့ပြန်သယ်လာကာ အိမ်မှာပင်ထားပြီးဆေးကုသပေးလေသည်
ဒေါ်ချို ကျန်းမာလာသောအခါ ရေထဲခုန်ချပြီးနောက် သူရဲ့ တွေ့ကြုံပုံများအား ဤသို့ပြန်၍ ပြောပြလေသည်
ဒေါ်ချို ရေထဲခုန်ချပြီးနောက် ရေစီးနှင့် မျောပါသွားကာ ရေမွန်းပြီး အရာအားလုံးကို မေ့သွားပြီး မျက်နှာ ပေါ် အလင်းရောင်တစ်ခု ဖြာကျလာသောအခါ ဒေါ်ချို သတိပြန်ရလာပြီး နေရာမှ ထ၍ ကြည့်လိုက်ရာ လမ်းမကြီးအတိုင်း သွားနေသောသမီး နောက်ကျော အားတွေ့ရသဖြင့် အားရဝမ်းသာစွာဖြင့်
“သမီးရေ သမီး
ဒေါ်ချို ဘယ်လို ခေါ်ခေါ် လှည့်မကြည့် ရှေ့ကိုသာသွားနေလေသည် ဒေါ်ချို နောက်မှ ပြေးလိုက်ကာ ခေါ်ရင်း တောစပ်တစ်ခုနားရောက်သောအခါ
ချူသံတစ်လွင်လွင်ဖြင့် နွားလှည်းတစ်စီးထွက်လာ
ပြီး သမီးနှင့်စကားပြောနေတာတွေ့ရလေသည်
ဒေါ်ချို လှည်းနားသို့မှီလာခဲ့ပြီး သမီးအားကြည့်လိုက်ရာ လာကြိုသည့် လူများနှင့် ရင်းနှီးနေသည့်အလား ရယ်ပြုံး၍ စကားများ ဆိုနေကြကာ သမီးမှ လှည်းပေါ်သို့ တက်သွားလေတော့သည်
“သမီး မလိုက်သွားပါနဲ့ သမီး ရယ် အမေနဲ့ပြန်လိုက်ခဲ့နော်
ဒေါ်ချို စကားပြောသံကြောင့် သမီးနှင့် တကွ လှည်းပေါ်မှ လူများက ဒေါ်ချိုအား အထူးဆန်းသဖွယ်ကြောင်၍ ကြည့်နေကြပြီး
“သူ့ကိုသိလား
ဟုလှည်းပေါ်မှ လူတစ်ယောက်ကမေးလိုက်ရာ
ဒေါ်ချို ၏ သမီးမှ
“မသိဘူး
ဟု ပြန်ပြောလိုက်သဖြင့် လှည်းကိုမောင်း၍ထွက်သွားကြလေသည်
“သမီး မသွားပါနဲ့ သမီး ရယ် အမေနဲ့ ပြန်လိုက်ခဲ့နော်
ပါးစပ်မှ တစ်ကြော်ကြော် အော်ရင်း သမီးပါသွားသည့် လှည်းနောက်သို့ ပြေးလိုက်ရာ မမှီတော့ လှည်းမှာ တစ်ဖြေးဖြေး ဝေးကာ ဒေါ်ချို ၏ မြင်ကွင်းမှ ပျောက်ကွယ်သွားလေတော့သည်
ဒေါ်ချို လမ်းအတိုင်းလျှောက်သွားရင်းရွာလေးတစ်ရွာ တွေ့ရာ ဝင်မည်အပြု အဝင်မခံပဲ နှင်ထုက်ကြလေသည် ဆက်သွားရင်း တစ်ရွာပြီး တစ်ရွာ တွေ့ရာ နေရန် ပြောသော်လည်း လက်မခံပဲ ရှေ့ကလိုပဲ နှင်ထုက်ကြ သဖြင့်
စိတ်ဓာတ်ကျကာ ခြေဦးတည့်ရာလျှောက်သွားရင်းက ၇ ရက်ခန့်ကြာသောအခါ သူ၏ရွာ ကိုပြန်ရောက်လာလေသည် ဝမ်းသာစွာဖြင့် ရွာထဲဝင်မည်အပြု ရွာအဝင်တွင် ဝတ်ဖြူစင်ကြယ်ဖြင့်အဘိုးအိုတစ်ဦးမှ
“ဘယ်တွေလျှောက်သွားနေတာလဲ သမီး
နောက်တောင်ကျနေမှပဲ လာ လာ အဘနောက်လိုက်ခဲ့
အဘိုးအို ခေါ်ရာနောက် ဒေါ်ချို လည်းလိုက်သွားရာ သချ င်္ု ိ င်းအတွင်းသို့ ရောက်သွားလေသည်
“ဟင် ငါ သချိုင်းထဲရောက်လာပါလား ဟိုမှာ ငါ့မောင်နဲ့ ငါ့တူမလေးတွေ ငိုနေကြပါလား
ဘာတွေဖြစ်နေပါလိမ့်
ဒေါ်ချို အဖုံးဖွင့်ထားသောအခေါင်းနားသွားပြီး ငုံ့ကြည့်လိုက်ရာ
“ဟင် ငါပါလား ဘယ်လိုဖြစ်
ဒေါ်ချို စကားမဆုံးလိုက် နောက်မှ
“ဘာလုပ်နေတာလဲ မြန်မြန် ဝင်လေ ဆိုပြီး တွန်းလိုက်ရာ သူ့ အလောင်းပေါ် မှောက်ယားထိုးကျပြီး သတိပြန်ရလာတော့ ရေအရမ်းဆာသဖြင့် ရေတောင်းလိုက်တာဖြစ်ကြောင်းပြန်၍ပြောပြလေသည်
ဒေါ်ချိုမှာ ယောက်ျားရော သမီးပါ မရှိတော့ အသက်လည်းကြီးပြီမို့ မောင်ဖြစ်သူမှ သူတို့ မိသားစုနှင့် လာနေရန် ပြောပြီး ဒေါ်ချိုအား အိမ်မှာခေါ်ထားလိုက်လေတော့သည်
မောင်လေး ရဲ့အိမ်မှာ ပဲ တူမလေးများနှင့် ပျော်ရွှင်စွာနေထိုင်ရင်း ထိုရွာ မှာပင်ခေါင်းချသွားလေတော့သည်။
***************************
မိတ်ဆွေ တစ်ဦးပြောပြသောဖြစ်ရပ်မှန်ကို အခြေခံ၍ ရေးသားသည်
်အမည်နေရပ် လွှဲရေးထားပါသည်ခမျာ
ပြောပြသော သူငယ်ချင်း ကျေးဇူးနော်
စာရေးသူ
Z.Z.H