ဖိုးတေ(စ/ဆုံး)
————–
ဖိုးေတ………
ဖိုးတေဟုဆိုလိုက်လျှင် ‘လင်းပိုက်’
ရွာတစ်ရွာလုံးမသိတဲ့သူမရှိ။
ကလေးအစခွေးအဆုံး ‘ဖိုးတေ’
ဟုဆိုလိုက်သည်နှင့် တုန်နေအောင်ကြောက်ကြရသည်။
အဘယ်ကြောင့်နည်း ?
ဖိုးတေကား ရာဇဝင်လူဆိုးလူမိုက်ကြီးဖြစ်နေ၍လော ,
နာမည်ကြီး သူခိုးဓားပြဖြစ်နေ၍
လော ,
ဆိုးသွမ်းသောင်းကျန်းလှသော သူပုန်ခေါင်းဆောင်တစ်ဦးဖြစ်နေ၍လော ,
စသည် စသည် ဖြင့် တွေးစရာများ
ကုန်စင်သည်အထိတွေးသည့်တိုင်
အထက်ပါအဖြေများနဲ့ ‘ဖိုးတေ’
မှာလုံးဝသက်ဆိုင်ခြင်းအလျဉ်းမရှိ။
သို့ဆို ‘ဖိုးတေ’ ကားအဘယ်သူနည်း ?
ထိုဖြစ်ရပ်များသည် မြန်မာနိုင်ငံလွတ်လပ်ရေးရပြီးစကာလ လမ်းပန်းဆက်သွယ်ရေးနှင့် အုပ်ချုပ်ရေးပိုင်းထိရောက်မှုမရှိခဲ့သော အညာ
ဒေသခေါင်ခေါင်ရှိ ‘လင်းပိုက် ‘
ရွာကလေးတွင်ဖြစ်ပွါး.သန္စေတ
ည်ခဲ့၏။
……………………. ……………………….
‘ ဖိုးတေရေ….. ‘
‘ ဗျာ အရီးလေး ‘
‘ ဒါက ဘယ်သွားမလို့တုန်း ‘
‘ ရွာထိပ်က ဦးကြီးအောင်တို့အိမ်
က နွားစာကူစဉ်းပေးလှည့်ပါဆို
လို့ အဲ့ဘက်သွားမလို့, နို့ အရီး
ကော ကျုပ်ကိုခိုင်းစရာရှိလို့လား ‘
‘ အေးကွဲ့ , အဲ့ဘက်အိမ်ပြီးရင်ငါ့
အိမ်ဘက်ပြန်ဝင်ခဲ့ချေ, ညနေဟိုဘ
က်ရွာကငါ့အမျိုးတွေလာမယ်ဆိုလို့
နင့် ရေဖြည့်ခိုင်းမလို့ ‘
‘ ဟုတ် ဟုတ် , ပြီးတာနဲ့ ကျုပ်အရီးေ
လးဆီချက်ချင်းလာခဲ့မယ် ‘
အညာနွေ နေပူပူ၏လောင်ကျွမ်းမှုဒဏ်ကြောင့်ကျဆင်းလာသောမျက်နှာရှိချွေးများအားသုတ်ရင်းပြုံးပြပြောဆိုကာ.ရွာလမ်းမအတိုင်းခပ်သုတ်သုတ်လျှောက်သွားသော ဖိုးတေ ၏ပုံစံက မြင်ရသူတိုင်းပူပြင်းလှ၏။သူ့မှာတော့ဘာမှမဖြစ်သလိုပင်။
‘လောကဓံ ရိုက်ချက် ‘ဟု တစ်စုံတစ်ရာအဆင်မပြေတိုင်း လူတို့ညည်းတွားတတ်ကြ၏။သို့ဆိုပါလျှင်
မွေးကတည်းက လောကဓံ၏ပြင်းထန်လှသောရိုက်ချက်များကို ယနေ့တိုင်ခါးစည်းခံခဲ့ရသော ဖိုးတေ အဖို့ ဖွတ်ဖွတ်ညက်ညက်ကြေယုံသာရှိပေလိမ့်မည်။
‘ဘဝကဆိုးလှသည်’ဟု ပြောရန်ထက်အဆပေါင်းများစွာသာလွန်သော အဆိုးဝါးဆုံးစကားနဲ့ သူ့ဘဝကိုနှိုင်းယှဉ်ရလောက်သည့်’ဖိုးတေ’မှာတော့ အမြဲတမ်း
ပြုံးလျှက်ပင်။ သူ့ကိုမွေးမွေးပြီးချင်း မီးတွင်းထဲ၌ပင်သူ့အမေဆုံး၏။ ထိုသတင်းကြား၍ တောထဲထင်းခုတ်ထွက်နေသောသူ့အဖေလဲ ရွာသို့အပြေးလာရင်းရွာထိပ်၌ပင်ပိုးထိကာတိမ်းပါးရ
ပြန်၏။ ထို့ကြောင့် ရွာဦးကျောင်းဆရာတော်၏ ဆွမ်းကျန်ထမင်းကျန်များနဲ့လူလားမြောက်သည်အထိ အသက်ဆက်ခဲ့ရသော’ဖိုးတေ’တစ်ယောက် အရွယ်ရောက်ပြန်တော့လဲ တစ်ရွာလုံး၏လက်တိုလက်တောင်းကိစ္စအဝဝအားကူ
ညီပေးရင်း ရရှိလာသောငွေကြေးအနဲငယ်ဖြင့်သာ ဆက်လက်အသက်ဆက်ရပြန်၏။ လူကလဲပေါချာချာမို့အမြဲတမ်းရီလျှက်နေ
တတ်သောသူ့အား သက်တူရွယ်တူ
ကာလသားများက လုံးဝဆေးဖော်ကြောဖက်မလုပ်ကြပေ။
သို့သော် ‘ဖိုးတေ’ကား စေတနာ
ကောင်းလှသည်။ ရွာထဲရှိငွေကြေးမတတ်နိုင်သော ဆွေမျိုးမဲ့တစ်ကောင်ကြွက်အဘိုးအဘွား
တို့၏ ဝေယျာဝစ္စများအား ငွေကြေးမယူဘဲကူညီပေးတတ်သော သူ့အဖို့ တစ်နေ့သို့ရောက်သော်, စေတနာကောင်း၍
ကံကောင်းသည့်အဖြစ်အပျက်တစ်ခုသည် ဆိုက်ဆိုက်မြိုက်မြိုက်ရော
က်လာခဲ့ပေတော့သည်။
တစ်နေ့, ရွာပြင်စားကျက်၌ ‘ဖိုးတေ’တစ်ယောက် အငှါးနွားများကျောင်းနေစဉ်,
‘ လူလေး လူလေး……. ‘
ခေါ်သံကြောင့် သစ်ပင်အရိပ်၌ဇရက်မင်းစည်းစိမ်ခံနေသော’ဖိုးတေ’လှည့်ကြည့်ရာ , အသက်၇၀ခန့် အဖွားအိုတစ်ဦးနဲ့ သူနဲ့သက်တူရွယ်တူခန့် မိန်းကလေးငယ်တစ်ဦးအားတွေ့လိုက်ရပေသည်။ထူးဆန်းသည်မှာ ၄င်းတို့ပုံစံများက နွမ်းပါးဟန်ဖြစ်သော်လည်း မိန်းကလေး၏ရုပ်ဆင်းအင်္ဂါမှာအဆင်အယင်များနဲ့
လိုက်ဖက်မှုမရှိစွာ လှပလင်းလက်နေခြင်းပင်ဖြစ်တော့သည်။
(2)
သူ့တစ်သက်နဲ့တစ်ကိုယ်တွင်ခုလောက်လှသည့်မိန်းကလေးမျိုးမမြင်ဖူးခဲ့သောကြောင့် ‘ဖိုးတေ’အဘယ်မျှထိငေးကြည့်မိသွားခဲ့သည်မသိ။ အဖွားအို၏စကားကြားမှသတိပြန်ဝင်လာခဲ့လေတော့သည်။
‘ လူလေး အဖွားခေါ်နေတာကြာ
းရဲ့လားကွဲ့ ‘
‘ ဟုတ် ဟုတ် ကြားပါတယ် အဖွား ,
ကျုပ် ဘာများကူညီပေးရမတုန်း ‘
‘ ဒီလိုကွဲ့, အဖွားတို့ရွာဘက်ဓားပြတွေသောင်းကျန်းလွန်းလို့,
အဖွားတို့ကဆင်းရဲပေမဲ့ အဖွားရဲ
မျက်မမြင်ဒုက္ခိတမြေးမလေးကို
ဓားပြတွေအနိုင်ကျင့်မဲ့ရန်ကို
ကြောက်ပြီးပြေးလာကြတာ ‘
ထိုစကားအဆုံး ရုပ်ကလေးလှပါလျက်ချို့တဲ့ပြီးဒုက္ခိတဖြစ်နေရှာသောမိန်းကလေးအား’ဖိုးတေ’စိတ်ထဲပို၍ဂရုဏာသက်မိသွားတော့သည်။
ထို့ကြောင့် ချက်ချင်းပင် မြေးအဖွားနှစ်ယောက်လက်ဆွဲ၍ရွာဦးကျောင်းသို့သွားရောက်အကူ
အညီတောင်းခံရာ ဆရာတော်မိန့်လိုက်သည့်စကားက ‘ဖိုးတေ’အတွက်ပျော်မဆုံးတပြုံးပြုံးဖြစ်ဖို့အခြေဖန်ခဲ့တော့သည်။
ဘုန်းကြီးကျောင်းဖြစ်သည့်အပြင် ရဟန်းများစုဝေးရာအရပ်မို့
မာတုကာမများနှင့်မသင့်လျော်ကြောင်း, ထို့အတွက် တစ်ကိုယ်တည်းသမား’ဖိုးတေ’အိမ်ကိုသာခေါ်ယူစောင့်ရှောက်ထားရန် ဆရာတော်မှအဆုံးအဖြတ်ပေးခဲ့ခြင်းကြောင့်ဖြစ်သည်။
ထိုအချိန်ကာလကား ‘ဖိုးတေ’ဘဝအတွက် ကန္တာရထဲမှအိုအေစစ်တွေ့
ရသည့်အလား အပျော်ကြီးပျော်ကာတစ်ဆစ်ချိုးပြောင်းလဲခဲ့ရလေတော့သည်။
ရိုးသားကာစေတနာကောင်းသောသူမို့ မိန်းကလေး၏အဖွားဖြစ်သူကိုယ်တိုင်’ဖိုးတေ’နှင့် သူ့မြေးလေးအားလက်ဆက်ပေးကာ’ဖိုးတေ’၏အိမ်၌ပင် ခက်ခဲကြမ်းတမ်းလှသော ဘဝ၃ခုတို့မှာသုခ
ဘုံလေးအဖြစ်သို့စုဝေးဆိုက်ရောက်ခဲ့ရတော့သည်။
အရင်နဲ့မတူ ပျော်ရွှင်တက်ကြွ
နေသော’ဖိုးတေ’လဲ နောင်ရေးအတွက်မို့ အရင်ကလို ရွာ၏လက်တိုလက်တောင်းကိစ္စများအပြင်
အားလပ်ချိန်ရတိုင်း တောထဲထင်းခုတ်, ငါးရှာဖားရှာဖြင့် အိမ်ဦးနတ်တစ်ပါး၏တာဝန်အားစွမ်းစွမ်းတမံထမ်းဆောင်ခဲ့တော့သည်။
မကြာခင် အဖွားအိုသေဆုံးသွား
သည့်အခါ ဇနီးဖြစ်သူ၏အချစ်များက’ဖိုးတေ’ပေါ်သို့ တိုး၍ကျရောက်လာချိန် ‘ဖိုးတေ’တို့လင်မယားမှာ
မြင်ရသူအပေါင်းမနာလိုချင်စရာကောင်းလောက်အောင် ချစ်မိုးတွေစွေခဲ့ကြတော့၏။
လောကသဘာဝအရ ဇနီးဖြစ်သူ
ကိုယ်ဝန်လွယ်ထားရကြောင်းသိခဲ့ရသည့်အချိန်မှစ၍ ‘ဖိုးတေ’တစ်ယောက် အလုပ်ကိုနေ့မနားညမနားလုပ်ကိုင်ရင်းတစ်ဖက်မှလဲ ဇနီးဖြစ်သူ
အပေါ် ကြင်နာယုယမှုအပြည့်အဝပေးခဲ့သည်ဖြစ်ရာ….
သနားဖွယ်မျက်မမြင်ဒုက္ခိတမလေးပဲကံကောင်းသလား?
တစ်ကောင်ကြွက် လူ့အပယ်ခံ’ဖိုးတေ’ပဲစိုင်ကော်ချုံပေါ်ရောက်သလား?
မည်သို့ပင်ဖြစ်စေ ၄င်းတို့၏အိမ်ထောင်ဘဝလေးမှာ အလွန်ပင်ကြည်နူးပျော်ရွှင်ဖွယ်ကောင်းလှပေသည်။
ထိုသို့ ပျော်ရွှင်ဖွယ်နေ့ရက်များအား နင်းချေဖျက်ဆီးပစ်မည့်ကြမ္မာဆိုးတစ်ခု ၄င်းတို့၏ပျော်ရွှင်ဖွယ်ဘဝလေးထဲသို့ မကြာခင်ရောက်ရှိလာတော့မည်ကို ကံဇာတ်ဆရာကသာကြိုတင်အသိပေးခဲ့မည်ဆိုပါလျှင်………………….
‘ ဒူ…………… ‘
သူကြီးအိမ်တွင် စိုးရိမ်ပူပန်မှုအပြည့်ဖြင့် စုဝေးရောက်ရှိနေကြသည့်ရွာသားများထဲ၌’ဖိုးတေ’တို့လင်မယားလဲအပါအဝင်ဖြစ်ပေသည်။
‘ ကျုပ် ရွာသူရွာသားတို့ကို ကနေ့
ခေါ်ယူတိုင်ပင်ရတဲ့အကြောင်း
အရင်းကတော့ ခုရက်ပိုင်းရွာထဲမှာလူတွေတစ်ယောက်ပြီးတစ်
ယောက်သေဆုံးနေရတဲ့အတွက်
ပဲ, တိုက်ဆိုင်မှုပဲလို့ကျုပ်လဲသဘော
မှတ်ထားပေမဲ့ ဆရာတော်တော
င်မှမနေ့ညကပျံလွန်တော်မူခဲ့ရ
ပြီဆိုတော့ ပြသနာကပေါ့သေး
သေးတော့မဟုတ်တန်ဘူး, ဒါ့အတွ
က်ကြောင့် အချိန်ကိုက်ဆိုက်ဆိုက်
မြိုက်မြိုက်ဆိုသလို ကျုပ်အိမ်ကိုကြွ
လာတဲ့ ဆရာတစ်ပါးရဲ့အဟောအရ
ကျုပ်တို့ရွာထဲ စုန်း ရှိနေပြီဆိုတာ
သိလိုက်ရတယ်ဗျို့ ‘
သူကြီး၏စကားအဆုံး စုဝေးနေကြသောရွာသူရွာသားများအား
လုံးလှုပ်လှုပ်ရွရွဖြစ်ကုန်တော့သည်။သူကြီးမျဆက်၍
‘ ခုနတင် ဆရာကကျုပ်အိမ်ကိုရုတ်တရ
က်ကြွလာတယ်, ခုရွာမှာဖြစ်ပျက်
နေတဲ့ပြသနာတွေကိုပြောပြ
တော့ရွာမှာ စုန်း သောင်းကျန်း
နေပြီတဲ့, ဆိုတော့ ကျုပ်တို့မှာ
နှိမ်နှင်းရမဲ့ဝတ္ကရားကပေါ်လာ
ပြီ, ကျုပ်ကတော့ ခြေမမကောင်းခြေမ, လက်မ မကောင်းလက်
မပဲ, အများအရေးနဲ့တစ်ယောက်
အရေးမလဲနိုင်သလို ရွာလဲအပျက်
မခံနိုင်ဘူး ‘
‘ ထောက်ခံပါတယ်ဗျို့ ‘
‘ ဟုတ်ပါတယ် ထောက်ခံပါတယ် ‘
‘ သူကြီးမင်းနဲ့ဆရာတို့ကိုပဲအား
ကိုးပါတယ်ဗျို့ ‘
သူကြီး၏စကားအဆုံး အုံးအုံးကြွက်ကြွက်ထောက်ခံကြသော
ရွာသူရွာသားများကြောင့်ဆူညံပွက်လောရိုက်သွားလေသည်။
‘ ဒူ…………….. ‘
‘ အားလုံးခဏတိတ်ပေးကြဦး,
ဆရာ့ကိုပင့်လိုက်ဦးမယ် ‘
သူကြီးပင့်ဖိတ်လိုက်ရာ အိမ်တွင်းမှ ဝတ်စုံဖြူခေါင်းပေါင်းဖြူဖြင့်တောင်ဝှေးတစ်ချောင်းထောက်လျှက်ဆင်းလာသော အသက်ကြီးကြီးအမျိုးသားကြီးတစ်ဦးအားရွာသူရွာသားများအပါအဝင်’ဖိုးတေ’တို့လင်မယားပါ အကဲခတ်လျှက်ရှိပေတော့၏။
‘ အဟမ်း! ကျုပ် ဒီရွာကိုဖြတ်သွား
တုန်း ရွာထဲမှာမကောင်းတဲ့အေ
ငွ့အသက်တွေရနေလို့ သူကြီ
းအိမ်ဝင်ပြီး အကျိုးအကြောင်း
မေး ကူညီတန်ရာကူညီပေးဖို့ခုလို
လာရောက်ခဲ့တာပဲ, ခုန သူကြီး
ပြောသွားသလို ခင်ဗျားတို့ရွာထဲ
မှာ စုန်း သောင်းကျန်းနေပြီ,
ကျုပ်ကတော့ အကဲခတ်လိုက်တာနဲ့
ဘယ်သူဘယ်ဝါမှန်းသိတယ်, သို့
ပေသော်ငြား ခင်ဗျားတို့အမြင်
လေးလဲသိချင်လို့ ခင်ဗျားတို့ကလဲ
အထင်လေးတွေပေးကြပါဦး ‘
ထိုသို့ဆိုလိုက်ရာ အစပထမတော့
လူအုပ်ကြီးမှာ တီးတိုးတီးတိုးဖြင့်
တစ်ယောက်တစ်ပေါက်ဖြစ်နေ
ကြပြီး နောက်ပိုင်းတွင်တော့
အားလုံး၏အကြည့်များက
‘ဖိုးတေ’တို့လင်မယားရှိရာသို့စုပြုံသွားကြတော့သည်။
‘ ဘာလဲ! ဟာ…. ဘာတွေလဲ, ဘာလို့
ကျုပ်မိန်းမကိုအဲ့လိုလာကြည့်နေ
တာလဲ, မဟုတ်ဘူးနော်, ဒီကိစ္စကျု
ပ်မိန်းမနဲ့မဆိုင်ဘူး ‘
လူအုပ်ကြီးအားအသဲအသန်ရှင်းပြနေသော’ဖိုးတေ’၏လက်ကို
တင်းကြပ်စွာဆုပ်ကိုင်ထားရင်းထိတ်လန့်နေသော မျက်မမြင်ဇနီးသည်၏ပုံစံမှာ ကရုဏာသက်ဖွယ်ကောင်းလျပေသည်။
‘ ဘာမဟုတ်ဘူးလဲ, ငါတို့ရွာမှာဘိုးစ
ဉ်ဘောင်ဆက်နေလာကြတာ ခုလို
အဖြစ်မျိုးတစ်ခါမှမကြုံခဲ့ဖူးဘူး,
ခု မင်းမိန်းမမျက်မမြင်မရောက်
လာမှဒီလိုတွေကြုံရတာ, လူက
သာအကန်း, ရုပ်ကဒီလောက်မှုံေ
နအောင်ချောမှတော့ လုံးဝသမား
ရိုးကျမဆန်ဘူး, သေချာတယ် မင်းမိ
န်းမက စုန်း ပဲ ‘
‘ ဟုတ်တယ်, အကန်းမ လူကြည့်
တော့သနားကမားနဲ့, နင်ပြုစားလို
ငါတို့ရွာသားတွေသေကုန်ကြ
ပြီလေ ‘
‘ ဟုတ်တယ် နင်က စုန်းမ ‘
ဒေါသတကြီး လက်ညှိုးငေါက်ငေါက်ထိုးကာအပြင်းအထန်စွပ်စွဲပြောဆိုနေကြသော လူအုပ်ကြီးကို မမြင်ရသော်ငြား အသား
များ တဆတ်ဆတ်တုန်ယင်ကာ အလွန်
အမင်းကြောက်လန့်၍ ငိုယိုလျှက် သူမဟုတ်ကြောင်း တတွင်တွင် တောင်းပန်ပြောဆိုနေရှာသော ဇနီးသည်အား အံကိုတင်းနေအောင်ကြိတ်ရင်း တင်းကြပ်စွာပွေ့ဖက်ထားသူမှာတော့ ‘ဖိုးတေ’
ထိုမြင်ကွင်းများအား ကျေနပ်အားရစွာကြည့်ရင်း ကောက်ကျစ်စွာမိန့်မိန့်ကြီးပြုံးနေသူမှာတော့ အကြံသမား ဆရာအယောင်ဆောင် ဘိုးတော်သက္က ပင်ဖြစ်ပေ၏။
အမှန်ဆိုရသော် ယင်းပြသနာမှာ
ကူစက်တတ်သော ကျောက်ရောဂါ
တစ်မျိုးကြောင့်ဟုဆိုနိုင်ပြီး လမ်းပန်းဆက်သွယ်ရေးခက်ခဲကာ
မြို့ပြနဲ့အလှမ်းဝေးသော တောခေါင်ခေါင်ဖြစ်သည်ကတစ်ကြောင်း, ရှေးရိုးစွဲဆန်ပြီးခေတ်အမြင်မဖွံ့ဖြိုးသော ရိုးအသည့်
တောသူတောင်သားများဖြစ်သည်ကတစ်ကြောင်း, ရိုးရာအစွဲများကို
လွန်စွာမှသက်ဝင်ယုံကြည်သည်ကတစ်ကြောင်းမို့ အကြံသမားလူလိမ်ဘိုးတော်အယောင်ဆောင်
၏ကျော့ကွင်းထဲသို့ ကံအကြောင်းမလှစွာ ‘ဖိုးတေ’နှင့် သူ့ဇနီး’မပန်းလှ’တို့လုံးလုံးလျားလျားသက်ဆင်းခဲ့ရခြင်းဖြစ်ပေတော့သည်။
(3)
‘ မလုပ်နဲ့, မလုပ်ကြပါနဲ့ဗျာ….
ကျုပ်မိန်းမမှာကိုယ်ဝန်ကြီးနဲ့ဗျ,
ပြီးတော့ သူက ဒုက္ခိတတစ်ယော
က်ပါဗျာ, ခင်ဗျားတို့ထင်သလိုမျိုးမဟု
တ်ပါဘူး, အီးးးဟီးးး ကျုပ် ရှိကြီးခိုး
ပါတယ်ဗျာ, မလုပ်ကြပါနဲ့ ‘
‘ဖိုးတေ’မည်သို့ပင်ငိုယိုကာရှိခိုးတောင်းပန်နေပါသော်လည်း မှိုင်းမိထားသူများပမာ အညှာအတာကင်းမဲ့စွာဖြင့် ‘မပန်းလှ’ အားရိုက်နှက်ချုပ်နှောင်ရင်းရွာအပြင်သို့ခေါ်ထုတ်သွားကြလေတော့သည်။
ရွာပြင်သို့အရောက် ကားစင်တစ်ခုအမြန်ရိုက်၍ မပန်းလှ အားကားစင်၌ချည်နှောင်ပြီး မီးရှိုးသတ်ဖြတ်လိုက်ကြတော့သည်။
‘ အီးးး ဟီးးးး ခင်ဗျား, ခင်ဗျားတို့ဗျာ
ခင်ဗျားတို့ လူတွေမဟုတ်ဘူး, ကျုပ်
ခင်ဗျားတို့ကိုလုံးဝခွင့်မလွှတ်ဘူး
ထိုသို့ကြုံးဝါးပြောဆိုနေသော်လည်း အနီး၌မည်သူတစ်ဦးတစ်ယောက်မျှရှိမနေတော့ပေ။ မပန်းလှ ၏ပြာပုံဘေး၌ လတ်လတ်ဆတ်ဆတ်ပြာပူများအား အသားလောင်ခံကာ ဖက်ယက်ငိုယိုပြောဆိုနေသော ရိုက်နှက်ခံထားရသည့် ဒဏ်ရာဒဏ်ချက် ဗရပွနဲ့’ဖိုးတေ’တစ်ယောက်သာရှိပေ၏။
ဇနီးသည်၏ပြာများအား အင်္ကျီချွတ်၍ထိုထဲသို့ကျုံးထဲ့လိုက်ပြီး တွင်းတစ်ခုချက်ချင်းတူးကာ ကောင်းမွန်စွာပင်မြေမြှုပ်သဂြိုလ်ပေးလိုက်တော့၏။ ပို၍ရင်ဆို့ဖွယ်ကောင်းသည်မှာ မြေပုံပေါ်၌ သူ၏မတက်တခေါက်သင်ကြားခဲ့ရသော
စာအား သူ့သွေးဖြင့် ကမ္ပည်းထိုးပေးထားလေသော မညီမညာသွေးစာလုံးလေးများပင်….
‘ အကို့ချစ်ဇနီးမပန်းလှနဲ့ အကိုတို့
ရဲ့ရင်သွေးလေး ‘တဲ့……..
အားလုံးပြီးစီးသွားချိန် ‘ဖိုးတေ’လဲ
ရိုက်နှက်ခံထားရသည့်ဒဏ်, စိတ်ပင်ပန်း စိတ်ဖိစီးသည့်ဒဏ်, ငိုရလွန်း၍မွန်းကြည်နေသည့်ဒဏ်,
ပင်ပန်းဒဏ်တို့ကြောင့် မြေပုံအားဖက်လျှက်အမောဖြေနေ
လိုက်တော့၏။ ထိုအချိန်မှ သဲထန်စွာရွာသွန်းလေသော မိုးများမှာ မိုးမင်းကြီးမှ ‘ဖိုးတေ’အတွက် မျက်ရည်ခမ်း၍အစားငိုပေးနေသည့်အလား လျှပ်စီးတဝင်းဝင်း မိုးကြိုးတပြက်ပြက်ဖြင့် သဲလွန်းသည့်မိုး ဆိုင်ဆိုင်မြိုင်မြိုင်ရှိလှပေ၏။
နောက်တစ်နေ့ အရောက်,
‘ဖိုးတေ’သေပြီဟုဆိုသောသတင်းမှာ တစ်ရွာလုံးအုတ်အောင်းသောင်းနင်းဖြစ်ခဲ့ချေပြီ။
လွမ်းနာကျရင်း မိုးရွာထဲတစ်ညလုံး မိန်းမဖြစ်သူ၏မြေပုံအားဖက်လျှက်နေသောကြောင့် အအေးပတ်ကာအသက်ထွက်သွားခဲ့ခြင်းပင်။ ‘ဖိုးတေ’အားသဂြိုလ်ပေးသည့်နေ့က ထူးဆန်းသောဖြစ်ရပ်များဆက်တိုက်ဖြစ်ပွါးခဲ့ရာ,
အားကောင်းမောင်းသန်ယောက်ျားကြီးရှစ်ယောက်ခန့်မ ၍ပင် ‘ဖိုးတေ’အလောင်းမှာ မြေပုံပေါ်မှလုံးဝခွါမရ။ နောက်ဆုံး
ပရိတ်ရွတ်ကာဆွဲမမှ လူနှစ်ယောက်အားနဲ့အသာလေးရွှေ့နိုင်ခဲ့ပေသည်။ထို့အတူ သင်္ချိုင်းထဲ၌လဲ ‘ဖိုးတေ’အလောင်းအားမြှုပ်ရန်မည်သို့မျှတွင်းတူး၍မရကြပေ။တူးလိုက်သည်နှင့် မြွေများထွက်လာခြင်း, ကျောက်သားမြေဖြစိသွားခြငိး စသည်တို့ကြောင့် နောက်ဆုံးသူ့မိန်းမမြေပုံဘေး၌စမ်း၍
တူးကြည့်ရာမှ ချောမွေ့စွာတွင်းတစ်တွင်းဖြစ်ခဲ့၍ထိုနေရာ၌ပင် သဂြိုလ်ခဲ့ကြရ၏။
‘ဖိုးတေ’ရက်လည်ပြီး တစ်ရက်အကြာ, ‘လင်းပိုက်’ရွာ၏ညနေခင်း
တစ်ခု၌,
‘ အရီး. အရီးမြရေ…… ‘
‘ ဟေ, ဘယ်သူတုန်း မိုးချုပ်မှ ‘
‘ ကျုပ်လေ, မမှတ်မိတော့ဘူးလား,
ကျုပ် ‘ဖိုးတေ’ပါ, အရီး ကျုပ်ကိုဘာခိုင်
စရာရှိသေးလဲလို့, ဟီးးးး ‘
အသံသြသြကြီးအဆုံး ခြောက်ကပ်အက်ကွဲစွာရီမောလိုက်သံကြီးကြောင့် အရီးမြတစ်ကိုယ်လုံးတောင့်တင်းတက်သွားခဲ့ရပြီး
ဆီးများပင်ထွက်ကျကုန်၏။အရဲစွန့်၍ တံခါးမှအနဲငယ်ဟနေသော
အပေါက်သို့တိုးကပ်၍ကြည့်လိုက်ရာ,
မှောင်မဲနေသဖြင့် သဲသဲကွဲကွဲမတွေ့ရသော်လည်း ‘ဖိုးတေ’အမြဲဝတ်ဆင်နေကျ အဝတ်နွမ်းနွမ်းများဖြင့်လူတစ်ယောက်,
ကြည့်နေစဉ်မှာပင် အရီးမြချောင်းနေသောအပေါက်နားသို့
‘ဗြုန်းကနဲ’ဆို ရပ်နေရာမှရွေ့လျားကပ်ရောက်လာသောမျက်နှာကြီးတစ်ခု, မျက်လုံးများမှာနီရဲလျှက်ရှိပြီး ဖြူဖွေးဆွတ်နေသော’ဖိုးတေ’မျက်နှာကြီးအားအနီးကပ်မြင်လိုက်ရချိန်တွင်မတော့
အရီးမြတစ်ယောက်နေရာ၌ပင် အ
ကြောက်လွန်ကာသေဆုံးခဲ့ရလေတော့၏။
ထို့နောက် မှောင်မဲနေသော
ရွာလမ်းမကြီးတစ်လျှောက် တရွေ့ရွေ့သွားရင်း ဝမ်းခေါင်းသံကြီးဖြင့် ဟားတိုက်ရီမောထွက်ခွါသွားသော’ဖိုးတေ’ဝိဥာဉ်
၏ ခြောက်လှန့်မှုများမှာ ထိုနေ့မှစ၍’လင်းပိုက်’ရွာအတွင်းဝယ် ညနေစောင်းသည်နှင့်မီးခွက်မှုတ်အိပ်တန်းတက်ရလောက်သည်အထိဆိုးရွားလွန်းခဲ့၏။
‘ဖိုးတေ’ခြောက်လှန့်ခံရမှုကြောင့် အကြောက်လွန်ကာသေဆုံးသူရှိခဲ့သလို စိတ်များထွေပြားကာရူးသွပ်ခဲ့ရသူများလဲရှိ၏။
အဆိုးဆုံးမှာ ဘိုးတော်အယောင်ဆောင်’ဘိုးသက္က’ပင်။
အိမ်သာအတွင်း၌ ရုတ်တရက်သေဆုံးနေပြီး မည်သည့်ရောဂါလက္ခဏာကိုမျှရှာလို့မတွေ့။
သို့သော် တစ်ကိုယ်လုံးအနှံ့ညိုမဲစွဲနေသော လက်ဝါးရာကြီးများနှင့် လည်ပင်းရှိကုတ်ခြစ်ရာများမှာ
‘ဖိုးတေ’၏ကိုယ်ထိလက်ရောက်လက်စားချေတုံ့ပြန်မှုများလား……
နောက်ဆုံး၌ ကျောက်ရောဂါ ကြောင့် သေဆုံးသူများ, ‘ဖိုးတေ’၏ခြောက်လှန့်လက်စားချေမှုကြောင့် လိပ်ပြာလွင့်သူ,
ရူးသွပ်သူများကြောင့် ယခင်က
သာယာခဲ့သော’လင်းပိုက်’ရွာကလေးမှာ သင်္ချိုင်းပျက်ကြီးတစ်ခုသဖွယ်ဖြစ်နေပေတော့၏။
ထို့ကြောင့် ပြောင်းသူကပြောင်း, ပြေးသူကပြေးဖြင့် ‘လင်းပိုက်’ဟုအမည်တွင်သော
ရွာကလေး၏နိဂုံးမှာ သုသာန်တစ
ပြင်အလား အသရေမဲ့စွာဖြင့်နိဌိ
တံခဲ့ရချေပြီ။
ရွာပျက်ထဲရှိ အိမ်ပျက်များမှာနေ့ဘက်ဆိုသိပ်မထူးဆန်းသော်
လည်း ညဘက်ရောက်သည့်အခါ၌
တွင်မူ တစ်ရွာလုံးအနှံ့သားချော့တေးလေးတစ်ပုဒ်လွှမ်းမိုးနေတတ်ပေ၏။ရွာစွန်ရှိ ‘ဖိုးတေ’တို့မသေခင်နေထိုင်ခဲ့သော အိမ်ကလေးမှာလဲ ညဘက်၌မီးရောင်တထိန်ထိန်ဖြင့် ရယ်မောပျော်ရွှင်သံ,
စကားပြောသံများကြားရတတ်သည်ဖြစ်ရာ,
အကယ်၍ ထိုအသံများနှင့်ထိုအဖြစ်အပျက်များ၏ပိုင်ရှင်များမှာ ရက်ရက်စ
က်စက်သေဆုံးခဲ့ကြသော’ဖိုးတေ’တို့မိသားစုသာဖြစ်ခဲ့မည်ဆိုပါလျှင်…………………..
ပြီး