နေ့ပျောက်နေသောရွာလေး(စ/ဆုံး)
——————————-
”မောင်ငယ်……မောင်ငယ်
လေးရေ……သတိရလာပြီလား”
“ဟင်……အလို…အမက……
အမကဘယ်သူပါလိမ့်……ကျ
တော်ကရောဘယ်ကနေဘယ်
လိုဒီနေရာလေးကိုရောက်လာ
တာလဲ…”
ရေအေးတစ်ယောက်အံ့အား
တသင့်မေးမိလေတော့
”ခ်ခ်…ဒါတွေနောက်တော့
သိရမှာပေါ့မောင်ငယ်လေးရယ်”
ရေအေးတစ်ယောက်သေသေ
ချာချာပြန်စဉ်းစားမိနေလေ
သည်…စဉ်းစားလို့ကမရပေ…
သူမရောက်ဖူးသောနေရာလေး
နှင့်သူမတွေ့ဖူးသည့်လူပုံစံ
တွေကိုတွေ့နေရလေပြီ……
ရှေးခေတ်ပုံစံအဝတ်အစား
တွေနှင့်လူတွေကလမ်းမတစ်
လျှောက်သွားလာလျှက်ရှိကြ
လေ၏…သူတို့ရဲ့မျက်နှာတွေ
ကပြုံးရွှင်ကြည်နူးနေလျှက်…
ပွဲလန်းသဘင်တစ်ခုခုကို
သွားမည့်ဟန်မျိုးဖြစ်နေလေ
သည်……
“သုံးဆောင်လိုက်ပါအုံးရှင်”
အငွေ့တထောင်းထောင်းထ
နေသည့်စားဖွယ်တွေကအနံ့
ရတာနှင့်ပင်သူ့ဗိုက်ထဲမှတဂွီ
ဂွီဖြစ်လာစေသဖြင့်
”ဟုတ်……ဟုတ်ကဲ့…အမ”
”ကျေးဇူးပါခင်ဗျာ့”…
“အားပါးပါး”……သူ့လျှာရိုး
တစ်လျှောက်ရှိအကြောပေါင်း
တစ်ထောင်ပင်စိမ့်တတ်သွား
မလားမှတ်ရလေသဖြင့်……
ရှက်ပင်မရှက်နိုင်တော့ပဲအငမ်း
မရစားသောက်မိနေလေပြီလေ
……ဗိုက်ထဲမှလည်းအလွန်
အမင်းဆာလောင်နေမှပဲကိုး…
”ဖြည်းဖြည်းသုံးဆောင်ပါ
မောင်ငယ်……”
သူ့ဘေးနားမှထိုင်ကြည့်နေ
သောထိုအမည်မသိထူးဆန်း
တဲ့ပုံရလေသည့်အမျိုးသမီး
ငယ်မှပြောလိုက်လေသဖြင့်…
“ဟဲ…စားလို့ကောင်းလို့ပါအမ
ရယ်…”
”ဒါနဲ့အမရဲ့အမည်လေးများ
သိခွင့်ရလေမလားခင်ဗျာ့…”
”နန်းရွှေစင်ပါရှင်……”
“မောင်ငယ်လေးနဲ့အတိတ်က
ကံအကြောင်းပါလာလို့……
အခုလိုလာဆုံရတာပဲကွယ်
……အမတို့ရဲ့နေရာလေးမှာရှိ
နေတုန်း……ဧည့်ဝတ်ကျေပွန်
ပါရစေနော်……”
ထိုအမျိုးသမီးမှယင်းသို့ယင်း
နှယ်ပြောလိုက်လေသောအခါ
ကျတော်လဲထူးဆန်းနေတာ
အမရ……ကျတော့်မှတ်ညဏ်
တွေများဘယ်ကိုဘယ်လို
ရောက်ကုန်ပြီလဲမသိတော့ဘူး
……ဒီနေရာကိုဘယ်လိုများ
ရောက်လာရတာလဲလေ……
”ဒါတွေခနထားလိုက်ပါလူ
ကလေး……မြေးလေး……နန်း
ရွှေစင်……ဘဘတို့ရွာလေးကို
အလည်ရောက်လာတဲ့လူလေး
ကိုရွာအနှံ့လိုက်ပြလိုက်ပါအုံး
ကွယ်……”
မုတ်ဆိတ်ဖြူဖြူနှင့်သဘော
မနောကောင်းပုံရသည့်အဘိုး
ကြီးတစ်ဦးမှပြောလိုက်ခြင်းပင်
……
“ဒါက……အမရဲ့အဘိုးလေ
မောင်ငယ်လေးရဲ့……အမတို့
ကမြေးဖိုးနှစ်ယောက်တူတူနေ
ကြတာပါ……”
နန်းရွှေစင်မှထိုသို့ပြောလိုက်
သောအခါ…သဘောကောင်း
ပုံရသည့်အဖိုးမှ……ရေအေးကို
ပြုံး၍ကြည့်လျှက်…အသိအမှတ်
ပြုသည့်သဘောမျိုးဖြင့်ခေါင်း
တဆတ်ဆတ်ငြိမ့်ပြလေသည်
”အဘရေ……သမီးတို့မောင်
နှစ်မနှစ်ယောက်ရွာထဲကိုခန
သွားလိုက်ပါအုံးမယ်…”
သူတို့နှစ်ယောက်အဘိုးကို
ခွင့်တောင်းပြီးရွာလေးထဲသို့
ထွက်လာကြလေသည်……
ရွာလမ်းမကြီးရဲ့လမ်းဘေး
ဝဲယာတစ်လျှောက်တွင်အလွန်
အင်မတန်မှလှပသည့်မီးတိုင်
ကြီးတွေကိုအစီအရီထွန်းထား
ကြပြီး……တောက်ပြောင်လှပ
သည့်…အဝတ်အစားကိုယ်စီ
ဝတ်ထားကြသည့်လူများစွာ
ကလည်းသွားလာလှုပ်ရှား
လျှက်ရှိကြလေသည်……
အိမ်ကြီးတွေကလည်း……
သူတစ်ခါမှမမြင်တွေ့ဖူးသည့်
ပုံစံတွေနှင့်တည်ဆောက်ထား
ကြတာကိုတွေ့ရလေပြီး…
လှပသည့်ပန်းမျိုးစုံတို့ဖြင့်
ပွင့်ဖူးနေကြသည့်ပန်းခြံကြီး
တွေရဲ့အလည်မှာလူအချို့က
ပျော်ရွှင်မြူးထူးစွာကခုန်လျှက်
ရှိကြလေသည်……
ရေအေးတျောက်မြင်တွေ့
သမျှအထူးအဆန်းတွေဖြစ်
နေသဖြင့်
”…အမတို့ရွာလေးကအပူ
အပင်တော်တောင်ကင်းတဲ့
ပုံပဲနော်……လူတွေအားလုံး
လိုလိုကြည့်ရတာအမြဲတမ်း
ပျော်ရွှင်နေတဲ့ပုံပဲအမရ…”
“ဒါကတော့လဲမောင်ငယ်လေး
ရယ်……သူ့အကြောင်းနဲ့သူ
ဖြစ်လာကြပေတာပဲ……”
နန်းရွှေစင်မှသူ့ကိုထိုသို့
ပြန်ပြောလိုက်သဖြင့်
“နားမလည်ဘူးအမရ……
အမပြောတာကို……”
“အော်……အချိန်တန်တော့
…ငါ့မောင်လေးသိရမှာပေါ့လေ”
”လာလာမောင်လေး……အမ
တို့မောင်နှစ်မနှစ်ယောက်……
ဟိုးနေရာက……ကပွဲလေးကို
သွားကြည့်ရအောင်……”
သူ……နန်းရွှေစင်လှမ်းပြော
လိုက်သောနေရာလေးကို
ကြည့်မိလိုက်တော့……
နန်းတော်ကြီးလိုအဆောက်
အဦးကြီးတစ်ခုထဲမှာ……ငြိမ့်
ငြိမ့်ညောင်းညောင်းကပြနေ
ကြသော……နတ်သမီးလေးတွေ
……နတ်သားလေးတွေတမျှလှ
ပသည့်……ကချေသည်လေး
တွေရဲ့ဟန်ပန်ကိုလှန်းမြင်
လိုက်ရလေသဖြင့်……
“အမ……ဒါကေလ……
ဟို……ဟို…ကျတော်ကြားဖူး
တဲ့နတ်ပြည်များလားဗျ…”
ရေအေးရဲ့အံ့သြသွားဟန်
ကိုကြည့်၍…
”ခ်ခ်…ဟုပ်တော့ဟုပ်ပါတယ်
မောင်ငယ်…ဒါပေမယ့်လေ
…အတိအကျတော့မဟုပ်ပါဘူး
ကွယ်……”
”ဗျာ……ဘယ်လို…အမပြော
တာကြီးကလဲ……”ရေအေး
တစ်ယောက်ဒီနေရာလေးကို
စရောက်ထဲကအထူးအဆန်း
တွေချည်းသာဖြစ်နေလေ၏…
ခုလဲနန်းရွှေစင်ဘာကိုသူ
ဆိုလိုမှန်းကိုမသိ……သူ့စိတ်
ထဲမှာတွေးမိတာကတော့…
ဒီနေရာလေးကလူတွေက
အပူအပင်ရှိပုံမရ…အမြဲပင်
ပျော်ရွှင်နေသည့်ဟန်ပန်မျိုး
ဖြင့်စည်းစိမ်တွေကိုတစ်မျိုး
ပြီးတစ်မျိုးခံစားနေကြသည့်
ထူးဆန်းတဲ့ရွာလေးလို့ပဲ
ထင်နေမိလေသည်……
သူတို့နှစ်ယောက်ကပွဲနေ
ရာလေးကိုရောက်တော့
……တီးခတ်လိုက်သည့်ဂီတသံ
တွေကညက်ညောလွန်းလှသ
ဖြင့်သူ့အကြားအာရုံတစ်ခုလုံး
ကထိုဂီတသံတွေရဲ့နောက်မှာ
လွင့်မျောသွားရုံသာမက……
ကချေသည်တွေရဲ့စည်းချက်
နဲ့အညီလှုပ်ရှားယိမ်းနွဲ့နေကြ
သည့်ဟန်ပန်အမူအရာတို့က
လည်း.…သူ့မျက်လုံးရဲ့အမြင်
အာရုံတွေကို……ထိုနေရာ
လေးမှမခွာနိုင်အောင်ညှို့ငင်
ထားကြပြန်လေပြီ……
”မောင်ငယ်……မောင်ငယ်လေး
…အမတို့တွေပြန်ကြရအောင်
လေ…”ကိုရေအေးတစ်ယောက်
အတီးအမှုတ်အကအခုန်တွေ
အပေါ်မှာအာရုံဝင်စားနေတုန်း
ယင်းသို့နန်းရွှေစင်မှပြောလိုက်
ချင်းပင်ဖြစ်လေသည်……
“ကျတော်မပြန်ချင်သေးဘူး
အမ……ဒီမှာက……ကပွဲကတော်
တော်ကြည့်ကောင်းနေတာ…”
ရေအေး၏အပြောကြောင့်……
“……မပြန်လို့မရတော့ဘူးလေ
မောင်ငယ်လေးရယ်……အမတို့
တွေကသူ့အချိန်ရောက်တော့
မယ်……”
”ဘယ်သူ့အချိန်လဲအမ……”
ထိုသို့သူတို့နှစ်ယောက်စကား
အချေတင်ပြောနေကြစဉ်……
ရွာကလေးတစ်ရွာလုံးကိုဖုံးလွမ်း
သွားသည့်ထူးဆန်းသည့်အသံ
ကြီးတွေထွက်ပေါ်လာကြလေ
သည်လေ……
”အချိန်ကြတော့မယ်ဟေ့……
မင်းတို့အချိန်ကနီးလာပြီ……
လာကြဟေ့……လာကြ……
လာကြဟေ့……ဟေး……ဟေး…”
နတ်သဘင်ကပွဲကဲ့သို့အလွန်
ပျော်စရာကောင်းလှသောထို
ကပွဲနေရာလေးရှိလူအပေါင်း
တို့သည်……ထိုအသံကြီးကို
ကြားလိုက်ရလေသောအခါ……
”အို…အလိုလေး……အချိန်ကြ
တော့မှာပါလား……”
ကပွဲတခုလုံးရုတ်တရပ်…တီးတိုး
တီးတိုးသံလေးတွေဖုန်းလွှမ်း
သွားကြသလို……လမ်းမအ
ထက်နေရာတွေ……ပန်းဥယဉ်
ကြီးတွေထဲသွားလာလှုပ်ရှား
နေကြသောလူတွေ……ကပါ
သူတို့ရဲ့လက်ရှိပျော်ရွှင်ခံစား
မှုတွေရုပ်တရက်ပျောက်ကွယ်
သွားကြပုံပေါ်သွားတာကို
ရေအေးတစ်ယောက်တွေ့လိုက်
ရလေသည်……
ကပြဲ၌ကျကေနျကေသာ……
ကချေသည်လေးတွေပါရုတ်
တရက်ဆိုသလိုပျောက်ကွယ်
ကုန်ကြလေပြီ……
“လာလာမောင်လေးမြန်မြန်…”
နန်းရွှေစင်တစ်ယောက်မပြေး
ရုံတစ်မယ်ခပ်မြန်မြန်လေး
လျှောက်နေသဖြင့်……ရေအေး
လဲသူမနောက်မှမှီအောင်အမြန်
ပင်လိုက်ရလေသည်……
ရေအေးသူမနောက်မှအမှီလိုက်
ရင်း……ဘေးဘီဝဲယာကိုအကဲ
ခပ်ကြည့်မိလေတော့…
သူရောက်နေခဲ့သောပျော်စရာ
ကောင်းသောနေရာလေးမှလူ
တွေရဲ့မျက်နှာတွေသည်အခု
ချိန်တွင်မတော့ကြောက်ရွံ့ညှိုး
ငယ်စွာဖြင့်ရှိနေကြပြီး……ထို
အသံကြီးထွက်ပေါ်လာရာနေ
ရာသို့တရွေ့ရွေ့ဖြင့်……ဝိညဉ်
ကောင်တွေလိုသွားလာနေကြ
ုပြန်လေပြီလေ……
“မောင်ငယ်လေး…အမတို့
အိမ်နေရာလေးကနေစောင့်
နေပါ…”ပြောလဲပြောပြီးနောက်
နန်းရွှေစင်တို့မြေးဘိုးနှစ်
ယောက်သည်လည်း……ထို
တရွေ့ရွေ့သွားနေကြသော
လူအုပ်ကြီးနောက်မှတန်းစီ
၍လိုက်သွားကြလေပြီတကား…
“ဟူး……ဘာတွေလဲကွာ……
ငါတစ်ခုခုကိုသိအောင်လုပ်မှ
ဖြစ်တော့မယ်……”ရေအေးတစ်
ယောက်ထိုသို့သက်ပျင်းချ
ပြီးနောက်……
ထိုထူးဆန်းသည့်ရွာလေးအ
တွင်းမှလူတွေတရွေ့ရွေ့သွား
နေကြသောနေရာလေးရဲ့နောက်သို့……
တောင်ကုန်းကြီးတစ်ခုပေါ်
သို့ထိုလူတွေတရွေ့ရွေ့တက်
သွားကြလေပြီ……ရေအေးလဲ
သူတို့ရဲ့အနောက်ခပ်ခွာခွာ
နေရာလေးမှလိုက်သွားမိလေ
တယ်လေ……
“ဆင်းလာခဲ့ကြတော့ဟေ့
ဆင်းလာခဲ့ကြတော့……
မင်းတို့အချိန်ကြပြီ……”
တောင်ကုန်းတစ်ခုလုံးအသံ
ကြီးတွေဖြင့်ထပ်မံလို့ဖုံးလွှမ်း
သွားကြပြီးနောက်……ထူးဆန်း
သောရွာလေးတွင်းမှလူတွေ
သည်…တောင်အောက်သို့
ရောက်အောင်ဆင်းသွားကြလေ
ပြီ……
သူလဲထိုလူတွေဆင်းသွား
သည့်တောင်ကုန်းအောက်နေ
ရာသို့ကြည့်မိလေသည်…
”ဟာ……အမ်းမလေး……”
လန့်ပြီးအထိတ်တလန့်အော်
မိလေပြီ……
လူတစ်ချို့ကားအလျံညီးညီး
လောင်ကျွမ်းနေသည့်သံပူ
ပြားတွေပေါ်မှာ၌……ကယ်ပါ
ယူပါတစာစာအော်ဟစ်ရင်း
ပြေးလွှားနေကြသလို……
တချို့တွေကားအလွန်အမင်း
နာကျင်စွာအော်ဟစ်ငိုယိုကြ
လျှက်……သူတို့ရဲ့အသွေး
အသားတွေကိုသူတို့လက်တွေ
နှင့်ပင်……ကိုယ်တိုင်ပြန်ဖဲ့ကာ
ကုတ်ယူစားသောက်နေကြ
ရလေသည်……
နေရာတစ်ခုမှာတော့……အင်မ
တန်မှကြီးမားလှသည့်ခွေးနက်
ကြီးတွေရဲ့ကိုက်ယူစားသောက်
ခြင်းကိုခံနေရရှာသောလူတစ်
စုကိုတွေ့ရပြန်လေပြီ……
တောင်ကြားတစ်ခုလုံး…
ကြီးစွာသောဆင်းရဲဒုက္ခကိုခံ
စားနေကြသောလူတွေကား
အော်ဟစ်ငိုယိုနေကြဆဲ……
တချို့တွေကားထိုနေရာလေး
မှထွက်ပြေးဖို့လုပ်ကြလေသည်
……ထိုပြေးနေသောလူတွေရဲ့
အနောက်မှ……အသွားထက်လှ
သောဓါးလိုလက်နက်ကြီးတွေ
ကိုင်ဆောင်ထားသောလူတွေ
ကလိုက်၍ထိုးခုတ်သတ်ဖြတ်
နေကြလေသည်……ပြေးနေ
ကြသောလူတွေလွတ်တာကို
သူမတွေ့ရ……
“ဒါ……ဒါဟာ……ငါကြားဖူး
တဲ့……ငရဲဆိုတာများလား…”
”ခုနက…ပျော်ရွှင်ဖွယ်စည်းစိမ်
ကြီးတွေကိုခံစားနေရတဲ့လူတွေ
ကလေ……ခု……ခုတော့ဘာ့
ကြောင့်ဒီလိုတွေဖြစ်ကုန်ကြ
ရတာလဲ……”
ထိုလူတွေခံစာနေကြရသော
ဆင်းရဲဒုက္ခကား……ကြောက်
မက်ဖွယ်ကောင်းသလို……သ
နားစဖွယ်လည်းအင်မတန်မှ
ပင်ကောင်းလှပေပြီ…
ရေအေးတစ်ယောက်တိတ်
ဆိတ်ငြိမ်သက်နေသောရွာ
ကလေးထဲသို့တစ်ယောက်ထဲ
ပြန်လာခဲ့ပေပြီ……
လမ်းတစ်လျှောက်လုံးလဲ
”…ငါက…ဒီနေရာကိုဘယ်လို
ရောက်လာတာပါလိမ့်…”ဟုသာ
တွေးတောနေမိလေပြီး…
ရွာလေးရဲ့အသွင်ပြင်ကို
အကဲခပ်ကြည့်မိ၏……
နေ့အလင်းရောင်အောက်ရှိ
ရွာလမ်းမတစ်လျှောက်…သက်
ရှိလူသားရယ်လို့သူတစ်ယောက်ထဲသာရှိနေလေပြန်သည်…
လှပဆန်းကြယ်တဲ့အိမ်ကလေး
တွေကား……ပိုင်ရှင်တွေကို
တိတ်ဆိတ်စွာမျှော်လင့်လျှက်
ရှိနေသလို…ပန်းပေါင်းစုံဖြင့်
ပွင့်ဖူးလှပနေကြသောပန်းခြံ
ကြီးတွေကလဲသူတို့ရဲ့သခင်
တွေအလာကိုတိတ်ဆိတ်စွာ
စောင့်မျှော်နေကြပြန်ပြီလေ…
တနေကုန်သူတစ်ယောက်
ထဲထိုရွာလေး၌…အဖော်မဲ့စွာ
အထီးကျန်နေခဲ့ရလေသည်…
ထူးဆန်းတာကတနေ့လုံးသူ
ဆာလောင်မွတ်သိပ်ချင်းအလျင်းမရှိခဲ့ခြင်းပင်……
“စောင့်နေရတာကြာပြီလား
မောင်ငယ်…”
သူ့နားထဲမှနန်းရွှေစင်ရဲ့အသံ
လေးကိုကြားလိုက်ရသဖြင့်…
”ဟော…အမတို့ပြန်လာကြ
ပြီ…”…ခုတော့လဲရွာလေးက
ပြန်လည်သက်ဝင်လှုပ်ရှားလာ
ပြန်လေပြီ……
”အမ…ကျတော်သိပြီးပါပြီဗျာ
…အမတို့ရွာလေးကလူတွေက
ဘာတွေဘဲဟင်အမ……”
”အော်…မောင်ငယ်တောင်
မြင်ပြီးမှကိုး……”
“လူကလေးကအဘတို့ရဲ့
ရွာလေးကို……အကြောင်းတိုက်
ဆိုင်လို့ရောက်လာရတဲ့ပထမ
ဦးဆုံးသက်ရှိလူသားပါပဲကွယ်”
အဖိုးမှဝင်ပြောချင်းပင်ဖြစ်
လေသည်…
”အမှန်ကတော့…လူလေးနဲ့
အဘတို့ရွာကလူတွေနဲ့က
ဘုံဘဝခြင်းမတူကြပါဘူးလေ”
”ဗျာ……ဘယ်…ဘယ်လိုအဘ”
သူ့ရဲ့အံ့အားတသင့်ရေရွတ်
လိုက်သံကြောင့်…
”ဟုပ်ပါတယ်လူကလေး…လူ
ကလေးမနေ့ညကမြင်တဲ့အ
တိုင်းပါပဲလေ……
ညဘက်ဆိုရင်…နတ်စည်း
စိမ်လို…ချမ်းသာတဲ့စည်းစိမ်သု
ခတွေကိုအလိုရှိတိုင်းခံစားသုံးဆောင်ခွင့်ရကြပြီး…
နေ့အခါမှာတော့…အကု
သိုလ်ဝဋ်ကြွေးတွေကို…
ခန္တာနဲ့ရင်းပြီးပြန်ပေးဆပ်
နေကြရတဲ့…
“နေ့ခံ…ညစံ…အမှန်တော့
…အမှန်တော့လေ……အဘတို့
ရွာလေးဟာ…
နေ့ဘက်ဆိုရင်…အကုသိုလ်
ဝဋ်ကြွေးတွေကိုခံစားနေရတဲ့
အတွက်……အဘတို့တွေအ
တွက်နေ့ဆိုတာဟာပျောက်
နေခဲ့ရလို့……
”နေ့ပျောက်နေတဲ့ရွာလေးပါ
ပဲကွယ်…”
အဖိုးရဲ့စကားအဆုံး၌…
ရေအေးမှ
“ဒီလိုဖြစ်လာရတဲ့အကြောင်း
ရင်းကိုသိခွင့်များရှိမလားအဘ
ရယ်…”
အဖိုးမှခေါင်းတဆတ်ဆတ်
ငြိမ့်ပြီး……
“သိခွင့်ရှိပါပြီကောလူလေး
ရယ်……အဘတို့တွေဟာ…
လူ့ဘဝတုန်းက……နေ့အခါ
မှာ……သူများအသက်ကို
သတ်ဖြစ်ချင်း…သူတစ်ပါးရဲ့
စည်းစိမ်ဥစ္စာတွေကိုခိုးယူ
ချင်း……မုသားစကားပြောဆို
ချင်းစတဲ့မကောင်းမှုတွေကို
လုပ်ခဲ့ကြပြီး……
ညအခါမှာတော့……တရား
ဘာဝနာများအားထုတ်ပြီး…
သူ့အသတ်သတ်ချင်းစတဲ့
မကောင်းမှုတွေကိုရှောင်
ကျဉ်ခဲ့ကြတဲ့အတွက်
့…အဘတို့
ပြုခဲ့ကြတဲ့စေတနာအတိုင်း
ငရဲသဖွယ်ဆင်းရဲနေကြရတဲ့
“နေ့ခံ ညစံ”
နေ့ပျောက်နေကြတဲ့
အသူရကာယ်……ဘုံသားတွေ
ပါပဲလူကလေးရယ်”
အဖိုး၏စကားအဆုံး၌
”ဟုပ်ပါပြီကောမောင်ငယ်…
မောင်ငယ်လေးဟာ……အမတို့
မြေးအဖိုးနဲ့အရမ်းကိုနီးစပ်နေ
တဲ့အတွက်……အမတို့ရှိရာ
သည်အိမ်ကလေးကိုရောက်
လာတာပါပဲ……ဒါပေမယ့်
…မောင်ငယ်လေးရဲ့လူ့ဘဝ
ကသက်တမ်းမကုန်သေးတဲ့
အတွက်…အမတို့ဆီကိုခေတ္တ
ခနမျှသာရောက်လာရတာပါ
……”
“ဒီလိုနေရာမျိုးကိုမရောက်
ချင်ပါနဲ့မောင်ငယ်လေးရယ်
…မောင်ငယ်သာလူ့ဘဝကို
ပြန်ရောက်တဲ့အချိန်…နေ့အခါ
မှာအကုသိုလ်အမှုတွေကို
ဆက်ပြုနေမယ်ဆိုရင်တော့
…သိပ်မကြာခင်မှာပဲဒီအိမ်နေ
ရာလေးကိုရောက်လာပါလိမ့်
မယ်……”
ညအခါမှာမောင်ငယ်ပြုနေ
ကြအတိုင်းကုသိုလ်အမှုတွေ
ကိုဆက်လက်ကြိုးစားအား
ထုတ်ပါ……နေ့အခါမှာလည်း
အကုသိုလ်အမှုတွေကို
သတိတရားနဲ့ရှောင်ကျဉ်ပါ
တော့လေ……”
နန်းရွှေစင်ရဲ့စကားအဆုံး
၌…
“ကဲကဲမြေးလဲပြန်ဖို့အချိန်
ကြပြီပဲလေ…အဖိုးတို့အဖြစ်
ကိုသတိရပါမြေးလေးလူ့ဘ
ဝရောက်တဲ့အခါမှာကုသိုလ်
အမှုတွေကိုများများပြုပါကွယ်”
“အဖိုးရေ……အဖိုး……
အမနန်းရွှေစင်……အမရေ……
ရင်တွေပူလိုက်တာ……ရေ
ရေလေးတစ်ခွက်လောက်
ပေးပါ……”
”ဟော……သားလေး……သား
လေးရေအေးမသေဘူးတော့်
……”
အလောင်းစင်ပြင်ထားသည့်
နေရာအနီး၌တရှုံ့ရှံ့ငိုနေ
သည့်အမျိုးသမီးကြီးတစ်
ယောက်ရဲ့……ဝမ်းပန်းတသာ
အော်လိုက်သံနှင့်အတူ
တစ်ချို့တွေကား
သရဲခြောက်သည်အထင်ဖြင့်
ဝရုန်းသုန်းကားထပြေးကြလေ
ပြီ……
ရေအေးရဲ့နှုတ်မှလည်း
“အမေ……ရေလေးပေးပါ……
ရေ…ရေ…အမနန်းရွှေစင်ကော
ဟင်……အမနဲ့အဖိုးကော”
အသုဘအိမ္တစ္ခုလုံး…
အံ့သြတကြီးသံတွေဖြင့်ဆူ
ညံကုန်ကြလေပြီတကား
မောင်ရေအေးအမှန်တကယ်
မေသဘူးဟ……သူမေသပဲ
မြောသွားတာပဲဖြစ်မယ်……
သေရွာပြန်လေးပါလား…
အထက်ပါအဖြစ်အပျက်များ
ြိဖစ်ပွားပြီးမကြာမီ၌
တောင်သာရွာကလေးရဲ့
အပြင်ဘက်…တောအုပ်က
လေး၌…ကျောင်းသင်္ခမ်းလေး
တစ်လုံးပေါ်ပေါက်လာခဲ့ပြီး
ထိုကျောင်းသင်္ခမ်းလေးထဲ၌
သတိသံဝေဂတရားကြီးစွာ
ဖြင့်တရားအားထုတ်နေရှာ
သောရသေ့လေးတစ်ပါး
ပေါ်ပေါက်လာခဲ့လေပြီတည်း…
ပြီးပါပြီ
အားပေးကြကုန်အံ့
ိ#credit