Unicode Version
” စုန်းထီးကြီးဦးဘသာနှင့် မြိုင်သာရှာပုံတော် “(စ/ဆုံး)
————————————————————————-
အပိုင်း(၂)
(၅)
ညက အိပ်တယ်ဆိုပေမယ့် အိပ်ရာပြောင်းလို့လားတော့မသိဘူး အိပ်လို့မပျော်ပါဘူးဗျာ၊ ဦးဘသာလည်း ကြက်အိပ်ကြက်နိုးပဲဗျ၊ သူလည်းကျုပ်လို အိပ်ပျော်ပုံမရဘူးဗျာ၊ ကျုပ်လည်း ဟိုအကြောင်းတွေး၊ ဒီအကြောင်းတွေးနဲ့ ကြက်ဦးတွန်ခါနီးလောက်မှသာ အိပ်ပျော်သွားတာဗျ၊ မနက်မိုးလင်းတော့ ခုနစ်နာရီထိုးတော့မယ်ဗျာ ကျုပ်လည်း အစည်းဝေးတက်ဖို့ပြင်ဆင်ရတော့တာပေါ့၊ ရေမိုးချိုးပြီးတော့ ရှပ်အကျီအဖြူတစ်ထည်နဲ့ အောက်က ပုဆိုးအသစ်ကိုတွဲဝတ်လိုက်တာပေါ့ဗျာ၊ ဦးဘသာလည်း မျက်နှာသစ်ပြီး အဝတ်အစားလဲပြီးပြီဗျ၊ ကိုမျိုးကြီးကတော့ မီးဖိုထဲမှ တကုပ်ကုပ်နဲ့ဗျာ၊ ကျုပ်တို့ပြင်ဆင်ပြီးတော့ ကျုပ်တို့အရှေ့မှာ ထမင်းစားပွဲဝိုင်းခင်းတယ်ဗျ၊ ဆနွင်းများများနဲ့ဝါထိန်နေအောင်ကြော်ထားတဲ့ ထမင်းကြော်ရယ်၊ သရက်သီးကုလားတည်နဲ့ ငါးခြောက်ဖုတ်ဆီဆမ်း၊ နောက်ပြီးတော့ မြေပဲဆန်ကြော်လည်းပါသဗျာ၊ ကျုပ်နဲ့ဦးဘသာလည်း ကိုမျိုးကြီးကြော်ပေးတဲ့ထမင်းကြော်ကိုစားလိုက်ကြသဗျာ၊ ထမင်းကြော်ကတော့ စားလို့ကောင်းတယ်ဗျ၊ ကိုမျိုးကြီးက ကျုပ်တို့ဘေးမှာထိုင်နေရင်း
“ပြန်ကြတော့မလို့လားဗျာ၊ တစ်ရက်နှစ်ရက်လောက်တော့ နေကြပါအုံး”
“တော်ပါပြီကိုမျိုးကြီးရာ၊ ဒီမနက်အစည်းအဝေးတက်ပြီးရင် နေ့ခင်းကားနဲ့ ပြန်မယ်ဗျ၊ ညတော့မအိပ်တော့ဘူးဗျာ”
“အေးကွာ၊ မင်းတို့က ဗြုန်းစားကြီးရောက်ပြီး ဗြုန်းစားကြီးပြန်သွားတာဆိုတော့ မင်းတို့အတွက် လက်ဆောင်တွေဘာတွေတောင်မထည့်ပေးလိုက်ရတော့ဘူး”
ဦးဘသာက
“ရပါတယ်ကွာ၊ မင်းမိန်းမကိုသာ သေသေချာချာစောင့်ရှောက်လိုက်စမ်းပါ”
“ဟုတ်ကဲ့၊ ကျွန်တော့်မိန်းမ နေကောင်းသွားရင်တော့ ရွာကိုတစ်ခေါက်လာခဲ့အုံးမယ်ဗျာ”
စားသောက်ပြီးတော့ ကိုမျိုးကြီးကိုနှုတ်ဆက်ပြီး ထွက်လာခဲ့ကြတာပေါ့ဗျာ၊ ဦးဘသာနဲ့ကျုုပ်နဲ့ ကိုမျိုးကြီးတို့ရပ်ကွက်ထဲကထွက်ခဲ့ကြပြီးတော့ ကားလမ်းမကြီးပေါ်ကိုတက်လာခဲ့လိုက်ကြတယ်၊ ရွှေမြင်တင်ဘုရားနဲ့ မျက်နှာချင်းဆိုင်က ခြံဝန်းကြီးထဲမှာတော့ နှစ်ထပ်အိမ်ကြီးတစ်အိမ်ရှိသဗျ၊ အဲဒါက မြို့နယ်ကောင်စီရဲ့ရုံးခန်းပေါ့ဗျာ၊ ကျုပ်ခြံထဲဝင်မယ်လုပ်တော့ ဦးဘသာက
“အလတ်ကောင်၊ ငါစာတိုက်သွားပြီး စာထည့်လိုက်အုံးမယ်ကွာ၊ မင်းကို ဒီဘုရားအရှေ့နားမှာပဲ စောင့်နေမယ်ကွ၊ မင်းပြီးတော့ တို့တွေအတူတူပြန်ကြတာပေါ့ကွာ”
“ကောင်းပါပြီဗျာ၊ ဒါနဲ့ဦးဘသာက ဘယ်သူ့ဆီကိုစာထည့်မလို့လဲဗျ”
“အောင်ရှိန်ဆီကိုပါကွာ၊ ဒီကောင်နဲ့ငါနဲ့မတွေ့တာကြာတော့ အောက်မေ့လို့ပါကွ”
ခြံကြီးထဲကို လူတွေတစ်ဖွဲ့ပြီးတစ်ဖွဲ့ဝင်လာကြတာနဲ့ ကျုပ်လည်း လိုက်ဝင်သွားပါတော့တယ်၊ အိမ်ကတော့ ကိုလိုနီခေတ်က နှစ်ထပ်ဘိုတဲကြီးတစ်ခုဗျ၊ အောက်ထပ်မှာရုံးခန်းလုပ်ထားပြီး အပေါ်ထပ်ဟောခန်းကြီးကတော့ အစည်းအဝေးခန်းပေါ့ဗျာ၊ ကြမ်းပေါ်မှာဖျာချောတွေခင်းထားပြီး နေရာလုပ်ထားတာပေါ့၊ ခဏနေတော့ လူတွေစုံလာတယ်ဗျ၊ ကျုပ်လည်း ဟိုကြည့်ဒီကြည့်လုပ်နေရင်းနဲ့ နေရာရှာတဲ့အခါ အခန်းထောင့်နံရံနားလေးကို သွားတွေ့လိုက်သဗျာ၊ ဒါနဲ့ကျုပ်လည်း အဲဒီနေရာမှာထိုင်လိုက်တယ်၊ အစည်းအဝေးတက်ဖို့ ကျေးရွာတွေက လူကြီးတွေလာကြတာဆိုတော့ သိပ်မကြာခင်မှာပဲ အစည်းအဝေးခန်းက လူပြည့်သွားတယ်ဗျ။ မြိုင်သာအနီးပတ်ဝန်းကျင်မှာပဲ ကျေးရွာနှစ်ဆယ်လောက်ရှိတာကိုးဗျ၊ တစ်ချို့ရွာတွေကျတော့လည်း ရွာလူကြီးအပြင် အဖော်အဖြစ် ရွာခံတစ်ယောက်နှစ်ယောက်လည်း ပါလာသေးသဗျ။
မနက်ကိုးနာရီကျော်တဲ့အချိန် အစည်းအဝေးစမယ်ဆိုတော့ ကျုပ်လည်း ဗလာစာအုပ်နဲ့ခဲတံကိုထုတ်လိုက်တယ်၊ အဖေက အစည်းအဝေးမှာ ဘာတွေပြောဆိုပြီး ဆွေးနွေးကြသလဲဆိုတာကို သေသေချာချာဗလာစာအုပ်မှာ ရေးမှတ်ခိုင်းလိုက်တယ်ဗျ၊ ဒါနဲ့စာအုပ်လေးကို လက်ဝါးပေါ်တင်ပြီး ခဲတံကိုအသင့်ပြင်ထားလိုက်တယ်၊ မကြာပါဘူး အစည်းအဝေးစပါပြီဗျာ။
အရင်ဆုံး မြို့နယ်ကောင်စီဥက္ကဋ္ဌဆိုတဲ့ လူတစ်ယောက်က မတ်တပ်ထရပ်တယ်ဗျ၊ သူကအဖွင့်အမှာစကားပြောဖို့ပေါ့ဗျာ၊ ဝတ်ထားတာလည်း သားသားနားနားတောက်တောက်ပြောင်ပြောင်ပါပဲဗျာ၊ မျက်နှာမှာလည်း ရွှေကိုင်းတပ်ထားတဲ့ ဆီးရောင်ခပ်ညိုညိုမျက်မှန်ကြီးကိုတပ်ထားသေးတယ်၊ ကျုပ်တို့တုန်းကတော့ ဒီလိုမျက်မှန်ဆိုတာ တကယ့်သူဌေးတွေပဲ တတ်နိုင်တာပေါ့ဗျာ။ သူက မတ်တပ်ထပြီးတော့ သူ့ကိုယ်သူမိတ်ဆက်တယ်ဗျ၊ ကျုပ်လည်း ခဲတံတစ်ချောင်းနဲ့ သူပြောတာတွေကို သေသေချာချာရေးမှတ်တာပေါ့ဗျာ၊ မိတ်ဆက်ပြီးတော့ သူအရင်က ဘာရာထူးနဲ့ ဘယ်တိုင်း၊ ဘယ်ဒေသမှာလုပ်ခဲ့တယ်ဆိုတာတွေပြောပြန်ရော၊ နောက်တော့ ဘယ်လူကြီးနဲ့သူကဘယ်လိုခင်တာဆိုတာတွေဖြစ်ကုန်တယ်ဗျ၊ ပြောရင်းပြောရင်းနဲ့ သူဘယ်လောက်သိကြောင်း၊ ဘယ်လောက်တတ်ကြောင်း၊ ဘယ်လောက်ချမ်းသာကြောင်းတွေ ဖြစ်ကုန်တော့တာပဲဗျာ၊ လက်ဖက်ရည်ဆိုင်သွားရင်တောင် မာဇဒါဂျစ်နဲ့သွားတာတို့၊ သူနောက်ယူထားတဲ့မိန်းမက ဘယ်ရွာက ကွမ်းတောင်ကိုင်ဆိုတာမျိုးတွေချည်း ပြောနေတော့ ကျုပ်ဖြင့််ရေးတောင်မမှတ်ချင်တော့ပါဘူးဗျာ။
စိတ်ညစ်ညစ်နဲ့ နံရံကိုမှီထိုင်ရင်း စာအုပ်ကိုပိတ်ထားလိုက်တော့တယ်၊ အဲဒီလူကြီးက လေးဆယ့်ငါးမိနစ်လောက် သူ့အကြောင်းတွေသူ ဂုဏ်ဖော်ပြီးတော့မှ ထိုင်ခုံမှာပြန်ထိုင်သွားသဗျ၊ အောက်ကပရိသတ်ကလည်း လက်ခုပ်လက်ဝါးတွေထပြီးတီးကြတာဆိုတော့ ကျုပ်လည်း ဘုမသိဘမသိနဲ့ လက်ခုပ်လိုက်တီးရတာပေါ့၊ ကောင်စီဥက္ကဋ္ဌ ပြီးသွားတော့ ဒုဥက္ကဋ္ဌဆိုသူက မတ်တပ်ရပ်သဗျာ၊ သူလည်း အရှေ့ကလူကြီးလိုပါပဲ၊ သူတော်ကြောင်း၊ သူတတ်ကြောင်းတွေ အမွှမ်းတင်ပါတော့တယ်၊ ကျုပ်လည်း စိတ်ညစ်ညစ်နဲ့ဘာမှရေးမမှတ်ဘဲ ထိုင်ပဲကြည့်နေလိုက်တော့တယ်၊ သူပြောရင်း နာရီဝက်လောက်ရှိလာတော့ ကျုပ်မျက်လုံးတွေက ငိုက်စင်းကျလာတယ်ဗျ၊ တစ်ညလုံးမအိပ်ထားရတဲ့ ကျုပ်မျက်လုံးတွေက အခုမှ အစွမ်းပြလာတာဗျ၊ အစည်းအဝေးဆိုတော့ ကျုပ်လည်း မျက်လုံးကိုအားတင်းပြီး ဖွင့်ထားပါတယ်၊ ဒါပေမယ့် မရဘူးဗျ၊ နောက်ဆုံးတော့ သူတို့ဘာတွေပြောလို့ပြောနေမှန်းကို မသိတော့ပါဘူးဗျာ၊ နံရံလေးနားခေါင်းကပ်ပြီး ငိုက်နေလိုက်တယ်။
“အို ခဏလောက်တော့ ငိုက်လိုက်အုံးမယ်၊ ဆယ်မိနစ်လောက်ပါပဲ”
ဒီလိုနဲ့ကျုပ်လည်း ငိုက်ခနဲဖြစ်သွားတယ်ဆိုပါတော့ဗျာ။
“ဟေ့လူ၊ ထ၊ ထစမ်းပါဗျာ”
ခဏကြာတော့ ကျုပ်ကိုလူတစ်ယောက်က လှုပ်နှိုးသဗျာ၊ ကျုပ်လည်း ငိုက်နေရာကနေ ငေါက်ခနဲထလိုက်ပြီးတော့ စာအုပ်ကိုဖွင့်ရင်း ခဲတံကိုအသင့်လုပ်လိုက်တယ်၊ ထူးဆန်းလိုက်တာဗျာ၊ ကျုပ်ငိုက်သွားတဲ့ ခဏလေးအတွင်းမှာ အခန်းထဲလူတစ်ယောက်မှ မရှိတော့ဘူးဗျ၊
“ဟင်၊ လူတွေ၊ လူတွေဘယ်ရောက်သွားကြတာလဲ”
ကျုပ်ကိုလာနှိုးတဲ့လူက ကျုပ်ကိုမျက်မှောင်ကြုတ်ကြည့်ရင်း
“အစည်းအဝေးပြီးသွားပြီလေဗျာ၊ အခုဆို နေ့လည်နှစ်နာရီတောင် ထိုးနေပေါ့ဗျ”
“ဗျာ၊ ဟုတ်ရဲ့လားဗျာ၊ မဖြစ်နိုင်ပါဘူး၊ ကျုပ်ခဏလေးငိုက်လိုက်တာပါဗျာ၊ ဒီလောက်တောင်ကြာပါ့မလားဗျ”
“ခင်ဗျားငိုက်တာကလည်း လွန်ပါတယ်ဗျာ၊ အစည်းအဝေးပြီးလို့ ကျုပ်တို့တောင် ပစ္စည်းတွေသိမ်းဆည်းနေရင်း ခင်ဗျားနိုးမလား၊ နိုးမလားဆိုပြီး စောင့်ကြည့်နေသေးတာ၊ အခု ကျုပ်တို့ခဏနေ ရုံးဆင်းပြီးပြန်တော့မယ်၊ ခင်ဗျားဒီအတိုင်းသာ ဆက်ငိုက်နေရင် နောက်တစ်နေ့မိုးလင်းမှ နိုးပါ့မလားပဲ၊ ကဲ ထထ၊ သွားတော့”
ကျုပ်ကိုမောင်းထုတ်တာနဲ့ ကျုပ်လည်းထလိုက်ရတယ်ဗျာ။ ခြေထောက်တွေက တော်တော်ကျင်နေလို့ မနည်းထယူရတယ်ဗျ၊ လေဖြတ်ထားတဲ့လူလိုမျိုး ခြေထောက်ကိုတရွတ်တိုက်ဆွဲရင်း ရုံးပေါ်ကနေဆင်းလာခဲ့တယ်၊ ရုံးထဲကထွက်လာတော့ ဦးဘသာက ရုံးအရှေ့ပလက်ဖောင်းမှာ ထိုင်လို့ဗျ။
“အလတ်ကောင်ရာ၊ ကြာလိုက်တာကွာ၊ ဘာတွေအလုပ်ရှုပ်နေတာလဲကွ၊ ရုံးထဲက လူတွေတောင် အကုန်လုံးနီးပါးပြန်ကုန်ပြီ”
ကျုပ်လည်း ဦးဘသာကျုပ်ကိုဆူမှာကြောက်တာနဲ့
“မဟုတ်ပါဘူးဗျာ၊ ကျုုပ်တို့ရွာကောင်းကျိုးအတွက် အထက်လူကြီးတွေစီမံပေးဖို့ တောင်းဆိုနေရတာပါဗျ၊ ထိုင်တာကြာလို့ ခြေထောက်တောင် တော်တော်ညောင်းသွားပြီဗျာ”
ဦးဘသာက ကျုပ်ပြောတာကိုယုံသွားတဲ့ပုံပဲဗျ၊
“ကဲ လာလာ၊ ငါလည်းဘာမှမစားရသေးဘူး၊ ဗိုက်တွေလည်းဆာလှပြီကွ၊ တို့တွေ တစ်ခုခုစားပြီး ပြန်စို့ကွာ၊ ညနေသုံးနာရီကားကို မမီလိုက်ရင် လေးနာရီထွက်မယ့်ကားကိုစီးရတော့မှာ၊ ဒါဆို ရွာအဝင်နောက်ကျလိမ့်မယ်ကွ”
ဒါနဲ့ဦးဘသာဆွဲခေါ်ရာအနောက်ကို ကျုပ်လည်း တရွတ်တရွတ်နဲ့လိုက်ခဲ့ရတာပေါ့ဗျာ။
(၆)
“ရောက်တုန်းရောက်ခိုက် တရုတ်စာဝင်စားရအောင်အလတ်ကောင်ရာ”
ဦးဘသာနဲ့ကျုပ်နဲ့ တရုတ်ဆိုင်ကိုဝင်ခဲ့တယ်ဗျ၊ ဆိုင်နာမည်က “လင်း”တဲ့ဗျ၊ ကျုပ်တို့ဆိုင်ထဲကိုဝင်လိုက်တော့ ဆိုင်မှာလူတွေအများသားဗျ၊ ကျုပ်နဲ့ဦးဘသာလည်း ခုံလွတ်ရှာရင်း ဆိုင်အတွင်းထဲက စားပွဲခုံတစ်ခုမှာ ဝင်ထိုင်လိုက်ကြတယ်၊ မကြာပါဘူး၊ တရုတ်ကြီးတစ်ယောက်ထွက်လာတယ်။
“ဘာစားမလဲဆရာတို့”
ဦးဘသာက ဆိုင်နံရံမှာရေးထားတဲ့ စာတွေကိုကြည့်ရင်း
“ကျုပ်က ဆီချက်ခေါက်ဆွဲစားမယ်ဗျာ၊ အလတ်ကောင် မင်းကရော”
“ကျုုပ်လည်း အဲဒါပဲစားမယ်”
တရုတ်ကြီးက အနောက်ကိုပြန်ဝင်သွားတယ်ဗျ၊ ကျုပ်လည်း ရေဆာတာနဲ့ ကျုုပ်တို့အရှေ့မှာချထားတဲ့ ဓါတ်ဘူးကိုကောက်ကိုင်လိုက်ပြီးတော့ ရေနွေးနှစ်ခွက်ငှဲ့လိုက်တယ်ဗျ၊ ကျုပ်က ရေနွေးပူကို တဖူးဖူးမှုတ်သောက်နေတုန်း ဦးဘသာက ဆိုင်ထဲကိုကျီးကြည့်ကြောင်ကြည့်နဲ့ လိုက်ကြည့်နေသဗျ၊ ဒီအချိန်မှာပဲ တရုတ်ကြီးက ဆိုင်နောက်ကနေ လင်ပန်းတစ်ချပ်ကိုင်ပြီးထွက်လာသဗျ၊ လင်ပန်းထဲမှာတော့ ဆီချက်ထည့်ထားတဲ့ ကြွေပန်းကန်နှစ်ချပ်ရှိတယ်၊ တရုတ်ကြီးက ပန်းကန်တွေကိုအရှေ့မှာချပေးသဗျာ၊ ကျုပ်လည်း လက်ထဲကရေနွေးပူပူကို သောက်မလို့လုပ်လိုက်တဲ့အချိန်မှာ ဦးဘသာက ကျုပ်ရေနွေးခွက်ကိုင်ထားတဲ့လက်ကို သူ့လက်နဲ့တွန်းလိုက်တယ်ဗျ၊ ဒီအခါ ရေနွေးတွေက ကျုပ်ရင်ဘတ်ထဲကို မှောက်ကျကုန်တာပေါ့။
“အောင်မယ်လေး၊ ပူလိုက်တာဗျ”
ကျုပ်လည်းရင်ဘတ်ကိုပွတ်သပ်ရင်း
“ဦးဘသာ ဘာလုပ်တာလဲဗျာ”
ဦးဘသာကတော့ တွေတွေကြီးကြည့်လို့ဗျ၊ ကျုပ်လည်းဘာမှမပြောတော့ဘဲ ခေါက်ဆွဲပန်းကန်ထဲမှာတပ်ထားတဲ့ဇွန်းကိုယူမလို့လက်ပြင်ရုံရှိသေးတယ်၊ ဦးဘသာက ကျုပ်ခေါက်ဆွဲပန်းကန်စောင်းကို လက်နဲ့ပုတ်ထည့်လိုက်တယ်ဗျ၊ ခေါက်ဆွဲပန်းကန်က လေပေါ်မှာတစ်ပတ်လည်ထွက်သွားပြီးတော့ စားပွဲပေါ်ကို မှောက်ခုံကြီးကျတယ်ဗျ၊ ချလွင်ခနဲမြည်သံကြီးထွက်လာပြီးတော့ တစ်ဆိုင်လုံးကလူတွေက ကျုပ်တို့စားပွဲဝိုင်းကို စိုက်ကြည့်နေကြတယ်။
ဦးဘသာက ကျုပ်လက်ကိုပုတ်ပြီးတော့
“အလတ်ကောင်၊ သွားကြမယ်ကွာ”
“ဗျာ၊ ဘာဖြစ်လို့လဲဗျ၊ ကျုပ်တို့စားတောင်မစားရသေးဘူးမဟုတ်လား”
“စားမနေပါနဲ့တော့ကွာ၊ လာလာ သွားကြမယ်”
ဦးဘသာက ကျုပ်လက်ကိုအတင်းဆွဲပြီးထပါရောဗျာ၊ ကျုပ်လည်း ဘုမသိဘမသိနဲ့လိုက်ထရတာပေါ့။
“ဦးဘသာပဲ ခုနက ဘာမှမစားရသေးလို့ ဗိုက်ဆာတယ်ဆိုဗျာ”
ကျုပ်နဲ့ဦးဘသာနဲ့ ဆိုင်ထဲကထွက်ဖို့လှည့်လိုက်တဲ့အချိန်မှာပဲ ဆိုင်မှာထိုင်နေတဲ့လူတွေအားလုံးက တစ်ပြိုင်တည်း မတ်တပ်ထရပ်လိုက်ကြတယ်ဗျ၊ ကျုပ်တို့ရှေ့ဝိုင်းမှာထိုင်နေတဲ့ ပုပုကွကွနဲ့လူက။
“ခင်ဗျားဒီကနေမသွားရဘူး ဦးသာစံ”
ဦးဘသာက အဲဒီလူကိုတစ်ချက်ကြည့်ပြီးတော့
“မင်းလူမှားနေပြီ၊ ငါ့နာမည်သာဒင်၊ သာစံမဟုတ်ဘူး”
ဦးဘသာက အရှေ့ကိုခြေလှမ်းတစ်လှမ်း လှမ်းလိုက်တဲ့အချိန်မှာ သစ်သားစားပွဲနှစ်လုံးက သူ့အလိုလိုရွေ့လာပြီးတော့ ကျုပ်တို့အရှေ့မှာကန့်လန့်ကြီးလာပိတ်သွားတယ်ဗျ၊ ဦးဘသာက အဲဒီစားပွဲနှစ်လုံးကိုမျက်စောင်းထိုးပြီးကြည့်လိုက်တော့ စားပွဲနှစ်လုံးက ဝုန်းခနဲကျိုးကျပြီးတော့ တစ်စစီဖြစ်သွားတယ်ဗျာ။ တစ်ခုခုထူးနေပြီဆိုတာတော့ ကျုပ်သိလိုက်ပြီဗျ၊ ခုနက ပုပုကွကွနဲ့လူက
“ခင်ဗျား ဒီကနေခြေတစ်လှမ်းတောင်ထွက်လို့မရဘူး”
ဦးဘသာက စိတ်ဆိုးဆိုးနဲ့
“ငါ့ခြေထောက်နဲ့ငါ သွားတာဘာဖြစ်သလဲကွ”
ဒီအချိန်မှာပဲ ဆိုင်ကစားပွဲတွေအားလုံးက လေပေါ်ဝဲပျံတက်လာပြီးတော့ ကျုပ်တို့အရှေ့မှာ တစ်ခုပြီးတစ်ခုထပ်ကြရင်း အတားအဆီးတစ်ခုဖြစ်သွားပါရောဗျာ၊ မသိရင် ခြံစည်းရိုးတစ်ခုကာလိုက်သလိုပဲဗျ၊ ဦးဘသာက စိုက်ကြည့်လိုက်ပြန်တယ်ဆိုရင်ပဲ အဲဒီစားပွဲတွေထပ်ထားတာက အကုန်လုံးတဖြောင်းဖြောင်းနဲ့ကျိုးထွက်ကုန်ပြီးတော့ သစ်သားအစအနတွေဖြစ်ကုန်ပါရောဗျာ။
အဲဒီသစ်သားအစတွေကြားထဲကနေပဲ တရှူးရှူးအော်မြည်ပြီးတော့ အနက်ရောင်မီးခိုးလုံးကလေးတွေက ပျံထွက်လာတယ်ဗျ၊ သုံးလေးခုလောက်တော့ရှိတယ်ဗျာ၊ ပျံတာကလည်း မြန်လိုက်တာပြောမနေပါနဲ့၊ ကျုပ်ကြောင်ပြီးကြည့်နေတုန်း ဦးဘသာက အဲဒီမီးခိုးလုံးကလေးတွေကို လက်နဲ့ပုတ်ချလိုက်တယ်ဗျ။
“သြော်၊ မင်းတို့က စုန်းကဝေတွေရဲ့စည်းကမ်းကို ပေါ်ပေါ်ထင်ထင်ချိုးဖောက်တာလားကွ၊ တို့စုန်းကဝေတွေက ပညာရပ်တွေကို လူအများရှိတဲ့နေရာမှာ ပေါ်ပေါ်ထင်ထင်သုံးလို့မရဘူးဆိုတာကိုလေ”
“ခင်ဗျားလို ရာဇဝတ်သားအတွက်တော့ ပညာတွေသုံးသင့်ရင် သုံးရမှာပဲ”
“မင်းဘာတွေလာပြောနေတာလဲကွ”
ပုပုကွကွနဲ့လူက
“ခင်ဗျားအခုမှ ဘာမှမသိချင်ယောင်မဆောင်ပါနဲ့ ဦးသာစံရယ်၊ လုပ်တုန်းကလုပ်ခဲ့ပြီး အခုမှအရူးကွက်နင်းနေတုန်းလား”
“ငါကဘာလုပ်ခဲ့လို့လဲကွ၊ ငါကဘယ်တော့မှ စုန်းကဝေစည်းကမ်းကို ဖောက်ဖျက်တဲ့ကောင်မဟုတ်ဘူး”
“ခင်ဗျားပါးစပ်က စည်းကမ်း၊ စည်းကမ်းနဲ့ထွက်နိုင်သေးတယ်နော်၊ ဒါဆိုကျုပ်မေးမယ် မနေ့ညက စုန်းမမယ်နှင်းကို ခင်ဗျားမသတ်ရင် ဘယ်သူသတ်တာလဲဗျ”
ဦးဘသာရော၊ ကျုပ်ရောအံ့သြသွားတယ်ဗျ၊ ဦးဘသာက တစ်ချက်စဉ်းစားလိုက်ပြီး
“မင်းတို့ပြောတဲ့ အဲဒီစုန်းမကို ငါမှတ်လောက်သားလောက်ဖြစ်အောင် ဆုံးမခဲ့တာတော့မှန်တယ်၊ ဒါပေမယ့် ငါသူ့ကိုမသတ်ခဲ့ဘူးကွ”
“အပိုတွေမပြောနဲ့ မယ်နှင်းကိုခင်ဗျားသတ်တာ ဟောဒီမြိုင်သာတစ်ခွင်လုံးသိတယ်”
“မင်းပြောနေတာတွေကို ငါတစ်ခုမှမသိဘူး၊ ဒါပေမယ့် မနေ့က ငါဘယ်သူ့ကိုမှမသတ်ခဲ့ဘူးကွ”
ပုပုကွကွနဲ့လူက အရှေ့ကိုတိုးလာရင်း
“ခင်ဗျားဖြူစင်တယ်ဆိုရင် ခင်ဗျားသက်သေပြလေဗျာ၊ ခင်ဗျားကိုဖမ်းဖို့ ကျုပ်တို့မှာ ကောင်စီကထုတ်ပြန်ထားတဲ့ ဖမ်းဝရမ်းပါတယ်ဗျ၊ ခင်ဗျားအေးအေးဆေးဆေးအဖမ်းခံစမ်းပါ ဦးသာစံရာ၊ ခင်ဗျားအတင်းအကြပ်ခုခံမယ်ဆိုရင်တော့ ကျုပ်တို့လည်းအင်အားသုံးပြီး ခင်ဗျားကိုဖမ်းရမှာပဲ၊ ဟောဒီဆိုင်ထဲက လူတွေအားလုံးက မြိုင်သာက အဆင့်မြင့်ကဝေတွေချည်းပဲနော်”
ဒီတော့မှ ကျုပ်လည်းသိသွားတာဗျ၊ လတ်စသတ်တော့ ဆိုင်ထဲကလူတွေအားလုံးက ကဝေတွေချည်းပဲကိုး၊ ဦးဘသာက ခုနက ဒါကိုရိပ်မိချင်ရိပ်မိမှာဗျ၊ ဒါကြောင့် ကျုပ်ကိုရေနွေးမသောက်ခိုင်း၊ ခေါက်ဆွဲမစားခိုင်းတာနေမှာ။ ကျုပ်လည်း ဦးဘသာကိုကြည့်ရင်း
“ဦးဘသာ၊ ဘာတွေဖြစ်ကုန်ပြီလဲဗျာ”
ဦးဘသာက ခေါင်းခါတယ်ဗျ၊ သူ့နဖူးမှာလည်း ချွေးသီးချွေးပေါက်တွေ ကျလို့ဗျို့။
“ဒါတော့ငါလည်းမသိဘူးအလတ်ကောင်၊ မနေ့က မင်းနဲ့ငါနဲ့အတူတူရှိနေတာပဲ၊ ငါက မျိုးကြီးမိန်းမကိုယ်ထဲက စုန်းမကို နှင်ထုတ်ခဲ့ပေမယ့် သူ့ကိုသတ်မှမသတ်ခဲ့တာပဲကွာ”
“ဒါတော့ဟုတ်တယ်ဗျ”
ပုပုကွကွနဲ့လူက
“ဦးသာစံ အေးအေးဆေးဆေးအဖမ်းခံပါ၊ ခင်ဗျားရဲ့ဖြူစင်မှုကို ရုံးတော်မှာ သက်သေပြစမ်းပါဗျ”
ဦးဘသာက ခေါင်းညိတ်ပြီးတော့
“အေး၊ ကောင်းပြီ၊ မင်းတို့ငါ့ကိုဖမ်းလိုက်ကြတော့”
ဦးဘသာက လက်နှစ်ဖက်ကိုဆန့်တန်းပေးလိုက်တယ်ဗျ၊ ပုပုကွကွနဲ့လူက သူ့အနောက်က လူတစ်ယောက်ကိုမျက်စပစ်ပြလိုက်တော့ အဲဒီလူက ထွက်လာပြီးတော့ ရွှေရောင်ကြယ်ပွင့်ကလေးတစ်ပွင့်ကို ဦးဘသာရဲ့ ရင်ညွန့်နေရာမှာကပ်လိုက်တယ်ဗျ၊ နောက်တော့ အဲဒီလူရဲ့ အကျီလက်ပေါက်ထဲကနေ မြွေနက်ကြီးတစ်ကောင်က လျှောခနဲထွက်လာသဗျာ၊ အဲဒီမြွေနက်ကို ဦးဘသာရဲ့ကိုယ်ပေါ်တင်ပေးလိုက်တဲ့အခါ ဦးဘသာက သူ့လက်နှစ်ဖက်ကိုစုထားပေးလိုက်တယ်၊ မြွေနက်က ဦးဘသာရဲ့လက်နှစ်ဖက်ကို လိမ်ပတ်ပြီးတော့မှ ကြိုးနက်ကြီးတစ်ချောင်းအဖြစ် ပြောင်းလဲသွားတော့တာပါပဲဗျာ။
“အလတ်ကောင်၊ မင်းပြန်တော့”
ကျုပ်လည်းခေါင်းခါပြီးတော့
“ကျုပ်ဒီကိုဦးဘသာနဲ့အတူလာခဲ့တာပဲ၊ ဦးဘသာမပါဘဲ ကျုပ်မပြန်ဘူးဗျာ”
“ပြန်တော့လို့ပြောနေတယ်အလတ်ကောင်၊ မင်းအစည်းအဝေးပြီးရင်ပြန်လာမယ်လို့ ပြောထားတယ်မဟုတ်လား၊ မင်းအကိုကြီးက မင်းကိုတန်းမြင့်ရွာမှာ နွားလှည်းနဲ့စောင့်နေမယ်လေကွာ”
“ဟာဗျာ၊ ဦးဘသာမပါဘဲ ကျုပ်မသွားဘူးဗျာ”
“သွားဆိုသွားစမ်းပါအလတ်ကောင်ရာ၊ ဒီကိစ္စက မင်းနဲ့မဆိုင်ဘူးကွ၊ ပြီးတော့ ငါကလည်း ဘယ်သူ့ကိုမှသတ်ခဲ့တာမဟုတ်ဘူး၊ ရုံးတော်ကစစ်ဆေးပြီးရင် အားလုံးပြေလည်သွားမှာပါကွာ၊ ငါနောက်နေ့ ရွာကိုပြန်လာခဲ့မယ်၊ မင်းပြန်တော့အလတ်ကောင်”
ကျုပ်လည်း မပြန်ချင်တာနဲ့ပေကပ်နေလိုက်တယ်။
“မင်းကိုပြန်တော့လို့ပြောနေတယ်နော်အလတ်ကောင်”
ဦးဘသာက ကျုပ်မျက်လုံးတွေကိုတည့်တည့်ကြည့်ရင်း ကြိမ်းမောင်းတယ်ဗျ၊ ကျုပ်ဘဝမှာ ဦးဘသာဒီလိုမျိုးဒေါသထွက်ပြီး ကြိမ်းမောင်းတာကို တစ်ခါမှမခံဖူးဘူးဗျ၊ ဒီတစ်ခါ တကယ်ပထမဆုံးပါပဲဗျာ၊ ဦးဘသာက ပြောနေပြီဆိုတော့လည်း ကျုပ်လည်းဘာတတ်နိုင်မှာလဲဗျာ၊ ဒါနဲ့ ကျုပ်ဆိုင်ကထွက်သွားဖို့လုပ်လိုက်တယ်၊ ဒီအခါ ပုပုကွကွနဲ့လူက ကျုပ်ရင်ဘတ်ကိုသူ့လက်နဲ့တားလိုက်ပြီးတော့
“နေအုံး၊ မင်းလည်းမသွားရဘူး”
ဦးဘသာက ဒီလူကိုကြည့်ရင်း
“သူနဲ့ဘာမှမဆိုင်ပါဘူးကွာ၊ သူက စုန်းပညာတောင်မှ နကန်းတစ်လုံးမှသိတာမဟုတ်ဘူး၊ သူ့ကိုလွှတ်ပေးလိုက်ပါ”
အဲဒီလူက ခေါင်းညိတ်ပြီးတော့
“လွှတ်ပေးမှာပါဗျာ၊ သူ့ဆီမှာ ကျုပ်တို့လိုချင်နေတဲ့ ပစ္စည်းရှိမရှိသိရရင် လွှတ်ပေးမှာပါ”
ဦးဘသာက မျက်မှောင်ကြုတ်ရင်း
“ဘာပစ္စည်းလဲ”
“တစ်ချိန်က ခင်ဗျားပိုင်ခဲ့တဲ့ ပစ္စည်းလေးပေါ့ဗျာ၊ မြိုင်သာမြို့ရဲ့အလုံခြုံဆုံးနေရာမှာ သိမ်းထားတဲ့ပစ္စည်းလေးက တိုက်တိုက်ဆိုင်ဆိုင်မနေ့ကပဲ ပျောက်သွားသဗျ”
ဦးဘသာကထိတ်လန့်သွားပြီးတော့
“ပြဒါးရှင်လုံးလား”
“သိပ်ဟုတ်တာပေါ့ဗျာ”
“ဒီပြဒါးရှင်လုံးပျောက်သွားတာက အလတ်ကောင်နဲ့ဘာဆိုင်နေလို့လဲ”
အဲဒီလူက သူ့အိတ်ကပ်ထဲက အလုံးကလေးတစ်လုံးကိုထုတ်လိုက်တယ်ဗျ၊ အဲဒီအလုံးကလေးက အပြာရောင်ဖန့်ဖန့်ကလေးလင်းနေတယ်၊ အဲဒီအလုံးကလေးကို ကျုပ်အနားကိုတိုးလာလေလေ အလုံးကလေးက ပိုပိုပြီးလင်းလာလေလေပဲဗျာ၊ နောက်တော့ ကျုပ်လွယ်ထားတဲ့ လွယ်အိတ်ကို အဲဒီအလုံးကလေးနဲ့ပွတ်လိုက်တဲ့အခါမှာတော့ အပြာရောင်အလင်းတွေက တောက်ပပြီး တဖိတ်ဖိတ်နဲ့ဝင်းလက်နေတော့တာပါပဲ။
“ညီလေးရေ၊ လွယ်အိတ်လေးခဏကြည့်မယ်နော်”
ထောင်ထောင်မောင်းမောင်းနဲ့လူက ကျုပ်လွယ်ထားတဲ့လွယ်အိတ်ကို အတင်းဆွဲဖြုတ်တယ်ဗျ၊ နောက်တော့ လွယ်အိတ်ထဲက ပစ္စည်းတွေကို ကြမ်းပြင်ပေါ်ကိုသွန်ချလိုက်တယ်၊ ကျုပ်ကလည်း
“ခင်ဗျားတို့ဘာလုပ်တာလဲဗျာ၊ အဲဲဒီပြဒါးရှင်လုံးဆိုလား အဲဒါကျုပ်မှာမရှိပါဘူးဗျာ”
ထောင်ထောင်မောင်းမောင်းနဲ့လူက ကျုပ်ပစ္စည်းတွေကို ခြေထောက်နဲ့မွှေပြီးရှာလိုက်တယ်၊ ကျုပ်လွယ်အိတ်ထဲမှာ သူတို့ပြောတဲ့အရာက ဘယ်ရှိမှာတုန်းဗျ၊ ထောင်ထောင်မောင်းမောင်းနဲ့လူက ပုပုကွကွနဲ့လူကို ခေါင်းခါပြတယ်။
“မင်းတော်တော်တုံးတာပဲ ပွကြီးရာ”
ပုပုကွကွနဲ့လူက ဆေးလိပ်အလိပ်ငါးဆယ်ပါတဲ့ ဆေးလိပ်စည်းကို လက်ညိုးနဲ့ထိုးလိုက်တော့ ဆေးလိပ်အစည်းက လေပေါ်ပျံတက်လာပြီးတော့ သူ့လက်ထဲကိုရောက်သွားသဗျာ၊ သူက ဆေးလိပ်တွေကိုလက်နှစ်ဖက်နဲ့ဖိညှစ်ပြီးတော့ ချိုးချေလိုက်တယ်၊ ဆေးပေါ့လိပ်တွေဆိုတော့လည်း ကျိုးကုန်တာပေါ့ဗျာ၊ ဒါပေမယ့် နောက်ဆုံးတော့ ဆေးလိပ်ကလေးတစ်လိပ်က မကျိုးပဲနဲ့ကျန်ခဲ့သဗျ၊ ဒီလူက ခုနက အပြာရောင်အလုံးကလေးကို ဆေးလိပ်ကလေးအနားကပ်လိုက်တော့ ဆေးလိပ်အထဲကနေ အနီရောင်အလင်းတွေလင်းထွက်နေပါရောဗျာ။
ပုပုကွကွနဲ့လူက ပြုံးရယ်လိုက်ပြီးတော့ ဆေးပေါ့လိပ်ကိုချိုးလိုက်တဲ့အခါ ဆေးပေါ့လိပ်ထဲက ရွေးစေ့လောက်ရှိတဲ့ အနီရောင်အလုံးကလေးတစ်လုံးထွက်လာသဗျ၊ အလုံးကလေးကလည်း လင်းလက်လို့နေတယ်။ ဒီလူက ဦးဘသာကိုကြည့်ပြီး
“ကဲ ဦးသာစံ ခင်ဗျားဘာငြင်းအုံးမလဲ”
ဦးဘသာမျက်နှာက ငိုင်ကျသွားတယ်ဗျ၊ ကျုပ်လည်း ဦးဘသာကို ကြည့်လိုက်ပြီး
“ဦးဘသာ ဘာတွေဖြစ်နေတာလဲဗျာ”
ဦးဘသာက စိတ်ပျက်လက်ပျက်နဲ့
“ငါတို့တော့ ချောက်တွန်းခံရပြီဟေ့”
လို့ ငိုသံပါကြီးနဲ့ ညည်းညူလိုက်ပါတော့တယ်ဗျာ။
(၇)
ဒီလူတွေက ကျုပ်တို့ကိုဘယ်ခေါ်သွားမှန်းမသိပါဘူးဗျာ၊ ကျုပ်မျက်စိကိုလည်း အဝတ်စတစ်စနဲ့စည်းနှောင်ထားတော့ ကျုပ်လည်း ဘာကိုမှမမြင်ရဘူး၊ လမ်းတစ်လျှောက်တော့ သူတို့အချင်းချင်းစကားပြောနေတာ၊ တီးတိုးပြောနေတာတွေကြားရတယ်၊ လှေကားထစ်တွေအောက်ကိုဆင်းသွားရပြီးတော့ နောက်ဆုံးမှာတော့ လူတွေအများကြီးစကားပြောနေတဲ့အခန်းကြီးတစ်ခုထဲကိုခေါ်ဆောင်သွားခံရသဗျ၊ တစ်နေရာရောက်တော့ ကျုပ်တို့ကိုအဲဒီနေရာမှာပဲ မတ်တပ်ရပ်ခိုင်းတယ်၊ ပြီးတော့မှ မျက်လုံးစည်းထားတဲ့ အဝတ်စကိုဖြေပေးလိုက်တာပဲဗျာ၊ အဝတ်စကို တင်းတင်းကြပ်ကြပ်စည်းထားတော့ မျက်လုံးတွေတောင်အောင့်နေသဗျာ၊ ကျုပ်မျက်စိဖွင့်လိုက်တာနဲ့ မျက်လုံးထဲကိုအလင်းရောင်စူးစူးတွေဝင်လာတယ်။
ကျုပ်လည်း လက်နဲ့ကာပြီးတော့ ကြည့်ရတယ်ဗျ၊ အခန်းကတော့ အခန်းကျယ်ကြီးတစ်ခန်းဗျာ၊ ကျုပ်တို့အရှေ့မှာ စားပွဲခုံတွေထိုင်ခုံတွေရှိတယ်၊ ဘေးနားမှာတော့ လူတွေအများကြီးထိုင်နေကြလေရဲ့ဗျာ၊ ကျုပ်လည်းအရင်က ရွာမှာအမှုဖြစ်လို့ အဖေသက်သေထွက်ဆိုရင် မြိုင်သာတရားရုံးကို လိုက်သွားဖူးတယ်မဟုတ်လား။ ဒီအခန်းကြီးရဲ့ တည်ဆောက်ပုံကလည်း တရားရုံးနဲ့တူတယ်ဗျ၊ ခုံတွေနဲ့ပတ်ပတ်လည်ကာရံထားတဲ့ ကြမ်းပြင်အလယ်မှာတော့ ကျုပ်နဲ့ဦးဘသာ နှစ်ယောက်ပဲရှိနေသဗျ။
“ဦးဘသာ ဒါဘယ်နေရာလဲ”
“ဒါက စုန်းကဝေကောင်စီရဲ့ ရုံးတော်ပေါ့ကွာ”
ကျုပ်လည်း လှည့်ပတ်ကြည့်ရင်း
“ကျုပ်တို့လူတွေမှာတင် ကောင်စီရှိတယ်ထင်နေတာ၊ ဦးဘသာတို့စုန်းတွေမှာရော ကောင်စီရှိတာလား”
“ရှိတာပေါ့ကွာ၊ ဒီစုန်းကဝေကောင်စီကနေပြီး မြိုင်သာမြို့တစ်ဝှမ်းမှာရှိတဲ့ စုန်းကဝေတွေကို အုပ်ချုပ်နေတာ၊ တို့ရွာဘက်တွေလည်း ပါသပေါ့ကွာ”
“ဒါနဲ့ စုန်းတွေကိုအုပ်ချုပ်နေတာ မယ်တော်မဟုတ်ဘူးလား”
“မယ်တော်က စည်းကမ်းပိုင်းဆိုင်ရာအုပ်ချုပ်တာကွ၊ စုန်းတွေကဝေတွေ စည်းဖောက်တာမျိုးဆိုရင် မယ်တော်ကဆုံးဖြတ်ပြီးတော့ ပြစ်ဒဏ်ချတယ်၊ ကောင်စီကကျတော့ စုန်းကဝေတွေရဲ့ လူမှုရေး၊ ကျန်းမာရေး၊ ပညာရေးပိုင်းတွေကို အုပ်ချုပ်တာကွ”
“ထူးဆန်းပါ့ဗျာ”
“မယ်တော်ရဲ့တည်ရှိမှုက ကောင်စီနဲ့သက်သက်ကွ၊ ကောင်စီကတော့ စုန်းတွေကို တိုက်ရိုက်အပြစ်ပေးလို့မရဘူး၊ စုန်းတွေအပြစ်ကျူးလွန်ရင် မယ်တော်ကိုအသိပေးပြီးတော့ အပြစ်ချခိုင်းရတာ”
“ဒါဆို အဲဒီကောင်စီက ဘာအလုပ်လုပ်သလဲဗျ”
“စုန်းကဝေတွေရဲ့ တည်နေရာတွေ၊ သူတို့ရဲ့သားသမီးတွေ၊ နောက်ပြီး ဘယ်သူက ဘယ်သူ့ကိုပြုစားတယ်ဆိုတာတွေကို အားလုံးစောင့်ကြည့်နေတယ်ကွ၊ ပြီးတော့စုန်းကဝေအချင်းချင်းပေါင်းဖက်တာ၊ လက်ထပ်ထိမ်းမြားတာ အိုကွာ လူမှုရေးကိစ္စအစုံပေါ့ကွာ”
ကျုပ်တို့စကားပြောနေတုန်း ၀၀ဖိုင့်ဖိုင့်နဲ့လူတစ်ယောက်က ဝင်လာသဗျာ၊ သူက ကြေးခေါင်းလောင်းကလေး တစ်လုံးကိုတီးလိုက်ပြီးတော့
“အချိန်ကျပြီမို့၊ ရုံးတော်စတင်မယ်၊ ကောင်စီလူကြီးများကို အရိုအသေပေးကြပါ”
အဲဒီလူက အော်လိုက်တော့ ထိုင်နေတဲ့လူတွေအကုန်လုံး မတ်တပ်ထလိုက်ကြတယ်ဗျ၊ ဒီအခါ အနောက်ခန်းထဲကနေပြီး လူတွေထွက်လာတယ်၊ လူငါးယောက်တိတိထွက်လာပြီး ကျုပ်တို့အရှေ့က စားပွဲခုံတွေမှာ အသီးသီးထိုင်လိုက်ကြတယ်ဗျ။
“မယ်တော်ကိုအရိုအသေပေးကြပါ”
ဒီအခါ မယ်တော်ထွက်လာပြီးတော့ ခုနက ကောင်စီလူကြီးငါးယောက်ရဲ့ အထက်နားက စားပွဲခုံမှာဝင်ထိုင်လိုက်တယ်။ ခုနက လူကပဲ စာရွက်တစ်ရွက်ကိုကြည့်ပြီးတော့
“ရုံးတော်စတင်ပါပြီ၊ ယနေ့ မြန်မာသက္ကရာဇ်၊ ကြားနာမယ့်အမှုကတော့ ဦးသာစံက စုန်းမမယ်နှင်းကို အကြောင်းမဲ့သတ်ဖြတ်တဲ့အမှုဖြစ်ပါတယ်၊ အရင်ဆုံး စုန်းကဝေကောင်စီရဲ့ စည်းကမ်းထိန်းသိမ်းရေးမှူးက ဦးသာစံလုပ်ခဲ့တဲ့ပြစ်မှုတွေကို ဖော်ပြပြီး စွဲချက်တင်ရမှာဖြစ်ပါတယ်”
ဒီအခါ ကျုပ်တို့ဘေးနားက ခုံတန်းတွေမှာထိုင်နေတဲ့ မိန်းမတစ်ယောက်က မတ်တပ်ရပ်လိုက်ပြီး ကောင်စီလူကြီးတွေကို တစ်ချက်ဦးညွတ်ပြီး အရိုအသေပေးလိုက်တယ်ဗျ၊ နောက်တော့ ဦးဘသာကိုကြည့်ပြီး
“ဟောဒီက ဦးသာစံ(ခေါ်) ဦးသာဒင်ဟာ၊ စုန်းကဝေကောင်စီက ချမှတ်ထားတဲ့ စည်းမျဉ်းနံပါတ်သုံးအချက်ဖြစ်တဲ့ စုန်းကဝေအချင်းချင်း အကြောင်းမဲ့မသတ်ဖြတ်ရဆိုတဲ့ အချက်ကိုဖောက်ဖျက်ပြီး မြိုင်သာမြို့ ပန်းဆွဲအရပ်က စုန်းမမယ်နှင်းကို အကြောင်းမဲ့ ညှင်းပန်းနှိပ်စက်ပြီးတော့ သတ်ဖြတ်လိုက်ပါတယ်”
အဲဒီမိန်းမပြောလိုက်တော့ ဦးဘသာက မတ်တပ်ထရပ်ပြီး
“ကန့်ကွက်ပါတယ်၊ ကျုပ်ကန့်ကွက်ပါတယ်”
ဒီအခါ ကောင်စီလူကြီးတစ်ယောက်က စားပွဲခုံကို သစ်သားတူနဲ့ထုပြီးတော့
“ဦးသာစံ၊ စွဲချက်တင်နေတဲ့အချိန်အတွင်းမှာ ငြင်းခွင့်မရှိပါဘူး၊ ရုံးတော်ကိုလေးစားပါ”
ဦးဘသာလည်း ပါးစပ်ပိတ်သွားတယ်ဗျ၊ ကောင်စီလူကြီးက စည်းကမ်းထိန်းသိမ်းရေးမှူးကို ခေါင်းညိတ်ပြလိုက်တော့မှ စည်းကမ်းထိန်းသိမ်းရေးမှူးက ဆက်ပြောတယ်။
“ယခုဖြစ်ပွားတဲ့အမှုမှာ ဦးသာစံကိုယ်တိုင်လုပ်ခဲ့တာဖြစ်ကြောင်း မယ်နှင်း မျက်မြင်သက်သေတွေလည်းရရှိထားပါတယ်၊ ဦးသာစံရဲ့ စုန်းပညာနဲ့မယ်နှင်းကိုသတ်ဖြတ်တယ်လို့လည်း စုံစမ်းစစ်ဆေးသူတွေက ခိုင်ခိုင်မာမာတွေ့ရှိထားပါတယ်၊ နောက်ပြီးတော့ ဦးသာစံကိုယ်တိုင်ကလည်း မယ်နှင်းနဲ့ယမန်နေ့ညက ကတောက်ကဆဖြစ်ပြီး ပညာအသုံးပြုကြောင်းကိုဝန်ခံထားပါတယ်”
သူပြောလိုက်တဲ့အခါ ဦးဘသာက ကျုပ်တို့နဲ့ခပ်လှမ်းလှမ်းမှာရပ်နေတဲ့ ကျုပ်တို့ကိုဖမ်းလာတဲ့ ပုပုကွကွနဲ့လူကိုတစ်ချက်ကြည့်ပြီး မျက်မှောင်ကြုတ်ပြလိုက်တယ်၊ အဲဒီလူက ဦးဘသာကိုပြန်ကြည့်ပြီးတော့ သူ့ရွှေသွားတွေပေါ်အောင်လို့ ရယ်ပြနေသဗျာ။
စည်းကမ်းထိန်းသိမ်းရေးမှူးက
“နောက်တစ်မှုရှိပါသေးတယ်၊ အဲဒါကတော့ စုန်းမဒေါ်ပျင်းကြီး ပိုင်ဆိုင်ခဲ့တဲ့ အစွမ်းထက်တဲ့ မှော်ပြဒါးရှင်လုံးကို မြိုင်သာမြို့ငွေတိုက်ထဲကနေ ဦးသာစံက ခိုးယူခဲ့ပါသေးတယ်၊ ငွေတိုက်ကနေ ခိုးယူတယ်ဆိုတာ စုန်းကဝေကောင်စီရဲ့ ငွေတိုက်စည်းကမ်းတွေကို အတိအလင်းချိုးဖောက်တာနဲ့အတူတူပါပဲ၊ အခုလည်း ခိုးရာပါပစ္စည်းနဲ့အတူတူ ဖမ်းမိထားပါတယ်၊ ဒါကြောင့် ဦးသာစံတစ်ယောက် ဒီအမှုတွေမှာ ပြစ်မှုထင်ရှားတာမို့လို့ ဦးဘသာကို စုန်းကဝေကောင်စီက ချမှတ်ထားတဲ့ စည်းကမ်းချိုးဖောက်မှုအတွက် အရေးယူနိုင်ဖို့ စုန်းကဝေကောင်စီကို တင်ပြရခြင်းဖြစ်ပါတယ်”
ကောင်စီလူကြီးငါးယောက်က တစ်ယောက်နဲ့တစ်ယောက်ကြည့်ရင်း တီးတိုးပြောတယ်ဗျ၊ နောက်တော့ တစ်ယောက်နဲ့တစ်ယောက် ငြင်းခုံနေတဲ့ပုံစံပဲ နောက်ဆုံးမှာတော့ ကောင်စီလူကြီးတစ်ယောက်က ခေါင်းညိတ်ပြီးတော့
“ဟုတ်ပြီ၊ စည်းကမ်းထိန်းသိမ်းရေးမှူး တင်ပြချက်ကို ကောင်စီကသဘောပေါက်နားလည်ပြီးတော့ ဦးသာစံကျုးလွန်ခဲ့တဲ့အပြစ်တွေကို အပြစ်ပေးသင့်တယ်လို့ယူဆတဲ့အတွက် ဒီအမှုကိုလက်ခံပါတယ်”
ကောင်စီလူကြီးတွေက မယ်တော်ကိုတစ်ချက်ကြည့်လိုက်တယ်၊ မယ်တော်က ထိုင်ခုံပေါ်မှာ ဒူးတစ်ဖက်ထောင်ပြီးထိုင်နေရင်း ဦးဘသာကို စူးစူးစိုက်စိုက်နဲ့ကြည့်နေတယ်။
“သာစံ၊ မင်းက ကိုယ့်ကိုယ်ကိုယ် မယ်ပျင်းရဲ့သားဆိုပြီးတော့ လုပ်ချင်တိုင်းလုပ်နေတယ်ပေါ့၊ မင်းကိုယ်မင်းသိပ်စွမ်းတယ်လို့ ထင်နေတယ်ပေါ့”
ဦးဘသာက မယ်တော်ကိုကြည့်ရင်း
“ကျုပ် မယ်နှင်းကိုမသတ်ပါဘူး”
ဒီအခါ ကောင်စီလူကြီးတစ်ယောက်က
“အမှုကို ကြားနာမစစ်ဆေးခင်မှာတော့ ဦးသာစံတကယ်သတ်သလား၊ မသတ်သလားဆိုတာ တိတိကျကျပြောလို့မရသေးပါဘူးမယ်တော်”
မယ်တော်က ခေါင်းညိတ်ပြီး
“ကောင်းပြီ၊ ဒီအမှုကိုငါခွင့်ပြုတယ်၊ စုန်းကဝေကောင်စီက သေသေချာချာစစ်ဆေးပြီး သာစံအပြစ်ရှိကြောင်းကိုတင်ပြပါ၊ ဒီအခါငါက ထိုက်သင့်သလိုအရေးယူပေးမယ်”
မယ်တော်က ပြောဆိုပြီးထွက်သွားတော့တယ်၊ ကောင်စီလူကြီးတွေက ဦးဘသာကိုကြည့်ပြီး
“စွပ်စွဲခံ ဦးသာစံကို ခြေချုပ်ထားပြီး အမှုမှန်မပေါ်မချင်း မြိုင်သာမြို့ကနေ ဘယ်မှမသွားရဘူးလို့ အမိန့်ချတယ်”
ဒီအခါ ပုပုကွကွနဲ့လူက
“ဒါထက် ဦးသာစံကို မြိုင်သာမြို့ကနေ နှင်မိန့်ထုတ်ထားတယ်မဟုတ်လား၊ သူက ဒီမြို့မှာ သုံးရက်သုံးညထက်ပိုပြီး နေခွင့်မရှိဘူးမဟုတ်လး”
ကောင်စီလူကြီးက ခေါင်းညိြတ်ပီး
“အဲဒီ နယ်နှင်မိန့်ကို ယာယီရုတ်သိမ်းလိုက်မယ်၊ မနက်ဖြန်ညနေမှာ ဦးသာစံရဲ့အမှုကို လူသက်သေ၊ ပစ္စည်းသက်သေတွေနဲ့ သေချာစစ်ဆေးပြီးတော့ အပြီးသတ်အမိန့်ချမှတ်မယ်”
ကောင်စီလူကြီးက ပြောဆိုပြီးတော့ ခုံကိုသစ်သားတူနဲ့သုံးချက်ထုတယ်ဗျ၊ ပြီးူတော့ သူတို့တွေထွက်သွားတော့တာပါပဲဗျာ၊ ပုပုကွကွနဲ့လူက ကျုပ်တို့အနားကိုရောက်လာပြီးတော့
“ခင်ဗျားရဲ့အပြစ်တွေအတွက် ခင်ဗျားသေချာပေါက် ပြန်ပေးဆပ်ရမှာပါ ဦးသာစံရာ”
“ငါဘာအပြစ်မှမလုပ်ထားဘူး၊ ဒါနဲ့ ဂျပု၊ ရုံးတော်မဟုတ်ဘဲ အပြင်မှာပြောတဲ့အရာကို ထွက်ဆိုချက်အဖြစ် သတ်မှတ်လို့မရတာကို ကြီးကြပ်ရေးမှူးဖြစ်တဲ့မင်းက သိလောက်မှာပါနော်၊ ငါမယ်နှင်းနဲ့ မနေ့ညက ပဋိပက္ခဖြစ်ခဲ့တယ်ဆိုတာ ငါရုံးတော်မှာထွက်ဆိုတဲ့စကားမဟုတ်ဘူးကွ”
ဒီလူက ဦးဘသာကိုစိုက်ကြည့်ပြီးတော့ သူ့အနောက်က ထောင်ထောင်မောင်းမောင်းနဲ့လူကိုကြည့်ပြီး
“ကဲ၊ ဒီနှစ်ကောင်ကို ပြန်လွှတ်ပေးလိုက်စမ်းကွာ”
ဟိုလူက ဦးဘသာလက်မှာချည်ထားတဲ့ကြိုးကိုပုတ်လိုက်တော့ ကြိုးကမြွေတစ်ကောင်ပြန်ဖြစ်သွားတယ်ဗျ၊ ဦးဘသာရဲ့ ရင်ဘတ်မှာတပ်ထားတဲ့ ရွှေကြယ်ကလေးကိုပြန်ဖြုတ်ယူလိုက်တော့ ပုပုကွကွနဲ့လူက အနားကပ်လာပြီး
“ခင်ဗျားတို့ သတ္တိရှိရင် မြိုင်သာကနေ ခြေတစ်လှမ်းပဲထွက်ကြည့်လိုက်စမ်းပါ”
ဒီအခါ ဦးဘသာက ရယ်ကျဲကျဲနဲ့
“ဘာလဲ မင်းကငါ့ကို ဖမ်းမှာလား၊ မင်းလိုကောင်က ငါ့ကိုနိုင်မှာလားကွ၊ ဟား၊ ဟား”
အဲဒီလူကို လှောင်ပြီးတော့ ဦးဘသာက အခန်းထဲကထွက်သွားတော့တယ်၊ ဒီလူမျက်နှာကြီးက မဲလို့ပေါ့ဗျာ၊ ကျုပ်လည်း ဒီလူကိုကြည့်ပြီးတော့ ဘာပြောရမလဲမသိတာနဲ့။
“သွားလိုက်ပါအုံးမယ် ကိုဂျပု”
ကျုပ်ခေါ်လိုက်တော့ ပုပုကွကွနဲ့လူကဒေါသထွက်သွားပြီး ကျုပ်လည်ပင်းကိုဖမ်းချုပ်တယ်ဗျ။
“ဟိတ်ကောင်၊ မင်းငါ့ကိုဘယ်လိုခေါ်လိုက်တာလဲ”
“ဟာဗျာ၊ ခုနက ဦးဘသာက ခင်ဗျားကို ဂျပုလို့ခေါ်လိုက်တယ်လေဗျာ၊ ဘာလဲ ခင်ဗျားနာမည်က ဂျပုမဟုတ်ဘူးလား”
ကျုပ်ပြောလိုက်တော့ ဒီလူပိုပြီးဒေါသထွက်သွားတယ်ဗျ၊ ဒါနဲ့သူ့မျက်နှာကိုသူ လက်ညှိုးနဲ့ထိုးပြီး
“ဟေ့ကောင် မင်းမသေမချင်းမှတ်ထား၊ ငါ့နာမည်မောင်ကောင်း၊ ငါက ဒီမြိုင်သာမြို့ စုန်းကဝေကောင်စီက ကြီးကြပ်ရေးမှူးချုပ်ကွ၊ မင်းမှတ်ထားစမ်း”
ကျုပ်လည်း သူ့လက်ကနေအတင်းရုန်းထွက်ခဲ့ပြီးတော့ ဦးဘသာအနောက်ကိုအပြေးလိုက်ခဲ့တာပေါ့ဗျာ။ အဆောက်အအုံကတော့ အကြီးကြီးပဲဗျ၊ အထွက်နားရောက်တော့ နံရံကြီးမှာ ဆိုင်းဘုတ်ပြားကြီးတစ်ခုတပ်ထားတယ်၊ အဲဒီဆိုင်းဘုတ်မှာ နာမည်တွေရေးထားတယ်ဗျ၊ နာမည်တွေအနောက်မှာလည်း ကြယ်တွေပြထားတယ်၊ ဆိုင်းဘုတ်အပေါ်မှာတော့ စာတစ်ကြောင်းရေးထားတယ်ဗျ။
“မြိုင်သာမြို့နယ် ထိပ်တန်းအပြစ်သမားစာရင်း”
ကျုပ်ပါးစပ်ကနေ အော်ပြီးဖတ်လိုက်မိတယ်ဗျ၊ စာရင်းထိပ်ဆုံးကိုကြည့်လိုက်တော့ မယ်ပျင်းတဲ့ဗျာ၊ သူ့အနောက်မှာ ကြယ်က ငါးလုံးတောင်ဗျ၊ မယ်ပျင်းဆိုတာ ဦးဘသာရဲ့အမေ ဒေါ်ပျင်းကြီးပေါ့ဗျာ၊ မယ်ပျင်းရဲ့အောက်မှာတော့ မယ်ကာလီတဲ့ဗျ၊ သူကတော့ ကြယ်လေးလုံးပဲရှိတယ်၊ အောက်မှာတော့ စာရင်းတွေဆက်ရေးထားတယ်၊ ကျုပ်ဆက်ဖတ်နေတုန်း ဦးဘသာက ကျုပ်လက်ကိုလာဆွဲတယ်။
“အလတ်ကောင်၊ မင်းဘာလုပ်နေတာလဲကွ”
“ဟိုလေ၊ စာရင်းဆိုလို့ကြည့်နေတာ”
“အဲဒီစာရင်းအသာထားစမ်းပါကွာ၊ အခုအမှုက ဒီအတိုင်းဆိုရင် နက်နဲတယ်ကွ”
“ကျုပ်အထင်တော့ သူတို့တွေလက်ဝါးချင်းရိုက်ပြီး ဦးဘသာအပေါ်ကိုအပြစ်ပုံချတာများလား”
ဦးဘသာက ခေါင်းခါရင်း
“မဖြစ်တော့မဖြစ်နိုင်ဘူးကွ၊ စုန်းကဝေကောင်စီက လူတွေက ဖြောင့််မတ်ကြတဲ့လူတွေများတယ်၊ တကယ်မဟုတ်ဘဲနဲ့တော့ ဒီလိုလုပ်မှာမဟုတ်ဘူး”
“ဟာ၊ ဒါပေမယ့် ဦးဘသာ မယ်နှင်းကိုမသတ်ခဲ့ဘူးဆိုတာတော့ တကယ်လေဗျာ”
“အေးကွာ၊ ဒါကြောင့်နက်နဲတယ်ပြောတာပေါ့၊ ညနေတောင်တော်တော်စောင်းနေပြီကွ၊ မြန်မြန်လာ၊ မင်းနဲ့ငါနဲ့လူတစ်ယောက်ကို သွားရှာရမယ်”
“ဘယ်သူ့ကိုလဲဗျာ”
“ရှေ့နေကိုပေါ့ကွာ”
ဆက်ရန်။
#အဂ္ဂဇော် #ဦးဘသာ #စုန်း #သရဲ
Zawgyi Version
” စုန္းထီးႀကီးဦးဘသာႏွင့္ ၿမိဳင္သာရွာပုံေတာ္ “(စ/ဆုံး)
————————————————————————-
အပိုင္း(၂)
(၅)
ညက အိပ္တယ္ဆိုေပမယ့္ အိပ္ရာေျပာင္းလို႔လားေတာ့မသိဘူး အိပ္လို႔မေပ်ာ္ပါဘူးဗ်ာ၊ ဦးဘသာလည္း ၾကက္အိပ္ၾကက္ႏိုးပဲဗ်၊ သူလည္းက်ဳပ္လို အိပ္ေပ်ာ္ပုံမရဘူးဗ်ာ၊ က်ဳပ္လည္း ဟိုအေၾကာင္းေတြး၊ ဒီအေၾကာင္းေတြးနဲ႔ ၾကက္ဦးတြန္ခါနီးေလာက္မွသာ အိပ္ေပ်ာ္သြားတာဗ်၊ မနက္မိုးလင္းေတာ့ ခုနစ္နာရီထိုးေတာ့မယ္ဗ်ာ က်ဳပ္လည္း အစည္းေဝးတက္ဖို႔ျပင္ဆင္ရေတာ့တာေပါ့၊ ေရမိုးခ်ိဳးၿပီးေတာ့ ရွပ္အက်ီအျဖဴတစ္ထည္နဲ႔ ေအာက္က ပုဆိုးအသစ္ကိုတြဲဝတ္လိုက္တာေပါ့ဗ်ာ၊ ဦးဘသာလည္း မ်က္ႏွာသစ္ၿပီး အဝတ္အစားလဲၿပီးၿပီဗ်၊ ကိုမ်ိဳးႀကီးကေတာ့ မီးဖိုထဲမွ တကုပ္ကုပ္နဲ႔ဗ်ာ၊ က်ဳပ္တို႔ျပင္ဆင္ၿပီးေတာ့ က်ဳပ္တို႔အေရွ႕မွာ ထမင္းစားပြဲဝိုင္းခင္းတယ္ဗ်၊ ဆႏြင္းမ်ားမ်ားနဲ႔ဝါထိန္ေနေအာင္ေၾကာ္ထားတဲ့ ထမင္းေၾကာ္ရယ္၊ သရက္သီးကုလားတည္နဲ႔ ငါးေျခာက္ဖုတ္ဆီဆမ္း၊ ေနာက္ၿပီးေတာ့ ေျမပဲဆန္ေၾကာ္လည္းပါသဗ်ာ၊ က်ဳပ္နဲ႔ဦးဘသာလည္း ကိုမ်ိဳးႀကီးေၾကာ္ေပးတဲ့ထမင္းေၾကာ္ကိုစားလိုက္ၾကသဗ်ာ၊ ထမင္းေၾကာ္ကေတာ့ စားလို႔ေကာင္းတယ္ဗ်၊ ကိုမ်ိဳးႀကီးက က်ဳပ္တို႔ေဘးမွာထိုင္ေနရင္း
“ျပန္ၾကေတာ့မလို႔လားဗ်ာ၊ တစ္ရက္ႏွစ္ရက္ေလာက္ေတာ့ ေနၾကပါအုံး”
“ေတာ္ပါၿပီကိုမ်ိဳးႀကီးရာ၊ ဒီမနက္အစည္းအေဝးတက္ၿပီးရင္ ေန႔ခင္းကားနဲ႔ ျပန္မယ္ဗ်၊ ညေတာ့မအိပ္ေတာ့ဘူးဗ်ာ”
“ေအးကြာ၊ မင္းတို႔က ျဗဳန္းစားႀကီးေရာက္ၿပီး ျဗဳန္းစားႀကီးျပန္သြားတာဆိုေတာ့ မင္းတို႔အတြက္ လက္ေဆာင္ေတြဘာေတြေတာင္မထည့္ေပးလိုက္ရေတာ့ဘူး”
ဦးဘသာက
“ရပါတယ္ကြာ၊ မင္းမိန္းမကိုသာ ေသေသခ်ာခ်ာေစာင့္ေရွာက္လိုက္စမ္းပါ”
“ဟုတ္ကဲ့၊ ကြၽန္ေတာ့္မိန္းမ ေနေကာင္းသြားရင္ေတာ့ ႐ြာကိုတစ္ေခါက္လာခဲ့အုံးမယ္ဗ်ာ”
စားေသာက္ၿပီးေတာ့ ကိုမ်ိဳးႀကီးကိုႏႈတ္ဆက္ၿပီး ထြက္လာခဲ့ၾကတာေပါ့ဗ်ာ၊ ဦးဘသာနဲ႔က်ဳုပ္နဲ႔ ကိုမ်ိဳးႀကီးတို႔ရပ္ကြက္ထဲကထြက္ခဲ့ၾကၿပီးေတာ့ ကားလမ္းမႀကီးေပၚကိုတက္လာခဲ့လိုက္ၾကတယ္၊ ေ႐ႊျမင္တင္ဘုရားနဲ႔ မ်က္ႏွာခ်င္းဆိုင္က ၿခံဝန္းႀကီးထဲမွာေတာ့ ႏွစ္ထပ္အိမ္ႀကီးတစ္အိမ္ရွိသဗ်၊ အဲဒါက ၿမိဳ႕နယ္ေကာင္စီရဲ႕႐ုံးခန္းေပါ့ဗ်ာ၊ က်ဳပ္ၿခံထဲဝင္မယ္လုပ္ေတာ့ ဦးဘသာက
“အလတ္ေကာင္၊ ငါစာတိုက္သြားၿပီး စာထည့္လိုက္အုံးမယ္ကြာ၊ မင္းကို ဒီဘုရားအေရွ႕နားမွာပဲ ေစာင့္ေနမယ္ကြ၊ မင္းၿပီးေတာ့ တို႔ေတြအတူတူျပန္ၾကတာေပါ့ကြာ”
“ေကာင္းပါၿပီဗ်ာ၊ ဒါနဲ႔ဦးဘသာက ဘယ္သူ႔ဆီကိုစာထည့္မလို႔လဲဗ်”
“ေအာင္ရွိန္ဆီကိုပါကြာ၊ ဒီေကာင္နဲ႔ငါနဲ႔မေတြ႕တာၾကာေတာ့ ေအာက္ေမ့လို႔ပါကြ”
ၿခံႀကီးထဲကို လူေတြတစ္ဖြဲ႕ၿပီးတစ္ဖြဲ႕ဝင္လာၾကတာနဲ႔ က်ဳပ္လည္း လိုက္ဝင္သြားပါေတာ့တယ္၊ အိမ္ကေတာ့ ကိုလိုနီေခတ္က ႏွစ္ထပ္ဘိုတဲႀကီးတစ္ခုဗ်၊ ေအာက္ထပ္မွာ႐ုံးခန္းလုပ္ထားၿပီး အေပၚထပ္ေဟာခန္းႀကီးကေတာ့ အစည္းအေဝးခန္းေပါ့ဗ်ာ၊ ၾကမ္းေပၚမွာဖ်ာေခ်ာေတြခင္းထားၿပီး ေနရာလုပ္ထားတာေပါ့၊ ခဏေနေတာ့ လူေတြစုံလာတယ္ဗ်၊ က်ဳပ္လည္း ဟိုၾကည့္ဒီၾကည့္လုပ္ေနရင္းနဲ႔ ေနရာရွာတဲ့အခါ အခန္းေထာင့္နံရံနားေလးကို သြားေတြ႕လိုက္သဗ်ာ၊ ဒါနဲ႔က်ဳပ္လည္း အဲဒီေနရာမွာထိုင္လိုက္တယ္၊ အစည္းအေဝးတက္ဖို႔ ေက်း႐ြာေတြက လူႀကီးေတြလာၾကတာဆိုေတာ့ သိပ္မၾကာခင္မွာပဲ အစည္းအေဝးခန္းက လူျပည့္သြားတယ္ဗ်။ ၿမိဳင္သာအနီးပတ္ဝန္းက်င္မွာပဲ ေက်း႐ြာႏွစ္ဆယ္ေလာက္ရွိတာကိုးဗ်၊ တစ္ခ်ိဳ႕႐ြာေတြက်ေတာ့လည္း ႐ြာလူႀကီးအျပင္ အေဖာ္အျဖစ္ ႐ြာခံတစ္ေယာက္ႏွစ္ေယာက္လည္း ပါလာေသးသဗ်။
မနက္ကိုးနာရီေက်ာ္တဲ့အခ်ိန္ အစည္းအေဝးစမယ္ဆိုေတာ့ က်ဳပ္လည္း ဗလာစာအုပ္နဲ႔ခဲတံကိုထုတ္လိုက္တယ္၊ အေဖက အစည္းအေဝးမွာ ဘာေတြေျပာဆိုၿပီး ေဆြးေႏြးၾကသလဲဆိုတာကို ေသေသခ်ာခ်ာဗလာစာအုပ္မွာ ေရးမွတ္ခိုင္းလိုက္တယ္ဗ်၊ ဒါနဲ႔စာအုပ္ေလးကို လက္ဝါးေပၚတင္ၿပီး ခဲတံကိုအသင့္ျပင္ထားလိုက္တယ္၊ မၾကာပါဘူး အစည္းအေဝးစပါၿပီဗ်ာ။
အရင္ဆုံး ၿမိဳ႕နယ္ေကာင္စီဥကၠ႒ဆိုတဲ့ လူတစ္ေယာက္က မတ္တပ္ထရပ္တယ္ဗ်၊ သူကအဖြင့္အမွာစကားေျပာဖို႔ေပါ့ဗ်ာ၊ ဝတ္ထားတာလည္း သားသားနားနားေတာက္ေတာက္ေျပာင္ေျပာင္ပါပဲဗ်ာ၊ မ်က္ႏွာမွာလည္း ေ႐ႊကိုင္းတပ္ထားတဲ့ ဆီးေရာင္ခပ္ညိဳညိဳမ်က္မွန္ႀကီးကိုတပ္ထားေသးတယ္၊ က်ဳပ္တို႔တုန္းကေတာ့ ဒီလိုမ်က္မွန္ဆိုတာ တကယ့္သူေဌးေတြပဲ တတ္ႏိုင္တာေပါ့ဗ်ာ။ သူက မတ္တပ္ထၿပီးေတာ့ သူ႔ကိုယ္သူမိတ္ဆက္တယ္ဗ်၊ က်ဳပ္လည္း ခဲတံတစ္ေခ်ာင္းနဲ႔ သူေျပာတာေတြကို ေသေသခ်ာခ်ာေရးမွတ္တာေပါ့ဗ်ာ၊ မိတ္ဆက္ၿပီးေတာ့ သူအရင္က ဘာရာထူးနဲ႔ ဘယ္တိုင္း၊ ဘယ္ေဒသမွာလုပ္ခဲ့တယ္ဆိုတာေတြေျပာျပန္ေရာ၊ ေနာက္ေတာ့ ဘယ္လူႀကီးနဲ႔သူကဘယ္လိုခင္တာဆိုတာေတြျဖစ္ကုန္တယ္ဗ်၊ ေျပာရင္းေျပာရင္းနဲ႔ သူဘယ္ေလာက္သိေၾကာင္း၊ ဘယ္ေလာက္တတ္ေၾကာင္း၊ ဘယ္ေလာက္ခ်မ္းသာေၾကာင္းေတြ ျဖစ္ကုန္ေတာ့တာပဲဗ်ာ၊ လက္ဖက္ရည္ဆိုင္သြားရင္ေတာင္ မာဇဒါဂ်စ္နဲ႔သြားတာတို႔၊ သူေနာက္ယူထားတဲ့မိန္းမက ဘယ္႐ြာက ကြမ္းေတာင္ကိုင္ဆိုတာမ်ိဳးေတြခ်ည္း ေျပာေနေတာ့ က်ဳပ္ျဖင့္္ေရးေတာင္မမွတ္ခ်င္ေတာ့ပါဘူးဗ်ာ။
စိတ္ညစ္ညစ္နဲ႔ နံရံကိုမွီထိုင္ရင္း စာအုပ္ကိုပိတ္ထားလိုက္ေတာ့တယ္၊ အဲဒီလူႀကီးက ေလးဆယ့္ငါးမိနစ္ေလာက္ သူ႔အေၾကာင္းေတြသူ ဂုဏ္ေဖာ္ၿပီးေတာ့မွ ထိုင္ခုံမွာျပန္ထိုင္သြားသဗ်၊ ေအာက္ကပရိသတ္ကလည္း လက္ခုပ္လက္ဝါးေတြထၿပီးတီးၾကတာဆိုေတာ့ က်ဳပ္လည္း ဘုမသိဘမသိနဲ႔ လက္ခုပ္လိုက္တီးရတာေပါ့၊ ေကာင္စီဥကၠ႒ ၿပီးသြားေတာ့ ဒုဥကၠ႒ဆိုသူက မတ္တပ္ရပ္သဗ်ာ၊ သူလည္း အေရွ႕ကလူႀကီးလိုပါပဲ၊ သူေတာ္ေၾကာင္း၊ သူတတ္ေၾကာင္းေတြ အမႊမ္းတင္ပါေတာ့တယ္၊ က်ဳပ္လည္း စိတ္ညစ္ညစ္နဲ႔ဘာမွေရးမမွတ္ဘဲ ထိုင္ပဲၾကည့္ေနလိုက္ေတာ့တယ္၊ သူေျပာရင္း နာရီဝက္ေလာက္ရွိလာေတာ့ က်ဳပ္မ်က္လုံးေတြက ငိုက္စင္းက်လာတယ္ဗ်၊ တစ္ညလုံးမအိပ္ထားရတဲ့ က်ဳပ္မ်က္လုံးေတြက အခုမွ အစြမ္းျပလာတာဗ်၊ အစည္းအေဝးဆိုေတာ့ က်ဳပ္လည္း မ်က္လုံးကိုအားတင္းၿပီး ဖြင့္ထားပါတယ္၊ ဒါေပမယ့္ မရဘူးဗ်၊ ေနာက္ဆုံးေတာ့ သူတို႔ဘာေတြေျပာလို႔ေျပာေနမွန္းကို မသိေတာ့ပါဘူးဗ်ာ၊ နံရံေလးနားေခါင္းကပ္ၿပီး ငိုက္ေနလိုက္တယ္။
“အို ခဏေလာက္ေတာ့ ငိုက္လိုက္အုံးမယ္၊ ဆယ္မိနစ္ေလာက္ပါပဲ”
ဒီလိုနဲ႔က်ဳပ္လည္း ငိုက္ခနဲျဖစ္သြားတယ္ဆိုပါေတာ့ဗ်ာ။
“ေဟ့လူ၊ ထ၊ ထစမ္းပါဗ်ာ”
ခဏၾကာေတာ့ က်ဳပ္ကိုလူတစ္ေယာက္က လႈပ္ႏႈိးသဗ်ာ၊ က်ဳပ္လည္း ငိုက္ေနရာကေန ေငါက္ခနဲထလိုက္ၿပီးေတာ့ စာအုပ္ကိုဖြင့္ရင္း ခဲတံကိုအသင့္လုပ္လိုက္တယ္၊ ထူးဆန္းလိုက္တာဗ်ာ၊ က်ဳပ္ငိုက္သြားတဲ့ ခဏေလးအတြင္းမွာ အခန္းထဲလူတစ္ေယာက္မွ မရွိေတာ့ဘူးဗ်၊
“ဟင္၊ လူေတြ၊ လူေတြဘယ္ေရာက္သြားၾကတာလဲ”
က်ဳပ္ကိုလာႏႈိးတဲ့လူက က်ဳပ္ကိုမ်က္ေမွာင္ၾကဳတ္ၾကည့္ရင္း
“အစည္းအေဝးၿပီးသြားၿပီေလဗ်ာ၊ အခုဆို ေန႔လည္ႏွစ္နာရီေတာင္ ထိုးေနေပါ့ဗ်”
“ဗ်ာ၊ ဟုတ္ရဲ႕လားဗ်ာ၊ မျဖစ္ႏိုင္ပါဘူး၊ က်ဳပ္ခဏေလးငိုက္လိုက္တာပါဗ်ာ၊ ဒီေလာက္ေတာင္ၾကာပါ့မလားဗ်”
“ခင္ဗ်ားငိုက္တာကလည္း လြန္ပါတယ္ဗ်ာ၊ အစည္းအေဝးၿပီးလို႔ က်ဳပ္တို႔ေတာင္ ပစၥည္းေတြသိမ္းဆည္းေနရင္း ခင္ဗ်ားႏိုးမလား၊ ႏိုးမလားဆိုၿပီး ေစာင့္ၾကည့္ေနေသးတာ၊ အခု က်ဳပ္တို႔ခဏေန ႐ုံးဆင္းၿပီးျပန္ေတာ့မယ္၊ ခင္ဗ်ားဒီအတိုင္းသာ ဆက္ငိုက္ေနရင္ ေနာက္တစ္ေန႔မိုးလင္းမွ ႏိုးပါ့မလားပဲ၊ ကဲ ထထ၊ သြားေတာ့”
က်ဳပ္ကိုေမာင္းထုတ္တာနဲ႔ က်ဳပ္လည္းထလိုက္ရတယ္ဗ်ာ။ ေျခေထာက္ေတြက ေတာ္ေတာ္က်င္ေနလို႔ မနည္းထယူရတယ္ဗ်၊ ေလျဖတ္ထားတဲ့လူလိုမ်ိဳး ေျခေထာက္ကိုတ႐ြတ္တိုက္ဆြဲရင္း ႐ုံးေပၚကေနဆင္းလာခဲ့တယ္၊ ႐ုံးထဲကထြက္လာေတာ့ ဦးဘသာက ႐ုံးအေရွ႕ပလက္ေဖာင္းမွာ ထိုင္လို႔ဗ်။
“အလတ္ေကာင္ရာ၊ ၾကာလိုက္တာကြာ၊ ဘာေတြအလုပ္ရႈပ္ေနတာလဲကြ၊ ႐ုံးထဲက လူေတြေတာင္ အကုန္လုံးနီးပါးျပန္ကုန္ၿပီ”
က်ဳပ္လည္း ဦးဘသာက်ဳပ္ကိုဆူမွာေၾကာက္တာနဲ႔
“မဟုတ္ပါဘူးဗ်ာ၊ က်ဳုပ္တို႔႐ြာေကာင္းက်ိဳးအတြက္ အထက္လူႀကီးေတြစီမံေပးဖို႔ ေတာင္းဆိုေနရတာပါဗ်၊ ထိုင္တာၾကာလို႔ ေျခေထာက္ေတာင္ ေတာ္ေတာ္ေညာင္းသြားၿပီဗ်ာ”
ဦးဘသာက က်ဳပ္ေျပာတာကိုယုံသြားတဲ့ပုံပဲဗ်၊
“ကဲ လာလာ၊ ငါလည္းဘာမွမစားရေသးဘူး၊ ဗိုက္ေတြလည္းဆာလွၿပီကြ၊ တို႔ေတြ တစ္ခုခုစားၿပီး ျပန္စို႔ကြာ၊ ညေနသုံးနာရီကားကို မမီလိုက္ရင္ ေလးနာရီထြက္မယ့္ကားကိုစီးရေတာ့မွာ၊ ဒါဆို ႐ြာအဝင္ေနာက္က်လိမ့္မယ္ကြ”
ဒါနဲ႔ဦးဘသာဆြဲေခၚရာအေနာက္ကို က်ဳပ္လည္း တ႐ြတ္တ႐ြတ္နဲ႔လိုက္ခဲ့ရတာေပါ့ဗ်ာ။
(၆)
“ေရာက္တုန္းေရာက္ခိုက္ တ႐ုတ္စာဝင္စားရေအာင္အလတ္ေကာင္ရာ”
ဦးဘသာနဲ႔က်ဳပ္နဲ႔ တ႐ုတ္ဆိုင္ကိုဝင္ခဲ့တယ္ဗ်၊ ဆိုင္နာမည္က “လင္း”တဲ့ဗ်၊ က်ဳပ္တို႔ဆိုင္ထဲကိုဝင္လိုက္ေတာ့ ဆိုင္မွာလူေတြအမ်ားသားဗ်၊ က်ဳပ္နဲ႔ဦးဘသာလည္း ခုံလြတ္ရွာရင္း ဆိုင္အတြင္းထဲက စားပြဲခုံတစ္ခုမွာ ဝင္ထိုင္လိုက္ၾကတယ္၊ မၾကာပါဘူး၊ တ႐ုတ္ႀကီးတစ္ေယာက္ထြက္လာတယ္။
“ဘာစားမလဲဆရာတို႔”
ဦးဘသာက ဆိုင္နံရံမွာေရးထားတဲ့ စာေတြကိုၾကည့္ရင္း
“က်ဳပ္က ဆီခ်က္ေခါက္ဆြဲစားမယ္ဗ်ာ၊ အလတ္ေကာင္ မင္းကေရာ”
“က်ဳုပ္လည္း အဲဒါပဲစားမယ္”
တ႐ုတ္ႀကီးက အေနာက္ကိုျပန္ဝင္သြားတယ္ဗ်၊ က်ဳပ္လည္း ေရဆာတာနဲ႔ က်ဳုပ္တို႔အေရွ႕မွာခ်ထားတဲ့ ဓါတ္ဘူးကိုေကာက္ကိုင္လိုက္ၿပီးေတာ့ ေရေႏြးႏွစ္ခြက္ငွဲ႔လိုက္တယ္ဗ်၊ က်ဳပ္က ေရေႏြးပူကို တဖူးဖူးမႈတ္ေသာက္ေနတုန္း ဦးဘသာက ဆိုင္ထဲကိုက်ီးၾကည့္ေၾကာင္ၾကည့္နဲ႔ လိုက္ၾကည့္ေနသဗ်၊ ဒီအခ်ိန္မွာပဲ တ႐ုတ္ႀကီးက ဆိုင္ေနာက္ကေန လင္ပန္းတစ္ခ်ပ္ကိုင္ၿပီးထြက္လာသဗ်၊ လင္ပန္းထဲမွာေတာ့ ဆီခ်က္ထည့္ထားတဲ့ ေႂကြပန္းကန္ႏွစ္ခ်ပ္ရွိတယ္၊ တ႐ုတ္ႀကီးက ပန္းကန္ေတြကိုအေရွ႕မွာခ်ေပးသဗ်ာ၊ က်ဳပ္လည္း လက္ထဲကေရေႏြးပူပူကို ေသာက္မလို႔လုပ္လိုက္တဲ့အခ်ိန္မွာ ဦးဘသာက က်ဳပ္ေရေႏြးခြက္ကိုင္ထားတဲ့လက္ကို သူ႔လက္နဲ႔တြန္းလိုက္တယ္ဗ်၊ ဒီအခါ ေရေႏြးေတြက က်ဳပ္ရင္ဘတ္ထဲကို ေမွာက္က်ကုန္တာေပါ့။
“ေအာင္မယ္ေလး၊ ပူလိုက္တာဗ်”
က်ဳပ္လည္းရင္ဘတ္ကိုပြတ္သပ္ရင္း
“ဦးဘသာ ဘာလုပ္တာလဲဗ်ာ”
ဦးဘသာကေတာ့ ေတြေတြႀကီးၾကည့္လို႔ဗ်၊ က်ဳပ္လည္းဘာမွမေျပာေတာ့ဘဲ ေခါက္ဆြဲပန္းကန္ထဲမွာတပ္ထားတဲ့ဇြန္းကိုယူမလို႔လက္ျပင္႐ုံရွိေသးတယ္၊ ဦးဘသာက က်ဳပ္ေခါက္ဆြဲပန္းကန္ေစာင္းကို လက္နဲ႔ပုတ္ထည့္လိုက္တယ္ဗ်၊ ေခါက္ဆြဲပန္းကန္က ေလေပၚမွာတစ္ပတ္လည္ထြက္သြားၿပီးေတာ့ စားပြဲေပၚကို ေမွာက္ခုံႀကီးက်တယ္ဗ်၊ ခ်လြင္ခနဲျမည္သံႀကီးထြက္လာၿပီးေတာ့ တစ္ဆိုင္လုံးကလူေတြက က်ဳပ္တို႔စားပြဲဝိုင္းကို စိုက္ၾကည့္ေနၾကတယ္။
ဦးဘသာက က်ဳပ္လက္ကိုပုတ္ၿပီးေတာ့
“အလတ္ေကာင္၊ သြားၾကမယ္ကြာ”
“ဗ်ာ၊ ဘာျဖစ္လို႔လဲဗ်၊ က်ဳပ္တို႔စားေတာင္မစားရေသးဘူးမဟုတ္လား”
“စားမေနပါနဲ႔ေတာ့ကြာ၊ လာလာ သြားၾကမယ္”
ဦးဘသာက က်ဳပ္လက္ကိုအတင္းဆြဲၿပီးထပါေရာဗ်ာ၊ က်ဳပ္လည္း ဘုမသိဘမသိနဲ႔လိုက္ထရတာေပါ့။
“ဦးဘသာပဲ ခုနက ဘာမွမစားရေသးလို႔ ဗိုက္ဆာတယ္ဆိုဗ်ာ”
က်ဳပ္နဲ႔ဦးဘသာနဲ႔ ဆိုင္ထဲကထြက္ဖို႔လွည့္လိုက္တဲ့အခ်ိန္မွာပဲ ဆိုင္မွာထိုင္ေနတဲ့လူေတြအားလုံးက တစ္ၿပိဳင္တည္း မတ္တပ္ထရပ္လိုက္ၾကတယ္ဗ်၊ က်ဳပ္တို႔ေရွ႕ဝိုင္းမွာထိုင္ေနတဲ့ ပုပုကြကြနဲ႔လူက။
“ခင္ဗ်ားဒီကေနမသြားရဘူး ဦးသာစံ”
ဦးဘသာက အဲဒီလူကိုတစ္ခ်က္ၾကည့္ၿပီးေတာ့
“မင္းလူမွားေနၿပီ၊ ငါ့နာမည္သာဒင္၊ သာစံမဟုတ္ဘူး”
ဦးဘသာက အေရွ႕ကိုေျခလွမ္းတစ္လွမ္း လွမ္းလိုက္တဲ့အခ်ိန္မွာ သစ္သားစားပြဲႏွစ္လုံးက သူ႔အလိုလိုေ႐ြ႕လာၿပီးေတာ့ က်ဳပ္တို႔အေရွ႕မွာကန႔္လန႔္ႀကီးလာပိတ္သြားတယ္ဗ်၊ ဦးဘသာက အဲဒီစားပြဲႏွစ္လုံးကိုမ်က္ေစာင္းထိုးၿပီးၾကည့္လိုက္ေတာ့ စားပြဲႏွစ္လုံးက ဝုန္းခနဲက်ိဳးက်ၿပီးေတာ့ တစ္စစီျဖစ္သြားတယ္ဗ်ာ။ တစ္ခုခုထူးေနၿပီဆိုတာေတာ့ က်ဳပ္သိလိုက္ၿပီဗ်၊ ခုနက ပုပုကြကြနဲ႔လူက
“ခင္ဗ်ား ဒီကေနေျခတစ္လွမ္းေတာင္ထြက္လို႔မရဘူး”
ဦးဘသာက စိတ္ဆိုးဆိုးနဲ႔
“ငါ့ေျခေထာက္နဲ႔ငါ သြားတာဘာျဖစ္သလဲကြ”
ဒီအခ်ိန္မွာပဲ ဆိုင္ကစားပြဲေတြအားလုံးက ေလေပၚဝဲပ်ံတက္လာၿပီးေတာ့ က်ဳပ္တို႔အေရွ႕မွာ တစ္ခုၿပီးတစ္ခုထပ္ၾကရင္း အတားအဆီးတစ္ခုျဖစ္သြားပါေရာဗ်ာ၊ မသိရင္ ၿခံစည္း႐ိုးတစ္ခုကာလိုက္သလိုပဲဗ်၊ ဦးဘသာက စိုက္ၾကည့္လိုက္ျပန္တယ္ဆိုရင္ပဲ အဲဒီစားပြဲေတြထပ္ထားတာက အကုန္လုံးတေျဖာင္းေျဖာင္းနဲ႔က်ိဳးထြက္ကုန္ၿပီးေတာ့ သစ္သားအစအနေတြျဖစ္ကုန္ပါေရာဗ်ာ။
အဲဒီသစ္သားအစေတြၾကားထဲကေနပဲ တရႉးရႉးေအာ္ျမည္ၿပီးေတာ့ အနက္ေရာင္မီးခိုးလုံးကေလးေတြက ပ်ံထြက္လာတယ္ဗ်၊ သုံးေလးခုေလာက္ေတာ့ရွိတယ္ဗ်ာ၊ ပ်ံတာကလည္း ျမန္လိုက္တာေျပာမေနပါနဲ႔၊ က်ဳပ္ေၾကာင္ၿပီးၾကည့္ေနတုန္း ဦးဘသာက အဲဒီမီးခိုးလုံးကေလးေတြကို လက္နဲ႔ပုတ္ခ်လိုက္တယ္ဗ်။
“ေၾသာ္၊ မင္းတို႔က စုန္းကေဝေတြရဲ႕စည္းကမ္းကို ေပၚေပၚထင္ထင္ခ်ိဳးေဖာက္တာလားကြ၊ တို႔စုန္းကေဝေတြက ပညာရပ္ေတြကို လူအမ်ားရွိတဲ့ေနရာမွာ ေပၚေပၚထင္ထင္သုံးလို႔မရဘူးဆိုတာကိုေလ”
“ခင္ဗ်ားလို ရာဇဝတ္သားအတြက္ေတာ့ ပညာေတြသုံးသင့္ရင္ သုံးရမွာပဲ”
“မင္းဘာေတြလာေျပာေနတာလဲကြ”
ပုပုကြကြနဲ႔လူက
“ခင္ဗ်ားအခုမွ ဘာမွမသိခ်င္ေယာင္မေဆာင္ပါနဲ႔ ဦးသာစံရယ္၊ လုပ္တုန္းကလုပ္ခဲ့ၿပီး အခုမွအ႐ူးကြက္နင္းေနတုန္းလား”
“ငါကဘာလုပ္ခဲ့လို႔လဲကြ၊ ငါကဘယ္ေတာ့မွ စုန္းကေဝစည္းကမ္းကို ေဖာက္ဖ်က္တဲ့ေကာင္မဟုတ္ဘူး”
“ခင္ဗ်ားပါးစပ္က စည္းကမ္း၊ စည္းကမ္းနဲ႔ထြက္ႏိုင္ေသးတယ္ေနာ္၊ ဒါဆိုက်ဳပ္ေမးမယ္ မေန႔ညက စုန္းမမယ္ႏွင္းကို ခင္ဗ်ားမသတ္ရင္ ဘယ္သူသတ္တာလဲဗ်”
ဦးဘသာေရာ၊ က်ဳပ္ေရာအံ့ၾသသြားတယ္ဗ်၊ ဦးဘသာက တစ္ခ်က္စဥ္းစားလိုက္ၿပီး
“မင္းတို႔ေျပာတဲ့ အဲဒီစုန္းမကို ငါမွတ္ေလာက္သားေလာက္ျဖစ္ေအာင္ ဆုံးမခဲ့တာေတာ့မွန္တယ္၊ ဒါေပမယ့္ ငါသူ႔ကိုမသတ္ခဲ့ဘူးကြ”
“အပိုေတြမေျပာနဲ႔ မယ္ႏွင္းကိုခင္ဗ်ားသတ္တာ ေဟာဒီၿမိဳင္သာတစ္ခြင္လုံးသိတယ္”
“မင္းေျပာေနတာေတြကို ငါတစ္ခုမွမသိဘူး၊ ဒါေပမယ့္ မေန႔က ငါဘယ္သူ႔ကိုမွမသတ္ခဲ့ဘူးကြ”
ပုပုကြကြနဲ႔လူက အေရွ႕ကိုတိုးလာရင္း
“ခင္ဗ်ားျဖဴစင္တယ္ဆိုရင္ ခင္ဗ်ားသက္ေသျပေလဗ်ာ၊ ခင္ဗ်ားကိုဖမ္းဖို႔ က်ဳပ္တို႔မွာ ေကာင္စီကထုတ္ျပန္ထားတဲ့ ဖမ္းဝရမ္းပါတယ္ဗ်၊ ခင္ဗ်ားေအးေအးေဆးေဆးအဖမ္းခံစမ္းပါ ဦးသာစံရာ၊ ခင္ဗ်ားအတင္းအၾကပ္ခုခံမယ္ဆိုရင္ေတာ့ က်ဳပ္တို႔လည္းအင္အားသုံးၿပီး ခင္ဗ်ားကိုဖမ္းရမွာပဲ၊ ေဟာဒီဆိုင္ထဲက လူေတြအားလုံးက ၿမိဳင္သာက အဆင့္ျမင့္ကေဝေတြခ်ည္းပဲေနာ္”
ဒီေတာ့မွ က်ဳပ္လည္းသိသြားတာဗ်၊ လတ္စသတ္ေတာ့ ဆိုင္ထဲကလူေတြအားလုံးက ကေဝေတြခ်ည္းပဲကိုး၊ ဦးဘသာက ခုနက ဒါကိုရိပ္မိခ်င္ရိပ္မိမွာဗ်၊ ဒါေၾကာင့္ က်ဳပ္ကိုေရေႏြးမေသာက္ခိုင္း၊ ေခါက္ဆြဲမစားခိုင္းတာေနမွာ။ က်ဳပ္လည္း ဦးဘသာကိုၾကည့္ရင္း
“ဦးဘသာ၊ ဘာေတြျဖစ္ကုန္ၿပီလဲဗ်ာ”
ဦးဘသာက ေခါင္းခါတယ္ဗ်၊ သူ႔နဖူးမွာလည္း ေခြၽးသီးေခြၽးေပါက္ေတြ က်လို႔ဗ်ိဳ႕။
“ဒါေတာ့ငါလည္းမသိဘူးအလတ္ေကာင္၊ မေန႔က မင္းနဲ႔ငါနဲ႔အတူတူရွိေနတာပဲ၊ ငါက မ်ိဳးႀကီးမိန္းမကိုယ္ထဲက စုန္းမကို ႏွင္ထုတ္ခဲ့ေပမယ့္ သူ႔ကိုသတ္မွမသတ္ခဲ့တာပဲကြာ”
“ဒါေတာ့ဟုတ္တယ္ဗ်”
ပုပုကြကြနဲ႔လူက
“ဦးသာစံ ေအးေအးေဆးေဆးအဖမ္းခံပါ၊ ခင္ဗ်ားရဲ႕ျဖဴစင္မႈကို ႐ုံးေတာ္မွာ သက္ေသျပစမ္းပါဗ်”
ဦးဘသာက ေခါင္းညိတ္ၿပီးေတာ့
“ေအး၊ ေကာင္းၿပီ၊ မင္းတို႔ငါ့ကိုဖမ္းလိုက္ၾကေတာ့”
ဦးဘသာက လက္ႏွစ္ဖက္ကိုဆန႔္တန္းေပးလိုက္တယ္ဗ်၊ ပုပုကြကြနဲ႔လူက သူ႔အေနာက္က လူတစ္ေယာက္ကိုမ်က္စပစ္ျပလိုက္ေတာ့ အဲဒီလူက ထြက္လာၿပီးေတာ့ ေ႐ႊေရာင္ၾကယ္ပြင့္ကေလးတစ္ပြင့္ကို ဦးဘသာရဲ႕ ရင္ၫြန႔္ေနရာမွာကပ္လိုက္တယ္ဗ်၊ ေနာက္ေတာ့ အဲဒီလူရဲ႕ အက်ီလက္ေပါက္ထဲကေန ေႁမြနက္ႀကီးတစ္ေကာင္က ေလွ်ာခနဲထြက္လာသဗ်ာ၊ အဲဒီေႁမြနက္ကို ဦးဘသာရဲ႕ကိုယ္ေပၚတင္ေပးလိုက္တဲ့အခါ ဦးဘသာက သူ႔လက္ႏွစ္ဖက္ကိုစုထားေပးလိုက္တယ္၊ ေႁမြနက္က ဦးဘသာရဲ႕လက္ႏွစ္ဖက္ကို လိမ္ပတ္ၿပီးေတာ့မွ ႀကိဳးနက္ႀကီးတစ္ေခ်ာင္းအျဖစ္ ေျပာင္းလဲသြားေတာ့တာပါပဲဗ်ာ။
“အလတ္ေကာင္၊ မင္းျပန္ေတာ့”
က်ဳပ္လည္းေခါင္းခါၿပီးေတာ့
“က်ဳပ္ဒီကိုဦးဘသာနဲ႔အတူလာခဲ့တာပဲ၊ ဦးဘသာမပါဘဲ က်ဳပ္မျပန္ဘူးဗ်ာ”
“ျပန္ေတာ့လို႔ေျပာေနတယ္အလတ္ေကာင္၊ မင္းအစည္းအေဝးၿပီးရင္ျပန္လာမယ္လို႔ ေျပာထားတယ္မဟုတ္လား၊ မင္းအကိုႀကီးက မင္းကိုတန္းျမင့္႐ြာမွာ ႏြားလွည္းနဲ႔ေစာင့္ေနမယ္ေလကြာ”
“ဟာဗ်ာ၊ ဦးဘသာမပါဘဲ က်ဳပ္မသြားဘူးဗ်ာ”
“သြားဆိုသြားစမ္းပါအလတ္ေကာင္ရာ၊ ဒီကိစၥက မင္းနဲ႔မဆိုင္ဘူးကြ၊ ၿပီးေတာ့ ငါကလည္း ဘယ္သူ႔ကိုမွသတ္ခဲ့တာမဟုတ္ဘူး၊ ႐ုံးေတာ္ကစစ္ေဆးၿပီးရင္ အားလုံးေျပလည္သြားမွာပါကြာ၊ ငါေနာက္ေန႔ ႐ြာကိုျပန္လာခဲ့မယ္၊ မင္းျပန္ေတာ့အလတ္ေကာင္”
က်ဳပ္လည္း မျပန္ခ်င္တာနဲ႔ေပကပ္ေနလိုက္တယ္။
“မင္းကိုျပန္ေတာ့လို႔ေျပာေနတယ္ေနာ္အလတ္ေကာင္”
ဦးဘသာက က်ဳပ္မ်က္လုံးေတြကိုတည့္တည့္ၾကည့္ရင္း ႀကိမ္းေမာင္းတယ္ဗ်၊ က်ဳပ္ဘဝမွာ ဦးဘသာဒီလိုမ်ိဳးေဒါသထြက္ၿပီး ႀကိမ္းေမာင္းတာကို တစ္ခါမွမခံဖူးဘူးဗ်၊ ဒီတစ္ခါ တကယ္ပထမဆုံးပါပဲဗ်ာ၊ ဦးဘသာက ေျပာေနၿပီဆိုေတာ့လည္း က်ဳပ္လည္းဘာတတ္ႏိုင္မွာလဲဗ်ာ၊ ဒါနဲ႔ က်ဳပ္ဆိုင္ကထြက္သြားဖို႔လုပ္လိုက္တယ္၊ ဒီအခါ ပုပုကြကြနဲ႔လူက က်ဳပ္ရင္ဘတ္ကိုသူ႔လက္နဲ႔တားလိုက္ၿပီးေတာ့
“ေနအုံး၊ မင္းလည္းမသြားရဘူး”
ဦးဘသာက ဒီလူကိုၾကည့္ရင္း
“သူနဲ႔ဘာမွမဆိုင္ပါဘူးကြာ၊ သူက စုန္းပညာေတာင္မွ နကန္းတစ္လုံးမွသိတာမဟုတ္ဘူး၊ သူ႔ကိုလႊတ္ေပးလိုက္ပါ”
အဲဒီလူက ေခါင္းညိတ္ၿပီးေတာ့
“လႊတ္ေပးမွာပါဗ်ာ၊ သူ႔ဆီမွာ က်ဳပ္တို႔လိုခ်င္ေနတဲ့ ပစၥည္းရွိမရွိသိရရင္ လႊတ္ေပးမွာပါ”
ဦးဘသာက မ်က္ေမွာင္ၾကဳတ္ရင္း
“ဘာပစၥည္းလဲ”
“တစ္ခ်ိန္က ခင္ဗ်ားပိုင္ခဲ့တဲ့ ပစၥည္းေလးေပါ့ဗ်ာ၊ ၿမိဳင္သာၿမိဳ႕ရဲ႕အလုံၿခဳံဆုံးေနရာမွာ သိမ္းထားတဲ့ပစၥည္းေလးက တိုက္တိုက္ဆိုင္ဆိုင္မေန႔ကပဲ ေပ်ာက္သြားသဗ်”
ဦးဘသာကထိတ္လန႔္သြားၿပီးေတာ့
“ျပဒါးရွင္လုံးလား”
“သိပ္ဟုတ္တာေပါ့ဗ်ာ”
“ဒီျပဒါးရွင္လုံးေပ်ာက္သြားတာက အလတ္ေကာင္နဲ႔ဘာဆိုင္ေနလို႔လဲ”
အဲဒီလူက သူ႔အိတ္ကပ္ထဲက အလုံးကေလးတစ္လုံးကိုထုတ္လိုက္တယ္ဗ်၊ အဲဒီအလုံးကေလးက အျပာေရာင္ဖန႔္ဖန႔္ကေလးလင္းေနတယ္၊ အဲဒီအလုံးကေလးကို က်ဳပ္အနားကိုတိုးလာေလေလ အလုံးကေလးက ပိုပိုၿပီးလင္းလာေလေလပဲဗ်ာ၊ ေနာက္ေတာ့ က်ဳပ္လြယ္ထားတဲ့ လြယ္အိတ္ကို အဲဒီအလုံးကေလးနဲ႔ပြတ္လိုက္တဲ့အခါမွာေတာ့ အျပာေရာင္အလင္းေတြက ေတာက္ပၿပီး တဖိတ္ဖိတ္နဲ႔ဝင္းလက္ေနေတာ့တာပါပဲ။
“ညီေလးေရ၊ လြယ္အိတ္ေလးခဏၾကည့္မယ္ေနာ္”
ေထာင္ေထာင္ေမာင္းေမာင္းနဲ႔လူက က်ဳပ္လြယ္ထားတဲ့လြယ္အိတ္ကို အတင္းဆြဲျဖဳတ္တယ္ဗ်၊ ေနာက္ေတာ့ လြယ္အိတ္ထဲက ပစၥည္းေတြကို ၾကမ္းျပင္ေပၚကိုသြန္ခ်လိုက္တယ္၊ က်ဳပ္ကလည္း
“ခင္ဗ်ားတို႔ဘာလုပ္တာလဲဗ်ာ၊ အဲဲဒီျပဒါးရွင္လုံးဆိုလား အဲဒါက်ဳပ္မွာမရွိပါဘူးဗ်ာ”
ေထာင္ေထာင္ေမာင္းေမာင္းနဲ႔လူက က်ဳပ္ပစၥည္းေတြကို ေျခေထာက္နဲ႔ေမႊၿပီးရွာလိုက္တယ္၊ က်ဳပ္လြယ္အိတ္ထဲမွာ သူတို႔ေျပာတဲ့အရာက ဘယ္ရွိမွာတုန္းဗ်၊ ေထာင္ေထာင္ေမာင္းေမာင္းနဲ႔လူက ပုပုကြကြနဲ႔လူကို ေခါင္းခါျပတယ္။
“မင္းေတာ္ေတာ္တုံးတာပဲ ပြႀကီးရာ”
ပုပုကြကြနဲ႔လူက ေဆးလိပ္အလိပ္ငါးဆယ္ပါတဲ့ ေဆးလိပ္စည္းကို လက္ညိဳးနဲ႔ထိုးလိုက္ေတာ့ ေဆးလိပ္အစည္းက ေလေပၚပ်ံတက္လာၿပီးေတာ့ သူ႔လက္ထဲကိုေရာက္သြားသဗ်ာ၊ သူက ေဆးလိပ္ေတြကိုလက္ႏွစ္ဖက္နဲ႔ဖိညႇစ္ၿပီးေတာ့ ခ်ိဳးေခ်လိုက္တယ္၊ ေဆးေပါ့လိပ္ေတြဆိုေတာ့လည္း က်ိဳးကုန္တာေပါ့ဗ်ာ၊ ဒါေပမယ့္ ေနာက္ဆုံးေတာ့ ေဆးလိပ္ကေလးတစ္လိပ္က မက်ိဳးပဲနဲ႔က်န္ခဲ့သဗ်၊ ဒီလူက ခုနက အျပာေရာင္အလုံးကေလးကို ေဆးလိပ္ကေလးအနားကပ္လိုက္ေတာ့ ေဆးလိပ္အထဲကေန အနီေရာင္အလင္းေတြလင္းထြက္ေနပါေရာဗ်ာ။
ပုပုကြကြနဲ႔လူက ၿပဳံးရယ္လိုက္ၿပီးေတာ့ ေဆးေပါ့လိပ္ကိုခ်ိဳးလိုက္တဲ့အခါ ေဆးေပါ့လိပ္ထဲက ေ႐ြးေစ့ေလာက္ရွိတဲ့ အနီေရာင္အလုံးကေလးတစ္လုံးထြက္လာသဗ်၊ အလုံးကေလးကလည္း လင္းလက္လို႔ေနတယ္။ ဒီလူက ဦးဘသာကိုၾကည့္ၿပီး
“ကဲ ဦးသာစံ ခင္ဗ်ားဘာျငင္းအုံးမလဲ”
ဦးဘသာမ်က္ႏွာက ငိုင္က်သြားတယ္ဗ်၊ က်ဳပ္လည္း ဦးဘသာကို ၾကည့္လိုက္ၿပီး
“ဦးဘသာ ဘာေတြျဖစ္ေနတာလဲဗ်ာ”
ဦးဘသာက စိတ္ပ်က္လက္ပ်က္နဲ႔
“ငါတို႔ေတာ့ ေခ်ာက္တြန္းခံရၿပီေဟ့”
လို႔ ငိုသံပါႀကီးနဲ႔ ညည္းညဴလိုက္ပါေတာ့တယ္ဗ်ာ။
(၇)
ဒီလူေတြက က်ဳပ္တို႔ကိုဘယ္ေခၚသြားမွန္းမသိပါဘူးဗ်ာ၊ က်ဳပ္မ်က္စိကိုလည္း အဝတ္စတစ္စနဲ႔စည္းေႏွာင္ထားေတာ့ က်ဳပ္လည္း ဘာကိုမွမျမင္ရဘူး၊ လမ္းတစ္ေလွ်ာက္ေတာ့ သူတို႔အခ်င္းခ်င္းစကားေျပာေနတာ၊ တီးတိုးေျပာေနတာေတြၾကားရတယ္၊ ေလွကားထစ္ေတြေအာက္ကိုဆင္းသြားရၿပီးေတာ့ ေနာက္ဆုံးမွာေတာ့ လူေတြအမ်ားႀကီးစကားေျပာေနတဲ့အခန္းႀကီးတစ္ခုထဲကိုေခၚေဆာင္သြားခံရသဗ်၊ တစ္ေနရာေရာက္ေတာ့ က်ဳပ္တို႔ကိုအဲဒီေနရာမွာပဲ မတ္တပ္ရပ္ခိုင္းတယ္၊ ၿပီးေတာ့မွ မ်က္လုံးစည္းထားတဲ့ အဝတ္စကိုေျဖေပးလိုက္တာပဲဗ်ာ၊ အဝတ္စကို တင္းတင္းၾကပ္ၾကပ္စည္းထားေတာ့ မ်က္လုံးေတြေတာင္ေအာင့္ေနသဗ်ာ၊ က်ဳပ္မ်က္စိဖြင့္လိုက္တာနဲ႔ မ်က္လုံးထဲကိုအလင္းေရာင္စူးစူးေတြဝင္လာတယ္။
က်ဳပ္လည္း လက္နဲ႔ကာၿပီးေတာ့ ၾကည့္ရတယ္ဗ်၊ အခန္းကေတာ့ အခန္းက်ယ္ႀကီးတစ္ခန္းဗ်ာ၊ က်ဳပ္တို႔အေရွ႕မွာ စားပြဲခုံေတြထိုင္ခုံေတြရွိတယ္၊ ေဘးနားမွာေတာ့ လူေတြအမ်ားႀကီးထိုင္ေနၾကေလရဲ႕ဗ်ာ၊ က်ဳပ္လည္းအရင္က ႐ြာမွာအမႈျဖစ္လို႔ အေဖသက္ေသထြက္ဆိုရင္ ၿမိဳင္သာတရား႐ုံးကို လိုက္သြားဖူးတယ္မဟုတ္လား။ ဒီအခန္းႀကီးရဲ႕ တည္ေဆာက္ပုံကလည္း တရား႐ုံးနဲ႔တူတယ္ဗ်၊ ခုံေတြနဲ႔ပတ္ပတ္လည္ကာရံထားတဲ့ ၾကမ္းျပင္အလယ္မွာေတာ့ က်ဳပ္နဲ႔ဦးဘသာ ႏွစ္ေယာက္ပဲရွိေနသဗ်။
“ဦးဘသာ ဒါဘယ္ေနရာလဲ”
“ဒါက စုန္းကေဝေကာင္စီရဲ႕ ႐ုံးေတာ္ေပါ့ကြာ”
က်ဳပ္လည္း လွည့္ပတ္ၾကည့္ရင္း
“က်ဳပ္တို႔လူေတြမွာတင္ ေကာင္စီရွိတယ္ထင္ေနတာ၊ ဦးဘသာတို႔စုန္းေတြမွာေရာ ေကာင္စီရွိတာလား”
“ရွိတာေပါ့ကြာ၊ ဒီစုန္းကေဝေကာင္စီကေနၿပီး ၿမိဳင္သာၿမိဳ႕တစ္ဝွမ္းမွာရွိတဲ့ စုန္းကေဝေတြကို အုပ္ခ်ဳပ္ေနတာ၊ တို႔႐ြာဘက္ေတြလည္း ပါသေပါ့ကြာ”
“ဒါနဲ႔ စုန္းေတြကိုအုပ္ခ်ဳပ္ေနတာ မယ္ေတာ္မဟုတ္ဘူးလား”
“မယ္ေတာ္က စည္းကမ္းပိုင္းဆိုင္ရာအုပ္ခ်ဳပ္တာကြ၊ စုန္းေတြကေဝေတြ စည္းေဖာက္တာမ်ိဳးဆိုရင္ မယ္ေတာ္ကဆုံးျဖတ္ၿပီးေတာ့ ျပစ္ဒဏ္ခ်တယ္၊ ေကာင္စီကက်ေတာ့ စုန္းကေဝေတြရဲ႕ လူမႈေရး၊ က်န္းမာေရး၊ ပညာေရးပိုင္းေတြကို အုပ္ခ်ဳပ္တာကြ”
“ထူးဆန္းပါ့ဗ်ာ”
“မယ္ေတာ္ရဲ႕တည္ရွိမႈက ေကာင္စီနဲ႔သက္သက္ကြ၊ ေကာင္စီကေတာ့ စုန္းေတြကို တိုက္႐ိုက္အျပစ္ေပးလို႔မရဘူး၊ စုန္းေတြအျပစ္က်ဴးလြန္ရင္ မယ္ေတာ္ကိုအသိေပးၿပီးေတာ့ အျပစ္ခ်ခိုင္းရတာ”
“ဒါဆို အဲဒီေကာင္စီက ဘာအလုပ္လုပ္သလဲဗ်”
“စုန္းကေဝေတြရဲ႕ တည္ေနရာေတြ၊ သူတို႔ရဲ႕သားသမီးေတြ၊ ေနာက္ၿပီး ဘယ္သူက ဘယ္သူ႔ကိုျပဳစားတယ္ဆိုတာေတြကို အားလုံးေစာင့္ၾကည့္ေနတယ္ကြ၊ ၿပီးေတာ့စုန္းကေဝအခ်င္းခ်င္းေပါင္းဖက္တာ၊ လက္ထပ္ထိမ္းျမားတာ အိုကြာ လူမႈေရးကိစၥအစုံေပါ့ကြာ”
က်ဳပ္တို႔စကားေျပာေနတုန္း ၀၀ဖိုင့္ဖိုင့္နဲ႔လူတစ္ေယာက္က ဝင္လာသဗ်ာ၊ သူက ေၾကးေခါင္းေလာင္းကေလး တစ္လုံးကိုတီးလိုက္ၿပီးေတာ့
“အခ်ိန္က်ၿပီမို႔၊ ႐ုံးေတာ္စတင္မယ္၊ ေကာင္စီလူႀကီးမ်ားကို အ႐ိုအေသေပးၾကပါ”
အဲဒီလူက ေအာ္လိုက္ေတာ့ ထိုင္ေနတဲ့လူေတြအကုန္လုံး မတ္တပ္ထလိုက္ၾကတယ္ဗ်၊ ဒီအခါ အေနာက္ခန္းထဲကေနၿပီး လူေတြထြက္လာတယ္၊ လူငါးေယာက္တိတိထြက္လာၿပီး က်ဳပ္တို႔အေရွ႕က စားပြဲခုံေတြမွာ အသီးသီးထိုင္လိုက္ၾကတယ္ဗ်။
“မယ္ေတာ္ကိုအ႐ိုအေသေပးၾကပါ”
ဒီအခါ မယ္ေတာ္ထြက္လာၿပီးေတာ့ ခုနက ေကာင္စီလူႀကီးငါးေယာက္ရဲ႕ အထက္နားက စားပြဲခုံမွာဝင္ထိုင္လိုက္တယ္။ ခုနက လူကပဲ စာ႐ြက္တစ္႐ြက္ကိုၾကည့္ၿပီးေတာ့
“႐ုံးေတာ္စတင္ပါၿပီ၊ ယေန႔ ျမန္မာသကၠရာဇ္၊ ၾကားနာမယ့္အမႈကေတာ့ ဦးသာစံက စုန္းမမယ္ႏွင္းကို အေၾကာင္းမဲ့သတ္ျဖတ္တဲ့အမႈျဖစ္ပါတယ္၊ အရင္ဆုံး စုန္းကေဝေကာင္စီရဲ႕ စည္းကမ္းထိန္းသိမ္းေရးမႉးက ဦးသာစံလုပ္ခဲ့တဲ့ျပစ္မႈေတြကို ေဖာ္ျပၿပီး စြဲခ်က္တင္ရမွာျဖစ္ပါတယ္”
ဒီအခါ က်ဳပ္တို႔ေဘးနားက ခုံတန္းေတြမွာထိုင္ေနတဲ့ မိန္းမတစ္ေယာက္က မတ္တပ္ရပ္လိုက္ၿပီး ေကာင္စီလူႀကီးေတြကို တစ္ခ်က္ဦးၫြတ္ၿပီး အ႐ိုအေသေပးလိုက္တယ္ဗ်၊ ေနာက္ေတာ့ ဦးဘသာကိုၾကည့္ၿပီး
“ေဟာဒီက ဦးသာစံ(ေခၚ) ဦးသာဒင္ဟာ၊ စုန္းကေဝေကာင္စီက ခ်မွတ္ထားတဲ့ စည္းမ်ဥ္းနံပါတ္သုံးအခ်က္ျဖစ္တဲ့ စုန္းကေဝအခ်င္းခ်င္း အေၾကာင္းမဲ့မသတ္ျဖတ္ရဆိုတဲ့ အခ်က္ကိုေဖာက္ဖ်က္ၿပီး ၿမိဳင္သာၿမိဳ႕ ပန္းဆြဲအရပ္က စုန္းမမယ္ႏွင္းကို အေၾကာင္းမဲ့ ညႇင္းပန္းႏွိပ္စက္ၿပီးေတာ့ သတ္ျဖတ္လိုက္ပါတယ္”
အဲဒီမိန္းမေျပာလိုက္ေတာ့ ဦးဘသာက မတ္တပ္ထရပ္ၿပီး
“ကန႔္ကြက္ပါတယ္၊ က်ဳပ္ကန႔္ကြက္ပါတယ္”
ဒီအခါ ေကာင္စီလူႀကီးတစ္ေယာက္က စားပြဲခုံကို သစ္သားတူနဲ႔ထုၿပီးေတာ့
“ဦးသာစံ၊ စြဲခ်က္တင္ေနတဲ့အခ်ိန္အတြင္းမွာ ျငင္းခြင့္မရွိပါဘူး၊ ႐ုံးေတာ္ကိုေလးစားပါ”
ဦးဘသာလည္း ပါးစပ္ပိတ္သြားတယ္ဗ်၊ ေကာင္စီလူႀကီးက စည္းကမ္းထိန္းသိမ္းေရးမႉးကို ေခါင္းညိတ္ျပလိုက္ေတာ့မွ စည္းကမ္းထိန္းသိမ္းေရးမႉးက ဆက္ေျပာတယ္။
“ယခုျဖစ္ပြားတဲ့အမႈမွာ ဦးသာစံကိုယ္တိုင္လုပ္ခဲ့တာျဖစ္ေၾကာင္း မယ္ႏွင္း မ်က္ျမင္သက္ေသေတြလည္းရရွိထားပါတယ္၊ ဦးသာစံရဲ႕ စုန္းပညာနဲ႔မယ္ႏွင္းကိုသတ္ျဖတ္တယ္လို႔လည္း စုံစမ္းစစ္ေဆးသူေတြက ခိုင္ခိုင္မာမာေတြ႕ရွိထားပါတယ္၊ ေနာက္ၿပီးေတာ့ ဦးသာစံကိုယ္တိုင္ကလည္း မယ္ႏွင္းနဲ႔ယမန္ေန႔ညက ကေတာက္ကဆျဖစ္ၿပီး ပညာအသုံးျပဳေၾကာင္းကိုဝန္ခံထားပါတယ္”
သူေျပာလိုက္တဲ့အခါ ဦးဘသာက က်ဳပ္တို႔နဲ႔ခပ္လွမ္းလွမ္းမွာရပ္ေနတဲ့ က်ဳပ္တို႔ကိုဖမ္းလာတဲ့ ပုပုကြကြနဲ႔လူကိုတစ္ခ်က္ၾကည့္ၿပီး မ်က္ေမွာင္ၾကဳတ္ျပလိုက္တယ္၊ အဲဒီလူက ဦးဘသာကိုျပန္ၾကည့္ၿပီးေတာ့ သူ႔ေ႐ႊသြားေတြေပၚေအာင္လို႔ ရယ္ျပေနသဗ်ာ။
စည္းကမ္းထိန္းသိမ္းေရးမႉးက
“ေနာက္တစ္မႈရွိပါေသးတယ္၊ အဲဒါကေတာ့ စုန္းမေဒၚပ်င္းႀကီး ပိုင္ဆိုင္ခဲ့တဲ့ အစြမ္းထက္တဲ့ ေမွာ္ျပဒါးရွင္လုံးကို ၿမိဳင္သာၿမိဳ႕ေငြတိုက္ထဲကေန ဦးသာစံက ခိုးယူခဲ့ပါေသးတယ္၊ ေငြတိုက္ကေန ခိုးယူတယ္ဆိုတာ စုန္းကေဝေကာင္စီရဲ႕ ေငြတိုက္စည္းကမ္းေတြကို အတိအလင္းခ်ိဳးေဖာက္တာနဲ႔အတူတူပါပဲ၊ အခုလည္း ခိုးရာပါပစၥည္းနဲ႔အတူတူ ဖမ္းမိထားပါတယ္၊ ဒါေၾကာင့္ ဦးသာစံတစ္ေယာက္ ဒီအမႈေတြမွာ ျပစ္မႈထင္ရွားတာမို႔လို႔ ဦးဘသာကို စုန္းကေဝေကာင္စီက ခ်မွတ္ထားတဲ့ စည္းကမ္းခ်ိဳးေဖာက္မႈအတြက္ အေရးယူႏိုင္ဖို႔ စုန္းကေဝေကာင္စီကို တင္ျပရျခင္းျဖစ္ပါတယ္”
ေကာင္စီလူႀကီးငါးေယာက္က တစ္ေယာက္နဲ႔တစ္ေယာက္ၾကည့္ရင္း တီးတိုးေျပာတယ္ဗ်၊ ေနာက္ေတာ့ တစ္ေယာက္နဲ႔တစ္ေယာက္ ျငင္းခုံေနတဲ့ပုံစံပဲ ေနာက္ဆုံးမွာေတာ့ ေကာင္စီလူႀကီးတစ္ေယာက္က ေခါင္းညိတ္ၿပီးေတာ့
“ဟုတ္ၿပီ၊ စည္းကမ္းထိန္းသိမ္းေရးမႉး တင္ျပခ်က္ကို ေကာင္စီကသေဘာေပါက္နားလည္ၿပီးေတာ့ ဦးသာစံက်ဳးလြန္ခဲ့တဲ့အျပစ္ေတြကို အျပစ္ေပးသင့္တယ္လို႔ယူဆတဲ့အတြက္ ဒီအမႈကိုလက္ခံပါတယ္”
ေကာင္စီလူႀကီးေတြက မယ္ေတာ္ကိုတစ္ခ်က္ၾကည့္လိုက္တယ္၊ မယ္ေတာ္က ထိုင္ခုံေပၚမွာ ဒူးတစ္ဖက္ေထာင္ၿပီးထိုင္ေနရင္း ဦးဘသာကို စူးစူးစိုက္စိုက္နဲ႔ၾကည့္ေနတယ္။
“သာစံ၊ မင္းက ကိုယ့္ကိုယ္ကိုယ္ မယ္ပ်င္းရဲ႕သားဆိုၿပီးေတာ့ လုပ္ခ်င္တိုင္းလုပ္ေနတယ္ေပါ့၊ မင္းကိုယ္မင္းသိပ္စြမ္းတယ္လို႔ ထင္ေနတယ္ေပါ့”
ဦးဘသာက မယ္ေတာ္ကိုၾကည့္ရင္း
“က်ဳပ္ မယ္ႏွင္းကိုမသတ္ပါဘူး”
ဒီအခါ ေကာင္စီလူႀကီးတစ္ေယာက္က
“အမႈကို ၾကားနာမစစ္ေဆးခင္မွာေတာ့ ဦးသာစံတကယ္သတ္သလား၊ မသတ္သလားဆိုတာ တိတိက်က်ေျပာလို႔မရေသးပါဘူးမယ္ေတာ္”
မယ္ေတာ္က ေခါင္းညိတ္ၿပီး
“ေကာင္းၿပီ၊ ဒီအမႈကိုငါခြင့္ျပဳတယ္၊ စုန္းကေဝေကာင္စီက ေသေသခ်ာခ်ာစစ္ေဆးၿပီး သာစံအျပစ္ရွိေၾကာင္းကိုတင္ျပပါ၊ ဒီအခါငါက ထိုက္သင့္သလိုအေရးယူေပးမယ္”
မယ္ေတာ္က ေျပာဆိုၿပီးထြက္သြားေတာ့တယ္၊ ေကာင္စီလူႀကီးေတြက ဦးဘသာကိုၾကည့္ၿပီး
“စြပ္စြဲခံ ဦးသာစံကို ေျခခ်ဳပ္ထားၿပီး အမႈမွန္မေပၚမခ်င္း ၿမိဳင္သာၿမိဳ႕ကေန ဘယ္မွမသြားရဘူးလို႔ အမိန႔္ခ်တယ္”
ဒီအခါ ပုပုကြကြနဲ႔လူက
“ဒါထက္ ဦးသာစံကို ၿမိဳင္သာၿမိဳ႕ကေန ႏွင္မိန႔္ထုတ္ထားတယ္မဟုတ္လား၊ သူက ဒီၿမိဳ႕မွာ သုံးရက္သုံးညထက္ပိုၿပီး ေနခြင့္မရွိဘူးမဟုတ္လး”
ေကာင္စီလူႀကီးက ေခါင္းညိၾတ္ပီး
“အဲဒီ နယ္ႏွင္မိန႔္ကို ယာယီ႐ုတ္သိမ္းလိုက္မယ္၊ မနက္ျဖန္ညေနမွာ ဦးသာစံရဲ႕အမႈကို လူသက္ေသ၊ ပစၥည္းသက္ေသေတြနဲ႔ ေသခ်ာစစ္ေဆးၿပီးေတာ့ အၿပီးသတ္အမိန႔္ခ်မွတ္မယ္”
ေကာင္စီလူႀကီးက ေျပာဆိုၿပီးေတာ့ ခုံကိုသစ္သားတူနဲ႔သုံးခ်က္ထုတယ္ဗ်၊ ၿပီးူေတာ့ သူတို႔ေတြထြက္သြားေတာ့တာပါပဲဗ်ာ၊ ပုပုကြကြနဲ႔လူက က်ဳပ္တို႔အနားကိုေရာက္လာၿပီးေတာ့
“ခင္ဗ်ားရဲ႕အျပစ္ေတြအတြက္ ခင္ဗ်ားေသခ်ာေပါက္ ျပန္ေပးဆပ္ရမွာပါ ဦးသာစံရာ”
“ငါဘာအျပစ္မွမလုပ္ထားဘူး၊ ဒါနဲ႔ ဂ်ပု၊ ႐ုံးေတာ္မဟုတ္ဘဲ အျပင္မွာေျပာတဲ့အရာကို ထြက္ဆိုခ်က္အျဖစ္ သတ္မွတ္လို႔မရတာကို ႀကီးၾကပ္ေရးမႉးျဖစ္တဲ့မင္းက သိေလာက္မွာပါေနာ္၊ ငါမယ္ႏွင္းနဲ႔ မေန႔ညက ပဋိပကၡျဖစ္ခဲ့တယ္ဆိုတာ ငါ႐ုံးေတာ္မွာထြက္ဆိုတဲ့စကားမဟုတ္ဘူးကြ”
ဒီလူက ဦးဘသာကိုစိုက္ၾကည့္ၿပီးေတာ့ သူ႔အေနာက္က ေထာင္ေထာင္ေမာင္းေမာင္းနဲ႔လူကိုၾကည့္ၿပီး
“ကဲ၊ ဒီႏွစ္ေကာင္ကို ျပန္လႊတ္ေပးလိုက္စမ္းကြာ”
ဟိုလူက ဦးဘသာလက္မွာခ်ည္ထားတဲ့ႀကိဳးကိုပုတ္လိုက္ေတာ့ ႀကိဳးကေႁမြတစ္ေကာင္ျပန္ျဖစ္သြားတယ္ဗ်၊ ဦးဘသာရဲ႕ ရင္ဘတ္မွာတပ္ထားတဲ့ ေ႐ႊၾကယ္ကေလးကိုျပန္ျဖဳတ္ယူလိုက္ေတာ့ ပုပုကြကြနဲ႔လူက အနားကပ္လာၿပီး
“ခင္ဗ်ားတို႔ သတၱိရွိရင္ ၿမိဳင္သာကေန ေျခတစ္လွမ္းပဲထြက္ၾကည့္လိုက္စမ္းပါ”
ဒီအခါ ဦးဘသာက ရယ္က်ဲက်ဲနဲ႔
“ဘာလဲ မင္းကငါ့ကို ဖမ္းမွာလား၊ မင္းလိုေကာင္က ငါ့ကိုႏိုင္မွာလားကြ၊ ဟား၊ ဟား”
အဲဒီလူကို ေလွာင္ၿပီးေတာ့ ဦးဘသာက အခန္းထဲကထြက္သြားေတာ့တယ္၊ ဒီလူမ်က္ႏွာႀကီးက မဲလို႔ေပါ့ဗ်ာ၊ က်ဳပ္လည္း ဒီလူကိုၾကည့္ၿပီးေတာ့ ဘာေျပာရမလဲမသိတာနဲ႔။
“သြားလိုက္ပါအုံးမယ္ ကိုဂ်ပု”
က်ဳပ္ေခၚလိုက္ေတာ့ ပုပုကြကြနဲ႔လူကေဒါသထြက္သြားၿပီး က်ဳပ္လည္ပင္းကိုဖမ္းခ်ဳပ္တယ္ဗ်။
“ဟိတ္ေကာင္၊ မင္းငါ့ကိုဘယ္လိုေခၚလိုက္တာလဲ”
“ဟာဗ်ာ၊ ခုနက ဦးဘသာက ခင္ဗ်ားကို ဂ်ပုလို႔ေခၚလိုက္တယ္ေလဗ်ာ၊ ဘာလဲ ခင္ဗ်ားနာမည္က ဂ်ပုမဟုတ္ဘူးလား”
က်ဳပ္ေျပာလိုက္ေတာ့ ဒီလူပိုၿပီးေဒါသထြက္သြားတယ္ဗ်၊ ဒါနဲ႔သူ႔မ်က္ႏွာကိုသူ လက္ညႇိဳးနဲ႔ထိုးၿပီး
“ေဟ့ေကာင္ မင္းမေသမခ်င္းမွတ္ထား၊ ငါ့နာမည္ေမာင္ေကာင္း၊ ငါက ဒီၿမိဳင္သာၿမိဳ႕ စုန္းကေဝေကာင္စီက ႀကီးၾကပ္ေရးမႉးခ်ဳပ္ကြ၊ မင္းမွတ္ထားစမ္း”
က်ဳပ္လည္း သူ႔လက္ကေနအတင္း႐ုန္းထြက္ခဲ့ၿပီးေတာ့ ဦးဘသာအေနာက္ကိုအေျပးလိုက္ခဲ့တာေပါ့ဗ်ာ။ အေဆာက္အအုံကေတာ့ အႀကီးႀကီးပဲဗ်၊ အထြက္နားေရာက္ေတာ့ နံရံႀကီးမွာ ဆိုင္းဘုတ္ျပားႀကီးတစ္ခုတပ္ထားတယ္၊ အဲဒီဆိုင္းဘုတ္မွာ နာမည္ေတြေရးထားတယ္ဗ်၊ နာမည္ေတြအေနာက္မွာလည္း ၾကယ္ေတြျပထားတယ္၊ ဆိုင္းဘုတ္အေပၚမွာေတာ့ စာတစ္ေၾကာင္းေရးထားတယ္ဗ်။
“ၿမိဳင္သာၿမိဳ႕နယ္ ထိပ္တန္းအျပစ္သမားစာရင္း”
က်ဳပ္ပါးစပ္ကေန ေအာ္ၿပီးဖတ္လိုက္မိတယ္ဗ်၊ စာရင္းထိပ္ဆုံးကိုၾကည့္လိုက္ေတာ့ မယ္ပ်င္းတဲ့ဗ်ာ၊ သူ႔အေနာက္မွာ ၾကယ္က ငါးလုံးေတာင္ဗ်၊ မယ္ပ်င္းဆိုတာ ဦးဘသာရဲ႕အေမ ေဒၚပ်င္းႀကီးေပါ့ဗ်ာ၊ မယ္ပ်င္းရဲ႕ေအာက္မွာေတာ့ မယ္ကာလီတဲ့ဗ်၊ သူကေတာ့ ၾကယ္ေလးလုံးပဲရွိတယ္၊ ေအာက္မွာေတာ့ စာရင္းေတြဆက္ေရးထားတယ္၊ က်ဳပ္ဆက္ဖတ္ေနတုန္း ဦးဘသာက က်ဳပ္လက္ကိုလာဆြဲတယ္။
“အလတ္ေကာင္၊ မင္းဘာလုပ္ေနတာလဲကြ”
“ဟိုေလ၊ စာရင္းဆိုလို႔ၾကည့္ေနတာ”
“အဲဒီစာရင္းအသာထားစမ္းပါကြာ၊ အခုအမႈက ဒီအတိုင္းဆိုရင္ နက္နဲတယ္ကြ”
“က်ဳပ္အထင္ေတာ့ သူတို႔ေတြလက္ဝါးခ်င္း႐ိုက္ၿပီး ဦးဘသာအေပၚကိုအျပစ္ပုံခ်တာမ်ားလား”
ဦးဘသာက ေခါင္းခါရင္း
“မျဖစ္ေတာ့မျဖစ္ႏိုင္ဘူးကြ၊ စုန္းကေဝေကာင္စီက လူေတြက ေျဖာင့္္မတ္ၾကတဲ့လူေတြမ်ားတယ္၊ တကယ္မဟုတ္ဘဲနဲ႔ေတာ့ ဒီလိုလုပ္မွာမဟုတ္ဘူး”
“ဟာ၊ ဒါေပမယ့္ ဦးဘသာ မယ္ႏွင္းကိုမသတ္ခဲ့ဘူးဆိုတာေတာ့ တကယ္ေလဗ်ာ”
“ေအးကြာ၊ ဒါေၾကာင့္နက္နဲတယ္ေျပာတာေပါ့၊ ညေနေတာင္ေတာ္ေတာ္ေစာင္းေနၿပီကြ၊ ျမန္ျမန္လာ၊ မင္းနဲ႔ငါနဲ႔လူတစ္ေယာက္ကို သြားရွာရမယ္”
“ဘယ္သူ႔ကိုလဲဗ်ာ”
“ေရွ႕ေနကိုေပါ့ကြာ”
ဆက္ရန္။
#အဂၢေဇာ္ #ဦးဘသာ #စုန္း #သရဲ