ပုံတူပန်းချီ(စ/ဆုံး)
————–
“ဒုန်း ဒုန်း ဒုန်း ´´ “ချွမ်း ချွမ်း ´´
“လှဧကရီ လှဧကရီ´´
ကျောင်းပေါင်းစုံ စုံညီပွဲ တွင် လှဧကရီခေါင်း ဆောင်သော ဘင်ခရာ အဖွဲ့သည် ကျောင်း အားကစား ကွင်းတွင် ဖျော်ဖြေ နေရ၏။
လှဧကရီ မှာ သူမ တို့ အမျိုးသမီး ကျောင်း၏ အလှဆုံးမိန်းကလေး Queenအဖြစ် သတ်မှတ် ခံထားရသူ ဖြစ်သည်။
အမျိုးသမီး ကျောင်း သီးသန့်ဖြစ်၍ ချမ်းသာသော လူတန်းစား များသာ တက်ရောက်နိုင်သော ကျောင်းဆို လျှင်လည်း မမှား နိုင်ပေ။
လှဧကရီ နာမည်လေး အတိုင်းပင် လူမှာ အရပ်ရှည်ရှည် ဖြူဖြူ ဖွေးဖွေး ဖြစ်၏။
မျက်နှာ လေးမှာ ပန်းနုရောင်သမ်းကာ နဂိုလှ ဖြစ်၍ မိတ်ကပ်ထပ်ထားသော သူမ မျက်နှာလေးမှာ ကြည့်မိသူ အဖို့ အသက်ပင်
ရှူ ဖို့ မေ့သွားတတ်ကြသည်။
ဤ အလှတရားက ပင် သူမ ကို မာန တက်စေ၏။ သူမ သည်မာန အလွန်ကြီး၏။
ကျောင်းတွင်စာတော်သူ ဖြစ်ကာ တန်းတူမိန်းကလေး များနှင့် ရောရော နှောနှော မနေ တတ်ပေ။
သူမ ဝါသနာ နောက်တစ်ခုမှာ ပန်းချီ ဆွဲ ချင်းဖြစ်လေသည်။ ကျောင်းတွင် ဒသမ တန်းများအတွက် ပန်းချီ ချိန် သီးသန့့်ထားကာ ပန်းချီ ဆွဲ ခန်း သီးသန့် ဖွင့်ထား၏။
လှဧကရီ မှာ ဘင်ခရာအဖွဲ့ တွင် ကျိုင်း ကိုင်သူ ဖြစ်သည်။ သူမ ပါဝင်သော အဖွဲ့ ဆိုလျှင် လူတိုင်းငေးမော ရလောက်အောင်ပင် သူမ၏ အလှတရား က ဆွဲဆောင်နိုင်၏။
“ဟူးးးး မောလိုက်တာ´´ လှဧကရီ အခန်း ဖော် သီတာ မှ လှဧကရီ့ဘေး ထိုင်ကာ ညည်းလိုက်သည်။
ထို့နောက် သူမ ကပင်“လှဧကရီ ငါတ်ို့ အဖွ့ ဲ တိုင်းစုံ ညီထဲ ပါတယ်ဆို ´´
လှဧကရီမှ ရေသောက်လိုက်ရင်း“အင်းပါတယ်´´ဟု ပြောကာ ထိုင်နေရာမှ ထ သွား လေ၏။
သီတာ တစ်ယောက်ထဲ ကြောင်အမ်းအမ်း ကျန်ခဲ့ကာ “အမလေး သူ့ လုပ်စာ စားနေရတဲ့ အတိုင်း ပဲ´´ ဟု တစ်ယောက်ထဲ မဲ့ ရွဲ့ ပြောလိုက်လေတော့သည်။
~~~~~~~~~~~~
လှဧကရီ သူမ၏ ပုံတူ ခဲ ပန်းချီ လေးအား ဆွဲသား နေလေသည်။
ပန်းချီ ခန်း တွင် သူမတစ်ယောက်ထဲ ရှိနေ၏။ ထမင်းးစား ချိန်ဖြစ် ၍ ကျန်သော ကျောင်းသူများ အခန်း ထဲတွင် ထမင်းစားနေပေလိမ့်မည်။
သူမ ဒီလို အချိန် ကို သေချာ ရွေး ချယ်ထား ခြင်းလည်း ဖြစ်၏။ သူမ ဘဝ တွင် ချမ်းသာသည် လှပ သည်ကို သာ လူတွေမြင်ကြသည်။
သူမ မေတ္တာ တရား ငတ်နေသည်ကို တော့မမြင်ကြပေ။ သူမ မေမေနှင့် ဖေဖေ မှာသူမ ၅ နှစ်သမီး အရွယ်တွင် ကွဲကွာ သွားကြ၏။သူမ ဖေဖေ နောက်မိန်းမ ယူကာ နိုင်ငံခြား ထွက်သွားသည်။ ဖေဖေကတော့ သူမအတွက် တလ တခါ ငွေတွေ ပို့့နေဆဲပင်။
သူမ မေမေ ကတော့ အဲ့ဒီ အချိန်ကတည်းက ယောက်ကျား များကို စိတ်နာကာ သူမအား ယောက်ကျား လေး သူငယ်ချင်း ပင် မထား ခိုင်းခဲ့ပေ။ ကျောင်းကို လည်း အမျိုး သမီး ကျောင်း ကို ရွေးချယ်ထားခဲ့၏။
“ဟူးးးး´´ “ပန်းချီလေး ကတော့ ပြီး သွားပြီ´´
လှဧကရီ သူမ ကိုယ်တိုင် ဆွဲထားသော သူမ ပုံတူရေဆေး ပန်းချီအား အခန်း၏ နံရံ တွင် ချိတ်ဆွဲလိုက်၏။ ဒီပန်းချီ ထဲက သူမပုံတူက ပင် သူမ၏ အကောင်းဆုံး အဖော် သူငယ်ချင်း ဟု သူမ သတ်မှတ်လိုက်၏။
သူမ ပန်းချီကား လေးအား ကြည့်ကာ လက်ညှိုးနှင့် လက်မ ထောင်လိုက်၏။ ထို့နောက် “ ဘမ်းးးး´´ “ဒီနေ့က စပြီး နင်နဲ့ငါ သူငယ်ချင်းပဲ´´ ဟု ပြောကာ ပန်းချီ ခန်းမ ထဲမှ ထွက်ခဲ့ လေတော့သည်။
~~~~~~~~~~~~~~
ကောင်းကင်ထက်တွင် တိမ်ကင်းစင်နေ၏။
နံနက်ခင်း ရောင်နီ ဦးမှာ လည်း ဝင်းပလို့့နေ၏။ ငှက်ကလေးများ မှာလည်း မြောက်မှတောင် အရှေ့ မှ အနောက် ကူးလူး ပျံသန်းနေကြသည်။
လှဧကရီတို့ ကျောင်းတော်ကြီး ထဲ တွင်လည်း ကျောင်းပေါင်းစုံမှ ဘင်ခရာ အဖွဲ့များ စုံလင်နေ၏။
ယနေ့သည် တိုင်းစုံ ညီဖြစ်၍ သူ့ကျောင်း ကိုယ့်ကျောင်း အပြိုင်အဆိုင် များ ကြလေသည်။
လှဧကရီ ပါသော ဘင်ခရာ အဖွဲ့မှာ လူအများ စိတ်အဝင်စားဆုံး အဖွဲ့ ဖြစ်နေတော့၏။
လှဧကရီလက်ချောင်း လေးများ လှုပ်၍ ကျိုင်းကို ဝှေ့ယမ်း လိုက်သည်နှင့် တပြိုင်နက် ဘင်ခရာ အသံမှာ မြူးကြွ စွာ ထွက်ပေါ် လာ၏။
ဆရာ ဆရာမများ နှင့် လူကြီး များမှာ သူမတို့ အဖွဲ့အား သဘာကျစွာ ကြည့် နေလေသည်။
လှဧကရီ့ မှာ သူမ အစွမ်း ပြချင်ကာ ကျိုင်းကို မိုးပေါ် မြှောက်၍ ဖမ်းလိုက်၏။ လက်ထဲ ရောက်လာသော ကျိုင်းကို ဝှေ ှ့ယမ်းကစားပြ ပြန်သည်။
“ဝိုးးးးးဖြောင်းဖြောင်းဖြောင်းးး´´ ခနဲ အားပေးသံများ ဆူညံ့သွားလေတော့၏။
နောက်တဖန် လှဧကရီ ကျိုင်းက်ို အားပါပါဖြင့် မိုးပေါ် မြှောက်လိုက်၏။ သူမ မော့်၍ ကျိုင်းကို ဖမ်းရာတွင် သူမခြေထောက် ကို အနောက်မှ တစုံတစ်ယောက်က မသိမသာ ထိုးလိုက်၍ သူမခြေချော်သွား၏။အရာရာ ဟန်ချက် ပျက်သွားချိန် တွင်တော့ …..
“ဇွက်´´ “အမလေးးးးး´´ “လှဧကရီ…..´´
ကျိုင်းမှာလှ ဧကရီ့လက်ထဲ မရောက်ဘဲ လည်ပင်းကို ထုတ်ချင်းပေါက် စိုက်ဝင် သွား ချင်းကြောင့် ပက်လက်ကြီး ဖြစ်ကာ အသက်ပျောက်သွား လေတော့သည်။
~~~~~~~~~~~
“သမီးလေး သမီးလေး ရယ် အမေ အမေ ဘယ်သူနဲ့ နေရတော့မှာ လည်း ´´ လှဧကရီ့အမေ ထိပ်ထား မှာ တစ်ဦး တည်းသော သမီး လေး မတော်တဆ သေဆုံးသော ကြောင့် ယူကျုံး မရ ဖြစ်မိနေလေသည်။
“တောက် …ဒါ ဒါ ဘယ်လို မှ မဖြစ်နိုင်ဘူး ကျွန်မ သမီးကို တစ်ယောက်ယောက် သတ်တာ ပဲ ဖြစ်ရမယ် ကျွန်မသမီးက အရမ်း စေ့စပ် သေချာတာ ရှင့် ´´
“ညီမရယ် စိတ်လျော့ပါနော် အစ်မတို့လည်း ဘက်စုံ ထူးချွန်နေတဲ့ ကျောင်းသူ လေး တစ်ယောက် ဆုံးရှုံး တာ ဝမ်းနည်းလို့့မဆုံးပါဘူးကွယ်´´လှ ဧကရီ့ အတန်းပိုင်ဆရာမ မှ ဒေါ်ထိပ်ထား၏ ပခုံးအားကိုင်ကာ အားပေးလိုက်၏။
~~~~~~~~~~~~~~~
“အူးးးးးးအူးးးးးးးးးအူးးးးးး´´
အထက အမ်ျိုးသမီး ကျောင်းကြီး မှာ ညအမှောင်အောက်တွင် မီး များ ထိန်ထိန် လင်းနေ၏။
ကျောင်းစောင့် လင်မယားဖြစ်သော အောင်ဘုနှင့် မယ်မြ မှာ အချိန် အခါမဟုတ် ခွေးအူးသံ ကြောင့် တစ်ယောက်နှင့် တစ်ယောက်ကြည့်လိုက်ကြသည်။
မယ်မြ “တော့် အိပ်ခါနီး ကျောင်းကို နောက်တခါ စစ်ရဦးမယ် မလား ခွေးတွေလည်း အူနေတယ် သူခိုးကပ်တာများ လား ´´
အောင်ဘု “အေးကွ အရင်က မအူ ဘူးပါဘူး မယ်မြ တံခါး သေချာ ပိတ်ထား ငါကျောင်းကို တစ်ခါသွားစစ်ဦးမယ် ´´ ဟုပြောကာ ဓာတ်မီး တဝင့်ဝင့် နှင့် ထွက်သွားလေ၏။
အောင်ဘုတို့့ကျောင်းစောင့်လုပ်လာသည်မှာ နှစ်နှစ် ခန့့်ရှိပေပြီ။တစ္ဆေသရဲ လုံးဝ အယုံအကြည်မရှိ၍ ကျောင်းစောင့် လုပ်နေချင်းသာ….
အောင်ဘုတစ်ယောက် တောင်တွေးမြောက်တွေးဖြင့် ဒသမ ခန်း ပန်းချီ ခန်း သို့ ရောက်လာ၏။
ထိုစဉ် အခန်းထဲမှ “ဒုန်းးးဒုန်းးးဒုန်းးးး´´
နံရံနှင့် တခုခုကို ပြေး တိုက်နေသံ အောင်ဘုနားနှင့် ဆက်ဆက် ကြားလိုက်လေသည်။
အောင်ဘု ဓာတ်မီးကို သေချာကိုင်ကာ ခါးကြားက လက်ကိုင်တုတ်ကို ထုတ်လိုက်၏။
“တောက် သူခိုးပဲ နေမှာ လူပါး ဝ လို့ကွာ´´ တီးတိုး ပြောရင်း ပန်းချီ ခန်း တံခါး အား သော့ဖွင့် ဝင်လိုက်သည်။
“ဟင် …´´ အောင်ဘု တွေ့လိုက်သည်က သူထင်သလို သူခိုးမဟုတ်ပေ။
အဖြူနဲ့ အစိမ်း ကျောင်းသူ လေးတစ်ယောက် သူ့အား ကျောပေး ထား ကာ ခေါင်းငိုက်စိုက်နှင့် ကျောင်းနံရံအား ခေါင်းနှင့် ပြေးပြေး တိုက်နေ၏။
အောင်ဘု မှာ သရဲမကြောက်သော်လည်း ပုံမှန် မဟုတ်သော အခြေအနေတွင် ချွေးစေး များ ထွက်လာ၏။
“ကလေးး ကလေးးးမ မင်းးမင်းးးအိမ်မပြန်သေးတာလား´´
ထိုကောင်မလေးမှာ တဖြည်းဖြည်း အောင်ဘု ဘက်သို့မျက်နှာ လှည့်လာသည်။
သူမ မျက်လုံးများ မှာ ပြူးကျယ်နေ၏။လည်ပင်းက အပေါက်ကြီးမှာ ထုတ်ချင်း ပေါက်နေ၍ တဖက်က နံရံကို ပင်မြင်နေရသည်။ထိုအချင်းအရာကို မြင်လိုက်ရသောအောင်ဘုတစ်ယောက်
“အမေ ကယ်ပါ….´´ဟု ငယ်သံပါအောင် အော်ကာ တင်ပါးနှင့်ခြေထောက် တသားတည်း ကျအောင်ပြေးလေတော့သည်။
~~~~~~~~~~~~~
“ဟဲ့ ဟ်ို သတင်း သိပြီး ပြီ လား ကျောင်းစောင့်ကြီးကို လှဧကရီ ခြောက်လွှတ်လိုက်တာတဲ့´´
“နင်ကလည်း သေချာလို့ လား ´´
“သေချာတာပေါ့ သရဲမက အဖြူအစိမ်း ဝတ်ထားတာတဲ့ လည်ပင်းမှာ လည်း အပေါက်ကြီး နဲ့ တဲ့ ´´
လှဧကရီ တို့အခန်းထဲက ကောင်မလေးတစ်သိုက် လတ်တလော ခေတ်စားနေသော သရဲခြောက်မှုကို တီးတိုးပြောနေကြလေ၏။
ထို့ အချိန် အခန်းထဲမှ မသိမသာ ထွက်သွားသော မြတ်နိုး…
သူမ ခြေလှမ်း များက ပန်းချီ ခန်းမစီသို့…
သူမ လှဧကရီ ၏ ရေဆေး ပန်းချီကို ကြည့်လိုက်သည်။ ပန်းချီကားထဲက လှဧကရီ ၏ မျက်လုံးများက ညှို့ဓာတ်ပါနေ၏။
“နင် သေတာတောင် နာမည်က မသေနိုင်သေးပါ့လား တောက်´´ သူမ စိတ်တိုကာ လှဧကရီ ၏ ပုံတူပန်းချီကား အား ဆွဲဆုတ်ရန် လက်လှမ်း လိုက်၏။
“ဖျက် ..´´ ခနဲ သူမ လက်အား ဖမ်းကိုင်လိုက်သော လက်တစ်ဖက်….
မြတ်နိုး ထိုလက်ပိုင်ရှင်အား ကြောက်လန့်စွာ တဖြည်းဖြည်း လှည့် ကြည့် လိုက်၏။
“လှ လှ လှဧကရီ…´´
လှဧကရီ မှာ ခေါင်းကြီး ငုံ့ကာ မြတ်နိုးလက်အား ကိုင်ထားသည်။ သူမဆံပင်များမှာ လေထဲတွင် တွဲလွဲကျနေ၏။လက်များမှာ သွေးမရှိသည့် အတိုင်း ဖွေးဖွေး ဖြူနေ၏။
လှဧကရီ ခေါင်းကို တဖြည်းဖြည်း မော့လိုက်သည်……
မျက်လုံး နှစ်လုံး လုံးမှာ မည်းမှောင်နေ၏။
မျက်နှာ မှာ ဖွေးဖွေး ဖြူ၍ သွေးကြော အမျှင် စိမ်းလေးများ ရှုပ်ထွေး ယှက်သမ်း နေသည်ကို အတိုင်းသား မြင်နေရသည်။
သူမ၏ လည်ပင်းတွင်တော့ သွေးပုပ်များ ဗလပွ အခဲလိုက် ထွက်ကျလာလေ၏။ထိုမြင်ကွင်းအား မြင်လိုက်ရသော မြတ်နိုးတစ်ယောက်မှာတော့…..
“အားးးးးးးးးးးးး´´ခနဲအော်ကာ “ဝုန်းးး´´ခနဲ တံခါးအား တွန်းဖွင့်၍ အပြင်သို့့ပြေးထွက်လေတော့၏။
“ဟဲ့ ဘာဖြစ်တာလဲ´´
“အမလေးးး´´
သီတာမှ မြတ်နိုး အား ဆီးဖမ်း၍ မေးလိုက်သောအခါ မြတ်နိူး တစ်ယောက် သီတာရှေ့တွင် ပင် အကြောက်လွန်ကာ မေ့လဲသွားလေတော့သည်။
~~~~~~~~~~~~~~~
မြတ်နိုး အားယူ၍ မျက်လုံး ဖွင့်ကြည့်လိုက်၏။
မျက်နှာကြက်တွင် ပန်ကာ လည်နေသည်ကို သူမ အရင်မြင်လိုက်ရသည်။
“သမီး သမီးလေး သတိရလာပြီလား´´
သူမ လက်မောင်းလေးအား ခပ်ဖွဖွ လေး ကိုင်ကာ သူမ မိခင်မှ မေးလိုက်၏။
သူမအနား တွင် ဆရာမ များနှင့် သူမ အခန်း ဖော်များ …
ထိုသူများ ကြား ထဲတွင် သူမ အား စိုက်ကြည့်နေသော ကျောင်းသူ တစ်ဦး…
“သမီးလေး မသေကောင်း မပျောက်ကောင်းကွယ် ´´မြတ်နိုး တို့ ကျောင်းအုပ်ဆရာမကြီးမှ မြတ်နိုး နဖူးလေးအား စမ်းကာ မေးလိုက်၏။
“ဆရာမ သမီး ဘယ်ရောက်နေတာလဲဟင်´´
“သမီးက ကျောင်းက ဆေးပေးခန်း ရောက်နေတာပါကွယ်´´
ထိုအသံအား ကြားလိုက်ရသော မြတ်နိုး ကုတင်ပေါ်မှ ကမန်းကတန်း ထကာ
“မေမေ အိမ်ပြန်မယ် သမီး သမီး ဒီ ဒီမှာ မနေ မနေချင်တော့ ဘူး မေမေ´´ ဟု ပြောကာ ကုတင်ပေါ်မှ ဆင်း ပြေးလေ၏။
“မြတ်နိုး မြတ်နိုး မြတ်နိူး ….´´
မြတ်နိုးတစ်ယောက် မည်သူ့ကိုမှ ဂရုမစိုက်တော့ဘဲ ကျောင်းနဲ့ ဝေးရာစီသိူ့ ထွက်ပြေး သွား လေတော့သည်။
~~~~~~~~~~~~
“သီတာ နင်သိပြီးပြီ လား သူတို့တွေ ပြောနေကြတဲ့ အကြောင်း ´´ သီတာ့ သူငယ်ချင်း မလေးမှ သီတာ့အား စကားစလိုက်၏။
သီတာမှ မျက်လုံး အဝိုင်းသား လေးနှင့် ခေါင်းယမ်း ကာ “ဘာအကြောင်း လဲ´´
ထိုကောင်မလေးမှာ ဘေးဘီသို့ကြည့်ပြီး သီတာ့ နား အနား လက်ကလေး အုပ်၍
“လှဧကရီ ကို မြတ်နိုး သတ်တာ တဲ့ မြတ်နိုးက လှဧကရီ ကို မနာလို နေတာ လေ ပန်းချီခန်းမထဲ ဝင်တုန်းက လည်း လှဧကရီ့ ပုံတူပန်းချီကို ဆုတ်ဖြဲ ဖို့လုပ်နေတာ အဲ့တာကြောင့် လှဧကရီသရဲမ က ခြောက်လိုက်တာ လေ ´´ ဟု ပြောလိုက်၏။
သီတာမှ ချွေး များပြန် လာကာ “ဟုတ် ဟုတ် ဟုတ်ရဲ့ လားဟာ ´´
“အေး ဟုတ်တယ် ရဲတွေကလည်း သူ့အိမ်ကို စောင့်ကြည့် နေကြတယ် လှဧကရီ အမေက တိုင်ချက်ဖွင့်ထားလို့့လေ..´´ဟုပြောအပြီး
“ကျွီ´´ ခနဲ ထိုင်ခုံမှ သီတာ ထကာ အခန်း အပြင်သို့ ပြေး ထွက်လာလေတော့၏။
~~~~~~~~~~~~~~~~
“ရှဲ ……ရှဲ …´´ ရေပန်းမှ ရေများ ပန်းထွက်လာ၏။
သီတာ စိတ်ရှုပ်လာသဖြင့် လက်ခုံ ဖြင့် ရေခံကာ မျက်နှာ သစ်လိုက်၏။
မှန်ထဲ ကြည့် လိုက်သော အခါ သူမအား စိုက်ကြည့် နေသော လှဧကရီ…..
“အမလေးး´´ သီတာ ကြောက်လန့်ကာ အနောက်သို့ ခုန်လိုက်မိ၏။
သူမ မှန်ထဲ ပြန်ကြည့် မိသောအခါ
“ဟူးးး´´ သူမပုံရိပ်ကို လှဧကရီ ထင်ကာ လန့့်အော်မိခြင်းပင်ဖြစ်၏။
“ငါ တော်တော် အတွေး လွန်နေတာပဲ´´ သူမကိုယ်သူမ သတိပေးကာ ရေပိုက်ခေါင်းကို ပိတ်လိုက်၏။
ထို့နောက် သူမ ရေချိုး ခန်း ထဲက အပြင်ထွက်ရန် ခြေလှမ်း ပြင်စဉ်..
“ ကျွီ ကျွီ ကျွီ´´ ခနဲ ရေပိုက်ခေါင်း လှည့်သံကြားလိုက်ရလေသည်။
သူမတဖြည်းဖြည်း နောက်သိူ့ လှည့်ကြည့်လိုက်သည်။
“ဗျစ် ဗျစ် ..´´ခနဲ ရေပိုက်ခေါင်း ထဲမှ သွေးခဲများ အတုံးလိုက်အခဲလိုက် ထွက်ကျလာသည်ကို သူမ တွေ့လိုက်ရသည်။
သူမ တဖက်သိူ့ ပြန်လှည့်ကာ ခြေလှမ်းသွက်သွက်ဖြင့် ရေချိုး ခန်း အပြင်သို့့ ထွက်၍ “ ဒုန်းး´´ ခနဲ တံခါးကို စောင့်ပိတ် လိုက်သည်။
~~~~~~~~~~~~~~~~
အ ကာလ ညအခါတွင် ကောင်းကင်ထက်၌ တခြမ်းပဲ့ လကလေး သာ အလင်းရောင်မှိန်ပျပျ ရှိနေလေ၏။
ထိုစဉ် ဘယ်စီ ဘယ်ဝယ်မှ မသိသော ခွေးများက “အူးးးးးးးအူးးးးးးူး´´ခနဲ ဆွဲဆွဲငင်ငင် အူလိုက်လေသည်။
“ဝုန်းးး´´“ဖလပ် ဖလပ် ´´
“အမလေးး´´သီတာ့ ကုတင် ခြေရင်း ပြတင်းပေါက်မှ ဝုန်းခနဲ ပွင့်သွားကာ လိုက်ကာ စ များမှာ လေတိုက်၍ အသံမြည်သွား၏။
သီတာ ရင်ဘတ်လေး အား ဖိကာ ပြတင်းပေါက်အနား သွားလိုက်သည်။
“ငါ တံခါး သေချာ ပိတ်ခဲ့ ပါတယ် အိူ ဂျက် ချောင်တာ နေမှာပါ ´´သူမ ဖော့ တွေးကာ တံခါး ပိတ်လိုက်၏။
ထိုစဉ် “တီ တီ တီ ´´ သီတာ့ စာကြည့်စားပွဲပေါ်မှ ဖုန်းလေး မြည်လာ၏။
သူမ နာမည်ကြည့်လိုက်တော့ “မြတ်နိုး..´´
“အေး မြတ်နိုး ပြော´´
“သီ..သီ..သီတာ ကျောင်းက ပန်းချီခန်း လာ လာ ခဲ့ဦး ´´ဟု တဖက်မှ ပြောကာ ဖုန်းချသွားလေသည်။
“မြတ်နိုး မြတ်နိုးး ဟာ ကျွတ်´´ သီတာ ဖုန်းချကာ အပေါ် လက်ရှည် ဝတ်လိုက်၏။ထို့့နောက် လက်နှိပ်ဓာတ်မီး ယူကာ အိမ်က မိဘများ မသိအောင် ကျောင်းသို့ ထွက်လာလေတော့၏။
~~~~~~~~~~~~~~~
ည အမှောင် အောက်တွင် ကျောင်းကြီးမှာ ခြောက်ခြား ဖွယ် အတိ ဖြစ်နေ၏။
ကျောင်းစောင့် လင်မယား မှာလည်း တဲအိမ်ထဲတွင် အိပ်ကောင်း နေလောက်ပြီ။
သီတာ မှာ ဘောင်းဘီ ရှည်ဝတ်ထား ၍ ကျောင်းတံခါးအား ကျော်ခွ တက်လိုက်သည်။
“ ရှပ် ရှပ် ရှပ် ´´ သူမခြေသံက ပင် သူမအား ခြောက်လန့်နေသည့်အလား
သူမ ပန်းချီအခန်းအား လက်နှိပ်ဓာတ်မီးနှင့်ထိုးကြည့်လိုက်၏။ အခန်းတံခါးမှာ စေ့ရုံလေး စေ့ထားလေသည်။
“ကျွီ..´´သူမတံခါးကို အသာဖွင့်၍ ဝင်လိုက်သည်။
“ဟင် ´´သူမတွေ့လိုက် ရသည်က မြတ်နိုးတစ်ယောက် သူမအား ကျောပေးကာ ပန်းချီ ထိုင်ဆွဲနေလေ၏။
သီတာ မှ မြတ်နိုး အနား တဖြည်းဖြည်း ကပ်ကာ သူမပခုံးကို ကိုင်လိုက်၏။
“နင် ဘာတွေ ဆွဲနေတာလဲ အလိုလေးး´´
သူမ ဓာတ်မီး မီးရောင်အောက်တွင် တွေ့လိုက်ရသည်က လှဧကရီ သေဆုံးသည့် နေ့ကပုံ ဖြစ်နေသည်။
“အဟားဟားဟား အဟား ဟား
သိပ် ကြောက်သွားလား သီတာ ´´
“နင် နင် မြတ်နိုး မဟုတ် ဘဲ လှ လှဧကရီ´´
သီတာ တွေ့လိုက်ရသည်က ပန်းချီ စုတ်တံ လေး ကိုင်ထား သော လှဧကရီ..
လှဧကရီ ၏ မျက်လုံးများက ဒေါသကြောင့် နီရဲနေ၏။
သူမ မျက်နှာတွင်ကြောက်စရာအကောင်းဆုံးက သူမအပြုံး အေးစက်စက်အပြုံး
အသက်မဲ့နေသော မျက်လုံးများနှင့် အေးစက်စက်အပြုံး ကြောင့် ညအမှောင်မှာ သွေးပျက်စရာ ကောင်း နေ၏။
“ အဲ့ ဒီနေ့က နင်မှတ်မိသေး ရဲ့လား´´လှဧကရီမှ မေးလိုက်၏။
“ငါ ငါ ဘာမှ မသိဘူး ´´သီတာ ခေါင်းခါယမ်းကာ ငြင်းဆန်နေပါသော်လည်း လှဧကရီ သေသည့် နေ့က အဖြစ်အပျက်များက တစ်ကွက်ချင်း ပိတ်ကားထက်တွင် ပြနေသည့်အလား ရှင်းရှင်း လင်းလင်း ပေါ် လာ၏။
အဲ့ ဒီနေ့က တိုင်းစုံညီနေ့ သီတာတို့မှာ လှဧကရီနှင့် ဘင်ခရာ ဖွဲ့ တစ်ဖွဲ့တည်းပင်။ လှဧကရီမှာ မာန ကြီး၍ မိန်းကလေးတိုင်း၏ ချဉ်ဖတ် ဖြစ်နေ၏။
လှဧကရီ ကျိုင်းကိုင် ကာ အလှ ပြနေစဉ် သီတာ ဘေးဘီသို့ ကြည့်မိ၏။ လူအများ အာရုံမှာ လှဧကရီ စီသာ ရှိနေကြသည်။
လှဧကရီ အနောက်မှ မြတ်နိုး မှာလည်း မရှု့စိတ်ဖြင့် လှဧကရီအား စိုက်ကြည့်နေ၏။
ထိုအချိန် သီတာ မှ မသိမသာ လှဧကရီ့ ခြေထောက်အား သူမခြေထောက်နှင့် ဟန်ချက်ပျက်အောင် ထိုးလိုက်၏။ထို့နောက်တွင်တော့……
“ဘယ်လို လဲ အပြစ်မရှိတဲ့ မြတ်နိုးကို လူသတ်သမား လို့ထင်အောင် လုပ်ထားပြီး နင်က မသိချင်ယောင်ဆောင်နေတာလား ´´
ဟုပြောကာ သီတာ့ လည်ပင်း အား ညစ်လိုက်၏။
“အားးးးငါ ငါမဟုတ် ဘူး ငါမဟုတ် ဘူး´´
“ဗုန်းး´´ ခနဲ လှဧကရီမှ သီတာ့အား လွှတ်ချလိုက်၏။
“အဟွတ် အဟွတ် ´´ သီတာ အသက်ရှူကြပ်ကာ သူမလည်ပင်းအား ပွတ်လိုက်၏။
ထို့နောက် သူမ မှ ကုလားထိုင်အား မ ကာ လှဧကရီ အား ကုလားထိုင်နှင့် ရိုက်လေ၏။
“အုန်းး အုန်းးး´´ ခနဲ မြည်အောင်ရိုက်ရင်း
“သေတာတောင် အချိုး ကျအောင်မသေဘူး ကဲ ကဲ ကဲ ´´ “ ဂျွတ် ဂျွတ် ဂျွတ် ´´လှဧကရီမှာ အရိုးများ ကျိုးကား ကြမ်းပြင်ပေါ်တွင် လဲကျသွား၏။
သီတာ ထိုအခါမှ အရိုက်ရပ်ကာ လှဧကရီ့အားငုံ့ ကြည့်လိုက်သည်။
“နင့် ကို အဲ့လို လုပ်ချင်တာ ´´ဟု ပြောအပြီး
“ဇွပ်´´ ခနဲ သီတာ့ ရင်ဝ သို့ စိုက်ဝင်သွားသော လက်တစ်စုံ..
လှဧကရီမှ သီတာ့ ရင်ဘတ်အား သူမ လက်ဖြင့်ထိုးစိုက်ကာ နှလုံးသား အား ဆွဲယူလိုက်၏။
သူမ လက်ထဲတွင် ခုန်နေသော နှလုံးသား ပါလာလေသည်။
သီတာမှာ “အင့် ´´ ခနဲ တချက်သာ ညည်းနိုင်တော့၏။
~~~~~~~~~~~~
“အမလေးးးးးး´´
မနက် ကျောင်းလာသော ကျောင်းသူများသည် ရုပ်ပျက်ဆင်း ပျက်သေဆုံးနေသော သီတာ့ အလောင်းအား တွေ့၍ ထိတ်လန့်တကြား အော်ကြလေ၏။
ကျောင်းကြီးမှာလည်း ရဲများနှင့် ခြေချင်းလိမ် ရှုပ်ယှက် ခတ်သွား လေသည်။
သို့သော် သီတာ့ အမှုက ပဟေဠိလို ဖြစ်နေ၏။ ဘာ သဲလွန်စ မှ မရပေ။
အချိန်တွေ တရွေ့ရွေ့ ပြောင်းလဲလို့ လာလေပြီ။
ကျောင်းတော်ကြီးမှာလည်း ပုံမှန်အတိုင်း အေးချမ်းလို့လာ၏။
ကျောင်းတော်ကြီး၏ ပန်းချီခန်း တွင်တော့ ညှို့ဓာတ် ပြင်းသော မျက်ဝန်းများနှင့် ရေဆေးပန်းချီကား တစ်ချပ်မှာ နံရံထက်တွင် အရောင်ပြယ်လျက်…..
ပန္ဒိုရာ
Credit : by : SMT