ကျောင်းအမကြီးဒေါ်စန်းရီနှင့်မြွေအတိုက်(စ/ဆုံး)
—————————————————-
မန္တလေးတိုင်းဒေသကြီး ရမည်းသင်းမြို့နယ်အတွင်းရှိ အိမ်ခြေတစ်ရာစုရွာလေးတစ်ရွာဖြစ်သည့် “မန်ကျည်းကုန်း”ရွာလေးတွင် ခြိမ့်ခြိမ့်သဲ အလှူပွဲတစ်ခုကျင်းပနေပေသည်။
ရွာလုံးကျွတ်မီးခိုးတိတ် ထမင်းရည်ချောင်းစီး မောင်းတီးပြီးကိုလှူသည့်အလှူဖြစ်ပေသည်။ လွန်စွာမှစည်ပြောလှပါ၏။
နှစ်ထပ်အိမ်ကြီးရခိုင်ကို ကျောပေးကာ အလှူ မဏ္ဏာပ်ထိုးထားပြီး
ခြံကွက်ကြီးကျယ်သလောက်လူများရွာလုံးကျွတ် ကလေးလူကြီး
ပျိုပျို အို အို တစ်ဖွဲဖွဲလာရောက်ကြပေရာ ရုံဖွဲ့၍ပင်မရ တစ်ခြံလုံးလူတွေအပြည့်ပင်။
ဝက် ကြက် ငါး ငါးခြောက်နှပ် အစုံ စုံလှပါဘိ။
အအီပြေ ချည်ပေါင် အချဉ်ဟင်းရည်လေးနဲ့ သီးစုံကြော်လေးကလဲပါသေး။ဘာလချောင်ကြော် နဲ့ ပဲပင်ပေါက်ချည်လေးပါထည့်နိုင်သဖြင့် သူဌေးကြီးအလှူ ခြိမ့်ခြိမ့်သဲအလှူပါပဲ။
ဒီလိုကျွေးနိုင်တာလဲမဆန်းပေဘူး။ အလှူ့ရှင်အမည်ကိုလဲ ထမင်းစားလာရင်းဖတ်သွားဦးလေး။
အလှူ မဏ္ဏာပ်တွင်ထိုးထားသော ကမ္ဗည်းစာတန်းကြီးကတော့့”အလှူ ဒါယိကာမကြီး ဒေါ်စန်းရီ” ဟူသတည်း။
မုဆိုးမကြီးဖြစ်ခါ သား ၄ယောက် သမီး၃ယောက် နှင့်ပူပင်သောကမရှိကျိကျိတက်ချမ်းသာလှပါ၏။
နှစ်တိုင်းလဲအလှူပွဲကြီးပေးကာ လှူတတ်ပြီး ရက်ရောလိုက်တဲ့အလှူ
နတ်လူသာဓုခေါ်တဲ့ အလှူကြီးပါတကား။
“အဟီး အေးမိ ချိတ်ထမိန်နဲ့လားတော့ အလှကျွေးမှာမဟုတ်ဘူးနော် အဝကျွေးမှာ ညည်းချိတ်ပြုတ်မှာမြင်ယောင်သေး”ဟု ဧည့်ခံကျွေးမွေးသည့်အပျိုအဖွဲ့ထဲမှ ခင်သန်းဆင့် မှစလေလျှင်
“ကောင်မစုတ်ငါ့ကိုအရှက်ခွဲတယ်ပေါ့ ချိတ်နဲ့မဟုတ်ဘူးဟေးးး
အနံကြီးကွင်းကျယ် တဲ့ “ဒေါ်ဂျမ်းထဘီနဲ့လာတာတော့ ဟားးးဟားးး”ဟုစိတ်မဆိုးနိုင် ရီမောကာပြန်ပြောလိုက်လေသည့်
ဒီနှစ်မှ ယောက်ျားရသွားသော ယမန်နှစ်ကအပျိုအဖွဲ့ဝင် အေးမိရယ်ပါ။
“ကိဲုအောင်ချိမ့်တို့အဖွဲ့ ထမင်းနဲ့ ငါးခြောက်နှပ်တွေခပ်လာခဲ့ပါဦး တော်”
လူပျိုအဖွဲ့များကတော့ ထမင်းလိုတယ်အော်ရင် ထမင်းခူးပေး ဟင်းလျော့တယ်ထင်ရင် ဟင်းဖြည့်ပေးနဲ့ ရွာဓလေ့ အလှူပွဲ ပျော်စရာအတိ။
လူပျိုခေါင်းကတော့ အောင်ချိမ့်ပါတဲ့။
ခပ်အေးအေးနေတတ်ခါ ရပ်ရွာရေး သူသာလျှင်ထိပ်ဆုံးက။ ရွာအပျိုချောတို့ရဲ့ပါးစပ်ဖျားရေပမ်းစားလှတဲ့ လူညိုချော။
ဝင်းဦးနဲ့တောင်ဆင်သတဲ့လေးးး။
အိမ်ခြံစည်းရိုးတိုင်ထိပ်တွင်တော့ ပိတ်စအကြီးတစ်ထည်အားချိတ်ဆွဲထားကာ ထမင်းစားလက်ဆေးပြီးပါက ပါးစပ်သုပ် လက်သုပ်ရန်ဖြစ်လေသည်။
ဒေါ်စန်းရီတွင် သားကြီးမြင့်သိန်း သားလတ်မြင့်ဟိန်း သားငယ် ဇော်ထူး သမီးကြီး အိထွေး သမီးလတ်ပန်းမွှေး သမီးငယ် စိန်းလှ သာထွေးလေး မြင့်ဦးဆိုပြီးသားသမီးခုနှစ်ယောက်ရှိကာ သမီး စိန်းလှနဲ့ သားထွေးလေးမြင့်ဦးလေးသာလူလွတ်ကျန်သည်။
ကျန်သားသမီးများမှာ အိမ်ထောင်ရပ်သားကိုယ်ဆီနှင့်။
ဒေါ်စန်းရီမှာအသက်အားဖြင့် ခြောက်ဆယ်ကျော်ဖြစ်ခါ မင်းသမီးကြီး ဒေါ်ခင်သန်းနု မျက်နှာပေါက်နှင့့် အလွှတ်သဘောကောင်းလှပါသည်။
သူ့တွင်တစ်နေ့တစ်နေ့ ပဲနှုတ် ပဲပုတ် ပဲကောက်ဖို့”နေစားသမ”အယောက်နှစ်ဆယ်တော့အနည်းဆုံးရှိတတ်လေသည်။
ကိုယ်ပိုင်ဆီကျိတ်ရုံကြီးတည်ထားခါ “ဒေါ်စန်းရီ”တံဆိပ်နဲ့ပဲဆီသန့်သည်ထိုခေတ်ထိုအခါက မြို့ပေါ်တွေထိပင် နာမည်ကြီးလေသည်။
ဝင်ငွေများကလဲသောက်သော်လဲဖြစ်ခါ သမီးလေးစိန်းလှက စာရင်းချုပ်တာဝန်ယူပြီး သားလေးမြင့်ဦးမှာတော့ ဆီများမြို့ပေါ်ပို့ဆောင်ရေးကိုလုပ်ကိုင်လေသည်။
ကျန်သားသမီးများကိုတော့ အိမ်ထောင်ရက်သားနဲ့မို့စီးပွားရေးလက်ခွဲများကိုခွဲပေးကာ လုပ်စားစေလေသည်။
ဤမျှအထိ စီးပွားဖြစ်နေလေသောဒေါ်စန်းရီတွင် မည်သို့သောသောကရှိရမည်နည်း။
သားနဲ့သမီးလေးကို စီးပွားရေးလုပ်ငန်းများလွှဲထားကာအေးအေးလူလူ အလှူအတန်းနဲ့ ဘုရားတရားကိုသာ ဇောက်ချလုပ်နေလေတော့သည်။
စိတ်စေတနာအလွန်ကောင်းကာ အပေးအကမ်းရက်ရောသော ဒေါ်စန်းရီသည် တစ်ရွာလုံးကအားကိုးအားထားပြုရသော ချစ်ကြခင်ကြသော အထင်ကြီးလေးစားရသော ကျောင်းဒကာမကြီးအဖြစ်
မန်ကျည်းကုန်းရွာလေးတွင်ပြောစမှတ်တွင်လေသည်။
သို့သောါ်လဲ မည်မျှပင် သဘောမနောကောင်းစေကာမူ ကတိသစ္စာနှင့်ပက်သက်လျှင်တော့ အတိမ်းအစောင်းမခံ အလွန်ပြတ်သားလေသည်။ခွင့်မလွှတ်တတ်။
တစ်နေ့ရွာထဲမှကိုသာလှဆိုသူရောက်ချလာကာ မြေပဲစိုက်ရန်အတွက် အရင်းအနီးလိုသောကြောင့် ငွေရင်းချပေးပါရန်တောင်းလေသည်။
ရွာရဲ့ထုံးစံအတိုင်းအရင်းချပေးကာ အသီးပေါ်မှသာ ၄င်းအသီးအားအရင်းချေးသူ တောင်သူမှ အရင်းချပေးသူထံဖောက်သည်စျေးနဲ့ပြန်သွင်းကာ အရင်းပါတွက်ချက်၍ချေရလေသည်။
စိုက်ပျိုးတောင်သူတွေအတွက်လဲတွက်ခြေကိုက်သလို အရင်းချပေးသူကလဲ မြေအတွက်ပူစရာမလို စိတ်မရှုပ်ရတော့ပေ။
ဤသို့’သီးပင်ပေါ်ပေး’စနစ်ကိုရွာအတော်များမျာမှယခုတိုင်တွင်ကျယ်ဆဲပင်။
ထိုသို့အရင်းချေးသူသည် ကိုသာလှတစ်ယောက်တည်းမဟုတ်တစ်ရွာလုံးနီးပါး။တစ်ချို့တစ်လေအဆင်ပြေသူလောက်သာလွတ်လေသည်။
သို့သော်အချို့သူများသည် အရင်းချပေးသူကိုလွန်ဆန်ကာ တစ်ခါတစ်လေ အမြတ်ပိုပေးတဲ့ မြို့ပေါ်ကပွဲစားများဆင်းဝယ်သောအခါ ခိုး၍ရောင်း တတ်လေရာ ဒီအခါ ဒေါ်စန်းရီနဲ့တွေ့လေတော့ပြီ။
“ဒီမယ်သာလှ ပဲပျိုး ဘယ်နှစ်တင်းကို ဘယ်နှစ်ဧကစိုက်ပြီး ဘယ်လောက်ပြန်ထွက်တယ်ဆိုတာ ကျန်တဲ့သူကိုမှန်းခိုင်းရင်လွဲနေလိမ့်မယ် ဒေါ်စန်းရီတဲ့ ဘယ်နှစ်တောင့်လေတယ်ကအစပြောပြလိုက်မယ်
နင့်ဟာက တင်းငါးဆယ်တောင်ကွာနေတာ ငါကလေးမဟုတ်ဘူး
နင်ဒီကိစ္စဘယ်လိုလုပ်မလဲ ပြော”
“အရီးရယ် ကျွန်တော့်သမီးလေးရုတ်တရက်မြို့ဆေးရုံပို့လိုက်ရလို့
ပိုက်ဆံအရေးပေါ်လိုနေတာနဲ့ ဒီလိုအလျင်မြန်ကြံလိုက်ရတာပါဗျာ
လိမ်မိတာကိုခွင့်လွှတ်ပေးပါဗျာ”ဟုတောင်းပန်တိုလျိုနေသည့် သာလှ။
“အေး အဲ့ဒါကို မင်းငါ့ကိုအစောတည်းကပွင့်ပွင့်လင်းလင်ပြောခဲ့သင့်တယ် မင်းခု ကြားပေါက်ကိုအမြတ်ပိုလို့ ထုတ်လိုက်တယ်မလား”
“အဲ့လိုလဲမဟုတ်ပါဘူးဗျား”
“မင်းသမီးဆေးရုံတက်ရတယ်ထား ငါ့ဆီလာသွင်းရင်ကော မင်းပိုက်ဆံရတာပဲမလားးးး မင်းကိုယ်၌ကိုက အမြတ်ပိုလို့ရောင်းတာ ဘာသားသမီးမှဆွဲထည့်မနေနဲ့ မင်းပဲလဲငါမယူတော့ဘူး
ငါပေးတဲ့အရင်းရဲ့ ဆယ်ဆပြန်ဆပ်ရမယ်ဟေ့ ဆယ်ဆပြန်ဆပ်ရမယ် နောက်ငါးရက်အတွင်း ယူလာခဲ့ဒါပဲ”ဟုပြောခါ စိတ်ဆိုးမန်ဆိုးထပြန်သွားလေသည့် ဒေါ်စန်ရီ”
“အရီးစန်းရီ အဲ့လိုကြီးတော့မလုပ်ပါနဲ့ဗျာ”ဟု မျက်နှာငယ်လေးနဲ့တောင်းပန်တိုလျိုနေတဲ့သာလှ ခဏတွင်ပင်
“တောက်!ခဗျားကြီးကဒီလိုလား ရတယ်လေး သာလှဘာကောင်လဲ ခဗျားကြီးသိရမယ် ဟင့်” ရုတ်တရက်မျက်နှာအချိုးတန်းပြောင်းခါ
တတ်လဲတတ်နိုင်ပါပေသည်။
အရင်ကတည်းကကတိမတည် သန္ဓေမကောင်းသည့်သာလှ ဒေါ်စန်းရီအား ၄င်းတို့ကတိထားသည့် အတိုင်း သူ့ဘက် ကကတိဖောက်သောကြောင့်ဆယ်ဆပြန်လျော်ရမည်မို့ အကောက်ကြံလိုသော မကောင်းစိတ်များပေါ်လာလေတော့သည်။
တစ်ညနေတွင်
“ရှီး ရှီး”
“လျှော လျှော”ဟူသော မြွေသွန်သံ မြွေသွားသံများအား
အိမ်ခြံဝန်းအတွင်းအတိုင်းသားကြားလိုက်ရသော သားအမိသုံးယောက် အသာနားထပ်စွံ့နေမိကြလေသည်။
ဘာသံမှထပ်မပေါ်လာတော့သဖြင့် နားကြားမှားကြသည်အထင်နှင့်ကိုယ်ဆီအိပ်ယာဝင်လိုက်ကြလေတော့သည်။
ဒေါ်စန်းရီအိပ်မက်ထဲတွင်တော့
“ဒါဘယ်နေရာပါလိမ့် “သူ့အိပ်မက်ထဲတွင်တော့ မှောင်မှောင်မဲမဲတော့ထဲတစ်နေရာသို့ရောက်နေလေ၏။
“ရှီး ရှီး”
ခဏအကြာ တောထဲမှမြွေပေါင်းစုံတို့သည်တုံးအရုံး စုပြုံကာတိုးထွက်လာကြလေလျင်”အမလေး မြွေ မြွေတွေ ကျုပ်ကိုကိုက်တော့မယ်တော့ ကယ်ကြပါဦး အမလေးး အားး”ထိတ်လန့်တကြားပြေးလွှားနေရသော်လဲ မလွတ်နိုင် ထိုအချိန် လှမ်းဟက်လိုက်လေသော လူကြီးတစ်ဖက်လောက်ရှိသည့်မြွေကြီးတစ်ကောင်။
“အားးး”ဟု အသံကုန်ခြစ်အော်လိုက်မိလေတော့သည်။
“အမေ အမေဘာဖြစ်တာလဲ ထပါဦး”ဟုလှုပ်နှိုးနေကြရှာသည့်သားနဲ့သမီး။နံနက် ၅နာရီပင်ရှိရော့မည်။
“အမေအိပ်မက်ဆိုးတွေမက်နေလို့ သားနဲ့သမီးရယ်”
“အော်အမေရယ် လန့်သွားတာပဲ မြင့်ထွန်းရေ ဘုရားသောက်တော်ရေလေးယူခဲ့ကွဲ့”
“ဟုတ်ကဲ့မကြီး”
သားနဲ့သမီးမှာမိခင်အားအလွန်ချစ်လှကာ မိဘအားမငြိုမငြင်တာဝန်ကျေလှတဲ့ ကလေးတွေပေပဲ။ဖခင်မရှိတော့တဲ့နောက် သူတို့ကိုမကြောင်းမကြနေနိုင်အောင်မိခင်ကြီးကပဲ ဦးဆောင် ခဲ့တယ်မဟုတ်လား။”အမေပန်းလှပါပြီ”
်
နောက်ရက် “အမလေး အမေရေလုပ်ပါဦး မြွေ မြွေ”
အိမ်ရှေ့ကွပ်ပျစ်လေးပေါ်အေးအေးလူလူ ရေနွေးကြမ်းနဲ့ ငါးခြောက်ဖုတ်ဆီဆမ်းကိုစားနေလေသူ သားအမိနှစ်ယောက်
“ဟင်းး သားရေ စိန်းလှဘာဖြစ်တာလဲမသိဘူး”
“ဟုတ်တယ်အမေသွားကြည့်ရအောင်”
“လာလာသား”
နှစ်ဦးသားရေတွင်းဆီသို့ပြေးသွားကြခါ မျက်လုံးပြူ း မျက်ဆံပြူ း ဖြစ်နေလေသော စိန်းလှအားတွေ့လိုက်ရသည် လက်ထဲမှာလဲ အဝတ်ရိုက်တုတ်နှင့်။
“မကြီးဘာဖြစ်တာလဲ”
“ဟဲ့စိန်းလှမေးနေတယ်လေးကွယ့်ဘာတွေ့လို့လဲ”ဟု ဘေးဘီဝဲယာကိုကျီးကန်းတောင်းမှောက်ကြည့်လိုက်လေသည့်ဒေါ်စန်းရီ။
“အမေ ခုဏကမြွေပွေး မြွေပွေးကြီး လက်တစ်လုံးလောက်ရှိတယ်
သမီးရှေ့မှာခေါင်းထောင်ပြီး ကိုက်တော့မို့ နောက်ဆုတ်မြန်ပေလို့ အဟင့် ”
“ဟင်ဘယ်မှာလဲအမ ဘယ်ရောက်သွားလဲ”ဝါးဆစ်ပိတ်တုတ်ကိုကောက်ခါ မေးလေလျှင်
“ဟော ဟိုးကခြုံပုတ်ထဲဝင်သွားတာ ဟို့က ဝက်ချေးမနှဲပင်နားလေး”ဟု ငိုမဲ့မဲ့လေးနှင့် လက်ညိုးထိုးပြနေရှာသော စိန်းလှ။
တုတ်တစ်ချောင်းနှင့်မြက်ဘုတ်တွေကို ဟိုထိုးဒီရိုက်လုပ်နေလေသည့်မြင့်ထွန်း။
မည်သည့်အစအနမှမတွေ့။
“ဟုတ်ကဲ့လားအမရာ”
“ရော်တကယ်ပါဟယ် အဟင့် ဟင့်”
“လာလာ စိန်းလှ အိမ်ပေါ်တက်ရအောင် အဝတ်တွေနောက်တော့မှလျော်တော့ကွယ်”ဟုလက်ဆွဲခေါ်သွားလေသူမိခင်ကြီး။ ဒီကိစ္စကသွေးရိုးသားရိုးကောဟုတ်ကဲ့လားဟု သံသယစဝင်လာချေပြီ။
သူလဲခုတလောမြွေတွေကိုဟိုနားတွေလိုက်ဒီနားတွေလိုက်နှင့်မို့အလွန်ပင်ထိတ်လန့်ရသည်။သတိအလွန်ထားနေရလေသည်။
နောက်တစ်ရက်မနက်တွင်တော့
“အားးးး’ဟုအော်သံတစ်သံအား စိန်းလှရဲ့အိပ်ခန်းလေးဆီမှကြားလိုက်ရလေလျှင် ခုတလော သတိအမြဲထားနေလေသော သားအမိနှစ်ယောက်တစ်ချိုထဲပြေးကြည့်ကြလေလျှင် မျက်ဖြူ စိုက်ကာသတိမေ့နေရှာလေပြီဖြစ်သည့်သမီး။
မနည်းကိုနှာနှပ်ယူလိုက်ရလေသည်။
ထိုနေမှစ၍နောက်ရက်များတွင် တစ်ချိန်လုံး”မြွေ မြွေကြီး
လုပ်ပါဦး”ဟု ထမိန်မနိုင်ပဝါမနိုင်အိမ်ပတ်ပြေးနေလေသည့် စိန်းလှအားတွေ့လိုက်ရလေတော့သည်။
သူညွန်ပြတဲ့နေရာကိုကြည့်သော်လဲမည်သည့်အရာမှမတွေ့။မြွေမပြောနဲ့ မြွေနဲ့တူတာဆိုလို့တီကောင်လေးတစ်ကောင်မျှပင်ရှိမနေလေရာ နောက်ဆုံး၌ ပရောဂကု ဆေးလဲကုသသော ရွာတောင်ပိုင်းမှ ဘိုးလေး ဘိုးသောင်းဆီရောက်သွားလေတော့သည်။
“ကဲလာကြ လာကြ ကျောင်းအမကြီးဒေါ်စန်းရီ ဘာအရေးကိစ္စတုန်း”မေး ၍အခြေနေကို သုံးသပ်ကြည့်မိသည်။
ထိုအခါ ထမီကိုလက်တစ်ဖက်က ကိုင်ထားကာ ထမိန်မနိုင်ပဝါမနိုင်ဖြစ်နေလေသော စိန်းလှအားကြည့်ခါ ခေါင်းတစ်ငြိမ့်ငြိမ့်။
သုံးဦးသားးဘိုးလေး သောင်းရှေ့ဝယ် ဒူးထောက်လေးထိုင်လိုက်ကြခါ “ကျွန်မသမီးလေး စိန်းလှဘာဖြစ်တယ်မသိဘူး ဘကြီးရယ် တစ်ချိန်လုံး ဟိုလက်ညိုးထိုး ဒီလက်ညိုးထိုးမြွေ မြွေချည်းပဲ အော်နေတာမို့ ဘကြီးဆီလာပြရတာပဲကြည့်ပေးပါဦးတော်”ဟု သောကရောက်နေရှာသောမိခင်ကြီး။
“ကဲဘမြေးစိန်းလှမြွေကဘယ်မလဲကွဲ့”အမေးပြုကာ အာရုံစိုက်လိုက်သည်။
“ဟိုမှာဘကြီးသမီးကိုကိုက်တော့မယ်”ဟု တစ်နေရာအားလက်ညိုးထိုးပြလေလျင်
ထိုနေရာအားပညာမျက်စိဖွင့်ကြည့်လိုက်လေတော့သည်။
ခပ်ပြုံးပြုံးလုပ်ခါ”ငါ့နေရာထိလာပြီးသွားစမ်းဟဲ့ “ဟု ရေစင်ရေမန်းနှင့်လှမ်းပတ်လေလျှင်”ရှီး”ဟု အသံမြည်ကာထိုနေရာတွင်အငွေ့များထွက်နေလေတော့သည်။
“ရှိသေးလားသမီး”
“ပြေးပြီဘကြီးရယ် သမီးတော့ ကိုက်ပြီမှတ်တာအဟင့်ဟင့်”ဟု ပြောကာ ခုမှကြောက်စိတ်ပြေသွားပြီးသတိကပ်တဲ့ဟန် ထမိန်အားပြင်ဝတ်နိုင်လေတော့သည်။
“အဲ့တာ တိုက်မြွေပဲဒေါ်စန်းရီရေးး”
“အလိုတော် အဟုတ်လားဘကြီးရယ် “ဟုလန့်သွားရှာနေသူ ဒေါ်စန်ွးှရင်နှင့်တကွ သားမိသုံးဦးသား။ဆက်၍
” တိုက်လိုက်တဲ့သူက ပညာနည်းနည်းနိမ့်နေတာရယ် ဒေါ်စန်းရီတို့ကကုသိုလ်အမြဲလုပ် ဘုရားတရားအမြဲလုပ်တော့ ကံမြင့်နေတာနဲ့ ကိုက်မရဖြစ်နေတာ ဒါကြောင့်ခြောက်လှန့်ရုံပဲလုပ်နိုင်ပြီ းကံနိမ့်မဲ့အချိန်ကိုစောင့်နေတာ”
“ဘုရာုး ဘုရား မထိတ်သာမလန့်သာဘကြီးရယ် ဘကြီးဆီအလာမြန်ပေလိူု့သာပေါ့ နို့မို့ဆိုကျော်မကောင်း ကြားမကောင်းတွေဖြစ်ကုန်တော့မပေါ့ ဘယ်သူကများဒီလို ယုတ်ညံ့တဲ့အလုပ်ကိုလုပ်တာပါလိမ့် ကျွန်မသိချင်မိတယ်ဘကြီးးရယ်”
“ဒီတစ်လော ကျောင်းအမကြီးမယ် ငွေရေးကြေးရေးပြသနာဖြစ်လိုက်တယ်မလားး”
“လုပ်ငန်းနဲ့ပက်သက်ပြီးတော့လေး”
“မရှိပါဘူးဘကြီး အဲဟုတ်သားပဲရှိတယ် ရှိတယ် ပဲခိုးရောင်းတာနဲ့ပက်သက်ပြီး”ဟုဆိုလေလျှင် ခေါင်းငြိမ့်ကာ လက်ကာပြလိုက်ပြီး “သူပဲ သမီးကြီး”
“ကဲနောက်တစ်ခါ ထပ်လုပ်မရအောင်တော့စီမံပေးလိုက်မယ်”ဟုဆိုကာ ဂါထာတစ်ပုဒ်ကိုရွက်နေလေသည့် ဘကြီးသောင်း။
“ကဲ အထက်ဆရာကြီးများအမိန့် ငါဆရာ ဘသောင်းရဲ့ အမိန့်
စည်းတော်စောင့်ကနေ အမိန့်ပေးတယ် ယခု ဒေါ်စန်းရီတို့အိမ်တွင် အထပ်ထပ် ကျလျက်ရှိသော အတိုက်စက်တို့သည် ငါဆရာလက်ဝါးအောက် အမှုန့်ဖြစ်စေ ပျက်စမ်းဟဲ့အတိုက်စက်”ဟုဆိုကာ
ကြမ်းပြင်အား လက်ဝါးဖြင့် “ဖုန်း”ဟုပင်မြည်အောင်ရိုက်လိုက်လေလျှင် စိတ်ညစ်ညူးဖွယ် ခြောက်ခြားဖွယ် လန့်ထိတ်ဖွယ်ဖြစ်ါအောင်တိုက်ထားသောအတိုက်စက်စည်းတို့သည် အိမ်ခြံဝန်းအစမှနေ၍”တစ်ဖျောင်းဖျောင်း”မြည်ကာ ပျက်ကုန်ကြတော့သည်။
အိမ်ခြံဝန်းအတွင်း တိုက်ထားသောမြွေတို့သည်လဲ အလူးအလဲ ပြန်ပြေးကုန်ကြလေသည်။
“ကဲအန္တရာယ်တော့ကင်းသွားပါပြီ
ခင်စန်းရီ နောင်များသူများနဲ့စကားပြောသောအခါသတိထားပြီးပြောသမီး”
“ခုလုပ်စရာတစ်ခုပဲကျန်တယ် အိမ်ရောက်တဲ့အခါ သမီးတိြု့ံခံစည်းရိုးတိုင်အောက်ကိုတူးလိုက် ပစ္စည်းတစ်ခုထွက်လာလိမ့်မယ် အဲ့ပစ္စည်းကိုရေမျောလိုက်သမီး “ဟုဆိုကာ ချည်မန်းကွင်းတစ်ခုစီ စီရင်ပေး၍ ပြန်လွှတ်လိုက်လေတော့သည်။
အိမ်ရောက်သောအခါ သားအမိသုံးယောက်သား ပေါက်ပြားဖြင့်တူးကြည့်လျှင် တစ်တောင်ခန့်အရောက်၌အဝတ်စဖြင့်ထုပ်ထားသောပစ္စည်းတစ်ခုကိုရရှိလေသည်။
ဖြေကြည့်လိုက်သောအခါ မြွေပုံသဏ္ဌာန် လက်တစ်ဆစ်ခန့်ရုပ်ထုလေးအားတွေ့ရလေ၏။
မြင့်ထွန်းမှစိတ်တို၍မီးရှို့ရန်လုပ်သောအခါမိခင်မှအတော်ပင်တားလိုက်ရလေသည်။
ထို့နောက်ရေတွင်မျှောလိုက်ကြလေတော့သည်။
တစ်ဖက်တွင်တော့ အသုဘပွဲတစ်ခု။
မြွေဆိုးကိုက်သောကြောင့်သေသွားတာတဲ့လေးး။
သားအမိသုံးယောက်သားမှာတော့နားလည်လိုက်ကြသည်။
ဘယ်သူဆိုတာ ပြောဖို့ပင်မလိုပြီ——————-။
###ပြီးပါပြီ#######
###ကျေးဇူးတင်ပါတယ်#####