ငါတို့နေရာကထွက်သွား (စ/ဆုံး)
——————————
ဟဲ့အကောင် ခွေးပု အိမ်ထဲမြန်မြန်ဝင် ။
ခဏနေ နင့်ပထွေးက ရွာထဲလာတော့မယ် ။
မလှရင်တို့ မစိန်တင်တို့ ခြံတံခါးတွေ သေချာပိတ်ကြနော်
ခွေးဟောင်လဲ ထမကြည့်နဲ့ ။
မီးတွေအကုန်မှိတ်ထား
……
အေးပါ အေးပါ ပိတ်နေပီ ။
အောင်နက်.. အို့အို့အို့
ခွေးတွေပါ.အိမ်ထဲထည့်ထားရတယ် ။
နောက်ဆို ဟိုအကောင်က အကုန်သတ်စားမှာ ။
အူးးးးဝူးးးးးဝူးးးး
ခွေးဟောင်သံကြားတယ် ဒါပဲနော် ။
……
လမိုက်ညဖြစ်တဲ့အတွက် သပြေနီရွာတစ်ရွာလုံး.အမှောင်ထုက ဖုံးလွှမ်းနေတယ် ။
ယခင်ကတော့ သပြေနီရွာလေးက.ညဖက်တွေဆို မီးခွက်လေးတွေ ကိုယ်စီနဲ့ အပျိုလှည့်တဲ့ ကာလသားတွေနဲ့ စည်ကားခဲ့တယ် ။
ဒါတွေကို ခုချိန်ပြောလို့ကတော့ မည်သူမျှ ယုံမယ်မထင် ။
တစ်ရွာလုံး အပ်ကျသံမကြားလောက်အောင် တိတ်ဆိတ်နေချိန်..
ဗုတ် ဗုတ် ဗုတ် ..
လမ်းလျောက်နေတဲ့ ခြေသံက အတိုင်းသား.ကြားနေရတယ် ။
ဟိုအကောင် ခွေးပု ငြိမ်ငြိမ်နေ
နင့်ပထွေး.ခြေသံကြားလား.ငါတို့ကို ဂုတ်ချိုးသတ်စားလိုက်ဦးမယ် ။
……..
ခြေသံတွေက များသထက်များလာတယ် ။
တစ်ယောက်မဟုတ်တော့ဘူး အုပ်စုလိုက်လာတဲ့ ခြေသံတွေ ။
ခွေးပုကတော့ ကြောက်လို့.မေးတဆတ်ဆတ်ရိုက်နေတယ် ။
သား.မကြောက်နဲ့နော် အမေရှိတယ် ။
သူတို့မနက်ကျရင် ပြန်ထွက်သွားလိမ့်မယ် ။
ခဏသည်းခံလိုက် ။
……
အိမ်ထရံပေါက်ထဲကနေ ချောင်းကြည့်လိုက်တော့ နီရဲနေတဲ့မျက်လုံးတွေ အမှောင်ထုထဲမှာ အတိုငိးသားမြင်နေရတယ် ။
ခဏနေတော့ ..
အားးး ကယ်ပါဦး ….
ဟားဟားဟားဟား
စွပ်စွပ် အင့်
ခန္ဓာကိုယ်ထဲကို တစ်စုံတစ်ခုနဲ့ ထိုးထည့်လိုက်တဲ့ အသံ ။
နာကျင်ကြောက်လန့်တကြားအော်တဲ့အသံ
အမေ အမေ အဲဒါ ဦးတွတ် အသံမဟုတ်လား ။
ဦးတွတ်ကို သူတို့သတ်လိုက်ပီလား ။
တိတ်တိတ်နေ ။
ငါတို့ကိုပါတွေ့ပြီး သတ်ခံထိနေမယ် ။
နာကျင်စွာအော်ဟစ်တဲ့ အသံတွေက သပြေနီတစ်ရွာလုံး.ဖုံးလွှမ်းသွားတယ်။
နားနှစ်ဖက်ကိုပိတ်ပြီး နေသော်လည်း အော်ဟစ်သံတွေက နားစည်ထိ တိုးဝင်လာတယ် ။
တစ်အောင့်နေတော့ အသံတွေတိတ်ဆိတ်သွားတယ် ။
ထရံပေါက်လေးကနေ အသာလေးချောင်းကြည့် လိုက်တော့ ။
ဦးတွတ်တစ်ယောက် ရင်ဘတ်ဟက်တက်ကွဲပြီး သွေးတွေဒလဟောကျနေတာကို တွေ့လိုက်တယ်
…..
ခဏနေတော့ ဦးတွတ်ရဲ့ ခြေထောက်ကို တရွတ်တိုက်ဆွဲပီး ရွာအပြင်ဘက်ကို ဆွဲထုတ်သွားတာ မြင်လိုက်ရတယ် ။
…..
မနက်ကျတော့…
ဦးတွတ်သတင်းက ရွာထဲရောက်လာတယ် ။
သနားပါတယ်ဟယ် ။ ရက်ရက်စက်စက် သတ်ခံထိတာ.။
ငါဆို.သေးတွေပါထွက်ကျတယ်။
အပြင်လဲမထွက်ရဲဘူး.။
ဦးတွတ် အော်တဲ့အသံက.နားထဲကကို.မထွက်တာ ။
ဒီညလဲ လာကြဦးမယ်ထင်ပါတယ် ။
ရွာထဲမှာလဲ လူငယ်လူရွယ်တွေက သိပ်မရှိတော့ အကုန်လုံးအိမ်ထဲကနေ မထွက်ရဲကြဘူး ။
ညက ဦးတွတ်က ဘာလို့နောက်ကျတာလဲ
ဟိုဘက်ရွာသွားတာ.အပြန်မှောင်နေတာကို ရွာထဲဝင်လာတာကိုး
ဟိုမိစ္ဆာကောင်တွေရောက်မှန်းမှမသိတာ ။
……..
ညက ထရံပေါက်ကနေ ချောင်းကြည့်တာ အရမ်းကြောက်ဖို့ကောင်းတယ် ။
ဆံပင်တွေအရှည်ကြီးချထားပြီး ခေါင်းမှာလဲ စုန်းတွေလို မီးရောင်တွေတောက်နေတာ ။
လက်တွေကလဲ ချွန်ထက်နေတာပဲ ။
ဦးတွတ် ဗိုက်ထဲ ထိုးလိုက်တာ.ငါမြင်တယ် ။
….
ကဲကဲ.လုပ်စရာ.ရှိတာ.လုပ်တော့ ညနေစောစော.အိမ်ပြန်ရဦးမယ် ။
ညနေ နေဝင်ရီတရော အချိန်ရောက်လာပီ ။
အလုပ်တွေအကုန်သိမ်းပြီး အိမ်ထဲဝင် လုပ်စရာရှိတာလုပ်ပြီး.တံခါးမင်းတုန်းချ မီးအမှောင်ချလိုက်တာ.သပြေနီတစ်ရွာလုံး ရွာပျက်ကြီးတစ်ခုလို.တိတ်ဆိတ်ခြောက်ကပ် သွားတယ် ။
……..
သူလိုကိုယ်လိုဘဝတူတွေကတော့ မိမိတို့အပိုင်း မကောင်းဆိုးဝါးများ.မလာပါစေနဲ့လို့ ဆုတောင်း ရတာအမော ။
မကောင်းဆိုးဝါးတွေက မထင်ရင်မထင်သလို လာတတ်တာကိုး ။
ဒါပေမယ့် ဒီညတော့ ဘာသံမှမကြားရဘူး ။
နညိးနည်းစိတ်သက်သာရာရသွားတယ် ။
……
အရီးစိန် ညက ဘာထူးသေးလဲ ။
နင်တို့မသိဘူးလား… ညက ရွာတောင်ပိုင်းမှာ စိန်ရီ အသတ်ခံရတယ် ။
ဘုရား.ဘုရား ဘယ်လိုဖြစ်တာလဲ ။
ညဖက် အပေါ့ထသွားတာတဲ့ ။
အနောက်ကနေ လည်ကိုလိမ်ချိုးသွားတာ ။
လည်ကြီး လိမ်ပြီး အော်သံတောင် မကြားရဘူးဆိုပဲ ။
မနက်ထကြည့်တော့ ရွာအဝင်စပ်မှာ သွေးကွက်တွေနဲ့ စားထားတဲ့ အရိုးပုံတွေပဲ မြင်တော့တယ် ။
…..
ဒီမကောင်းဆိုးဝါးတွေက အိမ်ထဲထိအဝင်ဘူး အပြင်ထွက်တဲ့သူတွေကိုပဲ သတ်တာ ။
အဲဒါကြောင့် ညဖက်ရောက်ရင်.ဘယ်သူမှအပြင် မထွက်မိစေနဲ့ ။
…..
အဝူးးအူအူအူ
မီးပိတ်ပါဟ ခွေးတွေအူနေပီ ။
လာပြန်ပီထင်တယ် ။
ဒီညတော့ သပြေနီတစ်ရွာလုံး ဘယ်သူမှအိမ်ထဲက မထွက်တော့ဘူး ။
ရွာထဲမှာ.လမ်းလျောက်သံတွေ မာန်ဖီသံတွေ..
ကြိမ်းဝါးသံတွေကတော့ အတိုင်းသားကြားနေ ရတယ် ။
အိမ်မှာမွေးထားတဲ့ ခွေးတွေတောင်.အိမ်အောက် ထဲကနေ မထွက်ရဲကြဘူး ။
တအီအီနဲ့ ကုပ်နေကြတယ် ။
ရွာထဲ တစ်ညလုံး လမ်းလျောက်လိုက် ။
အပင်တွေကို လှုပ်ခါလိုက်နဲ့ သောင်းကျန်းနေကြတာ ။
မနက်မိုးလင်းခါနီးမှ ရွာထဲကနေ ပြန်ထွက်သွားကြတယ် ။
…..
မနက်ကျတော့ ရွာလူကြီး.အိမ်မှာအစည်းအဝေး ခေါ်လို့ သွားဖြစ်တယ် ။
ဒီမကောင်းဆိုးဝါးတွေ တော်တော်သောင်းကျန်း နေပီ ။
ငါတို့ရွာကလူတွေလဲ အသတ်ခံနေရတယ် ။
ငါတို့ ဒီအတိုင်းနေရင်တော့ တစ်နေ့မဟုတ် တစ်နေ့ သေမှာ ။
အဲဒီတော့ ဘာပဲဖြစ်ဖြစ် အိမ်တွေမှာ.တုတ်တွေ ဓားတွေဆောင်ထား ။
သူတို့က အိမ်ထဲဝင်လို့မရတဲ့အတွက် ညဖက်ရောက်ရင် အိမ်ထဲမှာပဲနေကြ ။
အပြင်ထွက်လို့ မိတဲ့သူကတော့ ကံဆိုးသူပေါ့ ။
ကဲကဲ ကိုယ့်အလုပ် ကိုယ်ပြန်လုပ်ကြ ။
……
အဲဒီညကတော့ မကောင်းဆိုးဝါးတွေ ရွာထဲမဝင်လာကြဘူး ။
ဒီလိုနဲ့ ၂ရက်လောက်ကြာသွားတယ် ။
မလာကြတော့ဘူး ။
နောက်နေ့မနက်ရောက်တော့ ။
တော်သေးတယ်ဟယ် ။
ညက ငါနောက်ဖေးထသွားတာ ။
ရွာအနောက်ကွင်းစပ်က အပင်ပေါ်မှာ ထိုင်နေကြတာ ။
ငါ့ကို.သူတို့မမြင်လို့ပေါ့ ။
ငါလဲ.ခုမှသေချာလရောင်နဲ့တွေ့တာ
သစ်ပင်ပေါ်မှာ ထိုင်ပြီး လက်တစ်ဖက်ကို.ကိုက်စားနေတာ ။
ပါးစပ်တွေဆိုတာ နီရဲနေတာပဲ ။
အေး.သတိလဲထားဦး မိတော့မှ စားခံထိနေမယ် ။
ငါတို့ရွာလေးက အရင်က အေးအေးချမ်းချမ်း ဖြစ်နေတာ ။
ခုမှ ကျီးလန့်စာစားနေရတယ် ။
….
နေတောင်စောင်းတော့မယ် ပြန်ကြရအောင်
အချိန်ကတစ်ဖြေးဖြေးတိုက်စား၍ အလင်းရောင် ကွယ်ပျောက်သွားခဲ့ပြီ ။
တိတ်ဆိတ်နေတဲ့ သပြေနီရွာကလေးရဲ့ အနောက်ဖက်လယ်ကွင်းပြင်ထဲကနေ အော်ဟစ်သံတွေ ကြိမ်းဝါးသံတွေ လမ်းလျောက်သံတွေ အတိုင်းသားကြားနေရတယ် ။
ဒီည.လာပြန်ပီ ။
တစ်ရွာလုံး.ဘယ်သူမှ အပြင်မထွက်ပါစေနဲ့ ။
အဟက်အဟက် အီးဟစ်ဟစ်
ခြောက်ကပ်ကပ်ရီမောသံတွေက အသည်းထိတ်စရာ.ပေါ်ထွကိလာပြန်တယ် ။
ခဏနေတော့ ဘုတ် ဘုတ် ဘုတ်.ဘုတ်.နဲ့ ပြေးလိုက်တဲ့အသံ ..
ဟော.. နားထောင် ..
အမလေး အဘရေ ကယ်ပါဦး..
သမီးကို.လိုက်ဖမ်းနေပီ ။
အဟီးအဟီးဟက်ဟက်…
ကြောက်လန့်တကြားအော်သံ ။
အနောက်က ကြိမ်းဝါးအော်ဟစ်ပြီး ကမူးရှူးထိုး လိုက်သံတွေက သပြေနီတစ်ရွာလုံး ဖုံးလွှမ်းသွားတယ်
ခဏနေတော့ …
အဘရေ အစ် အစ် ..
ကယ်..ကယ်..
စကားသံတောင်မဆုံးလိုက်ဘူး
ဘုတ် ဘုတ် ဘုတ်ဆိုတဲ့ အသံကြားလိုက်တယ် ။
ထရံပေါက်ကနေ ချောင်းကြည့်လိုက်တော့
ရွာအလယ်ပိုင်းက စိန်တင်ရဲ့ ခြေထောက်ကို.ကိုင်ပြီး သစ်ပင်ကြီးနဲ့ ဆွဲဆွဲရိုက်နေတာ ။
အမလေး ဆက်မကြည့်ရဲတော့ပဲ မျက်လုံးကို.တင်းတင်းစေ့ထားလိုက်တယ် ။
ကမ္ဘာပျက်မတတ်အော်ဟစ်သံတွေ ပြီးဆုံးသွားတော့ ရွာကလေးက သူမဟုတ်သလို ပြန်လည်ငြိမ်သက်သွားခဲ့တယ် ။
……
သမီးရယ် အဖြစ်ဆိုးလှချည်လား
အဘတို့ကို.ထားခဲ့ပီလား ။
တစ်ရွာလုံး.စိန်တင်ရဲ့ အလောင်းကို.့ကြည့်ပြီး အော်တဲ့သူကာအော်ကြ ။
ငိုတဲ့သူက ငိုကြ
တောက်ခတ်တဲ့သူက တောက်ခတ်ကြ ။
စိန်တင်ရဲ့အလောင်းက.ပေါင်နှစ်ဖက် မရှိတော့ဘူး ကိုင်ရိုက်ထားတဲ့အရှိန်ကြောင့် မျက်လုံးနှစ်ဖက်လုံး ကျွတ်ထွက်နေတယ် ။
….
တောက်…
ဒီအတိုင်း.ငြိမ်ခံမနေတော့ဘူး
ဒီည တစ်ရွာလုံး.ကလေးတွေကလွဲ
လူကြီး လူငယ်အကုန် အိမ်ပြင်ထွက်ပြီး မကောင်းဆိုးဝါးတွေနဲ့ သူသေကိုယ်သေ တိုက်ရမယ် ။
သူတို့ဘာသာ.ဘယ်လောက်ကြောက်ဖို့ကောင်း.ပါစေ.။
ငါတို့တိုက်မယ် ။
သူတို့မသေရင်.ငါတို့သေမယ် ။
ဒီလိုမျိုးနဲ့တော့ အသေမခံနိုင်ဘူး ။
တိုက်မယ်မလား..
တိုက်မယ် ချကွာ အသေသတ်..
ကြိမ်းဝါးသံတွေက သပြေနီရွာတစ်ခုလုံး လျှံထွက်လာတယ် ။
……
ညဖက် ရောက်လာခဲ့ပြီ..
ဖတ် ဖတ် ဖတ်..
ငထိန်… ဖြေးဖြေးလျောက်ပါဟ..
မင်းခြေသံကြားတာနဲ့ သားကောင်တွေ လန့်ပြေးနေပါဦးမယ် ။
မင်းကလဲကွာ ပြေးတော့လဲ လိုက်ဖမ်းတာပေါ့ ။
ပြောလို့ပြောတာမဟုတ်ဘူး ။
ဒီတောမှာ.သားကောင်တော်တော်ရတယ် ။
မနေ့ကရတဲ့ သမင်မဆို ပေါင်သားတွေက နူးအိနေတာပဲ ။
ဒီညတော့ ဘာတွေထပ်ရဦးမလဲ မသိဘူး ။
မင်းခေါင်းပေါ်က ခေါင်းမီးက အားကုန်နေပီလား.မသိဘူး။
မှိန်နေသလိုပဲ ။
ကြာလာတော့ ဒီလိုပါပဲကွာလို့ပြောပြီး ပါးစပ်ထဲက ကွမ်းတံတွေး ထွေးထုတ်လိုက်တယ် ။
….
ရှူးတိုးတိုး… ဒီနေ့ တောထဲမှာ.အသံတွေကြားတယ် ။
ခါတိုင်းနေ့လို.မတိတ်ဆိတ်နေဘူး။
ဟိုမှာ.သမင်တစ်ကောင်..
လိုက္စမ္း.
လိုက်ဟ.
ဝူးဝူးဟေးဟေး
ဒီဘက်ကိုရောက်အောင်ခြောက်ပါဟ ။
လွတ်တော့မှာပဲ ။
လိုက်စမ်း မလွတ်စေနဲ့ ..
လက်ထဲက ဒူးလေးနဲ့ လှမ်းပစ်လိုက်တယ် ။
လွဲပီ… ချောင်ပိတ်ဖမ်းကွာ.။
ပြေးရင်းပြေးရင်း ..
ဟာ.. ဘာတွေလဲ..
မျက်ကွယ်ကွေ့လဲအရောက်..
ဟေ့ကောင် ဒါတောမှောက်ပီလား
ဟိုမှာ တောဝက်တွေ သမင်တွေ ဒရယ်တွေ အများကြီးပဲ ။
ဟာ.. တောမှောက်ပီထင်တယ် ။
ဟိုးမှာ လာပီ..
အစွယ်တွေနဲ့ တောဝက်ကြီးတွေ..
ပြေးတော့ ငထိန် ပြေး…
ဝုန်း ဒုန်း အား
လိုက်ဟ. မလွတ်စေနဲ့ မကောင်းဆိုးဝါးတွေ မလွတ်စေနဲ့ ။
ငထိန် နားထဲ လူတွေအော်သံလိုလိူ.ကြားလို့ လှည့်ကြည့်လိုက်တော့ ..
လူအုပ်ကြီးက တောစပ်မှာရပ်ပြီး တုတ်တွေဓားတွေ ကိုင်ထားကြတာ ။
ငထိန်တို့လဲ ပြေးရင်း ပြေးရင်း ဘုန်းကြီးကျောင်း တစ်ခုကို ရောက်လာတယ် ။
အရှင်ဘုရား.. ကယ်ပါဘုရား.
ဘယ်လိုဖြစ်တာလဲ..
တောမှောက်ခံထိလို့ပါဘုရား ။
ဖြစ်ကြောင်းကုန်စင်ပြောလိုက်တော့..
အိမ်း အဲဒီတောဆိုတာ.အရင်က ရွာတစ်ရွာဖြစ်ခဲ့တယ်ကွဲ့ ။
ဘုန်းကြီးတို့ ငယ်ငယ်ထဲက တစ်ရွာလုံး ပလိပ်ရောဂါနဲ့ သေပြီးရွာလဲပျက်သွားတယ် ။
အခုမင်းတို့တွေ့တာ ကျတ်တွေဖြစ်မယ် ။
မင်းတို့သတ်ဖြတ်ခဲ့တာ သူတို့ရဲ့ဆွေမျိုးသားချင်းတွေပဲ ။
သူတို့နေရာကို ထပ်မနှောင့်ယှက်ပါနဲ့တော့ကွယ် ။
ကဲကဲ နားလိုက်တော့ ရေလေးသောက်ပြီး အနားယူလိုက် မနက်မှလိုရာဆက်သွားကြပေါ့ ။
ငထိန်တို့လဲ အိပ်လိုက်တာ.မနက်ရောက်တော့
အိပ်ယာကထလိုက်ပြီး.ဘေးကိုကြည့်လိုက်တော့
…
…
အုတ်ဂူအကျိုးအပဲ့တွေ
မြေပုံအပျက်တွေ
ကျိုးတိုးကျဲတဲ မှတ်တိုင်တွေ…
လေးစားစွာဖြင့်
ဇေယန ( ရာမည )