ငွေရှိတဲ့ဒဏ် (စ/ဆုံး)
—————–
ပတ်ဝန်းကျင်သည် တဖြည်းဖြည်း အမှောင်ကျလာ၏။ ခုံတန်းလျားလေးမှာ ထိုင်နေကြသော ကျွန်မတို့ချစ်သူနှစ်ယောက်ဟာ တစ်ယောက်လက်ကို တစ်ယောက် ဆုပ်ကိုင်ထားကြသည်။ ကျွန်မတို့သည် တစ်ယောက်ကို တစ်ယောက် ဆုံးရှုံးရမှာ ကြောက်လန့်နေကြသည်။
“ခင် … ခင် ကိုယ်နဲ့ လိုက်ခဲ့ပါတော့ ၊ ကိုယ် ခင်နဲ့ မခွဲနိုင်ဘူး ၊ ခင့်မိဘတွေက ခင့်ကို ရန်ကုန်မှာ အလုပ်လုပ်ဖို့ ပို့လိုက်ရင် ခင် နဲ့ကိုယ် ဝေးရမှာ ”
ကျွန်မသည် ကို့ ကို သနား၏ ။ ဆင်းရဲချို့တဲ့သည်ဆိုသော အားနည်းချက်က ကိုနှင့် ကျွန်မကို ဝေးကွာစေသည့်အေကြာင်းပြချက် အဖြစ်မခံချင်ပေ ။ ကို သည် သိမ်ငယ်နေသော မျက်ဝန်းများဖြင့် ပခုံးများပင် လျော့ကျနေလေသည်။ ကို သိမ်ငယ်မှာပေါ့ ။ ကိုဟာ ၁၀ တန်းအောင်ပြီးကတည်းက မိဘတွေ၏ အခြေအနေကြောင့် ကျောင်းဆက်မတက်ရသည့်သူ ၊ စာတော်ပါလျက်နှင့် တက္ကသိုလ်မသွားနိုင်သည့်သူ ။ မိသားစုစားဝတ်နေရေးအတွက် ရရာအလုပ် လုပ်ရင်း မိသားစုတာဝန်ကို ပခုံးပေါ်ထမ်းထားရသည့်သူ ။ ကျွန်မသာ ကို့အနားကထွက်သွားလျှင် ကိုဟာ ပို၍ သိမ်ငယ်ရတော့မည် ။ ကျွန်မ မိဘများက ကျွန်မကို ကိုနှင့်ပြ တ်အောင် ရန်ကုန်ပို့ချင်နေသည် ။ မိဘများသည် ကို နှင့်ကျွန်မကို လုံးဝသဘောမတူပါ ။ အမေနှင့် ညီမတစ်ယောက် ရှိသော ကို က လောလောဆယ် ကျွန်မကို ယူဖို့ ပိုက်ဆံမရှိပါ ။ သူ့ညီမ ကျောင်းစရိတ် နှင့် အိမ်စရိတ်ကို ကို ပင်ပင်ပန်းပန်း ရှာဖွေနေရသည် ။ ကို သည် ကျွန်မကို ခိုးပြေးလိုက်လျှင် တင်တောင်းဖို့အတွက် သူမပူပင်ရတော့ဘဲ ကျွန်မနှင့်သူ အတူနေနိုင်ပြီ ဟု ပြောပြသည် ။
” ကို့ နောက်ကို လိုက်ရဲလား ခင် ”
“ကျွန်မ ကို့ကို ချစ်လို့ ကို့အနောက်ကို လိုက်ရဲပါတယ် ၊ ကို ကျွန်မကို တင်မတောင်းနိုင်လို့ ခိုးပြေးမယ်ဆိုတာကိုလည်း နားလည်တယ် ၊ ဒါပေမဲ့ တစ်သက်လုံး ကျွန်မနဲ့ ဒူးတူပေါင်ဖက် လုပ်ကိုင်စားပြီး ကြိုးစားမယ်လို့ ကတိပေးနိုင်လား ”
“ပေးနိုင်တာပေါ့ ခင်ရယ် ”
ကိုက ကျွန်မလက်ကို ဆုပ်ညှစ်ကိုင်လှုပ်ရင်း ရဲရဲကြီးပြောသည်။
” ကို တစ်သက်လုံး ကျွန်မအပေါ် သစ္စာမဖောက်ဘူးလို့ ကတိပေးနိုင်လား ”
“ပေးနိုင်တာပေါ့ ခင်ရယ် ၊ ကိုယ် ဘယ်တော့မှ ခင့်ကိုသစ္စာမဖောက်ဘူး ၊ ကတိပျ က်ရင် ကိုယ် ေ သကွာ ”
“ရပါပြီ ကို ၊ ဒီလောက်ဆို ကျွန်မ ကို့အနောက်ကို လိုက်ရဲပါပြီ”
ကျွန်မတို့သည် ထိုညက ခိုးပြေးလိုက်ကြ၏ ။ သူ့မိဘတွေအိမ်ကို ကျွန်မလိုက်သွားတော့ သူ့အမေရော ညီမရောက ကျွန်မအပေါ် ကြည်ကြည်ဖြူဖြူရှိပါသည်။
” ဖြစ်သမျှအကြောင်း အကောင်းပေါ့ သမီး ၊ အမေတို့ပိုက်ဆံမရှိတာကို စိတ်မညစ်နဲ့နော် ၊ အိမ်ထောင်ရေးကံဆိုတာရှိတယ် ၊ သမီးတို့ နောက်ပိုင်းကြိုးစားရင် ပိုက်ဆံဆိုတာရှိလာမှာပဲ”
ကို့အမေက ကျွန်မကို အားပေးတော့ ကျွန်မအားတက်ခဲ့ရသည် ။ ကို့ညီမလေးက သူအရမ်းလိုချင်သည့် မမရပြီဟု ဆိုကာ ကျွန်မကို ချစ်ခင်လေသည် ။ ကျွန်မသည် မျှော်လင့်မထားသော မေတ္တာများ ကို့မိသားစုဆီက ရရှိပြီး မထင်မှတ်ဘဲ ကို့မိသားစုနှင့်လည်း အဆင်ပြေတာမို့ သိပ်ပင် ပျော်ရွှင် ဝမ်းမြောက်ရပါသည် ။
ကျွန်မ၏ အိမ်ကတော့ အကြီးအကျယ်စိတ်ဆိုးလေသည်။
” ဘွဲ့ကလေးများရတော့၊ သူ့လုပ်စာများ စာရမလားကြံရုံရှိသေး လ င်နောက်လိုက်သွားတယ် ၊ ကော င်မ ညည်း ဒီတစ်သက် ငါတို့အိမ်အရိပ်ကို နင်းကို မနင်းနဲ့ ”
ကျွန်မတို့ ရပ်ကွက်ရုံးကလူကြီးအရှေ့မှာ တရားဝင်လက်မှတ်ထိုးယူပြီးသွားတော့ အမေ့ဆီသွားေတွ့ရာ အမေက စိတ်ဆိုးမာန်ဆိုးနှင့် ပြောလွှတ်လိုက်သည်။ ကျွန်မသည် ဝမ်းနည်းလွန်းလို့ ငိုခဲ့မိသည် ။ ကျွန်မ ကို့ အနောက်လိုက်မပြေးခင် အလုပ်လုပ်ပြီး စုထားသော ပိုက်ဆံသုံးသိန်းကို အမေ့ ကို ပေးပေးပါဟု ဆိုကာ အဒေါ်တစ်ယောက်လက်ထဲ ထည့်ပေးခဲ့သည် ။ ကျွန်မ ညီမလေး နှစ်ယောက်ကိုတော့ ကျွန်မ အဝေးကနေပဲ နှုတ်ဆက်ခဲ့ရသည်။ သူတို့လည်း မထင်မှတ်ထားတာမို့ ကျွန်မကို လှမ်းကြည့်ရင်း ငိုနေကြသည်။ ထိုအချိန် အဖေမရှိပါ ။ အဖေသာ ရှိလျှင် ကျွန်မေ သအောင် အရိုက်ခံရမှာ ေ သချာသည် ။
ကျွန်မသည် ညီမလေးတွေဆီ ဖုန်းဆက်ကာ သူတို့ကျောင်းစရိတ်ကို ကျွန်မ တစ်လကို တတ်နိုင်သမျှထောက်ပံ့မည့်အကြောင်း ပြောပြသည် ။ အဖေနှင့်အမေကို ဂရုစိုက်ဖို့ မှာကြားသည်။ အမေသည် ကျွန်မ အိမ်ထောင်ကျပြီး ၃ နှစ်ကြာသည့်တိုင် စိတ်ဆိုးမပြေသေးပေ။ ထိုအချိန်တွင် ကို သည် ဆိုင်ကယ်အပြင်ဆိုင်လေး ဖွင့်နိုင်နေလေပြီ ။ ၃ နှစ်လုံးလုံး ကို ရော ကျွန်မရော အလုပ်ကြိုးစားခဲ့သည့် ရလဒ်ပင်။ ကျွန်မသည် ၃ နှစ်လုံးလုံး ကျူရှင်သင်ခဲ့ရသည်။ နေ့မနားညမနား နားရက်မရှိ ကလေးတွေကို စာပြပေးခဲ့သည်။ ရသည့်လစာကို သုံးပုံခွဲသည်။ ကို့မိသားစုအတွက် တစ်ပုံ ၊ ကျွန်မ မိသားစုအတွက် တစ်ပုံ ၊ ကျွန်မနှင့်ကို ၏ အနာဂတ်အတွက် တစ်ပုံ ။ ကိုရသည့်လစာကိုတော့ ကျွန်မ မိသားစုအတွက် မတောင်းခဲ့ပါ ။ သူ့ညီမလေး ကျူရှင်လခနှင့်ကျောင်းစရိတ်က များပြားသည်ဟု သိရသည်။ ထို့ကြောင့်ကိုသည် သူ့အိမ်အတွက်နှင့် ကျွန်မတို့အနာဂတ်အတွက်သာ ပိုက်ဆံစုနိုင်သည် ။
အိမ်ထောင်သက် ၃ နှစ်ကျော်လာသည့်အချိန်မှာတော့ ကျွန်မ ညီမလေး နှစ်ယောက်လုံး ဘွဲ့ရကုန်ပြီ ။ အမေလည်း သမီးနှစ်ေယာက် လုပ်စာ ရှိပြီမို့ ကျွန်မကို စိတ်ဆိုးပြေလာလေသည် ။ ၃ နှစ်လုံးလုံး ကျွန်မ အမေတို့ကို ပြန်ကြည့်ခဲ့တာမို့ အမေကကျေနပ်သည် ဟု ပြောသည် ။ အဖေနေမကောင်းတော့ ကျွန်မအဖေ့အတွက်ဆေးဖိုးသွားကန်တော့်ရင်း အမေနှင့် အရင်လို သားအမိချင်းစကားတွေပြောခဲ့ရသည်။ အမေသည် ထိုအချိန်က ကျွန်မကိုနှမျောလွန်းတာကြောင့် ဒေါသမပြေနိုင်ခဲ့ကြောင်း ပြောပြသည် ။ ကျွန်မ အမေ့ ကို နားလည်ပါသည် ။ ကျွန်မသည် ကျွန်မမိသားစုနှင့်လည်း အဆင်ပြေသည် ၊ ကို့မိသားစုနှင့်လည်း အဆင်ပြေသည် ၊ ကျွန်မတို့ စီးပွားရေးလေးလည်း အဆင်ပြေလာပြီမို့ စိတ်ချမ်းသာခဲ့ရသည် ။
အိမ်ထောင်သက် ၅ နှစ်ပြည့်သည့်အချိန်မှာ ကိုနှင့်ကျွန်မ စတိုးဆိုင်လေး တစ်ခု ဖွင့်နိုင်ခဲ့သည်။ သိပ်မကြာခင် ထမင်းဆိုင်တစ်ဆိုင်လည်း ဖွင့်ဖို့ အစီအစဉ် ရှိပါသည်။ ကို့နံမည်၏ နောက်ဆုံး တစ်လုံး ၊ ကျွန်မ နံမည်၏ နောက်ဆုံးတစ်လုံး ပေါင်းစပ်ကာ စတိုးဆိုင်လေး ကို အမည်ပေးခဲ့သည်။
“ပြည့်လျှံ စတိုး ”
ပြည့်စုံသည့် အခြေအနေကို ရောက်လာခဲ့ပြီမို့ ကျွန်မတို့ ပျော်ရွှင်ခဲ့ရသည် ။ ဘဝကလေး အလုံးစုံ ပြီးပြည့်စုံဖို့ကတော့ ကိုနှင့် ကျွန်မ ၏ သွေးသားမှဖြစ်တည်လာသော ကလေးလေး ပဲ လိုအပ်ပါတော့သည် ။ ကျွန်မသည် ကလေးယူဖို့ ကိုနှင့် ဆွေးနွေးပြီး တားဆေးကိုဖြ တ်လိုက်သည် ။
ကျွန်မ၏ ကိုယ်ဝန် ၂ လ … ။ ထိုနေ့က ကျွန်မမှာ ကိုယ်ဝန်ရှိနေပြီဖြစ်ကြောင်း သိခဲ့ရသည့် နေ့ဖြစ်သည် ။ ဘဝမှာ အပျော်ဆုံးအခိုက်အတန့်ဖြစ်ခဲ့လေသည်။ သို့သော် ထိုနေ့ဟာ ကျွန်မဘဝအတွက် အကျည်းတန်ဆုံး နေ့လည်း ဖြစ်ခဲ့သည် ။
ကျွန်မသည် ဆေးခန်းကအပြန် စတိုးဆိုင်က ကောင်တာမှာ ထိုင်နေခဲ့သည် ။ ဈေးရောင်းသည့်ဝန်ထမ်းကောင်မလေးများသည် ညနေ ဆိုင်ပိတ်ခါနီးတော့ ကျွန်မကို ကွက်ကြည့်ကွက်ကြည့် လုပ်နေကြသည် ။ ကျွန်မသည် ပိုက်ဆံရေနေရင်းက သူတို့ကို သတိထားမိသွား၏ ။
” ဟိတ် ဘာတွေ ကြည့်နေတာလဲ ၊ နင်တို့ ခုနကတည်းက ငါ့ကို ခိုးခိုးကြည့်နေတာ ငါသိတယ်နော် ”
ထိုအခါ ကောင်မလေးနှစ်ယောက်က တစ်ယောက်လက်ကိုတစ်ယောက် ကုတ်၍ ခေါ်ကာ ကျွန်မအနားရောက်လာကြသည်။
” မမ ဒီနေ့ စုစု အလုပ်မလာဘူး ”
“သိတယ်လေ ”
စုစုဆိုတာ အသက် ၂၀ သာရှိသေးသော ဝန်ထမ်းကောင်မလေးဖြစ်သည် ။ အသားဖြူဖြူ ပိန်ပိန်ပါးပါးနှင့် ရုပ်ရည်လည်း ရှိ၏ ။
” အဲ့တာ သူ့အမေက နေ့လည်တုန်းက ထမင်းလာပို့တယ် ”
“ဟယ် သူ့သမီးအလုပ်မလာတာ သူကမသိဘူးလား ”
“စုစု ကို မနက်က ကိုကြီးဘုန်းလျှံ လာခေါ်သွားတာတဲ့မမ ၊ အဲ့တာ အလုပ် သွားတယ်ထင်လို့ လာပို့တာတဲ့ ”
“ဘယ်လို ”
ကိုကြီးဘုန်းလျှံဆိုတာ ကို့ ကိုပြောတာ ဖြစ်သည် ။ ကျွန်မသည် စိတ်ထဲ ထင့်သွား၏။ ဆိုင်ပိတ်ပြီး အိမ်ပြန်တော့ ည၈ နာရီထိုးနေလေပြီ ။ ကို ပြန်မလာသေးပါ။
” သမီး ထမင်းစားနှင့်လေ သားက ဒီနေ့မှနောက်ကျနေတယ် ”
ကို့အမေကလာေပြာသည် ။
” ရပါတယ်အမေ သမီးစောင့်လိုက်ဦးမယ် ”
“လာပါမမရယ် ဗိုက်အောင့်နေမယ် ညီမလေးနဲ့အတူစားမယ်”
ကို့ညီမလေးက အတင်းခေါ်လို့ ကျွန်မ ထမင်းစားလိုက်ရသည်။ ၉ နာရီ … ။ ၁၀ နာရီ … ။ ကိုပြန်မလာပါ ။ ကျွန်မ မျက်ရည်ဝဲလာပြီ ။
“စုစု ကို မနက်က ကိုကြီးဘုန်းလျှံ လာခေါ်သွားတာတဲ့”
ထိုစကားက နားထဲမှာ ပဲ့တင်ထပ်နေသည်။ ကျွန်မ အတွေးနှင့်ကျွန်မ ရင်ဘက်တွေ အောင့်လာလို့ ရှူဆေးဘူးလေး ထယူစဉ် …
“ပြည့်ပြည့်ဇော်ရေ
ပြည့်ပြည့်ဇော် ”
ကျွန်မကို ခြံရှေ့ကနေ ခေါ်နေတာမို့ ကို့ အမေက ပြေးထွက်သွားပြီး တံခါးဖွင့်ပေးသည် ။ ကို့ညီမလေးက ကျွန်မအနားရောက်လာသည် ။
” မမ မမကိုခေါ်နေတယ် ”
ကျွန်မ ထွက်တွေ့လိုက်တော့ စုစု အမေရယ် ။
” ငါ့သမီးကိုဟယ် မနက်က ညည်းယောက်ျားကားနဲ့လာခေါ်သွားတာ ၊ ငါက အလုပ်ရှင် လာခေါ်တာပဲလေဆိုပြီး ထမင်းချိုင့်တောင် မထုပ်ရသေးဘဲ ထည့်ပေးလိုက်တာ ၊ ခုထိ အိမ်ပြန်ရောက်မလာသေးဘူး ၊ ဒါ ခိုးပြေးသွားတာပဲ ဖြစ်မှာ ၊ ညည်း ယောက်ျား ကို ခုဖုန်းဆက်ပေး ”
ကျွန်မသည် ရင်ဘက်ထဲစူးနစ်သွားကာ လဲကျမတတ်ဖြစ်သွား၏ ။ ကို့ ညီမလေးက ကျွန်မကို ထိန်းထားသည်။ ကို့အမေက …
” သမီးရယ် ဟုတ်ပါ့မလား ၊ သားဒီလိုမလုပ်လောက်ပါဘူး ၊ အမေ အခုဖုန်းဆက်မယ် ”
ကျွန်မသည် ကို့ဆီကို အကြိမ်ကြိမ်ဖုန်းဆက်ပြီးခဲ့ပြီ ၊ စက်ပိတ်ထားပါသည်။ ကျွန်မသည် မျက်ရည်ပေါက်ပေါက်ကျရင်း ရင်ဘက်ကို ဖိ၍ ငိုကြွေးမိတော့သည် ။
နောက်တစ်နေ့ ကို့ ကို ဖုန်းဆက်လို့ရတော့ ကို့အမေက ဒေါသတကြီးနှင့် ပြောဆိုနေလေသည် ။ ထိုအချိန် ကျွန်မသည်ကိုမာဝင်ကာ မျောနေသော လူနာတစ်ယောက်လိုဘာမှမပြောချင် မပြောနိုင် ဖြစ်နေလေသည်။
စုစုအမေသည် ပိုက်ဆံနှင့်ကန်တော့်ခံလိုက်ရသော အခါ သူ့သမီးကို ခိုးပြေးသည့်ကိစ္စအား ပါးစပ်မှတစ်လုံးပင်မဟတော့ပေ ။ ကို သည် ကျွန်မနှင့် ထိပ်တိုက်ရင်မဆိုင်ရဲပေ။ ကျွန်မ နှင့်နှစ်ယောက်တည်း စကားမပြောရဲသည့်အခါ သူ့အမေ သူ့ညီမနှင့် စုစု ၊ စုစုအမေကိုပါ အတူခေါ်ပြီးပြောလေသည် ။ စုစုအမေသည် စ၍ ငိုတော့၏ ။
” ပြည့်ပြည့်ဇော်ရယ် ငါ့သမီးက ခုမှ အဖူးအငုံလေးပဲရှိပါသေးတယ် မပွင့်ခင် ခြွေချခံလိုက်ရပြီ ၊ ညည်း ငါ့သမီးကို သနားပေးပါအေ ၊ ညည်း ယောက်ျားကို ညည်းမကွာရင် ငါ့သမီးလေးက ပတ်ဝန်းကျင်မှာ တံတွေးခွက်ထဲပက်လက်မျောတော့မှာပါ ”
ကျွန်မ ခါးသီးရွံရှာစွာ မျက်ခုံးတွေပင့်တက်သွားသည် ။ စုစုအမေသည်အပြောက ရွှေမန်း ဖြစ်၏ ။
” မပွင့်ခင်ခြွေချခံရသတဲ့လား ၊ အန်တီ့သမီးကို ကြည့်ရတာ သူကိုယ်တိုင် ကြည်ဖြူလို့ လိုက်သွားတဲ့ပုံပါ ”
စုစုသည် ကျွန်မကို မော့်၍ပင်မကြည့်ရဲပေ။
” ခင်ရယ် ကိုယ်လွန်သင့်တာတွေလည်း လွန်ကုန်ပါပြီ ၊ ကိုယ် မင်းကျေနပ်သလောက် ပေးပါ့မယ်ကွာ ၊ ကိုယ့်ကို ကွာရှင်းပေးပါနော် ”
ကျွန်မ သူ့ကို တူးတူးခါးခါးကြည့်လိုက်သည် ။ အကြည့်ချင်းဆုံမိသည့် မျက်လုံးကိုပင် ထိုးဖောက်ပစ်ချင်သည် ။
” ကျေနပ်သလောက်ပေးပါမယ်လို့ပြောရအောင် ပိုင်ဆိုင်သမျှအားလုံးက နင်တစ်ယောက်တည်းရှာထားတာမလို့လား ဘုန်းလျှံ ”
သူမျက်စိမျက်နှာပျ က်ကာ မျက်နှာလွှဲသွားသည်။
သူ့အမေနှင့်ညီမသည် ကျွန်မကို မျက်နှာပူလွန်း၍ ငိုနေကြသည် ။
” စိတ်ချ ငါရှာပေးထားသမျှ အကုန်ပြန်ယူပြီး ၊ ငါရသင့်ရထိုက်တာကိုပါ ငါယူမှာ ”
ကျွန်မ မတ်တပ်ထရပ်လိုက်သည် ။
” နင်တို့ယောက်ျားတွေက ငွေရှိတဲ့ဒဏ်ကို မခံနိုင်ကြဘူး ၊ ငွေလေး နည်းနည်းလက်ထဲ ရှိရင် မယားငယ်ယူချင်ကြတယ် ၊ အတူကြိုးစားရုန်းကန်ခဲ့တဲ့ မိန်းမကို မေ့သွားကြတယ် ၊ ဟဲ့ ခု ငါ့ဗိုက်ထဲမှာ နင့်သွေးသားက သန္ဓေတည်နေပြီ ”
သူအံ့ဩစွာ ဆတ်ခနဲ မော့ကြည့်လာသည်။
” မပူနဲ့ နင့်ကိုရွံလို့ ဒီကလေးကို ငါမမွေးဘူး ၊ သူ့ကိုမွေးရင် သူ့ကိုမြင်တိုင်း နင့်ကို သတိရနေလိမ့်မယ် ၊ ငါဖျ က်ချမှာ ၊ နင်ရှာထားတဲ့ပစ္စည်းဥစ္စာတွေ နင့်သွေးသားနဲ့ ငါ့ကို အဲ့ကော င်မတစ်ကောင်နဲ့ လဲလိုက်တာ နင်နောင်တမရနဲ့နော် ”
သူ့အမေနှင့်ညီမသည် ကျွန်မကို ပြေးဆွဲကြပြီး ငိုယိုကာတားကြသည် ။
“မလုပ်ပါနဲ့သမီးရယ် အပြစ်မရှိတဲ့ကလေးပါ ”
“မမရယ် ကလေးကိုမဖျ က်ချပါနဲ့”
ကျွန်မ သူတို့ကို ဖယ်ထုတ်ကာ ဘာအဝတ်မှမယူတော့ဘဲ ထိုအိမ်က ထွက်လာခဲ့သည်။ ကျွန်မ မိဘတွေကို ကျွန်မမှာ ကိုယ်ဝန်ရနေပြီဆိုသည့်အကြောင်း မပြောပြတော့ပါ။ ပြောပြလျှင် ဖျ က်ချခိုင်းမှာ မဟုတ်မှန်း ကျွန်မ သိသည် ။ ထိုနေ့ချင်းပဲ ကျွမ်းကျင်နားလည်သူနှင့်တိုင်ပင်ပြီး ကျွန်မ ဖျ က်ချပစ်ခဲ့သည် ။ ဖျက်ချပြီးသွားမှ ကျွန်မ မိဘအိမ်ကို ကျွန်မပြန်သည် ။ ကျွန်မမိသားစုဟာ ဘုန်းလျှံကို အဆမတန်နာကျည်းကြပေမဲ့ ကျွန်မဆုံးဖြ တ်ချက်ကို လက်ခံသဘောတူကြသည်။
” အဲ့ကောင် ကောင်းကောင်းမနေရပါဘူး သမီးရယ် ၊ မယုံရင် စောင့်သာကြည့် ” ဆိုသည့် အဖေ့စကားကို ကျွန်မ အမှုမဲ့အမှတ်မှတ်ထားခဲ့ပေမဲ့ အဖေမှန်ခဲ့သည်။ သိပ်မကြာလိုက်…။ ဆိုင်ကယ်အပြင်ဆိုင်မှာ ရန်ဖြစ်ရင်း ဓားနှင့်အထိုးခံရသည့် သတင်းကြားလိုက်ရသည် ။ ဆိုင်ကယ်ပြင်ဆိုင်က အလုပ်သမားဆီ အပြင်ကလူကရန်ညှိုးရှိလို့ လာရင်း ရန်ဖြစ်ကြရာက ဘုန်းလျှံဝင်ဆွဲတာကို အဆင်သင့်ယူလာသည့် ဓားနှင့် ထိုးခဲ့ ကြောင်း သိရသည်။ ဘယ်ဘက်လည်ပင်းမှာ တစ်ချက် ဗိုက်မှာ တစ်ချက် ။ ပွဲချင်းပြီးဟု သိရသည်။
ကျွန်မ သည် နာကျည်း မုန်းတီးမှုတွေ များလွန်းလို့ သူ့အတွက် ဝမ်းနည်းစိတ်တောင်မရှိခဲ့ပေ။ သူ ကျွန်မကို သစ္စာဖောက်သည့်အတွက် တမလွန်ကနေ နောင်တရနေလိမ့်မလားဟုပင် တွေးလိုက်မိသည်။
ပြီးပါပြီ ။
#မေကျော်