ခွာညို

Posted on

ခွာညို(စ/ဆုံး)
———–
အပြင်မှာ မိုးက သဲကြီးမဲကြီး ရွာနေသည်။
ထိုအချိန်တွင် စိတ်ရောဂါ ကုဆေးရုံကြီး၏ ကုတင်
ပေါ်၌လဲလျောင်းနေသော လူငယ်သည် အပြင်
ဖက်သို့ ငေးကြည့်နေ၏။ထိုနောက် ကုတင်
ပေါ်က ဆင်း၍ မိုးရွာ ထဲသို့ တလှမ်းခြင်း ထွက်
သွားသည်။ဒါကို တာဝန်ကျ ဆရာမလေးကမြင်
သွားပြီး ဆေးရုံ ဝန်ထမ်း တစ်ဦးအား
“ကိုလှမြင့် ဟိုမှာ လူနာ မိုးရွာထဲထွက်သွားပြီ
မမြင်ဘူးလား”
ထိုအခါ ဆေးရုံ ဝန်ထမ်းများက လူငယ်အား
မိုးရွာထဲမှ အတင်းဆွဲခေါ်ကြလေသည်။
“ကျုပ် ကိုမခေါ်ကျပါနဲ့ဗျာ ဟိုမှာ သူစောင့်နေပြီ
ကျုပ် သွားမှဖြစ်မယ် သွားမယ်”
ရုန်းကန်နေသော လူငယ်အား ဆေးရုံ ဝန်ထမ်း
များက ဆေးရုံ အတွင်းသို့ ဝိုင်းဝန်း ချုပ်နှောင် ၍
ခေါ်ဆောင်လာကျလေသည်။
တာဝန်ကျ ဆရာမလေးက ဆေးတစ်လုံး ထိုးလိုက် သောအခါ လူငယ်မှာ ပျော့ခွေ၍
ကုတင် ထက်၌ အိပ်မောကျ၍ သွားရှာ
လေတော့သည်။
😓😓😓😓😓😓😓😓😓😓😓😓😓😓
အောင်လံ အလုပ်ကပြန်ရောက်ရင်ပဲ ထုံးစံ
အတိုင်း ဆရာတော်ကို ဦးချလိုက်သည်။
“မောင်အောင်လံ အလုပ်ကပြန်လာပလားကွဲ့”
“တင်ပါ့ဘုရား”
“အေး အေးးး ဒီမှာ စာတစ်စောင် မင့်နာမည်
နဲ့ရောက်နေတယ်ကွဲ့ ရော့”
ဆရာတော် ပေးသော စာကို အောင်လံက
တရိုတသေ လှမ်းယူရင်း သူနားနေရာ အခန်း
လေးထဲသို့ ပြန်လာခဲ့၏။
အောင်လံသည် မြို့ပေါ်သို့ အလုပ်အကိုင် ရှာဖွေ
ရင်း မိမိတို့ ဇာတိအညာသား ဘုန်းတော်ကြီး
ကျောင်း၌ နေထိုင်ကာ အလုပ်လုပ်နေသည်မှာ
တစ်နှစ်ကျော်ခဲ့လေပြီ။မိမိထံရောက်လာသော
စာမှာ လွန်ခဲ့သော တစ်ပက်ခန့်က ပို့လိုက်သော
စာဖြစ်ပြီး နောက်ကျမှ ရောက်လာကြောင်း
စာပါ ရက်စွဲကိုကြည့်၍ အောင်လံ သိလိုက်သည်။
(ထိုခေတ် ထိုအချိန်က ယခုကဲ့သို့. ph .Internet
များ မထွန်းကားသေးပေ။ စာရေးသူ)
“ရွာမှာ ဘာအရေးများပေါ်လို့ပါလိမ့်”
အောင်လံ ကမန်းကတမ်း စာကို ဖတ်လိုက်၏။
“အောင်လံ
နင်ရွာက ထွက်သွားတာ တစ်နှစ်ကျော်ပြီနော်
နေနိူင်လိုက်တာဟာ တစ်ခါလေးတောင်
ပြန်မလာဘူး။ ဆေးရောင်စုံ ခြယ်သထားတဲ့
မျက်နှာလေးတွေနဲ့ သွယ်သွယ်ဖွေးဖွေး မြို့သူ
လေးတွေကို တွေ့ လို့ငါ့ကို မေ့နေပြီလားဟင်။
ငါ နင့်ကို လွမ်းတယ် အောင်လံရယ်
အရမ်း လည်း တွေ့ချင်တယ်။
ငါ့ကို ချစ်နေသေးရင် အမြန်ပြန်လာပါနော်။
နေ့တိုင်း နင့်ကို မျှော်ရင်း စောင့်နေမယ်
ခွာညို
📝 📝 📝 📝
စာမှာ အောင်လံ ချစ်သူ ခွာညို ဆီမှ စာဖြစ်နေ၏
“ခွာညို နေများမကောင်းလို့လား
ငါပြန်လာမှာပါဟ”
ထိ့ုနောက် အောင်လံသည် သူ၏ပစ္စည်းလေး
များအား ထုပ်ပိုး ပြင်ဆင်၍ နောက်တနေ့၌
ရွာပြန်ရန် ပြင်ဆင် လေတော့သည်။
ခွာညို အတွက် နေ့စဉ် ကောက်၍ သီကုန်းထား
သော ခရေပန်း ကုံးလေးများကိုလည်း အိတ်
အတွင်း တယုတယ ထည့်လိုက်၏။
ထိုနေ့ည တည လုံး ခွာညို အကြောင်း စဉ်းစား
ရင်းအိပ်ပျော်သွားရာ အိပ်မက် ထဲ၌ ခွာညို က
ရွာအပြန်၌ သူ့အားစောင့်ကြိုနေ၏။
သူတို့နှစ်ဦးတွေ့တုန်းခဏ ဗြုန်းဆို မိုးက ကောက်
ကာငင်ကာ ရွာချလိုက်၏။
ထိုနောက် မိုးရွာထဲ၌ ခွာညို နှင့်သူ တစ်ယောက်ကိုယ်တစ်ယောက် တင်းတင်း
ကျပ်ကျပ် ပွေ့ဖက်ရင်း ကြည်နူး နေကျ၏။
သနပ်ခါး ပါးကွက်ကြားလေးဖြင့် လှချင်တိုင်း
လှနေသော ခွာညို ကိုကြည့်ရင်း သူကောက်ယူ
သီကုံးထားသော ခရေပန်း ကုံးလေးအား
သတိရ၍ ခွာညို အား ပန်ပေးဖို့ သူပြင်လိုက်စဉ်
ဂျိမ်း ☁⚡⚡☁⚡⚡
မိုးချိန်းသံကြောင့် အိမ်မက်က အောင်လံ
လန့်နိုးလာတော့ မနက် အာရုံတက်နေပြီ။
အိမ်မက်ကိုပြန်တွေးမိတော့ အောင်လံ
ပြုံးမိသည်။ထို့နောက် အိပ်ရာကထ၍ ကိုယ်လက်
သုတ်သင် ဘုရားရှိခိုး ကျောင်းတွင်း ဝေရာဝစ္စ
လုပ်ပြီး ဆရာတော်အား ဦးချကန်တော့၍ ကား
ဂိတ်သို့ အောင်လံ ထွက်လာခဲ့၏။
ကားဂိတ်သို့ရောက်သောအခါ အသင့်ထွက်ဖို့
ပြင်နေသော ကားကြီးပေါ်သို့ အောင်လံ
စီးနင်းလိုက်ပါလာခဲ့လေသည်။
တနေကုန်နီးပါး ကားစီးရင်း မိမိအလာကို
မျှော်ရင်းစောင့်နေရှာမည့် ချစ်သူ ခွာညို အကြောင်း တွေးရင်း သူပြုံးမိဧ။်။
“ငါပြန်လာပြီ ခွာညို နင့်ကိုငါ အရမ်း ချစ်တယ်”
😘😘😘😘😘😘😘😘😘😘😘😘😘
ကားပေါ်ကဆင်းတော့ နေတောင်ညိုနေပြီ။
ကားလမ်းကနေ ရွာကို နှစ်မိုင်ခန့် ခြေလျင်
ရောက်ရသေးသည်၊။ ဒီတင် ကိုရွှေမိုးက
ဝုန်းဆို အငြိုးတကြီး ရွာချလိုက်သည်။
“အောက်ပြည်က မိုးက အညာထိတောင်
လိုက်လာပြီ”
တစ်ယောက်ထဲပြုံးရင်း မိုးရွာထဲ၌ အောင်လံ
ရွာဘက်သို့ လျှောက်လာခဲ့သည်။
“ရွာထိပ်က မန်ကျည်းပင်ကြီးတောင်မြင်နေရပြီ
အိမ်မက်ထဲကလို ခွာညို ငါ့ကိုများစောင့်နေမလား
အို…မိုးစက်မိုးပေါက် တွေထဲ ခွာညို စောင့်မှာ
မဟုတ်ပါဘူး”
မိုးသည်း ထဲ၌ မှုန်ဝါးဝါး မြင်နေရသော
မန်ကျည်းပင် ကြီးကိုကြည့်၍အောင်လံ”တွေး
မိ၏။ အပင်ကြီးနှင့်နီးလာသောအခါ အပင်ကြီး
၏အောက်၌ မသဲမကွဲ သဏ္ဌာန် တစ်ခု ကို
အောင်လံတွေ့နေရ၏။နောက် နီးသထက်နီး
လာမှ လုံချည်လေးအားတိုတိုဝတ်၍ သူအား
စောင့်နေသော ခွာညို မှန်း အောင်လံသိရ၏။
“ခွာညို ”
“အောင်လံ”
တစ်ယောက်ကိုတစ်ယောက် သူတို့ ပွေ့ဖက်
မိကျ၏။
“မိုးရေတွေထဲ ဘာလို့စောင့်နေတာလဲဟာ”
“ငါ နေတိုင်းနင့်ကို စောင့်နေတာ အောင်လံ”
“ခွာညို ရယ်”
အောင်လံမှာ မချိတင်ကဲဖြင့် ခွာညို အား
ဖက်ထားမိ၏။
“နင်အတွက် ငါ အင်္ကျီစ လုံချည်စလေးတွေ
လက်ဆောင်ပါတယ်”
“ဟင့်အင် ငါဘာမှမလိုဘူး နင်ပြန်လာရင်
ကျေနပ်ပြီ”
ထိုသို့ပြော၍ မိုးရေထဲ၌ ခွာညို မျက်ရည်ကျ မိ၏။
“ဘာလို့ငိုတာလဲ ခွာညို ရယ် ငါပြန်လာပြီလေဟာ”
“မသိဘူး ငါငိုချင်တယ်”😭😭
အောင်လံ မိုးရေထဲ၌ တသိမ့်သိမ့်ငိုနေသော
ချစ်သူကို ကြည့်ရင်း
“ခွာညို နင်ပိုလှ လာတယ်”
“တော်ပါ မြို့ကြီးသူ ချောချောလှလှတွေ ကြားထဲ
နင်ငါ့ကို မေ့နေတာပါ”
ထိုအခါ အောင်လံက ခွာညို မျက်နှာလေးအား
သူ၏လက်ဖြင့်ပင့်တင်၍
“ခွာညို ငါကလေ မျက်နှာပေါ်မှာ မှုံနံ့သာတင်
ရောင်စုံခြယ်တာမကြိုက်ဖူး ဟောဒီ ပါးနှစ်ဖက်ပေါ်
မှာ သနပ်းခါးထူထူလေး လိမ်းပြီး ပါးကွက်
ကြားလေးနဲ့ နင့်ကိုမှ ကြိုက်တာဟ”
“မယုံပါဘူး သက်သေပြ”
အောင်လံက သူသီကုံးထားသော ခရေပန်း
ကုံးလေးများအားပြ၍
“ဒီမယ် နင့်ကို လွမ်းလို့ သတိရတိုင်း ငါသီထား
တဲ့ ခရေပန်း ကုံးလေးတွေ”
“ဟယ်..ငါပန်ချင်တယ်”
“မိုးတွေရွာနေတယ်လေ”
“မရဘူး ပန်ချင်တယ်”
ထိုအခါ အောင်လံလည်း ခွာညို ကျေနပ်စေရန်
မိုးရေထဲ၌ ပင် ခရေပန်း များကို ခွာညို ၏ ဦးခေါင်း
ထက်၌ ပန်ဆင်ပေးမိ၏။
ထို့သို့ မိုးစက်တွေထဲ၌ လမ်းလျှောက်ရင်း
ရွာအဝင်သို့ရောက်လာ၏။
“အောင်လံ ငါနင့်ကို အရမ်း လွမ်းတယ်
ချစ်လည်းချစ်တယ်”
“ငါလည်း အတူတူ ပါပဲ ခွာညို နင့်ကို
အများကြီးချစ်တယ် နင်အိမ်ပြန်တော့နော်
ညကျမှ နင်တို့အိမ်ငါလာခဲ့မယ်”
ထိုသို့ပြောဆိုပြီး လမ်းခွဲရန် ပြင်နေသော
အောင်လံအား ခွာညိုက လွန်စွာ ဝမ်းနည်း
နေသောပုံစံဖြင့်
“အောင်လံ နင်ငါ့ကို မေ့မသွားပါနဲ့နော်”
“အင်းပါ ဟာ”
ပြန်တော့နော် ”
ဆိုပြီး ခွာညို ၏နဖူးလေးအား နမ်း၍ လမ်းခွဲခဲ့
လေ၏။😘
😘😘😘😘😘😘😘😘
ရွာထဲသို့ မိုးရွာထဲ၌ လျှောက်ရင်း သူငယ်ချင်း
ကျော်စွာထံအရင်ဝင်၍နုတ်ဆက်ရန် စဉ်းစား မိ၏
ကျော်စွာတို့ အိမ်ရှေ့ရောက်တော့
“ကျော်ကြီး ”
“ကျော်ကြီး”
“ဟယ် အောင်လံ လာလေ”
ကျော်စွာ မိန်းမ သီတာက ထွက်၍ခေါ်၏။
အိမ်ထဲ၌ကျော်စွာက သူ၏ ကလေးအား ချီရင်း
“အောင်လံ မင်းပြန်လာပြီ”
အားရဝမ်းသာ ထ၍ ပွေ့ဖက်ပြီး
“မိုးရွာကြီးထဲကွာ အောက်ပြည်ကမိုးခေါ်
လာတာလားဟျောင့်”
“ဒါပေါ့ကွ အညာမှာ မိုးခေါင်လွန်းလို့ ငါခေါ်
လာတာ နောက်ပြီး ငါခွာညိုနဲ့ တွေ့ခဲ့ပြီကွ
ခွာညို ကွာ မိုးထဲရေထဲမှာကို ငါ့ကို စောင့်နေ
တကြ”
ထိုသို့ အောင်လံကပြောဆိုသောအခါ ကျော်စွာတို့ လင်မယားသည် အိမ်အပြင်သို့
တုန်လှုပ် စွာကြည့်ရင်း
“နင်ခွာညိုနဲ့တွေ့ခဲ့တယ် ဟုတ်လား”
သီတာက မယုံသလို မေး၏။
“အေးလေ ရွာထိပ်က မန်ကျည်းပင်ကြီးကနေ
ရွာအဝင်ထိတောင် ငါတို့ စကားတွေပြောလာ
ခဲ့က္တာ”
ကျော်စွာတို့ လင်မယား တစ်ယောက်ကိုတစ်ယောက် ကြည့်ပြီး
“မဟုတ်သေးဘူးထင်တယ် အောင်လံ”
ကတုန်ကယင် နဲ့ပြောနေတဲ့ ကျော်စွာ ကိုကြည့်
ပြီး အောင်လံ စိတ်ထွက်လာကာ
“မင်းတို့ လင်မယား ဘာဖြစ်နေတာလဲ ကြောင်တောင်တောင် နဲ့ကွာ”
ထိုအခါ ကျော်စွာက
“မင်းကိုပြောရမှာ အောင်လံ ခွာညို နဲ့ မင်းတကယ်တွေ့ခဲ့တာလား”
“အေးလေ တွေ့ပါတယ်ဆို ကွာ”
“မဖြစ်နိူင်ဘူး ”
သီတာက အလန့်တကြား ထအော်တော့
ကျော်စွာက
“ဟုတ်တယ် သူငယ်ချင်း ခွာညို ကသေသွားပြီ”
ထိုအခါအောင်လံက အလွန်စိတ်တိုသွားပြီး
“မင်းတို့လင်မယား စ စရာရှားလို့ကွာ ခရီး
ရောက်မဆိုက် ငါ့ကို မနောက်ကျပါနဲ့”
သီတာက အိမ်ထရံ၌ ထိုးထားသော ရပ်တောင်
လေးအား အောင်လံဆီသို့ ကမ်းပေးရင်း
“ငါတို့တကယ်ပြောတာ ခွာညို သေလို့
ဒီနေ့ ရက်လည်ဆွမ်းတောင် ကပ်ပြီးကျပြီ”
အပြင်မှာ အမှောင်ထုက ကြီးစိုးလာပြီး မိုးက
တဝေါဝေါ ရွာနေသည်။
လက်ထဲက ရပ်တောင် လေးကို တုန်လှုပ် စွာ
ကြည့်လိုက်တော့ အောင်လံ ဆိုနင့်ဝမ်းနည်း
သွား၏။
ကွယ်လွန်သူ
(မခွာညို) အသက် (၂၅)နှစ်
ကောင်းရာသုဂတိလားပါစေ
(တချို့ အညာဒေသ၌ နာရေးလိုက်ပါ ပို့ဆောင်
သူများအား တရားစာအုပ်၊ရပ်တောင် အစရှိသည်
တို့အား ကွယ်လွန်သူကို ရည်စူး၍ ကုသိုလ် ဒါန
ပြုကြ၏။)
” မယုံဘူး ခုနမှ ငါ ခွာညို နဲ့တွေ့ခဲ့တာ ခရေပန်း
တွေကို ပန်ပေးခဲ့သေးတာ မယုံဘူး မယုံဘူး
မင်းတို့ ငါ့ကို စ နေတာမလား ပြောလေ
ပြောလေကွာ ကျော်စွာ ၊ သီတာ ”

စိတ်ထိန်းပါ အောင်လံရာ ငါတို့တကယ်ပြောနေတာပါ”
ကျော်စွာက ထို့သို့ နှစ်သိမ့် ၏။
“မယုံဘူး”
“မယုံဘူး”
,ဤကဲ့သို့ပြောဆို၍ မိုးရွာ ထဲသို့ အောင်လံ
ပြေးထွက်သွား၏။
ကျော်စွာ လည်း ဓာတ်မီးကိုဆွဲ၍ အောင်လံ
ပြေးထွက်ရာနောက်သို့လိုက်လေ၏။
အောင်လံမှာ သူနှင့် ခွာညို ဆုံခဲ့ရာ ရွာထိပ်က
မန်ကျည်းပင် ကြီးဆီသို့ ရောက်သောအခါ
ကျော်စွာအား
“ဒီနေရာလေးမှာ ခွာညိုက ငါ့ကိုစောင့်နေခဲ့တာ
နောက်ပြီး ငါက ဒီနေရာလေးမှာခရေပန်းတွေ
ပန်ပေးခဲ့သေးတာ ”
အောင်လံပြောဆိုသောနေရာအား ကျော်စွာက
ဓာတ်မီးဖြင့် ထိုးကြည့်လိုက်ရာ မိုးရေထဲ၌
ခရေပန်း ကုံးလေးများအား တွေ့ရလေ၏။
“ဟာ ငါသေချာပန်ပေးလိုက်တာကွ ပန်းလေး
တွေက ဘာလို့ ကျကျန်နေခဲ့တာလဲ ခွာညို
ခွာညို”
ထိုအခါ ကျော်စွာက
“မင်းမယုံရင် ငါပြမယ် သူငယ်ချင်း လာ”
မိုးထဲလေထဲ၌ပင် အောင်လံအား ရွာသင်္ချိုင်းသို့
ခေါ်သွား၏။ထိုနောက် အသစ်စက်စက် အုတ်ဂူ
လေးအား လက်ညိုးထိုး၍
“မင်းမယုံရင် ကြည့် အောင်လံ အဲမှာ”
ဆိုပြီး ဂူပေါ်၌ရေးထိုးထားသော စာတမ်းကို
မီးရောင်ဖြင့်ပြလေ၏။
ကွယ်လွန်သူ မခွာညို အသက် (၂၅)နှစ်
ထိုအခါ အောင်လံမှာ ဒူးများညွတ်ခွေသွားပြီး
“ဒါဆို ခွာညိုက သေတာတောင် ငါ့ကို
စောင့်နေရှာတာပေါ့နော် ခွာညို”
အငြိုးတကြီး ရွာနေတဲ့မိုးရယ် ကြေကွဲဝမ်းနည်း
ပြီး မျက်ရည် တွေ မိုးနဲ့အပြိုင် ရွာသွန်းနေတဲ့
အောင်လံ၊တကယ်ပဲ သူ့ချစ်သူ ခွာညိုနဲ့
တွေ့ခဲ့သလားဆိုတာ အောင်လံက လွဲလို့
ဘယ်သူမှ သိနိူင်လိမ့်မယ် မဟုတ်ပါဘူး။
ရှေ့၌ပြဆိုခဲ့ပြီးသော စိတ်ကျန်းမာရေး ဆေးရုံ က
လူငယ်က၊ဘယ်သူဖြစ်နိူင်မလဲဆိုတာ
စာဖတ်သူ ရိပ်မိလောက်ပါပြီ။
💘💘💘💘💘💘💘💘💘💘💘💘
ချစ်သောသူတိုင်း ဆုံဆည်းနိူင်ကျပါစေ
ပီယ(ကိုယ်တိုင်ခံစား ရေးဖွှဲ့သည်)
29.9.2021″4:24pm