*တေဇနှင့်ကဝေပျံ နန်းစံ *
*******************************
တိတ်ဆိတ်နေသော ရိုးမတောအလယ်တွင် မလှုပ်မယှက်နှင့်လူတစ်စု။ သူတို့ရဲ့မျက်လုံးများက တစ္ခုခုကို စောင့်ဆိုင်းနေဟန်။ ထိုစဉ် အရှေ့တည့်တည့်မှ မီးပုံက ဝုန်းခနဲ ထေတာက္ကာ လူတစ်ယောက် မီးဖိုထဲမွ ခုန်ထွက်လာသည်။
” အားလုံးစုံပြီလို့ ကျုပ်ထင်တယ် အဲ့ဒီတော့ ဒီနယ်တစ်ကြောမှာရှိတဲ့ ရွာတွေရဲ့ခေါင်းဆောင်ရွေးပွဲကို စတင်ကြရအောင် ”
နားထောင်နေကြသည့် သူမ်ား လှုပ်လှုပ်ရွရွဖြစ်သွားပြီး တစ်ယောက်နှင့်တစ်ယောက်ကြည့်နေကြသည်။
” အဲ့ဒီတော့ ကျုပ်တို့နယ်ရဲ့အချုပ် ဇော်ဂနီငနက်ကို ပင့်ဖိတ်ကြရအောင် အဲ့တော့ အားလုံးရဲ့စိတ်ထဲမှာ ဆရာကြီးကို ပင့်ဖိတ်လိုက်ကြစို့ ”
ဆိုပြီး ဒူးထောက်ကာ စိတ်ထဲကနေ ပင့်လိုက်ကြရာ လေမတိုက်ပဲ သစ်ပင်များ ယိမ်းထိုးသွားလေသည်။
” ကဲ အားလုံးထလို့ရပြီ ငါ့လက်အောက်ခံ တပည့်တွေ မင်းတို့ရဲ့ ပညာကျင့်စဉ်တွေ အခုလိုမြင့်မားလာတာ ငါကျေနပ်မိတယ် အခုရောက်နေတဲ့သူတွေအားလုံးကလည်း ပညာချင်းမတိမ်းမယိမ်းတွေမို့ ပွဲကပိုကြည့်ကောင်းလိမ့်မယ် မင်းတို့ကို နောက်တစ်ခု အသိပေးချင်တာက……. ”
ဆိုကာ စကားကို ရပ်တန့်လိုက်ရာ အားလုံး စိတ်ဝင်စားစွာဖြင့် ခေါင်းမော့ကြည့်လိုက်ကြသည်။
” ငါ့ရဲ့လက်ထောက်အဖြစ် ဒီနယ်တစ်ဝှိုက်ရဲ့ အပိုင်စား နယ်ချုပ်ကိုလည်း တစ်ခါတည်းရွေးရလိမ့်မယ် အားလုံး သဘောတူကြလားဟေ့ ”
” သဘောတူပါတယ် ဆရာကြီး ”
အားလုံး သံပြိုင် အော်ဟစ်ကြလေသည်။ အနိုင်ရရှိလျှင် နယ်ချုပ်ပါ ဖြစ်မည်ဆိုသောကြောင့် အားလုံးရဲ့မျက်စိထဲမှာ ရက်စက်မှုတွေ တင်းမာမှုတွေဖြစ်သွားကြလေသည်။
” ပထမဆုံး မင်းတို့ကို အဖွဲ့နှစ်ဖွဲ့ခွဲကြ ”
တန်းစီနေကြသည့်သူများ ဟိုဘက်ဒီဘက်ကူးသွားကြလေသည်။ လူကအညီအမျှပင်။ ဇော်ဂနီငနက်က
” ပထမဆုံး တိုက်ရမည့်သူနှစ်ယောက်က မန်ကျီးကန်က ငရွေးနဲ့ကန်လှရွာက ငထူး ရှေ့ထွက်ကြပါ မညှာတမ်းတိုက်ကြရမယ် ”
ငရွေးနဲ့ငထူးလည်း အရှေ့ထွက်ကာ ဇော်ဂနီငနက်က အရိုအသေပေးပြီး
” ငထူး မင်းအရင်တိုက် ”
ငရွေးက အဲ့လိုပြောလိုက်ရာ ငထူးလည်း အချိန်မဆွဲပဲ သူ့ရဲ့အပြင်းဆုံးစက်ကို ထုတ်ပြီး ပစ်လေသည်။ ငရွေးလည်းမကာနိုင်မှန်းသိသောအခါ သူ့ရဲ့ပြင်းဆုံးစက်ကိုထုတ်ပြီး ပြန်ပစ်လေရာ
” ဖျပ်….ဖျပ်….ဖျပ်….ဖျပ်… ဝုန်းး ”
စက်နှစ်ခု ထိပ်တိုက်တွေ့ကာ ပြိုင်တွန်းနေရင်း ပေါက်ကွဲကာ အနောက်လွင့်သွားကြလေသည်။
” ကဲ မင်းတို့နှစ်ယောက် နောက်ဆုတ်ကြ ပြိုင်မဲ့သူနှစ်ယောက် ရှေ့ထွက်ကြပါ ”
လူနှစ်ယောက် ထပ်ထွက်လာပြီး အတိုက်အမျိုးမျိုးနှင့်တိုက်ကြလေသည်။ ရိုးမတောအတွင်း မီးများထတောက်လိုက် အောျသံမြားကွားလိုကျနှငျ့ပငျ။ မနက် သုံးချက်တီးချိန်တွင် ရိုးတောက်ရွာမှ နန်းစံနှင့် မီးပုံထဲမွ ထွက်လာသည့် လူငယ်တစ်ဦးသာ ကျန်တော့လေသည်။ ဇော်ဂနီငနက်က
” မင်းတို့နှစ်ယောက်ပဲ ကျန်တော့တယ် ဒီတော့ နယ်ချုပ်ရာထူးရဖို့ ပြိုင်ကြရမယ် နန်းစံကဒီနယ်တစ်ဝှိုက်ရဲ့အမြင့်ဆုံးပညာသည်ဖြစ်သလို စောဝေကလည်း နယ်လှည့်ပြီး ကျင့်ကြံနေသူမို့ ပညာရပ္က မေခလွဘူး ”
” အဟက်ဟက် သူ့ဟာသူပညာ ဘယ်လောက်မြင့်ပါစေ စောဝေအောက်ပဲကျန်နေစေရမယ် ”
” ခစ်ခစ်ခစ် ရှင်ဟာ အတော်လည်း အပြောကြီးပါလား ကျွန်မပညာအစွမ်းကို မမြင်ရသေးတာလည်းမဟုတ်တော့ လျှော့မတွက်စေချင်ဘူး ”
နန်းစံမှာ ပညာသည်အယောက်နှစ်ဆယ်ကို အသာအယာ အနိုင်ယူထားသည်မို့ နန်းစံကိုနိုင်မည်ထင်သူကလည်း မနည်းပေ။ စောဝေကလည်း နယ်လှည့်ပြီး ကျင့်ကြံတိုက်ခိုက်နေသူမို့ စောဝေဘက်က ပါသူကလည်းမနည်းပေ။ ဇော်ဂနီငနက်က
” ကဲ စကားမများကြနဲ့ ပညာစပြိုင်လို့ရပြီ ”
နန်းစံနှင့်စောဝေက ဇော်ဂနီငနက်ကို အရိုအသေပေးပြီးနောက် နန်းစံက
” ကျွန်မရဲ့ပညာကို ပြရသေးတာပေါ့ ”
ဆိုကာ မြေလက်တစ်ဆုပ်ကို ကောက်ယူကာ အပေါ်သို့ ပစ်တင်လိုက်ရာ ပိတုန်းများအဖြစ်ပြောင်းသွားကာ စောဝေ ရှိရာသို့ တဝီဝီနှင့်ပျံသွားကြလေသည်။ စောဝေကလည်း တစ်ချက်မျှပြုံးကာ ပြန်မကာပဲ ငြိမ်နေရာ ပျားပိတုန်းများက အသားများကို ဖဲ့ကိုက်ဖို့ ထိုးဆင်းလာကြပြီး တစ်တောင်ခန့်အကွာတွင် ပိတုန်းများက မီးထတောက်သွားကြလေသည်။
” နင့်အလှည့်ပြီး ငါ့အလှည့် နန်းစံရေ ကဲရော့ ”
ဆိုကာ အင်းတစ်ချုပ်ဖြင့် ပြစ်လိုက်လေသည်။ နန်းစံက အနား မရောက်မီ လက်နှင့်ကာလိုက်ရာ အင်းက လေထဲတွင်ရပ်နေလေသည်။ စောဝေက ဖနှောင့်တစ်ချက်ပေါက်လိုက်ရာ
” ဝုနြးးးးးး ”
အင်းက လေထဲတွင်ပေါက်ကွဲသွားလေသည်။ နန်းစံက အပြာရောင်စက်ကို ထုတ်ကာ စောဝေရှိရာသို့ တွန်းပို့လေသည်။ စောဝေကလည်း အနီရောင်စက်ဖြင့် ပြန်ကာထားရာ စက်နှစ်ခု ထိပ်တိုက်တွေ့ပြီး ပြိုင်တွန်းနေကြလေသည်။ တဖြည်းဖြည်းနဲ့ နန်းစံက အားသာလာပြီး စေဝေစက်ကအရောင်မှိန်လာလေသည်။ ထိုစဥ်
” ဝှီးးးးးး ဖောက်…. အားးး ”
စက်တစ်ခုက လျှင်မြန်စွာဖြင့် နန်းစံ ဝမ်းဗိုက်အတွင်း ဖောက်ဝင်သွားလေသည်။ ဘေးမှ လူသုံးဆယ်ခန့်က
” ဟာ ဆရာကြီး ပစ်လိုက်တာ နန်းစံပြေးတော့ ငါတို့ကာထားမယ် ”
ရုတ်တရက် စက်များ ဝင်းခနဲလက်ခနဲ ဖြစ်သွားကာ တိုက်ခိုက်သံများ ဆူညံသွားကြလေသည်။
” နန်းစံ ခေါင်းမာ မနေနဲ့ပြေးတော့ ငါတို့အတွက် လက်စားပြန်ချေပေး အခုပြေးတော့……. အားးးးးး ”
နန်းစံလည်း ဒဏ်ရာရထားသည်မို့ ပြန်မတိုက်နိုင်တော့ပဲ စက်ကြိုးဆင်ကာ ကောင်းကင်ပေါ်သို့ပြန်တက်သွားလေသည်။
” သစ္စာမရှိတဲ့ဇော်ဂနီငနက် သေစမ်း ကောက်ကျစ်တဲ့စောဝေ သေစမ်း ”
” ဟားဟားဟား မင်းတို့ပဲသေရမယ်ကွ ဟားဟားဟား ”
အပြင်းအထန်တိုက်ခိုက်ကြရင်း စောဝေနှင့်လူအားလုံးသေသွားကြလေသည်။ ဇော်ဂနီငနက်က
” ဟားဟားဟားဟား နန်းစံရေ နင်ပြေးစမ်း ငါ့လက်ကနေလွတ်နိုင်ရိုးလားးးးး ”
နန်းစံလည်း ရွာတစ်ရွာတွင် ဆေးကုရင်း ဇော်ဂနီငနက်ကိုရှောင်ပုန်းနေရလေသည်။ ဒီလိုနှင့်ပညာရပ်များကိုလည်း ကျင့်ကြံနေရလေသည်။ ဇော်ဂနီငနက်ကို နိုင်ဖို့ဆိုလျှင် ဒီထက်အဆများစွာ ပညာရပ်မြင့်မားဖို့လိုမှန်း သဘောပေါက်နေလေသည်။ တစ်နေ့တွင် နန်းစံပုန်းအောင်းနေသောရွာ၏ ဘုရားစေတီသို့ သိုက်ဆရာများ ရောက်လာကြလေသည်။
” အင်းး ငါ့ရဲ့ဆရာမကြီး သင်ပြခဲ့တာ တစ်ခုရှိတယ် ကိုယ်နေတဲ့ရပ်ရွာကို အသက်နဲ့ရင်းပြီး ကာကွယ်စောင့်ရှောက်ရမယ်တဲ့ ”
နန်းစံက ကရင်နှင့်ဗမာစပ် ကပြားတစ်ယောက်ဖြစ်ပြီး ကရင်ပြည်၌ ကဝေရှင်မ နန်းနော်ထံ၌ ပညာသင်ကြားခဲ့လေသည်။ နောက်တွင်မိဘများက ရွာပြောင်းလာကြသဖြင့် နန်းစံပညာလည်း နုသေးသောကြောင့် ဇော်ဂနီငနက်၏ လက်အောက်ရောက်ခဲ့ခြင်းဖြစ်လေသည်။ ( နန်းနော်အကြောင်းကို တေဇနှင့်ကဝေပျံနန်းနော် ဝတ္ထုတွင် ဖတ်ရှုနိုင်ပါသည်။
” ငါ ဆရာမကြီးရဲ့စကားကို နားထောင်ရမယ် ဒီရပ်ရွာကို ငါကာကွယ်ရမယ် ”
ဒီလိုနဲ့လိုအပ်သည်များကို ပြင်ဆင်ထားပြီး အသင့်စောင့်နေလေသည်။ ညမှောင်စပျိုးချိန်တွင်
” ငါ့အမိန့်နဲ့ ဘုရားစောင့်တွေ အခုချက်ချင်း ငါ့အရှေ့ရောက်စေ လွန်ဆန်ရင် မီးအတိပူစေ ”
ဆိုကာ အရှေ့မှ ဘီးလူးရုပ်အား ချည်မန်းကွင်းနှင့်စွပ်လေသည်။ စေတီထဲမှ သိုက်စောင့်များထွက်လာကြပြီး ကြိမ်းဝါးဆဲဆိုနေကြလေသည်။
” ဟဲ့အကောင် ဒါ ဘုရားသာသနာအတွက် ရည်မှန်းထားတဲ့ ပစ္စည်းတွေ နင်တို့ငရဲအိုး ချိုးကပ်လိမ့်မယ် နားလည်လား ”
” တယ် ဒီသိုက်စောင့်မက ရင့်သီးလှချည်လား ငါဆရာရဲ့ အစွမ်းပြရသေးတာပေါ့ ဟဲ့တစ်ပွဲစား စံဖေ ဒီဟာမကို ကြိမ်နဲ့လာရိုက်စမ်း ”
ဟုဆိုလိုက်ရာ ကြိမ်ကိုင်ထားသော လူတစ်ယောက်ပေါ်လာပြီး သိုက်စောင့်ကို ကြိမ်နဲ့ရိုက်လေတော့သည်။
” ရွှမ်း ရွှမ်း ရွှမ်း အား တောက် တစ်ပွဲစားကများ ငါ့ကိုရိုက်ရဲတယ် ကဲဟယ် ဖြောင်း ”
သိုက်စောင့်ရဲ့ လက်ပြန်ရိုက်ချက်ကြောင့် တစ်ပွဲစား စံဖေလည်း အဝေးသို့လွင့်သွားလေသည်။ သိုက်ဆရာလည်း ဒေါသထွက်သွားပြီး
” ငါဆရာရဲ့အမိန့် ယက္ခညီနောင် ငါ့အရှေ့ အမြန်ရောက်စေ သိုက်စောင့်တွေကိုတိုက်ကြ ”
ယက္ခညီနောင်လည်း ရုတ်တရက်ပေါ်လာပြီး သိုက်စောင့်များကိုတိုက်ခိုက်လေတော့သည်။ သိုက်စောင့်များကလည်းမခေ။ ယက္ခညီနောင်ကို အသာယာအနိုင်ယူလိုက်နိုင်သည်။ သိုက်ဆရာလည်း ဒေါသထွက်ပြီး
” ငါ့အစွမ်းကိုပြရသေးတာပေါ့ ”
ဆိုကာ မန္တန်တစ်ပုဒ်ကို ရွတ်ဖတ်လိုက်လေရာ သိုက်စောင့်များ အားလုံး
” အားးးးးး ပူတယ် ပူတယ် အား မရွတ်ပါနဲ့တော့ ”
ဒူးထောက်ကာ အော်နေသည့် သိုက်စောင့်များအား သိုက်ဆရာရဲ့ တပည့်များက ချည်မန်းကွင်းများ စွပ်လိုက်ကြသည်။
” ကဲ သိုက်စောင့်တွေ ရတနာတွေပေးမလား နှိပ်စက်ရမှာလား ဒါမှမဟုတ် သိုက်တံခါးဖွင့်မှာလား ”
” သေရင်သေပါစေ ရတနာတွေလည်းမပေးဘူး သိုက်တံခါးလည်း မဖွင့်ပေးဘူး ”
” နင်တို့က တော်တော်ခေါင်းမာကြတာပဲ ပေးမှာလားမပေးဘူးလား ”
” မပေးဘူး ”
သိုက်ဆရာလည်း ပွဲတွင်ထိုးထားသော ကြိမ်လုံးကိုယူကာ
” ပေးမှာလား မပေးဘူးလား ”
” မပေးဘူး ”
” မပေးဦးဟာ ကဲဟယ် ဖြန်းဖြန်းဖြန်းဖြန်း ”
သိုက်ဆရာက လေထဲတွင် ကြိမ်ကိုရိုက်နေသောလည်း
” အား သေပါပြီ ကယ်ကြပါဦး နာလိုက်တာ ”
သိုက်စောင့်များ နာကျင်စွာအေယ်ဟစ်နေကြလေသည်။ ထိုစဥ် အလင်းစက်တစ်ခုက ကန်တော့ပွဲများကို ထိကာ မီးထတောက်သွားလေသည်။
” ငါ့အလုပ်ကို ဘယ်သူ ဝင်ရှုပ်တာလဲကွ ထွက်ခဲ့စမ်း ”
နန်းစံ အရှေ့သို့ ထွက်လာလေသည်။ သူ့အနောက်တွင် သရဲသဘက်များနှင့် အစောင့်ဘီလူးတစ်ကောင်လည်းပါသည်။
” ကျွန်မပဲ ”
” ဪ မင်းကိုး ငယ်ငယ်ရွယ်ရွယ်နဲ့မသေချင်သေးနဲ့ မင်းနဲ့ငါ ဘာရန်ငြိုးရန်စမှ မရှိဘူးနော် ”
” ဒါက ကျွန်မပညာယူထားရတဲ့ ရည်ရွယ်ချက်ပဲ ကိုယ်နေထိုင်တဲ့ ရပ်ရွာအကျိုးစီးပွားကို ကူညီစောင့်ရှောက်ရမှာ ကျွန်မတာဝန်ပဲ ”
” နောက်ဆုံး အနေနဲ့ သတိပေးမယ် နင် နောက်ဆုတ်မလား အသေခံမှာလား ”
” ကျွန်မ သေရင်သေပစေ နောက်မဆုတ်ဘူး ဟဲ့ သွားကြစမ်း အကုန်သတ်ကြ ”
နန်းစံက သူ့မွေးထားသော အကောင်များကို လွှတ်လိုက်ရာ သရဲသဘက်များနှင့် အစောင့်ဘီလူးလည်း အတင်းပြေးလွှားတိုက်ခိုက်ကြလေသည်။ သိုက်ဆရာကလည်း
” အံမာ အလာကြီးပါလား ငါ့မွေးထားတဲ့ တစ္ဆေကြီးတွေ လာစမ်း ”
အမွှေးစုတ်ဖွားနဲ့ တစ္ဆေကြီးများ ပေါ်လာပြီး သရဲသဘက်များနှင့် တိုက်ခိုက်ကြလေသည်။ တစ္ဆေကြီးများက သရဲသဘက်များကို လွယ်ကူစွာ တိုက်ခိုက်နိုင်သောလည်း အစောင့်ဘီလူးရဲ့လက်ချက်မိသွားလေသည်။ သိုက်ဆရာက အင်းတစ်ချပ် အမြန်ထုတ်ပြီး အစောင့်ဘီလူးအား ပစ်လိုက်ရာ အင်းချပ်ထဲမှ အနက်ရောင် အမျှင်အတန်းများက အစောင့်ဘီလူးအား ချုပ်နှောင်ရစ်ပတ်ထားလေတော့သည်။
” ဘယ်ဆိုးလို့လည်း ကျွန်မရဲ့မီးကို ကာကြည့်စမ်းပါဦး ”
ဆိုကာ မီးလုံး တစ်လုံးဖြင့် သိုက်ဆရာကိုပစ်လိုက်လေသည်။ သိုက်ဆရာကလည်း အမြန်ရှောင်လိုက်ပြီး စက်ဖြင့်ပြန်ပစ်လိုက်သည်။ နန်းစံက အသားယာကာပြီးနောက်
” ဒီလောက်ပဲလား နောက်ထပ်လာပြီ ကြည့်ထား လွတ်အောင်ရှောင်ပေတော့ ”
ဆိုကာ လက်နှစ်ဖက်ကို ဘေးသို့ဆန့်လိုက်ရာ ခန္ဓာကိုယ်မှ စက်ရောင်စုံများ ထွက်လာလေသည်။ နန်းစံက စက်တ်ခုချင်းဆီဖြင့် သိုက်ဆရာကို မနားတမ်းပစ်လေသည်။ သိုက်ဆရာကလည်း စက်များဖြင့် ဒိုင်းသဖွယ်ကာထားလေသည်။
” နင့်ပညာအကုန်ထုတ်စမ်းပါ မိန်းခလေး ”
နန်းစံလည်း သူ့ရဲ့အပြင်းဆုံးစက်ကိုထုတ်လေရာ သိုက်ဆရာကလည်း ကိုယ်ပွား သုံးကိုယ်ခွဲပြီး ဟိုမှဒီ ဒီမှဟို ပတ်ပြေးနေလိုက်ရာ နန်းစံလည်း တွေ့သည့်သူအား စက်ဖြင့်ပစ်လိုက်လေသည်။
” ဟားဟားဟားဟား ငါ့ကိုတောင် ထိအောင်မပစ်နိုင်ပါလား ဒါနဲ့များ ငါ့ကိစ္စ ဝင်ရှုပ်ရဲသေးတယ် ကဲရော့ ”
အနောက်မှ သိုက်ဆရာပေါ်လာပြီး နန်းစံအား စက်ဖြင့် ပစ်လိုက်လေရာ
” ဖောက် အားးးးးးး ရှင် အနောက်ကနေ ခိုးကြောင်ခိုးဝှက်တိုက်တယ် မိန်းမလိုမိန်းမရနဲ့ ”
သိုက်ဆရာက ပြေးရင်းလွှားရင်း ကိုယ်ပွားထပ်ထုတ်ခဲ့ပြီး ကိုယ်ဖျောက်ကာ အနောက်သို့ သွားခဲ့ခြင်းဖြစ်လေသည်။
” အေ့ ဝေါ့……… အဟွတ် အဟွတ်…. အော့… ”
နန်းစံ ဒူးထောက်သွားပြီး သွေးများ မြင်မကောင်းအောင် အန်ထွက်လာလေသည်။
” ကဲ ငါ့ကိစ္စကိုဝင်ရှုပ်တဲ့နင် အသက်အသေခံမလား ဒါမှမဟုတ် ငါ့မယားလုပ်မလား ဟဲဟဲဟဲဟဲ ”
” ထွီ ရှင့်လို ကူလီကူမာ အယုတ်သမာ အောက်တန်းကျတဲ့သူကို လင်တော်မဲ့အစား အသက်ပဲ အသေခံလိုက်မယ် ရှင်းလား ”
သိုက်ဆရာက နန်းစံအရှေ့သို့ တစ်လှမ်းချင်းလျှောက်သွားကာ
” ဖြန်းးးးးး ”
နန်းစံရဲ့ပါးပြင်ကို လက်ဝါးကြမ်းဖြင့်ရိုက်ချလိုက်ရာ နန်းစံပါးပြင်တစ်ခုလုံး နီရဲသွားရုံမက နှုတ်ခမ်းစွန်းမှ သွေးများစီးကြလာလေသည်။ နန်းစံလည်း သိုက်ဆရာကို မုန်းတီးစွာနဲ့ကြည့်နေလိုက်သည်။
” ဟေ့ကောင်တွေ ဒီအချောအလှလေးကို သတ်ရမှာ နှမျောလို့ မင်းတို့ စိတ်ရှိသလို လုပ်ကြ ”
သိုက်ဆရာရဲ့တပည့်များက အကြိုက်တွေ့သွားကာ နန်းစံရှိရာသို့ လျှောက်လာကြလေသည်။ နန်းစံမျက်နှာတွင် ကြောက်ရွံ့ခြင်းတွေ အထင်းသားပေါ်လွင်လာသည်။
~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~
တေဇလည်း ပင်းတယမှ ထွက်လာပြီး ခြေဦးတည့်ရာ လျှောက်လာရင်း မှောင်စပျိုးနေသဖြင့် တွေ့ရာ ဇရပ်တစ်ခုအတွင်း ဝင်နားနေချိန်
” လူလေး မင်းကူညီရမဲ့သူတစ်ယောက် ပေါ်လာပြီ အမြန်သွားကူပေတော့ ”
ဆိုကာ အဘဆရာကြီးဘိုးလူ ပေါ်လာလေသည်။ တေဇက ဇရပ်ပေါ်မှဆင်းပြီး
” ဘယ်သူ့ကို ကယ်ရမှာလဲ အဘ ”
” ဒီကနေ တောင်ဘက်ကိုတည့်တည့်သွား ဘုရားတစ်ဆူရှိတယ် အဲ့မှာ တွေ့လိမ့်မယ် အမြန်သွား အရေးကြီးတယ် ”
ဆိုကာ ပျောက်သွားလေသည်။ တေဇလည်း အဘဆရာဘိုးလူ ခိုင်းသည့်အတိုင်း တောက်ဘက်တည့်တည့် ပြေးလာခဲ့ရာ ကဝေမလေးတစ်ဦးနှင့်သိုက်ဆရာ တစ်ယောက် ပညာပြိုင်နေကြခြင်းပင်။ သိုက်ဆရာက အနောက်မှ တိုက်ပြီး နိုင်သွားချိန် သူ့လူများကို မိန်းခလေးအား စိတ်ရှိသလိုလုပ်ဖို့ ပြောလိုက်ရာ လူယုတ်မာ သုံးကောင်က မိန်းခလေးရှိရာသို့ သွားနေကြသည်။ တေဇလည်း အချိန်မဆွဲတော့ပဲ
” သုနန္ဒတေဇ အဲ့ လူယုတ်မာသုံးကောင်ကို ဂုတ်ကနေဆွဲပြီး ကိုင်ပေါက်ပစ်စမ်း ”
သုနန္ဒတေဇကလည်း ကိုယ်ရောင်မပြပဲ လူယုတ်မာသုံးယောက်ကို လက်ဖြင့်ဆွဲကာ ကိုင်ပေါက်လိုက်သည်။
” ဟာ ဟေ့ကောင်တွေ ဘာဖြစ်တာလဲဟ ဟေ့ကောင်တွေ တောက် ဘယ်ကောင်ဝင်ရှုပ်ပြန်ပြီလဲကွ ထွက်ခဲ့စမ်းကွာ ”
” ငါဒီမှာကွ မဖြစ်စလောက် ပညာလေးနဲ့ နိုင့်ထက်စီးနင်းလုပ်နေတာ အမြင်မတော်လို့ အောက်တန်းစားရေ ”
” ဟားဟား မင်းက တယ်လဲ လေကြီးပါလား မင်းကဘာကောင်လို့လဲကွ ”
တေဇလည်း ဘာမှပြန်မပြောသေးပဲ နန်းစံရှိရာသို့သွားပြီး နန်းစံပါးစပ်ထဲသို့ ဆေးတစ်လုံးထည့်ပေးလိုက်ပြီး ရေဘူးပေးလိုက်လေသည်။ နန်းစံလည်းဆေးကို ဝါးစားပြီး ရေကိုသောက်လိုက်ရာ ဒဏ်ရာများသက်သာသွားပြီး အားအင်များ ပြန်ပြည့်လာသလိုခံစားလိုက်ရလေသည်။
” ငါက ဘာကောင်မှ မဟုတ်ဘူး ဒါပေမဲ့ မင်းလိုမယုတ်မာဘူး ”
” ဒါဆိုလည်း မင်းငါနဲ့ပညာပြိုင်ရဲလား ”
” ဟားဟားဟား မင်းနဲ့ငါ တန်သလားကွ မင်း ငါ့ရဲ့အစောင့်ဘီလူးကို သေချာကြည့်ရဲလား ”
တေဇက အဲ့လိုပြောလိုက်ရာ သိုက်ဆရာက ဒေါသထွက်သွားပြီး
” ခေါ်လိုက်စမ်း မင်းရဲ့ဘီလူးကို တစ်ခါတည်းဖမ်းပြီးခိုင်းစားလိုက်မယ် ”
တေဇလည်း သုနန္ဒတေဇအား ကြီးမားသော မျက်နှာဖြင့် ဆိုးဝါးသောအသံဖြင့် သိုက်ဆရာကို ခြောက်လှန့်ခိုင်းလိုက်လေသည်။ သုနန္ဒတေဇလည်း သိုက်ဆရာအရှေ့သို့ လူနှစ်ရပ်ခန့်ရှိသော မျက်နှာကြီးဖန်ဆင်းပြကာ
” ငါဟဲ့ သုနန္ဒတေဇတဲ့ဟေး ဟားဟားဟားဟား ”
ဆိုကာ အော်ဟစ်ကြိမ်းဝါးလိုက်ရာ သိုက်ဆရာလည်း ကြက်သေ သေသွားလေသည်။ တေဇက နန်းစံကို
” မင်း ဒီအတိုင်းကြည့်နေမှာလား ”
ဆိုပြီးပြောလိုက်ရာ နန်းစံလည်း စက်တစ်ခုထုတ်ပြီး သိုက်ဆရာကို ပစ်လိုက်လေသည်။ သိုက်ဆရာလည်း စက်ထိမှန်ကာ သေဆုံးသွားလေသည်။ သိုက်စောင့်များထဲမှ သိုက်နန်းရှင်ထွက်လာပြီး
” အခုလို ကူညီတဲ့အတွက် ကျေးဇူးတင်ပါတယ် ဒီကနှမနဲ့မောင်ကြီးကို ”
နန်းစံကလည်း သိုက်နန်းရှင်မအား ပြုံးပြပြီးနောက်
” ညီမကို ကျေးဇူးတင်ဖို့မလိုပါဘူး ကျေးဇူးတင်ရမှာက ဒီက အကိုကိုပါ ”
ဆိုပြီး တေဇကိုကြည့်ပြီးပြောလိုက်ရာ တေဇကလည်း
” ဒါက ကျုပ်အတွက်အသေးအမွှားပါ ဒါပေမဲ့ သာသနာအတွက်ရော ဒီကမိန်းခလေးအတွက်ရော အကျိုးရှိလို့ ကူညီရကျိုးနပ်သွားတယ် ”
သိုက်နန်းရှင်က တေဇကို ကြည့်ပြီးနောက် လက်ဝါးဖြန့်လိုက်ရာ လက်ဝါးထဲမှ ကျမ်းစာတစ်အုပ်ပေါ်လာလေသည်။ ထိုစာအုပ်ကို နန်းစံလက်ထဲ ထည့်ပေးပြီး
” ဒါက လွန်ခဲ့တဲ့နှစ်ပေါင်းများစွာက လူတစ်ယောက် လာပြီးအပ်နှံခဲ့တာပါ အခုချိန်မှာ သူမရှိတော့တာကြောင့် နှမငယ်ကိုပဲ လက်ဆောင်အဖြစ် ပေးလိုက်ပါရစေ လက်ခံပေးပါ ”
” ဒါက ဘယ်လိုပညာရပ်မျိုးလဲ အစ်မတော် ”
” ဒါက ကဝေ ပညာရပ်တွေပဲ ဒီက မောင်ကြီးတေဇက နားလည်တတ်ကျွမ်းတာမို့ နှမငယ်ကို လမ်းပြပေးလိုက်ပါလို့ တောင်းဆိုပါရစေ ”
” အကို့နာမည် တေဇတဲ့လား အစ်မတော်က ဘယ်လိုသိတာလဲ ”
” ဒီနယ်ပယ်မှာ တေဇဆိုတဲ့နာမည်က မသိသူခပ်ရှားရှားပဲ နှမငယ် သူက အောက်လမ်းပညာမှာ ဆရာတစ်ဆူပဲ ”
” ဪ…… ”
” ကဲ အစ်မတော်တို့ ပြန်တော့မယ် ဒီက မောင်ကြီးက လမ်းပြပေးလိမ့်မယ်လို့ မျှော်လင့်မိပါတယ် ”
ဆိုကာ သိုက်နန်းရှင်နှင့်သိုက်စောင့်များပျောက်ကွယ်သွားလေတော့သည်။ နန်းစံက
” အကို ညီမကို ပညာသင်ပေးမှာလား ”
” ငါစိတ်မပါဘူး မင်းရဲ့ဆရာကရော ”
” ညီမမှာ ဆရာနှစ်ယောက်နဲ့ပါ တစ်ယောက်က ဆရာမကြီးနန်းနော်ပါ နောက်တစ်ယောက်က ဇော်ဂနီငနက်ပါ ”
တေဇ တစ်ချက် စဥ်းစားပြီးနောက် နန်းစံအားသေချာကြည့်ကာ
” မင်းက ဘယ်လိုလုပ် ဆရာနှစ်ယောက်ဖြစ်နေတာလဲ ”
” ဒီလိုပါ ညီမက ငယ်ငယ်က ကရင်ပြည်မှာနေတာပါ အဲ့တုန်းက ပညာသင်ခဲ့တာပါ နောက်တော့ ပဲခူးဘက်ကိုပြောင်းလာပြီးချိန်မှာပဲ ဆရာမကြီးနဲ့အဆက်အသွယ်ပျက်သွားတာပါ ပြီးတော့ ဇော်ဂနီငနက်ဆိုတဲ့သူက အတင်းတိုက်ခိုက်ပြီး သူ့တပည့်အဖြစ်ထားခဲ့ပါတယ် အခုလို ရှောင်ပုန်းနေရတာကလည်း ပညာပြိုင်ပွဲမှာ စောဝေဆိုတဲ့သူနဲ့ပညာပြိုင်နေတုန်း ဇော်ဂနီငနက်ဆိုတဲ့သူက ဝင်တိုက်တာကြောင့် ဒဏ်ရာရပြီး ထွက်ပြေးခဲ့ရတာပါ ကျန်တဲ့သူတွေကတော့ အကုန်သေသွားကြပါတယ် ”
” ဪ ဒီလိုကိုးးး ဒါနဲ့ ဇော်ဂနီငနက်က ဘာလို့မင်းကိုတိုက်ရတာလဲ ”
” ဒါတော့ ညီမ မသိဘူး ”
” အင်း ထားပါတော့ ဒါနဲ့မင်းရဲ့ဆရာမကြီး နန်းနော်နဲ့ ဘာလို့အဆက်အသွယ်မလုပ်တာလဲ ”
” ညီမပညာက အရမ်းနိမ့်သေးတယ် ဆရာမကြီးနဲ့ဆက်သွယ်ဖို့အထိ မပေါက်မြောက်သေးဘူး ပြီးတော့ ဇော်ဂနီငနက်နဲ့စောဝေက အမြဲစောင့်ကြည့်နေတာ ဒါကြောင့်မို့ ဆက်သွယ်မရခဲ့တာပါ အခုလည်းဇော်ဂနီငနက်က ညီမကို သတ်ဖို့သေချာပေါက်လိုက်ရှာနေမှာ ”
” ကဲပါ ဒါဆိုလည်း မင်းကိုပညာသင်ပေးဖို့ ငါ့တာဝန်ထားလိုက်တော့ ”
” ရှင် တကယ်ပြောတာနော် အကို ဝမ်းသာလိုက်တာ ”
” ဒါပေမယ့် နန်းစံ မင်း စည်းကမ်းချက်တွေ လိုက်နာရမယ်နော် ”
” လိုက်နာပါ့မယ် ဒါနဲ့ညီမနာမည် ဘယ်လိုသိတာလဲ ”
” မင်းနာမည် နန်းစံ အသက်ဆယ့်ကိုးနှစ် အဲ့ထပ်ပိုပြီးသိတယ်လို့မှတ်ထားပါ အမေးအမြန်းမထူနဲ့ ”
” ဟုတ်ကဲ့ပါရှင့် ”
တေဇစိတ်ထဲဝယ် တစ်ခုခုထင့်နေလေသည်။ အရုံခံကြည့်လိုက်ရာ သုနန္ဒတေဇက
” အရှင် ဇော်ဂနီငနက် လာမည့် လကွယ်ညမှာ ရောက်လာလိမ့်မယ် အသင့်ပြင်ထားပါ ”
ဆိုပြီးပြောလေရာတေဇလည်း နန်းစံကို ကြည့်ပြီးနောက်
” မင်းတော့ကံကောင်းတာပဲ ”
ဆိုပြီးပြောလိုက်ရာ နန်းစံလည်း နားမလည်သဖြင့် တေဇအား ပြန်မေးလိုက်လေသည်။
” ဘာလို့လဲ အကို ”
” သိပ်မကြာခင်မှာ ဇော်ဂနီငနက် ရောက်လာလိမ့်မယ် ”
” ရှင် ဒါဆို တစ်ခြားရွာမှာ သွားပုန်းကြမလား အကို ”
” တိတ်စမ်း မင်းငါ့ဆီမှာ ပညာသင်မယ်ဆို သတ္တိမကြောင်ရဘူး ”
” သူက ညီမကို သတ်မှာရယ် ”
” ငါသူ့ကို သတ်ပြီး သူ့ပညာဗူး မင်းကိုသွင်းပေးမယ် အခုလို ဆက်ပြီးကြောက်နေရင်တော့ မင်းကို ဘယ်လိုပညာသင်ပေးရမှာလဲ ”
” ဟုတ် ညီမ မကြောက်တော့ပါဘူး ”
” ဒီလိုမှပေါ့ ကဲ မင်းလည်း ကိုယ့်အိမ်ကိုပြန် ငါလည်း ဇရပ်ကိုပြန်သွားဦးမယ် ”
” အိမ်ကို လိုက်ခဲ့ပါလား အကို ”
” ရပြီ ငါ အေးဆေးနေချင်လို့ ဒါနဲ့ မင်းပညာနဲ့ ရွာကို စည်းချထား ”
” ဟုတ်အကို ”
” ကဲ ဒါပဲ မင်းပြန်လို့ရပြီ နောက်နေ့တွေ ရွာအပြင်မထွက်နဲ့ ငါ့ဆီလည်းမလာသေးနဲ့ ”
တေဇလည်း ပြောပြောဆိုဆိုနှင့် ထိုနေရာမှထွက်လာခဲ့လေသည်။ ဒီလိုနှင့်လကွယ်ညသို့ ရောက်လာခဲ့ရာ
” ငါဇော်ဂနီဆရာကြီးငနက်ကျော်ရဲ့အမိန့် ဒီရွာထဲက နန်းစံဆိုတဲ့ ကဝေမ ငါ့အရှေ့အခုလာခဲ့စမ်း တားဆီးကာကွယ်ပေးမဲ့ စုန်းကဝေ ရွာသူမှန်သမျှ ငါ့အကြောင်းကို ကောင်းကောင်းကြီးသိစေရမယ် အခုလာစမ်း ”
နန်းစံလည်း မနေနိုင်တော့ပဲ ရွာအပြင်သို့ထွက်ခဲ့လေသည်။ ရွာအပြင်ရောက်တော့ ဇော်ဂနီငနက်က
” အတော် ရှာရခက်တဲ့ ကောင်မပဲ ငါနင့်ကို အခွင့်အရေး နှစ်ခုပေးမယ် တစ်ခုက ကိုယ့်ဘာသာကို သတ်သေမလား နောက်တစ်ခုက ငါသတ်တာခံမလား ”
နန်းစံလည်း ဘာမှ မစဥ်းစားတော့ပဲ ဖြေချလိုက်သည့်အဖြေက
” ရှင့်ကို သတ်ပြီး ရှင့်ပညာဗူးကို ယူမယ် ”
” ဒီလောက်တောင်အပြောကြီးနေတာ ရော့ ငါ့မီးလုံး ကာနိုင်အောင်ကာစမ်း ”
ဆိုကာ ဇကောဝိုင်းခန့်ရှိသော မီးလုံးတစ်လုံးဖန်ဆင်းကာ နန်းစံကို ပစ်လေသည်။ နန်းစံလည်း တတ်နိုင်သမျှ ကာပေမဲ့ မီးလုံးက ဇွတ်အတင်း တိုးဝင်လာပြီး ထိမှန်သွားကာ အနောက်သို့ လွင့်သွားလေသည်။
” ဟားဟားဟား ပြောတော့ငါ့ကို သတ်မယ်ဆို အခုကြတော့ နင်အသတ်ခံရတော့မှာပဲ ”
ဆိုပြီး နောက်ထပ် မီးလုံးတစ်လုံးဖြင့် ထပ်ပစ်လေသည်။
” ဝုနြးးးးးးးးး ”
မီးလုံးက လမ်းတစ်ဝက်မှာတင် ပေါက်ကွဲသွားလေသည်။ ဖြတ်ခနဲ အရှေ့တည့်တည့်တွင် တေဇပေါ်လာလေသည်။ ငနက်က
” မင်းကဘယ်သူလဲ ဘာလို့ငါ့ကိစ္စကို ဝင်ရှုပ်တာလဲ ”
” ငါ့နာမည်တေဇ ဒီမိန်းခလေးကို ကာကွယ်ဖို့ အထက်က တာဝန်ပေးထားတာ မင်းကရော ဘာလို့ သူ့ကို လိုက်သတ်နေရတာလဲ ”
” သူက ငါ့လက်အောက် ကဝေတွေထဲမှာ အထက်ဆုံးပဲ သူသာ နယ်ချုပ်ဖြစ်သွားရင် ငါ့နယ်တကြောက ပညာသည်တွေက သူ့ကိုပဲ သဘောကျကြမှာ ဘာလို့လဲဆိုတော့ သူက မတရားတာမလုပ်ဘူး မဟုတ်မမှန်တာမဟုတ်ဘူး ဒါ့ကြောင့်ပဲ ”
” သူ့ဟာသူကောင်းအောင်နေနေတဲ့သူကို မင်းက ဘာလို့သတ်ချင်နေတာလဲ ”
” ဟင်းးးး သူရှိနေလို့ ငါ့အလုပ်တွေ ပျက်တယ် သိုက်တူးတာတွေလ်ညးအဆင်မပြေဘူး သူဝင်ရှုပ်လို့ ပြီးတော့ ငါ့ပညာနဲ့မယားတော်ဖို့လုပ်ထားတဲ့သူတွေကိုလည်း သူကဆေးကုပေးတယ် သူသာတန်ခိုးထွားလာရင်ငါ့ကိုပါ ထိခိုက်လာမှာဆိုးလို့ သူ့ကို စောဝေနဲ့တိုက်ခိုင်းတာ စောဝေကသူ့လောက်မထက်တော့ ငါဝင်ပါရတာပေါ့ အဲ့အချိန်မှာ သူ့ကိုသဘောကျတဲ့ ပညာသည်အားလုံးက ငါ့ကိုပါ တိုက်ကြရော ဒါပေမဲ့သူတို့က ဟဲဟဲဟဲဟဲ ”
” ဘာဖြစ်တာလဲ ဆက်ပြောစမ်း ”
” သူတို့က နန်းစံရဲ့လက်ချက်မိထားလို့ ဒဏ်ရာတွေရထားကြတယ်လေ ဒီလိုဖြစ်အောင် ငါက စီမံထားရတာပေါ့ကွာ ဟားဟားဟား ”
” ဪ မင်းက မိန်းခလေးတစ်ယောက်ကို မတရားတိုက်ခဲ့တာပဲ ”
” ဟားဟားဟားဟား အစက နန်းစံကိုပဲ သတ်မလို့ကွ အခုတော့ မင်းကိုပါ သတ်ရတော့မယ်ကွ ”
” မင်းငါ့ကို မနိုင်ပါဘူးကွာ မင်းအဆင့်က ကလေးအဆင့်ပဲရှိတယ် ”
ကိုယ့်ဘာသာကို အထင်ကြီးလွန်းသော ငနက်လည်း တေဇ စကားကြောင့် ဒေါသထွက်ကာ
” ဘာကွ မင်းကများငါ့ကို ဒီလိုပြောရဲတယ် သတ်မယ် မင်းကိုသတ်မယ် ”
” မင်းငါ့ကိုမသတ်နိုင်ပါဘူး ဇော်ဂနီလေးရာ ဟားဟားဟား ငနက်လေးရ ”
” တောက် မင်းငါ့အကြောင်း သိစေရမယ် ကဲရော့ကွာ ”
ဆိုကာ မီးလုံးနှင့်ပစ်လေသည်။ တေဇက လက်နှစ်ဖက်ဖြင့် ကာပြီး ဘေးသို့ ခွဲထုတ်လိုက်ရာ မီးလုံးက နှစ်ခြမ်းကွဲပြီး ဘေးသို့လွင့်စင်သွားလေသည်။
. ငနက်လည်း သူ့မီးလုံးကို နှစ်ခြမ်းခွဲပြီးကာနိုင်သောတေဇကို အထင်မသေးတော့ပဲ နောက်ထပ် စက်ကြိုးထုတ်ကာ ထပ်ပစ်လေသည်။
” ဒီလောက်ပဲလားကွ ”
ဆိုကာ အင်းတစ်ချပ်ဖြင့် ပစ်ပေါက်လိုက်ရာ စက်ကြိုးပျက်သွားပြန်လေသည်။ ငနက်လည်း သူ့ရဲ့ အနက်ရောင်အခိုးအငွေ့များနှင့် တေဇကို ပစ်လေသည် ။ တေဇက လက်နှင့်အသာယာကာထားပြီး ညာလက်မှ ကွမ်းသီးလုံးခန့်ရှိသော စက်ဖြင့် ပစ်လိုက်လေသည်။
” ဖောက်……. အားးးးး ”
တေဇရဲ့စက်ထိကာ စက်မသိမ်းနိုင်ပဲ လဲကျသွားလေသည်။ အားတင်းပြီး မနည်းပြန်ထလာက
” မင်းကို ငါသတ်မယ် ဥုံ…… ”
မန္တန်တစ်ပုဒ်ကိုရွတ်ဖတ်လိုက်ရာ ဧရာမ ကျောက်ဘီလူးကြီး အသွင်ပြောင်းသွားလေသည်။ တစ်ဖက်တွင် သန်လျက် တစ်ဖက်တွင် တင်းပုတ်ကိုင်ထားသော ကျောက်ဘီလူးကြီးက တေဇကိုသတ်ဖို့ ရွယ်လိုက်ရာ
” ငမိုက်သားကများ ငါ့အရှင်ကို ထိဝံသလား ငါဟဲ့……. သုနန္ဒတေဇရာဇာတဲ့ဟေးးးးးး ”
ဆိုကာ ကျောက်ဘီလူးကြီးထပ် နှစ်ဆကြီးသော သုနန္ဒတေဇက တောင်များကို ကျော်ခွလာပြီး ဆူးတင်းပုတ်နှင့် ကျောက်ဘီလူးကို လွှဲရိုက်လိုက်လေသည်။
” ဝုန်းးးး ဂျိမ်းးးးး ဝရုန်းးးး ဖြောင်းးးးးး ”
ကျောက်ဘီလူးကြီး အဝေးသို့လွင့်သွားပြီး သစ်ပင်များ ကြိုးပဲ့သွားလေသည်။ ကျောက်ဘီလူးကြီးက ဒေါသတကြီး ပြန်ထလာပြီး သုနန္ဒတေဇကို ပြန်တိုက်ခိုက်လေသည်။
.” ဖြောင်းးးး ဝုန်းးးး ခွမ်းးးးးး ”
သုနန္ဒတေဇက ကျောက်ဘီလူးကြီးအား မနားတမ်း တိုက်ခိုက်လေရာ ကျောက်ဘီလူးကြီးကနေ ငနက်အဖြစ်ပြန်ပြောင်းသွားလေသည်။ တေဇက
” မင်း မကောင်းတာတွေမလုပ်တော့ပဲနေမလား ဒါမှမဟုတ် ငရဲကိုပဲသွားမလား ”
” မင်းသတ်ချင်ရင်သတ်လိုက် ငါက ဒီပညာကိုစသင်ကတည်းက ငရဲကိုသွားမယ်ဆိုပြီး ကျိန်ခဲ့ပြီးသားကွ ဟားဟားဟား ငရဲဆိုတာ မကြောက်ဘူးဟေ့ ”
တေဇလည်း အင်းတစ်ချပ်ထုတ်ပြီး နန်းစံကိုခေါ်ပြီး လက်ထဲထည့်ပေးလိုက်ရာ
” လူယုတ်မာ ရှင်သေပေတော့ ”
” ဝုနြးးးးး အားးးး ”
အင်းပေါက်ကွဲသံနှင့်အတူ ငနက်ရဲ့အသံဆိုကြီးက လွှမ်းမိုးသွားလေသည်။ တေဇက အလျင်အမြန်ပင် ပညာဗူးကို ဆွဲသိမ်းထားလေသည်။ ငနက်ရဲ့ခန္ဓာကနေ မီးများထတောက်သွားကာ ပြာကျသွားလေတော့သည်။ တေဇက နန်းစံကို
” နန်းစံ ဒူးထောက်ပြီး ငါဆိုသလိုလိုက်ဆို ”
နန်းစံလည်း ဒူးထောက်ပြီး တေဇဆိုခိုင်းသည့် အတိုင်းလိုက်ဆိုပြီးနောက်
” မင်းဆိုထားတဲ့သစ္စာကို တည်နိုင်တယ်ဆို ပါးစပ်ဟ ”
” ညီမ တည်နိုင်ပါတယ် ”
ဆိုကာ ပါးစပ်ဟလိုက်ရာ တေဇက ငနက်ရဲ့ပညာဗူးကို လေနဲ့မှုတ်သွင်းပေးလိုက်လေတော့သည်။ ဒီလိုနဲ့ပဲ တေဇတစ်ယောက် နန်းစံကို ပညာတွေ ဘယ်လိုဆက်သင်ပေးပြီး ဘယ်လိုအနှောင့်ယှက်တွေကြုံရမလဲဆိုတာ စောင့်မျှော်ပေးကြပါဦးခင်ဗျ။
စာဖတ်သူများကိုချစ်တဲ့
လင်းတေဇ