ခွဲ၍မသွားရက်သူ

Posted on

ခွဲ၍မသွားရက်သူ(စ/ဆုံး)
————————–

အနူးဆိုတဲ့ကောင်မလေးနဲ့

ဝေယံဆိုတဲ့ကောင်လေးနဲ့ကချစ်သူတွေပေါ့

ချစ်တာမှအရမ်းကိုချစ်ကြတာ

တနေ့ဝေယံကနိုင်ငံခြားမှာပညာသွားသင်ရတာပေါ့

“အနူး ကိုယ့်ကိုမေ့မသွားပါနဲ့နော် ကိုပြန်လာရင်

ကိုတို့လက်ထက်ရအောင်နော် ကိုယ့်အအော်သစ္စာရှိပါနော်´´
ဆိုပြီးချစ်သူကောင်မလေးကိုနှစ်သိပ်တာပေါ့

ကောင်မလေးလဲ“ကိုရယ်…အနူးကို့ကိုဘဲသစ္စာရှိရှိနဲ့စောင့်

နေမှာပါ´´ ပြောရင်း တယေညက်နဲ့တယောက်

ဖက်ပြီးနှုတ်ဆက်ကြတာပေါ့

ထွက်ခွာသွားတဲ့လေယာဉ်ကိုငေးကြည့်ရင်း

အနူးတယောက် ဝမ်းနည်းခြင်းများနဲ့အတူ

မျက်ရည်မိုးများရွာလေသည်

နောက်တနေ့ရောက်တော့

မနက်စောစော၄နာရီသာသာရှိတဲ့အချိန်မှာအနူးတယောက်

နယ်မှအမေဆီပြန်မယ်ဆိုပြီး သူငယ်ချင်းများကိုအသ်ိပေးကာ

ထွက်လာလေသည်

ခနနေတော့ ကားမောင်းထွက်သွားလေသည်

ကားလမ်းအတိုင်းမောင်းလာပြီးတဖြည်းဖြည်းလဲမိုးကလဲလင်းလာသည်

ထိုစဉ်အကွေ့တခုတွင် ကားရှိန်မထိန်းနိုင်သောကြောင့်

အနူးကားမှောက်ကာလမ်းဘေးထိုးကျသွားလေသည်

အနူးကမူကားထဲမှလွှင့်ထက်ကာ ကားလမ်းမ

ကတရာပေါ်တွင်သွေးအိုင်ထဲမှာလဲလျက်အသက်ထွက်နေလေသည်

ထိုအဖြစ်ကိုအနီးအနားရှိသူများက

သက်ဆိုင်သူများကိုအကြောင်းကာ အလောင်းကိုသယ်သွား

ကြလေသည်

အနူးကားမှောက်ပြီးသေဆုံမှုမြင်ကွင်းက

မြင်သူတကာ စိတ်မကောင်းဖစ်အောင်

အဖြစ်ဆိုခဲ့လေသည်

ပတ်ဝန်းကျင်ကလူများကလဲ

“ဟဲ့ကောင်မလေးကငယ်ငယ်ရွယ်ရွယ်လေး

ပီးတော့ချောကလဲချော ငါ့ဖြစ်နှမြောလိုက်တာ´´

စသည့်အနီးနားကလူတွေရဲ့ပြောစကားဖြစ်ကုန်လေသည်

အနူးသေဆုံးမှုသတင်းကမည်သူမျှမသိပေ

ချစ်တဲ့သူဝေယံကမသိသလို သူငယ်ချင်းများပင်မသိပေ

အချိန်တွေတနှစ်ပြီးတနှစ်ကုန်လို့

ဝေယံနိုင်ငံခြားကပြန်လာပြီး ချစ်သူအနူးဆီ

သွားလည်လေသည် ဘာမှတော့ထူးခြားမှုမရှိပေ

ချစ်သူအနူးက ဝေယံပြန်လာတာတွေ့တော့ပြေးဖက်လေသည်

သူငယ်ချင်းများနဲ့လဲအဆင်ပြေလေသည်

အားလုံးကပုံမှန်အတိုင်းပါဘဲ

အရင်ကလိုဘဲချစ်ကြတာပေါ့

ဒီလိုနဲ့နေ့တွေလတွေအချိန်တော်ကြာဖြတ်သန်းပြီးချစ်ခဲ့တာပေါ့

တနေ့သူငယ်ချင်းတွေနဲ့ညဈေးသွားရင်း

သူငယ်ချင်းတယောက်က

“ဟဲ့ အနူး နင် ဝေယံမပြန်လာခင်ဘယ်တေသွားနေတာလဲ

ပျောက်သွားတာအကြာကြီးဘဲ´´ဟုသူငယ်းတယောက်ကမေးလေသည်

ထိုအခါအနူးက “အော်…အဲ့ချိန်ငါက

အမေရှိတဲ့နယ်မှာပြန်တာလေ

လမ်းမှာကားပျက်တာ ပီးတော့မိုးကလဲအရမ်းရွာတာ

ကံကောင်းတော့ အဲ့အနားမှာရှိတဲ့လူတချို့က ကားကူပြင်ပေးပြီးမှအမေဆီဆက်ပြန်တာ

အိမ်ရောက်တော့နေအရမ်းမကောင်းဖြစ်သွားတာ

ဆရာဝန်ဆီပြတော့ မိုးရေထဲအကြာကြီးနေလို့အဆုတ်

ပွတာတဲ့ အဲ့တာနဲ့ငါလဲအချိန်ယူပြီးဆေးကုသမှခံယူရတာ

အဲ့ဒါကြောင့်အခုလိုအချိန်ကုန်သွားတာ

ပြီးတော့မေမေနဲ့လ့ခရီးဆက်ထက်သေးလေ´´

အဲ့လိုပြန်ပြောလေသည်

ထိုအခါသူငယ်ချင်းက

“အင်းပါဟာ´´ ဆိုပြီးအနူးရဲ့လက်ကိုကိုင်လိုက်ရာ

အေးစက်နေတဲ့အတွက် “အနူး နင့်လက်ဘာလို့ဒီလောက်အေးစက်နေရတာလဲ´´မေးကာ

အနူးက မျက်နီာနည်းနည်းပျက်သွားပေမယ်

“အော်နင်တို့ကလဲ ဒီမာအဲကွန်းဖွင့်ထားတာ

ဒီလောက်အေးတာ ပြီးတော့ငါကအအေးနဲ့မတည့်ဘူးလေ´´

အဲ့လိုဖြေရှင်းချက်ပြန်ပေးလေသည်

သူငယ်ချင်းများကလဲဘာမှပြန်မပြောတော့ဘဲ

အိမ်ပြန်ကြလေသည် အချိန်ကအတော်နောက်ကျနေပြီးမဟုလား

ဒီလိုနဲ့ပြန်လာပြီး Taxiငှါးစီးပြီးပြန်လာကြသည်

အဆင်းမှာ Taxiခပေးလေသည်

Taxiငှါးစီးတာ၃ယောက်

Taxiခပေးတာ၄ယောက်စာ

ထိုချိန်Taxiသမားက “သမီး..သမီးတို့Taxiခပေးတာပို

နေတယ် ရော့ပြန်သူသွားဆိုပြီးပြောလေသည်´´

ထိုအခါအနူးရဲ့သူငယ်ချင်းက “မပိုပါဘူးဦးရယ်

သမီးတို့က၄ယောက်စီးလာတာ ဒါကြောင့်၄ယောက်စာပေးတာ´´

ဆိုပြီးလှည့်ထွက်သွားလေသည်

Taxiသမားကမူ ခေါင်းကုတ်ပြီးကားထွက်မောင်းလေသည်

တနေ့ ဝေယံက အနူးကို ဘုရားဖူးသွားဖို့ခေါ်သည်

အနူးကနေမကောင်းဘူးခေါင်းပိုက်တယ်ဆိုပြီး

မသွားကြောင်းငြင်းလေသည်

ဝေယံလဲဘာမှပြန်မပြောဘဲဒီတိုင်းနေနေလေသည်

ဒီလိုနဲ့ချစ်လာတာဝေယံအတွက်ဘာမှမပြောင်းလဲ

မထူးဆန်းပေမယ်

ပတ်ဝန်းကလူတွေကဝေယံကိုအရူးလို့ထင်ကြတယ်

ဘာလို့ဆို ဆိုင်မှာတယောက်ထဲထိုင်ပြီးတယောက်ထဲစကားတွေပြောတယ်

ပြီးတော့တယောက်ထဲလမ်းလျှောက်ရင်း

စကားတွေပြောရင်းရီးနေတာကိုက

လူတွေအမြင်မှာအရူးတယောက်လိုပေါ့

အနူးကို ဝေယံနဲ့သူငယ်ချင်းတချို့ကလွဲပြီးဘယ်သူမှ

မမြင်ရပေ

တနေ့ အနူးကဝေယံအိမ်ကိုလာလည်တာပေါ့

အဲ့မှာစပြီးထူးဆန်းတော့တာဘဲ

ဝေယံအိမ်ထဲဝင်ဖို့ အနူးကခွင့်ပြုချက်အရင်တောင်းတယ်

ခွင့်ပြုချက်ရမှ အိမ်စောင့်နတ်ကဝင်ခွင့်ပေးတာ

အဲ့အချိန်မာ ဝေယံက “အနူး ဘာလို့ဝင်မလာဘဲခွင့်ပြုချက်အရင်တောင်းရတာလဲ

အရင်ကလာနေကြ ဝင်နေကြဘဲကို

ခွင့်ပြုချက်တောင်းစရာမလိုဘူး လာ….လာ….´´

ဆိုပြီးပြောလေသည်

ပြီးတော့ *တနေကုန်အနူးတယောက်

ဘာမှမစားဘဲနေနေလေသည်

သူ့ကိုကြည့်တော့ ဘာမှမဖြစ်သလို့

ဗိုက်မဆာသလိုရှိနေတော့ ဝေယံလဲနည်းနည်းတော့သတိထားမိလာလေသည်

အရင်က အိမ်လာလည်ရင် ဟိုစားမယ်ဒီစားမယ်

ခလေးလေးတယောက်လို့ပူဆာတတ်

တဲ့သူကအခုမှဘာလို့ငြိမ်နေတာလဲ*ပေါ့

စသည်ဖြစ်အတွေးပေါင်းစုံတွေးလေသည်

ဒါပေမယ့်နောက်ဆုံးတော့

အတွေးကိုပြန်ရုတ်သိမ်းကာ

*အော် သူလဲနှစ်တွေအကြာကြီးခွဲနေရတာဆိုတော့

ရင့်ကျက်လာပြီးပေါ့*ဆိုပြီးပြန်တွေးလေသည်

ထိုအခါဝေယံက ဧည့်ခန်းထဲမှာထိုင်နေတဲ့အနူးကို

“အနူး ကိုခနသန့်ရှင်းရေးလုပ်လိုက်မယ်နော်

ဒီနေ့ကမေမေမရှိတော့ကိုဘဲသန့်ရှင်းရေးလုပ်နေရတာ´´

ဟုဆိုကာ အအေးလေးချပေးပြီး သန့်ရှင်းရေးစလုပ်တော့သည်

ဧည့်ခန်းရဲ့အပြင်ဘက်မဎ်အကြည်တွေကိုသန့်ရှင်းရေးလုပ်တုန်း

ဝေယံမျက်လုံးကဧည့်ခန်းထဲရောက်သွားလေသည်

ဧည့်ခန်းထဲမှာအအေးခွက်ကလွဲပြီးမည်သူတဦးတယောက်မျှမရှိပေ

မှန်ကိုရွှေ့ပြီးဒီအတိုင်းကြည့်လိုက်တော့မှ

အအေးခွက်နဲ့အတူ ကျောပေးနေသောအနူးကိုမြင်နေရသည်

ဝေယံတယောက်အတွေးမျိုးစုံဝင်လာပြီး

သန့်ရှင်းရေးလုပ်တာစိတ်မပါသလို

ဧည့်ခန်းထဲပန်ဝင်လာပြီး “အနူးခနနော် ကိုအဝတ်လဲလိုက်အုန်းမယ်´´ဆိုပြီး

အခန်းဆီပြန်သွားပြီး အခန်းထဲတွင်အနူးမသိအောင်

ကင်မရာတပ်ထားလေသည်

ပြီးတော့အိမ်အောက်ထပ်ရှိဧည့်ခန်းထဲဝင်လာပြီး

“အနူးကိုယ့်အခန်းခနလိုက်ကြည့်ပါလား

အနူးအတွက်လက်ဆောင်လုပ်ပေးထားတရ်´´

ဆိုပြီး အချိုသပ်ခေါ်လေသည်

အနူးလဲချစ်သူကလက်ဆောင်လုပ်ပေးထားတယ်ဆိုတော့

ရင်ခုန်စိတ်လုပ်ရှားတာပေါ့

ဒီလိုနဲ့အပေါ်ထပ်တက်ပြီး ဝေယံအခန်းဆီသွားကြတာပေါ့

ဝေယံလဲအခန်းထဲမှ အနူးအတွက်အဆင်သင့်လုပ်ပေးထားတဲ့

ကိတ်မုန့်ရယ် ပန်းစည်းရယ် အရုပ်ရယ်

စသည်ဖြစ်ပေါ့

အဲ့ဒီနေ့ တနေကုန်အခနန်းထဲတွင်ကင်မရာကဖမ်းယူရတဲ့အရာမှန်သမျှ

အနူးပြန်ပြီးနောက်ပိုင်း

ဝေယံကဖွင့်ကြည့်ကာ

ဝေယံတယောက်ဘယ်လိုမှမခံစားနိုင်ပေ

အကြောင်းကာ

ကင်မရာထဲတွင် သူတယောက်ထဲရှိပြီးအနူးကိုမမြင်

ရတဲ့အတွက်ကြောင့်ဖြစ်သည်

အဲ့ဒီအချိန်မှစ၍

အနူးမသိတဲ့အချိန်မှာအနူးရဲ့နောက်ကြောင်းကိုသူငယ်ချင်ူနဲ့ပေါင်းကာ

တိတ်တဆိတ်စုံစမ်းလေသည်

အရင်ဆုံးအနူးအမေဆီဆက်သွယ်တယ်

လွန်ခဲ့တဲ့၂နှစ်က အနူးအိမ်ပြန်လာသေးလား

စသည်တို့ဘာတို့ပေါ့

ဒါမယ့်အနူးအမေရဲ့အဖြေကတော့ရိုးရိုးလေးပါ

“လွန်ခဲ့တဲ့၂နှစ်ကသူ့သမီးပြန်မလာသလိုအခုလဲပြန်မလာ

သေးပါဘူးဆိုပြီြးေပြာပြလေသည်´´

အဲ့ဒါဆိုဘယ်လိုတွေဖြစ်ကုန်ပြီးလဲ

ဝေယံတယောက်တွေးရင်တွေးရင်း

မျက်ရည်များကျလာလေသည်

သူငယ်ချင်ူများလဲအားပေးနစ်သိမ့်တာပေါ့

အနူးအမေဆီကထွက်လာပြီး

အပြန်လမ်းမှာအနူးပုံပြပြီး အပြန်လမ်းတလျှောက်

တွေ့ကရာလူတွေကိုမေးလေသည်

ထိုအခါဈေးမှပြန်လာတဲ့အဒေါ်တယောက်

“အင်း…ဒီခလေးမအဒေါ်မြင်ဖူးပါတရ်

ဘယ်မှာမြင်ဖူးပါလိမ့်´´ဆိုပြီးခနစဉ်းစားလေသည်

နောက်တော့“အော် မှတ်မိပြီး ဒါ..ဟိုး..လွန်ခဲ့တဲ့၂နှစ်က

ဒီနားလေးမှာကားမှောက်သွားတဲ့ကောင်မလေး

ဟုတယ်သူဘဲ ´´ဆိုပြီးပြောပြလေသည်

ထိုအခါဝေယံလဲမျက်ရည်များထိန်းမနိုင်သိမ်းမနိုင်

ခြုံးခြုံးချငိုချလေသည်

“အဖြစ်ဆိုးလှချည်လား

ဖြစ်မှဖြစ်ရလေအနူးရယ်´´ဆိုပြီးငိုယိုပြောလေသည်

ထိုအခါဝေယံကသူ့မိဘနဲ့တိုင်ပင်ပြီး

အနူးအတွက်ကောင်းမှုကုသိုလ်လုပ်ပေးပြီး

အမျှဝေဖို့ကြိုးစာလေတော့သည်

ဝေယံအနူးဆီသွားပြီး

“အနူး ကို့ကိုမလိမ်ချင်ပါနဲ့တော့

မင်းဒီလိုဖြစ်နေတာကိုမကြည့်ရက်တော့ဘူး

ကိုလဲမင်းကိုမခွဲနိုင်ဘူး

ဒါပေမယ့် ဘဝကခြားသွားပြီးဖြစ်တဲ့အတွက်

အနူးနဲ့ကို ဘယ်လိုမှပေါင်းဖက်လို့မရသလို

အနူးလဲကို့သွားရမယ့်လမ်းကိုဖြောင့်ဖြောင့်နဲ့သွားပါ´´

လို့မျက်ရည်များစီးဆင်းကာပြောလေသည်

အနူးက“ကို…..အနူးကို့ကိုမခွဲနိုင်ဘူး

ကိုနဲ့အဝေးဆုံးကိုလဲထွက်မသွားချင်ဘူး

ကျေးဇူးပြု၍ အနူးကိုမနှင်ထုတ်ပါနဲ့

အနူးကို့နဲ့တကယ်မခွဲနိုင်လို့ပါ

ကျေးဇူးပြု၍အနူးကိုဘယ်မှထွက်မသွားခိုင်းပါနဲ့

အနူးတောင်းပန်ပါတယ်´´အနူးလဲငိုယိုကာပြောလေသည်

ဒါပေမယ့် ဝေယံက

“အနူးရယ် ဒီဘဝမှာမပေါင်းရပေမယ့်

နောင်ဘဝကျရင်ပေါင်းရမှာပါ ကိုဆုတောင်းပေးနေပါ့မယ်´´

စသည်ဖြင့်အနူးကိုဖြောင်းဖျတရားကျလေသည်

အနူးလဲအမြင်မမှန်ရလာကာ

မခွဲချင်ပေမယ် တွယ်ကပ်လို့လဲမရ

တွယ်ကပ်နေရင် ကို့အတွက်အဆိုးဘဲရောက်မယ်ဆိုတာ

သိတော့ ဝေယံပြောတဲ့အတိုင်း

နောက်နေ့ရောက်တော့ အနူးအတွက်ကုသိုလ်လုပ်

အမျှဝေပေးလေသည်

အနူးလဲ ဝေယံကို နောက်ဆုံးအပြုံးနဲ့

နှုတ်ဆက်ကာ တဖြည်းဖြည်းပျောက်ကွယ်သွားလေသည်

ထိုအချိန်မှစ၍ ဝေယံလဲ

ဘုရာရောက်ပြီးကုသိုလ်ကောင်းမှုလုပ်တိုင်း

“နှောင်ဘဝရှိခဲ့ရင် အနူးနဲ့ပြန်ဆုံပြီးဘဝတလျှောက်လုံး

လက်တွဲမဖြုတ်ပေါင်းရပါစေလို၏´´လို့ဘယ်ဘုရားရောက်

ကောင်းမှုကုသိုလ်ဘာလုပ်လုပ်

အဲ့ဆုတခုတည်းသာတောင်းမြဲတောင်းလေသည်

အဲ့ဘဝမှာတင် ဝေယံလဲ

လူပျိုကြီးဘဝ အနူးအပေါ်သစ္စာရှိရှိနဲ့ နေသွားလေသည်

—ပြီးပါပြီး—
စာရေးသူ……

—မာယာ—