” စုန်းထီးကြီးဦးဘသာနှင့် မြိုင်သာရှာပုံတော်”(စ/ဆုံး)

Posted on

Unicode Version

” စုန်းထီးကြီးဦးဘသာနှင့် မြိုင်သာရှာပုံတော်”(စ/ဆုံး)
————————————————————————–
အပိုင်း(၄)

(၁၁)

ကုန်းသာရပ်ကွက်ကဆင်းလာပြီးတော့ ကျုပ်နဲ့ဦးဘသာနဲ့ သုတ်ခြေတင်ပြီးထွက်လာခဲ့ကြတယ်ဗျ၊ အချိန်က ညရှစ်နာရီလောက်တော့ရှိတော့မယ်ဗျ၊ ညဈေးတန်းတောင်မှ လူတွေကျဲပါးပြီး တစ်ချို့ဆိုင်တွေက ပိတ်ကုန်ပြီဗျ၊ ဦးဘသာနဲ့ ကျုပ်နဲ့ညဈေးတန်းလျှောက်လာရင်း

“အလတ်ကောင်၊ မင်းက ထမင်းထုပ်တစ်ထုပ်သွားဝယ်ကွာ၊ အမဲသားဟင်းရရင်ကောင်းတယ်၊ မရရင်တော့ ဘာဟင်းနဲ့ဖြစ်ဖြစ်သာဝယ်ခဲ့”

“ဦးဘသာက ဘယ်သွားမလို့လဲဗျ”

“ငါကွမ်းသိပ်စားချင်နေပြီကွ၊ ငါ့ကွမ်းအစ်ကလည်း မနက်ကထိုင်တဲ့ တရုတ်စားသောက်ဆိုင်မှာ ကျန်ခဲ့သကွ”

ဟုတ်တော့လည်း ဟုတ်တယ်ဗျ၊ ဦးဘသာရဲ့ကွမ်းအစ်က လင်းဆိုတဲ့ဆိုင်မှာထိုင်ရင်း ကျန်ခဲ့ပြီမဟုတ်လားဗျာ၊ ဒါနဲ့ဦးဘသာက ညောင်ပင်အောက်က ကွမ်းယာဆိုင်တစ်ဆိုင်ကိုသွားပြီး ကွမ်းယာဝယ်တယ်ဗျ၊ ဒါနဲ့ကျုပ်လည်း ထမင်းဆိုင်ကိုလာခဲ့တာပေါ့ဗျာ၊ ထမင်းဆိုင်မှာ ထမင်းတစ်ထုပ်ကို အမဲသားဟင်းနဲ့ဝယ်ပြီးတော့ ဦးဘသာနဲ့အတူတူပြန်ဆုံကြတယ်၊ ပြီးတာနဲ့ သုဿန်ဆီကိုဦးတည်လိုက်ကြတာပါပဲဗျာ။

“ဦးဘသာ မြိုင်သာသုဿန်ဆိုတော့ မြို့နဲ့တစ်မိုင်၊ နှစ်မိုင်လောက် ဝေးတယ်မဟုတ်လားဗျာ”

“အေးလေကွ”

“ဒါဆိုရင် ဦးဘသာကိုခြေချုပ်ချထားတာဆိုတော့ မြို့ကထွက်လို့ရပါ့မလား”

ဦးဘသာကရပ်ရင်း စဉ်းစားနေတယ်ဗျ။

“မြို့နဲ့ဝေးတယ်ဆိုပေမယ့်လည်း မြိုင်သာသုဿန်ပဲဆိုတော့ မြိုင်သာနယ်ထဲပဲရှိသေးတယ်ထင်ပါ့၊ ခြေချုပ်အစီအရင်က သူ့နယ်ကျော်တော့မယ်ဆိုရင် သတိပေးတယ်ဆိုတော့ သတိပေးတော့မှ ငါတို့လှည့်ပြန်တာပေါ့ကွာ”

“ဒါနဲ့ဦးဘသာရာ ဒီနေ့တစ်နေ့လုံး ဟိုပြေးလိုက်ဒီပြေးလိုက်နဲ့ ပြေးရလွန်းလို့ ခြေထောက်တွေလည်း ညောင်းကိုက်နေပြီဗျ၊ လူတစ်ကိုယ်လုံးလည်း ဖတ်ဖတ်ကိုမောလို့၊ ကျုပ်ဝတ်ထားတဲ့ အကျီအဖြူအသစ်တောင်မှ ပေကျံနေတာပဲဗျာ၊ ချွေးစော်တွေလည်း နံလို့ဗျ”

ဦးဘသာက ကျုပ်ပုခုံးကိုပုတ်ရင်း

“မင်းငါ့အပေါ်ကောင်းတယ်ဆိုတာ ငါသိပါတယ်အလတ်ကောင်ရာ၊ အမှန်တော့ ဒီကိစ္စက မင်းနဲ့မှမဆိုင်တာ၊ မင်းဆက်ပြီးမလိုက်ချင်တော့ဘူးဆိုရင် မာယာတို့အိမ်မှာ သွားစောင့်နေမလား”

“မဟုတ်တာပဲ ဦးဘသာရာ၊ ကျုပ်အခုလုပ်ပေးတယ်ဆိုတာ ဦးဘသာကျုပ်ကိုကူညီခဲ့တာ၊ ကျုပ်တို့မိသားစု၊ ကျုပ်တို့ရွာကိုလုပ်ပေးခဲ့တာတွေနဲ့စာရင် ဘာမှမပြောပလောက်ပါဘူးဗျာ၊ ကျုပ်က ဒီအတိုင်းညည်းမိတာပါ၊ ဦးဘသာလို လူကြီးပိုင်းတောင်မှ မညည်းမညူသွားနိုင်သေးတာဗျာ၊ ကျုပ်လိုလူငယ်က မသွားနိုင်စရာအကြောင်းဘယ်ရှိမလဲဗျ”

ဦးဘသာက ပြုံးရင်း

“အေးပါအလတ်ကောင်ရာ၊ မင်းကိုငါကျေးဇူးလည်းတင်တယ်၊ အားလည်းအားနာပါတယ်”

ဒီလိုနဲ့ကျုပ်တို့နှစ်ယောက် မြိုင်သာမြို့အထွက်ကို လျှောက်ခဲ့ကြပါရော။ ညအတော်မိုးချုပ်နေပြီဆိုတော့ မြိုင်သာအထွက်ကားလမ်းကြီးက ရှင်းလင်းလို့ပေါ့ဗျာ၊ ခွေးလေခွေးလွင့်တွေပဲ မင်းမူသောင်းကျန်းနေပါရော၊ မြို့ထဲပိုင်းက မီးတွေနဲ့ထိန်လင်းနေပေမယ့် ချောင်းဝရပ်ကွက်လောက်ရောက်တော့ မီးအလင်းရောင်တွေမရှိတော့ဘဲ မှောင်အတိကျနေသဗျ၊ လမ်းဘေးက အိမ်ကလေးတွေကလည်း တိတ်ဆိတ်လို့ဗျို့။

လပြည့်ကျော်လေးရက်ရဲ့ လကအခုမှ ထွက်လာသဗျာ၊ လရောင်ခပ်ဝါဝါအောက်မှာ လမ်းကြီးကဖြူးနေသဗျ၊ လေကလည်း တဖြူးဖြူးနဲ့လျှောက်လို့ကောင်းသဗျာ၊ ကျုပ်လည်း ဒီအတိုင်းလမ်းလျှောက်နေရတာ ပျင်းတာနဲ့ ဦးဘသာကို ကြည့်ရင်း

“ဒါနဲ့ဦးဘသာ၊ ခုနကပြောတဲ့ ပြဒါးရှင်လုံးတို့၊ နောက်ပြီးတော့ ဒေါ်ဝတုတ်တို့ဆိုတာက ဘာတွေလဲဗျာ”

ဦးဘသာက ကွမ်းဝါးလက်စဗျ၊ သူဝါးလက်စကွမ်းကို ပါးစောင်ထဲငုံလိုက်ပြီးတော့ ကွမ်းတံတွေးတစ်ချက်ကို ပျစ်ခနဲထွေးထုတ်လိုက်ရင်း

“ဒီလိုကွ၊ ငါတို့သားအမိကို ရွာကနေနှင်လိုက်လို့ မြိုင်သာတက်လာပြီးတော့ ငါ့အမေက ဦးဘာဘူကိုယူလိုက်ပါရောကွာ၊ အဲဒီမှာ ငါ့အမေရဲ့သတင်းကိုကြားပြီးတော့ လာလိုက်တဲ့အထက်လမ်းသမားတွေ၊ အထက်လမ်းဂိုဏ်းတွေဆိုတာ မနည်းမနောပါပဲကွာ၊ လာသမျှလူတွေအကုန်လုံးလည်း ရှုံးနိမ့်ပြီးတော့ ပြေးကြလွှားကြနဲ့ပေါ့ကွာ၊ ငါ့အထင်ပြောရရင်တော့ ငါ့အမေက ဦးဘာဘူနဲ့ပေါင်းပြီးတော့မှ ပညာတွေတော်တော်အဆင့်မြင့်သွားတဲ့ပုံစံပဲကွ”

“ဟုတ်တော့ဟုတ်မယ်နော်ဗျ၊ ဒီလိုအဘိုးကြီးနဲ့ယူလိုက်တာ တစ်ခုခုတော့အကြောင်းရှိမယ်မဟုတ်လား”

“မှတ်မှတ်ရရ ငါဆယ့်သုံးနှစ်သားအရွယ်ရောက်တော့ အမေ့ကို လူတစ်ယောက်က လာစိန်ခေါ်တယ်ကွ၊ သူ့နာမည်တော့ ငါမေ့နေပြီ၊ ဒါပေမယ့် လူတွေကတော့ ပြဒါးရှင်ဘိုးတော်ကြီးလို့ခေါ်ကြတာ၊ အထက်လမ်းဂိုဏ်းတစ်ဂိုဏ်းက ဂိုဏ်းချုပ်ကြီးပေါ့ကွာ၊ အဲဒီဘိုးတော်ကြီးနဲ့ ငါ့အမေနဲ့ပညာပြိုင်ရင်း ဘိုးတော်ကြီးကရှုံးသွားတယ်၊ ဒါနဲ့ သူတို့ထားခဲ့တဲ့ကတိအတိုင်း ငါ့အမေကို ပြဒါးရှင်လုံးပေးခဲ့တယ်”

“အဲဒီပြဒါးရှင်လုံးဆိုတာ မနက်ကတွေ့ခဲ့တဲ့အလုံးကလေးမဟုတ်လားဗျာ၊ ကျုပ်က ပြဒါးရှင်လုံးဆိုလို့ အလုံးကြီးကြီးမားမားမှတ်နေတာဗျ၊ တကယ်တမ်းကျတော့ သေးသေးကလေးပဲ”

“သေးသေးကလေးပေမယ့် သွားမလျော့တွက်နဲ့ကွ၊ ပြဒါးရှင်လုံးက သိပ်စွမ်းတာ၊ ပြဒါးရှင်လုံးရတော့ ငါ့အမေဒေါ်ပျင်းတစ်ယောက် ကျားကိုအတောင်ပံတပ်ပေးလိုက်သလိုဖြစ်သွားတာပေါ့ကွာ၊ မြိုင်သာတစ်ကြောမှာ ဒေါ်ပျင်းဟေ့ဆိုရင် ဖိန့်ဖိန့်တုန်အောင် ကြောက်ကြရတာ၊ ကြောက်ရတဲ့အတိုင်း ငါ့အမေက သိပ်လည်းရက်စက်ခဲ့တာကွ”

“အဲဒီတုန်းက ကောင်စီတွေဘာတွေမရှိဘူးလား”

“ရှိတာပေါ့၊ ဒါပေမယ့် ငါ့အမေကသိပ်စွမ်းတော့ သူတို့ဘာမှတင်းတင်းကြပ်ကြပ်မလုပ်ရဲကြဘူး၊ လုပ်လို့လည်းမရဘူးလေ၊ သူ့ကိုနိုင်တဲ့လူမှမရှိတာ”

“ဒါပေမယ့် မယ်တော်ရှိတယ်မဟုတ်လား”

“ရှင်းရှင်းပြောရရင် ငါ့အမေက မယ်တော်နဲ့ထိပ်တိုက်မတွေ့အောင်နေတယ်၊ မယ်တော်ကလည်း ငါ့အမေကိုဆိုရင် မသိကျိုးကျွန်ပြုထားတယ်ကွ၊ ဒါနဲ့တစ်ရက်ကျတော့ ငါ့အမေက အမှားကြီးတစ်ခုကိုလုပ်မိတာပဲ”

“ဘာအမှားလဲဗျ”

“မယ်တော်ကို စိန်ခေါ်ခဲ့တာ၊ သူ့တပည့်တွေကလည်း မြှောက်ပေးတာပါမှာပေါ့ကွာ၊ ထုံးစံအရဆိုရင် မယ်တော်ကိုနိုင်တဲ့လူက မယ်တော်ဖြစ်ခွင့်ရှိတယ်၊ မယ်တော်ဖြစ်ရင် အဲဒီနယ်တစ်ကြောမှာ လုပ်ချင်တိုင်းလုပ်လို့ရတာပေါ့ကွာ”

“စိတ်ဝင်စားဖို့ကောင်းလာပြီဗျာ၊ ဒါနဲ့ မယ်တော်ကိုနိုင်သွားလား”

ဦးဘသာက ကွမ်းတံတွေးတစ်ချက်ထွေးရင်း

“ငါပြောရင် မင်းက ကြွားတယ်ထင်အုံးမယ်ကွ၊ ငါ့အမေက အခုလက်ရှိအရှေ့မယ်တော်ကို နိုင်သွားတယ်ဆို မင်းယုံမလား”

ကျုပ်ဖြင့််တော်တော်ထူးဆန်းပြီးတော့ အံ့သြသွားတယ်ဗျ။

“ဗျာ၊ ဒါဆို ဒေါ်ပျင်းကြီးက မယ်တော်ကိုတောင် နိုင်တယ်ပေါ့၊ မယ်တော်ဆိုတာ သိပ်စွမ်းတာမဟုတ်လားဗျာ”

“အေးပေါ့ကွ၊ မယ်တော်နဲ့က သုံးချီသုံးခါပြိုင်ရတယ်၊ ပထမတစ်ရက် ပထမတစ်ချီပြိုင်တဲ့အခါ ငါ့အမေနိုင်ခဲ့တယ်၊ အဲဒီမှာ လုပ်ကြံမှုတွေစတာပါပဲကွာ၊ ငါတို့အိမ်မှာ ဒေါ်ဝတုတ်ဆိုတဲ့မိန်းမကြီးတစ်ယောက်ရှိတယ်ကွ၊ နာမည်အတိုင်း ၀၀တုတ်တုတ်ကြီးပေါ့ကွာ၊ သူလည်းစုန်းပဲကွ၊ ငါတို့မြိုင်သာမှာနေတဲ့ လေးငါးခြောက်နှစ်လောက်အတွင်းမှာ ငါ့အမေဆီက ပညာလိုချင်လို့ အိမ်မှာလာနေပြီးတော့ ချေးအစသေးအစ အကုန်လုပ်ကိုင်ပေးတဲ့လူပေါ့ကွာ၊ နှစ်တွေကြာသွားပြီဆိုတော့လည်း ငါ့အမေက သူ့ကိုတပည့်ရင်းလို့ ယုံသွားတော့တာပေါ့”

“ဒါနဲ့ သူကဘယ်လိုသစ္စာဖောက်လို့လဲဗျ”

“သူကအိမ်မှာထမင်းတွေဟင်းတွေချက်တာကိုးကွ၊ ဒီတော့ ငါ့အမေစားမယ့် ထမင်းဟင်းထဲမှာ အကြောတွေတုန့်ဆိုင်းပြီးတော့ သေသွားစေနိုင်တဲ့ဆေးထည့်တယ်ကွ”

“အဲဒီဆေးကို ဒေါ်ပျင်းကြီးက မိရောလားဗျာ”

“လူယုံကျွေးတာကိုးကွ၊ သူက မကျွေးခင် ငါ့အမေအမြဲတမ်းပါးစပ်ထဲငုံထားတဲ့ ပြဒါးရှင်လုံးကိုလည်း ထုတ်ခိုင်းလိုက်သေးတာ၊ သူပြောတာကတော့ ဝက်သားဟင်းနဲ့ပြဒါးနဲ့က အဆိပ်ဆိုပြီးထုတ်ခိုင်းတာပေါ့ကွာ၊ ငါ့အမေလည်း ပြဒါးရှင်လုံးကို အနားက အကြမ်းပန်းကန်လုံးထဲ ထွေးထည့်ပြီး ထမင်းကိုကောက်စားလိုက်တာ၊ သုံးလုပ်လည်းစားပြီးတော့ ထမင်းဝိုင်းမှာမှောက်ကျသွားတော့တာပဲတဲ့ကွာ၊ တစ်ကိုယ်လုံးလည်းထုံကျင်ပြီးတော့ အကြောတွေသေပြီး လှုပ်မရတော့ဘူးတဲ့”

“ဟာ၊ ဆေးကလည်း တော်တော်စွမ်းတာနော်ဗျ”

“အဲဒီဆေးကို ဘယ်သူဖော်သလဲသိသလား”

ကျုပ်လည်း ခေါင်းခါလိုက်မိတယ်ဗျ၊ ဦးဘသာက ပြုံးရင်း

“ဘယ်သူရှိမလဲ၊ ခုနက ငါတို့သွားခဲ့တဲ့ ရာဂျတ်လေကွာ”

“ဟာဗျာ၊ ဦးရာဂျတ်က ဒေါ်ပျင်းကိုဒီဆေးခတ်မယ်ဆိုတာ မသိဘူးလားဗျ”

“အိုကွာ၊ ဘယ်သူကတော့ ဘယ်သူ့ကိုတိုက်ချင်လို့ ဘယ်ဆေးလိုချင်လို့ပါဆိုပြီးတော့ ပြောပြီးဝယ်မလဲကွ၊ ဒီအတိုင်းပဲ ရာဂျတ်ကိုဈေးကြီးကြီးပေးပြီးတော့ ဝယ်ခဲ့တာပေါ့ကွာ၊ အဲဒီဆေးတစ်စက်က လူတစ်ယောက်ကိုတိုက်ရင် အဲဒီလူအကြောဆွဲပြီး ခြေတွေလက်တွေ မသန်မစွမ်းဖြစ်သွားတယ်၊ သုံးစက်သောက်ရင် အောက်ပိုင်းသေတယ်၊ ခုနစ်စက်သောက်ရင် တစ်ကိုယ်လုံးအကြောသေပြီး အိပ်ရာထဲလဲပြီး လူသေကြီးလိုဖြစ်သွားတယ်ကွ”

“တော်တော်စွမ်းတဲ့ဆေးပဲဗျာ”

“အဲဒီဆေးကို ငါ့အမေကိုခပ်ဖို့အတွက် သုံးဆယ့်သုံးပုလင်းကုန်သကွာ၊ ရာဂျတ်လည်း ငွေသောင်းချီရသွားတယ်”

“တော်တော်ဆိုးတာပဲနော်၊ ဒါနဲ့ ဒေါ်ပျင်းကြီးက ဘာမှမဖြစ်ဘူးလား”

“ဖြစ်တာပေါ့ကွာ၊ အရင်ဆုံးစားပြီးတာနဲ့ တစ်ကိုယ်လုံးမလှုပ်နိုင်တော့ဘဲ စင်းစင်းကြီးဖြစ်သွားတာ၊ ဒေါ်ဝတုတ်က ချက်ချင်းပဲ ပြဒါးရှင်လုံးကိုကောက်ပြီး အိမ်ကဆင်းပြေးတာပဲ၊ ငါ့အမေက ပညာအစွမ်းနဲ့ သူ့ကိုယ်သူတော့ ကုရှာပါတယ်၊ အဲဒီနေ့ည မယ်တော်နဲ့ပညာပြိုင်တဲ့အခါမှ လမ်းမလျှောက်နိုင်လို့ သူ့တပည့်တွေက ထမ်းစင်နဲ့ပို့ရတယ်တဲ့ကွ”

“ဒါဆို အဲဒီညတော့ မယ်တော်ကိုရှုံးသွားတာပေါ့နော်”

ဦးဘသာက ခေါင်းခါရင်း

“နိုင်သွားတယ်ကွ”

“ဗျာ၊ ဒီလောက်အလုပ်ခံထားရတာတောင် နိုင်သွားတယ်လားဗျာ”

“အေးကွ၊ အဲဒီမှာအရှေ့မယ်တော်က သူ့ကိုမတရားလုပ်ပါတယ်ဆိုပြီးတော့ အနောက်မယ်တော်ကိုခေါ်လိုက်တယ်၊ တစ်ယောက်ထဲနှစ်ပွဲကျတော့ ဘယ်နိုင်တော့မှာလဲကွာ၊ ဒါနဲ့ပဲရှုံးသွားတယ်ပေါ့”

“ဟာ၊ ဒါတမင်သက်သက်မတရားလုပ်တာပဲဗျ၊ မယ်တော်တွေပေါင်းပြီးကြံကြတာပဲ”

“အေးပေါ့၊ တကယ်ကလည်း ငါ့အမေက စုန်းပညာမှာတစ်ဖက်ကမ်းခတ်တတ်လွန်းလို့ မယ်တော်တွေကိုယ်တိုင်ကိုက စိုးရိမ်နေရတဲ့အဆင့်ကွ၊ ဒါနဲ့ ငါ့အမေကို ဟောဒီမြိုင်သာမြို့ကနေ နှင်လိုက်တယ်ပေါ့ကွာ”

“ကျုပ်တစ်ခုကသိချင်တာက အရင်တုန်းက ရွာကနေနယ်နှင်လိုက်တယ်၊ အခုမြိုင်သာက နှင်တယ်ဆိုတော့ ဦးဘသာတို့ ဘယ်သွားနေကြသလဲဗျ”

“စုန်းကဝေတွေက နယ်နှင်လို့ရတယ်ဆိုပေမယ့် သူတို့ရဲ့မွေးရပ်ဇာတိမြေကိုတော့ မသွားရဘူးလို့ ပိတ်ပင်လို့မရဘူး၊ ဒါကြောင့် ဇာတိချက်မြှုတ်ဆိုတာ သိပ်အရေးကြီးတာမဟုတ်လား၊ ဒီလိုနဲ့ ငါ့အမေကိုရွာကိုပြန်လွှတ်တာပေါ့ကွာ၊ ရွာကနေဘယ်မှ မခွာရဘူးဆိုပြီး အမိန့်ထုတ်ပြီး ခြေချုပ်ချလိုက်တာ သေတဲ့အထိပါပဲ”

ကျုပ်လည်းခေါင်းညိတ်ပြီးတော့

“ဒါကြောင့် ဒေါ်ပျင်းကြီးက ရွာမှာပဲခေါင်းချသွားရတာကိုး”

“ငါ့အမေက အဲဒီကတည်းက စုန်းတွေကဝေတွေကို စိတ်နာသွားပြီးတော့ ခပ်ကင်းကင်းနေတော့တာပါပဲကွာ၊ အကြောဆွဲတာကို ကုမရလို့ နောက်ဆုံးသေတဲ့အထိ ခြေထောက်တစ်ဖက် တရွတ်ဆွဲကြီးနဲ့ နေသွားရရှာတယ်”

“လူတွေဝိုင်းအကျင့်ယုတ်တာကိုးဗျာ၊ ကျုပ်သာ အဲဒီတုန်းကရှိနေရင် ဒေါ်ပျင်းအတွက် ခံပြင်းမိမှာပဲဗျ”

ဦးဘသာက တွေဝေနေရင်း

“ငါလည်း အဲဒီအချိန်က လူပျိုပေါက်ဆိုတော့ ဒေါသထွက်တာပေါ့ကွာ၊ ဒါနဲ့ ငါစိတ်လိုက်မာန်ပါလုပ်မိတယ်၊ ငါ့အမေကို သစ္စာဖောက်တဲ့ ဒေါ်ဝတုတ်ကို လေသင်တုန်းဖြတ်ပြီးအိပ်ရာထဲလဲအောင်လုပ်ခဲ့တယ်၊ ပြီးတော့ တခြားကြံရာပါတွေကိုလည်း ငါလိုက်ပြီးတိုက်ခိုက်ခဲ့တယ်၊ အကျိုးဆက်ကတော့ ငါ့ကိုလည်း မြိုင်သာမြို့ကနေ နှယ်နှင်တာခံခဲ့ရတယ်၊ မင်းသတိထားမိသလားအလတ်ကောင်၊ ဒါကြောင့်မို့ ငါက မြိုင်သာမြို့မှာ သုံးရက်သုံးညထက်ပိုပြီး နေလို့မရဘူးလေကွာ”

ကျုပ်လည်းပြန်စဉ်းစားရင်း အခုမှသတိရတယ်ဗျ၊ ဟုတ်တာတော့ဟုတ်တယ်၊ ဦးဘသာမြိုင်သာတက်ရင် ဘယ်တော့မှ သုံးရက်မပြည့်ဘူးဗျ၊ အလွန်ဆုံး နှစ်ရက်နဲ့နှစ်ညလောက်ပဲ၊ ဒီလိုမှမဟုတ်ရင်လည်း မြိုင်သာမှ ညအိပ်ပြီးနောက်နေ့ပြန်တယ်၊ ဒီလောက်ပဲနေတတ်တာဗျ။

(၁၂)

ကျုပ်တို့စကားတပြောပြောနဲ့လျှောက်သွားကြရင်း မြိုင်သာသုဿန်ကြီးကို ရောက်မှန်းမသိရောက်သွားခဲ့တော့တယ်၊ သုဿန်ကြီးက ကြောက်စရာကောင်းလောက်အောင် တိတ်ဆိတ်နေသဗျာ၊ ကျုပ်နဲ့ဦးဘသာလည်း သုဿန်ထဲဝင်ခဲ့တော့ ကျုပ်တို့ကို အုတ်ဂူကြီးတွေ၊ မှတ်တိုင်ထောင်ထောင်တွေ၊ မြေပုံမို့မို့တွေက စောင့်ကြိုနေကြသဗျာ၊ သုဿန်အလယ်က ဇရပ်ကြီးဆီကိုရောက်တော့ ဦးဘသာက ဇရပ်အနားရပ်လိုက်ပြီး ဇရပ်ခေါင်းရင်းတိုင်ကိုလက်နဲ့သုံးချက်ခေါက်ထည့်လိုက်တယ်၊ သိပ်မကြာပါဘူး၊ ဘုတ်ခနဲအသံကြီးနဲ့အတူ ဇရပ်ခေါင်မိုးပေါ်က အထုပ်ကြီးတစ်ထုပ်ကျလာသဗျ၊ ပုဆိုးထုပ်၊ အင်္ကျီထုပ်ကြီးလို အထုပ်ကြီးပါဗျာ၊ အဲဒီအထုပ်ကြီးက နောက်တော့ လှုပ်ရှားလာသဗျ၊ ပြီးတော့လက်တွေခြေတွေထွက်လာပြီးတော့ အကောင်ကြီးတစ်ကောင်ဖြစ်သွားပါရောဗျာ။

ကျုပ်ဖြင့် လန့်ပြီးကြက်သီးတွေတောင်ထသွားတယ်ဗျ၊ ဒီအကောင်ကြီးက လူလိုခန္ဓာကိုယ်နဲ့ပဲဗျ၊ ခြေတံလက်တံတွေကတော့ဝါးလုံးကြီး တွေလို ပိန်ပိန်ရှည်ရှည်ကြီးတွေဗျာ၊ ဒီကောင်ကြီးအရပ်က တော်တော်ရှည်မယ့်ပုံဗျ၊ ဒါပေမယ့် ဇရပ်ပေါ်မှာဒူးထောင်ပြီး ဆောင့်ကြောင့်ထိုင်နေတယ်၊ သူ့ဒူးခေါင်းတွေက သူ့ခေါင်းထက်တောင်မြင့်သေးသဗျာ၊ ဦးဘသာက ဒီကောင်ကြီးကိုကြည့်ပြီးတော့

“ဟိုနေ့က သေသွားတဲ့ စုန်းမမယ်နှင်းကို ဘယ်မှာမြှုပ်ထားသလဲကွ”

ဒီအကောင်ကြီးက ဇရပ်ပေါ်ကနေခုန်ဆင်းပြီးတော့ မြေပုံတွေကြားမှာ ပြေးလွှားနေပါရောဗျာ၊ ကျုပ်နဲ့ဦးဘသာလည်း သူ့အနောက်လိုက်သွားရသပေ့ါ၊ ဒီကောင်ကြီးအရပ်က တော်တော်ရှည်တာဗျ၊ မြေပုံတွေကိုကြည့်နေရင်း မြေပုံတစ်ခုကိုရောက်တော့ သေသေချာချာအနံ့ခံပြီးတော့ အဲဒီမြေပုံကိုလက်ညှိုးထိုးပြတယ်၊ ကျုပ်လည်း လရောင်နဲ့မြေပုံမှတ်တိုင်က မြေဖြူခဲနဲ့ရေးထားတဲ့စာကိုသေချာဖတ်လိုက်တော့။

“ဒေါ်နှင်းနုဝေ၊ အသက် (၅၈) ဆိုပါလား၊ ဒီမြေပုံက မယ်နှင်းမြေပုံရော ဟုတ်လို့လား”

ဦးဘသာက ခေါင်းညိတ်ရင်း

“သုဿန်စောင့်ကတော့ မှားတယ်ဆိုတာမရှိပါဘူးကွာ၊ စုန်းတွေဆိုတာက ဘယ်တော့မှ ကိုယ့်နာမည်အရင်းကိုထုတ်မသုံးဘူးကွ၊ နာမည်ပြောင်တွေပဲ ခေါ်တာများတယ်”

“အဲဒီလိုသုံးရင်ဘာဖြစ်လို့လဲဗျာ”

“နာမည်အရင်းကိုသိရင် ပြုစားလို့ရတဲ့ပညာရပ်တစ်ခုရှိသကွ၊ အဲဒီပညာရပ်ကိုကြောက်လို့ ဘယ်သူမှနာမည်အရင်းကိုမသုံးတာ”

ကျုပ်နဲ့ပြောနေရင်း ဦးဘသာက မြေပုံကိုသေချာကြည့်နေပြီးတော့

“အလတ်ကောင်၊ မင်းယူလာတဲ့ ထမင်းထုပ်ကို မြေပုံခြေရင်းမှာဖွင့်ချလိုက်ကွာ”

ကျုပ်လည်း ထမင်းထုပ်ထုပ်ထားတဲ့ ဖက်ကိုဖြေပြီးတော့ ထမင်းထုပ်ကိုချလိုက်တယ်ဗျ၊ လေအဝေ့မှာ ထမင်းတွေအပေါ်ဆမ်းလာတဲ့ အမဲသားနှပ်ဟင်းနံ့ကလည်း မွှေးကြိုင်သွားသဗျာ၊ မကြာခင် ကျုပ်တို့ပတ်ပတ်လည်မှာ တချွတ်ချွတ်နဲ့အသံတွေကြားရသဗျ၊ ကျုပ်လှည့်ကြည့်လိုက်တော့ မျက်နှာသေကြီးတွေနဲ့ လူတွေအများကြီးပါပဲဗျာ၊ ကျုပ်တို့ကိုဝိုင်းပြိးတော့ ကျုပ်တို့အရှေ့မှာချထားတဲ့ ထမင်းထုပ်ကိုစားချင်လို့ ဝိုင်းကြည့်နေကြတယ်၊ တစ်ချို့ကောင်တွေဆို ပါးစပ်ကြီးတွေဖြဲ၊ လျှာကြီးတွေ အလျားလိုက်ကြီးကျနေပြီး သွားရည်တများများနဲ့ပေါ့ဗျာ၊ ဦးဘသာက ဒီလူတွေကိုတစ်ချက်ကြည့်ရင်း

“ဟေ့ကောင်တွေ၊ မင်းတို့နဲ့မဆိုင်ဘူး၊ ဒါမင်းတို့အတွက်မဟုတ်ဘူး၊ အနောက်ဆုတ်နေကြ”

အဲဒီလိုပြောပေမယ့်လည်း ပရလောကသားတွေက စားချင်သောက်ချင်လို့ကြည့်နေကြသဗျာ၊ ဦးဘသာက မြေပုံခေါင်းရင်းဘက်ကိုသွားလိုက်ပြီးတော့ မြေပုံကိုလက်နဲ့ပုတ်ရင်း

“ဟဲ့ မယ်နှင်း၊ ထဟဲ့၊ နင့်ကိုငါထမင်းကျွေးချင်လို့ တကူးတကလာတာ၊ ထစမ်း၊ ထပြီးတော့ ထမင်းထစားစမ်း”

ဦးဘသာပြောပြီး မကြာခင် မြေပုံထဲကနေ တဂျွတ်ဂျွတ်အသံတွေကြားတယ်၊ တစ်ခုခုတိုးနေတဲ့အသံလိုမျိုးပဲဗျ၊ နောက်တော့ မြေပုံကြီးက ပွစိပွစိဖြစ်လာပါရောဗျာ၊ ပြီးတော့ မြေပုံထဲကနေ ဖျာလိပ်ကြီးက ထောင်တက်လာသဗျ။ ကျုပ်လည်း ကြည့်သာကြည့်နေရတယ် တော်တော်ကြောက်နေမိတာဗျာ၊ ကြည့်နေတုန်းမှာပဲ ဖျာလိပ်ကြီးက ဗြန်းခနဲကွဲထွက်သွားပြီးတော့ အထဲက လူသေကောင်ကြီးထွက်လာပါရောဗျာ၊ လူသေကောင်ကြိးက ဆံပင်တွေလည်းပွလို့ဗျ၊ မျက်လုံးကြီးဖွင့်ထားတယ်ဆိုပေမယ့် မျက်ဆန်အနက်ကိုမတွေ့ရဘဲ မျက်သားဖြူဖြူကိုပဲတွေ့ရတယ်။

မြေပုံပေါ်မှာထိုင်ချပြီးတော့ မြေပုံခြေရင်းမှာချထားတဲ့ ထမင်းထုပ်ကိုလက်နဲ့နှိုက်တယ်ဗျ၊ ကျုပ်ကလည်း မြေပုံခြေရင်းမှာ ထိုင်နေတာဆိုတော့ သူနဲ့ကျုပ်နဲ့ မျက်နှာချင်းဆိုင်ဖြစ်သွားတာပေါ့ဗျာ၊ လူသေကြီးနဲ့မျက်နှာချင်းဆိုင်နီးပါးဖြစ်ရတာ ဘယ်လောက်ကြောက်ဖို့ကောင်းမလဲဆိုတာ ခင်ဗျားတို့သာတွေးကြည့်ပေတော့ဗျို့၊ ကျုပ်လည်း ကြောက်ကြောက်နဲ့အနောက်ကို ဖင်ထိုင်ချမိလိုက်တယ်၊ လူသေကောင်ကြီးက ထမင်းထုပ်ကိုလက်နဲ့နှိုက်ပြီးတော့ အားရပါးရစားတော့တာပဲဗျာ။ ဦးဘသာက မြေပုံခေါင်းရင်းနားကနေ လျှောက်လာရင်း

“ကဲ၊ နင့်ကိုဘယ်သူသတ်တာလဲ မှန်မှန်ပြောစမ်း”

လူသေကောင်ကြီးက ပလုပ်ပလောင်းနဲ့ဝါးနေရင်းနဲ့ ဦးဘသာကြီးကိုမော့ကြည့်ပြီးတော့

“နင်သတ်တာ”

လူသေကောင်ကြီးပါးစပ်ထဲက ထမင်းလုံးတွေတောင်မှ ပြန်စင်ထွက်ကုန်ပါတယ်ဗျာ။ ဦးဘသာက မျက်မှောင်ကြုတ်လိုက်ပြီး

“ငါက နင့်ကိုဘယ်လိုသတ်တာလဲ”

“ငါနဲ့စကားပြောနေတုန်း ဗြုန်းစားကြီး ငါ့နဖူးကို အပ်တစ်ချောင်းနဲ့ထသွင်းလိုက်တာပဲ”

“ဒါဆို အဲဒီအပ်ဘယ်မှာလဲ”

လူသေကောင်ကြီးက ထမင်းကိုကုန်းကုန်းစားရင်း

“မရှိတော့ဘူး၊ ဂျပုတစ်ယောက်ယူသွားပြီ”

ဦးဘသာက လူသေကောင်ကြီးရှေ့မှာထိုင်ချလိုက်ပြီးတော့ သူ့မျက်နှာကိုလက်ညှိုးထိုးပြပြီး

“နင်သေချာကြည့်စမ်း၊ ငါ့မျက်နှာကိုသေချာကြည့်၊ နင့်ကိုသတ်တာ ငါဆိုတာ သေချာလား”

လူသေကောင်ကြီးက ကြည့်ပြီးတော့ ခေါင်းတဆတ်ဆတ်ညိတ်ရင်း

“သေချာတယ်၊ နင်မှနင်အစစ်”

ဦးဘသာက သက်ပြင်းတစ်ချက်ချလိုက်တယ်၊ ထမင်းထုပ်ကုန်သွားတော့ လူသေကောင်ကြီးက တပြပ်ပြပ်နဲ့ပါးစပ်ထဲက ထမင်းစေ့တွေကို အရသာခံပြီးတော့ မြိုချနေသေးတယ်ဗျာ၊ ဦးဘသာက လူသေရဲ့နဖူးကို လက်ဝါးနဲ့ရိုက်ပြီး

“ကဲ ပြီးပြီ၊ ထမင်းလည်းကုန်ပြီ၊ ခုနက နေမြဲအတိုင်းနေစမ်း”

ဒီအခါ လူသေကောင်ကြီးက တွင်းထဲကိုပြန်လှဲချလိုက်ပြီးတော့ သူ့လက်နဲ့မြေကြီးတွေကိုကျုံးကျုံးပြီးဖို့တယ်ဗျ၊ နောက်တော့ သူ့တစ်ကိုယ်လုံးအုပ်သွားပြီး မြေပုံပေါ်ကမြေကြီးတွေလဲ သူ့အလိုလိုပြန်ပြီးစုပုံသွားတော့တယ်၊ မြေပုံက ခြေရာလက်ရာမပျက်တာများ မသိရင်ဘာမှမဖြစ်ထားတဲ့အတိုင်းပဲဗျာ၊ ခုနက လူသေကောင်ကြီးထပြီး စားသောက်ထားတယ်လို့ပြောရင် ယုံချင်မှတောင်ယုံမှာ။

“ဦးဘသာ မယ်နှင်းကသေပြီးတော့ သူ့ဝိညာဉ်က ပြန်ဝင်လာတာလား”

“မဟုတ်ဘူးကွ၊ သူ့ကိုယ်ထဲကိုလမိုင်းသွင်းလိုက်တာ၊ လူသေကောင်ရဲ့ဦးနှောက်ထဲမှာ သူနောက်ဆုံးဖြစ်ပျက်တဲ့ အဖြစ်အပျက်တွေကျန်နေတတ်တယ်၊ အဲဒီအဖြစ်အပျက်တွေကို လမိုင်းကကြည့်ပြီးတော့ ပြန်ပြောပြတာ”

“ထူးဆန်းပါပေ့ဗျာ”

“ဒါထက်ပိုထူးဆန်းတာက၊ သူ့ကိုသတ်သွားတာက ငါမှငါအစစ်တဲ့ကွ၊ ဒါဘယ်လိုလုပ်ပြီးတော့ ဖြစ်နိုင်မှာလဲကွာ”

“အဲဒါပြောတာပေါ့ဗျာ၊ ဒါနဲ့ အပ်တစ်ချောင်းနဲ့သတ်သွားတယ်လို့ ဆိုတယ်မဟုတ်လား”

ဦးဘသာက ခေါင်းညိတ်ပြီးတော့

“အပ်ကိုလက်နက်လိုသုံးတာက ကဝေမှ သုံးတတ်တာကွ၊ အပ်စိုက်တာနဲ့တန်းသေတယ်ဆိုတော့ အဆင့်မြင့်တဲ့ကဝေပဲ”

ကျုပ်နဲ့ဦးဘသာ ထလိုက်တော့ သုဿန်ကြီးတစ်ခုလုံးကတိတ်ဆိတ်လို့ဗျ၊ ခုနက နာနာဘာဝတွေရော၊ သုဿန်စောင့်ဆိုတာပါ ဘယ်ရောက်သွားမှန်းမသိဘူး၊ လူသေကောင်အနံ့ကြီးက ညှီစို့စို့နဲ့ နံလိုက်တာပြောမနေပါနဲ့ဗျာ၊ ဦးဘသာက သူ့အိတ်ကပ်ထဲက ငှက်ပျောဖက်ကိုသွားကြားထိုးတံကလေးတွေနဲ့ထိုးပြီးတော့ ထုပ်ထားတဲ့ ကွမ်းထုပ်ကိုထုတ်လိုက်တယ်ဗျ၊ ကွမ်းယာနှစ်ယာကိုယူပြီးတော့ သူ့ပါးစပ်ထဲထည့်လိုက်တယ်။

ကျုပ်ကလည်း မသတီလို့ တဝေါ့ဝေါ့ တအော့အော့နဲ့ဖြစ်နေတာပေါ့ဗျာ၊ ဦးဘသာက ပါးစပ်ထဲထည့်နေဆဲ ကွမ်းယာကိုထုတ်ပြီးတော့

“ကွမ်းဝါးလိုက်ပါလားအလတ်ကောင်၊ ငါဆိုအဲဒီလိုပျို့ချင်သလိုလို၊ အန်ချင်သလိုလိုဖြစ်လာရင် ကွမ်းဝါးလိုက်တာပဲ”

“ဒါဆိုရင်လည်း တစ်ယာလောက်ပေးစမ်းပါဦးဘသာရာ၊ ကျုပ်ဖြင့်အန်ချင်လိုက်တာ ပြောမနေပါနဲ့ ဝေါ့ . . .”

ဦးဘသာက ကွမ်းတစ်ယာကိုစားလိုက်ပြီးတော့ တစ်ယာကိုကျုပ်ကိုလှမ်းပေးတယ်ဗျ၊ ကျုပ်လည်း ဦးဘသာပေးတဲ့ကွမ်းယာကိုယူပြီး ဝါးလိုက်တော့မှ နည်းနည်းနေသာထိုင်သာရှိသွားတယ်၊ ပြီးတော့ ကျုပ်နဲ့ဦးဘသာနဲ့ သုဿန်ထဲကနေ ထွက်ခဲ့ကြတာပေါ့ဗျာ။

(၁၃)

သုဿန်အပြင်ကိုထွက်ပြီး ကားလမ်းမအတိုင်းလမ်းလျှောက်နေတုန်းမှာပဲ ကျုပ်တို့အနားမှာ မီးလုံးကြီးတွေ တစ်လုံးပြီးတစ်လုံးပေါ်လာတယ်ဗျ၊ မီးလုံးဆိုပေမယ့် အလင်းရောင်ကတော့ ခုခေတ်မီးချောင်းတွေလို ဖြူဖြူကြီးတွေ၊ ကျုပ်နဲ့ဦးဘသာလည်း မီးလုံးကြီးတွေကို ငေးပြီးကြည့်နေမိတယ်၊ နောက်တော့ မီးလုံးတွေအနောက်ကနေ လူတွေထွက်လာတယ်ဗျ၊ ဒီလူတွေကိုကြည့်လိုက်တော့ နေ့လည်က တရုတ်စားသောက်ဆိုင်မှာတွေ့ခဲ့တဲ့ လူတစ်ချို့ဖြစ်နေတာကိုတွေ့လိုက်ရတယ်၊ ဦးဘသာကိုဖမ်းခဲ့တဲ့ ထောင်ထောင်မောင်းမောင်းနဲ့လူက အရှေ့ကိုထွက်လာပြီးတော့

“ကဲ ဦးသာစံ၊ ခင်ဗျားဘယ်ကိုပြေးအုံးမှာလဲ”

ဦးဘသာက တအံ့တသြနဲ့

“ဟာ၊ ဟေ့ကောင် ငါတို့ကဘယ်ကိုပြေးရမှာလဲကွ၊ ငါတို့ခြေဦးလှည့််နေတာ မြိုင်သာမြို့ကိုလေကွာ”

ဒီလူက ဟက်ဟက်ပက်ပက်ရယ်ရင်း

“ဦးသာစံ၊ ခင်ဗျားက ယုတ်မာကောက်ကျစ်တဲ့ စုန်းမကြီးဒေါ်ပျင်းရဲ့သားလို့မပြောရဘူးနော်၊ ခင်ဗျားသိပ်ပြီးတော့ ဟန်ဆောင်ကောင်းနေပါလားဗျ”

“မဆိုင်တာတွေ မပြောနဲ့ဟေ့ကောင်၊ မနက်ဖြန်ရုံးတော်ကျရင် ဘယ်သူကအပြစ်မရှိဘူးလဲဆိုတာ မင်းတို့သိရမှာပေါ့ကွ”

“ရုံးတော်ရောက်စရာမလိုတော့ဘူး ဦးသာစံ၊ ခင်ဗျားကို အခုပဲကျုပ်တို့က ဖမ်းပြီးတော့စီရင်တော့မှာ”

ဦးဘသာက ထိတ်လန့်သွားပြီး

“မင်းတို့က ကြီးကြပ်ရေးတွေဆိုပြီး လုပ်ချင်တိုင်းလုပ်လို့ရမယ်ထင်နေတာလားကွ”

“လုပ်ချင်တိုင်းလုပ်ခဲ့တာက ခင်ဗျားလေဗျာ၊ ခင်ဗျားလုပ်ခဲ့တာတွေကို မမှတ်မိတော့ဘူးလား”

“ငါပြောပြီးသားပဲ မယ်နှင်းကိုငါမသတ်ဘူးဆိုတာ”

ထောင်ထောင်မောင်းမောင်းနဲ့လူက ဒေါသတကြီးနဲ့ မျက်မှောင်ကြုတ်ပြီး

“ခင်ဗျားဘာတွေလာပြောနေတာလဲ၊ ခင်ဗျားကြီးက အခုအချိန်အထိ ဘာကိုမှ မသိသလိုမျိုးနဲ့ ဟန်ဆောင်နေသေးတယ်ပေါ့ ဟုတ်သလား”

ကျုပ်နဲ့ဦးဘသာလည်း တစ်ယောက်မျက်နှာတစ်ယောက်ကြည့်လိုက်မိတယ်ဗျ၊

“ဘာတွေဖြစ်နေလို့လဲကွ”

“ဘာဖြစ်ရမလဲ၊ ဆေးရောင်းတဲ့ ရာဂျတ်သေပြီ”

ကျုပ်ရော ဦးဘသာပါ အတော်ထူးဆန်းသွားတယ်ဗျ။

“ဘာကွ၊ မင်းဘာတွေပြောနေတာလဲ”

“ကျုပ်က ခင်ဗျားလိုလိမ်မပြောတတ်ပါဘူး ဦးသာစံ၊ ရာဂျတ်သေပြီ၊ အဲဒါကလည်း ခင်ဗျားသတ်သွားတာ”

“အပိုတွေမပြောနဲ့ဟေ့ကောင်၊ ရာဂျတ်နဲ့ငါနဲ့က ညီအကိုတွေလိုခင်တာကွ၊ ငါကဘာဖြစ်လို့ သူ့ကိုသတ်ရမှာလဲ”

“ခင်ဗျားအမေကို ခပ်တဲ့ဆေးကို ရာဂျတ်ရောင်းတယ်ဆိုတာ ခင်ဗျားသိတယ်မဟုတ်လား”

ဦးဘသာက ခေါင်းညိတ်ပြီး

“အခုမှ သိတာမဟုတ်ပါဘူးကွာ၊ ဒီအတွက်နဲ့ ငါက ရာဂျတ်ကိုသတ်မလားကွ”

“နောက်တစ်ခုရှိသေးတယ်၊ အဲဒါကတော့ ခြေချုပ်ဖျက်ဆေးပဲ”

“ငါအဲဒီဆေးကို လုံးဝမသုံးခဲ့ဘူးကွ”

“ကဲပါ၊ ဒီနေရာမှာ ပြောရတာမကောင်းပါဘူး ဦးသာစံ၊ ခင်ဗျားဖြူစင်တယ်ဆိုရင် ကျုပ်တို့နဲ့လိုက်ခဲ့ပါ”

ဒီအချိန် ရှဲခနဲအသံကြီးနဲ့အတူ သုဿန်ထဲက မီးတောက်ကြီးတစ်ခုတက်လာတယ်ဗျ၊ မီးတောက်ကြီးက ကြီးလွန်းလို့ သစ်ပင်ထိပ်ဖျားလောက်နားအထိတောင်မှ မီးညွန့်ရှိသဗျာ၊ ဒါနဲ့ ကျုပ်တို့ရော၊ ထောင်ထောင်မောင်းမောင်းနဲ့လူရော သုဿန်ထဲကိုပြေးဝင်လိုက်ကြတယ်၊ ဒီအခါ ခုနက ကျုပ်နဲ့ဦးဘသာမေးခဲ့တဲ့ မယ်နှင်းရဲ့မြေပုံကြီးက မီးတွေတဟုန်းဟုန်းတောက်လို့ဗျ၊ ထောင်ထောင်မောင်းမောင်းနဲ့လူက မြေပုံကိုခြေထောက်နဲ့ခတ်ကြည့်လိုက်တော့ မယ်နှင်းရဲ့အလောင်းက မရှိတော့ဘူးဗျာ၊ ဒီလူက ကျုပ်တို့ကိုလှည့်ကြည့်ရင်း

“ကြီးကြပ်သူတွေ၊ ဒီလူနှစ်ယောက်ကိုဖမ်းလိုက်ကြတော့”

ကျန်တဲ့လူတွေက ကျုပ်တို့အနားကိုကပ်လာတယ်ဗျ၊ ဦးဘသာက ဘာမှမပြောတော့ဘဲ တွေတွေကြီးလုပ်နေတယ်၊ ဒါနဲ့ပဲ ကျုပ်နဲ့ဦးဘသာကို သူတို့တွေကဖမ်းလိုက်တယ်။

“တောက်၊ ခင်ဗျားတို့အကြံဒါအကုန်ပဲလား၊ လူသေအလောင်းကိုဖျောက်ဖျက်ပြီးတော့ ဒီမြို့ကနေထွက်ပြေးဖို့ ကြံချင်တယ်ပေါ့”

ကျုပ်နဲ့ဦးဘသာခေါင်းကို အဝတ်မဲစကြီးတွေနဲ့အုပ်လိုက်တဲ့အခါ ကျုပ်လည်းအမှောင်ထုထဲကျသွားသလို ခံစားလိုက်ရပါတော့တယ်။

ကျုပ်သတိတော့မမေ့ဘူးဗျ၊ ဒါပေမယ့် မြောနေသလိုတော့ခံစားရတယ်၊ ကျုပ်ခေါင်းက အဝတ်စကြီးကိုဖြုတ်လိုက်တော့မှ ကျုပ်လည်းသတိပြန်လည်လာသလိုပဲဗျာ၊ ဘေးပတ်ဝန်းကျင်ကို သေချာကြည့်လိုက်တော့မှ ညနေကရောက်ခဲ့တဲ့ ရုံးတော်ထဲကိုပြန်ရောက်နေသဗျ၊ ဦးဘသာက ကျုပ်ဘေးမှာထိုင်လို့ဗျာ။

“ကဲ ဦးသာစံ၊ ခင်ဗျား ရာဂျတ်ကိုသတ်ခဲ့တယ်ဆိုတာ တကယ်ပဲလား”

လူတစ်ယောက်က မေးတယ်ဗျ၊ သူ့ပုံစံက အမှုစစ်တစ်ယောက်နဲ့တူတယ်၊ ရုံးမှာ ကောင်စီလူကြီးတွေနဲ့ မယ်တော်တို့လည်းထိုင်နေကြတယ်၊ အားလုံးရဲ့မျက်နှာတွေကလည်း ခက်ထန်ကြမ်းတမ်းနေကြပါရော။

“ကျုပ်မသတ်ခဲ့ဘူး၊ ကျုပ်မသတ်ခဲ့ပါဘူးဗျာ”

ကုလားမကြီးမာယာကလည်း ခုံတစ်ခုံမှာထိုင်ပြီးငိုကြွေးနေသဗျ၊ နောက်တော့ ဦးဘသာကိုကြည့်ရင်း

“လုပ်ရက်လိုက်တာ အကိုကြီးရယ်၊ လုပ်ရက်လိုက်တာ၊ ရာဂျတ်နဲ့အကိုကြီးက ညီအကိုတွေလိုခင်တဲ့လူတွေပါ”

ဦးဘသာမျက်နှာက ညှိုးငယ်သွားပြီးတော့

“ငါမသတ်ဘူးမာယာ၊ ငါရာဂျတ်ကိုဘယ်လိုလုပ်ပြီး သတ်ရမှာလဲဟာ”

ဦးဘသာက ပြောရင်း ငိုသံပါကြီးဖြစ်လာတယ်ဗျ၊ ဒီအခါ ကောင်စီလူကြီးက

“ကဲ သက်သေတွေခေါ်သွင်းလာခဲ့တော့”

ဒီအခါ ကုလားလေးကိုခေါ်လာသဗျာ၊ အဲဒီကုလားလေးက ရာဂျတ်ဆေးဆိုင်က ကုလားလေးဗျ၊ အမှုစစ်တဲ့လူက ကျုပ်တို့ကိုလက်ညှိုးထိုးပြပြီးတော့

“ဒီညနေ ခြောက်နာရီလောက်မှာ မင်းတို့ဆိုင်ကိုသူတို့လာတယ်ဆိုတာ တကယ်လား”

ကုလားလေးက ခေါင်းညိတ်ပြီးတော့

“ဟုတ်ပါတယ်၊ ဆိုင်ပိတ်ခါနီးမှာ သူတို့ရောက်လာတာပါ၊ ကျွန်တော်လည်း သူဌေးကိုပြောလိုက်တော့ သူဌေးက ဝင်ခိုင်းလိုက်ဆိုတာနဲ့ ဝင်ခိုင်းလိုက်တာပါ”

အမှုစစ်က

“ကောင်းပါပြီ၊ ဒါဆိုရင် အဲဒီနောက်ပိုင်း ဘာဆက်ဖြစ်ပါသလဲ”

“ဘာဆက်ဖြစ်သလဲဆိုတော့ သူတို့က သူဌေးရုံးခန်းထဲဝင်သွားပါတယ်၊ ကျွန်တော်နဲ့ကျန်တဲ့ကောင်လေးတွေက ဆိုင်သိမ်းနေကြပါတယ်၊ နောက်တော့ အော်ဟစ်သံတွေ၊ ဆူညံသံတွေကြားလို့ ကျွန်တော်လည်း သူဌေးရုံးခန်းထဲကို ပြေးကြည့်လိုက်တဲ့အခါ သူဌေးရာဂျတ်က ကြိမ်ကုလားထိုင်ပေါ်မှာ ပက်လက်လန်ပြီးသေနေပါပြီ၊ အဲဒီအချိန်မှာ ဒီဦးလေးကြီးက ပုလင်းအပြာကလေးတစ်လုံးကို မော့သောက်ပြီးတော့ ပုလင်းကိုပစ်ချပြီး အခန်းထဲကနေ အလောတကြီးနဲ့ပြေးထွက်သွားပါတယ်”

“ကောင်းပါပြီ၊ ဒီအချိန်မှာအလင်းရောင်ရှိနေသလား၊ မင်းမြင်လိုက်ရတာ သူဆိုတာသေချာလား”

“သေချာပါတယ်၊ သူဌေးရုံးခန်းကလည်း လင်းနေပါတယ်”

“ဒါဆိုရင်နောက်ဆုံးအနေနဲ့မေးချင်တာက၊ အခန်းထဲကနေ ပြေးထွက်သွားတဲ့သူက ဘယ်သူလဲဆိုတာကို မင်းလက်ညှိုးညွန်ပြီးတော့ သေသေချာချာအတည်ပြုပေးနိုင်မလား”

ကုလားလေးက ဦးဘသာကြီးကိုလက်ညှိုးညွှန်ပြပြီးတော့

“ဒီလူကြီးမှ ဒီလူကြီးအစစ်ပါ”

အမှုစစ်က ခေါင်းညိတ်ပြီးတော့

“ကောင်းပါပြီ၊ ဒါဆိုမင်းပြန်လို့ရပါပြီ၊ ကောင်စီလူကြီးများခင်ဗျာ၊ အခုတစ်ခါ ပစ္စည်းသက်သေကိုတင်သွင်းပါ့မယ်”

ဒီအခါ လူတစ်ယောက်က လင်ပန်းကလေးတစ်ခုထဲမှာ ပုလင်းခွံကလေးတစ်ခုကို ကိုင်လာသဗျ၊ အဲဒီပုလင်းအခွံကို ကောင်စီလူကြီးတွေရှေ့နားက စားပွဲမှာတင်လိုက်ပြီး

“ကောင်စီလူကြီးများခင်ဗျာ၊ အခုမြင်နေရတာကတော့ သေဆုံးသွားတဲ့ ဆေးဆိုင်ပိုင်ရှင် ရာဂျတ်တစ်ယောက် တရားမဝင်ဖော်စပ်ထားတဲ့ ခြေချုပ်ဖျက်တဲ့ဆေးလို့သိရပါတယ်၊ ဒီဆေးပုလင်းဟာ အခင်းဖြစ်ပွားတဲ့နေရာမှကျနေခဲ့တာမို့လို့ ခုနက ကုလားလေးထွက်ဆိုသွားတာနဲ့ ထပ်တူညီနေပါတယ်”

မယ်တော်က ဒေါသထွက်ထွက်နဲ့

“ချမှတ်ထားတဲ့ ခြေချုပ်ကိုဖျက်တာက ကြီးလေးတဲ့အပြစ်ပဲနော်”

“ဟုတ်ပါတယ်၊ ဟောဒီက ဦးသာစံဟာ ဒီဆေးကိုလိုချင်တဲ့အတွက် သေဆုံးသူရာဂျတ်ကို သတ်ဖြတ်ခဲ့ပုံရတယ်လို့ယူဆမိပါတယ်”

ဦးဘသာက ထပြီး

“မဟုတ်ဘူး၊ ကျုပ်မဟုတ်ဘူး၊ ကျုပ်ကိုရှေ့နေခေါ်ပေးပါ၊ ကျုပ်ရှေ့နေ ဗေဒါရီကိုခေါ်ပေးကြပါ”

အမှုစစ်က ဦးဘသာကိုလှည့်ကြည့်ပြီးတော့

“ဒေါ်ဗေဒါရီကိုလောလောဆယ် ဆက်သွယ်လို့မရသေးပါဘူး၊ ကဲ ဦးသာစံ ခင်ဗျားဘယ်လိုလုပ်ခဲ့သလဲဆိုတာကို ကျုပ်က အများသိအောင်ဖော်ထုတ်ပြပါမယ်”

အမှုစစ်ကပုလင်းကလေးကိုကိုင်လိုက်ပြီးတော့ ပုလင်းကိုဆေးရည်အနီရောင်လေးတွေနဲ့ ဖြန်းလိုက်တယ်ဗျ၊ ဖြန်းပြီးတဲ့အခါမှ အဲဒီပုလင်းမှာ အနီရောင်အစင်းကြောင်းလေးတွေပေါ်လာတော့တာပါပဲဗျာ၊ ပြီးတော့ အဲဒီပုလင်းကိုပြရင်း

“အခုပုလင်းမှာ လက်ဗွေခြေရာခံတဲ့ဆေးရည်ကိုသုတ်လိမ်းလိုက်ပါပြီ၊ ကျန်တဲ့ဆေးရည်တွေကို ဦးသာစံရဲ့လက်မှာ သုတ်လိမ်းလိုက်ပြီး မန္တာန်ရွတ်လိုက်တဲ့အခါ တကယ်လို့ ဦးသာစံက ဒီပုလင်းကိုကိုင်ထားတယ်ဆိုရင် ပုလင်းမှာသုတ်ထားတဲ့ဆေးရည်တွေက အပြာရောင်အဖြစ်ပြောင်းလဲသွားပါလိမ့်မယ်”

ပြောရင်းဆိုရင်း ဦးဘသာဆီကိုလမ်းလျှောက်လာပြီးတော့ ဦးဘသာလက်တွေကိုကိုင်ပြီး ခုနက ဆေးရည်ထဲကိုနှစ်လိုက်တယ်ဗျ၊ လူတွေအားလုံးကလည်း သိချင်စိတ်နဲ့စောင့်ကြည့်နေကြတာပေါ့ဗျာ၊ ခဏကြာတဲ့အခါ ဦးဘသာလက်ထိပ်က ဆေးနီတွေက တဖြည်းဖြည်းအပြာရောင်ပြောင်းသွားတယ်ဗျ၊ ဒါတင်မကဘဲ ပုလင်းမှာသုတ်ထားတဲ့ ဆေးတွေက အပြာရောင်အဖြစ်ပြောင်းသွားပြန်တယ်။

“ကောင်စီလူကြီးမင်းများခင်ဗျာ၊ ဒီသက်သေအရ ဟောဒီပုလင်းကို ဦးသာစံက ကိုင်ထားတယ်ဆိုတာကို အထင်အရှားတွေ့ရပါတယ်”

ကျုပ်ပြန်စဉ်းစားကြည့်လိုက်တော့ ရာဂျတ်ပေးတဲ့ဆေးရည်ပုလင်းကို ဦးဘသာက တစ်ခါကိုင်လိုက်တာကိုမှတ်မိတယ်ဗျ၊ ပြီးတော့မှ စားပွဲပေါ်ကိုပြန်ချပေးခဲ့တာမဟုတ်လား၊ ဦးဘသာက ထိုင်နေရင်း

“ကျုပ်ပုလင်းကိုကိုင်ခဲ့ပေမယ့် အဲဒီဆေးရည်တွေကို တစ်ခါမှမသောက်ခဲ့ဖူးဘူး”

အမှုစစ်က ဦးဘသာကို ပြုံးကြည့်ရင်း

“အေးအေးပေါ့ ဦးသာစံရာ၊ အဲဒီအချက်ကိုလည်း ကျုပ်တို့ဖော်ထုတ်မှာပါ”

အမှုစစ်က မယ်တော်ဆီကလှမ်းလျှောက်သွားတဲ့အခါ မယ်တော်က ထန်းလက်ခြောက်ကလေးတစ်ဖဲ့ကိုကိုင်ထားတယ်ဗျ၊ အဲဒီထန်းလက်ခြောက်ကလေးကို ပါးစပ်နားကပ်ပြီးတော့ တိုးတိုးရွတ်ဖတ်နေတယ်၊ ပြီးတာနဲ့

“ကဲ၊ တကယ်လို့ သာစံသာ ခုနကပြောတဲ့ ခြေချုပ်ဖျက်တဲ့ဆေးရည်ကိုသောက်သုံးခဲ့တယ်ဆိုရင် ဒီထန်းလက်က လောင်မီးအတိကျပါစေသား”

အဲဒီလိုပြောပြီးတော့ အမှုစစ်ကိုလှမ်းပေးလိုက်တယ်၊ အမှုစစ်က ဦးဘသာဆီကိုလျှောက်လာပြီးတော့ ဦးဘသာရဲ့ လက်ကိုဆွဲယူလိုက်ပြီး

“သွေးလေးနည်းနည်းလောက် ယူပါရစေနော် ဦးသာစံ”

ပြောပြီးတာနဲ့ လက်ထိပ်ကို ညှစ်ပြီး မန်းမှုတ်လိုက်တဲ့အခါ ဦးဘသာလက်ထိပ်ကနေပြီးတော့ သွေးတွေသူ့အလိုလိုစိမ့်ထွက်လာတယ်ဗျ၊ အဲဒီသွေးတွေကို ခုနကထန်းလက်ခြောက်ပေါ်ကို အစက်ချပြီးတော့ ထန်းလက်ခြောက်ကို ကြေးလင်ပန်းကလေးတစ်ခုပေါ်ကိုတင်ထားလိုက်တယ်၊ ကျုပ်တို့အားလုံး သိချင်စိတ်နဲ့ကြည့်နေတဲ့အချိန်မှာပဲ သွေးစက်ကလေးက တဖြည်းဖြည်းနီရဲလာပြီးတော့ ထန်းလက်ခြောက်တစ်ခုလုံးကို မီးစွဲလောင်ကျွမ်းပြီး ပြာဖြစ်သွားပါတော့တယ်။ အမှုစစ်က ဦးဘသာကိုကြည့်ရင်း

“ကဲ ဦးသာစံ၊ ခင်ဗျားဘာငြင်းအုံးမလဲ”

ဦးဘသာက ခေါင်းခါရင်း

“မဖြစ်နိုင်ဘူး၊ ကျုပ်ဒီဆေးရည်ကို မသောက်ခဲ့ဘူး”

“ခင်ဗျားမသောက်ဘဲနဲ့၊ ဒီဆေးက ခင်ဗျားရဲ့ဗိုက်ထဲကိုဘယ်လိုရောက်နေမှာလဲဗျ”

ဦးဘသာက ငိုင်ကျသွားတော့တယ်ဗျ၊ ဘာမှလည်းပြန်မပြောတော့ဘူး၊ အမှုစစ်က ကောင်စီလူကြီးတွေဘက်ကိုလှည့်ပြီး

“ကောင်စီလူကြီးများခင်ဗျာ၊ ဒီသက်သေတွေကို ထောက်ချင့်ခြင်းအားဖြင့် တရားခံဦးသာစံဟာ၊ သူ့လူသတ်မှုကိုဖုံးကွယ်ဖို့အတွက် သေဆုံးသူရာဂျတ်ဆီကို သွားပြီးတော့ ရာဂျတ်ဆီကနေ ခြေချုပ်ဖြေတဲ့ဆေးကို သွားတောင်းတယ်လို့ ယူဆရပါတယ်၊ ဒီမှာ ရာဂျတ်နဲ့ကတောက်ကဆဖြစ်ပြီးတော့ ရာဂျတ်ကိုသတ်မိသွားတာလည်းဖြစ်နိုင်ပါတယ်၊ ရာဂျတ်ရဲ့အလောင်းကိုစစ်ဆေးချက်အရ သူ့နဖူးမှာ ငွေအပ်တစ်ချောင်းစိုက်ဝင်နေတာကိုကြည့်ချင်းအားဖြင့် မယ်နှင်းသေဆုံးသွားခဲ့တဲ့အဖြစ်နဲ့လည်း ထပ်တူညီနေပါတယ်၊ ဒါတင်မက ဦးသာစံကို မျက်မြင်သက်သေတွေသာမက၊ အခုစမ်းသပ်စစ်ဆေးချက်တွေအရပါ ဒီလူသတ်မှုတွေကို ဦးသာစံကျူးလွန်နေတာ ထင်ရှားကြောင်း သုံးသပ်တွေ့ရှိရပါတယ်၊ ဒါကြောင့် စုန်းကဝေကောင်စီရဲ့ စည်းကမ်းချက်တွေကိုဖောက်ပြားပြီးတော့ စုန်းတွေကိုတမင်သက်သက်ရန်ရှာသတ်ဖြတ်နေတဲ့ ဦးသာစံကို ထိုက်သင့်တဲ့ပြစ်ဒဏ်ချမှတ်ဖို့ တောင်းဆိုပါတယ်”

ကောင်စီလူကြီးတွေက တိုင်ပင်ကြရင်း ဦးဘသာဘက်ကိုလှည့်လိုက်ပြီးတော့

“ဦးသာစံ၊ ဘာများငြင်းချင်ပါသေးသလဲ”

“ဒါတွေအားလုံး ကျုပ်လုပ်တာမဟုတ်ဘူး၊ ကျုပ်လုပ်တာမဟုတ်ဘူးဗျ”

ဦးဘသာက ခေါင်းငိုက်စိုက်ချရင်း ပြောတယ်ဗျာ၊ ကျုပ်လည်း ဘာလုပ်ရမှန်းကိုမသိတော့ပါဘူး၊ ကောင်စီလူကြီးတွေက ဦးဘသာကိုကြည့်ရင်း

“ကဲ ခင်ဗျားမှာပြန်လည်ချေပစရာမရှိတော့ဘူးဆိုရင်တော့ အပြီးသတ်အမိန့်ချပါမယ်”

ဒီအချိန် ရုံးတော်တံခါးကပွင့်သွားတယ်ဗျ။

“ကျွန်မမှာ ပြန်လည်ချေပစရာရှိပါတယ်”

ရုံးတော်ထဲကိုဝင်လာတဲ့သူကတော့ ဗေဒါရီဗျ၊ ဗေဒါရီကိုတွေ့တော့ ကျုပ်ဖြင့်အတော်ဝမ်းသာသွားတယ်ဗျာ၊ ဦးဘသာလည်း မျှော်လင့်ချက်တွေပြန်လည်ရှင်သန်လာသလိုပါပဲ၊ ဗေဒါရီကအရှေ့ကိုလျှောက်လာတဲ့အခါ ကောင်စီလူကြီးတွေက

“မင်းဘယ်သူလဲ”

“ကျွန်မက ဦးသာစံဘက်ကလိုက်ပေးမယ့် ရှေ့နေပါ”

အမှုစစ်က ဗေဒါရီကိုစိုက်ကြည့်ရင်း

“ဒီအမှုက လူသက်သေ၊ပစ္စည်းသက်သေတွေနဲ့ ထင်ရှားနေပြီနော်၊ မင်းကဘယ်လိုချေပမှာလဲ၊ ဦးသာစံမှာ အပြစ်မရှိဘူးဆိုတာကို မင်းကဘယ်လိုလုပ်ပြီးတော့ သက်သေပြမှာလဲ”

ဗေဒါရီက အမှုစစ်ကိုမကြည့်ဘဲနဲ့ ကောင်စီလူကြီးတွေကိုကြည့်လိုက်ရင်း

“ကျွန်မတစ်ခုပြောပါရစေ၊ ဟောဒီမှာထိုင်နေတဲ့ ဦးသာစံကို လွန်ခဲ့တဲ့ ဆယ့်ငါးမိနစ်က မြို့ထဲမှာမြင်တွေ့လိုက်တဲ့သူရှိပါတယ်”

အားလုံးအံ့သြသွားကြတယ်ဗျ။

“ဘယ်လိုလုပ်ပြီးဖြစ်နိုင်မှာလဲ၊ ဦးသာစံက ဒီမှာထိုင်နေတာ ကြာပြီမဟုတ်လား”

“ဖြစ်နိုင်မဖြစ်နိုင်သိရအောင်လို့ သက်သေတွေတင်သွင်းချင်ပါတယ်၊ ကောင်စီလူကြီးများ ခွင့်ပြုပါ”

ကောင်စီလူကြီးတွေက ခေါင်းညိတ်လိုက်ကြတယ်ဗျ၊ သိပ်မကြာခင်မှာပဲ ထောင်ထောင်မောင်းမောင်းနဲ့ကြီးကြပ်သူက လူနှစ်ယောက်ကိုခေါ်လာတယ်၊ ဒီလူတွေက စုတ်စုတ်ပြတ်ပြတ်နဲ့ပါ။ ဗေဒါရီက သူတို့တွေကိုကြည့်ပြီးတော့

“ရှင်တို့နာမည်ကိုပြောပြပါ”

“ကျုပ်က နှာတိုပါ၊ ဒီကောင်ကတော့ နားပဲ့ပါ၊ ကျုပ်တို့က စုန်းတွေပါ၊ ပညာပြိုင်ရင်း ကိုယ်လက်အင်္ဂါဆုံးရှုံးသွားကြလို့ ရွှေမြင်တင်ဘုရားအနားမှာ တောင်းစားနေကြတဲ့လူတွေပါ”

အမှုစစ်က ဒီလူနှစ်ယောက်ကိုကြည့်ရင်း

“မင်းတို့ ဒီနေရာမှာ မမှန်ထွက်ဆိုရင် ဘာဖြစ်မယ်ဆိုတာ သိကြတယ်မဟုတ်လား”

လေသံမာမာနဲ့ ဒီလူတွေကိုခြောက်လိုက်တယ်ဗျ၊ ဒီလူတွေက ခေါင်းညိတ်ပြီးတော့

“သိပါတယ်”

အမှုစစ်က ရေဖလားတစ်ခွက်ယူလာတယ်ဗျ၊ အဲဒီရေဖလားထဲကို သက်သေနှစ်ယောက်ရဲ့လက်တွေကိုထည့်စိမ်ခိုင်းပြီးတော့

“ကဲ ငါ့အနောက်ကလိုက်ဆို၊ အကယ်၍ မမှန်ထွက်ဆိုခဲ့သည်ရှိသော် ဤရေများသည် ချော်ရည်ပူများအဖြစ်ပြောင်းလဲသွားပြီး လောင်ကျွမ်းပါစေသား”

ဟိုလူနှစ်ယောက်ကလည်း လိုက်ဆိုတယ်ဗျ၊ ပြီးတော့မှ အမှုစစ်က

“ကဲ ခင်ဗျားတို့မြင်လိုက်တာတွေကို အမှန်အတိုင်းပြောပါ၊ လွန်ခဲ့တဲ့ ဆယ့်ငါးမိနစ်လောက်က ခင်ဗျားတို့နှစ်ယောက် ဟောဟိုမှာထိုင်နေတဲ့ လူကြီးကိုတွေ့လိုက်တယ်ဆိုတာ တကယ်လား”

ဟိုလူနှစ်ယောက်က ဦးဘသာကိုသေသေချာချာကြည့်ပြီးတော့

“ဟုတ်ပါတယ်၊ သူ့ကိုမြင်လိုက်ပါတယ်”

အမှုစစ်က မျက်မှောင်ကြုတ်ပြီး

“ဘယ်လိုမြင်လိုက်တာလဲဆိုတာ အသေးစိတ်ပြောပါ”

“ကျုပ်နဲ့ နားပဲ့နဲ့ ဘုရားရှေ့က ကုက္ကိုပင်ခြေရင်းမှာ အိပ်ဖို့ပြင်နေတဲ့အချိန် ဒီလူကြီးက အနားကိုရောက်လာပါတယ်၊ ဒါနဲ့ ပိုက်ဆံရလိုရငြားဆိုပြီးတော့ တောင်းကြည့်တဲ့အခါမှ သူက ကျုပ်တို့ကိုကြိမ်းမောင်းပြီးတော့ ရိုက်ပုတ်ပါတယ်၊ ကျုပ်တို့နှစ်ယောက်လည်း မခံချင်တာနဲ့ သူ့ကိုပြန်ရိုက်ဖို့လုပ်တဲ့အခါမှာတော့ ကျုပ်တို့ကိုစက်လက်နက်နဲ့ပစ်မယ်ဆိုပြီး ခြိမ်းခြောက်ပါတယ်”

“ခင်ဗျားတို့ပြောတာတကယ်ပဲလား၊ လိမ်နေတာတော့မဟုတ်ပါဘူးနော်”

“ကျုပ်တို့လည်းစုန်းတွေပါ၊ ကျုပ်တို့ ကောင်စီလူကြီးတွေရှေ့မှာရော၊ မယ်တော်ရဲ့အရှေ့မှာပါ မလိမ်ဝံ့ပါဘူးဗျာ”

“ပြီးတော့ ဒီလူကဘယ်ကိုထွက်သွားသေးသလဲ”

“ဈေးပိုင်းရပ်ကွက်ဘက်ကိုထွက်သွားပါတယ်”

အမှုစစ်မေးပြီးပြီဆိုတော့ ဗေဒါရီက

“ကောင်စီလူကြီးများကြားတဲ့အတိုင်းပါပဲရှင်၊ ဒီအတိုင်းဆိုရင် အခုတရားခံအဖြစ်စွပ်စွဲခံရတဲ့ ဦးသာစံနဲ့ ပုံစံတူတဲ့လူတစ်ယောက်ရှိနေတယ်ဆိုတာ ထင်ရှားပါတယ်၊ ဒီလိုဆိုရင် ဒီလူသတ်မှုတွေက ဦးသာစံကိုယ်တိုင်လုပ်ခဲ့တာလည်းဖြစ်နိုင်သလို၊ တစ်ယောက်ယောက်က ဦးသာစံပုံစံ ယောင်ဆောင်ပြီးတော့ လုပ်ကိုင်နေတာလည်း ဖြစ်နိုင်ပါတယ်”

ကောင်စီလူကြီးတွေ ခေါင်းချင်းဆိုင်ကုန်တယ်ဗျ။ ဗေဒါရီက ဆက်ပြီးတော့

“ဒါကြောင့်မို့လို့ ဦးသာစံကို အရမ်းကာရော အပြစ်မပေးဘဲ သေချာစစ်ဆေးစောင့်ကြည့်သင့်ပါသေးတယ်၊ ကျွန်မရဲ့အမြင်အရတော့ အခုလက်ရှိဦးသာစံကို ကြေးတိုက်ထဲမှာဖမ်းချုပ်ထားပြီးတော့ စောင့်ကြည့်ဖို့ပါ၊ ဒီအတောအတွင်းမှ မြိုင်သာမြို့ထဲမှာ ဦးသာစံတစ်ယောက်တွေ့ရတယ်ဆိုရင်တော့ ဒီအမှုတွေက ဟောဒီက ဦးသာစံကျူးလွန်ခဲ့တာမဟုတ်လောက်ဘူးဆိုတဲ့ အလီဘိုင်ကို ရရှိမှာဖြစ်ပါတယ်”

ကောင်စီလူကြီးတွေလည်း ခေါင်းညိတ်ကြတယ်ဗျ၊

“ကောင်းပြီ၊ ဒါဆိုရင် ဦးသာစံကို ကြေးတိုက်ထဲမှာ နှစ်ရက်သုံးရက်လောက်ချုပ်ထားပြီး စောင့်ကြည့်မယ်၊ ဒီအချိန်မှာ လူသတ်မှုတွေဆက်ဖြစ်နေတယ်ဆိုရင်တော့ ဒါဟာ ဦးသာစံလုပ်တာမဟုတ်ဘူးလို့ ကျုပ်တို့သတ်မှတ်မယ်”

ဗေဒါရီက ကျုပ်တို့ကိုပြုံးပြတယ်ဗျ၊ ကျုပ်တို့လည်း ဒီတော့မှပြုံးနိုင်တော့တယ်ဗျာ၊ ဘာပဲပြောပြော သူ့ကြောင့် ပြစ်ဒဏ်ကျဖို့ကနေ နောက်ဆုတ်သွားတာမဟုတ်လားဗျာ၊ ဗေဒါရီက ကျုပ်တို့အနားကိုရောက်လာတော့။

“ဘာပဲပြောပြော ကျေးဇူးတင်ပါတယ် တူမကြီးရာ”

“မလိုပါဘူး ဦးလေးရာ၊ ဒီအတိုင်းဆိုရင်တော့ ဦးလေးက အပြစ်ကင်းတဲ့အကြောင်း အနှေးနဲ့အမြန် သက်သေပြနိုင်မှာပါ”

မကြာခင်မှာပဲ ကြီးကြပ်သူတွေရောက်လာကြတယ်ဗျ၊ ထောင်ထောင်မောင်းမောင်းနဲ့လူက ဦးဘသာကို ကြိုးတွေနဲ့တစ်ကိုယ်လုံးကို ချည်တယ်ဗျ၊ ပြီးတော့ အင်းတွေနဲ့လည်းကပ်တယ်၊ ဦးဘသာတစ်ကိုယ်လုံးလှုပ်မရတော့ဘူးပေါ့ဗျာ။

“ကြေးတိုက်ထဲထည့်တာ ဒီလောက်လုပ်စရာလိုလို့လားဗျာ”

“လိုတယ်ကွ၊ ကြေးတိုက်ထဲထည့်တယ်ဆိုပေမယ့်လည်း သူ့ပညာတွေထုတ်သုံးလို့မရအောင်လို့ တားမြစ်ချုပ်နှောင်ထားမှ တော်ကာကြမယ်”

“ဒါဆို ကြေးတိုက်ကိုကျုပ်ရောလိုက်လို့ရလား”

ဗေဒါရီက ခေါင်းညိတ်ပြီးတော့

“လိုက်လို့ရပါတယ်၊ ကြေးတိုက်မပိတ်ခင်အထိ လိုက်ကြည့်လို့ရပါတယ်၊ စည်းကမ်းအရဆိုရင်တော့ ကြေးတိုက်ထဲကိုထည့်ပိတ်မယ့် လူတစ်ယောက်ကို သူ့ရဲ့ရှေ့နေနဲ့ သက်သေအဖြစ်လူနှစ်ယောက်က လိုက်ကြည့်ပြီးတော့ ကောင်းကောင်းမွန်မွန်ချုပ်နှောင်ထားမထား အတည်ပြုပြီးမှ ကြေးတိုက်ကိုပိတ်လေ့ရှိပါတယ်”

ကြီးကြပ်သူတွေက ဦးဘသာကိုလဲှချလိုက်ပြီးတော့ လက်ညှိုးလေးတွေနဲ့ မယူသွားကြတယ်ဗျ၊ ဦးဘသာအနောက်ကနေ ကျုပ်နဲ့ဗေဒါရီလည်း အတူတူလိုက်လာခဲ့ကြတာပေါ့ဗျာ။

ဆက်ရန်။

#အဂ္ဂဇော် #ဦးဘသာ #စုန်း #သရဲ

Zawgyi Version

” စုန္းထီးႀကီးဦးဘသာႏွင့္ ၿမိဳင္သာရွာပုံေတာ္”(စ/ဆုံး)
————————————————————————–
အပိုင္း(၄)

(၁၁)

ကုန္းသာရပ္ကြက္ကဆင္းလာၿပီးေတာ့ က်ဳပ္နဲ႔ဦးဘသာနဲ႔ သုတ္ေျခတင္ၿပီးထြက္လာခဲ့ၾကတယ္ဗ်၊ အခ်ိန္က ညရွစ္နာရီေလာက္ေတာ့ရွိေတာ့မယ္ဗ်၊ ညေဈးတန္းေတာင္မွ လူေတြက်ဲပါးၿပီး တစ္ခ်ိဳ႕ဆိုင္ေတြက ပိတ္ကုန္ၿပီဗ်၊ ဦးဘသာနဲ႔ က်ဳပ္နဲ႔ညေဈးတန္းေလွ်ာက္လာရင္း

“အလတ္ေကာင္၊ မင္းက ထမင္းထုပ္တစ္ထုပ္သြားဝယ္ကြာ၊ အမဲသားဟင္းရရင္ေကာင္းတယ္၊ မရရင္ေတာ့ ဘာဟင္းနဲ႔ျဖစ္ျဖစ္သာဝယ္ခဲ့”

“ဦးဘသာက ဘယ္သြားမလို႔လဲဗ်”

“ငါကြမ္းသိပ္စားခ်င္ေနၿပီကြ၊ ငါ့ကြမ္းအစ္ကလည္း မနက္ကထိုင္တဲ့ တ႐ုတ္စားေသာက္ဆိုင္မွာ က်န္ခဲ့သကြ”

ဟုတ္ေတာ့လည္း ဟုတ္တယ္ဗ်၊ ဦးဘသာရဲ႕ကြမ္းအစ္က လင္းဆိုတဲ့ဆိုင္မွာထိုင္ရင္း က်န္ခဲ့ၿပီမဟုတ္လားဗ်ာ၊ ဒါနဲ႔ဦးဘသာက ေညာင္ပင္ေအာက္က ကြမ္းယာဆိုင္တစ္ဆိုင္ကိုသြားၿပီး ကြမ္းယာဝယ္တယ္ဗ်၊ ဒါနဲ႔က်ဳပ္လည္း ထမင္းဆိုင္ကိုလာခဲ့တာေပါ့ဗ်ာ၊ ထမင္းဆိုင္မွာ ထမင္းတစ္ထုပ္ကို အမဲသားဟင္းနဲ႔ဝယ္ၿပီးေတာ့ ဦးဘသာနဲ႔အတူတူျပန္ဆုံၾကတယ္၊ ၿပီးတာနဲ႔ သုႆန္ဆီကိုဦးတည္လိုက္ၾကတာပါပဲဗ်ာ။

“ဦးဘသာ ၿမိဳင္သာသုႆန္ဆိုေတာ့ ၿမိဳ႕နဲ႔တစ္မိုင္၊ ႏွစ္မိုင္ေလာက္ ေဝးတယ္မဟုတ္လားဗ်ာ”

“ေအးေလကြ”

“ဒါဆိုရင္ ဦးဘသာကိုေျခခ်ဳပ္ခ်ထားတာဆိုေတာ့ ၿမိဳ႕ကထြက္လို႔ရပါ့မလား”

ဦးဘသာကရပ္ရင္း စဥ္းစားေနတယ္ဗ်။

“ၿမိဳ႕နဲ႔ေဝးတယ္ဆိုေပမယ့္လည္း ၿမိဳင္သာသုႆန္ပဲဆိုေတာ့ ၿမိဳင္သာနယ္ထဲပဲရွိေသးတယ္ထင္ပါ့၊ ေျခခ်ဳပ္အစီအရင္က သူ႔နယ္ေက်ာ္ေတာ့မယ္ဆိုရင္ သတိေပးတယ္ဆိုေတာ့ သတိေပးေတာ့မွ ငါတို႔လွည့္ျပန္တာေပါ့ကြာ”

“ဒါနဲ႔ဦးဘသာရာ ဒီေန႔တစ္ေန႔လုံး ဟိုေျပးလိုက္ဒီေျပးလိုက္နဲ႔ ေျပးရလြန္းလို႔ ေျခေထာက္ေတြလည္း ေညာင္းကိုက္ေနၿပီဗ်၊ လူတစ္ကိုယ္လုံးလည္း ဖတ္ဖတ္ကိုေမာလို႔၊ က်ဳပ္ဝတ္ထားတဲ့ အက်ီအျဖဴအသစ္ေတာင္မွ ေပက်ံေနတာပဲဗ်ာ၊ ေခြၽးေစာ္ေတြလည္း နံလို႔ဗ်”

ဦးဘသာက က်ဳပ္ပုခုံးကိုပုတ္ရင္း

“မင္းငါ့အေပၚေကာင္းတယ္ဆိုတာ ငါသိပါတယ္အလတ္ေကာင္ရာ၊ အမွန္ေတာ့ ဒီကိစၥက မင္းနဲ႔မွမဆိုင္တာ၊ မင္းဆက္ၿပီးမလိုက္ခ်င္ေတာ့ဘူးဆိုရင္ မာယာတို႔အိမ္မွာ သြားေစာင့္ေနမလား”

“မဟုတ္တာပဲ ဦးဘသာရာ၊ က်ဳပ္အခုလုပ္ေပးတယ္ဆိုတာ ဦးဘသာက်ဳပ္ကိုကူညီခဲ့တာ၊ က်ဳပ္တို႔မိသားစု၊ က်ဳပ္တို႔႐ြာကိုလုပ္ေပးခဲ့တာေတြနဲ႔စာရင္ ဘာမွမေျပာပေလာက္ပါဘူးဗ်ာ၊ က်ဳပ္က ဒီအတိုင္းညည္းမိတာပါ၊ ဦးဘသာလို လူႀကီးပိုင္းေတာင္မွ မညည္းမညဴသြားႏိုင္ေသးတာဗ်ာ၊ က်ဳပ္လိုလူငယ္က မသြားႏိုင္စရာအေၾကာင္းဘယ္ရွိမလဲဗ်”

ဦးဘသာက ၿပဳံးရင္း

“ေအးပါအလတ္ေကာင္ရာ၊ မင္းကိုငါေက်းဇူးလည္းတင္တယ္၊ အားလည္းအားနာပါတယ္”

ဒီလိုနဲ႔က်ဳပ္တို႔ႏွစ္ေယာက္ ၿမိဳင္သာၿမိဳ႕အထြက္ကို ေလွ်ာက္ခဲ့ၾကပါေရာ။ ညအေတာ္မိုးခ်ဳပ္ေနၿပီဆိုေတာ့ ၿမိဳင္သာအထြက္ကားလမ္းႀကီးက ရွင္းလင္းလို႔ေပါ့ဗ်ာ၊ ေခြးေလေခြးလြင့္ေတြပဲ မင္းမူေသာင္းက်န္းေနပါေရာ၊ ၿမိဳ႕ထဲပိုင္းက မီးေတြနဲ႔ထိန္လင္းေနေပမယ့္ ေခ်ာင္းဝရပ္ကြက္ေလာက္ေရာက္ေတာ့ မီးအလင္းေရာင္ေတြမရွိေတာ့ဘဲ ေမွာင္အတိက်ေနသဗ်၊ လမ္းေဘးက အိမ္ကေလးေတြကလည္း တိတ္ဆိတ္လို႔ဗ်ိဳ႕။

လျပည့္ေက်ာ္ေလးရက္ရဲ႕ လကအခုမွ ထြက္လာသဗ်ာ၊ လေရာင္ခပ္ဝါဝါေအာက္မွာ လမ္းႀကီးကျဖဴးေနသဗ်၊ ေလကလည္း တျဖဴးျဖဴးနဲ႔ေလွ်ာက္လို႔ေကာင္းသဗ်ာ၊ က်ဳပ္လည္း ဒီအတိုင္းလမ္းေလွ်ာက္ေနရတာ ပ်င္းတာနဲ႔ ဦးဘသာကို ၾကည့္ရင္း

“ဒါနဲ႔ဦးဘသာ၊ ခုနကေျပာတဲ့ ျပဒါးရွင္လုံးတို႔၊ ေနာက္ၿပီးေတာ့ ေဒၚဝတုတ္တို႔ဆိုတာက ဘာေတြလဲဗ်ာ”

ဦးဘသာက ကြမ္းဝါးလက္စဗ်၊ သူဝါးလက္စကြမ္းကို ပါးေစာင္ထဲငုံလိုက္ၿပီးေတာ့ ကြမ္းတံေတြးတစ္ခ်က္ကို ပ်စ္ခနဲေထြးထုတ္လိုက္ရင္း

“ဒီလိုကြ၊ ငါတို႔သားအမိကို ႐ြာကေနႏွင္လိုက္လို႔ ၿမိဳင္သာတက္လာၿပီးေတာ့ ငါ့အေမက ဦးဘာဘူကိုယူလိုက္ပါေရာကြာ၊ အဲဒီမွာ ငါ့အေမရဲ႕သတင္းကိုၾကားၿပီးေတာ့ လာလိုက္တဲ့အထက္လမ္းသမားေတြ၊ အထက္လမ္းဂိုဏ္းေတြဆိုတာ မနည္းမေနာပါပဲကြာ၊ လာသမွ်လူေတြအကုန္လုံးလည္း ရႈံးနိမ့္ၿပီးေတာ့ ေျပးၾကလႊားၾကနဲ႔ေပါ့ကြာ၊ ငါ့အထင္ေျပာရရင္ေတာ့ ငါ့အေမက ဦးဘာဘူနဲ႔ေပါင္းၿပီးေတာ့မွ ပညာေတြေတာ္ေတာ္အဆင့္ျမင့္သြားတဲ့ပုံစံပဲကြ”

“ဟုတ္ေတာ့ဟုတ္မယ္ေနာ္ဗ်၊ ဒီလိုအဘိုးႀကီးနဲ႔ယူလိုက္တာ တစ္ခုခုေတာ့အေၾကာင္းရွိမယ္မဟုတ္လား”

“မွတ္မွတ္ရရ ငါဆယ့္သုံးႏွစ္သားအ႐ြယ္ေရာက္ေတာ့ အေမ့ကို လူတစ္ေယာက္က လာစိန္ေခၚတယ္ကြ၊ သူ႔နာမည္ေတာ့ ငါေမ့ေနၿပီ၊ ဒါေပမယ့္ လူေတြကေတာ့ ျပဒါးရွင္ဘိုးေတာ္ႀကီးလို႔ေခၚၾကတာ၊ အထက္လမ္းဂိုဏ္းတစ္ဂိုဏ္းက ဂိုဏ္းခ်ဳပ္ႀကီးေပါ့ကြာ၊ အဲဒီဘိုးေတာ္ႀကီးနဲ႔ ငါ့အေမနဲ႔ပညာၿပိဳင္ရင္း ဘိုးေတာ္ႀကီးကရႈံးသြားတယ္၊ ဒါနဲ႔ သူတို႔ထားခဲ့တဲ့ကတိအတိုင္း ငါ့အေမကို ျပဒါးရွင္လုံးေပးခဲ့တယ္”

“အဲဒီျပဒါးရွင္လုံးဆိုတာ မနက္ကေတြ႕ခဲ့တဲ့အလုံးကေလးမဟုတ္လားဗ်ာ၊ က်ဳပ္က ျပဒါးရွင္လုံးဆိုလို႔ အလုံးႀကီးႀကီးမားမားမွတ္ေနတာဗ်၊ တကယ္တမ္းက်ေတာ့ ေသးေသးကေလးပဲ”

“ေသးေသးကေလးေပမယ့္ သြားမေလ်ာ့တြက္နဲ႔ကြ၊ ျပဒါးရွင္လုံးက သိပ္စြမ္းတာ၊ ျပဒါးရွင္လုံးရေတာ့ ငါ့အေမေဒၚပ်င္းတစ္ေယာက္ က်ားကိုအေတာင္ပံတပ္ေပးလိုက္သလိုျဖစ္သြားတာေပါ့ကြာ၊ ၿမိဳင္သာတစ္ေၾကာမွာ ေဒၚပ်င္းေဟ့ဆိုရင္ ဖိန႔္ဖိန႔္တုန္ေအာင္ ေၾကာက္ၾကရတာ၊ ေၾကာက္ရတဲ့အတိုင္း ငါ့အေမက သိပ္လည္းရက္စက္ခဲ့တာကြ”

“အဲဒီတုန္းက ေကာင္စီေတြဘာေတြမရွိဘူးလား”

“ရွိတာေပါ့၊ ဒါေပမယ့္ ငါ့အေမကသိပ္စြမ္းေတာ့ သူတို႔ဘာမွတင္းတင္းၾကပ္ၾကပ္မလုပ္ရဲၾကဘူး၊ လုပ္လို႔လည္းမရဘူးေလ၊ သူ႔ကိုႏိုင္တဲ့လူမွမရွိတာ”

“ဒါေပမယ့္ မယ္ေတာ္ရွိတယ္မဟုတ္လား”

“ရွင္းရွင္းေျပာရရင္ ငါ့အေမက မယ္ေတာ္နဲ႔ထိပ္တိုက္မေတြ႕ေအာင္ေနတယ္၊ မယ္ေတာ္ကလည္း ငါ့အေမကိုဆိုရင္ မသိက်ိဳးကြၽန္ျပဳထားတယ္ကြ၊ ဒါနဲ႔တစ္ရက္က်ေတာ့ ငါ့အေမက အမွားႀကီးတစ္ခုကိုလုပ္မိတာပဲ”

“ဘာအမွားလဲဗ်”

“မယ္ေတာ္ကို စိန္ေခၚခဲ့တာ၊ သူ႔တပည့္ေတြကလည္း ေျမႇာက္ေပးတာပါမွာေပါ့ကြာ၊ ထုံးစံအရဆိုရင္ မယ္ေတာ္ကိုႏိုင္တဲ့လူက မယ္ေတာ္ျဖစ္ခြင့္ရွိတယ္၊ မယ္ေတာ္ျဖစ္ရင္ အဲဒီနယ္တစ္ေၾကာမွာ လုပ္ခ်င္တိုင္းလုပ္လို႔ရတာေပါ့ကြာ”

“စိတ္ဝင္စားဖို႔ေကာင္းလာၿပီဗ်ာ၊ ဒါနဲ႔ မယ္ေတာ္ကိုႏိုင္သြားလား”

ဦးဘသာက ကြမ္းတံေတြးတစ္ခ်က္ေထြးရင္း

“ငါေျပာရင္ မင္းက ႂကြားတယ္ထင္အုံးမယ္ကြ၊ ငါ့အေမက အခုလက္ရွိအေရွ႕မယ္ေတာ္ကို ႏိုင္သြားတယ္ဆို မင္းယုံမလား”

က်ဳပ္ျဖင့္္ေတာ္ေတာ္ထူးဆန္းၿပီးေတာ့ အံ့ၾသသြားတယ္ဗ်။

“ဗ်ာ၊ ဒါဆို ေဒၚပ်င္းႀကီးက မယ္ေတာ္ကိုေတာင္ ႏိုင္တယ္ေပါ့၊ မယ္ေတာ္ဆိုတာ သိပ္စြမ္းတာမဟုတ္လားဗ်ာ”

“ေအးေပါ့ကြ၊ မယ္ေတာ္နဲ႔က သုံးခ်ီသုံးခါၿပိဳင္ရတယ္၊ ပထမတစ္ရက္ ပထမတစ္ခ်ီၿပိဳင္တဲ့အခါ ငါ့အေမႏိုင္ခဲ့တယ္၊ အဲဒီမွာ လုပ္ႀကံမႈေတြစတာပါပဲကြာ၊ ငါတို႔အိမ္မွာ ေဒၚဝတုတ္ဆိုတဲ့မိန္းမႀကီးတစ္ေယာက္ရွိတယ္ကြ၊ နာမည္အတိုင္း ၀၀တုတ္တုတ္ႀကီးေပါ့ကြာ၊ သူလည္းစုန္းပဲကြ၊ ငါတို႔ၿမိဳင္သာမွာေနတဲ့ ေလးငါးေျခာက္ႏွစ္ေလာက္အတြင္းမွာ ငါ့အေမဆီက ပညာလိုခ်င္လို႔ အိမ္မွာလာေနၿပီးေတာ့ ေခ်းအစေသးအစ အကုန္လုပ္ကိုင္ေပးတဲ့လူေပါ့ကြာ၊ ႏွစ္ေတြၾကာသြားၿပီဆိုေတာ့လည္း ငါ့အေမက သူ႔ကိုတပည့္ရင္းလို႔ ယုံသြားေတာ့တာေပါ့”

“ဒါနဲ႔ သူကဘယ္လိုသစၥာေဖာက္လို႔လဲဗ်”

“သူကအိမ္မွာထမင္းေတြဟင္းေတြခ်က္တာကိုးကြ၊ ဒီေတာ့ ငါ့အေမစားမယ့္ ထမင္းဟင္းထဲမွာ အေၾကာေတြတုန႔္ဆိုင္းၿပီးေတာ့ ေသသြားေစႏိုင္တဲ့ေဆးထည့္တယ္ကြ”

“အဲဒီေဆးကို ေဒၚပ်င္းႀကီးက မိေရာလားဗ်ာ”

“လူယုံေကြၽးတာကိုးကြ၊ သူက မေကြၽးခင္ ငါ့အေမအၿမဲတမ္းပါးစပ္ထဲငုံထားတဲ့ ျပဒါးရွင္လုံးကိုလည္း ထုတ္ခိုင္းလိုက္ေသးတာ၊ သူေျပာတာကေတာ့ ဝက္သားဟင္းနဲ႔ျပဒါးနဲ႔က အဆိပ္ဆိုၿပီးထုတ္ခိုင္းတာေပါ့ကြာ၊ ငါ့အေမလည္း ျပဒါးရွင္လုံးကို အနားက အၾကမ္းပန္းကန္လုံးထဲ ေထြးထည့္ၿပီး ထမင္းကိုေကာက္စားလိုက္တာ၊ သုံးလုပ္လည္းစားၿပီးေတာ့ ထမင္းဝိုင္းမွာေမွာက္က်သြားေတာ့တာပဲတဲ့ကြာ၊ တစ္ကိုယ္လုံးလည္းထုံက်င္ၿပီးေတာ့ အေၾကာေတြေသၿပီး လႈပ္မရေတာ့ဘူးတဲ့”

“ဟာ၊ ေဆးကလည္း ေတာ္ေတာ္စြမ္းတာေနာ္ဗ်”

“အဲဒီေဆးကို ဘယ္သူေဖာ္သလဲသိသလား”

က်ဳပ္လည္း ေခါင္းခါလိုက္မိတယ္ဗ်၊ ဦးဘသာက ၿပဳံးရင္း

“ဘယ္သူရွိမလဲ၊ ခုနက ငါတို႔သြားခဲ့တဲ့ ရာဂ်တ္ေလကြာ”

“ဟာဗ်ာ၊ ဦးရာဂ်တ္က ေဒၚပ်င္းကိုဒီေဆးခတ္မယ္ဆိုတာ မသိဘူးလားဗ်”

“အိုကြာ၊ ဘယ္သူကေတာ့ ဘယ္သူ႔ကိုတိုက္ခ်င္လို႔ ဘယ္ေဆးလိုခ်င္လို႔ပါဆိုၿပီးေတာ့ ေျပာၿပီးဝယ္မလဲကြ၊ ဒီအတိုင္းပဲ ရာဂ်တ္ကိုေဈးႀကီးႀကီးေပးၿပီးေတာ့ ဝယ္ခဲ့တာေပါ့ကြာ၊ အဲဒီေဆးတစ္စက္က လူတစ္ေယာက္ကိုတိုက္ရင္ အဲဒီလူအေၾကာဆြဲၿပီး ေျခေတြလက္ေတြ မသန္မစြမ္းျဖစ္သြားတယ္၊ သုံးစက္ေသာက္ရင္ ေအာက္ပိုင္းေသတယ္၊ ခုနစ္စက္ေသာက္ရင္ တစ္ကိုယ္လုံးအေၾကာေသၿပီး အိပ္ရာထဲလဲၿပီး လူေသႀကီးလိုျဖစ္သြားတယ္ကြ”

“ေတာ္ေတာ္စြမ္းတဲ့ေဆးပဲဗ်ာ”

“အဲဒီေဆးကို ငါ့အေမကိုခပ္ဖို႔အတြက္ သုံးဆယ့္သုံးပုလင္းကုန္သကြာ၊ ရာဂ်တ္လည္း ေငြေသာင္းခ်ီရသြားတယ္”

“ေတာ္ေတာ္ဆိုးတာပဲေနာ္၊ ဒါနဲ႔ ေဒၚပ်င္းႀကီးက ဘာမွမျဖစ္ဘူးလား”

“ျဖစ္တာေပါ့ကြာ၊ အရင္ဆုံးစားၿပီးတာနဲ႔ တစ္ကိုယ္လုံးမလႈပ္ႏိုင္ေတာ့ဘဲ စင္းစင္းႀကီးျဖစ္သြားတာ၊ ေဒၚဝတုတ္က ခ်က္ခ်င္းပဲ ျပဒါးရွင္လုံးကိုေကာက္ၿပီး အိမ္ကဆင္းေျပးတာပဲ၊ ငါ့အေမက ပညာအစြမ္းနဲ႔ သူ႔ကိုယ္သူေတာ့ ကုရွာပါတယ္၊ အဲဒီေန႔ည မယ္ေတာ္နဲ႔ပညာၿပိဳင္တဲ့အခါမွ လမ္းမေလွ်ာက္ႏိုင္လို႔ သူ႔တပည့္ေတြက ထမ္းစင္နဲ႔ပို႔ရတယ္တဲ့ကြ”

“ဒါဆို အဲဒီညေတာ့ မယ္ေတာ္ကိုရႈံးသြားတာေပါ့ေနာ္”

ဦးဘသာက ေခါင္းခါရင္း

“ႏိုင္သြားတယ္ကြ”

“ဗ်ာ၊ ဒီေလာက္အလုပ္ခံထားရတာေတာင္ ႏိုင္သြားတယ္လားဗ်ာ”

“ေအးကြ၊ အဲဒီမွာအေရွ႕မယ္ေတာ္က သူ႔ကိုမတရားလုပ္ပါတယ္ဆိုၿပီးေတာ့ အေနာက္မယ္ေတာ္ကိုေခၚလိုက္တယ္၊ တစ္ေယာက္ထဲႏွစ္ပြဲက်ေတာ့ ဘယ္ႏိုင္ေတာ့မွာလဲကြာ၊ ဒါနဲ႔ပဲရႈံးသြားတယ္ေပါ့”

“ဟာ၊ ဒါတမင္သက္သက္မတရားလုပ္တာပဲဗ်၊ မယ္ေတာ္ေတြေပါင္းၿပီးႀကံၾကတာပဲ”

“ေအးေပါ့၊ တကယ္ကလည္း ငါ့အေမက စုန္းပညာမွာတစ္ဖက္ကမ္းခတ္တတ္လြန္းလို႔ မယ္ေတာ္ေတြကိုယ္တိုင္ကိုက စိုးရိမ္ေနရတဲ့အဆင့္ကြ၊ ဒါနဲ႔ ငါ့အေမကို ေဟာဒီၿမိဳင္သာၿမိဳ႕ကေန ႏွင္လိုက္တယ္ေပါ့ကြာ”

“က်ဳပ္တစ္ခုကသိခ်င္တာက အရင္တုန္းက ႐ြာကေနနယ္ႏွင္လိုက္တယ္၊ အခုၿမိဳင္သာက ႏွင္တယ္ဆိုေတာ့ ဦးဘသာတို႔ ဘယ္သြားေနၾကသလဲဗ်”

“စုန္းကေဝေတြက နယ္ႏွင္လို႔ရတယ္ဆိုေပမယ့္ သူတို႔ရဲ႕ေမြးရပ္ဇာတိေျမကိုေတာ့ မသြားရဘူးလို႔ ပိတ္ပင္လို႔မရဘူး၊ ဒါေၾကာင့္ ဇာတိခ်က္ျမႇဳတ္ဆိုတာ သိပ္အေရးႀကီးတာမဟုတ္လား၊ ဒီလိုနဲ႔ ငါ့အေမကို႐ြာကိုျပန္လႊတ္တာေပါ့ကြာ၊ ႐ြာကေနဘယ္မွ မခြာရဘူးဆိုၿပီး အမိန႔္ထုတ္ၿပီး ေျခခ်ဳပ္ခ်လိုက္တာ ေသတဲ့အထိပါပဲ”

က်ဳပ္လည္းေခါင္းညိတ္ၿပီးေတာ့

“ဒါေၾကာင့္ ေဒၚပ်င္းႀကီးက ႐ြာမွာပဲေခါင္းခ်သြားရတာကိုး”

“ငါ့အေမက အဲဒီကတည္းက စုန္းေတြကေဝေတြကို စိတ္နာသြားၿပီးေတာ့ ခပ္ကင္းကင္းေနေတာ့တာပါပဲကြာ၊ အေၾကာဆြဲတာကို ကုမရလို႔ ေနာက္ဆုံးေသတဲ့အထိ ေျခေထာက္တစ္ဖက္ တ႐ြတ္ဆြဲႀကီးနဲ႔ ေနသြားရရွာတယ္”

“လူေတြဝိုင္းအက်င့္ယုတ္တာကိုးဗ်ာ၊ က်ဳပ္သာ အဲဒီတုန္းကရွိေနရင္ ေဒၚပ်င္းအတြက္ ခံျပင္းမိမွာပဲဗ်”

ဦးဘသာက ေတြေဝေနရင္း

“ငါလည္း အဲဒီအခ်ိန္က လူပ်ိဳေပါက္ဆိုေတာ့ ေဒါသထြက္တာေပါ့ကြာ၊ ဒါနဲ႔ ငါစိတ္လိုက္မာန္ပါလုပ္မိတယ္၊ ငါ့အေမကို သစၥာေဖာက္တဲ့ ေဒၚဝတုတ္ကို ေလသင္တုန္းျဖတ္ၿပီးအိပ္ရာထဲလဲေအာင္လုပ္ခဲ့တယ္၊ ၿပီးေတာ့ တျခားႀကံရာပါေတြကိုလည္း ငါလိုက္ၿပီးတိုက္ခိုက္ခဲ့တယ္၊ အက်ိဳးဆက္ကေတာ့ ငါ့ကိုလည္း ၿမိဳင္သာၿမိဳ႕ကေန ႏွယ္ႏွင္တာခံခဲ့ရတယ္၊ မင္းသတိထားမိသလားအလတ္ေကာင္၊ ဒါေၾကာင့္မို႔ ငါက ၿမိဳင္သာၿမိဳ႕မွာ သုံးရက္သုံးညထက္ပိုၿပီး ေနလို႔မရဘူးေလကြာ”

က်ဳပ္လည္းျပန္စဥ္းစားရင္း အခုမွသတိရတယ္ဗ်၊ ဟုတ္တာေတာ့ဟုတ္တယ္၊ ဦးဘသာၿမိဳင္သာတက္ရင္ ဘယ္ေတာ့မွ သုံးရက္မျပည့္ဘူးဗ်၊ အလြန္ဆုံး ႏွစ္ရက္နဲ႔ႏွစ္ညေလာက္ပဲ၊ ဒီလိုမွမဟုတ္ရင္လည္း ၿမိဳင္သာမွ ညအိပ္ၿပီးေနာက္ေန႔ျပန္တယ္၊ ဒီေလာက္ပဲေနတတ္တာဗ်။

(၁၂)

က်ဳပ္တို႔စကားတေျပာေျပာနဲ႔ေလွ်ာက္သြားၾကရင္း ၿမိဳင္သာသုႆန္ႀကီးကို ေရာက္မွန္းမသိေရာက္သြားခဲ့ေတာ့တယ္၊ သုႆန္ႀကီးက ေၾကာက္စရာေကာင္းေလာက္ေအာင္ တိတ္ဆိတ္ေနသဗ်ာ၊ က်ဳပ္နဲ႔ဦးဘသာလည္း သုႆန္ထဲဝင္ခဲ့ေတာ့ က်ဳပ္တို႔ကို အုတ္ဂူႀကီးေတြ၊ မွတ္တိုင္ေထာင္ေထာင္ေတြ၊ ေျမပုံမို႔မို႔ေတြက ေစာင့္ႀကိဳေနၾကသဗ်ာ၊ သုႆန္အလယ္က ဇရပ္ႀကီးဆီကိုေရာက္ေတာ့ ဦးဘသာက ဇရပ္အနားရပ္လိုက္ၿပီး ဇရပ္ေခါင္းရင္းတိုင္ကိုလက္နဲ႔သုံးခ်က္ေခါက္ထည့္လိုက္တယ္၊ သိပ္မၾကာပါဘူး၊ ဘုတ္ခနဲအသံႀကီးနဲ႔အတူ ဇရပ္ေခါင္မိုးေပၚက အထုပ္ႀကီးတစ္ထုပ္က်လာသဗ်၊ ပုဆိုးထုပ္၊ အက်ႌထုပ္ႀကီးလို အထုပ္ႀကီးပါဗ်ာ၊ အဲဒီအထုပ္ႀကီးက ေနာက္ေတာ့ လႈပ္ရွားလာသဗ်၊ ၿပီးေတာ့လက္ေတြေျခေတြထြက္လာၿပီးေတာ့ အေကာင္ႀကီးတစ္ေကာင္ျဖစ္သြားပါေရာဗ်ာ။

က်ဳပ္ျဖင့္ လန႔္ၿပီးၾကက္သီးေတြေတာင္ထသြားတယ္ဗ်၊ ဒီအေကာင္ႀကီးက လူလိုခႏၶာကိုယ္နဲ႔ပဲဗ်၊ ေျခတံလက္တံေတြကေတာ့ဝါးလုံးႀကီး ေတြလို ပိန္ပိန္ရွည္ရွည္ႀကီးေတြဗ်ာ၊ ဒီေကာင္ႀကီးအရပ္က ေတာ္ေတာ္ရွည္မယ့္ပုံဗ်၊ ဒါေပမယ့္ ဇရပ္ေပၚမွာဒူးေထာင္ၿပီး ေဆာင့္ေၾကာင့္ထိုင္ေနတယ္၊ သူ႔ဒူးေခါင္းေတြက သူ႔ေခါင္းထက္ေတာင္ျမင့္ေသးသဗ်ာ၊ ဦးဘသာက ဒီေကာင္ႀကီးကိုၾကည့္ၿပီးေတာ့

“ဟိုေန႔က ေသသြားတဲ့ စုန္းမမယ္ႏွင္းကို ဘယ္မွာျမႇဳပ္ထားသလဲကြ”

ဒီအေကာင္ႀကီးက ဇရပ္ေပၚကေနခုန္ဆင္းၿပီးေတာ့ ေျမပုံေတြၾကားမွာ ေျပးလႊားေနပါေရာဗ်ာ၊ က်ဳပ္နဲ႔ဦးဘသာလည္း သူ႔အေနာက္လိုက္သြားရသေပ့ါ၊ ဒီေကာင္ႀကီးအရပ္က ေတာ္ေတာ္ရွည္တာဗ်၊ ေျမပုံေတြကိုၾကည့္ေနရင္း ေျမပုံတစ္ခုကိုေရာက္ေတာ့ ေသေသခ်ာခ်ာအနံ႔ခံၿပီးေတာ့ အဲဒီေျမပုံကိုလက္ညႇိဳးထိုးျပတယ္၊ က်ဳပ္လည္း လေရာင္နဲ႔ေျမပုံမွတ္တိုင္က ေျမျဖဴခဲနဲ႔ေရးထားတဲ့စာကိုေသခ်ာဖတ္လိုက္ေတာ့။

“ေဒၚႏွင္းႏုေဝ၊ အသက္ (၅၈) ဆိုပါလား၊ ဒီေျမပုံက မယ္ႏွင္းေျမပုံေရာ ဟုတ္လို႔လား”

ဦးဘသာက ေခါင္းညိတ္ရင္း

“သုႆန္ေစာင့္ကေတာ့ မွားတယ္ဆိုတာမရွိပါဘူးကြာ၊ စုန္းေတြဆိုတာက ဘယ္ေတာ့မွ ကိုယ့္နာမည္အရင္းကိုထုတ္မသုံးဘူးကြ၊ နာမည္ေျပာင္ေတြပဲ ေခၚတာမ်ားတယ္”

“အဲဒီလိုသုံးရင္ဘာျဖစ္လို႔လဲဗ်ာ”

“နာမည္အရင္းကိုသိရင္ ျပဳစားလို႔ရတဲ့ပညာရပ္တစ္ခုရွိသကြ၊ အဲဒီပညာရပ္ကိုေၾကာက္လို႔ ဘယ္သူမွနာမည္အရင္းကိုမသုံးတာ”

က်ဳပ္နဲ႔ေျပာေနရင္း ဦးဘသာက ေျမပုံကိုေသခ်ာၾကည့္ေနၿပီးေတာ့

“အလတ္ေကာင္၊ မင္းယူလာတဲ့ ထမင္းထုပ္ကို ေျမပုံေျခရင္းမွာဖြင့္ခ်လိုက္ကြာ”

က်ဳပ္လည္း ထမင္းထုပ္ထုပ္ထားတဲ့ ဖက္ကိုေျဖၿပီးေတာ့ ထမင္းထုပ္ကိုခ်လိုက္တယ္ဗ်၊ ေလအေဝ့မွာ ထမင္းေတြအေပၚဆမ္းလာတဲ့ အမဲသားႏွပ္ဟင္းနံ႔ကလည္း ေမႊးႀကိဳင္သြားသဗ်ာ၊ မၾကာခင္ က်ဳပ္တို႔ပတ္ပတ္လည္မွာ တခြၽတ္ခြၽတ္နဲ႔အသံေတြၾကားရသဗ်၊ က်ဳပ္လွည့္ၾကည့္လိုက္ေတာ့ မ်က္ႏွာေသႀကီးေတြနဲ႔ လူေတြအမ်ားႀကီးပါပဲဗ်ာ၊ က်ဳပ္တို႔ကိုဝိုင္းၿပိးေတာ့ က်ဳပ္တို႔အေရွ႕မွာခ်ထားတဲ့ ထမင္းထုပ္ကိုစားခ်င္လို႔ ဝိုင္းၾကည့္ေနၾကတယ္၊ တစ္ခ်ိဳ႕ေကာင္ေတြဆို ပါးစပ္ႀကီးေတြၿဖဲ၊ လွ်ာႀကီးေတြ အလ်ားလိုက္ႀကီးက်ေနၿပီး သြားရည္တမ်ားမ်ားနဲ႔ေပါ့ဗ်ာ၊ ဦးဘသာက ဒီလူေတြကိုတစ္ခ်က္ၾကည့္ရင္း

“ေဟ့ေကာင္ေတြ၊ မင္းတို႔နဲ႔မဆိုင္ဘူး၊ ဒါမင္းတို႔အတြက္မဟုတ္ဘူး၊ အေနာက္ဆုတ္ေနၾက”

အဲဒီလိုေျပာေပမယ့္လည္း ပရေလာကသားေတြက စားခ်င္ေသာက္ခ်င္လို႔ၾကည့္ေနၾကသဗ်ာ၊ ဦးဘသာက ေျမပုံေခါင္းရင္းဘက္ကိုသြားလိုက္ၿပီးေတာ့ ေျမပုံကိုလက္နဲ႔ပုတ္ရင္း

“ဟဲ့ မယ္ႏွင္း၊ ထဟဲ့၊ နင့္ကိုငါထမင္းေကြၽးခ်င္လို႔ တကူးတကလာတာ၊ ထစမ္း၊ ထၿပီးေတာ့ ထမင္းထစားစမ္း”

ဦးဘသာေျပာၿပီး မၾကာခင္ ေျမပုံထဲကေန တဂြၽတ္ဂြၽတ္အသံေတြၾကားတယ္၊ တစ္ခုခုတိုးေနတဲ့အသံလိုမ်ိဳးပဲဗ်၊ ေနာက္ေတာ့ ေျမပုံႀကီးက ပြစိပြစိျဖစ္လာပါေရာဗ်ာ၊ ၿပီးေတာ့ ေျမပုံထဲကေန ဖ်ာလိပ္ႀကီးက ေထာင္တက္လာသဗ်။ က်ဳပ္လည္း ၾကည့္သာၾကည့္ေနရတယ္ ေတာ္ေတာ္ေၾကာက္ေနမိတာဗ်ာ၊ ၾကည့္ေနတုန္းမွာပဲ ဖ်ာလိပ္ႀကီးက ျဗန္းခနဲကြဲထြက္သြားၿပီးေတာ့ အထဲက လူေသေကာင္ႀကီးထြက္လာပါေရာဗ်ာ၊ လူေသေကာင္ႀကိးက ဆံပင္ေတြလည္းပြလို႔ဗ်၊ မ်က္လုံးႀကီးဖြင့္ထားတယ္ဆိုေပမယ့္ မ်က္ဆန္အနက္ကိုမေတြ႕ရဘဲ မ်က္သားျဖဴျဖဴကိုပဲေတြ႕ရတယ္။

ေျမပုံေပၚမွာထိုင္ခ်ၿပီးေတာ့ ေျမပုံေျခရင္းမွာခ်ထားတဲ့ ထမင္းထုပ္ကိုလက္နဲ႔ႏႈိက္တယ္ဗ်၊ က်ဳပ္ကလည္း ေျမပုံေျခရင္းမွာ ထိုင္ေနတာဆိုေတာ့ သူနဲ႔က်ဳပ္နဲ႔ မ်က္ႏွာခ်င္းဆိုင္ျဖစ္သြားတာေပါ့ဗ်ာ၊ လူေသႀကီးနဲ႔မ်က္ႏွာခ်င္းဆိုင္နီးပါးျဖစ္ရတာ ဘယ္ေလာက္ေၾကာက္ဖို႔ေကာင္းမလဲဆိုတာ ခင္ဗ်ားတို႔သာေတြးၾကည့္ေပေတာ့ဗ်ိဳ႕၊ က်ဳပ္လည္း ေၾကာက္ေၾကာက္နဲ႔အေနာက္ကို ဖင္ထိုင္ခ်မိလိုက္တယ္၊ လူေသေကာင္ႀကီးက ထမင္းထုပ္ကိုလက္နဲ႔ႏႈိက္ၿပီးေတာ့ အားရပါးရစားေတာ့တာပဲဗ်ာ။ ဦးဘသာက ေျမပုံေခါင္းရင္းနားကေန ေလွ်ာက္လာရင္း

“ကဲ၊ နင့္ကိုဘယ္သူသတ္တာလဲ မွန္မွန္ေျပာစမ္း”

လူေသေကာင္ႀကီးက ပလုပ္ပေလာင္းနဲ႔ဝါးေနရင္းနဲ႔ ဦးဘသာႀကီးကိုေမာ့ၾကည့္ၿပီးေတာ့

“နင္သတ္တာ”

လူေသေကာင္ႀကီးပါးစပ္ထဲက ထမင္းလုံးေတြေတာင္မွ ျပန္စင္ထြက္ကုန္ပါတယ္ဗ်ာ။ ဦးဘသာက မ်က္ေမွာင္ၾကဳတ္လိုက္ၿပီး

“ငါက နင့္ကိုဘယ္လိုသတ္တာလဲ”

“ငါနဲ႔စကားေျပာေနတုန္း ျဗဳန္းစားႀကီး ငါ့နဖူးကို အပ္တစ္ေခ်ာင္းနဲ႔ထသြင္းလိုက္တာပဲ”

“ဒါဆို အဲဒီအပ္ဘယ္မွာလဲ”

လူေသေကာင္ႀကီးက ထမင္းကိုကုန္းကုန္းစားရင္း

“မရွိေတာ့ဘူး၊ ဂ်ပုတစ္ေယာက္ယူသြားၿပီ”

ဦးဘသာက လူေသေကာင္ႀကီးေရွ႕မွာထိုင္ခ်လိုက္ၿပီးေတာ့ သူ႔မ်က္ႏွာကိုလက္ညႇိဳးထိုးျပၿပီး

“နင္ေသခ်ာၾကည့္စမ္း၊ ငါ့မ်က္ႏွာကိုေသခ်ာၾကည့္၊ နင့္ကိုသတ္တာ ငါဆိုတာ ေသခ်ာလား”

လူေသေကာင္ႀကီးက ၾကည့္ၿပီးေတာ့ ေခါင္းတဆတ္ဆတ္ညိတ္ရင္း

“ေသခ်ာတယ္၊ နင္မွနင္အစစ္”

ဦးဘသာက သက္ျပင္းတစ္ခ်က္ခ်လိုက္တယ္၊ ထမင္းထုပ္ကုန္သြားေတာ့ လူေသေကာင္ႀကီးက တျပပ္ျပပ္နဲ႔ပါးစပ္ထဲက ထမင္းေစ့ေတြကို အရသာခံၿပီးေတာ့ ၿမိဳခ်ေနေသးတယ္ဗ်ာ၊ ဦးဘသာက လူေသရဲ႕နဖူးကို လက္ဝါးနဲ႔႐ိုက္ၿပီး

“ကဲ ၿပီးၿပီ၊ ထမင္းလည္းကုန္ၿပီ၊ ခုနက ေနၿမဲအတိုင္းေနစမ္း”

ဒီအခါ လူေသေကာင္ႀကီးက တြင္းထဲကိုျပန္လွဲခ်လိုက္ၿပီးေတာ့ သူ႔လက္နဲ႔ေျမႀကီးေတြကိုက်ဳံးက်ဳံးၿပီးဖို႔တယ္ဗ်၊ ေနာက္ေတာ့ သူ႔တစ္ကိုယ္လုံးအုပ္သြားၿပီး ေျမပုံေပၚကေျမႀကီးေတြလဲ သူ႔အလိုလိုျပန္ၿပီးစုပုံသြားေတာ့တယ္၊ ေျမပုံက ေျခရာလက္ရာမပ်က္တာမ်ား မသိရင္ဘာမွမျဖစ္ထားတဲ့အတိုင္းပဲဗ်ာ၊ ခုနက လူေသေကာင္ႀကီးထၿပီး စားေသာက္ထားတယ္လို႔ေျပာရင္ ယုံခ်င္မွေတာင္ယုံမွာ။

“ဦးဘသာ မယ္ႏွင္းကေသၿပီးေတာ့ သူ႔ဝိညာဥ္က ျပန္ဝင္လာတာလား”

“မဟုတ္ဘူးကြ၊ သူ႔ကိုယ္ထဲကိုလမိုင္းသြင္းလိုက္တာ၊ လူေသေကာင္ရဲ႕ဦးေႏွာက္ထဲမွာ သူေနာက္ဆုံးျဖစ္ပ်က္တဲ့ အျဖစ္အပ်က္ေတြက်န္ေနတတ္တယ္၊ အဲဒီအျဖစ္အပ်က္ေတြကို လမိုင္းကၾကည့္ၿပီးေတာ့ ျပန္ေျပာျပတာ”

“ထူးဆန္းပါေပ့ဗ်ာ”

“ဒါထက္ပိုထူးဆန္းတာက၊ သူ႔ကိုသတ္သြားတာက ငါမွငါအစစ္တဲ့ကြ၊ ဒါဘယ္လိုလုပ္ၿပီးေတာ့ ျဖစ္ႏိုင္မွာလဲကြာ”

“အဲဒါေျပာတာေပါ့ဗ်ာ၊ ဒါနဲ႔ အပ္တစ္ေခ်ာင္းနဲ႔သတ္သြားတယ္လို႔ ဆိုတယ္မဟုတ္လား”

ဦးဘသာက ေခါင္းညိတ္ၿပီးေတာ့

“အပ္ကိုလက္နက္လိုသုံးတာက ကေဝမွ သုံးတတ္တာကြ၊ အပ္စိုက္တာနဲ႔တန္းေသတယ္ဆိုေတာ့ အဆင့္ျမင့္တဲ့ကေဝပဲ”

က်ဳပ္နဲ႔ဦးဘသာ ထလိုက္ေတာ့ သုႆန္ႀကီးတစ္ခုလုံးကတိတ္ဆိတ္လို႔ဗ်၊ ခုနက နာနာဘာဝေတြေရာ၊ သုႆန္ေစာင့္ဆိုတာပါ ဘယ္ေရာက္သြားမွန္းမသိဘူး၊ လူေသေကာင္အနံ႔ႀကီးက ညႇီစို႔စို႔နဲ႔ နံလိုက္တာေျပာမေနပါနဲ႔ဗ်ာ၊ ဦးဘသာက သူ႔အိတ္ကပ္ထဲက ငွက္ေပ်ာဖက္ကိုသြားၾကားထိုးတံကေလးေတြနဲ႔ထိုးၿပီးေတာ့ ထုပ္ထားတဲ့ ကြမ္းထုပ္ကိုထုတ္လိုက္တယ္ဗ်၊ ကြမ္းယာႏွစ္ယာကိုယူၿပီးေတာ့ သူ႔ပါးစပ္ထဲထည့္လိုက္တယ္။

က်ဳပ္ကလည္း မသတီလို႔ တေဝါ့ေဝါ့ တေအာ့ေအာ့နဲ႔ျဖစ္ေနတာေပါ့ဗ်ာ၊ ဦးဘသာက ပါးစပ္ထဲထည့္ေနဆဲ ကြမ္းယာကိုထုတ္ၿပီးေတာ့

“ကြမ္းဝါးလိုက္ပါလားအလတ္ေကာင္၊ ငါဆိုအဲဒီလိုပ်ိဳ႕ခ်င္သလိုလို၊ အန္ခ်င္သလိုလိုျဖစ္လာရင္ ကြမ္းဝါးလိုက္တာပဲ”

“ဒါဆိုရင္လည္း တစ္ယာေလာက္ေပးစမ္းပါဦးဘသာရာ၊ က်ဳပ္ျဖင့္အန္ခ်င္လိုက္တာ ေျပာမေနပါနဲ႔ ေဝါ့ . . .”

ဦးဘသာက ကြမ္းတစ္ယာကိုစားလိုက္ၿပီးေတာ့ တစ္ယာကိုက်ဳပ္ကိုလွမ္းေပးတယ္ဗ်၊ က်ဳပ္လည္း ဦးဘသာေပးတဲ့ကြမ္းယာကိုယူၿပီး ဝါးလိုက္ေတာ့မွ နည္းနည္းေနသာထိုင္သာရွိသြားတယ္၊ ၿပီးေတာ့ က်ဳပ္နဲ႔ဦးဘသာနဲ႔ သုႆန္ထဲကေန ထြက္ခဲ့ၾကတာေပါ့ဗ်ာ။

(၁၃)

သုႆန္အျပင္ကိုထြက္ၿပီး ကားလမ္းမအတိုင္းလမ္းေလွ်ာက္ေနတုန္းမွာပဲ က်ဳပ္တို႔အနားမွာ မီးလုံးႀကီးေတြ တစ္လုံးၿပီးတစ္လုံးေပၚလာတယ္ဗ်၊ မီးလုံးဆိုေပမယ့္ အလင္းေရာင္ကေတာ့ ခုေခတ္မီးေခ်ာင္းေတြလို ျဖဴျဖဴႀကီးေတြ၊ က်ဳပ္နဲ႔ဦးဘသာလည္း မီးလုံးႀကီးေတြကို ေငးၿပီးၾကည့္ေနမိတယ္၊ ေနာက္ေတာ့ မီးလုံးေတြအေနာက္ကေန လူေတြထြက္လာတယ္ဗ်၊ ဒီလူေတြကိုၾကည့္လိုက္ေတာ့ ေန႔လည္က တ႐ုတ္စားေသာက္ဆိုင္မွာေတြ႕ခဲ့တဲ့ လူတစ္ခ်ိဳ႕ျဖစ္ေနတာကိုေတြ႕လိုက္ရတယ္၊ ဦးဘသာကိုဖမ္းခဲ့တဲ့ ေထာင္ေထာင္ေမာင္းေမာင္းနဲ႔လူက အေရွ႕ကိုထြက္လာၿပီးေတာ့

“ကဲ ဦးသာစံ၊ ခင္ဗ်ားဘယ္ကိုေျပးအုံးမွာလဲ”

ဦးဘသာက တအံ့တၾသနဲ႔

“ဟာ၊ ေဟ့ေကာင္ ငါတို႔ကဘယ္ကိုေျပးရမွာလဲကြ၊ ငါတို႔ေျခဦးလွည့္္ေနတာ ၿမိဳင္သာၿမိဳ႕ကိုေလကြာ”

ဒီလူက ဟက္ဟက္ပက္ပက္ရယ္ရင္း

“ဦးသာစံ၊ ခင္ဗ်ားက ယုတ္မာေကာက္က်စ္တဲ့ စုန္းမႀကီးေဒၚပ်င္းရဲ႕သားလို႔မေျပာရဘူးေနာ္၊ ခင္ဗ်ားသိပ္ၿပီးေတာ့ ဟန္ေဆာင္ေကာင္းေနပါလားဗ်”

“မဆိုင္တာေတြ မေျပာနဲ႔ေဟ့ေကာင္၊ မနက္ျဖန္႐ုံးေတာ္က်ရင္ ဘယ္သူကအျပစ္မရွိဘူးလဲဆိုတာ မင္းတို႔သိရမွာေပါ့ကြ”

“႐ုံးေတာ္ေရာက္စရာမလိုေတာ့ဘူး ဦးသာစံ၊ ခင္ဗ်ားကို အခုပဲက်ဳပ္တို႔က ဖမ္းၿပီးေတာ့စီရင္ေတာ့မွာ”

ဦးဘသာက ထိတ္လန႔္သြားၿပီး

“မင္းတို႔က ႀကီးၾကပ္ေရးေတြဆိုၿပီး လုပ္ခ်င္တိုင္းလုပ္လို႔ရမယ္ထင္ေနတာလားကြ”

“လုပ္ခ်င္တိုင္းလုပ္ခဲ့တာက ခင္ဗ်ားေလဗ်ာ၊ ခင္ဗ်ားလုပ္ခဲ့တာေတြကို မမွတ္မိေတာ့ဘူးလား”

“ငါေျပာၿပီးသားပဲ မယ္ႏွင္းကိုငါမသတ္ဘူးဆိုတာ”

ေထာင္ေထာင္ေမာင္းေမာင္းနဲ႔လူက ေဒါသတႀကီးနဲ႔ မ်က္ေမွာင္ၾကဳတ္ၿပီး

“ခင္ဗ်ားဘာေတြလာေျပာေနတာလဲ၊ ခင္ဗ်ားႀကီးက အခုအခ်ိန္အထိ ဘာကိုမွ မသိသလိုမ်ိဳးနဲ႔ ဟန္ေဆာင္ေနေသးတယ္ေပါ့ ဟုတ္သလား”

က်ဳပ္နဲ႔ဦးဘသာလည္း တစ္ေယာက္မ်က္ႏွာတစ္ေယာက္ၾကည့္လိုက္မိတယ္ဗ်၊

“ဘာေတြျဖစ္ေနလို႔လဲကြ”

“ဘာျဖစ္ရမလဲ၊ ေဆးေရာင္းတဲ့ ရာဂ်တ္ေသၿပီ”

က်ဳပ္ေရာ ဦးဘသာပါ အေတာ္ထူးဆန္းသြားတယ္ဗ်။

“ဘာကြ၊ မင္းဘာေတြေျပာေနတာလဲ”

“က်ဳပ္က ခင္ဗ်ားလိုလိမ္မေျပာတတ္ပါဘူး ဦးသာစံ၊ ရာဂ်တ္ေသၿပီ၊ အဲဒါကလည္း ခင္ဗ်ားသတ္သြားတာ”

“အပိုေတြမေျပာနဲ႔ေဟ့ေကာင္၊ ရာဂ်တ္နဲ႔ငါနဲ႔က ညီအကိုေတြလိုခင္တာကြ၊ ငါကဘာျဖစ္လို႔ သူ႔ကိုသတ္ရမွာလဲ”

“ခင္ဗ်ားအေမကို ခပ္တဲ့ေဆးကို ရာဂ်တ္ေရာင္းတယ္ဆိုတာ ခင္ဗ်ားသိတယ္မဟုတ္လား”

ဦးဘသာက ေခါင္းညိတ္ၿပီး

“အခုမွ သိတာမဟုတ္ပါဘူးကြာ၊ ဒီအတြက္နဲ႔ ငါက ရာဂ်တ္ကိုသတ္မလားကြ”

“ေနာက္တစ္ခုရွိေသးတယ္၊ အဲဒါကေတာ့ ေျခခ်ဳပ္ဖ်က္ေဆးပဲ”

“ငါအဲဒီေဆးကို လုံးဝမသုံးခဲ့ဘူးကြ”

“ကဲပါ၊ ဒီေနရာမွာ ေျပာရတာမေကာင္းပါဘူး ဦးသာစံ၊ ခင္ဗ်ားျဖဴစင္တယ္ဆိုရင္ က်ဳပ္တို႔နဲ႔လိုက္ခဲ့ပါ”

ဒီအခ်ိန္ ရွဲခနဲအသံႀကီးနဲ႔အတူ သုႆန္ထဲက မီးေတာက္ႀကီးတစ္ခုတက္လာတယ္ဗ်၊ မီးေတာက္ႀကီးက ႀကီးလြန္းလို႔ သစ္ပင္ထိပ္ဖ်ားေလာက္နားအထိေတာင္မွ မီးၫြန႔္ရွိသဗ်ာ၊ ဒါနဲ႔ က်ဳပ္တို႔ေရာ၊ ေထာင္ေထာင္ေမာင္းေမာင္းနဲ႔လူေရာ သုႆန္ထဲကိုေျပးဝင္လိုက္ၾကတယ္၊ ဒီအခါ ခုနက က်ဳပ္နဲ႔ဦးဘသာေမးခဲ့တဲ့ မယ္ႏွင္းရဲ႕ေျမပုံႀကီးက မီးေတြတဟုန္းဟုန္းေတာက္လို႔ဗ်၊ ေထာင္ေထာင္ေမာင္းေမာင္းနဲ႔လူက ေျမပုံကိုေျခေထာက္နဲ႔ခတ္ၾကည့္လိုက္ေတာ့ မယ္ႏွင္းရဲ႕အေလာင္းက မရွိေတာ့ဘူးဗ်ာ၊ ဒီလူက က်ဳပ္တို႔ကိုလွည့္ၾကည့္ရင္း

“ႀကီးၾကပ္သူေတြ၊ ဒီလူႏွစ္ေယာက္ကိုဖမ္းလိုက္ၾကေတာ့”

က်န္တဲ့လူေတြက က်ဳပ္တို႔အနားကိုကပ္လာတယ္ဗ်၊ ဦးဘသာက ဘာမွမေျပာေတာ့ဘဲ ေတြေတြႀကီးလုပ္ေနတယ္၊ ဒါနဲ႔ပဲ က်ဳပ္နဲ႔ဦးဘသာကို သူတို႔ေတြကဖမ္းလိုက္တယ္။

“ေတာက္၊ ခင္ဗ်ားတို႔အႀကံဒါအကုန္ပဲလား၊ လူေသအေလာင္းကိုေဖ်ာက္ဖ်က္ၿပီးေတာ့ ဒီၿမိဳ႕ကေနထြက္ေျပးဖို႔ ႀကံခ်င္တယ္ေပါ့”

က်ဳပ္နဲ႔ဦးဘသာေခါင္းကို အဝတ္မဲစႀကီးေတြနဲ႔အုပ္လိုက္တဲ့အခါ က်ဳပ္လည္းအေမွာင္ထုထဲက်သြားသလို ခံစားလိုက္ရပါေတာ့တယ္။

က်ဳပ္သတိေတာ့မေမ့ဘူးဗ်၊ ဒါေပမယ့္ ေျမာေနသလိုေတာ့ခံစားရတယ္၊ က်ဳပ္ေခါင္းက အဝတ္စႀကီးကိုျဖဳတ္လိုက္ေတာ့မွ က်ဳပ္လည္းသတိျပန္လည္လာသလိုပဲဗ်ာ၊ ေဘးပတ္ဝန္းက်င္ကို ေသခ်ာၾကည့္လိုက္ေတာ့မွ ညေနကေရာက္ခဲ့တဲ့ ႐ုံးေတာ္ထဲကိုျပန္ေရာက္ေနသဗ်၊ ဦးဘသာက က်ဳပ္ေဘးမွာထိုင္လို႔ဗ်ာ။

“ကဲ ဦးသာစံ၊ ခင္ဗ်ား ရာဂ်တ္ကိုသတ္ခဲ့တယ္ဆိုတာ တကယ္ပဲလား”

လူတစ္ေယာက္က ေမးတယ္ဗ်၊ သူ႔ပုံစံက အမႈစစ္တစ္ေယာက္နဲ႔တူတယ္၊ ႐ုံးမွာ ေကာင္စီလူႀကီးေတြနဲ႔ မယ္ေတာ္တို႔လည္းထိုင္ေနၾကတယ္၊ အားလုံးရဲ႕မ်က္ႏွာေတြကလည္း ခက္ထန္ၾကမ္းတမ္းေနၾကပါေရာ။

“က်ဳပ္မသတ္ခဲ့ဘူး၊ က်ဳပ္မသတ္ခဲ့ပါဘူးဗ်ာ”

ကုလားမႀကီးမာယာကလည္း ခုံတစ္ခုံမွာထိုင္ၿပီးငိုေႂကြးေနသဗ်၊ ေနာက္ေတာ့ ဦးဘသာကိုၾကည့္ရင္း

“လုပ္ရက္လိုက္တာ အကိုႀကီးရယ္၊ လုပ္ရက္လိုက္တာ၊ ရာဂ်တ္နဲ႔အကိုႀကီးက ညီအကိုေတြလိုခင္တဲ့လူေတြပါ”

ဦးဘသာမ်က္ႏွာက ညႇိဳးငယ္သြားၿပီးေတာ့

“ငါမသတ္ဘူးမာယာ၊ ငါရာဂ်တ္ကိုဘယ္လိုလုပ္ၿပီး သတ္ရမွာလဲဟာ”

ဦးဘသာက ေျပာရင္း ငိုသံပါႀကီးျဖစ္လာတယ္ဗ်၊ ဒီအခါ ေကာင္စီလူႀကီးက

“ကဲ သက္ေသေတြေခၚသြင္းလာခဲ့ေတာ့”

ဒီအခါ ကုလားေလးကိုေခၚလာသဗ်ာ၊ အဲဒီကုလားေလးက ရာဂ်တ္ေဆးဆိုင္က ကုလားေလးဗ်၊ အမႈစစ္တဲ့လူက က်ဳပ္တို႔ကိုလက္ညႇိဳးထိုးျပၿပီးေတာ့

“ဒီညေန ေျခာက္နာရီေလာက္မွာ မင္းတို႔ဆိုင္ကိုသူတို႔လာတယ္ဆိုတာ တကယ္လား”

ကုလားေလးက ေခါင္းညိတ္ၿပီးေတာ့

“ဟုတ္ပါတယ္၊ ဆိုင္ပိတ္ခါနီးမွာ သူတို႔ေရာက္လာတာပါ၊ ကြၽန္ေတာ္လည္း သူေဌးကိုေျပာလိုက္ေတာ့ သူေဌးက ဝင္ခိုင္းလိုက္ဆိုတာနဲ႔ ဝင္ခိုင္းလိုက္တာပါ”

အမႈစစ္က

“ေကာင္းပါၿပီ၊ ဒါဆိုရင္ အဲဒီေနာက္ပိုင္း ဘာဆက္ျဖစ္ပါသလဲ”

“ဘာဆက္ျဖစ္သလဲဆိုေတာ့ သူတို႔က သူေဌး႐ုံးခန္းထဲဝင္သြားပါတယ္၊ ကြၽန္ေတာ္နဲ႔က်န္တဲ့ေကာင္ေလးေတြက ဆိုင္သိမ္းေနၾကပါတယ္၊ ေနာက္ေတာ့ ေအာ္ဟစ္သံေတြ၊ ဆူညံသံေတြၾကားလို႔ ကြၽန္ေတာ္လည္း သူေဌး႐ုံးခန္းထဲကို ေျပးၾကည့္လိုက္တဲ့အခါ သူေဌးရာဂ်တ္က ႀကိမ္ကုလားထိုင္ေပၚမွာ ပက္လက္လန္ၿပီးေသေနပါၿပီ၊ အဲဒီအခ်ိန္မွာ ဒီဦးေလးႀကီးက ပုလင္းအျပာကေလးတစ္လုံးကို ေမာ့ေသာက္ၿပီးေတာ့ ပုလင္းကိုပစ္ခ်ၿပီး အခန္းထဲကေန အေလာတႀကီးနဲ႔ေျပးထြက္သြားပါတယ္”

“ေကာင္းပါၿပီ၊ ဒီအခ်ိန္မွာအလင္းေရာင္ရွိေနသလား၊ မင္းျမင္လိုက္ရတာ သူဆိုတာေသခ်ာလား”

“ေသခ်ာပါတယ္၊ သူေဌး႐ုံးခန္းကလည္း လင္းေနပါတယ္”

“ဒါဆိုရင္ေနာက္ဆုံးအေနနဲ႔ေမးခ်င္တာက၊ အခန္းထဲကေန ေျပးထြက္သြားတဲ့သူက ဘယ္သူလဲဆိုတာကို မင္းလက္ညႇိဳးၫြန္ၿပီးေတာ့ ေသေသခ်ာခ်ာအတည္ျပဳေပးႏိုင္မလား”

ကုလားေလးက ဦးဘသာႀကီးကိုလက္ညႇိဳးၫႊန္ျပၿပီးေတာ့

“ဒီလူႀကီးမွ ဒီလူႀကီးအစစ္ပါ”

အမႈစစ္က ေခါင္းညိတ္ၿပီးေတာ့

“ေကာင္းပါၿပီ၊ ဒါဆိုမင္းျပန္လို႔ရပါၿပီ၊ ေကာင္စီလူႀကီးမ်ားခင္ဗ်ာ၊ အခုတစ္ခါ ပစၥည္းသက္ေသကိုတင္သြင္းပါ့မယ္”

ဒီအခါ လူတစ္ေယာက္က လင္ပန္းကေလးတစ္ခုထဲမွာ ပုလင္းခြံကေလးတစ္ခုကို ကိုင္လာသဗ်၊ အဲဒီပုလင္းအခြံကို ေကာင္စီလူႀကီးေတြေရွ႕နားက စားပြဲမွာတင္လိုက္ၿပီး

“ေကာင္စီလူႀကီးမ်ားခင္ဗ်ာ၊ အခုျမင္ေနရတာကေတာ့ ေသဆုံးသြားတဲ့ ေဆးဆိုင္ပိုင္ရွင္ ရာဂ်တ္တစ္ေယာက္ တရားမဝင္ေဖာ္စပ္ထားတဲ့ ေျခခ်ဳပ္ဖ်က္တဲ့ေဆးလို႔သိရပါတယ္၊ ဒီေဆးပုလင္းဟာ အခင္းျဖစ္ပြားတဲ့ေနရာမွက်ေနခဲ့တာမို႔လို႔ ခုနက ကုလားေလးထြက္ဆိုသြားတာနဲ႔ ထပ္တူညီေနပါတယ္”

မယ္ေတာ္က ေဒါသထြက္ထြက္နဲ႔

“ခ်မွတ္ထားတဲ့ ေျခခ်ဳပ္ကိုဖ်က္တာက ႀကီးေလးတဲ့အျပစ္ပဲေနာ္”

“ဟုတ္ပါတယ္၊ ေဟာဒီက ဦးသာစံဟာ ဒီေဆးကိုလိုခ်င္တဲ့အတြက္ ေသဆုံးသူရာဂ်တ္ကို သတ္ျဖတ္ခဲ့ပုံရတယ္လို႔ယူဆမိပါတယ္”

ဦးဘသာက ထၿပီး

“မဟုတ္ဘူး၊ က်ဳပ္မဟုတ္ဘူး၊ က်ဳပ္ကိုေရွ႕ေနေခၚေပးပါ၊ က်ဳပ္ေရွ႕ေန ေဗဒါရီကိုေခၚေပးၾကပါ”

အမႈစစ္က ဦးဘသာကိုလွည့္ၾကည့္ၿပီးေတာ့

“ေဒၚေဗဒါရီကိုေလာေလာဆယ္ ဆက္သြယ္လို႔မရေသးပါဘူး၊ ကဲ ဦးသာစံ ခင္ဗ်ားဘယ္လိုလုပ္ခဲ့သလဲဆိုတာကို က်ဳပ္က အမ်ားသိေအာင္ေဖာ္ထုတ္ျပပါမယ္”

အမႈစစ္ကပုလင္းကေလးကိုကိုင္လိုက္ၿပီးေတာ့ ပုလင္းကိုေဆးရည္အနီေရာင္ေလးေတြနဲ႔ ျဖန္းလိုက္တယ္ဗ်၊ ျဖန္းၿပီးတဲ့အခါမွ အဲဒီပုလင္းမွာ အနီေရာင္အစင္းေၾကာင္းေလးေတြေပၚလာေတာ့တာပါပဲဗ်ာ၊ ၿပီးေတာ့ အဲဒီပုလင္းကိုျပရင္း

“အခုပုလင္းမွာ လက္ေဗြေျခရာခံတဲ့ေဆးရည္ကိုသုတ္လိမ္းလိုက္ပါၿပီ၊ က်န္တဲ့ေဆးရည္ေတြကို ဦးသာစံရဲ႕လက္မွာ သုတ္လိမ္းလိုက္ၿပီး မႏၲာန္႐ြတ္လိုက္တဲ့အခါ တကယ္လို႔ ဦးသာစံက ဒီပုလင္းကိုကိုင္ထားတယ္ဆိုရင္ ပုလင္းမွာသုတ္ထားတဲ့ေဆးရည္ေတြက အျပာေရာင္အျဖစ္ေျပာင္းလဲသြားပါလိမ့္မယ္”

ေျပာရင္းဆိုရင္း ဦးဘသာဆီကိုလမ္းေလွ်ာက္လာၿပီးေတာ့ ဦးဘသာလက္ေတြကိုကိုင္ၿပီး ခုနက ေဆးရည္ထဲကိုႏွစ္လိုက္တယ္ဗ်၊ လူေတြအားလုံးကလည္း သိခ်င္စိတ္နဲ႔ေစာင့္ၾကည့္ေနၾကတာေပါ့ဗ်ာ၊ ခဏၾကာတဲ့အခါ ဦးဘသာလက္ထိပ္က ေဆးနီေတြက တျဖည္းျဖည္းအျပာေရာင္ေျပာင္းသြားတယ္ဗ်၊ ဒါတင္မကဘဲ ပုလင္းမွာသုတ္ထားတဲ့ ေဆးေတြက အျပာေရာင္အျဖစ္ေျပာင္းသြားျပန္တယ္။

“ေကာင္စီလူႀကီးမင္းမ်ားခင္ဗ်ာ၊ ဒီသက္ေသအရ ေဟာဒီပုလင္းကို ဦးသာစံက ကိုင္ထားတယ္ဆိုတာကို အထင္အရွားေတြ႕ရပါတယ္”

က်ဳပ္ျပန္စဥ္းစားၾကည့္လိုက္ေတာ့ ရာဂ်တ္ေပးတဲ့ေဆးရည္ပုလင္းကို ဦးဘသာက တစ္ခါကိုင္လိုက္တာကိုမွတ္မိတယ္ဗ်၊ ၿပီးေတာ့မွ စားပြဲေပၚကိုျပန္ခ်ေပးခဲ့တာမဟုတ္လား၊ ဦးဘသာက ထိုင္ေနရင္း

“က်ဳပ္ပုလင္းကိုကိုင္ခဲ့ေပမယ့္ အဲဒီေဆးရည္ေတြကို တစ္ခါမွမေသာက္ခဲ့ဖူးဘူး”

အမႈစစ္က ဦးဘသာကို ၿပဳံးၾကည့္ရင္း

“ေအးေအးေပါ့ ဦးသာစံရာ၊ အဲဒီအခ်က္ကိုလည္း က်ဳပ္တို႔ေဖာ္ထုတ္မွာပါ”

အမႈစစ္က မယ္ေတာ္ဆီကလွမ္းေလွ်ာက္သြားတဲ့အခါ မယ္ေတာ္က ထန္းလက္ေျခာက္ကေလးတစ္ဖဲ့ကိုကိုင္ထားတယ္ဗ်၊ အဲဒီထန္းလက္ေျခာက္ကေလးကို ပါးစပ္နားကပ္ၿပီးေတာ့ တိုးတိုး႐ြတ္ဖတ္ေနတယ္၊ ၿပီးတာနဲ႔

“ကဲ၊ တကယ္လို႔ သာစံသာ ခုနကေျပာတဲ့ ေျခခ်ဳပ္ဖ်က္တဲ့ေဆးရည္ကိုေသာက္သုံးခဲ့တယ္ဆိုရင္ ဒီထန္းလက္က ေလာင္မီးအတိက်ပါေစသား”

အဲဒီလိုေျပာၿပီးေတာ့ အမႈစစ္ကိုလွမ္းေပးလိုက္တယ္၊ အမႈစစ္က ဦးဘသာဆီကိုေလွ်ာက္လာၿပီးေတာ့ ဦးဘသာရဲ႕ လက္ကိုဆြဲယူလိုက္ၿပီး

“ေသြးေလးနည္းနည္းေလာက္ ယူပါရေစေနာ္ ဦးသာစံ”

ေျပာၿပီးတာနဲ႔ လက္ထိပ္ကို ညႇစ္ၿပီး မန္းမႈတ္လိုက္တဲ့အခါ ဦးဘသာလက္ထိပ္ကေနၿပီးေတာ့ ေသြးေတြသူ႔အလိုလိုစိမ့္ထြက္လာတယ္ဗ်၊ အဲဒီေသြးေတြကို ခုနကထန္းလက္ေျခာက္ေပၚကို အစက္ခ်ၿပီးေတာ့ ထန္းလက္ေျခာက္ကို ေၾကးလင္ပန္းကေလးတစ္ခုေပၚကိုတင္ထားလိုက္တယ္၊ က်ဳပ္တို႔အားလုံး သိခ်င္စိတ္နဲ႔ၾကည့္ေနတဲ့အခ်ိန္မွာပဲ ေသြးစက္ကေလးက တျဖည္းျဖည္းနီရဲလာၿပီးေတာ့ ထန္းလက္ေျခာက္တစ္ခုလုံးကို မီးစြဲေလာင္ကြၽမ္းၿပီး ျပာျဖစ္သြားပါေတာ့တယ္။ အမႈစစ္က ဦးဘသာကိုၾကည့္ရင္း

“ကဲ ဦးသာစံ၊ ခင္ဗ်ားဘာျငင္းအုံးမလဲ”

ဦးဘသာက ေခါင္းခါရင္း

“မျဖစ္ႏိုင္ဘူး၊ က်ဳပ္ဒီေဆးရည္ကို မေသာက္ခဲ့ဘူး”

“ခင္ဗ်ားမေသာက္ဘဲနဲ႔၊ ဒီေဆးက ခင္ဗ်ားရဲ႕ဗိုက္ထဲကိုဘယ္လိုေရာက္ေနမွာလဲဗ်”

ဦးဘသာက ငိုင္က်သြားေတာ့တယ္ဗ်၊ ဘာမွလည္းျပန္မေျပာေတာ့ဘူး၊ အမႈစစ္က ေကာင္စီလူႀကီးေတြဘက္ကိုလွည့္ၿပီး

“ေကာင္စီလူႀကီးမ်ားခင္ဗ်ာ၊ ဒီသက္ေသေတြကို ေထာက္ခ်င့္ျခင္းအားျဖင့္ တရားခံဦးသာစံဟာ၊ သူ႔လူသတ္မႈကိုဖုံးကြယ္ဖို႔အတြက္ ေသဆုံးသူရာဂ်တ္ဆီကို သြားၿပီးေတာ့ ရာဂ်တ္ဆီကေန ေျခခ်ဳပ္ေျဖတဲ့ေဆးကို သြားေတာင္းတယ္လို႔ ယူဆရပါတယ္၊ ဒီမွာ ရာဂ်တ္နဲ႔ကေတာက္ကဆျဖစ္ၿပီးေတာ့ ရာဂ်တ္ကိုသတ္မိသြားတာလည္းျဖစ္ႏိုင္ပါတယ္၊ ရာဂ်တ္ရဲ႕အေလာင္းကိုစစ္ေဆးခ်က္အရ သူ႔နဖူးမွာ ေငြအပ္တစ္ေခ်ာင္းစိုက္ဝင္ေနတာကိုၾကည့္ခ်င္းအားျဖင့္ မယ္ႏွင္းေသဆုံးသြားခဲ့တဲ့အျဖစ္နဲ႔လည္း ထပ္တူညီေနပါတယ္၊ ဒါတင္မက ဦးသာစံကို မ်က္ျမင္သက္ေသေတြသာမက၊ အခုစမ္းသပ္စစ္ေဆးခ်က္ေတြအရပါ ဒီလူသတ္မႈေတြကို ဦးသာစံက်ဴးလြန္ေနတာ ထင္ရွားေၾကာင္း သုံးသပ္ေတြ႕ရွိရပါတယ္၊ ဒါေၾကာင့္ စုန္းကေဝေကာင္စီရဲ႕ စည္းကမ္းခ်က္ေတြကိုေဖာက္ျပားၿပီးေတာ့ စုန္းေတြကိုတမင္သက္သက္ရန္ရွာသတ္ျဖတ္ေနတဲ့ ဦးသာစံကို ထိုက္သင့္တဲ့ျပစ္ဒဏ္ခ်မွတ္ဖို႔ ေတာင္းဆိုပါတယ္”

ေကာင္စီလူႀကီးေတြက တိုင္ပင္ၾကရင္း ဦးဘသာဘက္ကိုလွည့္လိုက္ၿပီးေတာ့

“ဦးသာစံ၊ ဘာမ်ားျငင္းခ်င္ပါေသးသလဲ”

“ဒါေတြအားလုံး က်ဳပ္လုပ္တာမဟုတ္ဘူး၊ က်ဳပ္လုပ္တာမဟုတ္ဘူးဗ်”

ဦးဘသာက ေခါင္းငိုက္စိုက္ခ်ရင္း ေျပာတယ္ဗ်ာ၊ က်ဳပ္လည္း ဘာလုပ္ရမွန္းကိုမသိေတာ့ပါဘူး၊ ေကာင္စီလူႀကီးေတြက ဦးဘသာကိုၾကည့္ရင္း

“ကဲ ခင္ဗ်ားမွာျပန္လည္ေခ်ပစရာမရွိေတာ့ဘူးဆိုရင္ေတာ့ အၿပီးသတ္အမိန႔္ခ်ပါမယ္”

ဒီအခ်ိန္ ႐ုံးေတာ္တံခါးကပြင့္သြားတယ္ဗ်။

“ကြၽန္မမွာ ျပန္လည္ေခ်ပစရာရွိပါတယ္”

႐ုံးေတာ္ထဲကိုဝင္လာတဲ့သူကေတာ့ ေဗဒါရီဗ်၊ ေဗဒါရီကိုေတြ႕ေတာ့ က်ဳပ္ျဖင့္အေတာ္ဝမ္းသာသြားတယ္ဗ်ာ၊ ဦးဘသာလည္း ေမွ်ာ္လင့္ခ်က္ေတြျပန္လည္ရွင္သန္လာသလိုပါပဲ၊ ေဗဒါရီကအေရွ႕ကိုေလွ်ာက္လာတဲ့အခါ ေကာင္စီလူႀကီးေတြက

“မင္းဘယ္သူလဲ”

“ကြၽန္မက ဦးသာစံဘက္ကလိုက္ေပးမယ့္ ေရွ႕ေနပါ”

အမႈစစ္က ေဗဒါရီကိုစိုက္ၾကည့္ရင္း

“ဒီအမႈက လူသက္ေသ၊ပစၥည္းသက္ေသေတြနဲ႔ ထင္ရွားေနၿပီေနာ္၊ မင္းကဘယ္လိုေခ်ပမွာလဲ၊ ဦးသာစံမွာ အျပစ္မရွိဘူးဆိုတာကို မင္းကဘယ္လိုလုပ္ၿပီးေတာ့ သက္ေသျပမွာလဲ”

ေဗဒါရီက အမႈစစ္ကိုမၾကည့္ဘဲနဲ႔ ေကာင္စီလူႀကီးေတြကိုၾကည့္လိုက္ရင္း

“ကြၽန္မတစ္ခုေျပာပါရေစ၊ ေဟာဒီမွာထိုင္ေနတဲ့ ဦးသာစံကို လြန္ခဲ့တဲ့ ဆယ့္ငါးမိနစ္က ၿမိဳ႕ထဲမွာျမင္ေတြ႕လိုက္တဲ့သူရွိပါတယ္”

အားလုံးအံ့ၾသသြားၾကတယ္ဗ်။

“ဘယ္လိုလုပ္ၿပီးျဖစ္ႏိုင္မွာလဲ၊ ဦးသာစံက ဒီမွာထိုင္ေနတာ ၾကာၿပီမဟုတ္လား”

“ျဖစ္ႏိုင္မျဖစ္ႏိုင္သိရေအာင္လို႔ သက္ေသေတြတင္သြင္းခ်င္ပါတယ္၊ ေကာင္စီလူႀကီးမ်ား ခြင့္ျပဳပါ”

ေကာင္စီလူႀကီးေတြက ေခါင္းညိတ္လိုက္ၾကတယ္ဗ်၊ သိပ္မၾကာခင္မွာပဲ ေထာင္ေထာင္ေမာင္းေမာင္းနဲ႔ႀကီးၾကပ္သူက လူႏွစ္ေယာက္ကိုေခၚလာတယ္၊ ဒီလူေတြက စုတ္စုတ္ျပတ္ျပတ္နဲ႔ပါ။ ေဗဒါရီက သူတို႔ေတြကိုၾကည့္ၿပီးေတာ့

“ရွင္တို႔နာမည္ကိုေျပာျပပါ”

“က်ဳပ္က ႏွာတိုပါ၊ ဒီေကာင္ကေတာ့ နားပဲ့ပါ၊ က်ဳပ္တို႔က စုန္းေတြပါ၊ ပညာၿပိဳင္ရင္း ကိုယ္လက္အဂၤါဆုံးရႈံးသြားၾကလို႔ ေ႐ႊျမင္တင္ဘုရားအနားမွာ ေတာင္းစားေနၾကတဲ့လူေတြပါ”

အမႈစစ္က ဒီလူႏွစ္ေယာက္ကိုၾကည့္ရင္း

“မင္းတို႔ ဒီေနရာမွာ မမွန္ထြက္ဆိုရင္ ဘာျဖစ္မယ္ဆိုတာ သိၾကတယ္မဟုတ္လား”

ေလသံမာမာနဲ႔ ဒီလူေတြကိုေျခာက္လိုက္တယ္ဗ်၊ ဒီလူေတြက ေခါင္းညိတ္ၿပီးေတာ့

“သိပါတယ္”

အမႈစစ္က ေရဖလားတစ္ခြက္ယူလာတယ္ဗ်၊ အဲဒီေရဖလားထဲကို သက္ေသႏွစ္ေယာက္ရဲ႕လက္ေတြကိုထည့္စိမ္ခိုင္းၿပီးေတာ့

“ကဲ ငါ့အေနာက္ကလိုက္ဆို၊ အကယ္၍ မမွန္ထြက္ဆိုခဲ့သည္ရွိေသာ္ ဤေရမ်ားသည္ ေခ်ာ္ရည္ပူမ်ားအျဖစ္ေျပာင္းလဲသြားၿပီး ေလာင္ကြၽမ္းပါေစသား”

ဟိုလူႏွစ္ေယာက္ကလည္း လိုက္ဆိုတယ္ဗ်၊ ၿပီးေတာ့မွ အမႈစစ္က

“ကဲ ခင္ဗ်ားတို႔ျမင္လိုက္တာေတြကို အမွန္အတိုင္းေျပာပါ၊ လြန္ခဲ့တဲ့ ဆယ့္ငါးမိနစ္ေလာက္က ခင္ဗ်ားတို႔ႏွစ္ေယာက္ ေဟာဟိုမွာထိုင္ေနတဲ့ လူႀကီးကိုေတြ႕လိုက္တယ္ဆိုတာ တကယ္လား”

ဟိုလူႏွစ္ေယာက္က ဦးဘသာကိုေသေသခ်ာခ်ာၾကည့္ၿပီးေတာ့

“ဟုတ္ပါတယ္၊ သူ႔ကိုျမင္လိုက္ပါတယ္”

အမႈစစ္က မ်က္ေမွာင္ၾကဳတ္ၿပီး

“ဘယ္လိုျမင္လိုက္တာလဲဆိုတာ အေသးစိတ္ေျပာပါ”

“က်ဳပ္နဲ႔ နားပဲ့နဲ႔ ဘုရားေရွ႕က ကုကၠိဳပင္ေျခရင္းမွာ အိပ္ဖို႔ျပင္ေနတဲ့အခ်ိန္ ဒီလူႀကီးက အနားကိုေရာက္လာပါတယ္၊ ဒါနဲ႔ ပိုက္ဆံရလိုရျငားဆိုၿပီးေတာ့ ေတာင္းၾကည့္တဲ့အခါမွ သူက က်ဳပ္တို႔ကိုႀကိမ္းေမာင္းၿပီးေတာ့ ႐ိုက္ပုတ္ပါတယ္၊ က်ဳပ္တို႔ႏွစ္ေယာက္လည္း မခံခ်င္တာနဲ႔ သူ႔ကိုျပန္႐ိုက္ဖို႔လုပ္တဲ့အခါမွာေတာ့ က်ဳပ္တို႔ကိုစက္လက္နက္နဲ႔ပစ္မယ္ဆိုၿပီး ၿခိမ္းေျခာက္ပါတယ္”

“ခင္ဗ်ားတို႔ေျပာတာတကယ္ပဲလား၊ လိမ္ေနတာေတာ့မဟုတ္ပါဘူးေနာ္”

“က်ဳပ္တို႔လည္းစုန္းေတြပါ၊ က်ဳပ္တို႔ ေကာင္စီလူႀကီးေတြေရွ႕မွာေရာ၊ မယ္ေတာ္ရဲ႕အေရွ႕မွာပါ မလိမ္ဝံ့ပါဘူးဗ်ာ”

“ၿပီးေတာ့ ဒီလူကဘယ္ကိုထြက္သြားေသးသလဲ”

“ေဈးပိုင္းရပ္ကြက္ဘက္ကိုထြက္သြားပါတယ္”

အမႈစစ္ေမးၿပီးၿပီဆိုေတာ့ ေဗဒါရီက

“ေကာင္စီလူႀကီးမ်ားၾကားတဲ့အတိုင္းပါပဲရွင္၊ ဒီအတိုင္းဆိုရင္ အခုတရားခံအျဖစ္စြပ္စြဲခံရတဲ့ ဦးသာစံနဲ႔ ပုံစံတူတဲ့လူတစ္ေယာက္ရွိေနတယ္ဆိုတာ ထင္ရွားပါတယ္၊ ဒီလိုဆိုရင္ ဒီလူသတ္မႈေတြက ဦးသာစံကိုယ္တိုင္လုပ္ခဲ့တာလည္းျဖစ္ႏိုင္သလို၊ တစ္ေယာက္ေယာက္က ဦးသာစံပုံစံ ေယာင္ေဆာင္ၿပီးေတာ့ လုပ္ကိုင္ေနတာလည္း ျဖစ္ႏိုင္ပါတယ္”

ေကာင္စီလူႀကီးေတြ ေခါင္းခ်င္းဆိုင္ကုန္တယ္ဗ်။ ေဗဒါရီက ဆက္ၿပီးေတာ့

“ဒါေၾကာင့္မို႔လို႔ ဦးသာစံကို အရမ္းကာေရာ အျပစ္မေပးဘဲ ေသခ်ာစစ္ေဆးေစာင့္ၾကည့္သင့္ပါေသးတယ္၊ ကြၽန္မရဲ႕အျမင္အရေတာ့ အခုလက္ရွိဦးသာစံကို ေၾကးတိုက္ထဲမွာဖမ္းခ်ဳပ္ထားၿပီးေတာ့ ေစာင့္ၾကည့္ဖို႔ပါ၊ ဒီအေတာအတြင္းမွ ၿမိဳင္သာၿမိဳ႕ထဲမွာ ဦးသာစံတစ္ေယာက္ေတြ႕ရတယ္ဆိုရင္ေတာ့ ဒီအမႈေတြက ေဟာဒီက ဦးသာစံက်ဴးလြန္ခဲ့တာမဟုတ္ေလာက္ဘူးဆိုတဲ့ အလီဘိုင္ကို ရရွိမွာျဖစ္ပါတယ္”

ေကာင္စီလူႀကီးေတြလည္း ေခါင္းညိတ္ၾကတယ္ဗ်၊

“ေကာင္းၿပီ၊ ဒါဆိုရင္ ဦးသာစံကို ေၾကးတိုက္ထဲမွာ ႏွစ္ရက္သုံးရက္ေလာက္ခ်ဳပ္ထားၿပီး ေစာင့္ၾကည့္မယ္၊ ဒီအခ်ိန္မွာ လူသတ္မႈေတြဆက္ျဖစ္ေနတယ္ဆိုရင္ေတာ့ ဒါဟာ ဦးသာစံလုပ္တာမဟုတ္ဘူးလို႔ က်ဳပ္တို႔သတ္မွတ္မယ္”

ေဗဒါရီက က်ဳပ္တို႔ကိုၿပဳံးျပတယ္ဗ်၊ က်ဳပ္တို႔လည္း ဒီေတာ့မွၿပဳံးႏိုင္ေတာ့တယ္ဗ်ာ၊ ဘာပဲေျပာေျပာ သူ႔ေၾကာင့္ ျပစ္ဒဏ္က်ဖို႔ကေန ေနာက္ဆုတ္သြားတာမဟုတ္လားဗ်ာ၊ ေဗဒါရီက က်ဳပ္တို႔အနားကိုေရာက္လာေတာ့။

“ဘာပဲေျပာေျပာ ေက်းဇူးတင္ပါတယ္ တူမႀကီးရာ”

“မလိုပါဘူး ဦးေလးရာ၊ ဒီအတိုင္းဆိုရင္ေတာ့ ဦးေလးက အျပစ္ကင္းတဲ့အေၾကာင္း အေႏွးနဲ႔အျမန္ သက္ေသျပႏိုင္မွာပါ”

မၾကာခင္မွာပဲ ႀကီးၾကပ္သူေတြေရာက္လာၾကတယ္ဗ်၊ ေထာင္ေထာင္ေမာင္းေမာင္းနဲ႔လူက ဦးဘသာကို ႀကိဳးေတြနဲ႔တစ္ကိုယ္လုံးကို ခ်ည္တယ္ဗ်၊ ၿပီးေတာ့ အင္းေတြနဲ႔လည္းကပ္တယ္၊ ဦးဘသာတစ္ကိုယ္လုံးလႈပ္မရေတာ့ဘူးေပါ့ဗ်ာ။

“ေၾကးတိုက္ထဲထည့္တာ ဒီေလာက္လုပ္စရာလိုလို႔လားဗ်ာ”

“လိုတယ္ကြ၊ ေၾကးတိုက္ထဲထည့္တယ္ဆိုေပမယ့္လည္း သူ႔ပညာေတြထုတ္သုံးလို႔မရေအာင္လို႔ တားျမစ္ခ်ဳပ္ေႏွာင္ထားမွ ေတာ္ကာၾကမယ္”

“ဒါဆို ေၾကးတိုက္ကိုက်ဳပ္ေရာလိုက္လို႔ရလား”

ေဗဒါရီက ေခါင္းညိတ္ၿပီးေတာ့

“လိုက္လို႔ရပါတယ္၊ ေၾကးတိုက္မပိတ္ခင္အထိ လိုက္ၾကည့္လို႔ရပါတယ္၊ စည္းကမ္းအရဆိုရင္ေတာ့ ေၾကးတိုက္ထဲကိုထည့္ပိတ္မယ့္ လူတစ္ေယာက္ကို သူ႔ရဲ႕ေရွ႕ေနနဲ႔ သက္ေသအျဖစ္လူႏွစ္ေယာက္က လိုက္ၾကည့္ၿပီးေတာ့ ေကာင္းေကာင္းမြန္မြန္ခ်ဳပ္ေႏွာင္ထားမထား အတည္ျပဳၿပီးမွ ေၾကးတိုက္ကိုပိတ္ေလ့ရွိပါတယ္”

ႀကီးၾကပ္သူေတြက ဦးဘသာကိုလဲွခ်လိုက္ၿပီးေတာ့ လက္ညႇိဳးေလးေတြနဲ႔ မယူသြားၾကတယ္ဗ်၊ ဦးဘသာအေနာက္ကေန က်ဳပ္နဲ႔ေဗဒါရီလည္း အတူတူလိုက္လာခဲ့ၾကတာေပါ့ဗ်ာ။

ဆက္ရန္။

#အဂၢေဇာ္ #ဦးဘသာ #စုန္း #သရဲ