“စုန်းထီးကြီးဦးဘသာနှင့် မြိုင်သာရှာပုံတော်”(စ/ဆုံး)

Posted on

Unicode Version

“စုန်းထီးကြီးဦးဘသာနှင့် မြိုင်သာရှာပုံတော်”(စ/ဆုံး)
——————————————————————-
အပိုင်း(၃)

(၈)

အဆောက်အအုံကြီးထဲကထွက်လိုက်တော့ မြိုင်သာမြို့ထဲရောက်သွားသဗျာ၊ ဒါနဲ့ကျုပ်လည်း အဲဒီအဆောက်အအုံကြီးထဲကိုလှည့်ကြည့်လိုက်တော့ အဆောက်အအုံကြီးက အိမ်ပျက်ကြီးတစ်ခုဖြစ်နေသဗျ၊ အဲဒီအိမ်ပျက်ကြီးက မြိုင်သာမြို့လယ်နားမှာရှိတဲ့အိမ်ပျက်ကြီးဗျ၊ ကိုလိုနီခေတ်လက်ရာ အုတ်နီနီနဲ့အိမ်ကြီးပေါ့ဗျာ၊ ကျုပ်တို့ကြားဖူးတာကတော့ အဲဒီအိမ်ကြီးက သရဲအရမ်းခြောက်တယ်ဆိုပဲ၊ အခုလိုကြည့်လိုက်တော့လည်း အိမ်ကြီးက စုတ်ပြတ်နေတာများ ပြောမနေပါနဲ့ဗျာ။

“ဟာဗျာ၊ လတ်စသတ်တော့ ဒီအိမ်ပျက်ကြီးကိုးဗျ၊ အထဲမှာတော့ မထင်ရဘူးနော်”

“အေးပေါ့ကွ၊ စုန်းပညာနဲ့အိမ်ကိုဝှက်ထားတာ၊ သာမန်လူတွေလာရင် အုတ်ကျိုးအုတ်ပဲ့တွေကလွဲလို့ ဘာကိုမှမြင်ရမှာမဟုတ်ဘူးကွ”

ဦးဘသာက မြိုင်သာမြို့ထဲကို ခပ်မြန်မြန်သွားနေသဗျ။ ကျုပ်လည်းအနောက်ကနေလိုက်ရင်း

“ဒါနဲ့မေးပါရစေအုံး ဦးဘသာ၊ ဦးဘသာတို့ စုန်းတွေကျတော့ အပြစ်သားတွေကို လူတွေလိုမျိုး၊ အချုပ်တွေ၊ ထောင်တွေမချထားဘူးလားဗျ”

“အေးကွ၊ စုန်းထောင်ဆိုတာ သီးသန့်မှမရှိတာ၊ စုန်းတွေကိုချုပ်တဲ့ ကြေးတိုက်ဆိုတဲ့အခန်းတော့ရှီတယ်၊ ဒါပေမယ့် မသုံးဖြစ်တာများပါတယ်၊ ဒီတော့ ခြေချုပ်ချထားလိုက်တာပေါ့ကွာ”

ဦးဘသာခြေလှမ်းက မြန်လိုက်တာတော့ပြောမနေပါနဲ့ဗျာ၊ ကျုပ်လည်း ဦးဘသာအနောက်ကိုအမီလိုက်ရင်း

“ဒါနဲ့ အခုအမှုကိုဘယ်လိုထင်သလဲဦးဘသာ၊ ကျုပ်တော့ ဘာတွေဖြစ်မှန်းကိုမသိတော့ဘူး”

“ပြောရရင်ရှည်တယ်ကွ၊ ဒါပေမယ့် တစ်ယောက်ယောက်က ငါ့ကိုချောက်ချတာပဲ၊ ငါဘယ်တုန်းက လူသတ်ခဲ့ဖူးလို့လဲ အလတ်ကောင်ရာ၊ ညက မျိုးကြီးမိန်းမကိုယ်ထဲဝင်ပြုစားထားတဲ့ စုန်းမကို ငါသတ်မှမသတ်လိုက်တာပဲ၊ သူ့ဖာသာထွက်သွားတာမဟုတ်ဘူးလား”

“ဟုတ်တယ်ဗျ၊ ဒါပေမယ့် သူတို့ပြောတော့ ဦးဘသာသတ်သွားတာဆိုသဗျ”

“အဲဒါကိုက တစ်ခုခုမှားနေတာနေမှာ”

“နေအုံးပြီးတော့ မှော်ပြဒါးရှင်လုံးဆိုတာကရော”

“အဲဒါက ငါ့အမေဒေါ်ပျင်းက ဝိဇ္ဇာတစ်ယောက်နဲ့ပြိုင်ပြီးတော့ ဝိဇ္ဇာဆီကနေရလိုက်တဲ့ ပြဒါးရှင်လုံးကွ၊ ဒီပြဒါးရှင်လုံးက သိပ်စွမ်းတာ၊ ကောင်းတဲ့လူအသုံးချရင်ကောင်းသလောက်၊ ဆိုးတဲ့လူအသုံးချရင်လည်း ဆိုးသကွ”

ကျုပ်နဲ့ဦးဘသာနဲ့လမ်းလျှောက်လာရင် မြိုင်သာဈေးအရှေ့ဘက်တန်းကိုရောက်လာတယ်ဗျ၊ ဈေးနဲ့မျက်နှာချင်းဆိုင်မှာတော့ စတိုးဆိုင်တွေ၊ လူသုံးကုန်ရောင်းတဲ့ဆိုင်တွေနဲ့စုံလို့ဗျ၊ မိုးချုပ်တော့မှာဆိုပေမယ့်လည်း လမ်းမီးတွေနဲ့ထိန်ထိန်လင်းပြီး စည်ကားနေသဗျာ၊ ဦးဘသာက ဆေးဆိုင်တစ်ဆိုင်ရှေ့ရပ်လိုက်တယ်ဗျ။ ကျုပ်ဆေးဆိုင်မှာတပ်ထားတဲ့ဆိုင်းဘုတ်ကိုလှမ်းကြည့်လိုက်တော့ “ရာဂျတ်နှင့် ညီအကိုများဆေးဆိုင်” လို့ရေးထားတယ်ဗျ။ ဦးဘသာက ဆေးဆိုင်အနားကိုသွားလိုက်တော့ ဆေးဆိုင်က ကုလားလေးက ဦးဘသာကိုကြည့်ပြီး

“ဆေးဆိုင်ပိတ်တော့မယ်ဆရာကြီး”

“ငါဆေးဝယ်ဖို့လာတာမဟုတ်ဘူး၊ ရာဂျတ်နဲ့တွေ့ချင်လို့လာတာ”

ကုလားလေးတွေက ပြူးတူးကြောင်တောင်နဲ့

“ခင်ဗျားဘယ်သူလဲ၊ ကျုပ်တို့ဆိုင်ရှင်နဲ့ဘာကြောင့်တွေ့ချင်တာလဲ”

ဦးဘသာက ကုလားလေးအနီးကိုတိုးကပ်လိုက်ပြီး

“ဒီမှာ ရာဂျတ်ကိုပြောလိုက်၊ ဇီးကုန်းရွာက ဘသာရောက်နေတယ်လို့”

ဦးဘသာကြည့်ရတာ တော်တော်အလျင်လိုနေတဲ့ပုံပါပဲဗျာ၊ ကုလားလေးလည်း ခေါင်းညိတ်ပြီးတော့ ဆိုင်ထဲပြေးဝင်သွားတာပဲဗျ၊ ဒီတော့မှ ကျုပ်လည်းသတိရသွားတယ်။

“ဟုတ်ပြီဦးဘသာ၊ ရာဂျတ်ဆိုတာ ကုလားမကြီး မာယာရဲ့ယောက်ျားမဟုတ်လား”

“အစစ်ပေါ့ကွာ၊ မြိုင်သာမှာ တို့ကိုကူညီမယ့်လူဆိုလို့ သူတို့ပဲရှိတယ်မဟုတ်လား”

(ရာဂျတ်နှင့် ကုလားမကြီးမာယာတို့အကြောင်းကို စုန်းထီးကြီး ဦးဘသာ အတွဲ(၁) စာစဉ်(၁၇) တွင်ဖတ်ရှုနိုင်ပါသည်)

ကျုပ်တို့စောင့်နေပြီးမကြာခင်မှာပဲ ကုလားလေးက ဆိုင်ထဲကနေထွက်လာတယ်ဗျ၊ ဆိုင်ဘေးနားက တံခါးကိုဖွင့်ပြီး ကျုပ်တို့ကိုဝင်လာခိုင်းလိုက်တယ်၊ ကျုပ်တို့ဝင်ပြီးတာနဲ့ ဆိုင်တံခါးတွေအကုန်လုံးကိုပိတ်လိုက်တယ်ဗျ၊ ဆိုင်ဘေးနားက လျှောက်လမ်းအတိုင်းဝင်သွားပြီးတော့ အနောက်ရောက်တဲ့အခါ အခန်းကျယ်ကြီးတစ်ခန်းထဲကိုရောက်သွားတယ်ဗျ၊ အခန်းကျယ်ကြီးရဲ့တစ်ဖက်မှာတော့ စားပွဲကြီးတစ်လုံးရှိပြီးတော့ ကုလားကြီးရာဂျတ်က စာရွက်စာတမ်းတွေနဲ့အလုပ်ရှုပ်နေသဗျာ။

ကုလားကြီးဆိုတဲ့အတိုင်း အသားကတော့ မီးသွေးခဲလိုမဲတူးနေတာဗျ၊ အဖြူရောင်ရှပ်အင်္ကျီနဲ့အောက်ကလည်း အဖြူရောင်စတိုင်ဘောင်းဘီကိုဝတ်ထားတယ်ဗျ၊ ရွှေကိုင်းနဲ့စာကြည့်မျက်မှန်လေးထောင့်တစ်ခုကိုလည်းတပ်လို့ဗျာ၊ ကျုပ်နဲ့ဦးဘသာရောက်သွားတော့ ကျုပ်တို့ကိုမျက်မှန်ပေါ်ကနေ ကျော်ကြည့်ရင်း

“သြော်၊ အကိုကြီးတို့ပါလား၊ ကဲ ထိုင်ပါအုံး”

ရာဂျတ်က သူ့စားပွဲအရှေ့နားက ကြိမ်နဲ့ယက်ထားတဲ့ ခုံတန်းကိုလက်ညှိုးထိုးပြတယ်ဗျ၊ ကျုပ်နဲ့ဦးဘသာလည်း အဲဒီခုံမှာထိုင်လိုက်ကြတယ်၊ ရာဂျတ်က

“ကျွန်တော်သတင်းတွေကြားပြီးပြီ အကိုကြီး”

“အေး၊ ငါလည်းမင်းဆီကို ဒီကိစ္စနဲ့လာတာပဲ”

ရာဂျတ်က စာရွက်စာတမ်းတွေကို စီနေရင်း

“အကိုကြီး တကယ်ပဲလုပ်ခဲ့တာလား”

ဦးဘသာက မျက်မှောင်ကြုတ်လိုက်ရင်း

“မင်းကွာ၊ ငါ့စိတ်ရင်းကို မင်းသိမယ်လို့ထင်ခဲ့တာ ရာဂျတ်ရ”

“သိပါတယ်အကိုကြီးရာ၊ ဒါပေမယ့် ကျွန်တော်လည်း အကိုကြီးစိတ်လိုက်မာန်ပါများလုပ်မိတာလား၊ ဒါမှမဟုတ် လက်တုံ့ပြန်ချင်လို့လုပ်တာများလားလို့ မေးကြည့်တာပါ”

“ငါ့ပညာကို ငါဘယ်တုန်းက အရမ်းကာရောသုံးဖူးလို့လဲ ရာဂျတ်၊ ဒါနဲ့နေစမ်းပါအုံး၊ မင်းပြောတဲ့လက်တုံ့ပြန်တယ်ဆိုတာ ဘာသဘောလဲ”

ရာဂျတ်က စာရွက်တွေကိုသိမ်းဆည်းပြီးတော့ ကျုပ်တို့အနားကိုလမ်းလျှောက်လာရင်း

“အခုသေသွားတဲ့ မယ်နှင်းဆိုတာ ဒေါ်ဝတုတ်ရဲ့သမီးပေါ့”

ဦးဘသာမျက်လုံးပြူးသွားတယ်၊ ကျုပ်ကတော့ သူတို့နှစ်ယောက်ကို တွေတွေကြီးပဲကြည့်နေလိုက်တယ်။

“ဒေါ်ဝတုတ်သမီးတဲ့လား”

“ဟုတ်တယ်အကိုကြီး၊ တကယ်တော့ အခုကိစ္စတွေဖြစ်မလာခင် တစ်လလောက်အလိုကတည်းက ဟောဒီမြိုင်သာမြို့က စုန်းကဝေတွေကြားမှာ သတင်းစကားတစ်ခုပြန့််နေခဲ့တယ်”

“ဘာများလဲ ရာဂျတ်”

ရာဂျတ်က ဦးဘသာအရှေ့မှာထိုင်ချလိုက်ပြီးတော့ ဦးဘသာမျက်နှာနားကိုတိုးကပ်လာရင်း

“ဒေါ်ပျင်းကြီးပြန်လာမယ်၊ အကြွေးဟောင်းတွေ ပြန်တောင်းမယ်တဲ့လေ”

ဦးဘသာက တအံ့တသြနဲ့

“ငါ့အမေသေတာ ကြာပြီလေကွာ၊ ပြီးတော့ ဒီလိုသတင်းမျိုးကိုဘယ်သူကဖြန့်တာလဲကွ”

“ပြောရတော့ခက်တယ်ဗျ၊ ဒီသတင်းကြားပြီး အခုမယ်နှင်းသေပြီးတဲ့အခါ အကိုကြီးက အမေကိုယ်စား လက်တုံ့ပြန်နေတယ်ဆိုပြီး သတင်းထွက်နေတယ်၊ အခုတော့ ဒီသတင်းက ပိုပြန့်နေပြီပေါ့ဗျာ”

“ဘယ်လိုဖြစ်နိုင်မှာလဲကွာ၊ ငါမလုပ်တာ တကယ်ပါကွ”

ရာဂျတ်က မတ်တပ်ထရပ်ပြီးတော့ နံရံဘက်ကိုလမ်းလျှောက်သွားတယ်ဗျ၊ အုတ်နံရံဖြူဖြူကြီးကို လက်နဲ့ပွတ်လိုက်တော့ အုတ်နံရံက အနောက်ကိုတဖြည်းဖြည်းချင်း လည်ထွက်သွားသဗျ၊ ဒီဘက်ကိုပြန်လည်လာတဲ့နံရံမှာတော့ နံရံကပ်ဘီရိုတွေရိုက်ထားပြီးတော့ အဲဒီဘီရိုတွေထဲမှာ အရောင်စုံပုလင်းလေးတွေက တန်းစီနေတာပဲဗျာ။

“ပုလင်းတွေအများကြီးပါပဲလားဗျာ”

ကျုပ်ရေရွတ်လိုက်မိတယ်ဗျ၊ ရာဂျတ်က အဲဒီစင်ရဲ့ထိပ်နားက ငွေရောင်သေတ္တာကလေးတစ်လုံးကိုဖွင့်လိုက်တယ်၊ ပြီးတော့ အပြာရောင်ဆေးရည်ပုလင်းကလေးတစ်ခုကိုယူလိုက်ပြီးတော့ ဦးဘသာဆီလျှောက်လာခဲ့တယ်။

“ဘာပဲ ပြောပြော ကျွန်တော်က အကိုကြီးကိုယုံပါတယ်ဗျာ၊ အကိုကြီးက ကျွန်တော်နဲ့ညီအကိုဆိုလည်းဟုတ်တယ်၊ ကျွန်တော့်ကိုသွန်သင်ပြသဆုံးမပေးခဲ့တဲ့ ဆရာဆိုရင်လည်းဟုတ်တယ်ဗျ”

အနားရောက်လာတော့ ခုနကပုလင်းကလေးကို ဦးဘသာဆီကိုလှမ်းပေးတယ်ဗျ၊ ဦးဘသာကလည်း ပုလင်းကိုလှမ်းယူလိုက်တယ်။

“ဒါဘာလဲ ရာဂျတ်”

“ခြေချုပ်ဖျက်တဲ့ဆေးရည်ပဲ အကိုကြီး၊ အကိုကြီးဒီဆေးရည်ကိုသောက်ပြီးရင်တော့ အကိုကြီးကိုချထားတဲ့ ခြေချုပ်ပညာက ပျက်စီးသွားလိမ့်မယ်၊ ဒီအခါ အရှေ့အရပ်မှာမနေနဲ့တော့၊ အနောက်အရပ်ကလည်း အကိုကြီးကို နယ်နှင်ထားတယ်မဟုတ်လား၊ ဒီတော့ တောင်အရပ်ကိုသာဆင်းပြေးဗျာ၊ လူတွေပြောကြတဲ့ အကြေအရပ်ပေါ့ဗျ”

ရာဂျတ်ပြောတာကိုနားထောင်ပြီး ဦးဘသာက စိတ်ဆိုးသွားတယ်။

“ရာဂျတ်၊ မင်းက ငါ့ကိုဝရမ်းပြေးဖြစ်အောင်လုပ်တာလား”

ရာဂျတ်က ခေါင်းခါပြီး

“ကျွန်တော်ပြောတာကိုနားထောင်ပါ အကိုကြီးရာ၊ အကိုကြီးအမှုအကြောင်းကို ကျွန်တော်စုံစမ်းပြီးသွားပြီ၊ ဒီအတိုင်းဆိုရင် အကိုကြီးမလွယ်ဘူး၊ အကိုကြီးလွတ်ဖို့လမ်းမရှိဘူးဗျ၊ ကျွန်တော်ပြောတာကိုနားထောင်ပါ၊ အကိုကြီးခြေချုပ်ဖြေပြီးတော့ အောက်ပြည်ကိုပြေးပါတော့၊ အချိန်ကြာလာရင်တော့ အကိုကြီးမှန်တယ်ဆိုတာ လူတွေသိလာမှာပါ”

ဦးဘသာက ဆေးရည်ပုလင်းကလေးကို အရှေ့က စားပွဲပေါ်ကိုချပေးလိုက်ပြီး

“တော်ပြီရာဂျတ်၊ ငါမင်းဆီကိုလာတာ ဒီဆေးရည်ကြောင့်လာခဲ့တာမဟုတ်ဘူး၊ ငါကတော့ သူရဲဘောကြောင်ပြီးထွက်ပြေးဖို့အစီအစဉ်မရှိဘူး၊ ဒါတွေငါလုပ်ခဲ့တာမဟုတ်ဘူး၊ ငါအပြစ်ကင်းတယ်၊ ငါအပြစ်ကင်းတာကို ကောင်စီကလူတွေအားလုံးသိအောင်လို့ ဖော်ထုတ်ပြမယ်၊ ဒီအတွက် မင်းရဲ့အကူအညီလိုလို့ လာခဲ့တာ”

ကုလားကြီးရာဂျတ်က စိတ်မကောင်းဖြစ်သွားတဲ့ပုံစံနဲ့။

“ကျွန်တော်ဆိုလိုတာလည်း ဒီလိုသဘောမဟုတ်ပါဘူး အကိုကြီးရာ၊ ကျွန်တော်က အကိုကြီးအတွက်ပဲ တွေးပြီးလုပ်ခဲ့တာပါ”

“ငါမင်းကိုအပြစ်မတင်ပါဘူးရာဂျတ်၊ မင်းက သဘောရိုးနဲ့လုပ်တာကို ငါလက်ခံပါတယ်”

“ဒါဆို ကျွန်တော်ဘယ်လိုကူညီရမလဲ အကိုကြီး”

“ကောင်စီကို စံအိမ်ငါးခုက ခေါင်းဆောင်တွေနဲ့ဖွဲ့စည်းထားတယ်မဟုတ်လား၊ ဒီစံအိမ်ငါးခုထဲမှာ မင်းတို့ရာဂျာစံအိမ်လည်းတစ်ခုပါတယ်လေကွာ၊ ဒီတော့ အခုမင်းတို့စံအိမ်ရဲ့ ကောင်စီလူကြီးဖြစ်နေတဲ့လူကို မင်းကငါ့အကြောင်းနည်းနည်းပါးပါးပြောပြရမယ်၊ တကယ်တော့ ငါက အဲဒီရာဂျာစံအိမ်နဲ့လည်း အမျိုးတော်စပ်တယ်မဟုတ်လား”

“ဟုတ်ကဲ့၊ အခုစံအိမ်ကနေ ရွေးချယ်ထားတဲ့ကောင်စီလူကြီးက ကျွန်တော့်အသိပါ၊ ကျွန်တော်နဲ့လည်းအရမ်းခင်ပါတယ်၊ သူ့ကိုကျွန်တော်ပြောလိုက်ပါ့မယ်”

“နောက်တစ်ခုကတော့ ငါ့အမှုအတွက် ရှေ့နေတစ်ယောက်လိုချင်တယ်”

ကုလားကြီးရာဂျတ်က ခေါင်းခါပြပြီးတော့

“ရှေ့နေရဖို့ကတော့ လွယ်တော့မလွယ်ဘူးအကိုကြီး၊ ဒါပေမယ့် ကျွန်တော်နဲ့အသိရှေ့နေတစ်ယောက်တော့ရှိတယ်”

“မင်းရဲ့ရှေ့နေက ကောင်းရဲ့လား”

ရာဂျတ်က သူ့စားပွဲခုံကိုသွားပြီးတော့ အံဆွဲတစ်ခုကိုဖွင့်လိုက်တယ်ဗျ၊ နောက်တော့ လိပ်စာကတ်ပြားအဖြူလေးတစ်ခုကိုယူလာတယ်၊ နောက်တော့ ဦးဘသာဆီကိုလှမ်းပေးတယ်၊ ကျုပ်လည်းသိချင်တာနဲ့ ဦးဘသာလက်ထဲက လိပ်စာကတ်ကိုဖတ်လိုက်တယ်။

“ရှေ့နေ ဒေါ်ဗေဒါရီ ဆိုပါလား”

ရာဂျတ်က ခေါင်းညိတ်ရင်း

“မြိုင်သာမှာတော့ အကောင်းဆုံးရှေ့နေပဲဗျ၊ ဘယ်လောက်တော်သလဲဆိုရင် သူလိုက်လို့မနိုင်တဲ့အမှုမရှိသေးဘူးတဲ့ဗျာ၊ တော်တော်လည်း လည်လည်ပတ်ပတ်စကားပြောတတ်တဲ့သူဗျ၊ ကျွန်တော်နဲ့ အတော်ကလေးခင်တယ်၊ အကိုကြီးသူ့ကိုသွားရှာလိုက်ပါ”

ဦးဘသာက ခေါင်းညိတ်ပြီးတော့ မတ်တပ်ထရပ်လိုက်တယ်ဗျ။

“ကောင်းပါပြီ၊ ရာဂျတ်၊ မင်းကိုငါကျေးဇူးတင်ပါတယ်”

“ပြောမနေပါနဲ့တော့အကိုကြီးရာ၊ ကျွန်တော်အခုကူညီရတာက အကိုကြီးကျွန်တော့်ကို ကူညီခဲ့ရတာထက်စာရင် ဘာမှမပြောပလောက်ပါဘူးဗျာ”

ဦးဘသာနဲ့ကျုပ်လည်း ရာဂျတ်ရဲ့ရုံးခန်းထဲကနေ ပြန်ထွက်လာခဲ့ကြတာပေါ့ဗျာ။

(၉)

မြိုင်သာမြို့မှာ ရပ်ကွက်ခြောက်ခုရှိတယ်ဗျ၊ ပန်းဆွဲရပ်ကွက်၊ မြို့မရပ်ကွက်၊ ဈေးပိုင်းရပ်ကွက်၊ ကုန်းသာရပ်ကွက်၊ ချောင်းဝရပ်ကွက်နဲ့ ဘုရားကုန်းရပ်ကွက်ပေါ့ဗျာ၊ ဘုရားကုန်းဆိုတာကတော့ မြိုင်သာမြို့ရဲ့ကျက်သရေဆောင် ရွှေမြင်တင်ဘုရားရှိတဲ့ရပ်ကွက်ပေါ့ဗျာ၊ လူနေအိမ်ထက် ဘုန်းကြီးကျောင်းတွေ၊ ဆိုင်ခန်းတွေပိုများပါတယ်၊ ချောင်းဝရပ်ကွက်ကတော့ မြိုင်သာမြို့အထွက်နားက ရေချောင်းကြီးရဲ့နံဘေးမှာ တည်ထားတဲ့ရပ်ကွက်ပါ၊ အဲဒီမှာက ဆင်းရဲသားတွေ၊ ပျံကျတွေနေတာများတယ်ဗျ၊ ကုန်းသာရပ်ကွက်ဆိုတာကတော့ မြိုင်သာမြို့မြောက်ဘက်က တောင်ကုန်းမြင့်မြင့်ကလေးကိုခေါ်တာပါ၊ အဲဒီမှာတော့ အိမ်ကြီးအိမ်ကောင်းတွေများတယ်၊ ဆိတ်ငြိမ်ရပ်ကွက်လို့ခေါ်ရမယ်ထင်ပါ့ဗျာ၊ ဈေးပိုင်းရပ်ကွက်ကတော့ နာမည်အတိုင်း မြိုင်သာဈေးကြီးရှိတဲ့ရပ်ကွက်ကိုပြောတာပါ၊ လူစည်ကားတဲ့ဈေးရုံကြီးနဲ့ လမ်းဘေးပျံကျဈေးလေးတွေရှိပြီး စီးပွားရေးလုပ်ငန်းတွေ တော်တော်များများရှိတယ်၊ မြို့မရပ်ကွက်ကတော့ မြို့အလယ်ကရပ်ကွက်ပေါ့ဗျာ၊ မြိုင်သာမှာဆိုရင် သူဌေးတွေနေကြတဲ့ရပ်ကွက်ကြီးပေါ့၊ ပန်းဆွဲရပ်ကွက်ကတော့ ဆင်ခြေဖုံးရပ်ကွက်ဗျ၊ ကိုမျိုးကြီးတို့ နေတဲ့ရပ်ကွက်ပေါ့ဗျာ။

“ဦးဘသာ၊ ဒေါ်ဗေဒါရီက ဘယ်ရပ်ကွက်မှာနေတာလဲဗျ”

“ကုန်းသာရပ်ကွက်၊ ခြံနံပါတ် ခြောက်ဆယ့်ခုနစ်တဲ့ကွ၊ တို့တွေနဲ့တော့ နည်းနည်းလှမ်းသေးတယ်ကွာ၊ သွားကြစို့”

ကျုပ်နဲ့ဦးဘသာလည်း လမ်းလျှောက်လာခဲ့တယ်ဗျ၊ ဈေးပိုင်းရပ်ကိုဖြတ်တော့ ညဈေးကလေးက စည်တောင်စည်နေပါပြီဗျာ၊ ထမင်းဟင်းဆိုင်တွေတွေ့တော့ ကျုပ်လည်းနှုတ်ခမ်းသပ်မိသားဗျ၊ တစ်နေ့လုံးဟိုပြေးဒီပြေးနဲ့သွားနေရတာ အခုထက်ထိ နေ့လည်စာဆိုတာတောင် ဘာမှန်းမသိသေးပါဘူးဗျာ၊ ဦးဘသာလည်း ဒါကိုရိပ်မိတယ်ထင်ပါရဲ့။

“ညဈေးမှာ စားကောင်းတာက ထမင်းကြော်ကွ၊ လာကွာ စားသွားကြရအောင်”

ထမင်းကြော်ဆိုင်ကိုထိုင်လိုက်တယ်ဆိုရင်ပဲ ဦးဘသာက ဘဲဥဟင်းနဲ့ထမင်းကြော်စားသဗျာ၊ ကျုပ်ကတော့ ဝက်သားဟင်းနဲ့စားတာပေါ့၊ ထမင်းကြော်က ဦးဘသာပြောတဲ့အတိုင်း စားလို့ကောင်းမှကောင်းပဲဗျာ၊ ကျုပ်လည်း ဦးဘသာကိုကြည့်ရင်း

“ဒီနေ့ကတော့ထူးတယ်ဗျာ၊ မနက်ကလည်း ကိုမျိုးကြီးကျွေးတဲ့ ထမင်းကြော်နဲ့စားခဲ့ရပြီး အခုညရောက်တော့လည်း ထမင်းကြော်နဲ့ နှစ်ပါးသွားရပြန်ပါလား”

“အေး၊ ဟုတ်တော့ဟုတ်တယ်ကွ”

“ဒါနဲ့ ကျုပ်မရှင်းလို့ မေးချင်တယ်ဦးဘသာ၊ ခုနက ဦးရာဂျတ်က ဦးဘသာက သူ့အပေါ်ကျေးဇူးတွေရှိတယ်လို့ပြောတာ ဘာကိုပြောတာလဲ”

“ဒီလိုကွ၊ မင်းကို ရှင်းအောင်ပြောပြရရင်တော့ ငါ့အမေဒေါ်ပျင်းက လင်ပျောက်ကုန်းမှာ အထက်လမ်းဂိုဏ်းတစ်ဂိုဏ်းလုံးကို သတ်ပစ်လိုက်တော့ ရွာကနေ အနှင်ခံရပါရောကွာ၊ အဲဒီမှာ မြိုင်သာကိုရောက်လာသကွ၊ မြိုင်သာရောက်တာနဲ့ တစ်ရက်နှစ်ရက်ပဲကြတယ်၊ ဒီမြို့က မြို့ခံ ကုလားကြီးဦးဘာဘူနဲ့ ယူလိုက်ကြပါရောကွာ”

“ဗျာ၊ အဲဒါတကယ်လား”

“တကယ်ပေါ့ကွ၊ ဦးဘာဘူဆိုတော့ မြိုင်သာက ရာဂျာမိသားစုရဲ့ သားအကြီးဆုံးကွ၊ ရာဂျာမိသားစုဆိုတာ မိသားစုလိုက်စုန်းမျိုးရိုးတွေ၊ ငါ့အထင်တော့ ငါ့အမေ ဦးဘာဘူနဲ့ယူလိုက်တာ အကြောင်းနှစ်ခုကြောင့်လို့ထင်တယ်”

“ဘာအကြောင်းကြောင့်လဲဗျာ”

“တစ်ခုကတော့ ကောင်စီအဖွဲ့ဝင်မိသားစုနဲ့မိတ်ဖွဲ့တဲ့အချက်ပဲ၊ နောက်တစ်ချက်ကတော့ ရာဂျာမိသားစုက ပညာတွေလိုချင်လို့ထင်တယ်”

“ဒါဆို အဲဒီဦးဘာဘူနဲ့ရော သားသမီးမထွန်းကားဘူးလား”

ဦးဘသာက ခေါင်းခါရင်း

“ရမလားကွ၊ ဦးဘာဘူက ငါ့အမေကိုယူတော့ဖြင့် အသက်က ခုနစ်ဆယ်ကျော်နေပြီ၊ သူ့သားအကြီးဆုံးတောင်မှ အသက်ငါးဆယ်ဖြစ်နေပြီကွ၊ ဦးဘာဘူဆီမှာ သားခုနစ်ယောက်ရှိတယ်ကွ၊ ဦးဘာဘူကိုယ်တိုင်ကလည်း ပန်းပဲပညာကိုတော်တော်ကျွမ်းကျွမ်းကျင်ကျင်တတ်သလို သားတွေကိုလည်း ပန်းပဲပညာတွေသင်ပေးခဲ့တာပေါ့ကွာ၊ အဲဒါနဲ့မြိုင်သာမှ အခုထိပန်းပဲအလုပ်ကို သူ့သားတွေမြေးတွေက ဆက်လုပ်နေကြပါရော”

“ကျုပ်သိပြီ၊ ဒါဆိုရင် ခုနကဆေးရောင်းတဲ့ ရာဂျတ်က အဲဒီရာဂျာမိသားစုက မဟုတ်လား”

ဦးဘသာက ခေါင်းခါပြိးတော့

“နီးတောင်မနီးစပ်ဘူးကွ၊ ငါမြိုင်သာရောက်တော့ ဦးဘာဘူက ငါ့ကိုကျောင်းထားပေးတယ်၊ အဲဒီမှာ ကုလားမမာယာနဲ့ ကျောင်းအတူတူတက်ရသကွ၊ မာယာဆိုတာ ခုနက ဦးဘာဘူရဲ့သားအငယ်ဆုံး ဦးရာဂျာရဲ့သမီးကွ၊ ငါတို့ကျောင်းတက်ရင်းနဲ့ ကျောင်းမှာ ရာဂျတ်ကိုခင်မင်ကြတာ၊ အလယ်တန်းတက်တော့ ရာဂျတ်နဲ့မာယာနဲ့က ချစ်သူတွေဖြစ်နေကြပြီပေါ့ကွာ”

“ဟာဗျာ၊ ဒီလူတော်တော်စွမ်းတာပဲဗျ၊ အလယ်တန်းနဲ့ ချစ်သူတောင်ရနေပြီဗျာ၊ ကျုပ်ဖြင့် အခုအသက်အရွယ်အထိတောင် ချစ်သူတစ်ယောက်မရသေးဘူး”

ဦးဘသာက ကျုပ်ကိုမျက်စောင်းထိုးကြည့်ရင်း

“အလတ်ကောင်တို့များ စကားကောင်းပြီဆို ထဖောက်လာပြီ၊ အဲဒီခေတ်က လူတွေက အသက်ကြီးမှကျောင်းတက်ရတာကွ၊ အလယ်တန်းတက်တဲ့အချိန်မှာ မာယာက အပျိုကြီးဖားဖားဖြစ်နေပြီကွ၊ ရာဂျတ်လည်း ဒီအတိုင်းပဲ၊ မာယာနဲ့ရာဂျတ်ကြိုက်နေတာကို ဦးဘာဘူရော၊ မာယာအဖေ ဦးရာဂျာရော သဘောမတူဘူးကွ၊ ဘာလို့လဲဆိုတော့ မာယာက ဆွေကြီးမျိုးုကြီးထဲက ရာဂျတ်တို့မိသားစုက ဟိုးချောင်းကမ်းဘေးမှာ သူများအဝတ်တွေလျှော်ပေးရတဲ့ ဒိုဘီတွေက ဒီတော့ဘယ်သဘောတူမလဲ”

“ဒါနဲ့၊ အခုတော့ လင်မယားဖြစ်နေပြီမဟုတ်လား”

“အဲဒါက ငါကူညီလို့ပါကွာ၊ ရာဂျာမိသားစုက မှော်ပညာစုန်းပညာမတတ်တဲ့လူကို ဆွေမျိုးထဲမသွင်းဘူးတဲ့ကွ၊ ဒါနဲ့ ငါလည်း ရာဂျတ်ကိုဖွင့်ပြောတော့ သူ့ကိုပညာသင်ပေးဖို့ပြောတယ်၊ ငါလည်း ရာဂျတ်ကိုသနားတာနဲ့ စုန်းပညာတစ်မျိုးသင်ပေးလိုက်တယ်ကွ၊ စုန်းပညာတွေထဲမှာ သင်ရအလွယ်ဆုံးကတော့ ဆေးဖော်တဲ့အတတ်ပဲကွ၊ တခြားပညာတွေက ပညာအခြေခံတို့ဘာတို့လိုသေးတယ်၊ ဆေးဖော်တာကျတော့ ဟောဒီဆေးကို ဟောဒီရာခိုင်နှုန်းထည့်ပြီးကျိုဆိုရင် ပြီးတာပဲ၊ ပြီးသွားတော့မှ မန္တန်ကလေးအုပ်ရတာပေါ့ကွာ၊ သုံးနှစ်သုံးမိုးလောက် သင်ပေးတဲ့အပြီးမှာတော့ ရာဂျတ်တစ်ယောက် ဆေးဖော်နည်းတော်တော်တတ်သွားတယ်ကွ”

“ဒါကြောင့် သူကဆေးဆိုင်ဖွင့်စားတာကိုး”

“ဒါပေါ့ကွာ၊ ရာဂျတ်ဆေးဖော်တဲ့စုန်းပညာတတ်တယ်ဆိုတော့မှ မာယာနဲ့ပေးစားလိုက်တာ၊ ဒါကြောင့် သူတို့လင်မယားအပေါ်မှာ ငါ့ကျေးဇူးတွေအများကြီးရှိတယ်လို့ပြောတာ”

“ကျုပ်သဘောပေါက်ပါပြီဗျာ၊ ဒါနဲ့ ခုနက ဒေါ်ဝတုတ်ဆိုလား၊ အဲဒါကတော့ ဘယ်သူလဲ”

“စားပြီးရင်လည်း သွားစို့ကွာ၊ ခုနစ်နာရီတောင်ထိုးတော့မကွ၊ အချိန်ကမနည်းတော့ဘူး၊ ရှေ့နေဆီမြန်မြန်ရောက်ဖို့အရေးကြီးတယ်”

ဒါနဲ့ကျုပ်နဲ့ဦးဘသာလည်း ကုန်းသာရပ်ကွက်ဆီကိုအတူတူလျှောက်လာခဲ့ကြတာပေါ့ဗျာ။ ကုန်းသာရပ်ကွက်က အိမ်ကြီးခြံကြီးတွေနဲ့ နေကြတာဗျ၊ မြို့မရပ်ကွက်မှာလည်း အိမ်ကြီးတွေရှိတယ်၊ ဒါပေမယ့် အိမ်ချင်းပိုကပ်တယ်၊ ကုန်းသာရပ်ကွက်ကျတော့ ခြံအကျယ်ကြီးတွေများတယ်ဗျ၊ တောင်ကုန်းကလေးပေါ်ဆောက်ထားတာဆိုတော့ ကျုပ်တို့လည်း တောင်ပေါ်ကိုတက်လာခဲ့တာပေါ့ဗျာ၊ အိမ်နံပါတ်က တောင်ပေါ်ကနေစပြီးမှတ်တာဆိုတော့ ကျုပ်တို့သွားမယ့် အိမ်နံပတ် ဆယ့်ခုနစ်ဆိုတာ တောင်ကုန်းထိပ်နားလောက်မှာပေါ့ဗျာ။

ညနက်ပြီဆိုတော့ လမ်းကြီးကတိတ်ဆိတ်နေသဗျာ၊ လူသွားလူလာ တစ်ယောက်တောင်မှ မရှိတော့ဘူး၊ ဒီရပ်ကွက်မှာနေတဲ့သူတွေကလည်း သူဌေးတွေဆိုတော့ တစ်ခုခုအကြောင်းရှိရင် ကားနဲ့ပဲဝင်ကြထွက်ကြတယ်ထင်ပါ့ဗျာ၊ လမ်းမီးတိုင်တစ်တိုင်နဲ့တစ်တိုင်က အတော်ဝေးတာမို့လို့ မှောင်မဲနေတဲ့ လမ်းကိုလျှောက်ကြရတာပေါ့ဗျာ၊ တစ်နေရာရောက်တော့ လမ်းလေးခွဆုံကိုရောက်သွားသဗျ၊ လမ်းဆုံအလယ်မှာ ဓါတ်တိုင်တစ်တိုင်ရှိပြီးတော့ မီးလုံးဝါဝါကြီးက ထိန်ထိန်လင်းနေတယ်၊ မီးလုံးမှာလည်း ပိုးဖလံကောင်တွေက အများကြီးအုံခဲနေတာပါပဲဗျာ။ အဲဒီလမ်းလေးခွဆုံနားက ဆိုင်းဘုတ်တစ်ခုမှာတော့ အိမ်နံပတ်တွေကို လှမ်းညွှန်ထားတဲ့ မြေပုံအသေးလေးရေးဆွဲထားသဗျ။

“ဟာ၊ အခုရောက်နေတာ နှစ်ဆယ်ဗျ၊ ဒါဆို ဆယ့်ခုနစ်ဆိုရင် ဟိုလမ်းအလယ်နားလောက်က အိမ်ပဲဦးဘသာ”

“အေး၊ သွားကြတာပေါ့ကွာ”

ကျုပ်တို့လျှောက်မယ်ကြံတဲ့အချိန်မှာ ထိန်ထိန်လင်းနေတဲ့ မီးလုံးကြီးက မှိတ်တုတ်မှိတ်တုတ်ဖြစ်သွားတယ်ဗျ၊ ပြီးတော့ အဲဒီမီးလုံးကြီးက တဖြည်းဖြည်းမှိန်ကျသွားပြီးတော့ မီးလုံးအထဲက မီးစာနန်းကြိုးကလေး လင်းရုံလောက်ပဲဖြစ်သွားတယ်၊ ကျုပ်မီးလုံးကို မော့ကြည့်နေတုန်း အနောက်ကနေ ရွီးခနဲမြည်သံကြားလိုက်ရတယ်ဗျ၊ နောက်တော့ ကျုပ်ကိုဆောင့်တွန်းတာခံလိုက်ရပြီး ကျုပ်လည်း အရှေ့ကိုဟပ်ထိုးလဲကျသွားတော့တယ်။ ရွှီးခနဲပျံသန်းလာတဲ့အရာက ကျုပ်ကိုလွဲပြီးတော့ ခုနက ကျုပ်ဖတ်နေတဲ့ ဆိုင်းဘုတ်ကိုထိပြီး ဆိုင်းဘုတ်က ဝုန်းခနဲပေါက်ကွဲထွက်သွားပါရောဗျာ။

“လုပ်ကြံတဲ့သူရှိတယ်ဟေ့”

ဦးဘသာအသံကိုကြားလိုက်ရတယ်ဗျ၊ မှောင်ကြီးမဲကြီးထဲဆိုတော့ ဘာတွေဖြစ်လို့ ဖြစ်နေမှန်းကိုမသိပါဘူးဗျာ၊ တရွီးရွီးအသံတွေက ကျုပ်တို့အနားမှာပျံဝဲနေသလိုပဲဗျ၊ နောက်တော့ တဝုန်းဝုန်းနဲ့ပေါက်ကွဲတဲ့အသံကိုလည်း ကြားရသေးတယ်၊ လူတွေပြေးလွှားလှုပ်ရှားနေတဲ့အသံကိုလည်း အတိုင်းသားကြားနေရတယ်ဗျ၊ ဦးသဘာဆီကနေ မီးလုံးကြီးတွေ ဝင်းခနဲလက်ခနဲထွက်သွားတော့မှ ပတ်ဝန်းကျင်ကိုမြင်ရတယ်ဗျ၊ ပုဆိုးခြုံထားတဲ့ လူတွေ လေးငါးယောက်ကိုတွေ့ရသဗျာ၊ ကျုပ်လည်းလန့်ပြီးတော့ ဓါတ်တိုင်ခြေရင်းနားမှာပဲ ငုတ်တုတ်ထိုင်နေလိုက်တော့တယ်၊ ဦးဘသာက ဓါတ်တိုင်ကိုလက်တစ်ဖက်နဲ့ကိုင်လိုက်တဲ့အခါ ဓါတ်တိုင်ကမီးလုံးကြီးက ပြန်ပြီးတော့လင်းထိန်သွားတော့တယ်။

ပုဆိုးခြုံထားတဲ့လူက လေးယောက်ဗျ၊ တစ်ယောက်ကတော့ မျက်နှာကိုအဝတ်နက်စတစ်ခုနဲ့စည်းထားတယ်၊ အဲဒီလူငါးယောက်က ကျုပ်တို့ကို ဝိုင်းလိုက်ကြတယ်၊ ဦးဘသာက ဒီလူတွေကိုလက်ညှိုးထိုးရင်း

“မင်းတို့ဘယ်သူတွေလဲ၊ မင်းတို့ဘာကြောင့် ငါတို့ကိုတားရတာလဲ”

ဒီလူတွေက ဘာမှမပြောဘူးဗျ၊ ပုဆိုးခြုံထားတဲ့လူတွေက လောက်စာလုံးလောက်ရှိတဲ့ အနက်ရောင်အလုံးကလေးတွေနဲ့ ဦးဘသာဆီကိုပစ်ထည့်လိုက်ပါရောဗျာ၊ အဲဒီအလုံးကလေးတွေ ပျံသန်းသွားတဲ့အခါ တရွှီးရွီးနဲ့အသံမြည်တယ်၊ အသံကတော့ သိပ်မကျယ်ပါဘူး၊ ပိတုန်းပျံတဲ့အသံလောက်ရှိမယ်ထင်တာပါပဲ။

ဒီအလုံးလေးတွေက ဦးဘသာဆီကိုတန်းတန်းမတ်မတ်သွားတာမဟုတ်ဘူးဗျ၊ တစ်လုံးပြီးတစ်လုံး ဝေ့ကာဝိုက်ကာနဲ့ ပျံသန်းသွားရင်းနဲ့မှ ဦးဘသာအနားရောက်တော့ အရှိန်နဲ့ပြေးဝင်သွားတာဗျာ၊ ဦးဘသာက လက်ဝါးကိုဖြန့်ပြီး ဒီအလုံးကလေးတွေကို တားလိုက်တယ်၊ အလုံးကလေးလေးလုံးက ဦးဘသာလက်ဝါးမှာ ကပ်နေသဗျ။

“မင်းတို့က ငါ့ကိုသတ်ချင်တယ်ပေါ့၊ ဟုတ်သလား”

ဦးဘသာက လက်ကိုတစ်ချက်အရှေ့တွန်းလိုက်တာနဲ့ အဲဒီအလုံးကလေးတွေက ဝှစ်ခနဲအရှိန်နဲ့ပျံသန်းသွားပြီးတော့ ခုနက ပုဆိုးခြုံထားတဲ့ လူလေးယောက်ကိုသွားထိမှန်တယ်ဗျ၊ ဟိုလူလေးယောက်လည်း အနောက်ကိုလွင့်ထွက်ပြီးတော့ ပက်လက်လန်ပြီးလဲကျသွားတော့တာပါပဲဗျာ၊ အလယ်က အဝတ်စနက်ပတ်ထားတဲ့လူက အဝတ်စကိုချွတ်လိုက်ပြီးတော့ သူ့ပါးစပ်ကြီးကိုဖြဲလိုက်သဗျာ၊ ပါးစပ်ကြီးက တော်တော်ပြဲပြဲရယ်ဗျ၊ ပြီးတော့ ပါးစပ်ထဲကနေ အာငွေ့တွေထွက်လာတယ်။ အဲဒီအာငွေ့တွေက ဦးဘသာဆီကိုပျံသန်းသွားပြီးတော့ ဦးဘသာရဲ့ကိုယ်လုံးကိုဖောက်ဝင်သွားတယ်ဗျ၊ ပြီးတာနဲ့ ဦးဘသာဆီကနေ အစိမ်းရောင်အလင်းလုံးကလေးတွေထွက်လာပြီးတော့ ဒီလူရဲ့ပါးစပ်ထဲကို ဝင်သွားပါရောဗျာ။

ကျုပ်ဦးဘသာကို ကြည့်လိုက်ပေမယ့် ဦးဘသာအခြေအနေက မဟန်တော့ဘူးဗျ၊ သူလည်း ဘာမှမလုပ်တတ်တဲ့ပုံစံပါပဲ၊ အစိမ်းရောင်အလင်းလုံးကလေးတွေထွက်နေရာကနေ တဖြည်းဖြည်းနဲ့အစိမ်းရောင်အလင်းတန်းကြီးတွေဖြစ်လာတယ်ဗျာ၊

“ဦးဘသာ၊ ဒီလူဘာလုပ်နေတာလဲ”

“ငါ့ဆီက စွမ်းအင်တွေကိုစုပ်နေသလိုပဲကွ”

“ဟာဗျာ၊ ဒီလူကိုတစ်ခုခုပြန်လုပ်လိုက်လေဗျာ”

“မဖြစ်ဘူးကွ၊ ဒီလိုအချိန်မှာ ပညာသုံးလိုက်ရင်ပိုဆိုးသွားလိမ့်မယ်၊ ပညာတစ်ခုခုသုံးလိုက်ရင် ငါ့အစွမ်းတွေကို လမ်းစဖွင့်ပေးသလိုမျိုးဖြစ်သွားလိမ့်မယ်ကွ”

ဦးဘသာက အံကိုကြိတ်ထားတယ်ဗျ။ ကျုပ်လည်းဘာလုပ်ရမှန်းမသိတာနဲ့ မြေကြီးကိုကြည့်လိုက်တော့ လက်သီးဆုပ်မရှိတရှိ ကျောက်တုံးတစ်တုံးတွေ့လိုက်ရသဗျ၊ ကတ္တရာလမ်းဘေးမှာ တွေ့ရတဲ့ကျောက်တုံးပြောင်ပြောင်ချောချောပေါ့၊ ကျုပ်လည်း အဲဒီကျောက်တုံးကိုကောက်ယူလိုက်ပြီးတော့ ပါးစပ်ဖြဲနေတဲ့လူဆီကို အသာမှန်းကြည့်လိုက်တယ်ဗျ၊ ပြီးတော့ အားနဲ့ပစ်ထည့်လိုက်ပါရောဗျာ။

အပင်ပေါ်ကျန်နေတတ်တဲ့ ဥသျှစ်သီးမှည့်တွေ၊ ဆီးသီး၊ ဂွေးသီးတွေကို ပစ်ချနေကျလက်ဆိုတော့လည်း လက်မှန်းကတည့်သဗျ၊ ကျုပ်ပစ်လိုက်တဲ့ကျောက်တုံးက ဒီလူရဲ့ပါးစပ်ထဲကို တန်းတန်းမတ်မတ်သွားထိတယ်ဗျာ၊ ခွပ်ခနဲအသံကြီးကိုက အားရစရာကြီးဗျာ၊ ဒီလူလည်း ကျောက်ခဲထိသွားတော့ အနောက်ကိုခုန်ဆုတ်လိုက်တယ်ဗျ၊ သူ့ပါးစပ်ကိုလည်း သူ့လက်နဲ့အုပ်ကိုင်ထားတယ်၊ ဒီအချိန်မှ ဦးဘသာက ဒီလူကို အပြာရောင်အလင်းလုံးကြီးတစ်လုံးနဲ့ ပစ်ထည့်လိုက်တော့ ဒီလူကိုသွားထိပြီး ဝုန်းခနဲပေါက်ကွဲသွားသဗျာ၊ ပေါက်ကွဲပြီးတာနဲ့ ဒီလူက သူဝတ်ထားတဲ့ပုဆိုးနဲ့ သူ့ကိုယ်သူအုပ်ချလိုက်တော့တယ်၊ ပုဆိုးကကွင်းလုံးကျွတ်ကြီးဖြစ်သွားပြီးတော့ ဒီလူလည်းပျောက်ချင်းမလှ ပျောက်သွားတော့တာပါပဲဗျာ။

ဒီလူပြေးပြီးတော့ ပုဆိုးခြုံထားတဲ့လူလေးယောက်က မတ်တပ်ထရပ်လာသဗျ၊ ဒါနဲ့ ဦးဘသာ ဒီလူတွေဆီကို မီးပွားကလေးတွေနဲ့လှမ်းပစ်ထည့်လိုက်တာပါပဲဗျာ၊ ခြင်ဆေးမီးလို မီးပွားကလေးက ဒီလူလေးယောက်ကိုထိတော့ ဒီလူတွေကိုယ်လုံးမှာ မီးတော်တွေတောက်ကုန်တယ်ဗျ၊ ဒီလူလေးယောက်က လမ်းပေါ်မှာ သွေးရူးသွေးတန်းနဲ့ပြေးနေကြတယ်၊ မီးတောက်တွေက သူတို့ကိုယ်ခန္ဓာတွေအကုန်လုံးကို တဟုန်းဟုန်းနဲ့တောက်လောင်နေပြီး တစ်မိနစ်တောင်မကြာသေးခင်မှာပဲ ဒီလူလေးယောက်စလုံး လမ်းပေါ်ကိုလဲကျပြီးတော့ ပြာဖြစ်သွားတာပါပဲဗျာ။

“ဟာ၊ ဦးဘသာ ဘာလို့ဒီလူတွေကို သတ်ပစ်လိုက်ရတာလဲဗျ”

“ဒါလူတွေမဟုတ်ပါဘူး အလတ်ကောင်ရာ”

ကျုပ်လည်း ပြာဖြစ်သွားတဲ့လူကိုခြေထောက်နဲ့နင်းကြည့်တော့ လူအသားတွေအရိုးတွေမတွေ့ရဘဲ မီးလောင်ထားတဲ့ ပုဆိုးစတွေကိုပဲတွေ့ရတယ်ဗျ။

“ဒါဘာတွေလဲ”

“ကိုယ်ပွားလုပ်ထားတာကွ၊ လူဝတ်ထားတဲ့ပုဆိုးကို ကိုယ်ပွားအဖြစ်အသက်သွင်းပြီး ခိုင်းစေတာပေါ့ကွာ”

“ဟာ၊ တော်တော်ကောင်းတဲ့ပညာပါလား၊ ဦးဘသာရော ဒီလိုပညာတတ်သလားဗျာ၊ ဒီလိုကိုယ်ပွားခိုင်းလို့ရရင်တော့ ကိုယ်တွေအများကြီးပွားပြီး လယ်ထွန်ခိုင်းမယ်၊ ကောက်စိုက်ခိုင်း၊ ကောက်ရိတ်ခိုင်းမယ်ဗျာ”

“မင်းကတော့ တော်တော်ကြံကြံဖန်ဖန်တွေးတတ်တဲ့ကောင်ပဲကွ၊ ဒီပညာဆိုတာ အဆင့်မြင့်တဲ့ ကဝေတွေမှ တတ်တဲ့ပညာကွ၊ ဒီလိုခက်ခဲတဲ့ပညာကို မင်းမို့လို့ လယ်ထဲမှာသုံးချင်တယ်ကွာ၊ အံ့ပါရဲ့”

“ဒါနဲ့ ခုနကလူကဘယ်သူလဲ”

“ဒါတော့ ငါလည်းသိမလားဟ၊ ဘာပဲဖြစ်ဖြစ် ငါတို့ကိုနှောင့်ယှက်တဲ့လူ ရှိနေတာတော့အမှန်ပဲကွ၊ လာဟေ့ ရှေ့နေမကြီးဆီကို မြန်မြန်သွားရအောင်”

ဦးဘသာနဲ့ကျုပ်လည်း အဲဒီနေရာကနေ ခပ်မြန်မြန်ထွက်လာခဲ့ကြတာပေါ့ဗျာ၊ ဦးဘသာအရှေ့ကနေသွားတော့ ကျုပ်လည်း အနောက်ကနေလိုက်ခဲ့တာပေါ့၊ မြေပေါ်ပြန့်ကျဲနေတဲ့ ပုဆိုးအစအနတွေကိုကြည့်ရင်း လျှောက်လာတုန်း မြေကြီးပေါ်မှာ ဝင်းဝင်းလက်လက်ကလေးတစ်ခုတွေ့လိုက်တယ်ဗျ၊ ဒါနဲ့ကောက်ယူပြီးကြည့်လိုက်တော့

“ဟာ၊ ရွှေဗျ၊ ရွှေအစစ်၊ ဒီလိုနေရာမှာ ဘယ်သူကများ ရွှေတိုရွှေစတွေ ကျခဲ့ပါလိမ့်”

ကျုပ်လည်း ရွှေစကလေးကို အိတ်ကပ်ထဲထည့်ပြီး ခပ်လှမ်းလှမ်းရောက်နေတဲ့ ဦးဘသာအနောက်ကိုပြေးလိုက်ခဲ့ပါရော။

(၁၀)

ခြံအမှတ် တစ်ဆယ့်ခုနစ်က ခြံကျယ်ကြီးတစ်ခုဗျ၊ ခြံတံခါးကနေ လှမ်းကြည့်ရင်း ကုန်းမြင့်မြင့်ပေါ်မှာဆောက်ထားတဲ့ နှစ်ထပ်တိုက်အိမ်ကြီးကိုတွေ့ရတယ်ဗျ၊ ကျုပ်က အိမ်ကိုအော်ခေါ်မလို့လုပ်နေတဲ့အချိန် ဦးဘသာက ခြံတံခါးအုတ်တိုင်မှာတပ်ထားတဲ့ ဘုသီးကလေးတစ်ခုကို နှိပ်လိုက်တယ်ဗျ။ ကျုပ်တော့အဲဒါကိုတစ်ခါမှ မမြင်ဖူးဘူး။

“ဒါ လူခေါ်ခေါင်းလောင်းလို့ခေါ်တယ်ကွ၊ ဒီကခလုပ်ကိုနှိပ်လိုက်ရင် သူက အိမ်ထဲမှာရှိတဲ့ခေါင်းလောင်းကို သွားမြည်စေတယ်ကွ”

“ဆန်းလိုက်တာဗျာ၊ စုန်းပညာနဲ့များလုပ်ထားတာလား”

“မဟုတ်ပါဘူးကွာ၊ ဝါယာကြိုးနဲ့အထဲကိုဆက်ထားတာပါကွ”

ကျုပ်လည်း သုံးလေးချက်လောက် ဆက်နှိပ်ကြည့်တယ်ဗျ၊ ခဏကြာတော့ သော့ခတ်ထားတဲ့ခြံတံခါးကြီးက ဂျိန်းခနဲတစ်ချက်မြည်သွားတယ်ဗျ၊ ခြံတံခါးကိုခတ်ထားတဲ့ တံခါးချက်ကြီးက သူ့အလိုလိုပွင့်ထွက်သွားတာကိုမြင်လိုက်ရတယ်၊ ပြီးတော့ ခြံတံခါးက လူတစ်ဝင်စာ သူ့အလိုလိုပွင့်သွားပါရောဗျာ၊ ဦးဘသာက ပြုံးရင်း

“ဒါကတော့ စုန်းပညာနဲ့လုပ်ထားတာဟေ့”

ကျုုပ်နဲ့ဦးဘသာ ခြံထဲကိုဝင်လိုက်တော့ ခြံတံခါးက သူ့အလိုလိုစေ့သွားတယ်ဗျ၊ ပြီးတော့ သံနဲ့လုပ်ထားတဲ့ချက်ကြီးက သူ့အလိုလိုထိုးသွားပြီးတော့ ကြေးသော့ကြီးကလည်း သူ့အလိုလိုခလောက်ခနဲ ခတ်သွားတယ်ဗျ၊ စုန်းကဝေနဲ့ဆိုင်တဲ့ရှေ့နေဆိုတော့လည်း စုန်းပညာတော့တတ်လောက်မှာဗျ၊ ဒါနဲ့ ဦးဘသာအနောက်ကို ခပ်သုတ်သုတ်လိုက်သွားလိုက်တာပေါ့၊ ဦးဘသာက အိမ်တံခါးကိုခေါက်မလို့လုပ်နေတဲ့အချိန်မှာပဲ ကျွန်းသားအိမ်တံခါးကြီးက သူ့အလိုလိုပွင့်သွားတယ်ဗျ။ အိမ်တံခါးကြီးက ကျွန်းပြားကြီးကိုမှ ကနုတ်ပန်းတွေ၊ အရုပ်တွေထွင်းထားတာ လှလိုက်တာဗျာ၊ အိမ်တံခါးအတိုင်း ကျုပ်တို့ဝင်လာလိုက်တော့ ကျွန်းဆက်တီခုံကြီးတွေချထားတယ်၊ ခုံတစ်ခုံမှာ မိန်းကလေးတစ်ယောက်က ထိုင်ရင်း စာအုပ်တစ်အုပ်ကိုဖတ်နေသဗျ။

ကျုပ်နဲ့ဦးဘသာဝင်လာတော့ ဒီမိန်းကလေးက ကျုပ်တို့ကိုမော့ကြည့်ရင်း

“ဦးလေးတို့ရောက်လာကြပြီကိုး၊ ထိုင်ကြပါရှင်”

ကျုပ်နဲ့ဦးဘသာလည်း အနားကဆက်တီခုံမှာထိုင်လိုက်မိတယ်ဗျ၊ ဒီမိန်းကလေးကို ကျုပ်တအံ့တသြနဲ့ကြည့်နေမိတယ်။

“ကျုပ်၊ ကျုပ်ခင်ဗျားကိုမြင်ဖူးတယ်ဗျ”

ကျုပ်က လက်ညှိုးထိုးပြီးပြောလိုက်တော့ မိန်းကလေးကကျုပ်ကို စိုက်ကြည့်ရင်း

“ရှင်လူမှားတာဖြစ်ပါလိမ့်မယ်၊ ရှင့်ကိုကျွန်မ တစ်ခါမှ မမြင်ဖူးဘူး”

“မဟုတ်ပါဘူးဗျာ၊ ခင်ဗျားက မမှတ်မိပေမယ့် ကျုပ်ကမှတ်မိပါတယ်၊ ကျုပ်က ခင်ဗျားလိုမိန်းမချော မိန်းမလှကလေးတွေဆိုရင်တော့ ဓါတ်ပုံရိုက်ထားသလို အာရုံထဲစွဲနေတာဗျ၊ ဘယ်မှာမြင်ဖူးပါလိမ့်ဗျာ”

ကျုပ်လည်း ခဏစဉ်းစားရင်း

“ဟာ၊ ဟုတ်ပြီ၊ ခင်ဗျားက ကျုပ်ဆေးလိပ်ဆိုင်မှာတွေ့ခဲ့တဲ့ မိန်းကလေးပဲဗျ”

်မိန်းကလေးက ကျုပ်ကိုမျက်စောင်းထိုးကြည့်ရင်း

“ဘာဆေးလိပ်ဆိုင်လဲ၊ ရှင်ဘာတွေလာပြောနေတာလဲဆိုတာ ကျွန်မမသိတော့ဘူး”

ဦးဘသာက ကျုပ်ကိုလက်ကုပ်ရင်း

“မင်းကိစ္စအသာထားစမ်းပါအလတ်ကောင်ရာ”

ဦးဘသာပြောလို့ ကျုပ်ပါးစပ်ပိတ်လိုက်ရတော့တယ်ဗျ၊ ဦးဘသာက ဒီမိန်းကလေးကိုကြည့်ရင်း

“ဒီကောင်လေးပြောတာ ဗွေမယူပါနဲ့မိန်းကလေးရယ်၊ သူက ရူးရူးပေါပေါကလေးမို့ ခွင့်လွှတ်လိုက်ပါ၊ ဒါနဲ့ ဦးလေးတို့လာတာက ဒီအိမ်က ရှေ့နေမကြီး ဒေါ်ဗေဒါရီကို တွေ့ဖို့လာခဲ့တာပါပဲ”

မိန်းကလေးက သူဖတ်နေတဲ့စာအုပ်အထူကြီးကို ဆက်တီစားပွဲခုံပေါ်တင်လိုက်တယ်ဗျ၊ သူဖတ်နေတဲ့စာအုပ်အဖုံးကိုကျုပ်လှမ်းကြည့်လိုက်တော့ ရာဇဝတ်ကျင့်ထုံးဥပဒေတဲ့ဗျာ၊ ပြီးတော့ ဦးဘသာကိုပြုံးရင်း

“ဦးလေးတို့ လိုရင်းကိုပဲပြောပါရှင်”

ဦးဘသာက မျက်နှာကွက်ခနဲပျက်သွားပြီးတော့

“ဒေါ်ဗေဒါရီနဲ့တွေ့မှ ပြောလို့ရမှာမို့လို့ပါ”

“ရှင်တို့ပြောနေတဲ့ ဒေါ်ဗေဒါရီဆိုတာ ကျွန်မပါပဲရှင်”

ကျုပ်ရောဦးဘသာရော အံ့သြသွားကြတယ်ဗျ၊ ဦးဘသာက

“သြော်၊ ဦးလေးက ဒေါ်ဗေဒါရီဆိုလို့ ဒီထက်အသက်ကြီးမယ်လို့ထင်ထားတာ”

“ဟုတ်ပါတယ်၊ ရုံးတော်ကျတော့ လူနာမည်ရှေ့မှာ ရိုသေသမှုနဲ့ ဦးတွေဒေါ်တွေ ထည့်ခေါ်ကြတယ်မဟုတ်လားရှင်၊ ပြီးတော့ ရှေ့နေဆိုပျိုမှ၊ သမားဆိုရင် အိုမှဆိုတဲ့ စကားလည်းရှိသေးတယ်မဟုတ်လား၊ ဟင်း၊ ဟင်း”

“ကျုပ်တို့က မိန်းကလေးကိုအထင်သေးတာမဟုတ်ပါဘူး၊ မထင်ထားလို့ အံ့သြသွားတာပါ”

“ကျွန်မကို ဗေဒါလို့ပဲ ရင်းရင်းနှီးနှီးခေါ်လို့ရပါတယ် ဦးလေး”

“ဦးလေးတို့လာရင်းကတော့ ဦးလေးမကျူးလွန်ဘဲနဲ့ ဖြစ်သွားတဲ့ စုန်းသတ်မှုတစ်ခုအတွက်လာခဲ့တာပါပဲ”

ဗေဒါရီက ခပ်ယဲ့ယဲ့ပြုံးလိုက်ရင်း

“ကျွန်မသိပြီးသားပါ ဦးလေးရဲ့၊ ဦးလေးဒီကိုလာမယ်ဆိုတာကိုလည်း ဦးရာဂျတ်ဆီက ဖုန်းရပြီးပါပြီ”

ဦးဘသာက ခေါင်းညိတ်ရင်း

“ဒါဆို ဦးလေးကိုကူညီပါလို့ပဲ ဦးလေးတောင်းဆိုချင်ပါတယ်”

“ရပါတယ်ရှင်၊ ဒါပေမယ့် ဒီအမှုက ကျွန်မအရင်က ကိုင်တွယ်ခဲ့ဖူးတဲ့အမှုတွေနဲ့ မတူဘူးရှင့်၊ သက်သေတွေအားလုံးကလည်း ဦးလေးလုပ်တယ်ဆိုတာကိုဘဲ ညွှန်ပြနေတယ်”

“ငါ့တူမကို ပြောနိုင်တာကတော့ ဒါတွေအကုန်လုံးကို ဦးလေးမလုပ်ခဲ့ဘူးဆိုတာပါပဲ”

ဗေဒါရီက ခေါင်းညိတ်ရင်း

“တရားရုံးမှာကျတော့ ဒီလိုပြောလို့ဘယ်ရမလဲဦးလေးရာ၊ သက်သေတွေ၊ အချက်အလက်တွေနဲ့ပြောရမှာမဟုတ်လား၊ ဦးလေးတို့မောနေရောပေါ့၊ ဦးလေးတို့သောက်ဖို့ ကျွန်မတစ်ခုခုစီစဉ်ပေးပါ့မယ်”

ဗေဒါရီက အိမ်နောက်ဖေးဘက်ကို ဝင်သွားတယ်ဗျ၊ ဒါနဲ့ကျုပ်လည်း ဦးဘသာကိုကြည့်ပြီး အားတက်သရောနဲ့

“ကျုပ်ဟောဒီနဖူးမှာ ဒဏ်ရာရခဲ့တာ ဒီမိန်းကလေးကြောင့်ဗျ၊ ဦးဘသာရ၊ သူမှ သူအစစ်ပါ”

“မင်းရဲ့မိန်းမကိစ္စတွေ နောက်မှာအသားထားစမ်းပါအလတ်ကောင်ရာ၊ ဒီကလေးမက ငယ်ပေမယ့် ပညာတော့တော်သကွ၊ မင်းသူ့ကိုမလေးမစား မဆက်ဆံသင့်ဘူးနော်”

“သိပါတယ်ဦးဘသာရာ”

ကျုပ်လည်း ဟိုကြည့်ဒီကြည့်လိုက်ကြည့်နေမိတယ်ဗျ၊ နံရံမှာတော့ ပုံတွေချိတ်ဆွဲထားတယ်၊ အသက်ကြီးကြီး ခပ်၀၀ဖိုင့်ဖိုင့်မိန်းမကြီးရဲ့ ပုံတွေလည်းတွေ့တယ်ဗျ၊ ပြီးတော့ စာအုပ်တွေကိုလှန်လှောကြည့်နေရင်း စာအုပ်တစ်အုပ်က ကြမ်းပြင်ပေါ်ကိုကျသွားသဗျ၊ ဒါနဲ့ စာအုပ်ကိုလှမ်းကောက်လိုက်တော့ ကြမ်းပြင်မှာ ညစ်ပတ်နေသဗျ။ ကျုပ်စာအုပ်ပြန်ကောက်နေတုန်း ဗေဒါရီက လင်ပန်းနဲ့ရေနွေးကရားတစ်ခုကိုယူပြီး အိမ်ထဲကနေထွက်လာတယ်။

“ရှင်ဘာလုပ်နေတာလဲ”

“ဟို စာအုပ်လေးတွေနည်းနည်းပါးပါးကြည့်မိတာပါ”

ဗေဒါရီက ကျုပ်ကိုဒေါသမျက်လုံးနဲ့ကြည့်ပြီး

“စာအုပ်တွေပြန်ထားလိုက်ပါ၊ ကျွန်မအိမ်ကပစ္စည်းကို သူစိမ်းတွေကိုင်ကြည့်တာမျိုးကို ကျွန်မမကြိုက်ဘူး”

ကျုပ်လည်း စာအုပ်ပြန်ထားလိုက်ပြီးတော့ ဆက်တီခုံမှာပြန်ထိုင်လိုက်တယ်ဗျ၊ ဗေဒါရီက ရေနွေးကရားကိုငှဲ့ပေးတော့ အထဲမှာရေနွေးကြမ်းတွေဗျ။

“သုံးဆောင်ကြပါအုံးရှင်”

ကျုပ်လည်း ရေနွေးကြမ်းခွက်ကိုကောက်ယူလိုက်တယ်၊ ခွက်က နိုင်ငံခြားဖြစ် ကြွေထည်ခွက်ဗျ၊ ဖြူဖြူနဲ့ ပါးပါးကလေးရယ်၊ လက်ဖက်ခြောက်ကလည်း ပန်းရနံ့ကလေးမွှေးနေတယ်ဗျာ၊ စံပယ်ပန်းရနံ့လိုလိုပဲဗျ။ ဦးဘသာက ရေနွေးခွက်ကိုကောက်ယူပြီးတော့ တစ်ချက်နမ်းကြည့်နေတယ်၊ ဗေဒါရီက ကျုပ်တို့နှစ်ယောက်ကိုကြည့်ရင်း

“အဲဒါ စံပယ်ပန်းလက်ဖက်ခြောက်လို့ခေါ်တယ်၊ တရုတ်ပြည်က လာတာ၊ သိပ်ကိုတန်ဖိုးကြီးတာရှင့်”

ကျုပ်နဲ့ဦးဘသာလည်း ရေနွေးကိုသောက်လိုက်တော့တယ်၊ အနံ့ကမွှေးပေမယ့် အရသာကတော့ စိမ်းရွှေရွှေနဲ့ဗျ၊ ကျုပ်တော့ သိပ်မကြိုက်လှပါဘူးဗျာ၊ ကျုပ်တို့သောက်နေကြ လက်ဖက်ကြမ်း ဖန်ဖန်ခါးခါးကိုပဲ အရသာတွေ့ပါတယ်။ ရေနွေးသောက်ပြီးတော့မှ ဗေဒါရီက

“အမှုက နှစ်မှုနော်ဦးလေး၊ တစ်မှုကတော့ မယ်နှင်းကိုသတ်တဲ့အမှု၊ နောက်တစ်မှုကတော့ ငွေတိုက်ထဲက ပြဒါးရှင်လုံးကို ဖောက်ထွင်းယူသွားတဲ့အမှုပဲ”

“ဦးလေး ဒါတွေကိုဘာမှမသိဘူး ငါ့တူမ”

“ဦးလေးမသိပေမယ့် အားလုံးအမြင်မှာထင်ရှားနေတာပဲ၊ ဦးလေးက မယ်နှင်းကိုသတ်တဲ့အမှုမှာ မျက်မြင်သက်သေနှစ်ယောက်ကျန်ခဲ့တယ်၊ တစ်ယောက်ကတော့ မယ်နှင်းနဲ့အတူတူနေတဲ့ မယ်နှင်းရဲ့တူမ မဘုတ်ဆိုတဲ့သူပဲ”

“သူတို့ကဘယ်လိုပြောလို့လဲ”

ဗေဒါရီက ဦးဘသာကိုစိုက်ကြည့်ပြီးတော့

“သက်သေကထွက်ဆိုထားတဲ့အချက်ကို ရုံးတော်မရောက်ခင် သိခွင့်မရှိဘူးဆိုပေမယ့် ကျွန်မပြောပြပါ့မယ်၊ မဘုတ်ပြောတဲ့ပုံအရ အဲဒီညက ညခုနစ်နာရီဆယ်မိနစ်တိတိမှာ ဦးလေးက မယ်နှင်းတို့အိမ်ကိုတက်လာခဲ့တယ်၊ ပြီးတော့ မယ်နှင်းနဲ့ရန်ဖြစ်ကြတယ်၊ မဘုတ်က ဦးလေးကိုတောင်မှ ရေနွေးကြမ်းတွေဘာတွေချပေးလိုက်သေးတယ်၊ နောက်တော့ မယ်နှင်းက စကားအေးအေးဆေးဆေးပြောချင်လို့ဆိုပြီးတော့ မဘုတ်ကိုအိမ်ခန်းထဲသွားဝင်နေခိုင်းလိုက်တယ်”

ဦးဘသာကြည့်ရတာ တော်တော်ထိတ်လန့်နေပုံရတယ်။

“အဲဒီမှာ ဦးလေးနဲ့မယ်နှင်းနဲ့ စကားအကျိတ်အနယ်ပြောကြတယ်၊ ပြောတဲ့အကြောင်းကတော့ မယ်နှင်းရဲ့အမေ ဒေါ်ဝတုတ်က ဦးလေးရဲ့အမေ ဒေါ်ပျင်းကို သစ္စာဖောက်လို့ ဒေါ်ပျင်းသေရတယ်ဆိုတဲ့အကြောင်းတွေပဲ၊ စကားပြောဆိုပြီးလို့ မကြာခင်မှာပဲ အိမ်ကြမ်းပြင်ပေါ်ကို ဒုန်းခနဲလဲကျတဲ့ အသံကြားလိုက်ရတယ်၊ ပြီးတော့ အိမ်ပေါ်ကနေ ပြေးဆင်းသွားတဲ့အသံတစ်ခုပေါ့၊ မဘုတ်က အပြင်ထွက်ကြည့်တဲ့အချိန်မှာ မယ်နှင်းက ပက်လက်ကြီးသေနေပြီ”

“မဖြစ်နိုင်တာကွာ၊ အဲဒီညက ငါက မျိုးကြီးတို့အိမ်ကနေ တစ်လှမ်းမှတောင်မခွာပါဘူးကွာ၊ ဒီကောင်လေးအသိဆုံးပါ”

“ဟုတ်ပါတယ်၊ ကျုပ်နဲ့ဦးဘသာက တစ်ခြင်ထောင်တည်းအိပ်တာပါ၊ ကျုပ်လည်းအိပ်မပျော်သလို ဦးဘသာလည်း အိပ်မပျော်ပါဘူး”

“ဒါဆို ဦးလေးဆိုလိုချင်တဲ့သဘောက ဦးလေးမယ်နှင်းဆီကို မသွားခဲ့ဘူးပေါ့၊ ဒီလိုပြောချင်တာလား”

“ဘုရားပေးပေး ကျမ်းပေးပေးပါ ငါ့တူမရယ်၊ ဒီကိစ္စမှာတော့ ဦးလေးက ရိုးသားပါတယ်၊ မရိုးသားတဲ့လူတစ်ယောက်ယောက်သာ ဦးလေးကိုချောက်တွန်းချင်လို့ လုပ်နေတာနေမှာ”

“ထားပါတော့၊ ပြဒါးရှင်လုံးယူရတာကရော”

“အဲဒါတော့ ဦးလေးလည်းမသိဘူး၊ ဦးလေး အဲဒီနေ့ကမှ မြိုင်သာကိုရောက်တာပါ”

ဗေဒါရီက ခေါင်းညိတ်လိုက်ပြီးတော့

“ဒါဆိုရင်တော့ ဦးလေးနောက်တစ်ယောက်ရှိနေတဲ့ပုံပဲ”

ကျုပ်လည်း လန့်သွားတယ်ဗျ။ ဦးဘသာက

“ဘယ်လိုပြောလိုက်တယ်တူမကြီး”

“ဦးလေးက အဲဒီနေရာတွေကိုမရောက်ခဲ့ဘူး၊ မသွားခဲ့ဘူးဆိုပုံထောက်တော့ ဦးလေးလုပ်တာမဟုတ်ရင် တစ်ယောက်ယောက်က ဦးလေးပုံစံဟန်ဆောင်ပြီးလုပ်နေတာဖြစ်နိုင်တယ်”

“ဟုတ်လောက်တယ် တူမကြီး”

“မပူပါနဲ့၊ ဒီကိစ္စကို အမှုမှန်ပေါ်အောင်လို့ ကျွန်မအတတ်နိုင်ဆုံးလိုက်မှာပါ၊ ပြီးတော့ ရုံးတော်မှာလည်း အမှုမှန်ပေါ်ဖို့အတွက် အချိန်ဆွဲထားပေးမယ်၊ ဒီအချိန်မှာ ကျွန်မတို့တတွေ လူသတ်သမားက ဘယ်သူလဲဆိုတာကို သေသေချာချာလိုက်ပြီးစုံစမ်းကြတာပေါ့”

“ကောင်းပါပြီ၊ တူမကြီး၊ တူမကြီးက အတွေ့အကြုံရှိတယ်ဆိုတော့ တူမကြီးကောင်းသလိုသာစီစဉ်ပါ”

“ဒါပေါ့ရှင်”

ကျုပ်လည်း နံရံပေါ်က ပုံကိုလှမ်းကြည့်ပြီးတော့

“ဒါနဲ့ ဒီပုံကလူက ဘယ်သူများလဲ”

ဗေဒါရီက နံရံကိုတစ်ချက်မော့ကြည့်ပြီး

“ကျွန်မအမေပါ၊ သူလည်းရှေ့နေတစ်ယောက်ပါပဲ”

“ကောင်းပြီတူမကြီး၊ ဦးလေးတို့ ဘယ်ကစလုပ်ရရင်ကောင်းမလဲ”

“အရင်ဆုံး မယ်နှင်းအလောင်းကို ဦးလေးတို့သွားစစ်ဆေးသင့်တယ်၊ သူ့အလောင်းကို မြိုင်သာသုဿန်မှာ ထားလိမ့်မယ်”

ဦးဘသာက တစ်ချက်တွေဝေနေတယ်ဗျ၊ ဒီအခါ ဗေဒါရီက ဦးဘသာကိုကြည့်ရင်း

“စုန်းကဝေပညာရပ်မှာ အတတ်ပညာဖော်လို့ရတဲ့နည်းလမ်းတစ်ခုရှိတယ်မဟုတ်လား၊ အဲဒီနည်းအရဆိုရင် မယ်နှင်းကိုဘယ်လိုပညာစက်မျိုးသုံးပြီး သတ်သွားတယ်ဆိုတာ သိနိုင်တယ်၊ ပြီးတော့ ဒီပညာစက်အစွမ်းသိရရင်တော့ ဘယ်သူတွေက ဒိလိုပညာစက်တွေတတ်သလဲ၊ ဘယ်သူတွေသုံးသလဲဆိုတာကို ခန့်မှန်းနိုင်မယ်မဟုတ်လား၊ မြိုင်သာတစ်မြို့လုံးက စုန်းတွေကို သံသယထားပြီးလိုက်ရှာနေတာထက်၊ ဒီနည်းလမ်းက ပိုပြီးလွယ်ကူလိမ့်မယ်လို့ ကျွန်မကတော့ထင်တယ်”

“ဟုတ်ပြီတူမကြီး၊ ကျေးဇူးတင်ပါတယ်၊ ဦးလေးတို့ကိုသွားခွင့်ပြုပါအုံး”

ကျုပ်နဲ့ ဦးဘသာလည်း ထထွက်လာခဲ့တယ်ဗျ၊ ကျုပ်ပြန်မယ်အလုပ်မှာ တစ်ခုခုပြောချင်တာ မအောင့်ထားနိုင်တော့တာနဲ့

“ဘာပဲဖြစ်ဖြစ်ပါ မဗေဒါ၊ ခင်ဗျားတို့အိမ်က ကြမ်းပြင်တွေကိုတော့ သန့်ရှင်းရေးလုပ်သင့်တယ်ဗျ”

မဗေဒါက ကျုပ်ကိုမျက်စောင်းထိုးကြည့်ရင်း

“ဒီအိမ်ကြီးမှာ ကျွန်မတစ်ယောက်တည်းနေတာဆိုတော့ အလုပ်များတဲ့အခါ အိမ်မှုကိစ္စဘက်ကိုသိပ်မလှည့်နိုင်လို့ပါ”

ဒါနဲ့ကျုပ်နဲ့ဦးဘသာလည်း ဗေဒါရီရဲ့အိမ်ကနေထွက်လာခဲ့တယ်ပေါ့ဗျာ။

“မပူပါနဲ့ဦးလေး၊ မနက်ဖြန်ရုံးတော်မှာ ဦးလေးအတွက် ကျွန်မအကောင်းဆုံးကြိုးစားပေးပါ့မယ်”

ခြံဝန်းကြီးထဲက ထွက်လာပြီးတော့ ကုန်းအတိုင်းပြန်ဆင်းလာလိုက်တယ်ဗျ၊ ဦးဘသာလည်း တော်တော်ပင်ပန်းနေပုံရပြီ

“ဦးဘသာ အခုကျုပ်တို့ဘယ်သွားကြမလဲ”

“မြိုင်သာသုဿန်ပေါ့ကွာ”

“ဒါဆို တကယ်ပဲ မယ်နှင်းအလောင်းကို သွားဖော်ကြမှာပေါ့”

“အေးပေါ့ကွ၊ ဗေဒါရီက ရှေ့နေဆိုတော့ တွေးတာအကွက်စေ့သကွ၊ သူပြောတဲ့အတိုင်း စမ်းကြည့်ရမယ်ဟေ့”

“ဒါဆို ဦးဘသာက အဲဒီ အတတ်ပညာဖော်လို့ရတဲ့နည်းကိုသုံးမလို့လား”

“အဲဒါထက် ကာယကံရှင်ကိုမေးတော့ ပိုကောင်းတာပေါ့ကွာ”

“ဟာဗျာ၊ ကာယကံရှင်က သေပြီမဟုတ်လားဗျ”

“အိုကွာ သေပြီးတော့လည်း ပြန်အသက်သွင်းပြီးမေးရတာပေါ့၊ ကဲလာလာ၊ ထမင်းထုပ်တစ်ထုပ်လိုသကွာ၊ ဆိုင်တွေပိတ်ကုန်ရင်ခက်မယ်၊ မြန်မြန်သွားစို့ဟေ့”

ဆက်ရန်။

#အဂ္ဂဇော် #ဦးဘသာ #စုန်း #သရဲ

Zawgyi Version

“စုန္းထီးႀကီးဦးဘသာႏွင့္ ၿမိဳင္သာရွာပုံေတာ္”(စ/ဆုံး)
——————————————————————-
အပိုင္း(၃)

(၈)

အေဆာက္အအုံႀကီးထဲကထြက္လိုက္ေတာ့ ၿမိဳင္သာၿမိဳ႕ထဲေရာက္သြားသဗ်ာ၊ ဒါနဲ႔က်ဳပ္လည္း အဲဒီအေဆာက္အအုံႀကီးထဲကိုလွည့္ၾကည့္လိုက္ေတာ့ အေဆာက္အအုံႀကီးက အိမ္ပ်က္ႀကီးတစ္ခုျဖစ္ေနသဗ်၊ အဲဒီအိမ္ပ်က္ႀကီးက ၿမိဳင္သာၿမိဳ႕လယ္နားမွာရွိတဲ့အိမ္ပ်က္ႀကီးဗ်၊ ကိုလိုနီေခတ္လက္ရာ အုတ္နီနီနဲ႔အိမ္ႀကီးေပါ့ဗ်ာ၊ က်ဳပ္တို႔ၾကားဖူးတာကေတာ့ အဲဒီအိမ္ႀကီးက သရဲအရမ္းေျခာက္တယ္ဆိုပဲ၊ အခုလိုၾကည့္လိုက္ေတာ့လည္း အိမ္ႀကီးက စုတ္ျပတ္ေနတာမ်ား ေျပာမေနပါနဲ႔ဗ်ာ။

“ဟာဗ်ာ၊ လတ္စသတ္ေတာ့ ဒီအိမ္ပ်က္ႀကီးကိုးဗ်၊ အထဲမွာေတာ့ မထင္ရဘူးေနာ္”

“ေအးေပါ့ကြ၊ စုန္းပညာနဲ႔အိမ္ကိုဝွက္ထားတာ၊ သာမန္လူေတြလာရင္ အုတ္က်ိဳးအုတ္ပဲ့ေတြကလြဲလို႔ ဘာကိုမွျမင္ရမွာမဟုတ္ဘူးကြ”

ဦးဘသာက ၿမိဳင္သာၿမိဳ႕ထဲကို ခပ္ျမန္ျမန္သြားေနသဗ်။ က်ဳပ္လည္းအေနာက္ကေနလိုက္ရင္း

“ဒါနဲ႔ေမးပါရေစအုံး ဦးဘသာ၊ ဦးဘသာတို႔ စုန္းေတြက်ေတာ့ အျပစ္သားေတြကို လူေတြလိုမ်ိဳး၊ အခ်ဳပ္ေတြ၊ ေထာင္ေတြမခ်ထားဘူးလားဗ်”

“ေအးကြ၊ စုန္းေထာင္ဆိုတာ သီးသန႔္မွမရွိတာ၊ စုန္းေတြကိုခ်ဳပ္တဲ့ ေၾကးတိုက္ဆိုတဲ့အခန္းေတာ့ရွီတယ္၊ ဒါေပမယ့္ မသုံးျဖစ္တာမ်ားပါတယ္၊ ဒီေတာ့ ေျခခ်ဳပ္ခ်ထားလိုက္တာေပါ့ကြာ”

ဦးဘသာေျခလွမ္းက ျမန္လိုက္တာေတာ့ေျပာမေနပါနဲ႔ဗ်ာ၊ က်ဳပ္လည္း ဦးဘသာအေနာက္ကိုအမီလိုက္ရင္း

“ဒါနဲ႔ အခုအမႈကိုဘယ္လိုထင္သလဲဦးဘသာ၊ က်ဳပ္ေတာ့ ဘာေတြျဖစ္မွန္းကိုမသိေတာ့ဘူး”

“ေျပာရရင္ရွည္တယ္ကြ၊ ဒါေပမယ့္ တစ္ေယာက္ေယာက္က ငါ့ကိုေခ်ာက္ခ်တာပဲ၊ ငါဘယ္တုန္းက လူသတ္ခဲ့ဖူးလို႔လဲ အလတ္ေကာင္ရာ၊ ညက မ်ိဳးႀကီးမိန္းမကိုယ္ထဲဝင္ျပဳစားထားတဲ့ စုန္းမကို ငါသတ္မွမသတ္လိုက္တာပဲ၊ သူ႔ဖာသာထြက္သြားတာမဟုတ္ဘူးလား”

“ဟုတ္တယ္ဗ်၊ ဒါေပမယ့္ သူတို႔ေျပာေတာ့ ဦးဘသာသတ္သြားတာဆိုသဗ်”

“အဲဒါကိုက တစ္ခုခုမွားေနတာေနမွာ”

“ေနအုံးၿပီးေတာ့ ေမွာ္ျပဒါးရွင္လုံးဆိုတာကေရာ”

“အဲဒါက ငါ့အေမေဒၚပ်င္းက ဝိဇၨာတစ္ေယာက္နဲ႔ၿပိဳင္ၿပီးေတာ့ ဝိဇၨာဆီကေနရလိုက္တဲ့ ျပဒါးရွင္လုံးကြ၊ ဒီျပဒါးရွင္လုံးက သိပ္စြမ္းတာ၊ ေကာင္းတဲ့လူအသုံးခ်ရင္ေကာင္းသေလာက္၊ ဆိုးတဲ့လူအသုံးခ်ရင္လည္း ဆိုးသကြ”

က်ဳပ္နဲ႔ဦးဘသာနဲ႔လမ္းေလွ်ာက္လာရင္ ၿမိဳင္သာေဈးအေရွ႕ဘက္တန္းကိုေရာက္လာတယ္ဗ်၊ ေဈးနဲ႔မ်က္ႏွာခ်င္းဆိုင္မွာေတာ့ စတိုးဆိုင္ေတြ၊ လူသုံးကုန္ေရာင္းတဲ့ဆိုင္ေတြနဲ႔စုံလို႔ဗ်၊ မိုးခ်ဳပ္ေတာ့မွာဆိုေပမယ့္လည္း လမ္းမီးေတြနဲ႔ထိန္ထိန္လင္းၿပီး စည္ကားေနသဗ်ာ၊ ဦးဘသာက ေဆးဆိုင္တစ္ဆိုင္ေရွ႕ရပ္လိုက္တယ္ဗ်။ က်ဳပ္ေဆးဆိုင္မွာတပ္ထားတဲ့ဆိုင္းဘုတ္ကိုလွမ္းၾကည့္လိုက္ေတာ့ “ရာဂ်တ္ႏွင့္ ညီအကိုမ်ားေဆးဆိုင္” လို႔ေရးထားတယ္ဗ်။ ဦးဘသာက ေဆးဆိုင္အနားကိုသြားလိုက္ေတာ့ ေဆးဆိုင္က ကုလားေလးက ဦးဘသာကိုၾကည့္ၿပီး

“ေဆးဆိုင္ပိတ္ေတာ့မယ္ဆရာႀကီး”

“ငါေဆးဝယ္ဖို႔လာတာမဟုတ္ဘူး၊ ရာဂ်တ္နဲ႔ေတြ႕ခ်င္လို႔လာတာ”

ကုလားေလးေတြက ျပဴးတူးေၾကာင္ေတာင္နဲ႔

“ခင္ဗ်ားဘယ္သူလဲ၊ က်ဳပ္တို႔ဆိုင္ရွင္နဲ႔ဘာေၾကာင့္ေတြ႕ခ်င္တာလဲ”

ဦးဘသာက ကုလားေလးအနီးကိုတိုးကပ္လိုက္ၿပီး

“ဒီမွာ ရာဂ်တ္ကိုေျပာလိုက္၊ ဇီးကုန္း႐ြာက ဘသာေရာက္ေနတယ္လို႔”

ဦးဘသာၾကည့္ရတာ ေတာ္ေတာ္အလ်င္လိုေနတဲ့ပုံပါပဲဗ်ာ၊ ကုလားေလးလည္း ေခါင္းညိတ္ၿပီးေတာ့ ဆိုင္ထဲေျပးဝင္သြားတာပဲဗ်၊ ဒီေတာ့မွ က်ဳပ္လည္းသတိရသြားတယ္။

“ဟုတ္ၿပီဦးဘသာ၊ ရာဂ်တ္ဆိုတာ ကုလားမႀကီး မာယာရဲ႕ေယာက္်ားမဟုတ္လား”

“အစစ္ေပါ့ကြာ၊ ၿမိဳင္သာမွာ တို႔ကိုကူညီမယ့္လူဆိုလို႔ သူတို႔ပဲရွိတယ္မဟုတ္လား”

(ရာဂ်တ္ႏွင့္ ကုလားမႀကီးမာယာတို႔အေၾကာင္းကို စုန္းထီးႀကီး ဦးဘသာ အတြဲ(၁) စာစဥ္(၁၇) တြင္ဖတ္ရႈႏိုင္ပါသည္)

က်ဳပ္တို႔ေစာင့္ေနၿပီးမၾကာခင္မွာပဲ ကုလားေလးက ဆိုင္ထဲကေနထြက္လာတယ္ဗ်၊ ဆိုင္ေဘးနားက တံခါးကိုဖြင့္ၿပီး က်ဳပ္တို႔ကိုဝင္လာခိုင္းလိုက္တယ္၊ က်ဳပ္တို႔ဝင္ၿပီးတာနဲ႔ ဆိုင္တံခါးေတြအကုန္လုံးကိုပိတ္လိုက္တယ္ဗ်၊ ဆိုင္ေဘးနားက ေလွ်ာက္လမ္းအတိုင္းဝင္သြားၿပီးေတာ့ အေနာက္ေရာက္တဲ့အခါ အခန္းက်ယ္ႀကီးတစ္ခန္းထဲကိုေရာက္သြားတယ္ဗ်၊ အခန္းက်ယ္ႀကီးရဲ႕တစ္ဖက္မွာေတာ့ စားပြဲႀကီးတစ္လုံးရွိၿပီးေတာ့ ကုလားႀကီးရာဂ်တ္က စာ႐ြက္စာတမ္းေတြနဲ႔အလုပ္ရႈပ္ေနသဗ်ာ။

ကုလားႀကီးဆိုတဲ့အတိုင္း အသားကေတာ့ မီးေသြးခဲလိုမဲတူးေနတာဗ်၊ အျဖဴေရာင္ရွပ္အက်ႌနဲ႔ေအာက္ကလည္း အျဖဴေရာင္စတိုင္ေဘာင္းဘီကိုဝတ္ထားတယ္ဗ်၊ ေ႐ႊကိုင္းနဲ႔စာၾကည့္မ်က္မွန္ေလးေထာင့္တစ္ခုကိုလည္းတပ္လို႔ဗ်ာ၊ က်ဳပ္နဲ႔ဦးဘသာေရာက္သြားေတာ့ က်ဳပ္တို႔ကိုမ်က္မွန္ေပၚကေန ေက်ာ္ၾကည့္ရင္း

“ေၾသာ္၊ အကိုႀကီးတို႔ပါလား၊ ကဲ ထိုင္ပါအုံး”

ရာဂ်တ္က သူ႔စားပြဲအေရွ႕နားက ႀကိမ္နဲ႔ယက္ထားတဲ့ ခုံတန္းကိုလက္ညႇိဳးထိုးျပတယ္ဗ်၊ က်ဳပ္နဲ႔ဦးဘသာလည္း အဲဒီခုံမွာထိုင္လိုက္ၾကတယ္၊ ရာဂ်တ္က

“ကြၽန္ေတာ္သတင္းေတြၾကားၿပီးၿပီ အကိုႀကီး”

“ေအး၊ ငါလည္းမင္းဆီကို ဒီကိစၥနဲ႔လာတာပဲ”

ရာဂ်တ္က စာ႐ြက္စာတမ္းေတြကို စီေနရင္း

“အကိုႀကီး တကယ္ပဲလုပ္ခဲ့တာလား”

ဦးဘသာက မ်က္ေမွာင္ၾကဳတ္လိုက္ရင္း

“မင္းကြာ၊ ငါ့စိတ္ရင္းကို မင္းသိမယ္လို႔ထင္ခဲ့တာ ရာဂ်တ္ရ”

“သိပါတယ္အကိုႀကီးရာ၊ ဒါေပမယ့္ ကြၽန္ေတာ္လည္း အကိုႀကီးစိတ္လိုက္မာန္ပါမ်ားလုပ္မိတာလား၊ ဒါမွမဟုတ္ လက္တုံ႔ျပန္ခ်င္လို႔လုပ္တာမ်ားလားလို႔ ေမးၾကည့္တာပါ”

“ငါ့ပညာကို ငါဘယ္တုန္းက အရမ္းကာေရာသုံးဖူးလို႔လဲ ရာဂ်တ္၊ ဒါနဲ႔ေနစမ္းပါအုံး၊ မင္းေျပာတဲ့လက္တုံ႔ျပန္တယ္ဆိုတာ ဘာသေဘာလဲ”

ရာဂ်တ္က စာ႐ြက္ေတြကိုသိမ္းဆည္းၿပီးေတာ့ က်ဳပ္တို႔အနားကိုလမ္းေလွ်ာက္လာရင္း

“အခုေသသြားတဲ့ မယ္ႏွင္းဆိုတာ ေဒၚဝတုတ္ရဲ႕သမီးေပါ့”

ဦးဘသာမ်က္လုံးျပဴးသြားတယ္၊ က်ဳပ္ကေတာ့ သူတို႔ႏွစ္ေယာက္ကို ေတြေတြႀကီးပဲၾကည့္ေနလိုက္တယ္။

“ေဒၚဝတုတ္သမီးတဲ့လား”

“ဟုတ္တယ္အကိုႀကီး၊ တကယ္ေတာ့ အခုကိစၥေတြျဖစ္မလာခင္ တစ္လေလာက္အလိုကတည္းက ေဟာဒီၿမိဳင္သာၿမိဳ႕က စုန္းကေဝေတြၾကားမွာ သတင္းစကားတစ္ခုျပန္႔္ေနခဲ့တယ္”

“ဘာမ်ားလဲ ရာဂ်တ္”

ရာဂ်တ္က ဦးဘသာအေရွ႕မွာထိုင္ခ်လိုက္ၿပီးေတာ့ ဦးဘသာမ်က္ႏွာနားကိုတိုးကပ္လာရင္း

“ေဒၚပ်င္းႀကီးျပန္လာမယ္၊ အေႂကြးေဟာင္းေတြ ျပန္ေတာင္းမယ္တဲ့ေလ”

ဦးဘသာက တအံ့တၾသနဲ႔

“ငါ့အေမေသတာ ၾကာၿပီေလကြာ၊ ၿပီးေတာ့ ဒီလိုသတင္းမ်ိဳးကိုဘယ္သူကျဖန႔္တာလဲကြ”

“ေျပာရေတာ့ခက္တယ္ဗ်၊ ဒီသတင္းၾကားၿပီး အခုမယ္ႏွင္းေသၿပီးတဲ့အခါ အကိုႀကီးက အေမကိုယ္စား လက္တုံ႔ျပန္ေနတယ္ဆိုၿပီး သတင္းထြက္ေနတယ္၊ အခုေတာ့ ဒီသတင္းက ပိုျပန႔္ေနၿပီေပါ့ဗ်ာ”

“ဘယ္လိုျဖစ္ႏိုင္မွာလဲကြာ၊ ငါမလုပ္တာ တကယ္ပါကြ”

ရာဂ်တ္က မတ္တပ္ထရပ္ၿပီးေတာ့ နံရံဘက္ကိုလမ္းေလွ်ာက္သြားတယ္ဗ်၊ အုတ္နံရံျဖဴျဖဴႀကီးကို လက္နဲ႔ပြတ္လိုက္ေတာ့ အုတ္နံရံက အေနာက္ကိုတျဖည္းျဖည္းခ်င္း လည္ထြက္သြားသဗ်၊ ဒီဘက္ကိုျပန္လည္လာတဲ့နံရံမွာေတာ့ နံရံကပ္ဘီ႐ိုေတြ႐ိုက္ထားၿပီးေတာ့ အဲဒီဘီ႐ိုေတြထဲမွာ အေရာင္စုံပုလင္းေလးေတြက တန္းစီေနတာပဲဗ်ာ။

“ပုလင္းေတြအမ်ားႀကီးပါပဲလားဗ်ာ”

က်ဳပ္ေရ႐ြတ္လိုက္မိတယ္ဗ်၊ ရာဂ်တ္က အဲဒီစင္ရဲ႕ထိပ္နားက ေငြေရာင္ေသတၱာကေလးတစ္လုံးကိုဖြင့္လိုက္တယ္၊ ၿပီးေတာ့ အျပာေရာင္ေဆးရည္ပုလင္းကေလးတစ္ခုကိုယူလိုက္ၿပီးေတာ့ ဦးဘသာဆီေလွ်ာက္လာခဲ့တယ္။

“ဘာပဲ ေျပာေျပာ ကြၽန္ေတာ္က အကိုႀကီးကိုယုံပါတယ္ဗ်ာ၊ အကိုႀကီးက ကြၽန္ေတာ္နဲ႔ညီအကိုဆိုလည္းဟုတ္တယ္၊ ကြၽန္ေတာ့္ကိုသြန္သင္ျပသဆုံးမေပးခဲ့တဲ့ ဆရာဆိုရင္လည္းဟုတ္တယ္ဗ်”

အနားေရာက္လာေတာ့ ခုနကပုလင္းကေလးကို ဦးဘသာဆီကိုလွမ္းေပးတယ္ဗ်၊ ဦးဘသာကလည္း ပုလင္းကိုလွမ္းယူလိုက္တယ္။

“ဒါဘာလဲ ရာဂ်တ္”

“ေျခခ်ဳပ္ဖ်က္တဲ့ေဆးရည္ပဲ အကိုႀကီး၊ အကိုႀကီးဒီေဆးရည္ကိုေသာက္ၿပီးရင္ေတာ့ အကိုႀကီးကိုခ်ထားတဲ့ ေျခခ်ဳပ္ပညာက ပ်က္စီးသြားလိမ့္မယ္၊ ဒီအခါ အေရွ႕အရပ္မွာမေနနဲ႔ေတာ့၊ အေနာက္အရပ္ကလည္း အကိုႀကီးကို နယ္ႏွင္ထားတယ္မဟုတ္လား၊ ဒီေတာ့ ေတာင္အရပ္ကိုသာဆင္းေျပးဗ်ာ၊ လူေတြေျပာၾကတဲ့ အေၾကအရပ္ေပါ့ဗ်”

ရာဂ်တ္ေျပာတာကိုနားေထာင္ၿပီး ဦးဘသာက စိတ္ဆိုးသြားတယ္။

“ရာဂ်တ္၊ မင္းက ငါ့ကိုဝရမ္းေျပးျဖစ္ေအာင္လုပ္တာလား”

ရာဂ်တ္က ေခါင္းခါၿပီး

“ကြၽန္ေတာ္ေျပာတာကိုနားေထာင္ပါ အကိုႀကီးရာ၊ အကိုႀကီးအမႈအေၾကာင္းကို ကြၽန္ေတာ္စုံစမ္းၿပီးသြားၿပီ၊ ဒီအတိုင္းဆိုရင္ အကိုႀကီးမလြယ္ဘူး၊ အကိုႀကီးလြတ္ဖို႔လမ္းမရွိဘူးဗ်၊ ကြၽန္ေတာ္ေျပာတာကိုနားေထာင္ပါ၊ အကိုႀကီးေျခခ်ဳပ္ေျဖၿပီးေတာ့ ေအာက္ျပည္ကိုေျပးပါေတာ့၊ အခ်ိန္ၾကာလာရင္ေတာ့ အကိုႀကီးမွန္တယ္ဆိုတာ လူေတြသိလာမွာပါ”

ဦးဘသာက ေဆးရည္ပုလင္းကေလးကို အေရွ႕က စားပြဲေပၚကိုခ်ေပးလိုက္ၿပီး

“ေတာ္ၿပီရာဂ်တ္၊ ငါမင္းဆီကိုလာတာ ဒီေဆးရည္ေၾကာင့္လာခဲ့တာမဟုတ္ဘူး၊ ငါကေတာ့ သူရဲေဘာေၾကာင္ၿပီးထြက္ေျပးဖို႔အစီအစဥ္မရွိဘူး၊ ဒါေတြငါလုပ္ခဲ့တာမဟုတ္ဘူး၊ ငါအျပစ္ကင္းတယ္၊ ငါအျပစ္ကင္းတာကို ေကာင္စီကလူေတြအားလုံးသိေအာင္လို႔ ေဖာ္ထုတ္ျပမယ္၊ ဒီအတြက္ မင္းရဲ႕အကူအညီလိုလို႔ လာခဲ့တာ”

ကုလားႀကီးရာဂ်တ္က စိတ္မေကာင္းျဖစ္သြားတဲ့ပုံစံနဲ႔။

“ကြၽန္ေတာ္ဆိုလိုတာလည္း ဒီလိုသေဘာမဟုတ္ပါဘူး အကိုႀကီးရာ၊ ကြၽန္ေတာ္က အကိုႀကီးအတြက္ပဲ ေတြးၿပီးလုပ္ခဲ့တာပါ”

“ငါမင္းကိုအျပစ္မတင္ပါဘူးရာဂ်တ္၊ မင္းက သေဘာ႐ိုးနဲ႔လုပ္တာကို ငါလက္ခံပါတယ္”

“ဒါဆို ကြၽန္ေတာ္ဘယ္လိုကူညီရမလဲ အကိုႀကီး”

“ေကာင္စီကို စံအိမ္ငါးခုက ေခါင္းေဆာင္ေတြနဲ႔ဖြဲ႕စည္းထားတယ္မဟုတ္လား၊ ဒီစံအိမ္ငါးခုထဲမွာ မင္းတို႔ရာဂ်ာစံအိမ္လည္းတစ္ခုပါတယ္ေလကြာ၊ ဒီေတာ့ အခုမင္းတို႔စံအိမ္ရဲ႕ ေကာင္စီလူႀကီးျဖစ္ေနတဲ့လူကို မင္းကငါ့အေၾကာင္းနည္းနည္းပါးပါးေျပာျပရမယ္၊ တကယ္ေတာ့ ငါက အဲဒီရာဂ်ာစံအိမ္နဲ႔လည္း အမ်ိဳးေတာ္စပ္တယ္မဟုတ္လား”

“ဟုတ္ကဲ့၊ အခုစံအိမ္ကေန ေ႐ြးခ်ယ္ထားတဲ့ေကာင္စီလူႀကီးက ကြၽန္ေတာ့္အသိပါ၊ ကြၽန္ေတာ္နဲ႔လည္းအရမ္းခင္ပါတယ္၊ သူ႔ကိုကြၽန္ေတာ္ေျပာလိုက္ပါ့မယ္”

“ေနာက္တစ္ခုကေတာ့ ငါ့အမႈအတြက္ ေရွ႕ေနတစ္ေယာက္လိုခ်င္တယ္”

ကုလားႀကီးရာဂ်တ္က ေခါင္းခါျပၿပီးေတာ့

“ေရွ႕ေနရဖို႔ကေတာ့ လြယ္ေတာ့မလြယ္ဘူးအကိုႀကီး၊ ဒါေပမယ့္ ကြၽန္ေတာ္နဲ႔အသိေရွ႕ေနတစ္ေယာက္ေတာ့ရွိတယ္”

“မင္းရဲ႕ေရွ႕ေနက ေကာင္းရဲ႕လား”

ရာဂ်တ္က သူ႔စားပြဲခုံကိုသြားၿပီးေတာ့ အံဆြဲတစ္ခုကိုဖြင့္လိုက္တယ္ဗ်၊ ေနာက္ေတာ့ လိပ္စာကတ္ျပားအျဖဴေလးတစ္ခုကိုယူလာတယ္၊ ေနာက္ေတာ့ ဦးဘသာဆီကိုလွမ္းေပးတယ္၊ က်ဳပ္လည္းသိခ်င္တာနဲ႔ ဦးဘသာလက္ထဲက လိပ္စာကတ္ကိုဖတ္လိုက္တယ္။

“ေရွ႕ေန ေဒၚေဗဒါရီ ဆိုပါလား”

ရာဂ်တ္က ေခါင္းညိတ္ရင္း

“ၿမိဳင္သာမွာေတာ့ အေကာင္းဆုံးေရွ႕ေနပဲဗ်၊ ဘယ္ေလာက္ေတာ္သလဲဆိုရင္ သူလိုက္လို႔မႏိုင္တဲ့အမႈမရွိေသးဘူးတဲ့ဗ်ာ၊ ေတာ္ေတာ္လည္း လည္လည္ပတ္ပတ္စကားေျပာတတ္တဲ့သူဗ်၊ ကြၽန္ေတာ္နဲ႔ အေတာ္ကေလးခင္တယ္၊ အကိုႀကီးသူ႔ကိုသြားရွာလိုက္ပါ”

ဦးဘသာက ေခါင္းညိတ္ၿပီးေတာ့ မတ္တပ္ထရပ္လိုက္တယ္ဗ်။

“ေကာင္းပါၿပီ၊ ရာဂ်တ္၊ မင္းကိုငါေက်းဇူးတင္ပါတယ္”

“ေျပာမေနပါနဲ႔ေတာ့အကိုႀကီးရာ၊ ကြၽန္ေတာ္အခုကူညီရတာက အကိုႀကီးကြၽန္ေတာ့္ကို ကူညီခဲ့ရတာထက္စာရင္ ဘာမွမေျပာပေလာက္ပါဘူးဗ်ာ”

ဦးဘသာနဲ႔က်ဳပ္လည္း ရာဂ်တ္ရဲ႕႐ုံးခန္းထဲကေန ျပန္ထြက္လာခဲ့ၾကတာေပါ့ဗ်ာ။

(၉)

ၿမိဳင္သာၿမိဳ႕မွာ ရပ္ကြက္ေျခာက္ခုရွိတယ္ဗ်၊ ပန္းဆြဲရပ္ကြက္၊ ၿမိဳ႕မရပ္ကြက္၊ ေဈးပိုင္းရပ္ကြက္၊ ကုန္းသာရပ္ကြက္၊ ေခ်ာင္းဝရပ္ကြက္နဲ႔ ဘုရားကုန္းရပ္ကြက္ေပါ့ဗ်ာ၊ ဘုရားကုန္းဆိုတာကေတာ့ ၿမိဳင္သာၿမိဳ႕ရဲ႕က်က္သေရေဆာင္ ေ႐ႊျမင္တင္ဘုရားရွိတဲ့ရပ္ကြက္ေပါ့ဗ်ာ၊ လူေနအိမ္ထက္ ဘုန္းႀကီးေက်ာင္းေတြ၊ ဆိုင္ခန္းေတြပိုမ်ားပါတယ္၊ ေခ်ာင္းဝရပ္ကြက္ကေတာ့ ၿမိဳင္သာၿမိဳ႕အထြက္နားက ေရေခ်ာင္းႀကီးရဲ႕နံေဘးမွာ တည္ထားတဲ့ရပ္ကြက္ပါ၊ အဲဒီမွာက ဆင္းရဲသားေတြ၊ ပ်ံက်ေတြေနတာမ်ားတယ္ဗ်၊ ကုန္းသာရပ္ကြက္ဆိုတာကေတာ့ ၿမိဳင္သာၿမိဳ႕ေျမာက္ဘက္က ေတာင္ကုန္းျမင့္ျမင့္ကေလးကိုေခၚတာပါ၊ အဲဒီမွာေတာ့ အိမ္ႀကီးအိမ္ေကာင္းေတြမ်ားတယ္၊ ဆိတ္ၿငိမ္ရပ္ကြက္လို႔ေခၚရမယ္ထင္ပါ့ဗ်ာ၊ ေဈးပိုင္းရပ္ကြက္ကေတာ့ နာမည္အတိုင္း ၿမိဳင္သာေဈးႀကီးရွိတဲ့ရပ္ကြက္ကိုေျပာတာပါ၊ လူစည္ကားတဲ့ေဈး႐ုံႀကီးနဲ႔ လမ္းေဘးပ်ံက်ေဈးေလးေတြရွိၿပီး စီးပြားေရးလုပ္ငန္းေတြ ေတာ္ေတာ္မ်ားမ်ားရွိတယ္၊ ၿမိဳ႕မရပ္ကြက္ကေတာ့ ၿမိဳ႕အလယ္ကရပ္ကြက္ေပါ့ဗ်ာ၊ ၿမိဳင္သာမွာဆိုရင္ သူေဌးေတြေနၾကတဲ့ရပ္ကြက္ႀကီးေပါ့၊ ပန္းဆြဲရပ္ကြက္ကေတာ့ ဆင္ေျခဖုံးရပ္ကြက္ဗ်၊ ကိုမ်ိဳးႀကီးတို႔ ေနတဲ့ရပ္ကြက္ေပါ့ဗ်ာ။

“ဦးဘသာ၊ ေဒၚေဗဒါရီက ဘယ္ရပ္ကြက္မွာေနတာလဲဗ်”

“ကုန္းသာရပ္ကြက္၊ ၿခံနံပါတ္ ေျခာက္ဆယ့္ခုနစ္တဲ့ကြ၊ တို႔ေတြနဲ႔ေတာ့ နည္းနည္းလွမ္းေသးတယ္ကြာ၊ သြားၾကစို႔”

က်ဳပ္နဲ႔ဦးဘသာလည္း လမ္းေလွ်ာက္လာခဲ့တယ္ဗ်၊ ေဈးပိုင္းရပ္ကိုျဖတ္ေတာ့ ညေဈးကေလးက စည္ေတာင္စည္ေနပါၿပီဗ်ာ၊ ထမင္းဟင္းဆိုင္ေတြေတြ႕ေတာ့ က်ဳပ္လည္းႏႈတ္ခမ္းသပ္မိသားဗ်၊ တစ္ေန႔လုံးဟိုေျပးဒီေျပးနဲ႔သြားေနရတာ အခုထက္ထိ ေန႔လည္စာဆိုတာေတာင္ ဘာမွန္းမသိေသးပါဘူးဗ်ာ၊ ဦးဘသာလည္း ဒါကိုရိပ္မိတယ္ထင္ပါရဲ႕။

“ညေဈးမွာ စားေကာင္းတာက ထမင္းေၾကာ္ကြ၊ လာကြာ စားသြားၾကရေအာင္”

ထမင္းေၾကာ္ဆိုင္ကိုထိုင္လိုက္တယ္ဆိုရင္ပဲ ဦးဘသာက ဘဲဥဟင္းနဲ႔ထမင္းေၾကာ္စားသဗ်ာ၊ က်ဳပ္ကေတာ့ ဝက္သားဟင္းနဲ႔စားတာေပါ့၊ ထမင္းေၾကာ္က ဦးဘသာေျပာတဲ့အတိုင္း စားလို႔ေကာင္းမွေကာင္းပဲဗ်ာ၊ က်ဳပ္လည္း ဦးဘသာကိုၾကည့္ရင္း

“ဒီေန႔ကေတာ့ထူးတယ္ဗ်ာ၊ မနက္ကလည္း ကိုမ်ိဳးႀကီးေကြၽးတဲ့ ထမင္းေၾကာ္နဲ႔စားခဲ့ရၿပီး အခုညေရာက္ေတာ့လည္း ထမင္းေၾကာ္နဲ႔ ႏွစ္ပါးသြားရျပန္ပါလား”

“ေအး၊ ဟုတ္ေတာ့ဟုတ္တယ္ကြ”

“ဒါနဲ႔ က်ဳပ္မရွင္းလို႔ ေမးခ်င္တယ္ဦးဘသာ၊ ခုနက ဦးရာဂ်တ္က ဦးဘသာက သူ႔အေပၚေက်းဇူးေတြရွိတယ္လို႔ေျပာတာ ဘာကိုေျပာတာလဲ”

“ဒီလိုကြ၊ မင္းကို ရွင္းေအာင္ေျပာျပရရင္ေတာ့ ငါ့အေမေဒၚပ်င္းက လင္ေပ်ာက္ကုန္းမွာ အထက္လမ္းဂိုဏ္းတစ္ဂိုဏ္းလုံးကို သတ္ပစ္လိုက္ေတာ့ ႐ြာကေန အႏွင္ခံရပါေရာကြာ၊ အဲဒီမွာ ၿမိဳင္သာကိုေရာက္လာသကြ၊ ၿမိဳင္သာေရာက္တာနဲ႔ တစ္ရက္ႏွစ္ရက္ပဲၾကတယ္၊ ဒီၿမိဳ႕က ၿမိဳ႕ခံ ကုလားႀကီးဦးဘာဘူနဲ႔ ယူလိုက္ၾကပါေရာကြာ”

“ဗ်ာ၊ အဲဒါတကယ္လား”

“တကယ္ေပါ့ကြ၊ ဦးဘာဘူဆိုေတာ့ ၿမိဳင္သာက ရာဂ်ာမိသားစုရဲ႕ သားအႀကီးဆုံးကြ၊ ရာဂ်ာမိသားစုဆိုတာ မိသားစုလိုက္စုန္းမ်ိဳး႐ိုးေတြ၊ ငါ့အထင္ေတာ့ ငါ့အေမ ဦးဘာဘူနဲ႔ယူလိုက္တာ အေၾကာင္းႏွစ္ခုေၾကာင့္လို႔ထင္တယ္”

“ဘာအေၾကာင္းေၾကာင့္လဲဗ်ာ”

“တစ္ခုကေတာ့ ေကာင္စီအဖြဲ႕ဝင္မိသားစုနဲ႔မိတ္ဖြဲ႕တဲ့အခ်က္ပဲ၊ ေနာက္တစ္ခ်က္ကေတာ့ ရာဂ်ာမိသားစုက ပညာေတြလိုခ်င္လို႔ထင္တယ္”

“ဒါဆို အဲဒီဦးဘာဘူနဲ႔ေရာ သားသမီးမထြန္းကားဘူးလား”

ဦးဘသာက ေခါင္းခါရင္း

“ရမလားကြ၊ ဦးဘာဘူက ငါ့အေမကိုယူေတာ့ျဖင့္ အသက္က ခုနစ္ဆယ္ေက်ာ္ေနၿပီ၊ သူ႔သားအႀကီးဆုံးေတာင္မွ အသက္ငါးဆယ္ျဖစ္ေနၿပီကြ၊ ဦးဘာဘူဆီမွာ သားခုနစ္ေယာက္ရွိတယ္ကြ၊ ဦးဘာဘူကိုယ္တိုင္ကလည္း ပန္းပဲပညာကိုေတာ္ေတာ္ကြၽမ္းကြၽမ္းက်င္က်င္တတ္သလို သားေတြကိုလည္း ပန္းပဲပညာေတြသင္ေပးခဲ့တာေပါ့ကြာ၊ အဲဒါနဲ႔ၿမိဳင္သာမွ အခုထိပန္းပဲအလုပ္ကို သူ႔သားေတြေျမးေတြက ဆက္လုပ္ေနၾကပါေရာ”

“က်ဳပ္သိၿပီ၊ ဒါဆိုရင္ ခုနကေဆးေရာင္းတဲ့ ရာဂ်တ္က အဲဒီရာဂ်ာမိသားစုက မဟုတ္လား”

ဦးဘသာက ေခါင္းခါၿပိးေတာ့

“နီးေတာင္မနီးစပ္ဘူးကြ၊ ငါၿမိဳင္သာေရာက္ေတာ့ ဦးဘာဘူက ငါ့ကိုေက်ာင္းထားေပးတယ္၊ အဲဒီမွာ ကုလားမမာယာနဲ႔ ေက်ာင္းအတူတူတက္ရသကြ၊ မာယာဆိုတာ ခုနက ဦးဘာဘူရဲ႕သားအငယ္ဆုံး ဦးရာဂ်ာရဲ႕သမီးကြ၊ ငါတို႔ေက်ာင္းတက္ရင္းနဲ႔ ေက်ာင္းမွာ ရာဂ်တ္ကိုခင္မင္ၾကတာ၊ အလယ္တန္းတက္ေတာ့ ရာဂ်တ္နဲ႔မာယာနဲ႔က ခ်စ္သူေတြျဖစ္ေနၾကၿပီေပါ့ကြာ”

“ဟာဗ်ာ၊ ဒီလူေတာ္ေတာ္စြမ္းတာပဲဗ်၊ အလယ္တန္းနဲ႔ ခ်စ္သူေတာင္ရေနၿပီဗ်ာ၊ က်ဳပ္ျဖင့္ အခုအသက္အ႐ြယ္အထိေတာင္ ခ်စ္သူတစ္ေယာက္မရေသးဘူး”

ဦးဘသာက က်ဳပ္ကိုမ်က္ေစာင္းထိုးၾကည့္ရင္း

“အလတ္ေကာင္တို႔မ်ား စကားေကာင္းၿပီဆို ထေဖာက္လာၿပီ၊ အဲဒီေခတ္က လူေတြက အသက္ႀကီးမွေက်ာင္းတက္ရတာကြ၊ အလယ္တန္းတက္တဲ့အခ်ိန္မွာ မာယာက အပ်ိဳႀကီးဖားဖားျဖစ္ေနၿပီကြ၊ ရာဂ်တ္လည္း ဒီအတိုင္းပဲ၊ မာယာနဲ႔ရာဂ်တ္ႀကိဳက္ေနတာကို ဦးဘာဘူေရာ၊ မာယာအေဖ ဦးရာဂ်ာေရာ သေဘာမတူဘူးကြ၊ ဘာလို႔လဲဆိုေတာ့ မာယာက ေဆြႀကီးမ်ိဳးုႀကီးထဲက ရာဂ်တ္တို႔မိသားစုက ဟိုးေခ်ာင္းကမ္းေဘးမွာ သူမ်ားအဝတ္ေတြေလွ်ာ္ေပးရတဲ့ ဒိုဘီေတြက ဒီေတာ့ဘယ္သေဘာတူမလဲ”

“ဒါနဲ႔၊ အခုေတာ့ လင္မယားျဖစ္ေနၿပီမဟုတ္လား”

“အဲဒါက ငါကူညီလို႔ပါကြာ၊ ရာဂ်ာမိသားစုက ေမွာ္ပညာစုန္းပညာမတတ္တဲ့လူကို ေဆြမ်ိဳးထဲမသြင္းဘူးတဲ့ကြ၊ ဒါနဲ႔ ငါလည္း ရာဂ်တ္ကိုဖြင့္ေျပာေတာ့ သူ႔ကိုပညာသင္ေပးဖို႔ေျပာတယ္၊ ငါလည္း ရာဂ်တ္ကိုသနားတာနဲ႔ စုန္းပညာတစ္မ်ိဳးသင္ေပးလိုက္တယ္ကြ၊ စုန္းပညာေတြထဲမွာ သင္ရအလြယ္ဆုံးကေတာ့ ေဆးေဖာ္တဲ့အတတ္ပဲကြ၊ တျခားပညာေတြက ပညာအေျခခံတို႔ဘာတို႔လိုေသးတယ္၊ ေဆးေဖာ္တာက်ေတာ့ ေဟာဒီေဆးကို ေဟာဒီရာခိုင္ႏႈန္းထည့္ၿပီးက်ိဳဆိုရင္ ၿပီးတာပဲ၊ ၿပီးသြားေတာ့မွ မႏၲန္ကေလးအုပ္ရတာေပါ့ကြာ၊ သုံးႏွစ္သုံးမိုးေလာက္ သင္ေပးတဲ့အၿပီးမွာေတာ့ ရာဂ်တ္တစ္ေယာက္ ေဆးေဖာ္နည္းေတာ္ေတာ္တတ္သြားတယ္ကြ”

“ဒါေၾကာင့္ သူကေဆးဆိုင္ဖြင့္စားတာကိုး”

“ဒါေပါ့ကြာ၊ ရာဂ်တ္ေဆးေဖာ္တဲ့စုန္းပညာတတ္တယ္ဆိုေတာ့မွ မာယာနဲ႔ေပးစားလိုက္တာ၊ ဒါေၾကာင့္ သူတို႔လင္မယားအေပၚမွာ ငါ့ေက်းဇူးေတြအမ်ားႀကီးရွိတယ္လို႔ေျပာတာ”

“က်ဳပ္သေဘာေပါက္ပါၿပီဗ်ာ၊ ဒါနဲ႔ ခုနက ေဒၚဝတုတ္ဆိုလား၊ အဲဒါကေတာ့ ဘယ္သူလဲ”

“စားၿပီးရင္လည္း သြားစို႔ကြာ၊ ခုနစ္နာရီေတာင္ထိုးေတာ့မကြ၊ အခ်ိန္ကမနည္းေတာ့ဘူး၊ ေရွ႕ေနဆီျမန္ျမန္ေရာက္ဖို႔အေရးႀကီးတယ္”

ဒါနဲ႔က်ဳပ္နဲ႔ဦးဘသာလည္း ကုန္းသာရပ္ကြက္ဆီကိုအတူတူေလွ်ာက္လာခဲ့ၾကတာေပါ့ဗ်ာ။ ကုန္းသာရပ္ကြက္က အိမ္ႀကီးၿခံႀကီးေတြနဲ႔ ေနၾကတာဗ်၊ ၿမိဳ႕မရပ္ကြက္မွာလည္း အိမ္ႀကီးေတြရွိတယ္၊ ဒါေပမယ့္ အိမ္ခ်င္းပိုကပ္တယ္၊ ကုန္းသာရပ္ကြက္က်ေတာ့ ၿခံအက်ယ္ႀကီးေတြမ်ားတယ္ဗ်၊ ေတာင္ကုန္းကေလးေပၚေဆာက္ထားတာဆိုေတာ့ က်ဳပ္တို႔လည္း ေတာင္ေပၚကိုတက္လာခဲ့တာေပါ့ဗ်ာ၊ အိမ္နံပါတ္က ေတာင္ေပၚကေနစၿပီးမွတ္တာဆိုေတာ့ က်ဳပ္တို႔သြားမယ့္ အိမ္နံပတ္ ဆယ့္ခုနစ္ဆိုတာ ေတာင္ကုန္းထိပ္နားေလာက္မွာေပါ့ဗ်ာ။

ညနက္ၿပီဆိုေတာ့ လမ္းႀကီးကတိတ္ဆိတ္ေနသဗ်ာ၊ လူသြားလူလာ တစ္ေယာက္ေတာင္မွ မရွိေတာ့ဘူး၊ ဒီရပ္ကြက္မွာေနတဲ့သူေတြကလည္း သူေဌးေတြဆိုေတာ့ တစ္ခုခုအေၾကာင္းရွိရင္ ကားနဲ႔ပဲဝင္ၾကထြက္ၾကတယ္ထင္ပါ့ဗ်ာ၊ လမ္းမီးတိုင္တစ္တိုင္နဲ႔တစ္တိုင္က အေတာ္ေဝးတာမို႔လို႔ ေမွာင္မဲေနတဲ့ လမ္းကိုေလွ်ာက္ၾကရတာေပါ့ဗ်ာ၊ တစ္ေနရာေရာက္ေတာ့ လမ္းေလးခြဆုံကိုေရာက္သြားသဗ်၊ လမ္းဆုံအလယ္မွာ ဓါတ္တိုင္တစ္တိုင္ရွိၿပီးေတာ့ မီးလုံးဝါဝါႀကီးက ထိန္ထိန္လင္းေနတယ္၊ မီးလုံးမွာလည္း ပိုးဖလံေကာင္ေတြက အမ်ားႀကီးအုံခဲေနတာပါပဲဗ်ာ။ အဲဒီလမ္းေလးခြဆုံနားက ဆိုင္းဘုတ္တစ္ခုမွာေတာ့ အိမ္နံပတ္ေတြကို လွမ္းၫႊန္ထားတဲ့ ေျမပုံအေသးေလးေရးဆြဲထားသဗ်။

“ဟာ၊ အခုေရာက္ေနတာ ႏွစ္ဆယ္ဗ်၊ ဒါဆို ဆယ့္ခုနစ္ဆိုရင္ ဟိုလမ္းအလယ္နားေလာက္က အိမ္ပဲဦးဘသာ”

“ေအး၊ သြားၾကတာေပါ့ကြာ”

က်ဳပ္တို႔ေလွ်ာက္မယ္ႀကံတဲ့အခ်ိန္မွာ ထိန္ထိန္လင္းေနတဲ့ မီးလုံးႀကီးက မွိတ္တုတ္မွိတ္တုတ္ျဖစ္သြားတယ္ဗ်၊ ၿပီးေတာ့ အဲဒီမီးလုံးႀကီးက တျဖည္းျဖည္းမွိန္က်သြားၿပီးေတာ့ မီးလုံးအထဲက မီးစာနန္းႀကိဳးကေလး လင္း႐ုံေလာက္ပဲျဖစ္သြားတယ္၊ က်ဳပ္မီးလုံးကို ေမာ့ၾကည့္ေနတုန္း အေနာက္ကေန ႐ြီးခနဲျမည္သံၾကားလိုက္ရတယ္ဗ်၊ ေနာက္ေတာ့ က်ဳပ္ကိုေဆာင့္တြန္းတာခံလိုက္ရၿပီး က်ဳပ္လည္း အေရွ႕ကိုဟပ္ထိုးလဲက်သြားေတာ့တယ္။ ႐ႊီးခနဲပ်ံသန္းလာတဲ့အရာက က်ဳပ္ကိုလြဲၿပီးေတာ့ ခုနက က်ဳပ္ဖတ္ေနတဲ့ ဆိုင္းဘုတ္ကိုထိၿပီး ဆိုင္းဘုတ္က ဝုန္းခနဲေပါက္ကြဲထြက္သြားပါေရာဗ်ာ။

“လုပ္ႀကံတဲ့သူရွိတယ္ေဟ့”

ဦးဘသာအသံကိုၾကားလိုက္ရတယ္ဗ်၊ ေမွာင္ႀကီးမဲႀကီးထဲဆိုေတာ့ ဘာေတြျဖစ္လို႔ ျဖစ္ေနမွန္းကိုမသိပါဘူးဗ်ာ၊ တ႐ြီး႐ြီးအသံေတြက က်ဳပ္တို႔အနားမွာပ်ံဝဲေနသလိုပဲဗ်၊ ေနာက္ေတာ့ တဝုန္းဝုန္းနဲ႔ေပါက္ကြဲတဲ့အသံကိုလည္း ၾကားရေသးတယ္၊ လူေတြေျပးလႊားလႈပ္ရွားေနတဲ့အသံကိုလည္း အတိုင္းသားၾကားေနရတယ္ဗ်၊ ဦးသဘာဆီကေန မီးလုံးႀကီးေတြ ဝင္းခနဲလက္ခနဲထြက္သြားေတာ့မွ ပတ္ဝန္းက်င္ကိုျမင္ရတယ္ဗ်၊ ပုဆိုးၿခဳံထားတဲ့ လူေတြ ေလးငါးေယာက္ကိုေတြ႕ရသဗ်ာ၊ က်ဳပ္လည္းလန႔္ၿပီးေတာ့ ဓါတ္တိုင္ေျခရင္းနားမွာပဲ ငုတ္တုတ္ထိုင္ေနလိုက္ေတာ့တယ္၊ ဦးဘသာက ဓါတ္တိုင္ကိုလက္တစ္ဖက္နဲ႔ကိုင္လိုက္တဲ့အခါ ဓါတ္တိုင္ကမီးလုံးႀကီးက ျပန္ၿပီးေတာ့လင္းထိန္သြားေတာ့တယ္။

ပုဆိုးၿခဳံထားတဲ့လူက ေလးေယာက္ဗ်၊ တစ္ေယာက္ကေတာ့ မ်က္ႏွာကိုအဝတ္နက္စတစ္ခုနဲ႔စည္းထားတယ္၊ အဲဒီလူငါးေယာက္က က်ဳပ္တို႔ကို ဝိုင္းလိုက္ၾကတယ္၊ ဦးဘသာက ဒီလူေတြကိုလက္ညႇိဳးထိုးရင္း

“မင္းတို႔ဘယ္သူေတြလဲ၊ မင္းတို႔ဘာေၾကာင့္ ငါတို႔ကိုတားရတာလဲ”

ဒီလူေတြက ဘာမွမေျပာဘူးဗ်၊ ပုဆိုးၿခဳံထားတဲ့လူေတြက ေလာက္စာလုံးေလာက္ရွိတဲ့ အနက္ေရာင္အလုံးကေလးေတြနဲ႔ ဦးဘသာဆီကိုပစ္ထည့္လိုက္ပါေရာဗ်ာ၊ အဲဒီအလုံးကေလးေတြ ပ်ံသန္းသြားတဲ့အခါ တ႐ႊီး႐ြီးနဲ႔အသံျမည္တယ္၊ အသံကေတာ့ သိပ္မက်ယ္ပါဘူး၊ ပိတုန္းပ်ံတဲ့အသံေလာက္ရွိမယ္ထင္တာပါပဲ။

ဒီအလုံးေလးေတြက ဦးဘသာဆီကိုတန္းတန္းမတ္မတ္သြားတာမဟုတ္ဘူးဗ်၊ တစ္လုံးၿပီးတစ္လုံး ေဝ့ကာဝိုက္ကာနဲ႔ ပ်ံသန္းသြားရင္းနဲ႔မွ ဦးဘသာအနားေရာက္ေတာ့ အရွိန္နဲ႔ေျပးဝင္သြားတာဗ်ာ၊ ဦးဘသာက လက္ဝါးကိုျဖန႔္ၿပီး ဒီအလုံးကေလးေတြကို တားလိုက္တယ္၊ အလုံးကေလးေလးလုံးက ဦးဘသာလက္ဝါးမွာ ကပ္ေနသဗ်။

“မင္းတို႔က ငါ့ကိုသတ္ခ်င္တယ္ေပါ့၊ ဟုတ္သလား”

ဦးဘသာက လက္ကိုတစ္ခ်က္အေရွ႕တြန္းလိုက္တာနဲ႔ အဲဒီအလုံးကေလးေတြက ဝွစ္ခနဲအရွိန္နဲ႔ပ်ံသန္းသြားၿပီးေတာ့ ခုနက ပုဆိုးၿခဳံထားတဲ့ လူေလးေယာက္ကိုသြားထိမွန္တယ္ဗ်၊ ဟိုလူေလးေယာက္လည္း အေနာက္ကိုလြင့္ထြက္ၿပီးေတာ့ ပက္လက္လန္ၿပီးလဲက်သြားေတာ့တာပါပဲဗ်ာ၊ အလယ္က အဝတ္စနက္ပတ္ထားတဲ့လူက အဝတ္စကိုခြၽတ္လိုက္ၿပီးေတာ့ သူ႔ပါးစပ္ႀကီးကိုၿဖဲလိုက္သဗ်ာ၊ ပါးစပ္ႀကီးက ေတာ္ေတာ္ၿပဲၿပဲရယ္ဗ်၊ ၿပီးေတာ့ ပါးစပ္ထဲကေန အာေငြ႕ေတြထြက္လာတယ္။ အဲဒီအာေငြ႕ေတြက ဦးဘသာဆီကိုပ်ံသန္းသြားၿပီးေတာ့ ဦးဘသာရဲ႕ကိုယ္လုံးကိုေဖာက္ဝင္သြားတယ္ဗ်၊ ၿပီးတာနဲ႔ ဦးဘသာဆီကေန အစိမ္းေရာင္အလင္းလုံးကေလးေတြထြက္လာၿပီးေတာ့ ဒီလူရဲ႕ပါးစပ္ထဲကို ဝင္သြားပါေရာဗ်ာ။

က်ဳပ္ဦးဘသာကို ၾကည့္လိုက္ေပမယ့္ ဦးဘသာအေျခအေနက မဟန္ေတာ့ဘူးဗ်၊ သူလည္း ဘာမွမလုပ္တတ္တဲ့ပုံစံပါပဲ၊ အစိမ္းေရာင္အလင္းလုံးကေလးေတြထြက္ေနရာကေန တျဖည္းျဖည္းနဲ႔အစိမ္းေရာင္အလင္းတန္းႀကီးေတြျဖစ္လာတယ္ဗ်ာ၊

“ဦးဘသာ၊ ဒီလူဘာလုပ္ေနတာလဲ”

“ငါ့ဆီက စြမ္းအင္ေတြကိုစုပ္ေနသလိုပဲကြ”

“ဟာဗ်ာ၊ ဒီလူကိုတစ္ခုခုျပန္လုပ္လိုက္ေလဗ်ာ”

“မျဖစ္ဘူးကြ၊ ဒီလိုအခ်ိန္မွာ ပညာသုံးလိုက္ရင္ပိုဆိုးသြားလိမ့္မယ္၊ ပညာတစ္ခုခုသုံးလိုက္ရင္ ငါ့အစြမ္းေတြကို လမ္းစဖြင့္ေပးသလိုမ်ိဳးျဖစ္သြားလိမ့္မယ္ကြ”

ဦးဘသာက အံကိုႀကိတ္ထားတယ္ဗ်။ က်ဳပ္လည္းဘာလုပ္ရမွန္းမသိတာနဲ႔ ေျမႀကီးကိုၾကည့္လိုက္ေတာ့ လက္သီးဆုပ္မရွိတရွိ ေက်ာက္တုံးတစ္တုံးေတြ႕လိုက္ရသဗ်၊ ကတၱရာလမ္းေဘးမွာ ေတြ႕ရတဲ့ေက်ာက္တုံးေျပာင္ေျပာင္ေခ်ာေခ်ာေပါ့၊ က်ဳပ္လည္း အဲဒီေက်ာက္တုံးကိုေကာက္ယူလိုက္ၿပီးေတာ့ ပါးစပ္ၿဖဲေနတဲ့လူဆီကို အသာမွန္းၾကည့္လိုက္တယ္ဗ်၊ ၿပီးေတာ့ အားနဲ႔ပစ္ထည့္လိုက္ပါေရာဗ်ာ။

အပင္ေပၚက်န္ေနတတ္တဲ့ ဥသွ်စ္သီးမွည့္ေတြ၊ ဆီးသီး၊ ေဂြးသီးေတြကို ပစ္ခ်ေနက်လက္ဆိုေတာ့လည္း လက္မွန္းကတည့္သဗ်၊ က်ဳပ္ပစ္လိုက္တဲ့ေက်ာက္တုံးက ဒီလူရဲ႕ပါးစပ္ထဲကို တန္းတန္းမတ္မတ္သြားထိတယ္ဗ်ာ၊ ခြပ္ခနဲအသံႀကီးကိုက အားရစရာႀကီးဗ်ာ၊ ဒီလူလည္း ေက်ာက္ခဲထိသြားေတာ့ အေနာက္ကိုခုန္ဆုတ္လိုက္တယ္ဗ်၊ သူ႔ပါးစပ္ကိုလည္း သူ႔လက္နဲ႔အုပ္ကိုင္ထားတယ္၊ ဒီအခ်ိန္မွ ဦးဘသာက ဒီလူကို အျပာေရာင္အလင္းလုံးႀကီးတစ္လုံးနဲ႔ ပစ္ထည့္လိုက္ေတာ့ ဒီလူကိုသြားထိၿပီး ဝုန္းခနဲေပါက္ကြဲသြားသဗ်ာ၊ ေပါက္ကြဲၿပီးတာနဲ႔ ဒီလူက သူဝတ္ထားတဲ့ပုဆိုးနဲ႔ သူ႔ကိုယ္သူအုပ္ခ်လိုက္ေတာ့တယ္၊ ပုဆိုးကကြင္းလုံးကြၽတ္ႀကီးျဖစ္သြားၿပီးေတာ့ ဒီလူလည္းေပ်ာက္ခ်င္းမလွ ေပ်ာက္သြားေတာ့တာပါပဲဗ်ာ။

ဒီလူေျပးၿပီးေတာ့ ပုဆိုးၿခဳံထားတဲ့လူေလးေယာက္က မတ္တပ္ထရပ္လာသဗ်၊ ဒါနဲ႔ ဦးဘသာ ဒီလူေတြဆီကို မီးပြားကေလးေတြနဲ႔လွမ္းပစ္ထည့္လိုက္တာပါပဲဗ်ာ၊ ျခင္ေဆးမီးလို မီးပြားကေလးက ဒီလူေလးေယာက္ကိုထိေတာ့ ဒီလူေတြကိုယ္လုံးမွာ မီးေတာ္ေတြေတာက္ကုန္တယ္ဗ်၊ ဒီလူေလးေယာက္က လမ္းေပၚမွာ ေသြး႐ူးေသြးတန္းနဲ႔ေျပးေနၾကတယ္၊ မီးေတာက္ေတြက သူတို႔ကိုယ္ခႏၶာေတြအကုန္လုံးကို တဟုန္းဟုန္းနဲ႔ေတာက္ေလာင္ေနၿပီး တစ္မိနစ္ေတာင္မၾကာေသးခင္မွာပဲ ဒီလူေလးေယာက္စလုံး လမ္းေပၚကိုလဲက်ၿပီးေတာ့ ျပာျဖစ္သြားတာပါပဲဗ်ာ။

“ဟာ၊ ဦးဘသာ ဘာလို႔ဒီလူေတြကို သတ္ပစ္လိုက္ရတာလဲဗ်”

“ဒါလူေတြမဟုတ္ပါဘူး အလတ္ေကာင္ရာ”

က်ဳပ္လည္း ျပာျဖစ္သြားတဲ့လူကိုေျခေထာက္နဲ႔နင္းၾကည့္ေတာ့ လူအသားေတြအ႐ိုးေတြမေတြ႕ရဘဲ မီးေလာင္ထားတဲ့ ပုဆိုးစေတြကိုပဲေတြ႕ရတယ္ဗ်။

“ဒါဘာေတြလဲ”

“ကိုယ္ပြားလုပ္ထားတာကြ၊ လူဝတ္ထားတဲ့ပုဆိုးကို ကိုယ္ပြားအျဖစ္အသက္သြင္းၿပီး ခိုင္းေစတာေပါ့ကြာ”

“ဟာ၊ ေတာ္ေတာ္ေကာင္းတဲ့ပညာပါလား၊ ဦးဘသာေရာ ဒီလိုပညာတတ္သလားဗ်ာ၊ ဒီလိုကိုယ္ပြားခိုင္းလို႔ရရင္ေတာ့ ကိုယ္ေတြအမ်ားႀကီးပြားၿပီး လယ္ထြန္ခိုင္းမယ္၊ ေကာက္စိုက္ခိုင္း၊ ေကာက္ရိတ္ခိုင္းမယ္ဗ်ာ”

“မင္းကေတာ့ ေတာ္ေတာ္ႀကံႀကံဖန္ဖန္ေတြးတတ္တဲ့ေကာင္ပဲကြ၊ ဒီပညာဆိုတာ အဆင့္ျမင့္တဲ့ ကေဝေတြမွ တတ္တဲ့ပညာကြ၊ ဒီလိုခက္ခဲတဲ့ပညာကို မင္းမို႔လို႔ လယ္ထဲမွာသုံးခ်င္တယ္ကြာ၊ အံ့ပါရဲ႕”

“ဒါနဲ႔ ခုနကလူကဘယ္သူလဲ”

“ဒါေတာ့ ငါလည္းသိမလားဟ၊ ဘာပဲျဖစ္ျဖစ္ ငါတို႔ကိုေႏွာင့္ယွက္တဲ့လူ ရွိေနတာေတာ့အမွန္ပဲကြ၊ လာေဟ့ ေရွ႕ေနမႀကီးဆီကို ျမန္ျမန္သြားရေအာင္”

ဦးဘသာနဲ႔က်ဳပ္လည္း အဲဒီေနရာကေန ခပ္ျမန္ျမန္ထြက္လာခဲ့ၾကတာေပါ့ဗ်ာ၊ ဦးဘသာအေရွ႕ကေနသြားေတာ့ က်ဳပ္လည္း အေနာက္ကေနလိုက္ခဲ့တာေပါ့၊ ေျမေပၚျပန႔္က်ဲေနတဲ့ ပုဆိုးအစအနေတြကိုၾကည့္ရင္း ေလွ်ာက္လာတုန္း ေျမႀကီးေပၚမွာ ဝင္းဝင္းလက္လက္ကေလးတစ္ခုေတြ႕လိုက္တယ္ဗ်၊ ဒါနဲ႔ေကာက္ယူၿပီးၾကည့္လိုက္ေတာ့

“ဟာ၊ ေ႐ႊဗ်၊ ေ႐ႊအစစ္၊ ဒီလိုေနရာမွာ ဘယ္သူကမ်ား ေ႐ႊတိုေ႐ႊစေတြ က်ခဲ့ပါလိမ့္”

က်ဳပ္လည္း ေ႐ႊစကေလးကို အိတ္ကပ္ထဲထည့္ၿပီး ခပ္လွမ္းလွမ္းေရာက္ေနတဲ့ ဦးဘသာအေနာက္ကိုေျပးလိုက္ခဲ့ပါေရာ။

(၁၀)

ၿခံအမွတ္ တစ္ဆယ့္ခုနစ္က ၿခံက်ယ္ႀကီးတစ္ခုဗ်၊ ၿခံတံခါးကေန လွမ္းၾကည့္ရင္း ကုန္းျမင့္ျမင့္ေပၚမွာေဆာက္ထားတဲ့ ႏွစ္ထပ္တိုက္အိမ္ႀကီးကိုေတြ႕ရတယ္ဗ်၊ က်ဳပ္က အိမ္ကိုေအာ္ေခၚမလို႔လုပ္ေနတဲ့အခ်ိန္ ဦးဘသာက ၿခံတံခါးအုတ္တိုင္မွာတပ္ထားတဲ့ ဘုသီးကေလးတစ္ခုကို ႏွိပ္လိုက္တယ္ဗ်။ က်ဳပ္ေတာ့အဲဒါကိုတစ္ခါမွ မျမင္ဖူးဘူး။

“ဒါ လူေခၚေခါင္းေလာင္းလို႔ေခၚတယ္ကြ၊ ဒီကခလုပ္ကိုႏွိပ္လိုက္ရင္ သူက အိမ္ထဲမွာရွိတဲ့ေခါင္းေလာင္းကို သြားျမည္ေစတယ္ကြ”

“ဆန္းလိုက္တာဗ်ာ၊ စုန္းပညာနဲ႔မ်ားလုပ္ထားတာလား”

“မဟုတ္ပါဘူးကြာ၊ ဝါယာႀကိဳးနဲ႔အထဲကိုဆက္ထားတာပါကြ”

က်ဳပ္လည္း သုံးေလးခ်က္ေလာက္ ဆက္ႏွိပ္ၾကည့္တယ္ဗ်၊ ခဏၾကာေတာ့ ေသာ့ခတ္ထားတဲ့ၿခံတံခါးႀကီးက ဂ်ိန္းခနဲတစ္ခ်က္ျမည္သြားတယ္ဗ်၊ ၿခံတံခါးကိုခတ္ထားတဲ့ တံခါးခ်က္ႀကီးက သူ႔အလိုလိုပြင့္ထြက္သြားတာကိုျမင္လိုက္ရတယ္၊ ၿပီးေတာ့ ၿခံတံခါးက လူတစ္ဝင္စာ သူ႔အလိုလိုပြင့္သြားပါေရာဗ်ာ၊ ဦးဘသာက ၿပဳံးရင္း

“ဒါကေတာ့ စုန္းပညာနဲ႔လုပ္ထားတာေဟ့”

က်ဳုပ္နဲ႔ဦးဘသာ ၿခံထဲကိုဝင္လိုက္ေတာ့ ၿခံတံခါးက သူ႔အလိုလိုေစ့သြားတယ္ဗ်၊ ၿပီးေတာ့ သံနဲ႔လုပ္ထားတဲ့ခ်က္ႀကီးက သူ႔အလိုလိုထိုးသြားၿပီးေတာ့ ေၾကးေသာ့ႀကီးကလည္း သူ႔အလိုလိုခေလာက္ခနဲ ခတ္သြားတယ္ဗ်၊ စုန္းကေဝနဲ႔ဆိုင္တဲ့ေရွ႕ေနဆိုေတာ့လည္း စုန္းပညာေတာ့တတ္ေလာက္မွာဗ်၊ ဒါနဲ႔ ဦးဘသာအေနာက္ကို ခပ္သုတ္သုတ္လိုက္သြားလိုက္တာေပါ့၊ ဦးဘသာက အိမ္တံခါးကိုေခါက္မလို႔လုပ္ေနတဲ့အခ်ိန္မွာပဲ ကြၽန္းသားအိမ္တံခါးႀကီးက သူ႔အလိုလိုပြင့္သြားတယ္ဗ်။ အိမ္တံခါးႀကီးက ကြၽန္းျပားႀကီးကိုမွ ကႏုတ္ပန္းေတြ၊ အ႐ုပ္ေတြထြင္းထားတာ လွလိုက္တာဗ်ာ၊ အိမ္တံခါးအတိုင္း က်ဳပ္တို႔ဝင္လာလိုက္ေတာ့ ကြၽန္းဆက္တီခုံႀကီးေတြခ်ထားတယ္၊ ခုံတစ္ခုံမွာ မိန္းကေလးတစ္ေယာက္က ထိုင္ရင္း စာအုပ္တစ္အုပ္ကိုဖတ္ေနသဗ်။

က်ဳပ္နဲ႔ဦးဘသာဝင္လာေတာ့ ဒီမိန္းကေလးက က်ဳပ္တို႔ကိုေမာ့ၾကည့္ရင္း

“ဦးေလးတို႔ေရာက္လာၾကၿပီကိုး၊ ထိုင္ၾကပါရွင္”

က်ဳပ္နဲ႔ဦးဘသာလည္း အနားကဆက္တီခုံမွာထိုင္လိုက္မိတယ္ဗ်၊ ဒီမိန္းကေလးကို က်ဳပ္တအံ့တၾသနဲ႔ၾကည့္ေနမိတယ္။

“က်ဳပ္၊ က်ဳပ္ခင္ဗ်ားကိုျမင္ဖူးတယ္ဗ်”

က်ဳပ္က လက္ညႇိဳးထိုးၿပီးေျပာလိုက္ေတာ့ မိန္းကေလးကက်ဳပ္ကို စိုက္ၾကည့္ရင္း

“ရွင္လူမွားတာျဖစ္ပါလိမ့္မယ္၊ ရွင့္ကိုကြၽန္မ တစ္ခါမွ မျမင္ဖူးဘူး”

“မဟုတ္ပါဘူးဗ်ာ၊ ခင္ဗ်ားက မမွတ္မိေပမယ့္ က်ဳပ္ကမွတ္မိပါတယ္၊ က်ဳပ္က ခင္ဗ်ားလိုမိန္းမေခ်ာ မိန္းမလွကေလးေတြဆိုရင္ေတာ့ ဓါတ္ပုံ႐ိုက္ထားသလို အာ႐ုံထဲစြဲေနတာဗ်၊ ဘယ္မွာျမင္ဖူးပါလိမ့္ဗ်ာ”

က်ဳပ္လည္း ခဏစဥ္းစားရင္း

“ဟာ၊ ဟုတ္ၿပီ၊ ခင္ဗ်ားက က်ဳပ္ေဆးလိပ္ဆိုင္မွာေတြ႕ခဲ့တဲ့ မိန္းကေလးပဲဗ်”

္မိန္းကေလးက က်ဳပ္ကိုမ်က္ေစာင္းထိုးၾကည့္ရင္း

“ဘာေဆးလိပ္ဆိုင္လဲ၊ ရွင္ဘာေတြလာေျပာေနတာလဲဆိုတာ ကြၽန္မမသိေတာ့ဘူး”

ဦးဘသာက က်ဳပ္ကိုလက္ကုပ္ရင္း

“မင္းကိစၥအသာထားစမ္းပါအလတ္ေကာင္ရာ”

ဦးဘသာေျပာလို႔ က်ဳပ္ပါးစပ္ပိတ္လိုက္ရေတာ့တယ္ဗ်၊ ဦးဘသာက ဒီမိန္းကေလးကိုၾကည့္ရင္း

“ဒီေကာင္ေလးေျပာတာ ေဗြမယူပါနဲ႔မိန္းကေလးရယ္၊ သူက ႐ူး႐ူးေပါေပါကေလးမို႔ ခြင့္လႊတ္လိုက္ပါ၊ ဒါနဲ႔ ဦးေလးတို႔လာတာက ဒီအိမ္က ေရွ႕ေနမႀကီး ေဒၚေဗဒါရီကို ေတြ႕ဖို႔လာခဲ့တာပါပဲ”

မိန္းကေလးက သူဖတ္ေနတဲ့စာအုပ္အထူႀကီးကို ဆက္တီစားပြဲခုံေပၚတင္လိုက္တယ္ဗ်၊ သူဖတ္ေနတဲ့စာအုပ္အဖုံးကိုက်ဳပ္လွမ္းၾကည့္လိုက္ေတာ့ ရာဇဝတ္က်င့္ထုံးဥပေဒတဲ့ဗ်ာ၊ ၿပီးေတာ့ ဦးဘသာကိုၿပဳံးရင္း

“ဦးေလးတို႔ လိုရင္းကိုပဲေျပာပါရွင္”

ဦးဘသာက မ်က္ႏွာကြက္ခနဲပ်က္သြားၿပီးေတာ့

“ေဒၚေဗဒါရီနဲ႔ေတြ႕မွ ေျပာလို႔ရမွာမို႔လို႔ပါ”

“ရွင္တို႔ေျပာေနတဲ့ ေဒၚေဗဒါရီဆိုတာ ကြၽန္မပါပဲရွင္”

က်ဳပ္ေရာဦးဘသာေရာ အံ့ၾသသြားၾကတယ္ဗ်၊ ဦးဘသာက

“ေၾသာ္၊ ဦးေလးက ေဒၚေဗဒါရီဆိုလို႔ ဒီထက္အသက္ႀကီးမယ္လို႔ထင္ထားတာ”

“ဟုတ္ပါတယ္၊ ႐ုံးေတာ္က်ေတာ့ လူနာမည္ေရွ႕မွာ ႐ိုေသသမႈနဲ႔ ဦးေတြေဒၚေတြ ထည့္ေခၚၾကတယ္မဟုတ္လားရွင္၊ ၿပီးေတာ့ ေရွ႕ေနဆိုပ်ိဳမွ၊ သမားဆိုရင္ အိုမွဆိုတဲ့ စကားလည္းရွိေသးတယ္မဟုတ္လား၊ ဟင္း၊ ဟင္း”

“က်ဳပ္တို႔က မိန္းကေလးကိုအထင္ေသးတာမဟုတ္ပါဘူး၊ မထင္ထားလို႔ အံ့ၾသသြားတာပါ”

“ကြၽန္မကို ေဗဒါလို႔ပဲ ရင္းရင္းႏွီးႏွီးေခၚလို႔ရပါတယ္ ဦးေလး”

“ဦးေလးတို႔လာရင္းကေတာ့ ဦးေလးမက်ဴးလြန္ဘဲနဲ႔ ျဖစ္သြားတဲ့ စုန္းသတ္မႈတစ္ခုအတြက္လာခဲ့တာပါပဲ”

ေဗဒါရီက ခပ္ယဲ့ယဲ့ၿပဳံးလိုက္ရင္း

“ကြၽန္မသိၿပီးသားပါ ဦးေလးရဲ႕၊ ဦးေလးဒီကိုလာမယ္ဆိုတာကိုလည္း ဦးရာဂ်တ္ဆီက ဖုန္းရၿပီးပါၿပီ”

ဦးဘသာက ေခါင္းညိတ္ရင္း

“ဒါဆို ဦးေလးကိုကူညီပါလို႔ပဲ ဦးေလးေတာင္းဆိုခ်င္ပါတယ္”

“ရပါတယ္ရွင္၊ ဒါေပမယ့္ ဒီအမႈက ကြၽန္မအရင္က ကိုင္တြယ္ခဲ့ဖူးတဲ့အမႈေတြနဲ႔ မတူဘူးရွင့္၊ သက္ေသေတြအားလုံးကလည္း ဦးေလးလုပ္တယ္ဆိုတာကိုဘဲ ၫႊန္ျပေနတယ္”

“ငါ့တူမကို ေျပာႏိုင္တာကေတာ့ ဒါေတြအကုန္လုံးကို ဦးေလးမလုပ္ခဲ့ဘူးဆိုတာပါပဲ”

ေဗဒါရီက ေခါင္းညိတ္ရင္း

“တရား႐ုံးမွာက်ေတာ့ ဒီလိုေျပာလို႔ဘယ္ရမလဲဦးေလးရာ၊ သက္ေသေတြ၊ အခ်က္အလက္ေတြနဲ႔ေျပာရမွာမဟုတ္လား၊ ဦးေလးတို႔ေမာေနေရာေပါ့၊ ဦးေလးတို႔ေသာက္ဖို႔ ကြၽန္မတစ္ခုခုစီစဥ္ေပးပါ့မယ္”

ေဗဒါရီက အိမ္ေနာက္ေဖးဘက္ကို ဝင္သြားတယ္ဗ်၊ ဒါနဲ႔က်ဳပ္လည္း ဦးဘသာကိုၾကည့္ၿပီး အားတက္သေရာနဲ႔

“က်ဳပ္ေဟာဒီနဖူးမွာ ဒဏ္ရာရခဲ့တာ ဒီမိန္းကေလးေၾကာင့္ဗ်၊ ဦးဘသာရ၊ သူမွ သူအစစ္ပါ”

“မင္းရဲ႕မိန္းမကိစၥေတြ ေနာက္မွာအသားထားစမ္းပါအလတ္ေကာင္ရာ၊ ဒီကေလးမက ငယ္ေပမယ့္ ပညာေတာ့ေတာ္သကြ၊ မင္းသူ႔ကိုမေလးမစား မဆက္ဆံသင့္ဘူးေနာ္”

“သိပါတယ္ဦးဘသာရာ”

က်ဳပ္လည္း ဟိုၾကည့္ဒီၾကည့္လိုက္ၾကည့္ေနမိတယ္ဗ်၊ နံရံမွာေတာ့ ပုံေတြခ်ိတ္ဆြဲထားတယ္၊ အသက္ႀကီးႀကီး ခပ္၀၀ဖိုင့္ဖိုင့္မိန္းမႀကီးရဲ႕ ပုံေတြလည္းေတြ႕တယ္ဗ်၊ ၿပီးေတာ့ စာအုပ္ေတြကိုလွန္ေလွာၾကည့္ေနရင္း စာအုပ္တစ္အုပ္က ၾကမ္းျပင္ေပၚကိုက်သြားသဗ်၊ ဒါနဲ႔ စာအုပ္ကိုလွမ္းေကာက္လိုက္ေတာ့ ၾကမ္းျပင္မွာ ညစ္ပတ္ေနသဗ်။ က်ဳပ္စာအုပ္ျပန္ေကာက္ေနတုန္း ေဗဒါရီက လင္ပန္းနဲ႔ေရေႏြးကရားတစ္ခုကိုယူၿပီး အိမ္ထဲကေနထြက္လာတယ္။

“ရွင္ဘာလုပ္ေနတာလဲ”

“ဟို စာအုပ္ေလးေတြနည္းနည္းပါးပါးၾကည့္မိတာပါ”

ေဗဒါရီက က်ဳပ္ကိုေဒါသမ်က္လုံးနဲ႔ၾကည့္ၿပီး

“စာအုပ္ေတြျပန္ထားလိုက္ပါ၊ ကြၽန္မအိမ္ကပစၥည္းကို သူစိမ္းေတြကိုင္ၾကည့္တာမ်ိဳးကို ကြၽန္မမႀကိဳက္ဘူး”

က်ဳပ္လည္း စာအုပ္ျပန္ထားလိုက္ၿပီးေတာ့ ဆက္တီခုံမွာျပန္ထိုင္လိုက္တယ္ဗ်၊ ေဗဒါရီက ေရေႏြးကရားကိုငွဲ႔ေပးေတာ့ အထဲမွာေရေႏြးၾကမ္းေတြဗ်။

“သုံးေဆာင္ၾကပါအုံးရွင္”

က်ဳပ္လည္း ေရေႏြးၾကမ္းခြက္ကိုေကာက္ယူလိုက္တယ္၊ ခြက္က ႏိုင္ငံျခားျဖစ္ ေႂကြထည္ခြက္ဗ်၊ ျဖဴျဖဴနဲ႔ ပါးပါးကေလးရယ္၊ လက္ဖက္ေျခာက္ကလည္း ပန္းရနံ႔ကေလးေမႊးေနတယ္ဗ်ာ၊ စံပယ္ပန္းရနံ႔လိုလိုပဲဗ်။ ဦးဘသာက ေရေႏြးခြက္ကိုေကာက္ယူၿပီးေတာ့ တစ္ခ်က္နမ္းၾကည့္ေနတယ္၊ ေဗဒါရီက က်ဳပ္တို႔ႏွစ္ေယာက္ကိုၾကည့္ရင္း

“အဲဒါ စံပယ္ပန္းလက္ဖက္ေျခာက္လို႔ေခၚတယ္၊ တ႐ုတ္ျပည္က လာတာ၊ သိပ္ကိုတန္ဖိုးႀကီးတာရွင့္”

က်ဳပ္နဲ႔ဦးဘသာလည္း ေရေႏြးကိုေသာက္လိုက္ေတာ့တယ္၊ အနံ႔ကေမႊးေပမယ့္ အရသာကေတာ့ စိမ္းေ႐ႊေ႐ႊနဲ႔ဗ်၊ က်ဳပ္ေတာ့ သိပ္မႀကိဳက္လွပါဘူးဗ်ာ၊ က်ဳပ္တို႔ေသာက္ေနၾက လက္ဖက္ၾကမ္း ဖန္ဖန္ခါးခါးကိုပဲ အရသာေတြ႕ပါတယ္။ ေရေႏြးေသာက္ၿပီးေတာ့မွ ေဗဒါရီက

“အမႈက ႏွစ္မႈေနာ္ဦးေလး၊ တစ္မႈကေတာ့ မယ္ႏွင္းကိုသတ္တဲ့အမႈ၊ ေနာက္တစ္မႈကေတာ့ ေငြတိုက္ထဲက ျပဒါးရွင္လုံးကို ေဖာက္ထြင္းယူသြားတဲ့အမႈပဲ”

“ဦးေလး ဒါေတြကိုဘာမွမသိဘူး ငါ့တူမ”

“ဦးေလးမသိေပမယ့္ အားလုံးအျမင္မွာထင္ရွားေနတာပဲ၊ ဦးေလးက မယ္ႏွင္းကိုသတ္တဲ့အမႈမွာ မ်က္ျမင္သက္ေသႏွစ္ေယာက္က်န္ခဲ့တယ္၊ တစ္ေယာက္ကေတာ့ မယ္ႏွင္းနဲ႔အတူတူေနတဲ့ မယ္ႏွင္းရဲ႕တူမ မဘုတ္ဆိုတဲ့သူပဲ”

“သူတို႔ကဘယ္လိုေျပာလို႔လဲ”

ေဗဒါရီက ဦးဘသာကိုစိုက္ၾကည့္ၿပီးေတာ့

“သက္ေသကထြက္ဆိုထားတဲ့အခ်က္ကို ႐ုံးေတာ္မေရာက္ခင္ သိခြင့္မရွိဘူးဆိုေပမယ့္ ကြၽန္မေျပာျပပါ့မယ္၊ မဘုတ္ေျပာတဲ့ပုံအရ အဲဒီညက ညခုနစ္နာရီဆယ္မိနစ္တိတိမွာ ဦးေလးက မယ္ႏွင္းတို႔အိမ္ကိုတက္လာခဲ့တယ္၊ ၿပီးေတာ့ မယ္ႏွင္းနဲ႔ရန္ျဖစ္ၾကတယ္၊ မဘုတ္က ဦးေလးကိုေတာင္မွ ေရေႏြးၾကမ္းေတြဘာေတြခ်ေပးလိုက္ေသးတယ္၊ ေနာက္ေတာ့ မယ္ႏွင္းက စကားေအးေအးေဆးေဆးေျပာခ်င္လို႔ဆိုၿပီးေတာ့ မဘုတ္ကိုအိမ္ခန္းထဲသြားဝင္ေနခိုင္းလိုက္တယ္”

ဦးဘသာၾကည့္ရတာ ေတာ္ေတာ္ထိတ္လန႔္ေနပုံရတယ္။

“အဲဒီမွာ ဦးေလးနဲ႔မယ္ႏွင္းနဲ႔ စကားအက်ိတ္အနယ္ေျပာၾကတယ္၊ ေျပာတဲ့အေၾကာင္းကေတာ့ မယ္ႏွင္းရဲ႕အေမ ေဒၚဝတုတ္က ဦးေလးရဲ႕အေမ ေဒၚပ်င္းကို သစၥာေဖာက္လို႔ ေဒၚပ်င္းေသရတယ္ဆိုတဲ့အေၾကာင္းေတြပဲ၊ စကားေျပာဆိုၿပီးလို႔ မၾကာခင္မွာပဲ အိမ္ၾကမ္းျပင္ေပၚကို ဒုန္းခနဲလဲက်တဲ့ အသံၾကားလိုက္ရတယ္၊ ၿပီးေတာ့ အိမ္ေပၚကေန ေျပးဆင္းသြားတဲ့အသံတစ္ခုေပါ့၊ မဘုတ္က အျပင္ထြက္ၾကည့္တဲ့အခ်ိန္မွာ မယ္ႏွင္းက ပက္လက္ႀကီးေသေနၿပီ”

“မျဖစ္ႏိုင္တာကြာ၊ အဲဒီညက ငါက မ်ိဳးႀကီးတို႔အိမ္ကေန တစ္လွမ္းမွေတာင္မခြာပါဘူးကြာ၊ ဒီေကာင္ေလးအသိဆုံးပါ”

“ဟုတ္ပါတယ္၊ က်ဳပ္နဲ႔ဦးဘသာက တစ္ျခင္ေထာင္တည္းအိပ္တာပါ၊ က်ဳပ္လည္းအိပ္မေပ်ာ္သလို ဦးဘသာလည္း အိပ္မေပ်ာ္ပါဘူး”

“ဒါဆို ဦးေလးဆိုလိုခ်င္တဲ့သေဘာက ဦးေလးမယ္ႏွင္းဆီကို မသြားခဲ့ဘူးေပါ့၊ ဒီလိုေျပာခ်င္တာလား”

“ဘုရားေပးေပး က်မ္းေပးေပးပါ ငါ့တူမရယ္၊ ဒီကိစၥမွာေတာ့ ဦးေလးက ႐ိုးသားပါတယ္၊ မ႐ိုးသားတဲ့လူတစ္ေယာက္ေယာက္သာ ဦးေလးကိုေခ်ာက္တြန္းခ်င္လို႔ လုပ္ေနတာေနမွာ”

“ထားပါေတာ့၊ ျပဒါးရွင္လုံးယူရတာကေရာ”

“အဲဒါေတာ့ ဦးေလးလည္းမသိဘူး၊ ဦးေလး အဲဒီေန႔ကမွ ၿမိဳင္သာကိုေရာက္တာပါ”

ေဗဒါရီက ေခါင္းညိတ္လိုက္ၿပီးေတာ့

“ဒါဆိုရင္ေတာ့ ဦးေလးေနာက္တစ္ေယာက္ရွိေနတဲ့ပုံပဲ”

က်ဳပ္လည္း လန႔္သြားတယ္ဗ်။ ဦးဘသာက

“ဘယ္လိုေျပာလိုက္တယ္တူမႀကီး”

“ဦးေလးက အဲဒီေနရာေတြကိုမေရာက္ခဲ့ဘူး၊ မသြားခဲ့ဘူးဆိုပုံေထာက္ေတာ့ ဦးေလးလုပ္တာမဟုတ္ရင္ တစ္ေယာက္ေယာက္က ဦးေလးပုံစံဟန္ေဆာင္ၿပီးလုပ္ေနတာျဖစ္ႏိုင္တယ္”

“ဟုတ္ေလာက္တယ္ တူမႀကီး”

“မပူပါနဲ႔၊ ဒီကိစၥကို အမႈမွန္ေပၚေအာင္လို႔ ကြၽန္မအတတ္ႏိုင္ဆုံးလိုက္မွာပါ၊ ၿပီးေတာ့ ႐ုံးေတာ္မွာလည္း အမႈမွန္ေပၚဖို႔အတြက္ အခ်ိန္ဆြဲထားေပးမယ္၊ ဒီအခ်ိန္မွာ ကြၽန္မတို႔တေတြ လူသတ္သမားက ဘယ္သူလဲဆိုတာကို ေသေသခ်ာခ်ာလိုက္ၿပီးစုံစမ္းၾကတာေပါ့”

“ေကာင္းပါၿပီ၊ တူမႀကီး၊ တူမႀကီးက အေတြ႕အႀကဳံရွိတယ္ဆိုေတာ့ တူမႀကီးေကာင္းသလိုသာစီစဥ္ပါ”

“ဒါေပါ့ရွင္”

က်ဳပ္လည္း နံရံေပၚက ပုံကိုလွမ္းၾကည့္ၿပီးေတာ့

“ဒါနဲ႔ ဒီပုံကလူက ဘယ္သူမ်ားလဲ”

ေဗဒါရီက နံရံကိုတစ္ခ်က္ေမာ့ၾကည့္ၿပီး

“ကြၽန္မအေမပါ၊ သူလည္းေရွ႕ေနတစ္ေယာက္ပါပဲ”

“ေကာင္းၿပီတူမႀကီး၊ ဦးေလးတို႔ ဘယ္ကစလုပ္ရရင္ေကာင္းမလဲ”

“အရင္ဆုံး မယ္ႏွင္းအေလာင္းကို ဦးေလးတို႔သြားစစ္ေဆးသင့္တယ္၊ သူ႔အေလာင္းကို ၿမိဳင္သာသုႆန္မွာ ထားလိမ့္မယ္”

ဦးဘသာက တစ္ခ်က္ေတြေဝေနတယ္ဗ်၊ ဒီအခါ ေဗဒါရီက ဦးဘသာကိုၾကည့္ရင္း

“စုန္းကေဝပညာရပ္မွာ အတတ္ပညာေဖာ္လို႔ရတဲ့နည္းလမ္းတစ္ခုရွိတယ္မဟုတ္လား၊ အဲဒီနည္းအရဆိုရင္ မယ္ႏွင္းကိုဘယ္လိုပညာစက္မ်ိဳးသုံးၿပီး သတ္သြားတယ္ဆိုတာ သိႏိုင္တယ္၊ ၿပီးေတာ့ ဒီပညာစက္အစြမ္းသိရရင္ေတာ့ ဘယ္သူေတြက ဒိလိုပညာစက္ေတြတတ္သလဲ၊ ဘယ္သူေတြသုံးသလဲဆိုတာကို ခန႔္မွန္းႏိုင္မယ္မဟုတ္လား၊ ၿမိဳင္သာတစ္ၿမိဳ႕လုံးက စုန္းေတြကို သံသယထားၿပီးလိုက္ရွာေနတာထက္၊ ဒီနည္းလမ္းက ပိုၿပီးလြယ္ကူလိမ့္မယ္လို႔ ကြၽန္မကေတာ့ထင္တယ္”

“ဟုတ္ၿပီတူမႀကီး၊ ေက်းဇူးတင္ပါတယ္၊ ဦးေလးတို႔ကိုသြားခြင့္ျပဳပါအုံး”

က်ဳပ္နဲ႔ ဦးဘသာလည္း ထထြက္လာခဲ့တယ္ဗ်၊ က်ဳပ္ျပန္မယ္အလုပ္မွာ တစ္ခုခုေျပာခ်င္တာ မေအာင့္ထားႏိုင္ေတာ့တာနဲ႔

“ဘာပဲျဖစ္ျဖစ္ပါ မေဗဒါ၊ ခင္ဗ်ားတို႔အိမ္က ၾကမ္းျပင္ေတြကိုေတာ့ သန႔္ရွင္းေရးလုပ္သင့္တယ္ဗ်”

မေဗဒါက က်ဳပ္ကိုမ်က္ေစာင္းထိုးၾကည့္ရင္း

“ဒီအိမ္ႀကီးမွာ ကြၽန္မတစ္ေယာက္တည္းေနတာဆိုေတာ့ အလုပ္မ်ားတဲ့အခါ အိမ္မႈကိစၥဘက္ကိုသိပ္မလွည့္ႏိုင္လို႔ပါ”

ဒါနဲ႔က်ဳပ္နဲ႔ဦးဘသာလည္း ေဗဒါရီရဲ႕အိမ္ကေနထြက္လာခဲ့တယ္ေပါ့ဗ်ာ။

“မပူပါနဲ႔ဦးေလး၊ မနက္ျဖန္႐ုံးေတာ္မွာ ဦးေလးအတြက္ ကြၽန္မအေကာင္းဆုံးႀကိဳးစားေပးပါ့မယ္”

ၿခံဝန္းႀကီးထဲက ထြက္လာၿပီးေတာ့ ကုန္းအတိုင္းျပန္ဆင္းလာလိုက္တယ္ဗ်၊ ဦးဘသာလည္း ေတာ္ေတာ္ပင္ပန္းေနပုံရၿပီ

“ဦးဘသာ အခုက်ဳပ္တို႔ဘယ္သြားၾကမလဲ”

“ၿမိဳင္သာသုႆန္ေပါ့ကြာ”

“ဒါဆို တကယ္ပဲ မယ္ႏွင္းအေလာင္းကို သြားေဖာ္ၾကမွာေပါ့”

“ေအးေပါ့ကြ၊ ေဗဒါရီက ေရွ႕ေနဆိုေတာ့ ေတြးတာအကြက္ေစ့သကြ၊ သူေျပာတဲ့အတိုင္း စမ္းၾကည့္ရမယ္ေဟ့”

“ဒါဆို ဦးဘသာက အဲဒီ အတတ္ပညာေဖာ္လို႔ရတဲ့နည္းကိုသုံးမလို႔လား”

“အဲဒါထက္ ကာယကံရွင္ကိုေမးေတာ့ ပိုေကာင္းတာေပါ့ကြာ”

“ဟာဗ်ာ၊ ကာယကံရွင္က ေသၿပီမဟုတ္လားဗ်”

“အိုကြာ ေသၿပီးေတာ့လည္း ျပန္အသက္သြင္းၿပီးေမးရတာေပါ့၊ ကဲလာလာ၊ ထမင္းထုပ္တစ္ထုပ္လိုသကြာ၊ ဆိုင္ေတြပိတ္ကုန္ရင္ခက္မယ္၊ ျမန္ျမန္သြားစို႔ေဟ့”

ဆက္ရန္။

#အဂၢေဇာ္ #ဦးဘသာ #စုန္း #သရဲ