*တစ္ဆနေိုင်ကိုရင်လေးနဲ့ မကျေနပ်၍ လိုက်လာသောတစ္ဆေ*📖📖 (စ/ဆုံး)
*******************************************************************
၁။
တနေ့သော နေ့လယ်ခင်း၌ ကိုရင်နန္ဒိယသည် ကျောင်းပရဝုဏ်ရှိ အမှိုက်များကို လှဲကျင်းနေ၏။
နွေပေါက်ပြီမို့ သစ်ရွက်ကြွေများက မြေပေါ်၌ ပျံ့ကြဲလျက်ရှိသည်။ ကိုရင်သည် ကျယ်ဝန်းလှသော ပရဝုဏ် တလျောက်ရှိ အမှိုက်များကို တပါးတည်း လှဲကျင်းနေသည်ဖြစ်ရာ ချွေးပြိုက်ပြိုက် ကျလျက်ရှိလေ၏။
ကျောင်းသားငယ်အချို့မှာ ကျောင်းဝန်းအတွင်း ပြေးလွှားဆော့ကစားနေကြသည်။ ကျောင်းသားအချို့ကတော့ စုဖွဲ့စကားပြောနေကြ၏။
သစ်ရွက်အမှိုက်တွေကို တနေရာတည်း စုထားလိုက်ပြီး၊ ကိုရင်သည် လက်ခတ်ဖြင့် တောင်းထဲသို့ ကြုံးထည့်လိုက်သည်။
ခါတိုင်းဆို ဒီအလုပ်တွေကို ဆရာဖြစ်သူ ဦးသူတော်ကသာ တဦးတည်း ဒိုင်ခံ လုပ်၏။ ယခု ဦးသူတော်သည် မွန်ပြည်နယ် ဇင်းကျိုက်တောင်သို့ ခရီးထွက်သွားသဖြင့် ကိုရင်နန္ဒိယက တာဝန်ယူ လုပ်ကိုင်နေရခြင်း ဖြစ်၏။
တခြားကိုရင်များမှာလည်း သူ့တာဝန်နှင့်သူ၊ ကိုယ်စီရှိကြလေ၏။ ကုဋီ ဆေးကြောရသည်။ ဆွမ်းစားဆောင်ရှိ ပန်းကန်ခွက်ယောက်တွေ ဆေးကြောရသည်။ အနောက်အင်းအစပ်က မြက်ရိုင်းတွေ ခုတ်ရသည်။ထင်းပေါက်ရသည်။ စသဖြင့် ကိုယ်စီကိုယ်ငှ တာဝန်ယူကြရ၏။
နွေကျောင်းပိတ်ရက်တွင် ကျေးရွာနေ ဗုဒ္ဓဘာသာဗမာလူမျိုးတို့ ထုံးစံအတိုင်း ကလေးငယ်များကို ကျောင်းသို့ လွှတ်၍ ဘာသာရေးစာပေများ သင်ကြားစေ၏။ ထို့ကြောင့် ယခုအခါ၌ ကိုရင်နန္ဒိယတို့ကျောင်းမှာ ရွာထဲက ဘုစုခရု ကလေးတသိုက် ရောက်နေလေ၏။
အငယ်ဆုံး ၅နှစ်မှစ၍ ၉နှစ် ဆယ်နှစ်သား ကလေးအရွယ်ထိ ပါဝင်သည်။ ၄တို့ကို သြကာသကန်တော့ချိုးကစ၍ အရွယ်အလိုက် ထိုက်လျောက်သော ဘုရားစာများကို သင်ကြားပေးရန် ဦးဇင်း ဦးစန္ဒိမာက တာဝန်ယူထား၏။
ကိုရင်ကြီးများကလည်း ကလေးငယ်များကို သင်ကြားပေး၏။ ကလေးတွေဆိုတော့ စာထက် အဆော့မက်ကြ၏။ ဦးဇင်း ဦးစန္ဒိမာက ကလေးချစ်တတ်၍ တော်တော့သည်။ စာအံချိန် စာအံ။ ဆော့ကစားချိန် ဆော့ကစားကြရန် အခွင့်ပေးထား၏။ ထို့ကြောင့် ကျယ်ဝန်းပြီး သီးပင်စားပင် ပေါသော ဘုန်းကြီးကျောင်းမှာ ကျောင်းသားငယ်တို့မှာ ပျော်ကြလေ၏။
ယခုနှစ် လာရောက်သော ကျောင်းသားများထဲမှ ကံကောင်းနှင့် ဆိုးပေကို ကိုရင်နန္ဒိယ သိပ်ပြီး သဘောမတွေ့လှချေ။ ဒီနှစ်ကောင်က ၁၀နှစ် ၁၁နှစ်အရွယ်တွေ။ ပြီးတော့ နွေရာသီတိုင်း ဒီကျောင်းမှာ ပညာသင်နေကျဆိုတော့ ကျောင်းပါးဝနေကြသည်ဖြစ်၏။
တခါတရံ တားမြစ်ထားသော အနောက်အင်းစပ်သို့ သွား၍ ငါးနှိုက်ချင်ကြသည်။ ကျောင်းထိုင်ဘုန်းကြီးက ကလေးများကို အနောက်အင်းသို့ မသွားစေလို။ အင်းထဲ ဆင်းဆော့လို့ ရေနစ်နေရင် အခက်မဟုတ်လား။
ကံကောင်းနဲ့ ဆိုးပေက စူးစမ်းချင်တဲ့ အရွယ်ဆိုတော့ တားမြစ်ထားတာကို ချိုးဖေါက်ချင်ကြသည်။အင်းနံဘေးက လက်ပံညီနောင် အပင်ပေါ်က ငှက်သိုက်ပင် တက်နှိုက်မည် လုပ်သေး၏။
ကိုရင်ကြီးတပါးက အတွေ့ဦးသွား၍ လက်ပံပင်ခါးတဝက်မှ ပြန်ဆင်းလာကြ၏။ တောဓလေ့ တောရွာရှိ ကလေးတို့မှာ မသင်ကြားရပါပဲ သစ်ပင်တက်တတ်ကြလေ၏။
ထိုနေ့က ဦးဇင်း ဦးစန္ဒိမာထံ ထိုသတင်းရောက်သွားရာ၊ ကံကောင်းနှင့်ဆိုးပေတို့ ကြိမ်ဖြင့် အရိုက်ခံရ၏။
ရိုက်နေတုန်းသာ အ့မယ်လေး အဘလေးနဲ့ အော်ဟစ်ကြသည်။ တခဏအကြာ၌ နှစ်ယောက်သား ခေါင်းချင်းဆိုင်၍ ရယ်မောနေကြပြန်၏။
အရင်က စားဖိုဆောင်ကို တာဝန်ယူထားသော ဦးဇင်းမှာ တံခါးကို ဘယ်တော့မှ သော့မခတ်ချေ။ ဒီနှစ်ကောင် ရောက်လာမှ ထိုဦးဇင်းလည်း စားဖိုဆောင်ကို သော့ခတ်၍ သော့ကို ခါးကြားမှ မချတော့ချေ။
ကလေးဆိုတော့ ပြောရခက်၏။ သူတို့ စားချင်သည့် မုန့်ပဲသရေစာကို ဝယ်မစားနိုင်သည့်အခါ၊ စားဖိုဆောင်ထဲက ဘုန်းကြီးအတွက် ရွာထဲမှ ဆွမ်းဒကာမတယောက်က လှုလိုက်သော တရုတ်မရွေးထုပ်များကို တထုပ်မကျန် အကုန်စားပစ်ကြ၏။
ဘုန်းကြီးကပ်မယ်လုပ်ခါမှ မုန့်ထုပ်က ရှာမတွေ့တော့။ သကောင့်သားနှစ်ကောင်က ကုဋီနှင့် ရေတွင်းအကြားမှာ ပုန်းကွယ်၍ ပလုပ်ပလောင်းစားနေသည်ကို ကိုရင်တပါးက မိလေ၏။ မုန့်အပေါ်က ပတ်ထားသော ဆီစိမ်စက္ကူများသာ ကျန်တော့သည်။ ဦးစန္ဒီမာလည်း ဒေါသဖြစ်ဖြစ်နဲ့ ထိုနှစ်ကောင်ကို ရိုက်ရပြန်၏။ထို့အပြင် မိဘများကို ကျောင်းသို့ ခေါ်ယူ၍ အသိပေးရသည်။
၄တို့မိဘများမှာလည်း ဦးဇင်းကိုသာ အပ်ထား၍ ဆုံးမပေးပါဟုသာ လျှောက်၏။ သူတို့သား သူတို့လည်း နိုင်ဟန်မတူ။ မိဘများက ရွာထဲက ဈေးဆိုင်ကို ပြေး၍ မုန့်ထုပ် အစားပြန်ဝယ်ကပ်ပါသေး၏။သို့သော် မွန်းလွဲသွားပြီဖြစ်၍ ဘုန်းကြီးခမျာ သူ ကြိုက်သော တရုတ်မရွေးကို ဘုန်းမပေးလိုက်ရတော့ပေ။ ဤမျှ ဆိုးသော ကျောင်းသားနှစ်ယောက် ဖြစ်၏။
____________
၂။
ကျောင်းဝန်းထဲက အရိပ်ကောင်းသော မန်းကျည်းပင်ကြီးအောက်မှာ ကလေးတသိုက် စုရုံးနေကြလေ၏။
ထုံးစံအတိုင်း ခေါင်းဆောင်က ကံကောင်းနှင့် ဆိုးပေတို့ ဖြစ်၏။ကလေးသဘာဝ ရောက်တတ်ရာရာတွေ ပြောဆို ငြင်းခုံနေကြခြင်း ဖြစ်သည်။ ကလေးငယ်တယောက်က ကံကောင်း ပြောနေသည်ကို ဝင်၍ ထောက်လိုက်သည်။ ကံကောင်းက အနောက်အင်းထဲမှာ တစ္ဆရှေိသည်ဟု ကလေးများကို ဖြီးဖျန်း ခြောက်လှန့်နေခြင်း ဖြစ်၏။
” ဘုန်းကြီးကျောင်းပါဆို ဘယ်လိုလုပ် သရဲ ရှိမလဲ ကိုကံကောင်းရ ”
ကံကောင်းက လူပါး။ အဲ့သလောက်နဲ့ တက်မလာခဲ့နဲ့ဆိုသည့် အကြည့်မျိုးနဲ့ ထိုကလေးကို ကြည့်လိုက်ပြီး …
” အံမယ် … မင်းမှ အပြောကောင်း၊ ဒါဆိုရင် ဘာကြောင့် ဘုန်းကြီးတစ္ဆလေို့ ရှိတာလဲ ။ ဘုန်းကြီးလဲ ငါ့ကျောင်း ငါ့ဥစ္စာဆိုပြီး ပစ္စည်းဥစ္စာကို မက်မော သေရင် လောဘကြောင့် တစ္ဆဖြေစ်တာပေါ့ကွ၊ သူလဲ ဘာမို့လို့လဲ ”
ထိုအခါ ကလေးငယ်များက ကြောက်ရွံသွားကြဟန်တူသည်။ ကံကောင်းအနီး စုပြုံတိုးလာကြပြီး
” ဟင်! ဒါဆိုရင် ဒီကျောင်းမှာရော အဲ့သလို ဘုန်းကြီးတစ္ဆရှေိသလား ကိုကံကောင်း ”
” အဲ့ဒါတော့ ငါလဲ မသိဘူးကွ၊ ငါတို့ မွေးကတည်းက ဒီကျောင်းထိုင်က ဘုန်းကြီး ဦးသောဘိတပဲလေ။ အရင်က ကျောင်းထိုင်ကို ငါမှ မမှီတာ ”
ထိုအခါ ဆိုးပေက …
” နို့ နေပါအုံး ကံကောင်း၊ အနောက်အင်းထဲမှာ တစ္ဆရှေိတယ်ဆိုတာ မင်း ဘယ်သူက ပြောတာလဲ … ”
ကံကောင်းက သူ့ပခုန်းကို မြှင့်လိုက်ပြီး …
“ဒီလိုပဲ ငါလဲ ကြားတာပေါ့ ၊ အဲ့ဒီတစ္ဆကေ အခု မခြောက်တော့ဘူးတဲ့ကွ၊ ဒီကျောင်းမှာ ကပ္ပိယလုပ်တဲ့ ဦးသူတော်က အဲ့ဒီတစ္ဆကေို ကိုင်ပေါက်ရိုက်နှက်ပြီး ဆုံးမထားတယ်ဆိုပဲ ”
ကလေးတယောက်က မျက်လုံးပြူးလျက် …
” ဟူး ဒါဆို တော်သေးတာပေါ့နော် ၊ အနော်က ခဏခဏ သေးပေါက်တတ်တော့ အဲ့ဘက်ကို မသွားရဲဘူးဖြစ်နေတာ ”
” အေး … ဒါပေမဲ့လို့ မင်းတို့ ငါတို့ ကျောင်းသားတွေကို ဦးဇင်း ဦးစန္ဒိမာက အနောက်အင်းစပ်ကို မသွားရဘူးလို့ တားမြစ်ထားတယ် ။ ဘာလို့လဲ သိလား ”
” ရေနစ် သေမှာစိုးလို့ပေါ့ ”
” အေး … အဲ့ဒါလဲ ပါတယ်ကွ၊ နောက်တခု ကျန်သေးတယ် ”
” ဘာကျန်သေးတာလဲ ”
ကံကောင်းက သူ့မျက်လုံးကို ခပ်မှေးမှေးလုပ်၍ …
” အဲ့ဒီအင်းထဲမှာ ဦးသူတော် နှိမ်နှင်းလိုက်တဲ့ တစ္ဆအေပြင် ၊ နောက်ထပ် တစ္ဆတေကောင် ရှိသေးတယ်တဲ့ကွ ။ ဒီတစ္ဆကေ ဒီကျောင်းက ကိုရင်နန္ဒိယ မွေးထားတာဆိုလားပဲ။ သူက ကျောင်းက စားကျွင်းစားကျန်တွေ အဲ့ဒီအင်းထဲက တစ္ဆကေို သွားသွားကျွေးသတဲ့ ”
ဆိုးပေက …
“သေချာလို့လားကွာ၊ မင်းလဲ မြင်တာမဟုတ်ဘဲနဲ့ … ”
ဆိုးပေက ထပ်ပြီး အတည်ပြုရန် မေးလိုက်တော့ … ကံကောင်းက သူ ခိုးနားထောင်ခဲ့တာကိုပါ ဖေါ်၏။
” ငါတော့ မမြင်ဘူးပေါ့ကွ၊ ဒါပေမဲ့ ကိုရင်ကြီးဒုံးပေနဲ့ ကိုရင်သံခဲ ပြောနေတာကို ငါ ခိုးနားထောင်ခဲ့လို့ သိတာ … ”
ဆိုးပေက သူ့ပုဆိုးကို ပြင်ဝတ်ရန် ထလိုက်ပြီး …
” ဟာကွာ … အဲ့ဒီကိုရင်ကြီးက ရူးနှမ်းနှမ်းရယ် ၊ ဟုတ်မယ် မထင်ပါဘူး ။ အေးလေ ဘာပဲဖြစ်ဖြစ် အနောက်အင်းဘက်လဲ ငါတို့ကျောင်းသားတွေမှ သွားခွင့်မရှိတာ။ သူဟာသူ သရဲဖြစ်ဖြစ် တစ္ဆဖြေစ်ဖြစ် ငါတော့ စိတ်မဝင်စားဘူးဟေ့ ”
ဆိုးပေက ထိုသို့ အပြတ်ပြောလိုက်တော့၊ ကံကောင်းက …
” ဒါဖြင့် မင်းက ဘာကို စိတ်ဝင်စားတာလဲ ”
” ဟီးဟီး ငါလား … ခုချိန် ဘာစိတ်ဝင်စားရမလဲကွ၊ သိမ်ရဲ့ တောင်ဘက်က သရက်ပင်ကြီးကို စိတ်ဝင်စားတာပေါ့ ၊သိမ်ဘေးက သရက်ပင်ကြီးကလေ သရက်သီးတွေ သီးနေတာများ ပြွတ်ခဲလို့ ”
ကံကောင်းလည်း ဆိုးပေက ပြောလိုက်မှ သရက်သီးသုပ် စားချင်သွား၏။ သိမ်နံဘေးက သရက်ပင်က စိမ်းစားသီးကြီးတွေ ငပိနဲ့သုပ်စားလျင် အလွန်ကောင်း၏။ သို့ပေမယ့် ကံကောင်း သက်ပြင်းသာ ချလိုက်၏။ ထိုသရက်ပင်မှ အသီးတို့ကို သူလည်း မခူးရဲပေ။
” လခွမ်း … ငါတော့ ခူးရဲပေါင်ကွာ၊ သိမ်နားက ကွပ်ပြစ်မှာ ဦးဇင်းလေး ဦးသု (ဦးသုမန)က စာဝါကျက်နေကျကွ။ သူနဲ့မိလို့ကတော့ ဦးစန္ဒိမာလို ရိုက်မှာမဟုတ်ဘူး။ ငါတို့ကို တနေကုန် နေပူလှမ်းထားလိမ့်မယ် ၊ မင်း ခူးရဲရင် မင်းဖါသာသွား ”
ကံကောင်းက တွင်တွင်ငြင်းတော့ ဆိုးပေက ခေါင်းကုတ်၏။ သူ့စိတ်မှာ သရက်သီးသုပ် စားချင်သည့် အာသီသက ပြင်းပြနေ၏။
အဲ့ဒီမှာ ကလေးတယောက်က အကြံပေး၏။
” ကိုကြီးဆိုးပေတို့ ခူးရဲရင်တော့ ပိုင်ရှင်မရှိတဲ့ သရက်ပင် ကျုပ် ပြောပြမယ်လေ။ အဲ့ဒီအပင်က သရက်သီးကလဲ ဂျွမ်း ဂျွမ်းနဲ့ သိပ်စားလို့ကောင်းတာဗျ ”
ထိုကလေးအမည်မှာ ရဲဇော်ဖြစ်၏။စိတ်ဓာတ်ကျနေသော ဆိုးပေရော ကံကောင်းပါ ခေါင်းထောင်သွား၏။
” ဘယ်အပင်လဲ ရဲဇော် ၊ ပိုင်ရှင်မရှိမှတော့ ငါတို့က ဘာလို့ မခူးရဲရမှာလဲကွ ၊ ပြောစမ်း ဘယ်နားကအပင်လဲ”
ထိုအခါ ရဲဇော်ဆိုသောကလေးက …
” ရွာသင်္ချိုင်း အဝင်က မချစ်စုသရက်ပင်ကြီးလေ ”
” ဟေ! ”
ကံကောင်းနှင့်ဆိုးပေတို့ နှစ်ယောက်စလုံး မျက်လုံးပြူးသွားကြသည်။ သူတို့ အဲ့ဒီအပင်ကြီးကို ဘာလို့များ မတွေးမိကြပါလိမ့်လို့လည်း တဦးကို တဦး မေးစမ်းသည့်သဘောနဲ့ ကြည့်လိုက်ကြသည်။
__________
၂။
ရွာသင်္ချိုင်းနံဘေးမှာ မချစ်စုသရက်ပင်ကြီး ရှိ၏။ ထိုသရက်ပင်ကြီးသည် မြေဆီဩဇာကောင်း၍လားမသိ။ နှစ်စဉ် အသီးများစွာ သီး၏။
သို့သော် လူစားသည်ထက် ကျေးငှက်တိရိစ္ဆာန်လေးများနှင့် ရှဉ့်များ လာစားကြသည်ကသာ များ၏။
သင်္ချိုင်းသည် ရွာနှင့် အလှမ်းဝေးသလို ၊ မသာပို့မှလွဲ၍ အသွားအလာ သိပ်မရှိလှသော နေရာဖြစ်၏။
မသာပို့အပြန်မှာတော့ ကျေးရွာသားအချို့က အနိမ့်ဆုံးကိုင်းက သရက်သီးကို ခူးယူသွားတတ်ကြသည်။ ဘယ်သူမှ လောဘတကြီး သရက်ပင်ပေါ် တက်ခူးသူ မရှိချေ။ မည်သူမှလဲ သင်္ချိုင်းနံဘေးက သရက်ပင်ပေါ် မတက်ရဲချေ။ရွာသားတွေ သစ်ပင်ပေါ် မတက်ရဲသည့် အကြောင်းတခုက ရှိသေး၏။
လွန်ခဲ့သော နှစ်အနည်းငယ်က ထိုသရက်ပင်၌ ရွာထဲက လူတယောက် ကြိုးဆွဲချ သေခဲ့ဖူးသည်။ စိတ်ကျန်းမာရေး မကောင်းသော ဖိုးချို ဆိုသူဖြစ်၏။ဖိုးချိုသည် ဖါးကန့် ကျောက်မှော်တခုမှ ငှက်ဖျားရောဂါ ရလာပြီး၊ ရွာကို အပြီးပြန်လာသူဖြစ်၏။ ရွာက ထွက်သွားတုန်းက အကောင်း။ မှော်ထဲက ပြန်လာမှ စိတ်မပြည့်သူပမာ ရွာရိုးကိုးပေါက် ရှောက်သွားနေသူ ဖြစ်၏။ တချို့က ငှက်ဖျားဒဏ်ကြောင့် ထိုကဲ့သို့ ဖြစ်သွားခြင်းဟု ဆိုကြ၏။
မှတ်မှတ်ရရ ဖိုးချို သေသည့်နံနက်က ဆောင်းမနက်ခင်း ဖြစ်လေ၏။ မြူတွေ တရွာလုံးကို ပိန်းပိတ်အောင် အုံ့ဆိုင်းနေသဖြင့် ၊ လယ်ယာခွင် ဆင်းမည့်သူများပင် နောက်ကျနေကြသည်။
ရွယ်လယ်လမ်းတလျောက်မှ ဖိုးချိုအမေ ဒေါ်လုံး၏ အော်ခေါ်သံကို တရွာလုံးက ကြားကြ၏။ဒေါ်လုံး မနက် အိပ်ရာထတော့၊ ဖိုးလုံးက အိပ်ရာမှာ မရှိတော့ချေ။ ဘယ်အချိန်ကတည်းက ထသွားသည် မသိလိုက်ရ။ သို့ဖြင့် သူ့သား သွားတတ်လာတတ်သည့်နေရာများကို လိုက်လံရှာဖြွေခင်း ဖြစ်၏။
ဒေါ်လုံး ပြောသည်က …
” မနေ့ညကတည်း ဖိုးချိုစိတ်က မူမမှန်ဘူး။ကျုပ်တို့တဲ အပြင်ဘက်ကို လက်ညှိုးတထိုးထိုးနဲ့ ‘ အမေရေ ကျုပ်ကို သူတို့ လာခေါ်နေကြပြီဗျ ။ ကျုပ် သူတို့နဲ့ လိုက်သွားမှ ဖြစ်မယ်’ ချည်းပဲ ပြောနေတယ် …
ကျုပ်ကလဲ သူ့အမူအယာ မကြိုက်တာနဲ့ ‘မဟုတ်ကဟုတ်က ငါ့သားရယ်၊ မင်းကို ဘယ်သူတွေက လာခေါ်နေတာလဲ’လို့ မေးလိုက်တော့ …။
သူက ‘ ငရဲသားတွေ အမေရေ ၊ ငရဲသားတွေဗျ ‘ လို့ ကြောက်လန့်တကြား ပြောတယ်။ အဲ့တုန်းကဆို ကျုပ်ဖြင့် ကြက်သီးဖျန်းဖျန်းတောင် ထသွားတယ်။ ဒီကောင်လေးတော့ မဟုတ်တာတွေ ပြောနေပြန်ပါပြီပေါ့။ ဒါနဲ့ ကျန်းမာရေးမှုးပေးထားတဲ့ အိပ်ဆေးကို ချော့တိုက်ပြီး သိပ်လိုက်တယ်။ သူ အိပ်ပျော်သွားတယ်။
သူ အိပ်မှ ကျုပ်ကအိပ်တယ်။ ဒီမနက် ကျုပ် အိပ်ရာကနိုးတော့ သူ့ကို ရှာမတွေ့တော့ဘူး ၊ ခက်တာပါပဲတော် ”
ယခင်က ဖိုးချိုသည် တဦးတည်းသော ဖတဆိုးသားမို့ ဒေါ်လုံး၏ အလိုလိုက်ခြင်းကို ခံရသူဖြစ်၏။
မုဆိုးမဒေါ်လုံးက ဖိုးချိုကို ဈေးရောင်းပြီး အတန်းကျောင်းထားပေး၏။ သိုပေမယ့် ဖိုးချိုက ကျောင်းမပျော်။ ကျောင်း ခဏခဏ ပြေး၏။
ပိန်းဇလုပ်ချောင်းဘက် သွား၍ ငါးမျှားသည်။ သူ့များလယ်တွေထဲ ဆင်း၍ လယ်ပုစွန်လုံးရှာသည်။ လေးခွတချောင်းဖြင့်လည်း ကျေးငှက်ကလေးများကို သတ်ဖြတ်စား၏။ ကြာတော့ ဒေါ်လုံးသည် ဖိုးချိုကို မနိုင်တော့ချေ။ ဖိုးချိုသည် သူတပါးအသက်ကို သတ်ရမှ နေပျော်သလို ဖြစ်လာ၏။
စာဆက်မသင်တော့ဘဲ ၅တန်းဖြင့် ကျောင်းမှ ထွက်သည်။သို့ဖြင့် ဒေါ်လုံးလည်း ကျောင်းမတက်ဘဲ ရွာထဲ လေးခွတချောင်းနှင့် လည်နေသော ဖိုးချိုကို မြို့က ဆွေမျိုးနီးစပ် ကားဝပ်ရှော့ဆိုင်တခုသို့ ပညာသင် အပ်ပေးလိုက်သည်။ ပညာသင် အပ်စဉ်ကပင် ဖိုးချို အသက်က ၁၄နှစ်ကျော် ၁၅နှစ်ထဲ ရောက်နေပြီ ဖြစ်၏။
တနှစ်၊ နှစ်နှစ်တော့ ဖိုးချိုတယောက် ဝပ်ရှော့မှာ ငြိမ်သွား၏။ သသို့ပေမဲ့ သူ့ဗီဇက ဖျောက်နိုင်ခဲ၏။ဖိုးချို၏ ဝပ်ရှော့ဆရာက ဒေါ်လုံး မြို့သို့ရောက်ခိုက် သူ့ဝပ်ရှော့ ဝင်သည့်အခါတိုင်း ပြောသည်မှာ …
” ခိုးတာ ဝှက်တာ မရှိဘူး။ ပျင်းရိတာမျိုးလဲ မဟုတ်ဘူး ။ဒေါ်လုံးသားက ပညာတတ်လွယ်တယ်။ နို့ပေမယ့် … ဥပုသ်နေ့ ဆိုင်ပိတ်ချိန်ဆို ဖိုးချို တနေကုန် ပျောက်သွားတတ်တယ်။
အဲ့ တနေကုန် ခင်များသားက ဘာလုပ်တယ်မှတ်လဲ။ နေပူထဲ ဒုက္ခခံပြီးတော့ကို ငါးသွားမျှားတယ်ခမျ ။
ပြန်လာတိုင်း ငါး သုံးလေးကောင်ထက်မနည်း ပါလာတာချည်းပဲ။ အတော်ကို အကုသိုလ် အလုပ်နဲ့ အကျိုးပေးတဲ့အကောင် ”
ဖိုးချိုက မြို့သို့ ရောက်နေသော်လည်း သူ့ဝါသနာကို မစွန့်လွှတ်ချေ။
ဒီလိုပဲ အားရက်နားရက်လေး ရလို့ ရွာပြန်ရောက်တိုင်းလည်း လေးခွတချောင်းဖြင့် ငှက်မုဆိုး လုပ်လေ့ရှိသည်။
အကုသိုလ် အကျိုးပေးဟန်တူ၏။ ပြန်လာလျင် သူ့လက်ထဲ ငှက်တွေ တသီကြီးတွဲလာတတ်၏။
နောက်တော့ ဖိုးချိုသည် အရွယ်ရောက်ပြီး ကားဝပ်ရှော့သို့ ကားလာပြင်သည့် ကားသမားများနှင့် ခင်မင်လာ၏။ ထိုအထဲမှာ ဖါးကန့်က လူတွေလည်းပါ၏။
ကားဝပ်ရှော့ကို လာတတ်ကြသည်က ကားစီးနိုင်သော သူဌေးတွေဆိုတော့ ၊ ဖိုးချို အားကျ၏။ သူတို့လို ချမ်းသာချင်၏။ သူတို့လို ကားအကောင်းစားကြီးတွေ ထည်လဲ ဝယ်စီးချင်၏။ သို့ဖြင့် သူလည်း ဖါးကန့်သို့ သူဌေးဖြစ်ရန် ရည်ရွယ်ချက်ဖြင့် ရောက်သွားခဲ့သည်။ သူ ကျောက်တူးဖေါ်ရေးကုမ္ပဏီတခုမှာ စက်ပြင်ဘဝနဲ့ အလုပ်ရ၏။
အဲ့ဒီမှာ ဖိုးချိုသည် ကျောက်မိုင်းခွဲသော ကရင်တယောက်နှင့် ခင်သွားပြန်၏။ ထိုကရင်ထံမှ ယမ်းခွဲနည်းကို တတ်သွားသော်အခါမှာတော့ ၊ ဖိုးချိုတယောက် ဗီဇပိုးက ပြလာပြန်၏။
ချောင်းတွေမြစ်တွေမှာ ငါးမိုင်းခွဲလေတော့၏။ ငါးတွေ အစုလိုက်အပြုံလိုက် သေကျေကြသည်။ သူကတော့ ငါးအများကြီးရသဖြင့် ပျော်တပြုံးပြုံး။မစားလောက်သော အရွယ်မရောက်သေးသော ငါးသေး ငါးမွှားလေးတွေမှာလည်း ဖိုးချို၏ ယမ်းကြောင့် အရွယ်မရောက်မီ သေကြရသည်မှာ အများအပြားပင်။
အမှန်တော့ ဖိုးချိုသည် သူ့အသက်ကို သတ်ဖြတ်ခြင်း၌ မွေ့ထုံနေခြင်းသာဖြစ်သည်။ သူသည် ငါးစားချင်လွန်းလို့ မိုင်းခွဲသည်လည်းမဟုတ်။ သူ စားနိုင်လှ တကောင်အပြင် နှစ်ကောင်ပေါ့။ ငါးမျှားလျင် ထိုလောက် ငါးတွေ သေကြမည်မဟုတ်ချေ။ဖိုးချိုကား ငါးတွေ အများကြီး သေကြေတာကို ကြည့်၍ သဘောကျနေခြင်းသာ ဖြစ်၏။ အင်မတန် အကုသိုလ်ကြီးသော ဖိုးချိုပင်။
သူ့အကုသိုလ်က သူ့အား တဖန် အကျိုးပေးလာသည့်အချိန်မှာတော့၊ ဖိုးချိုတယောက် နာမည်ကြီး မှော်ထဲက ငှက်ဖျားရောဂါဒဏ်ကို အလူးအလဲ ခံစားရလေတော့သည်။
တောထဲ တောင်ထဲ ဆေးဝါးက မပြည့်စုံ။ ပြုစုမယ့်သူက မရှိနဲ့။ ဖိုးချိုရဲ့ ရောဂါက တနေ့ထက်တနေ့ ပိုဆိုးလာ၏။ နောက်ဆုံးတွင် ကျန်သည့်ခွန်အားလေးဖြင့် ရွာအရောက် ပြန်ခဲ့ရလေတော့၏။
ရွာမှာကလည်း ကျန်းမာရေးမှုးသာ အားကိုးနေရသည်။ နားလည်တတ်ကျွမ်းသော ဆရာဝန် ဆရာမဆိုတာက တလနေလို့ တခေါက်ပင် မှန်မှန်ရောက်သည်မဟုတ်။
အဲ့ဒီတော့ ငှက်ဖျားရောဂါက သက်သာလာငြားလည်း ဖိုးချိုတယောက် စိတ်က မူမမှန်တော့ချေ။ နေ့ဘက် ရွာထဲ သူ သွားချင်ရာ ရှောက်သွား၏။ ဒေါ်လုံး ဈေးရောင်းပြန်လာသည့်အခါ လိုက်ခေါ်၏။ အစားမမှန် အအိပ်မမှန်တော့ သူ့စိတ်အခြေအနေက ပိုဆိုးရွားလာသည်။
မကြာခဏ သူ ပြောတတ်သည့်က …
‘ ငါ့ကို လာခေါ်နေကြပြီ ‘ ၊
‘ မည်းမည်းအကောင်ကြီးတွေ ကြောက်တယ် ကြောက်တယ် ‘
တောင်စဉ်ရေမရ ရောက်တတ်ရာရာတွေ ရှောက်ပြောလေ့ရှိ၏။
နောက်ဆုံး သူ့အား ရွာသင်္ချိုင်းနံဘေးက မချစ်စုသရက်ပင်ကြီးမှာ ကြိုးတွဲလောင်းနှင့် သေနေသည်ကို တွေ့ကြရသည်။ ဒေါ်လုံးခမျာ ရင်ကွဲလုမတတ် အော်ဟစ် ငိုယိုရှာ၏။ တဦးတည်းသော သားမဟုတ်လား။ အားကိုးရသည်မဟုတ်ပေမယ့် တဦးတည်းသော ရင်းနှစ်သည်းချာဆိုတော့ ဒေါ်လုံး ဖြေမဆည်နိုင်ရှာပေ။
အလောင်းကို ရွာထဲ ပြန်ယူခွင့်မရ။ ထိုနေရာမှာပင် ပြင်၍ သင်္ချိုင်းမှာ သင်္ဂြိုလ်လိုက်ရ၏။
ဘယ်သူကမှ ညဘက် သင်္ချိုင်းကို သွားကြသည်မဟုတ်တော့ သရက်ပင်ကြီးက တစ္ဆခြောက်သည်ဟုလည်း မပြောကြပါဘူး။ ဒါပေမဲ့ နာရေးရှိလို့ မသာကို သင်္ချိုင်း ပို့ပြန်ကြရင်တော့ သရက်ပင်ကြီးကို မရဲတရဲကြည့်ပြီး ကွင်းရှောင် ပြန်ကြလေ၏။
ကြာတော့လည်း လောကဓမ္မတာအတိုင်း ဖိုးချိုကို မေ့သွားကြသည်။ သရက်ပင်ကြီးကိုလည်း ကွင်းရှောင်မနေကြတော့။ ကိုယ်သွားစရာရှိတာကို သွားကြ လာကြနဲ့။ သရက်ပင်ကြီးမှာ ဖိုးချို ကြိုးဆွဲချသေခဲ့တာကို အရေးတယူလုပ်ပြီး မပြောကြတော့ချေ။
သရက်ပင်လည်း သူ့ရာသီနဲ့ သူ။ သရက်ပွင့်ချိန်တန် ဝေဆာနေအောင်ပွင့်၏။ လေပြင်း မတိုက်ခတ်သည့်နှစ်များဆို အပင်ပေါ်မှာ သရက်သီးတွေက မြင်မကောင်းအောင် ပြွတ်သိပ်ညပ်စွာ သီးလေ၏။
လေပြင်းတိုက်ခတ်ခံရသည့်အခါလည်း အသီးက တင်သင့်သလောက် တင်သည်သာ။
ယခုနှစ်လည်း အနှီသရက်ပင်ကြီးသည် အသီးများနှင့် ပြည့်လို့နေပါ၏။
____________
၃။
ညနေ ၄နာရီထိုးတော့ ဘုန်းကြီးကျောင်းက ကျောင်းသားတွေ တပျော်တပါးနဲ့ ကျောင်းဆင်းပြီ။ ကိုယ့်အစုနဲ့ကိုယ် ရွာထဲ ပြန်ကြ၏။ တချို့က ပြေးလွှားခုန်ပေါက်လို့ ၊ တချို့ကတော့ အချင်းချင်း စကားတွေ ဖေါင်ဖွဲ့လို့ပေါ့။
ဆိုးပေနဲ့ ကံကောင်းကတော့ အိမ်ကို တန်းမပြန်။ ကျောင်းဝင်း အပြင်ဘက်က ရေအိုးစင်အောက်မှာ သူတို့ဖွက်ထားသော လေးခွတွေ သွားယူကြ၏။ လွယ်အိတ်ထဲ လေးခွသာ တွေ့လို့ကတော့ ဦးဇင်း ဦးစန္ဒိမာက သိမ်းလိမ့်မည်။ ဘယ်တော့မှ ပြန်ပေးမည်မဟုတ်။ ထို့ကြောင့် ကျောင်းလာတိုင်း သူတို့နှစ်ယောက်… လေးခွကို ဤရေအိုးစင်အောက်မှာ အသေအချာ ဝှက်ထားခဲ့လေ့ရှိကြသည်။ ကျောင်းဆင်း အိမ်အပြန်ကျမှ ယူ၏။
လေးခွတွေ ယူပြီးသည်နှင့် ဆိုးပေက ကံကောင်းအား မေးငေါ့သည်။
” မင်း လိုက်မှာလား ကံကောင်း ”
” လိုက်မှာပေါ့ကွ ”
ဆိုးပေက ဝေစုခွဲတမ်းကို အရင်တိုင်ပင်၏။
” အေး အဲ့ဒါဆို ခူးရသမျှ တယောက်တဝက်နော် ”
ကံကောင်းက သဘောတူ၏။
” အေးပါကွ … မင်းကလဲ ငါက ဘာများလဲလို့ ”
” ဒါဆို ငါတို့ ခပ်သွက်သွက်လေး သွားရအောင် ၊ တော်နေကြာ ငါတို့နောက်ကျရင် အမေတို့က မျှော်နေလိမ့်မယ် ”
ကံကောင်းက သူ့လေးခွကို ခါးကြားမှာ ထိုးလိုက်ပြီး ရေအိုးစင်မှ သောက်ရေမုတ်ကို ယူ၍ တခွက်ပြည့်ပြည့် ခပ်လိုက်သည်။ ပြီးသော် တခွက်လုံး ကုန်အောင် သောက်လိုက်၏။ ဆိုးပေဘက်သို့လှည့်၍ …
” မင်း သောက်အုံးမလား ဆိုးပေ ”
” ငါ မသောက်တော့ဘူး။ ခုနင်က ကျောင်းဆင်းခါနီး ကိုရင်ကြီးက သင်္ဘောသီးတွေ ကျွေးလိုက်သေးတယ်။ အဲ့တုန်းကတည်းက ငါ ရေသောက်ပြီးပေါ့ ”
ဆိုးပေက ကိုရင်ကြီးဒုံးပေအား ကူညီ၍ ခွဲပြီးသား ထင်းခွဲခြမ်းတွေကို စားဖိုဆောင်သို့ ကူသယ်ပေးထား၍ ကိုရင်ကြီးက သင်္ဘောသီးမှည့်တွေ ကျွေးလိုက်ခြင်း ဖြစ်သည်။
သို့ဖြင့် သူတို့နှစ်ယောက်သည် ရွာသင်္ချိုင်းနံဘေးရှိ သရက်ပင်ကြီးဆီသို့ အပြေးတပိုင်း ထွက်လာကြလေ၏။ ထိုအချိန်သည် နေရောင်ကို ကောင်းစွာ ရနေသော အချိန်ဖြစ်လေ၏။
_________________
၄။
သင်္ချိုင်းနှင့် ဘုန်းကြီးကျောင်းက ၃ဖါလုံအေးအေးခန့်သာ ဝေးသည်ဆိုတော့သူတို့ ခဏနဲ့ ရောက်လာ၏။
ဝေါခနဲ ငှက်အုပ် တအုပ်က အပင်ပေါ်မှ ထပျံသွားသည်။ ဆိုးပေ အပင်ကို မော့ကြည့်လိုက်သည်။ စိမ်းဖန့်နေသော သရက်သီးများက ရိုးတံရှည်မှာ တွဲလွဲခိုနေကြ၏။ ထီးထီး တလုံးတည်းထက် နှစ်လုံးပြွတ် သုံးလုံးပြွတ်တွေက ပို၍များ၏။
သို့သော် အရမ်းမမြင့်သော သစ်ကိုင်းတို့ရှိ သရက်သီးများကတော့ ခူးဆွတ်ခံရ၍ မမြင်တွေ့ရတော့ချေ။ အလယ်ကိုင်းများနှင့် အထက်ကိုင်းများမှာသာ အသီးများက ပြွတ်စီခတ်နေ၏။
ဆိုးပေက ဦးစွာ သူ၏ လေးခွကို ထုတ်၍ အလယ်ကိုင်းက အရွယ်ညီ သုံးလုံးပြွတ်၏ ညှာတံကို ချိန်ရွယ် ပစ်ခတ်လိုက်သည်။
” ဖေါက် ဖရော ”
လောက်စာလုံးက သစ်ရွက်တွေ အဖျားကို ခတ်ကာ အဝေးသို့ကျသွား၏။ ညှာတံကို ပွတ်ခါသီခါ လွဲချော်သွား၏။
” ဟားဟားဟား ”
” အဲ့ဒါကြောင့် မင်းကို နို့ဆီခွက် ပစ်ပါလို့ ပြောတာပေါ့ ဆိုးပေရ ၊ ဖယ် … မင်းအသာနေ ငါ ပစ်ပြမယ် ”
ကံကောင်းက ဆိုးပေကို လှောင်ရယ် ရယ်လိုက်ပြီး ၊ဆိုးပေလွဲချော်သွားသော ပစ်မှတ်ညှာတံကို အသေအချာ ချိန်ရွယ်ပြီး ပစ်လိုက်သည်။
” ဖေါင်း ”
တချက်ပစ် တချက်ထိပင်။ ကံကောင်းက လက်တည့်သည်။ သရက်သီးသုံးလုံးတွဲက ညှာတံပြတ်၍ မြေပေါ်သို့ ကျလာ၏။
ကျလာသည့် သရက်သီးတွေကို ဆိုးပေက ပြေးကောက်သည်။ ဆ်ိုးပေက သူ့လက်ထဲ ရောက်လာတဲ့ သရက်သီးတွဲကို လက်ဖြင့် မြှောက်ကြည့်ပြီး တံတွေးကို မြိုချ၏။
နောက်တော့ မနေနိုင်။ တလုံးကို ဖြုတ်ယူ၍ သူ့ပုဆိုးကို သရက်သီးမှာ ကပ်နေတဲ့ ဖုန်တွေ သုတ်ပစ်လိုက်သည်။ ပြီးတော့ သွားကောင်းကောင်းနဲ့ သရက်သီးအစိမ်းကို အားရပါးရကိုက်ဖဲ့ ဝါးလိုက်၏။
ချဥ်သောအရသာက ဆိုးပေအား မျက်နှာကို ရှုံ့တွသွားစေ၏။ သို့သော် ထိုအရသာကိုပင် ဆိုးပေက သဘောကျဟန်တူသည်။ နောက်ထပ် ကိုက်ဖဲ့စားနေပြန်၏။ မချစ်စု သရက်မျိုးမှာ အစိမ်း၌ ချဥ်သောအရသာရှိသလို၊ တဂျွမ်းဂျွမ်းနဲ့ ဝါးစား၍ ကောင်းသည်။
ကံကောင်းက သူ စက္ကူဖြင့် ထုပ်ယူလာသော အရောင်တင်မှုန့်နှင့် ဆားရောထားသည့် အမှုန့်ထုပ်ကို ဆိုးပေအား ပေးလိုက်သည်။ ဆိုးပေ အားရဝမ်းသာ ယူလိုက်ပြီး ကိုက်လက်စ သရက်သီးစိမ်းနှင့် တို့၍ ထပ်စားလိုက်ပြန်သည်။ ယခုမှ သူ့အတွက် အရသာက ပြီးပြည့်စုံသွားဟန်တူ၏။တဂျွမ်းဂျွမ်းနဲ့ ဝါးလိုက်တာ သရက်သီးစိမ်းတလုံးမှာ ခဏချင်း အစေ့သာကျန်ခဲ့တော့လေ၏။
နောက်တော့ သူတို့နှစ်ယောက်ဟာ ပါသမျှ လောက်စာလုံးကုန်အောင် သရက်ပင်ပေါ်က သရက်သီးတွေကို အပြိုင်ပစ်ကြပြန်သည်။
သရက်သီးတွေ ထိမှန်ပြီး ကြွေတာလည်း ရှိသလို၊ သစ်ရွက်သစ်ခက်ငယ်တွေလည်း လောက်စာလုံးဒဏ်ကြောင့် ကျိုးပြတ်ကုန်လေ၏။ မြေပေါ်မှာလည်း သရက်သီးစိမ်းတွေက ပျံ့ကြဲနေကြသည်။
လောက်စာလုံးကုန်တော့ သရက်သီးတွေကို လိုက်ကောက်ပြီး တနေရာတည်း စုကြသည်။ တတောင်လောက် သရက်သီးပုံကြီး ရ၏။
သရက်သီးတွေကို ဝေစုခွဲကြသည်။ ကံကောင်းက ခွဲဝေပေးခြင်း ဖြစ်၏။ ပထမတော့ အလုံးညီတာကို တယောက်တလုံး ဝေပုံကျ ခွဲပေး၏။ ဆယ်လုံး ဆယ်ငါးလုံးလောက်ကျ ကံကောင်းက လူလည်ကျလာ၏။ သရက်သီးအကောင်းကို သူယူပြီး၊ ကွဲနေသော သရက်သီး၊ နာနေသော သရက်သီး၊ ယောင်ယောင်မျှ ငယ်သော သရက်သီးတို့ကို ဆိုးပေအား ပေး၏။
ဆိုးပေက မပြောသေး၊ ကြည်နေသေးသည်။ နောက်တော့ ဆက်တိုက်ဆိုသလို ကံကောင်းက သူချည်းပဲ ကောင်းတာ ရွေးယူနေတော့ …
” ဟေ့ယောင် မင်းချည်းပဲ ကောင်းတာ ရွေးယူမနေနဲ့၊ အကွဲလေး ဘာလေးလဲ ယူအုံးလေကွာ။ ငါဖို့ကျတော့ အကွဲချည်းပဲ … ”
ကံကောင်းက သူ့အမှားကို ဝန်မခံ။ ဆိုးပေအား ပေစောင်းစောင်းကြည့်၍ ၊
” ဟ … မင်း ပစ်တာ ဘယ်နှစ်လုံးရလို့လဲ။ ငါ ပစ်တာက အများကြီးလေကွာ ၊ လျှာမရှည်နဲ့ ။ ငါ ခွဲပေးတာ ယူ”
အဲ့ဒီမှာ ဆိုးပေက လက်မခံနိုင်တော့ဘူး။ ကံကကောင်း အဲ့သလိုပဲ သူ့အပေါ် အမြဲနိုင်စားနေကျ။ ဒီတခါ ဆိုးပေက မခံတော့ဘူး။ သရက်သီး အနာမပါရင် တောအရက်ရောင်းတဲ့ မချိုဦးက ဈေးကောင်းပေးဝယ်တာ သူလည်း သိထား၏။ ကံကောင်းက မချိုဦးဆီ သွားရောင်းမှာဆိုတော့ သူလည်း မုန့်ဘိုးလေးရရ ရောင်းချင်၏။ ဆိုးပေ ပုဆိုးကို ခပ်တိုတိုပြင်ဝတ်ရင်း …
” မင်း မတရားမလုပ်နဲ ကံကောင်း၊ ငါလဲ မချိုဦးဆီ သွားရောင်းမှာ ၊ အဲ့ဒီတော့ ညီတူမျှတူခွဲ …”
ကံကောင်းက ဆိုးပေကို တအံတဩ မော်ကြည့်သည်။ ဒီကောင် ဘာဖြစ်တာပါလိမ့်ပေါ့။ သူတို့နှစ်ယောက် အဲ့ဒီကိစ္စနဲ့ စကားများကြသည်။ နောက်တော့ ကံကောင်းက ထလာပြီး ဆိုးပေ ရင်ဝကို လက်ဖြင့် ဆောင့်တွန်းလိုက်၏။ ဆိုးပေ ဖင်ထိုင်လျက် လဲကျသွားသည်။
ဖုန်ထဲက ဆိုးပေ လူးလဲထလာပြီး၊ အယုနတ္တတွေ ဆဲ၏။ မအေနှမကိုင်တုပ်၏။ ကံကောင်းက ဆိုးပေထက် လူကောင်လည်းထွားသလို ၊ ဒေါသလည်း ကြီးသူဆိုတော့ ဆိုးပေက ပြန်မလုပ်ဝံ့ဘူး။ အယုတ်နတ္တတွေပဲ ဆဲ၏။ အဲ့ဒီမှာ မအေနှမ ကိုင်တုပ်ခံရတဲ့ ကံကောင်းက ဒေါသထွက်လာပြီး နပမ်းလုံးပါလေရော။
အသက် ၁၁နှစ် ၁၂နှစ်အရွယ် ကလေးကြီးနှစ်ယောက်ဟာ သရက်ပင်အောက်က ဖုန်တောထဲမှာ ဘတပြန် ကျားတပြန် တဦးကို တဦး အနိုင်မခံ အရှုံးမပေး နပမ်းလုံး သတ်ပုတ်နေကြတော့သည်။ အဲ့ဒီအချိန် သရက်ပင်ပေါ်က …
” ဖျန်း ဖျန်း … ”
” ဖပ် ဖပ် ဝရော ”
သရက်ပင်ပေါ်က သစ်ကိုင်းကြီးတကိုင်းက လူတက်လျှောက်သွားသလို လှုပ်ခါရမ်းသွားသည်။ ပြီးတော့ သစ်ရွက်အကြိုအကြားထဲ ပြေးဝင်သွားသလို အသံတွေ ထွက်ပေါ်လာ၏။
သူတို့နှစ်ယောက် နပမ်းလုံးနေရာမှ ခွါလိုက်ပြီး သစ်ပင်ပေါ်ကို လှမ်းကြည့်လိုက်သည်။ ဘာကိုမျှ မတွေ့ရ။သို့သော် အပင်ကို မော်ကြည့်မှ နေဝင်တော့မည်ကို သတိရသွားကြသည်။
သင်္ချိုင်းထဲက ခွေးတွေကလည်း တဝုတ်ဝုတ်နဲ့ ဆူညံနေအောင် ဟောင်နေကြသည်။ သူတို့လည်း အခုမှ ကြောက်ရကောင်းမှန်း သိကြသည်။ ကံကောင်းက ဆိုးပေဘက်သို့ လှည့်ပြီး …
” ဟေ့ကောင် တော်ပြီ ၊ နေဝင်တော့မှာကွ ၊ သရက်သီးတွေ ယူပြီး ပြန်ကြစို့ ”
” အေး … ဟုတ်တယ် ၊ ပြန်ကြစို့။ သင်္ချိုင်းထဲက ခွေးတွေကလဲ ဟောင်တာဟ ”
ဆိုးပေက သူ့ပုဆိုးကို မြေပေါ်ဖြန့်ခင်းပြီး သရက်သီးတွေကို ထည့်သည်။ ကံကောင်းလည်း ထို့နည်းတူပင်။ နှစ်ဦးစလုံး ဘောင်းဘီတိုလေးတွေနဲ့ သရက်သီးကို ပုဆိုးထဲ ထည်ပြီး အစွန်းတွေကို ချည်လိုက်ကြသည်။ အဲ့ဒီမှာ ဆိုးပေက သူ့ဗိုက်ကို နှိပ်၍ …
” အား … ကျွတ် ကျွတ် ”
ကံကောင်းက ဆိုးပေကိုကြည့်၍ …
“ဘာဖြစ်တာလဲ”
” မင်း ခုနင်က ငါ့ဗိုက်ပေါ် တက်ဖိထားတော့ အခု ငါ ဗိုက်နာလာပြီ။ အ အ .. မရတော့ဘူး ။ ငါ အပင်အောက် ပါချလိုက်တော့မယ်၊ ငါ့ကို ခဏစောင့်အုံး ကံကောင်း ”
အမှန်တော့ ဆိုးပေ ညနေက သင်္ဘောသီးမှည့်တွေ စားထားသည့်အပြင်၊အပင်အောက် ရောက်စက သရက်သီးအစိမ်းတွေကို ဆားနှင့်တို့တို့ပြီး စားထားသည်မဟုတ်လား။ ယခု ဗိုက်က ရစ်ပြီး နာလာခြင်း ဖြစ်၏။
ကံကောင်းလည်း မျက်နှာကို မဲ့ရှုံ့လျက် …
” လခွမ်း အရေးဆို မင်က အရာပေါ်ပြီ၊ မြန်မြန်လုပ်ကွာ ၊ မှောင်သွားရင် မကောင်းဘူး ”
ဆိုးပေက သရက်ပင်ခြေကို ပြေးသွားပြီး တောထိုင် ထိုင်ချကာ သူ့ဗိုက်ပြဿနာကို ရှင်းထုတ်လိုက်သည်။ အနံ့ဆိုးတွေက ကံကောင်းထံ ပျံ့လွင့်လာဟန်တူ၏။ ကံကောင်း နှာခေါင်ူကို လက်ဖြင့် ပိတ်ထားလိုက်မိသည်။
တအောင့်လောက်ကြာတော့ ဆိုးပေ သူ့ကိစ္စ ရှင်းပြီးသွားဟန်တူသည်။ အပင်ခြေမှ ထလာ၏။ ကံကောင်းက ဆိုးပေရဲ့ သရက်သီးထုပ်ကို လှမ်းပေးလိုက်ပြီး …
” သွားစို့ မှောင်တောင် မှောင်တော့မယ် ”
ဆိုးပေက ဘာမှမပြော၊ ကမ်းပေးလာတဲ့ သရက်သီးထုပ်ကို ဆတ်ခနဲ ဆွဲယူပြီး ကံကောင်းအနောက်ကနေ လိုက်လာ၏။
ရွာကို ရောက်ရန် သူတို့ ရွာဦးကျောင်းရှေ့က ဖြတ်ရဦးမည်။ သို့ပေမဲ့ ကိစ္စတော့မရှိ၊ သူတို့ ကျောင်းရှေ့ ရောက်ချိန်ဆို ကိုရင်တွေ ဝတ်တက်ချ်ိန် ။ သူတို့ကို ဘယ်သူကမှ မြင်မည်မဟုတ်ချေ။
ကံကောင်းက ရှေ့က ဦးဆောင်၍ သွားနေသည်။ သရက်သီးတွေကို အတူတူ မချိုဦးဆီ သွားရောင်းကြရအောင်ဟု ကံကောင်းက ပြောသည်။
” ကဲပါကွာ … မင်း ငါကခွဲပေးတာ မကျေနပ်ရင်လဲ ၊ ငါတို့ မချိုဦးဆီ သရက်သီးတွေ အတူတူ သွားရောင်းကြမယ်လေ ။ မချိုဦး မယူတဲ့ သရက်သီးကိုပဲ မင်းနဲ့ငါ သုပ်စားကြမယ် ဟုတ်ပြီလား ၊ ရောင်းရတဲ့ငွေကို တိုအြတူတူ ခွဲယူမယ် … ကဲ ကျေနပ်ပြီလား ဟေ့ကောင် ”
ရှေ့ကနေ သွားနေတဲ့ ကံကောင်းက နောက်ကို လှည့်မကြည့်ဘဲ သူ ပြောချင်ရာကို တတွတ်တွတ် ပြောနေ၏။ အနောက်က ဆိုးပေ ဘာဖြစ်နေသလဲဆိုတာ မသိရ။
ဆိုးပေ မျက်လုံးတွေက ကြောင်စီစီ။ ပါးစောင်ကလည်း သရေတမြားမြားနှင့် အလုံး၂၀လောက် ပါသည့် သရက်သီးထုပ် ပခုံးပေါ်တင်လာရသည်ကိုပင် ဝန်လေးနေသည့်အလား တရှုးရှုးနှင့် နှာမှုတ်နေ၏။
ကံကောင်းက ဒါတွေ မသိ။ သူ ပြောချင်ရာ ဆက်ပြောရင်း ခြေလှမ်း သွက်သွက်ဖြင့် ရှေ့ကသွားနေသည်။
” ငါတို့ သရက်သီးရောင်းရတဲ့ငွေကို စုပြီး ဘောလုံး ဝယ်ရအောင် ဆိုးပေ။ တို့မှာ ဘောလုံးလေး တလုံးတောင်မရှိတော့ မျက်နှာငယ်ရတယ်မဟုတ်လား ။ ချမ်းအေးတို့က သူတို့ ဘောလုံးကို ငါတို့ပေးကန်ချင်တာမဟုတ်ဘူးကွ။ ဒီကောင်က သိပ်ဖင်ခေါင်းကျယ်တာ … ”
အနောက်က ဆိုးပေက ပြန်မဖြေနိုင်။ တဖြည်းဖြည်း သူ့ခြေလှမ်းတွေက လေးကန်လာ၏။ အထူးသဖြင့် ဘုန်းကြီးကျောင်း ရောက်ခါနီးမှာမှ ဆိုးပေက ကံကောင်းအနောက်ကနေ ဝါးနှစ်ပြန်လောက် ဝေးကွာလာ၏။
ကံကောင်း စကားပြောရင်း သူ့အနောက် ဘိုင်းခနဲ လဲကျသံကြားလိုက်ရမှ လှည့်ကြည့်လိုက်၏။
“ဟင်! ဆိုးပေ … ဟေ့ကောင် ဘာဖြစ်တာလဲ ”
ဆိုးပေကား မြေပေါ် လဲကျနေ၏။ ကံကောင်း ပြေးသွားသည်။ သူ ရောက်တော့ ဆိုးပေ ခြေတွေ လက်တွေက ကွေးကောက်ချင်သလိုလို ဖြစ်လာပြီး၊ ပါးစောင်ကလည်း သရေတွေ အဆက်မပြတ် စီးကျနေသည်။ပြီးတော့ ဆိုးပေထံမှ မပီမသ အသံတခု ငြီးတွားနေ၏။
ကံကောင်း ဘာလုပ်ရမှန်းမသိ။ သရက်သီးထုပ်ကို မြေပေါ် ပစ်ချကာ ဆိုးပေကို ပွေ့ယူလိုက်သည်။
” ဆိုးပေ … ဆိုးပေ … ဘာဖြစ်တာလဲ ”
ဆိုးပေထံမှ တိုးသဲ့သဲ့ အသံလေးဖြင့်
” အမေ အမေ့ခေါ် … အမေ့ခေါ်ပေး ”
ဟူ၍ မပီမသ ဝူးဝူးဝါးဝါး လျှာလိပ်နေသောအသံကို ကြားလိုက်ရသည်။
နောက်ဆုံး ကံကောင်းသည် ဆိုးပေကို သူ့ပခုန်းပေါ် ထမ်းတင် ကျောပိုးကာ ရွာဦးကျောင်းထဲ ပြေးဝင်လေတော့၏။
အချိန်ကိုက်ဟု ပြောရလေမလား။ သူတို့ ပြေးအဝင်လာမှာ ကိုရင်နန္ဒိယက ကျောင်းထဲက အမှိုက်တွေစုပြီး မီးရှို့နေတာနဲ့ ကြုံလိုက်ကြလေ၏။
တစ္ဆေနိုင်ကိုရင်လေးလည်း ကျောင်းထဲကို သုတ်သီးသုတ်ပြာနဲ့ ဝင်လာတဲ့ ကံကောင်းနှင့် သူ့ကျောပေါ်က ဆိုးပေကို မြင်လိုက်ပြီး …
” ဟကောင်တွေ ဘာဖြစ်လာကြပြန်ပြီလဲ၊ ဒီမှာ မင်းတို့ ကျောင်းဆင်းကတည်း အိမ်ပြန်မရောက်လို့ မင်းတို့မိဘတွေ ရောက်နေသဟ ”
ဟု လှမ်းမေးရင် ကြိုလိုက်လေ၏။ ကျောင်းအတွင်းမှာ ကံကောင်းရဲ့ မဘနှစ်ပါးရော၊ ဆိုးပေရဲ့ မိဘတွေပါ ရောက်နေကြသည်ကို မြင်တွေ့လိုက်ရသည်။
______________
၅။
ဆိုးပေကို သတိလည်အောင် လုပ်ပေးအပြီးမှာ …
” ကဲ မှန်မှန်ပြောစမ်း ၊ ကျောင်းသားကိုယ်မှာ ဘယ်လိုပုဂ္ဂိုလ်က စွဲကပ်ပါလာသလဲ ”
” အင်းဟင်းဟင်း အင်း ”
ဆိုးပေမှာ သတိလည်လာသော်လည်း အသိစိတ် မကပ်သေး။ သရဲကပ်နေဟန်တူလေ၏။ ထို့ကြောင့် ကိုရင်က မေးလိုက်ခြင်း ဖြစ်သည်။
” ဟဲ့ ပြောလေ! မေတ္တာနဲ့ မေးတုန်း ဖြေပေါ့ ၊ ဒါ ဘာနယ်မြေလဲ သိရဲ့လား။ သာသနာနယ်မြေနော် ၊ ကျောင်းမှန်းကန်မှန်း သိချင်နေသလား ”
ကိုရင်က ထိုသို့ အသံမာမာနဲ့ ထပ်မေးလိုက်တော့မှ ဆိုးပေထံမှ လူကြီးတယောက်အသံဖြင့် …
” ငါ့ကို အမေ့ခေါ်ပေးပါ ”
ကိုရင်က သိ၏။ သရဲက သူ့အမေကို ခေါ်ခိုင်းမှန်းသိသည်။ သို့ပေမဲ့ …
” အံမယ် … ငါမေးတာ မဖြေဘဲ၊ နင်က ခိုင်းနေသေးတယ် ၊ ကဲ ကဲ ဟုတ်ပါပြီ နင့်အမေက ဘယ်သူလဲ ”
“အင်းဟင်းဟင်း ဘယ်သူကမလဲ၊ ငါ့အမေ မလုံး ၊ ဒေါ်လုံးပေါ့ ၊ သူ့ကို ခေါ်ပေး ”
ကံကောင်းနှင့်ဆိုးပေမိဘတွေက ဒေါ်လုံးကို ခေါ်ပေးဆိုတော့မှ ပါးစပ်အဟောင်းသားနဲ့ …
” ဟာ ! ဒါ ဒါ ဖိုးချို ၊ ဒေါ်လုံးသား ဖိုးချို ”
ဆိုးပေက ခေါင်းကို တခါခါနှင့်
“ဟုတ်တယ် ငါ ဖိုးချို ၊ အမေ ဒေါ်လုံးကို ခေါ်ပေးကြ ”
” ဟုတ်ပြီ … နင့်အမေ ဒေါ်လုံးကို ခေါ်ပေးမယ်။ ဒေါ်လုံးကို တွေ့ပြီးရင် နင် ဆိုးပေ ခန္ဓာကိုယ်ကနေ အေးအေးဆေးဆေး ထွက်ပေးမှာလား ”
” ထွက် ပေး မယ် ”
သို့ဖြင့် ကိုရင်လည်း ရွာထဲက ဒေါ်လုံးကို အခေါ်လွှတ်လိုက်ရလေ၏။ မကြာပါ ဒေါ်လုံး ရောက်လာသည်။
ဒေါ်လုံးလည်း မြင်ရော ဆိုးပေထံမှ …
” အမေ ကျုပ်ကို ပစ်ထားတယ် ၊ ကျုပ် ခုထိ ဘယ်မှ သွားမရဘူး ၊ ကုသိုလ်အမျှလဲ သာဓု ခေါ်လို့မရဘူး ၊ သင်္ချိုင်းနံဘေးမှာ ကျုပ် ဆင်းဆင်းရဲရဲနဲ့ နေနေရတယ် ”
ဒေါ်လုံးခမျာမှာ ဆိုးပေထံမှ သူ့သား အသံကို ကြားလိုက်ရသည့်အခါ ချုံးပွဲချ ငိုကြွေးတော့သည်။ ပြီးတော့မှ ငိုရှိုက်ရင်းဖြင့် …
” အမေ ငါ့သားကို ပစ်မထားပါဘူးကွယ်။ အမေ တတ်နိုင်သမျှ ငါ့သားအတွက် ရည်စူးပြီး ကုသိုလ်လုပ်တိုင်း ဖိုးချိုရေ အမျှ အမျှလို့ ကုသိုလ်အမျှဝေပါတယ် သားရယ်။ မင်းကိုက အကုသိုလ်ကြီးလွန်းလို့ သာဓု မခေါ်ဆိုနိုင်တာပါ ၊ ဖြစ်မှ ဖြစ်ရလေ ငါ့သားရယ် ဟီးဟင့်ဟင့် ”
ထိုအခါ ဆိုးပေထံမှ …
” ဒါဆိုလဲ အမေရယ်၊ သား ဗိုက်တွေ ဆာလွန်းလို့ ၊ တခုခုတော့ဖြင့် ကျွေးပါတော့လား ၊ အမေပဲ ငါ့သား နေကောင်းရင် မြို့က ခေါက်ဆွဲကြော် ဝယ်ကျွေးမယ်ဆို … ”
” ကျွေးမယ် ကျွေးမယ် ငါ့သား။ အမေ မနက်ဖြန်ကျရင် ငါ့သားလေးကြိုက်တဲ့ ခေါက်ဆွဲကြော်ကို မြို့က ဝယ်ခဲ့ပေးမယ်နော် ”
” ဟုတ်ကဲ့ အမေ ၊ သားနေတဲ့ သရက်ပင်အောက်ကို လာကျွေးပါအမေ ။ ကျွေးတဲ့အခါလဲ သားနာမည်ကို တပ်ပြီး ကျွေးပေးပါ ၊ ဒါမှ သား စားလို့ရမယ် ”
ဒေါ်လုံးလည်း ကောင်းပါပြီဟု အထပ်ထပ် ဝန်ခံကတိပေးလိုက်လေ၏။
တခဏအကြာ၌ သရဲဖိုးချိုသည် သူ့ကတိအတိုင်း ဆိုးပေထံမှ ထွက်သွားလေ၏။
ကိုရင်လည်း ဆိုးပေကို ရေမန်းတိုက်ပြီး၊ ပရိတ်ကြိုးကို လည်ပင်းစွပ်ပေးထားလိုက်၏။
” ဆိုးပေနဲ့ ကံကောင်းက ဆိုဆုံးမလို့ မကောင်းဘူး ဒကာမကြီး။ သူတို့က ဆိုးချင်တယ်။ ကျောင်းမှာလဲ ကြံဖန်ပြီး ပြသနာ ရှာတတ်တယ်။ ဒကာမကြီးတို့ မိဘတွေက ထိန်းပေးကြမှ တော်ရော့မယ်။ နို့မို့ဆို သူတို့အတွက် ရင်လေးစရာ ။
သူတို့မို့ မကြောက်မရွံ သင်္ချိုင်းနံဘေးက သရက်ပင် သွားခူးရဲတယ်။ အဲ့သရက်ပင်ကို ရွာထဲက ကာလသားကြီးတွေတောင် မခူးရဲကြဘူးမဟုတ်လား။
အခု ဆိုးပေဆီ သရဲဝင်ပူးတယ်ဆိုတာက သူ့အပင်ခြေရင်းမှာ မစင်စွန့်တာရယ်၊ ဆိုးပေက မဖွယ်မရာတွေ ဆဲဆိုတာတွေကြောင့် သရဲဖိုးချိုက မကျေနပ်ပြီး လိုက်လာတာနဲ့တူတယ်။
အခု ကျုပ်တို့ ကျောင်းထဲရောက်နေတာသိမှ ၊ အမေ့ကို ခေါ်ပေးလို့ သရဲဖိုးချိုက ဖြစ်တာ။ ကျုပ်စိတ်အထင် ဆိုးပေကို အမှီသဟဲပြုပြီး အစာစားချင်တာလို့ပဲ မြင်တယ်။
အကယ်၍ ကျောင်းထဲမဟုတ်ဘဲ၊ မိဘများအိမ်ဆို ဆိုးပေက အိုးတွေခွက်တွေ လှန်လှော်ပြီး အကုန်စားလိမ့်မယ်။ ဆိုးပေကိုယ်မှာ ကပ်ပါလာတဲ့ သရဲက စားတာ၊ ဆိုးပေစားတာမဟုတ်ဘူး။ ဒီလို သရဲက အိမ်မွေးတိရိစ္ဆာန်တွေတောင် အလွတ်ပေးမှာမဟုတ်ဘူး။ အဲ့ဒီကျ ခက်ကုန်မှာအမှန်ပဲ ။
နောက်နောင် ဒါမျိုး မဖြစ်အောင် ဆုံးမကြပေါ့ ဒကာကြီးတို့ရယ် ”
ဆိုးပေနှင့်ကံကောင်းတို့မိဘများက ကလေးတွေကို ဆိုဆုံးမပါမည်ဟု ကိုရင်လေးအား ကတိပေးကြ၏။ ဆိုးပေကိုယ်တိုင်က သူ့အဖြစ်ကို သိ၍ ကြောက်ရွံသွားပြီဖြစ်သလို၊ ဘေးကနေ အကုန်ကြည့်မြင်နေရတဲ့ ကံကောင်းလည်း အတော်လေးထိတ်လန့်ကြောက်ရွံနေပါ၏။
မှောင်လည်း မှောင်ပြီမို့ မိဘများက ကိုရင်လေးအား ကန်တော့၍ ကလေးများခေါ်ကာ ပြန်ကြလေသည်။
ကိုရင်လေးလည်း မကျေနပ်၍ လိုက်လာသော သရဲကို ကျေနပ်အောင် လုပ်ပေးပြီးပြီမို့ ၊ ကျိန်းစက်ရန် ကျောင်ကြီးပေါ်သို့ တက်သွားတော့လေ၏။
ပြီးပါပြီ
ပီပီ၊မန္တလေး၊