စွဲလမ်းစိတ်

Posted on

စွဲလမ်းစိတ်(စ/ဆုံး)

—————–

ကျွန်မနာမည်စိုးအိ အသက်က(၂၀)အဝေးသင် ကျောင်းသူတစ်ဦး ဖြစ်ပါ၏….
ကျွန်မမိဘများက ရွာမှာစားသုံးသီးနှံများ စိုက်ပျိုးပြီး ရောင်းလို့ရတဲ့ ပိုက်ဆံတွေက ကျွန်မကို ကျောင်းစားရိတ် ထောက်ပံ့ပေးလေသည်….

ကျွန်မက မိဘတွေရဲ့ အုပ်ထိန်းမှုအောက်မှာ မနေရဘူးဆိုပေမယ့် ကျေားပိတ်ရင် ကျွန်မအဖအမေတွေနဲ့ ဖုန်းပြောရင်း ဖေဖေမေမေတို့က ကျွန်မကို အမြဲသွန်သင် ဆုံးမတတ်လေသည်…

အတန်းထဲမှာတော့ ကျွန်မက စာတော်တဲ့သူ မဖြစ်သလို စာညံ့တဲ့သူလည်း မဟုတ်ပါ…
ကျွန်မက အနေအေးပြီး အခြားကျောင်းသူတွေကဲ့သို့ ဟိုစပ်စပ်သည်စပ်စပ် မဟုတ်ပေ…

ကျွန်မတို့ကို စာသင်ပေးတဲ့ ဆရာမကတော့ ကျွန်မကို အရမ်းချစ်သလို ရွာကအမေတွေနဲ့ ဖုန်းပြောတိုင်း အဒေါ်တို့ကတော့ သားသမီးရတာ ကံကောင်းတယ်လို့ ကျွန်မမိဘတွေကို အမြဲချီးမွမ်း၏….

ကျွန်မမှာ အရမ်းကို ချစ်စရာကောင်းတဲ့ သူငယ်ချင်း တစ်ယောက်ရှိသည်…
သူ့နာမည်က မေသူလွင်တဲ့ သူကကျွန်မအပေါ် အမြဲနားလည်ပေးပြီး ကျွန်မအတွက်ကတော့ သူမက သူငယ်ချင်းကောင်း တစ်ယောက်ဖြစ်လေ၏…

အတန်းထဲမှာ ကျွန်မက ချောမောလှပတဲ့သူတစ်ယောက် မဟုတ်ပေမယ့် ကျွန်မကို တဖက်သတ် ပိုးတဲ့သူတွေက အများကြီးရှိသည်…

အဲ့ဒီထဲမှာ ရန်အောင်ဖြိုးဆိုတဲ့ ကျောင်းသားတစ်ဦးလည်း ပါကာ သူက ကျွန်မတို့ အတန်းထဲမှာ စာအတော်ဆုံး ကျောင်းသားတစ်ဦးဖြစ်သည်…
အားလုံးကတော့ သူရဲ့နာမည်ကို အပြည့်အစုံ မခေါ်ပဲ ကိုဖြိုးလို့ပဲ ခေါ်ကြတယ်လေ၏…
နောက်ပြီး သူ့မှာ ညီဝမ်းကွဲ တစ်ယောက်ရှိ၍ နာမည်က ပြည်ဖြိုးအောင်တဲ့ သူ့ညီဝမ်းကွဲနှင့် ကျွန်မသူငယ်ချင်း မေသူလွင်က သူငယ်ချင်းတွေလေ အဲ့ဒါကိုသိလို့ သူက မေသူလွင်အကူအညီနဲ့ ကျွန်မကို ချည်းကပ်ခဲ့လေသည်…

ကျွန်မက ယောက်ျားလေး သူငယ်ချင်းတွေ မထားတတ်ပေမယ့် သူများလာမိတ်ဖွဲ့ရင်တော့ နွေးနွေးထွေးထွေးပဲ ပြန်လည်ဆက်ဆံတတ်၍
ကျွန်မနဲ့သူက သူငယ်ချင်းတွေဖြစ်ပြီး မကြာခင်မှာပဲ သူက ကျွန်မကို ချစ်ရေးဆိုလေသည်….

သူက ရုပ်ရည်လေးကလည်း ဘာမှပြောစရာ မရှိသလို အစစအရာရာ ပြည့်စုံတဲ့သူတစ်ဦးမို့ ကျွန်မအနေနဲ့ သူ့ကို မငြင်းဝံ့…

ဒါပေမယ့် ခက်တာတစ်ခုကတော့ ကျွန်မမှာ အိမ်ကမိဘတွေ သဘောတူထားတဲ့သူ ရှိနေပြီလေ ကျွန်မကိုယ်တိုင်က မချစ်ပေမယ့် မိဘတွေရဲ့ စကားကို မလွန်နိုင်ခဲ့ပေ….
အဲ့ဒီအကြောင်းတွေကိုတော့ မေသူပြောပြလို့ သူလည်းသိပြီးသားဖြစ်၏….
ဒါပေမယ့် သူက နားလည်းပေးနိုင်ပါတယ်တဲ့ ကျွန်မအရမ်း ဝမ်းသာသလို အရမ်းလည်း ပျော်ရွင်မိလေရဲ့…
ဒီလိုနဲ့ ကံကြမ္မာရဲ့ စီမံမှုအတိုင်း ကျွန်မမိဘတွေ မသိအောင် သူနဲ့ချစ်သူတွေ ဖြစ်သွားကြသည်…

ချစ်သူဖြစ်သွားတော့ သူကို ကိုဖြိုးလို့ မခေါ်တော့ပဲ ကိုကိုလို့ပဲ ပြောင်းခေါ်၍ သူက ကျွန်မကို ချစ်လို့ တစ်လုံးတည်း ပြန်ခေါ်လေသည်…
ကိုကိုက ကျွန်မကို ချစ်လို့ ခေါ်တဲ့အခါ ရှန်လို့ ကျွန်မက တယုတယ ပြန်ထူးတတ်၏…
ကျွန်မနဲ့ ကိုကိုရဲ့ ချစ်သူဘဝက အရမ်းကို ပျော်စရာကောင်းသည်…
ဖုန်းတွေပြော ကျောင်းပိတ်တဲ့အခါ အတူတူ လျှောက်လည်းရင်း ဘုရားသွားဖူးကြကာ အချိန်တွေ ကုန်လာတော့ ကျွန်မတို့ ချစ်သူနှစ်ဦးက တစ်နေ့တစ်ရက်နဲ့ အချစ်တွေ ပိုပိုလာ၏….

ဒါပေမယ့် ကျွန်မတို့ရဲ့ ချစ်သူနှစ်ဦးကြားမှာ ကံကြမ္မာဆိုးတစ်ခု ဝင်ရောက်လာတော့သည်…
အဲ့ဒါကတော့ တစ်နေ့မှာ ကျွန်မနဲ့ ကိုကိုချစ်သူတွေ ဖြစ်ကြတယ်ဆိုတာ ကျွန်မအိမ်က မိဘတွေ သိသွားပြီး ကျွန်မကို ဆူငေါက်လေ၏…

အိမ်က သဘောတူထားတဲ့ သူကလည်း ကိုကိုဆီ ဖုန်းဆက်ပြီး ကျွန်မနဲ့ နောက်ထပ်မပတ်သတ်ဖို့ ပြောလိုက်ကာ
ကိုကိုက ကျွန်မကို အရမ်းချစ်တော့ သူ့ခမျာ တော်တော်လေးကို ခံစားလိုပ်ရသည်…

ကျွန်မလည်း ကိုကို့ကို ချစ်နေပေမယ့် မိဘစကားတွေကို မလွန်ဆန်နိုင်တဲ့ အတွက် ကိုကို့ကို သနားပြီး ငိုကြွေးရုံကလွဲလို့ ဘာမှမတတ်နိုင်ပေ…
(၂)ရက်(၃)ရက်ကြာတော့ ကျွန်မဆီကို ကိုကိုက ဖုန်းမဆက်လာတော့ ကိုကိုသတင်းကြားချင်လို့ ကျောင်းပိတ်၍ မေသူနဲ့လည်း တွေ့ချင်တော့ ကျွန်မ မေသူငှားနေသော အဆောင်သို့ အလည်သွားလိုက်၏….

ကျွန်မနှင့်မေသူက ကျောင်းအတူတက်ပေမယ့် သူက အခြားအဆောင်မှာ ငှားနေခြင်းဖြစ်သည်…
တစ်လမ်းလုံး အတွေးတွေနှင့် မျောလွင့်ရင်း
မေသူငှားနေသော အဆောင်ပင် ရောက်လေပြီ…
ကျွန်မ အပေါ်ထပ်သို့တက်ကာ မေသူအခန်းရှေ့ရောက်တော့ တခါးခေါက်လိုက်၏…

“ဟဲ့…စိုးအိ..နင်သတင်းကြားပြီးပြီလား..”

တခါးလာဖွင့်ပေးသော မေသူရဲ့ အမေးကို ကျွန်မနားမလည်၍ မေသူကို ကျွန်မကြောင်ကြည့်မိသည်…

“ဟဲ့…ငါမေးနေတယ်လေ…”

“ဘာသတင်းမို့လို့ နင်က ခုလိုပြာယာခပ်ရတာလဲ…”

“ကိုဖြိုးဆုံးပြီတဲ့…”

“ဟင်…ကိုကိုဆုံးပြီ…”

ကျွန်မစကားမဆုံးခင်မှာပဲ မေသူရဲ့ နုတ်မှ ကြားလိုက်ရသော စကားကြောင့် ကျွန်မအားအင်မဲ့ကာ ရပ်ထားသော ခြေထောက်တစ်စုံက အလိုလို ပျော့ခွေကျပြီး ကျွန်မမေသူ အခန်းရှေ့မှာပဲ မူးလဲသွားသည်…

ကျွန်မသတိရလာတော့ မေသူအခန်းထဲ ရောက်နေပြီ…

“ကျွတ်….ကျွတ်….ကျွတ်…”

“ဟင်..သတိရပြီလား သူငယ်ချင်း…”

ကျွန်မခေါင်းကိူ အသာညိမ့်ပြလိုက်၏…

“သူငယ်ချင်း ကိုကိုအကြောင်းတွေကို နင်သိသလောက် ငါ့ကိုပြောပြပါ…”

“ဟူး….”

မေသူသက်ပြင်းရှည်ချရင်း ကျွန်မမျက်နှာကို စေ့စေ့ကြည့်ပြီး စိတ်မကောင်းခြင်းများနှင့် သနားသော အကြည့်များနှင့် ကြည့်လေသည်…

“အင်း နင့်အိမ်က အကောင်က ကိုဖြိုးကို ပြသနာရှာပြီး နင်နဲ့ပတ်သက်ရင် တွေ့တဲ့နေရာမှာ နင့်ကိုအရှက်ကွဲမယ်တဲ့ ကိုဖြိုးကို နှောက်ဆုပ်ခိုင်းတယ်လေ ကိုဖြိုးက နင့်ရဲ့သိက္ခာကို ထိခိုက်မှာစိုးလို့ သူနှောက်ဆုပ်ခဲ့တယ် အဲ့ဒီလိုဖြစ်ပြီး ကိုဖြိုးက မသောက်ဖူးတဲ့ အရက်တွေကို နေ့ညသောက်ပြီး သူခံစားရသမျကို ငါ့ကိုရင်ဖွင့်ရှာတာ နောက်ဆုံးမခံစားနိုင်တော့လို့ ထင်ပါတယ် အရက်ဆိုင်ကနေအပြန် သူမောင်းနေတဲ့ ဆိုင်ကယ်နဲ့ လမ်းဘေး သစ်ပင်အိုကြီးကို သူကိုယ်တိုင် ဝင်တိုက်လိုက်တာလေ….”

“စိတ်မကောင်းလိုက်တာ ကိုကိုရယ်…”

“အင်း…နောက်တစ်ခုကတော့ ကိုဖြိုးမဆုံးခင်မှာ နင့်နာမည်ကို တမ်းတမ်းတတ ခေါ်သေးတယ်တဲ့ အဲ့ဒါတွေအားလုံးက သူ့ညီဝမ်းကွဲ ပြည့်ဖြိုးအောင်ပြောမှ ငါလည်းသိရတာ…..”

“ဟီး…ဟီး…ကိုကိုခုလိုဖြစ်ရတာချစ်ကြောင့် ချစ်မကောင်းလို့ အားလုံးက ချစ်ကြောင့်ပါ ကဲ့ဟာ….ကဲ့ဟာ…”

“ဟဲ့…ဟဲ့….အဲ့လိုမလုပ်နဲ့လေ…”

ကျွန်မ မျက်ရည်များကို ထိန်းမရတော့ပဲ ကျွန်မကိုယ်ကျွန်မ ခွင့်မလွတ်နိုင်အောင် ပါးကို အကြိမ်ကြိမ် အခါခါ ရိုက်၍ မေသူက ကျွန်မလက်တွေကို ဖမ်းချုပ်ထားလိုက်၏….

“ကိုကို ခုလိုဖြစ်ရတာ ငါ့ကြောင့်ပါဟာ…ဟီး….ဟီး….”

“အဲ့လိုလည်း မဟုတ်ဘူးလေ သူငယ်ချင်း… နင်လည်း နင့်အခက်အခဲ ရှိနေတာပဲ စိတ်ထဲမှ မထားပါနဲ့ဟာ…”

မေသူက ကျွန်မကို အားပေးနှစ်သိမ့်ရှာ၏..
သို့သော် ကျွန်မ အမှားတစ်ခုလုပ်မိပြီဟုသာ ခေါင်းထဲမှာ အကြိမ်ကြိမ် အခါခါ ဝင်ရောက်လာသည်…

ကျွန်မ မေသူကို နုတ်ဆက်ပြီး စိတ်ညစ်ညစ်နှင့် ငှားနေသော အဆောင်ကို မပြန်တော့ပဲ စိတ်ပြေလက်ပျောက်အနေနဲ့ ကျွန်မမိဘတွေနေတဲ့ ရွာလေးကို ပြန်သွားလိုက်တော့၏…

ရွာပြန်ရောက်တော့ အဖေနှင့်အမေက မရှိကြပေ ကျွန်မအိမ်ပေါ်တက်ပြီး ထမင်းဟင်းချက်ရင်း အချိန်တွေက ကုန်ဆုံးမြန်တော့ ခဏအတွင်းမှာပဲ မိုးချုပ်သွားသည်…

အဲ့ဒါနဲ့ ကျွန်မလည်း အိပ်ရာဝင်တော့ အတွေးပေါင်းများစွာနှင့် ကျွန်မအိပ်မပျော်တော့ပေ…
အဲ့ဒီအချိန်မှာပဲ အိမ်ရှေ့မှ ဆိုင်ကယ်တစ်စီး လာရပ်သံကြားလိုက်၏…
ကျွန်မသိပ်မှတ်မိတာပေါ့ ဒီဆိုင်ကယ်အသံက ကိုကိုမောင်းနေကျ ဆိုင်ကယ်အသံလေ… ဘာလို့လဲဆို ကျွန်မကိုယ်တိုင် ကိုကိုနဲ့လည်း လိုက်စီးနေကျမို့ အသံကို ရင်းနှီးနေသည်…

ဆိုင်ကယ်စက်သံရပ်တော့ ကျွန်မတကိုယ်လုံး ကြက်သီးမွေးများထပြီး ကြောချမ်းလေ၏…
“အိုး…မဖြစ်နိုင်ပါဘူးလေ တစ်ခြားတစ်ယောက်က ဆိုင်ကယ်လာရပ်ထားတာဖြစ်မယ်..”ဟုသာ ကျွန်မကိုယ်ကျွန်မ ပြန်ဖြေလိုက်သည်…

ထိုဆိုင်ကယ် ပိုင်ရှင်က ဘယ်သူဘယ်ဝါဆိုတာ သိချင်ပေမယ့် ကြောက်တဲ့စိတ်နဲ့ ထွက်မကြည့်ရဲပေ…
အိပ်ရာထဲမှာမှေးရင်း ထိုဆိုင်ကယ် ထွက်သွားမဲ့အသံကို နားထောင်မိ၏…

မိုးသာလင်းသွားပေမယ့် ထွက်သွားတဲ့ ဆိုင်ကယ်အသံက မကြားရပေ…
ကျွန်မလည်း အိမ်ရှေ့မှာ ထွက်ကြည့်တော့ ဆိုင်ကယ်လည်းမရှိ ဘီးရာလည်းမရှိပါ…
ကျွန်မလဲ ဘာမှမတွေတော့ပဲ နားကြားမှားတယ်လို့ပဲ ထင်လိုက်သည်…

ကျောင်းလည်းဖွင့်တော့မှာမို့ အဖေနှင်အမေကို မစောင့်တော့ပဲ ကျွန်မငှားနေသော အဆောင်သို့ ပြန်သွားလေ၏….
အဆောင်ပြန်ရောက်တော့ ညနေ(၅)နာရီပင် ရှိလေပြီ…
ကျွန်မရေမိုးချိုးပြီး ကျောင်းက ဆရာမပေးလိုက်သော အိမ်စာကို ထိုင်လုပ်နေရင်း မေးခနဲ အိပ်ပျော်သွားသည်…

ကျွန်မအိပ်ပျော်သွားတော့ အိမ်မက်ထဲမှာ ကိုကိုဝတ်ထားသော အင်္ကျင်္ီတွေက စုတ်ပြတ်ပြီး တစ်ကိုယ်လုံးလည်း သွေးများနှင့်ပေကျံကာ ညိုးငယ်သော အကြည့်တွေနှင့် ကျွန်မကို စိုက်ကြည့်ပြီး…..

“ချစ်ရယ်….ကိုမင်းကို အရမ်းချစ်တယ် မင်းကိုမဆုံးရှုံးချင်ဘူး ကိုယ်နဲ့အတူ လိုက်ခဲ့ပါကွာ….လိုက်ခဲ့ပါကွာ…လိုက်ခဲ့ပါကွာ…..”

“အား……”

ကျွန်မလန့်နိုးသွားတော့ တစ်ကိုယ်လုံး ချွေးများနှင့် စိုချွဲလေ၏…
ထိုအချိန်မှာပဲ ကျန်မရေမွေးအနံ့ နံ့ရလေသည်…
ဒီရေမွှေးအနံ့က ကိုကိုသုံးနေကျ ရေမွှေးအနံ့ပင်…
နောက်ပြီး လေမတိုက်ပဲ ကျွန်မရဲ့ ဆံနွယ်များက ဝေ့ရမ်းလေသည်…

ကျွန်မ တကိုယ်လုံး ကြက်သီးမွေးတွေထပြီး ကြောများချမ်းလာ၏…
ကျွန်မ အခန်းမီးကို ဖွင့်ထားကာ မအိပ်တော့ပဲ တစ်ညလုံ အခန်းထောင့်မှာ ထိုင်နေမိသည်…

မိုးလင်းတော့ ကျွန်မကျောင်းသွားတက်တော့၏…
ကျောင်းသူ/သားတစ်ချို့က ကျွန်မကို ထူးဆန်းသော အကြည့်များနှင့် ကြည့်လေသည်…
ဘာကြောင့်လဲဆိုတာ မသိသလို ပြန်လည်းမမေးမိပေ…

အတန်းရောက်ပြန်တော့လည်း အတန်းထဲမှ ကျောင်းသူ/သားများက ကျွန်မမျက်နှာကြည့်ပြီး တစ်ယောက်နှင့်တစ်ယောက် တီးတိုးပြောကြသည်…
ကျွန်မအကြောင်းကို ပြောနေကြတယ်ဆိုတာ သိပေမယ့် ကျွန်မစိတ်မဝင်စားပဲ အေးအေးဆေးဆေးပင်…..

ကျွန်မစာရေးနေတုန်း အိပ်ကပ်ထဲမှ ထည့်ထားသော ဖုန်းက အသံမြည်လေ၏….
ကျွန်မ ထုပ်ကြည့်လိုက်တော့ သူငယ်ချင်း မေသူဖုန်းနံပတ်ပင်ဖြစ်သည်…

မေသူစာရေးသောခုံနှင့် ကျွန်မခုံနှင့်က မလှမ်းမကမ်း နီးနီးလေးပင်…

“ဟဲ့….မေသူ ဘာလို့ငါ့ကို ဖုန်းဆက်လာတာလဲ…”

“ဘယ်မှာငါဆက်လို့လဲ မဆက်ရဘူးလေ ဖုန်းတောင် မယူထုပ်ရဘူး လွယ်အိပ်ထဲမှာပဲ..”

ကျွန်မလည်း သူလက်ထိလို့ ဖြစ်မယ်လို့သာတွေးပြီး စာပြန်ရေးတော့သည်…

နေ့လယ် ထမင်းစားချိန်ရောက်တော့ မေသူက ကျွန်မဘေးနားကို လာထိုင်လိုက်၏…
အဲ့ဒီအချိန်မှာပဲ ကျွန်မရဲ့ဖုန်းက အသံမြည်ပြန်၏ ကြည့်လိုက်တော့…

“ဟယ်…ထိုးပြန်ပြီ…”

ကျွန်မ အနားမှာ ထိုင်နေသော မေသူကို ကျွန်မ မျက်စောင်းထိုးလိုက်သည်…

“ဘယ်မှာထိုးလို့လဲ ငါမထိုးပါဘူး ကြည့်….ဒီမှာကြည့်…”

မေသူက ကျွန်မကို သူ့ဖုန်းပေးကြည့်လိုက်၏..
ဟုတ်ပေသည် သူကျွန်မဖုန်းကို မထိုးထားရပေ…
ဘယ်သူက ကျွန်မကို ဖုန်းထိုးတာလဲဟု လိုက်ကြည့်နေခိုက် ပြတင်းပေါက်တခါးက လေမတိုက်ပဲ အလိုလို လှုပ်ရမ်းနေပြီး လူတစ်ယောက် ရပ်ကွယ်ထားသည်ကို တွေ့လိုက်၏…

သေချာသည် ဖုန်းသံက အဲ့ဒီကနေလာနေခြင်းပင် ဘယ်သူဘယ်ဝါဆိုတာ ကြည့်နေစရာမလိုပဲ သွေးညှီနံ့က ကျွန်မနှာခေါင်းထဲသို့ တိုးဝင်လာသည်…

ပထမ တစ်ခေါက်က မေသူဖုန်းနံပတ် ပေါ်နေပေမယ် ယခုတစ်ခေါက်က မေသူဖုန်းနံပတ်မဟုတ်ပဲ အခြားဖုန်းနံပတ်ဖြစ်၏..
သည်ဖုန်းနံပတ်က ကျွန်မ ရင်းရင်းနှီးနှီး မြင်ဖူးပြီး ကျွန်မဆီကို အမြဲထိုးနေကျဖုန်းပင်….

“ဟင်….ကိုကို…”

“ဘာတဲ့…ခုနက နင်ဘယ်လို ပြောလိုက်တယ်…”

“သြော်…မ…မဟုတ်ပါဘူး…ဘာမှမဟုတ်ဘူး…”

ကျွန်မ မေသူအမေးကို ထစ်ထစ်ငေါ့ငေါ့နှင့် ပြန်ဖြေမိသည်…
ခုနက ကျွန်မ ရေရွတ်နေသော ကိုကို့နာမည်ကို မေသူကြားသွားတာထင်တယ် ကျွန်မမေသူကို ပြောပြချင်ပေမယ့် ကျွန်မတို့ဘေးနားမှာ ကျောင်းသူ/သားအချို့ရှိ၍ သူတို့သိသွားရင် ကျွန်မကို မကောင်းတဲ့ မိန်းမလို့ ထင်မြင်ကြမှာစိုး၍ မေသူကို ကျွန်မ စကားလှည့်ပြောရသည်….

ဒီနေ့တစ်နေကုန် ကျွန်မနေလို့ထိုင်လို့ မပျော်ပေ စာထဲမှာလည်း စိတ်မဝင်စားတော့ပဲ ကျွန်မ စိတ်တွေတအား လှုပ်ရှားသည်…
ဘာကြောင့်ဆိုတာလည်း ကျွန်မ မသိ
ကျွန်မ ကျောင်းကနေ အဆောင်သို့ပြန်တော့ ကျွန်မအနောက်ကို လူတစ်ယောက် တစ်ကောက်ကောက် လိုက်နေသည်ကို ခံစားရ၏…
အနောက်လှည့်ကြည့်တော့ ဘယ်သူမှ မရှိပေ…

ကျွန်မ စိတ်ထဲ ဘာမှမထားပဲ ခြေလှမ်းများက ငှားနေသော အဆောင်ကိုသာ ဦးတည်၏…
အဆောင်ပြန်ရောက်တော့ ရေမိုးချိုးပြီး အပြင်မှာ ညနေစာ ထွက်စားလိုက်သည်…
ဆိုင်ရောက်တော့ ခုံလွတ်နေသောဝိုင်းကို ကျွန်မဝင်ထိုလိုက်ပြီး စားပွဲထိုးကို လက်ရမ်းခေါ်၍ အဒေါ်ကြီးတစ်ယောက် ကျွန်မ ဝိုင်းဆီ လှမ်းလာလိုက်သည်….

“အဒေါ် သမီးအတွက် ထမင်းနဲ့ ကြက်အသဲမြစ် တစ်ပွဲပေးပါ…”

“ဟင်…နှစ်ယောက်လာပြီး တစ်ပွဲပဲ မှာစားတာလား…”

“ရှင်….သမီးတစ်ယောက်ပဲလေ ဒေါ်ဒေါ်ရဲ့…”

“ခုနက ဝင်လာတာ နှစ်ယောက်လေ…”

“မဟုတ်ရပါဘူး…သမီးတစ်ယောက်တည်းပါ…”

အဒေါ်ကြီးက ဘာမှမပြောတော့ပဲ ခေါင်းကုပ်ပြီး ကျွန်မဝိုင်းကနေ ထွက်ခွာသွားတော့၏…
အသက်ကြီးတဲ့သူတွေက ဒီလိုပါပဲလေ ဟုသာ ကျွန်မတွေးလိုက်သည်…

စားပြီးသောက်ပြီးလို့ ကျွန်မပိုက်ဆံရှင်းပြီး အခန်းသို့ ပြန်လာကာ စာတွေကျက်ရင်းနှင့် ညနက်သွား၏…
ကျွန်မ အခန်းမီးပိတ်ပြီး အိပ်မယ်အပြု ကျွန်မအခန်းပြင်မှ ခြေသံတရှပ်ရှပ် ကြားရသည်…

ခြေသံကို နားထောင်နေရင်း ကျွန်မ မျက်စိအစုံက အမှတ်မထင် ဖွင့်ထားသော ပြတင်း
ပေါက်ဆီ ရောက်သွား၍ ဖျက်ခနဲ အရိပ်တစ်ခု ဖြတ်သွားတာကို တွေ့လိုက်ရ၏…
ခဏအတွင်းမှာပဲ သွေးညွှီနံ့က ကျွန်မနှခေါင်းထဲ့သို့ စူးစူးဝါးဝါး ဝင်လာသည်…

“ချစ်…..ကို့နောက်လိုက်ခဲ့…..”

ကျွန်မအနောက်ကနေ ထွက်ပေါ်လာသော အသံသြသြကြောင့် လှည့်ကြည့်လိုက်တော့ ကိုကို့ရဲ့ ကြောက်မက်ဖွယ် ရုပ်ပုံသဏ္ဌာန်ကို တွေ့လိုက်ရတော့ ကျွန်မ ကြောက်လန့်၍ အာခေါင်ကွဲမတတ် အော်လိုက်မိသည်….

“အား…..”

ကျွန်မ တစ်ကိုယ်လုံး တုန်ယင်ပြီး ကြက်သီးမွေးများ တဖျန်းဖျန်းထကာ ကြောက်စိတ်များက ငယ်ထိပ်သို့ ရောက်လေ၏…

“တောင်းပန်ပါတယ် ချစ်ကို လာမခြောက်ပါနဲ့ တောင်းပန်ပါတယ်…ဟီး…ဟီး….”

ကျွန်မ လက်အုပ်ချီ တောင်းပန်ပြီး ဘုရားစာများရွတ်တော့ ကိုကို့ရဲ့ ကြောက်မက်ဖွယ် ရုပ်ပုံသဏ္ဌာန် ပျောက်ကွယ်သွား၏…
သို့သော် ကိုကို့ရဲ သွေးညှိနံ့အချို့က ကျွန်မကို ကျီစယ်သလိုပင် နှာခေါင်းထဲသို့ စူးစူးဝါးဝါး ဝင်ရောက်၍ ကျွန်မတစ်ညလုံး အိပ်လို့မရတော့ပေ…

နောက်နေ့ ကျွန်မ ကျောင်းသွားတက်တော့ ညပေါင်းများစွာ ကောင်းကောင်းမအိပ်ရ၍ အားအင်များကုန်ခမ်းပြီး နှုံးချိနေသည်…

“ဟဲ့….သူငယ်ချင်း…နေမကောင်းဘူးလား…ဘာဖြစ်နေလဲ…”

“ငါ…ငါ….ငါညတိုင်း…”

ကျွန်မ မေသူကို ဖြစ်ကြောင်းတွေ အကုန်ပြောပြလိုက်သည်….

ညနေကျောင်းဆင်းတော့ ကျွန်မမေသူအခန်းမှာ သွားနားလိုက်၏…
စိတ်မပျော်ပဲ တစ်မိုင်မိုင်ဖြစ်နေသော ကျွန်မက အခြေအနေ မဟန်မှန်း မေသူရိပ်မိသည်…

ကျွန်မ ဘာမှမပြော မလှုပ်ပဲရှိနေခိုက် မေသူရဲ့ အခန်းနားမှ သူငယ်ချင်းတစ်ယောက်က မေသူဆီလာလည်၏..

မေသူရဲ့ သူငယ်ချင်းက ကျွန်မကို ထူးဆန်းသော အကြည့်များနှင့်ကြည့်ပြီး ပြုံးပြလေသည်…
ကျွန်မလည်း ပြန်ပြုံးပြကာ အပေါ့သွားချင်တာမို့ သန့်စင်ခန်းသို့ ဝင်လိူက်၏…
ကျွန်မသန့်စင်ခန်းဝင်တော့ မေသူရဲ့သူငယ်ချင်းက ကျွန်မကိုကြည့်ပြီး မေသူနှင့် စကားပြောကြသည်…

ကျွန်မသန့်စင်ခန်းကနေ ထွက်လာတော့ မေသူရဲ့ သူငယ်ချင်းက ပြန်သွာလေပြီ မေသူက ကျွန်မအနားသို့ တိုးကပ်လာပြီး စကားလာပြော၏…

“သူငယ်ချင်း နင်သိလား ခုနက ပြန်သွားတဲ့ ကောင်မလေးကပြောတယ် နင့်ရည်းစားက အရမ်းခန့်ပြီး နင့်ကိုအရမ်းချစ်မဲ့ပုံပဲတဲ့ နင်အိမ်သာထဲ ဝင်တာတောင် နင့်နောက်ကို တစ်ကောက်ကောက် လိုက်နေတာတဲ့…”

ထိုစကားကြားတော့ ကျွန်မအံ့သြသလို မေသူလည်း အံ့သြသည်…
ဘာလို့လဲဆို အခန်းထဲမှာ ကျွန်မတစ်ယောက်ထဲ ရှိတယ်ဆိုတာ မေသူသိလို့ပဲလေ…

ကျွန်မတို့လဲ အဲ့ကောင်မလေးကို ဖုန်းထိုးသွားကာ ဘယ်လိုတွေ့တယ် ဘယ်လိုပုံစံလဲမေးတော့ ကောင်မလေးက မျက်နှာထားရော အရပ်အမောင်းရော ဆံပင်ပုံစံရော အဝတ်အစားတွေရော အကုန်ပြောပြတော့ ကိုကိုပုံစံနှင့် တစ်ထပ်တည်းကျ၏…

အဲ့ဒါနဲ့ ကျွန်မတို့လည်း ပိုပြီးသေချာအောင် ကိုကိုရဲ့ ညီဝမ်းကွဲဖြစ်တဲ့ ပြည့်ဖြိုးအောင်ဆီကို ဖုန်းဆက်မေးလိုက်သည်…
ပြည့်ဖြိုးအောင်က ကိုဖြိုးအခင်းဖြစ်တဲ့နေက အစစအရာရာ ဆောင်ရွက်ပေးတဲ့သူမို့ ပိုသိ၏…

ပြည့်ဖြိုးအောင် ဖုန်းကိုင်တော့ ကိုကိုဆုံးတုန်းက ဘယ်လိုဝတ်စားထားလဲ မေးလိုက်တော့ အဖြေက ကောင်မလေး ပြောပြတာနဲ့ တစ်ထပ်တည်း ကျလေ၏…
သေချာပါသည် ကိုကိုက ကျွန်မကို ချစ်လွန်း၍ စွဲလမ်းစိတ်နဲ့ မကျွတ်မလွတ်ပဲ ကျွန်မနောက်ကို တစ်ကောက်ကောက် လိုက်တယ်ဆိုတာ သေချာပြီ…

“ဘာမှ စိတ်မကောင်း မဖြစ်ပါနဲ့ သူငယ်ချင်းရယ်… အိပ်တော့နော် ညနက်နေပြီ…”

မေသူက ကျွန်မရင်ထဲမှာ ခံစားရတာတွေကိုသိ၍ ကျွန်မကို အားပေးစကားပြော၍ နစ်သိမ့်ပေး၏…
ကျွန်မက မျက်ရည်ပေါက်တွေကြားမှ အိပ်ပျော်သွားသည်…

“ချစ်…ကိုမင်းကို သိပ်ချစ်တယ်ကွာ…မင်းကို မခွဲနိုင်ဘူး…ကိုနဲ့အတူ လိုက်ခဲ့ပါလားကွား…နော်…နော်…”

တည်ကြည်ခန့်ညားပြီး ညိုးငယ်သော မျက်နှာကနေ ကြောက်စရကောင်းသော အသွင်သို့ ပြောင်းသွား၏…

“နင်ငါ့နောက် လိုက်ခဲ့ရမယ်…ငါ့နောက် လိုက်ခဲ့ရမယ်……ဟား…..ဟား:…ဟား…”

မျက်နှာတစ်ခုလုံး ရုပ်ပျက်ဆင်းပျက်၍ ပါးစပ်မှ ယိုစီးနေသော သွေးများနှင့်အတူ ကျွန်မကို လက်ညိုးနှင့်ထိုးကာ အသံသြသြနှင့် ပြောနေသော ကိုကို့ရဲ့ ပုံသဏ္ဌာန်ဟာ ကြောက်စရာ ကောင်လှပေသည်…

“ငါ့နောက်လိုက်ခဲ….ငါ့နောက်လိူက်ခဲ့…”

“မလိုက္ဘူး…….မလိုက္ဘူး….အား….”

“ဟဲ့…သူငယ်ချင်း…သတိထားဦးလေ…”

မေသူက ကျွန်မရဲ့ကိုယ်ကို ပုတ်ခတ်မှ ကျွန်မအိမ်မက်ဆိုးမှ လန့်နိုးသွား၏…

“ဘာဖြစ်တာလဲ…ငါ့ကိုပြော…”

ကြောက်လန့်တကြားနှင့် ကတုန်ကယင် ဖြစ်နေသော ကျွန်မကို မေသူက အခြေအနေမဟန်မှန်းသိ၍ စိုးရိပ်တကြီး မေးလိုက်၏….

“ငါ…ငါ့…ငါ့ကို….အိမ်မက်ထဲမှာ ကို..ကိုကို.. ကိုကိုလာခေါ်တယ် ပြီးတော့လေ သူ့မျက်နှာက ဒါတ်ရာဒါတ်ချက်တွေနဲ့ အရမ်းကြောက်စရာ ကောင်းတယ်ဟာ…”

“ဟင်…မဖြစ်ဘူး မနက်ကျရင် နင့်ကို ငါ့အသိတစ်ယောက်ဆီ ခေါ်သွားမှ သူက ဒါမျိုးတွေ နားလည်တယ်…”

ကျွန်မစကားကြောင့် မေသူနေမရ ထိုင်မထိကာ ကျွန်မအတွက် စိုးရိမ်ပူပန် ရရှာ၏…
ကျွန်မ တကိုယ်လုံး တုန်ယင်ပြီး ကြောက်စိတ်များကြောင့် အိပ်မပျော်တော့ပေ…
ကျွန်မဖွင့်ထားသော ပြတင်ပေါက်ကို ငေးကြည့်နေမိသည်…

“ငါ့…နောက်လိုက်ခဲ့….

ပြတင်းပေါက်ဝမှ ရုတ်တရက် ထွက်ပေါ်လာသော ကြောက်မက်ဖွယ် ကိုကိုပုံရိပ်နှင့်အတူ အသံသြသြကြောင့် ကျွန်မ အာခေါင်ကွဲမတတ် အော်မိပြန်တော့သည်…

“အား….”

“ဟဲ့…ဟဲ့…ဘာဖြစ်ပြန်တာတုန်း…”

မျက်နှာတစ်ခုလုံး လက်နှစ်ဖက်နှင့် ဖုံးထားရင်း ခွေခွေလေးထိုင်ချကာ ငိုယိုနေသော ကျွန်မအနားသို့ မေသူက ပြေးလာကာ ကျွန်မကို ဖက်ထားလိုက်၏…

“ဘာဖြစ်ပြန်ပြီလဲ သူငယ်ချင်ရယ်…”

“ကို…ကို…ကိုကို…ငါ့…ငါ့…ငါ့ကို…လာ…လာ…လာခေါ်…ပြန်ပြီ သူငယ်ချင်ရယ်…ဟီး…ဟီး…ဟီး.:.”

မေသူ ဝေ့လည် ကြောင်ပတ် ကြည့်လိုက်သည်…

“ဘယ်မှာလဲ…”

“ဟို….ဟိုမှာလေ…”

ကျွန်မ မျက်လုံးဖွင့်မကြည့်ပဲ လက်ညိုးနှင့် ပြတင်ပေါက်ဆီသို့ ညွန်ပြလိုက်သည်…

“မရှိပါဘူး..ကြည့်ပါ…မရှိဘူး…”

ကျွန်မ ခေါင်းလေးကို အသာမော့ကြည့်လိုက်၏…

“အား….”

“သူရှိနေတယ် ရှိနေတယ်…ဟီး…ဟီး…

မေသူက မတွေ့ပေမယ့် ပြုးထွက်နေသော မျက်လုံးအစုံနှင့် ပြတင်းပေါက်ဝမှ ကျွန်မကို စိူက်ကြည့်နေသော ကိုကို့ရဲ့ ရုပ်ပုံသဏ္ဌာန်က ကြောက်မက်ဖွယ်ကောင်းပြီး ထိပ်လန့်စရာကောင်းလှ၏…

ကျွန်မ အော်ဟစ်ငိုယိူပြီး မေသူကို ပြတင်းပေါက်ကိုသာ လက်ညိုးထိုးပြသည်…
မေသူက ပွင့်ဟနေသော ပြတင်းပေါက်ကို ပိတ်လိုက်ပြီး အဝတ်တစ်ခုနဲ့ ထပ်မံကာပေးလိုက်၏…

အဲ့ဒီတော့မှ ကျွန်မ ခေါင်းလေးချကာ အိပ်ပျော်သွားတော့သည်…
မနက်ရောက်တော့ မေသူအသိတစ်ယောက်ဆီသွားဖို့ မေသူနှင့်အတူ ကျွန်မလိုက်သွား၏…

ဟိုရောက်တော့ သစ်ပင်ဝါးပင်အောက်မှ ဆောက်ထားသော တဲအိမ်ငယ်လေးထဲမှ ဝတ်စုံဖြူ အဖိုးအို တစ်ဦးက ကျွန်မတို့ကို ပြုံးကြည့်ပြီး ခရီးဦုးကြိုလေ၏…

“သြော်….သမီးတို့က ရောက်လာကြပြီကိုး…”

“ရှင်…ဆရာက သမီးတို့ရောက်လာမှာကို ကြိုသိနေတယ်…”

မေသူအမေးကို အဘက ပြန်မဖြေပဲ ပြုံးပြရင်း တဲအိမ်လေးပေါ်သို့ တက်သွားလေသည်…

“လာ…သူငယ်ချင်း…”

မေသူက ကျွန်မကို ဦးဆောင်၍ တဲ့အိမ်လေးပေါ် တက်သွား၏…
ကျွန်မလည်း မေသူအနောက်ကနေ လိုက်တက်တော့ ဝတ်စုံဖြူကြီးနှင့် အဘကတော့ ဘုရားစင်ရှေ့မှ နေရာယူထားလေပြီ…

“ကဲ့…ကံယကံရှင် သမီးလေး ရှေ့တိုး…”

“ဟဲ့…လာလေ…အဘနှင့်ကို ခေါ်နေတာ…”

ထိုအဘကို ကျွန်မက ငေးကြောင်ကြည့်နေမိစဉ် မေသူခေါ်လိုက်မှ သသိတွေ ဝင်လာသည်….
အဘက ကျွန်မကို သေချာစိုက်ကြည့်ပြီး အိမ်ရှေ့မှ အရွက်တစ်ရွက်ကို ခိုင်းခူးလိုက်၏….
ကျွန်မလည်း အဘပြောသလိုပဲ အိမ်ရှေ့မှ သစ်ရွက်ကို ခူးပေးပြီး အဘကို ပေးလိုက်သည်…

“ဟင်…..”

အဘနုတ်မှ ထွက်သော အာမေဍိတ် အသံကြောင့် ကျွန်မနှင့် မေသူ ထိပ်လန့်သွားမိသည်…

“ဘာဖြစ်လို့လဲဟင်…အဘ…”

မေသူက အဘကို မေးလိုက်၏…

“သမီးနောက်ကို လူတစ်ယောက် လိူက်လာတယ်…”

“ရှင်….”

ကျွန်မနှင့် မေသူ အံ့သြ၍ ပြိုင်တူ အာမေဍိတ်အသံ ထွက်ပေါ်လေသည်…

“အဲ့ဒီလူက သမီးနဲ့ ဘာတော်လဲတော့ အဘမိသိပေမယ့် သူက သမီးအသက်ကိုပါ အရယူဖို့ ကြိုးစားနေတယ် အဲ့ဒီတော့ သူ့အတွက် ကုသိုလ်ကောင်းမှု လုပ်ပေးရမယ် သမီးအသက်ကိုတော့ အဘ ကာကွယ်ထားလိုက်မယ်…”

“ဟုတ်ကဲ့ပါ…အားကိုးပါတယ်…အဘရယ်….”

မေသူက ဝင်ပြောလိုက်ပြီး အဘက ကျွန်မခေါင်းပေါ်ကို ရည်မှန်းတွေနှင့် ဖြန်းပေးရင်း ပါးစပ်မှ ဂါထာများကို ရွတ်ဖတ်လေသည်…

အဘက ယတြာချေပေးပြီး ဘုန်းကြီးကျောင်းကို တစ်ပြိုင်တည်း သွားပြီး အလှူလုပ်ဖို့မှာလိုက်၏…ကျွန်မလည်း အဘကို ဆေးဖိုးဝါးခ အဖြင့် ဝတ္ထုငွေတွေနှင့် ကန်တော့ခဲ့ပြီး ဝတ္ထု ပစ္စည်းတွေ ဝယ်ရင်း တစ်ပြိုင်နက် ကျွန်မတို့နှစ်ယောက် ဘုန်ကြီးကျောင်းကို တက်ကြလေသည်…
ဘုန်းကြီးကျောင်းရောက်တော့ ဘုန်ကြီးကို အကြောင်းစုံ ပြောပြလိုက်၏…

“အင်း….ဒကာမလေး ပြောအရဆို ဒကာလေးက သူ့ရဲ့စွဲလမ်းစိတ်ကြောင့် တော်ရုံနှဲ့ ဘဝကူးကောင်းမှာ မဟုတ်ဘူးကွဲ…”

“အဲဒါဆို တပည့်တော်မ ဘယ်လို လုပ်သင့်ပါသလဲဘုရား…”

“အင်…ဒကာမလေးက သူ့အတွက် ကုသိုလ်များများ လုပ်ပေးပါ နေ့စဉ်နေ့တိုင်း ဘုရားတရားလုပ်ပြီး ဒကာလေးအတွက် အမျလေးဝေပေးလိုက်ပါကွယ်..:.”

.”တင်ပါ့ဘုရား…”

ကျွန်မနှင့်မေသူ အသင့်ဝယ်လာသော ပစ္စည်းများနှင့် လှူဖွယ်ဝတ္ထု အစုစုတို့ကို ဘုန်းဘုန်းကိုလှူပြီး ကိုကို့အတွက် ရေစက်ချ အမျအတန်းပေးဝေလိုက်သည်…
ပြီးတော့ ကျွန်မတို့ ဘုန်းဘုန်းကို ဦးချပြီး အဆောင်ပြန်သွားကြ၏…

ကျွန်မ နေ့စဉ်နေ့တိုင်း ဘုရာတရားလုပ်ပြီး ကိုကို့အတွက် အမျအတန်း ပေးဝေပေမယ့် ကိုကို့ရဲ့ အငွေ့အသက်များက ကျွန်မအနှောက်ကို တစ်ကောက်ကောက် လိုက်စမြဲပေ…

တစ်ညမှာတော့../
“ဟီး…ဟီး…ဟီး….”

တစ်ရှုပ်ရှူပ်နှင့် ငိုရှိုက်သံကြား၍ ကျွန်မအခန်းတခါးကိုဖွင့်ပြီး ကြည့်လိုက်တော့ အင်္ကျင်္ီစုတ်ပြဲနှင့် ညိုးငယ်သော မျက်နှာနှင့် အခန်းရှေ့မှ ကိုကိုထိုင်ငိုနေသည်…

“ဟင်…ကို…ကို…”

“ဟုတ်ပါတယ်…ကိုပါ…”

ကျွန်မ အံ့သြ၍ စကားများ ထစ်ငေါ့သွား၍ ကိုကိုကိုယ်တိုင်ပင် ကျွန်မပြောမဲ့ စကားကိုသိနေသလိုနှင့် ကာပြောလိုက်သည်…

“ချစ်ရယ်…ကိုကို ချစ်ကို ချစ်လွန်းလို့ ကိုကိုမခံစားချင်လို့ ကိုယ်ကကိုကိုယ် အဆုံးသတ်ပြီး ချစ်ကို စွဲလမ်းတဲ့စိတ်နဲ့ ကိုကို ဒီဘဝကို ရောက်ရတာပါ…”

ရိုက်သံနှင်အတူ ညိုးငယ်သော မျက်နှာနှင့် ကျွန်မကို စကားပြောသော ကိုကို့ကို ကျွန်မသနားမိ၏…

“ချစ်ကိုကိုနဲ့ မလိုက်ရင်လည်း ရပါတယ် ဒါပေမယ့် ကို့ကို ချစ်ရဲ့အနားမှာ နေခွင့်ပေးပါ ကို့ကိုမနှင်ထုပ်ပါနဲ့…”

“ဒါ…ဒါပေမဲ့ကိုရယ်…ချစ်တို့တွေက ဘဝခြားသွားပြီလေ ကိုကိုကောင်းရာဘုံကို သွားပါ ချစ်ကို မေ့လိုက်ပါ…”

“ကိုနားလည်ပါပြီချစ်ရယ်…ကိုသွားတော့မယ်…”

ခေါင်းလေးငုံ့ကာ တစ်ရွှေ့ရွှေ့ထွက်သွားနေသော ကို့ရဲ့နောက်ကြောကို ငေးကြည့်ရင်း ကျွန်မရဲ့ မျက်ရည်များက ပါးပြင်ပေါ်သို့ စီးကျလေ၏…
ကိုကိုက တဖြည်းဖြည်းနှင့် အမှောင်ထုထဲဝင်သွားကာ ပျောက်ကွယ်သွားတော့သည်…”

“ကိုကို…”

ကျွန်မ အိမ်မက်မှ လန့်နိုးတော့ မိုးလင်းနေပြီ
ကျွန်မလည်း ရေမိုးချိုးပြီး ကျောင်းသွားတော့သည်…
သေချာပြီ ကိုကို့အငွေ့အသက် မရတော့ဘူး ကိုကို ကျွန်မအနားကနေ ထွက်သွားလေပြီ ကိုကိုထွက်သွားမှပဲ ကိုကို့ကို ကျွန်မ သတိရမိသည်…
အတိတ်က ကိုကိုနဲ့ ပျော်ခဲ့ဖူးတာတွေကို ပြန်တမ်းတပြီး ကျွန်မငိုရှိုက်မိလေတော့၏…

ပြီး…/

ဝါသနာရှင်သာ ဖြစ်သည်မို့ အမှားများပါရင် ခွင့်လွတ်ပါ စာဖတ်သူ အားလုံးကို အစဉ်လေးစားလျှက်👉မြတ်သောမောင်👈(ဒုံဝန်း)