ပြုစားတတ်သော ရွာသူ မိထား

Posted on

ပြုစားတတ်သော ရွာသူ မိထား(စ/ဆုံး)
—————————————
ခေတ်ကာလက ကိုလိုနီခေတ် တောကြောင်လက်ခမောင်းခက်သော ခေတ်ဖြစ်သည်။ဦးရွှေဘော်မှာ ရာဇဝတ်အုပ်မင်းဖြစ်သည်။ရာဇဝတ်အုပ်မင်းဟုဆိုရာ၌ဦးရွှေဘော်မှာ မိမိ မြန်မာလူမျိုးများအပေါ်ချစ်ခင်တတ်ပြီးစာနာစိတ်လည်းအပြည့်ရှိသူဖြစ်သည်။
ဦးရွှေဘော်၏ဇနီး မဝင်းရီမှာလည်း ခင်ပွန်းဖြစ်သူနှင့် စိတ်ထားချင်းတိုက်ဆိုင်သူဖြစ်သည်။သနားကြင်နာတတ်ပြီးလူတန်းစားမခွဲခြားတတ်ပေ။ ၄င်းတို့လင်မယားမှာ အသက်ကြီးမှ ရကြသော ဇနီးမောင်နှံဖြစ်သည်။
‘ မဝင်းရယ် ငါ တို့မြန်မာနိုင်ငံမှာ လွတ်လပ်ရေးမရသေးတော့ ခိုးဆိုးသောင်းကျန်းသူတွေကလဲပေါဘာဘိသနဲ့ အခုလည်း ရွာတန်းရှည်ရွာကို ဓါးပြ ဝင်တိုက်ပြန်ပြီတဲ့ဟာ အက်တာ အထက်က မရရအောင်ဖမ်းဖို့ အမိန့်ချတယ်ဟ’ဇနီးသည်အားပြောခြင်းဖြစ်သည်။ ‘အင်းပေါ့ အကိုရယ် ဖမ်းဆိုတော့လည်း ရအောင်ဖမ်းပေးလိုက်ပေါ့တော်’သို့နှင့် ဓါးပြအဖွဲ့အား ၃ရက်မြောက်သောနေ့တွင်ဖမ်းမိလာ၏။
။ဒေါ်ဝင်းရီမှာ ခင်ပွန်းသည်အား နေ့လည်စာ လာလာပို့တတ်သည်။ ယခုလည်း နေ့လည်စာ လာပို့ခိုက်ရုံးခန်းအပြင်တစ်နေရာမှာ ငိုယိုနေသော မိန်းမတစ်ယောက်အားတွေ့ရလေသည်။ ထိုမိန်းမမှာ ကိုယ်ဝန်ကြီးနှင့်ဖြစ်သည်။
သနားကြင်နာတတ်သူပီပီ ငိုနေသော မိန်းမနားအားသွားပြီး’ဟယ် ညီမ ဘာလို့များ ရှိုက်ကြီးတငင်ငိုနေရတာလဲ ဟင် အမ ဘာကူညီရမလဲ’ဟု မေးလိုက်သည်။ ‘အမ ရယ် အခု ဖမ်းခံရတဲ့ ဓါးပြအဖွဲ့ထဲက ကိုအုန်းကြိုင်ဟာ ကျမယောက်ျားပါ ကျမမှာ အားကိုးစရာသူပဲရှိတာပါရှင် ဆွေမျိုးသားချင်းလဲမရှိပါဘူး ခု သူက အဖမ်းခံရတော့ ကျမ ဘယ်သောင်ဘယ်ကမ်းကပ်ရမလဲမသိတော့ပါဘူး အဟင့် ကလေးမွေးရင်လည်း ဒုက္ခရောက်တော့မယ်အမရယ်ဟု သနားစဖွယ်ပြောသည်။ ‘အို ညီမရယ် ဒီရုံးက ရာဇဝတ်အုပ်မင်းက အမ အမျိုးသားပါ အမ မေးကြည့်ပါအုံးမယ် ညီမ ဘာစားပြီးပြီး လဲ ‘မေးလေသည်။ ‘မစားရ သေးပါဘူးအမရယ် အဟင့်’ အော် ညီမရယ် ဒါနဲ့ ညီမနာမည်က ဘသူလဲ’ အမနာမည်က မဝင်းရီပါ ‘ မိတ်ဆက်လေသည်။’ ဟုတ် ညီမ နာမည်က မိထားပါအမ’ အေးအေ ကဲအခု အမထမင်းဟင်းတေပိုထည့်ခဲ့ပါတယ် အမကြွေးပါ့မယ်ကွယ် ‘ဟု ဆိုကာ သူ့ခင်ပွန်းအတွက် ဦးဖယ်ပြီးကြွေးလေသည်။
ဦးရွှေဘော် ထမင်းစားပြီးနောက် ‘အကို ဟိုရှေ့မှာ ထိုင်နေတဲ မိထား ဆိုတဲကလေးမ ဟာ ဓါးပြအဖွဲ့ထဲက တစ်ယောက်ရဲ့ မယားပဲ ခုသူ့ခမျာ နေစရာ စားစရာ မရှိရှာ ဘူး ကျမ မိန်းမချးးးကိုယ်ချင်းစာတယ်တော် ပြီးတော့ ကိုယ်ဝန်ကြီးနဲ့သူ့ခမျာ’ ကဲပါ မိန်းမ ရာ မင်းကြိုက်သလို စီစဉ်ပါကွယ် ဟုပြောသည်နှင့် ‘ကဲညီမ မိထား အမတို့အိမ်လိုက်ခဲ့ အိမ်မှာ ဝိုင်းလုပ်ဝိုင်းစားနေပေါ့ကွယ်ဟုပြောသည်။ သို့နှင့်မိထား မဝင်းရီတို့အိမ်မှာ လိုက်နေကာ အချက်အပြုတ် အလျှော်ဖွတ်များ ကူညီလုပ်ပေးခဲ့သည်။ မဝင်းရီမှာ လည်း ညီမတစ်ယောက်ရ လိုက်သလို ပျော်ရွှင်နေတော့သည်။ ‘အကို့ အမှု ကဘာတဲ့လဲဟင် အင်း အထက်က အမိန့်ရှိတာကတော့ ဓါးပြတွေဟာ ပစ္စည်းလု လူသတ်တာမို့ အပြစ်တော့ကြီးမယ်ထင်ပကွယ်ဟု လင်မယားနှစ်ယောက်တိုင်ပင်လျက်ရှိကြသည်။အမိန့်ချသောနေ့ လူသတ်လုယက်သော ဓါးပြဖွဲ့အား ကြိုးမိန့်ပေးလိုက်လေသည်။ ထိုအမိန့်မှာ အထက်က ချခိုင်းသော အမိန့်ဖြစ်ပေသည်အထိုအရာကို မိထားနားမလည် မိထားနားလည်သည်က သူ့ယောက်ျား သေရတာ ဦးရွှေဘော်ကြောင့်ဟုသာ စွဲမှတ်သွားလေတော့သည်။ ‘ညီမ ရယ် ဒီအမိန့်က အထက်က ချမှတ်ခိုင်းလို့ အကိုက ချရတာပါ ဘာမှ အားမငယ်နဲ့ အမတို့ပဲဆက်နေပေါ့ကွယ် ‘ဟု မဝင်းရီကအားပေးသော်လည်း မိထားကတော့ လက်စားချေ ဖို့ ကြံဆောင်တော့သည်။သို့နှင့် မဝင်းရီ မှာပါ ကိုယ်ဝန်ရှိလာခဲ့သည်။ အသက်ကြီးမှ ရသောကြောင့် လင်မယားနှစ်ယောက်မှာ သည်းသည်းလှုပ်ကြသည်။ ထိုမြင်ကွင်းကိုမြင်ရတိုင်း မိထားစိတ်ထဲမှာတော့ ‘ဒင်းတို့ကတော့ ပျော်နေကြတယ် ငါ့မှာတော့ လင်မရှိပဲ ကလေးမွေးရတော့မယ် ‘ လက်စားချေပြမယ် စောင့်ကြည့်နေကြဟု ကျိမ်းထားလိုက်သည်။” ည ထိုညသည်က လမိုက်ည ပတ်ဝန်းကျင် တစ်ခွင်လုံး အိပ်မောကျလျက် မဝင်းရီးတစ်ယောက် ပြေးနေရသည် အနောက်မှာ ခွေးနက်ကြီးက လိုက်နေသည် ခွေးနက်ကြီးမှာ သရေတများများနဲ့ မိရင် အသေကိုက်စားမဲ့ပုံ မဝင်းရီပြေးရင်းမောပန်းလာသည်။ ကူကယ်လူ မဲ့မရှိ လမ်းမထက်တွင် ပြေးရင့်ဖြင့် အနောက်လှည့်ကြည့်လိုက်တော့ ခွေးနက်ကြီးကနေ မိန်းမတစ်ယောက် ဆံပင်စုတ်ဖွား နှင့် မျက်နှာကိုတော့ မသဲကွဲ မဝင်းရီ လည်းပင်း အား ညှစ်တော့သည်။’အားးး အားး အမလေးးး ဝူးးးးး အူးးးးးးးးးးး ‘ဟင် အဝင်း အဝင်း ဘာဖြစ်တာလဲ ဘာဖြစ်တာလဲ ဦးရွှေဘော်လှုပ်နိုးလိုက်သည်။ ကျမ ကျမကို လည်ပင်းညှစ်တယ် ‘မင်းအိမ်မက်မက်နေတာပါ ကဲ ဘုရား သောက်တော်ရေသောက်ပြီးအိပ်လိုက်တော့ ‘ မဝင်းရီ ပြန်လည် အိပ်ပျော်သွားသည်။မနက်ရောက်သော် ‘ အမ မျက်နှာလည်း မကောင်းပါလား ဘာဖြစ်လိူ့လဲ ‘မိထားမေးလိုက်သည် မဝင်းက အိမ်မက်အကြောင်းပြောပြသောအခါ ‘ဟင် ဒါဆို အမကိုမုန်းနေတဲ့လူရှိနေတာပဲ ဂရုစိုက်ပေါ့အမရယ် ဟု မသိသလ်ို ဟန်လုပ်ကာပြောခဲ့သည်။ အမှန်မှာ မိထားသည် စုန်းအတတ်ကို မအေ ဆီက သင်ယူတတ်မြောက် ခဲ့ခြင်းဖြစ်သည်။ မိထားအမေမှာ ၁၂ ကြိုး စုန်းပင်ဖြစ်သည်။ ဦးရွှေဘော် ကားလေးဖြင့် ရုံးမအပြန် လမ်းမ ပေါ် တွင်မိန်းမတစ်ယောက် ဘွားကနဲပေါ်လာတော့သည်။ ထို့ကြောင့် ဦးရွှေဘော် ကားအား ကွေ့ချ လိုက်ရာ သစ်ပင်အားဝင်တိုက်လေတော့သည်။ လောက တစ်ခုလုံးအမှောင်ကျ သွားသည်။ သတိရတော့ ဆေးရုံမှာပင်ဖြစ်သည်။’ဟယ် အကိုသတိရလာပြီလား စိတ်ပူလိုက်ရတာအကိုရယ် ဟု ငိုသံပါကြီးနှင့်မဝင်းရီဆ်ိုရှာသည်။ ‘ကံကောင်းလို့မသေတယ် အကိုရယ် အဟင့် အဟင့်’ကဲပါ အကိုမသေလို့ ခုစကားပြောနိုင်ပြီးပဲ အားကျွတ်ကျွတ် လက်မှာ ခြေထောက်မှာ လှုပ်မရတော့ အရိုးအကြောတွေ ဆိုင်းသွားခြင်းဖြစ်သည်။ မိထား ပျော်လေသည် ထိုကဲ့သို့ ၄င်းနည်းတူ မုဆ်ိုးမဖြစ်စေရန် လုပ်ခဲသော်လည်း ဦးရွှေဘော်မှာ ကံမြင့်နေ၍မသေခဲ့ခြင်းဖြစ်သည်။ တစ်နေ့ ထိုနေ့မှာ မဝင်းရီ ခင်ပွန်းဖြစ်သူအား ဆေးရုံသို့ထမင်းချိုင့်ပို့ရန် အိမ်ပေါ်မှ အဆင်းလှေကားထစ် ပေါ်ခြေချ လိုက်သည်နှင့် မ်ိထားမှာ ရုတ်တရပ်ရောက်လာပြီး တွန်းချလိုက်လေတော့သည်။ သို့သော် မဝင်းရီက ကျမသွားပါ လက်ရန်းကို ဆုပ်ကိုင်ထားသောကြောင့် ထမင်းချိုင့်သာ ကျသွားသည် အမှန်တကယ် ကျသွားသူမှာ မိထားပင်ဖြစ်သည် မိထားမှာ တွန်းချချင်စိတ်ပြင်းထန်နေသောကြောင့် တစ်မျိုး ဘုရား တရား သံဃာ ကို ဆည်းပူးနေတဲ့ လူအား ပြစ်မှားသောကြောင့် တစ်စုံတစ်ယောက်က နောက်မှတွန်းချလိုက်သလိုဖြစ်ပြီး လှေကားပေါ်မှ ပြုတ်ကျသွားလေတော့သည်။ သူများ မကောင်းကြံကိုယ်သာခံဖြစ်ပေတော့သည်။’ဟင်ညီမ မိထား ဘလိုဖြစ်တာလဲ မိထား မိထား လာကြပါအုံး မိထား လှေကားပေါ်ကပြုတ်ကျလို့ မိထားမှာ ကိုယ်ဝန်ပျက်ကျသွားတော့သည်။ ‘ဖြစ်ရလေကွယ် ငါ့မှာ လင်က ဆေးရုံမှာ ညီမ က ကိုယ်ဝန်ပျက်ကျနဲ့ ကံတေဆိုးနေပါလားနော်ဟု ညည်းရှာသည်။ သို့နှင့် ၂ လကြာ ပြီးနောက် ဦးရွှေဘော်လည်းသက်သာလာပြီး ဆေးရုံမှာဆင်းလာသည်။ ‘အဝင်း မင်းလည်းမွေးတောမယ် နော် တစ်ဖြည်းဖြည်းနဲ့နီးလာပြီ ဂရုစိုက်အူံးနော် အော် အကိုရယ် ကျမ ဘာမှ မဖြစ်ပါဘူး အကို သာ လမ်းပြန်လျှောက်နိုင်အောင် လုပ်ပေးရအုံးမှာဟု ခင်ပွန်းဖြစ်သူအား ပြောသည်။ ‘ အူ အူ အူ ခွေးအူသံ များဆူညံနေသည် မဝင်းရီနှင့် ဦးရွှေဘော်အား အိပ်မွှေ့ချကာ မိထား စုန်းအတတ်ဖြင့်ပြုစားတော့မည်။ ‘အင်း ဒင်းဗိုက်ထဲက ကလေးကို ငါစားရမယ် ဟု ဆို ပြီး မဝင်းရီ ဗိုက်အား ပွတ်သည် အထဲမှ ကလေးအား စုန်းအတတ်ဖြင့် သေအောင်လုပ်ခြင်းဖြစ်သည်။ မနက်မိုးလင်းသော် ‘အားကျွတ် ကျွတ် ဗိုက်နာ လိုက်တာတော်ဟု မဝင်းရီ အော်သည်။ကလေး မွေးရန် လည်း လမစေ့သေးပေ။ တအားနာလာသဖြင့် ‘ မိထား နင့်အမ ဗိုက်နာနေတာ ဆရာမ သွားခေါ်ပေးအုံးနော်’ ဟု ဥင်္ီးရွှေဘော် ခိုင်းလိုက်သည်။ ဆရာမ ရောက်သော် ဗိုက်မှာ လမစေ့သေးပဲမွေး ချင်နေပြီ။ မွေးသောအခါ အသေလေးပင်ဖြစ်တော့သည်။ မိထား ပျော်ရလေတော့သည် ‘ ဟားးးးဟားးး ဟားးးး ဘာတတ်နိုင်ကြသေးလဲ ဒင်းတို့ကလေးရဲ့ဝိညာဉ်ကို ငါစားလိုက်ပြီပဲ ဟားးးး ကြေနပ်တယ်ဟေ့ ‘ ဒင်းတို့ ပါ အသေဆိုးနဲ့သေစေရစေမယ် ဟားးဟား ‘မိထားမှာ အယူမှား ကာ ကျေးဇူးကို ပြစ်မှားပြီးရင်ပြစ်မှား နေတော့သည်။ ဒီလိုနှင့် လရာသီတွေပြောင်းလဲ လာကာ ဦးရွှေဘော်ပင် ခြေထောက်ပြန်ကောင်း လာခဲ့ကာ ရုံးပြန်တတ်နိုင်ခဲ့သည်။ အချိန်ကား ည ၁ နာရီခွဲခန့်ပင်ဖြစ်သည်။ မဝင်းရီ အပေါ့ သွား ချင်၍ အိမ်အောက်ထပ်အား ဆင်းလာခဲ့စဉ် ခြံထောင့် တစ်နေရာတွင် မီးလုံး တစ်လုံး မြင်ရသည် ထိုမီးလုံးသည် လည်နေရာမှ အပေါ်ပျံသွားသည် မဝင်းရီ စိုက်ကြည့်နေစဉ်မှာပင် မီးလုံးမှာ ခေါင်းပြတ်ကြီး အသွင်ပြောင်းသွားသည် မျက်နှာမှာ မဝင်းရီဘက်မလှည့်ပဲ ဆံပင်ဖားလားကြီးသာ မြင်ရသည် ။ ‘အမလေး အကိုရေ အကို ‘ မဝင်းရီ ဘာစကားမှ မပြောနိုင် ထစ်နေသည်။ ‘ဘာဖြစ်တာလဲ မိန်းမရာ’ခေါင်း ခေါင်းပြတ်ကြီးတော့ ‘ဟင် ဘယ်မှာလဲ’ မဝင်းရီကသူမ မြင်ခဲ့တာကိူပြန်ပြောပြသည်။ဦးရွှေဘော်လဲ မင်းအမြင်မှားတာနေမှာပါဟု နှစ်သိမ့်လိုက်ရပေမဲ့ စိတ်ထဲဘဝင်မကျလှပေ။ ‘ကဲ နောက်နေ့ကျ သံဃာ ငါးပါးပင့်ပြီး အန္တာရယ်ကင်းဆွမ်းကြွေးပါ့မယ်ကွယ် မကြောက်နဲ့တော့နော် အိပ်တော့’ ပြောပြီး ပြန်အိပ်လိုက်ကြသည်။ ထိုအကြောင်းကို မိထားဘသိသော် ‘အိုအမ ရယ် ဘုန်းကြီးတေ မပင့်ပါနဲ့လား အက်လောက်မလိူလောက်ပါဘူးဟု တားလေသည်။’အော် ညီမရယ် အမလဲကြောက်လို့ အန္တာရယ်လဲကင်းတာပေါ့ကွယ် ဟု ပြောပြီး အလှုတွက်အစီစဉ်ဆွဲတော့သည်။ ‘အောက် အီးအီး အွတ် မနက်မိုးသောက်အလင်းရောက်ပေပြီ။ ‘ကဲ အဝင်းရေ ဘုန်းကြီးတွေသွားပင့် တော့မယ် ကွယ်’ တရားနာဖို့ပြင်ဆင်ထားဟေ့ ‘ဟု ဦးရွှေဘော်ပြောပြီးကားလေးနှင့် ဘုန်းကြီးသွားပင့်လေတော့သည်။ အိမ်နီးချင်းများလည်း တရားနာ လာရောက်ကြလေသည်။ တရားနာသည့်ထဲတွင် မိထားမပါ ပျောက်ချင်းမလှ ပျောက်နေပေတော့သည်။မဝင်းလဲသတိမထားအားပါ တရားနာနေရင်း ခေါင်းပြတ်ကြီးသာ မျက်လုံးထဲမြင်ပြီး လန့်နေရှာသည်။ ဘုန်းကြီးများ ပြန်ကြွသွားပြီးသည်မှ မိထား ဘယ်က ဘလိုပြန်ရောက်လာသည်မသိပါ ။ မိထားကို သတ်ိထားမိသူကတော့ ရပ်ကွက်ထဲမှ ဦးနေလရောင်ပင်ဖြစ်သည်။ဦးနေလရောင်မှာ ဘုန်းကြီးလူထွက်ဖြစ်ပြီး လောကီ အစီစဉ်ရင်များနှင့် စုန်းကဝေ နာနာဘာဝတို့ပြုစားခံရသူများအားကုသော ဆေးဆရာပင်ဖြစ်သည်။ ထိုလူကြီးမှာ သီလသမာဓိလဲမြဲသည်။ တရားနာ ဘုန်းကြီးဆွမ်းကြွေး ပြီးသည်နှင့် ပတ်ဝန်းကျင်မှဖိတ်ထားသော ဧည့်သည်များကိုလည်း ထမင်းကြွေးလေသည်။ထိုအခါ ဦးနေလရောင်မှာ မိထားတိူ့စားသော ထမင်းဝ်ိုင်းအား ဝင်၍နေရာယူလေသည်။မိထားအားလည်း စေ့စေ့ ကြည့့်လေသည်။ မိထားမှာ အကြည့်မခံ ဟင်းခပ်ရာ ၌မိထားမှာ လက်ပြန်ကြီးထပ်သည်။ သို့နှင့် ဦးနေလရောင်မှာ ‘ဟဲ့ မိထား’ ဟု လျပ်တပြတ် အော်လိုက်ရာ မ်ိထားလန့်ပြီး ဦးနေလရောင်အား စိုက်ကြည့်မိလိုက်သည်။ တွေ့ပါပြီကော မိထား မျက်စံတွင် ဦးနေလရောင်မျက်နှာ ဇောက်ထိုးပေါ်နေသည်။ သာမန်လူများသည် မျက်လုံးမျက်စံတွင်အတည့်သာ ပေါ်လေသည်။ ‘ ကဲ မိထား ဟင်းတွေ ထည့်စား အက်တာပြောမို့ပါကွယ်’ဟု မသိသလို စကားလွဲလိုက်လေသည်။ ဒီလိုနှင့် မဝင်းရီတို့အိမ်လေး ပြန်လည်အေးချမ်းနေပေပြီ။သံဃာ တော်မြတ်များ၏ ပရိတ်တန်ခိုးများ
ကြောင့် မိထား ပညာတွေ အစွမ်းမပြပါ။ လလေး အတော် ကြာလာ ပြီးနောက်’ မိထား ရေ မိထား နင့်အကိုက လက်ဖက်သုတ် စားချင်တယ်တဲ့အေ သုတ်ပေးပါအုံး’ မဝင်းရီ ခိုင်းလိုက်သည်။ မိထား အကွက်တွေ့လေပြီ’ဟုတ်အမ’ပညာပြရတော့မည် ‘အမရေ လက်ဖပ်သုတ်ရပြီ’ အေးအေး လာပြီ’ မဝင်းရီလက်ဖက်သုတ်ပန်းကန် ယူသွားသည်။ အကို့ရေ ဒီမှာ လက်ဖက်သုတ် ရပြီ’ ‘အေးကွယ် ခနနေ မှ စားပါ့မယ် အမှုတွဲလေးစစ်နေလို့ကွဲ့’ ဦးရွှေဘော်မစားအားသေးပါ။ သို့နှင့် မဝင်းရီက စားချင်လာပြီး အရင် စားလိုက်သည် ကောင်းလိုက်သည့်ဖြစ်ချင်း စားရင်း တစ်ဝက်လောက်ရောက်သော် ‘အွတ် အု အော့’မဝင်းရီ မျက်ဖြူစိုက်နေပေပြီ’ ဟင် အဝင်း အဝင်း ဘာဖြစ်တာလဲ’ဦးရွှေဘော်ထိပ်ထိပ်ပြာပြာ ပြောသည်။ မိထားလဲ ချွေးပြန်နေသည်။ လုပ်တာ တစ်ယောက် စားမိတာ တစ်ယောက် ဘာပဲဖြစ်ဖြစ်လေ ဒင်းတို့သေအေးတာပဲဟု တွေးမိသည်။ မဝင်းရီမှာ အသက်ရှုမဝသည့်ပုံပင် ဖြစ်နေသည်။ ဦးရွှေဘော် ပတ်ဝန်းကျင်အားအကူညီတောင်းရာ ဗိန္ဒော ဆရာ ဦးနေလရောင် ရောက်လာသည်။ ဘလိုဖြစ်တာလဲကွဲ့’ မေးလိုက်သည်။’မသ်ိပါဘူးဗျာ အခုဆေးရုံပို့ရမယ်ထင်တယ်’ ဦးရွှေဘော် ပြောပြသည်။ ‘မလိုပါဘူး ဦးနေလရောင်မှာ’ အေးဆေးစွာပြောပြီးနောက် ဆေးလွယ်အိပ်ထဲမှ ဆေးထုပ်တစ်ထုပ်အား ပန်းကန်လုံးထည့်ပြီး လက်ခလည်ဖြင့်မွှေလိုက်သည်။’အုံ အပင်းကျ အပင်းထွက်’ ငါသည် လူမြတ် ဆေးစွမ်းထက’် ဟု ၃ ခေါက်ရွတ်ဆိုပြီး မဝင်းရီအားတိုက်လေသည်။’ကဲ ဘာမှမဖြစ်တော့ဘူး မကြာခင် အပင်းကျလိမ့်မယ်ကွဲ့ဟုပြောသည်။ ငါးမိနစ်လောက်ကြာသော် မဝင်းရီ အန်လေသည်။ လက်ဖက်သုတ်များ သာ အန်သည်။ ဦးရွှေဘော်မှာ စိုးရိမ်စွာစိုက်ကြည့်လျက် ‘ ကဲ မဝင်းရီ သမီး ဘာမှမဖြစ်တော့ပါဘူးကွယ် ဟောဒီမှာ ကြည့်ကြဟေ’့ ဟု ဆိုကာ အန်ဖက်များထဲမှ အဖက်တစ်ဖက်အား ကောက်ယူပြီးနောက် ဦးရွှေဘော်တို့အား ပြလိုက်လေသည် အသားဖက်တစ်ဖက်ဖြစ်သည် သေးသေးလေးပင်ဖြစ်သည်။ ထိုအချိန်တွင်မိထားမှာ အခြေနေ ရိပ်မိပြီး ပြေးဖို့ကြံသည်။ သို့သော် ဦးနေလရောင်မှာ အိမ်ထဲဝင်ကတည်းက စည်း မန်း မန်း ခဲ့လေသည်။ ပြေးမရတော့ပါ။ ‘ကဲ ဒီအသားဖက်လေးကို နေပူထဲမှာ လှန်းလိုက်သည် ‘ကြည့်ကြကွဲ့ မကြာခင် အသားတုံးကြီးဖြစ်သွားလိမ့်မယ်ကွဲ့’ မဝင်းရီ သက်သာသွားပါပြီ မဝင်းရီတို့လင်မယား၂ယောက် ကြည့်နေစဉ်မှာပင် အသားဖက်လေးမှာ တစ်ဖြည်းဖြည်း ကြီးလာလိုက်တာ လက်သီးဆုပ် ၂ ဆုပ်စာပင်ဖြစ်လာတော့သည်။ ‘ဟယ် ဘလိုဖြစ်ရတာလဲ ခုန အသားဖက်လေးပါ’မဝင်းရီအံ့အားသင့်စွာ မေးလိုက်သည်။ ‘အက်တာ အပင်းထည့်တာကွဲ့ ဆေးနဲ့စီရင်ထားတာ အက်ဒိ အသားတုံးကို မီးဖုတ်ပြီး မဝင်းရီစားစမ်းကွယ် အက်တာဆို နောက်ဘယ်သူမှ အပင်းထည့်မရတော့ဘူးကွဲ့’ဟုတ်ကဲ့ရှင့်’မဝင်းရီဖြေလိုက်လေသည်။ ထို့နောက် ဦးနေလရောင်မှာဆက်ပြီး’ ကဲပါလေ ဒါ ခနထားပါ စုန်းမကို ဖော်ထုပ်ရမယ်။’ ဟုပြောင်္ပြီး ဒ်ီလက်ဖက်သုတ် သုတ်တာဘသူလဲဟေ့ဟု မေးလိုက်သည်။ မိထား ကြောက်နေပေသည်။ ‘ဟဲ့မိထား လာခဲ့စမ်း နင်ဆေးမန်းရေ သောက်ရမယ်’ ဦးနေလရောင် မိထားအား ပညာချွတ်တော့မည်ဖြစ်သည်။ ‘အို ကျမ မလုပ်ဘူး ကျမမဟုတ်ဘူး’ မိထားငြင်းသည်။ သို့သော် ‘ ဒီအိမ်မှာ အိမ်ရှင်လင်မယားနဲ့ နင်ပဲရှ်ိတာ ‘လာခဲ့စမ်း ဆေးမန်းရေ လာသောက် မသောက်ရင် နင့်ကို ဆေးမန်းကွင်းစွပ်မယ်ဟေ့’ဟု ပြောလေသည်။မိထားမှာ ပုံစံပြောင်းလာသည် ဆံပင်စုတ်ဖွား သရေ သများများကျလာပြီး မျက်လုံးများ နီလာသည်။ တုန်လဲတုန်နေသသည်။ မဝင်းရီတို့လင်မယား အံ့သြကြောက်လန့်သွားရသည်။ ထိုစဉ်ဦးနေလရောင်မှာ ဆေးမန်းကွင်းအား ဂုဏ်တော် များရွတ်ဖက်ပြီးနောက် မိထား လည်ပင်းဆီပြစ်ထည့်လိုက်ရာ စွပ်မိပီးသားဖြစ်သွားလေတော့သည်။’ အား အမလေး အားးးး ပူတယ် ပူတယ် ငါ့ကို ခွှင်လွတ်ပါ ငါတောင်းပန်ပါတယ် ‘အူးးး ဝူးးးးးအစ်အစ် မျက်လုံးင်္ကြီးပြူးလျက် လျှာဒစ်လစ်ကြီးထွက်ကာ ညည်းနေသည်။ ‘ဟဲ့မိထား နင်ဖြေစမ်း နင်ဘာလို့ဒီလိုလုပ်တာလဲ နင့်ကျေးဇူးရှင်တွေလေ နင်မသိဘူးလား ‘ ဦးနေလရောင်မေးသည်။’ကျမ ယောက်ျား သေဒဏ်ကျတာ မကြေနပ်လို့ပါ ဟီးဟီး အီး ညည်းရင်းပြောသည်။ ကျမ မှားပါပြီ ကျမ လည်ပင်းတစ်တယ် ကျမ အသက်ရှုမဝဘူး တောင်းပန်ပါတယ် ‘အေးနင်တို့တွေက ကိုယ့်ကိုယ်ကိုဟုတ်လှပီထင်တာ ငါတို့အထက်ဆရာတွေနဲ့တွေ့ရင်ဘဝခြားရတာပါပဲ နင်ပညာတွေရုတ်သိမ်းစမ်း ‘ဦးနေလရောင် အမိန့်ပေးသည်။ ‘ဟုတ် ကျမ ရုပ်သိမ်းပါ့မယ်’အေး နင့်ပညာတွေကို စွန့်လွှတ်ပါ့မယ်လို့ဂတိပေး နင်ဟာ ငရဲံကျမယ့်အလုပ်ကို ဆက်လုပ်အုံးမယ်ဆိုရင် နင့်ကို ဆေးမန်းကွင်းမဖြေပေးပဲ အသေသတ်မယ်ဟဲ့’ဟု ကျိန်းလိုက်သည်။ ‘ဟုတ်ကဲ့ ကျမ စွန့်လွတ်ပါ့မယ်’ ဂတိပေးပြီးနောက် ဦးနေလရောင်မှာ ဆေးမန်းကွင်းဖြေပေးလိုက်သည်။ မိထား သတိမေ့နေသည်။ ‘ သတိရ လာပြီးနောက် ငိုတော့သည် အမ နဲ့ အကို ကျမကို ကြိုက်သလိုအပြစ်ပေးကြပါ ကျမဟာ ကျေးဇူးရှင်ကို စော်ကားမိပါတယ် ကျမ မှားကြီးမှားခဲ့ပါတယ်ရှင်’ တောင်းပန်သည်။ ‘ကဲမိထား နင့်မှာအခုကစပြီး နင့်မှာ ဘာပညာမှ မရှိတော့ဘူး ငါနင့်ပညာတွေချွတ်လိုက်ပီ’ဟု ဦးနေလရောင်ပြောလိုက်သည်။ ‘ကဲ နောက်ကို ကောင်းကောင်းမွန်နေထိုင်သွားပါညီမရယ် လူ့ဘဝဆိုတာ တိုတိုလေးပါ အမတို့အမုန်းမပွားပါဘူး ခွှင့်လွှတ်ပါတယ်ကွယ် ‘အင်း ငါလဲခွှင့်လွတ်ပါတယ် ပြုသူအသစ် ဖြစ်သူအဟောင်းပေါ့ ‘ဟု ဦးရွှေဘော်တို့လင်မယား၂ယောက် ပြောလိုက်သည်။ ‘ကဲ အားလုံးရှင်းပြီဆိုတော့ ကျုပ်ပြန်မယ်ဟုဆိုသဖြင့် ဦးနေလရောင်အား ဦးရွှေဘော်တို့၃ဦးလက်အုပ်ချီလျက် အရိုသေပေးလိုက်ကြသည်။ထိုညဟာ အလွန်ပင်အေးချမ်းခဲ့လေသည်။ မိုးစင်စင်လင်းခဲ့လေပြီ မိထားကို အရိပ်ရောင်မတွေ့၍ မိထားအခန်းတွင်းသို့ မဝင်းရီဝင်ကြည့်သော် စာခေါက်လေးတစ်ခုသာ တွေ့ရလေသည်။ ‘အကိုရေ့ ဒီမှာ စာလေးတစ်စောင် မိထားတော့မတွေ့ဘူး’ အေးဖက်ကြည့်စမ်းကွယ် ဦးရွှေဘော်ပြောလိုက်သည်။ မိထား စာထဲမှာတော့’ ကျေးဇူးရှင်အကိုနဲ့အမ ညီမမိထား ရှိခိုးတောင်ပန် ခဲတယ် ။မိထားအပေါ် ဆွေမျိုရင်းလို စောင့်ရှောက်ပေးခဲ့တာကို အသိမရှိပဲံ စိတ်ယုတ်မာတွေနဲ့ အမိုက်မှားခဲ့ပါတယ်။
မိထားကို ခွှင့်လွတ်ပေးကြပါ မိထား အကိုနဲ့အမ မျက်နှာကို မကြည့်ဝံ့တော့ပါဘူး ကျမ ဘဝကို အသစ်က ပြန်စပါ့မယ် ယုတ်ညံ့တဲ့ဘဝကိုစွန့်လွှတ်ပြီး သာသနာ့ဘောင်မှာ မိထားရဲ့အမိုက်တွေကို ဆေးကြောပါ့မယ် မိထားကို မေ့လိုက်ကြပါတော့ ပျော်ရွှင်ချမ်းမြေ့ပါစေ အကိုနှငိ့အမ
ကျေးဇူးကန်းခဲ့သူ မိထား”
စာလေးမှာ ထိုမျှသာ ပင်ဖြစ်သည်။
မဝင်းမှာတော့ ရင်ထဲမကောင်းပါ ‘ကဲပါအဝင်းရယ် သူလဲ သာသနာ့ဘောင်မှာ အေးချမ်းသွားမှာပါကွယ် ဟု ပြောလိုက်လေသည်။ စိတ်ထဲတွင်တော့ ‘အော် သဗ္ဗေ သတ္တာ ကမ္မတကာ ပါပေတကား။
ဤမျှသာ ကြိုးစားပါအုံးမည်။

#လေးစားစွာCreditပေးပါတယ်