ဖေကြီးညာတယ်

Posted on

ဖေကြီးညာတယ်( အစ\အဆုံး )

———————

ဒီအကြောင်းကို ဘယ်သူမှ..မပြောတော့ဘူးလို့
ဆုံးဖြတ်ထားပြီးပြီ။ အခုတော့.ကျုပ်အကြောင်း
တွေကို ရင်ဖွင့်ပြောပြပါတော့မယ်။

…-ကျုပ်.မှာ အရမ်းချစ်ရတဲ့..မိန်းမတစ်ယောက်ရှိ
တယ်ဗျာ။.သူ နာမည်က ဖူးပွင့်…သူ့မိဘတွေက
အရမ်းချမ်းသာတော့..ကျုပ်လိုဆိုက်ကား သမားနဲ့
ဘယ်သဘောတူမလဲ။ပြီးတော့ သူ့ကလဲ ကျုပ်ကို
မခွဲနိုင်ဘူးလေ..ကျုပ်ကလည်းသူ့ကို လဲ မစွန့်လွှတ်
နိုင်ဘူး.အ့ဒါနဲ့ပဲ။သူနဲ့ကျုပ်အခြားတနေရာသို့ခိုး
ပြေးခဲ့ကြတယ်။.ကျုပ်လိုဘာမှမရှိတဲ့..ဘဝကြီးထဲ .
..သမီး..လေးတစ်ယောက် ထပ်မံ ရောက်လာခဲ့တဲ့
အချိန်မှာပဲ…ကျုပ်အရမ်းချစ်တဲ့ ဖူးပွင့်လေး..
သမီးလေးမွေးပြီး..ဆုံးပါးခဲ့.သွားတယ်..လေ…
အဲ့အချိန်တွေဆို ကျုပ်လေ.ခံစားရလို့..မစားနိုင်၊..
မအိပ်နိုင်ဖြစ်ရတဲ့ အချိန်တွေပေါ့ဗျာ။

####

“ဟဲ့..မိုးဇော် နင်..ဒီအတိုင်းနေလို့ဖြစ်မလား…
နင်သမီး.လေး ရှေ့ရေးကရှိသေးတယ်..´´

ဟုတ်သားပဲ….အန်တီမြ ပြောတာ။ ငါ.ဒီအတိုင်း
နေလို့ဘယ်ဖြစ်မလဲ….ငါ သမီးလေးဟာ ငါရဲ့ဘဝပဲ.
ဖူးပွင့် က သူ့ကိုယ်စား သမီးလေးကိုငါကို ပေးခဲ့တာ
ခုလည်း သမီးလေးရဲ့အနာဂတ် အတွက် ငါ အလုပ်လုပ်ရမယ်။ အတွေးတစ်ခုလေးဝင်လာနဲ့ချက်ချင်းဆိုသလို
ကျုပ်လည်း အန်တီမြအား..သမီလေးအပ်ထားပြီး..
ကျုပ် ဆိုက်ကား ပြန်နင်းဖို့ဆုံးဖြတ်ခဲ့လေသည်၊၊

အရင်တုန်းကတော့…ဆိုက်ကား နင်းရတာ ခေတ်
ကာလကောင်းပေမယ့်…သမီး.လေး ၅ နှစ်ထဲရောက်လာတော့ ဆိုက်ကားနင်းစားဖို့ခတ်ကာလမကောင်း
တော့ချေ။ ခေတ်နှင့်အညီပေါ်ထွက်လာတဲ့ သုံးဘီး
တွေက ခေတ်ထနေတာဆိုတော့….ကျုပ်တို့ဆိုက်ကား သမားတွေ တောင်မရှိသလောက်ဖြစ်နေမိပြီ။
ကျုပ်လည်း..အခြားလုပ်ငန်းပြောင်းဖို့ဆိုတာ ခုအချိန်မှာမဖြစ်နိုင်သေး…ဒါကြောင့်.ကျုပ်လည်း တစ်နပ်ရရ
နှစ်နပ်ရရ.ကျိတ်မှိတ် လုပ်နေမိတော့သည်။ သမီးလေး
၅နစ်မပြည့်ခင်..နှစ်ရက်က….ကျုပ်နဲ့..အတူ သမီးလေး လိုက်လာခဲ့တယ်။

“ဟင်..ဖေဖေ..ဟို မှာ…. ဘိုမရုပ်လေး
လှလိုက်တာသမီးကိုဝယ်ပေး ဝယ်ပေး´´

ကလေးဆိုတော့..မိဘမှာ..ပိုက်ဆံ ရှိရှိ မရှိရှိ
သူ တို့လေးတွေဘယ်နားလည်ပါမလဲ…ကလေး
ဆိုတော့ လိုချင်မှာပဲလေ..ကျုပ်လည်း သမီးလေး
စိတ်ချမ်းသာအောင်..ဆိုက်ကား ခဏရပ်ပြီး..
ဆိုင်ထဲသို့ဝင်ကြည့်မေးမြန်းမိလိုက်လေသည်၊၊

“ညီမ ဒီအရုပ်မလေးက ဘယ်လောက်လဲ´´

“၈၀၀၀ က်ပ် ပါ..အကို…”

“ဟင်… များလိုက်တာ ”

“မများပါဘူးအကိုရယ်..ဒီအရုပ်ကရှယ်ချုပ်ထားတာ
လက်ရာလည်းကောင်း၊ အသားလည်းကောင်းတယ်၊
အမွှေးလည်းမကျွတ်ဘူး၊မဖွာဘူး၊ လျှော်ဖွတ်ရတာလည်းလွယ်တယ်၊ အဲ့ကြောင့် ဈေးပိုတန်သွားတာပါရှင့်”

ထိုအမျိုးသမီးကတော့ အရုပ်လေးကောင်းကြောင်း
စာဖွဲ့ပြနေတော့သည်။ကျုပ်လက်ထဲ.ငွေ၃၀၀၀ထောင်
ကျော်ကျော်ပဲရှိတယ်”ဒုက္ခ” ပဲ ဘယ်လိုလုပ်ရင်ကောင်းမလဲ.။

“ဟို…ဟိုလေ..၃၀၀၀ တန် အရုပ်လေးတွေ..
မရှိဘူးညီမ´´

“ရှိတော့ရှိတော့..အကို.
ဒီအရုပ်လောက်တော့မလှဘူး…..´´

` `ဟုတ်ကဲ့…ပြကြည့်ပါလား..ညီမ´´

“ဟုတ်ကဲ့ရှင့်…..!!!!

အရာင်းအမျိုးသမီးတစ်ဦးက ပြောပြောဆိုဆိုဖြင့်
ဆိုင်တွင်းပိုင်းထဲသို့ဝင်သွားပြီး ၁၀ စက္ကန့် အကြာ
၃ထောင်အထက် အရုပ်မတွေ..တစ်ခုချင်းစီယူပြနေ
မိတော့သည်၊၊ သမီးလေးတော့..ဟိုဘိုမရုပ်ကိုပဲ.
.မျက်စိကျမိတယ်ထင်ပါရဲ့.. မယူချင်ဘူးအတင်းငြင်း
နေမိတော့..ကျုပ်လည်း ဘာလုပ်ရမှန်းမသိ…ဖြစ်နေ
မိတော့သည်၊၊

“ဟိုလေ..မနက်ကျမှ..အဖေတို့
လာဝယ်ကြမယ်နော် သမီး..
အဖေလက်ထဲမှာ ပိုက်ဆံအဲ့လောက်မပါဘူး´´

“တကယ်နော် အဖေ..မနက်ကျရင်..အတည်
ဝယ်ပေးနော်.´´

ဒါမျိုးကျတော့..သမီးလေးနားလည်ပေးလို့..
ကျုပ်တော်ပါသေးရဲ့။

“တီတီလေး.. ဘယ်သူမှမရောင်းရဘူး နော်..
ဒီအရုပ်လေးကို သမီးဖေဖေလာဝယ်မှာ´´

စကားအရမ်းတတ်တဲ့..သမီးလေးကြောင့်..
အရောင်းအမျိုးသမီး ပြုံးရယ်မိလိုက်လေသည်၊

“စိတ်ချပါရှင်..စိတ်ချပါ။သမီးအတွက် ဝယ်ပြီးပြီ
လို့သဘောထားလိုက်.နော်အန်တီလေးသိမ်းထားလိုက်မယ်”

.အမျိုးသမီး.က ထိုသို့ပြောပြီး ကျုပ်တို့သားအဖနှစ်
ယောက်အား လက်ပြနူတ်ဆက်ကာ..ဘိုမရုပ်အား
.ဆိုင်အတွင်းသို့ပြန်လည်ယူသွားလေတော့သည်၊၊
သမီးလေးလည်း ထိုအရုပ်မအား..ရတော့မယ်ဆိုတော့ ပြုံးပျော်နေမိတော့သည်၊ကျုပ်လည်း နောက်ထပ်
ငွေ ၅၀၀၀ရယ်၊ ဝမ်းစာဖို့ရယ် ဘယ်လိုဆက်ရှာရမှာလဲ…ဆိုတာပဲ..တွေးတောနေမိတော့သည်၊၊

အိမ်ပြန်ရောက်တော့ ဝယ်ယူလာတဲ့ ဟင်းတစ်ချို့နဲ့
အန်တီမြ လာပေးတဲ့ အသားဟင်းတစ်ခွက်ဖြင့်
မြိန်ရေရှက်ရေ သားဖနှစ်ယောက်စားပြီး မိုးအနည်း
ငယ်ချုပ်တော့ သမီးငယ်လေးအား ပုံပြောပြ ချော့သိပ်
နေမိတော့သည်။ သမီးလေးအိပ်ပျော်သွားပေမယ့်
ကျုပ်တော်တော်ဖြင့် အိပ်လို့မပျော်ခဲ့ချေ။ သမီးလေး
လိုချင်တဲ့ ဘိုမရုပ်လေး မနက်ဖြန်ရပါမလားဆိုတဲ့
အတွေးလေးဖြင့် ညနက့်သွားခဲ့လေသည်။ ကျုပ်လည်း မျက်လုံးကိုစုံမှိတ်လိုက်ပြီး မနက် ဆိုက်ကားစီးမယ့် လူတွေ များများလာပါစေလို့ပဲ..ရင်ထဲ ကျိတ်မှိတ် ဆုတောင်းနေမိလိုက်တော့သည်၊၊
➡➡➡➡
မနက်ရောက်တော့.ထုံစံအတိုင်း အိပ်ယာထပြီး
သမီးလေး ဝေယျာဝတ်စ ပြုလုပ်ပြိး အန်တီမြဆီ
အပ်နှံကာ ဆိုက်ကားဂိတ်သို့စောစောထွက်လာ
ခဲ့လေသည်။ ညကကျျုပ်ဆုတောင်းလိုက်တဲ့အတိုင်း.
ကျုပ်ဆိုက်ကားကို လာရောက်စီးတဲ့လူတွေ တော်
တော်များဗျာ။ .နေခင်းရောက်တော့ ငွေ၄၀၀၀ကျပ်နဲ့
မနေ့က လက်ထဲကျန်ငွေနဲ ့ပေါင်းရင် လက်ထဲအနည်း
ဆုံးတော့ ၇၀၀၀ လောက်ရပြီး။ လိုတဲ့ပိုက်ဆံကိုတော့
အသိမိတ်ဆွေ တစ်ယောက် စီက ချေးလိုက်မိလေ
သည်။ ငွေ ၈၀၀၀ကျော်ကျော် ကျုပ်လက်ထဲရလာပြီးဆိုတော့ ၊ ဆိုက်ကားကိုဒုန်းမောင်းပြီးအရုပ်ဆိုင်လေးဆီကို မောင်းနှင်လာခဲ့သည်။ ဆိုင်ရှေ့ရောက်တော့
ဆိုက်ကားခဏရပ်ပြီး လက်ထဲက ထိုလေးငွေကို ရစ်ရစ်ဆုတ်ကာ ..မနေ့ကအရုပ်မအားဝယ်ဖို့မေးလိုက်တော့။.ဆိုင်အရောင်းအမျိုးသမီးမျက်နှာ မကောင်းဖြစ်နေ
တာကို ရိပ်စားမိလိုက်သည်။

“ဟိုဟိုလေ အ..အကို…´´

ထစ်ထစ်ငေါ့ငေါ့နေပြော နေတော့…ကျုပ်လည်းစိတ်မရှည်တော့ချေ။

“ဘာလဲ အဲ့အရုပ်မကိုရောင်းလိုက်ပြီးလား.´´

ကျုပ်လည်း ဒေါသ နည်းနည်းထွက်မိလိုက်ပြီးမေးလိုက်
မိတော့ အရောင်းအမျိုးသမီးလေးက ခေါင်းခါတယ်။

“မဟုတ်ဘူးအကို …အကိုဝယ်မယ်ဆိုပြီး….ညီမ
မရောင်းခဲ့ပါဘူး….ဟို.လေ..ပြောရမှာလဲ အားနာ
လိုက်တာ´´

“ပြောမှာသာပြောစမ်း..ပါဗျ ။ ဒီအရုပ်မသာ မရရင်
..သမီးလေးက ကျုပ်ကို စိတ်ဆိုးမှာဗျ.´´

“ဟုတ်ကဲ့အကို..ဒီအရုပ်က ဝယ်ရင်းဈေးကို က
၁၀၀၀၀ပါအကို ။ ညီမမှားရေးမိလို က်တာပါ။.
အကိုလိုချင်တယ်ဆိုရင်.အရင်းအတိုင်းပဲပေးခဲ့ပါနော်.”

“ဗျာ´´

ကျုပ်လက်ထဲက ပိုက်ဆံတွေလဲ ပြုတ်ကျမတတ်
ဖြစ်သွားတယ်။

” ဟင်!!”လိုနေ..ပြန်ပြီးလား အကိုရယ်…
ဒုက္ခပါပဲ …ညီမက အရောင်းဝန်ထမ်းဆိုတော့.
ဒီထက်လျော့ပေးလို့ကအဆင်မပြေဘူး..အခြား
တစ်ယောက်ဆီက.ချေးကြည့်လိုက်ပါလားအကို
ညီမဒီအရုပ်မလေးကို သေချာသိမ်းပေးထားပါမယ်´´

ကျုပ်လည်း….ထိုအရုပ်မအား..ပြန်လည်သိမ်းဆည်း
ခိုင်းပြီး စိတ်ပျက်ပျက်နဲ့ဆိုင်ကထွက်လာမိခဲ့လေသည်၊၊ အိမ်ရောက်တော့ သမီးလေးကျုပ်မြင်တော့ဝမ်းသာတဲ့အပြုံးရိပ်လေးတွေ့လိုက်ပြီး ဒတင်္ဂ အတွင်းမှာပဲ အဲ့ ပြုံးရိပ်ကလေးလည်း ပျောက်ကွယ် လွင့်စင် သွားသည့်မှာအမှန်ပင်။

“ဟင်!!!..ဖေကြီး..ဘိုမရုပ် ရောဟင်´´

ကျုပ်ဆီက ဘာမှမတွေ့ရတော့..သမီးလေးက
ဝမ်းနည်းစွာမေးလိုက်မိလေတော့ ကျုပ်ရင်ထဲ
နင့်ခနဲဖြစ်မိသွားတယ် ။ကျုပ် ဘယ်လိုပြန်ဖြေရပါ
မလဲဗျာ။.

“ဟို.ဟို..လေ…သမီး..ဖေဖေက သိမ်းထား
တယ်….”

“ဟင်..!!ဟုတ်လားဖေကြီး…ဘယ်မှာသိမ်းထား
တာလဲဟင်..”

“ဟိုဟို..လေ..သမီးလေးရဲ့ခြံရှေ့နားက ခရပင်ကြီးနားမှာ..ဖွတ်ထားတာ သမီးလေးရဲ့…”

“ဟုတ်လား..ဖေကြီး…
ဘာလိုခုမပေးသေးတာလဲ.ဟင်.”

“သမီးလေး မွေးနေ့က မနက်ဖြန်လေ…
ဖေဖေ..ညနေပြန်လာမှ..အရုပ်မလေးကို..
သမီး မွေးနေ့မှာလက်ဆောင်ပေးချင်လို့…
..ဖွတ်ထား တာ….အဲ့အပင်နားမှာ..”

သမီးလေးကျေနပ်အောင် ပြောလိုက်ရလေသည်၊၊
ကျုပ်ရင်ထဲတော့ တကယ် မကောင်းဘူးပေါ့ဗျာ….
ဒီနေ့ညလည်း ကျုပ်တော်တော်ဖြင့်အိပ်မပျော်ဘူး။
သမီးလေး..ဘိုမရုပ်ကလေးနဲ့..ပျော်ရွှင်စွာ အတူဆော့ကစားနေတာပဲမြင်ယောင်မိနေတယ်။.ကျုပ်လည်း..
သမီးလေး ဆန္ဒ ပြည်ဝဖို့အတွက်…မနက်ဖြန်မနက် ဆိုက်ကား စီးသူတွေ..များများလာပါစေလိုပဲ ကျုပ်ထပ်မံ ဆုတောင်းနေမိတော့သည် ၊၊

မနက်မိုးသောက်မလင်းခင် ကျုပ်ခါတိုင်းအထက်
အစောကြီးအိပ်ယာထ၊ တစ်ကိုယ်ရေသန့်ရှင်းရေးပြု
လုပ်ပြီး၊၊ အန်တီမြ ဆီ သမီးလေး အပ်နှံထားပြီး.
ဆိုက်ကားဂိတ်ဆီကို စောစီးထွက်လာမိလေသည်၊၊
ဆိုက်ကားဂိတ်ရောက်တော့ ထုံစံအတိုင်း ဆိုက်ကား
ပေါ်ထိုင်ပြီး လာရောက်စီးမယ့် ဧသည့်များကိုသာ
စောင့်မျော်နေမိတော့သည်။ စိတ်ကပဲလောနေသလား
မသိ ကျုပ်ဖင်တကြွကြွဖြစ်နေပြီးလေ နေတောင်မြင့်နေ
ပြီး ခုချိန်ထိ ဈေးဦးမပေါက်သေး.။ ဘေးပတ်ဝန်ကြည့်
တော့ သုံးဘီးသမားတွေကတော့ အလုပ်တွေဖြစ်လို့
့ပေါ့.ဗျ။ ကျုပ်လည်း သုံးဘီးအစီးသင်ပြီး သုံးဘီးပြောင်းမောင်းမှပို၍အဆင်ပြေမည်ဟုတွေးတောရင်းနဲ့သာ။

နေ့လည် ထမင်းစားချိန် ရောက်တောင်ရောက်ပြိး
ဈေးဦးကမပေါက်သေး ။ ဗိုက်က တဂွမ်းဂွမ်းဖြစ်
ဆန္ဒပြနေပြီး အိတ်ကပ်ထဲက သမီးအတွက် ဘိုးမရုပ်
လေးဝယ်ဖို့သိမ်းထားတဲ့ ပိုက်ဆံလေးကိုလဲ မထိရက်
ဖြစ်နေမိတော့သည်။ ခဏအကြာကျုပ်လည်း အလုပ်
စ ဖြစ်တော့တယ်။ အလုပ်စဖြစ်ဖြစ်ချင်း ကျုပ် လည်း
အချိန်ဆွဲမနေတော့ပဲ မြန်မြန်သွက်သွက်နင်းပြီး
စီးတဲ့သူရဲ့လိုရာခရီးကိုအရောက်ပို့ပေးခဲ့သည်။
တချို့ ကျုပ်ဆိုက်ကားကို စီးတဲ့လူတွေတောင် ရင်ထိပ်ထိပ် ဖြစ်နေကြပြီးလေ။ ခြေထောက်မော်တာတပ်ထား
လေသလားတောင်မေးခံရတယ်။တချို့ခရီးသည်
တွေဆို ပိုခရီးရောက်ကျတော့ ဈေးမဆစ်ကြတော့ပဲ.
ပုံမှန်ပေးကြတယ်၊၊တချို့လူတွေကြတော့..ဈေးကိုနှိမ့်လိုက်ကြတာဗျာ၊ သုံးဘီးစီးရင်..ဘယ်လောက်ပဲပေးရတယ်ဘာညာပေါ့.။ကျုပ်လည်း..ငြင်းမခုံချင်ဘူးလေ။
.ပေးသလောက်ပဲ..ယူထားမိလိုက်တယ်၊၊ ဒါမှလည်း
ကျုပ်လိုချင်တဲ့ငွေ သမီးလေးလိုချင်တဲ့အရုပ်မလေး
ရမှာဂို။ ညနေ၅နာရီကျော်တောင်ရောက်ပြီးဆိုတော့
နင်းခရလာတဲ့ ငွေ၃၀၀၀ကျော် လေးဖြင့် အရုပ်ဆိုင်
လေးဆီ အပြေအပြေးအလွှားနင်းကာထိုဘိုမရုပ်အား
ဝယ်ယူမိတယ်လိုက်သည်။ ဝယ်ယူပြီး ဆိုက်တွဲရှေ့ခုံမှာ ထိုအရုပ်မလေးအား နေရာယူတင်လာခဲ့ပြီး.အိမ်သို့ ခက်သွက်သွက်လေး နင်းလာခဲ့လေသည်။အိမ်ရှေ့ရောက်တော့..လူတွေ.ရုတ်ရုတ်သဲသဲ ဖြစ်နေကြတာတွေ့လိုက်ရတော့ ကျုပ်သမီးအတွက်တော်တော်လေးပင်
စိတ်တွေ ပူထူလာလေသည်။ ဆိုက်ကား.ကို ခြံပေါက်ဝ
မြန်မြန်ရပ်ထားခဲ့ပြီး။ ဘိုမရုပ်နဲ့အတုူစိုးရိမ်စွာ
ကျုပ်လည်း ပြေးလိုက်မိလေသည်၊၊ နားထဲအန်တီမြ
အော်ငိုသံတွေကြားရတယ်တော့ ကျုပ်ရင်တွေ တောင်တုန်နေပြီး။ “ဘုရား..ဘုရား..သမီးလေးဘာမှမဖြစ်
ပါစေနဲ့”ဟု ဆုတောင်းရင် ကျုပ်လူအုပ်ကြီးကြားထဲ
စိုးရိမ်စွာဖြင့်..တိုးဝင်ကြည့်မိလိုက်တော့ ကျုပ်ကျောက်ရုပ်ကြီးပမာဖြစ်မိသွားပြီးသက်ရူဖို့တောင် ခဏမေ့မျောသွားခဲ့တယ်။

သွေးသံ ရဲရဲကြားက.သမီးလေး…..
.ကျုပ်ကိုမြင်တော့……

“ပေ ဖေ..ဂျီး……ပေဂျီး..
အ..ဟင့်..အင်……´´

သမီးလေးက မပိသပီအော်ခေါ် တဲ့ အသံကြောင့်.
.ကျုပ် သတိဝင်သွားကာ.”.အဖေသမီး..လေး”ဟု.
.အော်လိုက်မိပြီး လှဲလျောင်းနေတဲ့ကျုပ်သမီးကို
ပွေ့ဖက်မိလေတော့သည်၊၊

်`”`ကျုုပ် သမီးလေး..ဘယ်လိုဖြစ်တာလဲ..ဗျာ´´
အီး.ဟီး..ဟီး….

ကျုပ်အမေးကို အားလုံးကပြန်လည်တုံ့ပြန်မူမရှိပဲ
တိတ်ဆိတ် ငြိမ်သက်နေကြသည်။အဲ့အချိန်မှာ
အန်တီမြကထပြောတယ်။

“အန်တီမြ အမှားပါ မိုးဇော်ရယ်…အန်တီမြအမှားပါ
အဟင့်..အင်..”

အန်တီမြလည်း ငိုယိုပြီး ဆက်ပြောပြလေသည်။

“ခါတိုင်းလိုအိမ်ရှေ့မှာတစ်ယောက်တည်းဆော့ကစား
နေတဲ့ သမီးလေးကိုစိတ်ချစွာထားခဲ့ပြီး နောက်ဖေး
ထမင်းအိုးသွားတည်မိခဲ့တာ။ ပြီးတော့သမီးလေးအော်ငိုသံကြားလို့ပြေးကြည့်မိလိုက်တော့ အပင်အောက်နားမှာ သမီးလေးကို အခုလိုတွေ့မြင်လိုက်ရတော့
တာပါပဲမိုးဇော်ရယ်..အဟင့်..အင်း..”

အန်တီမြက ပြောရင်ဖြင့် ငိုချလိုက်တော့သည်။
ကျုပ်လည်း ရင်ခွင်ထဲက သမီးလေးကို နွေးထွေးစွာ
ထွေးပိုက်ထားရင်” သမီး..အဖေကိုကြည့်ပါအုန်း”
ကျုပ်ခေါ်သံကြောင့် သမီးလေးကကျုပ်ကို စိမ်းကားစွာ
ကြည့်ပြီး..

“ဖေ..ကြီး…ည ာ ..တ ယ်…..အ..ဟင့်..အင်..
အ ပင်..ကြီး ပေါ်.. မှာ…ဘို..မ..ရုပ်..ရှိ.ဝူး.”

~အင့်…ဝေါ့….

့.ဝဲတဲတဲ.စကားသံလေးအဆုံး..သမီးလေးပါးစပ်ထဲက သွေးများလဲ ဒလဟော မြင်ဖွယ် မကောင်းအောင်
ထိုးအန်နေတယ်ဗျ ကျုပ်ရင်ထဲစို့မတတ်ပဲဗျာ.။
.ကျုပ်မျက်ရည်တွေကလည်း.မတားစီနိုင်တော့ဘူးလေ.တသွင်သွင် ဖိတ်ကျနေပြီးလေ။ ခု..ကျုပ်အပြစ်ရှိ
မှန်းသိလိုက်ရတယ်။ ဘကြီးဖြိုးညာတယ် ပုံပြင်လေးအတိုင်းပဲ မျှော်လင့်ချက်ကြီးကြီးပေးခဲ့မိတယ်။ ခုတော့
နောင်တ များစွာဖြင့်သာ။

“ဖေကြီးမညာပါဘူး..သမီးလေးရယ်…..ဒီမှာ..လေ..
သမီးကြိုက်တဲ့ ဘိုမရုပ်ကလေးကလေး´´

ကျုပ်ပြတဲ့ ဘိုမရုပ်လေးကို သမီးလေးက သွေးများပေကျံနေတဲ့ သူ့လက်လေးဖြင့် လုမ်းယူလိုက်သည်။ ပြီးမှ
သူ့ကျေနှပ်စွာပြုံးလိုက်ပြီး…”ဖဂျီးကို ကျေ..ဇူး..တင်ပါ
တယ်´´တဲ့ ပြောရင်း..ကျုပ်ဘဝထဲက အပြီးထွက်ခွါသွားခဲ့ပါတယ်.။

“သမီး..လေး..ဖေဖေသမီး.၊.သမီး..လုပ်ကြပါအုန်းဗျာ ကျုပ်သမီးလေးကိုခေါ်မရတော့ဘူး အီး.ဟီး.ဟီး..”

အားလုံးကလည်း စိတ်မကောင်းဖြစ်မိကြတာလွဲှ၍
မည်သူကမှ ဘာမှမတတ်နိုင်ချေ။

“ဒါငါမိုက်ပြစ်တွေကြောင့်..ငါသမီးလေး…ခုလို
ဖြစ်ရတာ.။ဒါ..ငါကြောင့်ဖြစ်တာ..´´

.ကျုပ်ပြောပြောဆိုဆို..နဲ အနီးနားက တိုင်အား
ခေါင်းဖြင့် ပစ်ဆောင့်လိုက်သည်။

“ဟဲ့..လုပ်ကြပါအုန်း..လုပ်ကြပါအုန်း..´´

အန်တီမြအော်သံကြောင့်…အားလုံးကလဲ..ကျုပ်ကိုဝိုင်းဆွဲထားကြတယ် အမေတစ်ယောက်လို ခင်တွယ်ခဲ့တဲ့…
အန်တီမြ..ရဲ့စကားကြောင့် သမီးကို သဂြိုလ်ပေး
ခဲ့လိုက်တယ်။
သမီးလေးမရှိတော့တဲ့ ဘဝကြီးကကျုပ်အတွက်
ဘဝမရှိတော့သလိုပဲ။လွမ်းဆွေး မူတွေကြောင့်..
.ကျုပ် အရက်သမားဘဝသို့စတင်ရောက်ခဲ့မိတော့
တယ်။
###-

– တစ်ရက်က..ကျုပ်အရက်သောက်နေတုန်း..
အန်တီမြ..အရေးတကြီး ပြေးလာသည်။

“ဟဲ့ မိုးဇော်..နင် ဒီအရေတွေပဲ ထိုင်သောက်နေတော့မှာလား…..နင်သမီးလေးမကျွတ်သေးဘူးဟဲ့။ ရွာထဲက
လူတွေက ဒီအကြောင်းကို တော်တေ်ာများများပြောနေ
ကြပြီး နင်ကိုမပြောရက်လို့ရေလုံနူတ်ပိတ်နေနေရတာ”

ကျုပ်လည်း သောက်လက်စအရက်ခွက်အား အောက်
ချပြီး။

“ကျုပ်လည်း သိတယ်အန်တီမြ…သမီးလေမကျွတ်
သေးတာကို´´

ဟင်!!
“ဒါဆို နင်ဘာမှမလုပ်ပေးတော့ဘူးလား..မိုးဇော်.´´

“ကျုပ် သမီးလေးကို ကျွတ်လွတ်အောင်လုပ်ပေးချင်တယ်ဗျာ။ ညတိုင်းညတိုင်း ကျုပ်သမီး..ခေါ်သံတွေ
မကြားရမှာလဲ ကျုပ်အရမ်းစိုးရိမ်တယ်။ ကျုပ်အရက်သောက်တဲ့နေဆို .သမီးလေးကျုပ်အနားရောက်လာသလိုခံစားရတာဗျာ.။ တစ်ခါတစ်လေ သမီးလေး ငိုသံတွေ
ကြားရရင်..ကျုပ်ရင်တွေမကောင်းဘူး အန်တီမြရယ်
အီး..ဟီး..ဟီး….”

ကျုပ်လည်းဒီအကြောင်းကိုပြောပြောမိပြီးချင်း မျက်ရည်များလည်း မထိန်းနိုင်တော့ပဲ ဟီးတိုက်စွာ ငိုချမိလိုက်
သည်။

“ဟဲ့..မိုးဇော်..ဒါ.နင်သမီးကိုမချစ်တာသိလား..´´

“ဘယ်လိုပြောလိုက်တာလဲ အန်တီမြရယ်.
ကျုပ်အရမ်းချစ်တာပေါ့ဗျာ ကျုပ်သမီးလေးကို”

“အေး နင်…လုပ်နေတဲ့ လုပ်ရပ်တွေက
အရမ်းမှားနေပြီး မိုးဇော်… နင်သမီးလေးဘဝကို
ချစ်နေတာ မဟုတ်ဘူး..
သူ့ဘဝကို နစ်နေတာသိလား။နင် သမီးလေး.
နင်အရက်သောက်နေလို့.ပျက်စီးနေတာကို .
သူ့ဘယ်ကြည့်ရက်နိုင်ပါမလား
ဒါကြောင့်လည်း သမီးလေးမကျွတ်သေးတာလဲ
ဖြစ်နိုင်တယ်။

“ဗျာ..!!..ဒါဆို…ကျုပ်သမီးလေးမကြိုက်ရင်..
ကျုပ် ဒီအရက်ကိုမသောက်တော့ပါဘူးဗျာ…
ကျုပ်ကတိပေးပါတယ်၊၊နောက်ပြီး သမီးလေး
ဒီဘဝကို ကျွတ်လွတ်ဖို့ကျုပ်ဘယ်လိုလုပ်ရမှာလဲ
ဆိုတာ ကျုပ်ကိုအကြံအညံပေးပါအုန်း”

ကျုပ်လည်း အန်တီမြကို အားကိုးတကြီးအကူညီတောင်းမိလိုက်သည်။

“ဒီလိုလုပ် မောင်မိုးဇော် …မနက်ရွာဦးကျောင်းသွားပြီး
နင်သမီးလေး အတွက် ရေစက်ချအမျှဝေးဝေဖို့ ဆရာ
တော်အား အရင်လျှောက်ထားလိုက်။ ငါ ဆွန်းချိုင့်ပို့ဖို့
စီစဉ်ထားလိုက်မယ်”

အန်တီမြ စီစဉ်ပေးသည့်အတိုင်း ရွာဦကျောင်းဆရာတော်ဘုရားကြီးအား အကျိုးအကြောင်း လျှောက်တင်ခဲ့
လေသည်။ မနက်ရောက်တော့ ရွာဦးကျောင်းတော်မှာပဲ အန်တီမြနဲ့အတူ သမီးလေးကိုရည်စူး၍.ရေစက်ချ
အမျှဝေခဲ့သည်။အဲ့ချိန်ကစပြီး သမီးလေးခေါ်သံတွေ
ကျုပ်မကြားရတော့သလို ခရေပင်ကြီးအောက်က
သမီးလေးအရိပ်အယောင်တွေလဲ..မည်သူကမှ
ထပ်မမြင်ကြရတော့ဘူးတဲ့လေ။ကျုပ်လည်း အန်တီ
မြအား..နူတ်ဆက်ပြီး..ဤရွာလေးကပင်အပြီးထွက်လာခဲ့တော့သည်၊၊

###

“အရှင်ဘုရား..ဆွန်းဖုံးပေးဖို့အချိန်ရောက်ပါပြီး
ဘုရား..”

နောက်က ကပ္ပိယ ခေါ်သံကြောင့် ကျုပ်အတွေးများ
ပျောက်ကာ ကျဆင်းလာတဲ့မျက်ရည်ပူတို့အား သူ့မမြင်
အောင်သုတ်လိုက်ပြီး ရေးနေတဲ့ စာအုပ်လေးကို အသာပိတ်လိုက်ပါတော့သည်။ ပူလောင်လွန်းလှသည့် ဤမျက်ရည်တွေလည်း ဒီဘဝဒီနေရာမှာပဲ ငြိမ်းသက်လိုက်တော့သည်။ နောက်ထပ်ကျလာမည် မျက်ရည်တွေလည်း မရှိတော့ပါဘူး။ ခုလည်း ခန္ဓာကိုယ် အတွက်
အာဟာရမှီခိုဖို့ ကျုပ် ဆွန်းစားကျောင်းဆီသို့ ခြေတစ်
လှမ်းချင်း ကြွချီလိုက်ပါတော့သည်၊၊

သတ္တဝါ တွေ ကိုယ်ကျန်းမာ၊ စိတ်ချမ်းသာ ရှိနိုင်ကြ
ပါစေ၊၊

ဒီဇာတ်လမ်းလေးသဘောကျရင် like &share
ဖြင့်အားပေးပါ။😀😀
ပြီးပါပြီး ။

လိုအပ်ချက်များစွာဖြင့်…

စာရေးသူ ✏ အလင်းရောင်