ငယ်ချစ်ဦး

Posted on

ငယ်ချစ်ဦး(စ/ဆုံး)
—————-

လွင်ဦးလှိုက်ကာလှိုက်ကာတက်လာနေသော
အပူလုံးတွေကို လူမသိအောင်ကျိတ်ကာမျိုချနေသည်၊၊သိုသော်ဟန်ဆောင်တားဆည်းမရသည်က မျက်လုံးအိမ်အတွင်းမှ မျက်ရည်များပင်ဖြစ်သည်၊၊ မျက်မှန်၏အောက်မှမျက်ရည်များသည် မည်မျှပင်ဟန်ဆောင်စိတ်ကိုထိမ်းထားသော်လည်း တားဆည်းမရ
တသွင်သွင်စီးကျ၍နေလေသည်၊၊
သူအနားတွင်ရှိနေသောရင်မောင်သည်
လွင်ဦးကိုကြည့်ကာ စိတ်မချမ်းသာသဖြင့်၊၊

“သူငယ်ချင်း. လွင်ဦး ငိုလိုက်ပါကွာ မင်းအားရပါးရငိုလိုက်ပါသူငယ်ချင်း”

ရင်မောင်၏စကားကြောင့်လွင်ဦးသည်
မိမိရှေ့တွင်အသက်ပျောက်နေသည့် နှစ်ဖက်မိဖတွေ၏ သဘောတူခွင့်ပြုထာသော ဇနီးလောင်း၏ဘေးတွင်ထိုင်ကာ၊၊သူအလွန်ချစ်ရလွန်းသည့် ခင်လှ၏လက်ကလေးကိုကိုင်ကာ
ရင်မောင်ကိုစကားတခွန်းဆိုလိုက်သည်၊၊

“ရင်မောင် မင်းသာ ခင်လှ အနားမှာထိုင်ပြီး
ငိုရမဲ့သူအစစ်ပါကွာ မင်းဟန်ဆောင်မနေပါနဲ့
မင်းလွတ်လွတ်လပ်လပ်နဲ့ အားရပါးရ ငိုချလိုက်ပါရင်မောင်”

” ဟာ… လွင်ဦးရာ….. မင်းကွာ”
ရင်မောင် ဒီလောက်ပဲ. စကားဆိုနိုင်ခဲ့ပါသည်၊၊

ရင်မောင်သည်လည်း လွင်ဦးလို . ရင်မှလှိုက်တက်လာနေသော အပူမီးတွေကြောင့် မျက်လုံးအိမ်တွင်မျက်ရည်စတွေနှင့်ဆိုသည်ကိုတော့ဖြင့် လွင်ဦးသိမည်မထင်ပါ၊၊
ရင်ထဲမှာခံစားမရ အလွန်နာကျင်စွာကျိတ်ငိုနေရသည့်အဖြစ်ကို လွင်ဦးနားလည်ဟန်မတူ၊၊
“ငါလဲမင်းလိုပဲငိုနေပါတယ်သူငယ်ချင်း”

ရင်မောင်နှင့်လွင်ဦး တစ်ယောက်ကိုတစ်ယောက်စကားမပြောနိုင်တော့ပဲ ကိုယ်အတွေးနှင်ကိုယ်၊၊ သေဆုံးသွားပြီဖြစ်သော
ခင်လှ၏လက်ကလေးကို တစ်ယောက်တစ်ဖက်ကိုင်ကာ ချစ်ရလွန်းသော ခင်လှ၏မျက်နှာကိုသာ နှစ်ဦးလုံးစိုက်ကြည့်ရင်း
ရင်မောင်၏အတွေး များသည် အတိတ်ကာလသို့ပြန်လည်ဖြတ်သန်းကာသွားနေပါတော့သည်၊၊

ရင်မောင်တို့ရွာကလေးသည် မြို့နှင့်အလွန်ဝေးကွာလှသည်၊၊ လူနေ
အိမ်များသည်လည်း တစ်ရာကျော်ခန့်သာရှိသည် ရွာသူရွာသားများသည်လယ်ယာလုပ်ငန်းနှင့် မွေးမြူရေးအလုပ် ကိုသာ အဓိကထားလုပ်ကိုင်စားသောက်နေကြရသူတွေများသည်၊၊

လွင်ဦး၏မိဖများသည် တောသူဌေးဟု
အမည်ခံ စီးပွားရေးပြေလည်သူများဖြစ်ကြသည်၊၊ ခင်လှ၏မိဖများသည်လည်း
လယ်ယာမြေကိုများစွာပိုင်သော လယ်ပိုင်ရှင်များဖြစ်ကြလေသည်၊၊
ရင်မောင်၏မိဖများကတော့ ခင်လှ၏မိဖများထံတွင် လယ်သူရင်းငှား. လယ်လုပ်သားဘဝဖြင့် အသက်မွေးဝမ်းကြောင်းပြုရသူများဖြစ်သည်၊၊

လွင်ဦး. ခင်လှ ရင်မောင် ထိုသုံးယောက်သည် ငယ်စဥ်အခါကပင် ကစားအတူစားအတူ သွားအတူ မခွဲပဲ အမြဲအတူရှိကြလေသည်၊၊

ခုထိမှတ်မိနေပါသေးသည် ရင်မောင် လွင်ဦး. ခင်လှတို့သုံးယောက် မူလတန်းကျောင်းသားအရွယ် ကျောင်းစတက်သောနေကပင်ဖြစ်သည်၊၊

ဆရာမလေးက ရင်မောင်တို့သုံးယောက်ကို
ဝ… လုံးလေးတွေရေးခိုင်းသည်၊၊ မရေးတတ်သေး၍ဆရာမကိုယ်တိုင် လက်ကလေးကိုကိုင်ပြီးစနစ်တကျသင်ပေးသည်၊၊ရင်မောင်နှင့်လွင်ဦးက ဆရာမလေး၏ စိတ်ရှည်ရှည်သင်ပေးမှုကြောင့် အတော်အသင့်ရေးတတ်သည်၊၊ ခင်လှမှာဖြင့်ဘယ်လိုပင်ရေးရေး ဝ.. လုံးဖြစ်အောင်မရေးနိုင်ပါ၊၊. ဆရာမလေးသည် ခင်လှ၏မျက်နှာကိုကြည့်ကာ ၊၊

“သမီး. ဒီနေ့ . ဝလုံးကိုဖြစ်အောင်မရေးနိုင်ရင်
ဆရာမ သမီးကိုပြန်မလွှတ်ဘူး ခေါ်ထားရမယ်. ရေးတတ်တဲ့ သမီးရဲ့အဖော်နှစ်ရောက်ကိုတော့ ပြန်လွှတ်လိုက်မယ်”

ဆရာမလေးပြောလိုက်သည့်စကားကြောင့် ခင်လှသည် မျက်လုံးအိမ်မှ မျက်ရည်များစီးကျကာ ရင်မောင်၏ခါးကိုထ၍ဖက်ထားလေတော့သည်၊၊

ခင်လှမျက်ရည်ကျနေသည်ကိုမြင်ရသောအခါ လွင်ဦးသည်မတ်တတ်ရပ်၍ ဆရာမကို မကျေနပ်သောမျက်လုံးများဖြင့်
တွေတွေကြီးစူးစူးရဲရဲကြည့်နေလေသည်၊၊

ရင်မောင်ကတော့ ခင်လှ၏လက်ကလေးကိုကိုင်ကာ၊၊
“ခင်လှနင်မငိုနဲ့. နင်မပါရင် ငါတိုလဲမပြန်ဘူး
ငါတို့ဒီမှာမနေရဘူးဆိုလဲ နင့်အဖေကို
ခေါ်လာပြီး
နင်ကိုရအောင်ပြန်ခေါ်မယ် မငို့နဲ့ခင်လှ”

ရင်မောင်ပြောလိုက်သောစကားကြောင့် ခင်လှအငိုရပ်သွားသည်၊၊

ဆရာမလေးသည် ရင်မောင်တို့သုံးဦးကိုကြည်ကာ ပြုံးယောင်ယောင်မျက်နှာလေးဖြင့်
ရင်မောင်တို့သုံးယောက်ကို ခေါင်းကိုကိုင်ကာ ချော့ရှာသည်၊၊

“ဆရာမက သမီးကို တကယ်ခေါ်မထားပါဘူးကွယ် သမီးလေးမခံချင်စိတ်နဲ့ ကြိုးစားပြီးစာရေးလာအောင်ပြောမိတာပါ၊၊ အခုသမီးလေးကဆရာမကြောင့် ဝမ်းနဲ့သွားတာမြင်ရတော့ ဆရာမစိတ်မကောင်းပါဘူး သမီးလေးကို အမြန်စာရေးတတ်စေချင်တဲ့စေတနာပါကွယ်၊၊ သားတို့နှစ်ဦးကလဲ သူငယ်ချင်းဖြစ်သူအပေါ် မိတ်ဆွေကောင်းပီသတဲ့စိတ်နဲ့စောင့်ရှောက်တာမြင်ရတော့ ဆရာမဝမ်းသာရပါတယ် ၊၊

ကာလတွေရွေ့လာသည် အချိန်နာရီတွေပြောင်းလာသည် နှစ်ဟောင်းတွေကျန်ခဲ့ပြီးနှစ်သစ်တွေပြောင်းခဲ့ပြီ၊၊

ရင်မောင်တို့စာသင်ခဲ့ရသောကျောင်းလေးသည် အရင်လို ဓနိမိုး. ဓနိကာ ဝါးခင်းကျောင်းလေးမဟုတ်တော့၊၊
အရင်လို ကျောင်းသားသုံးဆယ်ကျော်နှင့် ဆရာမနှစ်ယောက်တည်းသင်သည့်မူလတန်းကျောင်းလေးမဟုတ်တော့၊၊
အခုဆိုရင်မောင်တို့စာသင်သည့်ကျောင်းက
သွပ်မိုး. ပျင်ကာ ပျင်ခင်း ပျင်းကတိုးတိုင်တွေနှင့် ဆောက်လုပ်ထားသောကျောင်းကြီးဖြစ်နေပြီ ကျောင်းသားတွေကလည်း သုံးရာကျော် ၊၊ တွဲဖက်အလယ်တန်းကျောင်းပါရနေပြီဆိုတော့ ရှစ်တန်းအထိ ပညာတွေသင်ကြရသည်၊၊

ရွာကြီးလဲစည်ကားလာသည် ကျမ်းမာရေးဆေးပေးခန်း ကျေးရွာစာကြည်တိုက်တွေနှင့်၊၊
ရောင်းဝယ်ဖောက်ကားကုန်စည်စီးဆင်းမှု့တွေကလဲ ၊၊အရင်လိုကျေးရွာအတွင်းကငွေရှိသူကသတ်မှတ်ထားသောစျေးနှုံးဖြင့်စပါးများကိုရောင်းနေရခြင်းကလွတ်ကင်းပြီး မြို့မှကုန်သည်များကိုယ်တိုင် အပြိုင်စျေးနှုံးတွေပေးကာ ဝယ်ယူလာသည့်စျေးကွက်စနစ်ဖြစ်လာတာကြောင့် မိမိကြိုက်စျေးကိုဆိုကာဆန်စပါးများကိုရောင်းချရသည်အတွက် စားနေဝတ် ဆို့သည် အရေးသုံးပါးကအဆင်ပြေလာကြသည်၊၊

လွင်ဦး ခင်လှ ရင်မောင်တို့သုံးဦးသည်ပင်
ရှစ်တန်းကျောင်းသားကြီးတွေဖြစ်၍ပင်နေကြပြီဖြစ်သည်၊၊

ရှစ်တန်းဆိုသည့်ပညာကိုသင်လာရသည်အချိန်တွင် ရင်မောင်တို့သုံးဦးလုံး ကလေးဆန်သောအတွေး.. ကလေးအပြုအမူတွေအလွန်နည်းပါးလာသည်၊၊ ကျောင်းစာသင်ချိန်ပြီးသည်နှင့် ကျောင်းစာကြည့်တိုက်မှ ကိုယ်ကြိုက်နှစ်သက်ရာစာများကိုဖတ်ကြသည်၊၊
ကျောင်းပိတ်ရက်များတွင်လည်း ကျေးရွာစာကြည့်တိုက်မှာ စာအုပ်မျာငှားကာ အချိန်ရသလောက်ဖတ်ကြသည်၊၊ရင်မောင်တို့သုံးဦးလုံးမှာရှေ့အနာဂတ်အတွက်ယုံကြည်ရာပန်းတိုင်တွေလည်းထားလာကြသည်၊၊

လွင်ဦးကတော့ ကျောင်းဆက်တက်ပြီးဘွဲ့ရသည့်အခါ တိုင်းပြည်အတွက် စစ်မှုထမ်းဖို့
အခိုင်အမာဆုံးဖြတ်ထားသည်၊၊
ခင်လှကတော့ဘွဲရပြီးသည်အခါ မဖွံ့ဖြိုးမတိုးတက်သေးသည့်ရွာလေးများတွင်
ကျောင်းဆရာမ အဖြစ် တာဝန်ထမ်းဖို့ဆုံးဖြတ်ထားသည်၊၊
ရင်‌မောင်ကတော့သူတို့နှင့်မတူ တစ်မူကွဲနေသည်၊၊ ကျောင်းပြီးသည့်အခါ လူသားအများစုကို စီးပွားရေး. လူမှု့ရေး. ပညာရေးအစရှိသည့်အသိပညာများ မျှဝေ ပေးနိုင်သည့် စာရေးသူတစ်ယောက်ဖြစ်ချင်သည်၊၊
ရင်မောင်တို့သုံးယောက်သည် ကိုယ့်ယုံကြည်ချက် ကိုယ်ရည်မှန်းချက်တွေနှင့်အတူ စာကိုအထူးကြိုးစားကြသည်၊၊

အရွယ်လေးတွေရောက်လာသည်နှင့် ရင်မောင်တို့သုံးဦးသည် သိပ်ချစ် သိပ်ခင်ကြသည့်သူငယ်ချင်းအဖြစ်မှ မတူကွဲပြားခြားနားသောစိတ်ကလေးတွေ မသိမသာပြောင်းလဲလာကြသည်၊၊ အဲဒီအရာကတော့အချစ်ပဲဖြစ်သည်၊၊ ခင်လှသည် အရင်နဲမတူ
ထူခြားစွာလှလာသည် ရွာထဲမှ အရွယ်ရောက်နေသည် လူပျိုကာလသားများမှ ခင်လှ
လှလာသည်အကြောင်း တစ်စေ့တစ်စောင်းပင် ပြောလာကြသည်၊၊ ဒီစကားကြားရသည့်အခါတိုင်း ရင်မောင်နှင့်လွင်ဦး အူတိုကြသည် မနာလိုဖြစ်ကြသည်၊၊ တစ်နေ့တွင် လွင်ဦးသည် ရင်မောင်အားသူ့ရင်တွင်းမှခံစားနေရသောခံစားချက်ကိုထုတ်ဖော်၍ပြောလာသည် ၊၊ ခင်လှကို သူချစ်နေမိပြီဆိုသည့်အကြောင်း ပညာတွေစုံလို့ ရည်မှန်းချက်တွေပြည့်စုံရင်ခင်လှကို လက်ထပ်လိုသည့်အကြောင်းရင်ဖွင့်၍လာပါသည်၊၊
ရင်မောင်သည် လွင်ဦးပြောသောစကားကိုနားထောင်ကာ ရင်တွင်းမှ လှိုက်ကာ လှိုက်ကာခံစားနေရသည်၊၊
အမှန်တော့ ရင်မောင်သည်လည်း ခင်လှကို စွဲစွဲမြဲမြဲ တမ်းတမ်းတတ ချစ်နေ၍ပဲဖြစ်ပါသည် ၊၊

“အေး ပါကွာ ခင်လှကို မင်းရင်ထဲရှိတာပြောပေါ့ ခင်လှ သဘောတူပါစေပဲငါဆုတောင်းပေးပါမယ်ကွာ”

ရင်မောင်လည်းထိုမျှသာလွင်ဦးအားစကား
ပြန်ခဲ့မိလေသည်၊၊

စာမေးပွဲကြီးလည်း ဖြေပြီးကြပြီ၊၊ အောင်စာရင်းတွေပင်ထွက်လာသည်၊၊ရင်မောင်တို့သုံးယောက်လုံးစာမေးပွဲအောင်ကြပါသည်၊၊

စာမေးပွဲအောင်ကြသည်ကြောင့် လွင်ဦးနှင့်ခင်လှတို့ ကျောင်းဆက်တက်ဖို့ အစီအစဥ်တွေဆွဲကြသည် မိဖတွေက မြို့တွင် ဆွေမျိုးများထံအပ်နှံကာ ကျောင်းဆက်နေဖို့အတွက်စီစဥ်ပေးကြသည်၊၊

ရင်မောင်မှာဖြင့် ကျောင်းဆက်နေနိုင်ဖို့မိဖတွေကစီစဥ်မပေးနိုင်ပါ အမေကပန်းနာရင်ကျပ်သည်. အဖေက သူများလယ်သူရင်းငှား အဖေက အရင်လိုကျမ္မာရေးမကောင်း အရွယ်နှင့်မလိုက်အောင် မိသားစုကို
ရှာဖွေကျွေးမွေးခဲ့ရသည်ကြောင့် ပင်ပန်းသမျှ စုစည်းပြီးအခု ရက်အတွင်း နေမကောင်းခဏ ခဏဖြစ်နေသည်၊၊

“သားလေး”
“ဗျာအဖေ”
“မင်းရဲ့သူငယ်ချင်းတွေကတော့မြို့မှာကျောင်းသွားနေဖို့ သူတို့မိဖတွေက စီစဥ်နေကြပြီ၊၊ သားလေးကိုတော့ အဖေ သူတိုလို မြို့ကိုပို့ပြီးကျောင်းထားမပေးနိုင်လို့ စိတ်မကောင်းပါဘူးသား၊၊ မင်းအမေကလဲ ကျမ္မာရေးကမကောင်း အဖေလုပ်အားခကလဲ သားကိုမြို့ပို့ပြီးကျောင်းထားလို့ရလောက်တဲ့ဝင်ငွေကမရှိ၊၊ အဖေ….. မင်းသူငယ်ချင်းတွေလို ကျောင်းကို ဆက်ပြီးထားပေးခြင်ပေမဲ့ အဖေမှာသားကိုကျောင်းထားပေးနိုင်လောက်တဲ့ငွေကြေးမရှိဘူးသား၊၊ ဒါကြောင့် အဖေစိတ်မကောင်းအတော်ဖြစ်ရပါတယ်”

ရင်မောင်သည်အဖေ၏စကားကိုကြားလိုက်ရသည့်အခါ၊၊ ရင်ထဲအောင့်တက်လာသည့်အထိ မခံမရပ်နိုင်အောင်ခံစားရပြီး မျက်လုံးအိမ်မှ မျက်ရည်များပင်စီးကျခဲလေသည်၊၊ အဖေ၏မေတ္တာကို နားလည်စွာခံစားရပေမဲ့ ဆင်းရဲလွန်းလို့ကျောင်းဆက်မတက်နိုင်သည့်ဘဝပေးအခြေအနေကိုတော့ စိတ်တွင်ကျေနပ်မှုမရှိပေ၊၊

ရင်မောင်ဆုံးဖြတ်ချက်ချလိုက်ပါသည်
ကျောင်းဆက်မနေနိုင်လို့ရည်မှန်းထားသည့်အတိုင်း ဘွဲ့တစ်ခုမရခဲပေမဲ့ ၊၊ ယုံကြည်ချက်အတိုင်း ရင်မောင်တို့လို ဥစ္စာမဲ့သူတွေအတွက် အားအင်ဖြစ်စေနိုင်တဲ့ အသိပညာပေးနိုင်သူ လူတစ်ယောက်ဖြစ်အောင်ကြိုးစားမည်ဟု သံဓိဌာန်ခိုင်မာစွာချလိုက်လေသည်၊၊

လွင်ဦးနှင့်ခင်လှ ရွာမှခွာ၍ မြို့ကိုကျောင်းသွားတက်ကြပြီ ရင်မောင်မှာတော့ အမေ့လူမမာသယ်ကိုစောင့်ရှောက်ရင်းအဖေနှင့်အတူ အဖေအလုပ်တွေကိုဝိုင်းကူလုပ်ပေးနေရလေသည်၊၊ အမေသည် ခုရက်အတွင်းအတော်ဝေဒနာဆိုးလာသည်၊၊ဆေးဝါးကုသရန်မြို့ဆေးရုံသိုမသွားနိုင်တာကြောင့်ရွာမှာရှိနေသော တိုင်းရင်းသမားတော်နှင့်သာကုသ၍နေရလေသည် သမားတော်ကြီးမှ အမေ့ရောဂါသည် မြို့ဆေးရုံကိုပို့ပြီးကုသနိုင်မှသာ ကျန်းမာလာနိုင်ကြောင်းတိုက်တွန်းပါသော်လည်း အခြေအနေအရပ်ရပ်ကြောင့်ရွာမှပင်ဆေးကု၍နေရလေသည်၊၊ အဖေသည် ဇနီးဖြစ်သူလူနာကိုစောင့်ရှောက်ရသည်ကတစ်ကြောင်း လယ်ယာလုပ်ငန်းခွင်ထဲဆင်းကာအလုပ်လုပ်သည်ကဖုံ အိပ်ရေးပျက်ကာလူပန်းပြီး အဖျားတွေဝင်ပါတော့သည်၊၊
ကျွန်တော်မှာ မိဖနှစ်ပါးကိုပြုစုစောင့်ရှောက်ရင်း အဖေ့၏သူရင်းငှား. လယ်လုပ်သားဘဝ အဖေ့ကိုယ်စား လုပ်ကိုင်နေရလေသည်၊၊

“ရင်မောင်ရေ ရင်မောင် မင်းအမေ ဆန်ပြုတ်သောက်ရင်းချောင်းဆိုးလိုက်တာ. သွေးတွေအံပြီးသတိလစ်သွားလို့ ငါလာခေါ်တာ”
သူငယ်ချင်းဖြစ်သူသာမောင် လာပြောသဖြင့်
ထွန်လက်စလယ်ကိုနားပြီးနွားနှစ်ကောင်တံပိုးမှလွှတ်က အိမ်သို့အပြေးပြန်ခဲလေသည်၊၊ အိမ်ရောက်သည်တွင် အဖေ့ငိုသံကရင်မောင်ကိုဆီး၍ကြိုနေပါတော့သည်၊၊

“မမြရေ. နင့်သားလေးရင်မောင်. နင်ဆီလာနေပြီလေ ထကြည့်ပါဦးလားမမြရဲ့”

အဖေ့၏ငိုသံများနှင့်အတူ ရင်မောင်
အမေ့အလောင်းကိုပြေး၍ဖက်ထားမိလိုက်ပါသည်၊၊. အမေတကယ်သေသွားပြီ အမေ. ငါတို့ကိုထားသွားပြီ. အမေ ဆိုတာခေါ်စရာမရှိတော့ဘူးဆိုသည့်အတွေးကြောင့် ရင်မောင်
သည် လောကကြီးကို မေ့၍ပင်သွားပါတော့သည်၊၊

ရင်မောင် သတိပြန်ရ၍ မျက်လုံးဖွင့်မိချိန်မှာတော့၊၊ အမေက မြင်းဘောင် အလောင်းစင်ပေါ်မှာ သေသပ်စွာပြင်ဆင်၍ထားပြီးနေလေပြီ၊၊
“အို… အမေရယ်…. ”
ရင်မောင်ထိုမျှသာ ငြီးတွားနိုင်ပြီး အမေ့၏မျက်နှာကိုသာ မသွေခွာစိုက်ကာကြည့်နေမိလေသည်၊၊

အမေ့ရက်လည်ခဲ့ပြီးပြီ အခုဆိုလလည်းဆွမ်းတောင်သွတ်ပြီးပြီ၊၊ အဖေက ဝေဒနာမသက်သာ. တိုး၍တိုး၍ဆိုးလာသည် ၊၊သားအဖနှစ်ယောက်တည်းသာရှိသည်အတွက် အဖေလူနာကိုကြည့်ရသည်ကတဖက်၊၊သူများစာရင်းငှားမို့ အလုပ်မပျက်အောင် လယ်ထဲဆင်းရသည်ကတစ်ဖက်၊၊
ရင်မောင်သည် ဆင်းရဲလွန်းသည့်ဘဝ လူလာဖြစ်ရသည်ကိုပင် စိတ်ကုန်သလိုဖြစ်လာမိသည်၊၊

“ရင်မောင်.. ရေ”
“ဗျာ.. ဦး. ဘာခိုင်းစရာရှိလို့လဲ ဦး”
“မင်းနှမ ခင်လှ. သီတင်းကျွတ်ကျောင်းပိတ်ရက်. အိမ်ကိုပြန်လာကြတာ၊၊
ဟိုဘက်ရွာမှာရောက်နေတယ် စက်လှေက ချောင်းထဲရေခန်းနေလို့ပြန်မထွက်နိုင်ဘူးအဲဒါ လှေနဲသွားခေါ်ပေးစမ်းပါ၊၊ မင်းအဖေကိုစောင့်ဖို့ အောင်ဒင်တို့လင်မယားကိုခိုင်းထားလိုက်ပါမယ်”

“ဟုတ်ကဲ့ပါ. ကျွန်တော်ခုပဲသွားခေါ်လိုက်ပါမယ်”

“ရင်မောင် ”
“ပြောလေ ခင်လှ”
နင့်အမေဆုံးတာ ငါ ‌သိရပေမဲ့ပြန်မလာနိုင်တာ. တော်တော်စိတ်မကောင်းဖြစ်ရပါတယ်ဟာ၊၊ ဒေါ်လေးက ငါငယ်ငယ်ထဲက ငါ့ကိုသမီးလေးတစ်ယောက်လိုချစ်ပြီး အစစအရာရာ ဆုံးမခဲ့တာတွေခုထိငါ့နားထဲဒေါ်လေးပြောတဲ့စကားတွေကြားနေဆဲပါဟယ်၊၊ ပြီးတော့နင်ဘယ်လောက်အားငယ်နေမယ်ဆိုတာ ငါတွေးပြီးနင့်ကိုလဲ သနားတယ်ဟာ၊၊ နင်အားငယ်နေတဲ့အခါတိုင်းနင့်အနားမှာငါအမြဲရှိနေခဲ့တယ်၊၊ အခုဒေါ်လေးဆုံးတော့နင့်အနားငါမရှိတာ ငါစိတ်မကောင်းဖြစ်ရပါတယ်ရင်မောင်”
“ဘယ်တတ်နိုင်မလဲ. ခင်လှ တို့ဘဝတွေက
ကံဇာတ်ဆရာရဲ စေခိုင်းချက်အတိုင်းကနေရတာပါ နင်စိတ်မကောင်းမဖြစ်ပါနဲ့”

“ငါလဲ ခင်လှလိုပါပဲ ရင်မောင်ရာ ပြန်လာခြင်ပေမဲ့ ပြန်မရ ဖြစ်နေလို့ပါ မင်းလိုပဲ ဒေါ်လေးအတွက်စိတ်မကောင်းထပ်တူဖြစ်ရပါတယ်သူငယ်ချင်း”

“အခုလို ငါကို အားပေးကြလို့မင်းတို့နှစ်ယောက်ကို အထူးပဲကျေးဇူးတင်ပါတယ်”

သူငယ်ချင်းများနှင့်အတူ စကားတစ်ပြောပြောဖြင့် လှေလှော်၍ပြန်လာခဲ့သည်မှာ အိမ်ရှေ့တံတားလှေထိုးဆိုက်သည်အချိန်တွင်တော့၊၊

“ရင်မောင်ရေ.. မြန်မြန်လာ. မြန်မြန်လာ
မင်းအဖေ မျက်ဖြူလန်ပြီးသတိလစ်သွားလို့”

ရင်မောင်သည် လှေကြိုးပင်မချည်နိုင်တော့ပဲ
လှေပေါ်မှခုန်တက်ကာ ဖခင်ရှိရာသို့ အပြေး
ပင်သွားခဲသည်၊၊
ရင်မောင်သည် ဖခင်ထံရောက်သည်နှင့်၊၊
“အဖေ.. အဖေ. သားပြန်ရောက်ပြီလေ အားမငယ်နဲ့နော် အဖေ့အနားမှာသားရှိတယ်”

ရင်မောင်သည် ဖခင်၏လက်ကိုကျစ်ကျစ်ပါအောင်ဆုပ်ကာ အားပေးနေလေသည်၊၊
ရင်မောင်၏ဖခင်သည် သားဖြစ်သူ၏အသံကြားသည်နှင့် ရင်မောင်ဖက့်သို့ မျက်နှာလှည့်ကာ၊၊ မျက်လုံးအိမ်မှ မျက်ရည်များစီးကျလာကာ သားဖြစ်သူ၏လက်ကို ပြန်လည်ဆုပ်ကိုင်ရင်း ဇက်ကလေးတစ်ချက်ငဲ့ကာ
အသက်ထွက်သွားလေသည်၊၊
“အဖေ.. အဖေ… အဖေ…. ဟာ. အဖေ့ကိုခေါ်မရတော့ဘူး. လုပ်ကြပါဦးဗျာ”
“ရင်မောင် မင်းအဖေ. အသက်မရှိတော့ဘူး
မင်းငိုလိုက်ပါ. စိတ်ထဲခံစားရသလောက်ငိုလိုက်ပါ”
အနားမှ လူကြီးတစ်ယောက်၏စကားကြောင့်ရင်မောင်မငိုတော့ပါ၊၊ငိုချင်လာသောစိတ်တွေသည် အလိုလိုပျောက်သွားလေသည်၊၊ရင်မောင်အတွေးထဲဝင်လာသည်က ငါငိုနေလို့လဲအဖေကအသက်ပြန်ရှင်လာမှာမှမဟုတ်တာ၊၊ ငါ. မငိုဘူး. ငါမငိုဘူး. ဟူ၍ပင်၊၊

ရင်မောင်အဖေ ရက်လည်ဆွမ်းသွတ်ပြီးပြီ
ရင်မောင် ခေါင်ရင်းခန်းတွင်ချိတ်ဆွဲထားသော အမေနှင့် အဖေ့ဓာတ်ပုံကို စူးစိုက်ကြည့်နေသည့်၊၊ ခဏအကြာတွင် ရင်မောင်သူ၏ဆုံးဖြတ်ချက်နှင့်အတူ ဓာတ်ပုံကိုဖြုတ်ကာလွယ်အိတ်အတွင်းသို့ငြင်သာစွာထည့်လိုက်လေသည် ရင်မောင် အသက်ကိုတစ်ဝရှုကာ ရင်အတွင်းမှ လေပြင်းတစ်ခုကို အားရပါးရမှုတ်ထုပ်လိုက်သည်၊၊

“ရင်မောင် ရေ.. ရင်မောင်”
အိမ်အပြင်မှ ခေါ်သံကြား၍ ရင်မောင် အိမ်အပေါက်ဝထွက်ကြည့်လိုက်သည်၊၊
“ဟယ်. ခင်လှ. လာလေ ငါဒီမှာရှိတယ်”
ရင်မောင်ခေါ်၍ခင်လှသည် ရင်မောင်အိမ်ပေါ်သိုတက်ခဲ့လေသည်၊၊
“ငါမနက်ပြန်တော့မှာမို့ နင့်ကိုလာနှုတ်ဆက်တာရင်မောင်”
ခင်လှစကားကြောင့်ရင်မောင်သည် ခင်လှအားစိုက်ကြည့်နေမိသည်၊၊
“ရင်မောင်ရယ်. နင်ငါ့ကို အဲလိုအကြည့်မျိုးတွေနဲ့မကြည့်ပါနဲ့. ငါဝမ်းနည်းလွန်းလိုပါ”
ရင်မောင်သည်ခင်လှအားစကားတစ်ခွန်းမှပြန်မပြောမိပေ ပြောဖို့ရန်လည်းသူ့အတွက်အလွန်ပင်ခက်နေသည်၊၊
ခင်လှသည် ရင်မောင်ကိုကြည့်ကာ မျက်လုံးအိမ်မှ မျက်ရည်များစီး၍ကျလာလေသည်၊၊
“ရင်မောင် နင့်ကိုငါခွဲပြီးသွားရဦးမယ်ဟာ
ဟိုး. တို့ငယ်ငယ်တုန်းကလို နင်နဲ့အတူနေချင်တာပါ.. . ရင်မောင် . ငါနင့်ကို ခွဲမသွားချင်ဘူးဟယ်”
ခင်လှသည်စကားဆုံးသည်နှင့် ရင်မောင်၏ရင်ခွင်အတွင်းသို့ ခေါင်းကလေးလျိုကာ ဝင်လိုက်လေသည်၊၊
ရင်မောင်သည် ခင်လှ၏ကိုယ်ကလေးကိုငြင်သာစွာပွေ့ထားလိုက်လေသည်၊၊
“ခင်လှ… နင်ရင်ထဲ. ဘာတွေရှိနေတယ်ဆိုတာ
ငါသိနေသလို… ငါရင်ထဲဘာတွေရှိနေတယ်ဆိုတာ. နင်လဲသိနေမှာပါ”
ရင်မောင်၏စကားကြောင့်ခင်လှသည်.. ရင်မောင်အားခေါင်းလေးမော့ကြည့်လိုက်လေသည်၊၊ မော့လာသောမျက်နှာလေးအားရင်မောင်သည်ဖွဖွလေးနမ်းလိုက်လေသည်၊၊
“အိုး… ရင်မောင်ရယ် “. ထိုမျှသာပြန်ပြောပြီး
ရင်မောင်ကိုကျစ်ကျစ်ပါအောင်ဖက်ထားလိုက်လေသည်၊၊
ရင်မောင်နှင့်. ခင်လှ တစ်ဦးကိုတစ်ဦးဖက်ထားကြသည်မှာ ခဏလေးပင်ထင်ရသော်လည်း နေကဝင်စပင်ပြုပြီ၊၊
“ခင်လှ နင်ပြန်တော့လေ အိမ်ကစိတ်ပူနေလိမ့်မယ်နေဝင်သွားပြီ”
“အင်း. ငါသွားတော့မယ်နော်. ရင်မောင်
တို့နှစ်ယောက်ဘယ်တော့မှမခွဲဘူးသိလား
နင်ကိုငါ. အများကြီးချစ်တယ် ရင်မောင်”
ရင်မောင်သည်. ခင်လှကို ဘာတစ်ခွန်းမှစကားမပြန်ပဲ ခင်လှကျေနပ်ယုံ ခေါင်းလေးသာညိတ်ပြလိုက်လေသည်၊၊

ခင်လှတစ်ယောက်ရွာမှခွာကာကျောင်းသွားတက်သလို၊၊ ရင်မောင်တစ်ယောက်လည်းရွာမှခွာကာ.. ရန်ကုန်မြို့ကြီးသို့ခရီးဆက်ခဲလေသည်၊

ရင်မောင်တစ်ယောက် ယုံကြည်ချက်နှင့်အတူရွာဦးကျောင်းဆရာတော်၏အကူအညီဖြင့်
ဆရာတော်၏ညီဖြစ်သော ဗဟန်းမြို့နယ်အတွင်းရှိ. ငါးထပ်ကြီး ကျောင်းဝင်းအတွင်း ဘုန်းတော်ကြီးဦးတိလောက၏ကူညီဆောင်ရွက်ပေးမှုကြောင့် တွန်းလှည်းတစ်စီးဖြင့် ပန်းများရောင်းသောအလုပ်ကို အခြေတစ်ကျလုပ်ကိုင်လျက်ရှိလေသည်၊၊
နေ့အခါတွင်စျေးရောင်း. ညအခါတွင်စာသင်မနေမနားယုံကြည်ချက်နှင့်ကြိုးစားခဲ့သည်မှာ ရင်မောင်တစ်ယောက် အဆင့်အတန်းမှီစွာအင်္ဂလိပ်စာတွေတတ်မြောက်ပြီး အင်္ဂလိပ်လိုပါကောင်းမွန်စွာပြောနိုင်နေပါတော့သည်၊၊ သူ၏ဝါသနာ သူ၏ယုံကြည်ချက်အတိုင်းစာတွေရေးနေခဲ့သည်မှာလဲ ဂျာနယ်. မဂ္ဂဇင်းတို့တွင် လေးနှစ်အတွင်းအပုဒ် ငါးဆယ်ကျော်ဖော်ပြခံရသည်အထိစွမ်းဆောင်နိုင်လေသည်၊၊ ယခုဆိုလျင် ရင်မောင်၏လုံးချင်းဝတ္ထုလေးအုပ်မြောက်ပင်ထွက်ရှိ၍နေလေသည်၊၊

“ဗျို့. မိတ်ဆွေ.. ဗျို့မိတ်ဆွေ”
ရှာဦးထုပ်ကိုဆောင်း လွယ်အိတ်တစ်လုံးကိုလွယ် တွန်းလှည်းပေါ်တွင်ပန်းတွေအပြည့်ဖြင့် ရွှေတိဂုံဘုရားတွင် ပန်းရောင်းရန်. အုပ်လမ်းအတိုင်းလှည်းကိုတွန်းလာသော
ရင်မောင်သည်. နောက်မှ ခေါ်သံကြောင့်
ပန်းဝယ်မည်အထင်နှင့်လှည့်ကြည့်လိုက်ရာတွင် သူထင်မှတ်မထားသော လွင်ဦးကိုတွေလိုက်ရလေသည်၊၊

“ဟာ.. လွင်ဦး. သူငယ်ချင်း”
“ရင်မောင်.. သူငယ်ချင်း”
နှစ်ဦးသား. ဟန်မဆောင်နိုင်ပဲပြေးကာဖက်ထားမိတော့သည်၊၊
“မင်းနဲ့ကွာ တို့ကိုနှုတ်မဆက်ပဲဘာမပြောညာမပြော ထွက်သွားလိုက်တာ ငါးနှစ်တောင်ကျော်ပြီ ငါနဲ့. ခင်လှကိုများနဲနဲလေးတောင်သတိမရဘူးလားကွာ”
လွင်ဦး၏ဆွေးဆွေးမြေ့မြေ့ပြောလာသောစကားကြောင့်၊၊
“ဘယ်သတိမရပဲ. ရှိပါမလဲလွင်ဦးရာ၊၊ငါဘဝမှာ မင်းနဲ့ခင်လှကလွဲလို့ ဒီနေ့ထိ သူငယ်ချင်းဆိုတာမရှိသေးပါဘူး”
“ဒါနဲ့မင်းအလုပ်တွေ အဆင်ပြေရဲ့လားရင်မောင် လုပ်ငန်းကိုင်တာအဆင်မပြေဘူးဆိုရင်လဲငါနဲ့ရွာကိုပြန်လိုက်ခဲ့ပါသူငယ်ချင်း”
“အဆင်ပြေပါတယ်သူငယ်ချင်း၊၊ ဒီမှာကငါဘဝအတွက် ငါ့ယုံကြည့်ချက်နဲ့ခရီးဆက်ရတာရန်ကုန်မြို့မှာပဲ ဖြစ်နိုင်တယ်၊၊ငါအတွက်ဘာမှမပူပါနဲ့ကွာ မင်းတို့လဲ ကျောင်းတွေပြီးပြီပေါ့နော်”
“အင်း.. ကျောင်းတော့ပြီးသွားပြီရင်မောင်ရေ
မပြီးသေးတာက ငါနဲ့. ခင်လှကိစ္စပဲ”

“ဟာ. မင်းနဲ့ခင်လှကဘာဖြစ်လို့လဲလွင်ဦး”
“ဒီလိုကွရင်မောင်ရ. ငါကခင်လှကို လက်ထပ်ဖို့အကြောင်းပြောတော့ ခင်လှကအဖြေကိုအတိအကျမပေးပဲ ခုထိ ဟိုလိုလို ဒီလိုလို့ကွေ့ပတ်ရှောင်နေတာ၊၊နှစ်ဖက်မိဖတွေကလဲသဘောတူထားပါရက်နဲ့ ခုချိန်ထိဘာလို့ငါ့ကို တိတိကျကျ အဖြေမပေးသေးတာလဲဆိုတာ ငါမစဥ်းစားတတ်တော့ဘူရင်မောင်ရာ၊၊ငါတစ်ခါတစ်ခါတွေးမိတာက ခင်လှကမင်းကိုများစာင့်နေတာလားလို့ငါထင်မိတယ်၊၊
ငါမင်းကိုမေးခြင်တယ် မင်းအမှန်ဖြေပေးမလားရင်မောင်၊၊ မင်ကော ခင်လှကိုငါ့လို ချစ်နေတာပဲမဟုတ်လား”

လွင်ဦး၏မကွယ်မဝှက်.. တဲ့တဲ့ကြီးမေးလာသောမေးခွန်းကြောင့်၊၊ရင်မောင်တစ်ယောက်စကားကိုခွန်းတုန့်မပြန်နိုင်ပဲ ဟိုးအဝေးဆီသို့ငေးမျှော်ကြည့်ရင်း ရင်ထဲကစကားပေါက်ကွဲ၍ထွက်လာလေသည်၊၊
“အင်း… ဟုတ်တယ်လွင်ဦး. ငါလဲခင်လှကိုချစ်တယ်၊၊ မင်း. ခင်လှကိုချစ်တဲ့အချစ်ထက်. မရော့တဲ့အချစ်တွေနဲ့ပေါ့. ဒါပေမဲ့ ငါခင်လှကို ဘယ်တာ့မှလက်မထပ်ဘူးလွင်ဦး. အဲတာငါခင်လှကိုချစ်လွန်းလို့ပဲ”

“မင်းပြောတဲ့စကားငါနားမလည်ဘူးရင်မောင်
မင်း. ခင်လှကိုချစ်ရင် လက်ထပ်ယူရမှာပေါ့
အခုတော့ကွာ မင်းစကားကြီးက”

“ငါ့ဘဝ. ငါ့အခြေအနေက. ခင်လှနဲ့မတန်ဘူး
ပညာမဲ့ ဥစ္စာမရှိတဲ့ဘဝနဲ့ ခင်လှကို. ငါ. ဘဝထဲဆွဲသွင်းလိုက်ရင် ခင်လှကိုချစ်ရာမရောက်ပဲနှစ်ရာရောက်သွားမှာပေါ့၊၊
ဒါကြောင့်ငါဆုံးဖြတ်ချက်နဲ့အတူ ရွာက. မင်းတို့ကိုနှုတ်မဆက်ပဲထွက်လာခဲ့တာလွင်ဦး၊၊
ငါမင်းကို အချစ်ဆုံးသူငယ်ချင်းတစ်ယောက်အနေနဲ့ ယုံယုံကြည်ကြည်အပ်လိုက်ပါရစေ
ခင်လှကိုမင်းစောင့်ရှောက်ပါကွာ ခင်လှကိုမြတ်မြတ်နိုးနိုးချစ်ပေးပါလို့ ငါပြောပါရစေလွင်ဦး

လွင်ဦးသည် ရင်မောင်ပြောလာသောစကားကြောင့် ရင်မောင်ကို လေးစား. နားလည်စွာဖြင့်ရင်မောင်၏လက်နှစ်ဖက်ကို ကျစ်ကျစ်ပါအောင်ဆုပ်ကိုင်ပြီး၊၊

“စိတ်ချပါ. ရင်မောင် ငါတစ်သက်လုံး ငါ့အသက်နဲ့ခန္ဓာတည်ရှိနေသမျှ ခင်လှကိုမြတ်မြတ်နိုးနိုးချစ်ပေးပါမယ်ကွာ”
“မင်းစကားကြားရတာငါဝမ်းသာပါတယ်လွင်ဦး၊၊.. သြော်. ဒါနဲ့ မင်းကကျောင်းပြီးရင် တပ်မတော်ထဲဝင်ပြီးစစ်မှုထမ်းမယ်ဆိုတာမင်းရည်ရွယ်ချက်အတိုင်း မလုပ်ဘူးလားလွင်ဦး”
“ငါရည်ရွယ်ချက်တွေ. အထမမြောက်တော့ဘူး ရင်မောင်၊၊. ငါ့အဖေကဆုံးသွားတော့ အမေကတစ်ယောက်ထဲ နောက် အဖေ့ရဲ့လက်ငုတ်ဖြစ်တဲ့စီးပွားရးလုပ်ငန်းတွေ အခုငါပဲဆက်လုပ်နေရတော့ ငါတို့ငယ်ငယ်က ရည်ရွက်ချက်တွေဟာ လက်တွေ့ဘဝမှာဖြစ်မလာဘူးသူငယ်ချင်း၊၊ ခင်လှကတော့သူရဲ့ရည်ရွယ်ချက်အတိုင်း ခု. မူလတန်းပြဆရာမလေးဖြစ်နေပြီ”
“ဒီလိုပါဘဲ. လွင်ဦးဘဝဆိုတာ. ဖြစ်ချင်တာမဖြစ်ရ. မဖြစ်ချင်တာဖြစ်ရ အဲလိုအဆိုးလောကဓံကို ကြံကြံခံရင်း ရုန်းကန်ရတာကိုက. ဘဝပေါ့ကွာ၊၊ကဲစကားလဲရှည်ပြီမို့ငါလဲပန်းရောင်းတော့မယ် မင်းကိုတစ်ခုတောမှာလိုက်ပါရစေ. မင်းနဲ့ငါ တွေ့ခဲ့တဲ့အကြောင်းယောင်လို့တောင်ခင်လှကိုပြန်မပြောပါနဲ”
“ရော့သူငယ်ချင်း ငါ့ဖုန်နံပတ်နဲ့လိပ်စာကပ်ပြား”
“ဒီမှာ ငါရဲ့ဖုန်းနံပတ်. မင်းသတိရတဲ့အခါဆက်ပေါ့ကွာ”
လွင်ဦးနှင့်ရင်မောင် တစ်ယောက်ကိုတစ်ယောက်နှုတ်ဆက်ကာ ခွဲခွာကြလေသည်
မျက်လုံးအိမ်မှာတော့နှစ်ဦးလုံးမျက်ရည်စတွေဖြင့်သာ၊၊

နွေ. မိုး. ဆောင်း ရာသီတွေ ပြောင်းခဲ့သည်
ရက်မှ. လ… လမှ နှစ်သို့လဲချီခဲ့ပြီ၊၊ရင်မောင်တစ်ယောက် တွန်းလှည်းကလေးဖြင့်ရောင်းနေသော ပန်းသည်ဘဝမှ တစ်ဆင့်တက်ကာ
ပန်းများနှင့်အတူ ကုန်စိမ်းမျိုးစုံရာင်းသောလက်ကားဖြန့်နိုင်သည်အထိတိုးတက်လာကာ
ကိုယ်ပိုင်ဆိုင်ခန်းလေးဖြင့် ရောင်းချနိုင်သောသူတစ်ယောက်ဖြစ်နေလေပြီ၊၊. စာပလောကတွင်လဲ အသင့်အတင့်အောင်အောင်မြင်သူတစ်ရောက်ဖြစ်လာကာ
နာမည်တစ်လုံးဖြင့်ရပ်တည်နေလေပြီ၊၊
လွင်းဦးနှင့်တော့အဆက်အသွယ်မပြတ်
သတိရတိုင်းဖုန်ဆက်စကားပြောကြသည်၊၊
နွေကျောင်းတွေပိတ်လျင် လွင်ဦးနှင့်. ခင်လှတို့လက်ထပ်ကြတော့မည် လက်ထပ်ပွဲကို ပြန်လာပေးရန် လွင်ဦးကတောင်းဆိုထားသည်၊၊ ခုဆို. နတ်တော်လကုန်လို့ ပြာသိုလထဲပင်ရောက်ရှိလာလေပြီ၊၊

“သြော်. ပြာသိုလကုန်လို့တပိုတွဲလရောက်ရင်
လွင်ဦးနှင့်ခင်လှတို့ လက်ထပ်ကြတော့မှာပါလား”

ကလင်. ကလင်.. ကလင်၊၊
ဖုန်းမည်သံကြား၍ ရင်မောင်ကောက်ကိုင်လိုက်သည်၊၊

“ရင်မောင်. . ရင်မောင်”
“ပြောလေလွင်ဦး”
“ခင်လှ အသဲအသန်နေမကောင်းဖြစ်နေတယ်
ပြီးတော့မင်းနာမည်ကိုပဲ တတ. ခေါ်နေတယ် မင်း. ခင်လှအသက်ကိုမီအောင်အမြန်လာခဲ့ပါရင်မောင်”
တစ်ဘက်မှ အလောတစ်ကြီးပြောကာဖုန်းချသွားသည် ဘာအကြောင်းဘယ်လိုဖြစ်သည်ကိုမသိလိုက်ရ၊၊ရင်မောင် အမြန်ပင်စိတ်ကိုဆုံးဖြတ်လိုက်သည် ခင်လှရှိရာအရပ်သို့ အမြန်ဆုံးရောက်အောင်သွားမည်၊၊

“ခင်လှ အားတင်းထား. နင်မျှော်နေတဲ့ရင်မောင် နင်အနားရောက်နေပြီ”

လွင်ဦး၏စကားကြောင့် ခင်လှမျက်လုံးလေးဖွင့်ကြည်လိုက်သည်၊၊ ခင်လှပြုံးလာပါသည်
ခင်လှ၏အပြုံးသည် ရင်မောင်မြင်ရသည်မှာ အလွန်လှနေသည် ခင်လှ. ရင်မောင်၏လက်ကလေးကိုအသာဆွဲကာ သူရင်ဘတ်ပေါ်တင်လိုက်သည် ၊၊ ခင်လှပြုံးနေဆဲပင် အပြုံးများကြားက မထင်မှတ်ပဲ ခင်လှမျက်လုံးအိမ်မှ မျက်ရည်များသည်စီးကျ၍လာလေသည်၊၊
ပါးစပ်မှလေသံတိုးတိုးဖြင့် ရင်မောင်ကို ခေါင်းငုံ့ပေးရန်ပြောလာလေသည်၊၊
ရင်မောင် ခေါင်းလေးငုံပေးလိုက်သည့်အခါတွင် ခင်လှသည် ရင်မောင်၏
နဖူးလေးကိုအသာအယာနမ်းကာ နားရွက်နားကပ်ကာ လေသံမျှသာထွက်သောအသံဖြင့်ရင်မောင်အားပြောလိုက်သည်၊၊
“ရင်မောင် နင် စိမ်းကားလွန်းလိုက်တာ ငါ့ကိုထားသွားရက်တယ်နော်၊၊ နင်မျက်နှာကိုငါမြင်ရပြီး ငါ့အချစ်တွေနင်ကိုပေးလိုက်ရလို့ ငါ သေပျော်ပါပြီ. ရင်မောင် ငါသွားတော့မယ်နော်”
ခင်လှသည် ရင်မောင်ကိုကိုင်ထားသည့်လက်များလွှတ်ကိုက်သည်နှင့် ဇက်ကလေးတစ်ချက်ငဲ့ကာ သေမင်းခေါ်ရာနောက်သို့လိုက်သွားလေတော့သည်၊၊
ခင်လှ. ခင်လှ. ရင်မောင်. ခင်လှရင်ဘတ်ကိုဖိကာအော်၍ခေါ်လိုက်လေသည်၊၊
ခင်လှသည်ကား. ပြုံးလျက်သာပင်၊၊

“လွင်ဦး. ခင်လှအသက်မရှိတော့ဘူးသူငယ်ချင်း”

ရင်မောင်ပြောလာသောစကားများကိုလွင်ဦးကြားပါသော်လဲ တုပ်တုပ်မျှမလှုပ် ကြောက်ရုပ်ကြီးသဖွယ်၊၊

“ရင်မောင်. ခင်လှကို ကြည်စမ်း သူပြုံးနေတယ်လေ၊၊ ငါတို့သူလိုပဲ ပြုံးနိုင်အောင်ကြိုးစားရအောင်ရင်မောင်”

လွင်ဦးသည် ခင်လှ၏လက်တဖက်ကိုမြဲမြန်စွာကိုင်ထားသည်၊၊ ရင်မောင်သည်လည်း.
ခင်လှ၏လက်တစ်ဖက်ကို သေချာစွာဆုပ်ကိုင်ထားသည်၊၊ သူတို့နှစ်ဦးသည် တိုင်ပင်မထားပါပဲ ခင်လှ၏ သက်မဲ့ခန္ဓာကိုယ်ကိုပြိုင်တူမထူလိုက်ကြလေသည်၊၊
လွင်ဦးသည် မထူပြီးသောခင်လှကို သူဆုပ်ကိုင်ထားသောလက်ကလေးကိုဖြုတ်ကာ၊၊ရင်မောင်လက် အတွင်းသို့ထည့်ပေးလိုက်လေသည်၊၊
“ရင်မောင်. . တစ်ချိန်က မင်းငါ့ကိုပြောခဲ့တာ
မှတ်မိသေးလား… ခင်လှကိုချစ်ချစ်ခင်ခင်ကြင်ကြင်နာနာနဲ့. ဂရုစိုက်ပြုစုစောင့်ရှောက်ပါလို့. မင်းငါ့ကိုအပ်ခဲ့တာလေ၊၊.. အခု ငါ. ခင်လှကိုမင်းလက်ထဲပြန်အပ်လိုက်ပြီရင်မောင်
ခင်လှကတစ်ကယ်တော့.. ငါကိုမချစ်ဘူး
မင်းကိုပဲချစ်တာပါ၊၊မင်းရဲ့အချစ်ကိုစောင့်မျှော်ရင်း. မင်းပြန်လာမှာပဲဆိုတဲ့အသိစိတ်တွေနဲ့ စောင့်မျှော်ရင်းခင်လှအခုလိုဖြစ်ရတာပါရင်မောင်၊၊. ဒါတွေတင်ဘယ်ကမလဲကွာ
မင်းရဲ့စွန့်လွှတ်အနစ်နာခံမှုတွေရယ်.. ငါ့ရဲ့ ခင်လှကိုပိုင်ဆိုင်လိုတဲ့ အတ္တစိတ်တွေရယ်က
ခင်လှကိုဒီအဖြစ်မျိုးဖြစ်လာအောင်. ဖန်တီးလိုက်တာပဲရင်မောင်၊၊. အခုတော့ ခင်လှမျှော်လင့်နေတဲ့မင်းက. ခင်လှအနားမှာရှိနေပြီမို့
ငါ. ခင်လှကို မင်းလက်ထဲပြန်အပ်လိုက်ပါပြီ
မင်း ခင်လှရဲ့နောက်ဆုံးခရီး ပို့ပေးလိုက်ပါ၊၊
ခင်လှမင်းအနားမှာရှိနေမယ်လို့ ငါယုံကြည်တယ်ရင်မောင်”

လွင်ဦးသည်စကားအရှည်ကြီးပြောပြီး. ခင်လှကိုရင်မောင်လက်တွင်းသိုအပ်ကာ. ခင်လှ၏သက်မဲ့ရုပ်အလောင်းဘေးမှ၊၊ဆို့နစ်ကြေကွဲစွာဖြင့် ထွက်သွားလေတော့သည်၊၊

ရင်မောင်သည် ရင်ထဲမှဝေဒနာ၏ ရိုက်ခပ်နိုးဆော်မှုကြောင့် သတိလွတ်ကာ ခင်လှကိုပွေ့ချီပြီး၊၊
“ခင်လှရယ်.. နင်ကိုငါဟိုး ငယ်ငယ်လေးထဲက
ခုချိန်ထိ အသက်လောက် ချစ်နေရသူပါခင်လှ. ငါ့အချစ် ငါ့မေတ္တာတွေ. နင်သိမသွားရှာဘူး ငါမခံစားနိုင်တော့ဘူးခင်လှရယ်”

ရင်မောင်သည် ခင်လှ၏ခန္ဓာကိုယ်ကိုလှုပ်ခါ
လှုပ်ခါ ရင်တွင်းမှစကားများကို ဖွင့်အံပြနေလေသည်၊၊

“ဟေ့.. ဟေ့. ဟိုမှာ. ဟိုမှာ.. ခင်လှလက်တွေလှုပ်လာတယ်”

“ဟာ. ဟုတ်တယ် ဟုတ်တယ် ခင်လှလက်တွေလှုပ်လာတယ်. ဟယ်ပါးစပ်တွေပါလှုပ်လာနေပြီ၊၊ ခင်လှမသေသေးဘူး. ခင်လှမသေသေးဘူး”

အနီးအနားမှထိုင်ကြည်နေကြသော့လူတွေ၏ပြောသံကြောင့်. ရင်မောင်သည် ခင်လှမျက်နှာကိုသေချာစွာ ငုံ့ကြည်လိုက်သည်
ထိုအချိန်မှာပင်၊၊ခင်လှ၏မျက်လုံးလေးများသည်ပွင့်၍လာလေသည်၊၊

“ခင်လှ.. ခင်လှ. ငါ. နင့်အနားမှာရှိတယ်လေ
ငါရင်မောင်လေ. ခင်လှ”
ခင်လှမျက်လုံးများသည် အရောင်လက်၍
လာပါသည်၊၊နှုတ်ခန်းလေးများသည်လည်းပန်းရောင်သန်း၍လာပါသည်၊၊
“ခင်လှမသေဘူးကွ. ခင်လှအသက်ပြန်ရှင်လာပြီ”
ရင်မောင်ဝမ်းခေါင်းသံကြီးဖြင့်. ဝမ်းသာအားရ. ထ၍ပင်အော်မိလေတော့သည်၊၊

ခင်လှသည် ရင်မောင်. သူ့လက်နှစ်ဖက်ကိုဆုပ်ကိုင်ထားသည်ကို သိနေသဖြင့် ခင်လှသည်… ရှိနေသည့်ခွန်အားလေးဖြင့်၊၊ရင်မောင်လက်ကို ဆုပ်ကိုင်၍ထားကာ မျက်လုံးနှစ်လုံးကိုဖွင့်၍. ရွှင်ပြသောအပြုံးများဖြင့်. ရင်မောင်ကို . မမှိတ်မသုံ စိုက်ကာကြည့်နေပါတော့သည်၊၊ ၊၊

ဇွဲမာန်