” တောဘုရားပွဲမှ လူသတ်မှု “(စ/ဆုံး)

Posted on

Unicode Version

” တောဘုရားပွဲမှ လူသတ်မှု “(စ/ဆုံး)
——————————————-

သီတင်းကျွတ်လ နောက်ပိုင်းမှစ၍ ကဆုန် နယုန် မိုးဦးကျချိန်အထိ မြန်မာနိုင်ငံတွင် ဘုရားပွဲများ ကျင်းပလေ့ရှိကြ၏။ ကျွန်ုပ်သိသလောက်ဆို လျှင် ဂေဇက်ဝင် ဘုရားပွဲကြီးများအပြင် ဂေဇက်ဝင်ပွဲမဟုတ် တောဘုရားပွဲ လေးများမှာ မြန်မာနိုင်ငံ မြို့တိုင်း ရွာတိုင်းလိုပင် ရှိတတ်ကြ၏။

ပြည်ရွှေ ဆံတော်၊ မကွေးမြသလွန်၊ မင်းဘူး ရွှေစက်တော်နှင့် ရှင်ပင်စက္ကတဲ၊ ပခုက္ကူ သီဟိုဠ်ရှင်၊ ပုဂံ အာနန္ဒာ၊ ညောင်ဦး ရွှေစည်းခုံ၊ မုံရွာ မိုးညှင်း သမ္ဗုဒ္ဓေ၊ စစ်ကိုင်း ကောင်းမှုတော်၊ ရွှေဘိုမြို့ထောင့်စေတီ၊ မန္တလေး ကျောက်တော် ကြီး ရွှေစာရံဘုရား၊ မြင်းခြံ နှစ်ကျိပ်ရှစ်ဆူ၊ ပျဉ်းမနား ရန်အောင်မြင်၊ တောင်ငူ ဆံတော်ရှင်နှင့် မြတ်စောညီနောင်၊ ပဲခူး ရွှေမော်ဓောနှင့် ရွှေသာ လျောင်း၊ ခရမ်း သွန်းဘုရားကြီး၊ ဒေးစွန်ပါ၊ ကျိုက်ထီးရိုး၊ မော်တင်၊ မော်လမြိုင် ကျိုက်သလ္လ၊ သထုံမြသပိတ်၊ သန်လျင် ကျိုက်ခေါက် စသည်ဖြင့် မြန်မာနိုင်ငံ အနှံ့အပြားတွင် ထင်ရှားသော ဘုရားပွဲတွေ အများကြီးရှိကြ၏။

ဤသည်တို့မှာ ကျွန်ုပ်ခေါင်းထဲတွင် ပေါ်လာသမျှ နိုင်ငံနှင့်အဝန်း ထင်ရှား သော ဘုရားပွဲကြီးများကို ကောက်ကာငင်ကာ စာရင်းချပြလိုက်ခြင်းမျှသာ ဖြစ်၏။ ကျွန်ုပ်ခေါင်းထဲတွင် ရုတ်တရက် ပေါ်လာခြင်းမရှိသော ဘုရားပွဲ များ၊ သို့မဟုတ် ကျွန်ုပ်ကိုယ်တိုင်ပင် မရောက်ဖူး၊ မကြားဖူးသေးသော ဘုရားပွဲ းကား အများအပြား ရှိပေသေး၏။ မြန်မာနိုင်ငံရှိ မြို့ကြီး မြို့ငယ်၊ ရွာ ကြီးရွာငယ်တိုင်း၌ပင် ဘုရားပွဲရှိသည်ဟု ထင်လျင် မှားမည်မထင်ချေ။

ကျွန်ုပ်သည် ငယ်စဉ်က ကျေးရွာတစ်ရွာတွင် မွေးဖွားခဲ့သူ ဖြစ်သည့်အတိုင်း တောဘုရားပွဲကလေးများကို အလွန်သဘောကျတတ်၏။ ဘုရားပွဲကျင်းပတော့မည်ဆိုသည်နှင့် ဘုရားလူကြီးများသည် ဈေးဆိုင်ခန်းများကိုဆောက်ကာ လေလံတင်ကြလေပြီ။ ဆိုင်ခန်းများမှာ မြို့ပြင်ဘက် ဘုရားခြေရင်းတွင် အများအားဖြင့် ရှိပြီး ဒေသအလျောက် မဓမတိုင်ထူ၍ ဓနိမိုးသည့် ဆိုင်ခန်းများရှိသကဲ့သို့ ဝါးတိုင်ထူကာ သက်ငယ်မိုးသည့် ဆိုင်ခန်းများလည်း ဆောက်လေ့ရှိကြ၏။ အချို့အရပ်များတွင်မူ မျောတိုင်ထူ၍ ထန်းလက်မိုးကြ၏။ အချို့အရပ်များတွင်လည်း ဝါးပိုးတိုင်နှင့် အင်ဖက်မိုးကြ၏။

မည်သည့်ပစ္စည်းကို သုံးသည်ဖြစ်စေ၊ ထိုဆိုင်ခန်းများမှာ ၁ဝ ပေခန့်ကျယ်သည့် ဆိုင်ခန်းကလေးများသာ ဖြစ်ကြပြီး ထိုစဉ်က လေလံခအပြင် ဆိုင်ခွန်အဖြစ် တစ်ဆိုင်ကို တစ်ကျပ်ခန့်အထိ ကောက်ယူကြ၏။ တန်ခိုးကြီးဘုရားဆိုလျှင် ကိုယ်ပိုင်မီးစက်ရှိသည့်အတွက် မီးပွင့်ပါ ဆက်ပေးပြီး မီးခကိုသတ်သတ်ကောက်ကြ၏။ သို့ရာတွင် ထိုစဉ်က လျှပ်စစ်ဓာတ်အားပေးရေးလုပ်ငန်းများစွာ ထွန်းကားခြင်း မရှိသေးသည့်အလျောက် အများအားဖြင့်ဘုရားပွဲများ ဆိုင်ခန်းများမှာ အောက်လင်းဓာတ်မီး သို့မဟုတ် လက်ဆွဲဓာတ်မီးများကိုသာ အသုံးများလေ့ရှိကြ၏။

(ဤတွင် အောက်လင်းဓာတ်မီးနှင့်လက်ဆွဲဓာတ်မီးတို့ ကွဲပြားခြားနားပုံကို စကားစပ်၍ ဖော်ပြရပေဦးမည်။

ယခုခေတ် လူငယ်များမှာ လျှပ်စစ်ဓာတ်အားကိုသာ အတွေ့များကြသည့်အတွက် အောက်လင်းဓာတ်မီးနှင့် လက်ဆွဲဓာတ်မီးကို ကောင်းစွာ ခွဲခြား၍မသိကြချေ။ အောက်လင်းဓာတ်မီးဆိုသည်မှာ ယခု ကျွန်ုပ်တို့ မြင်တွေ့နေရသော ပန်းကန်ပြားပုံသဏ္ဌာန်ကဲ့သို့ ဝိုင်းဝိုင်းပြားပြားဖြစ်ပြီး ရေနံဆီထည့်ခြင်း၊ လေထိုးခြင်း စသည့် ကိစ္စများကို လုပ်ရန် မီးရေနံအိုးကို ပြောင်းနှင့်မီးစာအပေါ်မှ တပ်ဆင်ထားလေ့ရှိ၏။ မီးထိုးနည်းပြောရလျှင် မီးအိုးသည်အပေါ်ကဖြစ်ပြီး အောက်တွင် တွဲလောင်းကျနေသော ပြောင်းနှင့် မီးစာတို့သာလျှင် ရှိ၏။ ရုတ်တရက် ကြည့်လိုက်လျှင် ယခုခေတ် စလောင်းတပ်ထားသည့် မီးပွင့်များကဲ့သို့ဖြစ်၏။ အများအားဖြင့် အင်္ဂလန်လုပ်ဖြစ်၏။

လက်ဆွဲဓာတ်မီးမှာ ရေနံဆီထည့်သည့် မီးအိုး၊ လေထိုးသည့် လေထိုးတံ၊ကစားသည့် မောင်းတံ စသည်တို့သည် အောက်တွင်ရှိပြီး ထိုအပေါ် ကမှ ပြောင်း၊ မီးစာနှင့် မီးစလောင်းတို့ တပ်ဆင်ထား၏။ အများအားဖြ ထိုစဉ်က ချက်ကိုစလိုဗေးကီးယားလုပ် လက်ဆွဲဓာတ်ဖီးများကို မှာယူကာ တင်သွင်းလေ့ရှိ၏။ (ဤကား စကားချပ်)။

ကျွန်ုပ် မွေးဖွားသည့် ရွာမှာ ကျေးရွာကြီးတစ်ရွာမျှသာ ဖြစ်သည့်အတွက် လျှပ်စစ်ဓာတ်မီး မဆိုထားနှင့် အောက်လင်းဓာတ်မီးနှင့် လက်ဆွဲဓာတ်မီးတို့ ပင်လျှင် ရွာထဲမှ အိမ်များတွင် သုံးလေ့မရှိကြဘဲ ဘုန်းကြီးကျောင်းများတွင် သာ ရှိကြ၏။ ရွာထဲတွင် သာရေးနာရေးရှိလျှင် ဘုန်းကြီးကျောင်းမှာပင် ငှားရ၏၊ အများအားဖြင့် အိမ်များတွင်သုံးသည့် မီးမှာ ဟာရီကိန်းလင့် ခေါ် လက်ဆွဲမှန်အိမ်များနှင့် သံဖြူဆိုင်မှလုပ်သည့် ရေနံဆီ မီးခွက်များသာ လျှင် ဖြစ်ကြ၏။

ဘုရားပွဲအကြောင်းကို ဆက်ရပေဦးမည်။ ကျွန်ုပ်တို့၏ ရွာမှာ ရွာကြီးဖြစ် သည့်အလျောက် ကျွန်ုပ်တို့ရွာရှိ ရွှေမြင်တင် ဘုရားကြီးမှာလည်း ဂေဇက်ဝင် ဘုရားပွဲ မဟုတ်သည့်တိုင် အတော်ကလေး လူစည်ကား၏။ ဘုရားပွဲကို တောင်သူလယ်သမားများ စပါးရိတ်ပြီးချိန်ဖြစ်သည့် ပြာသိုလဆန်းတွင် ကျင်းပပြီး တစ်ပတ်ခန့်ကြာ၏။ ဘုရားပွဲ ကျင်းပခါနီး၍ ဈေးဆိုင်ခန်းတွေ ဆောက်မပြီးခင်ကပင် မြို့မှ ဈေးသည်များ၊ တောမှ ဈေးသည်များသည် အဆင်သင့် ရောက်နေကြလေပြီ။ အချို့မှာ သစ်ပင်များအောက်တွင် ကိုယ့် အစုနှင့်ကိုယ် စခန်းချနေတတ်ပြီး ဘုရားဂေါပကအဖွဲ့မှ တရားဝင် ဆိုင်ခင်း ခွင့်ပေးမည့်ရက်ကို စောင့်နေကြ၏။ တောမှ တက်လာသည့် ဈေးသည်များ တွင် ဒေသအလိုက်ထွက်သည့် ထွက်ကုန်များဖြစ်သော မန်ကျည်း၊ ထန်း လျက်၊ ကြက်သွန်၊ ဆီးသီးခြောက်၊ သရက်သီးခြောက်၊ ငရုတ်သီးခြောက်၊ မရန်းသီးခြောက်၊ ပဲအမျိုးမျိုး စသည့် စားသောက်ကုန်များ ပါလာတတ်၏။ အချို့ကလည်း ဝါး၊ ဝါးကပ်၊ ထရံ စသည့် အိမ်ဆောက်ပစ္စည်းများကို လာရောင်းကြ၏။

အချို့ကလည်း ထွန်တုံး၊ ထွန်တံ၊ လှည်းတံကူ၊ လှည်းဘီး၊ ကြိမ်၊ ခြင်းတောင်း၊ တောင်း၊ ပလုံးစသည့် လယ်ယာသုံး ပစ္စည်းများကို လာရောင်း ကြ၏။ ကျွန်ုပ်တို့ မြို့နယ်တွင်းတွင် ပန်းပဲ အကြီးအကျယ် လုပ်ကိုင်သောရွာများရှိရာ ထိုရွာများကလည်း ဓား၊ ကတ်ကြေး၊ စူး၊ ဆောက်၊ ပေါက်ပြား၊ ပေါက်တူး၊ တူရွင်း၊ ငန်းပြား၊ ကောက်ဆွ၊ လှည်းပတ်သံ စသည့် သံထည် ပစ္စည်းများ။ အိုးပုတ်၊ ချိုးရုပ်၊ ပစ်တိုင်းထောင်ရုပ်၊ အိုးစည်၊ လင်းကွင်း၊ ကျောက်ပျဉ်၊ ငရုတ်ဆုံ၊ မှန် စသည့် တိုလီမိုလီပစ္စည်းများ။ အလှကုန်၊ အဝတ်အထည်၊ အလှကုန်ပစ္စည်း၊ ဖိနပ် စသည့် လူသုံးကုန်ပစ္စည်းများ။ ထမင်းကြော်၊ ခေါက်ဆွဲ၊ ရှာလပတ်ရည်၊ ဖာလူဒါ စသည်တို့ကို ရောင်းသည့် စားသောက်ဆိုင်များ စသည်ဖြင့် ရွာပြင်ဘက် ယာပြင်ထဲတွင် ဆိုင်တွေ၊ ကနားတွေ ပြည့်နှက်လျက်ရှိ၏။ ထို့ပြင် ဇာတ်ပွဲများ၊ ရုပ်သေးပွဲများ၊ ချား များ၊ ရဟတ်များ၊ မျက်လှည့်ပွဲများ၊ အံ့ပွဲများ စသည်တို့ကလည်း သူ့နေရာ နှင့်သူ စည်ကားလှ၏။ မှတ်မိသေး၏။

ကျွန်ုပ် ငယ်စဉ်က ရုပ်သေးကို အလွန်ဝါသနာပါသည့်အလျောက် ကျွန်ုပ်သည် ရုပ်သေးဆိုလျှင် ညတိုင်း သွားကြည့်လေ့ရှိ၏။ ထိုစဉ်က ကျွန်ုပ်တို့၏နယ်တွင် နာမည်ကြီးသော ရုပ် သေးမင်းသမီးမှာ မဒီကိုင် ဦးထွားကြီးဖြစ်၏။ ရုပ်သေး မင်းသမီးက မဒီကိုင် ဦးထွားကြီးဆို၍ မရယ်လိုက်ကြလေနှင့်။ ဦးထွားကြီးမှာ မင်းသမီးရုပ် ကြိုးဆွဲ အလွန်တော်သည့်ပြင် နှစ်ပါးသွား၊ အပူတိုက် စသည့် အခန်းများတွင်လည်း မိန်းမများ မျက်ရည်တရွှဲရွှဲ ဖြစ်လောက်အောင် မင်းသမီးရုပ်ဆောင်နိုင်သူ တဦးဖြစ်သည်။

ကျွန်ုပ် ပုလိပ်ဘက်တွင် အမှုထမ်းသည့် အခါတွင်လည်း ထို ဘုရားပွဲ များမှာ ရှိမြဲရှိနေကြ၏။ ယခု ကျွန်ုပ် ပင်စင်ယူသည့်အချိန်တွင်လည်း ရှိနေ သေး၏။ ကျွန်ုပ်တို့ မရှိသည့် နောက်တွင်လည်း မြန်မာနိုင်ငံ အနှံ့အပြား တွင် ဘုရားပွဲများသည် ရှိနေကြဦးမည်သာ ဖြစ်၏။ ကျွန်ုပ်တို့ မြန်မာနိုင်ငံ သည် “စေတီပုထိုးများနှင့် ထန်းပင်တို့ ပေါများရာ တိုင်းပြည်”ဟု နိုင်ငံခြား သားများက ဆိုလေ့ရှိရာ သူတို့ပြောသည့်အတိုင်းလည်း ကျွန်ုပ်တို့နိုင်ငံတွင် စေတီ ပုထိုးများသည် လက်ညှိုးညွှန်၍ မလွဲလောက်အောင် ရှိနေကြ၏။ ထိုစေတီပုထိုးများ ရှိနေသေးသမျှ၊ တစ်နည်းဆိုရလျှင် မြန်မာနိုင်ငံရှိနေသေး သမျှ၊ တစ်နည်းပြောရလျှင် မြန်မာနိုင်ငံတွင် ဗုဒ္ဓသာသနာတော် ထွန်းကား နေသေးသမျှ ဘုရားပွဲများသည် ရှိနေကြဦးမည်သာ ဖြစ်၏။

ယခု ကျွန်ုပ်ဖော်ပြမည့် အဖြစ်အပျက်မှာ ပုလိပ်ဘက်သို့ ကျွန်ုပ် ရောက်ပြီး၍ လေးငါးနှစ်အကြာ တောရွာ ဘုရားပွဲတစ်ခုတွင် ကြုံတွေ့ရသည့်အမှုဖြစ်ပေကြောင်း။

∆ ∆ ∆

လူသတ်မှုတစ်ခုသည် လူအုပ်ထဲတွင် ကျူးလွန်ရ အလွယ်ဆုံး ဖြစ်သည်ဟု ကျွန်ုပ်တို့ရှေ့တွင် အမှုထမ်းခဲ့ကြသော ပုလိပ်ကြီးများ ပြောသံကို ကျွန်ုပ် မကြာခဏ ကြားဖူးခဲ့ရာ (…) ဒိစတြိတ်၊ … မြို့နယ်တွင် အမှုထမ်း ခဲ့စဉ်ကမူ သူတို့အဆို မှန်ကြောင်းကို ကျွန်ုပ် ကိုယ်တွေ့အရ သိရှိခဲ့ရ၏။

အချိန်မှာ ခြေခင်းလက်ခင်းသာသော နတ်တော်လဖြစ်၍ ကျွန်ုပ် အမှု ထမ်းရာ မြို့ကလေးတွင် အဓိကရ ဘုရားကြီးတစ်ဆူဖြစ်သည့် မြသိန်းတန် ဘုရားပွဲကြီး ကျင်းပနေချိန်ဖြစ်၏။ ကျွန်ုပ်မှာ ထိုစဉ်က ဌာနာအုပ် ဖြစ်သဖြင့် ဘုရားပွဲလုံခြုံရေး တာဝန်များကို ဦးစီးလုပ်ဆောင်ရ၏။ ကျွန်ုပ်သည် နယ် တွင်ရှိသည့် ၁ဝ၉−၁၁ဝ များကို ဖမ်းဆီးကာ လိုလိုမည်မည် ခဏတစ်ဖြုတ် ချုပ်နှောင်ထားလိုက်၏။ ၁ဝ၉-၁၁၀ ဆိုသည်မှာ အိန္ဒိယ ရာဇသတ်ကြီး ဥပဒေပါ ပုဒ်မ ၁၀၉-၁၁၀ အရ အလုပ်လက်မဲ့ မသင်္ကာသူများကို ဖမ်းဆီး ချုပ်နှောင်ခြင်းဖြစ်၏။ ထို့ပြင် ကျွန်ုပ်သည် နယ်တွင် နာမည်ပျက်ရှိသူ အချို့ကိုလည်း ဘုရားပွဲကြီး အေးချမ်းစွာ ပြီးမြောက်ရေးအတွက် ဝိုင်းဝန်း ကူညီကြရန် မေတ္တာရပ်ခံပြီး ဘုရားပွဲနှင့်တကွ ရပ်ရွာအေးချမ်းသာယာရေးကို နှောင့်ယှက်ပါက အရေးယူရမည်ဖြစ်ကြောင်း တစ်ဖက်က ချော့၍ တစ်ဖက် က ခြိမ်းခြောက်ပြရ၏။

သို့ဖြင့် မြသိန်းတန် ဘုရားပွဲကြီးက စတင်ခဲ့ရာ သုံးရက်မြောက်ခဲ့ပြီ ဖြစ်၏။ ထိုသုံးရက်အတွင်း အရက်မူး၍ ရန်ဖြစ်သည့် အမှုသေးကလေး လောက်မှအပ အခြား မည်သည့်အမှုမျှ ကြီးကြီးကျယ်ကျယ် ဖြစ်ပွားခြင်း မရှိချေ။ ကျွန်ုပ်သည် ဘုရားပွဲတော်ဈေးအနီးတွင် ကင်းဂါတ်တစ်ခု ဖွင့်ထား ပြီး ထိုကင်းဂါတ်တွင် ရာဇဝတ်အုပ်တစ်ဦး၊ လူဆိုးထိန်း ဆားပုလင်းတစ်ဦး နှင့် ပုလိပ်လေးယောက်ကို အမြဲချထား၏။ ကျွန်ုပ်ကိုယ်တိုင်လည်း ညဦးပိုင်း မှ သန်းခေါင်အထိ ကင်းဂါတ်တွင် ထိုင်ကာ တစ်နေ့တာ ဖြစ်ပွားသော အမှုအခင်းများနှင့် သူတို့ သတင်းပို့ချက်များကို ကြားနာစစ်ဆေးတတ်၏။

ထိုနှစ်က ဇာတ်ပွဲမှာ ကျွန်ုပ်တို့ နယ်တွင် နာမည်ကြီးသည့် ကျော်အုံးလှိုင်၏ ပွဲဖြစ်ပြီး ခပ်လှမ်းလှမ်းတွင်လည်း ရုပ်သေးစင်၊ နာမည်ကြီး ရုပ်သေး စင်တစ်စင်ဖြစ်သည့် မဒီကိုင် ဦးထွားကြီး၏ ရုပ်သေးစင်လည်းရှိ၏။ မျက် လှည့် ဇာတ်ပွဲရော ရုပ်သေးတွင်ပါ လှည်းဝိုင်းကြီးများမှာ တိုးမပေါက်အောင် စည်ကားလှ၏။ တောပွဲများ ထုံးစံမှာ ဇာတ်စင်ကို ယာပြင်ကြီးများထဲတွင် ထိုးထားလေ့ရှိပြီး အလယ်ကောင်တွင် ဖျာနေရာများ သတ်မှတ်ထားလျက် ဖျာများ၏နောက်တွင် လှည်ဝိုင်းကြီးများကို နေရာချပေးထား၏။ ရပ်ဝေး မှ လှည်းဖြင့် လာကြည့်သူများသည် လှည်းကို ပွဲခင်းတွင် ထိုးကာ လှည်း ပေါ်မှ ထိုင်၍ ပွဲကြည့်နိုင်၏။ တစ်ခါတစ်ရံ လှည်းထောက် ပြုတ်ကျသဖြင့် ပွဲလန့်သည်မှအပ ထို သုံးညစလုံး အမှုကြီး တစ်စုံတစ်ရာ ဖြစ်ပွားခြင်း မရှိချေ။

စတုတ္ထညတွင်မူ ကျော်အုံးလှိုင် ဇာတ်ရုံနှင့် မလှမ်းမကမ်းတွင် ပြနေသော ယောပြန်ပုဏ္ဏက မျက်လှည့်ရုံအနီးတွင် လူသတ်မှုတစ်ခု ဖြစ်ပွား၏။ ထို ညက ပုဏ္ဏက၏ မျက်လှည့်မှာ လူကို လွှနှင့် နှစ်ပိုင်းတိုက်ပြခြင်း၊ လူကို မှန်သေတ္တာထဲတွင် ထည့်ပြပြီး အဝတ်အုပ်၍ ချက်ချင်းလှန်ပြလိုက်ရုံဖြင့် လူပျောက်သွားခြင်း စသည့် ခပ်ဆန်းဆန်း ပြကွက်များ ပါရှိသဖြင့် မျက် လှည့်ပွဲမှာ ကြိတ်ကြိတ်တိုး စည်ကားလျက်ရှိ၏။

လူသတ်သမားသည် ထိုသို့ မျက်လှည့်ပွဲတွင် လူစည်ကားနေခြင်းကို အခွင့်ကောင်းယူကာ လူသတ်သွားခြင်းဖြစ်၏။ လူသတ်သမား၏ နာမည်မှာ အရေးမကြီးသဖြင့် ကျွန်ုပ်သည် လူသတ်တရားခံ မည်သူမည်ဝါဖြစ်ကြောင်း ကို ထုတ်ဖော်ပြောဆိုခြင်း မပြုလိုတော့ပါ။ လူသတ်သမားမှာ ထိုအမှုမျိုးကို ကျူးလွန်မည်ဟု လုံးဝမထင်ရသော သာမန် ခပ်သေးသေး ခပ်ညှက်ညှက် လူတစ်ယောက်သာဖြစ်သည်ဟု ကျွန်ုပ် ပြောလို၏။ အသတ်ခံရသူ၏ အမည်မှာလည်း အရေးကြီးသည်ဟု မထင်သောကြောင့် ကျွန်ုပ် ဖော်ပြခြင်း မပြုလိုတော့ပြီ။

အသတ်ခံရသူမှာ အရပ်ထောင်ထောင်မောင်းမောင်း၊ ကိုယ်လုံးကိုယ်ပေါက် ထွားထွားဖြစ်ပြီး ထိုအချိန်က အရက်မူးမူးဖြင့် လှည်း ပေါ်တွင် အိပ်ပျော်လျက် ရှိ၏။ အနီးအနားရှိ လှည်းများမှ လူများမှာလည်း ထိုအချိန်က မျက်လှည့်ပွဲကို ဆင်းကြည့်နေကြသဖြင့် အနီးအနားတွင်အရပ်ပုပု၊ ခပ်ညှက်ညှက်၊ ခပ်သေးသေး လူသတ်သမားသည် သူငယ် မိတ်ဆွေတစ်ယောက်ထံ လာသကဲ့သို့ လှည်းအနီးသို့ ရောက်လာကာ ချင်း လည်းပေါ်တွင် အိပ်ပျော်နေသူကို တစ်ချက်ငုံ့ကြည့်ပြီးနောက် ခါးကြားထဲ တွင် ထိုးလာသည့် ခြောက်လက်မ ဓားမြှောင်ဖြင့် တစ်ချက်၊ နှစ်ချက်၊ သုံးချက် ထိုးချလိုက်၏။ အိပ်ပျော်နေသူမှာ တစ်ချက်သာ အော်နိုင်ပြီး ပွဲ ချင်းပြီး သေဆုံးသွားခဲ့၏။ လူသတ်သမားမှာမူ သွေးတွေစွန်းပေနေသော ဓားမြှောင်ကို အနီးရှိ ကန်ထဲသို့ ပစ်ချကာ အချင်းဖြစ်ပွားသော နေရာမှ ဣန္ဒြေမပျက် ထွက်ခွာသွား၏။

ထိုကိစ္စများ ဖြစ်ပျက်လိုက်သည်မှာ ဘာမျှ မကြာလိုက်ချေ။ စက္ကန့် ၃ဝ ခန့်မျှသာ ကြာလိုက်၏။

အမှုသွား အမှုလာကို ကြည့်ရသည်မှာ လူသတ်မှုသည် တင်ကူး ကြံရွယ် ထားသည့် လူသတ်မှု ဟုတ်ဟန်မတူချေ။ လူသတ်သမားသည် ပွဲသို့လာ စဉ် မိမိ၏ ရန်သူဟောင်းကို တွေ့သဖြင့် ခါးတွင် အသင့်ပါလာသည့် ဓားမြှောင်ဖြင့် ထိုးသတ်သွားခြင်းသာ ဖြစ်၏။ လူသတ်မှု ကျူးလွန်ရသည့် ရည်ရွယ်ချက်ကို ရှာဖွေသည့်အခါ မနာလို ဝန်တိုစိတ်ကြောင့် လက်စားချေ ခြင်း ဖြစ်ကြောင်းကို တွေ့ရ၏။ လိုက်လံစုံစမ်းကြည့်သည့်အခါတွင် သေ သူသည် ပြစ်မှုကျူးလွန်သူ၏ မယားကို ခိုးယူပေါင်းသင်းပြီး အတူနေထိုင် လျက်ရှိ၏။ နောက်တစ်နေ့တွင် ကျွန်ုပ်တို့ ဂါတ်တဲမှ လိုက်လံစုံစမ်းသည့် အခါ၌ ပြစ်မှုကျူးလွန်ခြင်း၏ နောက်ခံသမိုင်းနှင့် ရည်ရွယ်ချက်ကို အလွယ် တကူ တွေ့ရှိရခြင်း ဖြစ်၏။

အချင်းဖြစ်ပွားပုံကို မြင်လိုက်သည့် မျက်မြင် သက်သေကို လိုက်ရှာသည့်အခါတွင်မူ ကျွန်ုပ်တို့ မြို့ကဲ့သို့သော တောမြို့ ကလေးတွင် ချက်ချင်း တွေ့ရ၏။

လူသတ်မှု နောက်တစ်နေ့တွင် ပွဲလာသူများ ကြားထဲတွင် လိုက်လံစုံ စမ်းရာ လူသတ်မှုကို မြင်လိုက်သူတစ်ဦး တွေ့ရ၏။ ထိုသူမှာ မြို့နှင့် မနီး မဝေးရှိ ရွာကလေးတစ်ရွာမှ ဈေးလာရောင်းသူ မသိန်းရှင်ဆိုသည့် အမျိုး သမီးဖြစ်၏။ ထိုနေ့ညက မသိန်းရှင်သည် တပို့တပါး သွားပြီးနောက် ကန်ပေါင်မှ ဆင်းအလာ လရောင်ထဲတွင် ဓားသွားလက်နေသဖြင့် လူတစ် ယောက်က ဓားဖြင့် ထိုးနေသည်ကို မြင်လိုက်၏။

ထို့နောက် ဓားမှာ အရောင်လက်တော့ဘဲ သွေးတို့ စွန်းပေနေသည်ကိုလည်း မြင်လိုက်၏။ ပထမ သော် မသိန်းရှင်သည် ကြောင်၍ ကြည့်နေ၏။ မြင်နေသည့် မြင်ကွင်းကို ကောင်းစွာ လက်မခံနိုင်သေး။ ထို့နောက်တွင် မသိန်းရှင်သည် သတိရလာ ကာ အချင်းဖြစ်ပွားရာ နေရာကို လက်ညှိုးထိုးပြီး ကြောက်လန့်တကြားဖြင့် အော်ဟစ်၏။

ပွဲဈေးတန်း အစွန်တွင် ရောက်နေကြသည့် လက်ဖက်ရည်ဆိုင်၊ အကြော် ဆိုင်၊ ခေါက်ဆွဲဆိုင်မှ လူများ၊ မျက်လှည့်ပွဲ ကြည့်နေသူများ၊ လှည်းဝိုင်း ထဲမှ လှည်းများပေါ်တွင် ထိုင်၍ ပွဲကြည့်နေသူများသည် အသံကြားရာသို့ ပြေးလာကြ၏။

“သူခိုးတဲ့၊ ဘယ်က သူခိုးရမှာလဲ၊ အတင်းလိုက်ပြီး လက်ဆွဲလို့တဲ့၊ မဟုတ်ပါဘူး၊ လူရိုက်သွားတာကိုမြင်လို့ လှမ်းပြီးအော်တာတဲ့၊ မဟုတ်ဘူး ဗျ။ လူသတ်မှု။ သတ်တဲ့လူက ကောင်လေးတဲ့။ ခပ်သေးသေး၊ ခပ်ညှက် ညက်ရယ်တဲ့” စသည်ဖြင့် တစ်ယောက်တစ်ပေါက် ပြောကြ၏။ ထင်မြင်ချက် အမျိုးမျိုး ပေးကြ၏။

သို့ဖြင့် ဘာဖြစ်မှန်းမသိဘဲ တစ်ယောက်တစ်မျိုး ပြောနေကြရာ နောက် ဆုံးတွင် ကျွန်ုပ်တို့၏ ကင်းဂါတ်မှ ဆားပုလင်း ကိုစံကျော် ရောက်သွား၏။ ကိုစံကျော်သည် ပုလိပ်အမှုထမ်း နှစ်ယောက်နှင့်အတူ ရောက်လာပြီး လှည်း များအနီးတစ်ဝိုက်တွင် ရှာဖွေကြရာ ဓားဒဏ်ရာများနှင့် သေဆုံးနေသော အလောင်းတစ်လောင်းကို လှည်းတစ်စီးပေါ်တွင် တွေ့ရ၏။

ထိုအချိန်သည် ဘာမှမကြာလိုက်ချေ။ နှစ်မိနစ် သုံးမိနစ်လောက်သာ ရှိမည်ထင်၏။ သို့ရာ တွင် ခပ်သေးသေး ခပ်ညှက်ညှက် လူသတ်သမားမှာ ပျောက်ခြင်းမလှ ပျောက်သွားခဲ့လေပြီ။

ထိုအချိန်က ကိုစံကျော်သည် မျက်လှည့်ပွဲနားတွင် မယောင်မလည် ရပ်ကြည့်နေ၏။ မျက်လှည့်ကြည့်ချင်သောကြောင့် မဟုတ်။ အနားတွင် လုံခြုံရေးအတွက် အခြေအနေကို လာရောက်အကဲခတ်နေခြင်း ဖြစ်၏။ သို့ရာတွင် ယခုမူ မိမိနှင့် မလှမ်းမကမ်းတွင် လူသတ်မှုကြီးတစ်ခု ဖြစ်သွားသည့်အခါ ကိုစံကျော် ရှက်လည်းရှက်၊ မခံချင်လည်း ဖြစ်နေ၏။ မသိန်းရှင်ကို ခေါ်ယူစစ်ဆေးသည့်အခါတွင် မသိန်းရှင်၏ ထွက်ချက်မှာ ရိုးရိုးစင်းစင်းပင်။

မိမိသည် လူသတ်သမားကို မြင်လိုက်ရကြောင်း၊ သို့ရာတွင် မျက်နှာကိုမူ မမြင်လိုက်ရကြောင်း၊ ထိုလူသည် သေသူ၏ လှည်း သန်းတွင် အတန်ကြာမျှ ရပ်နေကြောင်း၊ ထို့နောက် သေသူ ဟုတ် မဟုတ် စူးစမ်းသည့်ဟန်ဖြင့် ငုံ့ကြည့်နေပြီးမှ ခါးကြားထဲတွင် ပါလာသည့် ဓားမြှောင် ကို ထုတ်၍ ထိုးကြောင်း၊ သူ့အင်္ကျီလက်မောင်းတွင် သွေးတွေ စွန်းပေနေ သည်ကိုပင် သူ မြင်လိုက်ရကြောင်းဖြင့် တိကျစွာ ထွက်ဆို၏။

ထိုအချိန်က လူသတ်သမားသည် မီးခိုးရောင် သက္ကလတ် တိုက်ပုံအင်္ကျီ ကို ဝတ်ခြုံထားပြီး ခေါင်းကို မျက်နှာသုတ်ပဝါ ပေါင်းထားကြောင်း၊ ထို့နောက် ထိုလူသည် မျက်လှည့်ပွဲ လူအုပ်ထဲသို့ ဝင်ရောက် ပျောက်ကွယ် သွားကြောင်းဖြင့် ထွက်ဆိုသွား၏။

ဆားပုလင်း ကိုစံကျော်သည် မသိန်းရှင်ကို ကြိမ်ဖန်များစွာ စစ်ဆေးရာ စစ်ဆေးသည့်အခါတိုင်း ထွက်ချက်မှာ တစ်သဘောတည်း ဖြစ်၏။ ကွဲပြား ခြင်း မရှိချေ။ မျက်လှည့်ပွဲမှာ ရုံသွင်းသည့်ပွဲဖြစ်ရာ ကိုစံကျော်သည် ရုံစောင့် များကို စစ်ဆေးသော်လည်း ထိုလူကို မတွေ့ရကြောင်းဖြင့် ထွက်ဆိုကြ၏။ မိန်းမတစ်ယောက် အော်သံကို ကြားရပြီးသည့်နောက်တွင် မိမိတို့ရုံထဲသို့ မည်သူမျှ ဝင်ရောက်လာခြင်း မရှိကြောင်းဖြင့်လည်း အခိုင်အမာ ထွက်ဆို ကြ၏။

သို့ဖြစ်လျှင် လူသတ်သမားသည် အနီးတွင်ရှိသည့် အံ့ပွဲပြသည့် ရုံ ကလေးထဲသို့ ဝင်သွားသလော။ အစောင့်များကို စစ်ဆေးသည့်အခါ ထိုရုံ ကလေးထဲသို့လည်း ဝင်ရောက်လာခြင်းမရှိကြောင်း တညီတညွတ်တည်း ထွက်ဆိုကြ၏။ ထို့ပြင် အံ့ပွဲပြသည့် ရုံကလေးမှာ လူ ၁ဝဝ ခန့်သာ ဆံ့ သည့် ရုံကလေးသာဖြစ်သည့်အတွက် ထိုရုံကလေးထဲသို့ လူသတ်သမား ဝင်လာလျှင်လည်း သိကြမည်သာဖြစ်၏။ ဇာတ်ရုံနောက်ဖေးသို့လည်း မဝင် နိုင်ချေ။ ဇာတ်ရုံနောက်ဖေးမှာ လူတွေအများကြီး ရှိသည်မှန်သော်လည်း သွေးစွန်းနေသော လူတစ်ယောက် ဝင်လာသည်ဆိုလျှင် သူသူငါငါ သိနိုင် သည်သာဖြစ်၏။ ဇာတ်ရုံနောက်ပိုင်းတွင် ဇာတ်သမားများလည်း ရှိနေသည့် အတွက် ထိုအထဲသို့ဝင်လျှင် အလွယ်တကူ ဝိုင်းဝန်းဖမ်းဆီးကြမည်သာ ဖြစ်၏။

ထိုနှင့် မနီးမဝေးတွင် ရဟတ်ကြီးတစ်ခုရှိပြီး ထိုအနီးတွင် ရဟတ်များ၊ ပုခက်ကလေးများထည့်သော သေတ္တာကြီး သုံးလေးလုံးရှိ၏။ သို့ဆိုလျှင် လူသတ်သမားသည် ရဟတ်ရုံနားသို့ ရောက်သွားသလော။ ရဟတ်စီးသူ များနှင့် ရဟတ်သေတ္တာများအနီးတွင် ထိုင်စောင့်နေသော ရဟတ်မှ အလုပ် သမားတစ်ယောက်ကို မေးကြည့်သည့်အခါတွင် မိန်းမတစ်ယောက်၏ အော် သံကို ကြားရပြီးသည့်နောက်တွင် မိမိတို့ဘက်သို့ မည်သူမျှ လာရောက်ခြင်း မရှိကြောင်းဖြင့် ထွက်ဆိုကြ၏။

ပွဲဈေးတန်းထိပ်တွင် အစောင့်ကျနေသော ပုလိပ်များကို မေးသည့်အခါ တွင်လည်း အင်္ကျီလက်မောင်းတွင် သွေးစွန်းနေသော လူတစ်ယောက် မိမိတို့ ဘက်သို့ လာရောက်ခြင်း မရှိကြောင်းကို အသေအချာ ထွက်ဆိုကြ၏။

ကျွန်ုပ်တို့သည် ထိုအမှုကို စနစ်တကျ အသေးစိတ် စုံစမ်းနိုင်သမျှ စုံစမ်း၏။ လူသတ်သမားသည် အင်္ကျီနှင့် ရင်ဘတ်တို့တွင် သွေးစွန်းနေ သည်ဆိုလျှင် ထိုအင်္ကျီကိုလဲ၍ ထွက်သွားသလော။ သို့ဆိုလျှင် သူ ့တွင် လဲစရာ အင်္ကျီတစ်ထည် အပိုပါရပေလိမ့်မည်။ ထို့ပြင် ထိုအင်္ကျီကို ဤအနီး အနားတစ်ဝိုက်တွင် လျင်မြန်စွာ လဲရပေလိမ့်မည်။ သို့မဟုတ်လျှင်လည်း ထိုအင်္ကျီကို တစ်နေရာတွင် စွန့်ပစ်ထားခဲ့ရလိမ့်မည်။ သို့မဟုတ်ပြန်လျှင် လည်း ထိုအင်္ကျီကို ဝတ်ဆင်ထားဆဲ ဖြစ်ရပေလိမ့်မည်။

ကျွန်ုပ်တို့သည် ဤဖြစ်နိုင်ချက် သုံးခုကိုသာ စဉ်းစား၍ရ၏။ တရားခံ ကို ယခုတိုင် ဖမ်းမမိသေးချေ။

ကျွန်ုပ်တို့သည် ဇာတ်ရုံနောက်ဖေးရှိ သူများအားလုံးကိုလည်းကောင်း၊ မျက်လှည့်ရုံအနီးမှ လူများကိုလည်းကောင်း၊ အံ့ပွဲပြသည့် ရုံကလေးအတွင်း မှ လူများအားလုံးကိုလည်းကောင်း၊ ရဟတ်အနီးရှိ လူများအားလုံးကို လည်းကောင်း ခေါ်ယူစစ်ဆေးကြည့်၏။ သို့ရာတွင် ထိုလူကို မြင်လိုက်ရသူ ဟူ၍ တစ်ယောက်မှ မရှိချေ။

ကျွန်ုပ်က စိတ်ပျက်လက်ပျက်ဖြင့် ကိုစံကျော်ဘက်သို့ လှည့်၍…

“ကဲ…ကိုစံကျော်၊ အပွဲပွဲ နွှဲခဲ့သမျှ ဒီပွဲမှာတော့ ခင်ဗျား ခံလိုက်ရပြီ။ လူတွေကို လိုက်ပြီး ဒုက္ခပေးမနေနဲ့တော့၊ ခုပဲ ခင်ဗျား လူ ၃ဝဝ လောက်ကို စစ်ဆေးကြည့်ပြီးပြီ။ ဒီလူကို မြင်လိုက်တဲ့ လူဆိုလို့ တစ်ယောက်မှ မတွေ့သေးဘူး။ ပွဲဈေးကြီးတစ်ခုလုံးက လူတွေကိုလည်း လိုက်ပြီး စစ်မေးမနေ ဘူး။ လူသတ်သမားကို မြင်ခြင်းမြင်လိုက်ရင် ဒီနားတစ်ဝိုက်က လူတွေ * မြင်လိုက်ရမယ်။ ပွဲဈေးထဲရောက်မှတော့ သူ့အဖို့ အချိန်ရသွားပြီ၊ အဝတ် အစားတို့ ဘာတို့ကိုလည်း ပြောင်းလဲနိုင်တယ်။ တစ်နေရာရာကလည်း ပွဲဈေး တန်းအပြင်ဘက်ကို ထွက်သွားနိုင်တယ်။ ခုလောက်ဆို ခင်ဗျားကောင် အိမ်ပြန်ရောက်ပြီး အေးအေးဆေးဆေး အိပ်နေရော့မယ်။ နောက်ထပ် လူတွေ ကို ခေါ်မစစ်ပါနဲ့တော့”

ထိုစဉ် မျက်လှည့်ပြပွဲတွင် လွှတိုက်ခံရမည့်လူ မှန်သေတ္တာထဲသို့ ဝင် ရောက်လာသည်ကို ငေးကြည့်နေရာမှ …

“ကျွန်တော် လက်မလျှော့ချင်သေးဘူး ဆရာ။ ဒီနားတစ်ဝိုက်မှာ ပုန်းစရာ ဆိုလို့ ဘယ်မှာမှ မရှိဘူး။ ဘယ်သူမှလည်း ဒီလောက်လုံအောင် မပုန်းနိုင် ဘူး။ ပုန်းနိုင်တဲ့လူဆိုလို့ တစ်ယောက်ပဲရှိတယ်။ လူသတ်သမားဟာ ပြစ်မှု ကို ကျူးလွန်ပြီးတဲ့နောက် ပုန်းတဲ့နေရာကို ပြန်လာတယ်၊ ပြီးတော့ သွေးစွန်း နေတဲ့ အဝတ်အစားတွေကို လဲပစ်ခဲ့တယ်။ ပြီးတော့မှ သက်ဆိုင်ရာ အခန်း မှာ သူ ဝတ်ရမယ့် အဝတ်အစားတွေကို ဝတ်ပြီး ခပ်တည်တည် ထွက်လာ တယ်”

ကိုစံကျော်သည် ဤသို့ ပြောကာ မျက်လှည့်စင်ပေါ်သို့ တက်သွားပြီး သူ့အခန်းကို ထွက်ရန် သေတ္တာကြီးတစ်လုံးပေါ်တွင် အဆင်သင့် ထိုင်နေ သည့် လူခပ်သေးသေး ခပ်ညှက်ညှက်လူကို သွား၍ ပခုံးပုတ်လိုက်ရင်း.

“ဟာ … ဒီက လွှဖြတ်ခံရမယ့် သေတ္တာကြီးထဲ ဝင်ပုန်းပြီး အဝတ်အစား လဲဖို့ကောင်းတဲ့ နေရာ ဒီ့ပြင် ဘယ်မှာရှိပါတော့မလဲ ဆရာ” ဟု ပြောလေ၏။

** ** **
စန္ဒာမဂ္ဂဇင်း၊ ဧပြီ၊ ၁၉၈၆။

Zawgyi Version

” ေတာဘုရားပြဲမွ လူသတ္မႈ “(စ/ဆုံး)
——————————————-

သီတင္းကြၽတ္လ ေနာက္ပိုင္းမွစ၍ ကဆုန္ နယုန္ မိုးဦးက်ခ်ိန္အထိ ျမန္မာႏိုင္ငံတြင္ ဘုရားပြဲမ်ား က်င္းပေလ့ရွိၾက၏။ ကြၽႏ္ုပ္သိသေလာက္ဆို လွ်င္ ေဂဇက္ဝင္ ဘုရားပြဲႀကီးမ်ားအျပင္ ေဂဇက္ဝင္ပြဲမဟုတ္ ေတာဘုရားပြဲ ေလးမ်ားမွာ ျမန္မာႏိုင္ငံ ၿမိဳ႕တိုင္း ႐ြာတိုင္းလိုပင္ ရွိတတ္ၾက၏။

ျပည္ေ႐ႊ ဆံေတာ္၊ မေကြးျမသလြန္၊ မင္းဘူး ေ႐ႊစက္ေတာ္ႏွင့္ ရွင္ပင္စကၠတဲ၊ ပခုကၠဴ သီဟိုဠ္ရွင္၊ ပုဂံ အာနႏၵာ၊ ေညာင္ဦး ေ႐ႊစည္းခုံ၊ မုံ႐ြာ မိုးညႇင္း သမၺဳေဒၶ၊ စစ္ကိုင္း ေကာင္းမႈေတာ္၊ ေ႐ႊဘိုၿမိဳ႕ေထာင့္ေစတီ၊ မႏၲေလး ေက်ာက္ေတာ္ ႀကီး ေ႐ႊစာရံဘုရား၊ ျမင္းၿခံ ႏွစ္က်ိပ္ရွစ္ဆူ၊ ပ်ဥ္းမနား ရန္ေအာင္ျမင္၊ ေတာင္ငူ ဆံေတာ္ရွင္ႏွင့္ ျမတ္ေစာညီေနာင္၊ ပဲခူး ေ႐ႊေမာ္ေဓာႏွင့္ ေ႐ႊသာ ေလ်ာင္း၊ ခရမ္း သြန္းဘုရားႀကီး၊ ေဒးစြန္ပါ၊ က်ိဳက္ထီး႐ိုး၊ ေမာ္တင္၊ ေမာ္လၿမိဳင္ က်ိဳက္သလႅ၊ သထုံျမသပိတ္၊ သန္လ်င္ က်ိဳက္ေခါက္ စသည္ျဖင့္ ျမန္မာႏိုင္ငံ အႏွံ႔အျပားတြင္ ထင္ရွားေသာ ဘုရားပြဲေတြ အမ်ားႀကီးရွိၾက၏။

ဤသည္တို႔မွာ ကြၽႏ္ုပ္ေခါင္းထဲတြင္ ေပၚလာသမွ် ႏိုင္ငံႏွင့္အဝန္း ထင္ရွား ေသာ ဘုရားပြဲႀကီးမ်ားကို ေကာက္ကာငင္ကာ စာရင္းခ်ျပလိုက္ျခင္းမွ်သာ ျဖစ္၏။ ကြၽႏ္ုပ္ေခါင္းထဲတြင္ ႐ုတ္တရက္ ေပၚလာျခင္းမရွိေသာ ဘုရားပြဲ မ်ား၊ သို႔မဟုတ္ ကြၽႏ္ုပ္ကိုယ္တိုင္ပင္ မေရာက္ဖူး၊ မၾကားဖူးေသးေသာ ဘုရားပြဲ းကား အမ်ားအျပား ရွိေပေသး၏။ ျမန္မာႏိုင္ငံရွိ ၿမိဳ႕ႀကီး ၿမိဳ႕ငယ္၊ ႐ြာ ႀကီး႐ြာငယ္တိုင္း၌ပင္ ဘုရားပြဲရွိသည္ဟု ထင္လ်င္ မွားမည္မထင္ေခ်။

ကြၽႏ္ုပ္သည္ ငယ္စဥ္က ေက်း႐ြာတစ္႐ြာတြင္ ေမြးဖြားခဲ့သူ ျဖစ္သည့္အတိုင္း ေတာဘုရားပြဲကေလးမ်ားကို အလြန္သေဘာက်တတ္၏။ ဘုရားပြဲက်င္းပေတာ့မည္ဆိုသည္ႏွင့္ ဘုရားလူႀကီးမ်ားသည္ ေဈးဆိုင္ခန္းမ်ားကိုေဆာက္ကာ ေလလံတင္ၾကေလၿပီ။ ဆိုင္ခန္းမ်ားမွာ ၿမိဳ႕ျပင္ဘက္ ဘုရားေျခရင္းတြင္ အမ်ားအားျဖင့္ ရွိၿပီး ေဒသအေလ်ာက္ မဓမတိုင္ထူ၍ ဓနိမိုးသည့္ ဆိုင္ခန္းမ်ားရွိသကဲ့သို႔ ဝါးတိုင္ထူကာ သက္ငယ္မိုးသည့္ ဆိုင္ခန္းမ်ားလည္း ေဆာက္ေလ့ရွိၾက၏။ အခ်ိဳ႕အရပ္မ်ားတြင္မူ ေမ်ာတိုင္ထူ၍ ထန္းလက္မိုးၾက၏။ အခ်ိဳ႕အရပ္မ်ားတြင္လည္း ဝါးပိုးတိုင္ႏွင့္ အင္ဖက္မိုးၾက၏။

မည္သည့္ပစၥည္းကို သုံးသည္ျဖစ္ေစ၊ ထိုဆိုင္ခန္းမ်ားမွာ ၁ဝ ေပခန႔္က်ယ္သည့္ ဆိုင္ခန္းကေလးမ်ားသာ ျဖစ္ၾကၿပီး ထိုစဥ္က ေလလံခအျပင္ ဆိုင္ခြန္အျဖစ္ တစ္ဆိုင္ကို တစ္က်ပ္ခန႔္အထိ ေကာက္ယူၾက၏။ တန္ခိုးႀကီးဘုရားဆိုလွ်င္ ကိုယ္ပိုင္မီးစက္ရွိသည့္အတြက္ မီးပြင့္ပါ ဆက္ေပးၿပီး မီးခကိုသတ္သတ္ေကာက္ၾက၏။ သို႔ရာတြင္ ထိုစဥ္က လွ်ပ္စစ္ဓာတ္အားေပးေရးလုပ္ငန္းမ်ားစြာ ထြန္းကားျခင္း မရွိေသးသည့္အေလ်ာက္ အမ်ားအားျဖင့္ဘုရားပြဲမ်ား ဆိုင္ခန္းမ်ားမွာ ေအာက္လင္းဓာတ္မီး သို႔မဟုတ္ လက္ဆြဲဓာတ္မီးမ်ားကိုသာ အသုံးမ်ားေလ့ရွိၾက၏။

(ဤတြင္ ေအာက္လင္းဓာတ္မီးႏွင့္လက္ဆြဲဓာတ္မီးတို႔ ကြဲျပားျခားနားပုံကို စကားစပ္၍ ေဖာ္ျပရေပဦးမည္။

ယခုေခတ္ လူငယ္မ်ားမွာ လွ်ပ္စစ္ဓာတ္အားကိုသာ အေတြ႕မ်ားၾကသည့္အတြက္ ေအာက္လင္းဓာတ္မီးႏွင့္ လက္ဆြဲဓာတ္မီးကို ေကာင္းစြာ ခြဲျခား၍မသိၾကေခ်။ ေအာက္လင္းဓာတ္မီးဆိုသည္မွာ ယခု ကြၽႏ္ုပ္တို႔ ျမင္ေတြ႕ေနရေသာ ပန္းကန္ျပားပုံသဏၭာန္ကဲ့သို႔ ဝိုင္းဝိုင္းျပားျပားျဖစ္ၿပီး ေရနံဆီထည့္ျခင္း၊ ေလထိုးျခင္း စသည့္ ကိစၥမ်ားကို လုပ္ရန္ မီးေရနံအိုးကို ေျပာင္းႏွင့္မီးစာအေပၚမွ တပ္ဆင္ထားေလ့ရွိ၏။ မီးထိုးနည္းေျပာရလွ်င္ မီးအိုးသည္အေပၚကျဖစ္ၿပီး ေအာက္တြင္ တြဲေလာင္းက်ေနေသာ ေျပာင္းႏွင့္ မီးစာတို႔သာလွ်င္ ရွိ၏။ ႐ုတ္တရက္ ၾကည့္လိုက္လွ်င္ ယခုေခတ္ စေလာင္းတပ္ထားသည့္ မီးပြင့္မ်ားကဲ့သို႔ျဖစ္၏။ အမ်ားအားျဖင့္ အဂၤလန္လုပ္ျဖစ္၏။

လက္ဆြဲဓာတ္မီးမွာ ေရနံဆီထည့္သည့္ မီးအိုး၊ ေလထိုးသည့္ ေလထိုးတံ၊ကစားသည့္ ေမာင္းတံ စသည္တို႔သည္ ေအာက္တြင္ရွိၿပီး ထိုအေပၚ ကမွ ေျပာင္း၊ မီးစာႏွင့္ မီးစေလာင္းတို႔ တပ္ဆင္ထား၏။ အမ်ားအားျဖ ထိုစဥ္က ခ်က္ကိုစလိုေဗးကီးယားလုပ္ လက္ဆြဲဓာတ္ဖီးမ်ားကို မွာယူကာ တင္သြင္းေလ့ရွိ၏။ (ဤကား စကားခ်ပ္)။

ကြၽႏ္ုပ္ ေမြးဖြားသည့္ ႐ြာမွာ ေက်း႐ြာႀကီးတစ္႐ြာမွ်သာ ျဖစ္သည့္အတြက္ လွ်ပ္စစ္ဓာတ္မီး မဆိုထားႏွင့္ ေအာက္လင္းဓာတ္မီးႏွင့္ လက္ဆြဲဓာတ္မီးတို႔ ပင္လွ်င္ ႐ြာထဲမွ အိမ္မ်ားတြင္ သုံးေလ့မရွိၾကဘဲ ဘုန္းႀကီးေက်ာင္းမ်ားတြင္ သာ ရွိၾက၏။ ႐ြာထဲတြင္ သာေရးနာေရးရွိလွ်င္ ဘုန္းႀကီးေက်ာင္းမွာပင္ ငွားရ၏၊ အမ်ားအားျဖင့္ အိမ္မ်ားတြင္သုံးသည့္ မီးမွာ ဟာရီကိန္းလင့္ ေခၚ လက္ဆြဲမွန္အိမ္မ်ားႏွင့္ သံျဖဴဆိုင္မွလုပ္သည့္ ေရနံဆီ မီးခြက္မ်ားသာ လွ်င္ ျဖစ္ၾက၏။

ဘုရားပြဲအေၾကာင္းကို ဆက္ရေပဦးမည္။ ကြၽႏ္ုပ္တို႔၏ ႐ြာမွာ ႐ြာႀကီးျဖစ္ သည့္အေလ်ာက္ ကြၽႏ္ုပ္တို႔႐ြာရွိ ေ႐ႊျမင္တင္ ဘုရားႀကီးမွာလည္း ေဂဇက္ဝင္ ဘုရားပြဲ မဟုတ္သည့္တိုင္ အေတာ္ကေလး လူစည္ကား၏။ ဘုရားပြဲကို ေတာင္သူလယ္သမားမ်ား စပါးရိတ္ၿပီးခ်ိန္ျဖစ္သည့္ ျပာသိုလဆန္းတြင္ က်င္းပၿပီး တစ္ပတ္ခန႔္ၾကာ၏။ ဘုရားပြဲ က်င္းပခါနီး၍ ေဈးဆိုင္ခန္းေတြ ေဆာက္မၿပီးခင္ကပင္ ၿမိဳ႕မွ ေဈးသည္မ်ား၊ ေတာမွ ေဈးသည္မ်ားသည္ အဆင္သင့္ ေရာက္ေနၾကေလၿပီ။ အခ်ိဳ႕မွာ သစ္ပင္မ်ားေအာက္တြင္ ကိုယ့္ အစုႏွင့္ကိုယ္ စခန္းခ်ေနတတ္ၿပီး ဘုရားေဂါပကအဖြဲ႕မွ တရားဝင္ ဆိုင္ခင္း ခြင့္ေပးမည့္ရက္ကို ေစာင့္ေနၾက၏။ ေတာမွ တက္လာသည့္ ေဈးသည္မ်ား တြင္ ေဒသအလိုက္ထြက္သည့္ ထြက္ကုန္မ်ားျဖစ္ေသာ မန္က်ည္း၊ ထန္း လ်က္၊ ၾကက္သြန္၊ ဆီးသီးေျခာက္၊ သရက္သီးေျခာက္၊ င႐ုတ္သီးေျခာက္၊ မရန္းသီးေျခာက္၊ ပဲအမ်ိဳးမ်ိဳး စသည့္ စားေသာက္ကုန္မ်ား ပါလာတတ္၏။ အခ်ိဳ႕ကလည္း ဝါး၊ ဝါးကပ္၊ ထရံ စသည့္ အိမ္ေဆာက္ပစၥည္းမ်ားကို လာေရာင္းၾက၏။

အခ်ိဳ႕ကလည္း ထြန္တုံး၊ ထြန္တံ၊ လွည္းတံကူ၊ လွည္းဘီး၊ ႀကိမ္၊ ျခင္းေတာင္း၊ ေတာင္း၊ ပလုံးစသည့္ လယ္ယာသုံး ပစၥည္းမ်ားကို လာေရာင္း ၾက၏။ ကြၽႏ္ုပ္တို႔ ၿမိဳ႕နယ္တြင္းတြင္ ပန္းပဲ အႀကီးအက်ယ္ လုပ္ကိုင္ေသာ႐ြာမ်ားရွိရာ ထို႐ြာမ်ားကလည္း ဓား၊ ကတ္ေၾကး၊ စူး၊ ေဆာက္၊ ေပါက္ျပား၊ ေပါက္တူး၊ တူ႐ြင္း၊ ငန္းျပား၊ ေကာက္ဆြ၊ လွည္းပတ္သံ စသည့္ သံထည္ ပစၥည္းမ်ား။ အိုးပုတ္၊ ခ်ိဳး႐ုပ္၊ ပစ္တိုင္းေထာင္႐ုပ္၊ အိုးစည္၊ လင္းကြင္း၊ ေက်ာက္ပ်ဥ္၊ င႐ုတ္ဆုံ၊ မွန္ စသည့္ တိုလီမိုလီပစၥည္းမ်ား။ အလွကုန္၊ အဝတ္အထည္၊ အလွကုန္ပစၥည္း၊ ဖိနပ္ စသည့္ လူသုံးကုန္ပစၥည္းမ်ား။ ထမင္းေၾကာ္၊ ေခါက္ဆြဲ၊ ရွာလပတ္ရည္၊ ဖာလူဒါ စသည္တို႔ကို ေရာင္းသည့္ စားေသာက္ဆိုင္မ်ား စသည္ျဖင့္ ႐ြာျပင္ဘက္ ယာျပင္ထဲတြင္ ဆိုင္ေတြ၊ ကနားေတြ ျပည့္ႏွက္လ်က္ရွိ၏။ ထို႔ျပင္ ဇာတ္ပြဲမ်ား၊ ႐ုပ္ေသးပြဲမ်ား၊ ခ်ား မ်ား၊ ရဟတ္မ်ား၊ မ်က္လွည့္ပြဲမ်ား၊ အံ့ပြဲမ်ား စသည္တို႔ကလည္း သူ႔ေနရာ ႏွင့္သူ စည္ကားလွ၏။ မွတ္မိေသး၏။

ကြၽႏ္ုပ္ ငယ္စဥ္က ႐ုပ္ေသးကို အလြန္ဝါသနာပါသည့္အေလ်ာက္ ကြၽႏ္ုပ္သည္ ႐ုပ္ေသးဆိုလွ်င္ ညတိုင္း သြားၾကည့္ေလ့ရွိ၏။ ထိုစဥ္က ကြၽႏ္ုပ္တို႔၏နယ္တြင္ နာမည္ႀကီးေသာ ႐ုပ္ ေသးမင္းသမီးမွာ မဒီကိုင္ ဦးထြားႀကီးျဖစ္၏။ ႐ုပ္ေသး မင္းသမီးက မဒီကိုင္ ဦးထြားႀကီးဆို၍ မရယ္လိုက္ၾကေလႏွင့္။ ဦးထြားႀကီးမွာ မင္းသမီး႐ုပ္ ႀကိဳးဆြဲ အလြန္ေတာ္သည့္ျပင္ ႏွစ္ပါးသြား၊ အပူတိုက္ စသည့္ အခန္းမ်ားတြင္လည္း မိန္းမမ်ား မ်က္ရည္တ႐ႊဲ႐ႊဲ ျဖစ္ေလာက္ေအာင္ မင္းသမီး႐ုပ္ေဆာင္ႏိုင္သူ တဦးျဖစ္သည္။

ကြၽႏ္ုပ္ ပုလိပ္ဘက္တြင္ အမႈထမ္းသည့္ အခါတြင္လည္း ထို ဘုရားပြဲ မ်ားမွာ ရွိၿမဲရွိေနၾက၏။ ယခု ကြၽႏ္ုပ္ ပင္စင္ယူသည့္အခ်ိန္တြင္လည္း ရွိေန ေသး၏။ ကြၽႏ္ုပ္တို႔ မရွိသည့္ ေနာက္တြင္လည္း ျမန္မာႏိုင္ငံ အႏွံ႔အျပား တြင္ ဘုရားပြဲမ်ားသည္ ရွိေနၾကဦးမည္သာ ျဖစ္၏။ ကြၽႏ္ုပ္တို႔ ျမန္မာႏိုင္ငံ သည္ “ေစတီပုထိုးမ်ားႏွင့္ ထန္းပင္တို႔ ေပါမ်ားရာ တိုင္းျပည္”ဟု ႏိုင္ငံျခား သားမ်ားက ဆိုေလ့ရွိရာ သူတို႔ေျပာသည့္အတိုင္းလည္း ကြၽႏ္ုပ္တို႔ႏိုင္ငံတြင္ ေစတီ ပုထိုးမ်ားသည္ လက္ညႇိဳးၫႊန္၍ မလြဲေလာက္ေအာင္ ရွိေနၾက၏။ ထိုေစတီပုထိုးမ်ား ရွိေနေသးသမွ်၊ တစ္နည္းဆိုရလွ်င္ ျမန္မာႏိုင္ငံရွိေနေသး သမွ်၊ တစ္နည္းေျပာရလွ်င္ ျမန္မာႏိုင္ငံတြင္ ဗုဒၶသာသနာေတာ္ ထြန္းကား ေနေသးသမွ် ဘုရားပြဲမ်ားသည္ ရွိေနၾကဦးမည္သာ ျဖစ္၏။

ယခု ကြၽႏ္ုပ္ေဖာ္ျပမည့္ အျဖစ္အပ်က္မွာ ပုလိပ္ဘက္သို႔ ကြၽႏ္ုပ္ ေရာက္ၿပီး၍ ေလးငါးႏွစ္အၾကာ ေတာ႐ြာ ဘုရားပြဲတစ္ခုတြင္ ႀကဳံေတြ႕ရသည့္အမႈျဖစ္ေပေၾကာင္း။

∆ ∆ ∆

လူသတ္မႈတစ္ခုသည္ လူအုပ္ထဲတြင္ က်ဴးလြန္ရ အလြယ္ဆုံး ျဖစ္သည္ဟု ကြၽႏ္ုပ္တို႔ေရွ႕တြင္ အမႈထမ္းခဲ့ၾကေသာ ပုလိပ္ႀကီးမ်ား ေျပာသံကို ကြၽႏ္ုပ္ မၾကာခဏ ၾကားဖူးခဲ့ရာ (…) ဒိစႀတိတ္၊ … ၿမိဳ႕နယ္တြင္ အမႈထမ္း ခဲ့စဥ္ကမူ သူတို႔အဆို မွန္ေၾကာင္းကို ကြၽႏ္ုပ္ ကိုယ္ေတြ႕အရ သိရွိခဲ့ရ၏။

အခ်ိန္မွာ ေျခခင္းလက္ခင္းသာေသာ နတ္ေတာ္လျဖစ္၍ ကြၽႏ္ုပ္ အမႈ ထမ္းရာ ၿမိဳ႕ကေလးတြင္ အဓိကရ ဘုရားႀကီးတစ္ဆူျဖစ္သည့္ ျမသိန္းတန္ ဘုရားပြဲႀကီး က်င္းပေနခ်ိန္ျဖစ္၏။ ကြၽႏ္ုပ္မွာ ထိုစဥ္က ဌာနာအုပ္ ျဖစ္သျဖင့္ ဘုရားပြဲလုံၿခဳံေရး တာဝန္မ်ားကို ဦးစီးလုပ္ေဆာင္ရ၏။ ကြၽႏ္ုပ္သည္ နယ္ တြင္ရွိသည့္ ၁ဝ၉−၁၁ဝ မ်ားကို ဖမ္းဆီးကာ လိုလိုမည္မည္ ခဏတစ္ျဖဳတ္ ခ်ဳပ္ေႏွာင္ထားလိုက္၏။ ၁ဝ၉-၁၁၀ ဆိုသည္မွာ အိႏၵိယ ရာဇသတ္ႀကီး ဥပေဒပါ ပုဒ္မ ၁၀၉-၁၁၀ အရ အလုပ္လက္မဲ့ မသကၤာသူမ်ားကို ဖမ္းဆီး ခ်ဳပ္ေႏွာင္ျခင္းျဖစ္၏။ ထို႔ျပင္ ကြၽႏ္ုပ္သည္ နယ္တြင္ နာမည္ပ်က္ရွိသူ အခ်ိဳ႕ကိုလည္း ဘုရားပြဲႀကီး ေအးခ်မ္းစြာ ၿပီးေျမာက္ေရးအတြက္ ဝိုင္းဝန္း ကူညီၾကရန္ ေမတၱာရပ္ခံၿပီး ဘုရားပြဲႏွင့္တကြ ရပ္႐ြာေအးခ်မ္းသာယာေရးကို ေႏွာင့္ယွက္ပါက အေရးယူရမည္ျဖစ္ေၾကာင္း တစ္ဖက္က ေခ်ာ့၍ တစ္ဖက္ က ၿခိမ္းေျခာက္ျပရ၏။

သို႔ျဖင့္ ျမသိန္းတန္ ဘုရားပြဲႀကီးက စတင္ခဲ့ရာ သုံးရက္ေျမာက္ခဲ့ၿပီ ျဖစ္၏။ ထိုသုံးရက္အတြင္း အရက္မူး၍ ရန္ျဖစ္သည့္ အမႈေသးကေလး ေလာက္မွအပ အျခား မည္သည့္အမႈမွ် ႀကီးႀကီးက်ယ္က်ယ္ ျဖစ္ပြားျခင္း မရွိေခ်။ ကြၽႏ္ုပ္သည္ ဘုရားပြဲေတာ္ေဈးအနီးတြင္ ကင္းဂါတ္တစ္ခု ဖြင့္ထား ၿပီး ထိုကင္းဂါတ္တြင္ ရာဇဝတ္အုပ္တစ္ဦး၊ လူဆိုးထိန္း ဆားပုလင္းတစ္ဦး ႏွင့္ ပုလိပ္ေလးေယာက္ကို အၿမဲခ်ထား၏။ ကြၽႏ္ုပ္ကိုယ္တိုင္လည္း ညဦးပိုင္း မွ သန္းေခါင္အထိ ကင္းဂါတ္တြင္ ထိုင္ကာ တစ္ေန႔တာ ျဖစ္ပြားေသာ အမႈအခင္းမ်ားႏွင့္ သူတို႔ သတင္းပို႔ခ်က္မ်ားကို ၾကားနာစစ္ေဆးတတ္၏။

ထိုႏွစ္က ဇာတ္ပြဲမွာ ကြၽႏ္ုပ္တို႔ နယ္တြင္ နာမည္ႀကီးသည့္ ေက်ာ္အုံးလႈိင္၏ ပြဲျဖစ္ၿပီး ခပ္လွမ္းလွမ္းတြင္လည္း ႐ုပ္ေသးစင္၊ နာမည္ႀကီး ႐ုပ္ေသး စင္တစ္စင္ျဖစ္သည့္ မဒီကိုင္ ဦးထြားႀကီး၏ ႐ုပ္ေသးစင္လည္းရွိ၏။ မ်က္ လွည့္ ဇာတ္ပြဲေရာ ႐ုပ္ေသးတြင္ပါ လွည္းဝိုင္းႀကီးမ်ားမွာ တိုးမေပါက္ေအာင္ စည္ကားလွ၏။ ေတာပြဲမ်ား ထုံးစံမွာ ဇာတ္စင္ကို ယာျပင္ႀကီးမ်ားထဲတြင္ ထိုးထားေလ့ရွိၿပီး အလယ္ေကာင္တြင္ ဖ်ာေနရာမ်ား သတ္မွတ္ထားလ်က္ ဖ်ာမ်ား၏ေနာက္တြင္ လွည္ဝိုင္းႀကီးမ်ားကို ေနရာခ်ေပးထား၏။ ရပ္ေဝး မွ လွည္းျဖင့္ လာၾကည့္သူမ်ားသည္ လွည္းကို ပြဲခင္းတြင္ ထိုးကာ လွည္း ေပၚမွ ထိုင္၍ ပြဲၾကည့္ႏိုင္၏။ တစ္ခါတစ္ရံ လွည္းေထာက္ ျပဳတ္က်သျဖင့္ ပြဲလန႔္သည္မွအပ ထို သုံးညစလုံး အမႈႀကီး တစ္စုံတစ္ရာ ျဖစ္ပြားျခင္း မရွိေခ်။

စတုတၳညတြင္မူ ေက်ာ္အုံးလႈိင္ ဇာတ္႐ုံႏွင့္ မလွမ္းမကမ္းတြင္ ျပေနေသာ ေယာျပန္ပုဏၰက မ်က္လွည့္႐ုံအနီးတြင္ လူသတ္မႈတစ္ခု ျဖစ္ပြား၏။ ထို ညက ပုဏၰက၏ မ်က္လွည့္မွာ လူကို လႊႏွင့္ ႏွစ္ပိုင္းတိုက္ျပျခင္း၊ လူကို မွန္ေသတၱာထဲတြင္ ထည့္ျပၿပီး အဝတ္အုပ္၍ ခ်က္ခ်င္းလွန္ျပလိုက္႐ုံျဖင့္ လူေပ်ာက္သြားျခင္း စသည့္ ခပ္ဆန္းဆန္း ျပကြက္မ်ား ပါရွိသျဖင့္ မ်က္ လွည့္ပြဲမွာ ႀကိတ္ႀကိတ္တိုး စည္ကားလ်က္ရွိ၏။

လူသတ္သမားသည္ ထိုသို႔ မ်က္လွည့္ပြဲတြင္ လူစည္ကားေနျခင္းကို အခြင့္ေကာင္းယူကာ လူသတ္သြားျခင္းျဖစ္၏။ လူသတ္သမား၏ နာမည္မွာ အေရးမႀကီးသျဖင့္ ကြၽႏ္ုပ္သည္ လူသတ္တရားခံ မည္သူမည္ဝါျဖစ္ေၾကာင္း ကို ထုတ္ေဖာ္ေျပာဆိုျခင္း မျပဳလိုေတာ့ပါ။ လူသတ္သမားမွာ ထိုအမႈမ်ိဳးကို က်ဴးလြန္မည္ဟု လုံးဝမထင္ရေသာ သာမန္ ခပ္ေသးေသး ခပ္ညႇက္ညႇက္ လူတစ္ေယာက္သာျဖစ္သည္ဟု ကြၽႏ္ုပ္ ေျပာလို၏။ အသတ္ခံရသူ၏ အမည္မွာလည္း အေရးႀကီးသည္ဟု မထင္ေသာေၾကာင့္ ကြၽႏ္ုပ္ ေဖာ္ျပျခင္း မျပဳလိုေတာ့ၿပီ။

အသတ္ခံရသူမွာ အရပ္ေထာင္ေထာင္ေမာင္းေမာင္း၊ ကိုယ္လုံးကိုယ္ေပါက္ ထြားထြားျဖစ္ၿပီး ထိုအခ်ိန္က အရက္မူးမူးျဖင့္ လွည္း ေပၚတြင္ အိပ္ေပ်ာ္လ်က္ ရွိ၏။ အနီးအနားရွိ လွည္းမ်ားမွ လူမ်ားမွာလည္း ထိုအခ်ိန္က မ်က္လွည့္ပြဲကို ဆင္းၾကည့္ေနၾကသျဖင့္ အနီးအနားတြင္အရပ္ပုပု၊ ခပ္ညႇက္ညႇက္၊ ခပ္ေသးေသး လူသတ္သမားသည္ သူငယ္ မိတ္ေဆြတစ္ေယာက္ထံ လာသကဲ့သို႔ လွည္းအနီးသို႔ ေရာက္လာကာ ခ်င္း လည္းေပၚတြင္ အိပ္ေပ်ာ္ေနသူကို တစ္ခ်က္ငုံ႔ၾကည့္ၿပီးေနာက္ ခါးၾကားထဲ တြင္ ထိုးလာသည့္ ေျခာက္လက္မ ဓားေျမႇာင္ျဖင့္ တစ္ခ်က္၊ ႏွစ္ခ်က္၊ သုံးခ်က္ ထိုးခ်လိုက္၏။ အိပ္ေပ်ာ္ေနသူမွာ တစ္ခ်က္သာ ေအာ္ႏိုင္ၿပီး ပြဲ ခ်င္းၿပီး ေသဆုံးသြားခဲ့၏။ လူသတ္သမားမွာမူ ေသြးေတြစြန္းေပေနေသာ ဓားေျမႇာင္ကို အနီးရွိ ကန္ထဲသို႔ ပစ္ခ်ကာ အခ်င္းျဖစ္ပြားေသာ ေနရာမွ ဣေျႏၵမပ်က္ ထြက္ခြာသြား၏။

ထိုကိစၥမ်ား ျဖစ္ပ်က္လိုက္သည္မွာ ဘာမွ် မၾကာလိုက္ေခ်။ စကၠန႔္ ၃ဝ ခန႔္မွ်သာ ၾကာလိုက္၏။

အမႈသြား အမႈလာကို ၾကည့္ရသည္မွာ လူသတ္မႈသည္ တင္ကူး ႀကံ႐ြယ္ ထားသည့္ လူသတ္မႈ ဟုတ္ဟန္မတူေခ်။ လူသတ္သမားသည္ ပြဲသို႔လာ စဥ္ မိမိ၏ ရန္သူေဟာင္းကို ေတြ႕သျဖင့္ ခါးတြင္ အသင့္ပါလာသည့္ ဓားေျမႇာင္ျဖင့္ ထိုးသတ္သြားျခင္းသာ ျဖစ္၏။ လူသတ္မႈ က်ဴးလြန္ရသည့္ ရည္႐ြယ္ခ်က္ကို ရွာေဖြသည့္အခါ မနာလို ဝန္တိုစိတ္ေၾကာင့္ လက္စားေခ် ျခင္း ျဖစ္ေၾကာင္းကို ေတြ႕ရ၏။ လိုက္လံစုံစမ္းၾကည့္သည့္အခါတြင္ ေသ သူသည္ ျပစ္မႈက်ဴးလြန္သူ၏ မယားကို ခိုးယူေပါင္းသင္းၿပီး အတူေနထိုင္ လ်က္ရွိ၏။ ေနာက္တစ္ေန႔တြင္ ကြၽႏ္ုပ္တို႔ ဂါတ္တဲမွ လိုက္လံစုံစမ္းသည့္ အခါ၌ ျပစ္မႈက်ဴးလြန္ျခင္း၏ ေနာက္ခံသမိုင္းႏွင့္ ရည္႐ြယ္ခ်က္ကို အလြယ္ တကူ ေတြ႕ရွိရျခင္း ျဖစ္၏။

အခ်င္းျဖစ္ပြားပုံကို ျမင္လိုက္သည့္ မ်က္ျမင္ သက္ေသကို လိုက္ရွာသည့္အခါတြင္မူ ကြၽႏ္ုပ္တို႔ ၿမိဳ႕ကဲ့သို႔ေသာ ေတာၿမိဳ႕ ကေလးတြင္ ခ်က္ခ်င္း ေတြ႕ရ၏။

လူသတ္မႈ ေနာက္တစ္ေန႔တြင္ ပြဲလာသူမ်ား ၾကားထဲတြင္ လိုက္လံစုံ စမ္းရာ လူသတ္မႈကို ျမင္လိုက္သူတစ္ဦး ေတြ႕ရ၏။ ထိုသူမွာ ၿမိဳ႕ႏွင့္ မနီး မေဝးရွိ ႐ြာကေလးတစ္႐ြာမွ ေဈးလာေရာင္းသူ မသိန္းရွင္ဆိုသည့္ အမ်ိဳး သမီးျဖစ္၏။ ထိုေန႔ညက မသိန္းရွင္သည္ တပို႔တပါး သြားၿပီးေနာက္ ကန္ေပါင္မွ ဆင္းအလာ လေရာင္ထဲတြင္ ဓားသြားလက္ေနသျဖင့္ လူတစ္ ေယာက္က ဓားျဖင့္ ထိုးေနသည္ကို ျမင္လိုက္၏။

ထို႔ေနာက္ ဓားမွာ အေရာင္လက္ေတာ့ဘဲ ေသြးတို႔ စြန္းေပေနသည္ကိုလည္း ျမင္လိုက္၏။ ပထမ ေသာ္ မသိန္းရွင္သည္ ေၾကာင္၍ ၾကည့္ေန၏။ ျမင္ေနသည့္ ျမင္ကြင္းကို ေကာင္းစြာ လက္မခံႏိုင္ေသး။ ထို႔ေနာက္တြင္ မသိန္းရွင္သည္ သတိရလာ ကာ အခ်င္းျဖစ္ပြားရာ ေနရာကို လက္ညႇိဳးထိုးၿပီး ေၾကာက္လန႔္တၾကားျဖင့္ ေအာ္ဟစ္၏။

ပြဲေဈးတန္း အစြန္တြင္ ေရာက္ေနၾကသည့္ လက္ဖက္ရည္ဆိုင္၊ အေၾကာ္ ဆိုင္၊ ေခါက္ဆြဲဆိုင္မွ လူမ်ား၊ မ်က္လွည့္ပြဲ ၾကည့္ေနသူမ်ား၊ လွည္းဝိုင္း ထဲမွ လွည္းမ်ားေပၚတြင္ ထိုင္၍ ပြဲၾကည့္ေနသူမ်ားသည္ အသံၾကားရာသို႔ ေျပးလာၾက၏။

“သူခိုးတဲ့၊ ဘယ္က သူခိုးရမွာလဲ၊ အတင္းလိုက္ၿပီး လက္ဆြဲလို႔တဲ့၊ မဟုတ္ပါဘူး၊ လူ႐ိုက္သြားတာကိုျမင္လို႔ လွမ္းၿပီးေအာ္တာတဲ့၊ မဟုတ္ဘူး ဗ်။ လူသတ္မႈ။ သတ္တဲ့လူက ေကာင္ေလးတဲ့။ ခပ္ေသးေသး၊ ခပ္ညႇက္ ညက္ရယ္တဲ့” စသည္ျဖင့္ တစ္ေယာက္တစ္ေပါက္ ေျပာၾက၏။ ထင္ျမင္ခ်က္ အမ်ိဳးမ်ိဳး ေပးၾက၏။

သို႔ျဖင့္ ဘာျဖစ္မွန္းမသိဘဲ တစ္ေယာက္တစ္မ်ိဳး ေျပာေနၾကရာ ေနာက္ ဆုံးတြင္ ကြၽႏ္ုပ္တို႔၏ ကင္းဂါတ္မွ ဆားပုလင္း ကိုစံေက်ာ္ ေရာက္သြား၏။ ကိုစံေက်ာ္သည္ ပုလိပ္အမႈထမ္း ႏွစ္ေယာက္ႏွင့္အတူ ေရာက္လာၿပီး လွည္း မ်ားအနီးတစ္ဝိုက္တြင္ ရွာေဖြၾကရာ ဓားဒဏ္ရာမ်ားႏွင့္ ေသဆုံးေနေသာ အေလာင္းတစ္ေလာင္းကို လွည္းတစ္စီးေပၚတြင္ ေတြ႕ရ၏။

ထိုအခ်ိန္သည္ ဘာမွမၾကာလိုက္ေခ်။ ႏွစ္မိနစ္ သုံးမိနစ္ေလာက္သာ ရွိမည္ထင္၏။ သို႔ရာ တြင္ ခပ္ေသးေသး ခပ္ညႇက္ညႇက္ လူသတ္သမားမွာ ေပ်ာက္ျခင္းမလွ ေပ်ာက္သြားခဲ့ေလၿပီ။

ထိုအခ်ိန္က ကိုစံေက်ာ္သည္ မ်က္လွည့္ပြဲနားတြင္ မေယာင္မလည္ ရပ္ၾကည့္ေန၏။ မ်က္လွည့္ၾကည့္ခ်င္ေသာေၾကာင့္ မဟုတ္။ အနားတြင္ လုံၿခဳံေရးအတြက္ အေျခအေနကို လာေရာက္အကဲခတ္ေနျခင္း ျဖစ္၏။ သို႔ရာတြင္ ယခုမူ မိမိႏွင့္ မလွမ္းမကမ္းတြင္ လူသတ္မႈႀကီးတစ္ခု ျဖစ္သြားသည့္အခါ ကိုစံေက်ာ္ ရွက္လည္းရွက္၊ မခံခ်င္လည္း ျဖစ္ေန၏။ မသိန္းရွင္ကို ေခၚယူစစ္ေဆးသည့္အခါတြင္ မသိန္းရွင္၏ ထြက္ခ်က္မွာ ႐ိုး႐ိုးစင္းစင္းပင္။

မိမိသည္ လူသတ္သမားကို ျမင္လိုက္ရေၾကာင္း၊ သို႔ရာတြင္ မ်က္ႏွာကိုမူ မျမင္လိုက္ရေၾကာင္း၊ ထိုလူသည္ ေသသူ၏ လွည္း သန္းတြင္ အတန္ၾကာမွ် ရပ္ေနေၾကာင္း၊ ထို႔ေနာက္ ေသသူ ဟုတ္ မဟုတ္ စူးစမ္းသည့္ဟန္ျဖင့္ ငုံ႔ၾကည့္ေနၿပီးမွ ခါးၾကားထဲတြင္ ပါလာသည့္ ဓားေျမႇာင္ ကို ထုတ္၍ ထိုးေၾကာင္း၊ သူ႔အက်ႌလက္ေမာင္းတြင္ ေသြးေတြ စြန္းေပေန သည္ကိုပင္ သူ ျမင္လိုက္ရေၾကာင္းျဖင့္ တိက်စြာ ထြက္ဆို၏။

ထိုအခ်ိန္က လူသတ္သမားသည္ မီးခိုးေရာင္ သကၠလတ္ တိုက္ပုံအက်ႌ ကို ဝတ္ၿခဳံထားၿပီး ေခါင္းကို မ်က္ႏွာသုတ္ပဝါ ေပါင္းထားေၾကာင္း၊ ထို႔ေနာက္ ထိုလူသည္ မ်က္လွည့္ပြဲ လူအုပ္ထဲသို႔ ဝင္ေရာက္ ေပ်ာက္ကြယ္ သြားေၾကာင္းျဖင့္ ထြက္ဆိုသြား၏။

ဆားပုလင္း ကိုစံေက်ာ္သည္ မသိန္းရွင္ကို ႀကိမ္ဖန္မ်ားစြာ စစ္ေဆးရာ စစ္ေဆးသည့္အခါတိုင္း ထြက္ခ်က္မွာ တစ္သေဘာတည္း ျဖစ္၏။ ကြဲျပား ျခင္း မရွိေခ်။ မ်က္လွည့္ပြဲမွာ ႐ုံသြင္းသည့္ပြဲျဖစ္ရာ ကိုစံေက်ာ္သည္ ႐ုံေစာင့္ မ်ားကို စစ္ေဆးေသာ္လည္း ထိုလူကို မေတြ႕ရေၾကာင္းျဖင့္ ထြက္ဆိုၾက၏။ မိန္းမတစ္ေယာက္ ေအာ္သံကို ၾကားရၿပီးသည့္ေနာက္တြင္ မိမိတို႔႐ုံထဲသို႔ မည္သူမွ် ဝင္ေရာက္လာျခင္း မရွိေၾကာင္းျဖင့္လည္း အခိုင္အမာ ထြက္ဆို ၾက၏။

သို႔ျဖစ္လွ်င္ လူသတ္သမားသည္ အနီးတြင္ရွိသည့္ အံ့ပြဲျပသည့္ ႐ုံ ကေလးထဲသို႔ ဝင္သြားသေလာ။ အေစာင့္မ်ားကို စစ္ေဆးသည့္အခါ ထို႐ုံ ကေလးထဲသို႔လည္း ဝင္ေရာက္လာျခင္းမရွိေၾကာင္း တညီတၫြတ္တည္း ထြက္ဆိုၾက၏။ ထို႔ျပင္ အံ့ပြဲျပသည့္ ႐ုံကေလးမွာ လူ ၁ဝဝ ခန႔္သာ ဆံ့ သည့္ ႐ုံကေလးသာျဖစ္သည့္အတြက္ ထို႐ုံကေလးထဲသို႔ လူသတ္သမား ဝင္လာလွ်င္လည္း သိၾကမည္သာျဖစ္၏။ ဇာတ္႐ုံေနာက္ေဖးသို႔လည္း မဝင္ ႏိုင္ေခ်။ ဇာတ္႐ုံေနာက္ေဖးမွာ လူေတြအမ်ားႀကီး ရွိသည္မွန္ေသာ္လည္း ေသြးစြန္းေနေသာ လူတစ္ေယာက္ ဝင္လာသည္ဆိုလွ်င္ သူသူငါငါ သိႏိုင္ သည္သာျဖစ္၏။ ဇာတ္႐ုံေနာက္ပိုင္းတြင္ ဇာတ္သမားမ်ားလည္း ရွိေနသည့္ အတြက္ ထိုအထဲသို႔ဝင္လွ်င္ အလြယ္တကူ ဝိုင္းဝန္းဖမ္းဆီးၾကမည္သာ ျဖစ္၏။

ထိုႏွင့္ မနီးမေဝးတြင္ ရဟတ္ႀကီးတစ္ခုရွိၿပီး ထိုအနီးတြင္ ရဟတ္မ်ား၊ ပုခက္ကေလးမ်ားထည့္ေသာ ေသတၱာႀကီး သုံးေလးလုံးရွိ၏။ သို႔ဆိုလွ်င္ လူသတ္သမားသည္ ရဟတ္႐ုံနားသို႔ ေရာက္သြားသေလာ။ ရဟတ္စီးသူ မ်ားႏွင့္ ရဟတ္ေသတၱာမ်ားအနီးတြင္ ထိုင္ေစာင့္ေနေသာ ရဟတ္မွ အလုပ္ သမားတစ္ေယာက္ကို ေမးၾကည့္သည့္အခါတြင္ မိန္းမတစ္ေယာက္၏ ေအာ္ သံကို ၾကားရၿပီးသည့္ေနာက္တြင္ မိမိတို႔ဘက္သို႔ မည္သူမွ် လာေရာက္ျခင္း မရွိေၾကာင္းျဖင့္ ထြက္ဆိုၾက၏။

ပြဲေဈးတန္းထိပ္တြင္ အေစာင့္က်ေနေသာ ပုလိပ္မ်ားကို ေမးသည့္အခါ တြင္လည္း အက်ႌလက္ေမာင္းတြင္ ေသြးစြန္းေနေသာ လူတစ္ေယာက္ မိမိတို႔ ဘက္သို႔ လာေရာက္ျခင္း မရွိေၾကာင္းကို အေသအခ်ာ ထြက္ဆိုၾက၏။

ကြၽႏ္ုပ္တို႔သည္ ထိုအမႈကို စနစ္တက် အေသးစိတ္ စုံစမ္းႏိုင္သမွ် စုံစမ္း၏။ လူသတ္သမားသည္ အက်ႌႏွင့္ ရင္ဘတ္တို႔တြင္ ေသြးစြန္းေန သည္ဆိုလွ်င္ ထိုအက်ႌကိုလဲ၍ ထြက္သြားသေလာ။ သို႔ဆိုလွ်င္ သူ ့တြင္ လဲစရာ အက်ႌတစ္ထည္ အပိုပါရေပလိမ့္မည္။ ထို႔ျပင္ ထိုအက်ႌကို ဤအနီး အနားတစ္ဝိုက္တြင္ လ်င္ျမန္စြာ လဲရေပလိမ့္မည္။ သို႔မဟုတ္လွ်င္လည္း ထိုအက်ႌကို တစ္ေနရာတြင္ စြန႔္ပစ္ထားခဲ့ရလိမ့္မည္။ သို႔မဟုတ္ျပန္လွ်င္ လည္း ထိုအက်ႌကို ဝတ္ဆင္ထားဆဲ ျဖစ္ရေပလိမ့္မည္။

ကြၽႏ္ုပ္တို႔သည္ ဤျဖစ္ႏိုင္ခ်က္ သုံးခုကိုသာ စဥ္းစား၍ရ၏။ တရားခံ ကို ယခုတိုင္ ဖမ္းမမိေသးေခ်။

ကြၽႏ္ုပ္တို႔သည္ ဇာတ္႐ုံေနာက္ေဖးရွိ သူမ်ားအားလုံးကိုလည္းေကာင္း၊ မ်က္လွည့္႐ုံအနီးမွ လူမ်ားကိုလည္းေကာင္း၊ အံ့ပြဲျပသည့္ ႐ုံကေလးအတြင္း မွ လူမ်ားအားလုံးကိုလည္းေကာင္း၊ ရဟတ္အနီးရွိ လူမ်ားအားလုံးကို လည္းေကာင္း ေခၚယူစစ္ေဆးၾကည့္၏။ သို႔ရာတြင္ ထိုလူကို ျမင္လိုက္ရသူ ဟူ၍ တစ္ေယာက္မွ မရွိေခ်။

ကြၽႏ္ုပ္က စိတ္ပ်က္လက္ပ်က္ျဖင့္ ကိုစံေက်ာ္ဘက္သို႔ လွည့္၍…

“ကဲ…ကိုစံေက်ာ္၊ အပြဲပြဲ ႏႊဲခဲ့သမွ် ဒီပြဲမွာေတာ့ ခင္ဗ်ား ခံလိုက္ရၿပီ။ လူေတြကို လိုက္ၿပီး ဒုကၡေပးမေနနဲ႔ေတာ့၊ ခုပဲ ခင္ဗ်ား လူ ၃ဝဝ ေလာက္ကို စစ္ေဆးၾကည့္ၿပီးၿပီ။ ဒီလူကို ျမင္လိုက္တဲ့ လူဆိုလို႔ တစ္ေယာက္မွ မေတြ႕ေသးဘူး။ ပြဲေဈးႀကီးတစ္ခုလုံးက လူေတြကိုလည္း လိုက္ၿပီး စစ္ေမးမေန ဘူး။ လူသတ္သမားကို ျမင္ျခင္းျမင္လိုက္ရင္ ဒီနားတစ္ဝိုက္က လူေတြ * ျမင္လိုက္ရမယ္။ ပြဲေဈးထဲေရာက္မွေတာ့ သူ႔အဖို႔ အခ်ိန္ရသြားၿပီ၊ အဝတ္ အစားတို႔ ဘာတို႔ကိုလည္း ေျပာင္းလဲႏိုင္တယ္။ တစ္ေနရာရာကလည္း ပြဲေဈး တန္းအျပင္ဘက္ကို ထြက္သြားႏိုင္တယ္။ ခုေလာက္ဆို ခင္ဗ်ားေကာင္ အိမ္ျပန္ေရာက္ၿပီး ေအးေအးေဆးေဆး အိပ္ေနေရာ့မယ္။ ေနာက္ထပ္ လူေတြ ကို ေခၚမစစ္ပါနဲ႔ေတာ့”

ထိုစဥ္ မ်က္လွည့္ျပပြဲတြင္ လႊတိုက္ခံရမည့္လူ မွန္ေသတၱာထဲသို႔ ဝင္ ေရာက္လာသည္ကို ေငးၾကည့္ေနရာမွ …

“ကြၽန္ေတာ္ လက္မေလွ်ာ့ခ်င္ေသးဘူး ဆရာ။ ဒီနားတစ္ဝိုက္မွာ ပုန္းစရာ ဆိုလို႔ ဘယ္မွာမွ မရွိဘူး။ ဘယ္သူမွလည္း ဒီေလာက္လုံေအာင္ မပုန္းႏိုင္ ဘူး။ ပုန္းႏိုင္တဲ့လူဆိုလို႔ တစ္ေယာက္ပဲရွိတယ္။ လူသတ္သမားဟာ ျပစ္မႈ ကို က်ဴးလြန္ၿပီးတဲ့ေနာက္ ပုန္းတဲ့ေနရာကို ျပန္လာတယ္၊ ၿပီးေတာ့ ေသြးစြန္း ေနတဲ့ အဝတ္အစားေတြကို လဲပစ္ခဲ့တယ္။ ၿပီးေတာ့မွ သက္ဆိုင္ရာ အခန္း မွာ သူ ဝတ္ရမယ့္ အဝတ္အစားေတြကို ဝတ္ၿပီး ခပ္တည္တည္ ထြက္လာ တယ္”

ကိုစံေက်ာ္သည္ ဤသို႔ ေျပာကာ မ်က္လွည့္စင္ေပၚသို႔ တက္သြားၿပီး သူ႔အခန္းကို ထြက္ရန္ ေသတၱာႀကီးတစ္လုံးေပၚတြင္ အဆင္သင့္ ထိုင္ေန သည့္ လူခပ္ေသးေသး ခပ္ညႇက္ညႇက္လူကို သြား၍ ပခုံးပုတ္လိုက္ရင္း.

“ဟာ … ဒီက လႊျဖတ္ခံရမယ့္ ေသတၱာႀကီးထဲ ဝင္ပုန္းၿပီး အဝတ္အစား လဲဖို႔ေကာင္းတဲ့ ေနရာ ဒီ့ျပင္ ဘယ္မွာရွိပါေတာ့မလဲ ဆရာ” ဟု ေျပာေလ၏။

** ** **
စႏၵာမဂၢဇင္း၊ ဧၿပီ၊ ၁၉၈၆။