တန်ပြန်အပင်း(စ/ဆုံး)
———————
တငြိမ့်ငြိမ့် တသွင်သွင်စီးဆင်းနေသောအမိမြန်မာပြည်၏ အသက်သွေးကြောတစ်ခုဖြစ်သည့် ဧရာဝတီမြစ်ကြီးပေါ်
တွင် လှေကြီးလှေငယ်အသွယ်သွယ်တို့ဝမ်းစာရှာဖွေရန်အတွက်အစုန်အဆန် လူးလာခေါက်တုံ သွားလာလှုပ်ရှားနေကြသည်မှာ ဘဝတွေထဲမှ သဘာဝအလှတရား ပန်းချိကားတစ်ချပ်နှင့်ပင်တူနေလေသည်။ထိုလှေများအနက် စားသောက်ကုန်များ၊လူသုံးကုန်ပစ္စည်းများနှင့် အခြားတိုလီမိုလီပစ္စည်းများတင်ဆောင်လာသော လှေငယ်တစ်စီးသည်ကမ်းဖက်သို့တဖြည်းဖြည်းလှော်ခတ်လာနေလေ
သည်။ထိုလှေသည်ကား အရပ်ဒေသအခေါ်အဝေါ်အားဖြင့်
စျေးလှေဟုခေါ်တွင်သော လှေငယ်တစ်စီးသာဖြစ်လေသည်။
ထိုလှေပေါ်တွင် သက်ရှိလူသား လေးယောက်လိုက်ပါလာလေသည်။အသေအချာဂရုစိုက်၍ ကြည့်လိုက်လျင်မူ ထိုလေးယောက်မှာ
အမျိုးသားတစ်ယောက်နှင့်အမျိုးသမီးသုံးယောက်ဖြစ်နေသည်ကိုတွေ့ရပေမည်။ထိုလှေသည် ညောင်ပင်ဝိုင်းရွာကြီး၏ လှေဆိပ်သို့ဆိုက်ကပ်လေသည်။
””ဟေးး စျေးလှေလာပြီဟေ့ စျေးလှေလာပြီ”’
ကလေးတစ်ယောက် ၏ ပျော်ရွှင်စွာအော်ဟစ်လိုက်
သံကြောင့် ရွာထဲမှလူများ စျေးလှေရှိရာရွာထိပ်တွင်ရှိသော လှေဆိပ်သို့အပြေးအလွှားထွက်လာကြကုန်လေသည်။မြို့နှင့်အတန်ငယ်
အလှမ်းဝေးသည့်အပြင်လမ်းပန်းဆက်သွယ်ရေးက ခက်ခဲကြမ်းတမ်းကာ ကားဆိုင်ကယ်ရှားပါးသောခေတ်မို့ အစစအရာရာ၌
ရေလမ်းတခုသာအားကိုးနေရလေသည်။ထို့ကြောင့်အသုံး
အဆောင်ပစ္စည်းများနှင့်အခြားသောစားကုန်များကိုလိုချင်
လျှင်ဖြင့် စျေးလှေများလာရောက်ရောင်းချချိန်ကိုသာမျှော်နေရတော့သည်။ လိုအပ်သည်များကို ဝယ်ခြမ်းကြသည့်အခါတွင်လည်းပိုက်ဆံဒါမှမဟုတ်ရှာဖွေထားသောငါးခြောက်ငါးခြမ်း
များဖြင့်လှဲလှယ်၍လည်းရသဖြင့်အဆင်ပြေကြသည်။
ထိုအထဲတွင်စျေးလှေလာ၍ အပျော်
ဆုံးဖြစ်နေသော သူသည်ကားရွာ၏အချမ်းသာဆုံးဖြစ်သူ
ဦးသာလှ၏သား မောင်ဒေါနဖြစ်လေသည်။ အဘယ့်ကြောင့်
ဆိုသော် ယခုလာသောစျေးလှေပေါ်တွင်မောင်ဒေါနကြိတ်ပိုး
နေသောအချောအလှပဂေးလေးမယ်ခပါလာခြင်းကြောင့်
ပင်ဖြစ်လေသည်။မောင်ဒေါနကား ဥစ္စာပေါရုပ်ချောဖြစ်သော
ကြောင့်မိန်းကလေးများဝိုင်းဝိုင်းလည်နေသော်လည်း မည်
သည့်မိန်းကလေးကိုမှစိတ်မဝင်စားခဲ့ချေ။
သို့သော် တော်လွန်းလှသောပန်းပုဆရာ အလွန်လက်ရာမြောက်စွာ ထုဆစ်ထားသောယမင်းသူဇာပမာချောလှလွန်းသောမယ်ခနှင့်တွေ့သောအခါတွင်မူ မောင်ဒေါန တစ်ယောက်
မြင်မြင်ခြင်းပင် တန်းတန်းစွဲချစ်မိသွားခဲ့လေသည်။မယ်ခကိုယ်တိုင်လဲ တခါမျှ ချစ်သူရည်းစားမထားဘူးသေး။ အဘယ်ကြောင့်ဆိုသော် စုန်းအတတ် တတ်သည်ဟုတိုးတိုးကြိတ်ကြိတ်ပြောဆိုခြင်းခံနေရသည့် မယ်ခ၏အဘွားဖြစ်သူဒေါ်မင်းအိမ်ကို ကြောက်ရွံ့နေသည့်အတွက်ကြောင့် မည်သည့်ကာလသားကမှ လှပချောမောသောမယ်ခ အားစုံမက်နှစ်သက်ကျသော်လည်း ဖွင့်မပြောရဲကြပေ။
”မလှစုန်းရိုး”ဟူသောမြန်မာစ
ကားပုံအရ စုန်းတတ်သောသူသည် ရုပ်ဆိုးလိမ့်မည်ဟု
အားလုံးကထင်မှတ်ထားကြသည်။ သို့သော်ထိုစကားပုံ
ကား အဘွားဒေါ်မင်းအိမ်နှင့်တော့လုံးလုံးမသက်ဆိုင်ပေ။အဘယ့်
ကြောင့်ဆိုသော်ဒေါ်မင်းအိမ်သည် အသားဖြူဖြူ ထောင်ထောင်မောင်းမောင်း နှင့်ရုပ်ရည်ခန့်ညားလှပသောအမျိုးသမီးကြီးတစ်ဦးဖြစ်နေသောကြောင့်ပင်ဖြစ်သည်။
မောင်ဒေါနသည် မယ်ခတို့ ဈေးလှေဆိုက်လာပြီဟူသော
အသံကြားရုံမျှဖြင့်အလွန်အမင်း ရွပိုးထိုးကာ သွားချင် တွေ့ချင်နေမိလေတော့သည်။ထို့ကြောင့်ရွာတောင်ပိုင်းရှိသူငယ်ချင်းဖြစ်သူငတိုးအား အဖော်အဖြစ်ခေါ်သွားရန်ဆုံးဖြတ်ကာ သွားခေါ်လေသည်။
”””ငတိုးရေးးးးးးးးးငတိုး”’
””ဟေးးးဘယ်သူလဲကွ းးအိမ်နောက်မှာငါရှိတယ်လာခဲ့ဟ”
မောင်ဒေါနလည်းအိမ်နောက်ဖက်သို့လိုက်
သွားလေသည်။
”သြော်းးဒေါနပါလား းးဘာလဲကွ”’
”’မင်းမသိဘူးလားးးမယ်ခတို့လှေ းးရောက်နေပြီဟးးအဲ့ဒါ
ငါသွားလည်ချင်လို့မင်းကိုဝင်ခေါ်တာ”
”အမယ်လေးဗျားးကျန်တာဆိုငါလိုက်ကူပါတယ်ဟးးခုက
မယ်ခတို့ဆိုလူပျိုလှည့်တာတော့ မလိုက်ပါရစေနဲ့ကွားး
သူ့အဘွားကို ကြောက်တယ်ဟ”
”ဟာ မင်းကလဲ ဒါမျိုးတွေကခုခေတ်မှာမရှိ တော့ပါဘူးဟ
လာစမ်းပါကွာ ကိုယ်တိုင်လဲဘယ်သူမှတွေ့ဘူးမြင်ဖူးတာ မဟုတ်ပဲနဲ့ ဟိုလူသည်လူ ပြောတာကြားတာနဲ့များကွာ”’
”မလုပ်ပါနဲ့ကွားးငါတော့ကြောက်တယ်းးဘယ်သူမှလည်း
သွားမလည်ရဲတာမင်းအသိပဲမဟုတ်လားအခြားတစ်ယောက်
ကိုပဲကြိုက်စမ်းပါကွားးငါကူညီပါ့မယ်ဟ”
”တော်ပြီကွားမင်းမလိုက်ချင်လည်းနေတော့ငါ့ဟာငါသွား
မယ်”
မောင်ဒေါနလည်းငတိုးအားစိတ်ဆိုးကာ
တစ်ယောက်တည်းလှေ ရှိရာဘက်သို့ထွက်လာခဲ့လေသည်။
ငတိုးအားဝင်ခေါ်နေသောကြောင့်အတန်ပင်နေစောင်းစပြုနေ
ချေပြီ။စျေးလှေနား အရောက်တွင်မူ စျေးဝယ်သူတစ်ဦးစနှစ်
ဦးစလောက်သာကျန်တော့သည်။မောင်ဒေါနလည်းလှေပေါ်
တက်ခဲ့လေသည်။
”ဟာမောင်ဒေါနပါလား လာလာဘာဝယ်မလို့လဲ”
မယ်ခ၏ဖခင်ဖြစ်သူ ဦးမောင်ကြီးကမေးလိုက်သည်။
မယ်ခ၏မိခင်ဖြစ်သူဒေါ်ဖြူကလည်း မောင်ဒေါနအားပြုံး
ပြနှုတ်ဆက်လိုက်သည်။မယ်ခ၏မိဘနှစ်ဦးမှာသဘောမ
နောကောင်းသူများဖြစ်ကြသည်။ထို့အပြင်မယ်ခအားဒေါန
ချစ်နေသည်ကိုလည်းရိပ်မိသိရှိကြသည်။ပြည့်စုံသော်လည်း
အနေအေးဆေးသည့်မောင်ဒေါနနှင့်လည်းမိမိတို့သမီးအား
သဘောတူကြသည်။သမီးဖြစ်သူမယ်ခ ကိုယ်တိုင်ကလဲ ဥစ္စာပေါရုပ်ချောသော်လည်း အနေအေးသည့် မောင်ဒေါနအပေါ် တိမ်းညွှတ်နေမှန်းလဲသိနေကြသည်။သို့သော် ခက်နေသည်မှာအဘွားးဖြစ်
သူဒေါ်မင်းအိမ်ပင်ဖြစ်သည်။ဒေါ်မင်းအိမ်ကားသူ၏ မြေး
မလေးဖြစ်သူမယ်ခအား မည်သူနှင့်မျှသဘောမတူပေ။
သားအချစ်မြေးအနှစ်ဆိုသကဲ့သို့သည်းသည်းလှုပ်မျှ ချစ်
ပိုလေသည်။
ထို့ကြောင့်ပင်ငယ်ရွယ်စဉ်ကတည်းကပင်တတ်မြောက်
ခဲ့သောစုန်းအတတ်ဖြင့်မည်သူတစ်ဦးတစ်ယောက်ကို
မျှဒုက္ခမပေးဘူးသော်လည်းယခုမြေးမလေး အရွယ်ရောက်
လာသောအခါမှ လာရောက်ပိုးပန်းသူ တရွာသားများကို
စုန်းအတတ်ဖြင့်ပြုစားကာ မယ်ခအနားသို့မကပ်ရဲအောင်
ခြောက်လှန့်လေသည်။ထို့ကြောင့်မယ်ခသည်ပြစ်မျိုးမှဲ့မထင်
အလှတရားကိုပိုင်ဆိုင်ထားသော်လည်း ယခုအချိန်ထိအဖို
ဆိုယင်ဖိုတောင်မသန်းရသေးသောအပျိုစင်တစ်ယောက်
သာဖြစ်နေသည်။
ယခုလည်းဇွဲကောင်းစွာဖြင့် လာရောက်ပိုးပန်းနေ
သောမောင်ဒေါနအား မြေးမလေးကိုယ်တိုင်ပင်နှစ်သက်နေ
သည်ကိုဒေါ်မင်းအိမ် ရိပ်မိနေသည်။သို့သော်အတ္တကြီးလှ
သောဒေါ်မင်းအိမ်သည် မောင်ဒေါနအားမယ်ခနားမကပ်
နိုင်ရန်ပြုစားဖို့အစီအမံများ ပြုလုပ်နေသည်။ဒေါ်မင်းအိမ်
ကိုယ်တိုင်လက်ဖက်သုပ်၍ မောင်ဒေါနအားဧည့်ခံလေသည်။
”’မောင်ဒေါန ရေးးစားနော်းးအဘွားကိုယ်တိုင်သုပ်ထား
တာကွယ့်းးစားနော်စားမှအဘွားကသဘောကျတာသိလား”
မောင်ဒေါနသည်မယ်ခအားလှမ်းကြည့်လိုက်သောအခါ
တွင်မူမယ်ခသည်မျက်စိမျက်နှာပျက်နေသည်ကိုတွေ့ရ
သည်။မောင်ဒေါနထင်မိသည်မှာဒေါ်မင်းအိမ် ကျွေးသော
အစာအားမစားလျှင်ဒေါ်မင်းအိမ်သဘောမကျဖြစ်ကာ
သဘောမတူမှာစိုး ၍မစားမှာစိုးသောကြောင့်မျက်နှာပျက်
နေသည်ဟုထင်မိလိုက်သည်။ထို့ကြောင့်ပင်ဒေါ်မင်းအိမ်
နှင့်စကားပြောရင်းလက်ဖက်သုပ်အားအားပါးတရစားပြ
လိုက်သည်။ဒေါ်မင်းအိမ်ကားခေါင်းတငြိမ့်ငြိမ့်နှင့်သဘော
ကျနေလေသည်။
”ကဲအဘွားရေ အသုပ်ကလည်းစားကောင်းပါ့ဗျာ အချိန်လည်း
လင့်နေပြီ ကျွန်တော်ပြန်အုံးမယ်ဗျးးဦးဦးဒေါ်ဒေါ်နဲ့မယ်ခရေ
ပြန်အုံးမယ်နော့ ခွင့်ပြုပါနော် းးအော်ဒါနဲ့ ဒီတခေါက်ဘယ်
လောက်ကြာမလဲမသိဘူးနော်းး”
”တလကိုးသီတင်းတော့ကြာမှာပေါ့”ဦးမောင်ကြီးကဖြေလိုက်
သည်။မောင်ဒေါနလည်းမယ်ခအားတချက်စိုက်ကြည့်လိုက်
သည်။မယ်ခကလည်းပြန်စိုက်ကြည့်နေသည်။သူတို့နှစ်
ဦး၏မျက်ဝန်းမှာတော့ အသံတိတ်ချစ်စကားများစွာဖလှယ်
မိနေသည်ကိုကာယကံရှင်နှစ်ဦးသာခံစားသိရှိနားလည်လိုက်
လေသည်။
မောင်ဒေါနလည်းလေးလံသော
ခြေလှမ်းများနှင့်အတူ ရွာဘက်သို့လျှောက်လာခဲ့လေသည်။
နောက်နေ့မနက်တွင်မူ မယ်ခတို့လှေသည် မြစ်ကြောင်း
တစ်လျှောက်ရှိကျေးရွာများသို့ စျေးရောင်းချရန်ဆက်လက်
ထွက်ခွာသွားလေတော့သည်။ဤသို့ဖြင့်သုံးရက်မြောက်
သောနေ့အရောက် မနက်အိပ်ယာအထတွင် မောင်ဒေါန
သည် မိမိ၏ ကိုယ်လုံးလေးလံနေသလိုခံစား နေရ၏။
ထို့ကြောင့်မိမိကိုယ်မိမိငုံ့အကြည့်
”’အားးးးးးးးးးး””
”’အဖေရေလာပါအုံးဗျးးသားဘာဖြစ်တာလည်းမသိဘူးး”
မောင်ဒေါန၏ထိန့်လန့်တကြားအော်ဟစ်ခေါ်ဝေါ်သံ
ကြောင့် ဖခင်ဖြစ်သူဦးသာလှတစ်ယောက် သားဖြစ်သူ
၏အိပ်ခန်းအတွင်းသို့ အပြေးလေးလှမ်းလာခဲ့မိသည်။ဦး
သာလှတစ်ယောက်မြင်လိုက်ရသည်မှာကား
”’ဟာ ငါ့သားမင်းဘယ်လိုဖြစ်သွားတာလဲဟင်းး အဖေမွေး
ထားတာယောက်ျားစင်စစ်ပါးးဘယ်တုန်းကမိန်းမဖြစ်ပြီး
ကိုယ်ဝန်ရှိသွားတာလဲးးကြည့်ပါအုံးကွာမင်းဗိုက်က ၆ လ
လောက်တောင်ရှိရော့မယ်း”
”ဟာအဖေကလဲ တောက်တီးတောက်တဲ့ဘာတွေလျှောက်
ပြောနေတာလဲးးသားယောက်ျားစစ်စစ်ပါဗျ”
””ဟေ သိဘူးလေကွာ မင်းဗိုက်ကဘာလို့ကိုယ်ဝန်ရှိသလို
ပူဖောင်းနေတာလဲဟ”’
”’အဖေကလဲ ခုမနက်မှဒီလိုမျိုးကြီးဖြစ်လာတာ သားမသိလို့
အဖေမေးပါတယ်ဆိုမှ”
”အေးကွငါလည်းမသိဘူးငါ့သားရနည်းနည်းပါးပါး နားလည်တဲ့
သူဆီသွားမေးမယ်လေးးလာသွားရအောင်”
”အမ်းးအဖေကလဲသားဒီပုံစံကြီးနဲ့ ဘယ်လိုသွားရမှာလဲဗျ
ရှက်စရာကြီး”
”အေးအေးဒါဆိုအဖေပဲ ရွာဦးကျောင်းကဖိုးသူတော်ကြီးသွား
ခေါ်မယ်သူကဟိုစပ်စပ်ဒီစပ်စပ်သိတယ်ကွ”
ဦးသာလှလည်းပြောပြောဆိုဆိုပင် အိမ်အောက်
သို့ဆင်းကာ ရွာဦးကျောင်းဆီသို့သုတ်ခြေတင်လေသည်။ကျောင်းအရောက်တွင်မူ ဖိုးသူတော်ကြီးအားအဆင်သင့်ပင်တွေ့ရလေသည်။
”’ဗျိုးဖိုးသူတော်ကြီး”
”ဟေ ဘယ်သူတုန်းဟ”ဖိုးသူတော်ကြီး ထူးရင်းကျောင်း
အောက်ထပ်ရှိဖိုရုံ ထဲမှထွက်လာလေသည်။
”’ကျုပ် သာလှပါဗျ အရေးကြီးလို့ ဖိုးသူတော်ကြီးကိုလာခေါ်
တာ”
””’ဟေဟုတ်လားဘယ်လိုကိစ္စတုန်းဟ”
ဦးသာလှလည်းဖြစ်ပျက်သမျှအဝဝကိုဦးသူတော်ကြီး
အားရှင်းပြရင်းအိမ်ဖက်သို့စကားတပြောပြောနှင့်ပြန်လာခဲ့
သည်။အိမ်သို့ရောက်သော်မောင်ဒေါနအခြေအနေအားမြင်
သော်ပြုစားခံရသည်မှန်း သိလိုက်သည်။ထို့ကြောင့်မိမိတတ်
ထားသောပညာနှင့်ကယ်ဆယ်ဖို့ကြိုးစားအားထုတ်လေသည်။
သို့သော်ဒေါ်မင်းအိမ်၏ပညာသည် မိမိထက်မြင့်နေသည်
ကတကြောင်း ထို့အပြင်မောင်ဒေါနအား အသေလုပ်သည်မ
မဟုတ်မယ်ခနားမကပ်ဝံ့ယုံ မချစ်ကြိုက်ယုံလောက်သာ
လုပ်ထားသည့်အပြင်မယ်ခအားချစ်ခင်နှစ်သက်သောစိတ်
မရှိတော့သည်နှင့်တပြိုင်နက်ပြုစားထားသည်များအလို
လိုပျက်ပြယ်သွားစေရန်စီမံထားခြင်းဖြစ်သည်။
ထို့ကြောင့်ဖိုးသူတော်ကြီးမှဦးသာလှအား
”ခုပြုစားထားတဲ့ပညာက အရမ်းကိုအဆင့်မြင့်နေတယ်
ဒါပေမယ့် အသက်အန္တရာယ်တောမစိုးရိမ်ရပါဘူးးးမောင်
ဒေါနမယ်ခအပေါ်ချစ်စိတ်မရှိတော့ဘူးဆိုတာနဲ့ပြုစားထား
တာတွေကသူ့အလိုလိုပျောက်ကွယ်သွားမှာပါးးဒါကြောင့်
မောင်ဒေါနလေးကိုနားချပေါ့ဗျာ”
ဟုပြောကာပြန်သွားလေသည်။
ဦးသာလှလည်းသားဖြစ်သူအားအမျိုးမျိုးနားချ
သော်လည်းလက်မခံသောသားဖြစ်သူအားလက်မြှောက်
လိုက်လေသည်။သားဖြစ်သူမှမြို့သို့သွားရောက်ကာဆေး
ရုံတက်ချင်သည်ဆိုသောကြောင့်သူပိုင်မော်တော်ဖြင့်မြို့
ဆေးရုံသို့လာခဲ့လေသည်။ဆရာဝန်ကြီးဦးကိုကိုကိုယ်တိုင်
လိုအပ်သည်များစမ်းသပ်မှုပြုလုပ်ပြီးသောအခါဝမ်းဗိုက်ရေ
ဖျဉ်းစွဲကာအစာအိမ်၌အသားလုံးရှိနေသည်ဟုပြောကာ
ခွဲစိတ်ရန်ပြင်ဆင်လေသည်။
”ကဲခွဲရမယ်ဗျာ ရေတွေဖောက်ထုတ် အစာအိမ်ကဟာကို
ထုတ်ရမယ်ဗျ မစိုးရိမ်ပါနဲ့”
ဟုပြောကာခွဲခန်းအတွင်းသို့ဝင်သွားလေသည်။ဗိုက်ကို
ခွဲစိတ်အပြီးအတွင်းသို့ကြည့်လိုက်ရာ
”’ဟားးးဟင်းးဘယ်လိုတုန်းဟ”
စသည့်အာမေဋိတ်သံများဆူညံသွားသည်။ဗိုက်အတွင်း၌
ရှိနေသောအရာသည်ကားရေအိုးသေးသေးတအိုးစာမျှရှိ
သောပျစ်ရွှဲရွှဲ အရည်များနှင့်အတူလစ်ပိုပုလင်းခန့်ရှိသော
အဖုံးပိတ်ပါရှိသည့်ပုလင်းတစ်လုံးပင်ဖြစ်သည်။ထိုပုလင်း
ဝမ်းဗိုက်အတွင်းသို့မည်သို့ဝင်ရောက်တည်ရှိနေသည်ကို
မူဆရာဝန်တစ်ဦးမျှစဉ်းစား၍မရပေ။ထို့အပြင်အခြားရော
ဂါလက်္ခဏာများလည်းမတွေ့ရချေ။ထို့ကြောင့်ထိုအရည်များ
နှင့်ပုလင်းအားထုတ်ယူ၍ပြန်ချုပ်ပေးလိုက်သည်။
ဦးကိုကိုကထိုပုလင်းအားသူ့အခန်းထဲသို့ယူကာဖွင့်
ကြည့်လိုကသည်။ပုလင်းထဲတွင်မူဝမ်းဗိုက်ထဲတွင်တွေ့ရ
သည့်တရော်ရည်ကဲ့သို့ပျစ်ရွှဲရွှဲအရည်နှင့်အတူဆံချည်
မျှင်အချို့ကိုတွေ့လိုက်ရသည်။ဦးကိုကိူလည်းထူးဆန်လွန်း
လှသောကြောင့် သိမ်းဆည်းထားလိုက်လေသည်။
မောင်ဒေါနလည်းဆေးရုံ၌လဝက်ခန့့်တက်ရောက်
ကာနေကောင်းလာသော်ရွာမပြန်သေးဘဲမြို့ပေါ်ရှိအမျိုး
တွေအိမ်၌သာနေထိုင်ရင်းနောက်ထပ်တလခန့်ကြာမြင့်
သွားသည်။ထိုအတောအတွင်းမည်သည့်အရာမှထပ်မဖြစ်
လာသဖြင့်ရွာပြန်ရန်စီစဉ်လေတော့သည်။
ထိုအချိန်တွင်ရွာ၌မယ်ခတို့လှေလည်းညောင်ပင်
ဝိုင်းရွာသို့နောက်တစ်ခေါက်ပြန်လည်ရောက်ရှိကာ စျေး
ရောင်းနေချိန်လည်းဖြစ်သည်။စျေးလာဝယ်သူများထံမှ
မောင်ဒေါန၏သတင်းပြန်ကြားရသောအခါ မယ်ခမျက်ရည်
များဝဲလာကာရင်ထဲတွင်လည်း နင့်ကနဲခံစားလိုက်ရ၏။
”အော် ငါသူ့ကိုနှစ်နှစ်ကာကာချစ်မိနေပြီကေားးသူလည်း
အဘွားကိုကြောက်ပြီးနောက်ဆုတ်ပြန်ပြီနဲ့တူပါတယ်းး
အေးလေငါ့ထိုက်နဲ့ငါ့ကံပဲပေါ ‘့
မိဘနှစ်ပါးသည်လည်းသမီးဖြစ်သူ၏ရင်တွင်းဝေဒနာ
ကိုသိရှိသောလည်းဒေါ်မင်းအိမ်အားကြောက်ရသူတွေမို့
မည်သို့မျှမပြောရဲပေ။ဒေါ်မင်းအိမ်ကား ထိုသတင်းကြောင့်
ဝမ်းသာအားရဖြစ်နေသောခံစားမှုအား မျက်နှာတွင်အထင်း
သာပေါ်နေလေသည်။
ထိုနေ့ညနေတွင်မူမြို့မှပြန်လာသော မောင်ဒေါန
တို့မော်တော်နှင့် လှေပြုပြင်စရာရှိ၍နောက်ရွာမသွားသေး
ပဲပြင်ဆင်နေသော မယ်ခတို့စျေးလှေဆိပ်ကမ်းတွင်တွေ့
လေတော့သည်။မောင်ဒေါနလည်းမြင်မြင်ချင်းပင် မော်
တော်ပေါ်မှဆင်းကာမယ်ခတို့လှေ ဆီသို့သွားလေသည်။
ဖခင်ဖြစ်သူလည်းတားမရသောကြောင့် ခွင့်ပြုကာ အိမ်သို့
ပြန်လာခဲ့လေသည်။အမှန်တော့ဦးသာလှလည်းချောမော
လှပ၍လိမ္မာရေးခြားရှိသောမယ်ခအား ချွေးမတော်ချင်နေ
သောကြောင့်လည်း သားဖြစ်သူအားမတားခြင်းလည်း ဖြစ်
သည်။
”’မယ်ခရေမယ်ခ”
”ဟောမောင်ဒေါနပါလားးးမင်းကျန်းမာရေးမကောင်းဘူး
ဆို”ဟုမယ်ခ၏ဖခင်မှမေးလိုက်သည်။
”ဟုတ်တယ်ဗျ ခုတော့ကောင်းသွားပါပြီဗျခုရောက်ရောက်
ခြင်းမယ်ခတို့လှေတွေ့တာနဲ့တန်းလာလိုက်တာ”
ဒေါ်မင်းအိမ်လည်းမောင်ဒေါနအသံကြားသည်နှင့်
လှေအတွင်းထဲမှအပြင်ထွက်ကြည့်လိုက်သည်။မိမိပြုစား
ထားသည်များမရှိတော့ပဲပကတိလူကောင်းပမာဖြစ်နေ
သောမောင်ဒေါနအားမြင်သောအခါစိတ်ထဲတွင်လည်း
ဇဝေဇဝါဖြစ်သွားလေသည်။
”’အလိုတော် ဘယ်လိုဖြစ်တာပါလိမ့် ငါ့မြေးအပေါ်ချစ်
စိတ်မရှိတော့မှ ပြုစားထားတာပျက်ပြယ်အောင်လုပ်ထား
တာဘယ့်နှယ်တော် အထက်လမ်းဆရာတစ်ယောက်
ယောက်ကုသပေးရင်လည်းငါသိရမှာပေါ့ ပြီးတော့သူ့ပုံ
ကြည့်ရတာငါ့မြေးအပေါ်စိတ်မပျက်တဲ့အပြင်ပိုပြီးတောင်
အချစ်ပိုလာပုံပဲးးငါ့အကြောင်းသိအောင်ထပ်ပြရအုံးမှ”
ဒေါ်မင်းအိမ်စိတ်ထဲမှထိုကဲ့သို့ တွေးနေမိသော်လည်းနှုတ်
ကမှု”’ငါ့တူပါလား လာလာ နေကောင်းကာစဆိုတော့
အစားကောင်းစားမှ လာအဘွားကိုယ်တိုင်ငါးကြင်းပေါင်းထား
တာလာစားသွားတခါတည်း”ဟုဖိတ်ခေါ်လေသည်။
မောင်ဒေါနလည်းအဘွားကြည်မှမြေးအားကပ်လို့ရမည်ဟု
တွေးကာ ထမင်းဝိုင်းတွင်ဝင်စား လိုက်သည်။ကျန်သူတွေ
လည်းငါးကြင်းပေါင်းဟင်းအားစားနေသဖြင့် စိတ်သန့်စွာ
စားလေသည်။ဒေါ်မင်းအိမ်မှ ငါးကြင်းမှအရိုးများထွင်ကာ
အသားများကိုမောင်ဒေါန ပန်းကန်ထဲသို ထည့်ပေးလေ
သည်။ထိုကဲ့သို့ထည်ပေးရင်းမှထပ်မံပြုစားလိုပ်သည်ကို
မောင်ဒေါနမသိပေ။ဒေါ်မင်းအိမ်သူ့အပေါ်သဘောထား
ပြောင်းလာသည်ဟုသာထင်မိလေသည်။
ထို့နောက်စကားများပြောဆိုကာအိမ်သို့
ပြန်လာခဲ့လေသည်။ထိုနေ့မှသုံးရက်မြောက်နေ့တွင် အ
လားတူ ဖြစ်ရပ်ထပ်မံဖြစ်ပွားပြန်သည်။သွားရပြန်ပြီ မြို့
ဆေးရုံကို။ဆရာဝန်ကြီးဦးကိုကို အံ့သြသွားရပြန်လေသည်။
ယခုအခါတွင်မူ အကြောင်းအရင်းများထပ်မံ မေးမြန်းရင်း
မှဦးသာလှမှစုန်းပြုစားသည်ဟူသောကိစ္စအားပြောပြဖြစ်လေသည်။
ဦးကိုကိုသေချာစဉ်းစားလေပြီ။ပုံစံတူဖြစ်ရပ်သာဆိုပြု
စားသည်ဟူသောကိစ္စသည်ဖြစ်နိုင်ချေများနေလေသည်။
ပုလင်းကိစ္စသည်ပင်လျှင် မယုံကြည်စရာရှင်းပြရန်ခက်ခဲ
သောအရာပင်ဖြစ်လေသည်။ခေတ်ပညာတတ်တစ်ယောက်
ဖြစ်သော်လည်း ဗုဒ္ဓဘာသာဝင်ဖြစ်သူ ဦးကိုကိုက စုန်း
ကဝေစသည် တို့ကိုမကြုံဖူးသော်လည်း မယုံဟုဖင်ပိတ်
ငြင်းတတ်သူမဟုတ်ပေ။ထို့ကြောင့် ယခုအခါခွဲစိတ်လျှင်
အလားတူပုံစံ ဖြစ်ပါကမည်ကဲ့သို့ လုပ်ရမည်ကို ခေါင်းခြောက်
မတတ်စဉ်းစားနေလေသည်။ဟောတွေ့ပါပြီ အဖြေ။
ဦးကိုကိုသည်ခွဲစိတ် ခန်းအတွင်း
သို့တက်ကြွစွာ ဝင်ခဲ့သည်။ ခွဲစိတ်မူပြုလုပ်သောအခါတွင်
လည်း ရှေ့ကကဲ့သို့ပင် တွေ့ရလေသည်။ လုပ်ငန်းပြီးဆုံး
၍ပြန်ချုပ်ခါနီး အချိန်တွင်မူ ဦးကိုကိုဆေးရည်ထည့်သော
အလွန်သေးငယ်သည့် ပုလင်းတစ်လုံးကိုယူကာ မောင်
ဒေါန၏ ဝမ်းဗိုက်အတွင်းမှတွေ့ရှိရသောပုလင်းကြီး ထဲမှ
အရည်အနည်းငယ်နှင့် ဆံခြည်မျှင်နှစ်ပင်သုံးပင်အားပု
လင်းအသေးထဲသို့ထည့်ကာ ဝမ်းဗိုက်အတွင်းအန္တရာယ်
ကင်းသည့်နေရာ၌ ထည့်ကာပြန်ချုပ်ပေးလိုက်သည်။ထို့
အပြင်မည်သည့်အကျိုးဆက်များဖြစ်ပေါ်နိုင်သည်ကိုသိရှိ
လိုသောကြောင့် ဆေးရုံ ၌ပင် နှစ်လတိတိနေခိုင်းကာ အနီး
ကပ်စောင့်ကြည့်လေသည်။
အချိန်တိုင်းပင်ချစ်ရသောမယ်ခအကြောင်းအား
လည်းတွေးခိုင်းလေသည်။မည်သည့်ထူးခြားမှုများဖြစ်မလာ
သောကြောင့် ဆင်းခိုင်းလိုက်လေသည်။မယ်ခအနားကြိုက်
သလိုသွား ဘာမှမဖြစ်တော့ဘူးဟူ၍ပါ အာမခံလိုက်သည်။
ရွာပြန်ရောက်သော် မယ်ခတို့စျေးလှေမှာ ရွာမှပြန်ထွက်သွား
သည်မှာ၁၀ရက်ခန့်ပင်ရှိပြီဖြစ်သည်။ထို့ကြောင့် နောက်တစ်
ခါတွေ့ ဆုံရရန် ၁လကျော်မျှ စောင့်စားရပေမည်။
မောင်ဒေါနလည်း မြစ်ဆိပ်သို့ညနေတိုင်း သွားကာ
မယ်ခလှေပြန်လာမည့်ရက်အားစောင့်မျှော်နေတော့သည်။
ထိုအတောအတွင်းမည်သည့် ကိစ္စများထပ်မံမဖြစ်ပေါ်လာ
ပေ။တခုသောညနေခင်း၌တွင်မူ မောင်ဒေါနမျှော်နေသော
မယ်ခတို့ စျေးလှေသည် ဆိုက်ဆိုက်မြိုက်မြိုက် ရောက်လာ
ခဲ့လေသည်။ဒီတကြိမ်တော့ မောင်ဒေါနအား စတင်မြင်တွေ့
ရသူက ဒေါ်မင်းအိမ်။
”’ဟင် ဒီကောင်လေးဘာမှမဖြစ်ပါလား ပြီးတော့ အချစ်ကြီး
ပြီးဇွဲကောင်းလှချည့်လား ငါမှားပြီလား အိုဘာဘဲဖြစဖြစ်
ဒီတကြိမ်တော့ချက်ချင်းအစွမ်းပြအောင် ပြုစားလိုက်မယ်”
အစားမကျွေးစိတ်နဲ့ပဲအပင်းလှမ်းထည့်လိုက်မယ် လာစမ်း
ဟေ့”
ဒေါ်မင်းအိမ်ပြုစားခြင်းအမှုကို အမျိုးမျိုး အဖုံဖုံပြုလုပ်
သော်လည်း မအောင်မြင်ပေ။ ဘာကြောင့်လည်းဆိုတာ
ကိုပညာဖြင့်ကြည့်သော်လည်းမမြင်ပေ။ဒေါ်မင်းအိမ်လန့်
လာသည်။အပင်းအမျိုးမျိုထည့်ကြည့်သော်လည်း မရတော့
ပေ။
ထိုကြောင့်သာပင်မောင်ဒေါနအားမိမိထက်
ပညာအဆင့်မြင့်သည်ဟု ယူဆကာမြေးမလေးနှင့်သဘော
တူလိုက်ရလေသည်။ မိမိပညာအားလည်းသေတပန်သက်တ
ဆုံးမသုံးတော့ပါဟုသစ္စာပြု၍စွန့့်လွှတ်လိူက်လေသည်။
မြေးသမက်ဖြစ်သူမောင်ဒေါနအားလည်း အထက်လမ်း
ဆရာလော အောက်လမ်းဆရာလော ဝေခွဲမရသောအ
တွေးများဖြင့်လေးစားကြောက်ရွံ့နေလေသည်။မောင်ဒေါန
ကားမယ်ခနှင့်သေတပန်သက်တဆုံးရိုးမြေကျ ချစ်ခင်ပေါင်း
သင်းသွားလေသည် ။
ဆရာဝန်ကြီးဦးကိုကို ၏ ကျိုးကြောင်းဆင်ခြင်ကာ
ဒေါ်မင်းအိမ် ထည့်လိုက်သော အပင်းအား သိပ္ပံနည်းကျ
တွေးခေါ်ကာ အချို့ရောဂါများမဝင်ရောက်နိုင်ရန် ကိုယ်တွင်း
၌ ပုံစံတူရောဂါအားကြိုတင်းထည့်သွင်းကုသ သကဲ့သို့ပင်
ထိုအပင်းအနည်းငယ် အားကြိုတင်ထည့်လိုက်ခြင်းသာ
ဖြစ်သည်။ထို့ကြောင့် ဒေါ်မင်းအိမ်သည် မိမိထည့်ထား
သောအပင်း အား တဖန်ပြန်၍ထည့်ထားခြင်းဖြင့် မိမိပညာ
ကခုခံနေသောကြောင့်ထည့်မရခြင်း ပုံစံတူမိမိပညာဖြစ်
နေသောကြောင့် ကိုယ်ကပဲတိုက်ကိုယ်ကပဲပြန်ခုခံနေခြင်း
ကြောင့်အခြားပညာသည်အားရှာမရခြင်းတို့ကိုသာ သိရှိခဲ့
လျှင်မူ
( ပြီးပါပြီ ) အမျိုးတစ်ယောက်ပြောပြသော၁၉၉၅ပတ်ဝန်း
ကျင်ကဖြစ်ပျက်သွားသောဖြစ်ရပ်မှန်တခုကို ခံစားတင်ပြ
ပါသည် ။
ကိုမျိုး(နေမကောင်း၍ ဒီနေ့အတွက်နောက်ဆုံးတင်ပေးတဲ့ စာမူလေးပါ မနက်ဖြန်မှ ဆက်တင်ပေးပါ့မယ် ကွန်မန့်တွေလည်း အားရပါးရမန့်ပေးခဲ့ကြပါအုံးဗျာ အားရှိအောင်လို့ပါ ခေါင်းတွေအရမ်းထိုးကိုက်နေလို့ ဒီနေ့ဆက်မတင်ပေးနိုင်တာ ခွင့်လွှတ်တန်ပြန်အပင်း”
ဇာတ်လမ်းနဲနဲရှည်တာလေ ရေးပေးပါ စာတ်ိုလို့ဖတ်ရတာအားမရဘူးဆိုတဲ့ပရိတ်သတ်တွေအတွက်ရယ် ကားသမားဘဝဖြစ်ရပ်မှန်တွေပဲ ၁ကနေ၈ထိဖတ်ပြီးနဲနဲ အီနေပြီထင်နေတဲ့အတွက်ရယ် ပုံစံမတူတဲ့ ဖြစ်ရပ်မှန်ဇာတ်လမ်းလေး ရေးသားတင်ပြလိုက်ပါသည်ခင်ဗျား လိုအပ်ချက်များရှိပါက ကြိုတင်တောင်းပန်အပ်ပါတယ်ဗျ