ဒေလီယာနှင့်တွေ့ဆုံခြင်း

Posted on

ဒေလီယာနှင့်တွေ့ဆုံခြင်း(စ/ဆုံး)

——————————–

ရုတ်တရက်ထွက်ပေါ်လာသောအော်သံနှင့်အတူ
တိုက်ပေါ်မှပြုတ်ကျလာသည့်
ကောင်မလေးတဦးအား
လူများဝိုင်းအုံကြည့်၍နေကြသည်။

“အမလေး…လန့်စရာကြီး”

“ဟုတ်ပါ့… ကောင်မလေးသနားပါတယ်နော်”

“ရုပ်လေးကချောချောနဲ့ရယ်”

စသည့်တယောက်တခွန်းစကားများနှင့်
ဘေး၌ရပ်ကြည့်နေသောသူများမှလဲ
စိတ်မကောင်းဖြစ်၍နေကြလေ၏

ထိုတိုက်ပေါ်မှပြုတ်ကျလာသောသူမှာ
ဒေလီယာဖြစ်သည်။

“အမလေး.. သမီးရယ်..ဖြစ်မှ ဖြစ်ရလေ !
အဟင့် အဟင့်”

“တော်ပါတော့မနုရယ်.. ခုလိုဖြစ်သွားတော့လဲ
ဘယ်တတ်နိုင်မှာလဲဟာ.. ”

ဦးနိုင်မှဇနီးဖြစ်သူ မနု၏နဘေးသို့လာပြီး
နှစ်သိမ့်စကားဆိုလိုက်သည်။

“ဘေးဖယ်ပေးကြပါဗျ !
ဖယ်ပေးကြပါ ”

လူနာတင်ယာဉ်ကားများ
ရဲများ မူ့ခင်းသတင်းထောက်များအစရှိသည့်
လူများအစုံအလင်အခင်းဖြစ်ရာနေရာသို့
အနှေးနှင့်အမြန်ရောက်ရှိလို့လာခဲ့ကြသည်။

“ကဲ အားလုံးပြီးပြီဆိုတော့
အလောင်းကို သယ်လိုက်ကြရအောင်”

“ဟုတ်… ဆရာ ”

ယင်းနောက်အစုံအလင်
မှတ်တမ်းတင်ပြီးဒါနှင့်အလောင်းအား
စစ်ဆေးရန်သယ်သွားခဲ့ကြတော့သည်။

*************************

၅ရက်ခန့်ကြာပြီးနောက်
အလုံးစုံနာရေးများလဲပြုလုပ်ပြီးစီးပြီးဖြစ်သည်။

ထိုညတွင်အောင်မင်းဟုဆိုသောလူတဦး
အလုပ်မှအိမ်သို့ဤအခင်းဖြစ်ရာလမ်းမှပြန်လာစဉ်
လမ်းပေါ်၌ကောင်မလေးတယောက်
လှဲနေသည်ကိုတွေ့လိုက်ရသဖြင့်

“ဟ… ဘာလဲကွ
လမ်းပေါ်မှာကောင်မလေးတယောက်လှဲနေပါလား !
ဟေ့.. ဟေ့…ဟေ့”

အောင်မင်းခေါ်သော်လဲတုတ်တုတ်မျှမလူပ်။

“ဟာ… ဟေ့… ခေါ်နေတယ်မကြားဘူးလား
ဒီကောင်မလေးကတော့ကွာ”

ခေါ်သော်လဲအရာမရောက်။
ထို့ကြောင့်အောင်မင်းကောင်မလေးအားလက်ဖြစ်
လှမ်းဆွဲလိုက်လေသည်။

“အမလေး… သ.. သရဲ… သရဲဗျို့ ”

ဆွဲလိုက်သည်နှင့်လှည့်ကြည့်လာသော
ဒေလီယာကိုမြင်ပြီးအော်သံနှင့်အတူ
လုံးနေအောင်ပြေးပါလေတော့သည်။

*************************

ညဖက်အပြင်ထွက်မည်ဖြင့်၍ စစ်နိုင်တယောက်
ခြေလက်များဆေးလို့နေသည်။

ယခုညတွင်မန်ယူနှင့်အာကြီး ဘောလုံးပွဲရှိခြင်းကြောင့်ဖြစ်၏

မိခင်ဒေါ်နန်းကအိမ်၌သာကြည့်ရန်
ပြောသော်လဲစစ်နိုင်မှလက်မခံ။
ယခုလဲထွက်မကြည့်ရန်စစ်နိုင်အားထပ်၍ပြောလေ၏

“”သားရယ်…အိမ်မှာပဲကြည့်ပါလားသားရဲ့”

“ကြည့်ဒါကကြည့်ပါတယ် အမေ
ဒီညပွဲကောင်းတော့ ဇေမင်းနဲ့ကြည့်ဖို့ချိန်းထားလို့ပါ”

“အေးအေး ပြောလို့မရလဲသွားပေါ့
ရန်တွေဘာတွေတော့ဖြစ်မလာနဲ့နော်သား
အမေအက်တခုတော့လက်မခံဘူး ”

“စိတ်ချပါ အမေ ”

“ဒါနဲ့ ဘယ်အချိန်ပြီးမှာလဲ မင်းဘောလုံးပွဲက ”

“ဟိုဟာလေအမေ !
စမှာက ၁၀နာရီဆိုတော့ ၁၂နာရီကြရင်ပြီးပြီ”

ထိုအခါဒေါ်နန်း ဘာတခုမှဆက်၍ပင်မပြောတော့။

********************************

“သား ထမင်းစားပြီးမှသွားပါလား ”

“တော်ပါပြီမေမေ… သားပြန်လာမှပဲစားတော့မယ်”

အချိန်ကား ည ၉နာရီခွဲရှိနှင့်နေပြီဖြစ်၍
စစ်နိုင်အိမ်မှကားဖြစ်ထွက်လာခဲ့လိုက်သည်။

“မေမေ သွားပြီနော် ”

စစ်နိုင်နှင့်ဇေမင်းသည်ကျောင်းကတည်းက
ခင်ကြသူများဖြစ်သည်။

မိဘအချင်းချင်းလဲခင်မင်ရင်းနှီးနေကြသဖြင့်
တဦးနှင့်တဦးကပြောစရာသိပ်မလို
အချင်းချင်းနားလည်မူရှိကြသည်။

ချိန်းဆိုထားသောဆိုင်လဲရောက်ပြီမို့
ကားပါကင်၌ကားကိုရပ်ပြီး
ဇေမင်းဆီသို့စစ်နိုင်phခေါ်လိုက်လေ၏

“အေး ရောက်ပြီလား ဇေမင်း”

“ရောက်တော့မယ်စစ်နိုင် သိပ်မလိုတော့ဘူး ကွ”

“အေ အေ ငါအရင်ရောက်လို့ phဆက်လိုက်ဒါ ”

“အေး အေး ငါမကြာဘူး စစ်နိုင်”

ထို့နောက်phအားချပြီးဆိုင်အတွင်းသို့ဝင်လိုက်လေ၏
ချိန်းဆိုထားသောဆိုင်မှာ ဘီယာဆိုင်ဖြစ်သည်။

“ညီမ ဘောလုံးပွဲရှိတယ်လေဒီည အက်ဒါမပြဘူးလား ”

ကောင်ဒါ၌ထိုင်နေသောကောင်မလေးတဦးအား
စစ်နိုင်မှလှမ်းမေးကြည့်လိုက်သည်။

“ဟုတ်လား အကို ”

“အင်းလေ ”

“ဟုတ် ပြမာအကို ”

“ဒါဆို ok ”

“ဒါနဲ့အကို ဘာသောက်အုံးမလဲ”

“အင် ! မြန်မာတကြားလောက်ချပေး ”

မြန်မာဘီယာတကြားမာပြီးဆိုင်အတွင်း
အရင်ဆုံးစစ်နိုင်ထိုင်နှင့်နေလိုက်သည်။
သိပ်မကြာမီဆိုင်သို့ဇေမင်းလဲရောက်ချလာလေ၏

“ဇေမင်း… ငါဒီမှာ ”

ဆိုင်အတွင်းဝင်လာသောဇေမင်းကို
စစ်နိုင်မှလက်ရမ်းပြလိုက်သည်။

“ထိုင်ကွာ ! ဟေ့… ဖန်ခွက်နောက်တလုံးလောက် ”

“ဟုတ် အကို ”

ယင်းနောက် ဘီယာလေးသောက်ရင်းဘောလုံးပွဲအား
နှစ်ဦးသား အပီအပြင်အားပေးလိုက်ကြလေ၏

“ဟာကွာ.. အတော့်ကိုအတုံးမကျဒါ ”

“ဟ ဟ ဟ !

ဂိုး…ဂိုး… ”

“ဒါမှ ရက်ဒ်ဖို့စ်ကွ ”

ဆိုင်အတွင်းပိုင်းတခုလုံးအားပေးသည့်အသံများ
လွှမ်းခြုံ၍နေလေတော့သည်။
ထို့နောက်အချိန်လဲည၁၂ထိုးရန်သိပ်မလိုတော့ချေ။

” ဟေ့… ဟေ့… မပြီးခင်လေးနောက်တလုံး ”

“ဟာ… ပြီးသွားပြီကွာ ”

၄င်းညတွင်မန်ယူကအာကြီးအားနှစ်ဂိုး.ဂိုးမရှိဖြင့်နိုင်လေ၏

***********************

“စစ်နိုင်ပြန်ကြစို့ကွာ ”

“အေကွာ”

စစ်နိုင်နှင့်ဇေမင်းလဲကားတစီးကိုယ်စီဖြင့်
ဆိုင်အထွက်၌ပင်လမ်းခွဲလိုက်ကြသည်။

“အေ ပြန်ပြီ စစ်နိုင်”

“ဟုတ်ပြီ ဇေမင်း ”

နူတ်ဆက်စကားဆိုရင်းစစ်နိုင်လည်းထွက်လာခဲ့လေ၏

ယင်းအချိန်တိုက်ကြီးတတိုက်ပေါ်မှလူတဦး
စစ်နိုင်မောင်းလာသောကားရှေ့သို့ပြုတ်ကျလာခဲ့သည်။
ထိုအရာကိုမြင်ပြီးစစ်နိုင်ကားအား
အချိန်မီရပ်လိုက်တော့လေ၏

” ဝှီး… ဘုတ် ”

“ဟ. .. ဘာ ဘာကြီးလဲကွ”

သောက်ထားသောဘီယာမှာလဲ
ဘယ်ရောက်လို့ဘယ်ပေါက်မှန်းမသိ။
စစ်နိုင်လန့်ဖျက်သွားခဲ့သည်။
ကားအတွင်းမှတန်းမထွက်ပဲရှေ့သို့သာ
စိုက်ကြည့်၍နေလိုက်လေ၏

ပြုတ်ကျလာသောအရာသည်
မည်သည့်အသံတစုံတရာမှမကြားရ။
ကားပေါ်မှဆင်းကြည့်မည့်အလုပ်တွင်
ငိုသံတသံမှရုတ်တရက်ထွက်ပေါ်လာလေ၏

ထို့နောက်ချထားသောခြေတောက်ကို
ကားပေါ်သို့အမြန်ပြန်တင်ပြီး

“ဟာ… ငိုသံပါလား
ဒါ..ဒါသွေးရိုးသားရိုးတော့ဘယ်နည်းနဲ့မှမဖြစ်နိုင်ဘူး
ဒီအချိန်ကြီးမှ ! မဟုတ်မှလွှဲရော
သ… သရဲများလား ”

အတွေးများစွာဖြင့်စစ်နိုင်တယောက်
ပူပန်သောကများရောက်ရှိလို့နေတော့လေသည်။

” အဟင့်.. အဟင့်..အဟင့် ”

ကားစက်ခေါင်းကဖုံးနေသဖြစ်ရှေ့ကိုစစ်နိုင်မှလှမ်းမမြင်။
ငိုသံကိုပဲထပ်တလဲလဲကြားနေရသည်။

“အဟင့်…အဟင့် ”

“ဟေ့…ဘာလဲကွ”

တဖန်ကားပေါ်မှနေ၍လေသံခပ်မာမာဖြစ်
လှမ်း၍အော်ပြောလိုက်လေ၏
ထိုအခါငိုသံကရုတ်တရက်သိပ်သွားပြီး

“အ.. အကို
ကယ်.. ကယ်ပါအုံး
ကျွန်မကို ”

“ဘာ.. ဘာကို
ငါက.. ကယ်.. ကယ် ရမှာလဲ”

“ကျွန်မနာမည်က ဒေလီယာပါ ”

သို့ဖြစ် စစ်နိုင်အားအကြောင်းစုံပြောပြလေတော့သည်။

ယင်းစကားကြားပြီးစစ်နိုင်လည်းအတော်
စိတ်မကောင်းဖြစ်သွားခဲ့ရသည်။
သို့သော်ကြောက်သည့်စိတ်ကမပျောက်သေး။

“အေ.. အေ ငါ.. ငါ ကူညီမယ် ဟာ
ငါ မ… မနက်ဖန်ကျ အမျှအတန်းတေ
အကုန်လုပ်ပေးမယ် ဟုတ်ပြီလား !
ခု ခုတော့ငါ့လမ်းရှေ့က
မ..မပိတ်ပါနဲ့တော့ ငါ ကြောက်လို့ပါ ”

” ဟုတ်… အကို ”

ထိုသို့ပြောပြီးဘာတခုမှစစ်နိုင်မကြားရတော့ချေ။

ထိုမှသာကားတံခါးကိုဖွင့်ပြီးဆင်းလာခဲ့လိုက်သည်။

ကားရှေ့၌တွေ့ရသောအရာကိုမြင်ပြီးစစ်နိုင်မျက်လုံးများပြူးသွားလေ၏

” ဟာ… သွေး.. သွေးအိုင် ”

မြေပြင်မှသွေးအိုင်ကိုမြင်ပြီးစစ်နိုင်ကားပေါ်သို့
အမြန်ပြန်တတ်ခဲ့လိုက်သည်။
ကားကိုစက်အမြန်နိူးပြီးမောင်းရန်အလုပ်
ကားရှေ့မှန်ပြင်ပေါ်၌ဆံပင်များကျဆင်း၍လာခဲ့လေ၏

“အ.. အ..အမေ ”

ကြောက်ကြောက်လန့်လန့်နှင့်စစ်နိုင်အမေဟု
ခေါ်သံအားပဲ့တင်ထပ်အောင်အော်ဟစ်ပစ်လိုက်သည်။

ထို့နောက်ကားတံခါးကိုအမြန်တွန်းဖွင့်ပြီး
ကားပေါ်မှအမြန်ဆင်းပြေးလာခဲ့တော့လေ၏

ကားပေါ်မှဆင်းပြေးလာသည်နှင့်
အနောက်သို့လှည့်ကြည့်မနေပဲပြေးလာလိုက်ရာ
လမ်းအကွေ့တနေရာအရောက်တွင်
စစ်နိုင်လည်းသိချင်ဇောဖြင့်အနောက်သို့
တချက်လှည့်ကြည့်မိလိုက်သည်။

ထိုအချိန်သရဲမမှာကားခေါင်မိုးပေါ်၌ထိုင်ကာ
မျက်နှာမှာဖြူဖတ်ဖြူရော်နှင့်စစ်နိုင်အားလှမ်းပြီး
ရီပြ၍နေတော့လေ၏

ပြီးပါပြီ ရေး~လရိပ်ချို