နောက်မမိုက်တော့ပါ(စ/ဆုံး)
—————————
” ဒီခြံကြီးထဲ ငါဆက်ပြီး အလုပ်လုပ်စိတ်ချင်စိတ်မရှိတော့ဘူးကွာ ၊ ထွက်တော့မယ်……”
တိုးဝေ က ငြီးရင်းဆိုလေ၏….
ကျွန်ုပ်လည်း တိုးဝေနဲ့ အတူတူပင် ဒီခြံကြီးထဲမှာ ဆက်လုပ်လိုစိတ် မရှိတော့ပါ…..
သို့ပေမဲ့ သူဌေးဆီက ကြိုတင်ယူထားတဲ့ ငွေကလည်းရှိနေတော့ မလုပ်ချင်ဘူးပြောပြီး ထွက်ရအောင်လည်းအခက် ၊ ဆက်လုပ်နေရင်လည်း အဆင်ကမပြေနဲ့ အခက်ကြုံနေရလေသည် ။
ကျွန်ုပ်နဲ့ တိုးဝေ ဒီခြံမှာ ရာဘာခြစ်သမားအဖြစ်လာရောက်လုပ်ကိုင်ခဲ့သည်မှာ ခြောက်လနီးပါးရှိနေပြီ…..
ရောက်ကစက အဆင်ပြေပြေရှိလှသည်…..
ရာဘာကောင်းကောင်း မခြစ်တတ်တာတခု့ ကလွဲရင် ကျန်တဲ့ အခက်ခဲသိပ်မရှိ…
ဒါလည်း ပူစရာတော့မဟုတ် ကျွန်ုပ်တို့ရှေ့က ရောက်နှင့်နေပြီး သော ဝါရင့် အလုပ်သမားတွေရဲ့ သင်ပြပေးမှု့ကြောင့် ကျွမ်းကျင်အဆင့်ကြီးမဟုတ်တောင် သူများတန်းတူလောက်တော့ လုပ်နိုင်လာခဲ့သည်……
ဧကပေါင်းများစွာ ကျယ်ဝန်းတဲ့ ခြံကြီးတစ်ခု့ဖြစ်လေရာ အလုပ်သမားတွေအတွက် ရာဘာအစေးမရမှာ ၊ ပိုက်ဆံမကျမှာတော့ ပူစရာမလို…..
နောက်တခု့က ကိုယ့်အပိုင်းနဲ့ ကိုခွဲဝေ ခြစ် ရတာဖြစ်လေသောကြောင့် အလု့အယက်လုပ်နေစရာမလို ၊ သူများထက်သာနေစရာမလို ကိုယ့်အလုပ်လေးကို အေးအေးလူလူ လုပ့နေရင်ကိုပဲ ဟန်ကျနေပြီ…..
တိုးဝေနဲ့ကျွန်ုပ်ကလည်း စိတ်တူကိုယ်တူနဲ့ အတိုင်အဖောက်ညီညီ လုပ်တတ်ကျတော့ ရောက်ပြီး တစ်လကျော်လောက်မှာပဲ အဆင်ပြေလာခဲ့လေသည်….
ကျွန်ုပ်နဲ့ တိုးဝေ ခြစ်ရတဲ့ အပိုင်းက သူများတွေထပ်ရာဘာစေး ပိုရနေတာကတော့ အံ့ဩဖို့ကောင်းလွန်းသည်….
ကျန်ုပ်တို့ကို ရာဘာခြစ်ပုံ ခြစ်နည်း မျိုးစုံ သင်ပေးတဲ့ ဦးဟန်သိန်းပင် ကျွန်ုပ်တို့လောက်မရ…..
တခြားသော အဖွဲ့တွေလည်း မိသားစု့လိုက် ၊ အဖွဲ့လိုက်ခြစ်တာတောင် ကျွန်ုပ်တို့လောက်မရတာတော့ အတော်လေးကို ထူးဆန်းလွန်းသည်….
ကျွုန်တို့နှစ်ယောက်ကပဲ သူတို့အကုန်လုံးထပ်ပိုတော်နေလား….
ဝိရိယပဲ သူတို့ထက် ပို သာနေလို့လား ဆိုဖွယ်ရာရှိသည်….
သို့သော် ဤသို့မဟုတ်…..
ရာဘာခြစ်တာက တစ်နေကုန် ဝိရိယစိုက်ပြီး ခြစ်နေလို့လည်း ဘာမှ အကျိုးမရှိ……
သူ့အချိန်နဲ့သူပဲ အဆင်ပြေသည်…
တခြားဘက် ဒေသတွေ ဘယ်အချိန်စပြီး ခြစ်ကြသည်တော့ မသိ ၊ ကျွန်ုပ်တို့ဘက်ကတော့ ညနေနေဝင်ပြီးနောက်ပိုင်းကနေစ ပြီး မိုးလင်းခါနီးလောက်ထိခြစ်ကြသည်….
( နေရာဒေသအလိုက် ရာသီဥတု့အလိုက် တနေရာနှင့်တစ်နေရာ ခြစ်တဲ့အချိန်ချင်း မတူညီကျပါ ၊ သို့ပေမဲ့ အရမ်းကြီးတော့ကွာခြားလိမ့်မည်မဟုတ် )
ခြစ်တာစောလျှင်လည်း ရာဘာစေးတွေက ခြောက်သွားတတ်သည် ၊ ခြောက်သွားလျှင် ဘာမှ သုံးလို့မရ၊ ခွက်ကပ် ( ခွက်ထဲမှာ ခဲသွားလျှင် ခေါ်သော နမည် ) ရောင်းဖို့သာရှိပေတော့မည်…..
ထို့ကြောင့် ခြစ်တာလည်း သူ့အချိန်အခါလောက်မှ ခြစ်ပြီး သိမ်းလည်း စောစောသိမ်းနိုင်မှ တော်ကာကြာပေလိမ့်မည်…
သို့မဟုတ်လျှင် ကျွန်ုပ်ပြောသလို ခွက်ကပ်သာ ရောင်းဖို့ရှိလေတော့မည်…..
ကျွန်ုပ်တို့ အပိုင်းက သူများတွေထပ်ရာဘာစေးပိုရနေတာကို အစပိုင်းတော့ ကြိတ်ဝမ်းသာမိသလို ရှိပေမဲ့ ၊ ထိုဝမ်းသာမှု့က တာရှည်မခံခဲ့…..
သူများထက် ‘ထူး’ လာတာနဲ့အမျှ သူများထက် ‘ဆန်း’ တာတွေ ကြုံလာရလေသည်….
ထူးဆန်းတယ်ဆိုတာ ထူးရင်ဆန်းလာတာကိုများဆိုလေသလားတော့ မပြောတတ်…
ကျွန်ုပ်တို့အပိုင်းထူးဆန်းနေတာက သေချာနေသည်….
ရာဘာခြစ်ရင်း မူမမှန်တာတွေ ၊ ခြောက်လှန့်တာတွေကို ခနခနဆိုသလို ကြုံလာရလေသည်…..
အရင်ရောက်နှင့်ပြီးသားဖြစ်တဲ့ လူတွေကို မေးကြည့်တော့လည်း ရေရာတဲ့ အဖြေမရှိ …..
‘ မင်းတို့အပိုင်းက မခြစ်တာကြာသွားလို့ပါ ‘
‘ အပင်တွေက ရင့်ပြီးသန်နေလို့ပါ ‘
‘ မကြောက်ပါနဲ့ကွာ ဘာမှ မရှိပါဘူးဆို ‘တဲ့ အဖြေသာရသည်…. ကျွန်ုပ်တို့လိုချင်တဲ့ အဖြေကိုကားမရ……
စိတ်ထဲမှာ ဘဝင်မကျဖြစ်နေပဲ ဆက်မပြောပဲမြိုသိပ်ထားလိုက်၏…..
ထိုနေ့က ကျွန်ုပ်တို့ဆီကို သူဌေးလာပြီး သူတို့ဘာသာရေးပွဲတော်နေ့ဖြစ်တဲ့အတွက် ခြံထဲမှာရှိတဲ့ အလုပ်သမားတွေစားရအောင်ဆိုပြီး အမဲသားတွေ မနည်းမနောပင် ယူပြီးလာပို့လေသည်…..
ကြက် ဝက်က စားချင်လျှင် ကျွန်ုပ်တို့ ခြံနဲ့မနီးမဝေးမှာရှိတဲ့ ရွာထဲကိုသွားပြီး အချိန်မရွေးဝယ်လို့ရပေမဲ့ ၊ အမဲသားစားချင်ရင်တော့ မြို့ပေါ်စျေးထိသွားဝယ်မှရနိုင်သည်….
တစ်ခါတရံရွာထဲ နွားပေါ်လျှင်တော့ ကြုံကြိုက်လျှင်ရနိုင်ပေ၏….
သူဌေးက ဘာသာခြား လူမျိုးကွဲဖြစ်ပေမဲ့ စိတ်ရင်းစိတ်ဓာတ်ကတော့ အတော်လေးကောင်းသည်ဟု့ဆိုရမည်….
ခြံရှိအလုပ်သမားတွေကိုလည်း ဖော်ဖော်ရွေရွေပျူပျူငှာပင် ဆက်ဆံသည်….
ငွေကြေးလိုအပ်တာဖြစ်ဖြစ် တခု့ခု့လိုအပ်ရင်ဖြစ်ဖြစ် သူ့ဆီလာပြီး အချိန်မရွေးပြောပါ၊ တတ်နိုင်သလောက်အကုန်ကူညီပေးပါ့မယ်ဆိုတဲ့ အကြောင်းကို တဖွဖွပြောရင်း ပြန်သွားလေသည်….
ကျွန်ုပ်လည်း သူဌေးပေးတဲ့ မုန့်တွေနဲ့ အမဲသားတွဲကို ယူရင်း ကျွန်ုပ်တို့အပိုင်းမှာ ကြုံနေရတဲ့အကြောင်းကို ပြောလျှင်ကောင်းနိုးနိုးစဥ်းစားနေရင်းနဲ့ မပြောဖြစ်ခဲ့လိုက်……
ဘာပဲဖြစ်ဖြစ်ထို့နေအတွက်တော့ ဟင်းစားရှာနေရန်မလိုတော့ပဲ ငြိမ်းသွားခဲ့လေရသည်…..
” ငါညတုန်းက ရာဘာခြစ်ရင်းနဲ့ အနောက်ကနေ ကပ်လိုက်လာတဲ့ ခြေသံကို သိသိသာသာကြီး ကြားလိုက်ရတယ်ကွ….
လှည့်ကြည့်တော့လည်း ဘာမှ မရှိဘူး ၊ ဒါနဲ့ ငါလည်း စိတ်ထင်လို့ပါဆိုပြီး ဆက်ခြစ်နေတုန်း ငါ့နောက်ကျော်ကို လာပုတ်သွားတာပါခံလိုက်ရတယ် ၊ ရယ်သံလိုလိုလည်း ကြားလိုက်ရတယ် ဘူကောင်ရာ ”
တိုးဝေက အမဲသားတုန်းကို ကိုက်ရင်း ဆိုလေ၏….
ဘူကောင်ဆိုတာ ကျွန်ုပ်ကို တိုးဝေခေါ်သော နမည်ပြောင်ဖြစ်သည်….
” ဗရုတ်သုတ်ခတွေပြောမနေစမ်းပါနဲ့ တိုးဝေရာ မဖြစ်နိုင်တာတွေ…..”
” ငါတကယ်ပြောတာ ဘူကောင်ရ ၊ မင်းလိမ်လို့ ဘာအကျိုးရှိမှာလည်း….”
” နည်းနည်းပါးပါးလျှော့သောက်အုံး…..”
ကျွန်ပ်ပြောတော့ တိုးဝေက မျက်မှောက်ကုပ်ကြည့်ရင်း…
” မင်းက ငါမူးနေလို့ ထင်ချင်ရာထင်တယ်လို့ ပြောချင်တာလား ”
ကျွန်ုပ်ဘာမှ ဆက်မပြောပဲငြိမ်နေလိုက်လေ၏….
” အေး မင်းထင်ချင်သလိုထင် ငါပြောတာ မှန်လားမှားလား ဆိုတာ မင်းကိုယ်တိုင်ကြုံလာရင်သိလိမ့်မယ်….”
တိုးဝေလိမ်ပြောနေချင်းမဟုတ်မှန်း ကျွန်ုပ်သိသည်….
ကျွန်ုပ်ကိုယ်တိုင်လည်း ဤကဲ့သို့သော ဖြစ်ရပ်မျိုးကို သုံးခါထပ်မနည်းကြုံဖူးနေသည်….
ကြောက်ပြနေလျှင် ပိုဆိုးမှာစိုး၍ မပြောတော့ချင်းဖြစ်သည်…
တိုးဝေးက စားသောက်ပြီးသွားတာနဲ့ ဆေးလိပ်တိုကို မီးညှိပြီး အပြင်သွားဖို့ဟန်ပြင်နေလေသည်….
” ဘယ်သွားမလို့လည်း ”
ကျွန်ုပ်ကမေးတော့ တိုးဝေက အရှေ့ဘက်ကို လက်ညိုးထိုးပြရင်း…
” ဘယ်မှ မဟုတ်ပါဘူးကွာ ဦးဟန်သိန်းဆီပါ ၊ လိုက်မလို့လား….”
ကျွန်ုပ်လည်း ခေါင်းကို ငြိမ့်ပြလိုက်ရင်း….
” အေး ခနစောင့်အုံး အတူတူသွားရအောင် ”
ဦးဟန်သိန်းဆိုတာ ကျွန်ုပ်တို့ကို ရာဘာခြစ် သင်ပေးခဲ့အဖိုးကြီးပင်…..
တခြံထဲမှာ အတူတူ လုပ်ကြတယ်ဆိုပေမဲ့ တစ်အိမ်နဲ့ နည်းနည်းလှမ်းသည်….
ကိုယ်ကျရာ အပိုင်းဘက်မှာ နေကြတာဖြစ်တဲ့ အတွက် ကိုယ်အိမ်နဲ့ကို ကိုယ့်အပိုင်းနဲ့ကို နေကျသလို ရှိပေ၏…..
အကုန်လုံး ဆုံတဲ့အချိန်တော့ ရှိသည်….
ထိုအချိန်က မနက်ခင်း ရာဘာအစေးသိမ်းပြီးလို့ အပြားရိုက်တဲ့အချိန်ကျလျှင်တော့ စုံကြသည်….
သူ့အလှည့် ကိုယ့်အလှည့် စောင့်ပြီး ရိုက်ကြရလေသည်…
ထိုအချိန်ကျလျှင်တော့ အကုန်လုံး စကားပြောဖြစ်ကြသည်…
ကျန်တဲ့အချိန်တွေတော့ မစုံဖြစ် ၊ စုံချင်ရင်လည်း ယခု့ကဲ့သို့သွားမှသာ စုံရလေသည်…..
” လာထိုင်….. ”
အဘိုးကြီးက ကျွန်ုပ်တို့နှစ်ယောက်မြင်တော့
ရာဘာခြစ်ဓားကိုသွေးနေရင်းနဲ့ လှမ်းခေါ်လေသည်…
” ဒီနေ့ ဘယ်နှစ်ပြားရလည်း မင်းတို့ ”
ရာဘာပြားကိုမေးချင်းဖြစ်သည်
” ၃၂ ပြားလောက်ပဲရတယ်…..”
” ဟ နည်းလားကွ ငါတောင် နှစ်ဆယ်ကျော်ကျော်လေးပဲရတယ် ၊ အေးလေ မင်းတို့ခြစ်ရတဲ့အပိုင်းက ပြစ်ထားတာတော်တော်လေးကြာနေပြီဆိုတော့ ရှယ်ဖြစ်နေပြီပေါ့ကွာ…. နောက်ပိုင်း ပိုအေးတော့မှာ အ့ကျရင် အခု့ထက်တောင် ပိုရအုံးမှာ ”
ပြောရင်း ဓားကိုဆက်သွေးနေလေ၏….
” ကျွန်တော်တို့ ခြစ်တဲ့အပိုင်းက အစေအရမ်းထွက်တာတော့ မှန်တယ် ဘကြီးရ ၊ ဒါပေမဲ့ ”
တိုးဝေဆက်မပြောပဲ ရပ်သွားတော့ ဦးဟန်သိန်းက ဓားသွေးနေတာကို ရပ်ရင်းနဲ့ မျက်ခုံးတွန့်ပြီး ကြည့်တယ်…..
” ဒါပေမဲ့ ဘာဖြစ်လည်း….”
” မူမမှန်ဘူး ဘကြီး……”
အဖိုးကြီး မျက်နှာ သိသိသာသာ ပျက်သွားတယ်….
” ဘယ်လိုမမှန်တာတုန်း ဆိုစမ်းပါအုံး…..”
တိုးဝေက လေးတိလေးတွဲနဲ့ သူညတုန်းက ကြုံရတဲ့ အကြောင်းကို ပြောပြလိုက်တယ်…..
အဖိုးကြီးကတော့ တိုးဝေပြောတာကိုနားထောင်ပြီး
မထူးဆန်းသလိုနဲ့ အမူအယာနဲ့…..
” ထင်ယောင်ထင်မှား ဖြစ်တာနေမှာပါကွာ…ငါတို့အလုပ်ကလည်း ညဘက်လုပ်ရတဲ့အလုပ်မဟုတ်လား ဒါမျိုးတွေက ဖြစ်တတ်ပါတယ် လျှောက်တွေးမနေပါနဲ့……..”
တိုးဝေ က မကျေမချမ်းနဲ့ ထပ်မေးမယ်လုပ်နေလို့ ကျွန်ုပ်ကဝင်တားလိုက်ရင်း…..
” ဟုတ်ပါတယ် တိုးဝေရာ ဘကြီးသိန်းပြောတာ သဘာဝကျပါတယ် မင်းကလည်း ဘာမှမဟုတ်တာလေးကို အရေးကြီးခွင်ကျယ်လုပ်နေသေးတယ် ”
” ငါတကယ်ကြုံခဲ့ရတာ ဘူကောင်ရ …..”
သူစကားကို ဘယ်သူမှ လက်မခံတော့ တိုးဝေ စိတ်ဓာတ်ကျသွားလေသည်….
” ဒါနဲ့ ဘကြီးသိန်း ကျွန်တော်တခု့လောက် မေးချင်လို့…”
” အေး…မေး ”
” ဒီလိုဗျာ ကျွန်တော်တို့ ရာဘာခြစ်တဲ့ အပိုင်းက ဒီတခြံလုံးမှာ အစေးပို အရဆုံး အပိုင်းမလား….”
” အေး ဟုတ်တယ်လေ ဘာဖြစ်လို့လည်း ”
” ဘာမှမဖြစ်ပါဘူး ကျွန်တော်သိချင်တာက ဒီလောက်အစေးပိုရတဲ့ အပိုင်းကို ကျွန်တော်တို့ထပ်အရင် ဒီခြံကိုရောက်နေတဲ့ လူတွေရော ဘကြီးသိန်းတို့ရော ဘာဖြစ်လို မယူကြတာလည်း…ပိုရတဲ့ အပိုင်းကို ဘာလို့ ကျွန်တော်တို့လို့ အသစ်ရောက်လာတဲ့ သူ့ကိုပေးတာလည်း….”
” ဒါက… ဒါ…”
” နင်တို့ အပိုင်းက မြေမှမသန့်တာဟဲ့ ဘယ်သူက ယူမလည်း…..”
အဖိုးကြီးဖြေရခက်နေတာကို သူ့သမီးအကြီးမ ကဝင်ဖြေလေသည်….
ကျန်ုပ်နဲ့တိုးဝေ လည်း အဖြေကိုသိလိုက်ရတော့ ကျောချမ်းမိသွား၏….
” ဒီကောင်မလေး ဘာတွေလျှောက်ပြောနေတာလည်း သွား ကိုယ့်နဲ့မဆိုင်ရင် ဝင်မပြောနဲ့…..”
အဖိုးကြီးက သူသမီးကို မောင်းထုတ်ရင်း ကျွန်ုပ်တို့နှစ်ယောက်ဘက်လှည့်ကာ အချိုသတ်တဲ့မျက်နှာမျိုးနဲ့….
” အလကား လျှောက်ပြောနေတာ အဲ့ဒီဟာမလေးက ယုံမနေနဲ့….ဘာမှမဟုတ်ဘူး……”
အဖိုးကြီး မူမမှန်ဘူးဆိုတာကိုသိတော့ ကျွန်ုပ်တို့လည်း ထိုကိစ္စအကြောင်း ဘာမှ ထပ်မေးမနေတော့ပဲ တခြားအကြောင်းအရာကိုသာ စကားလမ်းကြောင်းလွှဲပြောဆိုရင်း နှုတ်ဆက်ပြန်ခဲ့လိုက်လေ၏……
” တွေ့လား ယုံပြီလား ငါပြောတာကို သူသမီးကြီးပြောတာကြားတယ်မလား ငါတို့အပိုင်းက မြေမသန့်ဘူးတဲ့…..”
တိုးဝေက သူစကားကို မယုံကြည်သလိုလုပ်တဲ့ ကျွန်ုပ်ကို ဂွင်ထဲကြုံတာနဲ့ ဟောက်လေသည်….
” သူပြောတာက အမှန်ပါလို့ မင်းက အာမခံနိုင်လို့လား ၊ မင်းမှာ သက်သေရှိလို့လား…”
ချောင်ပိတ်မေးလိုက်တော့ ခွေးအကြီးလှည်နင်းထားသလို အထစ်ထစ်အအနဲ့…..
” ဒါ…ဒါ……”
” တော်ပါတော့ တိုးဝေရာ မင်းမလုပ်ချင်ရင်လည်း အေးဆေးနေခဲ့ ငါပဲရသလောက်သွားခြစ်မယ် ၊ မနက်ရောက်မှ မင်းအစေးလိုက်သိမ်းလိုက် ဟုတ်ပြီလား…..”
” ဘာလည်း မင်းက ငါအလုပ်မလုပ်ချင်လို့ လိမ်ပြောနေတယ်လို့ထင်လို့လား…..”
” မထင်ပါဘူးကွာ မင်းအကြောင်း မသိတာမှ မဟုတ်ပဲ ၊ အလုပ်နဲ့ပတ်သတ်ရင် မင်းအပျင်းမကြီးတတ်မှန်းငါသိပါတယ် အေး သရဲနဲ့ပတ်သတ်ရင်လည်း မင်းက သူများထပ်ပိုကြောက်တတ်တယ်ဆို တာငါသိတယ် ဒါကြောင့်ပြောတာ……….”
တိုးဝေခေါင်းကို ငုံ့ရင်း….
” ဒါဖြင်လည်း နေတော့မနေခဲ့ဘူးကွာ ဒါပေမဲ့ နေရာခွဲပြီးတော့ မခြစ်တော့ဘူး ဘေးချင်းကပ်ပြီး တစ်ယောက်တလိုင်းစီခြစ်မယ် ရတယ်မလား…. ”
ခါတိုင်းနေ့တွေက ခြံအဆုံးဖက်စီမှ စ၍ တစ်ယောက်တနေရာစီခြစ်ရင်း ခြံလည်မှာ ပြန်ဆုံကြသည်…..
အခြားသူများလည်း ထို့သို့ပဲခြစ်ကြသည်…..
ဒီနေ့တော့ တိုးဝေ ကြောက်နေမှန်းသိ၍ သူပြောသလို လုပ်ဖို့သာ လက်ခံလိုက်လေသည်…..
ကျွန်ုပ်စိတ်ကလည်း တမျိုးပင်
ကြောက်စိတ်ဝင်ပြီဆိုရင်လည်း ဘာမှမဟုတ်တာလေးကို တွေးကြောက်နေတတ်သလို ကြောက်စိတ်မဝင်ရင်လည်း ကိုယ်ရှေ့ဘွားကနဲပေါ်လာရင်တောင် လန့်မည်မဟုတ်……
နားလည်ရတော့ခက်သား…..
တိုးဝေက အရက်ပုလင်းကို ဘေးလွယ်အိတ်ထဲထည့်ပြီး အမဲသားကြော် ကို အိတ်တစ်လုံးထဲ ထည့်ပြီးယူလာလေသည်…..
သူဌေးပေးသွားတဲ့ အမဲသားတွေကလည်း အတော်လေးများသည့်မို့ ချက်တာကချက် ကြော်တာကြော်နဲ့ ဟန်ကျလှသည်……
အပြန်စားဖို့အတွက် အမဲသားအိုးကိုလည်း မီးခဲချပြီး နှပ်ထားခဲ့လိုက်သည်…….
နှစ်ယောက်သား ဘေးချင်းကပ် ခြစ် လို့လားမပြောတတ် ဒီနေ့တော့ ဘာအနှောက်အယှက်မှ မကြုံ…..
ဘာသံမှလည်းမကြား ငြိမ်နေ၏…..
ခြံလယ်လောက်ထိ ခြစ်ပြီး ပါလာတဲ့ အရက်နဲ့ အမြည်းကို အမောပြေ သောက်ရသည်မှာလည်း ပင်ပန်းရကျိုးနပ်သလိုလိ ဇိမ်ရှိလှပေစွ……
ယမာကာ ရှိန်နဲ့ နှစ်ယောက်သား စကားလေးပြောရင်း ခြစ်လာတာ ခြံဆုံးထိဘယ်လိုရောက်လာလို့ ရောက်လာမှန်းမသိလိုက်…..
မနက်ခင်းတစ်ခု့မရောက် မှီ ကနဦးကြိုဆိုတဲ့ ဖျော့တော့တော့ အလင်းရောင်လေးပင် နေ့တနေ့ကို အစပျိုးဖို့အတွက် ရောက်ရှိလာလေပြီ…..
” ကိုင်း ပြီးလည်းပြီးသွားပြီဆိုတော့…အိမ်ပြန်ပြီး ခနသွားနားရအောင် ဗိုက်ကလည်းဆာလှပြီ….. ”
” အေး…..အချိန်တော့ အရမ်းမဆွဲနဲ့နော် မနေ့က အစေးတွေခဲနေတယ် သိမ်းတာကြာလို့…..”
” အေးပါကွ ထမင်းစားပြီတာနဲ့ တန်းသိမ်းကြမယ်ကွာ….”
နှစ်ယောက်သား အိမ်ကို ပြန်လာရင်း ခနနားလိုက်ကြသည်
ဗိုက်ထဲလည်း ဆာဆာရှိနေတာမို့ တိုးဝေကို ထမင်းသွားခူးဖို့ ခိုင်းလိုက်သည်….
တိုးဝေ မီးဖိုခန်းဆောင် ရောက်တယ်ဆိုယုံနဲ့ပင်….
” ဟာ ဘာလည်း….”
အလန့်တကြားအော်သံကြောင့် ကျန်ုပ်လည်း မီးဖိုဆောင်ထဲ အမြန်ပြေးဝင်ခဲ့လိုက်လေသည်…..
” ဘာလည်း ဘာဖြစ်တာလည်း တိုးဝေ…..”
” ဟို….ဟို….မှာ…”
” အလို…..”
တိုးဝေလက်ညိုးထိုးပြတာကို ကြည့်ရင်း ကိုယ့်မျက်စိကိုယ်မယုံကြည်နိုင်အောင် ဖြစ်မိသွားသည်…
မြင်လိုက်ရတဲ့ မြင်ကွင်းက အစစ်အမှန်ပင် ဟုတ်ပါလေစ၊
ကျွန်ုပ်မီးဖိုပေါ်တင်ခဲ့တဲ့ အမဲသားနှပ်အိုး လေပေါ်မှာ မြောက်ပြီး ဝဲပျံနေချင်းပင်…..
အိပ်ချင်နေလို့ အမြင်ပဲမှားသလားဆိုပြီး ကိုယ့်မျက်လုံးကို ပွပ်သပ်ကြည့်ရပြန်သည်….
သေချာသည် အမြင်မှားချင်း မဟုတ် ၊ တကယ်ကို အမဲသားနှပ်အိုးက လူတစ်ယောက် ကိုင်မြှောက်ပြီး လျှောက်သွားနေသလိုမျိုး လေပေါ်ဝဲပျံနေလေသည်…..
နှစ်ယောက်သား မှင်တက်နေရာမှ သတိပြန်ဝင်လာပြီး….
” တိုးဝေ အိုးကို သွားချလေ…..”
တိုးဝေက ကြောက်ကြောက်လန့်လန့်နဲ့ ကျွန်ုပ်အနောက်ထဲကို တိုးဝင်ပြီး …..
” ငါ…ငါ…မချ…ရဲ…ဘူး ကြောက်တယ်….”
” ဒါဆိုလည်း ငါသွားချမယ် ငါ့ကိုဆွဲမထားနဲ့လွှတ်….”
ကျွန်ုပ်လည်း ဗိုက်ကဆာဆာနဲ့ စိတ်ပေါက်ပေါက်ရှိရာ အော်ဟစ်ဆဲဆိုရင်း အိုးကို လှမ်းကိုင်လိုက်ပေမဲ့ မရ…
အိုးက ကျွန်ုပ်အရပ်ထပ်မြင့်စွာ ပျံသွားပြန်သည်….
တစပ်ထဲမှာပဲ မိန်းမတစ်ယောက်ရဲ့ ဝမ်းတွင်းခေါင်းသံမျိုးနဲ့ ရယ်သံကြီးကိုလည်း ကြားလိုက်ရလေသည်…..
ကျွန်ုပ်လည်း ဒေါသပိုထွက်လာပြီး မစားရချင်နေစေပြီး ထင်းချောင်းတခု့ ကိုလှမ်းယူလိုက်ပြီး အိုးကို ရိုက်ချလိုက်လေသည်……
” ဖြောင်း….”
ရိုက်ချက်က အိုးကိုမထိ ထရံကိုသွားရိုက်မိသည်….
ရယ်သံကြီးကလည်း မခံသိ မခံသာ လုပ်နေသလို ဆူညံနေလေသည်….
မသိရင် ကျွန်ုပ်တို့ နှစ်ယောက်က်ို လှောင်နေသလိုပင်…..
”မင်းဘာကြောင်ကြည့်နေတာလည်း တိုးဝေ….လာရိုက်လေကွာ…”
တိုးဝေက တုပ်တုပ်ပင်မလှုပ်….
ပြောရမှာလည်းမဟုတ်လေတော့ ကိုယ်ဟာကိုပဲ ဒေါသထွက်ထွက်နဲ့ လိုက်ရိုက်နေလိုက်သည်…
အိုးကလည်း အရှောင်အတိမ်း ကောင်းလွန်းလှပေသည်…
ရိုက်သမျှ တချက်လေးတောင်မထိ……
ဘယ်လိုမှ လုပ်မရတဲ့ အဆုံး ကျွန်ုပ်လည်း အဘိုးပြောပြတဲ့နွားနို့သည်ကလားလို့ လုပ်လိုက်ရတယ်….
တခါက နွားနို့ပို့တဲ့ကလားက လှေဆိပ်ကိုဆင်းရင်း နွားနို့ပုံးလက်ကလွတ်ကျပြီး ဖိတ်ကုန်တယ်တဲ့….
သူအမြန်ပြန်ယူလိုက်ပေမဲ့ နွားနို့က ပုံးထဲမှာ နည်းနည်းပဲကျန်တော့တယ်…
ဒီတော့ ကလားက ဘုရားဘက်ကို လက်အုပ်ချီပြီး ကလားရဲ့မွန်မြလှစွာသော ဤနွားနို့ကို ဘုရားကို လှူပါတယ်ဆိုပြီး ကန်တော့တယ်တဲ့….
ကန်တော့ပြီးတော့ ကျန်တဲ့နွားနို့ပုံးလေးပြန်မပြီး လှေပေါ်ပြန်တက်တော့ ထပ်လွတ်ကျပြန်ရော နွားနို့တွေ အကုန်ရေထဲဖိတ်သွားတော့ ကလားက ဝမ်းနည်းပက်လက်ကြည့်ရင်း ရေအောက်ကို လက်အုပ်ချီလိုက်တယ်…..
ပြီးတော့ ထပ်ပြောတယ် ကလားနွားနို့ကို ဘုရားလည်း လှူပြီးပြီဆိုတော့ ရေအောက်မှာနေတဲ့ နဂါးကြီးလည်း လှူပါတယ် သုံးဆောင်ပါဆိုသလိုမျိုး ကျွန်ပ်လည်း ဘယ်လိုမှ လုပ်မရတော့တဲ့အဆုံး စားချင်ရင်လည်း ကျွေးတယ်ကွာ ဆိုပြီး စေတနာမပါပဲ ကျွေးလိုက်ရတယ်……….
အိုးက ကျွန်ုပ်တို့နှစ်ယောက်ခေါင်းပေါ်က တဝီဝီပျံသန်းသွားပြီး ခြံအနောက်ဘက်ကိုထွက်သွားတယ်…..
ကျွန်ုပ်လည်း စိတ်ဝင်တစားရှိလှတာနဲ့ အိုးသွားတဲ့နောက်ကို လိုက်ကြည့်လိုက်တယ်…..
ကျုပ်တို့အိမ်နောက်ဖေး ဝါးရုံတောရောက်တော့ အိုးက လေပေါ်ကနေ လွှတ်ချလိုက်သလို အောက်ကိုပြန်ကျလာပြီး အသားတွေအကုန် မြေကြီးပေါ် ဖိတ်သွားတယ်…..
နှမြောလိုက်တာဆိုတာဗျာ ၊ ပြောစရာစကားတောင်မဲ့တယ်..
ကျွန်ုပ်တို့ ဟင်းကို ပိုင်းဆိုးပိုင်းနင်းနဲ့ လု့တာ ဒီဝါးရုံအုပ်လားဆိုပြီး ကျုပ်လည်း ဒေါသထွက်ထွက်နဲ့ အိမ်ထဲက ထင်းခုတ်ဓားမကို ယူပြီး ချက်ချင်း လာခုတ်ပြစ်လိုက်တယ်……
ဒီအခါကျတော့ ခုနတုန်းက ရယ်နေ လှောင်နေတဲ့ အသံပျောက်သွားတယ်…. ငိုသံလိုလို တောက်ခေါက်သံလိုလို အော်ဟစ်နေတဲ့အသံတွေကိုတော့ အထင်းသားကြားနေရတယ်…….
ကျွန်ုပ် ကလည်း ဒေါသထွက်ရင် မလွယ်တဲ့လူစားထဲမှာပါတယ်….
ဝါးရုံတောကို ဓားနဲ့ခုတ်တာတင် အားမရလို့ တစ်ခါထဲ ဓာတ်ဆီဖျန်းပြီး မီးပါရှို့မလို့လုပ်တော့ တိုးဝေကအတင်းတားတယ်….
ဝါးရုံတောတင်မဟုတ်ပဲ ရာဘာခြံပါ ပြောင်သွားလို့ နှစ်ယောက်သား ထောင်ကျနေအုံးမယ်ဆိုလို့ ငြိမ်နေလိုက်ရတယ်….
ကျေနပ်တာတော့ မဟုတ်…..
ကျွန်ုပ်ထိုကဲ့သို့ သောင်းကျန်းပြီးတဲ့နေကစပြီး သူတို့ဘက်ကလည်း ပြန် ကြမ်းလာလိုက်တာဆိုတာ ပြောမနေတော့နဲ့…….
ကျွန်တို့ရာဘာခြစ်တဲ့ အချိန်တွေဆိုရင် အနောက်ကနေပြီး မကြာခနဆိုသလို ကျောကုန်းတွေကို လာရိုက်တယ်…..
ရိုက်ရင်လည်း သက်သက်သာသာမဟုတ်ဘူး လက်ဝါးရာ ပေါ်တဲ့ထိကို ရိုက်တာ…..
တစ်ခါတရံ ခြစ်နေတဲ့ အပင်က တပင်ထဲ ထပြီး လှုပ်ရမ်းယိမ်းထိုးနေတာ ဘယ်လိုမှ ဆက်ခြစ်လို့ကိုမရဘူး….
ခြစ်ပြီးသား အစေးတွေကို သွားသိမ်းရင်လည်း ခွက်တွေကို လူတစ်ယောက်က ရိုက်ဖြုတ်ဖျက်စီးထားသလို ဖရိုဖရဲနဲ့ လွင့်စင် ပွကြဲနေတော့တာ…..
ဒါတင်ပဲလားဆိုရင်လည်း မဟုတ်သေးဘူး….
အိမ်မှာ နေရင်းလည်း ခနခန အခြောက်လှန်ခံရ ကုတင်ပေါ်က ဆွဲချတာ ခံရ…..
တစ်ခါတလေ အိပ်နေရင်း လည်းပင်ညှစ်ခံရလို့ ကြည့်ရင်လည်း တိုးဝေနဲ့ ကျွန်ုပ်တစ်ယောက်လည်ပင်းတစ်ယောက်ညှစ်နေကြတာပဲ…..
သတိဝင်မြန်လို့တော်သေး မဟုတ်ရင် သူနဲ့ ကျွန်ုပ် ဘယ်သူ့ကိုဘယ်သူသတ်လို့ သေမှန်းမသိသေရတော့မလိုဖြစ်နေရတာလည်း အကြိမ်ကြိမ်…..
အိုးတွေခွက်တွေလည်း ညဆို ဘယ်သူကဝင်ပြီး ထရိုက်ခွဲနေမှန်းမသိ ဆူညံ့ပွက်လောကိုရိုက်နေတာပဲ…..
သွားကြည့်ရင်ဘာမှမဟုတ် ပစ္စည်းတွေက သူ့နေရာနှင့်သူ….
ဒီလိုတွေတွေနေတိုင်းလိုလိုဖြစ်နေတော့ ကျွန်ုပ်နဲ့ တိုးဝေ ဤနေရာမှာ ဆက်လက်လုပ်ကိုင်လိုစိတ်မရှိ…..
သို့ပေမဲ့ ပြောသလို သူးဌေးဆီက ကြိုတင်ယူထားတဲ့ငွေတွေက ရှိနေတော့ အခက်ကြုံရတယ်….
ဒီလိုတွေကြုံနေရလို့ မလုပ်ချင်တော့တဲ့ အကြောင်းပြောတော့လည်း သူဌေးက ဘာသားခြားဖြစ်နေတော့ အယုံအကြည်မရှိ လက်မခံ…..
ဒီလိုနဲ့ ကျွန်ုပ်တို့နှစ်ယောက် နေ့စဥ်ရက်ဆက်ဆိုသလို ဒီငရဲကို အလူးအလိမ့်ခံနေကြရလေတော့သည်…..
တရက် ကျွန်ုပ်တို့ကို ကံကြမ္မာက မျက်နှာသာပေးလေသည်….
ကျွန်ုပ်တို့ ဆီကို သူဌေးရောက််လာ၏….
ပြီးတော့ သူအိပ်မက်ထဲမှာ သူနဲ့ဘာသာတူပုဂ္ဂိုလ် အဘိုးကြီးတစ်ယောက်က ကျွန်ုပ်တို့ပြောနေတာ တကယ်အမှန်တွေပါဆိုပြီး အိပ်မက်ပေးလို့ လာတာပါဟု့ ဆိုလေသည်…
ဟုတ် မဟုတ်သိရအောင်ဆိုပြီး ထို့နေ့တစ်ညလုံး ကျွန်ုပ်တို့နေရာမှာပင် သူတပည့်သုံးယောက်နဲ့ အတူ တစ်ညလုံးနေကြသည်…..
မနက်မိုးလင်းတာနဲ့ ကျွန်ုပ်တို့ကိုတောင် နှုတ်မဆက်ပဲ ပြန်ပြေးလေ၏….
ထို့နောက် သူတို့ဘာသာထဲက နားလည်တတ်ကျွမ်းတဲ့ဆရာကို ပင့်လာခဲ့လေသည်…..
သို့သော် မရ ၊ သူပင့်လာတဲ့ ဆရာကလည်း မနိုင်ဟု့ဆိုလေသည်….
ထို့နောက် ဒီလိုအရာတွေကို ကု့နိုင်တာ ဘယ်သူရှိမလည်းမေးတာနှင့် ကျွန်ုပ်တို့လည်း ကိုကိုးကွယ်ရာ ယုံကြည်ရာကိုပြောပြလိုက်တော့ သူကိုယ်တိုင်ပဲ သံဃာတော်တွေကို သွားပင့်ပြီး ခေါ်လာလေသည်….
ထို့နောက် သံဃာတော်တွေက ပရိတ်တရားရွတ်ဖတ်ပြီး ကမ္မဝါစာရွတ်၍ မြေနှုတ်မြေသန့်ပေးသောအခါတွင်ကား ကျွန်ုပ်တို့ အံ့အားသင့်စရာ အဖြစ်အပျက်နဲ့ ကြုံလိုက်ရလေ၏….
လူနှစ်ယောက်ကို တပြိုင်ထဲ သရဲနှစ်ကောင်ဝင်ပူးလေသည်…
တစ်ယောက်က ကျွန်ုပ်တို့ကို ရာဘာခြစ်သင်ပေးတဲ့ ဦးဟန်သိန်း သမီးကြီးကိုယ်ထဲ ဝင်ပူး၍ ကျန်တစ်ယောက် သူဌေးနဲ့ အတူပါလာတဲ့ သူ၏တပည့်ထဲတွင် ဝင်ပူးလေသည်…..
ဦးဟန်သိန်း သမီးအကြီးကိုယ်ထဲမှာ ဝင်ပူးတဲ့ သရဲကတော့ ကျွန်ုပ်ကို လုံးဝမကျေနပ်ဘူး ပြန်လုပ်မယ် သတ်ပြစ်မယ်ဟု့ဆိုပြီး သူဌေးတပည့်ကိုယ်ထဲမှာ ဝင်ပူးတဲ့ သရဲကတော့ ကျွန်ုပ်တို့ နားမလည်တဲ့ ဘာသာစကားတွေနဲ့ သူဌေးကိုပြောနေလေသည်….
ဆရာတော်သံဃာတော်တွေရဲ့ အမိန့်အာဏာအောက်မှာ ကျွန်ုပ်ကို မကျေနပ်ဘူးဆိုတဲ့ သရဲလည်း မာန်ကျပြီး တောင်းပန်ထွက်ခွာသွားခဲ့လေသည်….
သူဌေးတပည့်ကိုယ်ထဲမှာ ဝင်ပူးတဲ့ သရဲကလည်း သူဌေးနဲ့စကားတွေပြောပြီး ထွက်ခွာသွားခဲ့လေသည်……
ထို့သို့ဖြင့် ကျွန်ုပ်တို့ ငရဲခန်းလည်း လွတ်မြောက်သွားခဲ့ရလေတော့သည်…..
ကျွန်ုပ်တို့နှစ်ယောက်လည်း သိပ်မကြာခင်ပဲ ထိုခြံကြီးမှ ပြောင်းနိုင်ခဲ့လေ၏…..
ဘယ်နေရာပင်ရောက်ရောက် ကျွန်ုပ်ထိုကဲ့သို့မမိုက်တော့ပါဟူ၍…..
[ သူဌေးပြန်ပြောပြသည်မှာ – သူအိပ်ပျော်နေစဥ် ကျွန်ုပ်တို့ အိမ်နောက်ဘက်ကနေ မိန်းမကြီးတစ်ယောက် သူ့ကို သတ်မယ်ဆိုပြီး လာသည်ဟု့ဆိုသည်…..
ရုပ်အဆင်းကလည်း ကြောက်မက်ဖွယ်ရာကောင်းသလို အရပ်ကြီးကလည်း သူထပ်ဆယ်ဆလောက်ရှည်သည်ဟု့ဆိုသည် ။ သူ့ကိုသတ်မယ်လုပ်နေတုန်း သူနဲ့ဘာသာတူ အဘိုးကြီးက ထိုမိန်းမကြီးကို မောင်းထုတ်လိုက်သည်ဟု့ဆိုသည် ၊ သူ့ကိုလည်း မနက်မိုးလင်းတာနဲ့ ဒီမိန်းမကို နိုင်အောင်လုပ်နိုင်မဲ့သူခေါ်ခဲ့လို့မှာလိုက်သည်…ထို့ကြောင့်လည်း နားလည်တဲ့ဆရာကို ပင့်လာခဲ့ပေမဲ့အဆင်မပြေဖြစ်ခဲ့ပြီး သံဃာတွေပင့်မှ အဆင်ပြေသွားသည်ဟု့ဆိုလေသည်….
သူတပည့်ကိုယ်ထဲမှာ ဝင်ပူးတာက သူ့ကို အိပ်မက်ပေးခဲ့တဲ့ ဘာသာတူအဖိုးကြီးအဖိုးကြီး ဟု့သိရလေသည် …..
ဘာတွေပြောတာလည်း မေးကြည့်တော့ ဒီခြံထဲမှာ ရှိတဲ့လူတွေကို အမဲသားမစားဖို့ မှာသည်ဟု့ဆိုသည် ၊ အမဲသားချက်တဲ့နေမျိုးဆို ထိန်းရအင်မတန်ခက်ခဲကြောင်းပြောပြသည်….
ဒါဟာ လက်ခံယုံကြည်ဖို့ မကောင်းဘူးဆိုရင်လည်း ယုံပါလို့အတင်းမတိုက်တွန်းပါ ၊ ကြုံခဲ့ဖူးတဲ့ အဖြစ်ပျက်ကို ရေးပြချင်းသာဖြစ်ပါသည်…နောက်ဆုံးပြောပြချင်တာက ထို့နေကစပြီး ခြံထဲမှာနေတဲ့သူတွေကို အမဲသားမစားရဘူးလို့ အမဲသားကြိုက်တဲ့ ဘာသာဝင်သူဌေးက အမိန့်ထုတ်သွားတာပါပဲ…]
………………………………ပြီးပါပြီ…………………..
စာရေးသူ – ကျောက်ဆူး