ဂျိုနှစ်ချောင်းနဲ့ကျား(စ/ဆုံး)
—————————-
အချိန်ကည( ၁၀ )နာရီထိုးတော့မယ်။
နေခြည်တစ်ယောက်အိမ်ထဲမှာခေါက်
တုဲံ့ခေါက်ပြန်လမ်းလျှောက်ရင်းည (၈ )
နာရီမထိုးခင်ကတည်းကအပြင်ထွက်သွားသောလင်တော်မောင်ကု
မျှော်နေမိတယ်။အရင်ကလည်းသည်
လိုသွားလာနေကြဖြစ်ပေမယ့်ဒီနေ့လို
ချစ်သူများနေ့မျိုးမှာတော့နေခြည့်ရင်ထဲမှာမသိမသာစိုးရိမ်ပူပန်နေမိတယ်။
နေခြည်လက်ထဲမှဖုန်းကိုဖွင့်လိုက်ပြီး
လင်တော်မောင်ရဲ့ဖုန်းကိုခေါ်လိုက်တယ်။
” ဟဲလို ”
“ဟဲလို ရှင်အခုချိန်ထိပြန်မလာသေးဘူးလား ”
“ပြန်လာနေပြီမိန်းမ ခုဆိုင်ကယ်မောင်းနေတာ ” “အဟွတ် အဟွတ် ”
လင်တော်မောင်နဲ့ဖုန်းပြောနေတုန်းမှာ
မိန်းမတစ်ယောက်ချောင်းဆိုးသံသဲ့သဲ့
ကိုကြားလိုက်ရတာမို့နေခြည်ရင်ထဲမှာ
ဗလောင်ဆူသွားရတယ်။
” ရှင်နဲ့ဘယ်သူပါသေးလဲ ”
“ဘယ်သူမှမပါပါဘူးကွ ယောကျာ်းတစ်
ယောက်တည်းပါ ”
“အော် အင်းအင်း အဲဒါဆိုမြန်မြန်ပြန်
လာခဲ့ ဆိုင်ကယ်ဂရုစိုက်မောင်းဦး ”
နေခြည်အသံကိုဟန်မပျက်အောင်ထိန်း
ပြောရင်းဖုန်းကိုချလိုက်တယ်။
“စုရေ အိမ်ကမိန်းမကပြန်ခေါ်နေပြီ
ကိုမောင်တို့ပြန်ကြရအောင်နော် ”
“ပြန်ကြတာပေါ့ ခုနစုချောင်းဆိုးမိလိုက်
တာကိုမောင့်မိန်းမကြီးကြားသွားရင်ယဒုက္ခပဲ ”
“ပူမနေပါနဲ့စုရယ်ခုချိန်ဆိုသူ့စိတ်ထဲမှာ
စတိုးဆိုင်ကဘယ်လောက်ဖိုးရောင်းရ
လဲဆိုတာရယ်ကိုရီးယားကားရယ်ပဲ
ရှိတာ”
ကိုမောင်ရဲ့ခပ်ပေါ့ပေါ့အဖြေကြောင့်
စုနိုင်မသိမသာပြုံးလိုက်တယ်။မိန်းမ
တစ်ယောက်ရဲ့စိတ်ကိုမိန်းမချင်းပဲပိသိတာမလား။တမင်မကြားကြားအောင်
ဆိုးလိုက်တဲ့ချောင်းဆိုတာကိုမောင်တစ်
ယောက်ဘယ်တော့မှရိပ်စားမိမယ်မထင်ဘူး။
ိ
( ၂ )
ကျုပ်နာမည်ကတင်မောင်။အညာသား။
အညာသားမှမြေလတ်ဒေသကအညာ
သားစစ်စစ်။အညာသားဆိုတော့ထုံးစံ
အတိုင်းရန်ကုန်လိုမြို့ကြီးပြကြီးကို
အရမ်းကိုရောက်ဖူးချင်ခဲ့တာပေါ့။
အညာသူအညာသားတွေထန်းလျက်
တစ်တောင်း။ပုန်းရည်းကြီးနဲ့ပျားရည်
ရှာပြီးမြို့ကြီးတွေတက်ပြီးစီးပွားရှာ
နေကြတာကိုကျုပ်လည်းအားကျမိခဲ့
ပေမယ့်အရင်းအနှီးမရှိလက်ဗလာနဲ့
တော့မစွန့်စားရဲဘူး။ဒါကြောင့်အနီးအ
ပါးကမြို့တစ်မြို့ကပန်းပဲရုံမှာအလုပ်
ဝင်လုပ်တယ်။အလုပ်ကနေစားငြိမ်း။
ရသမျှလေးကိုစုဆောင်းပြီးရွာကအဖေ
နဲ့ညီတွေညီမတွေဆီငွေပို့ရတယ်။
ဝင်ငွေကောင်းလှတာမဟုတ်ပေမယ့်
တောမှာထန်းတက်တဲ့အလုပ်ထက်စာ
ရင်တော်သေးတယ်ပြောရမလား။
မြို့ကြီးပြကြီးမှာနေစရာနဲ့အလုပ်တစ်
ခုရဖို့ကလွယ်တာမဟုတ်ဘူးလေ။
အဲဒီနောက်ကံထလာတယ်ပဲပြောရ
မလား။အဲဒီမြို့မှာပဲကျုပ်မိန်းမနဲ့စတွေ့
ခဲ့တာ။သူကကျုပ်အလုပ်ရှင်အိမ်ကို
အလည်လာတာ။မြို့သူဆိုတော့
ဝတ်တတ်စားတတ်နဲ့လှလှပပဖြူဖြူ
ဖွေးဖွေးချစ်စရာလေးပေါ့။ဘာပြော
ကောင်းမလဲ။ကျုပ်လည်းကြိုက်တာ
ပေါ့။ကြိုက်တာမှသူခိုင်းသမျှလုပ်။
သူ့သွားလေရာတကောက်ကောက်
လျှောက်လိုက်နဲ့အခိုင်းအစေတစ်
ယောက်ဖြစ်မှန်းမသိဖြစ်တဲ့အထိကြိုက်
တာ။ကျုပ်မိန်းမကမြို့သူဆိုပေမယ့်
သူစိတ်ကထူးခြားတယ်။ဒီလိုထူးခြား
လို့လဲကျုပ်လိုကောင်ကိုယူခဲ့တာပေါ့။
မဟုတ်ရင်ကျုပ်လိုကောင်ကိုဘယ်ယူ
မလဲ။အရပ်ကပုကွကွ။
မျက်နှာကဆယ်ပြားစေ့လိုလိုလေး
ထောင့်လိုလို။ဒီကြားထဲမျက်ခုံးကကျိုး
တိုးကျဲတဲရယ်ရှိတာ။ပြောစရာဆိုလို့
အသားလေးဖြူတာပဲရှိတာ။သူကျုပ်ကို
ဘာလို့လက်ထပ်ခဲ့လည်းအဲဒီတုန်းက
ကျုပ်သေသေချာချာမသိခဲ့ဘူး။
သိလည်းမသိချင်ခဲ့မိဘူး။အရူးအမဲသား
စားမိသလိုအစွဲကြီးစွဲပြီးရန်ကုန်မြို့
ကြီးကိုယောင်ကန်းကန်းပျော်ပျော်ရွှင်
ရွှ့င်နဲ့လိုက်ခဲ့တာပေါ့။
လူအကြောင်းပေါင်းကြည့်မှသိဆိုသယလိုလက်ထပ်ပြီးမှကျုပ်မိန်းမစိတ်ကိုပီပီ
ပြင်ပြင်သိခဲ့ရတာ။ကျုပ်မိန်းမကမာ
နခဲ။ချစ်မှုရေးရာလဲသူစိတ်မဝင်စား
ဘူး။သူသိတာငွေရှာမယ်။မင်းသမီး
လေးလိုလှလှပပလေးနေမယ်။လှတာ
လဲတကယ်လှတာပါ။လှဆိုကျုပ်နဲ့ယူ
ပြီးတာတောင်တရစ်ဝဲဝဲလုပ်နေတဲ့
ကောင်တွေရှိနေသေးတာ။သူကျုပ်ကို
ယူခဲ့တာလည်းအဲ့ဒီအကြောင်းတွေ
ကြောင့်ပဲ။ရှင်းရှင်းပြောရရင်ဆွေမျိုး
ရင်းခြာမရှိတဲ့သူ့အတွက်ဘဝလုံခြုံဖို့
သက်သက်ကျုပ်ကိုယူခဲ့တာ။ကျုပ်က
အရက်လောင်ကစားမိန်းမကိစ္စအကုန်
ရှင်းကင်းတယ်။ပြောစရာဆိုလို့ကွမ်း
စားတတ်တာလေးပဲရှိတာ။ကျုပ်က
ကျုပ်မိန်းမကိုသိပ်ချစ်တာ။သူက
ကျုပိကိုသက်တော်စောင့်လိုပဲသဘော
ထားထား။အပျင်းပြေကူဖော်လောင်
ဘက်လို့ပဲသဘောထားထား။ကျုပ်ကျေ
နပ်ခဲ့တယ်။သူ့ဘေးနားမှာနေရရုံနဲ့
ကျုပ်နေပျော်တယ်။မြို့ကြီးကိုရောက်
တော့သူဆင်သမျှဝတ်စား။သူခိုင်းတာ
လုပ်သူသဘောကျနေထိုင်ခဲ့တော့
ကျုပ်လဲမြို့ရည်မြို့သွေးပြည့်ဝပြီးမြို့
သားလုံးလုံးဖြစ်ခဲ့တာပေါ။မူလတန်း
အောင်ရုံရည်းစားစာတောင်ဖြောင့်
အောင်မရေးတတ်ကျုပ်ကအဲကွန်းခန်း
ထဲမှာအေးအေးသာသာငွေရှာရတော့
သူပြောသမျှအကုန်နာခံခဲ့ရတာပေါ့။
ဒီလိုအလုပ်ရဖို့ကလွယ်တော့မလွယ်
ခဲ့ဘူး။တစ်နှစ်လောက်အချိန်ကုန်ငွေ
ကုန်ခံပြီးအီလက်ထရောနစ်ပြုပြင်ရေး
ပညာကိုသင်ယူခဲ့ရတာ။အခုလိုကိုယ်
ပိုင်ဆိုင်လေးဖွင့်နိုင်ဖို့ကျုပ်မိန်းမပိုင်
ဆိုင်သမျှလေးတွေအရင်းအနှိးလုပ်ခဲ့
ရတာပေါ့။တစ်နှစ်ဆိုတဲ့အချိန်ကိုစတိုး
ဆိုင်သေးသေးလေးကရတဲ့ဝင်ငွေနဲ့
မနည်းတောင့်ခံနေလာခဲ့ရတာ။ခုဆိုင်
လေးဖွင့်နိုင်တော့အခြေအနေကတစ်မျိုတဖုံပြောင်းလဲလာခဲ့တာပေါ့။မိန်းမစတိုးဆိုင်ကရတဲ့တပတ်စာအမြတ်ငွေက
ကျုပ်တစ်ရက်ရှာရင်ရတယ်။ကျုပ်မိန်းမသိပ်တော်ပါတယ်။ကျုပ်ရှာသမျှငွေ
ကိုစုပြီးမြေကွက်အပိုင်လေးဝယ်နိုင်ဖို့
ကြိုးစားတယ်။ကျုပ်ကဝင်ငွေကောင်း
ကောင်းရှာနိုင်လာတော့ရွာကအဖေနဲ့
ညီ ညီမတွေကိုခေါ်ထားချင်တယ်။
စီးပွားဖြစ်ကာစမို့မိန်းမကသိပ်သဘော
မကျပေမယ့်သူကလည်လည်ပတ်ပတ်
ရှိတော့မြွေမသေတုတ်မကျိုးစီစဉ်ခဲ့
တယ်။ကျုပ်ညီတွေညီမတွေကိုခေါ်ပြီး
နေစားငြိမ်းအလုပ်တစ်ခုမှာသွင်းပေး
တယ်။ကျုပ်မကျေနပ်ပေမယ့်သူလုပ်
တာနည်းလမ်းပျနေတော့ဘာမှဝင်မ
ပြောသာခဲ့ဘူး။ဘာလုပ်လုပ်သူ့ဘာသာ
ှီုဦးဆောင်ဆုံးဖြတ်ခဲ့တဲ့အလုပ်တွေ
ဘယ်လောက်တောင်များပြီလဲ။
ဒါတွေကိုကျုပ်အမြဲသည်းခံခဲ့တာ။
အခုလိုကျုပ်ရှာတဲ့ငွေကအရာထင်လာ
့တော့သူပြောသမျှကျုပ်ငြိမ်ခံမနေချင်
တော့ဘူး။ပြီးတော့ကျုပ်က ကလေး
ချစ်တတ်တယ်။သူလည်းကလေးချစ်
တတ်ပေမယ့်ခြံပိုင်လေးဝယ်ပြီးမှ
ကလေးယူနိုင်မယ်တဲ့လေ။ဒါကိုလည်း
ကျုပ်အပြစ်မပြောပါဘူး။ကျုပ်ကသူ့
ဆီကအနုအရွလေးတွေအယုအယလေး
တွေလိုချင်တာ။
့
သူပေးတာကတာဝန်ကျေမှုသစ္စာစောင့်
သိမှုတွေအပြက်မပိုခဲ့ဘူး။သူ့စိတ်ထဲမှာ
အိုးပိုင်အိမ်ပိုင်ရဖို့ပဲတွေးနေတာ။
ကြာတော့သူ ငွေလောက်ကျုပ်ကိုတန်
ဖိုးထားရဲ့လားလို့တွေးလာမိတယ်။
ကျုပ်အခုတွဲနေတဲ့စုနိုင်ကငွေကိုမချစ်
ဘူး။ကျုပ်ကိုပဲချစ်တာ။မိန်းမရဲစတိုး
ဆိုင်မှာစျေးလာဝယ်ရင်းစုနဲ့ကျုပ်စ
တွေ့ကြတာ။ကျုပ်မှာအိမ်ထောင်ရှိမှန်း
သိသိနဲ့သူခမျာကျုပ်ကိုချစ်ရှာလွန်းလို့
ဒုက္ခခံနေတာတဲ့လေ။ကျုပ်တို့တွဲနေ
တာမကြာသေးဘူး။ကျုပ်ပြောငမျှ
စုကနားထောင်တယ်။ဘာမဆိုကျုပ်
သဘောကျုပ်ဆန္ဒကိုဦးစားပေးရှာတာ။
စုကိုအတည်ဖို့တော့ဘယ်တွေးမလဲဗျာ။
စုနိုင်ဘဝကကျုပ်လိုပဲမိသားစုကို
ရှာကျွေးနေရတာ။စုနိုင်ကိုယူလိုက်ရင်
နှစ်အိမ်ထောင့်တာဝန်ကိုထမ်းနေရမှာ
ပေါ့။ကျုပ်မိန်းမကျတော့မိဘတွေမရှိ
တော့ဘူး။ရှာသမျှကျုပ်မိသားစုဆီပဲ
ပေးရကမ်းရမှာလေ။ကျုပ်ဘယ်မိုက်ယရဲမလဲ။မတော်တဆစုကိုမယူမဖြစ်ယူ
ရမယ်ဆိုရင်လဲမိသားစုအထိတော့
တာဝန်မယူနိုင်ဘူး။ဝေးရာကိုပြေးရမှာ
ပဲ။စုကလည်းကျုပ်ကိုချစ်တော့ဘာမဆို
ကျုပ်သဘောပဲနေမယ်ထင်ပါတယ်။
( ၃ )
ဘယ်နှယ့်ဗျာကျုပ်ဒီလောက်ရှင်းပြနေ
တဲ့ကြားကပြဿနာလုပ်လို့မပြီးနိုင်
တော့ဘူး။ယောကျာ်းလေးပဲနည်းနည်း
ပါးပါးအပျော်လေးတော့ရှာမိတာ။ဒါ
နဲ့ပဲတစ်သက်လုံးအပြောအဆိုခံပြီးနေ
ရတော့မှာလား။ကြာတော့ကျုပ်သည်း
မခံနိုင်တော့လို့ပြန်မပြောနားမထောင်
နေပစ်လိုက်တယ်။နောက်ဆုံးတော့
မာနကြီးလှတဲ့ကျုပ်မိန်းမ။ကျုပ်ဆင်
တဲ့အကွက်ထဲဆိုက်ဆိုက်မြိုက်မြိုက်
ဝင်လာတော့တာပေါ့။ကျုပ်လည်းယဟန်ဆောင်ပန်ဆောင်ဝမ်းနည်းပြပြီး
ကွာရှင်းပေးလိုက်တယ်။
အပြောင်အလဲမြန်မျက်နှာများတယ်
လို့တော့မပြောလိုက်ပါနဲ့ဗျာ။ကျုပ်လည်းမတက်သာလို့ပါ။စုမှာကျုပ်နဲ့
ရတဲ့ကိုယ်ဝန်ရှိနေပြီဆိုမှတော့ကျုပ်
လည်းမျက်နှာပြောင်တိုတ်ရတောတာ
ပေါ့။
( ၄ )
စုနိုင်ကအထုတ်တွေကိုစီချနေရင်းမှ
နာရီကိုတကြည့်ကြည့်။ဂနာမငြိမ်ဖြစ်
နေသောသမီးဖြစ်သူစုနိုင်ကိုကြည့်ပြီး
ဒေါ်အေးကြွယ်စိတ်မရှည်ချင်တော့။
“ညည်းတို့ကဘယ်အချိန်သွားမှာလဲ ”
“မှောင်တာနဲ့သွားမှာဟိုမှာခြောက်လ
နေပြီးတာနဲ့ပြန်လာမှာဒီကြာထဲအမေ
တို့လည်းချွေတာသုံး ပေါ့ ကိုမောင်က
တော့နေ့ဘက်ဆိုဒီရပ်ကွက်မှာပဲ
ဟန်မပျက်ဆိုင်ဖွင့်နေမှာသူ့အလုပ်က
ဒီမှာအဆင်ပြေတယ်လေ ”
“အဲဒါကအရေးမကြီးဘူး ရန်ကုန်တစ်
့မို့ထဲပဲငွေလိုလဲညည်းယောကျာ်းမရှိ
ချိန်လာတောင်းရမှာပေါ့အရေးကြီးတာ
ကဟိုကောင်ကျော်ကျော်နဲ့ညည်းကိစ္စ
ပြီးပြီးပြတ်ပြတ်ရှင်းခဲ့ရဲ့လား ”
” ရှင်းလွန်းသမှကိုယ်ဝန်ကိုတာဝန်မယူ
နိုင်ပါဘူးဆိုပြီးသူ့အိမ်ကပေးစားတဲ့
မိန်းမနဲ့ယူလိုက်ပြီ လေ ”
” ဒါဆိုလဲပြီးတာပဲ ညည်းကိုယ်ဝန်က
ဟိုကောင်ကျော်ကျော်နဲံ့ရတာကို
တင်မောင်မသိအောင်ပိပိရိရိနေပေတော့ ”
##################
နှင်းအိမ်လေး
ဖတ်ရှုပေးမှုအတွက်ကျေးဇူးတင်ပါသည်။
ိ
ု