စားတော့အမှိုက်ပုံအိပ်တော့လမ်းဘေး(စ/ဆုံး)

Posted on

ကျွန်တော် အမိုးကြီးကို စသတိထားမိတာက လူကို တိုက်ရိုက်မဟုတ်ဘူး။ သီချင်းသံကို စသတိထားမိတာ။
ဈေးထဲ နေ့လယ်နေ့ခင်း ဈေးပေါင်ကျိုးချိန်ဆိုတာ ဈေးသည်တွေအတွက် အတင်းပြောလို့ကောင်း၊ ငိုက်လို့ မှိန်းလို့ကောင်းမဟုတ်လား။ ကျွန်တော်ကတော့ ဝါးပက် လက် ကုလားထိုင်ပေါ် စာအုပ်တစ်အုပ်နဲ့ နတ်ပြည်ကို ခရီးထွက်နေလိုက်တာပါပဲ။
အဲ.. တစ်နေ့ပေါ့ဗျာ။ ဈေးပေါင်ကျိုးချိန်လေး စာ အုပ်တစ်အုပ်နဲ့ နတ်ပြည်တက်လည်နေတုန်း သီချင်းသံ တချို့ ကို သတိထားမိသွားတယ်။ သီချင်းသံကလည်း ကျယ်ကျယ်လောင်လောင်ဗျ။ ပြီးတော့ ကျွန်တော်ကြား နေကျ၊ နားယဉ်ပါးနေကျသီချင်းမျိုးလည်းမဟုတ်ဘူး။ စတူဒီယိုပုံစံဆိုထားပေမဲ့ မိုနိုသံပေါက်နေတယ်။ နားစိုက် ထောင်ကြည့်တော့ စာသားကလည်း ထူးထူးဆန်းဆန်းဗျ။ မယားအတွက် စိန်နားကပ်၊ အမေ့အတွက် ပဲကြီး
လှော်.. ငါ့သားလေး တယ်တော်တယ်တော်.. အတော် သရော်သံပေါက်နေတယ် ပြောရမှာပဲ။ ဒီ့အရင်က တစ် ခါမှ မကြားခဲ့ဖူးဘူးဆိုတာ သေချာတယ်။ ဒါပေမဲ့ နားစွဲ သွားတယ်ဗျ။ ပထမတော့ ဈေးအပြင်ဘက် မြို့ထဲလမ်း ပေါ်က အလှူခံဆိုက်ကားတစ်စီးစီး ဖြတ်သွားတာဖြစ်မယ် လို့ ထင်လိုက်တယ်။ ခက်တာက ဒီသီချင်းသံက ရပ် မသွားဘူး။ ရွေ့သွားတာမျိုး၊ အသံတဖြည်းဖြည်း တိုး သွားတာမျိုးမရှိဘူး။ ပိုပြီး စိတ်ဝင်စားသွားတာက ဒီသီချင်း တစ်ပုဒ်တည်း ထပ်တလဲလဲ ပြန်ဖွင့်နေတာ။ စိန်နားကပ် နဲ့ပဲကြီးလှော်ပဲ။ ဒါနဲ့ ဈေးထဲများ အလှူခံ လော်စပီကာ ကြီးတစ်ခုများ ရောက်နေသလားဆိုပြီး ခေါင်းထောင် စူးစမ်းကြည့်မိတယ်။
ဈေးဆိုပေမဲ့ ကျွန်တော်တို့ဘက်အခြမ်းက ဈေးဆိုင် ခပ်ကျဲကျဲ။ ဒီကြားထဲ ပိတ်ထားတဲ့ဆိုင်တွေကလည်း ရှိနေသေးတာ။ မြိုင်မြိုင်ဆိုင်ဆိုင်ဆိုလို့ အမှိုက်ပုံကြီး ဘေးက ငှက်ပျောပင်အုပ်အုပ်ကြီးပဲ ရှိတာ။ ဒီလိုနေရာက ဒီလိုနေ့လယ်ခင်း အချိန်ဆိုတော့ လူပိုရှင်းတာပေါ့။ ဈေးရဲ့ မိန်းလမ်းမကို အလျားလိုက် မျှော်ကြည့်လိုက် တယ်။ နေကာတာလပတ်အဖီတွေက သူ့ထက်ငါ ဈေးလမ်းပေါ် ထိုးထွက်နေကြပုံက ဖရိုဖရဲနဲ့။ ဈေးလမ်းပေါ် နယ်ချဲ့ထားတဲ့ ဈေးပန်းအခင်းအကျင်းတွေကြား ဈေးခွေး ပိန်ကပ်ကပ်တစ်ကောင် ဖြတ်ပြေးသွားတာကလွဲလို့ ဘာ အသံထွက်ပစ္စည်းမှ မတွေ့ လိုက်ပါဘူး။ ဒါပေမဲ့ သီချင်း သံကတော့ ရပ်မသွားဘူး။ ကျယ်ကျယ်လောင်လောင်ပဲ။ စောစောကသီချင်းပဲ။ စိန်နားကပ်နဲ့ ပဲကြီးလှော် ပဲ။ ဈေးလမ်းအတိုင်း အကြည့်ကို နောက်ပြန်ဆုတ် လိုက်တယ်။ ကုန်ခြောက်ဆိုင်၊ တစ်ဖက်က အမဲရုံ၊ မျက် နှာချင်းဆိုင်မှာ အိုးဆိုင်။ ပြီးတော့ ရွှေရင်အေးဆိုင်။ ပြီး တော့..။ ဪ.. လက်စသတ်တော့…။ ပိတ်ထားတဲ့ဆိုင်ခန်းရဲ့ တံစက်မြိတ်အောက် တိုင် တစ်တိုင်မှာ ကက်ဆက်လေးတစ်လုံးက ချိတ်လျက်သား လေး။ ကက်ဆက်လေးက ကြီးကြီးမားမားလည်း မဟုတ် ပါဘူး။ စပီကာတစ်လုံးတည်းပါပြီး SD ကတ်လေး ထိုး ထည့်ဖွင့်ရတဲ့ ကက်ဆက်မျိုး။ တွေ့တွေ့ချင်း ကက်ဆက် လို့တောင် မထင်ရဘူး။ အကောင်နဲ့ အသံနဲ့တောင် မလိုက် ဘူး။ ဘာပဲဖြစ်ဖြစ် ဈေးထဲက ဆိုင်ခန်းအလွတ်တံစက် မြိတ်က ချိတ်လျက်သား ကက်ဆက်တစ်လုံးကတော့ ထူးခြားနေတာ အမှန်ပါပဲ။ ပိုပြီး ထူးခြားတာကတော့ အဲ့ဒီဆိုင်တံစက်မြိတ်ဘေး ကက်ဆက်တွဲလောင်းလေး အောက်မှာ ဆေးလိပ်ထိုင်ဖွာနေတဲ့ အမျိုးသမီးကြီး တစ်ယောက်။
အဲ့ဒီနေ့ကစပြီး အမိုးကြီးကို သတိစထားမိတာပါ။ ဒါပေမဲ့ စပြီး သတိထားမိခါစက အမိုးကြီးဆိုတဲ့ နာမည် ကိုတောင် မသိသေးပါဘူး။
“ဪ… အဲဒါ အမိုးကြီးလေ”
“ဘယ်ကလဲတော့ မသိဘူး။ မိုးလင်းရင်တော့ ဈေး
ထဲရောက်လာတာပဲ”
တာပဲ’
“ဒီလိုပဲလေ၊ အကုန်လုံးက အမိုးကြီးပဲ ခေါ်နေကြ
ကျွန်တော်တို့ဆိုင် မျက်စောင်းထိုး ကုန်ခြောက်ဆိုင် က သိသလောက် ပြန်ပြောပြတယ်။ လူ့စိတ်က ဆန်းတော့ဆန်းတယ်။ ကိုယ့်ပတ်ဝန်း
ကျင်မှာ ရှိနေပေမဲ့ သတိမထားမိစဉ်ကတော့ ကန်းနေတဲ့ အတိုင်း မြင်ကိုမမြင်ခဲ့တာ။ ကဲ… အခု သတိလည်း ထားမိပြီဆိုရော ဒီဈေးထဲ ကျွန်တော် ဘယ်ကြည့်ကြည့် အမိုးကြီးကိုပဲ တွေ့ တွေ့ နေရသလိုကို ဖြစ်နေတာ။ အမိုး ကြီးဆိုတာ နာမည်ရင်းမဟုတ်တာတော့ သေချာပါတယ်။ ဒါပေမဲ့ နာမည်ရင်းလည်း ဘယ်သူမှသိတာမဟုတ်ဘူး။ သိဖို့လည်း မလိုဘူးမဟုတ်လား။ သာရေးနာရေး ဖိတ် စာမှာ သူတို့အတွက် နာမည်ရေးထိုးဖိတ်ရမယ့်သူလို့ ယူဆကြပုံလည်း မရပါဘူး။ ‘အမိုး” လို့ တစ်ယောက် တစ်ပေါက် ခေါ်လာကြရင်း အသက်အရွယ်အရ အမိုး ကြီး ဖြစ်လာရပုံပါပဲ။
အရင်က မသိလိုက်မသိဘာသာဆိုပေမဲ့ ခုတော့ မနက်ခင်းဆိုင်ဖွင့်တာနဲ့ အမိုးကြီးကို မြင်နေရတယ်။ အမိုးကြီးဆံပင်တွေက ကုပ်ပိုးသာသာတောင် မရှိဘူး။ ဦးခေါင်းပေါ် သဘာဝအလျောက် ပေါက်တယ်တောင် မထင်ရဘူး။ မာမားကြာဆံခြောက် တစ်ထုပ်လောက်ဖြေ ပြီး ခေါင်းပေါ်ကောက်တင်ထားသလိုပါပဲ။ ထဘီက အရောင်ရှိသေးပေမဲ့ အနံပြည့်ပုံလည်း မရဘူး။ အမိုးကြီး အင်္ကျီတွေဆို ဘယ်နေ့ကြည့်ကြည့် ကြယ်သီးစုံစုံလင်လင် နဲ့ ဘယ်နေ့မှ တွေ့ ရတယ်မရှိဘူး။
ဒါပေမဲ့ အမိုးကြီးကတော့ မနက်မိုးလင်းတာနဲ့ စစ် လက်နက်သေတ္တာကြီးလို ပီနန်အိတ်ဟောင်းကြီးတစ်လုံး ခေါင်းပေါ်ရွက်ပြီး စစ်မြေပြင်နဲ့တူတဲ့ ဈေးဝင်းထဲ တစ်နေ့ စာ အသက်ရှင်ရေးအတွက် တိုက်ပွဲဝင်ဖို့ ရောက်ရောက် လာတာပါပဲ။ နေ့စဉ်နဲ့အမျှ အသက်ရှင်ဖို့ ဘယ်လောက် တောင် တိုက်ခဲ့ခိုက်ခဲ့ရတယ် မသိပါဘူး။ အမိုးကြီးမျက် နှာပြင် တစ်ခုလုံးကလည်း တိုက်လေယာဉ်ပေါင်းများစွာနဲ့ အကြိမ်ကြိမ် ဗုံးကြဲခံထားရသလို ချိုင့်တွေ၊ တွင်းတွေ ခွက်ဝင်နေကြတာသာ ကြည့်ပေတော့။ ကျန်းမာရေးက တော့ ဒေါင်ဒေါင်မြည်ပဲဆိုတဲ့ အမျိုးအစားထဲက။ ကုန်စုံ ဆိုင်တွေကခိုင်းလို့ ဆယ်ပိဿာဆီပုံးတစ်ပုံးလောက်များ ဆွဲမသွားပြီဆို လက်မောင်းကြောကြီးတွေများ သံချောင်း ကြီးတွေလိုကို ခုံးခုံးထနေတာ။ ဆီပုံးမှ၊ ဆပ်ပြာသေတ္တာမှ ရယ် မဟုတ်ပါဘူး။ ဟိုဆိုင်က မုန့်ဟင်းခါးဆိုလည်း ပြေးဝယ်ပေးရတာပဲ။ ထမင်းဆိုလည်း သွားဝယ်ပေးလိုက် တာပဲ။ တစ်ရာပေးပေး၊ နှစ်ရာပေးပေး ဒါကပဲ သူ့အလုပ်
ဖြစ်နေတာကိုး။ သူ့အသက်မွေးဝမ်းကျောင်းဖို့ ဒီလောက် နဲ့ လုံလောက်ပြီလားဆိုတော့ မဟုတ်သေးဘူး။ သူ စတည်းချတဲ့ ပိတ်ထားတဲ့ ဆိုင်ခန်းဘေးက ဧရာမ ဈေး အမှိုက်ပုံကြီးကို တုတ်တစ်ချောင်း၊ အိတ်တစ်လုံးနဲ့ တက် တက်မွှေရသေးတာ။
အမိုးကြီးရဲ့ တစ်ကိုယ်ရည်သန့်ရှင်းရေးကရောလို့ မေးစရာရှိလာပါတယ်။ ဒါလည်း သူ့အဖို့ ပြဿနာကြီး တော့ မဟုတ်ပါဘူး။ တစ်ခါ သုံး ငါးဆယ်တန် ဈေးအိမ် သာက အမိုးကြီးဆို တံခါးမရှိ၊ ဓားမရှိ၊ အကောက်မရှိ လေ။ နှစ်ပေါင်းခြောက်ဆယ်နီးပါး ဈေးရေတွင်းကြီးကို တော့ အမိုးကြီးက မြစ်ကမ်းပါး ချောင်းကမ်းပါးလောက် သာ သဘောထားပုံရပါတယ်။
နေ့လယ်နေ့ခင်း ဈေးပေါင်ကျိုးချိန်ဆိုရင်တော့ အမိုးကြီးရဲ့ သီးသန့်အနားယူချိန်ရောက်ပြီလို့ ဆိုရမှာပါ။ ပိတ်ထားတဲ့ ဆိုင်ခန်းတံစက်မြိတ်မှာ တန်းလန်းချိတ်ထား တဲ့ ကက်ဆက်ကလေးဟာ အမိုးကြီးကို ဖျော်ဖြေပေးရပါ တော့တယ်။ သီချင်းကလည်း တခြားသီချင်းလို့ မထင် နဲ့။ များသောအားဖြင့် ကျွန်တော် စကြားခဲ့ရတဲ့ မယား အတွက် စိန်နားကပ်၊ အမေ့အတွက် ပဲကြီးလှော်”ပေါ့။ တစ်ခါတလေ သီချင်းပြောင်းရင်လည်း ဒီလိုင်းထဲက မထွက်ပါဘူး။ အမိုးကြီးကလည်း အဲ့ဒီဆိုင်တံစက်မြိတ် လေးအောက်မှာ၊ အဲ့ဒီကြိုးတန်းလန်းကက်ဆက်လေး အောက်မှာပဲ လောကဓံမိုး ခိုနေတတ်မြဲပါ။
အဲ.. ညနေဈေးသိမ်းပြီဆို အမိုးကြီးတစ်ယောက် ကုန်စိမ်းတန်းဘက် လည်ရသေးတယ်။ ဈေးပန်း ကူသယ် ပေးတာလိုလို၊ ကုန်စိမ်းခြင်း မပေးတာလိုလိုပေါ့။ ဘာပဲ ဖြစ်ဖြစ် ခရမ်းချဉ်သီး ပယ်သီးလေးတွေ တစ်ထုပ်မျိုး၊ ဂေါ်ဖီ လေး၊ ငါးဆယ်ဖတ်မျိုးတော့ ရလာသေးတယ်။ ပြီးရင် ညနေ အမှိုက်သိမ်းကားက လာသွန်ချသွားတဲ့ ပူပူနွေးနွေး ဈေးအမှိုက်ပုံကြီးပေါ် ကလေးတွေနဲ့အပြိုင် လုယက်မွှေနှောက်ရသေးတယ်။ နောက်ဆုံး ညနေဈေး တံခါး ပိတ်ခါနီးမှ အထုပ်ကြီး အထုပ်ငယ်တွေနဲ့ တလှုပ် လှုပ် ပြန်ထွက်သွားတာပါပဲ။
ဒီလို ဒုက္ခတွင်းဆုံးကျနေပေမဲ့ အမိုးကြီးဟာ ကံ ကြမ္မာဆိုတာကိုတော့ မျှော်လင့်ချင်သေးပုံ ရပါတယ်။ ဘာဖြစ်လို့လဲဆိုတော့ တချို့ ဆိုင်ခန်းနောက်တွေမှာ
လက်သိပ်ထိုးရောင်းတတ်ကြတဲ့ သင်္ချာဂဏန်းသည်တွေ ရဲ့ ပုံမှန်ဖောက်သည်တစ်ယောက် ဖြစ်နေပြန်တယ်လေ။
ဆောင်းရာသီနေ့စွဲတစ်ခုမှာ အမိုးကြီးနဲ့ ကျွန်တော် စကားစတင်ပြောဖို့ ဖြစ်လာပါတယ်။ နယ်မြို့လေးတစ် မြို့ရဲ့ ဆောင်းရာသီဟာ ရန်ကုန်ဆောင်းလိုမှ မဟုတ် ဘဲ။ တောင်ပေါ်ဒေသတွေလို ရေမခဲပေမဲ့ မနက်ခင်း စောစောဆို အရိုးကွဲလောက်တယ် ပြောရမှာ။ ဒါပေမဲ့ ဒီလိုဆောင်းရာသီ မနက်ခင်းတွေမှာ အမိုးကြီးကို အနွေး ထည်လုံလုံခြုံခြုံနဲ့ တစ်ခါမှ မတွေ့ ရဘူး။ ဖလန်နယ် အကွက် အပေါ်ဖုံးတိုမြောက်မြောက်လေးကိုပဲ သွားရင်း လာရင်း၊ လုပ်ရင်းကိုင်ရင်း ဆွဲဆွဲစေ့နေရှာတာ။ ဒါနဲ့ ကျွန်တော့်ဇနီးနဲ့ တိုင်ပင်ကြည့်တော့ သူ့မှာ အတော့်ကို လတ်ဆတ်သေးတဲ့ ကုတ်အင်္ကျီဟောင်းတစ်ထည် ရှိနေ ကြောင်း သိရပါတယ်။
နောက်နေ့ နေ့လယ်ခင်းမှာ ကုတ်အင်္ကျီကိုယူပြီး စိန်နားကပ်နဲ့ ပဲကြီးလှော်”သီချင်းသံအတိုင်း လိုက်သွား ပါတယ်။ ကျွန်တော်ရောက်သွားတော့ ဆိုင်အလွတ်တံ စက်မြိတ်အောက်မှာ တွဲလောင်းချိတ်ထားတဲ့ သီချင်းဖွင့် လျက်သား ကက်ဆက်လေးရယ်၊ စားလက်စ ထမင်းတချို့ ရှိနေတဲ့ စတီးလင်ပန်း ခပ်ပါးပါးတစ်ချပ်ရယ်ပဲ တွေ့ ရ ပါတယ်။ အဲ့ဒီဆိုင် ပတ်ပတ်လည်လိုက်ကြည့်ပေမဲ့ မတွေ့ဘူး။ အမှိုက်ပုံကြီးကို တစ်ပတ်လောက် ပတ်ကြည့် သေးတယ်။ အသံပြုကြည့်တယ်။ မတွေ့ ရဘူး။ ဒါနဲ့ဆိုင်တံစက်မြိတ်အောက်က အုတ်ခုံလေးပေါ် ခဏထိုင် စောင့်တုန်း မကြာပါဘူး။ အမိုးကြီး ရောက်လာတာပါပဲ။ ရောက်လာတာမှ ဟောဟောဟဲဟဲနဲ့ကို ရောက်လာတာ။ ဒီကြားထဲ ကုတ်အင်္ကျီတစ်ထည်ကိုင်ထားတဲ့ ကျွန်တော့် ကိုမြင်တော့ ခပ်ကြောင်ကြောင်မျက်လုံးတွေ နည်းနည်း ပြူးသွားတယ်။ ပြီးတော့ စားလက်စထမင်းထည့်ထားတဲ့ စတီးလင်ပန်းကို ကောက်ခနဲကိုင်ပြီး ထမင်းဆက်စားဖို့ ပြင်ဆင်လိုက်ပါတယ်။ ကျွန်တော်က ခေါင်းပေါ် တန်း လန်းဆွဲထားတဲ့ ကက်ဆက်သံကို ပေါက်အောင် ပထမဆုံး မေးခွန်းကို ကီးမြင့်မြင့်နဲ့ပဲ စတင်ရတော့တာ။
“အမိုးကြီး ဘယ်သွားနေတာတုံး”
ကျွန်တော်က အတတ်နိုင်ဆုံး လေသံကို ပုံမှန်အသံ ဖြစ်အောင် ကြိုးစားထားရတယ်။ အမိုးကြီးက ဖျတ်ခနဲ တစ်ချက်ကြည့်တယ်။ ချောက်နက်ထဲက မျက်လုံးပြူးပြူး တွေနဲ့ပါပဲ။ နည်းနည်းတော့ ချောက်ချားဖို့ကောင်းတယ် ဗျ။ အမိုးကြီးပါးနှစ်ဖက်လုံး သစ်ပင်အမြစ်တွေ ဖွာလန် နေသလို အရေးအကြောင်းတွေ ရှုပ်ထွေးနေတာ။ ပါးနှစ် ဖက်တင်မကဘူး။ ပါးစပ်နေရာကပါ တကယ့် အမယ်အို ကြီးတွေ ပါးစပ်တွေမှာ တွေ့ ရတတ်သလို ချုပ်ရိုးကြောင်း ကြီးတွေလိုကို ထင်းနေတာ။ သူနဲ့ အဆက်အစပ်မရှိဖူး တဲ့ လူတစ်ယောက်က ခုလို သံခင်းတမန်ခင်းနဲ့ လာတာ တွေ့တော့ အံ့သြသွားပုံလည်း ရပါတယ်။
လို့”
“ဟိုနားဆိုင်က ဆပ်ပြာနှစ်ဖာ သယ်ပေးစမ်းပါဆို
အသံကတော့ မာရေကျောရေရှိတုန်း။ သူဖွင့်ထား တဲ့ စိန်နားကပ်နဲ့ ပဲကြီးလှော်ကို ဖောက်ထွင်းပြီး ကျွန် တော်ကြားအောင် ပြောရတာကိုး။ ဘာဟင်းမျှမပါတဲ့ စတီးလင်ပန်းထဲက ထမင်းကိုသာ ကုန်းကုန်းစားနေတာ စိတ်သိပ်ပါပုံ မရတော့ဘူး။ မဆီမဆိုင် သူ့ဘေးရောက် လာတဲ့ လူကြောင့် စိတ်အနှောင့်အယှက် ဖြစ်သွားပုံမျိုးလား။
“အမိုးကြီး၊ ဒီမှာ အမိုးကြီးဝတ်ဖို့”
ကျွန်တော်ကမ်းပေးတဲ့ ကုတ်အင်္ကျီကိုမြင်တော့ အမိုး ကြီးမျက်နှာ အရေးအစင်းတွေက ဖြောင့်တောင့်တောင့် ကြီးတွေ မတ်မနေတော့ဘူး။ ပျော့ပျောင်းကွေးညွှတ်လာ တယ်။ တွင်းဆုံးကျနေတဲ့ မျက်လုံးပြူးကြောင်ကြောင် ကြီးတွေက အပြင်ဘက်ပဲ ခုန်ထွက်လာတော့မလိုလိုနဲ့ တလှုပ်လှုပ်လည်နေတာ။
တည်တည်ငြိမ်ငြိမ်ပဲလှမ်းယူတယ်။ သာဓုလည်း မခေါ်ပါဘူး။ ဇောတိကတွေ၊ ဇဋိလတွေ ဖြစ်ပါစေလည်း ဆုမပေးပါဘူး။ ကျွန်တော်ကလည်း ဈေးအမှိုက်ပုံဘေး မှာ စတီးလင်ပန်း အပိန်အချိုင့်လေးနဲ့ အချိန်လွန်နေ့လယ် စာစားနေတဲ့ အမယ်အိုတစ်ယောက်ဆီက ဘာကိုမှ မမျှော် လင့်ခဲ့တာပါ။
“အမိုးကြီးက ဘယ်မှာနေတာတုံး၊ ဒီဇာတိပဲလား” ထမင်းကုန်လုလု စတီးလင်ပန်းပိန်လေးကို အောက်
ကို အသာချပြီး ခေါင်းပါယမ်းပြတယ်။
“ခုနေတာက သံလမ်းဘေးမှာလေ၊ ဇာတိက ဟို…” လေသံမာမာပေမဲ့ သိပ်တော့ တောင့်တောင့်တင်း တင်းကြီး မဟုတ်တော့ပါဘူး။ တစ်ဆက်တည်း ဘယ် အချိန်ကတည်းက လက်ကြားညှပ်လိုက်မှန်း ကျွန်တော် မသိလိုက်တဲ့ ဆေးလိပ်တိုကို မီးကောက်ညှိလိုက်တယ်။ ထဘီနဲ့ ခပ်ဆတ်ဆတ် ပွတ်ကာခါထားပေမဲ့ လက်ချောင်း တွေမှာ ထမင်းစေ့တချို့ သံယောဇဉ်ကြီးကြီး တွယ်ကပ် နေကြတုန်းပဲ။

“အမိုးကြီးက ဒီဇာတိမဟုတ်ဘူး။ အမိုးကြီး ဒီရောက် တာ ဆယ့်လေးနှစ်ရှိပြီ။ ရောက်စ နှစ်နှစ်လောက်ကတော့ ဘူတာမှာအိပ်၊ ဘူတာမှာစားပေါ့ကွာ။ နောက်တော့ ဘူ တာမှာ ညအိပ်လို့ မရတော့ဘူး။ ၊ အိမ်ထောင်လား တာပေါ့။ နှစ်ဆက်တောင်ကျဖူးတာ။ ဒီလိုကွ..” စကားပြောရင်း အမိုးကြီးအသံက တဖြည်းဖြည်း ရင်းနှီးသံပေါက်လာတယ်။ ခေါင်းပေါ်က စိန်နားကပ်နဲ့ ပဲကြီးလှော်သီချင်းသံကလည်း ကျွန်တော့်နားနဲ့ အသား ကျစ ဖြစ်လာပါပြီ။ တစ်ချက်တစ်ချက် စကားပြောရင်း ကျွန်တော့်ဒူးကို လက်ကလေးတို့တာတို့ကာလည်း ပါ သေးရဲ့ပေါ့ဗျာ။ သူ့အတိတ်ကို သူ့ပါးချိုင့်ချိုင့်နှစ်ဖက်ထဲ နှစ်ပေါင်းဘယ်လောက်တောင် စုပ်ယူငုံခဲထားရတယ် မသိပါဘူး။ ကျွန်တော်က မေးခွန်းလေးနဲ့ တံခါးခေါက် လိုက်ရုံနဲ့ စားလက်စ အခါလွန်နေ့လယ်စာကိုတောင် ပြန်ကောက်မကိုင်တော့ဘူး။ မီးသေသွားတဲ့ ဆေးလိပ်တို ကိုတောင် မီးပြန်မညှိနိုင်သေးတာသာ ကြည့်ပေတော့။
“အမိုးကြီး ဆယ့်ခြောက်နှစ်မှာ အဖေက ယောက်ျား ပေးစားတယ်။ အသက်ငါးဆယ်ကျော်ကြီး။ မုဆိုးဖိုကြီး။ အမိုးကြီးက ပြောတာပေါ့၊ အဖေရယ် ကိုယ့်အဖေလောက် ကြီးတော့ မယူပါရစေနဲ့ဆိုတော့ အဖေက ငါ့သမီးရယ် မိဘစကားနားထောင်ရင် ဘယ်တော့မှ မဆင်းရဲပါဘူး ဆိုပြီး အတင်းပေးစားတာ။ ပိုက်ဆံတော့ ရှိတာပေါ့ကွာ။ ဒါပေမဲ့ သူ့သားသမီးတွေက အမိုးကြီးထက်တောင် ကြီး တယ်။ နှစ်နှစ်နေတော့ အဘိုးကြီး သေသွားရော။ အမိုး ကြီးလည်း ကလေးတစ်ကောင်၊ ပစ္စည်းတစ်ကိုယ်ဆင်စာနဲ့ အိမ်ပေါ်က ဆင်းရတာပေါ့ကွာ။ မိဘစကားနားထောင်ရင် တစ်သက်လုံး ဒုက္ခမရောက်ဘူးဆိုလို့ကွာ အဖေက ခုတော့
ဟီး ဟီး ဟီး”
စကားတစ်ဖြတ်ကို အမိုးကြီးက တဟီးဟီးရယ်ပြီး အနားသတ်လိုက်တာ။ သူ့တဟီးဟီး ရယ်သံကြီးနဲ့ တွင်း ချိုင့်ထဲ တလည်လည်လှုပ်နေတဲ့ မျက်လုံးကြီးတွေကို တွဲစပ်ပြီး ကျွန်တော်က သူ့စိတ်အခြေအနေကို အကဲခတ် ရသေးတယ်။ ဒုက္ခကိုတောင် ပြန်ဟားတိုက်နိုင်ဖို့ ဘဝ အမှိုက်ပုံကြီးထဲကပဲ သတ္တိတွေ ကောက်တွေ့ ခဲ့တယ် ထင်ပါရဲ့။
“နောက် လေးနှစ်လောက်ကြာတော့ အရပ်ထဲက ဝိုင်းပြီး နောက်တစ်ယောက် ထပ်ပေးစားကြတယ်။ ဟင်၊ သူကလည်း အမိုးကြီးထက် ကြီးတာပါပဲ။ တစ်ခုပိုတာက သူက အရက်သမား။ မူးလာပြီဆို အမိုးကြီးကိုလည်း ရိုက်လိုက်တာ ပြောမနေနဲ့။ ကြာလာတော့ အမိုးကြီး လည်း ဘယ်ခံနိုင်တော့မလဲကွာ။ ကွဲတာပေါ့။ ကလေး နှစ်ကောင်ပဲ အဖတ်တင်တယ်။ မိန်းကလေးတွေချည်းပဲ။ ပထမအိမ်ထောင်နဲ့တုန်းကလည်း မိန်းကလေးပဲ။ အင်း… အို မင်းကလည်း..”
ပြောရင်းတန်းလန်းနဲ့ မီးသေဆေးလိပ်တိုကို မီးထ ညှိတယ်။ ချုပ်ရိုးရာကြီး ကန့်လန့်ဖြတ်ထားသလို ပါးစပ် မှာတပ်ပြီး နှစ်ချက်သုံးချက် ဖွာလိုက်သေးတယ်။ ဆေး လိပ်ကို အာသာပြင်းပြင်း ဖွာရှိုက်လိုက်ရလို့ထင်ပါရဲ့။ တွင်းချိုင့်ထဲက မျက်လုံးကြီးတွေ တလက်လက်နဲ့ ပိုလှုပ် ရှားလာသလိုပဲ။ ပြီးတော့ ပါးစပ်ထဲ မဆံ့မပြဲ ငုံခဲထားရ သမျှ အငမ်းမရ ထိုးအန်ချတော့မယ့်ဟန် ပြင်ပြီး..။ “သမီးတစ်ယောက်က ရထားက ကောင်လေးနဲ့ အိမ်ထောင်ကျတော့ အမိုးကြီးက လိုက်နေရတာပေါ့။ ဒါပေမဲ့ ပြောင်းပြန်ကွ။ သမက်က ကြည်ဖြူပြီး ကိုယ့် သမီးအရင်းက ဘာပြောတယ်မှတ်လဲ။ တော့်ကို စေတနာ မရှိဘူး။ တင်ကျွေးမထားနိုင်ဘူးတဲ့။ တစ်ရက် အမိုးကြီး ကို သီလရှင်ဝတ်စုံ ဝယ်ပေးပြီး ရထားပေါ် တင်ပေးလိုက် တာ။ အမိုးကြီးလည်း ဘာလုပ်ရမှန်းမသိဘူးပေါ့ကွာ။ ဘယ်မှလည်း မသွားတတ်၊ သီလရှင်လည်း မဝတ်ချင်၊ ဒါနဲ့ ဒီဘူတာရောက်တော့ ဘာဖြစ်ဖြစ်ဆိုပြီး ဆင်းနေရစ် တာကနေ ဒီမှာပဲ သောင်တင်နေတာပါကွာ။ ခုဆို ဆယ့် လေးနှစ်ရှိပြီ။ အမိုးကြီးလား ငါးဆယ့်နှစ်နှစ်ရှိပြီ။ ငါးဆယ့် နှစ်နှစ်၊ ဟင် ကျန်တဲ့ သမီးတွေကလား သွားဖူးပါ့တော်။
ကိုယ့်ကျွေးထားနိုင်ဖို့ နေနေသာသာ၊ သူတို့တောင် စား စရာရှိတာ မဟုတ်ဘူး။ နေစေချင်ပုံလည်း မရပါဘူးကွာ။ အမိုးကြီးလည်း နောက်မသွားတော့ဘူး။ သူတို့လည်း မလာဘူး”
တကယ့် ရီရယ်လစ်ဇင်ကြီးနဲ့မှ ငါ လာတွေ့နေရပါ လားလို့ ကိုယ့်ကိုယ်ကိုယ် ပြန်သုံးသပ်မိတယ်။ အမိုး ကြီးကတော့ အားရပါးရ ထိုးအန်ချလိုက်ရလို့ ထင်ပါရဲ့။ မီးသေနေတဲ့ ဆေးလိပ်တိုကို မီးထပ်ညှိပြီး ပါးချိုင့်ချိုင့် ကြီးနှစ်ဖက်လုံး စူလိုက်ခွက်လိုက်ဖြစ်အောင် ရှိုက်ဖွာနေ တော့တာပဲ။ အမိုးကြီးက အသက်က ငါးဆယ့်နှစ်နှစ်သာ ဆိုတယ် မျက်နှာကတော့ ဆယ်နှစ်လောက် ပိုအိုမင်းနေ ပါတယ်။ ငယ်ငယ်က အဆက်အပေါက်ကြီးကြီး၊ အရပ် မြင့်မြင့်နဲ့ လောကဓံအဆိုးလေးပါး တစ်ဖက်သတ် တိုက် စားတာကို ကြံ့ကြံ့ခံနိုင်ခဲ့ပုံပါ။ ခုတော့လည်း အဲ့ဒီဖြတ် သန်းမှုတွေကြောင့်လို့ထင်ရဲ့၊ စိတ်ရှိလက်ရှိ ဆုပ်နယ် ခံထားရတဲ့ အဝတ်ဟောင်းတစ်ထည် ပစ်ချခံထားရသလို ဖြစ်နေတယ်။
ဈေးနေ့လယ်ကလည်း တိတ်ဆိတ်နေတုန်း ဈေး ပေါင်ကျိုးချိန်ကို တမင်ရွေးချယ်တတ်တဲ့ မိန်းမတစ် ယောက်တလေသာ ပြောက်တိပြောက်ကျား ဖြတ်သွား ရင်း ကျွန်တော်တို့ဘက်ကို မေးခွန်းတပ်ထားတဲ့ မျက်လုံး တွေနဲ့ လှည့်လှည့်ကြည့်သွားကြတယ်။ သူတို့အတွက် တွဲလောင်းကျနေတဲ့ တောသီချင်းတစ်ပုဒ်အောက်က စကားဝိုင်းတစ်ခုဟာ မေးခွန်းတစ်ခု ဖြစ်ကောင်းဖြစ်နေ မှာပေါ့။ ကျွန်တော့်ဖို့လည်း အမိုးကြီးရဲ့ အရာရာဟာ မေးခွန်းတွေချည်း ဖြစ်နေတော့တာပါပဲ။
“ဒါဆို အမိုးကြီး စားရေးသောက်ရေးကော” အမိုးကြီးက လှည့်မကြည့်ဘူး။ ချက်ချင်းလည်း မဖြေဘူး။ ဆေးလိပ်တိုကိုပဲ တိုသည်ထက်တိုဝင်သွား အောင် သဲကြီးမဲကြီးရှိုက်နေတာ။ ပြီးတော့မှ သူမျက်နှာမူ ထားတဲ့ ဈေးအမှိုက်ပုံကြီးကို မေးငေါ့ပြတယ်။ “ဒီအမှိုက်ပုံကြီးပေါ့ကွာ၊ အမိုးကြီးကို ထမင်းကျွေး နေတာ။ ဒီအမှိုက်ပုံက ကျွေးနေတာ။ ကိုယ်က အရင်လို လည်း မြို့ထဲ လမ်းကြိုလမ်းကြား၊ အိမ်ကြိုအိမ်ကြား လျှောက်မကောက်နိုင်တော့ဘူးလေ။ ဒီအမှိုက်ပုံကြီးကိုပဲ အားကိုးရတာပေါ့။ မင်းတို့က ထင်မယ်၊ ဆိုင်တွေကို
ပစ္စည်းသယ်ပေးတာနဲ့ စားလို့ရမယ်လို့၊ မဟုတ်ဘူးကွ။ အမိုးကြီးကို ထမင်းကျွေးတာ ဒီအမှိုက်ပုံကြီး”
ကျွန်တော် အမိုးကြီးမေးငေါ့ပြတဲ့ အမှိုက်ပုံကြီးကို ငေးဖြစ်သွားတယ်။ အမှိုက်တင်ကားက ဖင်ထောင်သွန် ချထားခဲ့တဲ့ ဈေးအမှိုက်ပုံဟာ ယင်ကောင်တလောင်း လောင်း၊ အပုပ်နံ့ တဟောင်ဟောင်နဲ့ပေါ့။ အမှိုက်အမျိုး အစားပေါင်းစုံဟာ တူညီတာက လူသားတချို့ မလိုအပ် လို့၊ အသုံးမဝင်လို့၊ သိမ်းဆည်းမထားလိုလို့ စွန့်ပစ် လိုက်တာချည်းပါ။ ငေးဖြစ်သွားတာက ဒီအမှိုက်ပုံကြီး သက်သက်ကို အံ့သြလို့မဟုတ်ဘူး။ အမိုးကြီး အားကိုး တကြီးညွှန်းဆိုတဲ့ အပြောကြောင့်ပါ။ တခြားလူသားတွေ မလိုအပ်လို့ ရွံရွံရှာရှာစွန့်ပစ်တဲ့ အမှိုက်တွေကိုမှ လူသား တစ်ယောက်က အစာအာဟာရအတွက် အားကိုးတကြီး မှီခိုနေရတဲ့ ဇီဝဖြစ်စဉ်တွေဟာ ဒီနေ့ခေတ်ရဲ့ ဖြစ်ရပ်မှန်၊ သရုပ်မှန်ဝတ္ထုတွေပါပဲ။
စိန်နားကပ်နဲ့ ပဲကြီးလှော်ကို ဒိုင်ခံအော်နေရတဲ့ ခေါင်း ပေါ်က ကက်ဆက်လေးကို မော့ကြည့်မိတယ်။ တံခါး ပိတ်ထားတဲ့ ဆိုင်ခန်းလွတ် တံစက်မြိတ်အောက်မှာ တွဲ လောင်းခိုနေတဲ့ ကက်ဆက်လေး။ ဒီကက်ဆက်လေးဟာ အမိုးအကာမဲ့ လူအိုမကြီးတစ်ယောက်ကို ဘယ်လောက် အထိ လုံခြုံမှုတွေ ပေးနေနိုင်လို့လဲလေ။
“ဟော့ ဒီကက်ဆက်လေးက ဟိုတစ်ခါ နှစ်လုံးပေါက် တုန်းက ဝယ်ထားတာ၊ ရှစ်ထောင်ပေးရတယ်။ ဆိုင်က သီချင်းကတ်ပါ ထည့်ပေးလိုက်တာ။ ငါက သီချင်းကြိုက် တယ်ကွ”
ကျွန်တော် ငေးမော့နေတဲ့ ကက်ဆက်လေးအကြောင်း အမိုးကြီးက သူ့ဘာသာ ဝင်ပြောပြလိုက်တာပါ။ ဒီလိုဆို တော့လည်း သင်္ချာဂဏန်းသည်တွေကို ကျေးဇူးတင်ရ မလို ဖြစ်နေပါတယ်။ အင်း… အမိုးကြီးကတော့ ကျေးဇူး တင်နေမှာ အသေချာပါပဲ။ ခုထိ တစ်နေ့နှစ်ခါ ရင်တုန် ပန်းတုန် မျှော်လင့်နေရသေးတာပဲကို။
တစ်မနက် ဆိုင်မှာ လူကျနေတုန်း အမိုးကြီး ရောက် လာတယ်။ ရောက်လာတယ်ဆိုပေမဲ့ ရပ်နေတယ်ဆိုရင်
ပိုမှန်ပါတယ်။ ဆိုင်နယ်နိမိတ်အစလောက်မှာ ဆိုင်ထဲက လူတွေကို လှမ်းကဲကြည့်ရင်း ခြေတရွရွနဲ့ရပ်နေတာ။ လှမ်းမြင်ပေမဲ့ အမြင်ကို မျက်စိထောင့်ခဏကပ်ထားပြီး ကျွန်တော်တို့လည်း လုပ်လက်စတွေ ဆက်လုပ်နေရတာ။ စိတ်ထဲမှာတော့ မေးခွန်းတွေ တစ်ခုစ၊ နှစ်ခုစ ဖြစ်နေပြီ ပေါ့။ ဆိုင်ထဲ လူရှင်းသွားမှ အမိုးကြီးတစ်ယောက် ဆိုင် ထဲဝင်လာပြီး မှန်ရှိုးကေ့စ်ထဲ မရဲတရဲကြည့်တယ်။ ကျွန် တော်တို့ကလည်း မေးခွန်းအတွေးတွေ ရောနှောပြုံးပြပြီး အမိုးကြီးရဲ့ တရွရွ အရှိန်ယူနေတဲ့ ပါးစပ်ကအသံကို ငံ့လင့်နေကြတယ်။
“ဟိုကွယ်… နားကပ်လေး လေးသောင်းတန်လောက် မရှိဘူးလား”
အမှိုက်ပုံကြီးကို လက်ညှိုးထိုးပြပြီး ဒီအမှိုက်ပုံကြီး က ထမင်းကျွေးနေတာပါလို့ ဝန်ခံခဲ့တဲ့ အမယ်အိုတစ် ယောက်က ဒီစကားပြောလာတော့ နည်းနည်းအံ့သြသွား တာတော့ ဝန်ခံရမှာပါ။ ကျွန်တော် နှုတ်အသွားတာကို ရိပ်မိပုံရတဲ့ ကျွန်တော့်ဇနီးက အခြေအနေကို အလွယ် တကူ ထိန်းသိမ်းသယ်ယူသွားပါတယ်။
“ရှိတယ်လေ အမိုးကြီး၊ ပြမယ်နော်။ နည်းနည်းတော့ သေးမှာပဲ”
ကျွန်တော် ဘာမှ ဝင်ပြောမနေတော့ပါဘူး။ စောင့် ကြည့်သူအဖြစ် နေထိုင်ရတာ တစ်ခါတလေတော့လည်း အရသာရှိတယ်မဟုတ်လား။
“မယားအတွက် စိန်နားကပ်၊ အမေ့အတွက် ပဲကြီး လှော်”သီချင်းကြိုက်သူ အမယ်အိုအတွက် စိန်နားကပ် မရပေမဲ့ ရွှေနားကပ် မှုန်မှုန်လေး ပန်ခွင့်ရတာလည်း ဖြေသိမ့်စရာ တစ်ခုပါပဲလေ။
ကျွန်တော့်ဇနီးပြတဲ့ ရွေးသားလောက်သာ အလေး ချိန်ရှိတဲ့ ရွှေနားကပ်လေးတစ်ရန်ကို ကိုင်ကြည့်နေတဲ့ အမိုးကြီးမျက်ဝန်းထဲ တစ်ချိန်က ကလေးတစ်ယောက်နဲ့ အတူ ပိုင်ဆိုင်ခဲ့ဖူးတဲ့ ရွှေတစ်ကိုယ်ဆင်စာကို ပြန်မြင်နေ မလားဆိုတာကတော့ မသေချာလှပါဘူး။ သူ့အနံမပြည့် တတ်တဲ့ ထဘီခါးကြားက အလိပ်ကလေးဖြေ၊ လိပ်ကျစ် နေတဲ့ ပလတ်စတစ်အိတ်လေးကိုထုတ်၊ အဲ့ဒီပလတ်စတစ် လေးကိုဖြေဖွင့်၊ အထပ်ထပ် ကျစ်လိမ်နေတဲ့ ငွေစက္ကူရောင် စုံ၊ အရွယ်စုံကို ဖြန့်ဆန့်ပြီး…
“မနေ့ညနေက နှစ်လုံးလေးပေါက်တာနဲ့ အမှိုက် လေးရောင်းတာတွေ စုပြီး ဝယ်လိုက်တာပါကွယ်။ ဝယ် နိုင်လို့မဟုတ်ပါဘူး။ ကိုယ့်ကျန်းမာရေးလေးကိစ္စ ပေါ် လာရင် ရောင်းတန်ရောင်း၊ ပေါင်တန်ပေါင်လို့ရအောင် ဝယ်ထားတာလေ
နေပုံ။
အမိုးကြီးက ရှင်သန်ချိန် လက်ကျန်လေးကို ပူပန်
ကျွန်တော့်ဇနီးက ထုံးစံအတိုင်း ရှင်းပြစရာရှိတာတွေ ရှင်းပြ၊ ဘောက်ချာပါဖွင့်ပေးပြီး ဘူးလေးထဲထည့်ပေးမလို့ ပြင်ပြီးခါမှ အမိုးကြီး နားနှစ်ဖက်က အပ်ချည်တန်းလန်း လေးနှစ်မျှင်ကို သတိပြုမိသွားပုံရပါသည်။
“ဪ…. အမိုးကြီး တစ်ခါတည်း ဝတ်သွားမလား။ ဝတ်ပေးလိုက်မယ်လေ”
“မဝတ်ဘူး၊ မဝတ်ဘူး၊ မဝတ်ရဲပါဘူးကွယ်။ တော်
ကြာ မသူတော်တွေ တွေ့ သွားမှဖြင့်။ ကိုယ်က အိပ်ရ
တာက လမ်းဘေးအိပ်ရတာ။ အိုးမရှိ အိမ်မရှိကို၊ ဟီး ဟီးဟီး… ဟိုလိုပြောရမလိုဖြစ်နေပြီ။ စားတော့အမှိုက်ပုံ၊ သောက်တော့ ရေအိုးစင်၊ အိပ်တော့ လမ်းဘေး… ဟီး ဟီးဟီး….”
အမိုးကြီးကတော့ ပြောပြောဆိုဆို ရယ်ရယ်မောမော ပါပဲ။ ရွှေနားကပ်ဘူးသေးသေးလေးကို ထဘီကြားထဲ ကျစ်ကျစ်ပါအောင်လိပ်ပြီး ဆိုင်ထဲက ပြန်ထွက်သွားတာ ပါပဲ။ အမိုးကြီးက သူ့ဒုက္ခကို သူ ပြန်ရယ်မောပစ်နိုင်တဲ့ သတ္တိကို သူ့ဘဝအမှိုက်ပုံကြီးထဲက ကောက်ရခဲ့တာ ဖြစ် ကောင်း ဖြစ်နိုင်ပါလိမ့်မယ်။ ကျွန်တော်ကတော့ အမိုး ကြီးဒုက္ခကို ရယ်မောပစ်နိုင်မယ့် သတ္တိတွေ ခုထိ ရှာမတွေ့ သေးပါဘူး။

Leave a Reply

Your email address will not be published. Required fields are marked *