တောမှောက်တဲ့ည

Posted on

တောမှောက်တဲ့ည(စ/ဆုံး)

————————-

“မင်းကို ငါပြောတယ် …
တော ထဲမှာ မဟုတ်တာ မလုပ်ပါနဲ့လို့…”

“ခုတော့ တော်သေးတာပေါ့ ကွာ နောက်
မင်းမလိုက်တော့ နဲ့ ….”

ကိုသိန်းမောင် ဒေါ်သ ဖြစ်သည်က တစ်ကြောင်း
စေတနာဖြင့်ပြောလိုက်ခြင်းဖြစ်သည်။

ိကို သိန်းမောင် သည် တောလိုက်ခြင်းဖြင့်
နေထိုင်စားသောက်သည်

ဘိုးစဉ်ဘောင်ဆက် မိဘ လက်ထက်ထဲက
တော လိုက်၍ပင် အသက်ဝမ်းကြောင်း

ပြုလာခြင်းကြောင့် သူ့၏ လက်ထက်တွင်လည်း
တော လိုက်ခြင်း အလုပ်ပင် လုပ်သည်။

ဇနီး မယားနှင့် သားကို အလွန် ချစ်ရှာသည်
တော လိုက်ရာတွင်လည်း အလွန်ပါးနပ်သည်။

တော အကြောင်း တောစည်း
ထိုအရာများကိုလည်း သေခြာ လေ့လာ ကျွမ်း ကျင်
သူဖြစ်၍

ယခု သူနှင့် ပါလာသော အောင်တိုးအာ
အချိန်မှီ ကယ်လိုက်နိုင်သည်။

မဟုတ် ရင် အခု ချိန်လောက် ဆို အောင်တိုး
တစ်ယောက် ဘဝ နိဂုံး ချုပ်ငြိမ်း သွားခြေ လောက်ပြီ

တော ထဲ တောင်ထဲတွင် စောင့်ထိမ်း ရမဲ့ စည်းများ
အလွန်များပြားလှသည်။

အပြော အဆို အကုန် ပေါ့ ဗျာ အလေး အပေါ့ သွားခြင်းကအစ စည်းဖြင့်လုပ်ရသည်။

ယခု အဖြစ်မှာ အောင်တိုး တစ်ယောက်
စည်းမစောင့်ခဲ့တာလည်း မဟုတ် သူလည်း

စောင့်ထိမ်းခဲ့သည်။

သတိ တစ်ချက် လွတ်သွားသော
အမှားကြောင့် ယခုလို ဖြစ်ရသည်။

ကိုသိန်း မောင် တောမှောက်ဖူးသည်မှာ
ယခု တစ်ကြိမ်မဟုတ် နှစ်ကြိမ် ပင် မှောက်ဖူးသည်

တစ်ကြိမ်ဟာ သားကောင်ပစ်သော အလုပ် လုပ်သည်မှာ သိပ်မကြာ၍ စည်းများ မသိချင်းကြောင့် တစ်ကြိမ်တစ်ခါ မှောက်ဖူးသည်။

အချိန်မှာ နေဝင် ကာ မှောင်ရီ ပျိုး စ အချိန်ပင်
တော တစ်တော ဘက်မှ သားကောင်

ပစ်ကာ ကိုသိန်းမောင် ပြန်လာခဲ့သည်
လက်ထဲတွင်လည်း သေးငယ်သော သားကောင်

တစ်ကောင်ကို ကိုင်ကာ ရွာသို့ ပြန်လာ ခြင်းဖြစ်သည်
လာသည့် လမ်းအတိုင်းမပြန်ပဲ တစ်ခြား လမ်းမှ ပြန်လာခဲ့သည်။

တစ်နေရာ အရောက် ရေအိုင်တစ်ခု တွင် တောဝက်တစ်ကောင်

ရေသောက်နေတာ မြင်ရခြင်းကြောင့် လျှောက်နေသော
ခြေလှမ်းများမှာ ရပ်တန့်လိုက်သည်။

ကံဆိုး သည် အလား သစ်ကိုင်း ခြောက် ကျိုးကြကာ
တောဝက် မှ ထွက်ပြေးသွားသည်။

ထိုနေရာမှ ထကာ နောက် နေ့ည မှာ ထိုဝက်ကို
စောင့်ပီး ပစ် တော့မည် ဟုတွေးမှတ်ကာ လာခဲ့သည်။

နောက်နေ့ ရောက်သည်နှင့်
ညအတွက် ပြင်ဆင် စရာများ ပြင်ဆင်ထားသည်

စောင့်ကာ ပစ် ရမည်မို့ လင့်စင်ထိုးရမည်
ထိုကြောင့် ကြိုတင် ပြင်ဆင်ဖို့ အတွက် နေမဝင် ခင်

အချိန်လောက်ထဲက တော ထဲရောက်ကာ ထိုနေရာကနေ တောဝက်ကို ပစ်ဖို့ ပစ် ကွင်း ကောင်းလောက်သည့်

အပင်များရှာကာ လင့်စင် ထိုးထားလိုက်သည်။

အချိန် အားဖြင့် ရှစ်နာရီ လောက်ရှိချိန်တွင် ပါလာသော
ထမင်းထုပ်အား ဖြေ စားကာ စားပြီးသား ထမင်းထုပ်အား သတိမေ့စွာ

အောက်သို့ ပြစ်ချလိုက်မိသည်။

ညတွင်းပိုင် ထိ စောင့်နေခဲ့သည်
တောဝက် ထွက်လာသည့် အရိပ်အရောင် ပင်

မမြင်ရသေး စောင့်သည့်
ညဉ့်နက် သည့်ထက် နက်လာ ခဲ့သည်။

ကြည့်နေရင် တစ်ကြိမ်မှာ ခြုံပုတ် တစ်ခု လှုပ်သွားသောအရာကို မြင်လိုက်သည်

သေနတ် မောင်းကို ဖြေးညင်းစွာ ဆွဲတင်လိုက်သည်
ထို ခြုံ ပုတ်အား မျက်တောင်ပင် မခက် ကြည့်နေမိသည်။

အချိန်းအနည်းငယ် ကြာသည်နှင့်
ထိုခြုံ ပုတ်မှ အရာတစ်ခု ထွက်လာ ခဲ့သည်

ထိုအရာမှ ကျား တစ်ကောင်ပင် ထိုကျား ၏
ပါးစပ်တွင်လည်း အနက်ရောင် ဝတ်စုံ ဖြင့်

မိန်းမတစ်ဦးအား ကိုက်ချီထား သည်
ကိုသိန်းမောင် တစ်ယောက် ကြောက်စိတ်များ

ပင်အနည်းငယ် ဝင်သွားသည်
ထိုအရာ ဟာ သွေးရိုးသားဆိုးတော့ မဟုတ်ခြေ

အခုလို တောထဲမှာ လူတစ်ယောက်ကို
လွယ်ကူစွာ ကိုက်ချီ လာဖို့ ဆိုတာ မဖြစ်နိုင်

ရွာဖြင့်နီးရင်တောင် တစ်မျိုး တစ်ဖုံ တွေးလို့ ရသေးသည်
အခုလို တောကြီး မျက်မဲထဲမှာ လူတစ်ယောက်

မိန်းမတစ်ယောက်ဟာ ဘယ်နည်း နဲ့မှ
လူလိမ့်မည် မဟုတ် သူတစ်ခုခု ဖြစ်နေပြီ ဆိုတာသိနေခဲ့သည်။

အတွေးများသာ ဝင်နေပေမဲ့ သူအကြည့်ဟာ ထိုမြင်ကွင်းကနေ တစ်ချက်မှ မခွာ ပေ. …ထို့ကြောင့်

သူ စဉ်းစားလိုက်သည်
သေချာသည် အတွေး တစ်ခုပေါ်လာခဲ့သည်။

ညဦးပိုင်းမှာ သူ စားပြီးသား ထမင်းထုပ်အား
သတိလက်လွတ်စွာ မြေပြင်သို့ ပြစ်ချလိုက် မိသည်

သူတော မှောက်နေပြီ ဆိုတာ သိလိုက်သည်
ကျား မှာ ထိုမိန်းမ ကြီး၏ ဝမ်းဗိုက်ကို အရင် ဖောက်ကာ

စားနေသည်။

ကိုသိန်းမောင် တစ်ယောက် ဖြစ်ခြင်ရာ ဖြစ်ဟုတွေးကာ
သေနတ်ပြောင်းကို ကျား ဘက်ကို ဦးတည် လိုက်သည်

ပစ် ခွင်ထဲရောက်သည်နှင့် ပစ်ချလိုက်သည်
“ဒိန္​း….”

ကျယ်လောင်သော အငံကြောင့် အိပ်တန်းတက်နေသော
ငှက်များပင် ထပြန်ကုန်ကြသည်။

ထိချက်ကမှန်တော့ ကျားမှာ မြေပြင်ပေါ်သို့လဲကျသွားသည် ကိုသိန်းမောင် ဆင်းလိုပင် မရသေးခြေ

ဆင်းလိုက်ရင် နောက်ထပ် ဘာတွေဆက်ဖြစ်မယ်.ဆိုတာသူမတွေးတက်…ထို့ကြောင့် လင့်စင်ပေါ်မှာ သာ

နေရင်း တစ်ည ကုန်သွားသည်
မနက် မိုးလင်းလို့ အိက်နေရာမှ ထကာ မနေ့ညက

ပစ် လိုက်သော ပစ်ကွင်းအား ကြည့်ကာ
မျက်လုံးပြူ းသွားသည်။

မြင်ကွင်းမှာ မနေ့ညက တွေ့ရသည်က
မိန်းမတစ်ဦး ယခု တွေရသည်က တောဝက်တစ်ကောင် ဖြစ်သည်။

ဘေးတွင်လည်း ကျား တစ်ကောင် သေနေသည်
ထို ကျားဟာ သူလက်ချက်နဲ့ သေရသည်ကို သိသည်။

မနေ့ ညက သူတစ်ယောက် တောမှောက်တယ် ဆိုတာ
သေချာသွား သည် အနက်ရောင် ဂတ်စုံဝတ်ထားတဲ့ မိန်းမကြီးဟာ တောဝက်ဖြစ်နေသည်။

မနေ့ညက တွေ့ရသည်မှာ မိန်းမကြီး တစ်ဦး
ယခုလည်း အနက်ရောင် တေဝက်ဆိုတော့ သူတေမှောက်သည်ကို ကောင်းစွာသည့်လိုက်သည်။

လင့်စင်ပေါ်မှ ဆင်းကာ သေနေသော
သားကောင်များ နေရာသို့ သွားပြီး ကျားအား
ထားခဲ့ကာ ဝက်သာ ယူလာခဲ့သည်။

ရွာရောက်သည်နှင့် ရွာသား များ ကို
ကျား တစ်ကောင် သူပစ်လို့ တေထဲမှာ သေနေကြောင်း

စားချင်တဲ့လူတွေ သွားယူကြဟုပြောသည်
တကယ် တမ်းဆို မုတ်ဆိုး ချင် ပစ်လို့ မရခြေ

မုတ်ဆိုး ချင် ပြန်ပစ်ရင် သားကောင် သိပ်မရဟု
ဆိုသည် ယခုအခါတွင်လည်း ကိုသိန်းမောင်တစ်ယောက် သားကောင်မရသည့် နေရက်များ များသည်။

အရင်နေ့တွေက မှ မရဘူး ဆိူတောင် ယုန်တစ်ကောင်
လောက်တော့ ရသည်။

ချိန်လိုက်သည်တိုင်း တစ်ခုခုကြောင့်
လွဲချော်သွားသည် ။

ယခု တောမှောက်တာဟာ ပထမ ဆုံး အကြိမ်
ပင် ထိုသို့ ဖြစ်ပြီး ထဲက တောစည်းများကို သေချာ

စောင့်ထိမ်း သည်…နောက်မှ တစ်ဖြေးဖြေး ပြန်၍
တောကောင်ရသည်။

ယခုတွင်လည်း တောထက်မှောက်ပြန်သည်
တောလိုက်သည့် သက်တမ်းမှာ အဖော်ဖြင့် လိုက်သည်မှာ ယခုတစ်ခါပင် တစ်ခါထဲပင် တောမှောက်သည်

ယခုမှောက်သည့် ဟာ ကိုသိန်းမောင် လက်ဦးမှု့မရှိရင်
အောင်းတိုးတစ်ယောက် မတွေးရဲစရာပင်..။

တစ်နေ့ နေ့လယ် လောက် ကိုသိန်းမောင်
အနားယူနေချိန် အောင်တိုးရောက်လာသည်

“ကိုသိန်းမောင်…”
“ဟေ..ဘယ်သူတုန်း …”

“ကျနော် အောင်တိုးပါ…
ကိုသိန်းမောင် တောပစ် မထွက်ဘူးလား …”

“ထွက်မယ် ဒါပေမဲ့ ညအိပ်စောင့်ပြီး ပစ် ရမှာ”
“ဒီတစ်ခါ တောပစ် ထွက်ရင် ကျနော် လည်း လိုက်ခဲ့ခြင်တယ် ဗျာ …”

“ဟ…ကောင်ရ ဘာလုပ်ဖို့လိုက်မှာလည်း …
တော ဆိုတာ အန္တရာယ်များတယ် ကွ ….”

“နောက်ပြီး မဟုတ်တာတွေ လုပ်လို့ မရဘူး
ပေါက်ကရတွေ ရှောက်ပြောလို့ မရဘူး ”

“မလိုက်ချင်ပါနဲ့ ကွာ”

“လုပ်ပါဗျာ ကျနော် လိုက်ချင်လို့ပါ …
နောက်ပြီး ကျနော့် သမီးကလည်း အသားဟင်း များများ
စားချင်တယ် ….ဆိုလို့ နော် ”

“အမှား မဖြစ်အောင် ကျနော် နေပါ့မယ်..
နော် ခေါ်ပါ ”

“အေး အဲ့တာဆိုလည်း မနက်ဖြန် မနက် ဆယ်နာရီလောက်ထွက်မယ် ငါပြောတဲ့ အတိုင်းပဲနေ ဘာမဟုတ်တာမလုပ်လို့မရဘူး ….မဟုတ်ရင် မင်းရောငါရော

ဒုက္ခရောက်မယ် …ပြင်ဆင်ထား
သွားရမဲ့ခရီးဝေးတယ် တော နှစ်တော ကျော်ရမယ်”

တော သို့ ထွက်လာသည်မှာ ဆယ်နာရီကျော်လောက်ပင်
လမ်းမှာ တော နှစ်တော ကိုကျော်ဖြတ်ရသည်။

ညနေ နေဝင်ချိန်လောက်မှ ကိုသိန်းမောင်
ပစ်မှတ်ထား ရာ တောသိုရောက်သည်

ရောက်ရောက်ချင်း အပင်ကောင်းကောင်းရှာကာ လင့်စင်ထိုးလိုက်သည်။

“ကဲ ….အောင်တိုး ဒီမှာ ဝါးစစ်ဗူး နှစ်ဗူး..
တစ်ဗူးက ရေသောက်ဖို့ တစ်ဗူးက အပေါ့အပါး သွားဖို့”

“မမေ့နဲ့ အပေါ့သွား ချင်ရင် ဒီဝါးစစ်ဗူးထဲ ပေါက်ထည့်…
အရေးကြီးတယ်…”

“ဟုတ် …ဟုတ် ….”

ထမင်းထုပ်များ ဖြေစားကာ သေချာ သိမ်းသည်
အောက်သို့ပစ်ချလို့ မရသည်ကို ပထမ အကြိမ်ထဲက သိလိုက်ခြင်းကြောင့်ပင်..။

သားကောင် ထွက်အလာ စောင့်နေလိုက်သည်
သမင် ခြေရာ တွေ့ထားခြင်းကြောင့်ဖြစ်သည်

ရေအိုင်းနှင့်လည်း နီးသည်ကြောင့်
ရေသောက်ဆင်းမည်ဆိုတာ အတိကျ သိသည်။

“အောင်တိုး …အိပ်ချင်အိပ်…”
“ငါစောင့်နေလိုက်မယ်……”

“ရပါတယ် မအိပ်ချင်သေးပါဘူး …”
“အေး …အဲ့တာ ဆိုလည်း ငြိမ်နေအသာလေး…
သားကောင် ထွက်တော့မယ်.ညဉ့်နက်နေပြီ”

ကိုသိန်းမောင်တို့ နှစ်ယောက်
နေရာတစ်ခုကိုသာ ကြည့်နေကြသည်။

ထိုချိန် မီးရောင်သဲ့သဲ့လေး တစ်ခုကို
တွေ့လိုက်ရသည်….တဖြည်းဖြည်း မီးရောင်နီးကပ်လာသည်။

ရေနံဆီ မီးတိုင်ခွက်လေး ကိုင်ကာ မိန်းမတစ်ဦး လာနေသည်ကို အနီးရောက်မှ သဲကွဲစွာ မြင်လိုက်ရသည်

ထိုမိန်းမကို ကြည့်လိုက်သော အခါ
အောင်တိုး၏ မိန်းမပင် ဖြစ်နေသည်။

“ကိုအောင်တိုး …ကိုအောင်တိုး ….ရှင့်သမီး
နေအရမ်းမကောင်းဖြစ်နေတယ်…”

“ရှင် ကျမ နဲ့ အမြန်ဆုံးပြန်လိုက်ခဲ့ပါ….ရှင့်ကိုပဲ
သမီးကို မေးနေတယ် အမြန်ပြန်လိုက်ခဲ့ပါနော် ကျမနဲ့”

ကိုအောင်တိုး ပြာယာခက်သွားသည်
သမီးဇောဖြင့် ပြန်ဖို့ပြင်ဆင်သည်။

ထိုချိန် ကိုသိန်းမောင် စဉ်းစား လိုက်လိုက်သည်
သူတို့လာခဲ့သည့် ခရီမှာ တောနှစ်တော ဖြတ်ရသည်

မနက်ကနေ ထွက်တာ ညနေစောင့်မှ ရောက်တဲ့ ခရီး
မိန်းမသားတစ်ယောက်ဟာ ထိုအချိန်နဲ့ ဒီခရီးကို လာဖို့

ဘယ်လိုမှ မဖြစ်နိုင်ခြေ အမှား တစ်ခုဖြစ်ပြီ ဆိုတာသိလိုက်သည်။

“ကိုသိန်းမောင် ကျနော် ပြန်လိုက်သွား လိုက်မယ်နော်”
“အေး..အေး..လိုက်ချင်လည်း ပြန်လိုက်သွား ..
သတိလည်း ထား ဆင်းအုံး …”

ကို သိန်းမောင် သေနတ်မောင်းကို တင်လိုက်သည်
အောင်တိုး အောက်ရောက်ချိန်တွင်…..

“ဝေါင်….ဒိန်း….”

ကျား ဟိန်းသံနှင့် အတူ သေနတ်သံပါ ကြားလိုက်ရသည်
အောင်တိုး တစ်ယောက် ကြောက်လန့်ပြီး အပေါ်သို့ ပြန်တက်ပြေးလာခဲ့သည်။

“မင်းကို ငါပြောတယ် …
တောထဲမှာ မဟုတ်တာ မလုပ်ပါနဲ့လို့….”

“အခုတော့ တော်သေးတာပေါ့ကွာ….
မင်းဘာအမှား လုပ်လည်း …”

“ကျနော် မလုပ်ဘူး ကိုသိန်းမောင်…”

“သေချာ ပြန်စဉ်းစား မမှားပဲနဲ့ အခုလို မဖြစ်ဘူး…”
အခုမင်းမှား လို့သာ မင်းကို လုပ်ဖို့လုပ်တာ…

“နေအုံး ကိုသိန်းမောင် ကျနော် တံတွေးတော့ ထွေးမိတယ်…..”

“သေလိုက်ပါတော့ကွာ …အဲ့တာကြောင့် အခုလို
ဖြစ်တာပဲ…..”

“မင်းနောက် မလိုက်တော့နဲ့ကွာ….ငါသာ အသိမမြန်
မတွေးပဲ မင်းကို ဒီတိုင်းလွှန်ရင် မင်းတော့..သေပြီ”

“မင်းစဉ်းစား….ငါတို့ လာတာတောင်….
တောနှစ်တောဖြတ်ရတယ် မနက်ထဲကထွက်တဲ့ခရီး

ညနေစောင့်မှ ရောက်တယ် ….
ဒါကို မင်းမိန်မက ဒီအချိန်လောက်လေးနဲ့ ရောက်လာတယ်ဆိုတာ ဖြစ်နိုင်မလား စဉ်းစားကြည့်…”

“ဟုတ်ပါတယ် …ကျနော် လည်း သမီးဆိုပြီး..
ကြားလိုက်တော့ ပူထူပြီးမတွေးမိလိုက်ဘူး…ဘာပဲဖစ်ဖြစ်ကျနော် ကိုသိန်းမောင်ကို ကျေးဇူးတင်ပါတယ်”

မနက် ကြည့်သောအခါ ကျား တစ်ကောင်ပင်ဖြစ်နေသည်….ညက ကိုသိန်မောင် လက်ဦးမှု့ကြောင့်သာ

မဟုတ်ရင် အောင်တိုး ဘဝ နီဂုံး ချုပ်လောက်ခြေပြီ
ထိုအချိန်မှ စ၍ ကိုသိန်းမောင်လည်း တောပစ် အလုပ်ကို

သိပ်မလုပ်တေ့ပေ…………။

ညီကိုမောင်နှမတွေလည်း တောထဲသွားမယ်ဆို
သတိထားပြီး စည့်စောင့်ကြပါ ….အဓိက ကတော့

အပြောအဆိုနှင့် အပေါ့အပါး သွားသည်များကို
အထူး ဂရုစိုက်ပါ …

စာဖတ်သူများကို
လေးစားလျှက်

မင်းခသူ