နတ်ကတော်အန်တီသန်း(စ/ဆုံး)
————————
“အန်တီသန်း၊ အန်တီသန်း၊ ထပါဦး”
“ဟဲ့၊ မို့မလင်းသေးဘူး၊ ဘာများဖြစ်လို့လဲ၊ အရေးတကြီး၊ငွေခင်”
“ကျုပ်တို့အိမ်ရှေ့ကရေတိုင်ကီအုပ်ထားတဲ့သွပ်ချပ်အသစ်တွေဘယ်သူမသွားမှန်းမသိလို့၊”
“အဲဒါအန်တီသန်းများတွက်ပေးလို့ရမလားလို့”
“နေဦးအေခန၊ငါမျက်နှာသစ်လိုက်ဦးမယ်၊ အပေါ်တက်ကြအေ”
ခြံ၀င်းလေးထဲမှ၊ရေချိုးရန်စဥ့်အိုး၊ရေတိုင်ကီနှင့်ကျောက်ပြားခင်းထားသောနေရာသို့သွား၍အန်တီသန်းမျက် နှာသစ်လိုက်သည်၊ ငွေခင်နှင့်သူ့အမေလည်းအန်တီသန်းအိမ်ပေါ်သို့တက်လိုက်ပြီးဧည့်ခန်းရှိဆက်တီပေါ်တွင် ထိုင်စောင့်နေကြသည်၊
ထိုအခိုက်အန်တီသန်းအိပ်ခန်းထဲမှ အမျိုးသားတစ်ယောက်ထွက်လာလေသည်၊ ခပ်ငယ်ငယ်၊ အသားဖြူဖြူ၊ ရုပ်ရည်သင့်တင့်နှင့်ကြည့်ကောင်းသူတစ်ဦးဖြစ်သည်၊ ထိုသူကပြုံးပြနှုတ်ဆက်ပြီးသူလည်းမျက်နှာသစ်ရန်သွားလေသည်။
ငွေခင့်အမေဒေါ်မူက
“ဘယ်သူလဲ၊ အရင်အန်တီသန်းနဲ့တူတူနေနေတဲ့ကောင်လေး ဖိုးဇေလည်းမဟုတ်ပါလား”
“အိုသမီးလည်းဘယ်မသိပါ့မလဲအမေ၊”
“ဒါကသူ့အမျိုးဘဲလား”
“ဘယ်ကလာသူတွဲနေကြတွေဘဲဖြစ်မှာပေါ့”
“အေးလေ၊တူတွေ၊တူတွေဆိုပြီးတစ်ယောက်ပြီးတစ်ယောက်ရောက်ရောက်လာတာဘဲ”
“တော်တော့အမေ၊ ဟိုမှာအန်တီသန်းလာပြီ”
မျက်နှာသစ်ပြီးတက်လာသောအန်တီသန်းကမျက်နှာကို မျက်နှာသုတ်ပု၀ါဖြင့်အသာအယာလေးတို့ကာတို့ ကာသုတ်လိုက်ရင်း
“ကဲပြောကြအေ၊ ဘာဖြစ်တာလဲ၊မနက်အစောကြီးရှိသေးတယ်၊ ကျုပ်ကအလုပ်သွားရဦးမှာ”
“ဟုတ်တယ်လေ၊ဒါကြောင့်မသွားခင်မှီအောင်လာလိုက်တာ”
“အနိတီသန်းရယ်၊ ကျုပ်တို့ရပ်ကွက်အကြောင်းလဲသိသားနဲ့၊ အမှန်ကကျုပ်သတိလစ်သွားတာ၊။ ရေတိုင်ကီကိုသွပ်ချပ်အသစ်တွေအုပ်ထားတာ၊အခုမနက်ကြည့်တော့မရှိတော့ဘူး၊အန်တီသန်းကိုဘယ်သူယူသွားလည်းမသွားခင်ကြည့်ပေးပါလို့”
“ဒီရပ်ကွက်ထဲမယ်၊ ယူသွားပြီးရှိပါ့ဦးမလားအေ၊သွားရောင်းလိုက်ရောပေါ့, တစ်ကျပ်ရရ၊နှစိကျပ်ရရ”
“ဟုတ်တယ်လေ၊ ဒါပေမဲ့၊အန်တီသန်းကဘယ်နေ့သားဘာသာပြောလို့ရရင်၊ ငေွခင်တို့လည်းမှန်းလို့ရတာ ပေါ့၊ ဒင်းတို့ကိုပညာပေးချင်လို့”
“ညည်းတို့ကလည်း၊ဒါကျကျုပ်အားကိုးတယ်ပေါ့”
ထိုအချိန်တွင်ခုနကခပ်ချောချောတစ်ယောက်လဲမျက်နှာသစ်ပြီး၍အိမ်ပေါ်တက်လာလေရာ
“ကိုထွန်း၊ပဲပြုတ်နံပြားနဲလက်ဘက်ရည်မီးဖိုချောင်ပေါ်မှာအဆင်သင့်ဘဲနော်၊ သောက်လိုက်ဦး၊ ဆာနေဦးမယ်’
ဟုကနွဲ့ကလျလှမ်းပြောနေရာအမေနဲ့ငွေခင်တို့လည်းမျက်ရိပ်မျက်ချေပြလိုက်ကြသည်၊
ထိုရည်ရည်မွန်မွန်ပုံအမျိုးသားက
“ဟုတ်ကိုမောင်သန်း” ဟုပြောကာနောက်ဖေးဘက်၀င်သွားသည်၊ အန်တီသန်းကလဲမည်သူမည်၀ါမပြော သလို၊ငေွခင်တို့လည်းမမေးပါ၊
ငွေခင်တို့အတွက်အန်တီသန်းက စာရွက်တစ်ရွက်ထုတ်ရေးခြစ်တွက်ချက်သလို ဘုရားစင်ဘက်သို့လှည့်ကာ ဦးတိုက်ဆုတောင်းရွတ်ဆိုနေသည်မို့စိတ်ရှည်စွာစောင့်နေကြပါသည်၊ အန်တီသန်း၏ဘုရားစင်ကအကြီးကြီး ဖြစ်သည်၊ ဘုရားရုပ်တုတော်ကထိပ်ဆုံးကစင်ပေါ်တွင်ရှိပြီးအောက်ဖက်တွင်မူ ၃၇မင်းနတ်ရုတ်အစုံရှိသည့် အပြင်ဘုရားပွဲအမျိုးမျိုးကိုလည်းပေးထားသည်ဖြစ်ရာ အိမ်ခေါင်းရင်းဖက်တခြမ်းလုံးအပြည့်ဖြစ်လေသည်၊
အန်တီသန်းကငွေခင်တို့ဖက်လှည့်လာပြီးနောက်
“လူရင်းထဲကဘဲ၊ တနလ်ာသား၊ ထင်တဲ့သူရှိလား၊”
“လူရင်း၊တနလာ်သား”
“ကျော်ကျော်တစ်ယောက်တော့တနလ်ာသားလေ”
ကျော်ကျော်ကငွေခင်တို့မောင်နှစ်၀မ်းကွဲ၊ ဟိုလက်လမ်းမှာနေသည်၊ ဆေးလိပ်သောက်၊အရက်သောက်၊ဖဲချ အလုပ်မလုပ်သဖြင့်ငွေခင်တို့အဒေါ်ကတခါတခါသူ့ကို “နင်သေမှအေးမည်”ဟုပြောတတ်သည်၊
“ဆွေမျိုးထဲကဘဲလုပ်တာ၊ တနလာ်သား၊ “
“ဟုတ်လား၊အမေသန်းသူ၀န်ခံအောင်ဘယ်လိုလုပ်ရမလဲ၊”
“အိုအေကျီးကန်းကို အစာကျွေးလိုက်၊ ပြီးရင်သူလာခဲ့ရင်”
“နင်လုပ်တာငါတို့သိတယ်၊အမြန်၀န်ခံ၊မခံရင်၊ မလွယ်ဘူးမှတ်လို့သာပြောလိုက်၊ သူ၀န်ခံလာလိမ့်မယ်”
အန်တီသန်းကတော့အခိုင်အမာကြီးကိုပြောနေသည်၊
“ဟုတ်အန်တီသန်း”
ငေွခင်တို့သားအမိလည်း၊ သွပ်ချပ်ပျောက်တာအပြင် အန်တီသန်းကို ငါးကျပ်တမတ် ကန်တော့ပြီး နှုတ်ဆက်ခါပြန်ချိန် အိမ်ဖိနပ်ချွတ်အရောက်
“အထွန်းလေးရယ်၊ စားလို့မှ အဆင်ပြေရဲ့လား” ဟူသောအန်တီသန်း၏ပတ်ချွဲနှပ်ချွဲ အသံကြီးကို ကြားလိုက်ရလေတော့သည်၊
၂)
အန်တီသန်းအမည်ရင်းကကိုမောင်သန်းဖြစ်သည်၊ သူက နတ်ကတော်တော့လည်းမဟုတ်၊ အိမ်တွင် နတ်ပေါင်းစုံကိုးကွယ်ကာ အချိန်တန် လျင် အမြဲနတ်ကနားပေးသည်၊ သို့နှင့်ပင်သူ့ကို နတ်ကတော် အန်တီသန်းဟုအမည်ပေးထားခြင်းသာဖြစ်သည်၊ သူ့တွင်အလုပ်ရှိသည်၊ သူ့အလုပ်ကလက်သမား၊ သူ့ကိုယ်ပိုင်အိမ် လေးရှိသည်၊ ခက်တာကသူက အမျိုးသားများကိုသာ သဘောကျသည်၊ သူသဘော ကျလျင်လည်း သူက ပေးသည်၊ ကျွေးသည်၊ သူ့အိမ်တွင် သူနှင့်အတူနေ အမျိုးသားများ ထည်လဲရှိသည်၊ အချို့လည့်းနှစ်ပေါက် နေသည်၊ အချို့လည်းသုံးလေးငါးလ၊သူ နှင့်အကြာဆုံးအတူနေခဲ့သော အမျိုးသားမှာကိုမောင်တိုးဖြစ်သည်၊ သူတို့အတော်ကြာ အတူနေပြီးနောက်ကိုမောင်တိူးမိန်းမယူ သွားသောကြောင့် အန်တီသန်း အတော်လေး ခံစား လိုက်ရသည်၊ နောက်မကြာပါ၊ ကိုမောင်တိုးနှင်းဆင်ဆင် အမျိုးသားတစ်ေယောက် သူ့အိမ်ပေါ် ရောက်လာပြန်သည်၊ ပြောရလျင် အခြောက်မများကဲ့သို့ပုံ လုံးလုံးပြောင်းသည်လဲမဟုတ်၊ သို့သော် သူက လိင်တူ သဘောကျသူသာဖြစ်ပေသည်၊ သူ့ဆွေမျိုးများက သူထိုကဲ့သို့ဖြစ်နေသည်ကိုသဘောမကျ သောကြောင့် အခေါ်အပြော သိပ်မလုပ်ရဟုသိရလေသည်၊
အန်တီသန်းကသူ့ကို ကိုမောင်သန်းဟုခေါ်လျင်မကြိုက်၊ သူကတခါတခါ သူ့အိမ်မှာဆောင်းဘောက်တွေဖွင့် နတ်ဒိုးသီချင်းတွေနှင့် ရပ်ကွက်ထဲမြိုင်အောင်လုပ်သည်၊ ရပ်ကွက်ကလည်းဆင်းရဲသားရပ်ကွက်မှာ သူ့အိမ်က သပ်သပ်ရပ်ရပ်၊ သူကဘဲတကယ်တတ်၍လား၊ သူ့အတွက်အချက်မှန်သလား၊ ၃၇မင်း စောင့်ရှောက် သည်ထင့်၊သူဗေဒင်တွက်ပေးလျှင်မှန်သည်ကများသည်၊ ရပ်ကွက်ထဲကြက်ပျောက်ငှက်ပျောက်၊ထမီပျောက် ကအစ၊ ကလေးနာမည်ပေးကင်ပွန်းတပ်အဆုံး၊ သူနှင့်သူ့နတ်မင်းများကိုမေးကြမြန်းကြရင်း ကိုမောင်သန်းဟု မည်သူမျှမခေါ်ကြတော့၊ အန်တီသန်းသာဖြစ်ကုန်တော့သည်၊ သူကလည်းကျေနပ်လေသည်၊ ဘာမေးမေး သူကဖြေနိုင်သောကြောင့် ကန်တော့သူများလည်းရှိ၊ ဗေဒင်ဘာညာလည်းတွက်လေရာ အန်တီသန်း တစ်ယောက် စား၍မကုန်ငွေပိုငွေလျံရှိသူတစ်ယောက်လည်းဖြစ်လေတော့သည်၊
ခုလည်းကြည့်လေ၊ ဘာမဟုတ်သည့်သွပ်ပျောက်တာတောင်သူ့ကိုလာမေးရသည်၊
၃)
ငွေခင်တို့လည်းတနလ်ာသားလူရင်းဆိုတာကြီးကိုစွဲနေကြသည်၊ လူတွေအရင်းဆိုတော့စဥ်းစားတော့လည်း ကျော်ကျော်တစ်ယောက်ဘဲစိတ်ရောက်နေသည်၊ ဒါနဲ့ဘဲအန်တီသန်းပြောသလို ကျီးကန်းကို အစာကျွေး လိုက်သည်၊
တစ်ရက်တော့ကျော်ကျော်တစ်ယောက်ပေါက်ချလာသည်၊
အသစ်စက်စက်သွပ်နှစ်ချပ်နှင့်ဖြစ်သည်၊ ငွေခင့်အမေက
“ဟဲ့ကျော်ကျော် ဒီသွပ်တွေကဘာလဲ”ဟုမေးရာ
’ဟိုနေ့က အရီးတို့သွပ်ကို ယူသွားပြီးရောင်းသုံးလိုက်တာ၊ဒီနေ့တော့ကျုပ်နိုင်လို့ အသစ်လာပြန်ဆပ်တာ” တဲံ
“ဟဲ့၊ နင်အဲ့ဒီလိုလုပ်လို့ရလား၊ ဒါတောင်ငါတို့ရဲမတိုင်လို့လေ”
“မတိုင်ဘူးဆိုတာသိတယ်လေ၊ ဒါလေးနဲ့ရဲတိုင်ရင်ပိုတိုင်ပတ်နေမှာပေါ့၊ ယူသွားကထဲကလည်း၊ ကျုပ်က ပြန်၀ယ်ပေးမယ်လို့စိတ်ကူးပြီးသားပါ”
ငေွခင်စိတ်ကတော့ အင်းအန်တီသန်းနာမည်ကြီးတာလဲမှန်သားဘဲ၊ ငွေခင်တို့ကခုမှမေးဘူးတာ၊ ဒါကြောင့် သူ့အိမ်မှာ အမြဲလူတွေ၀င်ထွက်မေးနေကြတာကိုးဟုတွေးမိသည်၊
ကျော်ကျော်ဆိုတော့ကခ နဲ့မှည့်တာမို့တနလာ်မှန်ပေသည်၊ သေချာအောင်
“ဒါနဲ့ကျော်ကျော်နင်ဘာနေ့သားလဲ”
“တနလျာသားလေ”တဲ့
ဟုတ်ပေသားပဲ၊ အန်တီသန်းဘယ်လိုတွေတောင်တော်နေသည်မသိပေ၊ ဒက်ထိမှန်သည်ကိုး၊
ကျော်ကျော်ကိုတော့နောက်ကို အသိပေးပြီးမှလုပ်ဖို့၊ရုံးရောက်ဂတ်ရောက်ရောက်သွားနိုင်ကြောင်း၊ လောင်းကစားကိုလည်းမလုပ်ဖို့စသည်စသည်ဆုံးမလွှတ်လိုက်ရလေသည်၊
ငွေခင်လည်း အန်တီသန်းကို အထင်ကြီးသွားမိတော့သည်၊
၄)
တစ်ရက်တော့အန်တီသန်းရပ်ကွက်လူကြီးအိမ်သို့ရောက်ချလာသည်၊
“ခုခေတ်လူတွေများမကောင်းပါဘူးအေ၊ ရပ်ကွက်လူကြီးရေကူညီပါဦး”
“အန်တီသန်းဘာဖြစ်လို့လဲ”
“ရဲစခန်းသွားမလို့၊ ဒီကိုအရင်လာပြောတာ၊လိုက်လိူ့အဆင်ပြေသူလိုက်ပေးပါဦး”
“ဒီမနက်၊ အိပ်ရာကနိုးလာတော့လေ”
အန်တီသန်းပြောရင်းနှင့်မျက်ရည်များကျလာသဖြင့်ဆက်မပြောနိုင်ဖြစ်နေသည်၊ ကျန်သူများကလည်း စိတ်ရှည်လက်ရှည်နှင့်နားထောင်နေကြသည်၊
“အထွန်းလေးမရှိတော့ဘူး၊”
“အောလွန်ခဲ့တဲ့တစ်လကမှ၊ အန်တီသန်းနဲလာနေတဲ့ဟိုလူချောလား”
“ဟုတ်တယ်လေ၊သူကစာရေးထားခဲ့တယ်၊သူထွက်သွားပြီတဲ့၊ သူ့ကိုလိုက်မရှာနဲ့ပေါ့၊ ငါသူ့ကိုကောင်း ကောင်ထားတယ်၊ ပျော်အောင်ထားပါတယ်၊”
“ဟုတ်ကဲ့”
“ဒါနဲ့ရဲစခန်းက”
“ခုကသူထွက်သွားလို့ပူတာကတမျိုး၊ ငါစုထားတဲ့၊ ငွေတွေထည့်ထားတဲ့အထုပ်ကြီးမရှိတော့ဘူးလေ၊အဲဒါ ကြောင့်ရဲစခန်းသွားတိုင်မှာ”
“အော်အဲ့လိုလား၊တိုင်ရင်လဲတိုင်တာပေါ့၊ လိုက်ပေးပါ့မယ်၊သူဘယ်မှာနေလဲသိလား၊”
“မသိဘူး၊ သူနဲ့ငါကရန်ကုန်ဘူတာကြီးမှာဆုံတာ၊သူမြစ်ကြီးနားကို အလုပ်ရှာသွားမှာကို၊
အိမ်ခေါ်လာခဲ့တာ၊ “
“သူ့ကို ဧည့်စာရင်းတိုင်တုန်းကမှတ်ပုံတင်မပါဘူးလား”
“မပါဘူး၊ သူ့ကိုတိုင်ပေးတဲ့မှတ်ပုံတင်ကဟိုအရင်ကောင်တွေပြန်သွားတော့ကျန်ခဲ့တဲ့တစ်ခုနဲတိုင်တာ”
“အော်အန်တီသန်းရယ်”
“ရဲစခန်းသွားလဲလိုက်ဖို့တော့ခက်နေပီရော၊ ခင်ဗျားပြောတော့တူဆို”
“ထားလိုက်ပါတော့”
“ဒါနဲ့အန်တီသန်းပညာနဲ့အန်တီသန်းနတ်မင်းကြီးတွေကို ရှာခိုင်းရင်ရော၊ ရပ်ကွက်ထဲ အန်တီသန်းအမြဲလုပ်ပေးနေကြကို၊ ရဲစခန်းသွားဘို့လိုလို့လားဗျ”
“ ဟဲ့ ငါ့နတ်တွေကငါ့ကိုကျမကူဘူး “ တဲ့
ဟုတ်လားဗျာ၊ ဗေဂျိ၊
၂/၆/၂၀၂၃