ပဲ့တင်သံ

Posted on

ပဲ့တင်သံ(စ/ဆုံး)

 

————–

 

“သမီးရေ ထမင်းစားကြမယ်လေ´´

 

“စားနှင့်အမေရေ မပြီးသေးဘူး သနပ်ခါးလိမ်းနေတယ် ဆာရင်စားနှင့်´´

 

“ဘယ်တုံးကစားနှင့်ဘူးလို့လည်း အမေခူးထား

မယ်´´

 

မြတ်သနပ်ခါးလိမ်းနေရင်းယောက္ခဖြစ်သူဒေါ်ရွှေကိုစကားပြန်ပြောရင်း အမြန်လိမ်းနေမိတယ် သနပ်ခါးကို

 

မြတ်ကကလေးတယောက်အမေ

ယောကျာ်းက အရောင်းအဝယ်သမား

အိမ်မှာနေတာရှားတယ်

 

ယောကျာ်းရဲ့အမေနဲ့တူ တူမတွေနဲ့ တူတူနေ တူတူစား မတည့်အတူနေပေါ့

 

ယောကျာ်းကရှာကျွေးနေတော့ ယောကျာ်းသဘောပေါ့ မြတ်ကလည်းအမေ မရှိတော့မှာမို့ အမေတယောက်လိုသဘောထားတယ်

 

ခက်တာကယောက္ခမက ပတ်ဝန်းကျင်နဲ့မသင့့်မြတ် မောက်မာတယ် သားသမီးတွေကထောက်ပံပေးထားသေးတော့ ပိုဆိုး

 

မြတ်ယောက်ျားကလည်း စားစရာသောက်စရာလိုလေသေးမရှိစေရ. တူ တူမ အမ ညီမ ညီအကုန်ထောက်ပံပေးခဲ့တာ သစ်တပင်ကောင်းတော့

ဌက်တသောင်းဆိုသလိုပေါ့

 

ဒါပင်မဲ့ ယောကျာ်းကလည်း လည်တယ်

သူအမျိုးမှ သူအမျိုး

မြတ်အမတွေ တခါတလေ လာလည်ရင်ပေးပါတယ် နည်းနည်း

သူမသိတတ်တော့ မြတ်ကသိတတ်ရတယ်

သူမသိအောင်ပေးရတာပေါ့ မြတ်အမ မြတ်အကိုတွေကို

 

ညီအကိုမောင်နှမဆိုတာ မခေါ်ချင်လို့သာရမယ်

မတော်ချင်လို့မရဘူးလေ ဘယ်လောက်ပဲစကားများများ အရေးကြုံရင်သွေးနီးတာက

မောင်နှမတွေပါပဲ

 

ယောကျာ်းကတင်သူအမျိုးမှသူ့အမျိုးသိတတ်တာမဟုတ်ဘူး ယောက္ခမကပါ အတူတူ

 

သူအမျိုးတွေလာရင် လိုလေသေးမရှိဝယ်ပေးတာမြတ်က မြတ်စေတနာပေါ့ မြတ်အမတွေလာလည်း ဝယ်ပေးတာပဲ မကြိုက်နေပေါ့

 

ယောကျာ်းရှာနိူင်တုံးကတော့ ဝိုင်းစားနေလိုက်ကြတာ ဝိုင်းမြှောက်နေလိုက်ကြတာ

တမိသားစုလုံးကိုကျွေးထားရတာ

ဟင်းဘိုးကတနေ့ နှစ်သောင်းလောက်ကုန်တယ်

မြတ်ကလည်း လက်ဖွာတယ် ကျွေးချင်တယ်လေ

 

ခွေးတွေလည်းမြတ်ကျွေးတယ် ဆယ်ကောင်လောက်ရှိတယ်မြတ်အိမ်မှာ တမင်မွေးထားသာ

မဟုတ်ဘူး ကျွေးနေတော့ လာနေကြတာ

 

ယောကျာ်းကမရှာနိူင်တော့ မြတ်တို့ကို

ယောက္ခမတို့က ပြန်ကျွေးထားရတယ်

တရက် တရက်ပေးတာမှစျေးဘိုးက နှစ်ထောင်

 

“သမီးရေ စျေးသွားလိုက်အုန်း အမေမှာတထောင်ပဲရှိတယ်´´

 

“တထောင်နဲ့တော့ မဝယ်တတ်ဘူး ကြက်ဥသာကြော်စားလိုက်ကြ´´ဟုတ်တယ်လေ ပိုက်ဆံတထောင်ခုခေတ်မှာ ဘယ်လိုဝယ်ရမှလည်း

 

အိမ်ကအခွံ ကြက်သွန်နီ ကြက်သွန်ဖြူ ခရမ်းချဉ်သီးတောင်မဝယ်လောက်ဘူး တရက် တရက်စားလိုက်ရတာ ကြက်သားမွကြော် ကြာတော့

အဲ့ဟင်းနာမည်တောင် မကြားချင်တော့ဘူး

 

ယောက္ခမက ပါးစပ်ကချိုပ

ဝမ်းတွင်းပုတ်တယ်

မြတ်ကတော့ သူကုသိုလ်နဲ့သူအကျိုးပေးလိမ့့်မယ်လို့အောင်းမေ့ထားတယ် သူမကောင်းရင် သူခံပေါ့ မြတ်ကတော့ အစားအသောက်ကအစ

ဖွတ်မစားဘူး အတူတူဝေမျှစားတယ်

တခုရှိရင်တဖဲ့ဆီ

 

ပါးစပ်ကသာ သမီး သမီးနဲ့

တကယ်သမီးတယောက်လို မထားခဲ့ မမြင်ခဲ့ပါဘူး မြတ်ယောကျာ်းရှာနိူင်တုံးကသာ

ဘာမှမပြောပင်မဲ့ မြတ်ယောကျာ်းမရှာနိူင်တော့

နိူင်ချင်ကြတယ်မြတ်ကို သူတို့အမျိုးတွေက

 

မြတ်ကဘေးပတ်ဝန်းနဲ့လည်း သင့်မြတ်တယ်

မြတ်မရှိတော့ပင်မဲ့ မြတ်ကိုမနှိမ်ကြဘူး

ဝိုင်းသနားကြတယ်

 

ရှိတုံးကလည်း မမောက်မာခဲ့ဘူး

မရှိလည်း နေတတ်ပြီ မြတ်က

ယောကျာ်းကအဝေးမှာ ငွေကိုမပို့တော့သာ

 

တကယ်တော့မြတ်ဘဝက

နာမည်ခံ လင်ရှိမယားသက်သက်ပါပဲ

ခုဆိုပေါ်မလာတာ နှစ်နဲ့ချီပေါ့

ဖုန်းတွေပေါများနေတဲ့ ခေတ်မှာ သူမဆက်သွယ်ချင်လို့ မဆက်သွယ်တာလို့မြတ်သဘောထား

ပါတယ်

 

“ဟေ့ မြတ် နင်ယောက္ခမကြီးကဒီအိမ်က သူအိမ်တဲ့ သူပိုင်တာလို့ပြောနေတယ်စျေးထဲ့မှာ´´

 

“ပေါက်ပေါက်ရှာရှာမိငွေရယ် ငါတို့အကြောင်း နင်အသိဆုံးပါ ဒီမြေကွက်လေးကိုဘယ်လိုဝယ်ရတာ ဘယ်လိုဆောက်ခဲ့ရတာကို´´

 

“သိလို့ စိတ်တိုနေတာပေါ့ ချွေးမအိမ်မှာလာနေသေး ချွေးမအပေါ်လည်းကောင်းတာမဟုတ်ဘူး သူ့သားသမီးမှသားသမီး´´

 

“နင်သိတဲ့အတိုင်းပဲ ငါဘယ်တော့မှမယုတ်မာခဲ့ဘူး အမေတယောက်လိုသဘောထားတယ် သူ့ကတော့ပါးစပ်ကသာ သမီး သမီးနဲ့. လူကြားကောင်းအောင်´´

 

“နင်သတိထားနေ နင့်သမီးလေးကောအိမ်မှာလာ´´

 

“ဟုတ်တယ် T.vကြည့်နေခဲ့တာ´´

 

“အေးပါ ပြန်တော့မယ် ငါလည်း ဟင်းချက်ရအုန်းမယ်´´

 

သူငယ်ချင်းမိငွေကပြောလက်စ စကားကိုဖြတ်ပြီးထွက်သွားပင်မဲ့ မြတ်တယောက် တွေးရင်း ရင်တွေမောနေပါတော့တယ်

 

မြတ်တို့ကျွေးရတုံးက အသံတွေတိတ်နေကြတာ

သူတို့ကျွေးရတော့ ထွက်လိုက်ရတဲ့အသံ

 

 

အလကားထိုင်စားနေတာမဟုတ်ဘူး မြတ်က

ဟင်းချက် စျေးဝယ် အိမ်သန့်ရှင်းရေးအကုန်လုပ်တာ

 

မြတ်တို့ကျွေးရတုံးကလည်း မြတ်ကိုယ်တိုက်ချက်ပြုတ်ခဲ့တာ ခုလည်းဒီအတိုင်း မပြောင်းလဲတာက

မြတ် ပြောင်းလဲသွားတာ မြတ်ယောက္ခမနဲ့ယောင်းမတွေ

 

မပေးနိူင်တော့ဆက်ဆံရေးတွေက မသိမသာတောင်မဟုတ်ဘူး သိသိသာသာကိုပြောင်းလဲ

လာခဲ့တော့တယ် နေပါစေ သူစေတနာနဲ့သူ

အကျိုးပေးလိမ့်မယ်လို့ပဲ မြတ်သဘောထားတယ် ကောင်းတာမကောင်းတာသူတို့အပိုင်း မြတ်ကတော့တတ်နိူင်သလောက်လုပ်ပေးတယ်

 

“မြတ်ရေ သမီး အောင်ကိုဆိုင်ကယ်တိုက်မိလို့သမီးရယ် တိုက်ခံရတဲ့သူလက်ကျိုးသွားတာ ရော်ရမှာ မလျော်နိူင်ရင် အမှုလုပ်မှာတဲ့´´

 

“ဟင် ဟုတ်လားအမေ အောင်ကိုဘာဖြစ်သွားသေးလည်း´´

 

“သူကတော့ပွန်းပဲ့ရာလောက်ပါပဲ တကယ်ဆိုတိုက်ခံရတဲ့သူကလမ်းမှားတာ အောင်ကိုကလမ်းမှန်တယ်´´

 

“လမ်းမှန်လည်းအောင်ကို ဆိုင်ကယ်ကလိုင်စင်မှမရှိတာ တပန်းရှုံးနေပြီလေ ဘယ်လိုလုပ်ကြမှာလည်း´´

 

“မပြောတတ်ပါဘူး သေချင်လိုက်တာ စားဘို့တောင် အနိူင်နိူင်´´

 

“မောင်နှမတွေဆီပြောကြည့်ပေါ့ တယောက်တတ်နိူင်သလောက်ပေးခိုင်းပေါ့´´

 

“အားလုံးကအဆင်မှမပြေကြတာသမီးရယ်´´

 

မြတ်တယောက်ဘာပြောရမှန်းမသိ မြတ်ရှိလို့ကတော့ထုတ်ပေးလိုက်ပြီးသား မြတ်လည်းစိတ်တွေရှုပ်နေမိတယ် အောင်ကိုက မြတ်အပေါ်စာနားလည်ပေးတယ် စိတ်ရင်းလည်းကောင်းတယ်

 

တရက်နှစ်ရက်နဲ့ လျော်ပေးရမဲ့ငွေကအဆင်မပြေသေး အတိုက်ခံရဘက်ကလည်း ပြောနေကြပြီ မပေးနိူင်ရင် အမှုလုပ်တော့မှာ

 

“သမီးရေ မြတ် အမေအကြံတခုရတယ် ပြောရမှာလည်းအားနာလို့ ပြောမထွက်တာ´´

 

“ဘာများလည်း အမေ´´

 

“ဒီအိမ်ကိုခန အပေါင်ထားရင်တော့ လိုနေတဲ့ငွေရမှာ´´

 

“ဟင်´´

 

အော်အမေရယ် မြတ်တို့မှာကအိမ်ကလွဲရင် ဘာမှမရှိတော့တာကို အမေမို့ပြောထွက်တယ်နော်

 

“အမေရယ် အိမ်ကိုတော့မလုပ်ပါနဲ့ စားဘို့တောင်အဆင်မပြေတာ အိမ်ပေါင်လိုက်ရင် အတိုးကမနေဘူးအမေ အတိုးမှန်မှန်မပေးနိူင်ရင် အသိမ်းခံရမှာ´´

 

“အဲ့ဒါဆို ဘယ်လိုလုပ်ကြမှာလည်း အောင်ကိုက ထောင်ထဲ့သွားနေရမှာလား´´

 

အမေနဲ့မြတ်စကားများကြတယ်

အမေကလည်းသားဇောနဲ့အလျော့မပေး

မြတ်ကလည်း သမီးနောင်ရေးအတွက်အလျော့မပေး

 

နောက်ဆုံးပေးရမဲ့ရက်ရောက်လာတော့

အမေတယောက် တငိုငိုလုပ်နေလို့ ရအောင်ပြန်ရွေးပေးရမယ်ဂတိနဲ့မြတ် အရှုံးပေးလိုက်ပါတယ်

 

“အမရယ်ကျေးဇူးတင်ပါတယ် ´

 

“ငါတို့ကကျေးဇူးတင်စကားပြောရမဲ့သူတွေလား ငါ့မောင်ရယ်´´

 

“အမ မကယ်ရင် ကျွန်တော်ဒုက္ခရောက်တော့မှာ´´

 

“အေးပါ အမေကိုသေချာပြော´´

 

“ဟုတ်ကဲ့ပါ´´

 

အောင်ကိုကိစ္စအဆင်ပြေသွားပြီမဲ့လည်း အိမ်ပေါင်ထားရလို့ စိတ်ကမအေးဖြစ်နေမိတယ်မြတ်တယောက်

 

ရာသီတွေအလီလီပြောင်းလာခဲ့သော်လည်းအိမ်လေးကမရွေးနိူင်သေး အတိုးလေးမှန်မှန်ပေးနိူင်ယုံလေး စားဘို့ကလည်းခက်ခဲတော့ မြတ်အိမ်ပြန်ရွေးဘို့ရန် ပြောမထွက်

 

အဆင်မပြေမှုတွေနဲ့ရင်ဆိုင်နေရတော့မြတ်သမီးလေးလက်ဆွဲပြီး အကိုအမတွေရှိရာမြို့လေးကို အလည်ထွက်လာခဲ့တော့တယ်

 

“ငါ့ညီမ ပျော်သလောက်နေ ငါ့တို့စားသလိုစား

ဟုတ်ပြီလာ ဘာမှအားငယ်စရာမလိုဘူး ဘဝဆိုတာအမြဲတမ်းနိမ့်မနေပါဘူး မြင့်တခါ နိမ့့်တလှည့်ပါပဲ´´

 

“ဟုတ္ကဲ့ပါအကို´´

 

မြတ်အကိုတို့အမတို့နေလာလိုက်တာ ကိုယ့့်အကို ကိုယ့်အမပင်မဲ့နေတာကြာလာတော့ အားနာလာလို့“အကို မြတ်တို့သားအမိပြန်တော့မယ်´´

 

“ဘာလို့ပြန်မှာလည်း မပျော်ဘူးလားနေရတာ´´

 

“ပျော်ပါတယ် ဘယ်လောက်ပဲပျော်ပျော် အကိုရယ် အချိန်တန်ရင် ပြန်ကြရမှာပါ ကိုယ့်ဌာနေကို´´

 

“အေးပါ ငါ့ညီမသဘော နောက်လည်းလာလည်ပေါ့´´

 

“ဟုတ် အကို´´

 

မြတ်တို့သားအမိရထားလေးစီးပြီး နေထိုင်ရာမြို့လေးကိုပြန်လာခဲ့တော့တယ် တောတောင်သဘာဝအလှတွေကိုလည်း မြတ်မခံစားနိူင်ပါဘူး

မြတ်ရင်ထဲ့ပြန်လာခဲ့ရပင်မဲ့မြတ်စိတ်ကအကိုနဲ့အမတို့ဆီကျန်နေခဲ့ပါတော့တယ်

 

မြတ်တို့စီးလာတဲ့ရထားကြီးက မြတ်တို့နေတဲ့မြို့လေးကိုမဆိုက်ခင် ဥသြဆွဲသံကြောင့် ရထားပေါ်ကလူများဆင်းဘို့ရန် ပြင်နေကြပါတော့တယ်

 

မီးရထားကြီး ဘူတာကိုဆိုက်ပြီဆိုတာနဲ့ လူအများတိုးတတ် တိုးဆင်းနဲ့အလုပ်ရှုပ်နေကြသာမို့ မြတ်တို့သားအမိ အေးဆေးမှဆင်းလာခဲ့တယ်

 

“အမေ ဦးအောင်ကိုတို့လည်း လာမကြိုကြဘူးနော်´´

 

“လာမှာပေါ့ အလုပ်မအားလို့နေမှာ အိမ်ကနီးနီးလေးပဲ သမီးရယ် လမ်းလျှောက်သွားကြတာပေါ့´´

 

“ဟယ် မြတ်တို့သားအမိပါလား ပြန်လာကြပြီလား ဒီတခေါက်သွားလိုက်တာ ခုမှပြန်လာကြတော့တယ်´´

 

“ဟုတ်တယ် မခင်ရေ ရောက်တုံးနေလက်စနဲ့နေလိုက်ကြတာ´´

 

“အော် အော် ကောင်းပါတယ်´´

 

မြတ်တို့သားအမိအိမ်ရှေ့ရောက်တာတောင် လာကြိုမဲ့သူမရှိ အိမ်ရှေ့တံခါးဝကိုအသာဖွင့်ဝင်လာခဲ့တော့တယ်

 

“ကဲ အမေ အမပြန်လာနေပြီ ဘယ်လိုလုပ်ကြမှာလည်း ´´

 

.“မသိသေးဘူးဟာ ငါလည်းစိတ်ရှုပ်တယ် သားသမီးတွေကောင်းကိုမကောင်းဘူး ဒုက္ခအမြဲပေးတယ်´´

 

“အမေသားသမီးတွေလို့ ရမ်းမပြောပါနဲ့ အမေဖာသာ အမေ့သမီးတွေကြည့် လုပ်ပေးနေပြီးတော့´´

 

“ဟဲ့ ကိုယ့်သားသမီးအဆင်မပြေတာ ဘယ်မအေကကြည့်နေနိူင်မှာလည်း နင်တို့တွေမိဘနေရာရောက်မှသိလိမ့်မယ်°´

 

“အမေ အမေမှာရှိရင်ပေးပါ

သားမပြောပါဘူး ခုတော့ မမမြတ်ရဲ့အိမ်ပေါင်ထားသာကို ထပ်ခါ ထပ်ခါငွေတွေ ယူနေလို့ပြောနေတာ´´

 

“ဟင် သူတို့ကငါမသိတောင် ထပ်ယူထားကြတာလား´´

 

“အမရောက်တောင်ရောက်နေပြီလား ခုပဲလာကြိုမလို့´´

 

မြတ်ဘာမှပြန်မပြောပဲ “အမေ ခနကပြောနေတာ ဘာလဲ´´

 

“ဘာမှမဟုတ်ပါဘူးသမီးရယ် ခုမှပြန်ရောက်တာ နားလိုက်ကြ´´

 

“အမေ မြတ်မနားနိူင်ဘူး မြတ်ကြားတယ်အမေတို့ပြောနေတာ´´

 

“ကြားရင်လည်းကြားတဲ့အတိုင်းပဲပေါ့အေ´´

 

“အမေ´´

 

“ငါကိုလာမအော်နဲ့ ငါကညည်းအမေ ညည်းယောက္ခမ´´

 

“မြတ်ကကောအမေတယောက်လိုသဘောမထားလို့လာ အမေကပါးစပ်လေးကသာ သမီးတယောက်လိုသဘောထားတယ်ပြောတာ တကယ်အမေသမီးတွေနဲ့ယှဉ်ရင် သမီးကနောက်´´

 

“တူမလားဟဲ့´´

 

“ပြောခုအိမ်ကဘယ်လောက်တောင်ထပ်ယူထားသာလည်း မြတ်တို့သားအမိမှာဒီအိမ်လေးပဲရှိတော့တာ´´

 

“ပြန်ရွေးပေးမှာပါ စိတ်ချ´´

 

“ဘယ်ကပိုက်ဆံနဲ့ရွေးပေးမှာလည်း စကားကိုလွယ်လွယ်မပြောနဲ့´´

 

“မရွေးနိူင်လည်း ဘာဖြစ်လည်း ငါ့သားရှာထားတာနဲဝယ်ထားတဲ့အိမ်ပဲ ´´

 

“ဒီမယ်အမေ အဲ့လိုပြောကြေးဆို သမီးတို့လင်မယားအဆင်မပြေတုံးက အမေတို့ကိုဒုက္ခပေးဘူးလာ´´

 

“အမေ့သားအဆင်မပြေတော့ အဝေးမှာနေကြပြီး အဆင်ပြေလာတော့ အုံနဲ့ကျင်းနဲ့ကိုလာမှီခိုနေကြတာ မြတ်တခွန်းပြောလာ ခုအမေသားအဆင်မပြေတော့ ဘယ်သူတွေအရင် ဒုက္ခရောက်ရလည်း´´

 

“မြတ်ကစေတနာမပျက်ပါဘူးအမေအပေါ်လည်း

အမေကလူကြီးကဖြစ်ပြီး လူကြီးမပီသလို့မြတ်ကပြောနေရတာ ဟိုးအရင်ကတဲ့ကယောကျာ်းအလိုကျ မြတ်နေခဲ့တယ် ခုအမေ့သား မြတ်တို့ကိုပစ်ထားသာ ဘယ်လောက်ကြာပြီလည်း

အမေ့သမီးဆို အမေ မပြောပဲမနေပါဘူး

မြတ်ကသမီးမှမဟုတ်တာ ချွေးမပဲလေ´´မြတ်လည်းစိတ်လည်းတို ဝမ်းလည်းနည်းလာရင်းငို

ငိုပြီးပြောမိပါတော့တယ်´´

 

“အမကလည်း ခရီးကခုမှရောက်တာ နားလိုက်

စိတ်မပူပါနဲ့ ကျွန်တော်တာဝန်ယူပါတယ်

မဆုံးစေရပါဘူး အမအိမ်ကို´´

 

“ဒီမယ်အောင်ကို နင်ကစိတ်ရင်းကောင်းပါတယ်

ဒါပင်မဲ့ နင့်အမေ့ကိုနင်လွန်ဆန်နိူင်လို့လား´´

 

မြတ်တယောက် ကိုယ့်အိမ်ပြန်ရောက်တာတောင် စိတ်မချမ်းသာရ ခုထိအဆက်အသွယ်မလုပ်ပဲနေနိူင်တဲ့ယောကျာ်းကိုလည်း စိတ်နာမိတယ် သမီးလေးမျက်နှာမှမထောက်

 

“မြတ်ရေ ကြားပြီးပြီလာ´´

 

သူငယ်ချင်းအေးအေးရဲ့စကားကြောင့်“ဘာကိုပြောတာလည်းအေးအေး´´

 

“နင်မသိသေးဘူးလား နင်တို့အိမ် ဒီလကုန်မှ မရွေးရင်အရှုံးဆို´´

 

“ဟင် နင်ကဘယ်ကကြားခဲ့တာလည်း´´

 

“စျေးထဲ့ကငါ့အသိဆီကကြားခဲ့တာ သူကနင်နဲ့ငါ

သူငယ်ချင်းတွေမှန်းသိလို့ပြောပြတာ ဟုတ်လားမဟုတ်လားတော့မသိဘူး ငါနင့်အတွက်စိတ်ပူလို့ပြောပြတာ´´

 

“အေးပါ သူငယ်ချင်းရယ် ကျေးဇူးပါပဲ´´

 

သူငယ်ချင်းဖြစ်သူအေးအေးစကားကိုကြားရပြီးကတဲ့က မြတ်တယောက် စိတ်တွေပူလောင်နေမိပါတော့တယ်

 

“အမေ အိမ်ပေါင်ထားသာ အတိုးကောမှန်မှန်ပေးရဲ့လာ ´´

 

“ပေးပါတယ်သမီးရယ် ဘာလို့လည်း´´

 

“အတိုးမှန်မှန်မပေးရင် အိမ်သိမ်းခံရမှာဆိုးလို့အမေရေ အိမ်သိမ်းခံရမှ ခွေးလုံးလုံးဖြစ်မှာ´´မြတ်လည်းစိတ်တိုတာနဲ့ပြောလိုက်မိတယ်

 

ယောက္ခမလုပ်သူမျက်နှာတချက်ပျက်သွားပင်မဲ့ ဘာမှပြန်မပြောပဲ မြတ်အနားကထွက်သွားပါတော့တယ် ပြောမဲ့သာပြောရတာ မရွေးနိူင်မှန်းသိပါတယ်

 

“ကဲ့ ဒီတပတ်နောက်ဆုံးပဲဒေါ်ရွှေရေ ဒီတပတ်မှမရွေးနိူင်ရင် ကျွန်မအိမ်ကိုသိမ်းရလိမ့်မယ်´´

 

“အဲ့လိုတော့မလုပ်ပါတဲ့ဒေါ်မြင့်သောင်းရယ်

ရွေးမှာပါ သမီးနဲ့ပြောထားပြီးပါပြီ ကျွန်မသမီးငွေပို့တာနဲ့လာပေးပါ့မယ်´´

 

“ဒေါ်ရွှေ ပြောပေါင်းများနေပြီလေ အဲ့လို နောက်တပတ်ပဲအချိန်ပေးမယ်´´

 

အိမ်အပေါင်ခံမိန်းမကြီးဒေါ်မြင့်သောင်း ပြန်သွားတာနဲ့တပြိုက်နက်“အမေဘယ်လိုလုပ်ကြမှာလည်း´´

 

“အမေလည်းကြံတာပဲသမီး ကြံပြီးငွေမရှိတော့့ဘာမှလုပ်လို့မရဘူးဖြစ်နေတာ´´

 

“ဒါဆိုအမေ သူလာသိမ်းရင် မြတ်တို့ဘာမှရမှာ

မဟုတ်ဘူး သူမသိမ်းခင် ရောင်းမယ် ရောင်းလို့ရတဲ့ငွေနဲ့သူအကြွေးဆပ်လိုက်မယ် ပိုတာသုံးလို့ရတာပေါ့´´

 

ယောက္ခမဖြစ်သူကမျက်နှာပျက်သွားရင်း“သမီးနဲ့အေ အိမ်ကကျုးကျော်ရပ်ကွက်ကို ဘယ်သူကစျေးကောင်းပေးမှာလည်း´´မြတ်စိတ်လျော့လိုက်ပါတော့တယ် ထပ်ပြောလည်းစကားများယုံပဲ

 

တပတ်ဆိုတာခနလေးပါပဲ တပတ်မရောက်ခင်မြတ်အတွက်တော့ စိတ်အပင်ပန်းဆုံးအချိန်တွေပါပဲ

 

“နောက်ဆုံးတော့ မြတ်အိမ်လေးဆုံးခဲ့ရတယ်

်အားကိုးရာမရှိတော့ဘူးမြတ်ဘဝက သမီးလေးနဲ့ဘယ်လိုရှေ့ဆက်ရမှာလည်း မြတ်မျက်ရည်နဲ့အဖော်ပြုနေရတော့တယ်

 

“သမီးဘယ်လိုလုပ်ကြမှာလည်း အမေတို့နဲ့လိုက်နေမလား အမေတို့ရွာပြန်ကြတော့မယ်´´

 

“မလိုက်တော့ပါဘူး အမေတို့ပဲသွားကြပါတော့´´

 

“အမလိုက်ခဲ့ပါ ကျွန်တော်ကြောင့်ခုလိုဖြစ်ရတာ´´

 

“နင့်ကြောင့်မဟုတ်ပါဘူးအောင်ကိုရယ် ငါအလို့ငါခံရတာပါ လောကမှာလူတိုင်းကိုငါ့လိုစိတ်မျိုးထင်မိတာကိုက ငါ့အမှားပဲ´´မြတ်စကားကြောင့် ယောက္ခမလုပ်သူက လှမ်းကြည့်နေပါတော့တယ်

 

မြတ်သမီးလေးလက်ဆွဲပြီး အိမ်ကအထွက်“ရော့ သမီး ဒေါ်မြင့်သောင်းကသမီးတို့သားအမိကို သနားလို့မုန့်ဘိုးပေးတာ´´

 

မြတ်ဘာစကားမှပြောချင်စိတ်မရှိလို့ ပေးတဲ့ပိုက်ဆံအသာယူလာမိတော့တယ်´´မြတ်သူငယ်ချင်း

တကယ်သွားတော့မှာလားဟယ်´´

 

“ငါမပြန်လို့ ငါဘယ်မှာနေရမှာလည်းမိငွေရယ်´´မြတ်ဘဝကိုမြတ်ဝမ်းနည်းလွန်းလို့ မျက်ရည်များကျလာပါတော့တယ်

 

“မေမေ သမီးတို့အိမ်မရှိတော့ဘူးပေါ့ သမီးတို့ဘယ်သွားနေရမှာလည်း ´´ငိုယိုပြီးပြောနေတဲ့သမီးလေး အိထက်ကိုပြန်မဖြေနိူင်ပဲဖက်ထားလိုက်တော့တယ်

 

မြတ်နောက်ဆုံးတော့အကိုအမတွေရှိရာမြို့လေးကိုမပြန်တော့ပဲ နယ်စပ်ဒေသလေးမှာသူငယ်ချင်းတယောက်အကူအညီနဲ့မုန့်ဟင်းခါး ခေါက်ဆွဲလေးစရောင်းဖြစ်ခဲ့တယ်

 

ဒီလိုနဲ့ဘဝတွေကျော်ဖြတ်လာခဲ့လိုက်တာ သမီးလေးအိထက်တောင်လေးတန်းကျောင်းသူကြီးဖြစ်လို့နေပါပြီ အဝေးကနေအကိုအမတွေထောက်ပံ့ပေးသလို့ မြတ်ဆိုင်လေးကို တဆင့့်တတ်ပြီး ထမင်းဟင်းတိုးချဲဖွင့်ထားတော့အဆင်ပြေသထက်ပြေလာပါတော့တယ်

 

ခရီးသည်ကားလေးက မြတ်တို့ဆိုင်ရှေ့ဆိုက်လာနဲ့“ထမင်းဟင်း ခေါက်ဆွဲ ကော်ဖီရပါတယ်

မစားလည်းအခါးရည်လေး သောက်ကြပါအုန်းရှင့်´´

 

“ဘာလိုသေးလည်း လိုတာပြောပါနော် ဟင်းရည်ထပ်ယူအုန်းမလားအဒေါ်´´

 

“ရပြီ ရပြီ မယူတော့ဘူး´´ထမင်းစားနေတဲ့မြေးအဖွားနှစ်ယောက်ကို မြတ်လိုအပ်တာလေးသွားအမေး “ဟင် ညည်းကမြတ်မဟုတ်လား´´

 

“ဟုတ်တယ် ´´

 

“ငါ့ကိုမမှတ်မိတော့ဘူးလာ ညည်းတို့အိမ်တလမ်းကျော်စာအုပ်ဆိုင်ကလေ´´

 

“အော် မှတ်မိပြီ ဒေါ်ဆန်းမဟုတ်လား´´

 

“ဟုတ်ပါအေ ဒါညည်းဆိုင်လာ ´´

 

“ဟုတ်တယ် ဆိုင်လေးကတော့အဌားပေါ့ နောက်မှဝယ်ဘို့ကြိုးစားနေတုံး´´

 

“ကောင်းတယ် ကောင်းတယ် စေတနာရဲ့အကျိုး

ဘယ်တော့မှမမွဲဘူးမြတ်ရေ´´

 

“ရှင် ဘာပြောတာလည်း အဒေါ်က´´

 

“ညည်းကချက်ခြင်းထွက်သွားလို့ ဘာမှမသိတာ ညည်းယောက္ခမဒေါ်ရွှေလေ အိမ်အပေါင်ထားတဲ့မိန်းမနဲ့အကွက်ချပြီုး အိမ်ကိုအပိုင်သိမ်းလိုက်တာလေ´´

 

“ရှင် တကယ်လား အဒေါ်ရယ် ဟုတ်မှဟုတ်ရဲ့လာ´´

 

“မြတ် ငါ့သမီး အဒေါ်ကညာစရာလား

အိမ်နီးနားခြင်းအကုန်လုံးမြတ်တို့သားအမိကို

သနားနေကြတာ မြတ်စုံစမ်းကြည့်ပါ´´

 

“မြတ်ထွက်သွားပြီးမှ သူ့သားအောင်ကို သိရတော့ သူ့အမေနဲ့စကားများကြတာအကြီး

အကျယ်ပဲ နောက်ဆုံးသူ့သားအိမ်ကနေထွက်သွားခဲ့တော့တာပဲမြတ်ရေ´´

 

“လုပ်ရက်လိုက်ကြတာ သမီးလေးရဲ့မျက်နှာတောင် မထောက်ကြဘူးနော်´´

 

“စိတ်မတိုနဲ့ သမီး သူတို့စေတနာသူတို့ပြန်ခံကြရတာလေ´´

 

“ရှင် ဘာဖြစ်လို့လည်း´´

 

“မြတ်တို့သားအမိထွက်သွားပြီး တနှစ်လောက်ထင်တယ် ဘယ်လိုကဘယ်လိုမီးလောင်လည်းမသိပါဘူး အိမ်ကိုမီးလောင်သွားတယ် ညည်းယောက္ခမလည်း အဲ့စိတ်နဲ့သွေးတွေတတ်ပြီး လေဖြတ်သွားတော့တာ ခုထိပါပဲ´´

 

“မြတ် ဘာတခုမှမသိခဲ့ရပါလား အဒေါ်ရယ် ´´

 

“အေး ဒေါ်ရွှေကတော့သူလုပ်ခဲ့တဲ့ဒဏ်ကို သူပြန်ခံနေရပြီလေ သားသမီးတွေရှိပင်မဲ့ စားဘို့ရှာနေရတော့ အချိန်ပြည့် မပြုစုနိူင်တော့ သေးလူး ချေးလူးပေါ့အေ. ´´

 

“စိတ်မကောင်းလိုက်တာ အဒေါ်ရယ်´´

 

“စိတ်မကောင်းမဖြစ်နဲ့မြတ်ရေ မြတ်ကအမေတယောက်လိုသဘောထားပင်မဲ့ သူကသမီးတယောက်လိုမှသဘောမထားပဲ မလုပ်သင့်

မလုပ်ထိုက်တာကိုလုပ်မိတော့ ခံနေရတာပေါ့´´

 

“ကားလည်းထွက်တော့မယ် မြတ်ရေ ပိုက်ဆံယူပါဆိုမယူဘူး´´

 

“ရပ်ဆွေရပ်မျိုးတွေပဲ အဒေါ်ရယ် မြတ်ကုသိုလ်လုပ်တာပါ´´

 

“အေးပါကွယ် ဒီထက်မကတိုးတတ်အောင်မြင်ပါစေသမီးရေ´´

 

“နောက်ကြုံလည်း ဝင်ခဲ့ပါ´´

 

“အေးပါ ကြုံရင်ဝင်လာခဲ့မယ် အဒေါ်မြတ်ကိုစကားလက်ဆောင်ပေးခဲ့မယ်နော် အမြဲမှတ်ထားနော်´´

 

*သင့်ပြုသည့်ကံ ပဲ့တင်သံ

သင့်ထံပြန်လာမည်…….

 

Sandar.Kyi(kme)