” ကျွတ်လွတ်ပွဲအပြန် ခြောက်ခြားဖွယ် ” ( စ/ဆုံး )
————————————————–
ပထမဦးစွာ ကျွတ်လွတ်ပွဲဆိုတဲ့အကြောင်းကို နည်းနည်းရှင်းပြပေးပါ့မယ်။သိတဲ့သူတွေရှိသလို မသိသေးတဲ့သူတွေလဲဗဟုသုတအနေနဲ့ သိခွင့်ရအောင်ပါ။…..
ကျနော်တို့ မန္တလေး (မန်းလေးလို့ပဲခေါ်လိုက်တော့မယ်နော်)
မှာ လွန်ခဲ့တဲ့ဆယ်နှစ်ကျော်လောက်ကစပြီး မကျွတ်မလွတ် သေးတဲ့သူတွေ….သရဲတွေ…တစ္ဆေ တွေ….မမြင်ရတဲ့ပရလောကသားတွေအတွက် ရည်စူးပြီးလုပ်ပေးတဲ့
ကျွတ်လွတ်ပွဲဆိုပြီးပေါ်ပေါက်ခဲ့ပါတယ်။မန်းလေးမှာရှိတဲ့ယခင်ကြာနီကန်(ယခု..အေးရိပ်ငြိမ်သုသာန်) တို့မှာစပြီးပြုလုပ်ပေးခဲ့တာပါ။နောက်မှ ယခင်တောင်မြင့် (ယခု…
တောင်အင်းမြောက်အင်းသုသာန်)မှာထပ် ပြုလုပ်ပေးခဲ့တယ်ထင်ပါတယ်။ကျနော်နည်းနည်း မသဲမကွဲဖြစ်နေလို့ ကျနော်ပြောတာမှားသွားရင်လဲခွင့်လွှတ်ပေးကြပါ။……….
ဒါပေမယ့် ဘယ်သုသာန်မှာပဲဖြစ်ဖြစ် အလှုပြုလုပ်ပေးပုံချင်းအတူတူပါပဲ……..သီတင်းကျွတ်လပြည့်နေ့ညဆိုရင်အဲဒီ့ သုသာန်တွေကိုသွားကြတဲ့ လူကြီးလူငယ်မရွေး
ကျိတ်ကျိတ်တိုးစည်ကားပါတယ်။…..ကြုံရင်လာခဲ့ကြည့်ကြပါ။
ဆကိပြောပါ့မယ်နော်…..အဲ့ဒီပွဲကိုရောက်သွားပြီဆိုတာနဲ့
သုသာန်ထဲဝင်ဝင်ချင်းပဲ အုတ်ဂူလေးတွေပေါ်မှာ….ထမင်းထုပ်လေးတွေ ဟင်းထုပ်လေးတွေ ဟိုနေရာသည်နေရာအများအပြားတွေ့ရမှာပါ။အဲ့ဒီအုတ်ဂူလေးတွေ
ပေါ်မှာတင်ထားတဲ့ထမင်းထုပ် ဟင်းထုပ်လေးတွေက ကွယ်လွန်သူရဲ့ ကျန်ရစ် ဆွေမျိုးသားချင်းတွေက ယူလာပြီး ကျွေးမွေးဖို့ တင်ထားတာဖြစ်ပါတယ်။
နောက်တစ်ခုက သုသာန်တစ်ခုလုံးကို မီးချောင်းတွေအနှံ့ထိန်လင်းနေအောင်ထွန်းပေးထားပါတယ်။
သုသာန်ရဲ့အလယ်နားလောက်မှာအလှု မဏ္ဍပ် လိုမျိုးယာယီအဆောက်အအုံလိုမျိုးဆောက်ထားပါတယ်။အဲ့ထဲမှာ အလှုပေးအမျှဝေပေးမယ့် ဘုန်းကြီးတွေရယ်အလှုရှင် ဆွေမျိုးပရိသတ်တွေရယ် ပွဲကိုလာကြတဲ့လူတွေရယ်နေပြီး အမျှပေးဝေမှာပါ။…….ည ၁၂ နာရီမထိုးခင် အစာကျွေးကြမှာပါ။အစာကျွေးပုံက…..ဖက်ရွက် လေးတွေပေါ်မှာ
ထမင်းနဲ့ အသား(အမဲသားများပါတယ်) ကိုနယ်ပြီးလုံးထားတဲ့ထမင်းလုံးလေးတွေ….တစ်ချို့ သက်သက်လွတ်စားသူတွေအတွက် ထမင်းနဲ့ငှက်ပျောသီးလေးတွေကို အုတ်ဂူတွေပေါ်မီးသဂြိုဟ် စက်အနား ပြီးတော့ သူတို့အတွက် (မကျွတ်မလွတ်သေးသောသူများ) သီးသန့် စည်းဝိုင်းလိုကြိုးတားထားပြီး
အထဲမှာခုံလေးတွေပေါ်မှာတင်ပြီး ကျွေးတာပါ။စည်းဝိုင်းလို ကြိုးတားထားတဲ့ အထဲမှာ သဲဖြူတွေခင်းထားပါတယ်။စားပြီးသောက်ပြီးရင်
အဲဒီ့ခင်းထားတဲ့ သဲဖြူတွေအပေါ်မှာ ခြေရာလေးတွေကျန်ခဲ့ပါတယ်။ခြေရာတွေက အကြီး အလတ် အငယ် ဆိုဒ်စုံပါတယ်။
အစာမကျွေးခင် အပေါ်မှာပြောခဲ့တဲ့ မဏ္ဍပ်ထဲမှဘုန်းကြီးတွေက
ည ၁၂ မထိုးခင် ၁၅ မိနစ်ခန့်အလိုမှာ သက်ဆိုင်ရာအဆင့်ဆင့်သော ပရလောကနှင့်ဆိုင်တဲ့ ပုဂ္ဂိုလ် များကိုဦးစွာဖိတ်ခေါ်ပါတယ်။နောက်…..ယခုသုသာန်အတွင်းရှိကြသော
မကျွတိမလွတ်သေးသူမှန်သမျှ ကိုဖတ်ခေါ်ပါတယ်။
ယခုကျွေးမွေးထားသော အစားအသောက်များကို လာရောက်သုံးဆောင်ကြပါလို့ ဖိတ်ခေါ်ပြီးတာနှင့် တစ်ပြိုင်နက်သုသာန်တစ်ခုလုံးမှာ ထွန်းထားတဲ့ မီးချောင်းများအားလုံးကို
ပိတ်ပြီးအမှောင်ချလိုက်ပါတော့တယ်။…….
ကြုံဖူး…ရောက်ဖူးတဲ့သူတွေခံစားဖူးမှာပါ။…မီးမှိတ်ထားတဲ့အချိန်မှာ သုသာန်တစ်ခုလုံး မှောင်ပိန်းနေပြီး တိတ်ဆိတ်သွားလို့ ဘာတွေများတွေ့ရမလဲ ဘာတွေ့များဖြစ်လာမလဲဆိုတဲ့ခံစားချက်က ပြောမပြတတ်အောင် စိတ်လှုပ်ရှား စရာပါ။
လူတွေရဲ့ တီးတိုးတီးတိုး စကားသံတွေ ညပိုးကောင်လေးတွေရဲ့ဆူညံသံမှအပ လုံးဝတိတ်ဆိတ်နေတာပါ။……..
(စကားချပ်- နောက်ပိုင်းနှစ်များတွင် ကိုယ်ချင်းစာစိတ်မရှိသောအပျော်ကြူ း ဆိုးသွမ်းလူတစ်ချို့က မီးပိတ်ထားချိန်ဗျောက်အိုးတွေဖောက်ကာ အနှောင့်အယှက်ပေးမှုကြောင့်အစာစားနေတဲ့ မကျွတ်မလွတ် သေးသူများအတွက်ထိတ်လန့်မှုများပေးသလို ကုသိုလိပြုလာရောက်ကြတဲ့စေတနာရှင်လူပရိသတ်တွေအတွက် စိတ်အနှောင့်အယှက်
လွန်စွာဖြစ်ရပါတယ်။နောက်နှစ်များမှစ၍ယခုအချိန်ထိ
ထိုသို့ ဗျောက်အိုးဖောက်ခြင်း နှောင့်ယှက်ခြင်းမပြုရန်တားမြစ်အမိန့်ထုတ်ထားသလို ယခုတိုင်နှောင့်ယှက်ပေးသူများရှိပါသေးသည်။ထိုသူများကို တွေ့ရှိ/ မိပါက ဦးဆောင်ပြုလုပ်ပေးသောဘုန်းကြီးများဆီအပ်၍ ဘုန်းကြီးများကထိုနှောင့်ယှက်သူများကို ကြိမ်ဒဏ် ပြစ်ဒဏ်များပေးလေ့ရှိသည်။
ထို့ကြောင့်ယခုတော့နှောင့်ယှက်သူများလျော့နည်းသွားပါပြီ)
မီးမှိတ်ထားချိန် ( ၁၅ မိနစ်ခန့် )ကြာသောအချိန်တွင်ပြန်လည်၍ သုသာန်တစ်ခုလုံးမှ မီးချောင်းများကိုဖွင့်လိုက်ပါသည်။ထိုအချိန်တွင် လူများအားလုံး မိမိတို့နှင့်နီးစပ်ရာ
အစာကျွေးထားသောနေရာများကို သွားရောက်ကြည့်ရှုကြပါသည်။တွေ့မြင်ရသည်များက အံ့သြဖို့ကောင်းသလိုမကျွတ်မလွတ် သေးသူများကို သနားစိတ်များဝင်လာမိပါသည်။ကျွေးထားသော ထမင်းလုံးလေးများမှာ သွားရာလေးများ
ကျန်ခဲ့ခြင်း ထမင်းစိလေးများပြန့်ကြဲနေခြင်း တို့တွေ့ရသလိုအပေါ်တွင်ပြောခဲ့သည့်အတိုင်း သဲဖြူများပေါ်တွင်ခြေရာဆိုဒ်စုံလေးများကို မြင်တွေ့ရပါသည်။
တစ်ချို့ ဆေးလိပ်ကြိုက်သော မကျွတ်မလွတ် သေးသူများအတွက် လာရောက်ကြသောလူများမှ ပါလာသောဆေးလိပ်များကို မီးညှိပေးပြီး ဖွာခိုင်း သောက်ခိုင်းကြသည်။
ဆေးလိပ်မီးမှာ လေမတိုက်ပဲ သူ့ဘာသာသူ မီးစမှာလူတစ်ယောက်သောက်နေသည့်အတိုင်း ရဲခနဲ..ရဲခနဲနေအောင်မြင်တွေ့ရသည်မှာလဲ အံ့သြဖွယ်ရာပင်။
လာရောက်ကြသောလူများမှာ မိမိတို့၏ကွယ်လွန်သွားသောဆွေမျိုး သူငယ်ချင်း အုတ်ဂူများကိုရှာဖွေကာ သွားရောက်၍စကားပြော မုန့်ကျွေး ဆေးလိပ်တိုက် စသည်တို့ပြုလုပ်နေသည်များကို ဟိုတစ်စု ဒီတစ်စုတွေ့မြင်ရလေသည်။
တစ်ချို့မှာလဲ မီးသဂြိုလ်စက်နားသွားရောက်ကာဆေးလိပ်တိုက်သူတိုက် ဖုန်းများဖြင့် မှတ်တမ်းတင်သူတင်ပြုလုပ်ကြလေသည်။တစ်ချို ု့မှာတော့ မြေဖုတ်ဘီလူး
ကိုစံဖဲ မဖဲဝါ စသည့် အရေးပါသော ပုဂ္ဂိုလ် များအတွက်သီးသန့်ပြုလုပ်ပေးထားသော နေရာများ ( ဝါးထရံအငယ်လေးများဖြင့် ခြံခတ်ပေးထားပြီး အထဲတွင် စားသောက်ဖွယ်ရာများကိုထည့်ကာကျွေးမွေးထားလေသည်။ ) သို့သွားရောက်ကြည့်ရှုကာ စူးစမ်းနေကြသည်။ ညသန်းခေါင်ရောက်သောအခါပွဲသို့လာရောက်ကြသောလူများပြန်ကြလေပြီ။
ထိုအချိန်တွင် ကားများ ဆိုင်ကယ်များမှာတိုးမပေါင်အောင်ကြပ်ညက်၍ စည်ကားနေလေသည်။
ပျော်စရာလဲကောင်းသလို သနားစရာလဲကောင်းသောကျွတ်လွတ်ပွဲအပြန် ခရီးပင်။ အခြား ဗရုတ်ကျသောလူငယ်အချို့နှင့် အနီးအနားရွာများတွင်နေထိုင်သောသူများသာ
ကျန်ခဲ့ပြီး သုသာန်အတွင်း ဆော့သူဆော့ အရက်မူး၍မထနိုင်ပဲအိပ်ပျော်သူနှင့် မနက်အလှုပေးအမျှဝေမည့်သူတစ်ချို့သာကျန်ခဲ့လေသည်။…..မနက် ၆ နာရီထိုးသောအခါ
တရားဟော အမျှဝေပေးမည့် ဆရာတော်ကြီးများကြွရောက်လာပြီး အလှုရှင်ဧည့်ပရိသတ်များဆွေတော်မျိုးတော်များစုံသည်နှင့် ဆရာတော်ကြီးများမှ မကျွတ်မလွတ်သူများကိုဖိတ်ကြားပြီး တရားဟောကာ အမျှပေးဝေလေသည်။
ဧည့်ပရိသတ်များမှ ကွယ်လွန်သူများ မကျွတ်မလွတ်သေးသူများ
ကိုရည်စူးပြီး လှုဒါန်းသော သင်္ကန်း….ပရိက္ခရာ ပရိ ၈ ပါးနှင့်တစ်ကွ လှုဖွယ်ပစ္စည်းများကို ဆရာတော်ကြီးများထံဆပ်ကပ်လှုဒါန်းကာ ရေစက်သွန်းချ အမျှပေးဝေလေသည်။
ဤသည်မှာ ကျနော်တို့ မန်းလေးမြို့ရှိ သုသာန်များတွင်ပြုလုပ် သော ကျွတ်လွတ်ပွဲပင်ဖြစ်လေသည်။
🌖🌖🌖🌖🌖🌗🌗🌗🌗🌗
(1) .
သူ့နာမည်က ဇာနည်…လူပုံစံက ပိန်ပိန်ပါးပါး အသားညိုညိုလက်ရဲ ဇာတ်ရဲရှိသလို တော်ရုံတန်ရုံလဲဘာကိုမျှမကြောက်တတ်ရပ်ကွက်ထဲ၌ လူမိုက်စာရင်းဝင် ခပ်မိုက်မိုက်နေတတ်သောသူတစ်ယောက်ဖြစ်လေသည်။အသက်က ၂၈ နှစ်ကျော်ကျော်
ဆိုတော့ လူလတ်ပိုင်းမကျ လူကြီးပိုင်းမကျအရွယ် …..
သူ့အပေါင်းအသင်းများက တစ်ရပ်ကွက်ထဲနေ လူမိုက်ပုံစံဖမ်းနေသော လူငယ်များနှင့် သူနှင့်အသက်
မတိမ်းမယိမ်း ခပ်ဆိုးဆိုးသူငယ်ချင်းများပင်ဖြစ်လေသည်။
ဇာနည်က ထိုအဖွဲ့၍ ခေါင်းဆောင်သဘောမျိုးဖြစ်နေသလိုကျန်သူများကလဲ ဇာနည်၏ ဇ နှင့် လက်ရဲဇာတ်ရဲရှိသောအကျင့်ကိုသိထားကြတော့ ဇာနည့်ကိုသာသူတို့အဖွဲ့၏
ခေါင်းဆောင်အဖြစ်တင်ထားကြလေသည်။ဇာနည်ဘာပြောပြောနားထောင် လက်ခံကြသလို အရေးကိစ္စတစ်ခုခုဖြစ်လာလျှင်လဲ ဇာနည်ကသာ ဦးဆောင်၍ဖြေရှင်းပေးလေသည်
ထို့ကြောင့် ဇာနည်တို့အဖွဲ့ကို ရပ်ကွက်ထဲရှိတော်ရုံ တန်ရုံမည်သူမျှ မထိရဲ မစရဲသလို အနီးအနားရှိ ရပ်ကွက်များမှလူငယ်များကလဲ ဇာနည်တို့အဖွဲ့ဆိုလျှင် ရှိန်ကြလေသည်။
(2)….
ဒီနေ့က သီတင်းကျွတ်လပြည့်နေ့မို့ မန်းလေးမှ လူအများစုပြင်ဦးလွင်သို့တက်ကာ လည်ကြပတ်ကြလေသည်။ဇာနည်တို့အဖွဲ့ကတော့ မန်းလေး မြို့တွင်းသာ လည်ပတ်ရင်း
ဘုရားကြီးသို့သွားရောက်ကာ ကုသိုလ်ပြုကြလေသည်။
မနက်ပိုင်းတစ်ပိုင်းလုံး မြို့အနှံ့လျှောက်လည်ကာ ညနေပိုင်းခဏသာ မိမိတို့၏ နေအိမ်များသို့ပြန်ကာ ရေမိုးချိုး ထမင်းစားပြီး
ညရောက်မည့်အချိန်ကိုသာစောင့်ဆိုင်းနေကြလေသည်။
သူတို့၏ ညပိုင်းအစီအစဉ်မှာ ကြာနီကန်သုသာန်သို့သွားပြီးကျွတ်လွတ်ပွဲမှာကဲကြမည်လေ….ပြီးရင်မန်လေးတောင်တက်ပြီးမိုးလင်းပေါက်နေကြမည်ဖြစ်လေသည်။
ဒီလိုနဲ့ ည ၇ နာရီလောက်ရောက်တော့ ဇာနည်တို့အဖွဲ့အားလုံးဇာနည့် အိမ်ရှေ့၌ စုမိကြပြီး ညလုံးပေါက်ကဲရန်အတွက်ရပ်ကွက်ထိပ်မှာရှိသော ကိုတရုတ်ကြီး၏ ယမကာဆိုင်လေးဆီသို့ ချီတက်ကြလေသည်။ စကားလေးပြောလိုက်သောက်လိုက်နှင့် တစ်လုံးပြီးတစ်လုံးကုန်လာသည့်အချိန်တွင်ဇာနည် တို့အားလုံးလဲ ရေချိန်ကိုက်လာကာ အာလေးလျှာလေးများပင်ဖြစ်လာပြီ။အချိန်မှာလဲ ည ၁ဝ နာရီခွဲခန့်ပင်ရှိလာသောကြောင့် ကျသင့်ငွေ ရှင်းကာ သူတို့၏ဦးတည်ချက်ဖြစ်သော ကြာနီကန် သုသာန်သို့ချီတက်လေသည်။
(3)…
ရေချိန်ကိုက်နေပြီဖြစ်သော ဇာနည်တို့အဖွဲ့သည် လမ်း၌မြင်တွေ့ရသမျှ လူတို့အား မထိတထိရန်စသွားလေ့ရှိသလိုပါးစပ်ထဲရှိပေါက်ကရသီချင်းများကိုလဲအော်ဟစ်ကာ
တစ်ယောက်တစ်ပေါက်ဆို၍သွားလေသည်။
ဒီလိုနှင့် ကြာနီကန်သုသာန်တို့ရောက်လာကြပြီးသူတို့ရောက်ချိန်တွင် အနည်းငယ်စောနေသေးသောကြောင့်သုသာန်အတွင်းသို့ လှည့်လည်၍ ကြည့်ရှုကာ စပ်စုကြလေသည်။
အစာကျွေးရန်ချပေးထားသော ထမင်းနှင့်အသားနယ်ထားသည့်
ထမင်းလုံးများ ရေခွက်များကို စားမည့်ဟန်ပြုရင်း တစ်ယောက်တစ်လှည့်စီ ဓာတ်ပုံရိုက်ကြသည်။
အသင့်ယူလာသော ဗျောက်အိုးများကိုလဲ လူများစုဝေးသည့်နေရာများနှင့် မလှမ်းမကမ်းတွင် သွားရောက်ချထားပြီးမသိချင်ယောင်ဆောင်နေကာ ရုတ်တရပ်ဗျောက်အိုးဖောက်သံကြားရသဖြင့် အထိတ်တလန့်ဖြစ်သွားသော လူများကိုကြည့်ကာခွက်ထိုးခွက်လန် ရယ်ကြလေသည်။ဒီလိုနှင့် ဆရာတော်များက
မကျွတ်မလွတ်သူများကို ဖိတ်ကြားကာ ကျွေးထားသောအစာများကို လာရောက်စားသုံးပါရန် ပြောပြီးသည်နှင့် သုသာန်အတွင်းရှိ မီးများအားလုံး ပိတ်သွားတော့သည်။
(4)…
၁၅ မိနစ်လောက်ကြာတော့ မီးများအားလုံး ပြန်လင်းလာကာ
လူများမှာလဲ သူတို့အာရုံနှင့်သူတို့ ဟိုသည်လျှောက်ကြည့်
နေကြသလို ဇာနည်တို့အဖွဲ့ကတော့ ထုံးစံအတိုင်းမည်သူ့ကို စ နောက်ရမလဲဟု လိုက်ရှာနေကြသည်။
ထိုအချိန်တွင် ဇာနည်တစ်ယောက် ဘာရယ်မဟုတ်ပဲမီးသဂြိုဟ် စက်ကြီးအနားသို့ သွားရောက်ချင်စိတ်ဖြစ်ပေါ်လာသည်၊ထို့ကြောင့် သူတစ်ယောက်ထဲ မီးသဂြိုဟ်စက်အနားသို့သွားရောက်ကာစိတ်ထဲမှလဲ မကျွတ်မလွတ်သူ တစ်ယောက်ယောက်ကိုစချင်နောက်ချင်စိတ်ပေါ်လာတာကြောင့် သူ့ဆီပါလာသော
ဆေးလိပ်ကိုမီးညှိကာ မီးသဂြိုဟ် စက်၏ တံခါးအပေါက်မှ
တဆင့်ထိုးထည့်ပေးပြီး မီးညှိပေးလိုက်လေသည်။
ပါးစပ်မှလဲ ” ဒီနေရာမှာရှိတဲ့မကျွတ်မလွတ်ပုဂ္ဂိုလ်ရေ ငါမင်းအတွက် ဆေးလိပ်လာတိုက်တာဟေ့ မင်းကြိုက်သလောက်သောက်စမ်းကွာ ” လို့ပြောပြီး ဆေးလိပ်ကိုကြည့်နရာ ဆေးလိပ်မှာ လေမတိုက်ပဲ လူတစ်ယောက်ဖွာနေသကဲ့သို့မီးစမှာ ရဲခနဲ ရဲခနဲ နင့် တစ်ဖြည်ဖြည်းကုန်သွားလေသည်။
နောက်ထပ်တစ်လိပ်ထပ်ညှိကာ သောက်ခိုင်းတော့လဲထိုနည်းအတိုင်းပင်။ ထိုအချိန်တွင် ဇာနည်တစ်ယောက်စကားသံများကြားရကာ သူ့ဘေးနားတွင် မီးရောင်များကို တွေ့လိုက်ရသောကြောင့် အနောက်သို့လှည့်ကြည့်လိုက်ရာ
သူ့သူငယ်ချင်းများနှင့် တစ်ခြားလူများက သူနှင့်ဆေးလိပ်မီးရဲခနဲ
ဖြစ်နေပုံကို ဓာတ်ပုံများ video များရိုက်နေကြခြင်းဖြစ်လေသည်။
ဇာနည့်စိတ်ထဲတွင်လဲ သူ့ကို ဓာတ်ပုံဝိုင်းရိုက်နေသောကြောင့်
မြောက်ကြွကြွဖြစ်သွားပြီး ပါးစပ်မှလဲ လူအထင်ကြီးအောင်
“အေး…ဒီလိုလိမ္မာမှပေါ့ကွ …….မင်းကိုငါ့အိမ်ရောက်မှ
ဆုချတဲ့အနေနဲ့ ထမင်းကျွေးမယ်ကွာ….ဟဲ…ဟဲ “လို့မူးမူးနှင့်
ပေါက်ကရပြောလိုက်တော့သည်။ သူ့အနားရှိလူများကဒီလိုမပြောကောင်ဘူးး မကြောက်ဘူးလားဟု မေးသောအခါ
ဇာနည်က ” အာ…..ဘာမပြောကောင်းရမှာလဲ…ဘယ်ကောင်မှ
မကြောက်ဘူး ဒီကောင်သတ္တိရှိရင်လိုက်ခဲ့စမ်းပါ…..ငါ့အကြောင်း
ကောင်းကောင်းသိသွားမှာပေါ့” လို့ပြန်ပြောလိုက်လေသည်။
သူ့သူငယ်ချင်းများကတော့ မကြောက်တတ်သော်လဲ
မျက်စိမျက်နှာများတော့ ပျက်နေလေပြီ……
(5)…
ဒီလိုနဲ့ ဇာနည်တို့ ကျွတ်လွတ်ပွဲမှအပြန် လမ်းတွင် အိမ်သို့မပြန်ချင်
ကြသေးသောကြောင့် ဘယ်ကိုထပ်သွားကြမလဲဟုတိုင်ပင်ကြတော့
ဇာနည်မှ မန်းလေးတောင်သို့ တက်ရန်ပြောလိုက်ရာ အားလုံးက
ထောက်ခံကြလေသည်။ထို့ကြောင့် သူတို့အဖွဲ့မှာ ဇာနည်၏
ဦးဆောင်မှုဖြင့် မန်းလေးတောင်သို့ တက်ခဲ့ကြတော့သည်။
တောင်ပေါ်သို့ရောက်သောအခါ ဘုရားလုံခြုံရေးများက ဘုရားပေါ်သို့ တက်ခွင့်မပြုတာကြောင့် အဆင်းလမ်းဘက်ရှိဇရပ်တစ်ခုတွင်ဆိုင်ကယ်များရပ်ကာ ခနနား၍ ရောက်တတ်ရာရာများပြောဆိုနေကြလေသည်။ထိုအချိန်တွင် ဘယ်ကမှန်းမသိသောခွေးအူသံများကြားရပြီး သူတို့အနားတွင် အပုပ်နံ့ကြီးထောင်းကနဲရလိုက်၍ အားလုံးကြက်သီးများပင်ထသွားကြသည်။
သူတို့အဖွဲ့ထဲမှ ချာတိတ်တစ်ယောက်ဖြစ်သော အာကာက
“ကိုဇာနည်….အပုပ်နံ့ကြီးရလိုက်တယ်မလား ပြီးတော့
ခွေးတွေကလဲမမြင်ရပဲ အူနေကြတာ…ကျနော်တော့ ကျောချမ်း
လာပြီ….ပြန်ရအောင်ဗျာ “ဟုပြောလိုက်တော့ တစ်ခြားသူများကလဲ
ထောက်ခံကြလေသည။် ဇာနည်က ……
” လခွမ်းမင်းတို့ကောင်တွေ ငါ့သူငယ်ချင်းတွေမဟုတ်ကြတဲ့အတိုင်းပဲ
အခုမှကြောက်နေလိုက်ကြတာ……အပုပ်နံ့ရတာက ဒီနားမှာ
အကောင် တစ်ကောင်ကောင်သေထားလို့ ပုပ်နေတာနေမှာပေါ့ဟ
ပြီးတော့ ညဘက်ပဲ ခွေးအူတာ ဆန်းသလားကွာ…သူတို့ဘာသာဘယ်နေရာကနေ အူအူပေါ့ သူတို့သဘာဝပဲဟကို…ဟား…ဟား….ဟား….” ခပ်ရွဲ့ရွဲ့ ပြောလိုက်ရင်း သူ့ဘာသာသူသဘောကျကာ ရယ်နေတော့သည်။ အားရအောင်ရယ်ပြီးမှ
“ကဲကဲ…..ငါ့ကောင်လေးတွေကြောက်နေရင်လဲပြန်ကြတာပေါ့”
လို့ပြောပြီး သူတို့အဖွဲ့လဲဆိုင်ကယ်များ စက်နှိုးကာတောင်အောက်ဆင်းခဲ့ကြလေသည်။
(6)…
မန်းလေးတောင်အဆင်းလမ်းအတိုင်းမောင်းလာတော့ သူတို့အဖွဲ့
နည်းတူ ကျွတ်လွတ်ပွဲမှပြန်လာကြသောဆိုင်ကယ်များကားများကိုတွေ့ကြရသည်။ဇာနည်တို့အဖွဲ့ သူတို့ရှေ့မှ လိုက်ထရပ်ကားတစ်စီးကို ကျော်တက်တော့ ကားနောက်တွင်ပါလာသောခပ်နောက်နောက်ကောင်လေးများက ” ဟေး…..ဟိုလူတွေ
ဆိုင်ကယ်ကိုသေချာမောင်းကြနော် …တော်ကြာ ခင်ဗျား
ဂုတ်ပေါ်မှာထိုင်လိုက်လာတဲ့သူ ပြုတ်ကျခဲ့လို့မသာပေါ်ပြီးမကျွတ်မလွတ်ဖြစ်သွားဦးမယ်…ဟား..ဟား…ဟားဟိုလူကလဲတော်တော်ဆော့တဲ့လူ ဂုတ်ပေါ်ထိုင်ပြီးလိုက်လာရတယ်လို့ ” ဟူ၍ ဇာနည့်ဆိုင်ကယ်ကိုကြည့်ရင်းအော်သွားလေသည်
ဇာနည်တို့ လဲ ထိုကောင်လေးတွေပြောလိုက်တော့ ရုတ်တရပ်
ကြောင်သွားကာ ဘာလို့မှန်းမသိ ကြက်သီးများပင်ထသွားသေးသည်။
မောင်းလာရင်း ရပ်ကွက်ထဲရောက်တော့ ဇာနည်တို့အားလုံး
အပြန်အလှန်နှုတ်ဆက်ကြကာ ကိုယ့်အိမ်ကို အသီးသီးပြန်ကြလေသည်။ ဇာနည်လဲ ဘာလို့မှန်းမသိတစ်လမ်းလုံးဇတ်ကြီးလေးကာအိပ်ချင်လာသောကြောင့် အိမ်သို့အမြန်ပြန်ရောက်အောင်ဆိုင်ကယ်ကို ဒုန်းဆိုင်းမောင်းတော့သည်။ သူပြန်လာသည့်အချိန်မှာမနက် ၃ နာရီကျော်ပင်ရှိသောကြောင့် ရပ်ကွက်ထဲရှိ
ညစျေးသိမ်းပြီးပြန်လာသော စျေးသည်မိန်းမကြီးများကိုပင်တိုက်မိမလိုဖြစ်တော့ ” ဟဲ့….ဟဲ့…ဒီကောင်လေးနှယ် တိုက်မိတော့မှာပဲ…ဖြေးဖြေး မောင်းပါဟဲ့…တော်ကြာ နင့်
ဂုတ်ပေါ်ကလူပါ ပြုတ်ကျနေမယ်….”
“ဟုတ်ပါ့တော် ဘယ်လိုဟာလေးတွေလဲမသိဘူး မူးရူးနေတာ
နေမှာပေါ့ ….ကြည့်ပါလား ဂုတ်ပေါ်ကနေထိုင်လိုက်လာရတယ်လို့”
မိန်းမကြီးနှစ်ယောက်၏အပြန်အလှန်ပြောဆိုသံကိုကြားလိုက်တော့
ဇာနည်တစ်ယောက် ကြက်သီးများသာမက ဆံပင်မွှေးများပါထောင်ကုန်သည်။
(8)…
ဇာနည်တစ်ယောက်သူ့အိမ်ရှေ့ရောက်တော့ ….
“ဟေ့ကောင် မင်းအိမ်ရောက်ပြီမလား ငါဗိုက်ဆာလာပြီ
ငါ့ကိုထမင်းကျွေးတော့ ” ဟုအသံသြသြကြီးကြားလိုက်ရ၍
ဇာနည်တစ်ယောက် သူ့အပေါ်သို့မော့ကြည့်လိုက်ရာ …..
” အားးးးးးးး ! ………………………” ဇာနည်တစ်ယောက်ဘာမှမသိတော့………………
(9)…
အော်သံကြားရ၍ ဇာနည့်အမေနိုးလာကာ အိမ်ရှေ့ထွက်ကြည့်
လိုက်တော့ သူ့သားဇာနည်တစ်ယောက် ခြံရှေ့တွင် တောင့်တောင့်ကြီးရပ်နေတာတွေ့လေသည်။
“ငါ့သား ပြန်လာပြီလား မိုးချုပ်လိုက်တာကွယ်…..
လာလာ မင်းအဖေမင်းကို ဒေါသအရမ်းထွက်နေတာသူအိပ်ပျော်သွားလို့ မင်းကံကောင်းတယ်” ဟုပြောရင်းခြံတံခါးဖွင့်ပေးကာ အိမ်ပေါ်ခေါ်ခဲ့လေသည်။
“ငါဗိုက်ဆာနေပြီ…ငါ့ကိုထမင်းကျွေးစမ်းအခု…..”လို့ဇာနည်
ပြောလိုက်၍ သူ့အမေက “ငါ့သားရယ် အမေ့ကိုဘယ်လိုပြောလိုက်တာလဲကွယ်….ဒီိအချိန်ကြီး ဘယ်လိုလုပ်ထမင်းကျန်တော့မှာလဲသားရယ် “လို့ ပြန်ပြောတော့
“ငါက နင့်ရဲ့သားမဟုတ်ဘူး….နင့်သားက ငါနေတဲ့နေရာကိုလာပြီး
ငါ့ကို သူ့အိမ်လိုက်ခဲ့ ထမင်းကျွေးမယ်ဆိုလို့ ငါလိုက်လာတာ”
ဟုပြောရင်း ဇာနည်တစ်ယောက် အ်ိမ်ပေါ်၌ ဝုန်းဒိုင်းကြဲတော့သည်။
ဇာနည့်အဖေလဲ ဆူညံသံများကြောင့်နိုးလာကာ ဘာဖြစ်နေတာလဲဟု သူ့မိန်းမကိုမေးလိုက်တော့ ဇာနည့်အမေက
“ယေက်ျားရေ….ရှင့်သားတစ်ခုခုဖြစ်လာပြီ….ပုံမှန်မဟုတ်တော့ဘူး
အပမှီလာတာထင်တယ် “လို့ကြောက်လန့်တစ်ကြားပြောလိုက်ရာ
ဇာနည့်အဖေက ဘေးအိမ်များကို အော်၍အကူညီတောင်းလေသည်။
ဇာနည်မှာ နောက်ဖေးသို့သွားကာ အိုးများခွက်များကို လှန်လှောရှာနေပြီး ဘာစားစရာမှ မတွေ့သောကြောင့် ရှုးရှုးရှဲရှဲဖြစ်ကာဝုန်းဒိုင်းကြဲနေတော့သည်။ ဘေးအ်ိမ်ရှိလူများလဲ
ဇာနည့်အဖေအေ်ာသံကြောင့်ရော ဆူညံသံများကြောင့်ရောနိုးလာ
ကြကာ ဇာနည်တို့အိမ်သို့ရောက်လာကြပြီး အကြောင်းစုံသိလိုက်ရသည်နှင့် ဇာနည့်အားဝိုင်း၍ချုပ်ထားပေးကြလေသည်။
ဇာနည်မှာ အားကောင်းမောင်းသန်ယေက်ျားကြီး ၃ … ၄ ယောက်ပင်မနည်းဝိုင်း၍ချုပ်ရလေသည်။ဇာနည့်အဖေမှာ ရပ်ကွက်ထဲရှိ
အထက်လမ်းဆရာကြီးတစ်ယောက်အိမ်သို့ အပြေးသွားကာပင့်ဖ်ိတ်ခဲ့တော့သည်။ ဆရာကြီးလဲ ဇာနည်တို့ အိမ်သို့ရောက်သောအခါ ဇာနည်ိ့ကိုကြည့်လိုက်တော့ လူများဝိုင်းချုပ်ထားသည့်ကြားမှအတင်းရုန်းကန်နေကာ မျက်ထောင့်နီကြီးနှင့် သူ့အားကြည့်၍နေလေ၏။ ဆရာကြီသည် ဘုရားကိုဦးစွာရှိခိုးဦးတိုက်ပြီးအထက်ဆရာကြီးများကိုတိုင်တည်ရင်း သစ္စာဆိုပြီးသည့်နောက်
ဇာနည့်ဘက်သို့လှည့်ကာ အထက်ပုဂ္ဂိုလ်ဆရာကြီးများ၏အကူအညီနှင့် ဇာနည့်အားချုပ်လိုက်လေသည်။
ထို့နောက်ဇာနည်အား ” ကဲ….ဤသူငယ်လေး၏ ခန္ဓာကိုယ်
အတွင်းမှာ ဝင်ပူးကပ်နေတဲ့ ပုဂ္ဂိုလ်.. ..ကျုပ်မေတ္တာရှေ့ထားပြီးမေးပါမယ်….သင်ကဘယ်သူလဲ….ဘယ်ကလဲ…ဘာလုိ့
ဤသူငယ်လေးကို ဝင်ရောက်နှောင့်ယှက်ရပါသလဲ “ဟုမေးလိုက်ရာ
ဇာနည့်ထံမှ ” ငါက…….”
“ငါလို့ မပြောပါနဲ့.. ..ကျုပ်ကိုရိုရိုသေသေပြောပါ…ကျပ်သင့်ကို
မေတ္တာထားပြီးပြောနေတာ အသားမနာချင်ရင် ကောင်းကောင်း
မွန်မွန်ပြော…ကျု ုပ်ကိုဘာမှတ်နေလဲ “လို့ဆရာကြီးကပြောလိုက်မှ
” ဟင်း……ကျုပ်နာမည်က အေးကို ကြာနီကန်သုသာန်မှာနေတယ်
ဒီကောင်က ကျုပ်နေတဲ့နေရာနားကိုလာပြီး ဆေးလ်ိပ်တိုက်တယ်
ပြီးတော့ ကျုပ်ကို သူ့အိမ်လိုက်ခဲ့ ထမင်းကျွေးမယ်ဆိုပြီးခေါ်လာလို့
လိုက်လာတာ…အိမ်ရောက်တော့ ဘာမှမကျွေးကြဘူး
ကျုပ်ဗိုက်တွေဆာနေပြီ အဲ့တာကြောင့် သောင်းကျန်း ရတာပဲ”
ဟူ၍ အကြောင်းစုံပြန်ပြောပြလိုက်ရာ ဘေးနားရှိလူများအားလုံး
အံ့သြထိတ်လန့်သွားကြလေသည်။ ထိုအခါဆရာကြီးက
“ကောင်းပါပြီ….အသင်စားချင်တဲ့ထမင်းကိုကျွေးပေးမယ်…
ဒါပေမယ့် အခုချိန်တော့မရသေးဘူး အရမ်းစောနေသေးတော့
ချက်ပြုတ်ဖို့အဆင်မပြေဘူး….မနက်လင်းတာနဲ့ သင့်အတွက်ထမင်းနဲ့အမဲသားကို သင်နေထိုင်တဲ့နေရာကိုလာပြီးကျေွးပါ့မယ်
ဒီသူငယ်လေးရဲ့ကိုယ်စားကျုပ်က ကြားထဲကတောင်းပန်ပါတယ်
အခုဒီသူငယ်လေးကို လွှတ်ပေးလိုက်ပါတော့နောက်ထပ်ပြီးလဲ
ဤသူငယ်အား အနှောင့်အယှက် မပေးရ “ဟုဆရာကြီးက
ပြောလိုက်သောအခါ ” ခင်ဗျားတို့ ကတိတည်ပါစေ “ဟုပြောရင်း
ဇာနည်တစ်ယောက် လဲကျသွားလေသည။်
ဇာနည်သတိပြန်ရလာတော့ သူ့ဘေးနားတွင်လူများ ဝိုင်းအုံနေသည်ကိုတွေ့လိုက်ရသောအခါ ဘာဖြစ်တာလဲလို့မေးတော့ သူ့အမေက
အကြောင်းစုံ ပြန်ပြောပြလိုက်ရာ ဇာနည်လဲ သူဘာမှမမှတ်မိ
လိုက်ကြောင်း သူမှတ်မိသည်က ကျွတ်လွတ်ပွဲမှအပြန် သူ့ဇတ်ကြီး
လေးနေ၍အိမ်သို့အမြန်ပြန်ခဲ့ရာ အိမ်ရှေ့အရောက်တွင်
စကားသံကြား၍ အပေါ်မေ့ာကြည့်လိုက်စဉ်……….
မျက်နှာကြီးတစ်ခုမှာ သွေးမရှိပဲ ဖြူရော်လျက် မျက်နှာသေကြီးနှင့်
သူ့အားစိုက်ကြည့်နေကြောင်း ခေါင်းကြီးသာပါ၍အောက်ပိုင်းကိုမတွေ့ရသောကြောင့် အကြောက်လွန်ကာသတိမေ့သွားခြင်းဖြစ်ကြောင်းပြန်ပြောပြလေသည်။
(10)…
မနက်လင်းတော့ ချက်ပြုတ်ပြီး ကတိပေးထားသည့်အတိုင်း
ဇာနည့်အဖေနှင့် အထက်လမ်းဆရာကြီးကိုယ်တိုင်ကြာနီကန်သုသာန်သို့သွားကာ ထမင်းနှင့်အမဲသားများကိုကျွေးမွေးကြလေသည်။
ဇာနည်တစ်ယောက် မှာတေ့ာအကြောက်လွန်ကာ ကြောက်ဖျား
ဖျား၍ ဆေးပင်ကုသလိုက်ရသည။် ရပ်ကွက်ထဲ၌လဲ
ဇာနည့်သတင်းမှာ ပြောမဆုံးပေါင်တောသုံးထောင် အဖြစ်
လူတိုင်းပါးစပ်ဖြား၌ရှိနေတော့သည။်…………….ထိုကိစ္စများဖြစ်ပြီးသည့်နောက် လူမိုက်ဇာနည်တစ်ယောက်အရင်လို ပါးစပ်မဖွာရဲတော့ဘဲ အပိုးကျိုးကာ နေသွားလေတော့သည်
#Crd