ဖုတ်ဝင်နေသောလူဝကြီး

Posted on

ဖုတ်ဝင်နေသောလူဝကြီး(စ/ဆုံး)

——————————

*နေထွဋ်နောင်ရေးသားသည်………
သူမကိုကျွန်တော်သိသည်ထင်သည်.. သို့သော်သူမသည် အသက်လေးဆယ်တန်း မိန်းမဝဝကြီးတစ်ဦးဖြစ်နေလေပြီ… ထိုကြောင့်လဲ ငယ်ရုပ်အနည်းငယ်ဖမ်းမိသည့်တိုင် ကျွန်တော်သူမကိုဇဝေဇဝါဖြစ်နေဆဲပင်… သူမကတော့ကျွန်တော့်ကိုပြုံးပြလာနေလေပြီ… ဒီအချိန်တွင်ကျွန်တော်အလျှင်အမြန်ဆုံးဖြတ်လိုက်ရသည်က သိသိမသိသိပြန်လည်ပြုံးပြပြီးမီးစင်ကြည့်ကရန်သာ………..

`နင်ငါကို မမှတ်မိဘူးလား ငါသန်းသန်းမေလေ………..
“အေးလေ ငါမှတ်မိတာပေါ့ နာမည်ကိုသာမေ့တေ့တေ့ဖြစ်နေတာ…………

“ဟုတ်လို့လားဟယ် နင်ကြည့်နေတာက ကြောင်တောင်တောင်ကြီးနဲ့ရယ် မသိသလိုကြီး………….
“မသေချာသေးလို့ပါဟ လူမှားနှုတ်ဆက်မိရင် ငါ့ကိုတစ်မျိုးထင်နေမယ် မဟုတ်လား ဒါကြောင့်ပါ………….

“အေးပါဟယ် နင်ကချောပြီးနုနေတာလေ ငါက ကလေးအမေ ဝတုတ်မကြီးဖြစ်နေလို့ နင်ကတော့လူငယ်လေးကျနေတာပဲ………….
“သိပ်လဲမြှောက်မနေနဲ့ အမှန်တွေပြောနေတာဆိုပေမဲ့ ငါ့ပါးစပ်နားရွက်မှာ အကျောတင်သွားရင် အခက်လေ အဟဲ… နင်ကတော့ပိုဝလာတယ် န့င်အဖေကျနေတာပဲ…………..

“အေးလေ ငါကအစထဲက ဝပါတယ်ဆိုမှ ကလေးတစ်ယောက်မွေးလိုက် ပိုဝိတ်တက်လာလိုက်နဲ့ အခုပေါင်နှစ်ရာကျော်နေပီ…………..
“ဟုတ်လား မထင်ရဘူးနော် ငါကနင့်ကိုပေါင်သုံးရာကျော်နေပြီထင်နေတာ…………..

ကျွန်တော့်အားပေးစကားကြောင့် သန်းသန်းမေက ကျွန်တော့ကိုမျက်စောင်းထိုးပါလေတော့သည်… ပြီးတော့ တစ်ဆက်ထဲ သူထပ်ဝသည့်သူ့အဖေဦးသန်းမောင်ကြီးကိုပါသတိရလာမိသည်… ထိုနှင့်တဆက်ထဲပင်သန်းသန်းမေပိန်သွားသည့်အချိန်ကာလတစ်ခုကိုလဲ ကျွန်တော်သတိရလာမိသည်… ထိုသို့သူမပိန်သွားသည့်အချိန်ကိုစဉ်းစားလိုက်မိသည်နှင့်ကျွန်တော့်ရင်တွေတဖျက်ဖျက်ခုန်လာမိသည်… ထိုအကြောင်းအရာသည် ကျွန်တော့အတွက်အတော်လေးစိတ်လှုပ်ရှားထိတ်လန့်စေသောဘဝတစ်ကွေ့မှအကြောင်းအရာတစ်ခုလဲဖြစ်ပါသည်………..

ထိုအကြောင်းအရာမှာ ဤသို့ဖြစ်သည်… သန်းသန်းမေသည်ကျွန်တော်တို့လမ်းထိပ်နားရှိလမ်းထောင့်အိမ်တစ်လုံးတွင်နေထိုင်ခဲ့ပါသည်… လွန်ခဲ့သောနှစ်သုံးဆယ်ခန့်က ကျွန်တော်တို့နေထိုင်ခဲ့သောဗဟန်းမြို့နယ်သည် ရန်ကုန်မြို့လယ်ဝန်းကျင်ဖြစ်သည့်တိုင် ထိုခေတ်အခြေအနေရအတော်လေးတောဆန်နေပါသေးသည်… ဗဟန်းအပိုင်ထဲမှ ကျွန်တော်တို့မြို့နယ်သည် အခြားမြို့နယ်များထက်ဆင်းရဲချမ်းသာကွာဟချက်ကြီးမားပါသည်… ဝန်ကြီးချုပ်ဟောင်းဦးနု၏နေအိမ်ခြံဝန်းကြီးမှစပြီး စုပ်ပျက်နုံချာလှသောဆယ်ပေကျူးကျော်တဲလေးများအထိရှိနေသောဂွတ်တလစ်မြောက်အနောက်ရပ်ကွက်ဖြစ်နေသောကြောင့်ပင်… သန်းသန်းမေတို့သည်လဲ လမ်းထောင့်စည်ပင်မြေပေါ်တွင်ကျူးကျော်အိမ်လေးတစ်လုံးဖြင့်နေထိုင်ပြီး ထိုနေရာကိုဆယ့်ငါးပေလေးဆယ်လောက်အကျယ်ရှိသောအိမ်တစ်လုံးဆောက်ပြီးနေထိုင်ကြခြင်းဖြစ်သည်…………..

သူမဖခင်ဦးသန်းအောင်ကြီးသည် ထိုအိမ်ကလေးနဘေးဝါးကွပ်ပျစ်တစ်လုံးတွင် အချိန်ပြည့်လိုလိုထိုင်နေတက်သောလူဝကြီးတစ်ယောက်ဖြစ်ပါသည်… သူလက်တစ်ဖက်တွင်ယက်တောင်တဖျက်ဖျက်မနားမနေယက်ခပ်နေသော ဦးသန်းအောင်ကြီးသည် ထိုလမ်းထောင် ( logo ) အမှတ်တံဆိတ်နှင့်ပင်တူလှပြီး ကျွန်တော်မျက်စိထဲတွင်ယခုအချိန်ထိစွဲထင်နေဆဲပင်ဖြစ်ကြောင်းဝန်ခံရပါမည်… ပြီးတော့ထူးခြားချက်က အကျီအမြဲလိုလိုချွတ်ထားပြီး သူကျောပြင်တွင် အသားပိုလိုလိုမြှဲ့ကီးများပေါက်နေရာ သူကိုနောက်ကျောမှလှမ်းကြည့်လျှင်ကျောပြင်တွင်နို့သီးခေါင်းများပေါက်နေသလိုထင်ရတက်သည်… ထို့ကြောင့်ကျွန်တော်တို့ကလေးတစ်သိုက်သည် သူ့ကိုနောက်ကျောတွင်နို့သီးပေါက်နေသောဦးသန်းအောင်ကြီးဟုခေါ်ဝေါ်လေ့ရှိကြသည်… ထိုအရာကိုကြည့်ခြင်းအားဖြင့်သူသည်ပေါင်သုံးရာကျော်ရှိသောမှတ်ထင်လွယ်သောရှားပါးလူဝကြီးလဲဖြစ်ပါတော့သည်………..

ကျောင်းပိတ်ရက်နေ့ခင်းများတွင်ကျွန်တော်တို့ကလေးတစ်သိုက်က သူတို့အိမ်နားမြေကွက်လပ်တွင် ဂျင်ပေါက်၊ဂေါ်လီရိုက်၊အရုပ်ပစ်၊စိန်ပြေး၊တူတူပုန်း၊ထုတ်စီးတိုး၊သေနတ်ပစ်စသည့်ကစားနည်းများဖြင့်ဆော့ကစားလေ့ရှိကြပါသည်… ဦးသန်းအောင်ကြီးနိုးနေလျှင်ပြသနာသိပ့်မရှိလှသော်လဲအိပ်ပျော်နေစဉ်သူလန့်နိုးသွားသည့်အခါတိုင်း ဒေါသတကြီးထအော်ပါလေသည်… သူအော်သည်နှင့်ကျွန်တော့်တို့ကလေးတစ်သိုက်ထပြေးရပေါင်းလဲများပါသည်… ဧရာမလူဝကြီးဦးသန်းအောင်သည် ဆယ်နှစ်ဝန်းကျင်ကလေးများအတွက်လွန်စွာကြောက်စရာကောင်းသောလူ့ဘီလူးကြီးသဖွယ်လဲဖြစ်နေပါသည်… အမှန်တော့ သနားစရာဦးသန်းအောင်၏လက်မောင်းတစ်လုံးသည်ကျွန်တော်တို့ကိုယ်လုံးထပ်ပင်ကြီးပြီး ထလိုက်နိုင်ရန်နေနေသာသာ လမ်းပင်ဝေးဝေးလံလံလျှောက်နိုင်စွမ်းရှိသူလဲမဟုတ်ရှာပါ……………

တစ်ခုသောနေ့လည်ခင်းတွင်တော့ အဝလွန်ပုဂ္ဂိုလ်ကြီးဦးသန်းအောင်သည် သွေးဆောင့်တိုးပြီးသေမလိုအထိပင်ဖြစ်သွားခဲ့ရပါသည်… သန်းသန်းမေ၏အမေဖြစ်သူက ရှိစုမဲ့စုငွေလေးဖြင့် ဆရာဝန်ပင့်ပြီးဆေးကုရာမှ ညနေပိုင်းတွင်အကောင်းပကတိပြန်လည်နိုးထလာပါသည်…သို့ရာတွင် သူ့မှုးလဲစဉ်ကခြေထောက်ကျိုးပြီး ကျောက်ပတ်တီးကိုင်ထားသည်ဖြစ်ရာ သူလမ်းလျှောက်နိုင်စွမ်းမရှိတော့ပါ… ထို့ကြောင့်ထိုနေ့မှစပြီး လမ်းထောင့်လိုဂိုပုဂ္ဂိုလ်ကြီးဦးသန်းအောင်ကိုသူထိုင်နေကျကွပ်ပျစ်ပေါ်တွင်မတွေ့ရတော့ပဲ အိမ်ယာထဲတွင်သာ အချိန်ပြည့်လှဲနေရတော့ကြောင်းသိရပါသည်… ထိုနောက်တွင်တော့ ထူးခြားချက်များနှင့်ဆက်တိုက်ကြုံလာရပါသည်… ညညဆိုလျှင်ဦးသန်းအောင်တို့နေအိမ်ကိုကြည့်ပြီးခွေးများအူနေကြခြင်း ဦးသန်းအောင်သုံးသောဂန်ဖလားမှကျင်ငယ်ရေများဖြင့်လောင်းမိသောအိမ်သာအနီးမှသဘာဝသစ်ပင်များသေဆုံးကုန်ကြခြင်း နေ့လည်ခင်းများတွင်သူတို့အိမ်အနီးအနားသို့အစာရှာဖွေရန်တက်ကြသော ကျေးငှက်များလဲမလာကြတော့ခြင်းများဖြစ်ပါသည်…………..

နောက်ထက်ထူးခြားတာကတော့ သန်းသန်းမေအပါအဝင်ဦးသန်းအောင်သမီးသုံးယောက်စလုံးသည် အဖေတူဝတုပ်မများဖြစ်သော်လဲ တဖြည်းဖြည်းပှိန်လှီလာနေကြခြင်းများဖြစ်ပါသည်… ကြားလာရသောသတင်းစကားများအရ ခြေကျိုးပြီးအိမ်ယာထဲမှမထနိုင်သော ဦးသန်းအောင်သည်ဇနီးနှင့်သမီးများကို မနားမနေအလှည့်ကျနင်းနိပ်ခိုင်းနေကြောင်းသိလာရခြင်းပင်… သို့သော်လဲ အလွန်တရာမှထူထဲလှသော ဦးသန်းအောင်ကြီး၏ အဆီပြင်ကို ထိုကလေးသုံးဦးနှင့်ဇနီးတို့လက်များကထိုးဖောက်နိုင်စွမ်းမရှိလှပါ… သို့ရာတွင်နိပ်နယ်ပေးနေရသောလူသုံးယောက်စလုံးသည် တနေ့တခြားပိန်လှီလာသည်ကတော့ကိုယ်တွေ့ပင်… အရပ်ကတော့ဖုတ်ဝင်နေသောဦးသန်းအောင်သည် မိန်းမနှင်ကလေးများကိုသွေးစုပ်နေခြင်းဟုဆိုကြပါသည်… သူကအိပ်ပျော်နေသလိုမှိန်းမောနေသော်လဲတစ်ယောက်ညောင်းလို့နားသည်နှင့်နောက် တစ်ယောက်ကို အသံကုန်အော်ဟစ်ခေါ်ဝေါ်ပါလေသည်… တနေ့ကုန်လူမမာလိုနေသောဦးသန်းမောင်သည် ညဆိုလျှင်လဲထမင်းဟင်းများကိုအဝအပြဲစားသောက်တက်သည်ဆိုပါသည်… ဟင်းများကသူဖို့ချည်းလိုလိုဖြစ်နေရာ နောက်ဆုံးဝှက်ထားရသည်အထိပင်… ဝှက်ထားသည့်တိုင်သူသိနေပြီး ညသန်းခေါင်များတွင်အမဲသားဟင်းများကိုအကုန်ပြောင်အောင်စားသောက်သွားပြီး မနက်တွင်တော့သူမသိသလိုနေခြင်းများလဲလုပ်လာပါသည်…သူကိုသွားမေးလျှင်လဲဒေါသတကြီးကြိမ်းဝါးပြောဆိုတက်ပြီး ကြောက်မက်ဖွယ်အသွင်ချက်ခြင်းပြောင်းလွဲသွားတက်ပါသည်……….

ထို့ကြောင့်လဲ ဦးသန်းအောင်သည်သာမန်အခြေအနေတွင်မရှိတော့ကြောင်းရပ်ကွက်ထဲတွင်လူပြောများလာပါသည်… ဆက်ထားပါလျှင်ရပ်နာရွာနာသည်ဟု လူတွေပြောကုန်လာကြသည်အထိပင်… အချို့အကြံပေးချက်အရ သူဖျာအောက်တွင်သြဇာရွက်များထည့်ပေးထားလေရာပူတယ်ပူတယ်ဟုအော်ဟစ်ပြီး ဖျာကိုလိပ်ပြီးတံမျက်စေးချက်ခြင်းလှဲခိုင်းပါလေသည်…ထိုအခြေအနေအရောက်တွင်တော့ဦးသန်းအောင်ကြီးသည် သေဆုံးခဲ့ပြီဖြစ်ပြီးဖုတ်ဝင်နေသောဦးသန်းအောင်၏ခန္ဓာကိုယ်ကြီးသာဖြစ်ကြောင်းသေချာလာခဲ့လေပြီ… နောက်ဆုံးတွင်တော့အရပ်အကူအညီဖြင့် ဦးသန်းအောင်ကြီးအိမ်သို့ဆရာပင့်ပြီး ဖုတ်ထုတ်ကြပါလေသည်………….

ထို့နေ့ကထိုပရောဂဆရာနှင့်ဦးသန်းအောင်ကြီးတို့အကြီးအကျယ်နှောင်ဂျိမ်ချနေကြပြီး အနဲငယ်လှမ်းသောကျွန်တော်တို့နေအိမ်မှပင်အသံသဲ့သဲ့ကြားရသည်အထိပင်
… ထိုနေ့ကဦးသန်းအောင်၏အသံနက်ကြီးသည်ချောက်ချားဖွယ်အလွန်တရာမှကောင်းလှပါတော့သည်… နောက်ဆုံးတွင်တော့ သူ့ကိုရွှေထီးဆောင်းပေးမှထွက်မည်ပြောလာသောဦးသန်းအောင်ကိုယ်မှဖုတ်ကောင်ကြီးကို သူ့ဆန္ဒအရရွှေထီးဆောင်းပေးခဲ့ရသည်အထိပင်… ထို့နောက်တွင်တော့ ဦးသန်းအောင်ကိုယ်ပေါ်မှဖုတ်ကောင်ကြီးသည်အမျိူးမျိုးကျိမ်ဆဲအော်ဟစ်ပြီး ထိုင်နေရာမှလဲကျပြီးအသက်ပျောက်သွားရပါလေသည်… ထိုဆရာပြောသည်အတိုင်းပင် သေလွန်သည်နှင့်ထိုဦးသန်းအောင်အလောင်း၏ပါးစပ်နှာခေါင်းများ အပါအဝင်ဒွာရကိုးပေါက်မှ အပုတ်ရည်များစီးကျလာပြီး မခံမရပ်နိုင်သောအနံ့ဆိုးကြီးဖြင့် ရပ်ကွက်တစ်ခွင်ကိုလွှမ်းခြုံသွားခဲ့ရပါသည်… ထိုကြောင့်လဲရပ်ကွက်အတွင်းမှ လူကြီးများခေါင်းဆောင်သော ကာလသားတစ်သိုက်ကဖျာလိပ်ဖြင့်ပတ်ပြီးချက်ခြင်းသချိင်းပို့ကာမီးသဂြိလ်ခဲ့ရပါလေသည်…………..

ယခုတော့နှစ်ပေါင်းသုံးဆယ်ခန့်ကထိုအဖြစ်အပျက်သည်အတော်ကြာညောင်းလှပြီဖြစ်ပြီးလူအတော်များမျာကမေ့ပျောက်နေခဲ့ကြပြီလဲဖြစ်ပေလိမ့်သည်…သို့သော်လဲ သန်းသန်းမေနှင့်မမျှော်လင့်ပဲလမ်းတွင်ဆုံတွေလာသောကျွန်တော်ကထိုအတိတ်အကြောင်းကိုတစ်ဖန်ပြန်လည်သတိရလာမိပါသည်… ယခုတော့ သန်းသန်းမေသည်လဲ သူ့အဖေနီးပါးလောက်ဝလာနေပါသည်… ထို့ကြောင့်သူမကိုကြည့်ပြီး ကျွန်တော်လန့်ပင်လာနေသည်… သူမပိန်သွားဖူးသောလပိုင်းလေးအတွင်းမှအဖြစ်အပျက်များကိုလဲကျွန်တော်ပြန်တွေးနေလျှက်ရင်ခုန်နေမိသည်… သန်းသန်းမေကိုနှုတ်ဆက်ထွက်ခွာလာပြီးနှောက်တွင်တော့ ကျွန်တော်ဦးသန်းအောင်ကြီးကိုပြန်လည်မြင်ယောင်နေမိသည်မှာ ညအိပ်ယာဝင်သည်အထိပင်ဖြစ်ပါတော့သတည်း……………..!

ပြီးပါပြီ…..

Written by – နေထွဋ်နောင်…14.6.2019…!
#crd