စွဲလမ်းတစ်ခု၏သံယောဇဉ်

Posted on

စွဲလမ်းတစ်ခု၏သံယောဇဉ်(စ/ဆုံး)

———————————-

အချိန်ရာသီကာလကား တန်ဆောင်မုန်းလဆန်းထဲရောက်နေသည်မို့ ဆောင်း၏အငွေ့အသက်လေးတွေဖြစ်တဲ့ မြူနှင်းကလေးများနှင့် မြောက်လေလေးများဝင်ရောက်တိုက်ခတ်
ကျဆင်းလို့လာလေပြီဖြစ်လေသည်။

တန်ဆောင်မုန်းလဆောင်းလေညင်းတွေနဲ့အတူ အိမ်ခြံမြေ
ပွဲစားအောင်ကြီးရဲ့စကားတွေဟာ ပွဲစားဆိုသည်အတိုင်း
လူတစ်ယောက်ကို မလိုချင်သည်ပစ္စည်းကိုလိုချင်လာအောင်ဆွဲဆောင်နေပြီး စကားလေသံတွေကအစ ပြေပြစ်
သာယာမှုအပြည့်နဲ့အဆင်ချောမွေ့နေလေ၏။

နေခန့်,ငါ့ညီမို့,အကိုပွဲစားခတောင်မယူပဲဒီအိမ်နဲ့ဒီခြံကို သိန်း
၁၅၀၀ထဲနဲ့ပေးရောင်းလိုက်တာနော် ဘေးလူများဆိုလို့ကတော့,အကိုသိန်း၂၀၀၀လောက်တင်ရောင်းပြစ်မှာ တန်ပါတယ် နေခန့်,ငါ့ညီရာ အိမ်ပုံဆန်လေးကလည်းချစ်စရာလေး အထဲကဖွဲ့စည်းထားတဲ့,အခန်းတွေကလည်း ကျယ်
ကျယ်ဝန်းဝန်းနဲ့ အိပ်ခန်း၅ခန်းအပြင် ဘုရားခန်းကလည်းအကျယ်ကြီးတစ်ခန်းသီးသန့်ပါသေးတယ် အိမ်နဲ့လမ်းကလည်းနီး ချက်ပြုတ်စားသောက်ဖို့အတွက် စျေးနဲ့ရော
စားသောက်ဆိုင်တွေနဲ့ပါနီးသေးတယ်ငါ့ညီရာ,ပြီးတော့ အိမ်ရဲ့အနောက် ပြင်ဦးလွင်မြို့ရဲ့အလှအပတောင်တန်းကြီးတွေကိုလည်း ငါ့ညီလို စာရေးတဲ့သူတွေအတွက် သဘာဝရဲ့အလှတရား ရှုခင်းတွေကို အနုပညာခံစားချက်တွေနဲ့ အေးအေးဆေးဆေးခံစားလို့ရနိုင်တယ်မလားငါ့ညီရဲ့
ငါ့ညီနဲ့အကိုနဲ့ဆိုတာ ဆွေမျိုးစပ်မယ်ဆို ညီအကို၄ဝမ်းကွဲ
လောက်တော်ပါသေးတယ် နေခန့်ငါ့ညီရာ အကိုက ငါညီကို
မဟုတ်တာဘယ်လုပ်ပါမလဲကွာ, နောက်ပြီး ငါ့ညီတွေ့တဲ့အ
တိုင်းအိမ်ထဲမှာ ပရိဘောဂပစ္စည်းဆိုတာအပြည့်စုံပါနေပြီး
သားပဲ ငါ့ညီထက်ဝယ်စရာမလိုတော့ဖူး အစစအရာရာအကုန်ပြီးပြည့်စုံနေပြီးသားပါကွာ,

ကိုအောင်ကြီးမှာ ကျွန်တော်နဲ့ဆိုညီအကို၄ဝမ်းကွဲလောက်
တော်လေပြီး ညီအကိုချင်းတော့,မဟုတ်တာမလုပ်ပါဖူးဟု
ကျွန်တော်တွေးလိုက်မိ၏။

ကဲပါကိုအောင်ကြီးရာ ဒီလောက်လည်းကျွန်တော်ကို ဒီအိမ်
နဲ့ဒီခြံ ရောင်းထွက်ဖို့အရေး ပွဲစားဆိုတဲ့အတိုင်းစကားတွေ
ဖောင်ဖွဲ့ပြပြီး လေကုန်မခံနေပါနဲ့တော့ဗျာ,ကျွန်တော်ဒီအိမ်နဲ့ခြံကိုဝယ်မှာပါ ညီအကိုတွေတော်နေကြတာပဲ မဟုတ်တာ
တော့ ကိုအောင်ကြီး ကျွန်တော်ကိုမလုပ်လောက်ပါဖူး
ဟုတ်တယ်မလား ကိုအောင်ကြီး ဟား….ဟား…..ဟား….

ထိုနေ့က အိမ်နဲ့ခြံဝယ်ဖြစ်သွားလို့ အိမ်ခြံပိုင်ရှင်ကို ကိုအောင်ကြီးက ဖုန်းနဲ့ဆက်သွယ်အကြောင်းကြားလိုက်၍
အိမ်စီးကားလေးနဲ့ရောက်ချလာပြီး အိမ်အရောင်းအဝယ်
စာချုပ် ချုပ်ဖြစ်သွား၍ အသစ်စက်စက်ခြံနဲ့အိမ်ကြီးရဲ့ပုိင်
ရှင်ဖြစ်သွားရလေတော့၏။

အိမ်ရောင်းတဲ့သူတွေပြန်သွားတော့မှ,ကိုအောင်ကြီးနဲ့,ကျွန်တော်အိမ်ထဲ အမှိုတ်တွေနဲ့ဖုန်တွေ မလိုအပ်တဲ့ပစ္စည်းတွေကို နှစ်ယောက်သားရှင်းလင်းရတော့လေသည်။

သိပ်ပြီးထွေထွေထူးထူးတော့ရှင်းလင်းစရာမလို ဖုန်လေးနည်းနည်းပါးပါးနဲ့ ပင့်ကူမျှင်လေးတွေလောက်သာ
လှဲကျင်းရှင်းလင်းလိုက်ရသည် ကိုအောင်ကြီးပြောပြတာ
တော့ ဒီအိမ်ကြီးနဲ့ခြံကြီးကို အိမ်ပိုင်ရှင်တွေက သုံးလတစ်ခါလောက်အမြဲတမ်းလူငှါးပြီး လာရှင်းကြတယ်ဟုဆို၏။

နှစ်ယောက်သားတစ်အိမ်လုံးကို ရှင်းလင်းပြီးသောအခါ
အချိန်ကိုကြည့်လိုက်တော့,ညနေ၄နာရီထိုးနေပြီဖြစ်၍

ကိုအောင်ကြီးရေ ကျွန်တော်တော့,ရေချိုးလိုက်အုံးမယ်ဗျ,
ပူစပ်ပူလောင်ဖြစ်ပြီး လူတကိုယ်လုံးချွေးတွေနဲ့နံစော်နေပြီ
ပြီးမှ ကိုအောင်ကြီးကို ကျွန်တော်ဘီယာဆိုင်လိုက်ပြီးအဝ
တိုက်မယ်

အေး..အေး..ချိုး..ချိုး..မြန်မြန်လည်းချိုးအုံး မင်းပြောလိုက်တဲ့ ဘီယာဆိုတဲ့အသံကြားတာနဲ့,ငါပါးစပ်လှုပ်
လာပြီးကွ,သောက်ချင်လွန်းလို့,ဟား….ဟား…ဟား…

ကိုအောင်ကြီးက ကျွန်တော်ဘီယာတိုက်မယ်ပြောလိုက်တာနဲ့,ကျွန်တော်ကိုစနောက်လိုက်လေတော့သည်။

ကျွန်တော်လည်း ပါလာသည်အဝတ်စားအိတ်ထဲမှ ပုဆိုးတစ်ထည်နဲ့,သဘက်တစ်ထည်ကိုပုခုံးပေါ်တင်ပြီး ရေချိုးခန်းရှိရာသို့,ထွက်လာခဲ့လိုက်လေ၏။

ညထဲက မိုးကုတ်မြို့ကနေကားတစ်ညလုံးမောင်းလာရသဖြင့်,လူကလည်းပင်ပန်းနွမ်းနယ်နေသည်မို့,ရေချိုးခန်းထဲရောက်သည်နှင့် ရေပန်းမှရေဖွင့်ချလိုက်တာနဲ့ လူတစ်ကိုယ်လုံးပေါ့ပါးလန်းဆန်းသွားသလိုခံစားလိုက်ရလေသည်။

ရေမိုးချိုးပြီးတာနဲ့,အိတ်ထဲမှ,ဘောင်းဘီရှည်တစ်ထည်နှင့်
အင်္ကျီလက်ရှည်တစ်ထည်ကိုရွေးဝတ်လိုက်ပြီး မျက်နှာလူးဆေးလေးနည်းနည်းပါးပါးလူး ခေါင်းလိမ်ဆီးလေးထည့် ဖီးလိမ်ပြီး ဘီယာဆိုင်သွားဖို့,ကားကိုမယူတော့ပဲ ပြင်ဦးလွင်မြို့ရဲ့,ညနေဆည်ဆာအလှကို ဆိုင်ကယ်နဲ့လွတ်လွတ်လပ်လပ်ကြည့်ရှုခံစားချင်တာနဲ့ပဲ ကိုအောင်ကြီးဆိုင်ကယ်နဲ့,ဘီယာဆိုင်ရှိရာသို့,ထွက်လာခဲ့လေသည်။

နေခန့်,နဲ့,အောင်ကြီးမသိလိုက်သည်တစ်စုံတစ်ရာသဏ္ဍာန်
တစ်ခုသည်ကား သူတို့နှစ်ယောက်ကို အိမ်ကြီးပေါ်ကနေ
သေချာစိုက်ကြည့်နေသည်ကိုတော့ နေခန့်နဲ့,အောင်ကြီးတို့
နှစ်ယောက် မသိလိုက်ပေ။

နေခန့်မှာ မိုးကုတ်မြို့ဇာတ်ိဖြစ်ပြီး နေခန့်၏,မိဘများမှာအဖေဦးဘိုးထွန်း အမေဒေါ်စန်းလေးဖြစ်၍ ဦးဘိုးထွန်းဒေါ်စန်း
လေးတို့လင်းမယားနှစ်ယောက်မှာ ဖိုးဟန်နေခန့်ဆိုတဲ့သားယောက်ျားလေးနှစ်ယောက် ထွန်းကားလေပြီး နေခန့်မှာအငယ်ဆုံးသားဖြစ်လေ၏။

ဖိုးဟန်နဲ့,နေခန့်တို့ညီအကိုနှစ်ယောက်မှာ ဖိုးဟန်းက အသက် အသက်၃၄နှစ်ကျော်ရှိပြီး နေခန့်ကတော့ အသက်
၂၇နှစ်ကျော်ပြီဖြစ်ကြပြီး ခုချိန်ထိ အိမ်ထောင်မကျသေးပဲ
လူပျိုကြီးတွေဖြစ်နေကြလေသည်။

မိုးကုတ်မြို့၌ မိဘတွေပိုင်ဆိုင်သည် စိန်ရွှေရတနာဆိုင်ကြီး
တွေကို ဦးစီးလုပ်ကိုင်နေရင်း ခုပြင်ဦးလွင်မြို့၌ ဆိုင်ခွဲဖွင်ရန်
ခြံနဲ့အိမ်တစ်လုံးဝယ်ပြီး နေရာအကွက်အကွင်းကောင်းသည်နေရာကို စုံစမ်းလေ့လာရန် နေခန့်တစ်ယောက်ရောက်
လာခြင်းဖြစ်လေ၏။

ပြင်ဦးလွင်မြို့မှာက နေခန့်၏အဖေ ဦးဘုိးထွန်းရဲ့,အကို
သုံးဝမ်းကွဲတော်သူ ဦဗညားဆိုတာရှိသောကြောင့်, ခုလိုပြင်
ဦးလွင်မြို့၌ ခြံနဲ့အိမ်တစ်လုံးကိုဝယ်ပြီး စိန်ရွှေရတနာဆိုင်
ဖွင့်၍ စီးပွားရေးကိုတိုးကျဲ့ဖို့ ဖြစ်လာရခြင်းပင်ဖြစ်ပေ၏။

ဦးဗညားဆိုသူမှာလည်း ကိုအောင်ကြီးရဲ့အဖေဖြစ်လေသည်။

ကျွန်တော်လည်း ကိုအောင်ကြီးဆိုင်ကယ်နောက်ကနေ ပြင်
ဦးလွင်မြို့ရဲ့ ညနေဆည်ဆာအလှအပတွေနဲ့ လတ်ဆတ်တဲ့
လေကောင်းလေသန့်တွေကို ခံစားကြည့်ရှု့ရင်း ကိုအောင်
ကြီးဆိုင်ကယ်ရပ်လိုက်တော့မှ, ဆိုင်ကယ်ပေါ်မှဆင်းလိုက်ပြီး

ဟား…ကိုအောင်ကြီး…ဒါကိုအောင်ကြီးအိမ်ပဲ ဘီယာဆိုင်မှ
မဟုတ်တာ ဘာလဲဘီယာမသောက်တော့ဖူးလားဗျ,ကုိ
အောင်ကြီးက

ကျွန်တော်လည်း ဘီယာဆိုင်သွားမှာထင်ပြီး ခုကိုအောင်ကြီးက သူအိမ်ရှေ့ဆိုင်ကယ်ကိုရပ်လိုက်သဖြင့် မေးလိုက်
ခြင်းပင်ဖြစ်သည်။

ဟ,ကောင်နေခန့်ရ,ငါကရေမှမချိုးရသေးတာ မင်းကြတော့
ရေမိုးချိုးအဝတ်စားတွေသားသားနားနားနဲ့ ငါ့ကြတော့ ချွေးစော်တွေနံနံစော်စော်ကြီးနဲ့, လူတွေကြားထဲသွားရမှာလားကွ,,ငါလည်းရေမိုးချိုးအလှလေးဘာလေး ပြင်အုံးမှပေါ့ကွာ,ဟား…ဟား…………….

ကိုအောင်ကြီးနဲ့အတူ အိမ်ထဲဝင်လာခဲ့ပြီး ဧည့်ခန်းက စတီ
ခုံတစ်ခုံပေါ်ထိုင်လိုက်ပြီး ကိုအောင်ကြီးရေမိုးချိုးနေတာကို
စောင့်နေလိုက်၏။

ဟား…ဟေ့,ကောင်နေခန့်,မင်းဒီကိုရောက်နေတယ်ဟုတ်လား

ကျွန်တော်လည်း အသံကြားရာကြည့်လိုက်တော့,

ဟား..လင်းအောင်သူငယ်ချင်း မင်း..မင်း..မြန်မာပြည်ကို
ပြန်ရောက်နေတယ်,,ဘယ်အချိန်ထဲပြန်ရောက်နေတာ
လည်းငါလည်းမသိရပါလား

ကျွန်တော်လုံးဝမထင်ထားတဲ့,လင်းအောင်ကိုတွေ့လိုက်ရ
၍,အရမ်းအံသြသွားရလေ၏။

လင်းအောင်ဆိုတာက ကိုအောင်ကြီး၏,ညီဖြစ်ပြီး ကျွန်တော်တို့လိုပင် ဦးဗညားနဲ့ဒေါ်သန်းနုတို့လင်မယားနှစ်ယောက်မှာလည်း ကိုအောင်ကြီးနဲ့,လင်းအောင်ဆိုသည်
ညီအကိုနှစ်ယောက်သာ ထွန်းကားလေသည်။

ဦးဗညားတို့တွေရဲ့,မွေးရပ်ဇာတ်ိမြေမှာ ကျွန်တော်တို့
မိုးကုတ်ဇာတိပင် ကျွန်တော်အသက်၁၉နှစ်လောက်ရောက်
မှ,ဦးဗညားတို့မိသားစုတွေ ပြင်ဦးလွင်မြို့သို့ပြောင်ရွေ့နေ
ထိုင်လာကြခြင်းပင်ဖြစ်လေ၏။

လင်းအောင်နဲ့,ကျွန်တော်ဆိုသည်မှာလည်း ငယ်ငယ်ပေါင်းသင်းလာခဲ့သည်အချစ်ဆုံးသူငယ်ချင်းတွေဖြစ်သည်အပြင်
ဆွေမျိုးတွေလည်းတော်နေသေးသည်မဟုတ်ပါလော။

လင်းအောင်က စင်္ကာပူနိုင်ငံသို့ အလုပ်သွားလုပ်နေသည်မှာ
ငါးနှစ်ပင်ရှိနေခဲ့ပြီး အခုလို့ဗြုန်းစားကြီးတွေ့လိုက်သော
ကြောင့် အံ့သြသွားရခြင်းပင်။

အေးကွ,နေခန့်ရ,ငါလည်းနေခင်းလောက်ကမှ,ပြန်ရောက်တာကွ,,ငါပြန်လာမှာကိုကြိုပြီး အသိမပေးအကြောင်းမကြားရတာက ငါမိဘတွေငါ့ကို ဗြုန်းစားကြီးတွေ့လိုက်ရ
ရင်း အံ့သြသွားအောင်လို့ပါကွ,နေခန့်ရ,

အေးကွာ,လင်းအောင်ရာ မင်းကိုတွေ့လိုက်ရတော့,ငါပိုပြီး
ဝမ်းသာသွားပြီ ငါဒီနေ့ မင်းတို့ပြင်ဦးလွင်မြို့မှာ ခြံနဲ့တိုက်တစ်လုံးဝယ်ဖြစ်လို့ မင်းအကို ကိုအောင်ကြီးကို ပွဲစားခမပေးရလို့ ဘီယာလိုက်တိုက်မလို့လုပ်နေတာ မင်းပါတစ်ခါထဲလိုက်ခဲ့လေကွာ,ခုလိုပြန်တွေ့ရတုန်းပျော်ရွှင်ပွဲလေး
လုပ်ရတာပေါ့ကွာ,

ကိုအောင်ကြီးရေမိုးချိုးပြီးတာနဲ့,ကျွန်တော်လည်း ဦးဗညား
နဲ့ဒေါ်လေးသန်းနုကိုနုတ်ဆက်ပြီး လင်းအောင်နဲ့အတူ စား
သောက်ဆိုင်လေးတစ်ဆိုင်သို့,ဆိုင်ကယ်တစ်စီးထဲနဲ့ သုံးယောက်သားထွက်လာခဲ့ကြလေသည်။

တန်ဆောင်မုန်းလဆိုတော့ ပြင်ဦးလွင်မြို့၌ ဆောင်းရဲ့အအေးဓါတ်က လွှမ်းမိုးနေလေပြီ သို့ပေမဲ့ ကျွန်တော်တို့ မိုးကုတ်မြို့လောက်တော့ အအေးဓါတ်သိပ်ပြီးမအေးပေ
ကျွန်တော်တို့,မိုးကုတ်မြို့ဆို ဆောင်းတွင်းရောက်ပြီဆိုရေ
တွေတောင်ခဲကုန်လေ၏။

ကိုအောင်ကြီးက ဆိုင်ကယ်လေးကိုစားသောက်ဆိုင်လေး
တစ်ဆိုင်ရှေ့တွင်ထိုးရပ်လိုက်ပြီး ကျွန်တော်တို့သုံးယောက်
လည်းဆိုင်ကယ်ပေါ်မှဆင်း၍,ဆိုင်လေးအတွင်းထဲသို့ဝင်
လာခဲ့ပြီး မြန်မာဘီယာ ၇လုံးမှာလိုက်ပြီး ကန်စွန်းပလိမ်းတစ်ပွဲ၊ဝက်ခေါင်းသုပ်တစ်ပွဲ အာလူးကြော်တို့မှာလိုက်ပြီး
၅၅၅စီးကရက်ဆေးလိပ်ကိုမှာသောက်လိုက်လေသည်။

ဒါနဲ့,နေခန့်မင်းကိုငါမေးရအုံးမယ် မင်းကဒီမှာ အိမ်နဲ့ခြံနဲ့ဝယ်ပြီး တစ်ယောက်ထဲနေမှာလားကွ,ဘာအလုပ် လုပ်
မှာလည်းကွ,,

လင်းအောင်ကကျွန်တော်ကို မိုးကုတ်မြို့မှာမနေပဲ ပြင်ဦးလွင်မြို့၌ အိမ်နဲ့ခြံလာဝယ်ပြီး တစ်ယောက်ထဲလာနေသည်ကို သိချင်လွန်း၍ မေးလေခြင်းဖြစ်၏။

ဒီလိုကွ,လင်းအောင်ရ,ငါမင်းတို့မြို့မှာ အိမ်နဲ့ခြံလာဝယ်ရခြင်းအကြောင်းက ငါမိဘတွေပိုင်ဆိုင်တဲ့ မိုးကုတ်မြို့မှာ
စိန်ရွှေရတနာဆိုင်သုံးဆိုင်ရှိတယ်မလား ငါ့အမေရယ်ငါ့အကိုဖိုးဟန်ရယ် ငါထိုင်တဲ့ဆိုင်ရယ်သုံးဆိုင်ရှိတယ်လေကွာ,အေးအဲ့ဒီငါထိုင်တဲ့,ဆိုင်ကို မင်းတို့မြို့မှာ ဆိုင်လာခွဲ
ဖွင့်ဖို့ပေါ့ကွာ,,ဟိုကဆိုင်ကိုတော့,ငါ့အဖေလောလောဆယ်
ထိုင်နေတယ် ဒီမှာဆိုင်မဖွင့်ဖြစ်လဲ အိမ်နဲ့ခြံဝယ်ထားတာ
မှားတာမှမဟုတ်တာလင်းအောင်ရာ အိမ်နဲ့ခြံဆိုတာ တစ်နှစ်နဲ့တစ်နှစ် စျေးကတက်နေတာမဟုတ်လားကွ,,

ဟား..နေခန့်,မင်းတို့မိသားစုတွေကတော့ စီးပွားရေးသရဲတွေပဲကွ,,မင်းတို့တွေ ဒီလောက်ချမ်းသာနေတာ အေးဆေး
နေနိုင်နေတာပဲကွာ,,

အေး..ဟုတ်သားပဲနေခန့်ရာ လင်းအောင်ပြောတာမှန်နေတာ
ပဲ မင်းတို့မိသားစုဒီလောက်ချမ်းသာနေတာ အေးဆေးထိုင်း
စားလို့ရနေတာပဲကွာ,,

လင်းအောင်ကျွန်တော်ကိုပြောလိုက်သည်ကို ကိုအောင်ကြီး
ကပါ ကြားကဝင်ပြီးထောက်ခံပြောလေသည်။

မဟုတ်ပါကိုအောင်ကြီးရာ အမှန်ကကျွန်တော် အိမ်မှာနေရ
တာပျင်းလာလို့,အကြောင်းပြချက်ရှာပြီး ဒီပြင်ဦးလွင်မြို့မှာ
အိမ်နဲ့ခြံဝယ်ပြီး သုံးလလောက်အေးဆေးလာနားရင်း ကျွန်
တော်ဝါသနာပါတဲ့,စာရေးတဲ့အလုပ်လေးကို စိတ်အေးလက်အေးနဲ့,ရေးချင်လို့ပါဗျာ,,မိုးကုတ်မှာနေရင် တစ်နေ့တစ်နေ့ ဆိုင်နဲ့အိမ်နဲ့ နားရတယ်မရှိပါဖူး ကျွန်တော်ဝါသနာပါတဲ့စာရေးတဲ့အလုပ်လေးတောင် မလုပ်နိုင်ဖူးဒါ
ကြောင့် ခုလိုစဉ်းစားကြံစည်လိုက်ရတာပဲဗျ,, ဒါမှ,အဖေနဲ့
အမေကလည်း လွှတ်မှာမဟုတ်လားဗျ,,ဟား….ဟား……

သြော်……လက်စသတ်တော့,မင်းကဒီလိုအကြံစည်နဲ့,ဒီမြို့
မှာ အိမ်နဲ့ခြံလာဝယ်တာကိုနေခန့်ရ,,တက်လည်းတက်နိုင်ပါကွာ,ဟား….ဟား….ဟား…………

လင်းအောင်က ကျွန်တော်အကျိုးအကြောင်းရှင်းပြလိုက်
တော့မှ,နားလည်သဘောပေါက်ပြီး သဘောကျစွာရယ်မော
နေလေတော့၏။

ထိုနေ့ညနေကတော့,ကျွန်တော်တို့သုံးယောက်သားဘီယာလေးအရှိန်လေးဖြင့်,အိမ်ကိုပြန်ခဲ့ကြလေ၏။

ကိုအောင်ကြီးကကျွန်တော်ကို ဆိုင်ကယ်နဲ့လိုက်ပို့ပေးပြီး
ပြန်သွားလေသည်။

ကျွန်တော်ဝယ်ထားတဲ့,အိမ်နဲ့,ကိုအောင်ကြီးတို့အိမ်နဲ့ဆို
ဆိုင်ကယ်နဲ့ဆို ငါးမီနစ်လောက်သာမောင်းရလေသည်။

အိမ်ရောက်သည်နှင့် ခြံကိုသေချာသော့တွေခတ် တံခါးတွေ
ပိတ်လိုက်ပြီး အိပ်ခန်းငါးခန်းအနက် တစ်ခန်းကိုစိတ်ကြိုက်
ရွေးလိုက်ပြီး အိပ်ဖို့လုပ်ရလေတော့သည်။

အရင်အိမ်ပိုင်ရှင်တွေက တော်တော့တော်သည် ကျွန်တော်
ဒီအိမ်ကြီးကို ဝယ်မည်ဆိုတာနှင့် အိမ်ကြီးရဲ့အိပ်ခန်းတွေအကုန်လုံးကို မွေ့ယာစောင်ခြင်ထောင်အစုံတစ်ခါထဲ
ဝယ်ထည့်ပေးထားပြီး အိမ်ရောင်းကောင်းအောင် လုပ်ထား
လေခြင်းကြောင့်ပင်ဖြစ်သည်။

အခန်းထဲရောက်သည်နှင့်,ဘီယာဆိုင်မှာထဲက ဘီယာသောက်ရင်း မုန့်တွေစားခဲ့လို့,ညစာအတွက်တော့,ထွေထွေ
ထူးထူးစားစရာမလို့တော့ပေ စကားပြောဖော်လည်းမရှိတော့,အိပ်ဖိုသာရှိတော့၍,အိပ်ရန်ကုတင်ပေါ်ခင်းထားသည်
မွေ့ယာကြီးပေါ်သို့,ခြေပြစ်လက်ပြစ်လှဲချလိုက်လေတော့၏။

အိပ်မလို့ လုပ်တုန်းဗြုန်းဆို

ဒီမှာ..ဒီမှာရှင့်,ရှင်ဒီအခန်းထဲမှာ အိပ်လို့မရဖူး ဒါကျမအခန်း ကျမအိမ်ရှင့်,ရှင်ခုချက်ချင်းထွက်သွားပေးပါ

ကျွန်တော် အိပ်နေသည်အခန်းထဲကို ဘယ်အချိန်ထဲကရောက်နေသည်မသိ အဖြူရောင်အဝတ်စားဝတ်ဆင်ထား
သည် မိန်းမချောလေးတစ်ယောက်ကိုတွေ့လိုက်ရပြီး ကျွန်
တော်ကို မောင်းထုတ်နေလေသည်။

ဟား….ခင်ဗျား…ခင်ဗျား…ဘယ်သူတုန်း ဘာတွေလာပြော
နေတာလည်း ဒါကျွန်တော်အိမ်ဗျ,ဒီနေ့ပဲ ဒီအိမ်နဲ့ခြံကို ကျွန်
တော် ဒီအိမ်ပိုင်ရှင်တွေဆီက စာချုပ်စာတမ်းနဲ့ ချုပ်ပြီး သိန်း၁၅၀၀နဲ့ ဝယ်ထားလိုက်တာ ခင်ဗျားကဘယ်သူတုန်း

ကျွန်တော်ပြောလိုက်တော့မှ,ထိုမိန်းခလေးမျက်နှာပေါ်တွင်
မျက်ရည်လေးတွေကျဆင်းလာပြီး ရှိုက်ကြီးတငင်ငိုကြွေး
နေလေတော့သည်။

အဟင့်…အဟင့်…ဟီး…..ဒီ..ဒီ..အိမ်ကြီးကို..ကျမ..ကျမ..
အမေနဲ့…အဖေကရောင်းပြစ်လိုက်ပြီဟုတ်လားရှင့်….ဒါဆို
ကျမက ဘယ်မှာသွားနေရမှာလည်းရှင်…အဟင့်..အဟင့်..ဟီး…

ဟား…ဟေ့….ဟေ့…အဲ့လိုမငိုနဲ့လေကွာ,ဒီအချိန်ကြီး ဒီအိမ်
ကြီး ဒီအခန်းထဲမှာ မင်းရယ်ငါရယ်နှစ်ယောက်ထဲရှိတာ မင်းခုလိုမျိုးကြီး ငိုနေရင် ငါကိုပတ်ဝန်းကျင်ကတစ်မျိုးထင်မှာပေါ့ကွ,, ဒါနဲ့မင်းက ဒီအိမ်ပိုင်ရှင်ရဲ့သမီးလား ဒီအိမ်ရောင်းလိုက်တာမသိဖူးလား

ကျွန်တော်ပြောလိုက်တော့မှ,ချစ်စရာကောင်းသည်ထိုမိန်း
ခလေးက ငိုနေတာတိတ်သွားပြီး ပြန်ပြောလေသည်။

ကျမ မသိလိုက်ဖူး အမေနဲ့အဖေဒီအိမ်ကြီးကို ရှင့်ကိုရောင်း
လိုက်တာ

ကဲပါကွာ,မင်းလည်းဘာမှမစိုးရိမ်နဲ့,အချိန်ကလည်းညဉ်နက်နေပြီ မင်းလည်းခုချိန်မိန်းခလေးတစ်ယောက်ထဲ ပြန်
လို့,မသင့်တော်တော့ဖူး ဒီမှာပဲအိပ်လိုက်တော့,သြော်…ပြော
ရအုံးမယ် ဒီမှာပဲအိပ်ဆိုလို့ ငါ့ကိုတစ်မျိုးမထင်နဲ့နော် မင်းနဲ့
ငါနဲ့ နှစ်ယောက်ထဲရှိတာဆိုတော့,မင်းကဒီအခန်းမှာပဲစိတ်ချလက်ချအိပ်ပါ ငါကတော့ တစ်ခြားအခန်းသွားအိပ်ပေးမယ် မင်းစိတ်ချလို့ရအောင် မင်းအခန်းထဲကနေတံခါးကိုလော့ချထား sorryကွာ,ငါလည်းဒီနေ့မှ ဒီအိမ်နဲ့
ခြဲကို ဝယ်လိုက်တာဆိုတော့ ဒီအိမ်ကိုပြတဲ့ ငါနဲ့အမျိုးတော်
တဲ့ ပွဲစားရောနဲ့ ငါ့အချစ်ဆုံးသူငယ်နဲ့အတူတူဘီယာသောက်လာမိတယ် ဒါပေမဲ့စိတ်မပူပါနဲ့, ငါမြန်မာလူမျိုး
တစ်ယောက်ပါ ငါဘယ်လောက်မူးမူး ကိုယ်ကျင့်တရားကို
တော့,စောင့်ထိန်းနိုင်ပါတယ် သြော်ဒါနဲ့မင်းပျင်းလို့အိပ်မပျော်ဖ်ြစ်နေခဲ့ရင် မင်းကုဘေးကစားပွဲခုံပေါ်က ငါ့အိတ်ထဲ
မှာ ငါဝါသနာအရရေးထားတဲ့ ဝတ္ထုဇာတ်လမ်းတွေကို ဖတ်
လို့ရအောင်စာအုပ်ပြန်ထုက်ထားတာရှိတယ်ယူဖတ်နော်
ဝါသနာပါရင် အားမနာနဲ့ ကဲငါသွားပြီ ဒါနဲ့ ငါနာမည်နေခန့်
မင်းနာမည်ဘယ်လိုခေါ်လဲ

ဟုတ်ကဲ့ရှင့်,ကျမနာမည် ဝေနှင်းပါအကို ကျေးဇူးပါပဲ ခုလို
ဝေနှင်းကို ဒီအခန်းထဲမှာ အိပ်ခွင့်ပေးတဲ့အတွက် နောက်ပြီး
ဝေနှင်းက စာဖတ်တာအရမ်းဝါသနာပါတာ ခုလိုအကိုရေး
ထားတဲ့ စာအုပ်တွေကိုဖတ်ခွင့်ပေးတဲ့အတွက်ရော ကျေးဇူး
ပါပဲနော် အကို

ဝေနှင်းဆိုသည် မိန်းခလေးက ချစ်စရာကောင်းသည်အမူ
ရာလေးဖြင့် ကျေးဇူးတင်စကားကျွန်တော်ကို ပြောနေလေ
သည်။

ရပါတယ် စာရေးတယ်ဆိုလို့ အကို့ကိုတော့ နာမည်ကြီးစာ
ရေးဆရာတစ်ယောက်တော့မထင်လိုက်နဲ့နော် ဟဲ..ဟဲ…
ဝါသနာပါလို့,ရေးတဲ့အဆင့်ပဲရှိပါသေးတယ် ဇာတ်လမ်းမ
ကောင်းရင်တော့,သည်းခံပြီးတော့ဖတ်ပေတော့ ဝေနှင်းရေ
အကိုသွားပြီ,

ဟုတ်ကဲ့ရှင့်,

ကျွန်တော်လည်း ဝေနှင်းဆိုတဲ့ မိန်းခလေးကို နုတ်ဆက်ပြီး
အခန်းထဲမှထွက်၍,တစ်ခြားအခန်းသို့ ပြောင်းပေးလိုက်ရလေတော့သည်။

*ရှိုင်း* (ဒိုက်ဦး)

*အစွဲလမ်းတစ်ခု၏သံယောဇဉ်* (ဇာတ်သိမ်းပိုင်း)

အိပ်ခန်းပြောင်းအိပ်လိုက်ရပေမဲ့,စိတ်ထဲတော့ ဒီအိမ်ကြီး
တစ်လုံးထဲမှာ ဘာမှသွေးသားမတော်စပ်တဲ့ ယောက်ျား
သားတစ်ယောက်နဲ့ မိန်းမပျိုးလေးနဲ့,နှစ်ယောက်ထဲဒီညကြီး
ကိုဖြတ်ကျော်ဖို့ဆိုတာတော့,အတွေးနဲ့တင် ကျွန်တော်နှလုံး
ခုန်သံတွေမြင့်တက်နေလေသည်။

အိပ်ရာထဲ ဟိုဖက်လှိမ့်လိုက်ဒီဖက်လှိမ့်လိုက်နဲ့ ဘယ်လိုမှ
အိပ်လို့မပျော်ပေ မျက်လုံးထဲ ချစ်စရာအရမ်းကောင်းသည်
ဝေနှင်းဆိုတဲ့,မိန်းခလေးပုံရိပ်လေးတွေက စိုးမိုးစွဲငြိတွယ်ကပ်နေလေ၏။

အခုမှတွေ့ဖူးဆုံဖူးသည် မိန်းခလေးတစ်ယောက်အပေါ်ဒီ
လောက်ထိ စိတ်တွေယိမ်းယိုင်နေမိတဲ့ ကိုယ့်စိတ်တွေကိုပင်
အံ့သြနေမိရသည်။

အတွေးပေါင်းစုံနဲ့,တစ်ညလုံးအိပ်လို့မပျော် မနက်၄နာရီခွဲ
လောက်တော့မှ အိပ်ပျော်သွားရလေသည်။

အိပ်ကောင်းကောင်းနဲ့,အိပ်ချလိုက်တာ ဘယ်အချိန်ထိအိပ်
ပျော်သွားသည်မသိ အိမ်မက်လိုလိုအပြင်မှာလိုိုလိုနဲ့ တစ်
ယောက်ကလာနှိုးလိုက်သဖြင့် လန့်၍နိုးသွားရလေ၏။

မျက်လုံးဖွင့် လက်ကနာရီကိုကြည့်လိုက်တော့ မနက်ကိုးနာ
ရီတောင်ထိုးတော့မယ် ညကအိပ်တာ လက်ကနာရီတောင်မချွတ်မိခုမှနာရီကြည်မိပြီးသတိရတယ်သတိများမေ့တက်
ပါတယ် ငယ်ငယ်ရွယ်ရွယ်နဲ့, အိပ်ရာမှလူးလဲထလိုက်ပြီး
ရေချိုးခန်းထဲဝင်၍ ညကသောက်ထားတဲ့ အရှိန်လေးကြောင့် လူမအီမသာနဲ့မလန်းမဆန်းဖြစ်နေတာကို လန်းဆန်းသွားအောင် ရေမိုးချိုးပြစ်လိုက်လေသည်။

ရေမိုးချိုးအဝတ်စားလဲမျက်နှာလူဆေးဘာလေးလူးလိမ်း
ခေါင်းကို ခေါင်းလိမ်းဆီနည်းနည်းထည့်ဖီးလိမ်းပြီး မနက်စာ စားဖို့အတွက်အပြင်ထွက်ရန်ပြင်ဆင်ရပြန်၏။

အဲ့ခုမှ,သတိရတယ်ဗျ,ကျွန်တော်မေ့နေတာ ညကဒီအိမ်ကြီးရဲ့ အရင်ပိုင်ရှင်ဝေနှင်းဆိုတဲ့,မိန်းခလေး ညကဒီမှာအိပ်
တာပဲ ပြန်များပြန်သွားပြီလား ငါအိပ်ပျော်နေတုန်း ဒါမှမဟုတ်,နိုးများမနိုးသေးတာလားဟု,စိတ်ထဲကရေရွတ်
ရင်း သူအိပ်တဲ့အခန်းဖက်ဆီသို့ ထွက်လာခဲ့မိသည်။

အခန်းရှေ့ရောက်တော့ အခန်းတံခါးက ပိတ်လျှက်ပဲဆိုတော့,အိပ်နေတယ်ထင်ပြီး တံခါးကိုထုပြီး အသံပေးလိုက်
၏။

ဒေါက်…ဒေါက်…ဒေါက်………

ဝေနှင်း….ဝေနှင်း…အကိုပါ နေခန့်,အကိုအပြင်မနက်စာ
ထွက်စားမလို့,ဝေနှင်းအတွက်ဘာများဝယ်ခဲ့ပေးရမလဲလို့
လာမေးကြည့်တာပါ ကြားလားဝေနှင်းအကိုပြောတာ

ငါဒီလောက်တံခါးကိုထုပြီး အော်ပြောနေတာကိုပြန်မထူး
ပုံရရင် အခန်းထဲမှာများရှိများ ရှိသေးရဲ့လား ပြန်
များ ပြန်သွားပြီလားမသိဖူး ဆို၍,စိတ်ထဲကတွေးမိလိုက်ပြီး
တံခါးကိုတွန်းဖွင့်ကြည့်လိုက်တော့မှ,တံခါးကလော့မချ
ထားပွင့်သွားလေပြီး အခန်းထဲ၌,ဝေနှင်းဆိုသောကောင်မ
လေးမရှိတော့ပေ ကုတင်ဘေးနားကစားပွဲပေါ်တွင်တော့
ကျွန်တော်အိတ်ထဲက စာအုပ်နှစ်အုပ်ကိုယူဖတ်ထားသည်
ထင်၏,စားပွဲခုံပေါ်တွင်စာအုပ်နှစ်အုပ်ကိုတွေ့လိုက်ရလေသည်။

ထွေးထွေးထူးထူးစဉ်းစားမနေတော့ပဲ ကျွန်တော်လည်း
မနက်စာအတွက် ဗိုက်ဖြည့်ဖို့ရယ် ဒီနေ့အိမ်အတွက်လိုအပ်
တဲ့ ပစ္စည်းလေးတွေဝယ်ရအုံးမှာမလို့,ပိုက်ဆံအိတ်ထဲ ပိုက်
ဆံကိုထည့်၍,အိမ်တံခါးသော့ခတ်ပြီး ကားလေးကိုခြံပြင်သို့မောင်းထွက်လာ၍,ခြံပြင်ရောက်သည်နှင့်,ကားကိုခဏ
ရပ်လိုက်ပြီး ခြံတံခါးကိုပါသောခတ်၍,လင်းအောင်ရှိရာ
အိမ်သို့ ကားလေးကိုမောင်းထွက်လာခဲ့လိုက်သည်။

လင်းအောင်တို့,အိမ်ရှေ့ရောက်သည်နှင့် ကားဟွန်းတီးလိုက်ပြီး အိမ်သားတွေကို လူခြံထဲမဝင်ခင်ထဲက အသိပေးထားလိုက်လေ၏။

တီ…..တီ….တီး…..

ကျွန်တော်ကားဟွန်းသံကြောင့်,အိမ်ထဲမှ,လင်းအောင်ထွက်
လာကြည့်လေသည်။

ဟား…ဘယ်သူများလဲမှတ်တယ် နေခန့်ပါလားကွ,လာလေ
ကွာ,အိမ်ထဲဝင်ခဲ့လေ ကားထဲကမဆင်းပဲဘာလုပ်နေတာလဲ
ကြ,

ကားထဲကမဆင်းဆို ငါမနက်စာဘာမှ,မစားရသေးလို့,တစ်ခုခုသွားစားရင်း အိမ်မှာလိုအပ်တဲ့ပစ္စည်းလေးတွေဝယ်စရာ
ရှိလို့,မင်းကိုအဖော်လာခေါ်တာကွ,,

ဟေ…ဟုတ်လားဒါဆိုခဏစောင့်အုံးကွာ,ငါမိဘတွေကို အကျိုးအကြောင်းသွားပြောလိုက်အုံးမယ်

အေး..အေး..သွား..သွား..သွားပြောလိုက်အုံး,ငါစောင့်နေမယ်

လင်းအောင် အိမ်ထဲပြန်ဝင်သွားပြီး ခဏအကြာပြန်ထွက်
လာလေသည်။

ကဲတက်လင်းအောင်ရေ ဒီနေ့တော့ မင်းတို့ပြင်ဦးလွင်မြို့ကို
လှည့်ပတ်ပြီး ကြည့်ရတာပေါ့ကွာ,,ဟား….ဟား……..

လင်းအောင်ကိုစနောက်လိုက်ပြီး ကားလေးကိုစားသောက်
ဆိုင်တစ်ဆိုင်ဆိုင်ဆီသို့ ဦးတည်မောင်းထွက်လာခဲ့လေ၏။

ပြင်ဦးလွင်မြို့ရဲ့ အလှအပတောင်တန်းကြီးတွေကိုကြည့်ရှုခံစားရင်း အေးဆေးတိတ်ဆိတ်စားသောက်လို့ရမဲ့ စားသောက်ဆိုင်တစ်ဆိုင်ကို ကျွန်တော်တမင်ရွေးထိုင်လိုက်လေသည်။

ကျွန်တော်လိုအနုပညာဝသနာပါတဲ့သူတွေအတွက် ခုလိုပြင်ဦးလွင်မြို့ရဲ့ နောက်ခံအလှအပ စိမ်းညို့ညို့တောင်တန်းကြီးတွေရဲ့အလှ စားသောက်ဆိုင်ဘေးပတ်လည်အတွင်းအလှစိုက်ပျိုးထားတဲ့ ပန်းပင်တွေ ဆိုင်ရဲ့အပြင်အဆင်အလှအပတွေ မြို့ရဲ့စည်ကားမှုအလှအပတွေဟာ သဘာဝပန်းချီးကားကြီးတစ်ချပ်လိုပါပဲ ကြည့်ရှုခံ
စားရင်း ရွေရင်နှလုံးကိုအေးမြစေပြီးစိတ်ကိုရွင်လန်းစေတယ် ဒီအလှအပတွေကို ကိုဝါသနာပါတဲ့,အနုပညာလေးနဲ့ပေါင်းစပ်ဖန်းတီးရေးဖွဲ့လိုက်မယ်ဆိုရင် ဘယ်လောက်တောင်အသက်ဝင်လှပသွားလိုက်မလည်းဗျာ,
တစ်ကယ်တော့ ကျွန်တော်တို့လိုအနုပညာဝါသနာပါတဲ့ လူ
တွေရဲ့ နှလုံးသားတစ်စုံဟာ အင်မတန်မှနူးညံ့သိမ်မွေ့လွန်းပါတယ် အရာအရာတိုင်းကိုအနုပညာမျက်စိနဲ့ကြည့်ပြီး နူးညံတဲ့နှလုံးသားနဲ့,ခံစား၍, ဇာတ်လမ်းတွေကိုရေးဖွဲ့ဖန်တီးကြရတာမဟုတ်လားဗျာ,

ကျွန်တော်နဲ့,လင်းအောင်လည်း မနက်စာအတွက် ဗိုက်ကို
ခေါက်ဆွဲတစ်ပွဲစီနဲ့,ကော်ဖီမှာလိုက်ပြီး ဖြည့်လိုက်လေ၏။

စားသောက်ပြီး ပိုက်ဆံရှင်း၍, အိမ်မှာလိုအပ်တဲ့,ပစ္စည်းတွေကို ကားလေးနဲ့နှစ်ယောက်သား မြို့ထဲကစျေးဆိုင်ကြီးတွေ စတိုးဆိုင်ကြီးတွေ တစ်ဆိုင်ပြီးတစ်ဆိုင်ဝင်လိုက်ထွက်
လိုက်နှင့် စျေးလိုက်ဝယ်နေရပြီး နေခင်းထမင်းစားချိန်လောက်ရောက်တော့မှပဲ ဝယ်လို့ပြီးသွားလေသည်။

နေခင်းစာကိုတော့ စားသောက်ဆိုင်တစ်ဆုိင်မှာပဲဝင်စားလိုက်ကြပြီး စားသောက်ပြီးတာနဲ့ လင်းအောင်ကိုပါ ဝယ်လာတဲ့ပစ္စည်းတွေနေရာချရန် ကူညီပေးလို့ရအောင်
အိမ်သို့တစ်ခါထဲခေါ်လာခဲ့လိုက်လေ၏။

အိမ်ရောက်တာနဲ့ ဝယ်လာပစ္စည်းတွေကို ကားပေါ်ကနေနှစ်
ယောက်သားအိမ်ထဲ၌,နေရာချရလေတော့သည်။

ဝယ်လာတဲ့ပစ္စည်းတွေကတော့,လျှပ်စစ် ပေါင်းအိုး၊ဒယ်အိုး
ရေနွေးအိုး၊ကော်ဖီဗူးတွေ၊အအေးဗူးတွေ ကိတ်မုန့်ပေါင်မုန့်တွေ ယံယံ၊မားမားထုပ်တွေနဲ့ ဆန်တစ်အိတ်၊ဆီ၊ဆား၊ငရုပ်၊
ကြက်သွန်ဖြူနီ၊ငံပြာရည်ပုလင်းတွေ ကြက်သွန်းလှီးအ
သားငါးတွေကိုင်ဖို့အတွက် ဓါးလေးတွေနဲ့ တစ်ခါတစ်လေ
သောက်ဖို့ ဘီယာပုလင်းတွေ ထမင်းဟင်းထည့်ဖို့ပန်းကန်တွေခွက်တွေ ဇွန်းတွေပါဝယ်လာခဲ့လိုက်၏။

နေခန့်ရာ,မင်းကတော့,ဒီအိမ်ကြီးမှာ အပြီးနေမှာကြနေတာပဲကွာ,ဝယ်လာတဲ့ပစ္စည်းတွေကလည်းများလိုက်တာ
မိန်းမယူလို့ အိမ်အသစ်ခွဲနေတာနဲ့တူနေပြီ တစ်ယောက်နေတာများ အပြင်မှာထွက်စားရရဲ့သားနဲ့ကွာ,ဒုက္ခခံလို့,

လင်းအောင်က ကျွန်တော်ဝယ်လာတဲ့ပစ္စည်းတွေကြည့်ပြီး
ပြောနေလေသည်။

ဟ,ကောင်လင်းအောင်ရ, ငါကတစ်ယောက်ထဲနေတာဆိုပေမဲ့,အမြဲတမ်းကြီးတော့,ဆိုင်မှာဝယ်မစားချင်ဖူးလေကွာ,
နောက်ပြီး ငါကကိုစားချင်တဲ့ထမင်းဟင်းကို ကိုတိုင်ချက်စားရမှ,,စိတ်ကျေနပ်တာမင်းလည်းသိရဲ့သားနဲ့ကွာ,ဘာအလုပ်ရှိတာမှတ်လို့ကွာဒီမှာ,ထမင်း
ဟင်းချက်စားလိုက် ဝါသနာအရစာလေးရေးလိုက်နဲ့,ဒီအလုပ်ပဲရှိတာကို မင်းလည်းနောက်ရက်တွေ ငါနဲ့လာအိပ်ရမယ် ငါတစ်ယောက်ထဲစကားပြောဖော်မရှိဖူးပျင်းတယ်
ကြ,,

အေးပါနေခန့်ရာ နောက်ရက်တော့,ငါမင်းနဲ့လာအိပ်ပေးပါမယ် ခုကတော့ငါမြန်မာပြည်ကိုပြန်ရောက်တာ မနေ့
ကမှဆိုတော့ အိမ်မှာမိဘတွေနဲ့တစ်ဝကြီးအလွမ်းသယ်ပရစေအုံးကွာ,ဟား…..ဟား…..ဟား……

လင်းအောင်နဲ့,ကျွန်တော်လည်းဘာမှလုပ်စရာမရှိ ဝယ်လာ
တဲ့အအေးဗုးလေးထဲက နှစ်ဗူးယူ၍သောက်လိုက်ပြီး နှစ်
ယောက်သားစကားတွေထိုင်ပြောနေလိုက်တာ ညနေငါးနာ
ရီလောက်မှ,စကားဝိုင်းရပ်ခါ လင်းအောင်ကိုအိမ်ပြန်လိုက်
ပို့ပေးပြီး ညစားဖို့အတွက် ဆိုင်တစ်ဆိုင်ကနေ ဝက်သားဟင်းတစ်ပွဲနဲ့ ကြက်သားဟင်းတစ်ပွဲဝယ်လာခဲ့ပြီး အိမ်ပြန်
ရောက်မှ မနက်ကဝယ်လာခဲ့တဲ့ အသစ်စက်စက်ပေါင်းအိုးထဲ ဆန်အိတ်ထဲမှ ဆန်နှစ်ဗူးလောက်ခန့်ထည့်ပြီး ဆန်ဆေး၍ လျှပ်စစ်နဲ့ တည်ထားလိုက်ရင်း လူကပူလာသဖြင့်
ရေချိုးခန်းထဲဝင်၍ ရေချိုးနေလိုက်သည်။

ရေမိုးချိုးအဝတ်စားလဲဝတ်ပြီးခြံထဲဆင်း၍, အိမ်ကိုအကျိုးအကြောင်းပြောရန် ဖုန်းခေါ်လိုက်၏။

တူ….တူ…….တူ……….

ဟယ်လို….အမေသား နေခန့်ပါ,

ဟယ်,…သားနေခန့်,ခုမှဖုန်းဆက်ရလား ဘယ်လိုလဲအဆင်
ပြေရဲ့လား အိမ်နဲ့ခြံကိစ္စက

ဟုတ်ကဲ့,အမေအစစအရာရာအကုန်အဆင်ပြေပါတယ် အိမ်နဲ့ခြံကတော့ သိန်း၁၅၀၀ရာထဲနဲ့တည့်သွားတယ် အိမ်
လေးကနေချင်စရာလေးပါ သားအခုအဲ့အိမ်မှာပဲနေ နေတယ်, လင်းအောင်လည်းမြန်မာပြည်ပြန်ရောက်နေတယ်အမေရဲ့,နောက်ရက်တွေဆိုသားနဲ့အတူတူလာနေ
ပေးမယ်လို့သားကိုပြောထားတယ်

ဟယ်,ဟုတ်လားကောင်းတာပေါ့သားရယ် သား…အစစအရာရာကျန်းမာရေးကိုအထူးဂရုစိုက်နော်
မတည့်တာတွေသိပ်မစားနဲ့ အချိန်တန်အိပ်စာတွေလည်း
ညဉ်နက်တဲ့အထိရေးမနေနဲ့ အပြင်တွေဘာတွေလည်း
ကားတစ်စီးနဲ့လျောက်မသွားနေနဲ့အုံးတစ်နေကုန်

ဟုတ်ကဲ့ပါအမေရဲ့,သားအစစအရာရာအကုန်လုံးဂရုစိုက်ပါမယ် အမေတို့တွေသာ ကျန်းမာရေးအထူးဂရုစိုက်ပါ
အမေ ဘာပြောစရာရှိသေးလဲ မရှိတော့ရင်သားဖုန်းချလုိက်
မယ်နော် ထမင်းအိုးတည်ထားတာရပြီနဲ့တူတယ် ဗိုက်ဆာ
လာလို့,

အေး…အေး..ပြောစရာတော့ထွေးထွေးထူးထူးမရှိတော့ပါ
ဖူးသားရယ် သားကရောက်တာမှမကြာသေးဖူး အိမ်ကအကျင့်ကိုမပျောက်ဖူး ထမင်းဟင်းကို ကိုယ်တိုင်တောင်
ဝယ်ချက်စားနေရတယ်လို့,

ဟုတ်ကဲ့အမေ ဒီနေ့တော့ဟင်းကဆိုင်ကဝယ်စားလိုက်တယ် နောက်နေ့မှပဲကိုယ်တိုင်ဝယ်ချက်စားတော့မယ်
ဒါပဲလေအမေနော် သားဗိုက်ဆာလာလို့ အမေ့ကိုအရမ်းချစ်
တယ် အာဘွားနော်,

အေး..အေး…သားကိုလည်းအရမ်းချစ်ပါတယ်,

အဲ့လိုပဲဗျ,ကျွန်တော်နဲ့အမေဆိုတာအရမ်းချစ်ကြတာ ခုလို
မျိုးဖုန်းပြောတဲ့အခါ ခလေးတစ်ယောက်လို ချွဲတက်တာ
အမေနဲ့စကားပြောတဲ့အခါတိုင်းပါပဲဗျာ,,

ကျွန်တော်လည်း ဖုန်းပြောပြီးတာနဲ့,အိမ်ထဲပြန်ဝင်ပြီး ထမင်းစားဖို့,လုပ်ရလေတော့သည်။

ထမင်းစားခန်းထဲ၌,ဝယ်လာတဲ့ဟင်းတွေကို ပန်းကန်တွေထဲ
ထည့် ပေါင်းအိုးထဲမှထမင်းကို ပန်းကန်ထဲဇွန်းဖြင့်ခူးထည့်
၍, ထမင်းစား စားပွဲခုံပေါ်၌,တစ်ယောက်ထဲထမင်းစားနေ
စဉ်

အကို…

ဟင်း…ဝေနှင်းပါလား ဘယ်ကနေဘယ်လိုပြန်ရောက်လာတာလဲ အကိုတောင်မသိလိုက်ပါလား

ကျွန်တော်အရမ်းအံ့သြသွားရသည် ဝေနှင်းဆိုသောမိန်းခလေးကို ဒီနေ့တစ်နေကုန်ုလုံးဝသတိမရ,ကို့အလုပ်နဲ့ကိုရှုပ်
နေ၍, ခုတွေ့လိုက်ရတော့မှ သတိရအံ့သြမိရတော့သည်။

ဒီလိုပါအကို ဝေနှင်းမိဘတွေဘယ်ကိုပြောင်းသွားတယ်ဆိုတာမသိရသေးလို့ပါ ခုမှဝေနှင်းက စင်္ကာပူနုိင်ငံကနေ
ဆေးကျောင်းတက်ပြီးလို့ ပြန်လာတာဆိုတော့ဒီအိမ်ရောင်း
လိုက်တာလည်းမသိလိုက်ဖူး နောက်ပြီးဝေနှင်းမိဘတွေနဲ့လည်းအဆက်အသွယ်ပြတ်နေတာတစ်နှစ်လောက်ရှိ
သွားပြီအကိုရဲ့,အပြင်မှာလည်းမတည်ချင်ဖူး ဝေနှင်းနေခဲ့တဲ့ဒီအိမ်လေးမှာပဲ မိဘတွေကိုမတွေ့ခင်တည်ခိုခွင့်ပေး
ပါလားအကိုရယ်နော်

သနာပြီးချစ်စရာကောင်းသည် ပုံဆန်လေးနဲ့အကူညီတောင်း၍,တည်ခိုခွင့်တောင်းနေသော ဝေနှင်းကိုကြည့်၍,ကျွန်
တော်သနားပြီး

နေတာတော့ ဝေနှင်းနေချင်သလောက်နေပါ ဒါပေမဲ့အကိုက ဒီမှာတစ်ယောက်ထဲနေတာဆိုတော့,ဘာမှသွေးမတော်သားမစပ်တဲ့ မိန်းမပျိုလေးဖြစ်တဲ့ဝေနှင်းအတွက် မသင့်တော်ဖူးထင်တယ် ပတ်ဝန်းကျင်ကသိရင်
လည်း သူတို့အပြောအဆိုတွေကုိ ဝေနှင်းခံနိုင်ရည်ရှိမှာမဟုတ်ဖူးလေ

ဒီအတွက်တော့,စိတ်မပူပါနဲ့အကို ဝေနှင်းဒီမှာနေတာ ဘယ်သူမှမသိစေရပါဖူး အိမ်ထဲမှာပဲနေမှာပါ အကို့ကိုတော့
ဝေနှင်းယုံပါတယ် ဟိုနေညကအကိုဘီယာသောက်ပြီး အမူးလွန်နေတာတောင် အကို့ရဲ့ကိုယ်ကျင့်တရားကို စောင့်ထိန်းနိုင်ပြီး သဘောမနှောကောင်းပြီး ကိုယ်ကျင့်သိက္ခာနဲ့
ပြည့်စုံတဲ့သူတစ်ယောက်ဆိုတာ ဝေနှင်းယုံကြည်ပြီးသား
ပါအကို

ကဲ..ကဲ..ဟုတ်ပါပြီ ဝေနှင်းကအဲ့လောက်အကို့ကိုမြှောက်
ပြောနေတော့လည်း အကိုတောင်မနေတက်တော့ဖူး ဒါနဲ့
ထမင်းစားပြီးပြီလား မစားရသေးရင်တစ်ခါထဲဝင်စားလိုက်လေ ဟင်းကတော့,ဒီနေဆိုင်ကဝယ်စားလိုက်တယ် နောက်
နေ့တွေတော့,အကိုကိုယ်တိုင်စျေးဝယ်ပြီးချက်စားရမယ်
ကဲပါ စားပြီးလဲထပ်စားလိုက်အုံးပေါ့,ထမင်းဝိုင်းနဲ့ကြုံနေတော့မှပဲ အကိုသွားခူးပေးမယ် တစ်ယောက်နဲ့တစ်ယောက်
တစိမ်တွေလိုသဘောမထားပဲ မိတ်ဆွေအရင်းမောင်နှမတွေ
လိုသဘောထားပြီး ဆက်ဆံကြတာပေါ့,ဒါမှတစ်ယောက်နဲ့
တစ်ယောက်ပြောဆိုဆက်ဆံတဲ့အခါ သူစိမ်းတစ်ယောက်လို ရှိန်မနေတော့မှာ ပွင့်ပွင့်လင်းပေါ့,ဝေနှင်း

ပါးစပ်ကလည်းပြော လက်ကလည်းထမင်းပေါင်းအိုးထဲမှ,
ထမင်းတွေကို ပန်းကန်ထဲခူးထည့်ပြီးဇွန်းတပ်ပေး၍, စားပွဲပေါ်တင်ပေးလိုက်လေ၏။

ထမင်းဝိုင်းလေးက ကျွန်တော်တစ်ယောက်ထဲမဟုတ်တော့
ဝေနှင်းဆိုတဲ့,မိန်းခလေးနဲ့နှစ်ယောက်ဖြစ်သွား၍,ထမင်းစား
ရတာ ပိုပြီးပြည့်စုံသွားသလိုခံစားလိုက်ရလေသည်။

ထမင်းစားသောက်ပြီးစီးတာနဲ့,အလုပ်ကဘာမှလုပ်စရာမရှိ
တော့,မိုးကလည်းချုပ်နေပြီ ကောင်းကင်မှာ လမင်းကြီးကလည်းသာနေသည်မို့, လမင်းကြီးကိုကြည့်ရင်း အပျင်းပြေ သီချင်းဆိုချင်စိတ်ပေါက်သွား၍,ပါလာသည်
ဂီတာလေးကိုထုက်ယူ၍, လမင်းကြီးကိုကြည့်ရင်း သီချင်း
တစ်ပုဒ်ဆိုနေလိုက်မိသည်။

စိုးပိုင်ရဲ့,နေကွယ်ရင်လထွက်မယ်ဆိုတဲ့,သီချင်းလေးပေါ့ဗျာ,

နေရောင်တောင်စွယ်မှာကွယ်ရင်….ငွေလမင်းလေးထွန်း

လင်းလာမယ်လေမာယာရှင်လေးမုန်းသွားပါစေ

ကြင်နာသူလေးတစ်ယောက်လာမယ်လေ

နွေလိုပူလောင်သောအလွမ်းနဲ့ ငိုရင်လူဖြစ်လည်းရှုံးလို့ရယ်

အချိန်တွေအကုန်မခံနိုင်ဘူးကွယ် အချစ်ဆုံးမုန်းနိုင်တုန်း
မုန်းကွယ်

ကမ္ဘာမှာပျော်သလိုနေနိုင်ရင် လူဖြစ်မရှုံးဘူးတွေးထားသူပါလေ

လိုချင်တာလေးလှမ်းလို့မလွယ်ရင် လွယ်တာကိုပဲရအောင်
ယူမယ်××××××××××××××××××××××××××××××××

အကိုက စာရေးတဲ့ဝါသနာအပြင်သီချင်းဆိုတာလည်းဝါသ
နာပါတာပဲလား အကိုသီချင်းဆိုတာနားထောင်လို့ကောင်း
တယ်နော်

ဘယ်အချိန်ထဲက ဝေနှင်းတစ်ယောက်အနားရောက်နေသည်မသိ အသံကြားတော့မှ,လှကြည့်လိုက်မိ၏။

ဟား…ဝေနှင်းပါလား အကိုလည်းပျင်းတာနဲ့ ဂီတာလေးတီး
ပြီး သီချင်းဆိုနေမိတာပါ အကိုတို့မိုးကုတ်မှာတုန်းကလည်း
အကိုက ပျင်းတဲ့အချိန်ခုလိုမျိုး ဂီတာလေးတီးပြီးသီချင်း
ဆိုနေကြပါ ခုလိုဆောင်းတွင်ဖက်လသာတဲ့ညတွေမျိုးမှာ
ဂီတာလေးတီးပြီးသီချင်းဆိုခံစားရတာ အရသာအရမ်းရှိတာဝေနှင်းရဲ့,

အကိုက စာပေအနုပညာရော ခုဂီတအနုပညာကိုပါဝါသနာ
ပါတယ်ဆိုတော့ အရာရာတိုင်းကိုအနုပညာနဲ့ပဲခံစားတက်
တယ်နော်,အကို့ကိုကြည့်ရတာအေးချမ်းလိုက်တာ ဒါနဲ့
အကိုက မိုးကုတ်ဇာတိကလား မိုးကုတ်မှာအကိုမိဘတွေ
ကျန်နေခဲ့တာပေါ့,သူတို့ကရောဒီကိုပြောင်းမနေကြဖူးလား
အကို

ဟုတ်တယ်ဝေနှင်းအကိုက မိုးကုတ်ဇာတိက အကိုမိဘတွေကတော့ မိုးကုတ်မြို့မှာပဲ စိန်ရွှေရတနာဆိုင်သုံးဆိုင်ကို
အကို့ အကိုဖိုးဟန်ရယ် အမေနဲ့အဖေရယ် ဦးစီးလုပ်ကိုင်နေရတာဆိုတော့ ဒီကိုလိုက်ပြီးမနေပါဖူး အကိုကသာဟိုမှာ
တစ်နေ့တစ်နေ့ ဆိုင်နဲ့အိမ်ကြည့်နေနေရလို့ ပျင်းလာပြီး
ဒီမြို့မှာ ဒီအိမ်နဲ့ခြံကိုဝယ်ပြီး ဆိုင်ခွဲဖွင့်ချင်တယ်ဆိုတဲ့အကြောင်းပြချက်နဲ့ သုံးလလောက်အေးဆေးလာနားရင်း အကို သာသနာပါတဲ့ စာရေးတဲ့အလုပ်လေးကို အေးအေး
ဆေးဆေး ရေးမယ်လို့ရည်ရွယ်ထားတာ ဝေနှင်းရဲ့,

သြော်….ဟုတ်လား ဒါဆိုအကိုက သုံးလလောက်ပဲဒီမှာနေ
မှာပေါ့နော်,

အင်း..အတိအကျတော့,ပြောလို့မရသေးဖူးဝေနှင်းရဲ့ တစ်ကယ်လို ဒီမှာဆိုင်ခွဲဖွင့်ဖြစ်မယ်ဆိုရင်တော့,ဒီမှာပဲဆက်နေ
ဖြစ်မှာပါ

ဒါနဲ့,အကို့ကိုဝေနှင်းတစ်ခုလောက်အကူညီတောင်းချင်တယ်

ဘာများလဲပြောလေဝေနှင်းရဲ့

ဒီလိုပါ ဝေနှင်းဒီမှာနေနေတာကို ဘယ်သူကိုမှမပြောပါနဲ့ဆို
တဲ့အကြောင်းပါ

ကျွန်တော်လည်း ဝေနှင်းပြောတဲ့စကားကို သေချာစဉ်းစား
ကြည့်လိုက်ပြီး ကတိပေးလိုက်လေ၏။

ထိုနေ့ညက ဝေနှင်းနဲ့နှစ်ယောက်သား စကားတွေထိုင်ပြော
နေလိုက်တာ ည၁၁နာရီထိုးလောက်မှ အိပ်ရာထဲဝင်ခဲ့ရ
လေသည်။

ဒီလိုနဲ့,ကျွန်တော်နဲ့ဝေနှင်း တစ်အိမ်ထဲနှစ်ယောက်အတူတူ
နေလာတာ တစ်လကျော်နှစ်လလောက်ရောက်ပြီး အနေနီး
လာတာကြာလာသောကြောင့် ဖိုမဓါတ်သဘောအရ ရင်ထဲ
၌,ခိုင်မြဲတဲ့သံယောဇဉ်တွေ တွယ်ငြိနေမိတော့သည်။

ဒီကြားထဲ လင်းအောင်ကအတူတူလာနေပေးမည်ပြောသောလည်း ဝေနှင်းအိမ်မှာရှိနေတာသိသွားမည်စိုး၍,အ
ကြောင်းမျိုးမျိုးပြ၍,ငြင်းဆန်နေခဲ့လိုက်သည်။

တစ်နေ့တော့,ရင်ထဲကခံစားချက်တွေကိုမျိုသိပ်မထားနိုင်
တော့၍,ဝေနှင်းကိုရင်ဖွင့်မိလေ၏။

ဝေနှင်းတစ်ယောက်ဧည့်ခန်း၌,ထိုင်နေစဉ် အနားကိုမယောင်
မလည်နဲ့,သွားထိုင်လိုက်ပြီး

ဝေနှင်း အကိုလေ ဝေနှင်းကိုပြောစရာလေးရှိနေလို့,

တစ်ကယ်တမ်းလက်တွေ့ ဖွင့်ပြောရမည်ဆိုသောအခါ
ရင်တုန်ပန်းတုန်စိတ်တွေလှုပ်ရှားနေပြီး နှလုံးခုန်နှုန်းတွေမြန်
ဆန်နေလေသည်။

ဟုတ်ကဲ့,အကိုပြောလေ

ဟိုလေ…ဟိုဟာ…ဟို…ဟို..ဟိုဒင်ပါဝေနှင်း

အကိုဘာဖြစ်နေတာလည်းစကားတွေလည်းထစ်လို့, တစ်
ကိုယ်လုံးလည်း ချွေးတွေထွက်နေတယ်ဒီလောက်အေးနေ
တဲ့ကြားက

ဟုတ်တော့လည်းဟုတ်လေ၏,ကို့အဖြစ်ကို ကိုကြည့်ပြီး
စိတ်မရှည် ဒီစကားပြောမဲ့အစားကျားအမြှီးသာပြေးဆွဲလိုက်သာမှ တော်အုံးမည်။

ဒီလို…ဒီလို…ပါဝေ…ဝေ..နှင်းရယ် အကိုလေ ဝေ..ဝေနှင်း
ကို..ကို..ချစ်…ချစ်…နေ…နေ..မိတဲ့..အကြောင်းလေး ပြော
..ပြော..

စကားက ဒီထပ်ပိုပြီးပြောလို့မရတော့,စကားလုံးတွေကထပ်လည်း ထွက်ကျမလာတော့ပေ။

ရှင်…အကိုကဝေနှင်းကိုချစ်တယ်

ဝေနှင်းမျက်နှာလေးမှာ ရှက်သွေးဖြာသွား၍,ပန်းနုရောင်လေးသန်းသွားပြီး ခဏအကြာ ဝေနှင်းတစ်ယောက်ဘာကို
တွေးတောမိသွားသည်ကိုမသိ မျက်လုံးအိမ်ထဲမှမျက်ရည်
တွေ ထွက်ကျလာပြီး ရှိုက်ကြီးတငင်ငိုကြွေးနေလေတော့
သည်။

အဟင့်….အဟင့်….ဟီး……ဟီး…..

ဟင်း….ဝေနှင်းငိုနေတယ် အကိုတောင်းပန်းပါတယ်ဝေနှင်း
ရယ် အကိုဝေနှင်းကို အခွင့်ရေးယူမိပြီးဖွင့်ပြောမိလိုက်တယ် တစ်ကယ်တော့ဝေနှင်း အကို့အိမ်မှာ ခဏတည်ခိုနေချိန်မှာ ခုလိုစကားမျိုးမပြောသင့်ပါဖူး အကိုဝေနှင်းကို
အရမ်းချစ်နေမိလို့ ဘယ်လိုမှမျိုသိပ်မထားနိုင်တော့လို့ ဖွင့်
ပြောမိလိုက်တာ အကို့ဘဝမှာ ရည်းစားတစ်ယောက်မှလည်းမထားခဲ့ဘူးပါဖူး ဒါကြောင့်ပထမဆုံးအချစ်ကိုတွေ့
တဲ့အချိန် ဆုံးရှုံးရမှာလည်းကြောက်နေမိလိုပါဝေနှင်းရယ်
အကိုစကားကြောင့် ဝေနှင်းစိတ်အနှောက်ယှတ်ဖြစ်သွားရင်
အကို့ကို ကြိုက်သလိုအပြစ်ပေးပါ အကုိ့စကားကိုလည်း
ပြန်ရုတ်သိမ်းပေးပါမယ်နော် မငိုပါနဲ့တော့ဝေနှင်းရယ်
ဝေနှင်းငိုတာ အကိုကြည့်ပြီးမခံစားနိုင်တော့လို့ပါကွာ,

ဒီတော့မှ ဝေနှင်းကငိုနေတာတိတ်သွားပြီး မျက်နှာမကောင်း
စွာနဲ့ပြန်ပြောလေ၏။

အကို့စကားကြောင့် ဝေနှင်းငိုမိတာမဟုတ်ပါဖူး အကိုရယ်
အကိုဝေနှင်းအပေါ်ချစ်တဲ့ အချစ်ကိုလည်းဝေနှင်းမြင်ရပါတယ် ဝေနှင်းလည်းအကို့ကိုချစ်နေမိပါတယ် ဒါပေမဲ့
အကိုရယ်

ဟင်း…ဝေနှင်းကလည်း အကို့ကိုချစ်နေတယ်ဟုတ်လား
ဒါဆိုဘာလိုလိုသေးလို့လည်းဝေနှင်းရယ် နှစ်ဖက်မိဘတွေကိုဖွင့်ပြောပြီး အမြန်ဆုံးမင်္ဂလာဆောင်ဖို့လုပ်ဖို့ပဲလိုတော့ပေါ့,

ကျွန်တော်အဲ့လိုပြောလိုက်တော့မှ,ပိုဆိုးသွားလေသည်။

အဟင့်…အဟင့်….ဟီး…အကိုအဲ့လိုဝေနှင်းအပေါ်အလေး
နက်ထားပြီး ချစ်လေဝေနှင်းပိုခံစားရလေပဲအကိုရယ်
အဟင့်…အဟင့်…တစ်ကယ်တော့…တစ်ကယ်တော့..ဝေ…
နှင်း…ဝေ..နှင်းနဲ့ အကိုကဘဝခြားနေပြီအကိုရဲ့,

ဟင်း…ဘာကိုဝဘခြားနေတာလည်းဝေနှင်းရဲ့ အကို့ကိုရှင်း
အောင်ပြောပေးပါအုံး ဝေနှင်းရယ်

ဒီလိုပါအကို ဝေနှင်းကလွန်ခဲ့တဲ့တစ်နှစ်ကျော်ထဲက သေသွားခဲ့ပြီးပြီ ဝေနှင်းစင်္ကာပူမှာဆေးကျောင်းတက်ပြီး
မိဘတွေရှိတဲ့ ဒီအိမ်ကိုပြန်လာပြီး တစ်လလောက်မှာ သူငယ်ချင်းတွေနဲ့ အပျော်ခရီးတစ်ခုထွက်ရင်းလမ်းမှာ
ကားမှောက်လို့ ဝေနှင်း…ဝေနှင်း အဲ့နေရာမှာတင်ပွဲချင်းပြီး
သေခဲ့တယ် ဝေနှင်းမိသားစုနဲ့ ဒီအိမ်ကြီးကိုအစွဲလမ်းကြီးပြီး
ဒီအိမ်ကြီးထဲမှာပဲ မကျွတ်မလွတ်သေးတဲ့ဘဝနဲ့နေနေရတာ
အကိုရဲ့,အဟင့်……အဟင့်….ဟီး…..ဒီအိမ်ကြီးထဲမှာနေတဲ့
အချိန်ဝေနှင်းဘယ်သူကိုမှအနှောက်ယှတ်မပေးခဲ့ပါဖူး ဒါကြောင့်လည်း ဝေနှင်းမိဘတွေက ဝေနှင်းကျွတ်လွတ်သွားပြီထင်ပြီး ဒီအိမ်ကြီးကိုစွန့်ခွာကောင်းပြစ်လိုက်ကြပြီး
တစ်နေရာပြောင်းရွေ့သွားတာဖြစ်မယ်အကို

ဝေနှင်းပြောလိုက်သောစကားတွေကြောင့်,ကျွန်တော်အရမ်းအံသြနေမိရသည် ခုမှသေချာပြန်စဉ်းစားမိ၏,ဒီအိမ်ကိုစ
ဝယ်တဲ့နေ့က ဘီယာမူးပြီးဝေနှင်းအခန်းထဲက ကုတင်ပေါ်
အိပ်နေတုန်းဝေနှင်းကိုတွေ့လိုက်ရချိန်က ခြံတံခါးရော အိမ်တံခါးပါသေချာသော့ခတ်ထားတာဖြစ်ပြီး နောက်တစ်နေ့
ညထမင်းစားချိန်ရောက်တော့လည်း ဝေနှင်းရောက်လာတဲ့
အချိန်က ခြံတံခါးသောခတ်ထားတာဖ်ြစ်၍ ဝေနှင်းလူဆိုပါ
ကဘယ်နည်းနဲ့မှ အိမ်ထဲသို့မဝင်ရောက်နိုင်ကြောင်းဆိုတာ
ခုမှသေချာပြန်စဉ်းစားမိလေတော့သည်။

မတက်နိုင်တော့ လူမဟုတ်လို တစ္ဆေသရဲနာနာဘဝပဲဖြစ်ဖြစ် အနေနီး၍,တစ်ချိန်လုံးအတူတူနေလာတဲ့ သံယောဇဉ်
ကြိုးက ကျွန်တော်နှလုံးသားမှာ ခိုင်မြဲနေလေပြီဖြစ်သည်။

ဝေနှင်းနားသွား၍,ဝေနှင်းလက်ခလေးကို ကိုင်ကြည့်တော့
ကိုင်လို့ရလေ၏။ ကျွန်တော်လည်း ဝေနှင်းကိုအမျိုးမျိုး
နှစ်သိမ့်ပေး၍,ဝေနှင်းခန္ဓာကိုယ်လေးကို ရင်ခွင်ထဲထွေးပွေ့
တင်းကျပ်စွာဖက်ထားလိုက်လေတော့သည်။

မငိုပါနဲ့ဝေနှင်းရယ် ဝေနှင်းကဘာပဲဖြစ်ဖြစ်ပါ အကို့နှလုံး
သားကဝေနှင်းကိုချစ်တဲ့အချစ်တွေကတော့ နည်းနည်းမလျောသွားပါဖူးကွာ,

အို….အကိုရယ်အဲ့လောက်တောင်ပဲလားဟင်……………..

ဒီထက်မကပိုပါသေးတယ်ဝေနှင်းရယ် အကိုတို့နှစ်ယောက်
ဝေနှင်းစွဲလမ်းနေတဲ့ဒီအိမ်လေးထဲမှာပဲ အတူတူနေသွားလုိ့
ရတာပဲ အကိုမသေခင်အချိန်ထိ အကိုနောက်ဆုံးထွက်သက်အချိန်ထိဝေနှင်းနဲ့ဒီအိမ်လေးထဲမှာပဲ အတူတူနေသွား
ကြမယ်လေ အကိုဒီဘဝကအပြီးအပိုင်စွန့်ခွာသွားချိန်ရောက်မှ,ဝေနှင်းနဲ့,အတူတူနောက်ဘဝကိုဆက်ကူးကြတာပေါ့ဝေနှင်းရာ,

အကိုရယ်…အဲ့လောက်တောင်ဝေနှင်းအပေါ်အစွဲကြီးချစ်နေပေးတဲ့အတွက် ဝေနှင်းအရမ်းဝမ်းသာရတာပဲအကိုရယ်

ချစ်သူနှစ်ဦးဘဝမတူပေမဲ့ အစွဲလမ်းကြီးတဲ့ ခိုင်မြဲတဲ့သံယောဇဉ်တွေနဲ့ တစ်ဦးကိုတစ်ဦးသစ္စာရှိချစ်နေမိကြ၍,သူ
တို့နှစ်ဦး၏ ပျော်ရွှင်မှုကား ဘယ်အရာနဲ့မှလဲနိုင်မည်မဟုတ်
ပါချေ။

ဒီလိုနဲ့ နေခန့်တစ်ယောက် ဝေနှင်းဆိုတဲ့ ဘဝမတူချစ်သူလေးကို အဆုံးရှုံးမခံလက်လွတ်မခံနိုင်၍, ပြင်ဦးလွင်မြို့
လေးမှာပဲ မိုးကုတ်မြို့က စိန်ရွှေရတနာဆိုင်ကို ခွဲဖွင့်လိုက်ရ
လေ၏။

တစ်ချို့တွေပြောကြတာကတော့ ဘဝမတူချစ်သူတွေဖြစ်ခဲ့ရင် ကိုယ်ကလက်လွှတ်ဆုံးရှုံးပေးလိုက်ပြီး သူဘဝလေးဒီဘဝကနေကျွတ်လွတ်သွားအောင်စွန့်လွှတ်အနစ်နာခံ
ပေးလိုက်မှ သူဒီဘဝကကျွတ်လွတ်ပြီးကောင်းတဲ့နေရာတစ်ခုကိုရောက်သွားလိမ့်မယ်တဲ့,ကျွန်တော်ကတော့ဒီလိုမဟုတ်ပေ အဲ့လိုလုပ်လိုက်ရင် သူချစ်တဲ့ကျွန်တော်နဲ့ကျွန်တော်ချစ်တဲ့သူနဲ့ အပြီးအပိုင်ဝေးကွာခွဲနေရတော့မှာမလားဗျာ,သူကဒီဘကကျွတ်ပြီးဘယ်ဘဝကိုရော်က်သွားမယ်ဆိုတာမသိနိုင်ဖူးလေ ဒါကြောင့်သေချာတဲ့ အလုပ်တစ်ခုကိုပဲ ကျွန်တော်ရွေးချယ်လိုက်မိပါတယ်
အဲ့တာကတော့ ကျွန်တော်နောက်ဆုံးထွက်သက်ထိ ကျွန်
တော်ဝေနှင်းလေးနဲ့ အတူတူဒီအိမ်လေးထဲမှာပဲ နေထိုင်သွားပြီး နောက်ဆုံးထွက်သက်အချိန်ရောက်တော့မှ ချစ်သူ
နှစ်ဦးအတူတူ နောက်ဘဝဆိုတာကိုကူးကြမယ်ဆိုတာကို
ပေါ့ဗျာ,

အကို..ဝေနှင်းကိုအရမ်းချစ်တာပဲလားဟင်

ဝေနှင်းရယ် ဒီစကားကိုအကိုပြောစရာလိုမယ်မထင်တော့ပါဖူး အကိုနှလုံးသားကပဲပြောပါလိမ့်မယ်ဝေနှင်းနား
ထောင်ကြည့်ပါလား အကိုနှလုံးသားစကားသံကို

ဝေနှင်းတစ်ယောက် ကျွန်တော်ရင်ခွင်ထဲခေါင်းလေးဝင်၍
နားလေးဖြင့် နှလုံးသားနေရာလေကိုဖိကပ်နားထောင်နေချိန်
ကျွန်တော်တင်ကျပ်စွာထွေးပွေ့ဖက်ထားလိုက်လေသည်။

ဟွန်း…..သွားလူလည်ကြီး ဘာမှမသိဖူးခစ်…ခစ်…..ခစ်..

ချစ်လွန်းလို့ပါဝေနှင်းရယ် ဟား……..ဟား……..ဟား…..

ချစ်သူနှစ်ဦးအိပ်ခန်းလေးအတွင်း၌ ပျော်ရွင်ကြည်နူးမှုတွေ
နှင့်ပျော်ရွင်နေကြလေတော့သည်။

ပြီး

*ရှိုင်း*

*စာရေးဆရာအပေါင်းအားအထူးလေးစားလျှက်*

*၂၇ကြိမ်မြောက်ရေးသားဖော်ပြသည်*

စာရေးပြီးတင်ချိန်7:18.p.m

8.11.2021.တနင်္လာနေ့