ခေါ်သံ(စ/ဆုံး)
————–
တိတ်ဆိတ်တဲ အ,ကာလ ညအချိန်။
ထိန်ထိန်လင်းနေတဲ့ လမင်းကြီးရဲ့အလင်းနှင့်အတူ
တုံခရွာကလေးမှာ
အိပ်မောကျနေခဲ့လေပြီ။
ဝူး……..အူး…..အူး
ခွေးတကောင်ရဲ့ဆွဲဆွဲငင်ငင်အူလိုက်သံကြီးက
တိတ်ဆိတ်ချိန်တွင်
ထွက်ပေါ်လာသဖြင့် ခြောက်ချားဖွယ်ကောင်းလှပေတော့သည်။
“နန်းမူရေ…နန်းမူ…လာလာ”
ရွာအလယ်ပိုင်းလောက်က အိမ်တစ်အိမ်တွင်း
အိပ်မောကျနေသော မိန်းကလေးမှာ
ငေါက်ခနဲ ထထိုင်လိုက်မိလေသည်။
သူမနားထဲတွင် သူမရဲ့အမည်ကိုတယောက်ယောက်က
ခေါ်လိုက်သည်ဟု ထင်မိလိုက်သောကြောင့်ပင်။
“စောနန်းမူရေ….”
“ဟင်….ဒါ..ဒါ…ငါကိုခေါ်နေတာပဲ”
ခါးအောက်ပိုင်းကစောင်ကိုခွာချလိုက်ကာ
အိပ်ယာမှအသာထရပ်လိုက်သည်။
သာနေတဲ့လရောင်ကြောင့် အိမ်အပြင်မှာလင်းထိန်နေပေမဲ့ …
ခပ်မှိုင်းမှိုင်းမြူ တစ်အုပ်ကာထားသလိုလို။
စောနန်းမူသည်
အိမ်ပေါ်မှအိမ်အောက်ကိုအသာဆင်းလိုက်သည်။
“ဘယ်သူလဲ”
သူမအသံကခပ်အုပ်အုပ်။
နဘေးမှာအိမ်တွေကလဲကပ်လျက်ရှိနေကြသည်မို့
ပတ်ဝန်းကျင်ကိုအနှောင့်အယှက်ပေးမိမည်စိုးသော
ကြောင့်ပင်။
သူမအသံကို တုန့်ပြန်သူမရှိ။
ရုတ်တရက်လေအေးတချက်က ဝေ့ခနဲတိုက်ခတ်လာပြီး
နန်းမူရဲ့ခန္ဓာကိုယ်လေးမှာ
ခပ်တောင့်တောင့်လေးဖြစ်သွားပြီး
လသာညရဲ့ရွာလမ်းအတိုင်းလျောက်ကာ
ရွာပြင်ထွက်သွားလေတော့သည်။
တလောကလုံးအိပ်မောကျနေချိန်မို့ ဘယ်သူမှမသိလိုက်။
………..
“ဟဲ့နန်းမူ မျက်နာလဲမကောင်းပါလား နေမကောင်းဘူးလား”
“ဟုတ်အရီးလေး ကိုယ်လက်တွေမအီမသာကြီးဖြစ်နေတယ်”
“မှန်းစမ်းနဖူး…..ကိုယ်လဲမပူပါဘူးဟဲ့
နေအုံးငါ့ဒီအကွက်လေးပြီးရင်စောစောပြန်ကြမယ်”
“ဟုတ်ကဲ့အရီး”
အရီးငွေခင်က နန်းမူနဘေးကပဲဘောင်ကို
မြေဆွပေါင်းနှုတ်ရင်း..
“နင့်မလဲ….အရီးလေးနဲ့အတူလာနေပါဆို
အဲ့အိမ်မှာပဲတယောက်ထဲနေနေတယ် ဖျားရေးနာတာကျ
တစ်ယောက်ထဲမကောင်းဘူးအေ့ ပြီးတော့နင်ကမိန်းကလေး”
“အဖွားခေါင်းချခဲ့တဲ့အိမ်ကလေးမို့ပါအရီးရယ်
ပြီးတော့အဲ့နားကအိမ်နီးခြင်းတွေကလဲ ကောင်းပေးကြပါတယ်ဆွေမျိုးလိုပါပဲ”
“အေးပါအေအေးပါ ညီးသဘောပါ ခဏလေး
ဒါလေးပြီးရင်အတူပြန်ကြမယ်”
“ဟုတ်ကဲ့”
နန်းမူအရီးလေးငွေခင်ကိုဘာမှထပ်မပြောတော့ပေ။
စိတ်ထဲမှာတော့
အလိုမကျမှု့တွေနှင့် လုပ်လက်စအလုပ်ကိုသာ
ဆက်လုပ်နေလိုက်သည်။
စောနန်းမူဆိုတာ တုံခရွာလေးရဲ့ကွမ်းတောင်ကိုင်
အလှလေးဖြစ်ပြီး
မိဘနှစ်ပါးမှာငယ်စဉ်တည်းကမရှိသဖြင့်
ဖွားအေဖြစ်သူနှင့်ကြီးပြင်းရသူလေးပါ။
…………
လောင်းလုံဒေသ။
တုံခရွာ။
ရွာအနေနဲ့သိပ်မကြီးမားလှသော်လည်း
ကချင်ပြည်နယ်တောင်တန်းဒေသရဲ့အအေးပိုင်းတနေရာတွင် ရှမ်းလူနည်းစုဒေသနေထိုင်သော
မုဆိုးရွာကလေးဆိုလျင်မမှားပေ။
အေးချမ်းသည် ။
နာမည်ကျော်ဆေးမြစ်ဥများ ပေါများသည်။
နန်းမူရဲ့အဖွားဒေါ်စောယုံမှာ မုဆိုးများထံမှ
ဆေးမြစ်များမှာယူကာ ကိုယ်တိုင်ဖော်စပ်ရောင်းချသူဖြစ်သည်။
တချို့ဆေးမြစ်များမှာလဲဖော်စပ်စရာမလို။
ရေဆေးနေလှမ်းထားယုံသာ။
မြေပြန့်ကလူတွေလာလာဝယ်ကြသည်။
ထိုဒေသတွင် ဒေသခံတိုင်းရင်းသားများ နေထိုင်တာ
များသော်လည်း
တုံခရွာသည် ရှမ်းလူမျိုးသာများသည်။
“နန်းမူရေ နန်းမူ”
“ရှိတယ်အရီးလေးဒီမှာ”
အိမ်ရှေ့တွင်အော်ခေါ်နေတဲ့အရီးလေးကို
နန်းမူက အိမ်သန့်ရှင်းရေးလုပ်ရင်း ပြန်အော်လိုက်သည်။
“ခဏဆင်းခဲ့စမ်းအေ…ဒီမှာနင့်အတွက်ဆေးပါလာတယ်ပြီးတော့ပြောစရာလဲရှိတယ်.”
နန်းမူတံမြက်စည်းကိုအသာဒေါင့်ချထားလိုက်ပြီး
အရီးလေးဆီဆင်းလာခဲ့သည်။
အိမ်သည် လူတစ်ရပ်လွတ်အိမ်လေးဖြစ်သည်။
“ဘာပြောစရာလဲအရီးလေးရဲ့”
“ငါပူတာအိုခဏဆင်းမလို့ နင်လိုက်ခဲ့ပါလား”
“မလိုက်ချင်ဘူးအရီးလေး နန်းမူနေသိပ်မကောင်းချင်ဘူး”
“အေးလေမလိုက်ချင်လဲသဘောပ အရင်အခေါက်တွေတုန်းကနင်အဖော်လိုင်ပေးနေကျမို့ခေါ်တာပါ
မနေ့ကနင့်မောင်ဖိုးလုံးတောကပြန်လာတယ်
ဆတ်သားခြောက်တွေပါလာလို့သွားရောင်းမှာ”
“သြော်….ဟုတ်ကဲ့အရီးလေး ဖိုးလုံးကိုပြောလိုက်ပါအုံးနန်းမူဆီလာပါအုံးလို့”
“အေးအေးငါသွားမယ် မနက်အစောထသွားရမှာမို့
ဟုတ်ကဲ့အရီးလေး”
အရီးလေးမှာဆေးထုပ်လေးပေးပြီး
ခပ်သုတ်သုတ်ပြန်ထွက်သွားသည်။
နန်းမူအိမ်ပေါ်ပြန်တက်လာပြီး ဆေးထုပ်လေးဖောက်ပြီး
ရေနွေးနှင့်ကျိုက်ချလိုက်သည်။
မြန်မာဆေးမို့အစာမရှိမှာလဲမပူရ။
ဆေးသောက်ပြီး အနည်းငယ်နေသာသလိုရှိလာသည်။
ခုတလောသူမသိပ်နေမကောင်း ။
ဘာဖြစ်သည်ဟုလဲအတိအကျမသိ ။
ဖျားချင်တာမဟုတ်သည်ကတော့စိတ်ကအလိုလိုသိသည်။
………..
အုဝူး….ဝူး……
ခွေးတအုပ်ရဲ့ ဆွဲဆွဲငင်ငင်အူလိုက်သံက
ကြားရတဲ့သူအဖို့
ကျောချမ်းချင်စရာ။
အချိန်ကား
သန်းခေါင်ယံခန့်
တုံခရွာလမ်းမတလျောက် လူသူမရှိတော့တဲ့အချိန်။
ရွာပြင်မှဝင်လာတဲ့ဖြူ ဖြူ အရိပ်ကြီးတစ်ခုသည်
ရွာလယ်ပိုင်းက စောနန်းမူအိမ်ရှေ့အရောက်တွင်
လှမ်းလက်စခြေလှမ်းတွေရပ်တန့်ပစ်လိုက်ပြီးနောက်
အိမ်တွင်းစိုက်ကြည့်ကာ..
“စော…နန်း….မူ….လာတော့”
ဟုတခွန်းချင်းခေါ်လိုက်ရာ
အိမ်ပေါ်မှာအိပ်ပျော်နေသော စောနန်းမူမှာ
ဆက်ခနဲထရပ်လိုက်ပြီး
အိမ်အောက်ဆင်းလာကာ ထိုအရိပ်ကြီးနောက်
ရွာပြင်သို့လိုက်ပါသွားလေတော့သည်။
……
နောင်…ဗေ..နောင်..နောင်…ဗေဗေ..
တုံခရွာလေးမှာဒီနေ့ မနက်ဖန်တန်ဆောင်တိုင်ညအတွက် ကြိုတင်ပြင်ဆင်နေကြသည်။
မိန်းကလေးများက ရိုးရာအကဖြင့်က,ကြမည်ဖြစ်ပြီး
ကာလသားများကတော့ အိုးစည်ဗုံမောင်းများဖြင့်
တီးမှုတ်ကြသည်မှာ နှစ်စဉ်တန်ဆောင်မုန်းလပြည့်ညတိုင်းဖြစ်သည်။
တုံခရွာတွင် တစ်နှစ်ပတ်လုံးဘာပွဲလမ်းသဘင်မှမလုပ်
ကြပဲ
နတ်တော်လဆန်းတစ်ရက်နေ့ ရှမ်းနှစ်သစ်ကူးနေ့ရယ်
တန်ဆောင်တိုင်ပွဲတော်ညရယ်သာ
ပျော်ရွှင်ပွဲရှိသဖြင့်
ရွာလုံးကျွတ် ဆင်နွဲလေ့ရှိသည်။
“လာကြဟေး….ငါတို့ရွာရဲ့အလှဆုံးကွမ်းတောင်ကိုင်
ကိုသွားခေါ်ကြမယ်”
“အေးသွားကြမယ်ဟေ့ ဒီလ်ုရက်မှာမှဘာလို့ နန်းမူအစောမလာရသလဲမသိတော့ဘူး”
မိန်းကလေးနှစ်ယောက်သုံးယောက်သည်
အက,တိုက်နေရာမှ ထွက်ကာ နန်းမူရဲ့အိမ်ဘက်
ထွက်ခဲ့ကြလေသည်။
“နန်းမူရေ…ဟေးနန်းမူ….ရှိလား…”
“အေ…ငါရှိတယ်ခဏလေးငါအဝတ်လဲလိုက်အုံးမယ်”
“အေး…အမြန်လုပ်ဟေ့ ဟိုမှာလူစူံနေပြီ”
“အေးပါဟယ်….”
စောနန်းမူသည် အဝတ်ကိုအမြန်လဲဝတ်လိုက်ကာ
အိမ်ပေါ်ကဆင်းပြေးခဲ့သည်။
“လှလိုက်တာနန်းမူရယ်”
သူငယ်ချင်းတစ်ယောက်ကချီးကျူ းလိုက်သည်။
“နင်တို့လဲလှပါတယ်နော်”
“နင့်ကိုတော့မမှီဘူးပေါ့ဟာ..ဟယ်ဒါနဲ့နန်းမူ”
“ဘာလဲဟ..”
“နင့်နဖူးကဝက်ခြံကြီးလား”
နန်းမူကနှဖူးကိုစမ်းလိုက်သည်။
ပြီးမှ…
“ငါစောနကရေချိုးတုန်းကဆပ်ပြာတိုက်ရင်းစမ်းမိတယ်
ဟုတ်တယ်အဖူးလေးဖြစ်နေတယ် နာတယ်ဟ”
“အေးပ…ဝက်ခြံပဲဖြစ်ရမယ်….လာလာသွားကြစို့”
တစ်ယောက်တစ်ပေါက်ပြောဆိုကြရင်း
ရွာအရှေ့ပိုင်းဘက်ထွက်လာခဲ့ကြသည်။
တုံခရွာလေးသည် အိမ်ခြေတစ်ကြောင်းထဲသာရှိပြီး
လမ်းလဲတစ်လမ်းထဲရှိသည်။
နန်းမူအိမ်သည်ရွာလယ်တွင်ရှိပြီး
ယခုအက,တိုက်ရာ လူပျိုခေါင်းအိမ်က ရွာအရှေ့ပိုင်းတွင်ရှိသည်။
လမင်းကြီးကထိန်ထိန်သာနေပါသည်။
တရွာလုံး တီးသံမှုတ်သံတွေဖြင့် ဆူညံနေတော့သည်။
အက,တိုက်နေသောနေရာကို မီးပူံများဖြင့်
ပတ်ဝိုင်းထားသည်။
တန်ဆောင်းမုန်းလသည်မြေပြန့်တွင်သိပ်မအေးသေး
သော်လည်း ကချင်ပြည်နယ် အထက်ပိုင်း
တောင်တန်းတနေရာမို့ အချမ်းပိုလှပေတော့သည်။
ဟေး…ဟေး…ချပ်…..ဂျမ်း…..တုံ…တုံ
ကာလသားများက မီးပုံအပြင်ကနေတီးသည်။
မိန်းမပျိုလေးများက မီးပုံလေးငါးပုံအလယ်တွင်
ကခုန်ကြသည်။
လူကြီးအချို့ကမူ ကပွဲကွက်လပ်ရဲ့ခပ်လှမ်းလှမ်းကနေ
ထိုင်ခူံလေးများချထိုင်၍ကြည့်နေကြသည်။
ညကား….သန်းခေါင်ယံကိုရောက်လုပြီ။
နန်းမူရဲ့မောင်ဝမ်းကွဲဖိုးလုံးသည်…..
ဗုံရှည်ကိုတီးနေရင်း နန်းမူကိုအမှတ်တမဲ့ငေးကြည့်မိစဉ်
“ဟာ….”
တုံ……ဂလုံ….
လက်ထဲမှဗုံရှည်ကိုလွှတ်ချမိလေသည်။
“ဟာ….ဖိုးလုံးဘာဖြစ်တာလဲဟ”
ဖိုးလုံးနန်းမူကိုကြည့်လိုက်ပြန်သည်။
ကနေကြသောမိန်းကလေးများသူ့ကိုဝိုင်းကြည့်နေသဖြင့်
ဗုံရှည်ကိုပြန်ကောက်ကိုင်ကာ..
“ဘာ…ဘာမှမဖြစ်ပါဘူး”
ဟု ဟန်မပျက်ပြောလိုက်သည်။
“အေး….မဖြစ်ရင်လဲသတိထားကွာ…ဒီရိုးရာဗုံရှည်ဆိုတာ မလဲကျကောင်းဘူးကွ နိမိတ်မကောင်းဖြစ်တတ်တယ် ခုကအစမ်းတိုက်တာမို့တော်သေးတယ်
သေချာလုပ်”
“ဟုတ်…..ဟုတ်ကဲ့….”
ဖိုးလုံးမှာထိန်းပြောနေသေယ်လည်း အသံတွေတုန်နေတာသူ့ဖာသာအသိဆုံး။
နန်းမူကိုမကြာခဏကြည့်နေမိသည်။
ထူးခြားမူကားထပ်ပေါ်မလာတော့။
စောစောကငါသေချာတွေ့လိုက်တာပါ။
သူ့စိတ်ထဲမကျေမနပ်တွေးရင်း ဗုံရှည်ကိုတီးရသည်မှာ
စိတ်မပါတော့ပါ။
“ကဲကဲ….ညနက်ပြီဝိုင်းသိမ်းကြမယ် မနက်ဖန်နေ့လယ်ထပ်တိုက်မယ် လိုအပ်တာပြင်ဆင်ကြမယ်
စောစောလာကြပါ”
လူပျိုခေါင်းစကားကိုအားလုံးနာခံကာအိမ်အသီးသီးပြန်သွားကြတော့သည်။
“အမ”
“ဟင်…”
“နင်နေကောင်းရဲ့လား”
“အေးဟာ ငါခုတလောနေရတာတမျိုးကြီးပဲ
ဒါပေမဲ့ခုနက အက,တိုက်ရတာကြောင့်ထင်တယ်
နေပြန်ကောင်းသွားပါပြီ”
“ကိုယ့်ကိုကိုယ်ဂရုစိုက်အမ နင်ကတယောက်ထဲနေရတာ”
“အမလေးဖိုးလုံးရယ် နင့်အမ ကလေးပိစိလေးမဟုတ်တော့ပါဘူးဟ အသက်သုံးဆယ်ပြည့်တော့မယ်”
“အေးပါ..ငါသိတယ်ဒါပေမဲ့ မိန်းကလေးဆိုတာ
ဘယ်အရွယ်ရှိရှိကိုယ့်ကိုကိုယ်မစောင့်ရှောက်နိုင်လို့ငါစိတ်ပူတာ”
“ကဲဖိုးလုံးငါ့အိမ်လဲရောက်ပြီ မနက်မှထပ်တွေ့မယ်
ပြန်တော့”
“အင်း…..အိမ်တံခါးတွေလူံအောင်ပိတ်အုံးအမ.
“အေးပါစိတ်ချ…”
ဂလောက်
နန်းမူသည် အိမ်ဝင်းတံခါးကိုဖွင့်ကာ
အိမ်ထဲဝင်သွားလေသည်။
အိမ်ပြန်လာရင်းဖိုးလုံးစဉ်းစားသည်။
သူစောစောကတွေ့ရတာသူမျက်စိမမှားတာသူအသိဆုံး
မုဆိုးဖိုးလုံးဆိုတဲ့သူသည် တုံခရွာတွင်အတော်ဆုံး
မုဆိုးတစ်ယောက်ဖြစ်သည်။
သန်မာသည် ဖျတ်လတ်သည်။
အထူးသဖြင့်သူ့ရဲ့မျက်လုံးများကပိုထူးခြားသည်။
အသက်အားဖြင့်နှစ်ဆယ့်ခွန်အရွယ်မုဆိုး။
တောတွင်းအတွေ့အကြုံကရင့်နေသလို
ပုန်းနေတဲ့သားကောင်ကို အလွှတ်မပေးတတ်တဲ့မျက်လုံး
ဒီမျက်လုံးနဲ့မြင်ခဲ့ရတာက မမှားနိုင်ဟု
ဆုံးဖြတ်ပြီးတဲ့နောက်တော့…
သူ့ခြေလှမ်းတွေကို နောက်ကြောင်းသို့ပြန်လှည့်ခဲ့လေတော့သည်။
……….
တစ်ရွာလုံးမောမောနဲ့အိပ်မောကျနေချိန်
အူး….ဝူး…ဝူး…..အူး..အူး…
ခွေးများကဆူညံစွာအူကြလေသည်။
အိပ်ယာပေါ်နှစ်ခြိုက်စွာအိပ်ပျော်နေတဲ့နန်းမူမှာ
ငေါက်ခနဲထထိုင်လိုက်ကာ အိမ်အောက်ဆင်းလာခဲ့တော့သည်။
ခြံဝင်းတံခါးကိုဖွင့်သည် အပြင်ထွက်သည်။
ရွာလမ်းရဲ့အနောက်ဘက် လှမ်းကြည့်လိုက်သည်။
သာနေတဲ့လရောင်အောက် ဖြူ ဖြူ အရိပ်ကြီးတရိပ်ကို
မြင်ရသဖြင့် ရပ်စောင့်နေလိုက်သည်။
အနားရောက်လာသောအခါ….
ထိုသူကလက်ကမ်းပေးသဖြင့် နန်းမူသူ့လက်ကိုဆုပ်
ကိုင်လိုက်သည်။
ထို့နောက် ထိုလူခေါ်ရာရွာအနောက်ဘက်
လိုက်ပါသွားလေတော့သည်။
ဝှစ်…….ဒုတ်……
“ဂါး……အီး…..”
ဘယ်ကနေပေါ်ထွက်လာမှနိးမသိရ။
မှုတ်ပြောင်းမှထွက်တတ်သောအသေးစားမျှားတံလေးသည် ထိုဖြူ ဖြူ ကြီးရဲ့ကျောပြင်ကိုစိုက်မိသွားရာ
နာကျင်စွာအော်ဟစ်ပြီး နန်းမူကိုစွေ့ကနဲပွေ့ချီကာ
လမ်းမတလျောက်
ပြေးထွက်သွားတော့သည် ။
မြန်လှပေစွ။
လရောင်အောက်တွင် လွှားခနဲ လွှားခနဲ။
“ထကြပါဗျို့ လိုက်ကြပါ ဟိုမှာအမကို ဖမ်းသွားပြီ”
“ဟဲ့ဟဲ့ဘာသံတုံး”
ဝုန်း…..ဒုန်း….
လူအများလန့်နိုးလာကြပြီး အိမ်ရှေ့ပြေးထွက်လာကြသည်။
“ဟာဖိုးလုံးမင်းမပြန်သေးဘူးလား”
“အမကို ဖြူ ဖြူ ကောင်ကြီးဖမ်းသွားပြီဗျ လုပ်ကြပါအုံး”
“ဘာဖြူ ဖြူ ကောင်လဲဟ လူဆိုရင်လဲလူပေါ့.”
“မဟုတ်ဘူးလူမဟုတ်နိုင်ဘူး ”
“လူမဟုတ်ရင်ဘာလဲ”
“အာ…..အဲ့ဒါတွေနောက်မှမေးခုအမနောက်လိုက်ကြမယ်”
“အေးအေးတုတ်ဓားတူမီးတွေအမြန်ယူကြဟေ့”
လူကြီးပိုင်းတချို့နဲ့ကာလသားများ
ရွာနောက်ပိုင်းဘက်အမြန်ပြေးလိုက်ကြလေသည်။
ရွာပြင်သည်တိတ်ဆိတ်နေသည်။
ဘာမှမရှိ။
“ဟော..ဟဲဟောဟ ဲဘယ်မလဲဖိုးလုံး ဘာမှလဲမရှိ”
ဖိုးလုံးမှာ…တောက်တချက်ပြင်းပြင်းခေါက်လိုက်သည်။
ထို့နောက်တွင် လရောင်ဖြင့်မြေပြင်ပေါ်တွင်
အစင်းရာကြီးတစ်ခုကိုတွေ့ရလေသည်။
“ဒီမှာတွေလား ဒါစွတ်ဖားရာပဲ”
“ဘယ်မလြဲပစမ်းပါအုံး”
“ဟေ့…ဟုတ်တယ်ကွဒါစွပ်ဖားရာပဲ”
တုံခရွာသည် နှင်းအလွန်ကျသဖြင့် မြေပြင်ပေါ်တွင်
နှင်းပြင်ပေါ်ကနေလောလောလတ်လတ် စွပ်ဖားရာကြီးကိုတွေ့ရလေသည်။
ဖိုးလုံးကျမြပြင်ပေါ်ဒူးထောက်ချလိုက်သည်။
“ဟော့ဒီမှာကြည့်ကြဒါဟာ မြေခွေးခြေရာတွေဒီခြေရာတွေကိုကြည့်ခြင်းအားဖြင့် ခွေးတွေဟာ တစ်မိုးခိုင်းနွား
နီးနီးရှိရမယ် ပြီးတော့
မြေခွေးရှစ်ကောင်ရှိတယ် စွပ်ဖားကို ခွေးတဖက်လေးကောင်ကဆွဲသွားတာပဲ”
“ခုဘာဆက်လုပ်ကြမလဲမောင်ဖိုးလုံး”
အသက်အနည်းငယ်ကြီးသောလူကြီးကမေးသည်။
“ဘာဆက်လုပ်ရမလဲ ပါသွားတာကျပ်အမဗျ
ညတွင်းချင်းလိုက်ကြမယ် တောနင်းရှာမယ်”
“ဟေ့ကောင်လေးဖိုးလုံးစဉ်းစားပြောအုံး
ငါတို့ရွာသားအကုန်စုမှသန်သန်မာမာယောက်ျား
နှစ်ဆယ်ကျော်ပဲရှိမှာ တောနင်းဖို့ညကြီးအဆင်မပြေဘူး
မနက်မှလိုက်ကြမယ် ပွဲပျက်ချင်ပျက်ပစေ”
“အိုဗျာမနက်ထိမစောင့်နိုင်ဘူး ကျုပ်အမအန္တရာယ်ရှိတယ်ဟော့ဒီစွပ်ကြောင်းဟာ နှင်းတွေထပ်ကျလာရင်
မနက်ကျ အကုန်လက်စပျောက်သွားလိမ့်မယ်
ခုလိုက်ချင်တယ်”
“ကိုင်းကွာ ဒီလောက်မှပြောမရလိုက်ကြ”
“ဟိုးကဘယ်သူ့အိမ်လဲဟေ့”
“ဦ လထန်ခေါင်တို့အိမ်ပဲ”
ရွာလူကြီးက ရွာအစွန်ဆုံးကအိမ်ကို အမြန်ပြေးသွားသည်။
ရွာသားတွေလဲလိုက်သွားကြသည်။
“ဗျို့ဦ လထန်ခေါင်”
“ဘာလဲဗျ”
ဦ လထန်ခေါင်မှာ ကချင်တိုင်းရင်းသားဖြစ်သောကြောင့်
ဘယ်မှမသွားပဲအိပ်နေခြင်းပင်။
“ကျုပ်တို့ ညကြီးတောနင်းစရာအကြောင်းပေါ်လာလို့
မီးတုတ်လိုချင်တယ်မုဆိုးကြီး”
ဦ လထန်ခေါင်လူအုပ်ကိုကြည့်သည်။
ခေါင်းကိုဆက်ခနဲညိတ်သည်။
“ရစေရမယ် ”
သူ့ခြံတံခါးကိုဖွင့်ပေးရာ ရွာသားများကိုဝါးလုံးပေးသည်။
စောင်အစုတ်တစ်ထည်ကိုပေးသည်။
ရေနံဆီပေးသည်။
ရွာသားများသည် မီးတုတ်ကိုအမြန်လုပ်ကြရလေသည်.။
ဖိုးလုံးကလောနေသည်မဟုတ်လား။
ဘုရားဘုရားအမဘာမှမဖြစ်ပါစေနဲ့။
“ဖိုးလုံးမင်းမြင်ရတဲ့အရာကိုငါ့သေချာပြောပြစမ်း”
တယောက်တပေါက်စကားများကြောင့်
ဦ လထန်ခေါင်ကဖိုးလုံးကိုမေးသဖြင့် ဖိုးလုံးကသူမြင်ရတာကိုပြောပြလေသည်။
ဦ လထန်ခေါင်စဉ်းစားသည်။
“ငါ့ရဲ့မုဆိုးသက်တမ်းအတွေ့အကြုံအရတော့
မင်းအမအခြေအနေသိပ်မကောင်းဘူးကောင်လေး
သူ့ပုံရိပ်ကိုမီးခိုးအငွေ့မှာမင်းမြင်လိုက်ရတာက
အကေါင်ကြီးတကေါင်ရဲ့ရဲ့ပုံရိပ်အမှန်ဆိုရင် မင်းအမကိုသူခေါ်သွားတာကခုပထမဆုံးအကြိမ်မဟုတ်လောက်ဘူး သေချာတယ်သူဆေးခပ်ခံရလောက်ပြီးပြီ”
“မုဆိုးကြီးဘာကိုပြောချင်တာလဲ
ကျပ်မြင်ရတာက တော်တော်ထူးဆန်းတယ်
အရိပ်ကြီးဟာ နားရွက်ကြီးတွေရှည်ထွက်နေတယ်.”
“ငါကြားဘူးတာတစ်ခုရှိတယ်ကောင်လေး ဒီခါကာဘိုရာဇီတောင်တန်းရဲ့ထိပ်မှာ အလွန်ကြောက်စရာကောင်းတဲ့
မြေခွေးမိစ္ဆာဆိုတာရှိသတဲ့ သူဟာ အစကတော့
လူသားပဲ အစွမ်းထက်ကျင့်စဉ်ကျင့်ရင်း လမ်းမှားပြီး
ခေါင်းပိုင်းကခွေးဖြစ်သွားတယ် လို့ငါ့အဘပြောဖူးတယ်
ငါငယ်စဉ်ကအမဲလိုက်ရင် အဲ့တောင်တန်းဘက်ကို
ရှောင်ခဲ့တယ် မင်းအမကိုဘာလို့ဖမ်းသလဲငါမသိဘူး
သတိတော့ထားကြ”
“စိတ်ချအဘ ခုလိုပြောပြတာကျေးဇူးပါပဲ ကဲဟေ့
လူငယ်တွေအကုန်လိုက်ခဲ့.”
မီးတုတ်လဲပီးပြီမို့ဖိုးလုံးကလောဆော်လိုက်သည်။
ဦ လထန်ခေါင်ဆီကတူမီးကိုငှါးလာခဲ့လေသည်။
သူ့တွင်မှုတ်ပြောင်းသာပါသည်မဟုတ်လား။
“ခဏနေကြအုံး”
“ဘာကိစ္စ လဲမုဆိုးဟောင်းကြီး.”
“ရော့ဒီဟာလေးယူသွားဖိုးလုံး ဒါငါ့ကိုတိဗက်ဘုန်းကြီး
တစ်ပါးကလက်ဆောင် အဖွဲ့လုပ်ပေးထားတာ
မိစ္ဆာ တွေကိုနိုင်တယ်လို့ပြောတယ်
ငါကအဲ့ဒါတွေသိပ်အယုံကြည်မရှိပေမဲ့.
ဘုန်းတော်ကြီးရဲ့စေတနာကို တန်ဖိုးထားလို့သိမ်းထားခဲ့တာ
ခုငါကအမဲမလိုက်တော့ဘူးဆိုတော့ မင်းကိုပေးမယ်’
လက်မောင်းမှာစည်းပေးလေသည်။
“ကျေးဇူးပါ မုဆိုးဟောင်းကြီး အားလုံးသွားကြမယ်ဟေ့”
……..
“အား….လွှတ်…လွှတ်…”
နန်းမူမှာအသိဝင်လာပြီးရုန်းသည်။
မရပါ။
သူ့ခြေလက်များကိုကြိုးတုတ်ထားပြီး ကျေါက်ဂူတစ်ခုထဲ
တွင် လှောင်ထားသည်။
သူ့ရှေ့တွင်သူ့ကိုကျောပေးရပ်နေသော လူကြီးတစ်ဦ။
ခေါင်းကနေခြေဖျားထိရှည်သော အဝတ်ဖြူ စကြီးကို
ဝတ်ဆင်ထားသည်။
“ရှင်ဘယ်သူလဲ…ကျမကိုဘာလို့ဖမ်းထားရတာလဲ
ခုလွတ်ပေး”
လှည့်ပင်မကြည့်။
“ဟေးလူရှင့်ခုလွတ်ပေးမလားမပေးဘူးလား
ကျမမောင်ကသိပ်တော်တဲ့မုဆိုးကြီးပဲရှင့်ကိုလာသတ်လိမ့်မယ်”
ထိုအခါတွင် ကျောပေးနေသောလူကြီးမှာ
သူဘက်လှည့်လာပါသည်။
“အမလေး…”
နန်းမူမှာအော်ဟစ်ရင်းသတိမေ့သွားတော့သည်။
……..
တန်ဆောင်မုန်းလပြည့်ည
တောင်တန်းထိပ်ကမြေကွက်လပ်တွင်
မီးပုံတစ်ခုရှိသည်။
ဆေးအင်တုံတစ်လုံးရှိသည်။
ကျောက်ခုံးကြီးတစ်ခုံရှိသည်။
ထိုကျောက်ကုတင်ကြီးပေါ်တင် နန်းမူကိုချထားသည်။
ခြေလက်များကိုကြိုးတုပ်ထားပြီး
အဝတ်များကမူမရှိတော့ပေ။
ခါးနားတွင် အဝတ်စတစ်စလွှမ်းပေးထားသည်။
သူမသည် သတိမေ့နေဆဲပင်။
မနေ့ကသတိမေ့ပြီးသတိပြန်လည်လာသေးသည်။
သူမမှတ်မိလိုက်သည်က..
သူမသတိလည်လာလာချင်း ထိုမြေခွေးခေါင်းကြီးနှင့်
မိစ္ဆာ ကြီးက ချွဲပျစ်ပျစ်ညှီစ်ု့စို့အရည်များကို
ပါးစပ်တွင်းလောင်းထည့်လိုက်သဖြင့်
ပြန်မိန်းမောသွားရခြင်းသာ။
မိစွာ ကောင်ကြီးမှာနှာခေါင်းကြီးရှည်နေပြီး
နားရွက်များမှာလဲအပေါ်ရှည်ပြီးထောင်တက်နေသည်
ကြောက်စရာကောင်းလှသည်။
လမင်းကြီးကထိန်ထိန်သာနေလေသည်။
ဝတ်ရုံဖြူ ကြီးသည်
ကောင်းကင်ပေါ်ကိုကြည့်ရင်း မီးဖိုထဲဆေးမှုန့်များဖြူ း
ချကာ ပါးစပ်ကတတွတ်တွတ်မန်းမှုတ်နေသည်။
လကားအတန်မြင့်မားလာသည်။
ထိုအချိနိတွင်
နန်းမူလဲသတိရလာလေပြီ။
သူမသတိရရခြင်းသူမခန္ဓာကိုယ်ကိုအရင်သတိထားမိသည်။
အဝတ်ဗလာဖြစ်နေတာသိသည်နှင့်အော်ဟစ်လေတော့သည်။
“အိုး..အဝတ်တွေဘာလို့ချွတ်ထားရတာလဲ
ခုလွှတ်ပေး မိစွာ ကောင်ကြီး အီးဟီးဟီး”
မိစ္ဆာကောင်မှာသူမကိုမကြည့်။
လုပ်စရာကိုလုပ်မြဲတိုင်းသာလုပ်ဆောင်နေသည်။
ခဏအကြာတွင် မီးပူံထဲထည့်နေတဲ့ဆေးမှုန့်ကိုရပ်တန့်ကာ နန်းမူအနီးလာရပ်သည်။
“မကောင်းတဲ့မိစ္ဆာ ကျမကိုသတ်ပစ်လိုက်”
ရှက်လွန်းသဖြင့်ငိုယိုဆဲဆိုနေတော့သည်။
ထိုစဉ်မီးပုံထဲမှ စိမ်းပြာရောင်အငွေ့တမျိုးထွက်လာရာ
ထိုအကောင်ကြီးက အငွေ့ကိုလက်ဖဝါးနှင့်ဆုပ်ယူလာပြီး
နန်းမူမျက်နာနားဝေ့ဝဲသေလိုက်ရာ
နန်းမူနဖူးကအနီရောင်ဖုလေးထဲတိုးဝင်သွားပြီး
ငိုယိုရုန်းကန်နေသောနန်းမူမှာ ငြိမ်သက်သွားတော့သည်။
မိစ္ဆာကောင်ကြီးက ကောင်းကင်ကိုမော့်ကြည့်လိုက်ပြီး
အဝတ်ဖြူ ကြီးကိုခွာချလိုက်ရာ
ကျစ်လစ်သန်မာသော ယောက်ျားတစ်ယောက်ရဲ့ကိုယ်
ပေါ်ထွက်လာလေသည်။
ထိုသူကမိုးပေါ်လက်ထောင်က တစ်ခုခုရွတ်ဆိုပြီးနောက်
နန်းမူဘက်လှည့်ကြည့်ကာ အက်ကွဲသောအသံကြီးဖြင့်
ပြောလာတော့သည်။
“ဟား..ဟားးးဟားးး ဒီနေ့တော့ ငါ့ရဲ့ဘဝပြည့်စုံတော့မယ် ”
ထိုသို့ပြောဆိုပြီး ဆေးအင်တုံထဲမှအရည်များကို
နန်းမူကိုတိုက်လေရာ…
နန်းမူမှာ ခေတ္တ မိန်းမူးသွားရပြန်သည်။
သူမသတိရလာတော့ ကြိုးတွေမရှိတော့ပါ။
သို့သော်နန်းမူသည်ထွက်ပြေးဖို့မကြိုးစားတော့ပဲ
ထိုမိစ္ဆာကြီးပြုသမျှနုရန်သာ အားထုတ်နေတော့သည်။
“မကြောက်နဲ့နော် အလှလေး..မကြာခင်အားလုံးပြီးသွား
တော့မယ် ”
မိစ္ဆာကောင်သည် ပြောရင်းနန်းမူရဲ့ခါးပေါ်ကအဝတ်စ
ကိုဆွဲလှန်လိုက်ပြီး ကျောက်ကုတင်ပေါ်တက်လာလေသည်။
လမင်းကားအားကောင်းကောင်းဖြင့်သာမြဲသာဆဲ။
မိစ္ဆာကောငိကြီးသည် နန်းမူရဲ့အသွေးအသားကို
ဝါးမြိုရန်ပြင်ဆင်နေချိန်။
ဝှစ်…ဒုတ်…..
“ဂါး…….”
ခန္ဓာကိုယ် အောက်ပိုင်းကလုလင်ပျိုသဏ္ဍာန်
မျက်နှာကကြောက်စရာမြေခွေးလိုလို ဘီလူးကြီးလိုလို
ဖြစ်နေသော အကောင်ကြီးမှာနာနာကျင်ကျင်အော်
လိုက်ပြီးနောက်။
ကျောက်ကုတင်ကြီးပေါ်မှလိမ့်ကျသွားသည်။
သူ့အော်သံကြောင့် တောင်ကွက်လပ်ကိုမြေခွေးများ
ကဝိုင်းရံလာကြလေသည်။
ရွာသားများကိုဝင်ကိုက်ကြလေရာ။
ဒိန်း…..
ဒီန်း
ဝေါင်း…
ဂီး….
နန်းမူကားအသိစိတ်မဝင်ပဲ ကျောက်ခုတင်ပေါ်အိပ်နေဆဲပင်။
“အမ…အမနန်းမူ”
ဖိုးလုံးကကျောက်ကုတင်ဆီပြေးဝင်လာသည်။
ထိုအချိန်တွင် လသည်မွန်းတိမ်းသွားခဲ့ပြီဖြစ်သည်။
လုလင်တစ်ယောက်ရဲ့ခန္ဓာအသွင်ပေါ်နေသော
လူမှာ
အမွှေးအမှင်ကြီးများပေါ်ထွက်လာပြီး…
ဂါး……ဂရား
ဒုန်း….
ပြင်းထန်စွာခုန်ထလိုက်ပြီး ဖိုးလုံးကိုဝင်လုံးလေတော့သည်။
ကျန်လူငယ်များသည်လဲ ဝိုင်းရံနေသောမြေခွေးများနှင့်
ရင်ဆိုင်ကြရလေတော့သည်။
အအေးဆုံးတောင်ထွဋ်ကြီးပေါ်က
အသက်လုတိုက်ပွဲကား
ကြောက်ခမန်းလိလိ ပြင်းထန်လှပေတော့သည်။
မြေခွေးများသည်သာမာန်ခွေးများမဟုတ်ကြသဖြင့်
ရင်ဆိုင်ရခက်ခဲလှပေသည်။
သေနတ်နှင့်ဖျက်ကနဲထိုးချိန်ပြီးမှ
ပျောက်ရင်ပျောက်သွားတတ်ပြီး…
မထင်မှတ်တဲ့နေရာကနေပေါ်လာကာ
ဝင်ဆွဲယမ်းတတ်လေသည်။
ဖိုးလုံးမှာအနီးကပ်လုံးထွေးလာမှူကြောင့်
တူမီးမှာလွင့်စသ်သွားပြီး ဗလကိုအားကိုးကာ
ကြောက်မက်ဖွယ်အကောင်ကြီးနှင့်နပန်းလုံးလေသည်။
သူ့ညာလက်မောင်းတွင်
ဘုန်းကြီးပေးထားသော အဆောင်လက်ဖွဲ့ကိုကျစ်ပြီး
ချည်ထားသည်။
မိစ္ဆာကောင်မှာ ထိုကြိုးစချည်ထားသောလက်သီးဖြင့်
ထိုးခံရတိုင်း
ခန္ဓာကိုယ် မှအားအင်များဆုပ်ယုတ်လာသည်ဟုခံစားနေရသည်။
ဖိုးလုံးကတော်မသိပေ။
အကောင်ကြီးကသူ့လက်တွေကိုကိုက်သည်။
လက်သည်းများဖြင့်ကုပ်သည်။
အချိန်တွေကြာလာသလို
ဖိုးလုံးလဲမောလာသည်။
အကောင်ကြီးမှာလဲ ဒဏ်ရာရလာလေပြီ။
သူ့လက်မောင်းနှင့်ကျောပြင် လည်ပင်းတို့တွင်
ကုပ်ရာများကမြင်မကောင်းတော့ပေ။
သူအံတင်းတင်းကြိတ်လိုက်သည်။
ခါးကြားကမှုတ်ပြောင်းကိုနိုပ်ယူသည်။
ထိုအထဲမှလက်တဆစ်ခန့်အပ်ကလေးကိုကိုင်ကာ
မိစ္ဆာကြီးရဲ့လည်ပင်းကိုထိုးစိုက်လိုက်သည်။
“ဂါး….”
အပ်သည်သေးငယ်သော်လည်းအဆိပ်မှာတစ်ဆွေ့ခုန်အဆိပ်ဖြစ်သည်။
ထပမတစ်ကြိမ်က ထိထားဘူးသော်လည်း
သာမာန်မဟုတ့် သေါ မိစ္ဆာတပိုင်းမို့ဘာမှမခံစားရပေ။
ယခုမူ သူစီရင်ထားသော အစီရင်လဲပျက်ပြယ်ရသည်မို့
ဆေးစွမ်းပြလေပြီထင့်။
ဂါး….ဂါး…..ဂီး….
မြေပြင်တွင်
လူးလှိမ့်အော်ဟစ်နေတော့သည်။
ရွာသားများလဲအထိနာသည်။
နှစ်ယောက်ကမြေခွေးကိုက်ခံလိုက်ပြီး ဒဏ်ရာအကြီး
အကျယ်ရကာ
ခြောက်ယောက်မှာလဲ ဒဏ်ရာအနည်းအကျဉ်းရသည်။
မြေခွေးများကားမြေပေါ်အတုံးအရုံးသေဆုံးနေကြလေ
ပြီ ။
မိစ္ဆာကောင်ကြီးမှာလဲငြိမ်သက်သွားသဖြင့်
ရွာသားများမှာမြေပေါ်ခြေပစ်လက်ပစ်လဲချလိုက်ကြသည်။
“ဟူး….အားလုံးပဲမသေတာကံကောင်း”
တစ်ယောက်ကငြီးသည်။
“အမ..အမ…”
ဖိုးလုံးကစုတ်ပြတ်နေသောသူ့အဝတ်ကို
နန်းမူရဲ့ခန္ဓာကိုယ်ပေါ်လွှမ်းခြုံရင်း
လှုပ်နိုးလိုက်သည်။
“ဟင်..ဟင်..ဖိုးလုံး .ငါဘာဖြစ်သွားတာလဲ အား….
မိစ္ဆာ ကောင်ကြီးရော..”
“အမ…သတိထားလေ မိစ္ဆာ ကောင်ကြီးကသေသွားပြီ
တော်သေးတာပေါ့ တညနဲ့တနေ့မနားပဲတောနင်းလာလို့အချိန်မှီယုံလေးပဲ
မဟုတ်ရင်အမလဲသေမယ် ဟိုမိစ္ဆာကြီးလဲ
စွမ်းအားပိုကြီးသွားမယ် ခုတော့အားလုံးပြီးသွားပြီ
အိမ်ပြန်ကြစို့”
ဒဏ်ရာမရတဲ့လူများက ကျန်လူများကိုတွဲကာ
ခြေပစ်လက်ပစ်နားနေရာမှထရပ်လိုက်ကြသည်။
“အမ”
“ဟင်…”
“ခုရွာပြန်ရောက်ရင် ကျနော်တို့နဲ့အတူနေရမယ်နော်”
နန်းမူအကျည်းတန်မြင်ကွင်းကိုကြည့်လိုက်သည်။
“အေးပါဖိုးလုံးရယ် အမကံကောင်းလို့အသက်မသေတာ
ငါ့မောင်လေးကယ်လို့ပါ”
သူတို့အားလုံးရွာဘက်ကိုပြန်လှည့်လာခဲ့ကြလေသည်။
အကယ်၍များ….
သူတို့အားလုံးကျောခိုင်းလိုက်သော တိုက်ပွဲကွင်းပြင်ကို
နန်းမူလည်ပြန်အကြည့်တွင်
သူမနဖူးကအနီစက်လေးသည်
လက်ခနဲတစ်ချက်လင်းပြီးပြန်မှိတ်သွားသည်ကို
သူတို့တွေ့ကြမည်ဆိုလျှင်။
ယခုတင်ပေးနေတဲ့ အခန်းဆက်ဝတ္ထု ရှည်များနဲ့
လုံးချင်းများသည် ကျွန်မဧကရီ (မနောမြေ) ရဲ့
မူပိုင်သာဖြစ်ပါသည်။
ဧကရီ (မနောမြေ)